Monday, January 27, 2014

လူ့မစင် ဖြင့်လုပ်သော ဆေး အူနှင့် ဆိုင်သည့် ရောဂါ ပျောက် ကင်းစေ


993821_614273108644755_682909037_n

အမေရိကန်မှာ နှစ်စဉ် အူနဲ့ သက်ဆိုင်တဲ့ ရောဂါ ကြောင့် လူဦးရေ ၁၄၀၀၀ သေဆုံးနေတာကြောင့် အမေရိကန်က ဆေးပညာရှင်တွေ၊ ဆရာဝန် တွေ ခေါင်းစားခဲ့ကြ ပါတယ်။ ၂၀၁၃ အောက်တိုဘာလ မှာတော့ အဖြေကောင်း တစ်ခု ရရှိခဲ့ ပါတယ်။ ယင်းကတော့ လူ့မစင်ကို အသုံးပြုလို့ ဆေးဝါးဖန်တီး ခြင်းပဲ ဖြစ်ပါတယ်။


လူ့မစင်ကို ဆေးဝါးအဖြစ် ပြုလုပ်ဖို့ဆိုတာ မလွယ် ပါဘူး။ မစင်က ဘက်တီးရီးယား၊ ပိုးမွားအားလုံးကို သေချာသန့် စင်ပြီး သောက်ဆေး ဆေးတောင့် ဖြစ်အောင် ဖန်တီးခြင်း ဖြစ်ပါတယ်။ ယင်း ဆေးက C-diff လို့ခေါ်တဲ့ အူလမ်းကြောင်းကို ထိခိုက် ပျက် စေသော ပိုးကို သတ်ပေးပါတယ်။ ဒါကြောင့်မို့ အူနဲ့ သက်ဆိုင်တဲ့ ရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျှော တို့ကို ပျောက်ကင်း စေပြီး မှီဝဲ သင့်တဲ့ ဆေးစွမ်း ဖြစ်ကြောင်း ဆိုပါတယ်။

မစင်နဲ့လုပ်တယ်ဆိုတဲ့အချက်နဲ့ သောက်ဖို့ ခဲယဉ်းနေသူ အချို့ ရှိပေမယ့် ယင်းဆေးကို သောက်သုံးဖို့ အမေရိကန်က ဆရာဝန်များက ထောက်ခံ ချက် ပေးလို့ တိုက်တွန်းထားကြောင်း သိရ ပါတယ်။

. Ref: yahoo
အောင်ခမ်း ( ရိုးရာလေး )

ရိုဟင်ဂျာ ဆိုတာ မရှိကြောင်း ပြင်သစ်နိုင်ငံသား သမိုင်းပညာရှင် (Dr, Jacques Leider) ပြော



ရခိုင်၏သမိုင်းကို နှစ်ပေါင်း ၂၀ ကျော်ကြာအသေးစိတ် သုတေသန ပြုကာလေ့လာခဲ့သူပြင်သစ်နိုင်ငံသား သမိုင်းပညာရှင် Dr, Jacques Leider မှဆက်လက်ပြောကြားသည်မှာရိုဟင်ဂျာမှာ ရခိုင် တိုင်းရင်းသား မဟုတ်ပါကြောင်း...............။


ရိုဟင်ဂျာဆိုသည်မှာ တိုင်းရင်းသားလူမျိုးဖြစ်ပါတယ်ဆိုတဲ့ အကြောင်း ပြချက်များနဲပတ်သတ်ပြီး Concept မရှိပါဘူးတဲ့။ သူတို့တွေ အနေနဲ့မတ်တပ်ရပ်ပြီးတော့ သူတို့ဟာ မြန်မာ တိုင်းရင်းသား ပါလို့ ကြွေးကြော် လို့တော့ မရနိုင်ပါဘူး။

ပြီးတော့ ဒီလိုအော်နေတာက အကောင်းဆုံးနည်းလမ်း မဟုတ်ဘူး လို့ကျွန်တော်ထင်ပါတယ်။ သူတို့တွေ အနေနဲ့ ရခိုင်ပြည်မှာ မျိုးဆက်တခုမက နေထိုင်လာကြတဲ့ မူစလင်တွေပါလို့ ပြောရင် တော့ ငြင်းဖို့ ခက်ပါတယ်။ ရိုဟင်ဂျာဆိုတာဝေါဟာရတစ်ခုပါ။ ရှေးဟောင်းစကားလုံး တစ်ခုဖြစ်ပြီးတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းရောက်မှ ဒါကိုအသုံးပြုခဲ့ပြီးတော့ နိုင်ငံရေးခေါင်းစဉ်တပ်နိုင်ဖို့ အတွက်တောင်းဆိုနေခြင်းဖြစ်ပါတယ်။

အခုအချိန်အထိတော့ သူတို့အားလုံးဟာ ရခိုင်ပြည်နယ်အတွင်းကမူစလင်တွေအားလုံးအနေနဲ့ အဲဒီ နိုင်ငံရေး ခေါင်းစဉ်တစ်ခု၏အောက်မှာ အကျုံးဝင်ဖို့အဆင်သင့်မဖြစ်ပါဘူး။ကျွန်တော်ဟာ ဘင်္ဂလားဒေ့ရှ်ကို ရောက်ခဲ့စဉ်တုန်းက ရခိုင်ပြည်ကနေ ဘင်္ဂလားဒေ့ရှ်ကိုကူးလာတဲ့ မူစလင်တွေအားလုံးကို ခင်ဗျားတိုဟာ ရခိုင်ပြည်ကလာတဲ့ ရိုဟင်ဂျာလားလို့ မေးကြည့်ခဲ့ဖူးပါတယ်။ ။ သူတို့ကပြောပါတယ်။ ကျွန်တော်တို့က ရိုဟင်ဂျာမဟုတ်ပါဘူးကျွန်တော်တို့က ရခိုင်ပြည်မှာ နေထိုင်ခဲ့ကြတဲ့ ဘင်္ဂလီလူမျိုးမွတ်စ်ဆလင်တွေဟု ဆိုကြ ကျွန်တော်တို့ကို ရိုဟင်ဂျာဆိုတဲ့ စတေးတပ်ကာ ကပ်ပေးလို့မရပါဘူးလို့ဆိုခဲ့ပါတယ်။

Q: Are the Rohingya an ethnic group of Burma?

A: My answer is that Rohingya is not an ethnic concept. Okay, they can stand up and say we are an ethnic group inside Myanmar.But I think that is not the best way. When you argue we are Muslims and we have been living in Ranki ne for several generations, nobody can deny it. For me,Rohingya is the term, which is an old word that has been claimed as above all as a political label > after the independence of Myanmar.For the moment,I do not see that all the people there readily submit to one and a single label. When I was in Banglad -esh, people pointed out Muslims to me who originally lived in Rankine. They have now moved to Bangladesh and when you ask them, “ are you Rohingya coming from Rankine?” they say, “no, we are Muslims who live in Rankine, we do not take for us the label Rohingya.”

ရိုဟင်ဟူသည့်ဝေါဟာရသည် (China ကို တရုတ်ဟု မြန်မာတို့ ကခေါ်ကြသကဲ့သို)ရခိုင်ပြည်ကိုဘင်္ဂလီ များက ဘင်္ဂလီဘာသာဖြင့်ရှေးခေတ်ပသီများကနေ(ရိုဟင်)ဟုခေါ်ဆိုကြခြင်းသာဖြစ်ပြီး ဆင့်ပွားဝေါဟာ ရဖြစ်သော ရိုဟင်ဂျာဆိုသည်မှာ ရခိုင်ပြည်သားဟု အဓိပ္ပါယ်ရကြောင်း နောက်ပိုင်းမှ ရခိုင်လူမျိုးတို့ သိခဲ့ ကြရလေသည်။

ရခိုင်ပြည်သားဆိုသည့် အဆိုပါ(ဝေါဟာရသည်)ရခိုင်ပြည်သား(သို့) ရခိုင်လူမျိုးများနှင့်သာသက်ဆိုင်နေပြီး ၁၉၅၀ - ခုနှစ်၊ နောက်ပိုင်းကာလမှ ရခိုင်ပြည်အတွင်းသို့ဘင်္ဂလားဒေ့ရှ်များမှခိုးဝင်လာသူ ဘင်္ဂလီများနှင့် လုံးဝသက်ဆိုင်မှုမရှိပါကြောင်း သိရှိရလေသည်။၁၉၅၀ - ခုနှစ်၊နောက်ပိုင်းတွင်နည်းအမျိုးမျိုးတို့ ဖြင့် ဘင်္ဂလားဒေ့ရှ်ဒ်နိုင်ငံမှခိုးဝင်လာသူဘင်္ဂလီလူမျိုးတိုနှင့် မူရင်းနေ(ပသီတို့ )ရောနှောကာ နေထိုင်လာကြရာမှ လူဦးရေအစမတန် တိုးပွားလာခြင်းသာ ဖြစ်လေသည်။

စင်စစ်ဆိုရသော်ယခင်ကရှိခဲ့ပြီးသော ပြည်တွင်းနေမွတ်ဆင်လူမျိုးတို့ ၏ အဆိုပါလူမသိလူမသိ (ရိုဟင် ဆိုသည့်ဝေါဟာရကို)အကြောင်းပြုပြီး ရခိုင်ပြည်နယ်ကိုခြေကုတ်ယူ၍ ထိုမှစတင်၍မြန်မာနိုင်ငံကို အစ္စလာမ်မစ် နိုင်ငံ ထူထောင်နိုင်ရန်အတွက် ရခိုင်ပြည်နယ်ကိုစတင်ကာ အပိုင်သိမ်းဖို့ ရန် (ရည်ရွယ် ချက်ရှိရှိဖြင့်) လှုပ်ရှားလာခဲ့ခြင်းပင် ဖြစ်လေသည်။

ရိုဟင်ဆိုသည့်ဝေါဟာရကို ပညာမတောက်တခေါက်တတ်သူ (ဘင်္ဂလီ)များကနှစ်ပေါက်တစ်ပေါက်ရိုက်ကာ လှည့်စားဖို့ ရန် ရည်ရွယ်၍အသုံးပြုကြခြင်းသာဖြစ်ပါသည်။ နိဂုံးချုပ်ရသော် (ဘင်္ဂလီရိုဟင်ဂျာ လူမျိုးဟူသည့်မှာ) ဘင်္ဂလားဒေ့ရှ်ဒ်နိုင်ငံမှခိုးဝင်လာသူဘင်္ဂလီလူမျိုးတို့ ၏ ပြည်တွင်းနေမွတ်စ်လင်လူမျိုးတို့ ပူးပေါင်းကာ (အစ္စလာမ်ဥပဒေအရ)မြန်မာနိုင်ငံအား အစ္စလာမ်မစ်နိုင်ငံ ထူထောင်နိုင်ရေးအတွက် နိုင်ငံရေးကစားကွက်တစ်ခုမျှပင်ဖြစ်သည်ဟု ရခိုင်သမိုင်းအားနှစ်ပေါင်း ၂၀ ကျော်ကြာမျှ အသေးစိတ် သုတေသနပြုကာလေ့လာခဲ့သူဖြစ်သည့် (ပြင်သစ်နိုင်ငံသားသမိုင်းပညာရှင်) Dr,Jacques Leider ဆိုသူမှ သူဤသို့ ကောက်ချက်ချကြောင်း သိရှိရပါသည်။

ပြင်သစ်နိုင်ငံသား သမိုင်းပညာရှင် (Dr, Jacques Leider)

တော်လှန်ရေး ဆိုသည့် အသုံး အနှုန်းကို မလို အပ်ဘဲ မသုံးရန် KNU ဥက္ကဋ္ဌ တိုက်တွန်း


1501699_614274131977986_1612103384_n

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် အငြင်းပွားဖွယ် ဖြစ်နေသည့် တော်လှန်ရေး ဟူသော ဝေါဟာရ အသုံး အနှုန်းကို နေရာဒေသ ရွေးပြီးမှသာ အသုံးပြုသင့်ပြီး မလိုအပ်ဘဲ မသုံးနှုန်းကြရန် ကရင်အမျိုးသား အစည်း အရုံး KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက တိုက်တွန်းလိုက် သည်။


“တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အားလုံးက လက်နက်ကိုင် တော်လှန်ရေးဆိုတဲ့ ဝေါဟာရ အသုံးအနှုန်းကို မလိုအပ်တဲ့ နေရာမှာ မသုံးမိဖို့ ကျွန်တော် ပြောလိုပါတယ်” ဟု KNU ဥက္ကဋ္ဌက ဆိုသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ KNU ထိန်းချုပ်နယ်မြေ လေးဝါးစခန်းတွင် ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ကျင်းပသည့် ခြောက်ရက်ကြာ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ နောက်ဆုံးရက် မိန့်ခွန်း ပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

တော်လှန်ရေး ဝေါဟာရမှာ လူပုဂ္ဂိုလ် အဖွဲ့အစည်း တချို့အတွက် ခွန်အားနှင့် ယုံကြည်ချက် ဖြစ်စေ သော်လည်း အခြားတစ်ဖက်တွင် အဆိုပါ ဝေါဟာရကြောင့် နိုင်ငံရေးအရ ရှေ့ဆက်ရာ၌ စိတ်အနှောင့် အယှက်များ ဖြစ်ရကြောင်း ၎င်းကရှင်းပြသည်။

လက်နက်ကိုင် တော်လှန်ရေး ဝေါဟာရကို နေရာဒေသ ရွေးချယ် အသုံးပြုရန် KNU ဥက္ကဋ္ဌ တိုက်တွန်း ချက်မှာ အသက်အရွယ်နှင့် အတွေ့အကြုံအရ ပညာရှိစကားဟု ယူဆကြောင်း၊ ယင်းဝေါဟာရကို ဆက်လက် သုံးနှုန်းရေးကို အများသဘောဆန္ဒ အရသာ သုံးနှုန်းသွားမည် ဖြစ်ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုသည်။

အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ လော်ခီးလာ ညီလာခံ မတိုင်မီ တွေ့ဆုံရာတွင် တော်လှန်ရေး ဟူသော ဝေါဟာရကို ဖြုတ်ပယ်ရန် အစိုးရက တောင်းဆို သော်လည်း DKBA အပါအဝင် ညီလာခံ ကိုယ်စားလှယ် အချို့က ယင်းဝေါဟာရကို ထည့်သွင်းရန် တိုက်တွန်းကြောင်း ညီလာခံ တက်ရောက်လာ သူများထံမှ သိရသည်။

KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌအနေနှင့် လက်နက်ကိုင် တိုက်ပွဲများမှသည် နိုင်ငံရေး တိုက်ပွဲများဆီသို့ ဆက်လက် ချီတက်ရာတွင် အပြန်အလှန် ဆွေးနွေးပြောဆို ငြင်းခုံမှုများ၌ တော်လှန်ရေး ဝေါဟာရ အသုံးအနှုန်းကို သတိထားရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ထပ်လောင်း ပြောဆိုသည်။

The Voice Weekly

ကြံ့ခိုင်ရေးပါတီပိုင် နယူးဒေး ဓာတ်ဆီဆိုင်ကို မြို့ပြင်သို့ ပြောင်းရွှေ့ပေး ရေး



၂၆. ၁. ၂၀၁၄ မနက်ပိုင်းက မကွေးတိုင်း၊ တောင်တွင်းကြီး မြို့လယ်၊ လမ်းဆုံမှာ တည်ရှိတဲ့ ကြံ့ခိုင်ရေးပါတီပိုင် နယူးဒေး ဓာတ်ဆီဆိုင်ကို မြို့ပြင်သို့ ပြောင်းရွှေ့ပေး ရေး အတွက် တစ်ကိုယ်တော် ဆန္ဒပြနေ ပုံ ဖြစ်ပါတယ်။

ဆန္ဒဖေါ်ထုတ်ဖို့အတွက် ခွင့်ပြုချက်ကို ဥပဒေအတိုင်း ကြိုတင် တောင်းခံခဲ့ပေမယ့် ခွင့်ပြုခဲ့ခြင်း မရှိပါ။ ဆန္ဒပြပွဲ အပြီးမှာတော့ ထုံးစံအတိုင်း ပုဒ်မ ( ၁၈ ) နဲ့ အမှုဖွင့်ထား ကြောင်း သိရပါတယ်။

Ko Aung Kyaw

ဒေသဖွံ့ဖြိုးရေးအစီအစဉ်အရ ပျဉ်းမနားတွင် ကျပ်သိန်း ၆၀၀ ကျော် စတင်အသုံးပြုမည်

ပျဉ်းမနားမြို့နယ်၊ ဒေသဖွံ့ဖြိုးရေးအတွက် ရရှိထားသော ငွေကျပ်သိန်းတစ်ထောင်အနက် ပထမအရစ် အနေဖြင့် ကျပ်သိန်းပေါင်း ခြောက်ရာကျော် စတင်ချထားပေးသည်ဟု မန္တလေးတိုင်းမဲဆန္ဒနယ် အမှတ် (၉)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမှတ်ကြီးက ဇန်န၀ါရီ ၂၅ ရက်တွင် ပြောသည်။


ဒေသခံများ တင်ပြထားသည့် လုပ်ငန်းများမှာ စုစုပေါင်း ကျပ်သိန်းနှစ်ထောင် ကုန်ကျမည်ဖြစ်ပြီး ပြည် ထောင်စုလွှတ်တော်မှ ချထားပေးသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ပထမဆုံး ကျပ် ၆၃,၄၆၅,၀၀၀ ကို စတင် ချထားပေးခြင်းဖြစ်သည်ဟု ဆိုသည်။

“အဓိကလိုအပ်ချက်တွေဖြစ်တဲ့ သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာ ရေးနဲ့ အခြားကဏ္ဍများဆိုပြီး ဦးစားပေးအဆင့် အခုလို ပထမအရစ် စတင်ထုတ်ပေးတာဖြစ်တယ်”ဟု ဦး မှတ်ကြီးက ပြောသည်။

ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၃၂ ခုအတွက် စတင်ထုတ်ပေးခြင်းဖြစ်ပြီး ဒေသခံများ တင်ပြထားသည့် ကျေးရွာမီးလင်းရေး၊ စာကြည့်တိုက်ဖွင့်လှစ်ရေးနှင့် ကျောင်းခြံစည်းရိုးခတ်ရေး စသည့် ကိစ္စများအတွက် ငွေထုတ်ပေးနိုင်ခြင်း မရှိသေးပေ။

“လျှပ်စစ်မီးအတွက် ဓာတ်တိုင်ထူဖို့ကိစ္စတွေ ဒီနေ့ဖွင့် မနက်ဖြန်ပြန်ပိတ်သွားတဲ့ စာကြည့်တိုက်ဖွင့်ဖို့ဆို တဲ့ကိစ္စတွေအတွက်က ငွေမထုတ်ပေးနိုင်သေးဘူး၊ အခြေခံလိုအပ်ချက်တွေအားလုံးပြည့်စုံသွားရင်တော့ တစ်မျိုးပေါ့”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမှတ်ကြီးက ပြောသည်။

ဖွံ့ဖြိုးရေးရန်ပုံငွေများ ထုတ်ယူသုံးစွဲရန် သက်ဆိုင်ရာ ရပ်/ကျေးအလိုက် ကော်မတီငယ်များဖွဲ့စည်းပြီး ကော်မတီဝင်သုံးဦးမှ တာဝန်ယူပြီး ထုတ်ယူရသည်။

“ဒီပိုက်ဆံဟာ နိုင်ငံတော်ပိုင်ငွေဖြစ်လို့ အကြောင်းတစ်စုံတစ်ရာကြောင့် ငွေဆုံးရှုံးတာမျိုးဆိုရင် ကော်မ တီက ပြန်လျော်ပေးရမယ်”ဟု ဦးမှတ်ကြီးက ပြောသည်။

ပထမအရစ်အနေဖြင့် တင်ပြတောင်းခံသောငွေ၏တစ်ဝက်သာလျှင် ထုတ်ပေးခြင်းဖြစ်သောကြောင့် လုပ် ငန်းတစ်ဝက်ပြီးဆုံးချိန်တွင် အထောက်အထားနှင့်တကွ ပြန်လည်တင်ပြပြီး ကျန်ငွေတစ်ဝက်ကို ထပ်မံ ထုတ်ယူနိုင်မည်ဖြစ်သည်။

ရန်ပုံငွေ လာရောက်ထုတ်ယူသော သကြားစက်ကျေးရွာအုပ်စုမှ ကော်မတီဝင်တစ်ဦးက “သကြားစက် ရွာအနေနဲ့ အထက်တန်းကျောင်းဆောင် ပြုပြင်ဖို့အတွက် ကျပ် ၁၉ သိန်း တောင်းထားတာ၊ ပထမအရစ် အနေနဲ့ ကျပ် ၁၃ သိန်းကျော်ထုတ်ပေးမယ်ဆိုတော့ အဆင်ပြေပါတယ်၊ ကျန်တဲ့ ငါးသိန်းကျော်ကိုတော့ လုပ်ငန်းတစ်ဝက်ပြီးမှ ထပ်ထုတ်ရမယ်”ဟု ပြောသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ငွေရရှိထားသော ရပ်ကျေးများအနေဖြင့် တင်ပြထား သောကိစ္စရပ်များကို မတ်လ ၂၅ ရက် နောက်ဆုံးထားပြီး အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း ကော်မတီ ၀င်များက ပြောသည်။

မဇ္ဈိမ သတင်းဌာန

လွပ်လပ်ရေးအမွေ ထိန်းသိမ်းစေ (၁)



သွေးဖြင့်တည်ဆောင်၊ ကိုယ့်ပြည်ထောင်ကို နောင်တစ်ဖန်ခေတ်၊ ပြန်မနစ်ဖို့အားသစ်မွေးမြူ၊ အလေးမူလျက် ရှင်လူနှစ်ခန်း၊ ကိုယ့်ဝန် လမ်းကို ထမ်းမှတော်မည်။ ဟူ၍ မင်းကွန်းဆရာတော်ဘုရားကြီး ကလွတ်လပ်ရေးအတွက် ရဟန်းရှင်လူအပေါင်းက စွမ်းစွမ်းတမံ ရွက်ဆောင်ကြိုးပမ်းကြပြီး ရရှိလာမည့်လွတ်လပ်ရေးကိုလည်း ပြန်လည် မဆုံးရှုံးသွားစေရေး ကာကွယ်စောင့်ရှောက်ကြရန် ၁၇-၁-၁၉၄၇ ရက်တွင် ရေးစပ်ကာ ဤသို့ တပ်လှန်နှိုးဆော်ခဲ့ဖူးသည်။ ဆရာတော်ကြီး ထိုကဗျာကို ရေးစပ်တော်မူစဉ်က လွတ်လပ်ရေး ပင် မရရှိသေးပေ။ ဆရာတော်ဘုရားကြီးတို့မှာ သူ့ကျွန် ဘဝ၏ ခါးသီးမှုဒဏ်တွေကို သေလုမြောပါး ခံစားခဲ့ရသည်။ ကိုယ့်ရေမြေ ဖြစ်ပါလျက် ပိုင်စိုးခွင့်မရ။ လွတ်လပ်ခွင့်တွေ ဆုံးရှုံးရသည့် ကိုယ့်အရှင်သခင်မဲ့သောဘဝတွေက အဘယ်မျှဆိုးရွားလိုက်မည် မသိချေ။


မြန်မာဆိုတာ ကမ္ဘာမှာညံ့လွန်းသောလူမျိုးတော့မဟုတ်ပေ။ မျိုးချစ်စိတ်ဖြင့် အမျိုးကိုစောင့်ရှောက်ပြီး ယဉ်ကျေး မှုနှင့် အမျိုးဂုဏ် ဇာတိဂုဏ်ကို လေးစားစောင့်ထိန်း၏။ စစ်တိုက်ရာမှာပင် မနိုင်လျှင်မပြန်ဘူးဟု ရဲဝံ့စွန့်စားတတ်ကြ သူများဖြစ်သည်။ မြန်မာလူမျိုးတို့သည် ဘာသာတရား၏ အဆုံးအမဖြင့် ယဉ်ကျေးသိမ်မွေ့သော လူမျိုးလည်းဖြစ်သည်။ ယဉ်ကျေး သိမ်မွေ့သလောက် အမျိုးမာန်လည်း ပြင်းထန်၏။ လက်သည်းဆိတ်တော့ လက်ထိပ်နာသည် သို့အမျိုးကို ထိရင် ရင်ကွဲမတတ်နာကြသော လူမျိုးများ လည်းဖြစ်သည်။

သို့သော် ရွှေထီး ရွှေနန်း၊ ရွှေကြငှန်းတို့ဖြင့် ခမ်းနားထည်ဝါစွာ နေခဲ့ကြသော မြန်မာတို့သည် နယ်ချဲ့တို့၏ တစ်ဖက်သတ် ကျူးကျော်စော်ကားမှု စစ်ပွဲသုံးကြိမ်ကို ခံခဲ့ရပြီးနောက် ၁၈၈၆ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ကိုလိုနီ နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရသည်။ သခင်အဖြစ်မှ ကျွန်ဖြစ်ရသည့်ဘဝနှင့် ခံစားချက်တွေက အဘယ်မျှ နာကြည်းခံခက်၊ အနေခက်လိုက်ကြမည်ဖြစ်ခြင်း။

လွတ်လပ်ရေးဆုံးရှုံးသွားရခြင်း၏ ဘဝနှင့်ခံစားချက်တို့ကို ပြည်သူ ပြည်သားတို့သည်ပင် ခံစားခဲ့ရသည် မဟုတ်၊ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတို့လည်း ခံစားခဲ့ရသည်။ မင်းကွန်း ဆရာတော်ဘုရားကြီးက လွတ်လပ်ရေးရပြီးခေတ် စာအောင်ဘွဲ့နှင်းသဘင် အခမ်းအနားတစ်ခုတွင် သြ၀ါဒမြွက်ကြားဖူးသည်။ ဆရာတော်ဘုရားကြီးက ''ဦးပဉ္ဇင်းတို့ သိပ်ပြီး ကံကောင်းကြတယ်။ ဦးပဉ္ဇင်းတို့ရဲ့စာအောင် ဆုနှင်း သဘင်ကြီးကို နိုင်ငံတော်အစိုးရမင်းများက ခမ်းနားထည်ဝါစွာ ကျင်းပပေးတယ်။ ထီးဖြူတွေအုပ်မိုးလို့ ပန်းကလပ် တွေ ရှေ့ကဆောင်ယူလို့ စည်ဗြောသံတွေဖြင့် ပင့်ဆောင်ပူဇော် ဆက်ကပ်ခြင်းသည် ကိုယ့်တိုင်းပြည်၊ ကိုယ့်အရှင် ကိုယ့်သခင်နဲ့နေရလို့၊ သူ့ကျွန်အဖြစ် နွံနစ်ရတဲ့ဘဝက လွတ်မြောက်ခြင်းရဲ့ အရသာ ပါပဲ။ တပည့်တော်တို့ ပထမကျော်အောင်တုန်းကဘွဲ့လက်မှတ်ကို ဘုရင်ခံအိမ်မှာ သွားယူ ရတယ်။ ဘုရင်ခံ အိမ်တော်မှာ ဘုရင်ခံမလာသေးလို့ ခုံလေးဖြင့် သင်္ကန်းရုံပြီးထိုင်စောင့်နေရတယ်။ ပေးပြန်တော့ လည်း ဘုရင်ခံစားပွဲရှေ့မှာ ထိုင်ခုံပေါ်ကတောင်မဆင်းဘဲ ဘုရင်ခံပေးလိုက်တဲ့ ဘွဲ့လက်မှတ်ကလေးကို အသာရို့ရို့ကလေးပဲ ယူလာရတယ်။ ဘာမှထည်ဝါခမ်းနားမှုမရှိပါ''ဟု သြ၀ါဒပေးခဲ့သည်။

စာချဆရာတော်ကြီးတစ်ပါးကလည်း သူ့စာသင်သား များကို ''မင်းတို့ ကံကောင်းကြတယ်၊ သခင်ဘဝမှာ လူဖြစ်ကြရတယ်။ တို့များတော့ ကံမကောင်းလှဘူးကွယ်၊ သူ့ကျွန်ဘဝ မှာ လူဖြစ်ကြရလို့'' ဟု မိန့်ကြား ခဲ့သည်။ ဆီးဘန်းနီ ဆရာတော်ကြီးကလည်း သူ့ကျွန်ဖြစ်ရသည့် သုညခေတ်ကြီးကို ''သေသော်မှတှတည့် သြော်-ကောင်း၏'' ရင်ဖွင့်ပြတော မူခဲ့လေသည်။ ဆရာတော်ကြီးများ၏ကိုယ်တွေ့ခံစားချက်များကို တွေးကြည့်မိရုံဖြင့် သူ့ကျွန်ဘဝဆိုးကြီး၏ ခါးသီးမှုကို သိရှိနိုင်ပေ သည်။ ထို့ကြောင့်ပင် ကျမ်းပြု ဆရာတော်ကြီးတစ်ပါး ဖြစ်တော်မူသော အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးက '' ပြည်ထောင်စုကို အသက်ပေးလို့ တို့ ကာကွယ်နိုင်ရမည်´´ ဟု စစ်တပ် တရားတော်တွင် ဟောကြားညွှန်ပြခဲ့သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလည်း''လူမျိုး တစ်မျိုးရဲ့အမွန်မြတ်ဆုံးနဲ့ တန်ဖိုးအထား အပ်ဆုံးအရာဟာ အဲဒီ လူမျိုးရဲ့လွတ်လပ်ရေးပဲ ``ဟု ပြောခဲ့ဖူးသည်။

မြန်မာတို့သည် ရွှေမှန်ကင်းအစစ်မှ ထင်းဖြစ်ခဲ့ရသည့်တိုင် နယ်ချဲ့တို့ကို ဒူးမထောက်၊ လက်မမြှောက်ခဲ့ပေ။ နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးသော ဗီဇစိတ်ဓာတ်၊ ကိုယ့်မြေ၊ ကိုယ့်ရေကို အထိပါးမခံသော ဇာတိမာန် စိတ်ဓာတ်တို့ ပြင်းထန်သောအမျိုးသားရေး စရိုက်လက္ခဏာတို့သည် တိုင်းရင်းသားအားလုံး၏ နှလုံးအိမ်တွင် ထာဝစဉ်ကိန်းဝပ် ရှင်သန်လျက်ရှိသည်။ မြန်မာတိုင်းရင်းသားတို့သည် ရရာလက်နက် စွဲကိုင်ပြီး နယ်ချဲ့တို့အား တွန်းလှန်တိုက်ခိုက် ခဲ့ကြသည့်တိုက်ပွဲများမှာ ဆယ်နှစ်ကျော်တိုင်တိုင် ဖြစ်ပွားခဲ့သည်။ နယ်ချဲ့တို့သည် မျိုးချစ်မြန်မာလူမျိုးတို့အား အလွယ်တကူ အုပ်ချုပ်နိုင်ခဲ့ခြင်းမရှိသည့်အပြင် နိုင်ငံရေးနည်းဖြင့် ဆန့်ကျင်တိုက်ခိုက်ခံရမှုများကိုပင် ခံစားခဲ့ကြရသည်။ ၁၈၉၇ခုနှစ်မှ စတင်၍ ပေါ်ပေါက်ခဲ့သော ဘာသာရေးအသင်းအဖွဲ့များ၊ ၁၉၂ဝ ပြည့်နှစ်နှင့် ၁၉၃ဝ ပြည့်နှစ် တောင်သူ လယ်သမား အရေးတော်ပုံ၊ ၁၉၃၆ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် ကျောင်းသားသပိတ်များ၊၁၉၃၈ခုနှစ်တွင် ရေနံမြေ အလုပ်သမားများ၊ တောင်သူလယ်သမားများ၊ ပြည်သူများ ပါဝင်သော ၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံကြီး စသည်တို့သည် မြန်မာတို့၏ သူ့ကျွန်မခံသော ဇာတိမာန်ကိုအကောင်းဆုံးပြသခဲ့ကြသည်။

၁၉၃ဝ ပြည့်နှစ်တွင် ပေါ်ထွန်းခဲ့သော တို့ဗမာအစည်းအရုံးကြီးသည် '' ဗမာပြည်သည်တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ တို့ပြည်ကို ချစ်ပါ၊ တို့စာကို ချီးမြှင့်ပါ၊တို့စကားကို လေးစားပါ '' ကြွေးကြော်သံများဖြင့် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများကို ပြင်းပြင်းထန်ထန်ဆင်နွှဲခဲ့ပြီး လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့သော အဖွဲ့အစည်းကြီးဖြစ်သည်။ အမျိုးသားရေး စိတ်ဓာတ် များကိုလည်း နှိုးဆွပေးနိုင်ခဲ့သည်။ မြန်မာတို့သည် နယ်ချဲ့တို့အား စစ်ရေးနည်း၊ နိုင်ငံရေးနည်း၊ လူမှုရေးနည်း စသည့်နည်းမျိုးစုံဖြင့် ဆန့်ကျင် တော်လှန်ခဲ့ကြသော်လည်း တစ်လုံးတစ်စည်းတည်းသော အမျိုးသားရေး အင်အားကို မတည်ဆောက်နိုင်ခြင်း၊ နိုင်ငံနှင့် လူမျိုးအတွက် ရှေ့မှမားမားမတ်မတ်ဦးဆောင်ဦးရွက်ပြုမည့် မြန်မာတို့၏ မြန်မာ့တပ်မတော်တစ်ရပ်ကို မတည်ဆောက် နိုင်ခြင်းတို့ကြောင့် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများမှာ ပြည့်စုံသော အောင်မြင်မှုတို့ကို မရရှိနိုင်ခဲ့ပေ။ ထို့ကြောင့် အမျိုးသားတပ်မတော်ကို ဖွဲ့စည်း ထူထောင်ပြီး တိုက်ပွဲဝင်မှသာ လွတ်လပ်ရေး ရရှိနိုင်မည်ဟု နားလည် ယုံကြည်လာကြ သည်။ မျိုးချစ်လူငယ် အများစုသည် လက်ရုံးတပ်၊ အပျော်တမ်းရဲတပ်ဖွဲ့၊ ကျောင်းသားသံမဏိအဖွဲ့ စသည်တို့ကို ဖွဲ့စည်း ကာ လွတ်လပ်ရေးအတွက် ပြင်ဆင်ခဲ့ကြသည်။

၁၉၃၉ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာ့အနောက်ခြမ်းဒေသတို့၌ ဒုတိယကမ္ဘာစစ်မီး စတင်လောင်ကျွမ်း လာချိန်တွင် မြန်မာတိုင်းရင်းသားတို့၏ နိုင်ငံရေးလှုပ်ရှားမှုများမှာ အရှိန်အဟုန် ပြင်းထန်နေပြီဖြစ်သည်။ သာယာဝတီ မြို့တွင် ကျင်းပသော တို့ဗမာအစည်းအရုံးညီလာခံက နယ်ချဲ့တို့အား တိုက်ထုတ်ချေမှုန်းရန် အတိအလင်းကြေညာ ခဲ့သည်။ ယင်းသို့ အတိအလင်းကြေညာလိုက်သည့်အချိန်တွင် ဘီအာရ်ပီ (ခေါ်) ပြည်သူ့အရေးတော်ပုံ ပါတီသည် အင်္ဂလိပ်တို့အား လက်နက်ဖြင့်တွန်းလှန်ရန် နည်းလမ်းနှင့် နိုင်ငံခြား အကူအညီများရရှိရေး အပြင်းအထန်ရှာခဲ့ကြသည်။ နိုင်ငံရေးအဖွဲ့အစည်းများကို ညီညွတ်စွာ ပူးပေါင်း ဖွဲ့စည်းခဲ့သော ဗမာ့ထွက်ရပ်ဂိုဏ်းကြီးကလည်း နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများကို မြန်မာပြည် အနှံ့ဆောင်ရွက်ခဲ့သည်။ ထို့နောက် နယ်ချဲ့တို့၏ အမျိုးမျိုးဖိနှိပ်ချုပ်ချယ်မှုများ၊ ဖမ်းဆီး ထောင်ချခြင်းများ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေသည့်ကြားမှ အမျိုးသား တပ်မတော်ကိုထူထောင်ရေး၊ လွတ်လပ်ရေး ရရှိရေးတို့အတွက် လျှို့ဝှက်ကြံစည် ဆောင်ရွက်ခဲ့ကြသည်။

လွတ်လပ်ရေးကို တိုက်ယူရန်ဆုံးဖြတ် ပြီးနောက် သခင်အောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)နှင့် သခင်လှမြိုင် တို့သည် ၁၉၄ဝပြည့်နှစ်၊ သြဂုတ်လ ၈ ရက်နေ့ တွင် တရုတ်ပြည် အမွိုင်မြို့သို့ လျှို့ဝှက် ထွက်ခွာသွားပြီး ပြည်ပအ ကူအညီရရှိရေး ကြိုးပမ်းခဲ့သည်။ ထိုသို့ ကြိုးပမ်းရာတွင် ဂျပန်တို့နှင့် အဆက် အသွယ်ရခဲ့သည်။ သခင်အောင်ဆန်းသည် ဂျပန်နိုင်ငံ တိုကျိုမြို့၌ မစ္စတာတာ နာကာနေအိမ်တွင် ဗိုလ်မှူးကြီ ဆူဇူကီးနှင့်တွေ့ဆုံပြီး လွတ်လပ်သော မြန်မာပြည်ပြန်လည်ထူထောင်ရေး စီမံကိန်းတစ်ရပ် ကို ရေးဆွဲ တင်ပြသည်။ သခင်အောင်ဆန်း ရေးဆွဲတင်ပြခဲ့သော အချက်များတွင် '' ကျွန်ုပ်တို့၏ မျှော်မှန်းချက် မှာ မြန်မာပြည်ကို ကျွန်ုပ်တို့၏ အခြေအနေ၊ လိုအပ်ချက်များနှင့်ဆီလျော်သည့် လွတ်လပ်သောပြည်ထောင် စု မြန်မာနိုင်ငံအဖြစ် တည်ထောင်ရန်ဖြစ်သည် '' ဟူ၍လည်းကောင်း၊ '' လွတ်လပ်သော မြန်မာနိုင်ငံအား ပြန်လည် တည်ဆောက်ပြီးနောက် လွတ်လပ်ရေးကိုထိန်းသိမ်းရာတွင် ကျွန်ုပ်တို့နိုင်ငံကို ကာကွယ်ရန်နှင့် ကျွန်ုပ်တို့၏ တိုးတက်မှုကို စောင့်ရှောက်ရန် အတွက် ခိုင်မာတောင့်တင်း သည့် ကာကွယ်ရေးအစီအစဉ် မရှိလျှင် မဖြစ်ပေ။ ကျွန်ုပ်တို့သည် အင်အားကြီးမားသော ကြည်း၊ ရေ၊ လေတပ်မတော်များကို ဖွဲ့စည်း ထူထောင် ရမည် '' ဟူ၍လည်းကောင်းပါရှိလေသည်။ ဂျပန်တို့ထံမှ အကူအညီရရှိရေး ကြိုးပမ်းအောင်မြင် ခဲ့ပြီးနောက် ရဲဘော်သုံးကျိပ်တို့သည် စစ်ပညာများသင်ကြား ရန် ဂျပန်နိုင်ငံသို့ လျှို့ဝှက်ထွက်ခွာ ခဲ့ကြ သည်။

ရဲဘော်သုံးကျိပ်သည် ၁၉၄၁ ခုနှစ် သြဂုတ်လမှ ဒီဇင်ဘာလဆန်းအထိ ဟိုင်နန်ကျွန်း နှင့် ထိုင်ဝမ်ကျွန်း (ဖော်မိုဆာကျွန်း)တို့တွင် စစ်ပညာများ ကို ပြင်းပြင်းထန်ထန် သင်ယူလေ့ကျင့်ခဲ့ကြသည်။ ရဲဘော်သုံးကျိပ် ဝင်များ သည် ၁၉၄၁ ခနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဘန်ကောက်မြို့ ဦးလွန်းဖေ၏နေအိမ်၌ ဗိုလ်ချုပ် အောင်ဆန်း အမှူးပြုသော ရဲဘော်သုံးကျိပ်ဝင်များနှင့် တပ်သားသစ်များသည် မြန်မာ့လွတ် လပ်ရေး အတွက် အသက်စွန့်တိုက်ပွဲဝင်ရန် သစ္စာဆိုပြီး လက်မောင်းသွေးဖောက်သောက်ခဲ့ကြသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ဘီအိုင်အေ (ခေါ်) ဗမာ့ လွတ်လပ်ရေးတပ်မတော်ကို အင်အား (၂ဝဝ)ကျော်ဖြင့် စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး မြန်မာပြည်တွင်းသို့ ဂျပန် တပ်များနှင့် အတူ ချီတက်ခဲ့ကြသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် ချီတက်ခဲ့ရာ လမ်းတစ်လျှောက်တွင် ပြည်သူလူထုက တစ်ခဲနက်အားပေးထောက်ခံ ကြိုဆိုခဲ့ကြသည်။ မျိုးချစ်လူငယ် အများအပြားသည်လည်း လွတ်လပ်ရေး တည်းဟူသော ရည်မှန်းချက်ဖြင့် တပ်မတော်သို့ ဝင်ရောက်အမှုထမ်း ခဲ့ကြသည်။ ဗမာ့တပ်မတော်၏ အင်အားမှာ နေ့ချင်းညချင်း တိုးပွား လာရာ ၁၉၄၂ ခုနှစ် ဇွန်လတွင် ဂျပန်တို့နှင့်အတူ နယ်ချဲ့တို့အား အပြီးအပိုင် တိုက်ထုတ်နိုင် ခဲ့သည့် အချိန်၌ ဗမာ့တပ်မတော်၏ အင်အားမှာ ငါးသောင်းကျော်ခန့် ရှိနေလေပြီ။ မြန်မာတစ်မျိုးသားလုံးမှာလည်း တပ်မတော်၏ အင်အားနှင့် စွမ်းရည်တို့ကြောင့်လည်းကောင်း၊ မျိုးချစ်ပုဂ္ဂိုလ်တို့၏ ကြိုးပမ်းမှုတို့ကြောင့် လည်းကောင်း၊ ဂျပန်တို့၏ လွတ်လပ်ရေးရရှိအောင်ဆောင်ရွက်ပေးမည်ဆိုသည့် ကတိကြောင့် လည်းကောင်း လွတ်လပ်ရေးအတွက် အားတက် ရွှင်လန်းလာကြသည်။

ဆက်လက်ဖော်ပြပါမည်။

နီသင်အောင်ကျော်မိုး

မန္တလေးမှာ တရုတ်တွေကြီးစိုးနေတာကို အမျိုးသားရေးဖြင့်ကာကွယ်ဖို့ လိုကြောင်းပြောလိုက်တဲ့ ၀န်ကြီး



မန္တလေး တွင် တရုတ် နိုင်ငံသားများ သည် မြို့ပေါ် တွင် သာမက ကျေးရွာ များတွင် ပါ စီးပွားရေး လွှမ်း မိုး မှုများ ကြောင့် ဒေသခံ များ၏ စီးပွားရေး ဖွံ့ ဖြိုးမှု ကို မထိခိုက် စေရန် အတွက် အမျိုးသား ရေးဖြင့် ကာကွယ် တား ဆီးရန် လိုအပ် ကြောင်း မန္တလေး တိုင်း ဒေသ ကြီး စီးပွားရေး နှင့် စီမံကိန်း ၀န်ကြီး ဦးအောင်ဇံ က ပြော သည်။


တရုတ် နိုင်ငံသားများ သည် မန္တလေး တွင် ရင်နှီး မြှုပ်နှံရာ ငွေစိုက်ထုတ်မှုပိုင်းမှာ ဒေသခံများ ထက် သာ လွန် မှု ရှိပြီး ကျေး ရွာများ တွင် လည်း လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း များဖြစ်သော သခွား၊ ဖရဲ အစရှိသော ဒေသထွက်သီးနှံများတွင်ပါ ရင်နှီး မြှုပ်နှံလာ သဖြင့် တောင်သူများမှာ အခက် အခဲများ ဖြစ်ပေါ်နေကြောင်း သိရ သည်။ကျွန်တော်တို့ဆီက လူတွေက ဘယ်လိုဖြစ်သလဲဆိုတော့ လွှမ်းမိုးခံသွား ရတာပေါ့။ တဖြည်းဖြည်းနဲ့ ၀ါးမျို သွားခံရ တာပေါ့။ သူတို့ကတစ်နေရာကို တစ်ယောက် ချင်း၊ တစ်ယောက်ချင်းနဲ့ တစ်ယောက် တစ်နေ ရာ ကိုင် သွား တာပေါ့။ ကျန်တဲ့သူတွေက တဖြည်းဖြည်းနဲ့ ဆုံးရှုံး သွား ရတယ်။ တဖြည်း ဖြည်းနဲ့ ၀ါးမျို ခံလိုက် ရမှာ ဆိုး တယ်။ ဒါတွေကို အမျိုးသားရေးစိတ်နဲ့ပဲ တစ်ယောက် နဲ့ တစ် ယောက် ထိန်းသိမ်း ကာကွယ် သွား ရမယ် ဟု ၎င်း က ပြောသည်။

ကျေးရွာများ တွင်လည်း အမည်ခံ ကာ စီးပွားရေး ရင်းနှီး မြှုပ်နှံ မှုများကို လုပ်ကိုင် နေကြပြီး၊ ယခင်က ကျေးလက် များတွင် ဈေးနှုန်း အနည်းငယ် သာရှိသော မြေဈေး များ ကို တတိယ ပုဂ်္ဂိုလ် များမှ ၀ယ်ယူသော နည်း လမ်း ဖြင့် ဈေး အဆမ တန်ဝယ်ယူကာ ဆောင်ရွက် နေကြောင်း တိုင်း ဒေသကြီး ၀န်ကြီး ဦးအောင်ဇံ က ဆိုသည်။ ယင်းကဲ့သို့ တရုတ်နိုင်ငံသားများမှ တရားမ၀င်နည်းလမ်းများဖြင့် စီးပွား ရေး လုပ်ကိုင်နေမှုများအား ဥပဒေနည်းလမ်းများ ဖြင့် ထိရောက်စွာ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယခုမှ စလုပ် ဆောင်ရခြင်း ဖြစ်သဖြင့် အ ခက် အခဲတချို့ရှိနေကြောင်း၊ ပြည်သူများနှင့် လက်တွဲကာ လုပ်ဆောင် မည် ဆိုပါက အမှန် ကန်ဆုံး ဖြေရှင်းသွား နိုင် မည်ဖြစ်ကြောင်း ၎င်း က ဆက်ပြောသည်။

တရုတ် နိုင်ငံသား ကို ကျွန်တော် ဘယ်လို နားလည်ရမှန်းမသိပါဘူး။ မှတ်ပုံ တင် ကိုင်ထားတယ်။ ဒီ တော့ ဘယ်လို ပြောရ မလဲ။ သေချာတာတစ်ခုကတော့ ချုပ်ကိုင်ပြီး ဈေးကွက် ဆော့ကစားတာရှိတယ်။သူတို့က နိုင်ငံသား ကတ် ကိုင်ထားလို့ နိုင်ငံသား အခွင့် အရေးရမှာပဲ။ သေချာတာတစ်ခုကတော့ သူတို့ ဗမာစာ မတတ် ဘူး၊ ဗမာစကား မတတ် ဘူး ဟု မန္တလေးမြို့သစ်တွင် အခြေစိုက် သော ဖိုးလမင်း အိမ်ခြံ မြေ အကျိုး ဆောင်မှ ဦးဝဏ္ဏစိုးက ပြောသည်။ မြန်မာနိုင်ငံတွင် တရားဝင်စီးပွားရေး ရင်းနှီးမြှုပ်နှုံမှု အများဆုံး နိုင်ငံမှာ တရုတ် နိုင်ငံဖြစ် သည်။

By The Messenger

၂၀၁၄ နှင့် မြန်မာ့နိုင်ငံ အခြေအနေ



၂၀၁၄ ခုနှစ် အတွင်း စတင်ဝင်ေ၇ာက်လာပြီ ဆိုက တည်းက နိုင်ငံေ၇းအခြေအနေများ အလွန်ရှုပ်ထွေး နေတာ အားလုံးလည်း သိကြပါတယ်။ ရခိုင် ပြည်နယ်မှ ခိုးဝင်ဘင်္ဂလီများ အရေး၊ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံဥပဒေ ပြင်ဆင်ေ၇းများအတွက် လူထုစည်းဝေးပွဲများ ဆက်တိုက် ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။


ပထမဆုံး ဘင်္ဂလီ ကျေးရွာများအကြား လှည့်ကင်းဆောင်ရွက်နေတဲ့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အသတ်ခံရမှုဟာ တကယ်တော့ ကိုယ်ရေးကိုယ်တာ ရန်ငြိုး မဟုတ်ပဲ တာဝန်အရ လုံခြုံရေး ဆောင်ရွက် နေတဲ့ လူတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်တာဟာ နိုင်ငံတော် အေးချမ်းတည်ငြိမ်ရေးကို စိန်ခေါ်တဲ့ အနေနဲ့ ဘင်္ဂလီ မွတ်ဆလင်တွေရဲ့ သွေးတိုးစမ်း စော်ကားခြင်းသာ ဖြစ်တယ်လို့ ယူဆရပါတယ်။ ပထမအကြိမ် မိတ္ထီလာမြို့မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင်သောဘိတ မီးရှို့ သတ်ဖြတ်လိုက်ခြင်းဟာ ဘာသာရေးစိန်ခေါ်မှု ဖြစ်နိုင်သလို ယခု ရဲတပ်ကြပ်ကြီး သတ်ဖြတ်ခံရမှုဟာ လုံခြုံရေးစိန်ခေါ်မှုသာ ဖြစ်နိုင်ပါတယ်။ ဘင်္ဂလီများအနေနဲ့ စစ်တပ်ကို မစမ်းသပ်ရဲသေးတဲ့အတွက် နိုင်ငံတွင်းလုံခြုံရေးတာဝန်ရှိတဲ့ ရဲ ကို စတင် စမ်းသပ်တာ ဖြစ်နိုင်ပါတယ်။အစိုးရအဖွဲ့အနေနဲ့ ဒီအခြေအနေကို အမြန်ဆုံးမဖြေရှင်းနိုင်ပဲ ငြိမ်နေ မယ် ဆိုရင် နောင်တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ အမျိုးသားရေးဆောင်ရွက်သူများ နှင့် လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်နဲ့ ရဲ များ၏ အသက်အန္တရာယ်ကိုပင် ထိပါး ကြုံတွေ့လာနိုင်ပေသည်။

နောက်ထပ်အကြောင်းအရာ တစ်ခုကတော့ အခြေခံဥပဒေ ပြင်ဆင်ရေး။ သမ္မတကြီးကိုယ်တိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ လူတွေေ၇းဆွဲခဲ့သည့်အတွက် လိုအပ်တာများ ရှိခဲ့ပါက နိုင်ငံနဲ့ လူမျိုးအတွက် လိုအပ်လာတဲ့ ကြောင်းအရာတွေကို ပြင်ဆင်ရေးဆွဲနိုင်ကြောင်း ပြောဆိုခဲ့ပါသေးသည်။

သို့သော် NLD ဥက္ကဌ ဒေါ်စု မှ အခြေခံဥပဒေ ပြင်ဆင်ေ၇း ထပ်တလဲလဲ ပြောဆိုနေသည်မှာ ၅၉(စ)ကို ပြင်ဆင်လို၍ ဖြစ်သည်။ နိုင်ငံတော်သမ္မတ ၏ အရည်အချင်းများတွင်ပါဝင်သော် ၅၉(စ)မှာ ဒေါ်စုကြည် တစ်ဦးတည်းအတွက် ထည့်သွင်းရေးဆွဲခဲ့ခြင်းမဟုတ်ပေ။ ကျွန်တော်တို့ နေထိုင်ရာ မြန်မာနိုင်ငံသည် လူဦးရေ အလွန်းများပြားသော နိုင်ငံရေးအင်အားကြီး တရုတ်နိုင်ငံ ၊အိန္ဒိယနိုင်ငံ တို့အပြင် နိုင်ငံနှင့် မမျှအောင် လူဦးရေ လျှံကျနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ရောက်ရှိနေသဖြင့် နိုင်ငံတော်သမ္မတ ဖြစ်လာမည့်သူဟာ နိုင်ငံသားစစ်စစ်ဖြစ်ေ၇း၊ တိုင်းတပါးနိုင်ငံခြား တိုင်းပြည်များ၏ ထောက်ပံ့မှီခိုမှု ကင်းသော တိုင်းရင်းသား လူမျိုးစုဝင် တစ်ဦးဖြစ်ရေးဟာ အလွန်ပင်အရေးပါလှပေသည်။ အကယ်၍ ပုဒ်မ ၅၉(စ) ကိုသာ ဖျက်ပေးလိုက်ပါက တစ်ချိန်တွင် တိုင်းရင်းသားလူမျိုးစုဝင်မဟုတ်သော တိုင်းတပါး၏ လက်ပါးစေ တစ်ဦးသာ နိုင်ငံတော်သမ္မတ ဖြစ်လာပါက ကျွန်တော်တို့အားလုံး ကိုယ့်နိုင်ငံမှာနေပြီး သူများ တိုင်းပြည်၏ လက်အောက်သို့ အလိုအလျှောက်ရောက်ရှိသွားမည်သာ ဖြစ်ပါသည်။

ပြီးလျှင် ဖွဲ့စည်းပုံ ဥပဒေအား ဒေါ်စုကြည် သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်ပေးသွားရန် လိုအပ်ကြောင်း ဗြိတိန်အောက်လွှတ်တော် ဥက္ကဌ မှ တိုက်တွန်းကြောင်း ကြေငြာချက်ထွက်လာခြင်းသည် ကုလသမဂ္ဂ ၏ စည်းမျဉ်းကို ဖောက်ဖျက်ရာလည်းကျနေပါသည်။ ၁၉၈၁ခုနှစ်က ကုလဆုံးဖြတ်ချက်အမှတ်(၃၆/၁၀၃)မှာ မည်သည့်နိုင်ငံမျှ သို့မဟုတ် မည်သည့်နိုင်ငံအစုအဖွဲ့မျှ အခြားနိုင်ငံ၏ ပြည်တွင်းရေးကိစ္စ များတွင် ဖြစ်စေ၊နိုင်ငံရေးကိစ္စများတွင်ဖြစ်စေ၊ မည်သည့်အကြောင်းပြချက်ဖြင့် ဖြစ်စေ၊ မည်သည့်နည်း လမ်းမည်သည့်ပုံစံဖြင့်ဖြစ်စေ၀င်ရောက်စွက်ဖက်ခြင်း မရှိစေရဆိုတာ ပါတယ်ဗျ။ 

ကုလသမဂ္ဂအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပါလျက် ဒီလို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဟာ သူတို့ရဲ့ နိုင်ငံေ၇းတိုက်ခိုက်မှု ဆိုတာသိသာစေပါတယ်။ ၎င်းတို့ နိုင်ငံသား၏ ဇနီး သမ္မတဖြစ်လာပါက ၎င်းတို့အနေနှင့်လည်း မြန်မာနိုင်ငံအပေါ် လိုသလို ကြိုးကိုင်ဆောင်ရွက်လာနိုင်သလို ငြိမ်းချမ်းရေးနိုဗယ်ဆု ချီးမြှင့်ထားခြင်းက ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကို ဗန်းပြပြီး မြန်မာနိုင်ငံအတွင်း ဘာသာရေး လူမျိုးရေး အထိကရုန်းများဖြစ်လာအောင် ကြိုးစားခြင်းဖြစ်နိုင်သည်။ ဗြိတိန် အနေဖြင့် မြန်မာနိုင်ငံအား နှစ်ပေါင်း ၁၀၀ကျော်အုပ်ချုပ်ခဲ့စဉ်ကတည်း ကတောင်တန်းမြေပြန့် ခွဲခြား ပြီးသွေးထိုးခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။လွတ်လပ်ရေးရစဉ်ကတည်းက စပြီး မြန်မာနိုင်ငံ အတွင်း တည်ငြိမ်အေးချမ်းမှုများ မရအောင် အမြဲတမ်းသွေးထိုးနေခဲ့တာ ဖြစ်ပါတယ်။

နောက်တစ်ချက်အနေနဲ့ ကျွန်တော်တို့ ပြည်သူတွေ နားလည်မှု ၊ယုံကြည်မှု လွန်ကဲနေတာတွေ ကို တွေ့ရ တော့ နိုင်ငံအတွက် စိုးရိမ်မိပါတယ်။ အမေစု သမ္မတ ဖြစ်ရင် တို့လယ်သမားတွေ ကြီးပွားချမ်းသာပြီဟေ့ တဲ့။ ဒုတိယ ဘုရားသခင်တဲ့။ သဘာဝ ကျကျပဲ တွေးကြည့်ကြပါ။ လူတစ်ဦး ခေါင်းဆောင် လုပ်တာနဲ့ ကျန်တဲ့ သူတွေ ချမ်းသာနိုင်ပီလား။ အနောက်နိုင်ငံများ၏ စီပွားရေး ပိတ်ဆို့မှု ဆက်လက်တည်ရှိနေပါဦးဟု ပြောခဲ့တာ ဘယ်သူလဲ။ လက်တွေ့ နိုင်ငံကောင်းစားဖို့ ဘာမှ မလုပ်ရသေးပဲ အပြောနှင့် ပင် နိုင်ငံ ချစ်နေတာ လောက်တော့ လမ်းလျှောက်တတ်ခါစ ကလေးပင် ချစ်တယ်လို့ ပြောတတ်ပါသည်။ ဘယ်သူ နိုင်ငံ ခေါင်းဆောင်ပဲ လုပ်လုပ် မိမိကိုယ်တိုင်မှ အလုပ်မလုပ်လျှင် ထမင်းစားစရာ ရှိပါ့မလား ၊ချမ်းသာ ပါ့မလား ။ကျွန်တော်တို့ ညီအကို မောင်နှမ များ စဉ်းစားကြပါ။တွေးခေါ် လေ့လာကြပါ။ ဝေဖန်ဆန်းစစ် ကြပါ။


မြန်မာနိုင်ငံတကယ်သာ တိုးတက်ချမ်းသာစေချင်လျှင် ကျွန်တော်တို့တတွေ စည်းလုံးကြဖို့လိုပါသည်။ ကြိုးစားကြဖို့ လိုပါသည်။ ပညာတတ်ကြဖို့လိုပါသည်။ ကျွန်စိတ်တွေ ဖျောက်ဖို့လိုပါသည်။ အနစ်နာခံကြ ဖို့ လိုပါသည်။ ကျွန်တော့်စကားမဟုတ်ပါ။

မြန်မာ့ လွတ်လပ်ေ၇းခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ မှတ်သားဖွယ်၇ာ စကားစုလေးပါ။

ငါ့နိုင်ငံငါ့ဘာသာအတွက်

ပူးပေါင်းရေး အတွက် နေပြည် တော်၌ ဆွေးနွေးရန် SNLD အား SNDP ရက်ချိန်း


1535482_411933268953584_1634621305_n

ပူးပေါင်းရေးအတွက် ကျားခေါင်းပါတီ ခေါ် သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကမ်းလှမ်း ထား သည့်အတိုင်း တွေ့ဆုံ ဆွေးနွေးရန် အတွက် ကျားဖြူ ပါတီခေါ် သျှမ်း တိုင်းရင်းသားများ ဒီမိုကရက် တစ် ပါတီမှ နေပြည်တော်တွင် တွေ့ဆုံရန် အကြောင်း ပြန်စာ ပေးပို့ထားသည်ဟု သိရပါ သည်။


ဂျန္နဝါရီ ၃၀ ရက်နေပြည်တော် ယူနီစန်သီးသန့်ခန်း၌ မွန်းလွှဲ ၁ နာရီအချိန် တွင်တွေ့ဆုံရန် ကျားဖြူ ပါတီ ဥက္ကဌ စိုင်းဆောင်ဆီ မှ ဂျန္နဝါရီလ ၂၃ ရက် ရက်စွဲဖြင့် SNLD ထံသို့ အကြောင်းပြန်စာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

“ကျားဖြူပါတီညီလာခံပြီးမှ တွေ့ဆုံနိုင်မယ်လို့ ကျနော်တို့ ပြောထားတဲ့အတိုင်း အခု ကျနော်တို့က ၃၀ – ၃၁ ရက် နေ့မှာ အား မယ်။ SNLD အား မအား မသိဘူးလေ။ သူတို့ဘက် အားမှ တွေ့ဆုံနိုင်မှာလေ” – ဟု ကျားဖြူ ပါတီ၏ ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ ခေါင်းဆောင် စိုင်းဆောင်ဆီက ပြောသည်။

မြန်မာနိုင်ငံအစိုးရ ရုံးလုပ်ထုံးလုပ်နည်းအရ တရားဝင်ရုံးစာအား စာတိုက်နှင့် ပေးပို့ရသောကြောင့် SNLD မှ စာလက်ခံရ မရ မသိသေးကြောင်းလည်းပြော ပါသည်။

“ကျနော်တို့ သိပါပြီ။ အခုကျနော်တို့ အစည်းအဝေးထိုင်နေပါတယ်” – SNLD ၏ ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ ခေါင်းဆောင် စိုင်းစောအောင်ကပြောပါသည်။

“ပူးပေါင်းနိုင်ဖို့ မပူးပေါင်းနိုင်ဖို့ တွေ့ဆုံပြီးမှ ပြောနိုင်မယ်လေ။ ကျနော်တို့ကတော့ အဓိက က လူထု အကျိုး အတွက် အလုပ် လုပ်ပေးဖို့ပဲ။ SNLD က ၈ ပြည်နယ် လက်ခံတယ်။ ကျနော်တို့က ၁၄ ပြည်နယ် ကို လက်ခံတယ်။ ဒါတွေက ဘာဖြစ်နေဖြစ်နေ အဓိက ကတော့ မိမိကိုယ်ပိုင်ပြဌာန်းခွင့် အစစ်အမှန် ရဖို့ပဲ။ အမျိုးသားရေး အတွက် အလုပ်လုပ်လာတာ အခုအသက် ၇၃ နှစ်တောင်ရှိပြီ” – ဟု စိုင်းဆောင်ဆီ က ဆက်၍ ပြောသည်။

နေပြည်တော်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ပါတီနှစ်ခုပေါင်းစည်းလျှင် လက်ရှိမိခင်ပါတီအား ဖျက်သိမ်း ရမည်ဟူသည့် မူဘောင် စည်းမျဉ်းချထားပါသည်။

ထို့အတွက် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရ စိုင်းလိတ်က- ‘ကိုယ်ရေး ကိုယ်တာနဲ့ ပါတီအရေး ဆို ပါတီကိုဦးစားပေးမယ်။ ပါတီနဲ့ အမျိုးသားရေးဆို အမျိုးသားရေးကို ဦးစားပေး မယ်။ အမျိုးသားရေးလိုအပ်ချက်အရ ပါတီဖျက်သိမ်းသင့်ရင်လဲ ဖျက်သိမ်းရမယ်’ ဟု သျှမ်းသံတော်ဆင့် သို့ပြောဖူးသည်။

၂၀၁၂ နှောင်းပိုင်းတွင် တက်ကြွလှုပ်ရှား သျှမ်းလူငယ်များက သျှမ်းလူထု၊ သံဃာ၊ ဝန်ထမ်းများထံ စစ်တမ်းကောက်ယူရာ ၉၀ ရာခိုင် နှုန်းကျော် က ကျားဖြူနှင့် ကျားခေါင်း ပါတီပေါင်းစည်းရန်၊ သျှမ်းပြည် တပ်မတော် (တောင်ပိုင်း) အမည်ရ RCSS/SSA နှင့် သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း) အမည်ရ SSPP/SSA တို့ပေါင်းစည်းရန် ဆန္ဒရှိကြသည်ဟုသိရပါသည်။

သျှမ်းသံတော်ဆင့်

SNLD ထံပေးပို့သည့် SNDP ၏အကြောင်းကြားစာ

မိဘများ စဉ်းစားကြဖို့ပါ



မိတ်ဆွေ တစ်ယောက် ပိုင်တဲ့ အင်တာနက်ဆိုင်ကို ရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက် ရတယ်။ အဲ့ဒါကတော့ နက်ဝက် ဂိမ်းကစား နေတဲ့ ကလေးတွေအားလုံးကို မောင်း ထုတ် နေတာပါပဲ။ ( မင်းဘာလုပ်နေတာလဲ ) ဆိုတော့ ( ဒီကောင်တွေ ဂိမ်းကစားတာ တစ်နာရီ ပြည့်သွားလို့ ပြန်ခိုင်းနေတာ .. မောင်းမထုတ်ရင် တစ်နေကုန်ကစားနေမှာကွ ) တဲ့။ ( တစ်နေကုန် ကစားတော့ မင်းပိုက်ဆံရတာပေါ့ ) ဆိုတော့ ...


" ဟေ့ကောင် .. မင်းသူ့မိဘနေရာက စဉ်းစား၊ ဒီကောင်တွေ တနေကုန် ကစားနေလို့ ဘာအကျိုးကျေးဇူးမှ မရဘူး။

၁။ ခန္ဓာကိုယ်ချည့်နဲ့လာမယ်။

၂။ ရိုင်းစိုင်းကြမ်းတမ်းတတ်လာမယ်။

ဟိုကောင်ပြေးလာပြီ ဓားနဲ့ထိုး၊ နောက်ကကောင်ကို ဝင်ရိုက်လိုက်၊ ယီးတဲ့မှပဲ . မအေရိုး .. ဆိုတာတွေ မင်းမှ မကြားဖူးပဲ ..." တဲ့။ ( တခါတလေ ဖေ့ဘုတ် အကောင့်ဖွင့်ပြီး သုံးနေတာ၊ ပွန်းဆိုက်တွေ လိုက်ကြည့် နေတာလည်း တွေ့ရတတ် ပါတယ်။ )

ဒါဆိုဘာလို့ သူတို့ကို မင်းဆိုင်မှာ ကစားခွင့် ပေးနေသေးလည်း ဆိုတော့ တစ်နာရီလောက် စိတ်ထွက် ပေါက် ပေါ့ကွာတဲ့။ မင်းဆီမကစားရလည်း တခြားသွားဆော့မှာပဲ ဆိုတော့ ဒါတော့ ဘယ်တတ်နိုင်မလဲတဲ့။

ချတ်တင်ထိုင်ရင်း အသက် ၄၀ လောက် လူတစ်ယောက်နဲ့ ငြိစွန်းသွားတဲ့ ဆယ်ကျော်သက် မိန်းကလေး တစ်ယောက် အကြောင်း trust ရုပ်ရှင်ကလည်း သင်ခန်းစာပါ။ facebook ကနေ လူကုန်ကူးမှု ဖြစ်သွား တာတွေ၊ လိင်ဖျော်ဖြေမှု လုပ်ငန်းဘက် ရောက်သွားတာတွေလည်း ကျနော်တို့ဆီမှာ မြင်တွေ့နေရပြီ။

အခု ပိုဆိုးလာတော့မယ့် ပြသနာက ၁၅၀၀ ဖုန်းတွေ။ အရင်က ကျနော့ ကျူရှင်ကို ဖုန်းယူလာ တတ်တာ ဟာ ၁၀ တန်းသမားတွေပဲ ရှိပေမယ့် အခုဆို ၈ တန်း၊ ၉တန်း ကလေးတွေပါ ဖုန်းကိုင်လာကြပါပြီ။ ဆရာ အလစ် ဂိမ်းခိုးနှိပ် တယ်။ မက်ဆေ့နဲ့ ချတ်တယ်။ ဒါနဲ့ ကျူရှင်ကို ဖုန်းမယူလာဖို့ ဖုန်းမြည်သံ ကြားရင် အပြီးသိမ်း မယ်လို့ စည်းကမ်း ထုတ်လိုက်ရပါတယ်။ ဒါလည်း ခိုးယူလာ ကြတာပါပဲ။

တစ်ရက်တော့ နဝမတန်း စာသင်ခန်းထဲမှာ ဖုန်းမြည်သံ ကြားတာနဲ့ အကုန် လိုက်စစ်လိုက်တော့ ဖုန်းငါးလုံး ရတယ်။ မိန်းကလေးက သုံးလုံး၊ စိတ်ပေါက်ပေါက်နဲ့ မက်ဆေ့တွေ အကုန်ဖွင့် ဖတ်လိုက်တော့ မက်ဆေ့ အားလုံးရဲ့ တူညီတဲ့အချက်က ....

" အရမ်း သတိရတာပဲ " .... ... "ဘယ်နေ့ တွေ့ခွင့် ရဦးမှာလဲ " .. .. "အရင်နေရာကို လာခဲ့ရဦးမှာလား "

ဒါမျိုးတွေချည်းပါ။ မိဘများကိုယ်စား အလွန်ရင်ပူ မိပါတယ်။ မိဘတွေကရော မိမိတို့ ကလေးတွေရဲ့ လွယ်အိတ်တွေ ဖုန်းတွေ ဘယ်နှစ်ခါများ စစ်ဆေးဖူးကြ ပါသလဲ။ မဝယ်ပေးနဲ့ မဟုတ်ပါဘူး၊ ဝယ်ပေးကြပါ။ စစ်လည်း စစ်ဆေးကြပါ။ ကလေးတွေရဲ့ အသိဥာဏ် ရင့်သန်အောင်လည်း လေ့ကျင့်တည့်မတ် ပေးကြ ပါဦး။ ကျနော်တို့ မရှိတော့ရင် ဒီကလေးတွေရဲ့ လက်ထဲမှာ အရာရာ အားလုံး ချန်ထားခဲ့ရမှာပါ။ ကျနော် ကတော့ သူတို့အားလုံးကို အရွယ်မတိုင်မှီ လမ်းမလွဲကြဘဲ ရင့်ကျက်တည်ငြိမ်စွာနဲ့ လျှောက်လှမ်းနိုင်သူတွေ ဖြစ်စေချင်တာ ပါပဲ။

" သိပ်ချစ်လွန်းလို့ ၈ တန်း ကျောင်းသားလေးကို ဆိုင်ကယ် ဝယ်ပေးတာဟာ သင်္ချိုင်းကုန်းမှာ မြေဝယ်ပေး လိုက် သလိုပါပဲ။ သိပ်ချစ်လွန်းလို့ ၈ တန်း၊ ၉ တန်း ကျောင်းသူလေးကို ဖုန်းဝယ်ပေး လိုက်တာဟာ အနာဂါတ်ကို တွင်းတူး မြှပ်နှံ လိုက်သလိုပါပဲ ... .. "

မိဘများလည်း စဉ်းစားကြဖို့ပါ။

ကိုယ့် ကလေးတွေကို ခေတ်နဲ့ လျော်ညီအောင်လည်း နေပါစေ။ မျက်ခြေလည်း မပြတ်ပါစေနဲ့လို့ အကြံပြု လိုက်ပါတယ် ခင်ဗျာ ......

Myawady News

မိုးကိုစံကုမ္ပဏီက ကရင်ပြည်နယ်ရှိ အိမ်ခြေ ၇၈၀ ကို ဆိုလာမီး အခမဲ့တပ်ဆင်ပေးမည်



ကရင်ပြည်နယ်၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ မြဝတီနှင့် ဖားအံမြို့နယ်တို့ အတွင်းရှိ အိမ်ခြေ ၇၈၀ လုံးကို မြဝတီမြို့ အခြေစိုက် မိုးကိုစံကုမ္ပဏီက ဦးဆောင်၍ ဆိုလာလျှပ်စစ်မီး အခမဲ့ တပ်ဆင်ပေးမည် ဖြစ် ကြောင်း ကရင်အမျိုး သားအစည်းအရုံး(KNU) တပ်မဟာ (၇)စီးပွားရေးကုမ္ပဏီဖြစ်သည့် မိုးကိုစံ ကုမ္ပဏီ က ပြောဆိုသည်။


အဆိုပါ လုပ်ငန်းစဉ်အတွက် လက်ရှိတွင် လှိုင်းဘွဲမြို့နယ် နောင်တိုင်ကျေးရွာတွင် ဇန်နဝါရီ ပထမ အပတ်မှစ၍ ဆိုလာလျှပ်စစ်မီး စတင်တပ်ဆင်ပေးနေပြီ သတ်မှတ်ထားသည့် လေးမြို့နယ်အားလုံးကို မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း မိုးကိုစံကုမ္ပဏီ မန်းနေးဂျင်း ဒါရိုက် တာ စောမိုးဇက်က ဆိုသည်။

“အခုလို လုပ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကရင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်ချင်တာရယ်။ နောက်ပြီး တော့ ဒီထဲမှာရှိတဲ့ ဒေသခံတွေအခုလို လေးမြို့နယ်တွေမှာ မီးတပ်ဆင်ခွင့်ရတဲ့အတွက် ကျနော် တို့ KNU/KNLA က အထူးပဲ ဝမ်းသာမိတယ်”ဟု စောမိုးဇက်က ပြောသည်။

ထိုသို့ တပ်ဆင်ပေးရာတွင် တစ်အိမ်ထောင်လျှင် ၉၂ မီဂ္ဂါဝပ် အားရှိ ဆိုလာပြားနှင့် ၆၅ အမ်ပီယာ ပါရှိသည့် ဘက်ထရီအိုး တစ်လုံးစီတို့ကို အခမဲ့တပ်ဆင်ပေးသွားမည်ဖြစ်ကာ အိမ်ထောင်စု ၇၈၀ အတွက် ကုန်ကျ စရိတ် ကျပ်သိန်းပေါင်း ၁၅၆၀ အကုန်ကျခံပြီး ယင်းကုန်ကျစရိတ်များကို ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ရန်ပုံငွေမှ ကျခံသုံးစွဲသွားမည်ဟု မိုးကိုစံကုမ္ပဏီထံမှ သိရသည်။

ယခုလို ဆိုလာလျှပ်စစ်မီး တပ်ဆင်ပေးမည့်အပေါ် လှိုင်းဘွဲမြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ စောထွန်းထွန်း အောင်က “အများအားဖြင့် တွေ့ရသလောက်တော့ အစိုးရ မီးမရတဲ့နေရာမှာ သွားရောက်တပ်ဆင် ပေးသလို မီးမရှိသေးတဲ့ အိမ်တွေကို ရွေးပြီး သွားရောက်တပ်ပေးတာ တွေ့ရတယ်။ ပြီးတော့ သူတို့(မိုးကိုစံ) မီးလာတပ်တဲ့ အတွက် ပညာသင်တဲ့ ကလေးတွေအတွက် အထောက်အကူပြုမယ်”ဟု ကေအိုင်စီသို့ ပြောပါ သည်။

ထို့အပြင် KNU ထိန်းချုပ်နယ်မြေ ဝေါ်လေးဒေသ ချူကလီး(စုကလိ)ကျေးရွာတွင် ပေ ၁၅၀၀ ကွန်ကရစ် လမ်း ဖောက်လုပ်သွားမည်ဖြစ်ပြီး မဲကနယ်ကျေးရွာတွင်လည်း ကွန်ကရစ် သစ်သားတံတား ၁၁ စင်းတို့ အတွက် ကုန်ကျစရိတ် ကျပ် ၇၈၀ သိန်းကို မိုးကိုစံကုမ္ပဏီမှ အကုန်ကျခံ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

မိုးကိုစံကုမ္ပဏီ၏ ယခုလုပ်ငန်းစဉ်သည် ပြည်နယ်လျှပ်စစ်ဦးစီဌာနနှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ ကျေးလတ် ဒေသဖွံ့ဖြိုးရေးအတွက် အခြားကဏ္ဍအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကရင်ပြည်နယ် လျှပ်စစ်ဝန်ကြီး စောကြည်လင်းက ကေအိုင်စီသို့ ပြောဆိုသည်။

KNU တပ်မဟာ ၇ စီးပွားရေး ကုမ္ပဏီအဖြစ် မိုးကိုစံကုမ္ပဏီကို ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၄ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီး ခရီးသွားလုပ်ငန်းနှင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရ သည်။

သင်္ဘောသီးကို ဆေးအဖြစ် စားသုံးခြင်း



နံနက် ၈ နာရီ စားသုံးလျှင် - အစာအိမ်နှင့် အူလမ်း ကြောင်း အတွက် ကောင်းမွန် ပါသည်။

နံနက် ၉ နာရီ စားသုံးလျှင် - သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင် စေသည်။

နံနက် ၁၀ နာရီ စားသုံးလျှင် - အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာ စေသည်။

နံနက် ၁၁ နာရီ စားသုံးလျှင် - အာသီးနာခြင်း၊ အာခြောက် ခြင်းတို့ကို ကောင်းမွန်စေသည်။


မွန်းလွဲ ၁ နာရီ စားသုံးလျှင် - နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေသည်။

မွန်းလွဲ ၂ နာရီ စားသုံးလျှင် - ပါးစပ်ပုပ်၍ ပါးစပ်နံခြင်းကို ကောင်းမွန်စေသည်။

မွန်းလွဲ ၃ နာရီ စားသုံးလျှင် - အူမကြီးပူ၍ ဝမ်းမကောင်းလျှင် စားသုံးနိုင်သည်။

ညနေ ၄ နာရီ စားသုံးလျှင် - ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာစေသည်။ (ကလေးမစားရ)

ညနေ ၅ နာရီ စားသုံးလျှင် - ဆီးချိုဖြစ်ခြင်းကို သက်သာစေသည်။

ညနေ ၇ နာရီ စားသုံးလျှင် - တစ်နေကုန်ပင်ပန်းခြင်းကို သက်သာစေပြီး စိတ်ရွှင် လန်းစေသည်။

ညနေ ၈ နာရီ စားသုံးလျှင် - သွေးသားကို သန့်စင်စေသည်။

ညနေ ၉ နာရီ စားသုံးလျှင် - သကြားနှင့်တို့စားပါက အသည်း၌ပူခြင်းကို သက်သာစေသည်။

တရုတ် ဆေးကျမ်းများတွင် သင်္ဘောသီးသည် အစာကြေခြင်း၊ အားအင် ပြန်လည် ဖြည့်စွမ်းပေးခြင်းစသည့် အာနိသင်များ ရှိကြောင်း တရုတ်တိုင်းရင်း သမားတော်များအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ သမားတော် ဦးဖန်က ပြောကြားသည်။ သင်္ဘောသီး စားခြင်းကြောင့် ဆိုးကျိုးမရှိဘဲ စွဲစွဲမြဲမြဲ စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက် အကူ ပြုကြောင်း၊ တစ်ခါစားလျှင် တစ်စိတ်မှ နှစ်စိတ်အထိ စားသုံးသင့်ပြီး ယင်းသို့ စားသုံးရာတွင် သင်္ဘောသီး စိတ်အား ဇွန်းဖြင့် အခွံနားကပ်သည် အထိ ခြစ်၍ စားသင့်ကြောင်း၊ ယင်းအခွံ အနားရှိ သင်္ဘောစေးသည် အစာအိမ်အား လွန်စွာ အကျိုးပြုပြီး ဝမ်းချုပ်တတ်သော ပုဂ္ဂိုလ်များ၊ အသည်း ရောဂါ သည်များ၊ သရက်ရွက် ရောဂါသည်များ အတွက် အထူး သင့်လျော်ကြောင်း၊ ထမင်းစားပြီး ချိန်နှင့် မစားခင် အချိန်များတွင် ကပ်၍ စားသုံးသင့်ကြောင်း ယင်းကအကြံပြု ပြောကြားသည်။

Ref By - http://seinpanpyar.multiply.com/

Apple မှ မျက်နှာပြင်ပိုမိုကျယ်ဝန်းသော iPhone မျိုးဆက်သစ်များကို ထုတ်လုပ်ဖွယ်ရှိ



Apple မှ မျက်နှာပြင်ပိုမိုကျယ်ဝန်းသော iPhone ဗားရှင်းအသစ်စမတ်ဖုန်း နှစ်မျိုးအား ထုတ်လုပ် ရန်စီစဉ်နေကြောင်း Wall Street သတင်းစာမှ ဆိုသည်။


Wall Street ၏ report အရ ရက်သတ္တ ပေါင်း များစွာ နည်းပညာနှင့်ဆက်နွယ်သော blog များစွာကို လေ့လာသုံးသပ်ခဲ့ပြီး Apple အနေဖြင့် ၂၀၁၄ ဒုတိယနှစ်ဝက်တွင် iPhone အသစ်နှစ်မျိုး ထုတ်လုပ်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြထားသည်။

တစ်လုံးက မျက်နှာပြင်အကျယ် ၄.၅ လက်မ(၁၁.၄ စင်တီမီတာ) ထက်ပိုမိုပြီး လက်ရှိထုတ် iPhone များကမူ ၄လက်မသာရှိသည်။ဒုတိယတစ်လုံးကတော့ မျက်နှာပြင်အကျယ် ၅လက်မထက်ပိုပြီး မော်ဒယ် နှစ်ခုစလုံးသည် သတ္တုဖြင့်ပြုလုပ်ထားမည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

သို့သော်လည်း Apple အနေဖြင့် တောင်ကိုရီးယားစမတ်ဖုန်းကုမ္ပဏီများဖြစ်သည့် Samsung နှင့် LG တို့ကဲ့သို့ ကွေးနေသော မျက်နှာပြင်များကိုထုတ်လုပ်လိမ့်မည်မဟုတ်ဟုဆိုသည်။

ယခုထပ်မံထုတ်လုပ်ဖွယ်ရှိသည့် စမတ်ဖုန်းများသည် ဖုန်းနှင့်တက်ဘလက်ကြား အောင်မြင်နေသည့် "phablets" များ၏နယ်ပယ်တွင် ထပ်မံဝင်ရောက်လာမည့် စမတ်ဖုန်းများလည်း ဖြစ်လာလိမ့်မည်။ အောင်မြင် နေသော phablets များ အနက် သာဓကတစ်ခုမှာ Samsung Galaxy Note စီးရီးစ်များဖြစ်ပြီး မျက်နှာပြင်အကျယ် ၅.၇ လက်မရှိသည်။

Juniper Research ၏ ခန့်မှန်းချက်များအရ ၂၀၁၈ ခုနှစ်တွင် phablets များ၏ စုစုပေါင်းတင်ပို့ရောင်းချမှုမှာ သန်း ၁၂၀ ခန့်ရှိလာလိမ့်မည်ဟု ဆိုသည်။Juniper ၏ စစ်တမ်းကောက်ယူချက်များအရပြီးခဲ့သည့်နှစ်တွင့် phablets များရောင်းချရမှုမှာ သန်း ၂၀ ဝန်းကျင်ရှိခဲ့သည်ဟု သိရှိရသည်။

===================================
Ref: www.indiatimes.com
Nyein Chan( TSJ Tech Team)

ငွေစက္ကူထပ်မံရိုက်နှိပ်ခြင်းက ငွေဖောင်းပွမှုဖြစ်စေ ငွေဖြည့်ကတ် အစားထိုးသုံးစွဲနိုင်ရေး အကြံပြု



မြန်မာနိုင်ငံအနေဖြင့် ငွေကြေးသုံးစွဲမှု ပြေလည်စေ ရေး အတွက်ငွေစက္ကူ ရိုက်နှိပ် ထုတ်ဝေခြင်းထက် နိုင်ငံအများစုသုံးစွဲနေသည့် ပလတ်စတစ် ငွေဖြည့် ကတ်များကို အစားထိုးသုံးစွဲမှု မြှင့်တင်သင့်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာ ဦးမြင့်က ပြောဆိုသည်။


မြန်မာနိုင်ငံအနေဖြင့် ငွေစက္ကူများထပ်မံ ရိုက်နှိပ် သုံးစွဲခြင်းဖြင့် ငွေဖောင်းပွမှု ကိုသာဖြစ်စေပြီး ကုန်ထုတ် လုပ်မှုနှင့် နိုင်ငံ၏ လုပ်ငန်းလည်ပတ်မှု ကိုနှောင့်နှေးမှုဖြစ်စေနိုင်ကြောင်း ဇန်န၀ါရီ ၂၄ ရက်က စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည့် Microeconomic Policy Lessons For Myanmar တွင် အကြံပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

' Print Money(ငွေရိုက်နှိပ်ခြင်း)လုပ်ရုံနဲ့ နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုက မတိုးတက်ဘူး။ ငွေများပြီး ငွေကြေး မတိုးတက် တော့ စီးပွားရေး ဘာမှလုပ်လို့မရဘူး။ ကမ္ဘာကြီးမှာ ငွေစက္ကူမသုံးတော့ဘူး။ မူး ယစ်ဆေးဝါး ရောင်းဝယ်တဲ့ နေရာမှာပဲ သုံးတယ်။ အခုလည်း ဟန်းဖုန်းတွေမှာ ကတ်တွေနဲ့ သုံးလာတာ တွေ့ရတယ်။ ကမ္ဘာမှာသုံးနေပြီမို့ အဲ့ဒါကိုထည့်စဉ်းစားရမယ် ' ဟု ၎င်းက ပြောဆိုသည်။

ငွေကြေးကတ်သုံးစွဲမှုစနစ်ကို အမေရိကန်နိုင်ငံတွင် ၂၀၀၃ ခုနှစ်မှ စတင်သုံးစွဲခဲ့ပြီး အိမ်ထောင်စုတစ်စု တည်းတွင် ငွေစက္ကူထက် ချက်လက်မှတ်နှင့် အကြွေးဝယ်ကတ်သုံးစွဲမှု များပြားလာကြောင်း၊ ၂၀၀၈ ခုနှစ်တွင် လက်လီဈေး သုံးစွဲမှုတွင် ပလတ်စတစ်ကတ်ဖြင့် ၆၃ ရာခိုင်နှုန်းသုံးစွဲနေပြီး ၈ရာခိုင်နှုန်းမှာ ချက် လက်မှတ်များကို ကိုင်ဆောင် သုံးစွဲကာ ၂၉ ရာခိုင်နှုန်းမှာ ငွေသားကိုသာ သုံးစွဲလျက်ရှိသည့်အတွက် မြန်မာ နိုင်ငံ အနေဖြင့် အတုယူသင့်ကြောင်း ဦးမြင့်က တိုက်တွန်းပြောဆို ခဲ့ခြင်းဖြစ်သည်။

ယခု ငွေဖြည့်ကတ်ဈေးကွက် အတွင်း၌ ATM,ipay,Smart Card,Master,MPU Card များ ဈေးကွက် ဝေစုအချိုးကျအလိုက် ရရှိနေကြောင်း ပလတ်စတစ်ငွေဖြည့်ကတ်ဈေးကွက် အတွင်းမှ သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

မြန်မာအတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံကိုတရားဝင်အလည်အပတ် ခရီးအတွက် မကြာခင်ဖိတ်ခေါ်ဖို့ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးက ပြောကြား



မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yang Houlan က တရုတ်ပြည်ကို တရားဝင် အလည် အပတ် လာရောက်ရေး ကိစ္စ ၂ ဖက်လုံးက အဆင် ပြေမယ့် အချိန်မှာ စီစဉ်ကြမှာ ဖြစ်ပြီး အစီအစဉ် ရက် အတိ အကျ သတ်မှတ်ထားမှုတော့ မရှိသေး ဘူးလို့ South China Morning Post သတင်းတခု မှာ ဖော်ပြပါ တယ်။


ဒီအပြင် တရုတ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ NLD ပါတီ အပါအဝင် မြန်မာနိုင်ငံ က နိုင်ငံရေး ပါတီအားလုံးနဲ့ ထိ တွေ့ ဆက်ဆံသွားမှာ ဖြစ်ကြောင်းလည်း သူက ပြောလိုက်ပါတယ်။

အရင်ကတော့ တရုတ်အစိုးရဟာ အာဏာရ စစ်ခေါင်းဆောင်တွေနဲ့သာ ထိတွေ့ဆက်ဆံလာခဲ့တာပါ။

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး အစိုးရတက်လာပြီးနောက်ပိုင်း တရုတ်နိုင်ငံက အဓိက ရင်းနှီးမြှုပ်နှံထားတဲ့ မြစ်ဆုံစီမံကိန်းကြီးကို ဆိုင်းငံ့လိုက်ပြီးနောက်ပိုင်း တရုတ်နိုင်ငံဘက်က မြန်မာ အစိုးရရဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေနဲ့ ထိတွေ့ဆက်ဆံရေးမျက်နှာစာကို ဖွင့်ခဲ့တာလည်းဖြစ်ပါတယ်။ နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအပေါ် စီးပွားရေး၊ နိုင်ငံရေး သြဇာကြီးနေ ဆဲ ဖြစ်တဲ့ တရုတ်နိုင်ငံ ကို အလည်အပတ်သွားချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် တရုတ်အစိုးရက ဖိတ်ခေါ်သင့်တယ်လို့တော့ ပြောထားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံက အခြား အဖွဲ့အစည်းငယ်တွေရဲ့ ဖိတ်ကြားမှုတွေကိုတော့ အရင်က ငြင်းဆိုထားခဲ့တာပါ။ တရုတ်သံအမတ်ကြီး Yang Houlan က နိုင်ငံတကာ အလယ်မှာရော၊ မြန်မာပြည်သူ တွေကြားမှာ ပါ ရေပန်းစား လူကြိုက် များတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူဟာ အကြိမ်ကြိမ် တွေ့ဆုံပြီးဖြစ်ပြီးဖြစ်ပြီး တရုတ်ဘက်က မကြာခင်ဖိတ်ကြားစာ ပို့ဖို့ ရှိ တယ်လို့ ပြောပါတယ်။

၂ဝ၁၁ ခုနှစ်နှောင်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံကို သာမန်အလည်အပတ် သွားမယ်ဆိုတဲ့ ခန့်မှန်း ချက်တွေလည်း ပေါ်ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်တခုအတွင်းမှာ မကြာခင်တရုတ်နိုင်ငံကို အလည်သွားနိုင် လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီတို့အကြား ဆက်ဆံရေးက မနှစ်က စပြီး အတော်တိုးတက် လာပါတယ်။ အခုလို တိုးတက်လာတယ်ဆိုတာကလည်း ၂ ဖက်လုံးက လာမယ့် ၂ဝ၁၅ ခုနှစ်မှာ ကျင်းပ မယ့် အထွေထွေ ရွေးကောက်ပွဲကြီး နီးလာတာနဲ့ အမျှ ဆက်ဆံရေးနီးကပ်မှုရှိတာ ထင်ရှားလာတာ လည်း ဖြစ်ပါတယ်။

အထင်အရှားတခုကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း ခေါင်းဆောင် တဲ့ NLD ပါတီကိုယ်စားလှယ်အဖွဲ့တဖွဲ့ တရုတ်နိုင်ငံကို သွားခဲ့ပါတယ်။ ဒါဟာ NLD ပါတီရဲ့ တရုတ် နိုင်ငံကို စေလွှတ်တဲ့ ကိုယ်စား လှယ်အဖွဲ့ ၄ ခုထဲမှာ အထင်ရှားဆုံးတခု လည်း ဖြစ်ပါတယ်။

source လင်းသန့်

မလေးရှားနိုင်ငံ တရားမဝင်မြန်မာလုပ်သား ပြန်လာချင်လျှင် မြန်မာသံရုံးကိုဆက်သွယ်နိုင်

မလေးရှားနိုင်င်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် တရားမဝင် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လိုလျှင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဆက်သွယ်ကာ ပြန်လာနိုင်သည်ဟု အလုပ် သမား အလုပ်အကိုင်နှင့် လူမှုဖူးလုံးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချူပ် ဦးမျိုးအောင်က မဇ္ဈိမကို ပြော သည်။


မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်သမားများကို သုံးလ စီမံချက်ဖြင့် လိုက်လံဖမ်းဆီး မြန်မာနိုင်ငံသား ၅၅၅ဦးကို ဖမ်းဆီးအရေးယူထားသည်ဟု မလေးရှားသတင်းဌာန Bernamaက ဖော်ပြထားသည်။

"မလေးရှားသံရုံးကို ဦးမင်းမင်းဝင်းကို လွှတ်ပေးထားတယ်။ တရားမဝင် အလုပ်သမားတွေ ပြန်လာချင်တယ် ဆိုရင် ပြန်လာလို့ရတယ်” ဟု အလုပ်သမား အလုပ်အကိုင်နှင့် ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှုး ဒေါ်ခင်နွေဦး က ပြောသည်။

ဖမ်းဆီးခြင်း မခံရသေးသည့် မလေးရှားနိုင်ငံ မြန်မာသံရုံးအနေဖြင့် အမှန်တစ်ကယ် မြန်မာနိုင်ငံသား ဟုက် မဟုက်စီစစ်ပေးနေသည်ဟု ညွှန်ကြားရေးမှုးချူပ် ဦးမျိုးအောင်က ပြောသည်။

တရားမဝင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများကို တရားဝင်မှတ်ပုံတင်ထုက်ပေးနိုင်ရန် အတွက် ပြည်ထဲရေးဝန်ကြီးဌာန နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် မလေးရှားနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက် နေသော်လည်း အောင်မြင်မှုမရရှိသေးဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူးလုံးရေး ဝန်ကြီးဌာနက သိရသည်။

"အဓိကတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးရမှာဖြစ်တယ်။ ထိထိရောက်ရောက် ဆောင် ရွက်နိုင်တာက နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ ဆောင်ရွက်ပေးနိုင်တယ်” ဟု ညွှန်ကြားရေးမှုးချူပ် ဦးမျိုးအောင် က ပြောသည်။

မလေးရှားနိုင်ငံအနေဖြင့် ဖမ်းဆီခြင်းခံရသည့် နိုင်ငံခြားသားများကို ခုနှစ်ရက်အတွင်း သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်သည်။ ကုန်ကျစရိတ်များကို လုပ်သားများ သို့မဟုတ် သက်ဆိုင်ရာနိုင်ငံ သံရုံးများက ကုန်ကျ ခံရမည်ဖြစ်ပြီး ပြန်ပို့ခံရသော လုပ်သားများအနေဖြင့် မလေးရှားနိုင်ငံသို့ ထပ်မံ ဝင်ရောက်ခွင့်ရှိတော့မည် မဟုတ်ဟု မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုထားသည်။

မဇ္ဈိမသတင်းဌာန

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လောခီးလာ ညီလာခံ ကြေညာချက်



ကရင်ပြည်နယ် ကရင်အမျိုးသား အစည်း အရုံး(KNU)ဌာနချုပ် လောခီးလာ၌ ၆ ရက်ကြာ ကျင်းပ ခဲသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ ညီလာခံက ဇန်နဝါရီလ ၂၅ ရက်နေ့အပြီး အခု လို ကြေညာချက် ပေါ်ထွက် လာပါတယ်။


ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ် ပါတယ်။



Credit : ဧရာဝတီ

မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်စီး၍ ပိုက်ဆံအိတ်လိုက်လံ လုယက်သူများကို အလုပ်နှင့်ထောင်ဒဏ် ၂၁ နှစ်ချမှတ်



စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ညအချိန် ဆိုင်ကယ် စီးနင်း၍ သွားလာလျက်ရှိသော အမျိုးသမီးများထံမှ လက်ကိုင်ပိုက်ဆံ အိတ်များကို ဆိုင်ကယ်စီး လူငယ် တစ်စုက လိုက်လံလုယက်လျက်ရှိရာ ရဲတပ်ဖွဲ့ဝင် များမှ အဆိုပါ လုယက်လူငယ်တစ်စုအား အချိန်မီ ဖမ်းဆီးပြီး တရားစွဲဆိုနိုင်ခဲ့သည့်အတွက် တရားရုံး က ကြားနာစစ်ဆေးပြီးနောက် ယခုလ ၂၂ ရက်နေ့ က အလုပ်နှင့် ထောင်ဒဏ်များကို သိးခြားစီ ချမှတ် လိုက်ပြီးဖြစ်ကြောင်း မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းက ပြောသည်။


အဆိုပါ ဆိုင်ကယ်စီးလုယက် လူငယ်အဖွဲ့သည် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့ည ၈ နာရီက မုံရွာ ပြည်သူ့ဆေးရုံ ကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါက်တာ ဒေါ်ဖြိုးသန္တာသိန်းသည် တာဝန်ချိန် ပြီးဆုံး၍ ဆိုင်ကယ်စီး၍ နေအိမ်သို့ အပြန်လမ်းခရီးတွင် လိုက်ကိုင်ပိုက်ဆံအိတ်အား လုယက်ခံရသည့် အတွက် မုံရွာမြို့မရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့ရာ ရဲစခန်းက(ပ) ၆၀၂/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့်လက်ခံခဲ့သည်။

ထို့နောက် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်ည ၁၁ နာရီက မုံရွာမြို့၊ ဒေါနခြံရပ်ကွက်နေ ပရဟိတ ပညာရေးဒါန ကျူရှင်ဆရာမ ဒေါ်သီတာဝင်းသည် စာသင်ချိန်ပြီးဆုံး၍ နေအိမ်သို့ ဆိုင်ကယ်စီး၍ ပြန်လာ စဉ် သူမ၏ လက်ကိုင်ပိုက်ဆံအိတ်အား ဆိုင်ကယ်စီး လူငယ်တစုမှ လုယက်ခဲ့ကြောင်း မုံရွာမြို့မရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့ရာ ရဲစခန်းက(ပ) ၆၀၀/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့်လက်ခံခဲ့သည်။

အဆိုပါ အခြေအနေများကြောင့် ဒေသတွင် အများပြည်သူ အထိတ်တလန့်မှုများမဖြစ်ပေါ်စေရန်နှင့် ဖြစ်ပေါ်ပြီးအမှုများအား အမြန်ဆုံး ဖော်ထုတ်တရားစွဲဆိုရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြိးချုပ် ဦးသာအေးမှ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေထွန်းထံ လမ်းညွှန်မှာကြားခဲ့ရာ ယင်းတာဝန်များအား မုံရွာ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်း၊ မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့် နှင့်အဖွဲ့မှ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ညက ပိုက်ဆံအိတ်များ လိုက်လံ လုယက်နေသည့် အုပ်စုဖွဲ့ရမ်းကား လူငယ်တစ်စုအား ပိုက်ဆံအိတ် လိုက်လံလုယက်နေစဉ် သက် သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းများတွင်ဖော်ပြထားသည်။

အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ပိုက်ဆံအိတ်များ လိုက်လံလုယက်ယူသည့် လူငယ်လေးဦးမှာ နေလင်းအောင် အသက်(၂၀)နှစ်၊ (ဘ) ဦးမန်းရှိန် တံခွန်တိုင်ကျေးရွာ၊ မုံရွာမြို့နယ်၊ တင်ထွန်းအောင် အသက်(၂၂)နှစ်(ဘ) ဦးကျော်တင်၊ လယ်တော်ကျေးရွာ ၊ မုံရွာမြို့နယ်၊ ရဲအောင် အသက်(၂၀)နှစ်၊ (ဘ) ဦးဆွေဦး တံခွန်တိုင်ကျေးရွာ၊ မုံရွာမြို့နယ်၊ ဆိုသူနှင့် ခင်မောင်တိုး အသက်(၂၀)နှစ်၊ (ဘ) ဦးအောင်လေး နဂါးတွင်းကျေးရွာ၊ မုံရွာမြို့နယ် ဆိုသူတို့လေးဦးဖြစ်ကြောင်း ရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါ လူငယ်လေးဦးအား အမှုစစ်ရဲအရာရှိများက မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ရဲစွဲချက်အမှတ် (စွဲ ၆၈၀/ ၂၀၁၃)၊ အရ တရားစွဲဆိုခဲ့ရာ မုံရွာမြို့နယ်တရားရုံးက ပြစ်မှုကြီးဆိုင်ရာ အမှုအမှတ်( ၉၅၄/ ၂၀၁၄)အရ တွဲဘက်မြို့နယ်တရားသူကြီး ဦး တင်အောင်က လက်ခံ၍ ထိုအမှုအား အများပြည်သူတို့၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ကြားနာစစ်ဆေးခဲ့ပြီးခဲ့နောက် ပိုက်ဆံအိတ်များ လိုက်လံလုယက်ကြောင်း ပြစ်မှုထင်ရှားသည်ဟုဆိုကာ နေလင်းအောင်ဆိုသူနှင့် တင်ထွန်အောင်ဆိုသူ နှစ်ဦးတို့အား အလုပ်နှင့် ထောင်ဒဏ် ခြောက်နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရေးဌာနရှိ ၀န်ထမ်းတစ် ဦးက အတည်ပြုပြောကြားခဲ့သည်။

ထိုမျှမက မုံရွာမြို့နယ် တရားသူကြီး ဦးခင်မောင်ဝင်း၏ရုံးတော်တွင် ၎င်းလူငယ်လေးဦးအား ကျန်ရှိအမှုများ ဖြင့် စွဲထားသည့် လုယက်မှုများအပေါ် စီးရင်ချက်မှတ်ရာတွင် (၇)နှစ်တစ်မှု၊ (၄)နှစ်၊ နှစ်မှု၊ဖြစ်ရာ အဆိုပါ ပြစ်ဒဏ်များအား သီးခြားစီကျခံ စေရန် ခွဲခြား၍ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် နေလင်အောင် နှင့် တင်ထွန်းအောင်သည် အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်တစ်မှု၊ အလုပ်နှင့်ထောင်ဒဏ်(၆)နှစ်တစ်မှု၊ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ နှစ်မှု စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ်(၂၁) ကျခံစေရန် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထိုသူတို့နှင့်အတူ ပိုက်ဆံအိတ်လုယက်နေစဉ် အဖော်အဖြစ်လိုက်ပါကာ ဘေးမှလက် ခုပ်တီး၍ အားပေးခဲ့သူ ရဲအောင်ဆိုသူနှင့် ခင်မောင်တိုးဆိုသူနှစ်ဦးတို့အား အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်ကျခံစေရန် မုံရွာမြို့ နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုက်ဆံအိတ်လိုက်လံလုယက်သူများသည် လုယက်ရရှိလာသည့် ပိုက်ဆံအိတ်အတွင်းမှ တန်းဖိုးကြီး ပစ္စည်းများ တစ် စုံတစ်ခုပါလာခဲ့ခြင်းမရှိကြောင်းပြောပြရာ ပစ္စည်းပိုင်ရှင်များကလည်း ဟုတ်မှန် ကြောင်း ပြောပြခဲ့သည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး (Facebook)

မိကျောင်းကန်မြေကို ပြန်မပေးဘူးလို့ ကာကွယ်ရေး ဝန်ကြီးဌာနကပြော



အစိုးရ သိမ်းထားတဲ့ ရန်ကုန်တိုင်း ဒေသကြီး သင်္ဃ္န်းကျွန်း မြို့နယ် မိကျောင်းကန် မြေနေရာ တွေဟာ တပ်ပိုင်မြေတွေ ဖြစ်ပြီး စစ်မှုထမ်း ဟောင်း အိမ်ရာတွေ ဆောက်လုပ်ဖို့ ရှိတဲ့ အတွက် ပြန်ပေးဖို့ အစီအစဉ် မရှိဘူးလို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ဖေါ် ပြော လိုက်တယ်လို့ သိရပါတယ်။


မိကျောင်းကန် မြေနေရာကိစ္စနဲ့ ပတ်သက်လို့ သင်္ဃ္န်း ကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က လွှတ်တော်ကနေ တဆင့် မေးမြန်းခဲ့တာကို ကာကွယ်ရေး ဝန်ကြီးဌာနက အခုလို ပြန်ဖြေခဲ့တာလို့ ဆိုပါတယ်။

မိကျောင်းကန် မြေနေရာတွေ ကိစ္စကို လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်အဖွဲ့က ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ တင်ပြထားချိန်မှာပဲ ကာကွယ်ရေး ဝန်ကြီးဌာနက အခုလို ထုတ်ဖေါ် ပြောဆိုလိုက်တာပါ။

အခုကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ မိကျောင်းကန် မြေကိစ္စ ဆန္ဒပြသူတွေက လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်ထံ ဒီကနေ့မှာပဲ သွားရောက် တင်ပြ ဆွေးနွေးခဲ့ကြကြောင်းနဲ့ ဒီကိစ္စကို လွှတ်တော်မှာ မကြာခင် တင်ပြဆွေးနွေးမယ်လို့ စုံစမ်းရေး ကော်မရှင်က ပြန်ပြောခဲ့ကြောင်း ဆန္ဒပြခေါင်းဆောင် ဦးစိန်သန်းက ဘီဘီစီကို ပြောပါတယ်။

သင်္ဃ္န်းကျွန်း မိကျောင်းကန် က အိမ်ထောင်စု တထောင် နီးပါး ပိုင်တဲ့ မြေကွက် တွေကို တပ်မတော် မှတ်တမ်း ရုံး အတွက် ဆိုပြီး တပ်မ ၂၂ နယ်မြေခံ ငြိမ်ဝပ် ပိပြားရေး အဖွဲ့နဲ့ စစ်ထောက်လှမ်းရေး တွေက ၁၉၉၁ ခုနှစ် ကတည်းက သိမ်းယူခဲ့တာ လို့ ဆိုပါတယ်။

သိမ်းဆည်း ခံရတဲ့ မိကျောင်းကန် မြေနေရာက မြေတွေဟာ ဘိုးဘွားပိုင်မြေတွေ ဖြစ်ပြီး ပိုင်ဆိုင်ကြောင်း အထောက်အထား အပြည့်အစုံ ရှိတယ်လို့ ဆန္ဒပြသူတွေက ပြောနေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

NLD ရပ်တည်ချက်နဲ့ ဖွဲ့စည်းပုံပြင်ရေး ဒေါ်စုရှင်းလင်း



မ်းပြည်နယ် လူထုစည်းရုံးရေး ခရီးစဉ် ရောက်ရှိနေ တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ဟာ မကြာသေးခင် အချိန် အတွင်းကပဲ တောင်ကြီးမြို့ ဟောပြောပွဲမှာ ပြည်သူ လူထု မေးမြန်းချက်တွေကို ဖြေကြားခဲ့ သလို လက်ရှိ အခြေခံ ဥပဒေ ပြင်ဆင်ရေးအပေါ် လူထု သဘော ဆန္ဒကိုလည်း ကောက်ယူခဲ့ပါတယ်။ ဟောပြော ပွဲ တက်ရောက်လာသူတွေရဲ့ ပညာရေး၊ လူမှုရေး နဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတွေအပေါ် မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြား ခဲ့တာပါ။ အပြည့်အစုံကိုတော့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာဆိုရင် ၂၀၁၅ ရွေးကောက်ပွဲအကြို လူထု စည်းဝေးပွဲတွေကို နိုင်ငံတ၀န်း လိုက်လံဟောပြော နေတာမှာ ဒီကနေ့မှာတော့ ရှမ်းပြည်နယ် တောင်ကြီး မြို့ မှာ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအ၀င် သူမရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေကိုလည်း ဟောပြောခဲ့ပါတယ်။ ဒီနောက်မှာတော့ ဟောပြောပွဲ တက်ရောက်လာသူတွေရဲ့ မေးမြန်းမှုတွေကို ဆက်တိုက် ဖြေကြားခဲ့ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အစဉ်တစိုက် လက်ကိုင်ထားခဲ့တဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ရေးကို အဓိကထား ကြိုးစားသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

“ကျမတို့ရဲ့နိုင်ငံကို ဒီမိုကရေစီလမ်းပေါ် စတင်ကတည်းက မှန်ကန်တဲ့၊ တည်ငြိမ်တဲ့ လမ်းစဉ်ဖြစ်တယ်၊ ဘာမဆို ထစ်ကနဲ ထစ်ကနဲ ပဋိပက္ခနည်းနဲ့ လုံးဝမဖြစ်ဘူး။ အဲဒီတော့ လွှတ်တော်ပြင်ပက ပြင်တယ်ဆိုတာ ကျမတို့ လွှတ်တော်ပြင်ပက လုပ်နေတဲ့ကိစ္စ။ ကွန်ယက်ဆိုတာလည်း လွှတ်တော်ပြင်ပ ကနေ လုပ်နေတာ ပဲ။ အဲဒီတော့ ကျမက ဒီလိုပြောတာ- တချို့က လွှတ်တော် ပြင်ပကဆိုတော့ ဆန္ဒပြပြီးတော့ လူထုအုံကြွမှု ကြီး လုပ်ပြီးတော့ဆိုတဲ့ အဓိပ္ပာယ်နဲ့ပြောကြတာ ရှိတယ်။ အဲဒီလို အဓိပ္ပာယ်နဲ့တော့ မမှတ်ယူပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုဟာ လိုအပ်တဲ့အခါမှာ မိမိတို့ရဲ့ဆန္ဒ ဖော်ထုတ်တာ မပါဘူးဆိုတာ လုံးဝ မှားတယ်။ သို့သော်လည်း ကိုယ့်ရဲ့ဆန္ဒ သဘောထားများကို အလွဲသုံးစားတော့ လုပ်မပစ်နဲ့။ အပေါစား ဖြစ်သွားအောင် လုပ်မပစ်ရဘူး။ တန်ဖိုးထားရမယ်။ လူတိုင်းလူတိုင်းက တန်ဖိုးထားရမယ်။ ကိုယ့်ကို ကိုယ် တန်ဖိုးထားရမယ်။

"ကျမတို့ ပြည်သူလူထု တစ်ယောက်ချင်းတစ်ယောက်ချင်းရဲ့ အင်အားတွေဟာ အင်မတန်မှ အင်အား ရှိတယ်။ တန်ဖိုးရှိတဲ့အင်အားတွေကို အလွယ်နဲ့တော့ မသုံးပစ်နဲ့။ တတ်နိုင်သမျှ အေးအေးဆေးဆေးနဲ့ ဥပဒေဘောင်အတွင်းက ပြင်နိုင်ဖို့ကို ကျမတို့ ကြိုးစားသွားမယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ဓာတ် ကျမတို့ ဘယ်တော့မှ မထားဘူး။ ကျမတို့ အနှစ် ၂၀ ကျော် ဒီမိုကရေစီအတွက် ရုန်းကန်ခဲ့တဲ့အခါမှာ တော်တော် များများက ကျမတို့ကို ပြောကြတယ်။ ဒီလိုနည်းနဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ ရမှာမဟုတ်ဘူး၊ အကြမ်းဖက်တဲ့ နည်းနဲ့မှ ရမှာ- ကျမက ပြောတယ်။ ကျမတို့က တော့ ယုံကြည်တယ်လို့- အကြမ်းမဖက်တဲ့နည်းနဲ့ ခံနိုင်ရည် ရှိရင် ရမယ်၊ ဖေဖေပြောခဲ့တဲ့စကားလိုပဲ။ လုပ်ရဲတာ သတ္တိမဟုတ်ဘူး၊ ခံရဲတဲ့ဟာက သတ္တိ။ အဲဒါပဲ ပြောမယ်။

"လုပ်ရဲ လုပ်ရဲရမယ်။ ခံလည်း ခံရဲရမယ်။ ဒါပေမယ့် လုပ်ရဲတယ်ဆိုတာ မှန်တဲ့ ကိစ္စကို လုပ်ရဲတာ ကိုပြောတာ။ မိုက်မိုက်ကန်းကန်း လုပ်ရဲတာကို ပြောတာမဟုတ်ပါဘူးဆိုတာကို ကျမ သေသေချာချာ ပြောပါ ရစေ။ ကျမတို့ ပြည်သူလူထုရဲ့အင်အားကိုလည်း ကျမတို့ ဘယ်တော့မှ အလွဲသုံးစားမလုပ်ဘူး၊ ကျမတို့ ထိုက်ထိုက်တန်တန်နဲ့ ပြည်သူလူထုကို တန်ဖိုးထားပြီးတော့ ပြည်သူရဲ့ထောက်ခံမှုကို လိုသလို တော့ ရှင်းရှင်းလင်းလင်း တင်ပြပြီးတော့ တောင်းခံသွားမှာ ဖြစ်ပါတယ်။”

အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြည်သူ့အင်အားကို လိုအပ်ရင် လိုအပ်သလို အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်က ပွင့်ပွင့်လင်းလင်း တောင်းခံသွားမယ်လို့လည်း သူမက ပြောခဲ့တာပါ။ ဒါ့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူလူထုရဲ့ သဘောထားကိုလည်း ကောက်ယူခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကြီးမြို့ဟောပြောပွဲ တက်ရောက် လာသူတွေက အခြေခံဥပဒေ ပြင်ဆင်ရေးအပြင် ပညာရေး၊ လူမှုရေးဆိုင်ရာ လက်ရှိ အစိုးရရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ကြပါတယ်။ “ကျနော်က ဘာမေးချင်လဲ ဆိုတော့ အခု လက်ရှိ တက္ကသိုလ်ကျောင်းမှာ ကျောင်းသားလှုပ်ရှားမှုတွေကို ကျောင်း ဆရာ/ဆရာမတွေက အဲဒါတွေကို ပိတ်ထားတယ်။ ဒီလိုမျိုး မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးကာလမှာ ကျနော်တို့လူငယ်တွေရဲ့ အခန်းကဏ္ဍကို ဘယ်လို ပေးစေချင်လဲဆိုတာ ပြောပေးပါ ခင်ဗျ။”

ကျောင်းသားလှုပ်ရှားမှုတွေကို ကျောင်းအာဏာပိုင်တို့က ခွင့်မပြုတဲ့အပေါ် ဒေသခံ ကျောင်းသားတဦးရဲ့ မေးမြန်းချက်ပါ။ ဒေါ်အောင်ဆန်စုကြည်ကတော့ လူငယ် ကျောင်းသားများရဲ့ အင်အားဟာ နိုင်ငံအတွက် သိပ်ကိုအရေးကြီးပြီး ကိုယ့်ရဲ့ ဆန္ဒလုပ်ဆောင်ချက်တွေကို ခွင့်ပြုချက် ရဖို့အတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာတတ်တဲ့ အလေ့အကျင့်မျိုး ပျိုးထောင်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။

“ဆရာမတွေနဲ့ ညှိနှိုင်းဆွေးနွေးတဲ့အလေ့အထတွေကို လုပ်ယူပါ။ တခါတလေ ဆိုရင် လူငယ်တွေက လှုပ်ရှားမှုလုပ်ချင်တယ်ဆိုရင် ထိုက်ထိုက်တန်တန်လုပ်ပါ။ ကိုယ်နယ်လှုပ်ရှားမှု၊ ကိုယ့်ရဲ့အင်အားတွေကို အပေါစားဖြစ်အောင် မလုပ်နဲ့။ အလွဲသုံးစားမလုပ်နဲ့၊ လူငယ့်အင်အားဆိုတာ မနည်းဘူး။ အဲဒီတော့ အဲဒီဟာကို တန်ဖိုးထားပြီးမှသုံးပါ။ ပြီးတော့ ဆရာ ဆရာမတွေ ကြောက်တတ်တယ် ဆိုရင်လည်း ‘ဆရာတို့၊ ဆရာမတို့ရယ်- ထိုင်ပြီးတော့ ကျနော်တို့ဆွေးနွေးရအောင်ပါ - ကြောက်စရာမလိုပါဘူး’ ဆွေးနွေးပေါ့။ ဆွေးနွေးပြီးတော့မှ အဖြေရှာပေါ့။”

ဒီကနေ့ ညနေပိုင်းမှာကျင်းပတဲ့ တောင်ကြီးမြို့ လူထုဟောပြောပွဲမှာတော့ တောင်ကြီးမြို့ခံတွေ အပါအ၀င် အနီးအနားက ဒေသခံတွေပါ လာရောက်ခဲ့ကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့ အမျှ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူလူထု ဟောပြောပွဲတွေ ခပ်စိတ်စိတ် ထွက်ပေါ်လာပေမယ်လို့လည်း လက်ရှိ အာဏာရ အင်အားကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဘက်ကတော့ ပြည်သူတွေနဲ့ တွေ့ဆုံ ဟောပြောပွဲတွေ မရှိသေးပါဘူးရှင်။

မသိင်္ဂီထိုက် (ဗွီအိုအေ)