Friday, September 6, 2013

အစွမ်းထက်တဲ့ ခင်ပွန်းသည်



အမျိုးသားတစ်ဦးက သူ၏ ဇနီးကို ``ငါ့ရဲ့ ဓာတ်ပုံကို ရုံး သွားတိုင်း မင်းရဲ့ လက်ကိုင်အိတ်ထဲ အမြဲဆောင် သွား တာ ဘာကြောင့်လဲကွ``ဟုမေးရာ ဇနီးသည်က ``သြော် … ဒီလိုပါ။


တကယ်လို့ ပြဿနာတစ်ခုခု ပေါ်လာတဲ့အခါ ဘယ် လောက်ပဲ ကြီးမားတဲ့ကိစ္စပဲဖြစ်ပါစေ၊ ရှင့်ဓာတ်ပုံ ထုတ်ကြည့်လိုက်ရင် အဲဒီပြဿနာက ပျောက်သွားတယ် ရှင့်`` ဟုဖြေလိုက်သည်။

``သြော် … ဒါဆို ငါဟာ မင်းအတွက် ဘယ်လောက် လို အပ်တယ်၊ စွမ်းဆောင်ပေးနိုင်တယ်ဆိုတာ မင်း သိပြီ ပေါ့`` ဟု အမျိုးသားက ကျေနပ်သဘောကျသလို ခပ် လွန့်လွန့် ပြုံးကာ ပြောလိုက်သည်။ 

ထိုအခါ ဇနီးသည်က တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်မှာ… ``ဟုတ်တယ်။ ကျွန်မ ရှင့်ဓာတ်ပုံကို ကြည့်လိုက်ပြီး ကိုယ့်ကိုကိုယ် နှစ်သိမ့်လိုက်တယ်။ ဒီဟာထက်ပိုပြီး ကြီးမားစိတ်ပျက်စရာ ကောင်းတဲ့ ပြဿနာ ဘာမှမရှိပါဘူးလို့``

မိုးကောင်းကင်

Credit : http://www.todaymyanmar.net/2013/09/blog-post_6083.html

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၌ ဝန်ထမ်းအိမ်ရာ သုံးလွှာမှ ပြုတ်ကျသေဆုံး



နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက် ဝန်ထမ်းအိမ်ရာ တိုက်အမှတ်(၁၃၆၆) အခန်း(၂၆)တွင် နေထိုင်လျက်ရှိသော ရုံးအကူယာဉ်မောင်း တာဝန်ထမ်း ဆောင်နေသည့် နေလင်းအောင် အသက် (၃၀)နှစ်သည် စက်တင်ဘာ ၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် ဝန်ထမ်း အိမ်ရာလေးလွှာတိုက်၏ သုံးလွှာမြောက် အခန်း(၂၆)မှ ပြုတ်ကျ သေဆုံး ကြောင်း သိရသည်။

အဆိုပါသေဆုံးမှုဖြစ်ပွားကြောင်း အကြောင်း ကြား သဖြင့် ရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးစောလင်းနှင့်အမှတ်(၃)နယ်မြေရဲစခန်းမှူး ရဲအုပ် ထွန်းထွန်းဦး နှင့် အဖွဲ့လာရောက်စစ်ဆေး၍ ခုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပြီး အမှတ်(၃) နယ်မြေရဲစခန်းက သေမှု သေခင်းအမှတ် ၂/၂၀၁၃ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

(ကျော်သူရ-နေပြည်တော်)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

လူထု ခေါင်းဆောင် ၄ ဦးကို ထောင်ချ၍ ကျောက်တော်တွင် မကျေနပ်မူ တိုးပွား


kYAUK-tAW

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ လူထု ခေါင်း ဆောင် ၄ ဦးအား ထောင် (၃) လစီ အသီးသီး ချမှတ်လိုက်သည့် အပေါ် ကျောက်တော်တွင် မကျေ နပ်မူများ တိုးပွားနေကြသည်ဟု သတင်း ရရှိသည်။


“ သူတို့က လူထု ခေါင်းဆောင်တွေပါ။ အများ အကျိုးအတွက် လုပ်နေကြတဲ့သူတွေပါ။ အင်မ တန်မှ မြို့ကို ချစ်ကြတဲ့သူတွေပါ။ ဆန္ဒပြပွဲကို စည်း ကမ်း စနစ်တကျ ဖြစ်စေဖို့ စီစဉ် ဆောင်ရွက်ခဲ့ကြတဲ့ သူတွေပါ။ ငွေဒဏ်လောက်နဲ့ ကျေအေးသင့်ပါတယ်။ အခုတော့ သူတို့ကို ထောင် (၃) လစီ ချမှတ် လိုက်တော့ ကျွန်တော်တို့ အပါအ၀င် ကျောက်တော် တစ်မြို့ လုံးက မကျေမနပ် ဖြစ်သွားပါတယ်” ဟု ကျောက်တော် မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ဦးစောငြိမ်းက ပြောသည်။

သူတို့ အမူအား ကျောက်တော်မြို့နယ် တရားရုံးတွင် လေးကြိမ် လေးခါ စစ်ဆေးခဲ့ပြီး အမူအား စစ်ဆေးစဉ် မြို့မိမြို့ဖများက လိုပြ သက်သေ အဖြစ် တက်ရောက်ခဲ့ပြီး သူတို့ ၄ ဦးမှာ ခေါင်းဆောင်များ မဟုတ်ကြဘဲ မြို့မိ မြို့ဖများသာ ခေါင်းဆောင်များ ဖြစ်ကြသည်ဟု ထွက်ဆိုခဲ့သော်လည်း ထွက်ဆိုချက်များကို ပယ်ချကာ တရားရုံးက သူတို့ ၄ ဦးအား ထောင်ဒဏ် (၃) လစီ အပြစ်ပေးခဲ့သည်ဟု ဆိုသည်။

ထောင်ဒဏ် ၃ လစီ ချမှတ်ခံရသူများမှာ လူထု ခေါင်းဆောင် ဒေါ်လှမေ၊ ဒေါ်တင်တင်အေး၊ ဦးမောင်ဝင်းနှင့် ဦးသိန်း လှိုင်တို့ ဖြစ်ကြသည်။ ဆန္ဒဖေါ်ထုတ်သည်မှာ ပြည်သူ လူထု ရပိုင်ခွင့်ဖြစ်ပြီး ဆန္ဒဖေါ်ထုတ် သူများကို ထောင်ချသည်မှာ လုံးဝ မဖြစ်သင့်ကြောင်း ဦးစောငြိမ်းက ဆိုသည်။

“ ဆန္ဒထုတ်ဖေါ်တာဟာ ပြည်သူ လူထုရဲ့ ရပိုင်ခွင့်ပါဘဲ။ ခုလို ဆန္ဒဖေါ်ထုတ်တဲ့ သူတွေကို ထောင်ချတာ ကတော့ လုံးဝ မသင့်တော်ဘူးလို့ ယူဆပါတယ်။ ကျနော်တို့အနေနဲ့ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး အယူခံ ၀င်သွားပါမယ်” ဟု ၎င်းက ပြောသည်။

ယခုနှစ်မတ်လ ၇ ရက်နေ့က ရခိုင်ပြည်နယ် အနှံ့အပြားတွင် အိုးအိမ်မဲ့ ဖြစ်သွားသော ဘင်္ဂလီ လူမျိုးများအား ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေအရ စိစစ်ပြီး လုံးချင်းအိမ်ယာများ ဆောက်ပေးရန် ခွင့်ပြုချက်မရဘဲ တောင်းဆို ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ရာ ကျောက်တော်မြို့တွင်လည်း လူပေါင်း ၃၀၀၀ ခန့်က ပိုစတာများ၊ ဆိုင်းဘုတ်များကိုယ်စီကိုင်ပြီး လမ်းပေါ်ထွက်ချီတက် ဆန္ဒပြခဲ့ကြသည်။

ထိုအထဲမှ သူတို့ ၄ ဦးအား ခွင့်ပြုချက်မရဘဲ ဆန္ဒပြသည်ဟု ဆိုကာ ကျောက်တော်မြို့မ ရဲစခန်းမှ တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ပြီး ကျောက်တော်မြို့နယ် တရားရုံးက စက်တင်္ဘာလ၄ ရက်နေ့က ထောင် (၃) လ စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထောင်ချခံရသူ ၄ ဦးအား ကျောက်တော်မြို့မှ စစ်တွေသို့ ချက်ချင်း ယူဆောင်လာပြီး စစ်တွေထောင်ကို ပို့လိုက်ကြောင်း ရခိုင် အမျိုးသမီး ကွန်ယက်မှ ခေါင်းဆောင်တဦး ဖြစ်သူ ဒေါ်ညိုအေး က နိရဉ္စရာသို့ ပြောသည်။

“ မနေ့က ကျောက်တော်မြို့မှာ သူတို့ကို တရားရုံးက စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ စီ အမိန့်ချပါတယ်။ သူ တို့ကို ကျောက်တော်က ကားနဲ့ခေါ်ယူလာပြီးတော့ စစ်တွေမြို့ကို ည ၈ နာရီမှာ ၀င်ပါတယ်။ အမှတ် ၁ ရဲစခန်း မှာ တည ချုပ်ပြီး တော့ ဒီနေ့ စက်တင်္ဘာ ၅ ရက်နေ့ မနက် စောစောက စစ်တွေထောင်ကို ပို့လိုက်ပါ တယ်” ဟု ဆိုသည်။

စစ်တွေမှ ဒေါ်ညိုအေးနှင့် ဦးကျော်ဇောဦးတို့ကိုလည်း စစ်တွေတွင် ခွင့်ပြုချက်မရဘဲ ဆန္ဒဖေါ်ထုတ်မူဖြင့် တရားစွဲဆိုထားပြီး အမူကို ရင်ဆိုင်နေကြရသည်ဟု သိရသည်။

သူတို့အား စက်တင်္ဘာလ ၅ ရက်နေ့က ရုံးချိန်း ရှိခဲ့သော်လည်း တရားသူကြီး အနားယူထားသဖြင့် နောက် တရားသူကြီးသစ် တစ်ဦးက စက်တင်္ဘာလ ၁၇ ရက်နေ့ကို ရုံးပြန်ချိန်းလိုက် သည်ဟု ဒေါ်ညိုအေး က ပြောသည်။

၎င်းအပြင် တောင်ကုတ်မှ ဦးစိုးဝင်းအမှုကို ကျန်းမာရေးအရ ခွင့်တင်လိုက်ပြီး မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင် များ၏ အမှုကို ယခုလ ၁၂ ရက်နေ့တွင် ဆုံးဖြတ်မည်ဟု သိရှိရသည်။

Credit : http://www.narinjara.com/burmese/?p=6867

တရုတ်ရွှေကြက်ဖ ရုပ်ရှင်ပွဲတော် တွင် အာဒံရယ် ဧ၀ရယ် ဒဿရယ် ရုပ်ရှင် ပြသခွင့် ရွေးချယ်ခြင်း ခံရ



မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ မြန်မာ့ရုပ်ရှင် ဇာတ်ကား များကို အရည်အသွေး ကောင်းအောင် ၊ အဆင့်မီအောင် ဆောင်ရွက်လျက် ရှိရာတွင် အာရှ ရုပ်ရှင် ပွဲတော်များ အထိ ပါ ပြသခွင့် ရရှိခဲ့သော ဇာတ်ကား များလည်း ရှိပြီ ဖြစ်သည်။


ယခုအခါ တရုပ်ရုပ်ရှင် ပညာရှင် အသင်းမှ ကြီးမှူး ကျင်းပ သော ၂၂ ကြိမ်မြောက် တရုတ်ရွှေကြက်ဖ ရာပန်း ရုပ်ရှင် ပွဲတော် ကို ၀ူဟန် တွင် စက်တင်ဘာလ ၂၄ ရက်မှ ၂၈ ရက် ထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ပွဲတော် တွင် ပြသရန် မြန်မာနိုင်ငံ မှ ရုပ်ရှင်ကား များစွာကို ရွေးချယ်ခဲ့ရာ Heart and Soul ရုပ်ရှင် ထုတ်လုပ်ရေး မှ ထုတ်လုပ် ထားပြီး ဒါရိုက်တာ ၀ိုင်း ရိုက်ကူးထားသည့် အာဒံရယ် ဧ၀ရယ် ဒဿရယ် အမည်ရှိ ရုပ်ရှင် ဇာတ်ကားကို ရွှေကြက်ဖ ရာပန်း ရုပ်ရှင်ပွဲတော် တွင် ပြသရန် ရွေးချယ် ထားကြောင်း သိရသည်။

အာဒံရယ် ဧ၀ရယ် ဒဿရယ် ရုပ်ရှင် ဇာတ်ကားတွင် ပြေတီဦး ၊ စိုင်းစိုင်းခမ်းလှိုင် နှင့် သက်မွန်မြင့် တို့ အဓိက သရုပ်ဆောင် ထားပြီး ၂၀၁၀ ပြည့်နှစ် အကယ်ဒမီ ပေးပွဲတွင်လည်း အမျိုးသား ဇာတ်ဆောင်ဆု ၊ အမျိုးသမီး ဇာတ်ဆောင်ဆု ၊ ရုပ်ရှင် ထုတ်လုပ်ရေး ဆုများ ဆွတ်ခူး ခဲ့သည့် ဇာတ်ကား တစ်ကားလည်း ဖြစ်ကြောင်း သိရှိရသည်။

Credit : http://themyawadydaily.blogspot.com/2013/09/blog-post_9087.html

ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် ကျပ်သန်းပေါင်း ၄၁၄၃ သန်းကျော် အသုံးပြုသွားမည်ဟုဆို


Kyaw-taw

အသစ်တိုးချဲ့ ဖွဲ့စည်းလိုက်သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန လက်အောက်ခံ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျပ်သန်းပေါင်း ၄၁၄၃ ဒဿမ ၅၀၃ သန်းသုံးစွဲရန် လျာထားကြောင်း သတင်း ရရှိသည်။


၎င်းလျာထားငွေထဲမှ လမ်းတံတားအတွက် ကျပ် သန်းပေါင်း ၃၅၇၉ ဒဿမ ၉၀၃ သန်းကို သုံးစွဲမည် ဖြစ်ပြီး ရေပေးဝေရေး အတွက် ကျပ်သန်းပေါင်း ၂၄၆ သန်း၊ ကျန်းမာရေး အတွက် ကျပ်သန်း ၃၀၊ မီးလင်းရေး အတွက် ကျပ်သန်းပေါင်း ၁၉၄ သန်း၊ အိမ်ယာအတွက် ၈၁ ဒဿမ ၆၀၀ သန်း၊ အလုပ်အကိုင်အတွက် ကျပ် ၁၂ သန်း သုံးစွဲသွားမည်ဟု ဆိုသည်။

ထိုသို့ သုံးစွဲသွားမည်ကို သြဂတ်စ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ MPC ခန်းမတွင် ပြုလုပ်သော နိုင်ငံတော် သမ္မတကြီး၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် NGOs များ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့် တင်သွင်းသော စာတန်းတွင် ဖေါ်ပြထားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက် ဒေသ ဖွံဖြိုး တိုးတက်ရေး အတွက် ကျပ်သန်းပေါင်း ၇၅၀၁၅ ဒဿမ ၅၁၃ ထိ သုံးစွဲရန် လျာတား ထားကြောင်း အဆိုပါ စာတန်းတွင် ဖေါ်ပြသည်။

အဆိုပါ ကဏ္ဍ (၆) ခုအတွက် ၂၀၁၃-၂၀၁၄ အတွင်း ကချင်ပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၆၅၄ ဒဿမ ၅၉၈ သန်း၊ ကယားပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၁၄၅ ဒဿမ ၃၃၁သန်း၊ ကရင်ပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၃၃၇ ဒဿမ ၃၅၂ သန်း၊ ချင်းပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၅၅၁ ဒဿမ ၆၁၀ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် ကျပ်သန်းပေါင်း ၈၇၈၄ ဒဿမ ၆၉၄ သန်း၊ တနင်္သာရီ တိုင်းဒေသကြီးအတွက် ကျပ်သန်းပေါင်း ၃၈၆၀ ဒဿမ ၅၂၅ သန်း၊ ပဲခူးတိုင်း ဒေသကြီး အတွက် ကျပ်သန်းပေါင်း ၆၆၆၆ ဒဿမ ၈၅၀ သန်း၊ မကွေးတိုင်း ဒေသကြီးအတွက် ကျပ်သန်းပေါင်း ၃၈၂၂ ဒဿမ ၆၂၇ သန်း၊ မန္တလေးတိုင်း ဒေသကြီး အတွက် ကျပ်သန်းပေါင်း ၃၃၅၀ ဒဿမ ၁၆၂ သန်း၊ မွန်ပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၂၈၅ ဒဿမ ၆၈၆ သန်း၊ ရန်ကုန်တိုင်း ဒေသကြီး အတွက် ၆၃၈၁ ဒဿမ ၅၁၆ သန်း၊ ရှမ်းပြည်နယ် အတွက် ကျပ်သန်းပေါင်း ၁၇၁၆၉ ဒဿမ ၉၄၃ သန်း၊ ဧရာဝတီ တိုင်း ဒေသ ကြီးအတွက် ၃၈၆၁ ဒဿမ ၁၁၆ သန်း လျာထားသည်ဟု စာရင်းတွင် ဖေါ်ပြသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနကို ၂၀၁၃ ခုနှစ် သြဂတ်စ်လ ၁၀ ရက်နေ့က တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး အဆိုပါ ၀န်ကြီးဌာန အနေဖြင့် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမူ လျော့ချရေးကို ဗဟာဗျူဟာမြောက် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်၏ စာတန်းတွင် ဖေါ်ပြထားသည်။

Credit : http://www.narinjara.com/burmese/?p=6857

ကိုယ်ပိုင်မော်တော်ယာဉ် မသုံးရနေ့ ပထမဆုံးအကြိမ် ကျင်းပမည်



ကမ္ဘာ့ကားမသုံးရနေ့ ကို စီးပွားရေးမြို့တော် ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် စည်ကား သိုက်မြိုက် စွာ ကျင်းပမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသ ကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ မှ သိရသည်။


၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်၌ ကျရောက် မည့် ကမ္ဘာ့ ကားမသုံးရနေ့ ကို ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာ နယ်နိမိတ် အတွင်းရှိ လှိုင်သာယာ ၊ ရွှေပြည်သာ ၊ မင်္ဂလာဒုံ ၊ မြောက်ဒဂုံ ၊ တောင်ဒဂုံ ၊ ဒဂုံ (အရှေ့ပိုင်း) နှင့် ဒဂုံ (ဆိပ်ကမ်း) မြို့နယ်များမှ အပ ကျန်မြို့နယ် များတွင် ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့ ကို ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေ့တွင် မထသ(ဗဟို) ဥက္ကဋ္ဌ ဖြစ်သော ဦးလှအောင် ၊ အရိုးရောဂါ ဌာနမှ ပါမောက္ခ ဒေါက်တာ သစ်လွင် ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ဥက္ကဋ္ဌ ဦးအောင်မြင့် နှင့် ရန်ကုန်တိုင်း ဒေသကြီး ဒုတိယ ရဲမှူးကြီး ဦးအောင်နိုင် တို့က ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟို ကော်မတီတွင် လာရောက် ဟောပြော ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့ကို နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိသာ သတ်မှတ် ထားပြီး ယင်းနေ့တွင် အသုံးပြု ရသည့် ယာဉ်များ၏ နံပါတ်မှတ်ကာ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံး သို့ ပို့ဆောင်ပြီး လိုင်စင် ဆောင်သည့် အချိန်တွင် ဒဏ်ကြေး သတ်မှတ်ကာ ဆောင်ရွက် သွား မည် ဖြစ်ကြောင်း မထသ(ဗဟို) မှ ဥက္ကဋ္ဌ ဦးလှအောင် က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

Credit : http://themyawadydaily.blogspot.com/2013/09/blog-post_372.html