Monday, November 18, 2013

ပလေယာသစ် ၊ ဂိမ်းသစ် ၊ သီအိုရီသစ်

ပလေယာသစ် ဆိုတာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်ကို ဆိုလိုပါတယ်။ ပလေယာဟောင်း ဖြစ်တဲ့သူကတော့ အခြေခံဥပဒေ ရေးဆွဲခဲ့သူ လက်ရှိအစိုးရသစ်ကို ပါဝါလွှဲပြောင်းပေးခဲ့သူ ဦးစီးချုပ် အဟောင်းဖြစ်ပါတယ်။ ဦးသန်းရွှေဟာ နှစ်နှစ်ဆယ်ကာလမြန်မာနိုင်ငံ သမိုင်းကို သယ်ဆောင်ခဲ့သူဖြစ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေကိုရရှိဖို့ စိန်ခေါ်မှုတွေအများအပြားကို ကျော်လွှားပြီး အရ တည်ဆောက်ခဲ့ သူဖြစ်ပါတယ်။


ဦးသန်းရွှေရဲ့ အုပ်ချုပ်မှုဟာ အငြင်းပွားစရာများ အမြောက်အများရှိခဲ့ပေမယ့် လက်ရှိ နိုင်ငံရေး ဂိမ်းသစ်ကို သူနဲ့ သူ့ရဲ့ တိုင်ပင်ဖော်များနဲ့အတူ နှစ်နှစ်ဆယ်အချိန်ယူပြီးအကျအန ဖန်တီးပေးခဲ့ နိုင်ခြင်း ဖြစ်ပါတယ်။အရင် အုပ်ချုပ်ရေးဟောင်း (ဂိမ်းဟောင်း )မှာစီးပွားရေးအရ မအောင်မြင်မှုများ ရှိခဲ့သော် လည်းနိုင်ငံရေးအရ တော့ ရှုံးနိမ့်တယ်လို့ ပြောဖို့ ခက်တဲ့ အနေ အထားဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို စိန်ခေါ်မှုတွေကြား ထဲ က အရပြဌာန်းနိုင်ခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲနဲ့လည်း ကမ္ဘာကို ကိုင်လှုပ်ခဲ့ ပါတယ်။ လက်ရှိ နိုင်ငံတကာထောက်ခံမှုများနဲ့ လက်ရှိ အရွေ့တို့ က ဦးသန်းရွှေမအောင်မြင်ဘူးလို့ ကောက်ချက်ချရခက်အောင် ကောင်းစွာ ဟန့်တားပေးနိုင်တဲ့ အဓိက အကြောင်းတရားတွေထဲက တစ်ချို့ပါ။ ဒီတော့ နိုင်ငံရေးအရဂိမ်းတစ်ခုကို အပိုင်အနိုင်ကစားနိုင်ခဲ့ပြီး အတိုက်အခံတို့ကိုလည်း တွန်းဖယ်ပစ်မယ်လို့ ထင်ရပေမယ့် နောက်ဆုံး space တစ်ခုပေးပြီး လက်ကမ်းကြိုဆိုကာ လှလှပပ ရွှေ့ယူနိုင် ခဲ့ ပါတယ်။နှစ်နှစ်ဆယ်ကာလလုံးလုံး အားလုံးရဲ့ ဆန့်ကျင်ခံရမှုကို တစ်ခန်းရပ်စေခဲ့ပါတယ်။

အခုပလေယာသစ်( တပ်ချုပ်သစ် )ဟာ အခြေခံဥပဒေအရ သမ္မတက ခန့်အပ်တဲ့သူမဟုတ်သေးဘဲ ပလေယာအဟောင်းက အသွင်ကူးပြောင်းရေး ကာလမှာ စိတ်တိုင်းကျ ပခုံးပြောင်းပေးခဲ့သူဖြစ်ပါတယ်။ ပလေယာ အဟောင်း စိတ်တိုင်းကျတဲ့အရည်အသွေးများနဲ့ပြည့်စုံသူ( selected person )ဆိုတာ ယုံမှားသံသယဖြစ်ဖို့မလိုပါဘူး။ ဒီပလေယာသစ်က ဂိမ်းသစ်ကို သပ်သက်ရပ်ရပ် ကစားနိုင်တယ်ဆိုတာကို အတိုက်အခံ တို့ သတိပြုသင့်ပါတယ်။ ဒီမိုကရေစီအတွက် ဖြေလျှော့ (liberalize )ပေးထား တဲ့ အခုကာလမှာ စနစ်သစ်နဲ့ လိုက်လျောညီထွေ တပ်ကို reform လုပ်နေ သူအဖြစ် မြင်ဖို့လိုပါတယ်။ လာလတံ့သော ဒီမိုကရေစီ ခေတ်မှာ တပ်ဟာ လိုက်လျောညီထွေဖြစ်ဖို့ မဖြစ်မနေလိုအပ်တာကို တပ်ချုပ်( ပလေယာသစ် ) က ကောင်းစွာသဘောပေါက်ပါတယ်။ ဘယ်တုန်းကမှ မရခဲ့တဲ့ လူထုရဲ့ အမြင်ကြည်လင်လာမှုကိုလည်း တစ်စတစ်စ တိုးတက်ရရှိအောင် စွမ်းဆောင်နိုင်သူဖြစ်ပါတယ်။ လူထုနဲ့ တစ်သားထဲဖြစ်ရေးဟာ တပ်ရဲ့ မဟာဗျူဟာဖြစ်ပါတယ်။ လူထုနဲ့တစ်သားထဲဖြစ်အောင် အားထုတ် နေခြင်းက ဒီမိုကရေစီကို တပ်က အမှန်တစ်ကယ်ယုံကြည်ချက်ရှိကြောင်းပြဆိုပါတယ်။ (ဒီမိုကရေစီကိုယုံကြည်ရင်တပ်က နိုင်ငံရေးက အခုချက်ချင်း ဖယ်ပေး ပါလားလို့ငြင်းလိုတဲ့သူများ ဒီဆောင်းပါးကိုဆက်မဖတ်သင့်ပါ။ )

ဂိမ်းသစ်ဆိုတာကတော့ လက်ရှိအခြေခံဥပဒေပေါ်အခြေခံတဲ့ ကြားဖြတ် ရွေးကောက်ပွဲေ နာက်ပိုင်း နိုင်ငံရေးပါ။ ပြင်ဖို့ သစ်ဖို့ ငြင်းခုန်ခြင်း၊ လူထု ဆန္ဒတောင်းခံခြင်း၊ သမ္မတလောင်းများပေါ်ထွက်လာခြင်း ၊ လွှတ်တော် များနဲ့ အုပ်ချုပ်ရေး အားပြိုင်မှုများ စတဲ့ အရွေ့များက ဂိမ်းကို အသက်ဝင်စေ ပါတယ်။ ဒီမိုကရေစီ သဘောထင်ဟပ်သော အတိုက်အခံ တို့ရဲ့ ကြိုးပမ်း မှုတွေကို တပ်က လိုက်လျောနေတာက အရင် ဂိမ်းဟောင်း မဟုတ်တော့ ဘူးဆိုတာပြဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပ်အနေနဲ့ အဓိကအတိုက် အခံနဲ့ နားလည်မှု များစွာမရနိုင်သေးသော်ငြား လူထုနဲ့ တပ်စည်းလုံးဖို့ကို ပိုအာရုံစိုက်ထားခြင်းကနို င်ငံတော်ရှေ့ရေး၊ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် အလွန်ကောင်းမွန်တဲ့ အလားအလာများဖြစ်ပါတယ်။ ဒီတော့ အတိုက်အခံ တို့ဟာ ဂိမ်းသစ်ကို ပလေယာဟောင်းများနဲ့ဘယ်လို ပိုင်ပိုင်နိုင်နိုင် ဆက်ကစား ကြမလဲ ဆိုတာကိုသေသေချာချာလေ့လာသုံးသပ်သင့်ပြီဖြစ် ပါတယ် ။ ကြားဖြတ်ရွေးကောက်ပွဲရဲ့ ဟိုဘက်မှာ ကျန်ခဲ့တဲ့ ဂိမ်းဟောင်း ( revolution ) ကာလတုန်းက နည်းလမ်းတွေအတိုင်း ဆက်မသုံး သင့်ဘူး ထင်ပါတယ်။ ပလေယာသစ် ပေါ်လာခြင်းက အတိုက်အခံနဲ့ တပ် နားလည်မှုတည်ဆောက်နိုင်ရေး အထောက်အပံ့တစ်ခုဖြစ်ပါတယ်။ အားလုံးကို အသစ်က ပြန်စနိုင်ပါတယ်။ vision အသစ် လိုအပ်ပါ တယ်။

ဂိမ်းသစ်မှာ အင်အားမျှခြေလည်းပြောင်းသွားတယ်ဆိုတာ သတိပြုသင့် ပါတယ်။ လူထုထောက်ခံမှုက မသိမသာေ ရွ့လျားပြောင်းလဲနေပါတယ်။ ဆိုလိုတာက ပြည်နယ်တွေက အတိုက်အခံကိုထောက်ခံတဲ့ ပုံစံ ပြောင်းနေ ပါတယ်။ လူထုထောက်ခဲမှုက ပြန့်ကျဲထွက်နေပါတယ်။ တစ်ဦးတစ်ဖွဲ့ ထဲကိုထောက်ခံ နေတဲ့ပုံစံမဟုတ်တော့ပါဘူး။ တပ်ကိုထောက်ခံသူ၊ အစိုးရသစ်ကို ထောက်ခံသူ များပင် တိုးပွားလာ နေပါတယ်။ အထူးသဖြင့် က တိုင်းရင်းသားတို့အပေါ်ထောက်ခံမှု တိုးပွားလာခြင်းပါပဲ။ ဒါလည်း ပြသနာတစ်ခု မဟုတ်ဘဲ သီအိုရီအတိုင်း ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အဖြစ်ရှုမြင်နိုင်ရင် စိတ်ပူစရာမရှိပါဘူး။ ဒီမိုကရေစီကိုဦးတည်တဲ့ ကောင်းမွန်ပြီးသဘာဝကျသော ရွေ့လျားမှုများသာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိဂိမ်းသစ်က အဓိက အတိုက်အခံပါတီကြီးအနေနဲ့ tactic အသစ်တွေ ကို အပြင်းအထန်ရှာဖွေသင့်ပြီဆိုတာကို သတိပေးတဲ့ အရွေ့ဆိုတာ သတိပြုစေလိုပါတယ်။ မသိမသာ ရွေ့လျားပြောင်းလဲမှုဖြစ်တဲ့အတွက် အတိုက်အခံတို့အနေနဲ့ ပေါ့ပေါ့ဆဆ သဘောထားနေတာမျိုး ( သတိမမူမိတာမျိုး)လည်းရှိနိုင်ပြီး ဒီလိုသာအမှန်ဖြစ်နေရင် လက်တွေ့ မှာ အောင်မြင်အောင် ဆက်လုပ်နိုင် ဖို့ အခက်အခဲတွေကြုံရနိုင်ပါတယ်။

ကျောထောက်နောက်ခံ အင်အားမျှခြေများ အပြောင်းအလဲကို စဉ်းစားမယ်ဆိုရင် နိုင်ငံတကာ ထောက်ခံမှု ကလည်းအရေးပါလှပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်ကာလနဲ့ လက်ရှိကာလ တို့အကြား နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပါဝင်ပတ်သက်မှုပုံစံ ( ထောက်ပံ့ကူညီမှုပုံစံ) အကြီးအကျယ်ခြားနားသွားပါပြီ။ အစိုးရဘက်ကို ပဲ လုံးဝထောက်ခံ လိုက်ပြီလို့ပြောရင် မမှန်ဘူးဆိုပေမယ့် အတိုက်အခံကိုချည်း သက်သက် ပဲ ထောက်ခံမှု ကူညီပုံစံလည်းမဟုတ်တော့ပါဘူး။ဒါ့အပြင် လူထုထောက်ခံမှုလိုပဲ ပြန့်ကျဲထွက်လာ နေတာဖြစ်ပြီး အစိုးရ၊ အတိုက်အခံနဲ့ လူနည်းစု လူမျိုးစုများအကြားေ ထာက်ခံမှုကို မျှခြေရှိအောင် ဂရုတစိုက်ဆောင်ရွက်နေ ပါတယ်။ တဖြည်းဖြည်းနဲ့လည်း အစိုးရအပေါ် ထောက်ခံမှုပိုမိုပေးမယ့် အနေအထားသစ်ကိုေ ရာက်လာနေတယ်လို့လည်း ခန့်မှန်းတွက်ချက်လို့ ရပါတယ်။ ဒါကလည်း သဘာဝ အတိုင်းဖြစ်ပျက်ခဲ့ခြင်းပါ။ ၂၀၁၀ မတိုင်ခင် အထိ အတိုက်အခံ အင်အားစုများကို ပုံအောထောက်ခံခဲ့ ပံ့ပိုးကူညီ ခဲ့ပေမယ့်နို င်ငံတကာအနေနဲ့ လေလွင့်ဆုံးရှုံးမှုများကိုသာ ကြုံတွေ့ခဲ့ရ ပါတယ်။ နိုင်ငံတကာ ဖိအားသုံးပြီး တပ်ဘက်ကပလေယာအဟောင်းရဲ့ ရည်မှန်းချက်ကို ဖြိုဖျက်နိုင်မယ်၊ အတိုက်အခံတို့ လိုချင်တဲ့ပုံစံကို တည်ဆောက်နိုင်မယ်လို့ ပြည်တွင်းကရော ပြည်ပကပါ ယုံကြည်ခဲ့ကြတာပါ။

နိုင်ငံတကာအနေနဲ့ အချိန်ကာလများ ၊ ငွေကြေးဆိုင်ရာအထောက်အပံ့များ အကြီအကျယ်ဆုံးရှုံး ခဲ့ပါတယ်။ အဆိုးဆုံးက ( အကြီးမားဆုံး ဆုံးရှုံးမှုက မဟာဗျူဟာ ကျဆုံးခြင်း ( failure of strategy ) ဖြစ်ပါတယ်။ အဲဒီ ဆုံးရှုံးမှု နောက်ဆက်တွဲကြောင့် တရုပ်တို့ လက်ဦးမှု( initiative ) ကိုပိုင်ဆိုင်သွားစေ ခဲ့ပါတယ်။ဝိုင်းပိတ်ဖို့ကြိုးစားခံနေရတဲ့ မြန်မာကို မဟာမိတ်အဖြစ် တရုပ်က ရရှိသွားစေခဲ့ပါတယ်။ ဒီတော့ အဲဒီကာလရဲ့ သင်္ခန်းစာအမြောက်အများ ကိုသူတို့ အရယူခဲ့ပါတယ်။ လက်တွေ့အလုပ်ဖြစ်ရေး နည်းလမ်းကို သူတို့ ရွေးပါတယ်။ မဟာဗျူဟာ အပြောင်းအလဲကို အကြီးအကျယ်လုပ်လိုက် ပါတယ်။ ဂိမ်းသစ်ကို လက်ခံလိုက်တဲ့ နိုင်ငံတကာဟာ ပလေယာသစ်ကို အတိုက်အခံပလေယာဟောင်းများနဲ့ တန်းတူ ယုံကြည်မှု ထားလိုက်ပါပြီ။

ပလေယာအားလုံးကို မျှမျှတတ အားပေးကူညီရင်းနိုင်ငံတကာဟာ လည်း အပြောင်းအလဲကို ခိုင်မာဖို့အတွက် လက်တွေ့ကျတဲ့အနေအထား ကို ပို အာရုံစိုက်လာနေပါတယ်။ ဒီတော့ အတိုက်အခံတို့ အနေနဲ့ ငါတို့ ဘက်မှာ လူထုနဲ့နို င်ငံတကာထောက်ခံမှုအပြည့်အဝရှိတယ်ဆိုတဲ့ အယူအဆကိုကိုင်ပြီး ဂိမ်းဟောင်းအတိုင်းဆက်သွားနေလို့မဖြစ်နိုင်တော့ ပါဘူး။

ဒီထက်ပိုအရေးပါပြီး အတိုက်အခံတို့ေ သချာပေါက်ထည့်သွင်းစဉ်းစား သင့်တဲ့အချက်ကတော့ အင်အားမျှခြေကို အခုအတိုင်းဆက်ထိန်း မထားနိုင်ရင် တစ်ဖက်စောင်းနင်းအနေအထားအထိပြောင်းလဲ သွားနိုင်တယ် ဆိုတာပါ။ လူထုထောက်ခံမှုအင်အားရောနိုင်ငံတကာအထောက်အပံ့ရော ဟာ တန်းတူ အရေးပါ ပါတယ်။ နောက်ရွေ့လျားပြောင်းလဲနေဆဲဖြစ်ပါတယ်။ လူထုဟာမျက်လုံးစုံမှိတ် ထောက်ခံတဲ့ သဘောထားကနေ ပြောင်းလဲရွှေ့ လျားနေပါတယ်။ တိုင်းရင်းသားတို့ဟာ သက်ဆိုင်ရာတိုင်းရင်းသား အဖွဲ့အစည်း များဆီေ ထာက်ခံမှုကို ပြောင်းပေးဖို့ အဆင်သင့်ဖြစ်လာနေကြ ပါပြီ။ သက်ဆိုင်ရာ တိုင်းရင်းသားခေါင်းဆောင်များပါတီများကလည်း လူထုထောက်ခံမှုကို ရအောင် နည်းလမ်းတကျ ကြိုးပမ်း အားထုတ်နေကြ ပါတယ်။လူနည်းစု လူမျိုးစုအခွင့်အရေးကို ဦးစားပေးစဉ်းစားလေ့ ရှိတဲ့ နိုင်ငံတကာ က အစိုးရကို ပုံအောထောက်ပံ့တာမျိုး မဖြစ်နိုင်ပေမယ့် တိုင်းရင်းသားတို့ကို ပိုပြီး အာရုံစိုက်ကူညီတာ မျိုးဖြစ်လာနိုင်ပါတယ်။ (တိုင်းရင်းသားပါတီများပေါင်းစည်းပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်မယ့်အစီအစဉ်သစ်ဟာ အတိုက်အခံပါတီကြီးနဲ့ အာဏာရပါတီတို့အတွက်( ၂၀၁၅ မှာ မဟုတ်ရင်တောင် ၂၀၂၀မှာ) ကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာနိုင်ရုံမက နိုင်ငံတကာကိုလည်း စိတ်လှုပ်ရှားမှု ဖြစ်ပေါ်စေနိုင်မှာ အသေအချာပါ။ ဒါဟာ ဒီမိုကရေစီအတွက် စဉ်းစားရင် အားတက်စရာဖြစ်ပါတယ်။

နောက်နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးကလည်း ပလေယာအားလုံးကို မျက်လုံးဒေါက်ထောက် ကြည့်နေပါတယ်။ အမှန်တရားဘက်ကလိုက်မယ်လို့ ပြောလို့ရပေမယ့်အကျိုးစီးပွားနဲ့ ချိန်ထိုးမှာဖြစ်ပါတယ်။ global economic and political strategy က ဒီနေရာမှာ အရေးပါလာနေတယ်ဆိုတာ သတိပြုပါ။ အိုင်ဒီယော်လော်ဂျီခေတ်ကုန်လုလုဖြစ်နေပြီး ပထဝီနိုင်ငံရေး ဟာ ခေတ်သစ်ကမ္ဘာ့ ပါဝါချိန်ခွင်လျှာညှိတဲ့ကိစ္စမှာ ဒီမိုကရေစီ စစ်စစ်အမြန်ပေါ် ထွန်းရေးထက် ပိုပြီး ဦးစားပေးစဉ်းစားခြင်းခံနေရပါပြီ။ မြန်မာနိုင်ငံဟာ အာရှနဲ့ တောင်အာရှရဲ့ ဗဟိုဖြစ်တယ်၊ လူဦးရေအများဆုံးနိုင်ငံကြီးနှစ်ခုနဲ့ အာဆီယံတို့ရဲ့ အရေးပါတဲ့ဆုံချက်ဖြစ်တယ်။ အမေရိကားကို ပါဝါချင်း လိုက်ယှဉ်ရုံမက ကျော်တက်ဖို့ ကြိုးစားနေတဲ့ တရုပ်နိုင်ငံနဲ့ နယ်နိမိတ် အရှည်ကြီး ထိစပ်နေရုံမက ခိုင်မာတဲ့ဆက်ဆံရေးလည်းဆိုတဲ့အချက်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးက မဖြစ်မနေ အလေးအနက်ထားနေ ရပါပြီ။ ဒီတော့ ဒီမိုကရေစီမြန်မြန်လုပ်ပါ မလုပ်ရင်ခင်ဗျားတို့ကို ပိတ်မယ် ဆိုတာမျိုး ဘယ်နိုင်ငံကမှ လက်တွေ့မှာထိထိရောက်ရောက် လုပ်မယ့်အနေအထား မရှိတော့ပါဘူး။ နိုင်ငံတကာအနေဟာ အစိုးရနဲ့ စီးပွားရေးအရ ခိုင်မာစွာ စည်းနှောင်ထားမှုကို ပိုပြီးထက်သန် လာနေ တာဖြစ်ပါတယ်။ ဒါကို အတိုက်အခံ( ပလေယာဟောင်းတို့) အသိအမှတ် မပြုရင်တောင်မှ ပလေယာ သစ်ကကောင်းကောင်းနားလည် သဘော ပေါက်ထားပါတယ်။ ဒီတော့ လက်ရှိအခြေအနေကနေ ရှေ့ကိုတိုးဖို့ နှေးကောင်းနှေးနေနိုင်ပေမယ့် ဆုတ်ယုတ်သွားအောင်တော့ ပလေယာသစ်က ဘယ်တော့မှလုပ်မယ်မဟုတ်ပါဘူး။ ဒီလိုထိန်းထားနိုင်ရင်ပဲ ပလေယာသစ်ရဲ့ အန္တိမရည်မှန်းချက် ( တာဝန် ) ဖြစ်တဲ့တည်ငြိမ်စွာ တိုးတက်ဖွံ့ဖြိုးရင်း ဒီမိုကရေစီသို့ ရွေ့လျားရေး ကိုပိုင်နိုင်စွာ အကောင်အထည် ဖော်နိုင်တော့မှာဖြစ်ပါတယ်။

အခြေခံဥပဒေဟာ ပလေယာသစ် အောင်မြငအောင်ဆောင်ရွက်နိုင်ဖို့ကို အာမခံချက်ပေးထားပါတယ်။ ဆိုလိုတာက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ကြိုးစားရင် ဒီမိုကရေစီအရောက် ရွေ့ယူသွားမယ်လို့ ရည်မှန်းသူ ပလေယာအားလုံး အောင်ပွဲဆင် ပါလိမ့်မယ်။ အခုချက်ခြင်းဒီမိုကရေစီပေး ( အခြေခံဥပဒေကိုဒီမိုကရေစီနဲ့ကိုက်ညီအောင် အခု ချက်ချင်းပြင်) ဆိုတဲ့ နည်းလမ်းကို ဆုပ်ကိုင်ထားသူ ဘယ်ပလေယာမဆိုေ အာင်မြင်မှု နဲ့လွဲပါလိမ့်မယ်။ ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းမှာ တပ်ဘက်က အခြေအနေ တောင့်တင်းခိုင်မာနေပြီး အတိုက်အခံ တို့ဘက်က နည်းဗျူဟာအပြောင်းအလဲမလုပ်နိုင်သေးတာကြောင့် ထောက်ခံမှု မျှချေ အပြောင်းအလဲ ကြောင့် ခက်ခဲလာနေတာတွေ့ရပါတယ်။အတိုက်အခံတို့ အဓိက အာရုံစိုက်သင့်တာကတော့ အပြောင်းအလဲရဲ့ အရှိန်အဟုန်ကို လက်တွေ့ ကျကျထိန်းညှိရန်ကြိုးပမ်းဖို့ပါ။ တပ်က သတ်မှတ်ထား တဲ့ အရှိန်နှုန်းထားကိုပဲ လက်ခံလိုက်ဖို့မဟုတ်ပါဘူး။ ယုံကြည်မှုကို တည်ဆောက်နိုင်အောင်ကြိုးပမ်းပြီး အရှိန်အဟုန်ကို ပလေယာအားလုံး စိတ်တိုင်းကျ ထိန်းညှိနိုင်ဖို့ဖြစ်ပါတယ်။ေ သချာတာကတော့ ဘယ်ပလေယာမဆို လူထုနဲ့နိုင်ငံတကာရဲ့ ထောက်ခံမှုဆိုတဲ့ အထောက် အပံ့ အင်အားက ရွေ့လျား ပြောင်းလဲနေတာနဲ့အညီ လိုက်ပါ ရွေ့လျားနိုင်ပါမှ အောင်ပွဲခံနိုင်မှာဖြစ်ပြီး ဂိမ်းဟောင်းအတိုင်းဆက် တွန်းနေကြရင် တဖြည်းဖြည်း ဂိမ်းရဲ့ပြင်ပကိုရောက်သွားနိုင်တယ် ဆိုတာပါပဲ။ ဒီမိုကရေစီလိုလားသူတိုင်း အောင်ပွဲခံသင့်တာဖြစ်လေတော့ အားလုံးဟာပကတိအခြေအနေနဲ့လိုက်လျောညီထွေ လိုက်ပါဆောင် ရွက်နိုင်ကြစေလိုရန် ရည်ရွယ်ရင်း ဖြစ်ပါတယ်။

သီအိုရီသစ် ဆိုတာကတော့ ဖြစ်ပေါ်လာလတံ့သော ဒီမိုကရေစီ တည်ဆောက်ရေး မြန်မာ့မော်ဒယ်သစ် ( New model of Myanmar democratization ) ဖြစ်ပါတယ်။ သမ္မတအိုဘားမားက မြန်မာနိုင်ငံ သမိုင်းဝင်ခရီးကို အသုံးပြုပြီးအနောက်ကမ္ဘာရဲ့ မဟာဗျူဟာ အပြောင်း အလဲကိုအချက်ပြရင်း ပလေယာ သစ်နဲ့ဂိမ်းသစ်ကို အသိအမှတ်ပြုခဲ့ ပါတယ်။ မြန်မာနိုင်ငံ မင်္ဂလာပါ ဆိုတဲ့နှုတ်ခွန်းဆက်စကားနဲ့ ဧရာဝတီ ဆိုတဲ့ စကားလုံးတို့ကို ပီပီသသ ကြိုးစားရွတ်ဆိုရင်း အနောက်နဲ့ မြန်မာ ဆက်ဆံရေးသမိုင်းသစ် ဖွင့်ခဲ့ပါတယ်။ လက်ရှိရွေ့လျားမှုများ ခရီးတစ်ခု ပေါက်ရင် ဒီမိုကရေစီများအတော်အသင့်ဖြစ်ထွန်းလေ မလားဆိုတဲ့ ရင်ခုန်မှုနဲ့နိုင်ငံရေးဆရာတို့နဲ့ ကူညီပံ့ပိုးသူများက ဂိမ်းသစ်နဲ့ ပလေယာ အားလုံးကို စောင့်ကြည့်ရင်း ထိန်းကျောင်းရင်း ကူညီရင်း ဝိုင်းတွန်း နေကြပါပြီ။အခုပလေယာအားလုံးရဲ့ ဂိမ်းသစ် ဟာ မြန်မာတို့ တွက်ချက်နေတဲ့သမိုင်းမှာမရှိခဲ့ဖူးတဲ့ခေတ်သစ်ဒီမိုကရေစီ တည်ဆောက်ရေးပုစ္ဆာသစ်ပါပဲ။

အာဏာရှင်လို့ သတ်မှတ်ထားတဲ့ ပလေယာဟောင်းက အများစု ထင်မှတ်မထားတဲ့ အာဏာလွှဲပြောင်း ပေးမှုနဲ့ စတင်လိုက်တဲ့ ဂိမ်းသစ်ဟာ နိုင်ငံရေး အပြောင်းအလဲမော်ဒယ်သစ် သီအိုရီတစ်ခု ထွက်ပေါ် လာရေး အခြေခံအကြောင်းတရားတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီပုစ္ဆာရဲ့ အဖြေကိုရတဲ့နေ့ ဟာ နိုင်ငံရေးအရ reform သီအိုရီသစ်ကိုဖော်ထုတ် မှတ်တမ်းတင်နိုင် တဲ့ နေ့ ပဲဆိုတာ အသေအချာပါ။ ။

ပိုက်တင်

လက်ပံတောင်းဒေသခံ ၁၅၀ ကျော်ကို ရဲက အမှုဖွင့်ထား

မုံရွာမြို့နယ် လက်ပံတောင်းဒေသရှိ မိုးကြိုးပြင်တောင်ရွာတွင် လုံခြုံရေးရဲများနှင့် ဒေသခံများ နိုဝင်ဘာလ ၁၄ ရက် ညက ပဋိပက္ခဖြစ်ပွားပြီးနောက် ဒေသခံ ၁၅၀ ကျော်ကို လက်ပံတောင်း ကြေးနီစီမံကိန်း လုံခြုံရေး တာဝန်ကျရဲများက ထိုနေ့ည ၁၁ နာရီကပင် ဆားလင်းကြီး မြို့မရဲစခန်း၌ အမှုဖွင့်ထားသည်ဟု မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး တင်ထွဏ်းက မဇ္ဈိမကို ပြောသည်။


“တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပြင်းအထန် နာကျင်ဒဏ်ရာရစေအောင် ဥပဒေမဲ့ပြုလုပ်ခဲ့ပြီး နိုင်ငံတော်ပိုင် ရဲကားတချို့ကို ပျက်စီးစေအောင် ပြုလုပ်ကြတဲ့အတွက် ဥပဒေနဲ့အညီ အခုလို အမှုဖွင့်လိုက် တာဖြစ်ပါတယ်”ဟု မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီးတင်ထွဏ်းက ပြောသည်။

လက်ပံတောင်းတောင် လုံခြုံရေးရဲများနှင့် မိုးကြိုးပြင်ရွာသုံးရွာမှ ဒေသခံများသည် မုံရွာ - ပုသိမ် အဝေး ပြေး ကားလမ်းမကြီးအနီး မိုးကြိုးပြင်တောင်ရွာတွင် နိုဝင်ဘာလ ၁၄ ရက် ည ၈ နာရီခန့်က ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် ဒေသခံ ခုနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အပြန်အလှန် ထိခိုက်ဒဏ်ရာရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်တို့၏ တရားစွဲဆိုထားမှုအတွက် “တကယ်တမ်းကျ တော့ ကျွန်တော်တို့ ဒေသခံတွေက စတင်ပစ်ခတ်မှု မလုပ်ဘူး။ အခုတော့ ဒေသခံတွေက စပစ်လို့ သူတို့က တရားစွဲသလို ဖြစ်နေတယ်။ တရားစွဲခံရတယ်ဆိုတာ သူများတွေပြောလို့ သိတယ်။ ကျွန်တော် တို့ဆီ တိုက် ရိုက်တော့ ဘာမှလာပြောတာမျိုး မရှိဘူး” ဟု မိုးကြိုးပြင် အလယ်ရွာမှ ကိုဖိုးလပြည့်က တုန့် ပြန်ပြောဆို သည်။

ရဲအုပ်ကျော်မင်းနိုင်က တရားလိုပြုလုပ်ကာ ဆားလင်းကြီးမြို့မရဲစခန်းမှ (ပ)၂၈၀/၂၀၁၃ ပြစ်မှုပုဒ်မ ၁၄၃ / ၃၃၃/ ၃၄ အရ ရွာသူရွာသား ၁၅၀ ဦးခန့်အား အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ဆားလင်းကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ ၀င်တစ်ဦးက ဆိုသည်။

နိုဝင်ဘာလ ၁၅ ရက်က နိုင်ငံရေးအကျဉ်းသား ၆၉ ဦးကို တစ်ဆယ့်နှစ်ကြိမ်မြောက် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ပြီးနောက် လက်ပံတောင်းဒေသခံ ၁၅၀ ကျော်ကို ထပ်မံ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးအ ကျဉ်းသားများကို ၂၀၁၃ ခုနှစ်အကုန်တွင် ချွင်းချက်မရှိ ပြန်လွှတ်ပေးမည်ဟု သမ္မတဦးသိန်းစိန်က ကတိ ပြုထားခဲ့ဖူးသည်။

မဇ္ဈိမ သတင်းဌာန

ဆက်စပ်သတင်း - 

စည်းကမ်းမဲ့ ရွာသား ၈၀ ကျော် မှ ရဲကင်းအား လေးဂွများ၊ ခဲများဖြင့် ၀ိုင်းဝန်း ပစ်ပေါက်မှု ကြောင့် ရဲ ၉ ဦး ဒဏ်ရာရ

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့၏ ဆွေးနွေးပွဲ တက်ရောက်ရန် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ထိုင်းနိုင်ငံသို့ သွားရောက်မည်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာဆွေးနွေးပွဲတွင် ဖွဲ့စည်းခဲ့သောတစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT) ၏ဆွေးနွေးပွဲ တက်ရောက်ရန် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ၏ ဒုတိယစစ် ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်သည် မြစ်ကြီးနား၊ ရန်ကုန်မြို့များမှ တစ်ဆင့် ထိုင်း နိုင်ငံ သို့ သွားရောက်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့(PCG) မှ ဦးလမိုင်ဂွန်ဂျာ၏ ပြောကြားချက်အရ သိရသည်။


ဗိုလ်ချုပ်ဂွမ်မော်သည် ထိုင်းနိုင်ငံသို့ သွားရောက်ရန်အတွက် မြစ်ကြီးနားမှ ရန်ကုန်မြို့သို့ နိုဝင်ဘာ ၁၇ ရက် ညပိုင်းတွင် လာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

PCG မှ ဦးလမိုင်ဂွန်ဂျာက "ထိုင်းကို အစည်းအဝေး သွားတက်မှာပါ။ ဗိုလ်ချုပ်ဂွမ်မော်နဲ့အတူ မြစ်ကြီးနားက အလုပ်အဖွဲ့လည်း ပါမယ်။ ထိုင်းကိုထွက်ဖို့အတွက် မနက်ဖြန် သန်ဘက်ခါမှာ ဗီဇာလုပ်ရမှာ။ လိုင်ဇာကွန် ဖရင့်က ဖွဲ့လိုက်တဲ့ ၁၄ ဦး ပါတဲ့အဖွဲ့နဲ့ ထိုင်းမှာဆွေးနွေးဖို့ သွားမှာပါ" ဟု နိုဝင်ဘာ ၁၇ ရက် ညပိုင်းက ပြောကြားသည်။

ဗိုလ်ချုပ်ဂွမ်မော်သည် ရန်ကုန်မြို့သို့ နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီ ၀န်းကျင်တွင် လေကြောင်းခရီးဖြင့် ရောက်ရှိမည်ဟု သိရှိရသော်လည်း လေယာဉ်ထွက်ခွာရန် အခက်အခဲအချို့ ရှိသောကြောင့် နိုဝင်ဘာ ၁၇ ရက် ည ၁၀ နာရီ ၀န်းကျင်မှသာ မြစ်ကြီးနားမြို့မှ ရန်ကုန်မြို့သို့ လေယာဉ်ခရီးစဉ်ဖြင့် ထွက်ခွာလာမည်ဟု သိရကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

ဗိုလ်ချုပ်ဂွမ်မော်၏ ရန်ကုန်မြို့ ခရီးစဉ်နှင့် ပတ်သက်၍ Myanmar Peace Center ရှိ တာဝန်ရှိသူများအား နိုဝင်ဘာ ၁၇ ရက် ညပိုင်းက ဆက်သွယ်မေးမြန်းရာ ဗိုလ်ချုပ်ဂွမ်မော် ရန်ကုန်မြို့သို့ လာရောက်မည်မှာ မှန်သော်လည်း MPC နှင့် ဆွေးနွေးမှု ပြုလုပ်ရန် အစီအစဉ် ရေးဆွဲထားမှု မရှိသေးဟု MPC မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Eleven Media Group

မြန်မာ-တရုတ်နယ်စပ် မူဆယ်နန်းတော်ဂိတ် အနီးတွင် အိမ်ထောင်ရေး မိတ်ဆက်ကြော်ငြာများ ဖြန့်ဝေနေသဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကာ ယင်းလုပ်ငန်းအား ပိတ်သိမ်းရန် ညွှန်ကြားခဲ့



မြန်မာ-တရုတ်နယ်စပ် မူဆယ်ရှိ နန်းတော် စစ်ဆေး ရေးဂိတ် အနီးတွင် တရုတ်ဘက်မှ အိမ်ထောင်ရေး မိတ်ဆက်ပေးခြင်း ကြော်ငြာစာများ ဖြန့်ဝေမှုများ ရှိကြောင်း သတင်းရသဖြင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင် ရွက်ကာ အဆိုပါ လုပ်ငန်းအား ပိတ်သိမ်း ရန်နှင့် အဆိုပါလုပ်ငန်း လုပ်ကိုင်သူအား ရွှေလီမြို့ တွင် မလုပ် ကိုင်စေဘဲ ပြန်လည်ထွက်ခွာသွားရန် ညွှန်ကြားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ သိရသည်။


၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က မြန်မာ-တရုတ်နယ်စပ် နန်းတော်စစ်ဆေးရေးဂိတ် အနီးတွင်အိမ်ထောင် ရေး မိတ်ဆက်ပေးခြင်း ကြော်ငြာစာနှစ်မျိုး ဖြန့်ဝေနေကြောင်း သတင်းရရှိသဖြင့် မူဆယ်လူကုန်ကူးမှု တား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် စုံစမ်းမှုများ ပြုလုပ်ကာ နိုဝင်ဘာ ၁၂ ရက်တွင် နယ်စပ် ဆက်ဆံရေးရုံး အပြန်အလှန် ပူးပေါင်းသည့် လုပ်ငန်းစဉ်အရ တရုတ်နိုင်ငံ၊ ကျယ်ဂေါင်ရဲစခန်းမှူးနှင့် ပူး ပေါင်းဖော်ထုတ်ရန် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ကျယ်ဂေါင်ရဲစခန်းမှူးမှ ယင်းလက်ကမ်းစာစောင်များ သည် တရားမ၀င်ကြောင်း၊ တွေ့ရှိက ကူညီဖမ်းဆီး ပေးမည်ဟု ပြန်လည်ပြောဆို ခဲ့သည်ဟု သိရသည်။


လူကုန်ကူး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု (မူဆယ်) မှ တပ်ဖွဲ့ဝင်များသည် ရွှေလီမြို့ လူကုန်ကူး တားဆီး ရေး ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ရွှေလီအုပ်ချုပ်ရေးဋ္ဌာန၊ လုပ်ငန်းလိုင်စင်ချထားပေးရေး ဋ္ဌာနမှ တာဝန်ရှိ သူနှစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး အိမ်ထောင်ရေး မိတ်ဆက်ပေးခြင်း လုပ်ငန်းနေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်း လုပ်ကိုင်သူ တရုတ်အမျိုးသား လိပင်းယိအား မေးမြန်းရာ ၎င်းမှ ရွှေလီအုပ်ချုပ်ရေးဋ္ဌာန၊ လုပ်ငန်းလိုင်စင် ချထားပေးရေး ဋ္ဌာနသို့ တရားဝင် လျှောက်ထားလုပ်ကိုင် နေခြင်းဖြစ်ကြောင်း တရုတ် နိုင်ငံတွင် အမျိုးသမီးနှင့် အမျိုးသားများကို အိမ်ထောင်ပြုရန် အောင်သွယ်ပေးသည့်လုပ်ငန်း တရားဝင် လုပ်ကိုင်ခွင့်ရှိကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။

လုပ်ငန်းလိုင်စင် ချထားပေးသည့် ဋ္ဌာနတာဝန်ရှိသူမှ မြန်မာစာသား ထည့်သွင်းဆောင်ရွက်ခွင့် မပေးထား ကြောင်း၊ အိမ်ထောင်ပြုရန် အောင်သွယ်ပေးသည့် လုပ်ငန်းအား တရုတ်နိုင်ငံသားများ အတွက်သာ ဆောင် ရွက်ခွင့်ရှိကြောင်း၊ မြန်မာနိုင်ငံသားများ မပါဝင်ကြောင်း၊ လက်ကမ်းစာရွက်တွင် မြန်မာစာသားများ ထည့် သွင်းထားခြင်းမှာ လိုင်စင်စည်းကမ်းနှင့် ညီညွတ်မှု မရှိသည့်အတွက် လိုင်စင်ပိတ်သိမ်းနိုင်ကြောင်း သတိ ပေး ပြောကြားခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (မူဆယ်) တပ်ဖွဲ့ဝင်များနှင့် ရွှေလီမှုခင်း တပ်ဖွဲ့မှူးတို့နောက်ဆုံး ဆွေးနွေးအပြီးတွင် ထိုလုပ်ငန်းကို ပိတ်သိမ်းကာ လုပ်ကိုင်သူအား ရွှေလီမြို့တွင် မလုပ်ကိုင်စေတော့ဘဲ ပြန်လည်ထွက်ခွာသွားရန် ညွန်ကြားခဲ့ကြောင်း သိရသည်။


 မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နန်းတော် စစ်ဆေးရေး စခန်းကို တွေ့ရစဉ် 
(ဓာတ်ပုံ-ထွန်းနေလှိုင်)

Eleven Media Group

မှုလတန်းပြ ဆရာမ ကျောင်းပျက်ကွက်ပြီး စာသင်ကြားရန်ရောက်မလာ၍ ကျောင်းသားများ စာမသင်ရ(ပေးစာ)


ရခိုင်ပြည်နယ်| မြေပုံမြို့နယ်| စိတ္တရကျေးရွာ အလယ်တန်းကျောင်း(ခွဲ)မှ မှုလတန်းပြ ဆရာမ ဒေါ်ချစ်ချစ်ဆွေသည် ယနေ့ထိ ကျောင်းပျက် ကွက်ပြီး စာသင်ကြားရန် ရောက်မလာသည်မှာ တစ်ပတ်ကျော် ကြာနေပြီ ဖြစ်ပါသည်။


သီတင်းကျွတ် (ဝါကျွတ်) ကျောင်းပိတ်ရက် (10)ရက်ပိတ်ပြီး (28 .10. 2013)တနင်္လာနေ့မှ စပြီး ကျောင်းပြန်ဖွင့်ပါတယ်။ ယနေ့ထိ ကျောင်းပြန်ဖွင့်တာ တစ်ပတ်ကျော်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ ဆရာမ ဒေါ်ချစ်ချစ်သည် ယနေ့ထိ စာသင်ကြားရန် ရောက်လာခြင်း မရှိပါဘူး။ ပထမ အရင်တစ်ခါတုန်းကလဲ အရူး ဗိုက်ပူကို အကြောင်းပြပြီး ရက်ပေါင်း (၂၀) ကျော် ကျောင်းပျက်ကွက် ပြီးပါပြီ။ ယခုလဲ ကျောင်းပျက်ကွက်ပြီး စာမသင်ကြားတာ တစ်ပတ်ကျော် ရှိသွားပါပြီ။ အဲဒါကြောင့် ကျောင်းသားများလဲ စာမသင်ရဘဲ ဖြစ်နေပါတယ်။

အဲဒါကြောင့် အမြဲတန်း အကျင့်ပျက် ကျောင်းပျက်ကွက်နေတဲ့ ဆရာမ ဒေါ်ချစ်ချစ်ဆွေ အကြောင်းကို သက်ဆိုင်ရာ ပညာရေးဌာနမှ အထက်လူကြီးများ သိစေရန် အသိပေး တိုင်ကြားအပ်ပါသည်။