Monday, September 23, 2013

ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန်ရေးသားဖော်ပြသူ ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောပြီ


Photo:

ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန် ရေးသား ဖော်ပြသူက ကိုယ့်တာဝန် ကိုယ်ယူရမည် ဟု ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက မီဒီယာသမား များအား Myanmar Peace Centre ၌ တွေ့ဆုံ ပြောဆို လိုက်သည်။


အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်က နိုင်ငံခြား၌ ငွေ စာရင်းဖွင့်ထားသည့် သတင်းထွက်ပေါ်ဟူသော သတင်းခေါင်းစဉ်ဖြင့် ၄င်းအမည်တပ် ရေးသား ဖော်ပြမှုအား ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။ “စာပေလွတ်လပ်ခွင့် က မှန်မှန်ကန်ကန်ရှိရမှာပေါ့ဗျာ။ မှန်ကန်တဲ့သတင်းပဲပေးရမှာပေါ့။ ခုတော့ ဒီလိုမဟုတ်ဘဲ မမှန်ကန်တဲ့သတင်းဆိုတော့ ဒါဟာ လူ့အခွင့် အရေးကိုချိုးဖောက်တာပဲ”ဟု ၀န်ကြီးဦးစိုးသိန်းကပြောသည်။

အကယ်၍ ဂျာနယ်က ဖော်ပြသည့်သတင်းမှန်ကန်ပါက သက်သေအထောက်အထားနှင့်တကွ ဖော်ပြစေ လိုကြောင်းနှင့် ဟုတ်မှန်ပါက ၄င်းကို စစ်ဆေး၍ ထောင်ချနိုင်ကြောင်း ဦးစိုးသိန်းက ထပ်လောင်း ဆိုခဲ့ သည်။

နိင်ငံတော်အစိုးရ၏ ပြည်ထောင်စုဝန်ကြီးများထဲ၌ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့မှာ ပြုပြင်ပြောင်းလဲ မှု ကဏ္ဍနှင့် နိုင်ငံတကာ ဆက်ဆံရေး ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတို့၌ လှုပ်ရှားပါဝင်မှု အများဆုံးဖြစ်သည့် အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုတို့နှင့် တွေ့ထိမှု အများစုပြုလုပ်နိုင်ခဲ့ကြသူများဖြစ်သည်။

From: popular

မြန်မာနိုင်ငံသားများအနေဖြင့် မအိုချင်လျှင် ဆေးလိပ်သောက်ပါ



ကင်ဆာရောဂါဖြင့် သေဆုံးသူ ငါးဦးလျှင် တစ်ဦးမှာ အဆုတ်ကင်ဆာ ကြောင့်ဖြစ်ပြီး သေဆုံးသူများ၏ ရာခိုင်နှုန်း ၉၀ ခန့်မှာ ဆေးလိပ်သောက်ခြင်း ကြောင့် ဖြစ်နေကြောင်း ကျန်းမာရေး ဦးစီးဌာန၊ ကင်ဆာရောဂါ တိုက်ဖျက်ရေး စီမံချက်၏ ထုတ်ပြန် ချက်အရ သိရသည်။


အဆုတ်ကင်ဆာသည် မြန်မာနိုင်ငံရှိ အမျိုးသား များ၌ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အမျိုးသမီး များတွင် သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ ပြီးပါက တတိယ အများဆုံး ကင်ဆာဖြစ်နြေေ ကာင်းနှင့် ဆေး လိပ်သောက်သုံး သူသည် ဆေးလိပ် မသောက်သော သူထက် ၁၅ ဆ မှ ၂၅ ဆအထိ ပို၍ အဆုတ် ကင်ဆာ ဖြစ်ရန် အလားအလာ ရှိကြောင်း သိရသည်။

ဆေးလိပ်သောက်သုံးခြင်းသည် အဆုတ်ကင်ဆာ ဖြစ်စေသော အဓိက အကြောင်းရင်း တစ်ခုဖြ စ်ပြီး ဆေးလိပ်သောက်သည့် အလေ့အကျင့် ကြာရှည်ခြင်း၊ ဆေးလိပ် သောက်သည့် အရေအတွက် များပြားခြင်း၊ သောက်သုံးသည့် ဆေးလိပ်တွင် ကတ္တရာနှင့် နီကိုတင်း များခြင်းများကြောင့် ကင်ဆာရော ဂါ ဖြစ်ပွားခြင်း ဖြစ်သည်။

လက်ရှိ မြန်မာကျောင်းသား ကျောင်းသူအရွယ် လူငယ်များအကြား ဆေးလိပ်သောက်သုံးမှုနှုန်း မြင့် တက်နေကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ စီးကရက် သောက်သုံးနှုန်းမှာ ၂၀၀၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် Global Youth Tabacco Survey တွင် ဖော်ပြချက်အရ ၁၀ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင် နှုန်းသို့ ကျဆင်းသွားခဲ့သည်။ သို့သော် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ပြန်လည် ကောက်ခံခဲ့ရာတွင် ၆ ဒသမ ၈ ရာခိုင်နှုန်း သို့ ပြန်လည် မြင့်တက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကို တိုက်ရိုက်သုံးစွဲမှု မရှိသော်လည်း တစ်ဆင့်ခံရှူရှိုက် မိခြင်းကြောင့် အသက်သေဆုံး ရသူများအနက် ၇၅ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးငယ်များ ဖြစ်နေကြောင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများဆိုင်ရာ သတင်းအချက် အလက်များအရ သိရသည်။

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကြောင့် တစ်နှစ်လျှင် လူဦးရေ ခြောက်သန်းခန့် သေဆုံးလျက် ရှိကြောင်းနှင့် မြန်မာနိုင်ငံ တွင် ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကြောင့် အမျိုးသားဦးရေ ၁၀၀ လျှင် ၁၉ ဦးနှုန်း၊ အမျိုးသမီး ဦးရေ ၁၀၀ လျှင် ၁၈ ဦးမှာ သေဆုံးလျက်ရှိကြောင်း သိရသည်။ ဆေးလိပ်ငွေ့အတွင်း ဓာတုပစ္စည်းပေါင်း ၇၀၀၀ ကျော်ပါဝင်ပြီး ယင်းတို့အနက်မှ ရာပေါင်းများစွာသည် အဆိပ်အတောက် ဖြစ်စေနိုင်သော အရာများ ဖြစ်ပြီး ၆၉ မျိုးမှာ ကင်ဆာ ဖြစ်စေနိုင်ကြောင်း သိရသည်။

EMG

ကင်ဆာဖြင့် သေဆုံးသူ ငါးဦးလျှင် တစ်ဦးမှာ အဆုတ်ကင်ဆာ ကြောင့်ဖြစ်ပြီး သေဆုံးသူများ၏ ရာနှုန်းပြည့် နီးပါးမှာ ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်နေ



ကင်ဆာရောဂါဖြင့် သေဆုံးသူ ငါးဦးလျှင် တစ်ဦးမှာ အဆုတ်ကင်ဆာ ကြောင့်ဖြစ်ပြီး သေဆုံးသူများ၏ ရာခိုင် နှူန်း ၉၀ ခန့်မှာ ဆေးလိပ်သောက်ခြင်း ကြောင့် ဖြစ်နေကြောင်း ကျန်းမာရေး ဦးစီးဌာန၊ ကင်ဆာရောဂါတိုက်ဖျက်ရေး စီမံချက်၏ ထုတ်ပြန် ချက် အရ သိရသည်။


အဆုတ်ကင်ဆာသည် မြန်မာနိုင်ငံရှိ အမျိုးသား များ၌ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အမျိုးသမီး များတွင် သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ ပြီးပါက တတိယ အများဆုံး ကင်ဆာဖြစ်နေကြောင်းနှင့်ဆေးလိပ် သောက်သုံး သူသည် ဆေးလိပ် မသောက်သော သူထက် ၁၅ ဆ မှ ၂၅ ဆအထိ ပို၍ အဆုတ်ကင်ဆာ ဖြစ် ရန် အလားအလာ ရှိကြောင်း သိရသည်။

ဆေးလိပ်သောက်သုံးခြင်းသည် အဆုတ်ကင်ဆာ ဖြစ်စေသော အဓိက အကြောင်းရင်း တစ်ခုဖြစ်ပြီး ဆေး လိပ်သောက်သည့် အလေ့အကျင့် ကြာရှည်ခြင်း၊ ဆေးလိပ် သောက်သည့် အရေအတွက် များပြားခြင်း၊ သောက်သုံးသည့် ဆေးလိပ်တွင် ကတ္တရာနှင့် နီကိုတင်း များခြင်းများကြောင့် ကင်ဆာရောဂါ ဖြစ်ပွားခြင်း ဖြစ်သည်။

လက်ရှိ မြန်မာကျောင်းသား ကျောင်းသူအရွယ် လူငယ်များအကြား ဆေးလိပ်သောက်သုံးမှုနှုန်း မြင့်တက် နေကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ စီးကရက် သောက်သုံးနှုန်းမှာ ၂၀၀၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် Global Youth Tabacco Survey တွင် ဖော်ပြချက်အရ ၁၀ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင် နှုန်းသို့ ကျဆင်းသွားခဲ့သည်။ သို့သော် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ပြန်လည် ကောက် ခံ ခဲ့ရာတွင် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ ပြန်လည် မြင့်တက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကို တိုက်ရိုက်သုံးစွဲမှု မရှိသော်လည်း တစ်ဆင့်ခံရှူရှိုက် မိခြင်းကြောင့် အသက်သေဆုံး ရသူများအနက် ၇၅ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေး ငယ်များ ဖြစ်နေကြောင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများဆိုင်ရာ သတင်းအချက် အလက်များ အရ သိရသည်။

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းများ ကြောင့် တစ်နှစ်လျှင် လူဦးရေ ခြောက်သန်းခန့် သေဆုံးလျက် ရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကြောင့် အမျိုးသားဦးရေ ၁၀၀ လျှင် ၁၉ ဦးနှုန်း၊ အမျိုးသမီး ဦးရေ ၁၀၀ လျှင် ၁၈ ဦးမှာ သေဆုံးလျက်ရှိကြောင်း သိရသည်။ ဆေးလိပ်ငွေ့အတွင်း ဓာတုပစ္စည်းပေါင်း ၇၀၀၀ ကျော် ပါဝင်ပြီး ယင်းတို့အနက်မှ ရာပေါင်းများစွာသည် အဆိပ်အတောက် ဖြစ်စေနိုင်သော အရာများ ဖြစ်ပြီး ၆၉ မျိုးမှာ ကင်ဆာ ဖြစ်စေနိုင်ကြောင်း သိရသည်။

 ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်းတွင် ဆေးရုံတက်ရောက် 
ကုသနေသည့် ဝေဒနာရှင်များအား တွေ့ရစဉ် 
(ဓာတ်ပုံ-အိသဉ္ဇာကျော်) 

Eleven Media Group

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်သူ့ဆန္ဒ လုံးဝမပါကြောင်းနှင့် နိုင်ငံတော် အာဏာကို ပြည်သူလူထုအား အပ်မထားကြောင်း NLD ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီဝင် ပြောကြား



၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြည်သူ့ ဆန္ဒလုံးဝမပါကြောင်းနှင့် နိုင်ငံတော် အာဏာကို ပြည် သူလူထုအား အပ်မထားကြောင်း NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။


စက်တင်ဘာ ၂၂ ရက်က တောင်ကြီးမြို့တွင် ပြုလုပ်သည့် ရှမ်း၊ ကယား၊ မွန် ငြိမ်းချမ်းရေး အတွက်ယုံကြည် မှူ တည်ဆောက်ခြင်း ဒုတိယနေ့ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ရှေ့နေများအသင်း ကိုယ်စား သဘောထား တင်သွင်းရာတွင် ဦးကိုနီက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၉၈၈ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးကာစက ဗိုလ်ချုပ်မှူးကြီး စောမောင်က တိုင်းပြည်ကို ပထမဆုံးပေး သော ကတိတွင် ဘယ်တော့မှ စစ်တပ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မရေးဘူးဟု တိတိလင်းလင်း ကတိ ပေးခဲ့ကြောင်း၊ သို့သော် ၁၉၉၂ ခုနှစ် ရောက်သောအခါ ကြေညာချက် အမှတ် ၁၁/၉၂ နှင့် ၁၃/ ၉၂ တို့ကို ထုတ်ပြန်၍ အာဏာသိမ်း တပ်မတော်က အမျိုးသား ညီလာခံ ဖွဲ့စည်းကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေး ဆွဲရေးကို ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံရေးတွင် တပ်မတော်က အမြဲတမ်း ဦးဆောင်သွားမည့်မူကို ချ မှတ်ခဲ့ကြောင်း၊ အမျိုးသား ညီလာခံ အဖွဲ့တွင်လည်း အဖွဲ့ဝင် ၁၀၀ ခန့်သာ ပြည်သူ့ကိုယ်စားပြု ပါဝင်ခဲ့ပြီး ၆၀၀ ခန့်ကို တပ်မတော်က စိတ်တိုင်းကျ ခန့်အပ်ခဲ့ကြောင်း၊ ၁၉၉၅ နိုဝင်ဘာတွင် အဆိုပါ ပြည်သူ့ကိုယ်စား ပြုသူများကိုပါ ညီလာခံမှ ထုတ်ပယ်ခဲ့ကြောင်း ဦးကိုနီက ပြောကြားသည်။

''အဲဒီနောက်ပိုင်းမှာ ညီလာခံကြီး ရပ်သွားပြီး ပြည်သူလူထုက နည်းနည်း အသံမြည်လာတဲ့အခါ အမျိုးသား ညီလာခံက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးနေတဲ့ကိစ္စမှာ ပြည်သူတွေက ဝေဖန်တာ မလုပ်ရဘူး။ ဝေဖန် ရင် အနည်းဆုံး ထောင်ငါးနှစ်၊ အများဆုံးထောင် အနှစ် ၂၀ ချမယ်ဆိုပြီး ကျွန်တော်တို့ရဲ့ ပါးစပ်ကို ပိတ်ခဲ့ ပါတယ်။ နောက် ၂၀၀၃ ဒီပဲယင်း အရေးအခင်းပြီးတော့ ၂၀၀၄ မှာ ညီလာခံ ပြန်စပါတယ်။ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်တက်ဖို့ ညှိနှိုင်းပြီးမှ ကပ်ဖျက်သိမ်းပြီး တစ်ဖက်သတ်ပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ပါတယ်။ တော်တော်များများက မဲသွားမပေးပါဘူး။ သပိတ်မှောက်ပါတယ်။ တော်တော်များများက ကန့်ကွက်မဲ ပေးပါတယ်။ သို့သော် အဖြေထွက်တော့ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ထောက်ခံတယ်လို့ အဖြေ ထွက်ပါတယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် အင်မတန် သံသယ ဖြစ်စရာကောင်းတဲ့ ဆုံးဖြတ်ချက်နဲ့ ဒီဖွဲ့စည်း ပုံကို အတည်ပြုခဲ့ပါတယ်။ ဒါကိုကြည့်လိုက်ရင် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပြည်သူ့ဆန္ဒ လုံးဝမပါဘူး ဆိုတာ ရှင်းနေပါတယ်'' ဟု ဦးကိုနီက ဆိုသည်။

၁၉၄၇ ဖွဲ့စည်းပုံနှင့် ယခု ၂၀၀၈ ဖွဲ့စည်းပုံများတွင် နိုင်ငံတော် အာဏာကို နိုင်ငံသားများက ပိုင်သည်ဆို သည့် အချက်ကို ဖော်ပြထားကြောင်း၊ သို့သော် ကျန်သည့် ပြဋ္ဌာန်းချက်များတွင် တပ်မတော်က အမျိုးသား နိုင်ငံရေးကို အမြဲတမ်း ဦးဆောင်သွားမည်ဆိုသည့် အချက်သည် ကွဲလွဲနေကြောင်း၊ ဥပဒေပြု လွှတ်တော် တွင် ကာကွယ်ရေး ဦးစီးချုပ်က လွှတ်တော်အမတ် လေးပုံတစ်ပုံကို ခန့်ခွင့်ရနေသည့်ကိစ္စ၊ အုပ်ချုပ်ရေး တွင်လည်း သမ္မတက အကြီးအကဲဟု ဆိုထားသော်လည်း လက်နက်ကိုင် တပ်ဖွဲ့များကို အမိန့်မပေးနိုင်ခြင်း ၊ ထို့ပြင် နိုင်ငံတော်သမ္မတက ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးများ ခန့် အပ်ခွင့် မရှိခြင်း ဆိုသည့်အချက် များသည် သမ္မတတွင် အာဏာမရှိခြင်း သို့မဟုတ် ပြည်သူလူထုတွင် အာဏာမရှိခြင်း စသည်ကို ဖော်ပြနေကြောင်းလည်း ဦးကိုနီက ပြောကြားသွားသည်။

''နောက်ဆုံးဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကြိုက်လို့ ပြင် ချင်ရင် ပြည်ထောင်စု လွှတ်တော်အမတ် ရာခိုင်နှုန်း ၇၅ ကျော် ထောက်ခံမှ ဒုတိယအဆင့် အောင်မယ်။ ပြည်ထောင်စု လွှတ်တော်မှာ ကျွန်တော်တို့ ပြည်သူလူထု ရွေးထားတာက ရာခိုင်နှုန်း ၇၅ ပဲရှိတယ်။ ရာခိုင်နှုန်း ၇၆ ရဖို့ဆိုရင် တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးက ထောက်ခံရမယ်။ သူထောက်ခံဖို့ ဆိုရင် ကာကွယ်ရေး ဦးစီးချုပ်က သူ့ကို အမိန့်ပေးရမယ်။ တိုတိုပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ကာကွယ်ရေး ဦးစီးချုပ် သဘောမတူရင် တစ်သက်လုံး ပြင်လို့မရဘူး။မြန်မာပြည်သူလူထုဘယ်လောက် ပဲ ပြင်ချင်နေ၊ ပြင်ချင်နေ ကာကွယ်ရေး ဦးစီးချုပ် သဘော မတူရင် တစ်သက်လုံး ပြင်လို့မရဘူး'' ဟု ဦးကိုနီ က ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်စရာများ များလွန်းနေပြီး ပြင်ဆင်ရန်မှာလည်း မဖြစ်နိုင် လောက်အောင် ခက်ခဲလွန်းသောကြောင့် အသစ်တစ်ခုကို အချိန်ယူ ရေးဆွဲကာ အစားထိုး ပြင်ဆင်စေခြင်း က ကောင်းမွန်မည်ဟု ထင်ကြောင်း ဦးကိုနီက ချပြခဲ့ပြီး တက်ရောက် လာသူများကလည်း ယင်းအချက် အပေါ် ပြန်လည် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

နေပြည်တော် အမြန်လမ်း တစ်လျှောက်ရှိ တပ်ပိုင်မြေအတွင်း မြေအသုံးချမှုဆိုင်ရာ အငြင်းပွားမှု ဖြစ်ပေါ်



နေပြည်တော် အမြန်လမ်း တစ်လျှောက်ရှိ အမှတ် ၁၁ ခြေမြန်တပ်မ ဌာနချုပ်ပိုင် မြေများအတွင်း လက်ရှိ စိုက်ပျိုးနေသူများနှင့် အမှတ် ၁၁ ခြေမြန် တပ်မ အကြား မြေအသုံးချမှုဆိုင်ရာ အငြင်းပွား မှုများ ဖြစ်ပေါ် နေကြောင်း သတင်းရရှိသည်။


အမှတ် ၁၁ ခြေမြန်တပ်မ ဌာနချုပ် အနေနှင့် အဆို ပါ အမြန်လမ်း တစ်လျှောက်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မပေါ်မီ ၁၉၉၆ ခုနှစ်ကပင် ပြည်ထဲရေး ၀န်ကြီးဌာန၊ လက်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အမြန်လမ်း တစ်လျှောက်ရှိ မြေဧက ၂၁၈၆၄ ဧကအား အမှတ် ၁၁ ခြေမြန်တပ်မ ဌာနချုပ်၏ လေ့ကျင့်ရေး မြေနေရာအဖြစ် သတ်မှတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိုင်းမှုး ဗိုလ်မှုးချုပ် တင်စန်းနိုင် ပြောကြားမှုအရ သိရသည်။

ထိုသို့ ရယူထားသော်လည်း အဆိုပါ မြေများအား ၂၀၁၁ ခုနှစ် အထိ အမှတ် ၁၁ ခြေမြန်တပ်မ ဌာနချုပ်မှ တပ်မပိုင်မြေ ဖြစ်ကြောင်း အသိပေးမှုများ မရှိခဲ့သည့်အတွက် မိရိုးဖလာ ဥယျာဉ်ခြံမြေ လုပ်ကိုင်သးများထံမှ ပြည်တွင်း လုပ်ငန်းရှင်များက မြေဧက တစ်သောင်းကျော်အား ၀ယ်ယူ၍ ရော်ဘာစိုက်ပျိုးမှု လုပ်ငန်းများ အား လုပ်ကိုင်ခဲ့ကြောင်း အဆိုပါ တွေ့ဆုံပွဲတွင် အပြန်အလှန် ပြောဆိုမှုများအရ သိရသည်။

အဆိုပါ အမြန်လမ်း တစ်လျှောက်တွင် အကောင်အထည် ဖော်နိုင်ဖွယ်ရှိသည့် စီမံကိန်းများအရ အမှတ် ၁၁ ခြေမြန်တပ်မ ဌာနချုပ်မှ လက်ရှိ လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ၏ မြေနေရာများအား ရော်ဘာစိုက်ပျိုး ရေး လုပ်ငန်းကြီး စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်း၍ မြေပြင်တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး လုပ်ငန်းရှင် ၆၀ ကျော် ခန့် အနက် ၅၉ ဦးအား အမှန်တကယ် လုပ်ကိုင်သူများအဖြစ် အသိအမှတ် ပြုခဲ့သော်လည်း အမှန်တကယ် စိုက်ပျိုးနေသည့် မြေဧက တစ်သောင်းကျော်အစား လက်ရှိ ရော်ဘာပင်များ ဖြစ်ထွန်းနေသည့် မြေဧက ၅၀၀ ကျော်ခန့်သာ အသိအမှတ်ပြု စာရင်းသွင်းခဲ့ကြောင်း သိရှိရသည်။

''ဒီအမြန် လမ်းဘေးမှာ လုပ်နေတဲ့ သူတွေကြည့်ရင် အမြန်လမ်းဘေးမှာပဲ လုပ်နေကြတယ်။ ရော်ဘာစိုက် ထား တာ အကြောင်းပြပြီး မြေနေရာယူမယ် လျော်ကြေးယူမယ်ဆိုပြီး လုပ်ကြတယ်။ ဒါမျိုးတော့ လုပ်လို့မရ ဘူး။ ကျွန်တော်တို့ အနေနဲ့ လက်ရှိလုပ်ကိုင်နေသူတွေ သဘောပေါက်အောင် ၇ ကြိမ်လောက်အထိ ရှင်းပြ ပြီးပြီ။ အရင်တုန်းက လုပ်နေခဲ့တဲ့ လုပ်ငန်းရှင် ၅၉ ဦးကို အမှန်တကယ် ဖြစ်ထွန်းနေတဲ့ အပင်တွေအပေါ်မှာ တိုင်းတာပြီး ကျူးကျော်သူဖြစ်ပေမယ့် လုပ်ကိုင်ခွင့် ဆက်ပေးမယ်။ လက်ရှိလုပ်နေတဲ့ မြေနေရာထက် ပိုချဲ့ ထွင်လာရင်တော့ တရားစွဲမယ်။ ဥပဒေကြောင်းအရ ရှင်းလင်းရပါမယ်'' ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒု တိုင်းမှူး ဗိုလ်မှုးချုပ်တင်စန်းနိုင်က ဆိုသည်။

လက်ရှိတွင် မူရင်းပိုင်ဆိုင်သူအဖြစ် စာရင်းပေါက်နေသည့် အမှတ် ၁၁ ခြေမြန်တပ်မမှ အဆိုပါ မြေဧကများ အား ဧက ၃၀၀ လျှင် တစ်ယူနစ်အဖြစ် သတ်မှတ်ကာ ယူနစ် ၃၀၀ အတွက် ပြည်တွင်း လုပ်ငန်းရှင်များအား လွှဲပြောင်းပေးရန် တင်ဒါခေါ်ယူမှုများ ရှိနေသည်။

ထိုသို့ တင်ဒါခေါ်ယူမှုများ ရှိနေသော်လည်း လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအား အမြန်လမ်းဘေး ၀ဲယာရှိ မြေများအား လုပ်ဆောင်ရန် ခွင့်ပြုလိုမှုမရှိ ဖြစ်နေကြောင်း အဆိုပါ မြေပေါ်တွင် ဧကရာနှင့်ချီ၍ လုပ်ကိုင်နေသူ လုပ်ငန်းရှင်များ ဖြစ်သည့် ဦးခင်အောင်၊ ဒေါ်ဝါ၀ါမြင့်၊ ဦးချမ်းမြေ့ပိုင်၊ ဒေါ်သီတာလွင် အပါအ ၀င် လုပ်ငန်းရှင်များက ပြောကြားသည်။

''သူတို့ တင်ဒါခေါ်တော့ လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေကို ငွေပေးထားတဲ့ လုပ်ငန်းရှင်တွေ အတွက်ပဲ ပေးတယ်။ ကျွန်တော်တို့ကို မပေးဘူး။ အခု ကျွန်တော်တို့မှာက ကိုယ်ဝယ်ထားတဲ့ မြေဧက ရာကျော်ထဲက ခုဂဏန်းလောက်ပဲ လုပ်ခွင့်ပြန်ရတယ်။ ကျွန်တော်တို့ လုပ်ခွင့်ရတဲ့ မြေနေရာတွေက သူတို့လုပ်ခွင့်ပြုချင်တဲ့ လုပ်ငန်းရှင် ဧရိယာထဲမှာ ပါသွားရင် တစ်ဖက်လုပ်ငန်းရှင်က ကျွန်တော်တို့ကို လုပ်ခွင့်မရအောင် ညစ်မှာပဲ။

ကျွန်တော်တို့လည်း သူတို့ သတ်မှတ်တဲ့ငွေ သူတို့သတ်မှတ်တဲ့ စည်းကမ်းလိုက်နာ နိုင်ပါလျက်နဲ့ကျွန်တော် တို့ ကို ကျူးကျော်ဆိုပြီး လုပ်ကိုင်ခွင့် မပေးချင်ဘူး။ ကျွန်တော်တို့က လက်ရှိစိုက်ပျိုးနေပြီး ရော်ဘာစေး ခြစ် နေပြီ။ နောက်လူကလည်း ရော်ဘာပဲ စိုက်မယ့်လူ။ ရော်ဘာကိုပဲ စိုက်မယ့် လုပ်ငန်းရှင်ချင်း အတူတူ ကျွန် တော်တို့ကို ဘာလို့ လုပ်ခွင့်မပေးချင်တာလဲ'' ဟု ဦးချမ်းမြေ့ပိုင်၊ ဒေါ်သီတာလွင် အပါအ၀င် လုပ်ငန်းရှင်များ က မေးခွန်းထုတ်သည်။

လက်ရှိ သတ်မှတ်ထားသည့် ဧက ၃၀၀ တစ်ယူနစ်၊ ယူနစ် ၃၀၀ အပေါ် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း က စိုက်ပျိုးလိုသူ လုပ်ငန်းရှင်များအား တင်ဒါခေါ်ယူထားပြီး လက်ရှိတွင် လုပ်ကိုင်နေသူ လုပ်ငန်းရှင်များ အနေနှင့်လည်း တင်ဒါတွင် ယှဉ်ပြိုင်ခွင့်ရှိကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှုးကြီး သက်နိုင်က ပြောကြားသည်။

ယခုဖြစ်ပွားလျက်ရှိသည့် ပြဿနာများနှင့် ပတ်သက်ပြီး လုပ်ငန်းရှင်များအား ပိုင်နက်ကျူးလွန်မှု ဥပဒေ ပုဒ်မ ၄၄၇ ဖြင့် အမှတ် ၁၁ ခြေမြန်တပ်မ ဌာနချုပ် အမှုဖွင့်ထားပြီး လုပ်ငန်းရှင်များမှလည်း ဥပဒေကြောင်း အရ ဆက်လက် ရင်ဆိုင်မည် ဖြစ်ကြောင်း လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။

 အမှတ် ၁၁ ခြေမြန်တပ်မ ဌာနချုပ်ပိုင် မြေများအတွင်း မြေယာပိုင်ဆိုင်မှုနှင့် 
ပတ်သက်ပြီး ရှင်းလင်းပွဲ ပြုလုပ်မှုကို တွေ့ရစဉ် 

Eleven Media Group

ပြည်ခိုင်ဖြိုးပါတီ ၏ ၂၀၁၅ ရွေးကောက်ပွဲအလားအလာ

အရှိကို အရှိအတိုင်း အမြင်ကိုအမြင်အတိုင်း ရေးလိုက်ပါတယ်။ဘယ်သူတွေ ဘယ်လောက်နာနာ တိုင်းပြည် နဲ့ လူထု မနာဖို့ အဓိကထားကြရန် နိုင်ငံရေးသမားတိုင်း တာဝန်ရှိပါကြောင်း။

( The voice weekly 21. sep .2013 )


၂၀၁၀ မှာ ဆန္ဒမဲအများစုနဲ့ အစိုးရဖွဲ့ခွင့်ရော လွှတ်တော်ကိုယ်စားလှယ်နေရာ အများစုပါ အနိုင်ရရှိခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် အလားအလာမကောင်းတဲ့အကြောင်း ဒီဆောင်းပါးနဲ့ အတိအလင်း အသိပေးလိုက်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီကို အနိုင်မရစေလိုတဲ့စေတနာရော အနိုင်ရစေလိုတဲ့စေတနာ ပါလုံးဝမပါဝင်ဘဲ ပကတိ အရှိတရားကို ၄င်းပါတီနှင့်အတူ stakeholder အားလုံးက ဒီမိုကရေစီရေးအတွက်နိုင်ငံနဲ့ လူထု အကျိုးအတွက် စဉ်းစားသုံးသပ်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်နိုင်ကြဖို့ ပွင့်ပွင့်လင်းလင်းသတိပေးလိုရင်းသာဖြစ်ပါတယ်။ပြည်ခိုင်ဖြိုး ဘာကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်မယ်ဆိုတဲ့ အမှန်တရားကို အောက်ပါအချက်အလက်များက အထင်အရှား အထောက်အပံ့ပြုပါတယ်။

၁။လက်ရှိအစိုးရလက်ထက်မှာ စီးပွားရေး သိသိသာသာနာလံမထူနိုင်ခြင်း။

အထူးသဖြင့် ဆင်းရဲတွင်းက ရုန်းထွက်ဖို့ကြိုးစားနေတဲ့နို င်ငံများအတွက် စီးပွားရေးအခြေအနေက နိုင်ငံရေးအပေါ်ကို အကြီးအကျယ် လွှမ်းမိုးရိုက်ခတ်လေ့ရှိပါတယ်။ အစိုးရက သူတတ်စွမ်းသလောက် လုပ်နေတာမှန်ပေမယ့် အခြေခံလူတန်းစားက အစိုးရအပေါ် အပြည့်အဝလေးစားယုံကြည်မှု၊ အားကိုးမှု ရှိလာလောက်တဲ့အထိ လူထုအတွက် ဘာမှ ခံစားခွင့် မယ်မယ်ရရမရရှိသေးပါဘူး။ တိုးတက်မှုတချို့ ရှိပေမယ့် ဒါဟာ အဓိကအကျဆုံး လူထု လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေမှုချောင်လည်ရေး ( အစိုးရ လုပ်နေတဲ့ ဆင်းရဲမွဲတေမှု လျော့ပါးကျဆင်းရေး ) ကို ထိရောက်အောင် မဖြည့်ဆည်းနိုင်သေးပါဘူး။ အစိုးရရဲ့ ရည်မှန်းချက်အတိုင်းလည်း ကျန်ရှိနေသေးတဲ့သက်တမ်းနှစ်နှစ်ခွဲကာလမှာ ပြည့်မီဖို့ တော်တော်ကြီး ခဲယဉ်းပါတယ်။

အခြေခံ အဆောက်အဦများကို လက်ရှိအစိုးရလက်ထက်မှာ ပြီးစီးအောင်တည်ဆောက်လို့ မရဘူး ဆိုတာလည်း ထင်ရှားပါတယ်။ဒီတော့ ထိရောက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၊ သိသာတဲ့ စီးပွားဖွံ့ဖြိုး တိုးတက်မှုတို့ဟာ နှစ်နှစ်ခွဲကာလအတွင်းမှာ ဘယ်လိုမှဖြစ်လာနိုင်မယ် မဟုတ်ပါဘူး။ နိုင်ငံခြား ရင်းနှီးမြှုပါနှံမှုဆိုတာ လက်ရှိလာရောက်ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေ အပြင် နည်းပညာနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ကောင်းကောင်း ရရှိနိုင်မယ့် လုပ်ငန်းကြီးကြီးမားမားတွေကို ဆိုလိုရင်းဖြစ်ပါတယ်။

တစ်ကယ်တော့ ဒါဟာ အစိုးရရဲ့ အပြစ်မဟုတ်ပါဘူး။ စီးပွားအကြီးအကျယ်ပျက်ထားတဲ့ တိုင်းပြည်ကို အစိုးရသက်တမ်းတစ်ခုအတွင်းမှာ ပြန်ထူထောင်လို့ ဘယ်လိုမှမရနိုင်ပါဘူး။ ဒါပေမယ့် လူထုကလည်း ဒီလောက် စိတ်မရှည်နိုင်ကြပါဘူး။ဆင်းရဲတွင်းနက်တဲ့ကာလက ကြာရှည်ခဲ့လေတော့ ဖြစ်နိုင်ရင် ချက်ချင်းလွတ်မြောက်ချင်ကြပါတယ်။နှစ်ပေါင်းများစွာ ချွတ်ခြုံကျခဲ့တဲ့ လူ့ဘောင်အဖွဲ့အစည်းထဲမှာရှိတဲ့ ရုန်းထွက်ချင်တဲ့ တိုးတက်ချင်တဲ့ လူစဉ်မီချင်တဲ့လူထုအပြစ်လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ ဆင်းရဲတွင်း နက်စေခဲ့တဲ့ အစိုးရများရဲ့ ကောင်းမွေ ဆိုးမွေခံ ပြည်ခိုင်ဖြိုးပါတီအပေါ် တာဝန်တွေက အလိုလို သက်ရောက်မှု ရှိလာတော့တာဖြစ်ပါတယ်။

လွှတ်တော်ကလည်း အခု တိုင်းပြည်မှာရင်ဆိုင်နေရတဲ့ပြသနာတွေကို အစိုးရအနေနဲ့ အမြန်ဖြေရှင်းဖို့ ခပ်ပြင်းပြင်းလေးတိုက်တွန်းလာတာတွေ့ရပါတယ်။ ဒီလိုတိုက်တွန်းတာဟာ သီအိုရီ အရ မှန်ပေမယ့် ဒီမိုကရေစီထူထောင်ခါစ နိုင်ငံတစ်ခုမှာ အစိုးရတစ်ဖွဲ့ထဲနဲ့ ပြသနာတွေအားလုံးကို ဖြေရှင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ပြည်ခိုင်ဖြိုးပါတီမှာလည်း အဓိကတာဝန်ရှိတယ်ဆိုတာ ပါတီအနေနဲ့ မေ့လျော့ နေပါတယ်။ စစ်အစိုးရဆီကနေ အမွေခံခဲ့တဲ့ ပါတီကနေ အစိုးရအဖွဲ့ ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး အရင် အာဏာရှင်ခေတ်က ချွတ်ခြုံကျခဲ့ရတဲ့တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့အတွက် အစိုးရကိုပဲ တာဝန် ရှိတယ်လို့ သဘောထားရင် လက်တွေ့အနေအထားအရ လွဲချော်မှု ရှိနေပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေး ခိုင်မာတဲ့တစ်နေ့မှာ အရာခပ်သိမ်းအတွက် အစိုးရမှာတာဝန်ရှိတယ်လို့ ပြောလို့ရပါတယ်။ပါတီအနေနဲ့ အစိုးရရဲ့အခက်အခဲများကို တတ်စွမ်းသမျှ ဝိုင်းဝန်းဖြေရှင်းပေးဖို့ အစွမ်းကုန်အားထုတ်သင့်ပါတယ်။ အစိုးရက မလုပ်နိုင်မကိုင်နိုင်လို့ ဘာမှတိုးတက်မှုမရှိရင် လူထုက ပါတီကိုပါ အပြစ်တင်ကြမယ်ဆိုတာ သတိပြုပါ။ လူထုက ပါတီအပေါ် အမြင်ကြည်လင်မှုမရှိသေးပါဘူး။ပြောင်းလဲလာတဲ့ အခြေအနေလေးကို မျှော်လင့်ချက်နဲ့ သည်းခံ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

နောက်အရေးကြီးတဲ့အချက်တစ်ခုက ၂၀၁၅ ရွေးကောက်ပွဲဟာ မဝေးတော့တာကြောင့်လည်း လူထုဟာ လက်ရှိကာလအခြေအနေများမတိုးတက်နိုင်သေးတဲ့အပေါ် စိတ်ရှည်နိုင်ကြခြင်းဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီဝင်လူကြီးတော်တော်များများက တပ်ကလာတဲ့ လူတွေဖြစ်လေတော့ အရင်အစိုးရ လက်ထက်က ငါတို့ကို ဒုက္ခပေးခဲ့တဲ့ လူတွေပဲဆိုတဲ့အယူအဆ ကလည်း လူထု မသိစိတ်ထဲမှာ ငုတ်လျှိုးနေတာဖြစ်ပြီး အခု အဲဒီပုဂ္ဂိုလ်တွေထဲက ( ပြည်သူ့လွှတ်တော် ဥက္ကဌကဲ့သို့သော )ပုဂ္ဂိုလ် တချို့က နိုင်ငံအကျိုးကို လိုလိုလားလား လုပ်လာကြလို့သာလက်သင့်ခံပြီး စောင့်ကြည့်နေကြ တာပါ။ကျန်တဲ့ နှစ်နှစ်ခွဲကာလမှာ ဘာမှထူးထူးခြားခြား လုပ်မပေးနိုင်ဘူးဆိုရင် ဆန္ဒမဲပြားဆိုတဲ့ လက်နက်နဲ့ ပြည်ခိုင်ဖြိုးအစိုးရကို ဖြုတ်ချဖို့ စောင့်နေကြတာဖြစ်ပါတယ်။

မြန်မာလူထုရဲ့ ဒီမိုကရေစီအသိတရားဟာ နိုင်ငံတကာအဆင့်မမီနိုင်သေးးဆိုပေဘူပေမယ့် ဆန္ဒမဲပေးတဲ့ ကိစ္စမှာတော့ ချွင်းချက်ရှိပါတယ်။မြန်မာလူထုဟာ မကျေနပ်မှုများအတွက် သူတို့အခွင့်အရေးဖြစ်တဲ့ မဲပြားနဲ့ ပြင်းပြင်းထန်ထန် ဆန္ဒပြလေ့ရှိတာကို ထည့်စဉ်းစားဖို့လိုပါတယ်။ ဒါဟာ အစိုးရကို လူထုက လုံးဝလက်မခံဘူးဆိုတဲ့ အဓိပ္ပါယ်တော့မဟုတ်ပါဘူး။ လက်ရှိသမ္မတရဲ့ စေတနာနဲ့ အားထုတ်မှုကို အသိ အမှတ်ပြုကြပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာ ( ဒါမှမဟုတ် ပါတီအပေါ်သြဇာညောင်းလှသူများဟာ ) ဦးသိန်းစိန်ကို သမ္မတရာထူးနေရာအတွက် ရွေးချယ်ခဲ့ခြင်းဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုက သူတို့ ဆုံးဖြတ် သမျှထဲမှာ အမှန်ကန်ဆုံးဖြစ်ပါတယ်။

သမ္မတကြောင့် လူထုဟာ ဒုက္ခသုက္ခတွေကို မသိကျိုးကျင်ပြုပြီးစိတ်ရှည်လက်ရှည် စောင့်ကြည့်နေကြ တာဖြစ်ပါတယ်။ အရင် အစိုးရ အဆက်ဆက်က ပြသနာတွေကို သင်ပုန်းချေနိုင်ကြတာ ဖြစ်ပါတယ်။ လူထုဟာ အာဏာရှင်စနစ်ကို ရွံမုန်းတယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ဒီမိုကရေစီစနစ် တဖြည်းဖြည်း ပီပြင်လာဖို့အတွက် စိတ်အားထက်သန်နေကြပါတယ်။

အစိုးရအနေနဲ့ အဓိကရည်မှန်းထားတဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်နိုင် ခဲ့ရင် ၂၀၁၅မှာ ရလဒ်ကောင်းတချို့ကို မျှော်လင့်လို့ရပါတယ်။

လူထု မှာ အခြေခံအားဖြင့်လိုအပ်ချက်တွေ များလှပေမယ့်အဓိက လိုချင်တောင့်တ တာက အလုပ် အကိုင်အခွင့်အလမ်းများနဲ့ အိမ်ယာပိုင်ဆိုင်ခွင့်တို့ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းဆိုတာက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနဲ့ တိုက်ရိုက်ဆက်နွယ်နေပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုက အခြေခံ အဆောက် အဦများနဲ့တိုက်ရိုက် ဆက်နွယ်နေလေတော့ အခြေခံအဆောက်အဦများကို ပီပြင်အောင် မတည်ဆောက် နိုင်သရွေ့ အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်လာဖို့လည်းမဖြစ်နိုင်သေးပါဘူး။

လက်ရှိမြန်မာနိုင်ငံမှာ အိမ်ယာစီမံကိန်းများကို အမှန်တစ်ကယ်ထိထိရောက်ရောက် အကောင် အထည် ဖော်နိုင်တဲ့အစိုးရမျိုးဟာ လူထုထောက်ခံမှုကောင်းကောင်းရနိုင်ပါတယ်။ ဆင်းရဲမွဲတေမှုကို ထိထိ ရောက်ရောက် လျှော့ချချင်ရင် အိမ်ယာစီမံကိန်းများကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် လုံလုံ လောက်လောက် လုပ်ပေးနိုင်ဖို့လိုပါတယ်။ လူတွေ နေစရာရှိတာနဲ့ ကိုယ်ကျင့်တရားတွေ ထိန်းသိမ်း ကြပါလိမ့်မယ်။ ရာဇဝတ်မှုတွေကျဆင်းပါလိမ့်မယ်။ ပညာရေးကို အာရုံပိုစိုက်လာကြပါလိမ့်မယ်။ လူ့ဘောင် အဖွဲ့အစည်းအတွက် တတ်စွမ်းသလောက် လုပ်လာကိုင်လာကြပါလိမ့်မယ်။

နေစရာအိမ်မရှိတဲ့အတွက် အိမ်လခအတွက် ကိုပဲ မနည်းရုန်းကန်ရှာဖွေနေကြရပြီး ဆင်းရဲတွင်းက မလွတ်နိုင်ဖြစ်နေကြရပါတယ်။ ကျန်တာတွေဘာမှ ခေါင်းထဲမထည့်နိုင်ကြတဲ့ အပြင် ကိုယ့်ကိုယ်ကိုယ် လည်း လေးစားတန်ဖိုးထားမှု လျော့ကျလာကြပါတယ်။ ကိုယ်ကျင့်တရားတွေ ပျက်ပြားလာကြ ပါတယ်။ လက်ရှိ အိမ်ယာစီမံကိန်းတွေ အကောင်အထည်ဖော်နေတာက ဆင့်ပါးစပ် နှမ်းပက်ဖြစ်နေပါတယ်။ ( နိုင်ငံ တကာအကူအညီကို အပြင်းအထန်ရှာဖွေရယူပြီး နှစ်နှစ်ခွဲကာလအတွင်းမှာ တန်ဖိုးအမှန် တစ်ကယ် နည်းတဲ့ အိမ်ယာစီမံကိန်းများကို လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းလောက် အကောင်အထည် ဖော်ပေး နိုင်ရင်တောင် ပြည်ခိုင်ဖြိုး ရွေးကောက်ပွဲမှာအခြေအနေ နည်းနည်းကောင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စ အကောင်အထည်ဖော်ဖို့ဆိုတာ က အစိုးရအတွက် ဘယ်လိုမှ လွယ်လွယ်ကူကူ မဖြစ်နိုင်ပါဘူး။ အခက်အခဲတွေ အများကြီးရှိနေပါတယ်။

လက်ရှိ တန်ဖိုးနည်းအိမ်ယာဈေးနှုန်းကလည်း ဆင်းရဲသားဘယ်လိုမှ လက်လှမ်းမမီနိုင်ပါဘူး။ အိမ်ယာ ဘဏ်တွေ လုပ်မယ်ဆိုတာကလည်း၂၀၁၅ ရွေးကောက်ပွဲအမီ ဘာမှ ထိထိရောက်ရောက် ရှိမှာမဟုတ်တာ သေချာပါတယ်။ တန်ဖိုးနည်းအိမ်ယာဆောက်ကြမယ့် ကုမ္ပဏီများကလည်း အမျိုးသားအကျိုးစီးပွားကို ထည့်စဉ်းစားကြမှသာ ဆင်းရဲသားတွေအတွက်အလုပ်ဖြစ်မှာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အိမ်ယာစီမံကိန်းများကို လိုအပ်ချက်ပြည့်မီအောင်ဆောင်ရွက်ပေးနိုင်မယ့် အလား အလာမရှိသေးခြင်းကလည်း ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၁၅မှာ အရှုံးနဲ့ရင်ဆိုင်ရဖို့ အဓိကအကြောင်း ရင်းကြီးဖြစ်နေပါတော့တယ်။ အစိုးရကိုပဲ ဝန်ပိအောင်လုပ်မထားဘဲနဲ့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ကျန်တဲ့ နှစ်နှစ်ခွဲကာလမှာ စီးပွားရေးအခြေခံကောင်းတချို့ တိုးတက်ဖြစ်ပေါ်ဖို့ တစ်ဖက်တစ်လမ်းက ဝိုင်းဝန်း ကြိုးပမ်း နိုင်ခြင်းမရှိဘူးဆိုရင် ၂၀၁၅ မှာ အခက်အခဲကို အဆိုးရွားဆုံးရင်ဆိုင်ရပါလိမ့်မယ်။

၂။တပ်မတော် နှင့် ပြည်ခိုင်ဖြိုးပါတီ အကျိုးစီးပွားနှင့် ရည်မှန်းချက် မတူညီမှု။

ပါတီများရဲ့ရည်မှန်းချက်ဟာ ရွေးကောက်ပွဲ အနိုင်ရရှိရေးနဲ့ အစိုးရဖွဲ့နိုင်ရေးဖြစ်ပေမယ့် တပ်ရဲ့ရည်မှန်းချက်က နိုင်ငံတော်တည်ငြိမ်ရေးဖြစ်ပါတယ်။ ရွေးကောက်ပွဲနိုင်ခြင်းမနိုင်ခြင်းနဲ့ အစိုးရ ဖွဲ့နိုင်ခြင်းမဖွဲ့နိုင်ခြင်းက တပ်ရဲ့ အကျိုးစီးပွားမဟုတ်ပါဘူး။ တပ်မတော်က အခြေခံဥပဒေကို မထိပါးသရွေ့ နိုင်ငံတော်တည်ငြိမ်ရေးကို မထိပါးသရွေ့ ဘယ်ပါတီကပဲ နိုင်နိုင်အစိုးရဖွဲ့ဖွဲ့ သူ့တာဝန်ကို သူလုပ်မှာ ဖြစ်ပါတယ်။ဒါဟာ နိုင်ငံရေးသမားတော်တော်များများ မျက်စေ့လည်နေတဲ့ကိစ္စဖြစ်ပြီးတော့ မိမိတို့ သန်ရာ စဉ်းစားတွေးခေါ်ရင်း ဒီအချက်ကို မေ့လျော့နေလေ့ရှိပါတယ်။တချို့ကတော့ ဒီအမှန်တရားကို လက်ခံယုံကြည်ဖို့ ခက်ခဲနေကြတာဖြစ်ပါတယ်။ အဆိုးမြင်တဲ့စိတ်နဲ့ တပ်ကိုမယုံတဲ့ သဘောကြောင့် လည်း ပြည်ခိုင်ဖြိုးနဲ့ တပ်ကို ခွဲမမြင်နိုင်ကြတာလည်းရှိ ပါတယ်။ အလုပ်ဖြစ်အောင် လုပ်ချင်ရင်တော့ ပကတိအရှိတရားများ( ပေးထားချက်များ)ကို အရှိအတိုင်းလက်ခံ ထည့်သွင်းစဉ်းစားကြဖို့ လိုပါတယ်။

ပြည်ခိုင်ဖြိုးဟာ လာမယ့်ရွေးကောက်ပွဲမှာ အမတ်နေရာ၂၅ ရာခိုင်နှုန်းခန့် အနိုင်ရပြီး တပ်မတော်ရဲ့ ထောက်ခံမှုကိုလည်းရရှိမှသာ ပြည်ခိုင်ဖြိုးအစိုးရဆိုတာ ပေါ်ပေါက်နိုင်ပါလိမ့်မယ်။ ( တပ်မတော်က သမ္မတ လောင်းတစ်ယောက် တင်ခွင့်ရှိတယ်ဆိုတဲ့အချက်ကလည်း အရေးပါကြောင်းသတိပြုသင့်ပါတယ်။) ပြည်ခိုင်ဖြိုးက သမ္မတလောင်းတင်ဖို့ လုံလောက်တဲ့ကိုယ်စားလှယ်အရေအတွက်မရခဲ့ရင် တပ်မတော်က တင်မယ့် သမ္မတလောင်းရဲ့ အနေအထားက အရေးပါလာပါလိမ့်မယ်။ ( ဒီနေရာမှာ ဖြတ်ပြောချင်တာက သမ္မတရာထူးရည်မှန်းထားသူ သူရဦးရွှေမန်းကိစ္စပါ။ သူ့ကို ပြည်ခိုင်ဖြိုးရဲ့ သမ္မတလောင်းအဖြစ်ရာထား ထားပုံရပြီး ဒီလိုသာအမှန်ဖြစ်ရင် ဦးရွှေမန်းအတွက် အလားအလာ မကောင်းလှပါဘူး။ ပြည်ခိုင်ဖြိုးပါတီ အကြီးအကျယ်ရှုံးနိမ့်တဲ့အခါ တပ်က ဦးရွှေမန်းကို သမ္မတလောင်းတင်ခဲ့ရင်တော့ အလား အလာရှိနိုင်ပါတယ်။ )

တပ်မတော်အနေနဲ့ကတော့ သူ့ရဲ့အကျိုးစီးပွားဖြစ်တဲ့ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးတာဝန်ကို ပြည်ခိုင်ဖြိုးပါတီ အာဏာရရှိရေးထက် ပိုဦးစားပေးမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ဒါကြောင့် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး အခြေမလှခဲ့ရင် တပ်ကပြည်ခိုင်ဖြိုးရဲ့ နိုင်ငံရေးအတွက် တစ်စုံတစ်ရာဆောင်ရွက်ပေးဖို့ အကြောင်းမရှိလှပါဘူး။ အခြေခံ ဥပဒေမှာ နိုင်ငံရေးအရအရေးပါတဲ့ဆုံးဖြတ်ခွင့်ကို ပြည်ခိုင်ဖြိုးကို ပေးထားခြင်းမရှိကြောင်းနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ပိုင်ခွင့်များနဲ့ပတ်သက်ရင် တပ်မတော်က ပိုမိုအရေးပါကြောင်း သတိပြုဖို့ လိုပါတယ်။ ဘယ် နိုင်ငံရေးသမားမဆို ပြည်ခိုင်ဖြိုးနဲ့တပ် ဘာကွာလို့လဲဆိုတဲ့ အရပ်ပြောမျိုးနဲ့ဆိုရင်တော့ နိုင်ငံရေး ဆက်လုပ်လို့ အောင်မြင်နိုင်မယ်မဟုတ်ပါဘူး။ အရှိတရားများကို အမှန်အတိုင်းသိအောင်ကြိုးစားပြီး အဲဒီအမှန်တရားများကို လက်သင့်ခံပြီး အလုပ်လုပ်ကြမှ ဘာလုပ်လုပ်အောင်မြင်နိုင်ကြမယ်ဖြစ်ပါတယ်။

တပ်ရဲ့လွှတ်တော်တွင်း ပါဝါ( လွှတ်တော်တွင်းဆုံးဖြတ်ပိုင်ခွင့် )ကို ပြည်ခိုင်ဖြိုးက ရယူသုံးစွဲနိုင်ဖို့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့လိုပါတယ်။ လက်ရှိအလားအလာများအရ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခဲ့တဲ့ အနေအထားမျိုး ပြည်ခိုင်ဖြိုးအနေနဲ့ မျှော်လင့်လို့လုံးဝမရနိုင်ကြောင်း လက်ရှိမှာ အထင်အရှား မြင်တွေ့နေရပြီဖြစ်ပါတယ်။

၃။ NLD ၏ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်။

၂၀၁၅အတွက် အရေးအပါဆုံးအချက်ဖြစ်ပါတယ်။ ဒေါ်စုရဲ့ မျက်နှာနဲ့ပဲ NLD ဟာ လွှတ်တော် ကိုယ်စားလှယ် နေရာအများစုကို အသာလေး အနိုင်ရဦးမယ်ဆိုတာ အသေအချာဖြစ်ပါတယ်။ ဒေါ်စု သမ္မတရာထူးယှဉ်ပြိုင်ခွင့်ဆိုတာက သပ်သပ်စဉ်းစားရမယ့်အချက်ပါ။ ဒေါ်စု သမ္မတ ဖြစ်ဖြစ် မဖြစ်ဖြစ် NLD အမတ် အများစု လွှတ်တော်ထဲရောက်လာပါလိမ့်မယ်။ ၁၉၉၀ တုန်းက ဒေါ်စု ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့တဲ့ အခြေအနေမှာ အပြတ်အသတ်အနိုင်ရခဲ့သလိုပါပဲ။ ၂၀၁၅မှာ ပါဝင် ယှဉ်ပါတီအနေနဲ့ အခက်အခဲတွေ ဘယ်လောက်ပဲရှိနေပေမယ့် ဒေါ်စုက ကိုယ်တိုင်ကိုယ်ကျ အမတ်လောင်းအဖြစ်ပါဝင်ယှဉ်ပြိုင်မှာဖြစ်လေတော့ လူထုရဲ့ နိုးကြားမှုဟာ ပြန်လည်မြင့်တက် လာမှာဖြစ်ပြီး ပါတီဟာလည်းလွှတ်တော်များမှာ အများစု အနိုင်ရဖို့နီးစပ်နေပြီဖြစ်ပါတယ်။ တိုင်းရင်းသား ပါတီမဟုတ်တဲ့ တခြားသောနိုင်ငံရေးပါတီများအနေနဲ့ ၂၀၁၅မှာ ဘယ်လိုမှ အခြေအနေမကောင်း နိုင်ပါဘူး။အခုမှ အသစ်ဖွဲ့မယ့်ပါတီများအတွက်ဆို ပိုဆိုးပါတယ်။ ပါတီများအနေနဲ့ ရေရှည်ရပ်တည် နိုင်အောင် ပြင်ဆင်ထားပြီး အစွမ်းကုန်ကြိုးစားကြမှသာ တန်ရုံကျမယ်ဖြစ်ပါတယ်။ လက်ရှိစွမ်းဆောင်ရည် ရှိတဲ့ အလုပ်ကျိုးစားတဲ့ အမတ်အချို့ ( ဥပမာ ဦးသိန်းညွန့်ကဲ့သို့ ပုဂ္ဂိုလ်မျိုး )သာ အနိုင်ရဖို့မျှော်လင့်လို့ ရနိုင်မယ်ဖြစ်ပါတယ်။

၂၀၁၅ အလွန်မှာ တပ်နဲ့NLD ဟာလွှတ်တော်များမှာ အလုပ်ကို တော်တော်များများတွဲလုပ်ရမှာဖြစ်ပြီး ဒါဟာ နိုင်ငံရေးအရ အသိမ်မွေ့ဆုံးအခြေအနေဖြစ်လာပါလိမ့်မယ်။

တစ်နည်းအားဖြင့် အတိမ်းအစောင်းမခံတဲ့အခြေအနေဖြစ်လာပါလိမ့်မယ်။လမ်းဆုံလမ်းခွတစ်ခုကို ရောက်ရှိသွားပါလိမ့်မယ်။ ဒါဟာ very important untested factor လည်းဖြစ်ပါတယ်။ နှစ်ဘက် စိတ်ရှည်သည်းခံမှု အပြန်အလှန် နားလည်မှု ဒီမိုကရေစီနဲ့ပတ်သက်တဲ့ရည်မှန်းချက်ခိုင်မာမှုတို့နဲ့သာ ခရီးဆက်နိုင်ရင် လူထုနဲ့ နိုင်ငံတော် မြန်မြန်ပန်းတိုင်ရောက်မယ့်ကိစ္စဖြစ်ပြီး စိတ်မရှည်ကြရင်လည်း ဒီမိုကရေစီနဲ့ လွဲချော်သွားနိုင်ပါတယ်။လမ်းကြောင်းပြောင်းသွားနိုင်ပါတယ်။NLDအများစုနိုင်ပြီး ပြည်ခိုင်ဖြိုးက ၁၀ရာခိုင်နှုန်းအောက် လောက်သာ အမတ်နေရာရခဲ့ရင် ဒါ့အပြင် ဒေါ်စု သမ္မတ ရွေးချယ်ခွင့်အတွက် အခြေခံဥပဒေကို အချိန်မီ ပြင်ဆင်ဖို့ မဖြစ်နိုင်ခဲ့ရင် တပ်ကအမည်စာရင်း တင်သွင်းမယ့် သမ္မတလောင်းဟာ NLD ကတင်မယ့် သမ္မတလောင်းထက် အလားအလာပိုကောင်း ပါလိမ့်မယ်။ 

တပ်ကလည်း ၂၀၁၀အတွေ့အကြုံရှိထားပြီးဖြစ်တာကြောင့် တစ်နည်းအားဖြင့် လူထုဟာ စိတ်စေတနာမှန်ကန်ရင် ဘယ်သူမဆိုလက်ခံတယ်ဆိုတဲ့ ချက်ကို တွေ့ကြုံပြီးဖြစ်တာကြောင့် သမ္မတရာထူးအတွက် ပုံရိပ်အကောင်းဆုံး ပုဂ္ဂိုလ်တစ်ယောက်ကိုသာ သေချာပေါက်ရွေးချယ်ပါလိမ့်မယ်။ dignity and reputation ကို အဓိကထားရွေးချယ်ပါလိမ့်မယ်။ လက်ရှိ လူထုနဲ့တပ်မတော် ကြား တိုးတက်လာတဲ့အခြေအနေကို တပ်ကလည်းပြန်အထိခိုက်ခံမယ် မထင်ပါဘူး။ ဒီတော့ လက်ရှိ သမ္မတအပြင် လက်ရှိ ဘယ်သူမှ သိပ်သတိမထားမိသေးတဲ့ တစ်ယောက်လည်းဖြစ်နိုင်ပါတယ်။

 ( အမေရိကန်သမ္မတ အိုဘားမားဟာ သမ္မတလောင်းမဖြစ်ခင်အထိ သာမန် ဒီမိုကရက် ပါတီဝင်တစ် ယောက်ပါ။ ) လက်ရှိသမ္မတကလည်း အရွေးမခံတော့ဘူးလို့ အပြတ်ပြောထားတာမရှိသေးပါဘူး။ သူ့ ပုံရိပ်က ကောင်းလွန်းနေတဲ့အတွက် တပ်ကတင်မယ့် သမ္မတလောင်းဟာ လက်ရှိသမ္မတလည်း ဖြစ်နိုင်ခြေ အများကြီးရှိနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ အခြေမလှခဲ့ရင် ပြည်ခိုင်ဖြိုးက သမ္မတလောင်းအမည်စာရင်း တင်သွင်းခွင့်လည်းဆုံးရှုံးမှာဖြစ်ပါတယ်။ လာမယ့်ရွေးကောက်ပွဲကိုလည်း လွတ်လပ်မျှတမှုရှိအောင် ဂရုစိုက်ရတော့မှာဖြစ်လေတော့ NLDရဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ဟာ ပြည်ခိုင်ဖြိုးအတွက် အကြီးမားဆုံးအကျပ်အတည်းဖြစ်လာတော့မှာဖြစ်ပါတယ်။ ဒေါ်စုသာ သမ္မတလောင်း မဖြစ်ခဲ့ရင် တပ်က သမ္မတလောင်းဟာ တိုင်းရင်းသားပါတီများမှ အနိုင်ရရှိမယ့် အမတ်များရဲ့ ထောက်ခံမှုကို မျှော်လင့် လို့ ရနိုင်ပြီဖြစ်ပါတယ်။ ( ဒါကြောင့် NLD အနေနဲ့ ဒေါ်စုအပြင် သမ္မတလောင်းတစ်ယောက်ကို ကြိုကြိုတင်တင် ရွေးချယ်ပြင်ဆင်ထားသင့်တယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။) ဒေါ်စုအတွက်လမ်းပွင့်သွားခဲ့ရင်တော့ သမ္မတဖြစ်ဖို့အလားအလာအကောင်းဆုံးပုဂ္ဂိုလ်ဟာ ဒေါ်စုသာ ဖြစ်ပါတယ်။ရွေးကောက်ပွဲဟာ လုံးဝ တရားမျှတခဲ့ရင် ပြည်နယ်များမှာရှိတဲ့ မဲဆန္ဒနယ်များကလွဲရင်NLD က အပြတ်အသတ် နိုင်မှာဖြစ်ပါတယ်။အစိုးရဖွဲ့ခွင့်ကို ဒေါ်စုက ရရှိမှာဖြစ်ပါတယ်။

အထက်ပါအကြောင်းအချက်များကြောင့် ပြည်ခိုင်ဖြိုးအနေနဲ့ ရွေးကောက်ပွဲမှာ ထင်တာထက် အခြေအနေဆိုးနိုင်ကြောင်း ပြောရခြင်းဖြစ်ပါတယ်။ ဒါဟာ နှစ်နှစ်ခွဲကာလအတွင်း ပြည်ခိုင်ဖြိုးအပါအဝင် နိုင်ငံရေးနှင့် ဆက်နွယ်နေသူအားလုံး ကြိုတင်ပြင်ဆင်သင့်တာ ပြင်ဆင်ကြစေလိုတဲ့ ဆန္ဒ၊ ဒီမိုကရေစီ ခရီးလမ်းကြောင်း လုံးဝ တိမ်းစောင်းမသွားစေလိုတဲ့ စေတနာ တို့ဖြင့် ပကတိ ဖြစ်နိုင်ခြေနှင့် အရှိတရား များကို ခွဲခြမ်းစိတ်ဖြာမိခြင်းသာဖြစ်ပါကြောင်း၊ပြည်ခိုင်ဖြိုးအနေနဲ့၂၀၁၅အလွန် ငါးနှစ်တာကာလမှာ အကောင်းဆုံးအတိုက်အခံအဖြစ်ရပ်တည်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားနိုင်ပါကြောင်းနဲ့ တပ် ၊အတိုက်အခံ( NLD ၊တိုင်းရင်းသားပါတီများနဲ့ အခြားသောပါတီများ )နဲ့ ပြည်ခိုင်ဖြိုးတို့ အတွက် ( solution for all to win )ကသာ နိုင်ငံနဲ့ လူထု အကျိုးကို အာမခံချက် အပြည့်အဝ ပေးနိုင်မှာဖြစ်ပါ ကြောင်း ရေးသားဖော်ပြအပ်ပါတယ်။ ။

ပိုက်တင်

Credit : http://www.yeyintnge.com/2013/09/blog-post_7606.html#.Uj-raFMR8YI

မရမ်းကုန်း ဝင်းသူဇာ အရောင်းဆိုင် လေလံ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)၏ မြေးဖြစ်သူနေရွှေသွေးအောင် ရရှိ



စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မ ရမ်းကုန်းမြို့နယ် ဝင်းသူဇာအ ရောင်းဆိုင်ကို တစ်လလျှင် ငှား ရမ်းခ ကျပ်၅၅သိန်းဖြင့် ဗိုလ်ချုပ် မှူးကြီးသန်းရွှေ(ငြိမ်း)၏ မြေးဖြစ် သူနေရွှေသွေးအောင်က လေ လံ အောင်မြင် သွားကြောင်း သိ ရသည်။


တင်ဒါတင်သွင်းရန် ဖိတ် ခေါ်ထားသည့် ဝင်းသူဇာ ဆိုင် ၃၈ ဆိုင်အနက် လေးဆိုင်မှာ အဆို ပြုလွှာ တင်သွင်း သူမရှိခြင်း၊ တခြား လေးဆိုင်မှာ ကြမ်းခင်းဈေးနှုန်း မမီခြင်း၊ နှစ်ဆိုင်မှာ အမြင့်ဆုံးဈေး နှုန်းတူညီနေခြင်းနှင့် (ရွာတော်) ဝင်းသူဇာ အရောင်း ဆိုင်မှာ ပြန် လည်စိစစ်ရန်လိုအပ် သော ကြောင့် တင်ဒါအောင်မြင်သော ဝင်းသူဇာ အရောင်းဆိုင်စုစုပေါင်း ၂၇ ဆိုင်တွင် နေရွှေသွေးအောင် လေလံအောင်သည့်ဆိုင်တစ်ဆိုင်ပါဝင်ခဲ့ကြောင်း သိရသည်။

စက်မှုညွှန်ကြားရေး ဦးစီးဌာ နမှ ညွှန်ကြားရေးမှူးဦးသိန်းဆွေ က '' နေရွှေသွေးအောင်က ဗိုလ် ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)ရဲ့ မြေး ဆိုတာတော့မသိဘူး။ ကျွန်တော် တို့ကတော့ သတ်မှတ်ထားတဲ့စည်း ကမ်းတွေနဲ့ ပြည့်စုံရင် လေလံအ အောင်ပေးတယ်'' ဟုပြောသည်။ လက်ရှိတွင် တင်ဒါအောင် မြင်သွားသည့် ဝင်းသူဇာ အရောင်း ဆိုင် ၂၇ ဆိုင်တွင် မြစ်ကြီးနားရှိ ဝင်းသူဇာအရောင်းဆိုင်မှာ တစ် လလျှင် ငှားရမ်းခ ကျပ်သိန်း ၁၆၀ ကျော်ဖြင့်လေလံအောင်မြင်ခဲ့ ကြောင်း ဖော်ပြ ထား သည်။

ယင်းမရမ်းကုန်းမြို့နယ်မှ ဝင်းသူဇာအရောင်းဆိုင်ကို အ ဆိုပြုလွှာတင်သူ ခြောက်ဦးရှိပြီး နောက်ဆုံးအဆင့် အနေဖြင့် သုံးဦးအား ရွေးချယ်ခဲ့ကြောင်း သိရသည်။ ယင်းနောက်ဆုံးအဆင့် သုံးဦးတွင် ဦးမောင် မောင်ထွေး နှင့် ဦးနိုင်ဝင်းတို့မှာ လေလံ ဈေးပေးမှု မှာ နေရွှေသွေးအောင်ထက် နည်းပါးနေခြင်းကြောင့် လေလံ အောင်မြင်ခြင်းမရှိဘဲ အများဆုံး လေလံဈေးပေးခဲ့သည့် နေရွှေသွေးအောင်မှာ လေလံရရှိခဲ့ပြီး ယင်းနေရာတွင် စူပါမားကက်ဖွင့် ရန်စီစဉ်နေကြောင်း သိရ သည်။

စက်မှုဝန်ကြီးဌာနလက် အောက်ရှိ ဝင်းသူဇာအရောင်းဆိုင် များအား စားသောက်ဆိုင်များ နှင့်ဆက်နွှယ် သည့် လုပ်ငန်းများ လုပ်ကိုင်ခွင့်မပြုကြောင်း၊ အဆောက်အအုံကိုလည်း ပုံစံမ ပျက်စေရန်နှင့် အဆောက် အအုံ အတွင်းပိုင်း ပြင်ဆင် မှုများ အား ပြုလုပ်နိုင်ပြီး ဆိုင်အမည်များကို လည်း လေလံအောင်သူစိတ်ကြိုက် ပေးနိုင်ကြောင်း စက်မှုညွှန်ကြားရေး ဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးသိန်းဆွေက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။ တင်ဒါအောင် မြင်သူ များ သည် သက်ဆိုင်ရာဝင်းသူဇာဆိုင် များလွှဲပြောင်း ခြင်းကို အောက်တို ဘာ ၁ရက်နောက်ဆုံးထား၍ စာ ချုပ်ချုပ်ဆိုလွှဲပြောင်းပေးမည်ဖြစ် ကြောင်း သိရသည်။ လာမည့် ၂၀၁၄ ခုနှစ်အ ကုန်တွင် အငှားသက်တမ်းပြည့် မည့် ဝင်းသူဇာ အရောင်း ဆိုင် ၁၃ ဆိုင်ကိုလည်း ပုဂ္ဂလိကလုပ်ငန်း ရှင်များသို့ ထပ်မံလေလံပစ်မည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

အောင်သူ (ဒေးဒရဲ)
yangonmedia.com

ဆိုက်ဘာ မှုခင်းများအား မြို့နယ် ရဲစခန်းတွင် တိုင်ကြားနိုင်



ပြည်သူမှ ဆိုက်ဘာနှင့်ပတ်သက်သည့် မှုခင်းများ အား သက်ဆိုင်ရာမြို့ နယ်ရဲစခန်းတွင် တိုင်ကြား မှုများ ဆောင်ရွက်နိုင်ပြီး ယင်းမှုခင်းများ ကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့ မှုခင်းရဲ တပ်ဖွဲ့မှ ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုရဲမှူးကြီး ထွန်းနေဝင်း ကပြော သည်။ ''Cyber Crime နနဲ့ပတ်သက် ပြီး တိုင်ကြားမှုတွေရှိလာပြီဆို ရင် မှုခင်းရဲတပ်ဖွဲ့ကနေ တည်ဆဲ ဥပဒေနဲ့အညီ ကိုင်တွယ် ဖြေရှင်း ပေးသွား မှာပါ။ ရဲအရေးပိုင်တဲ့အ မှုရှိတယ်။ ရဲအရေးမပိုင်တဲ့အမှု ရှိတယ်။ ဒါမျိုးတွေတော့ကွဲပြား မှုရှိပါတယ်။ တိုင်ကြားမှုတွေရှိ လာရင်တော့ ရဲလုပ်ငန်းအတိုင်း အရေးယူမှုတွေ ဆောင်ရွက်ပေး သွားမှာပါ''ဟု စက်တင်ဘာ ၁၆ ရက်တွင် မိုက်ခရိုဆော့ဖ်မှ နည်း ပညာလုံခြုံရေးပိုင်း ဆွေးနွေးပွဲ၌ ဒုရဲမှူးကြီး ထွန်းနေဝင်း က ယင်း သို့ပြောသည်။


နည်းပညာပိုင်းအနေဖြင့် ကျွမ်းကျင်မှု ရှိစေရန်အတွက် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာ နနှင့် နိုင်ငံတကာမှအလုပ်ရုံဆွေး နွေးပွဲများ၊ သင်တန်းများတက် ရောက်ခြင်းများ ဆောင်ရွက်ခဲ့ ပြီး Cyber Security နှင့်ပတ်သက် သည်များကိုလည်း လေ့လာသင် ယူထားကြောင်း သိရသည်။ ''ဆိုက်ဘာမှုခင်းတစ်ခုကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ ကျွန် တော်တို့ ဌာနတစ်ခုတည်းနဲ့မဖြစ် ပါဘူး။ လက်ရှိမှာလဲ ဆိုက်ဘာနဲ့ ပတ်သက်ပြီး ကြီးကြီး မားမား တိုင် ကြားလာတာမျိုးတွေ မရှိသေးပါ ဘူး''ဟု ယင်းက ထပ်မံပြောသည်။

ဆိုက်ဘာမှုခင်းများကို ကိုင်တွယ်ဖြေရှင်းရာ၌ အခြားအဖွဲ့ အစည်းများဖြစ်သည့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၊ ဆက် သွယ်ရေးနှင့် သတင်းအချက်အ လက်နည်းပညာဝန်ကြီးဌာန၊Myanmar Computer Emergency Response team တို့နှင့် ပူးပေါင်း ဖြေရှင်းရန်လိုအပ်ကြောင်း၊ ဆိုက် ဘာဥပဒေကို ပြဋ္ဌဌာန်းနိုင်ရန် လက်ရှိဆက်သွယ်ရေးဥပဒေကို အခြေခံ၍ ပူးပေါင်းပါဝင်ရေးဆွဲရန်လို အပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ ဘလော့ ဂါတစ်ဦးဖြစ်သူ ဦးနေဘုန်းလတ် က ''နောက်ပိုင်းမှာ ဆိုက်ဘာ ကို အသုံးပြုပြီး အသရေဖျက်တာ တွေ၊ မှုခင်းတွေအများကြီးပိုကြုံ လာမှာပါ။ အဲဒီအတွက် Cyber Police တွေထားရှိဖို့ လိုလာပါပြီ။ ဥပမာ ဒေါက်တာဆိတ်ဖွားကိစ္စ မျိုးဆိုရင် ဆိုက်ဘာ ကနေ တစ်ဆင့် ဖြစ်တာပါ။ ဒီလိုတွေအများကြီး နောက်ပိုင်းဖြစ်လာနိုင်တယ်။ မြန်မာ နိုင်ငံမှာ နည်းပညာနဲ့ပတ်သက်ပြီး နောက်ပိုင်း ကျယ်ပြန့်လာမှာဆို တော့ မှုခင်းတွေကလဲ ပိုဖြစ်လာ မှာသေချာပါတယ်''ဟု ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်အနေဖြင့် e-Government လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် G to C လုပ်ငန်း အနေနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ဝက်ဘ် ဆိုက် www.myanmarpoliceforce.org နှင့် ဖေ့စ်ဘွတ်ခ်စာ မျက်နှာ တွင် ရဲဇာနည် အမည်ဖြင့် ၂၀၁၂ခုနှစ် အောက်တိုဘာမှစ တင်၍ လွှင့်တင်ပေးခဲ့ပြီး ယင်း ဝက်ဘ်ဆိုက်တွင် မှုခင်းသတင်း များ၊ ရဲတပ်ဖွဲ့၏လုပ်ဆောင်ချက် များ၊ ပြည်သူသို့ အသိပေးကြေ ညာချက်များ၊ ဥပဒေစာအုပ်များ ထားရှိပြီး ရဲလုပ်ငန်းနှင့် ပတ်သက် ၍ ပြည်သူတို့၏နစ်နာချက်များ အတွက် တိုင်ကြားနိုင်ကြောင်း သိရသည်။

 ရန်ကုန်မြို့ရှိ အင်တာနက်ကဖေးဆိုင်တစ်ဆိုင်တွင် အင်တာနက်သုံးစွဲနေသူများကိုတွေ့ရစဉ်။ Photo/AFP

ဖူးပွင့်သော်
yangonmedia.com

မြို့တော်ခန်းမရှေ့ အလုပ်သမားများ သပိတ်စခန်းဖွင့် အကြမ်းဘက်နှိမ်နင်းခြင်း မပြုရန်မေတ္တာရပ်ခံ

စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့် တွင်ဒဂုံဆိပ်ကမ်း စက်မှု ဇုံ ဟုန်ချင်း အအေးခန်း စက်ရုံ က အလုပ်သမား ၁၂၀ ခန့် သည်မြို့တော်ခန်းမ ရှေ့ ၌သပိတ်စခန်းဖွင့်လှစ်ရန်ရောက်ရှိလာပုံ။
ဓါတ်ပုံ။အိမွန်ကျော်


ရန်ကုန်မြို့ တော်ခန်းမရှေ့ တွင် ထိုင်သပိတ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော သားသမီးအရွယ် ဟုန်ချင်း အအေးခန်း စက်ရုံ ကအလုပ်သမား ၁၂၀ ခန့် အား အကြမ်းဘက်နှိမ်နင်းခြင်း မပြုရန်မေတ္တာရပ်ခံပါသည်။

Nik Nayman

ရန်ကုန်မြို့တော်ခန်းမ ရှေ့ဟုန်ရှင်း အလုပ်သမားများသပိတ်စခန်းကို အလှုရှင်တချို့ အစားအသောက်များ စတင် ကူညီလာပြီး၊ အာဏာပိုင်များဘက်မှလဲ ရဲကား (၈) စီးခန့်ကို မြို့တော်ခန်းမထဲတွင် အသင့် နေရာယူထားပါသည်။ အရပ်ဝတ်ထောက်လှမ်းရေးများကို ပိုမိုအင်အားသုံးစေလွတ်နေပြီး၊ သပိတ်မှောက် အလုပ်သမားများကို ထိုးဖောက် နိုင်ရန် ပြုလုပ်နေပါပြီ၊၊

အလုပ်သမားသပိတ်စခန်း၊ ရန်ကုန်၊
အချိန် - ညနေ ၅ နာရီ ၅၀ မိနစ်။


Credit : http://www.yeyintnge.com/2013/09/blog-post_2395.html#.Uj-rPVMR8YI

ဖမ်းဆီးခံ အမျိုးသမီး နိုင်ငံရေးလှုပ်ရှားသူများ လွှတ်ပေးရန် တောင်းဆိုချက် အတွက် လက်မှတ်ကောက်



အဖမ်းဆီးခံ အမျိုးသမီး နိုင်ငံရေး လှုပ်ရှားသူများ ဖြစ်သည့် ဒေါ်နော်အုန်းလှ၊ ဒေါ်ဘောက်ဂျာ၊ ဒေါ်ခင်မိမိခိုင်နှင့် ဒေါ်မြင့်မြင့်အေးတို့ အပါအဝင် အခြားဖမ်းဆီးခံ နိုင်ငံရေး လှုပ်ရှားသူများ အားလုံး ကို အမြန်ဆုံး လွှတ်ပေးရန်အတွက် လက်မှတ် ကောက်ခံကာ သက်ဆိုင်ရာသို့ တောင်းဆို သွား မည် ဖြစ်ကြောင်း အရပ်ဘက် အဖွဲ့အစည်း တစ်ခု ဖြစ်သည့် ဖန်တီးအိမ်မှ ဒါရိုက်တာ ဒေါ်ရွှေရွှေ စိန်လတ် က The Voice သို့ ပြောကြားသည်။


နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးများကို အကြမ်းဖက် ဖမ်းဆီးခြင်းသည် အမျိုးသမီးအရေးနှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ဖြစ်သည့် ကုလသမဂ္ဂက ချမှတ်ထားသော UN Security Council Resolution 1325 နှင့် မညီဘဲ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်လာမှုကို ဟန့်တားစေကြောင်း၊ အမျိုးသမီးများမပါဘဲ ငြိမ်းချမ်းရေး ရရှိနိုင်မည် မဟုတ်ကြောင်း ၎င်းကပြောသည်။

အထက်ပါ တောင်းဆိုချက်ကို သက်ဆိုင်ရာအစိုးရ၊ လွှတ်တော်နှင့် နိုင်ငံတကာအဖွဲ့စည်းများသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ “နိုင်ငံရေးလှုပ်ရှားတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးထောင်ချမှုတွေ ပြုလုပ်တာဟာ နောင်မလုပ်ရဲအောင် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှုကို ဟန့်တားသလို ဖြစ်နေတယ်။ အမျိုးသမီးတွေ ပါဝင်မှုမရှိတဲ့ ဘယ်အရာမှ မတိုးတက်ဘူး” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က သုံးသပ်သည်။

အစိုးရသစ် လက်ထက်အတွင်း နိုင်ငံရေး လှုပ်ရှားသူများ၊ ဆန္ဒထုတ်ဖော်သူများကို အရေးယူမှုများ ရှိလာပြီး ဖမ်းဆီး ထိန်းသိမ်းခံရခြင်း အပါအဝင် အရေးယူခံရသူ ၃၀၀ ထက်မနည်း ရှိနိုင်ကြောင်း Generation Wave မှ ဦးတင်မျိုးထွဋ်က ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသမီးများ ဖိုရမ်ကို ပြည်တွင်းတွင် ပထမဆုံးအဖြစ် စက်တင်ဘာ ၂၀ မှ ၂၂ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့သည်။

Credit : http://www.yeyintnge.com/2013/09/blog-post_8769.html#.Uj-rM1MR8YI