ဦးအောင်သောင်းက ဘယ်လိုလူမျိုးလဲ? (၃)
ဒီပဲယင်းကိစ္စမှာ
အဓိကကြိုးကိုင်သူဟာ ဦးအောင်သောင်းပါလို့ စွပ်စွဲချက်တွေဟာ မှန်းဆ
ပြောကြတာဖြစ်ပါတယ်။ ဒီကိစ္စမှာ ဦးအောင်သောင်း တိုက်ရိုက်ရော သွယ်ဝိုက်၍ပါ
ပါဝင်ပတ်သက်မှု လုံးဝမရှိခဲ့ပါဘူး။ ဒါကို ယခင်ကလည်း ပြောကြားထားပြီးဖြစ်ပါတယ်။
ကာယကံရှင်တွေကို မေးမြန်း ကြည့်မယ်ဆိုရင် အဖြစ်မှန်ကိုသိလာမှာဖြစ်ပါတယ်။
ဦးအောင်သောင်းဟာ နိုင်ငံရေးအတွေးအခေါ် ရှိပြီး ဒီမိုကရေစီကို
ကိုယ်တိုင်လိုလားသူဖြစ်တဲ့အတွက် ဒီမိုကရေစီရေးလိုလားသူများကို ဖိနှိပ်
တိုက်ခိုက်မှုမျိုး လုပ်ရလောက်အောင် ညံ့ဖျင်းတဲ့စိတ်ဓာတ်မျိုး ထားရှိသူမဟုတ်ပါဘူး။
အဆင့်မနိမ့် ပါဘူး။ ဒီလို မမှန်မကန်စွပ်စွဲလို့လည်း ဦးအောင်သောင်းရဲ့
လက်ရှိအနေအထားကို ထိခိုက်သွားမှာ မဟုတ်ပါကြောင်း ဖော်ပြအပ်ပါတယ်။
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။