Monday, September 23, 2013

ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန်ရေးသားဖော်ပြသူ ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောပြီ


Photo:

ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန် ရေးသား ဖော်ပြသူက ကိုယ့်တာဝန် ကိုယ်ယူရမည် ဟု ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက မီဒီယာသမား များအား Myanmar Peace Centre ၌ တွေ့ဆုံ ပြောဆို လိုက်သည်။


အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်က နိုင်ငံခြား၌ ငွေ စာရင်းဖွင့်ထားသည့် သတင်းထွက်ပေါ်ဟူသော သတင်းခေါင်းစဉ်ဖြင့် ၄င်းအမည်တပ် ရေးသား ဖော်ပြမှုအား ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။ “စာပေလွတ်လပ်ခွင့် က မှန်မှန်ကန်ကန်ရှိရမှာပေါ့ဗျာ။ မှန်ကန်တဲ့သတင်းပဲပေးရမှာပေါ့။ ခုတော့ ဒီလိုမဟုတ်ဘဲ မမှန်ကန်တဲ့သတင်းဆိုတော့ ဒါဟာ လူ့အခွင့် အရေးကိုချိုးဖောက်တာပဲ”ဟု ၀န်ကြီးဦးစိုးသိန်းကပြောသည်။

အကယ်၍ ဂျာနယ်က ဖော်ပြသည့်သတင်းမှန်ကန်ပါက သက်သေအထောက်အထားနှင့်တကွ ဖော်ပြစေ လိုကြောင်းနှင့် ဟုတ်မှန်ပါက ၄င်းကို စစ်ဆေး၍ ထောင်ချနိုင်ကြောင်း ဦးစိုးသိန်းက ထပ်လောင်း ဆိုခဲ့ သည်။

နိင်ငံတော်အစိုးရ၏ ပြည်ထောင်စုဝန်ကြီးများထဲ၌ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့မှာ ပြုပြင်ပြောင်းလဲ မှု ကဏ္ဍနှင့် နိုင်ငံတကာ ဆက်ဆံရေး ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတို့၌ လှုပ်ရှားပါဝင်မှု အများဆုံးဖြစ်သည့် အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုတို့နှင့် တွေ့ထိမှု အများစုပြုလုပ်နိုင်ခဲ့ကြသူများဖြစ်သည်။

From: popular

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။