Friday, June 14, 2013
ထိုင်း ခရီးသွားတွေ အကာအကွယ်ပေးရေး မြန်မာ အစိုးရကို တောင်းဆို
“၀”လက်နက်ကိုင်တွေက ထိုင်းလူမျိုး ၅ ဦးကို ပြန် ပေးဆွဲ ငွေညှစ်ခဲ့တာကြောင့် မြန်မာပြည် သွားရောက်လည်ပတ်တဲ့ ထိုင်းလူမျိုး တွေကို အကာအကွယ်ပေးဖို့ မြန်မာ အစိုးရကို ထိုင်း အာဏာပိုင်တွေက တောင်းဆိုလိုက်ပါတယ်။
မနေ့က တာချီလိတ်မြို့မှာ ကျင်းပတဲ့ နှစ်နိုင်ငံ နယ်ခြားကော်မတီ(TBC) အစည်းအဝေးမှာ ထိုင်းတပ်မတော် အထူးတပ်ဖွဲ့ က ဗိုလ်မှူးကြီး ထာနတ်ဖွန် ကော့စိုင်စ၀ီ(Thanadpol Kosaisewi)က တောင်းဆိုလိုက်တာဖြစ်တယ်လို့ ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းမှာ ရေးသားထားပါတယ်။
ပြန်ပေးဆွဲခံရတဲ့ ထိုင်း ၅ ဦးဟာ ပြီးခဲ့တဲ့ မေလအတွင်းက တလ နီးပါးကြာ တာချီလိတ်မြို့ ဟိုတယ်တခုမှာ နေခဲ့ရပြီး ပြန်ပေးငွေ ထိုင်းဘတ် ၆ ဘီလီယံ(အမေရိကန် ဒေါ်လာ သန်း ၂၀၀)ခန့် ပေးဖို့ ငွေညှစ်ခံခဲ့ရပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံကို ပြန်လည် ရောက် ရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဆိုပါတယ်။
တာချီလိတ် ဒေသအာဏာပိုင်တွေနဲ့ နီးစပ်သူတဦးကလည်း ပြန်ပေးငွေ အတောင်းခံရတဲ့ အဖြစ်အပျက်ဟာ မှန်ကန်ကြောင်းနဲ့ ထိုင်း လူမျိုးတွေနဲ့ “၀” လက်နက်ကိုင် အုပ်စုကြားမှာ ငွေကြေး အရှုပ်အရှင်းတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“ထိုင်းတွေက ၀တွေပိုင်တဲ့ ဗိုလ်ချုပ်လမ်းက မယ့်ခေါင်မြစ် ဟိုတယ်(ကိုးထပ်ဟိုတယ်) မှာ ကာဆီနို အမြဲလာကစားတယ်၊ အဲဒီမှာ ပေးဖို့ ပိုက်ဆံမပေးဘဲ ထွက်ပြေးသွားလို့ ၀ တွေက ကျန်တဲ့လူတွေကို ဖမ်းထားပြီး ငွေပြန်တောင်းတာပါ၊ ဒီအတိုင်း အသားလွတ် ထိုင်းလူမျိုးတွေကို ဖမ်းပြီးငွေညှစ် တာမဟုတ်ပါဘူး”လို့ တာချီလိတ် အာဏာပိုင်တွေနဲ့ နီးစပ်သူက ဆိုပါတယ်။
နောက်ပိုင်းမှာ ပြန်ပေးဆွဲခံရသူတွေရဲ့ မိဘတွေက လာပြီး ညှိနှိုင်းတဲ့အတွက် ထိုင်းလူမျိုး ၅ ဦးကို တာချီလိတ် မြို့ နဲ့ ၅ မိုင် အကွာ မှာရှိတဲ့ မယ်ယန်းဂိတ်နားမှာ လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနဲ့ ဆက်စပ်နေတဲ့ “၀” တောင်ပိုင်း ပြဿနာနဲ့ ၀ပြည်နယ်တောင်းဆိုမှုကြောင့် မြန်မာစစ်တပ်နဲ့ ၀ပြည် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ (UWSA)ကြား တင်းမာမှု အနည်းငယ်ရှိနေချိန် အခုလို ထိုင်း စစ်တပ်ရဲ့ တောင်းဆိုမှု ထွက်ပေါ်လာခြင်းဟာ ထူးခြားတယ်လို့ ဆိုရမှာပါ။
ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) ပြောခွင့်ရ ဦးအောင်မြင့်ကတော့ “ဒီသတင်းကို မကြား ရသေးဘူး၊ ဒါပေမယ့် ဘယ်လို ကြောင့်“ ၀”လို့ စွပ်စွဲတာလဲ ဆိုတာ လူကြီးတွေကိုတင်ပြပြီး စုံစမ်းကြည့် ရမယ်”လို့ ဧရာဝတီကို ပြောပါတယ်။
ထိုင်း- မြန်မာနယ်စပ်ချင်းထိစပ်နေတဲ့ တာချီလိတ်မြို့ဟာ နေ့စဉ် ထိုင်းလူမျိုး ခရီးသွားများ ရာနဲ့ချီပြီး လာရောက်လည်ပတ် ဈေး ၀ယ်ကြသလို တခြားသော နိုင်ငံခြားသားများလည်း လာရောက်တဲ့မြို့ဖြစ်ပြီး ငွေကြေးတတ်နိုင်တဲ့ ထိုင်းလူမျိုးတချို့ကတော့ တာချီလိတ်မြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ ကာဆီနို လောင်း ကစားဝိုင်းတွေမှာ လာရောက် ကစားကြပါတယ်။
နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားထိပ်မှာ တောင်ကုန်းပေါ်မှာ ဖွင့်လှစ်ထားတဲ့ ရက်ဂျီနား ဟိုတယ်ဟာ ဆိုရင်လည်း ထိုင်းလူမျိုး လုပ် ငန်းရှင်တဦး ဖွင့်လှစ်ထားတာဖြစ်ပြီး နယ်စပ်ဖြတ်ကျော်လည်ပတ်ခွင့်ရတဲ့ ထိုင်းခရီးသွားတွေဟာ ကျိုင်းတုံမြို့အထိ သွားရောက် လည်ပတ်ခွင့်ပြုထားပါတယ်။
အဲဒီအပြင် ထိုင်း လူမျိုးအများအပြားလည်း မြန်မာနိုင်ငံကို လေကြောင်း ခရီးလမ်းနဲ့ သွားရောက်လည်ပတ်မှု တွေလည်း ရှိလာနေပါတယ်။
Credit : http://abbsoluteright.blogspot.com/
မလေးရှားသို့ အင်တာနက် ဖုန်းခေါ်ဆိုမှု များပြားလာ
မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာလူမျိုးများ အသတ်ခံရမှုများကြောင့် ရန်ကုန်မြို့နှင့် အခြားမြို့ကြီး အချို့ရှိ အင်တာနက် ၀န်ဆောင်မှုဆိုင် များတွင် မလေးရှားသို့ ဖုန်းခေါ်ဆိုမှုများ များပြားလျက် ရှိသည်ဟု သိရသည်။
ရန်ကုန်မြို့ ဒဂုံမြောက်ပိုင်းရှိ အင်တာနက်ဆိုင်များတွင် နေ့စဉ် နံနက် ၇နာရီမှ ၈နာရီခွဲအတွင်း ည ၇နာရီမှ ၁၁နာရီအထိမလေးရှားနိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်နေကြသော မိသားစုဝင်များရှိရာသို့ Skype ၊P-fingo များဖြင့် ဖုန်းခေါ်ဆိုမှုမှာယခင်လက တစ်နေ့လျှင် အကြိမ် ၂၀ခန့်သာရှိသော်လည်း ယခုအခါ အကြိမ် ၂၀၀နီးပါးအထိ များပြားလာနေကြောင်း ဆိုင်ပိုင် ရှင်များထံမှ သိရသည်။
“အရင်ကဆို ကျနော်တို့ဆိုင်မှာ မလေးနဲ့ ထိုင်းကို ဖုန်းခေါ်ဆိုကြိမ်နှုန်းက အတူတူလောက် ရှိတယ်။ ပြီးတော့ စင်္ကာပူ၊ ဒူဘိုင်း ပေါ့။ အခုတော့ မိသားစုဝင်တွေက မလေးမှာရှိနေတဲ့သူတွေကို စိတ်ပူကြပြီး ဖုန်းနဲ့ ဆက်သွယ်စကားပြောကြတာပေါ့။ အထူးသဖြင့် မြန်မာတွေ အသတ်ခံရတဲ့နေရာမှာ အလုပ်လုပ် နေကြ တဲ့သူတွေ ရှိတဲ့ဆီကို ပိုဆက်ကြတယ်။ နေ့ကောညပါ ဆက်နေကြ တာပါ။”ဟု တောင်ဥက္ကလာပရှိ အင်တာနက်ဆိုင်ရှင်က ရှင်းပြသည်။
အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အင်တာနက်ဆိုင်များမှာလည်း နေ့လည်ပိုင်းနှင့် ညဦးပိုင်းများတွင် မလေးသို့ ဖုန်းခေါ်ဆိုမှု များနေပြီး မြို့တွင်းသာမက အနီးနားရှိ ရွာများမှ လာရောက်ခေါ်ဆိုနေကြသလို ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ အင်တာနက်ဆိုင် များ၌လည်း တစ်မိနစ်ဖုန်းခေါ်ဆိုခ ၇၅ကျပ်ရှိပြီး ယခင် လများက တစ်လလျှင် ၁၀ကြိမ်ခန့်သာ ခေါ်ဆိုပေးရပြီး ယခုအခါ တစ်နေ့ လျှင် ၁၀ကြိမ်ကျော် ခေါ်ဆိုပေး နေရသည်။
မလေးရှားနိုင်ငံတွင် မေလ ၃၀ရက်နှင့် ၃၁ရက်နေ့မှစ၍ မြန်မာအလုပ်သမားများ အသတ်ခံရမှုများကြောင့် ပြည်တွင်းရှိ မိသားစု ၀င်များမှ စိတ်ပူပန်သဖြင့် ယခုကဲ့သို့ ဖုန်းခေါ်ဆိုမှုများ မြှင့်တက်လာရခြင်း ဖြစ်သည်။
Credit : http://abbsoluteright.blogspot.com/
နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် အစိုးရအား UNFC အကြောင်းကြား
စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးရန် အဆင်သင့် ဖြစ်နေပြီး ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက အကြောင်းကြား ခဲ့ပြီး ဖြစ်သည်ဟု ပြောရေး ဆိုခွင့်ရှိသူ ပဒို ဒေးဗစ်တာကပေါက ဆိုပါသည်။
အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီကလည်း တွေ့ဆုံမည်ဟု အကြောင်းပြန်ကြား ခဲ့သော်လည်း နေ့ရက်နှင့် နေရာကိုမူမသတ်မှတ် နိုင်သေးကြောင်းမြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ဒေါက်တာ ဇော်ဦးက ဆိုပါသည်။
UNFC သည်အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲ မကျင်းပမှီ နှစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ရန် လိုလားနေသည်ဟု ဆိုပါသည်။ ဤသို့ကြောင့် ဆွေးနွေးပွဲ အကြို ညှိနှိုင်းပွဲကို KNU အတွင်းရေးမှူး (၂) ဖြစ်သူ ပဒိုမန်းမန်းဦးဆောင်သော အဖွဲ့အား ဖွဲ့စည်းထားပြီး ဖြစ်ပါသည်။ အကြို ညှိနှိုင်းပွဲကိုလည်း UNFC နှင့် အစိုးရတို့၏ လာမည့် ဆွေးနွေးပွဲ အတွက် ချမှတ်ထားသင့်သော မူဘောင် သတ်မှတ်ရေး ကိစ္စကို ညှိနှိုင်းမည်ဖြစ်သည်။
UNFC သည် KIO နှင့် အစိုးရတို့ တွေ့ဆုံ ဆွေးနွေးကြပြီးမှ အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးရန် ဆုံးဖြတ် ထားခဲ့ပါသည်။ ဤသို့ကြောင့် KIO နှင့် အစိုးရတို့ မေလ (၂၉) ရက်နေ့ တွေ့ဆုံပြီးနောက်ပိုင်း အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်ဖြစ်လာခဲ့ပါသည်။
UNFC သည် အစိုးရနှင့် ဆွေးနွေးရမည့် မူဘောင်ကိုလည်း သတ်မှတ်ထားပြီး ဖြစ်သည့်အတွက် မဆွေးနွေးမှီ အစိုးရ ကိုယ်စားလှယ်များနှင့် ယုံကြည်မှု တည်ဆောက် လိုကြခြင်းဖြစ်ပါသည်။
Credit : http://abbsoluteright.blogspot.com/
ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေတွင်နေသည့် အိမ်များကို လူတစ်ထောင်ခန့်ဖြင့် ဖျက်ဆီး
ယင်းမြေများမှာ ကာကွယ်ရေး ဝန်ကြီး ဌာနပိုင် မြေများဖြစ်ပြီး လာရောက် ဖျက် ဆီးသူများမှာ ကာကွယ်ရေး ဝန်ကြီးဌာနအောက်ရှိ တပ်မြို့ စည်ပင် သာယာရေး အဖွဲ့ဝင်များ၊ ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားအင် အား ၁ဝဝဝ ခန့်က ယင်းနေ့ နံနက်ပိုင်း တွင် ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ယင်းမြေများပေါ်တွင် လွန်ခဲ့သော နှစ် ၂ဝ ကျော်ကပင် သက်သာရန်ပုံငွေများပေး၍ အိမ်ထောင်စု ၂ဝဝ ကျော်ကမြေငှားစနစ်ဖြင့် နေထိုင်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ အဆိုပါ အိမ်ထောင်စုများကို ကာကွယ်ရေးဝန်ကြီးဌာနက ယခုနှစ် ဧပြီလ ၃ဝ ရက်တွင် နောက်ဆုံးပြောင်း ရွှေ့ သွားရန်နှင့် ပြောင်းရွှေ့ခြင်းမရှိပါက တရားဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ် ကြောင်း လည်း ဧပြီလအတွင်းက သတိပေးထားပြီး တပ်မြို့ စည်ပင်ကလည်းပြောင်းရွှေ့ပေးရန် သတိပေး စာနှစ်ကြိမ် ပေးပို့ခဲ့သည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တပ်မြို့စည်ပင်သာယာရေးအဖွဲ့ရုံးမှ ကြီးကြပ်ရေးမှူး ဦးမိုးမင်းဝင်းက ''လုပ်ထုံး လုပ် နည်းအရဒီနေ့ ဒီအချိန်မှာလုပ်မယ်ဆိုတာ ကြိုတင်အကြောင်းကြားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ဥပဒေဘောင်အတွင်းက လုပ်တာပါ။ လူအင်အားသုံး ဖြေရှင်းတော့မယ်ဆိုတာ တိုင်းဒေသကြီးအစိုးရကို အသိပေးပြီးသားဖြစ်တယ်။ ဥပဒေမဲ့ လုပ်တယ်ဆိုရင် ဒီအင်အားတွေ ထွက် လာ စရာအကြောင်းမရှိဘူး'' ဟုပြောသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း ယင်းကိစ္စနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ထံသို့ ပြောင်းရွှေ့ခိုင်းမှုကို စဉ်း စားပေးရန် ပြီးခဲ့သည့် နိုဝင်ဘာ ၂ဝ ရက်တွင် တစ်ကြိမ်၊ ယခုနှစ် ဧပြီလ ၂၄ ရက် တစ်ကြိမ်တွင် တင်ပြ ခဲ့ သည်ဟုလည်း ၎င်းက ပြောသည်။
ယင်းဖျက်ဆီးသည့်နေရာသို့ ရောက်လာသည့် ဦးသိန်းညွန့်က ''သင်္ဃန်းကျွန်းမှာ ဒီလိုအင်အားသုံးပြီး ဖြေ ရှင်း လိုက်တဲ့အခါ တိုင်းပြည်အတွက် အများကြီးမေးခွန်းထုတ်စရာတွေ ပေါ်လာမယ်။ အစိုးရနဲ့ ပြည်သူ အကြားမှာ ပေါင်းကူးပေးနေတာ။ ဒီလူတွေက ကျူးကျော်တွေမဟုတ်ဘူး အခွန်ပေးထားတဲ့လူတွေ။ အဲဒါ ဆိုရင် အိမ်ရှင်အိမ်ငှား ဥပဒေနဲ့ သွားရတော့မယ်'' ဟု ပြောသည်။
ယင်းမြေနေရာမှာ ဧကအားဖြင့် ၃၃ ဧကကျော်ရှိပြီး ယင်းအတွက်အခွန်ကို ယခုနှစ် ဇန်နဝါရီလအထိ ကောက်ခံခဲ့သည်။ အခွန်မှာ တစ်လလျှင် ကျပ် ၃၅ သိန်း ကျသည်ဟု ယင်းမြေပေါ်တွင် နေထိုင်သူများ က ပြောသည်။
စိုက်ခင်းများအတွက် သိန်းပေါင်းများစွာ ရင်းနှီးထားရ၍ ယင်းမြေပေါ်မှပြောင်းရွှေ့ခွင့်ကို ဆိုင်းငံ့ပေးစေလို ကြောင်းလည်း ယင်းမြေပေါ်တွင် နေသူများက ဆိုသည်။
ယင်းမြေနေရာတွင် ဟင်းရွက်စိုက်ခင်းနှင့် ပျိုးခြံလုပ်ငန်းလုပ်ကိုင်သူ ဦးဟန်တင်က ''မပြောင်းပေးဘူးလို့ မပြောဘူး၊ ပြောင်းပေးမယ်။ ခဏဆိုင်းငံ့ပေးပါ။ စီမံကိန်း တစ်စုံတစ်ရာမရှိခင်လေး လုပ်ကိုင်စားသောက်ခွင့် ပေးပါ။ ကာကွယ်ရေးဝန်ကြီးဆီကို သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က စာတင်တာ သုံးခါရှိ ပြီ။ ဆိုင်းငံ့ကာလအတွက်ပါပဲ'' ဟု ဆိုသည်။
တပ်မြို့စည်ပင်မှ သတိပေးစာပို့ရာတွင် ဇွန်လ၂ ရက်တွင် နောက်ဆုံးပြောင်းရွှေ့ခိုင်းထားခြင်းဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ်လည်း ဖျက်ဆီးခံနေရာသို့ ရောက်ရှိလာကာ သမ္မတရုံးဝန်ကြီးမှ တစ်ဆင့် သမ္မတထံသို့ ချက်ချင်း အကြောင်းကြားခဲ့သည်။ ယင်းအတွက် သမ္မတက ဖျက်ဆီးခံရမှုများ ရပ်ပေးရန်ပြောသော်လည်း မရပ်ပေးဟု ၎င်းက ဆိုသည်။
ဦးတင်ထွတ်က ''လုပ်တာကိုင်တာ မဟုတ်ဘူးဆိုရင် လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတော်ကို ဘယ် လိုလုပ်သင့်တယ်ဆိုတာပဲ တင်ပြလို့ရတယ်။ အုပ်ချုပ်ရေးအာဏာကို ဝင်စွက်လို့မရဘူး။ ရှေ့မကုတ် မိသေး ဘူး။ နောက်လွန်တော့ ပြုတ်ကျသွားမှာပေါ့ ဒါမဖြစ်သင့်ဘူး။ အခုဒီလိုလုပ်တာ အစိုးရအပေါ်မှာရော တပ်မ တော်အပေါ်မှာပါ အကြည်ညိုပျက်တယ်။ ဒီကိစ္စကို သမ္မတကြီးဆီအထိ ဖုန်းဆက်ပြီး တင်ပြထားတယ်။ သမ္မတကြီးကလည်း ရပ်ဖို့ပြောပါတယ်'' ဟု ပြောသည်။
ယင်းနေရာတွင် ပန်းအလှစိုက်ပျိုးရေး၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင် နေသူ အိမ်ထောင်စု ၂၁၂ စုရှိပြီး မိသားစုဝင် ၇၄၇ ဦး ရှိသည်။
မဇ္ဈိမ သတင်းဌာန
နိုင်ငံတစ်ဝန်းလုံးရှိ ရေချိုအရင်းအမြစ် နိုင်ငံအဆင့် ကော်မတီဖွဲ့၍ ထိန်းသိမ်းမည်
ပြုန်းတီးလာနေသော ရေချို အရင်းအမြစ်များကို စီမံခန့်ခွဲ ထိန်းသိမ်းနိုင်ရေး အတွက် အမျိုးသား ရေအရင်း အမြစ် ကော်မတီကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရက ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်ထွန်း က The Voice သို့ ပြောကြားသည်။
အဆိုပါ ကော်မတီသည် မြေအောက်ရေ၊ ရေချို၊ မြစ်ချောင်း၊ အင်းအိုင်များ စ ရှိသည့် ရေချို အရင်းအမြစ် များကို ရေရှည် တည်တံ့စေရေးအတွက် စီမံ ခန့်ခွဲခြင်း၊ ထိန်းသိမ်းခြင်းတို့ကို ပြည်တွင်း၌ လက်ရှိ လုပ်ျေဆာင်နေသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ အဖွဲ့များနှင့်အတူ ပူးပေါင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ရေနှင့်ဆိုင်သော ဥပဒေများပြဋ္ဌာန်းထားခြင်း၊ ရေ အရည်အသွေး ထိန်းသိမ်းထား သည့် စံနှုန်းများ မရှိခြင်းကြောင့် ယင်းကော်မတီ ဖွဲ့ပြီးပါက အဆိုပါ လုပ်ငန်းများကို အကောင် အထည် ဖော်နိုင်မည်ဖြစ်သည့်အပြင် ပြုန်းတီးလာနေသော ရေချိုအရင်းအမြစ်ကို ထိန်းသိမ်း သွားနိုင်မည်ဖြစ် ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဆက်လက် ရှင်းပြသည်။
အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် ရေရရှိမှု ၁၆ ရာခိုင်နှုန်းကို ရရှိထားခြင်းဖြစ်သော်လည်း ရေအရင်းအမြစ် စီမံခန့်ခွဲမှုကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ခြင်းကြောင့် ရေရရှိမှု လျော့နည်းလာသည့် အခက်အခဲနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း၊ ယင်းအချက်ကြောင့် ရေခွဲဝေ အသုံးချရေး မူဝါဒများ ချမှတ် ရန် လိုအပ်ကြောင်း ရေသုတေသနနှင့် လေ့ကျင့်ရေး သင်တန်းကျောင်း (WRTC) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်နီနီသိန်းက သုံးသပ် ပြောကြားသည်။
The Voice Weekly
အမေရိကန် Marriott ဟိုတယ် မြန်မာနိုင်ငံဝင်မည်
အမေရိကန်ပြည်ထောင်စု အခြေစိုက် နာမည်ကျော် ဟိုတယ်အုပ်စု Marriott International Inc.,က မြန်မာနိုင်ငံတွင် ဟိုတယ် ဖွင့်လှစ်ရန် ဆွေးနွေး ခဲ့ကြောင်း Bloomberg သတင်းဌာနက ရေးသား သည်။
မြန်မာနိုင်ငံတွင် ပထမဆုံး Marriott ဟိုတယ်များ ဖြစ်လာမည့် အဆိုပါ ဟိုတယ်များကို Marriott သို့မဟုတ် Courtryard အမည် တစ်ခုခုဖြင့် ဖွင့်လှစ်သွားမည်ဟု Marriott ၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ဥက္ကဋ္ဌ Simon Cooper က ပြောကြားသည်။
“ဒီနိုင်ငံမှာ Tourism Master Plan လည်း ရှိနေတာကြောင့် ဒီမှာဟိုတယ် ဖွင့်ဖို့ စိတ်ဝင်စားပါတယ်” ဟု ၎င်းက ကမ္ဘာ့ စီးပွားရေးဖိုရမ်တွင်ပြောကြားခဲ့သည်။
Marriott က လက်ရှိ အချိန်ထိ လာရောက် ဆွေးနွေးခြင်း မရှိသေးဘဲ Hilton နှင့် Novotel ဟိုတယ် တို့မှာ လုပ်ငန်း စတင်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန စီမံကိန်းများဌာနမှညွှန်ကြား ရေးမှူး ဦးလှိုင်ဦးက The Voice သို့ပြောကြားသည်။
အမေရိကန် Hilton ဟိုတယ်ကလည်း ရန်ကုန်မြို့ရှိ Center Point Tower တွင် ဇိမ်ခံဟိုတယ် ဖွင့်လှစ်မည် ဟု ကြေညာထားပြီး အခြားအမေရိကန် ဟိုတယ်အုပ်စု တစ်ခုဖြစ်သော Best Western International Inc. ,ကလည်း ရန်ကုန်နှင့် မန္တလေးတို့တွင် ဟိုတယ်နှစ်လုံး ဖွင့်လှစ် သွားမည်ဟု အဆိုပါ ဟိုတယ်အုပ်စုမှ အာရှ နှင့် အရှေ့အလယ်ပိုင်း အဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Glenn de Souza က ပြောကြားထားသည်။
ဟိုတယ်ကဏ္ဍတွင် နိုင်ငံတကာမှ ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက် ဝင်ရောက်နေပြီး ပြင်သစ်မှ Novotel၊ဗီယက်နမ်မှ HAGL ၊ ဟောင်ကောင်မှ Shangrila တို့က ဟိုတယ်အသစ်များ တည်ဆောက်နေ ကာ ပြည်တွင်းတွင် ယခင်ကတည်းက ရှိခဲ့သော Traders ၊ Sedona စသော ဟိုတယ် များကလည်း တိုးချဲ့  မှုများ ပြုလုပ်နေသည်။
မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် ခရီးသွားဦးရေ တစ်သန်းကျော် ဝင်ရောက်ခဲ့ပြီး ယခုနှစ် ခရီးသည် တစ်သန်းခွဲ ဝင်ရောက်မည်ဟု ခန့်မှန်းထားကာ ပထမငါးလအတွင်း ခရီးသွား စုစုပေါင်း ငါးသိန်း ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက နောက်ဆုံးအဆင့် မူကြမ်း ထုတ်ပြန်ထားသော Tourism Master Plan အရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာလှည့် ခရီးသွား ခုနစ်သန်းခွဲခန့် ဝင်ရောက်ကာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ အထိ ရရှိနိုင်မည်ဟု ခန့်မှန်းထားသည်။
အမေရိကန်ပြည်ထောင်စု မေရီလန်း ပြည်နယ်အခြေစိုက် Marriott International Inc., သည် Marriott ၊ Courtryard ၊ Rits Carlton ၊ Renaissance ၊ Fairfields ၊ Springhills Suites ၊ Gaylord Hotels စသော ဟိုတယ် အမှတ်တံဆိပ်များကို ပိုင်ဆိုင်ထားပြီး နိုင်ငံပေါင်း ၇၄ နိုင်ငံတွင် ဟိုတယ် ၃၈၀၀ ခန့်ကို စီမံခန့်ခွဲ နေသည်။
The Voice Weekly
မြန်မာနိုင်ငံအတွက် အထူးအခွန်သက်သာခွင့် ဥရောပသမဂ္ဂ ပြန်ပေး
ဖွံ့ဖြိုးဆဲနိုင်ငံများကို ဥရောပသမဂ္ဂ (EU) ကပေးအပ်သော ပို့ကုန် ပစ္စည်းများအတွက် အထူးအခွန် သက် သာ ခွင့် (GPS-Generalized Scheme of Preferences) အား မြန်မာနိုင်ငံကို ပြန်လည်ပေးအပ် ကြောင်း ဥရောပ သမဂ္ဂဥက္ကဋ္ဌနှင့် ဥရောပ လွှတ်တော် ဥက္ကဋ္ဌတို့က ဇွန်လ ၁၂ ရက်နေ့ က လက်မှတ်ရေးထိုး လိုက် သည်။
အဆိုပါ အထူးအခွန် သက်သာခွင့် GSP ပြန်လည် ပေးအပ်ရခြင်းသည်နှစ်ပေါင်းများစွာ သီးခြား ရပ်တည် နေခဲ့ ရာမှ ပြုပြင် ပြောင်းလဲမှုများနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ လုပ်ဆောင်လာသော မြန်မာနိုင်ငံ အစိုးရကို အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ကြောင်း လက်မှတ် ရေးထိုးပြီးနောက် ထုတ်ပြန် သော သတင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
GSP ရရှိပါက အခွန်နှုန်း သက်သာစွာဖြင့် ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံသို့ ပြည်တွင်း ထွက်ကုန် ပစ္စည်းများကို တင်ပို့နိုင်မည် ဖြစ်ကြောင်း EU က သတင်းထုတ်ပြန်သည်။
ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံကို ၁၉၉၇ ခုနှစ် မတိုင်ခင်အထိ အဆိုပါ အထူး အခွန်သက်သာခွင့် GSP ကို ပေးအပ်ခဲ့ဖူးပြီး နောက်ပိုင်းတွင်မြန်မာအစိုးရ၏ အဓမ္မ လုပ်သား စေခိုင်းမှုများကြောင့် ပြန်လည် ပိတ်ပင် ခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဥရောပသမဂ္ဂ၏ ပိတ်ပင်မှုများတွင် လယ်ယာ ထွက်ကုန်များနှင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်း ထွက် ကုန် နှစ်မျိုးစလုံး ပါဝင်ခဲ့သည်။ ယင်းသို့ GSP ပြန်လည် ရရှိချိန်တွင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ ကုန်ပစ္စည်း တင်ပို့နိုင်ရန် အတွက် ပြည်တွင်း ထွက်ကုန်များကဏ္ဍ၊ ပြည်တွင်းပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် များ၏ အခြေအနေနှင့် နိုင်ငံ၏ ကုန်သွယ်ရေး မူဝါဒဆိုင်ရာ အထောက်အပံ့ ပေးနိုင်မှု အခြေအနေကို ခြုံငုံ သုံးသပ် သင့်ကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကို The Voice သို့ ပြောကြား သည်။
EU က မြန်မာနိုင်ငံ ကဲ့သို့ပင် အခြား ဖွံ့ဖြိုးဆဲ နိုင်ငံများသို့လည်း အလားတူ GSP ပေးအပ်လျက် ရှိသောကြောင့် ကုန်ထုတ်လုပ်မှုအတွက် ကုန်ကျသည့် အသုံးစရိတ်နှင့် ကုန်ပစ္စည်း အရည် အသွေးတို့သည် ယှဉ်ပြိုင်နိုင်စွမ်း ရှိရမည် ဖြစ်ပြီး ဈေးကွက် လိုအပ်ချက် (ဝယ်လိုအား) ကို အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်း ပေးနိုင်စွမ်း ရှိရန်လည်း အရေးကြီး ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
EU က မြန်မာအပေါ် နှစ်ပေါင်းများစွာ ပိတ်ဆို့ခဲ့မှုများ ပြုလုပ်ခဲ့သောကြောင့် ဈေးကွက် ရှာဖွေရန် အခက်အခဲများ ရှိနေပြီး အဆိုပါ အခွန်သက်သာခွင့် ရရှိပါကလည်း ပြောင်းလဲမှုများ ချက်ချင်းရနိုင် မည် မဟုတ်ဘဲ မြန်မာနိုင်ငံ ရေလုပ်ငန်းကဏ္ဍ အတွက်လည်း ကုန်ကြမ်း ရှားပါးမှုများ ရှိနေ သောကြောင့် ကုန်ပစ္စည်းများ တင်ပို့ရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ရွှေယမုံ ကုမ္ပဏီပိုင်ရှင် ဦးထွန်းအေး က ရှင်းပြသည်။
ထင်သာမြင်သာ ရှိသည့် မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကို အသိအမှတ် ပြုသည့် အနေနှင့် လက်နက် အရောင်းအဝယ်မှအပ မြန်မာနိုင်ငံအပေါ် စီးပွားရေးနှင့် နိုင်ငံရေး၊ ဘဏ္ဍာရေး ပိတ်ဆို့မှု အားလုံးကို ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပသော EU နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေး တွင် အပြည့်အဝ ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး အဖြစ် Mr.Roland Kobia ကို ယခုလ အစောပိုင်းတွင် ခန့်အပ်ခဲ့သည်။
The Voice Weekly
သမ္မတ မှတ်ချက် ပြုထားသည့် ဗဟိုဘဏ်ဥပဒေ ဆက်ဆွေးနွေးမည်
မြန်မာ့ ငွေကြေးမူဝါဒ ချမှတ်ရာတွင် အဓိကကျသော ဥပဒေ တစ်ရပ်ဖြစ်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေကို နိုင်ငံတော်သမ္မတ မှတ်ချက်ဖြင့် ဥပဒေကြမ်း ကော်မတီသို့ ပြန်လည် ပေးပို့ထားသည့်အတွက် လာမည့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဘဏ်များနှင့်ငွေရေး ကြေးရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က The Voice သို့ပြောကြားသည်။
ဗဟိုဘဏ်ကို သီးခြား လွတ်လပ်သည့် အဖွဲ့အစည်း အဖြစ် ရပ်တည်ရန်၊ ဗဟိုဘဏ် ဥက္ကဋ္ဌကို Governor ဟု သုံးစွဲရန် စသည့်အချက်များကို ပြီးခဲ့သည့် ဆဋ္ဌမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့ ကြောင်း ယင်းအဆိုကို ဆွေးနွေးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မဲဆန္ဒ နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ပြောဆိုသည်။
“ဗဟိုဘဏ် ဥက္ကဋ္ဌက ပါတီဝင် မဖြစ်ရဘူးဆိုတာပါရင် ပါတီလှုပ်ရှားမှု မလုပ်ရဘူးဆိုတာ ထည့်စရာ မလို ဘူးဆိုတာရယ်၊ ဝန်ထမ်းစည်းမျဉ်းအရ အငြိမ်းစားယူထားသူ ဖြစ်ရမယ် ဆိုတာတွေအစား အငြိမ်းစား ဖြစ်ရ မယ်ဆိုတာပဲ သုံးဖို့ ဆွေးနွေးထားပါတယ်”ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေတွင် စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူခြင်း အခန်းကို ထပ်မံ ထည့်သွင်း ထားပြီး၊ ဗဟိုဘဏ် တာဝန်ထမ်းဆောင် သူများသည် ပါတီ နိုင်ငံရေး ကင်းရှင်းရမည့် အချက်များနှင့် ဗဟို ဘဏ်ကို သမ္မတက တိုက်ရိုက်ကွပ်ကဲရန် အချက်များကို ထည့်သွင်း ရေးဆွဲ ထားကြောင်း ပြည်သူ့လွှတ် တော် ဘဏ်များနှင့်ငွေရေးကြေးရေး ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီထံမှ သိရသည်။
လက်ရှိရေးဆွဲနေသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေကြမ်းတွင် အခန်း ၁၈ ခန်းနှင့် ပုဒ်မ ၁၁၉ ခုပါ ရှိသည်။
The Voice Weekly
မီးလောင်ဗုံးပစ်သူတွေကို အရေးယူဖို့ AHRC တိုက်တွန်း
monk-hospital305
ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ နဲ့  ၆ ရက်နေ့ မှာ မုံရွာခရိုင် ကျောင်းသားသမဂ္ဂ အဖွဲ့ ဝင်တချို့ ကို ဒဏ်ငွေရိုက် ပြစ်ဒဏ် ချမှတ်ခဲ့တာနဲ့ လက်ပန်းတောင်းတောင် ကာကွယ်ရေး ကော်မတီအတွင်းရေးမှူး ဦးမြင့်အောင်ကို ထောင် ၁ နှစ်ချလိုက်တာ၊ လက်ပန်းတောင်း ဒေသခံတွေကို ကူညီတဲ့ ကိုအောင်စိုးနဲ့ ရွာသားတချို့ကို ဖမ်းဆီးထောင်ချလိုက်တာကို AHRC အဖွဲ့ ကပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ကိုအောင်စိုးနဲ့  ရွာသား ၂ ယောက်ကို ဘယ်ထောင်မှာပို့ ထားတယ်ဆိုတာ သက်ဆိုင်ရာက တရားဝင်မပြောသလို၊ မိသားစုတွေ နဲ့ လဲတွေ့ခွင့်မပြု၊ ဥပဒေအရ အကာအကွယ်ပေးမယ့် ရှေ့နေတွေနဲ့ လဲ ပေးမတွေ့ ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် စုံစမ်းရေး ကော်မရှင်အနေနဲ့  ရဲတပ်ဖွဲ့ ရဲ့အကြမ်းဖက် ဖြိုခွဲမှုကို မျက်ကွယ်ပြုလိုက်သလို၊ အကြမ်း ဖက်မှုကို ညွှန်ကြားတဲ့အရာရှိတွေကို ဘယ်လို အရေးယူ ဆောင်ရွက်သင့်တယ်ဆိုတဲ့ တစုံတရာ အကြံပြု ထားတာ အစီရင်ခံစာမှာ မတွေ့ ရဘူးလို့ ဆိုပါတယ်။
အစီရင်ခံစာမှာ ဒေသခံလယ်သမားတွေကို လျော်ကြေးပေးဖို့ ပဲအကြံပြုထားပြီး၊ စီမံကိန်းက ဖြစ်လာမယ့် ဆိုးကျိုး အတွက် ဘာတွေဆောင်ရွက် သင့်တယ်ဆိုတာလဲ အကြံပြုချက်မပါရှိဘူးလို့  AHRC အဖွဲ့က ပြောလိုက်ပါတယ်။
ဒါပေမယ့် စုံစမ်းရေး ကော်မရှင်အနေနဲ့ ပြင်ဆင်ဖြည့်စွက် အကြံပြုဖို့ အခွင့်အလန်းရှိသေးတယ်လို့ လဲ AHRC အဖွဲ့က ထောက်ပြထားပါတယ်။
လက်ပန်းတောင်တောင် သပိတ်စခန်းဖြိုခွဲမှုတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် သံဃာတော် တစ်ပါး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ဒီဇင်ဘာ ၁၆ ရက်နေ့က ရောက်ရှိလာစဉ်။
Credit : http://www.rfa.org/burmese/news/bomb-ahrc-latt-pan-daung-06142013001314.html
ပြည်သူ့ဆေးရုံ တိုင်း တွင် ငါးနှစ်အောက် ကလေးများကို အခမဲ့ဆေးကုပေးမည်
မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံများတွင် အသက်ငါးနှစ် အောက်ကလေးများကို အခမဲ့ဆေး ကုသမှုပေး ရန် ညွှန်ကြားထားကြောင်း နေပြည်တော်ကောင်စီ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့် က ပြောသည်။
အဆိုပါဝန်ဆောင်မှုကို တစ်နိုင်ငံလုံးရှိ ၁၆ ခုတင်ဆံ့ဆေးရုံမှ စ၍ ပြည်သူ့ဆေးရုံ တိုင်းတွင် ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနက မေလအတွင်းကျင်းပခဲ့သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းမြင့် ကပြောသည်။
ပြည်သူ့ဆေးရုံများတွင် Under Five Clinic ဟုခေါ်သည့် ငါးနှစ်အောက် ကလေး အခမဲ့ဆေးကုသနိုင်မည့် သီးသန့်ဆေးခန်းကို နေရာ တစ်ခုစီစဉ်ကာ လက်ရှိတွင်အရေးပေါ်လူနာများအတွက် ၀ယ်ယူ ထား သည့် ဆေးဝါးများ အသုံးပြုနေပြီး မကြာမီတွင်လိုအပ်သည့်ဆေးဝါးများဖြည့်တင်း ရန် ငွေကြေးခွဲဝေချထား မည်ဖြစ်ကြောင်း သိရသည်။
“အခုထိတော့ ကြားမိတာပဲရှိတယ်။ သန်ဘက်ခါလုပ်မယ့်အစည်းအဝေးကျမှ ဘယ်လိုလုပ်မယ်ဆိုတဲ့ အသေးစိတ်သိရမယ်။ တရားဝင်စာထွက် တာ၊ ညွှန်ကြားတာတစ်ခုမှတော့ အခုထိမရှိသေးပါဘူး”ဟု ရန် ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်ကပြောသည်။
အရေးပေါ်အတွက်ဆေးဝါးများနှင့် အသက်ငါးနှစ်အောက်ကလေးများ အခမဲ့ဆေးကုသမှုနှင့် ပတ်သက် သည့် လိုအပ်သည့်ဆေးဝါးများ ၀ယ်ယူရေးအစည်းအဝေးကို ယခုလအတွင်း ကျင်းပမည်ဖြစ်ပြီး ထို အစည်းအဝေးတွင် ဆေးရုံအလိုက်ဆေးဝါးဝယ်ယူရေးရန်ပုံငွေခွဲဝေမှုဆုံးဖြတ်မည်ဖြစ်ကြောင်း ဒေါက်တာ ထွန်းမြင့်ကပြောသည်။
“အရင်နှစ်က အရေးပေါ်လူနာတွေအတွက် စီစဉ်ခဲ့ရာကနေ ဒီနှစ် အသက်ငါးနှစ်အောက် ကလေးတွေ သေဆုံးနှုန်းကျဆင်းစေဖို့ ဒါကိုထပ်ထည့်လိုက်တာပါ။ ဆေးရုံအတွက် ဘယ်လောက်ရမလဲ မသိသေး ပေမယ့် ခုတင်၂၀၀ဆံ့ပျဉ်းမနားဆေးရုံအတွက် ကျပ်သိန်း ၂၀၀၀ ချထားတယ်” ဟု ဒေါက်တာ ထွန်းမြင့်က ဖြည့်စွက် ပြောကြားသည်။
အသက်ငါးနှစ်အောက် ကလေးများဆေးကုသခွင့် အခမဲ့အတွက် တိကျသေချာလူနာအမျိုးအစား ခွဲခြားမှုများကို အစည်းအဝေးတွင် ညှိနှိုင်းဆုံးဖြတ်ရန် လိုအပ်ကြောင်း ဆေးရုံအုပ်ကြီးဒေါက်တာ သန်းထိုက် ကပြောသည်။
“လူတိုင်းတော့အခမဲ့မရဘူး။ ကင်ဆာလိုရောဂါရှင်တွေဆိုရင် လူတစ်ယောက်တည်းကိုပဲ ဆေးဖိုးက သိန်းချီနေပါတယ်။ အခုလည်း အရင်ကထက် လူအများကြီးကို အခြေခံ ဆေးဝါးတွေနဲ့အချို့ကို အခမဲ့ ကုသပေးနေနိုင်တယ်” ဟု ဒေါက်တာသန်းထိုက်က ဆက် လက်ပြော သည်။ “ဒီနှစ်မှာ ခွဲပြီးမွေးမွေး၊ ရိုးရိုးပဲ မွေးမွေး မွေးလူနာတွေအတတ်နိုင်ဆုံး အခမဲ့ဖြစ်နိုင်အောင်လည်း လုပ်ဖို့ရှိပါတယ်”ဟု ဒေါက်တာ ထွန်းမြင့် ကဆက်လက်ပြောသည်။
မြန်မာနိုင်ငံသည် ငါးနှစ် အောက်ကလေးသေဆုံးမှုနှုန်းမြင့်မားသည့် နိုင်ငံများတွင် ပါဝင်နေပြီး ကလေးများ တွင် အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ၀မ်းပျက်ဝမ်းလျှောရောဂါ များကြောင့် သေဆုံးမှု များပြားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကလည်းဖော်ပြထားသည်။ အစိုးရသစ်တာဝန် ထမ်းဆောင်ပြီး တစ်နှစ်ကျော်တွင် ပြည်သူ့ဆေးရုံများ ၌ အရေးပေါ်လူနာများအခမဲ့ဆေးကုသနိုင် ရန် ငွေကြေးချထားပေးခဲ့ပြီး ယခုနောက်တစ်နှစ်တွင် ငါးနှစ်အောက်ကလေးများ အခမဲ့ဆေးကုသနိုင်ရန်ပါ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။
Myawady News
KIA ထိန်းချုပ်နယ်မြေအတွင်း မွတ်ဆလင်ဘာသာဝင်များစိမ့်ဝင်နေ
Photo: KIA ထိန်းချုပ်နယ်မြေအတွင်း မွတ်ဆလင်ဘာသာဝင်များစိမ့်ဝင်နေ
ဇွန်လ ၁၃ ရက် ၂၀၁၃
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မိုက်ဆာပါစခန်းတွင် ဇွန်(၁)ရက်နေ့မှစ၍ မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့ အမည်ဖြင့် မွတ်ဆလင်လူမျိုး အစ္စလာမ်ဘာသာဝင်များ လာရောက်စုစည်းမှုကို KIA အဖွဲ့က သဘောတူ လက်ခံခဲ့ရာ ဇွန်(၁၂) ရက်နေ့တွင် မွတ်ဆလင်(၆၈)ဦး ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
KIA အဖွဲ့နှင့် မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့၏ သဘောတူညီမှုနှင့် ပတ်သက်၍ လိုင်ဇာမြို့ခံ အငြိမ်းစား ကျောင်း ဆရာတစ်ဦးက..
“KIA အဖွဲ့က အဲဒီ မွတ်ဆလင်တွေကို ဘာ့ကြောင့် လက်ခံရသလဲဆိုတာ စဉ်းစားလို့ကို မရဘူး.. အဖြေကတော့ ရှင်းနေပါ တာပဲ.. KIA က အင်အားတိုးချဲ့လိုက်တဲ့ သဘောလို့ ပြောရမှာဘဲ..KIA ကို အစိုးရတပ် တွေက လာတိုက်ရင် မွတ်ဆလင် အဖွဲ့က ၀င်တိုက်ပေးရမယ်.. အဲဒီလိုပဲ ကချင်ပြည်နယ်ထဲမှာရှိတဲ့ မြို့ရွာတွေမှာ မွတ်ဆလင်လူမျိုးတွေ ပဋိပက္ခဖြစ်ရင် မွတ်ဆလင်အဖွဲ့နဲ့အတူ KIA အဖွဲ့က ၀င်ရောက်ဖြေရှင်း ပေးရမယ်ဆိုပြီး သတင်းထွက်နေတာပဲ၊ သူတို့ နှစ်ဖွဲ့လုံးရဲ့  ရေရှည်အကျိုးစီးပွားအတွက် ဘယ်လိုပဲ သဘောတူညီမှုတွေ လုပ်လုပ်၊ ကချင်ပြည်နယ်တစ်ခုလုံးက ကချင်တိုင်းရင်းသား တွေအနေနဲ့ လုံးဝလက်ခံစရာ အကြောင်းမရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နောင်အနာဂတ်မှာ ဒီကချင်ပြည်နယ်ထဲမှာ ကချင်-မွတ်ဆလင် ကပြားတွေချည်းပဲ ဖြစ်သွားမှာပါ.. ဒီကိစ္စကို ကန့်ကွက်ဖို့ ဒေသခံတွေ တိုင်ပင်နေကြပါတယ်” ဟု ပြောပြ သွားသည်။
မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့၏ ခေါင်းဆောင်မှာ ရခိုင်ပြည်နယ်မှ မော်လ၀ီဆရာ ဦးအာစွတ်ဖြစ်ပြီး ကချင်ပြည်နယ် အတွင်းရှိ မြို့ရွာဒေသအသီးသီးမှ မြန်မာပြည်၌ မွေးဖွားကြသူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ မိုက်ဆာပါစခန်းတွင် KIA အဖွဲ့ မွတ်ဆလင်များနေထိုင်ရန် ယာယီတဲများ ဆောက်လုပ်ပေးလျက် ရှိပြီး ရိက္ခာများ ထောက်ပံ့ပေးနေကြောင်း သိရှိရသည်။
ဒေသခံကချင်တိုင်းရင်းသားများကမူ KIA အဖွဲ့၏ ယခုလုပ်ရပ်ကို နားမလည်နိုင်ကြဘဲ ကချင်-မွတ်ဆလင် ကပြားကလေး များ မွေးဖွားလာပြီး ကချင်လူမျိုးအား ၀ါးမြိုသွားမည်ကို စိုးရိမ်လျက်ရှိပါသည်။
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မိုက်ဆာပါစခန်းတွင် ဇွန်(၁)ရက်နေ့မှ စ၍ မွတ်ဆလင်ညီအစ်ကိုတော် များအဖွဲ့ အမည်ဖြင့် မွတ်ဆလင်လူမျိုး အစ္စလာမ်ဘာသာဝင်များ လာရောက်စုစည်းမှုကို KIA အဖွဲ့က သဘောတူလက်ခံခဲ့ရာ ဇွန်(၁၂)ရက်နေ့တွင် မွတ်ဆလင်(၆၈)ဦး ရောက် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
KIA အဖွဲ့နှင့် မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့၏ သဘောတူညီ မှုနှင့် ပတ်သက်၍ လိုင်ဇာမြို့ခံ အငြိမ်းစား ကျောင်း ဆရာတစ်ဦးက.. “KIA အဖွဲ့က အဲဒီ မွတ်ဆလင် တွေကို ဘာ့ကြောင့် လက်ခံ ရသလဲ ဆိုတာစဉ်းစားလို့ကို မရဘူး.. အဖြေကတော့ရှင်းနေပါတာပဲ.. KIA က အင်အား တိုးချဲ့လိုက်တဲ့ သဘောလို့ ပြောရမှာဘဲ..KIA ကို အစိုးရတပ်တွေက လာတိုက်ရင် မွတ်ဆလင် အဖွဲ့က ၀င်တိုက်ပေး ရမယ်.. အဲဒီလိုပဲ ကချင်ပြည်နယ်ထဲမှာရှိတဲ့ မြို့ရွာတွေမှာ မွတ်ဆလင်လူမျိုးတွေ ပဋိပက္ခဖြစ်ရင် မွတ်ဆလင်အဖွဲ့နဲ့အတူ KIA အဖွဲ့က ၀င်ရောက်ဖြေရှင်း ပေးရမယ်ဆိုပြီး သတင်း ထွက်နေတာပဲ၊ သူတို့ နှစ်ဖွဲ့လုံးရဲ့ ရေရှည်အကျိုးစီးပွားအတွက် ဘယ်လိုပဲ သဘောတူညီမှုတွေ လုပ်လုပ်၊ ကချင်ပြည်နယ်တစ်ခုလုံးက ကချင်တိုင်းရင်းသား တွေအနေနဲ့ လုံးဝလက်ခံစရာ အကြောင်းမရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နောင်အနာဂတ်မှာ ဒီကချင်ပြည်နယ်ထဲမှာ ကချင်-မွတ်ဆလင် ကပြားတွေချည်း ပဲ ဖြစ်သွားမှာပါ.. ဒီကိစ္စကို ကန့်ကွက်ဖို့ ဒေသခံတွေ တိုင်ပင်နေကြပါတယ်” ဟု ပြောပြ သွားသည်။
မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့၏ ခေါင်းဆောင်မှာ ရခိုင်ပြည်နယ်မှ မော်လ၀ီဆရာ ဦးအာစွတ်ဖြစ်ပြီး ကချင်ပြည်နယ် အတွင်းရှိ မြို့ရွာဒေသအသီးသီးမှ မြန်မာပြည်၌ မွေးဖွားကြသူများဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်ကြောင်း၊ မိုက်ဆာပါစခန်းတွင် KIA အဖွဲ့ မွတ်ဆလင်များနေထိုင်ရန် ယာယီတဲများ ဆောက် လုပ်ပေး လျက် ရှိပြီး ရိက္ခာများ ထောက်ပံ့ပေးနေကြောင်း သိရှိရသည်။
ဒေသခံကချင်တိုင်းရင်းသားများကမူ KIA အဖွဲ့၏ ယခုလုပ်ရပ်ကို နားမလည်နိုင်ကြဘဲ ကချင်-မွတ်ဆလင် ကပြားကလေး များ မွေးဖွားလာပြီး ကချင်လူမျိုးအား ၀ါးမြိုသွားမည်ကို စိုးရိမ်လျက်ရှိပါသည်။
KDN
ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်မှု အဆုံးသတ်ဖို့ ဥရောပ ပါလီမန်တောင်းဆို
ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်မှု အဆုံးသတ်ဖို့ ဥရောပ ပါလီမန်တောင်းဆို 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူစလင်တွေကို ဆန့်ကျင်တဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကို ချက်ချင်း ရပ်ဆိုင်းဖို့  ဥရောပသမဂ္ဂက လွှတ်တော်အမတ်တွေက ပန်ကြားလိုက်ပါတယ်။  ကြာသပတေးနေ့ Brussels မှာကျင်းပတဲ့ MEP လို့ခေါ်တဲ့ ဥရောပသမဂ္ဂ လွှတ်တော်အမတ်တွေရဲ့ အစည်းအဝေးမှာ အခုလိုပြောဆိုလိုက်တာပါ။
ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေက ဒီအကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်သူတွေနဲ့ တခြား လူ့အခွင့်အရေး ချိုးဖေါက်သူတွေကို တရားဥပဒေအရ အရေးယူပေးဖို့ မြန်မာအစိုးရကိုရော လူမှု အသိုင်းအဝိုင်းတခုလုံး ကိုပါ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လုံခြုံရေး တာဝန်ယူထားသူတွေကပါ ဒီအကြမ်းဖက်မှု ကျူးလွန်ရာမှာ ပါဝင်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးပေးဖို့လည်း  ဥရောပသမဂ္ဂအမတ်တွေက ထပ်ပြီး တောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တာအတွက် ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေက အသိအမှတ်ပြုတာနဲ့ တချိန်ထဲမှာပဲ  ရိုဟင်ဂျာမူဆလင်တွေရဲ့ အခြေအနေတွေ အပါအဝင် မြန်မာနိုင်ငံတွင်း တင်းမာမှုတွေ ဖြစ်စေတဲ့ အခြေခံ အကြောင်းရင်းတွေအတွက်  အဖြေရှာဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဥပရောသမဂ္ဂကနေ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးဆိုင်ရာ အထူးခံစားခွင့်တွေ ပြန်ချထားပေးတာနဲ့ ပါတ်သက်ပြီး  လေးစားလိုက်နာမှု ရှိမရှိ ဥရောပကော်မရှင်ကနေ အနီးကပ်စောင့်ကြည့်ဖို့လည်း  တိုက်တွန်းခဲ့ပါတယ်။   ဥရောပနိုင်ငံများ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအဖွဲ့က  Jaroslav Paska က -
ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးဆိုင်ရာ အထူးခံစားခွင့်တွေ ပြန်ချထားပေးတာနဲ့ တချိန်ထဲမှာပဲ  မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ မရှိစေဖို့ ဖိအားတွေ ပေးသင့်တယ်လို့ မစ္စတာ ပါစကာကပြောသွားတာပါ။
ဥရောပသမဂ္ဂလွှတ်တော်အမတ်များအဖွဲ့ရဲ့ အစည်းအဝေး ကနေ  မြန်မာနိုင်ငံ တွင်း ဒီမိုကရေစီရေး ပြောင်းလဲမှုတွေနဲ့ ပါတ်သက်ပြီး အီးယူက အနီးကပ် စောင့်ကြည့်သလို  လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက်လည်း အီးယူက စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 
http://burmese.voanews.com/content/article/1681542.html
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူစလင်တွေကို ဆန့်ကျင် တဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကို ချက်ချင်း ရပ်ဆိုင်း ဖို့ ဥရောပသမဂ္ဂက လွှတ်တော်အမတ် တွေက ပန်ကြားလိုက်ပါတယ်။ ကြာသပတေးနေ့ Brussels မှာကျင်းပတဲ့ MEP လို့ခေါ်တဲ့ ဥရောပ သမဂ္ဂ လွှတ်တော်အမတ်တွေရဲ့ အစည်းအဝေးမှာ အခုလိုပြောဆို လိုက်တာပါ။
ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေက ဒီအကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်သူတွေနဲ့ တခြား လူ့အခွင့် အရေး ချိုးဖေါက်သူတွေကို တရားဥပဒေအရ အရေးယူပေးဖို့ မြန်မာအစိုးရကိုရော လူမှု အသိုင်းအဝိုင်း တခုလုံး ကိုပါ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လုံခြုံရေး တာဝန်ယူထား သူတွေကပါ ဒီအကြမ်းဖက်မှု ကျူးလွန်ရာမှာ ပါဝင်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေအတွက် စုံစမ်း စစ်ဆေးပေးဖို့လည်း ဥရောပသမဂ္ဂအမတ်တွေက ထပ်ပြီး တောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တာအတွက် ဥရောပသမဂ္ဂ လွှတ်တော် အမတ်တွေက အသိအမှတ်ပြုတာနဲ့ တချိန်ထဲမှာပဲ ရိုဟင်ဂျာမူဆလင်တွေရဲ့ အခြေအနေတွေ အပါ အဝင် မြန်မာနိုင်ငံတွင်း တင်းမာမှုတွေ ဖြစ်စေတဲ့ အခြေခံ အကြောင်းရင်းတွေအတွက် အဖြေရှာ ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဥပရောသမဂ္ဂကနေ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးဆိုင်ရာ အထူးခံစားခွင့်တွေ ပြန်ချထားပေးတာနဲ့ ပါတ်သက်ပြီး လေးစားလိုက်နာမှု ရှိမရှိ ဥရောပကော်မရှင်ကနေ အနီးကပ်စောင့်ကြည့်ဖို့လည်း တိုက်တွန်း ခဲ့ပါတယ်။ ဥရောပနိုင်ငံများ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအဖွဲ့က Jaroslav Paska က -
ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးဆိုင်ရာ အထူးခံစားခွင့်တွေ ပြန်ချထားပေးတာနဲ့ တချိန်ထဲမှာပဲ မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ မရှိစေဖို့ ဖိအားတွေ ပေးသင့်တယ်လို့ မစ္စတာ ပါစကာကပြောသွားတာပါ။
ဥရောပသမဂ္ဂလွှတ်တော်အမတ်များအဖွဲ့ရဲ့ အစည်းအဝေးကနေ မြန်မာနိုင်ငံတွင်း ဒီမို ကရေစီရေး ပြောင်း လဲမှုတွေနဲ့ ပါတ်သက်ပြီး အီးယူက အနီးကပ် စောင့်ကြည့်သလို လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက်လည်း အီးယူက စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
From....ဗွီအိုအေ သတင်းဌာန
အမေရိကန် ဒီမိုကရေစီ အတွေ့အကြုံရယူဖို့ သူရဦးရွှေမန်း မျှော်လင့်
အမေရိကန် ဒီမိုကရေစီ အတွေ့အကြုံရယူဖို့ သူရဦးရွှေမန်း မျှော်လင့် 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
အမေရိကန်ပြည်ထောင်စုရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လွှတ်တော်ရေးရာ ဆိုင်ရာ စနစ်တွေကို လေ့လာသင်ယူပြီးတော့ မြန်မာနိုင်ငံရဲ့ အဲ့ဒီ့စနစ်တွေကို အားဖြည့်သွားဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်ပြည်ထောင်စုကို သူတို့ ရောက်ရှိ လာခဲ့တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံရေး နဲ့ နိုင်ငံခြားရေး ဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံတဲ့ပွဲမှာ  ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း က ပြောဆိုလိုက်ပါတယ်။
ဇွန်လ ၁၃ရက်နေ့ နေ့လည်က ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ National Democratic Institute NDI အပါအဝင် အမေရိကန်အဖွဲ့အစည်း ငါးခုက ကမကထ ပြုလုပ် ကျင်းပခဲ့တဲ့ “တာဝန်သိ၊ အရည်အချင်းရှိ အစိုးရအဖြစ် မြှင့်တင်ရေးနဲ့ ဒီမိုကရေစီ အခြေခံအဆောက်အအုံများကို အားဖြည့်ပေးရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အဲ့ဒီ့လို ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဒီပွဲကို ကိုယ်တိုင် တက်ရောက်သတင်းယူခဲ့တဲ့ ဦးရော်နီငြိမ်းက ဆက်ပြောပြပေးပါမယ်။
အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လွှတ်တော်ရေးရာ စနစ်တွေကို လေ့လာဖို့ အကောင်းဆုံး နေရာဟာ အမေရိကန်ပြည်ထောင်စုဖြစ်တယ်လို့ သူယုံကြည်ကြောင်း လည်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက ဒီကနေ့ ကျင်းပတဲ့ “တာဝန်သိ၊ အရည်အချင်းရှိ အစိုးရအဖြစ် မြှင့်တင်ရေးနဲ့ ဒီမိုကရေစီအခြေခံအဆောက်အအုံများကို အားဖြည့်ပေးရေး” ဆိုတဲ့ ပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
ဒါ့အပြင် ဦးရွှေမန်းပြောကြားခဲ့တဲ့ အထဲမှာ ဒီမိုကရေစီ ကျင့်ထုံးတွေ၊ လုပ်နည်း ကိုင်နည်းတွေကို ပြည်သူတွေက လေ့လာသင်ကြားရမှာဖြစ်သလို၊ နှစ်ပေါင်းများစွာ အမိန့်ပေး အုပ်ချုပ်မှုစနစ်ကနေ ဖြစ်ပေါ်လာရတဲ့ အခက်အခဲတွေကြောင့် အခုအခါ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အခန်းကဏ္ဍက တာဝန်ရှိသူတွေ ကလည်း ဒီမိုကရေစီ ကျင့်ထုံးတွေ လုပ်နည်းကိုင်နည်းတွေ ကို လေ့လာ သင်ယူကြရမှာဖြစ်တယ်။  ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေဟာ အရင်တုန်းက အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကိုပဲ အကာအကွယ်ပေး ခဲ့ပြီးတော့ ပြည်သူတွေ ကို အကာအကွယ်မပေးခဲ့ဘူး။ ဒီမိုကရေစီ လုပ်ပုံ လုပ်နည်းတွေမှာ အစိုးရတွေဟာ တာဝန်ခံမှုရှိရသလို ဥပဒေပြုသူတွေကလည်း ဒါတွေကို ဖြည့်စည်းလုပ်ဆောင်ပေးရမှာဖြစ်တယ်လို့ ဦးရွှေမန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
အမျိုးသမီးရေးရာမေးခွန်းတွေနဲ့ ပတ်သက်ပြီးမေး ကြရမှာ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ခုနှစ်မှာ သမ္မတဖြစ်လာရေး အခက်အခဲ ဖြစ်နေတဲ့ ကိစ္စကို ဦးရွှေမန်းက အခုလိုဖြေကြားခဲ့ပါတယ်။
“ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေက စိုးရိမ်မှုတွေ ရှိတယ်ဆိုတာ သိရပါတယ်။ ကျနော်တို့ လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လေ့လာ သုံးသပ်ပြီး ပြင်ဆင် သင့်တာတွေ ပြင်ဆင်နိုင်ဖို့အတွက် ကော်မရှင်တရပ်ဖွဲ့စည်း ထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပေးလိုက်တဲ့ကော်မရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ် လေ့လာသုံးသပ်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့ ပယ်ဖျက်စရာရှိတာ ပယ်ဖျက်ဖို့၊ အစားထိုးစရာရှိတာ အစားထိုးဖို့၊ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ အဲ့လိုဆောင်ရွက်တဲ့နေရာမှာ တချို့ကိစ္စတွေက လွှတ်တော်တွင်းမှာ ဆောင်ရွက်ရတာရှိသလို၊ တချို့ကိစ္စတွေကျတော့ ပြည်သူများဖြင့် အတည်ပြုချက်ရယူရမှာ ဖြစ်ပါတယ်။”
ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာ၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ၉၆၉လှုပ်ရှားမှုကိစ္စ၊ ဘူးသီးတောင် မောင်တော ဘင်္ဂလီအိမ်ထောင်စုတွေမှာ တမိသားစု ကလေးနှစ်ယောက် မူဝါဒတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International ဝါရှင်တန်ဒီစီ ရုံးခွဲရဲ့ တာဝန်ရှိသူရဲ့ မေးခွန်းကို ဦးရွှေမန်းက အခုလိုဖြေကြားသွားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
“ရိုဟင်ဂျာခေါ်ခေါ်၊ သို့မဟုတ်ရင် ဘင်္ဂလီခေါ်ခေါ် သို့မဟုတ်ရင် ကိုးကွယ်တဲ့ အယူဘာသာအပေါ်မူတည်ပြီးတော့ ကိုးကွယ်ကြတဲ့ မူဆလင်ဘာသာဝင်တွေကို ဥပဒေအရ ခွဲခြားဆက်ဆံခြင်းမရှိပါဘူး။ အဲ့ဒီ့လို ဥပဒေကို ဆန့်ကျင် ချိုးဖောက်ပြီးတော့ ဆောင်ရွက်တယ်ဆိုလို့ရှိရင် ဥပဒေအရ အရေးယူဆောင်ရွက် ရမှာဖြစ်ပါတယ်။ ခုနက မိတ်ဆွေပြောတဲ့ ၉၆၉ အဖွဲ့အစည်းများဟာ စာတမ်းတွေကပ်၊ပြီးတဲ့ အခါမှာ သွေးထိုး စကားတွေ ဆောင်ရွက်နေတယ် ဆိုတဲ့ကိစ္စကိုလည်း ဖော်ထုတ် အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများက ဆောင်ရွက်နေပြီဖြစ် ပါတယ်။"
ဘူးသီးတောင်၊ မောင်တောဘက်မှာ ကလေးနှစ်ယောက် ယူရမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့လွှတ်တော်ကို တစုံတရာ တင်ပြဆောင်ရွက်ခြင်း မရှိပါဘူး။ ကျနော်တို့လွှတ်တော်ကလည်း ဒါနဲ့ပတ်သက်လို့ ဥပဒေပြဌာန်း ထားခြင်းမရှိပါဘူး။”
ဝါရှင်တန်ဒီစီမြို့တော်လေ့လာရေးခရီးပြီးဆုံးသွားတဲ့အခါ အမေရိကန်အစိုးရပိုင်း၊ ကွန်ကရက်လွှတ်တော်၊ တခြားသော အမေရိကန်နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တံခါးပိတ်ဆွေးနွေးပွဲတွေရဲ့ ရလာဒ်အပေါ်မှာ ခြံငုံသုံးသပ်ပြီးတော့ ဦးရွှေမန်းက ဗွီအိုအေကို အခုလိုပြောကြားခဲ့ပါတယ်။
“တိုတိုနဲ့ရှင်းရှင်းပြောရမယ်ဆိုရင် ကျနော်တို့ခရီးစဉ်ကြောင့် မြန်မာ၊ အမေရိကန်နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှုပိုမိုတိုးတက် မှာသေချာပါတယ်။ အဲ့ဒီ့လိုပဲ အမေရိကန်ပြည်ထောင်စုက ကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်မှုဆိုင်ရာ၊ ကွန်ကရက်ဆိုင်ရာကိစ္စများလည်း ကျနော်တို့ များစွာလေ့လာ ခွင့်ရတဲ့အတွက် ကျနော်တို့နိုင်ငံ အတွက် များစွာအကျိုးရှိကြောင်း ပြောကြားလိုပါတယ်။”
ဦးရွှေမန်းဟာ ဇွန်လ ၁၃ရက်နေ့ နေ့လည်ပိုင်းမှာ နယူးယောက်မြို့ကို ထွက်ခွာသွားပြီးတော့ ဇွန်လ ၁၄ရက်နေ့မှာတော့ GOOGLE ကုမ္ပဏီဥက္ကဌ၊ နယူးယောက်ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် Chuck Schumer နဲ့တွေ့ဆုံမှာဖြစ်သလို၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ ဇွန်လ ၁၅ရက်နေ့မှာတော့ မြန်မာနိုင်ငံက ပြည်သူ့ လွှ့တ်တော် ဥက္ကဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နယူးယောက်မြို့ကနေ အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်က ဆန်ဖရန်ဆစ္စကိုမြို့ကို ခရီးဆက်ကြမှာဖြစ်ပါတယ်။ 
http://burmese.voanews.com/content/article/1681560.html
အမေရိကန်ပြည်ထောင်စုရဲ့ အုပ်ချုပ်ရေး၊ တရား စီရင်ရေး၊ လွှတ်တော်ရေးရာ ဆိုင်ရာ စနစ်တွေ ကို လေ့လာသင်ယူပြီးတော့ မြန်မာနိုင်ငံရဲ့ အဲ့ဒီ့စနစ် တွေကို အားဖြည့်သွားဖို့ ရည်ရွယ်ချက်နဲ့ အမေ ရိကန်ပြည်ထောင်စုကို သူတို့ ရောက်ရှိ လာခဲ့တာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံရေး နဲ့ နိုင်ငံခြားရေး ဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံတဲ့ပွဲမှာ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း က ပြောဆိုလိုက် ပါတယ်။
ဇွန်လ ၁၃ရက်နေ့ နေ့လည်က ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ National Democratic Institute NDI အပါအဝင် အမေရိကန် အဖွဲ့အစည်း ငါးခုက ကမကထ ပြုလုပ် ကျင်းပခဲ့တဲ့ “တာဝန်သိ၊ အရည်အချင်းရှိ အစိုးရ အဖြစ် မြှင့်တင်ရေးနဲ့ ဒီမိုကရေစီ အခြေခံအဆောက်အအုံများကို အားဖြည့်ပေးရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အဲ့ဒီ့လို ပြောဆို လိုက်တာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဒီပွဲကို ကိုယ်တိုင် တက်ရောက်သတင်းယူခဲ့တဲ့ ဦးရော်နီငြိမ်းက ဆက်ပြောပြပေး ပါမယ်။
အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လွှတ်တော်ရေးရာ စနစ်တွေကို လေ့လာဖို့ အကောင်းဆုံး နေရာဟာ အမေရိကန်ပြည်ထောင်စုဖြစ်တယ်လို့ သူယုံကြည်ကြောင်း လည်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက ဒီကနေ့ ကျင်းပတဲ့ “တာဝန်သိ၊ အရည်အချင်းရှိ အစိုးရအဖြစ် မြှင့်တင်ရေးနဲ့ ဒီမိုကရေစီ အခြေခံ အဆောက်အအုံများကို အားဖြည့်ပေးရေး” ဆိုတဲ့ ပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
ဒါ့အပြင် ဦးရွှေမန်းပြောကြားခဲ့တဲ့ အထဲမှာ ဒီမိုကရေစီ ကျင့်ထုံးတွေ၊ လုပ်နည်း ကိုင်နည်းတွေ ကို ပြည်သူတွေက လေ့လာသင်ကြားရမှာဖြစ်သလို၊ နှစ်ပေါင်းများစွာ အမိန့်ပေး အုပ်ချုပ်မှုစနစ် ကနေ ဖြစ်ပေါ်လာရတဲ့ အခက်အခဲတွေကြောင့် အခုအခါ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အခန်းကဏ္ဍက တာဝန်ရှိသူတွေ ကလည်း ဒီမိုကရေစီ ကျင့်ထုံးတွေ လုပ်နည်းကိုင်နည်းတွေ ကို လေ့လာ သင်ယူကြရ မှာဖြစ်တယ်။ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေဟာ အရင်တုန်းက အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကိုပဲ အကာအကွယ်ပေး ခဲ့ပြီးတော့ ပြည်သူတွေ ကို အကာအကွယ်မပေးခဲ့ဘူး။ ဒီမိုကရေစီ လုပ်ပုံ လုပ်နည်း တွေမှာ အစိုးရတွေဟာ တာဝန်ခံမှုရှိရသလို ဥပဒေပြုသူတွေကလည်း ဒါတွေကို ဖြည့်စည်း လုပ်ဆောင်ပေး ရမှာဖြစ်တယ်လို့ ဦးရွှေမန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
အမျိုးသမီးရေးရာမေးခွန်းတွေနဲ့ ပတ်သက်ပြီးမေး ကြရမှာ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ခုနှစ်မှာ သမ္မတဖြစ်လာရေး အခက်အခဲ ဖြစ်နေတဲ့ ကိစ္စကို ဦးရွှေမန်းက အခုလိုဖြေကြားခဲ့ပါတယ်။
“ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေက စိုးရိမ်မှုတွေ ရှိတယ်ဆိုတာ သိရပါတယ်။ ကျနော်တို့ လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လေ့လာ သုံးသပ်ပြီး ပြင်ဆင် သင့်တာတွေ ပြင်ဆင်နိုင်ဖို့အတွက် ကော်မရှင်တရပ်ဖွဲ့စည်း ထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပေးလိုက်တဲ့ကော်မရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ် လေ့လာ သုံးသပ်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့ ပယ်ဖျက်စရာရှိတာ ပယ်ဖျက်ဖို့၊ အစားထိုးစရာရှိတာ အစားထိုးဖို့၊ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ အဲ့လိုဆောင်ရွက်တဲ့နေရာမှာ တချို့ကိစ္စတွေက လွှတ်တော်တွင်းမှာ ဆောင်ရွက်ရတာရှိသလို၊ တချို့ကိစ္စတွေကျတော့ ပြည်သူများဖြင့် အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။”
ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာ၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ၉၆၉လှုပ်ရှားမှုကိစ္စ၊ ဘူးသီးတောင် မောင်တော ဘင်္ဂလီအိမ်ထောင်စုတွေမှာ တမိသားစု ကလေးနှစ်ယောက် မူဝါဒတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International ဝါရှင်တန်ဒီစီ ရုံးခွဲရဲ့ တာဝန်ရှိသူရဲ့ မေးခွန်းကို ဦးရွှေမန်းက အခုလိုဖြေကြားသွားခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
“ရိုဟင်ဂျာခေါ်ခေါ်၊ သို့မဟုတ်ရင် ဘင်္ဂလီခေါ်ခေါ် သို့မဟုတ်ရင် ကိုးကွယ်တဲ့ အယူဘာသာအပေါ် မူတည်ပြီးတော့ ကိုးကွယ်ကြတဲ့ မူဆလင်ဘာသာဝင်တွေကို ဥပဒေအရ ခွဲခြားဆက်ဆံခြင်းမရှိပါဘူး။ အဲ့ဒီ့လို ဥပဒေကို ဆန့်ကျင် ချိုးဖောက်ပြီးတော့ ဆောင်ရွက်တယ်ဆိုလို့ရှိရင် ဥပဒေအရ အရေး ယူဆောင်ရွက် ရမှာဖြစ်ပါတယ်။ ခုနက မိတ်ဆွေပြောတဲ့ ၉၆၉ အဖွဲ့အစည်းများဟာ စာတမ်းတွေကပ် ၊ပြီးတဲ့ အခါမှာ သွေးထိုး စကားတွေ ဆောင်ရွက်နေတယ် ဆိုတဲ့ကိစ္စကို လည်း ဖော်ထုတ် အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများ က ဆောင် ရွက်နေပြီဖြစ် ပါတယ်။"
ဘူးသီးတောင်၊ မောင်တောဘက်မှာ ကလေးနှစ်ယောက် ယူရမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ လွှတ်တော်ကို တစုံတရာ တင်ပြဆောင်ရွက်ခြင်း မရှိပါဘူး။ ကျနော်တို့လွှတ်တော်ကလည်း ဒါနဲ့ ပတ်သက် လို့ ဥပဒေပြဌာန်း ထားခြင်းမရှိပါဘူး။”
ဝါရှင်တန်ဒီစီမြို့တော်လေ့လာရေးခရီးပြီးဆုံးသွားတဲ့အခါ အမေရိကန်အစိုးရပိုင်း၊ ကွန်ကရက်လွှတ်တော်၊ တခြားသော အမေရိကန်နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တံခါးပိတ်ဆွေးနွေးပွဲတွေရဲ့ ရလာဒ်အပေါ် မှာ ခြံငုံသုံးသပ်ပြီးတော့ ဦးရွှေမန်းက ဗွီအိုအေကို အခုလိုပြောကြားခဲ့ပါတယ်။
“တိုတိုနဲ့ရှင်းရှင်းပြောရမယ်ဆိုရင် ကျနော်တို့ခရီးစဉ်ကြောင့် မြန်မာ၊ အမေရိကန်နှစ်နိုင်ငံ ချစ်ခင် ရင်းနှီးမှု ပိုမိုတိုးတက် မှာသေချာပါတယ်။ အဲ့ဒီ့လိုပဲ အမေရိကန်ပြည်ထောင်စုက ကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်မှုဆိုင်ရာ၊ ကွန်ကရက်ဆိုင်ရာကိစ္စများလည်း ကျနော်တို့ များစွာလေ့လာ ခွင့်ရတဲ့အတွက် ကျနော်တို့နိုင်ငံ အတွက် များစွာအကျိုးရှိကြောင်း ပြောကြားလိုပါတယ်။”
ဦးရွှေမန်းဟာ ဇွန်လ ၁၃ရက်နေ့ နေ့လည်ပိုင်းမှာ နယူးယောက်မြို့ကို ထွက်ခွာသွားပြီးတော့ ဇွန်လ ၁၄ရက်နေ့မှာတော့ GOOGLE ကုမ္ပဏီဥက္ကဌ၊ နယူးယောက်ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် Chuck Schumer နဲ့တွေ့ဆုံမှာဖြစ်သလို၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ ဇွန်လ ၁၅ရက်နေ့မှာတော့ မြန်မာနိုင်ငံက ပြည်သူ့ လွှ့တ်တော် ဥက္ကဌ သူရဦးရွှေမန်း ဦးဆောင် တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နယူးယောက်မြို့ကနေ အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်က ဆန်ဖရန်ဆစ္စကိုမြို့ကို ခရီး ဆက်ကြမှာဖြစ်ပါတယ်။
From....ဗွီအိုအေ သတင်းဌာန
နှုတ်ခမ်း ကွဲ အာခေါင်ကွဲ ကလေး ၁၅၀ ကျော်ကို ပြည်ပ ဆရာဝန်များ အခမဲ့ ခွဲစိတ်ပေး မည်
Photo: နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး ၁၅၀ ကျော်ကို ပြည်ပဆရာဝန်များ အခမဲ့ ခွဲစိတ်ပေးမည်
Friday, 14 June 2013 
နိုင်ငံတစ်ဝန်းမှ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး ၁၅၀ ကျော်ကို ပြည်ပမှ ဆရာဝန် ၄၀ နှင့် ပြည်တွင်းဆရာဝန် ၁၀ ဦးတို့ ပူးပေါင်းကာ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဇွန်လ ၁၇ ရက်နေ့၌ အခမဲ့ ခွဲစိတ်ပေး မည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ်အတွက် ငွေကြေး ပံ့ပိုးပေးထားသော
 မြန်မာ ဘရူဝါရီကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ခွဲစိတ် ကုသမည့် ကလေးများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့မှဖြစ်ပြီး ခွဲစိတ် ကုသပေးမည့် ကာလကို ဇွန်လ ၁၇ ရက်မှ ၂၁ ရက်နေ့ထိ သတ်မှတ် ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
"အရင်နှစ်တုန်းက အာရှဘက်က ဆရာဝန်တွေ များတယ်။ ဒီနှစ်မှာတော့ ဥရောပနဲ့ အမေရိကားက ဆရာဝန်တွေ များတယ်" ဟု မြန်မာဘရူဝါရီ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးလှထွန်းက The Voice သို့ ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အာခေါင်ကွဲ ဝေဒနာရှင်များထက် နှုတ်ခမ်းကွဲ ဝေဒနာရှင် များက ပိုများကြောင်း၊ နှုတ်ခမ်းကွဲ ဝေဒနာရှင်များသည် မျိုးရိုး လိုက်ခြင်း၊ မိခင်လောင်းများ ကိုယ်ဝန်နုစဉ် ဆေးဝါး အပြင်းများ သုံးစွဲခြင်းနှင့် အလုပ်ကြမ်း လုပ်ခြင်းတို့ကြောင့် ဖြစ်ပွားကြကြောင်း ခွဲစိတ်အထူးကု ဆရာဝန်ကြီး တစ်ဦးက ရှင်းပြသည်။
ပြည်တွင်းမှ ခွဲစိတ်ကုသမည့် ဆရာဝန် ၁၀ ဦးသည် ရန်ကုန် ပြည်သူ့ဆေးရုံ ကြီးမှ ဆရာဝန်ကြီးများဖြစ်ကြောင်း၊ ယခုတတိယ အကြိမ်မြောက် ပြု လုပ်သော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ် ကုသပေးသည့် အစီအစဉ် ကို မြန်မာဘရူဝါရီ ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံမှ F&N စားသောက်ကုန် ကုမ္ပဏီ တို့က ပံ့ပိုး ပေးထားကြောင်း သတင်း ထုတ်ပြန်ထားသည်။
The Voice Weekly
နိုင်ငံတစ်ဝန်းမှ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး ၁၅၀ ကျော်ကို ပြည်ပမှ ဆရာဝန် ၄၀ နှင့် ပြည်တွင်း ဆရာဝန် ၁၀ ဦးတို့ ပူးပေါင်းကာ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဇွန်လ ၁၇ ရက်နေ့၌ အခမဲ့ ခွဲစိတ်ပေး မည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ်အတွက် ငွေကြေး ပံ့ပိုးပေးထားသော မြန်မာ ဘရူဝါရီကုမ္ပဏီ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ခွဲစိတ် ကုသမည့် ကလေးများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့မှဖြစ်ပြီး ခွဲစိတ် ကုသပေးမည့် ကာလကို ဇွန်လ ၁၇ ရက်မှ ၂၁ ရက်နေ့ထိ သတ်မှတ် ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
"အရင်နှစ်တုန်းက အာရှဘက်က ဆရာဝန်တွေ များတယ်။ ဒီနှစ်မှာတော့ ဥရောပနဲ့ အမေရိကားက ဆရာဝန်တွေ များတယ်" ဟု မြန်မာဘရူဝါရီ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးလှထွန်းက The Voice သို့ ပြော ဆိုသည်။
မြန်မာနိုင်ငံတွင် အာခေါင်ကွဲ ဝေဒနာရှင်များထက် နှုတ်ခမ်းကွဲ ဝေဒနာရှင် များက ပိုများကြောင်း၊ နှုတ် ခမ်းကွဲ ဝေဒနာရှင်များသည် မျိုးရိုး လိုက်ခြင်း၊ မိခင်လောင်းများ ကိုယ်ဝန်နုစဉ် ဆေးဝါးအပြင်းများ သုံးစွဲခြင်းနှင့် အလုပ်ကြမ်း လုပ်ခြင်းတို့ကြောင့် ဖြစ်ပွားကြကြောင်း ခွဲစိတ်အထူးကု ဆရာဝန်ကြီး တစ်ဦးက ရှင်းပြသည်။
ပြည်တွင်းမှ ခွဲစိတ်ကုသမည့် ဆရာဝန် ၁၀ ဦးသည် ရန်ကုန် ပြည်သူ့ဆေးရုံ ကြီးမှ ဆရာဝန်ကြီး များဖြစ်ကြောင်း၊ ယခုတတိယ အကြိမ်မြောက် ပြု လုပ်သော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ် ကုသပေးသည့် အစီအစဉ် ကို မြန်မာဘရူဝါရီ ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံမှ F&N စားသောက်ကုန် ကုမ္ပဏီ တို့က ပံ့ပိုး ပေး ထားကြောင်း သတင်း ထုတ်ပြန်ထားသည်။
The Voice Weekly
လုပ်ငန်းခွင်ဝင် ကလေးတွေ စာသင်နိုင်ဖို့ ရွေ့လျားစာသင်ခန်းတွေ လုပ်မည်
အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင်ဝင်နေတဲ့ ကလေးတွေအတွက် ရွေ့လျားစာသင်ခန်း (mobile classroom)တွေ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးပြန်ကြားရေးတာဝန်ခံ ဒေါ်ဆွေဇင်ထိုက် ထံက သိရပါတယ်။
'ပထမဆုံး target group ကတော့ လက်ဖက်ရည်ဆိုင်ကို ရည်ရွယ်တယ်ဆိုတော့ စားပွဲထိုးပေါ့၊ စားပွဲ ထိုးလုပ်နေတဲ့ ကလေးတွေ ၁၂ နှစ်လောက်အထိကို တွေ့နေရတယ်လေ၊ အဲဒီအရွယ်တွေကို သူတို့ စာမေးပွဲဖြေချင်တယ်ဆိုရင် ဖြေလို့ရအောင်၊ မဖြေချင်ရင်လဲပဲ life scale ပေါ့၊ အဲဒါမျိုး တွေရနိုင်အောင် လို့ စီစဉ်ပါတယ်၊ နောက်နှစ်လောက်တော့ဖြစ်ဖို့ ကြိုးစားနေတယ်' လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပါ တယ်။
မိုဘိုင်းစာသင်ခန်းအတွက် သံရည်ကျိုမယ့် စစ်ကျန်ကားဟောင်းတစ်စီး ရှာဖွေနေပြီး အဲသည်ကားကို အဲကွန်းတပ်ပြီး ကွန်ပျူတာတွေထည့်မယ်။ ကလေးတွေအတွက် စားပွဲ၊ ကုလားထိုင်နဲ့ ဝှိုက်ဘုတ်ထည့် ထားမယ်။ သင်ရိုးညွှန်းတမ်းအတွက် နယူးယောက်မှာရှိတဲ့ ပညာရေးနဲ့ပတ်သက်တဲ့ NGO group ကို အပ်ပြီး ပုံဖော်ထားတယ်လို့လည်း ဒေါ်ဆွေဇင်ထိုက် က ပြောပါတယ်။
'ကားထဲမှာတော့ အယောက် ၂၀၊ ၃၀ လောက် ဆံ့အောင်လုပ်မယ်လို့ စိတ်ကူးထားတယ်၊ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့တော့ ဘယ်လုပ်နိုင်ဦးမလဲ၊ ပထမဆုံး pilot project ကိုတောင် ရန်ကုန်မြို့ထဲမှာ ရှိတဲ့ မနက် လက်ဖက်ရည်ဆိုင်ဖွင့်၊ ညနေဘက်ပိတ်တဲ့ဆိုင်တွေကို ညဘက်မှာ သင်ပေးဖို့ ချိတ်ပြီး သွားရမှာပဲ၊ Lucky Seven နဲ့လုပ်ဖို့ စီစဉ်ထားတယ်' လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။
စာသင်ကျောင်းတွေမှာ သင်နေတဲ့သင်ရိုးညွှန်းတမ်းမျိုးမဟုတ်ဘဲ ကလေး တွေကိုယ့်ကိုယ်ကို ထူ ထောင်နိုင်အောင်၊ ယုံကြည မှုရှိအောင်၊ စီမံခန့်ခွဲမှု လုပ်နိုင်အောင် သင်ရိုးညွှန်းတမ်းကို ပြင်ဆင်နေ တယ် လို့သိရပါတယ်။
ဒေါ်ဆွေဇင်ထိုက်က 'အသက်က True my own result ပေါ့နော်၊ ရန်ကုန်မြို့ထဲကို လျှောက်သွား ကြည့်တဲ့အခါ ၁၃ နှစ်လောက်အရွယ်က ကျောင်းမတက်ချင်တော့ဘူး၊ ၁၀ နှစ်လောက်အရွယ်က စာသင် ချင်သေးတယ်၊ အဲဒီတော့သင်ချင်မယ့်သူလဲပဲ human right အရ choice ရှိတယ်၊ ရွေးခွင့်ရှိ တယ်၊ စာသင်တာက ကျွန်မတို့သင်ပေးတာက သူ့ဘဝအတွက်အသုံးဝင်မယ်ထင်လို့ပါ၊ မသင်ချင်ရင် တော့ ထားခဲ့ရမယ်ပဲ' လို့ ပြောပါတယ်။
ကလေးတွေ ကျောင်းမတက်နိုင်တာဟာ ကလေးတွေက ကျောင်းကို သွားနေရလို့ဖြစ်တာ။ တချို့နယ် တွေ မှာ ဆိုရင် ကလေးတွေကျောင်းတက်ဖို့အတွက် သုံးနာရီလောက် လမ်းလျှောက်ရတာတွေရှိတယ် လို့ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်ကလည်း သုံးသပ်ပါတယ်။
ဒေါက်တာ အောင်ထွန်းသက်ကပဲ 'အဲဒါကြောင့် mobile school တို့လိုပေါ့၊ ကျောင်းဆိုတာ အ ဆောက် အအုံ ရှိစရာမလိုဘူး၊ သစ်ပင်တစ်ပင်အောက်မှာလဲ ကျောင်းလုပ်လို့ရတယ်၊ ကမ့်လေးတစ်ခုမှာ လဲ ကျောင်းလုပ်လို့ရတယ်၊ ဆရာတို့ဒီ concept အရ ကလေးတွေရှိတဲ့နေရာ သွားရအောင်' လို့ ပြော ပါတယ်။
ကုမုဒြာ
SkyNet TV Browser
ကျွန်တော် နှင့် OTC
"ကလေး အသက်မရှိတော့ ဘူး သေပြီ"
ဟု ကျွန်တော်က ဖြည်းညင်းလေးတွဲ့ စွာ ပြောလိုက်သည် ကလေး ဧ။် မိခင်ထံမှ ရှိုက်သံ တစ်ချက် အင့်ခနဲ ထွက်လာသည်။ ကလေးဧ။် ဖခင်ကို လှမ်းကြည့်လိုက်တော့ မျက်စိမျက်နှာ မကောင်း။ယောက်ျားသားမို့  ဝမ်းနည်းစိတ်ကို အံတင်းခံထားပုံရသည်။ ကျွန်တော် အသက်ဇီဝိန် မရှိတော့ တဲ့ ကလေးလေးဧ။် ရုပ်အလောင်းကို ကြည့်ရင်းတွေးမိသည်။
ကလေးက အလွန်ဆုံးရှိလှ ခြောက်နှစ်အရွယ် သူမိဘတွေ အပြော အရ တော့ ပထမတန်းကျောင်းသားလေး။ ကျောင်းဖွင့်တာတောင် တစ်လ မပြည့်သေးဘူး။ ပထမတန်းသင်ခန်းစာ တွေကိုတောင် ကောင်းစွာ ဖတ် ရအုံးမှာ မဟုတ်သေး။
အခုတော့ သူချစ်သော သူ့ ကိုချစ်သော သူ့ မိဘတွေ သူ ရဲ့ သူငယ်ချင်းအတန်းဖော်တွေကို ဆွေမျိုးတွေ ဆရာမတွေကို ခွဲပြီး ဘဝတစ်ပါးကို ကူးပြောင်းသွားရှာပြီ။
ဇာတ်လမ်းကို နောက်ကြောင်းပြန်ပြရင်တော့ လွန်ခဲ့တဲ့ ခြောက်ရက်လောက်က စပြောရမည်။
ပထမတန်းတက်နေသည့် ကျောင်းသားလေး တစ်ယောက် ချောင်းဆိုးသည်။ ချွဲတွေလည်း ပါသည်။ မိဘနှစ်ပါးလုံးကလည်း အလုပ်ကိုယ်စီ နှင့် မိုးလင်းမိုးချုပ် အလုပ်လုပ်ရသူတွေ မို့ လို့  ကလေးကို ဂရုမစိုက်အား။ အဖွားဖြစ်သူနှင့် အတူ ပစ်ထားရသည်။ အဖွားဖြစ်သူကလည်း ရှေးရိုးစွဲ အဖွား ဖြစ်သူဆိုတော့ ကလေး ချောင်းဆိုးတာကို ပေါ့ပေါ့တန်တန် သာမန်ကာလျှံကာလောက်သဘောထားပြီး ဆေးမြီတို များနှင့် ကုသည်။ တစ်ရက်နှစ်ရက်လောက် ထိ အခြေအနေက မထူးခြားသေး။ချောင်းဆိုးမြဲ ဆိုးသည်။ချွဲတွေလည်း ပါမြဲ။ တနေကုန်ကျောင်းသွား။ ကျောင်းကပြန်လာ အဖွားဖြစ်သူနှင့် အတူရှိနေပြီး မိရင်းဖရင်းတွေနှင့် အိပ်ချိန်လေးမှာပဲ အတူနေရသည့် ပထမတန်းကျောင်းသားလေးဟာ ညပိုင်းမှာပါ ချောင်းတွေ အရမ်းဆိုးလာတော့ မိဘတွေကပါ သတိထားမိလာသည်။ ဒါပေမယ့် မိဘနှစ်ပါးလုံးက အလုပ်အကိုင်နှင့် ရှုပ်နေသူမို့ ကလေးကို ကောင်းကောင်းဂရုမစိုက်အား။ ဒီတော့ ဆေးခန်း ဆေးရုံ သွားပြဖို့  အချိန်မပေးနိုင်ပေ။ သူတို့ အိမ်နားက ဆေးဆိုင်ကနေ တွဲစပ်ရောင်းချသည် ချောင်းဆိုးပျောက်ဆေး စပ်ဆေး တွဲ များကို ဝယ်ပြီး တိုက်သည်။
စပ်ဆေးထဲမှာ ဘာတွေ ပါ လို့ပါမှန်း သူတို့ အနေနှင့် မသိပေမယ့် ပျောက်လောက်သည် အထင်နှင့် ဆေးဆိုင်ကို ယုံကြည်ပြီး ဝယ်တိုက်ပေမယ့် ကလေး ဧ။် အခြေအနေကတော့ အပြောင်းအလဲမရှိ။ ဒီလို နဲ့  သက်သာလောက်မှာ သက်သာလောက်မှာပါ အထင်နှင့် စပ်ဆေးတွေ ဝယ်တိုက်ရင်း အခု ကလေး ဆုံးမယ့်ည နေ ပိုင်း ခြောက်နာရီလောက်မှာ ကလေး အရမ်းအမောဖောက်လာသည်။ ချွဲများပါ အန်သည်။ အသက်ရှု ကျပ်သည် ဟုလည်းပြောသည်။ မိဘတွေက အလုပ်က ပြန်မလာ။အဖွားဖြစ်သူကလည်း အူတူတူ ဆိုတော့ ဘာမှ မလုပ်တတ်။
မိဘနှစ်ပါးအလုပ်ကနေ ပြန်ရောက်တော့ ည ၇ နာရီ ခွဲ နေပြီ။ ကလေး ကလည်း အသက်ရှု တွေ မြန်လာသည်။ ချွဲတွေလည်း အန်လာသည်။ ခြေဖျားလက်ဖျားလေးတွေရော နှုတ်ခမ်းတွေပါ ပြာလာသည်။သတိလစ်သလို လိုဖြစ်လာသည်။ ဒီလို နဲ့  မိဘနှစ်ပါးလုံးပါ ပြာယီးပြာယာနှင့် ကလေးကို အမြန်ပွေ့ ချီကာ ဆေးခန်းကို ရောက်ချလာသည်။ တကယ်တမ်းပြောရမည် ဆိုလျှင် ကလေးက အိမ်ကနေ ဆေးခန်းကို အလာ မှာတင်ကို အသက်မပါတော့ပြီ။ ဒါကို သူ့ မိဘနှစ်ပါးလုံးက မသိသေး။ ကလေး သတိလစ်နေသည် အထင်နှင့် ကျွန်တော့် ကို လိုအပ်တာတွေ လုပ်ပေးဖို့ ပြောသည်။
ကလေး ကို ကြည့်လိုက်တော့ cyanosis က တော်တော်လေးကို ဆိုးသည် တစ်ကိုယ်လုံးနီးပါး ကို ပြာနေပြီ။ သူငယ်အိမ်ကို ဖြဲကြည့်တော့ Dilate (ကျယ်) နေပြီ။ Heart sound breath sound ဘာသံမှ မကြားရတော့ ။silent chest ဖြစ်သွားပြီ။ သွေးခုန်နှုန်းလည်း မတိုးတော့။စမ်းမရတော့။ရှင်းရှင်းလင်းလင်းပြောရလျှင် အသက်မရှိတော့ဘူး သေပြီ။ ပြင်းထန် အဆုတ်ရောင် ရောဂါ( severe pneumonia) ဝင်သွားပြီး arrest ရသွားသည်ဟု ထင်သည်။(ကျွန်တော့်အထင်ပြောတာပါ)
မိဘနှစ်ပါးလုံးမှာ မယုံနိုင်သေး။ ကွေးသောလက် မဆန့် မီ ဆန့်သောလက် မကွေးမီ ဆိုသော သေခြင်းတရားဟာ သူတို့ ကို မျက်လှည့်ပြသွားသည်။ လွန်ခဲ့တဲ့ ခြောက်ရက်လောက်က ချောင်းဆိုးပေမယ့် ပျော်ပျော်ရွှင်ရွှင် ဆော့ကစားလိုက် ကျောင်းသွားလိုက် နဲ့ လုပ်နေသော ကလေးလေးတစ်ယောက်ဟာ အခုချိန်မှာတော့ ကျောင်းလည်း မသွားနိုင်တော့ပြီ ဖေဖေ မေမေ လို့ လည်း သူတို့ ကိုထပြီး မခေါ်နိုင်တော့ပြီ။ ဒီ ပထမတန်းကျောင်းသားလေး တစ်ယောက်ဟာ နောင်တစ်ချိန်မှာ ဘာဖြစ်မယ်မှန်း ဘယ်သူမှ မခန့် မှန်းနိုင်။ အခုတော့ မိဘအတွက်ရော နိုင်ငံအတွက်ရော ရတနာတစ်ပါးကို ပစ်စလက်ခတ် ဆုံးရှုံးလိုက်ရပြီ။
ဒီ အဖြစ်အပျက်လေးက သင်ခန်းစာတွေ အများကြီး ပေးလိုက်သည်။မိဘတွေက အလုပ်ကိုယ်စီနဲ့ ကလေးကို ဂရုမစိုက်နိုင်တာထားပါတော့။ အဓိက ကျွန်တော်ပြောချင်တာကတော့ မြန်မာပြည်ဧ။် ဆေးဆိုင်တိုင်းလိုလို ကွမ်းယာဆိုင်တိုင်းလိုလိုက ရောင်းချပေးနေသည့် စပ်ဆေးတွေ ဆေးတွဲ တွေ ကိစ္စ။ အထူးသဖြင့် ပြောရလျှင် ဆေးညွှန်းပါမှ ရောင်းချရမည် ဟု ညွှန်ကြားထားသော်လည်း ဆေးညွှန်းမပါပဲ ရောင်းချနေကြသည့် OTC (over the counter ) ဆေးများ ကိစ္စ။
အခုနောက်ပိုင်း လူတွေဖျားပြီ နာပြီ နှာစေးချောင်းဆိုးဖြစ်ပြီဆိုလျှ င် ဆရာဝန် ဆေးရုံ ဆေးခန်း ဆီကို အရင် မရောက်ကြ။ဆေးဆိုင်တွေ ဆီကို အရင် ရောက်ကြသည်။ ရပ်ကွက်ထဲက ကွမ်းယာဆိုင်တစ်ဖြစ်လဲ စပ်ဆေးရောင်း သည့် ဆိုင်တွေကို ရောက်ကြသည်။ ဖျားနေလို့  ဆေးလေး တွဲပေးပါလား။ ခေါင်းကိုက် ပျောက်ဆေး လေး ရောင်းပါအုံး။ မူးနေလို့  အဲဒါ စပ်ဆေးလေး များ မရနိုင်ဘူးလား။ ကလေး က ချောင်းဆိုးနေတာ အဲဒါ ချောင်းဆိုး ပျောက်ဆေးလေး တွဲပေးပါအုံး။ ခြေထောက်က အနာက ပြည်ဝင်နေလို့  အဲဒါ အနာ မြန်မြန်ပျောက်အောင်ဆေးလည်း လုပ်ပါအုံး။ အစရှိသဖြင့် ဝယ်ယူကာ သောက်သုံးကြသည်။
သာမာန် ဖျားတာ နာတာ ဆိုလျှင် ကိစ္စ မရှိ။ ဆေးဆိုင်က စပ်ပေးသည့် ဆေးတွဲ ထဲမှာ ပါသည် Paracetamol B6 စီဗစ် ဂျယ်လ်မက် တို့ ကြောင့် ယူပစ်သလိုပျောက်သွားနိုင်သည်။သာ မာန် နှာစေးတာလောက်ဆိုလျှင်လည်း ကွမ်းယာဆိုင်က ပေးလိုက်သည့် ဘာမီတွန်က အစွမ်းထက်စွာ တွန်းလှန်နိုငသည်။ ဒါပေမယ့် ကိုယ်တွင်းအင်္ဂါတစ်ခုခုမှာ ဖြစ်သော ရောဂါ တစ်မျိုးမျိုးကြောင့် ဖျားတယ်နာတယ် ဆိုလျှင်တော့ ပါရာစီတမောလ်သောက်လည်း သက်သာရုံလောက်ရှိမည်။ဆေးအရှိန်ကုန်ရင် ပြန်ဖြစ်မည်။ ဇာစ်မြစ်ရောဂါကို မကုသရွေ့ ထူးခြားမှာမဟုတ်။ ဒီလို နဲ့  ရောဂါတွေ ရင့် ဆေးဆိုင်ပေါင်းစုံက စပ်ဆေးပေါင်းစုံ အနာတစ်ခြားဆေးတစ်ခြား ပိုးသတ်ဆေးပေါင်းစုံကို ဆေးပတ်မလည် တလည် သောက်ပြီးမှ ဆရာဝန် ဆီရောက်လာသည်။ ဒီတော့ ဖြစ်သည့် ရောဂါပိုးကို သတ်ဖို့ ဆေး သုံးရတော့ မည်ဆိုလျှင်တောင် တော်ရုံ တန်ရုံ ပိုးသတ်ဆေးလောက်ကတော့ ရောဂါပိုးက အဲဒီလောက်နဲ့  တော့ တက်မလာနဲ့ တောက်ချလွှတ်လိုက်မယ် ဖြစ်ရော။ ပိုးသတ်ဆေး အမြင့်တွေ ဈေးကြီးပေးရတဲ့  အကောင်းစား အပြင်းစား ပိုးသတ်ဆေး တွေ သုံးကာ ကုရသည်။ဒီတော့ မကုန်သင့်ပဲ ငွေကုန်ကြေးကျပိုများရသည်။ အပ်နဲ့ ထွင်းရမည့်နေရာ ပုဆိန်နှင့်ပေါက်ရ တော့သည်။ ပုဆိန်နှင့် ပေါက်ရမည့်ရောဂါ ဟာ လောင်ချာနှင့် ထုရတော့သည်။
ပြီးတော့ ဆေးဆိုင်က စပ်ဆေးတွေ ဆေးတွဲတွေ ဆိုတာလည်း တည့်သည့်ဆေးပါနိုင်သည် မတည့်သည့် ဆေးပါနိုင်သည်။ အစာအိမ်ရောဂါအခံရှိသည့် လူနာကို တိုက်သည့်စပ်ဆေးထဲမှာ အကိုက်အခဲပျောက်ဆေး အပြင်းစားတွေ ပါလို့  အစာအိမ်သွေးကြောပေါက်ပြီး ဆေးရုံရောက်လာသည့် လူနာကိုလည်း မြင်ဖူးသည်။ ပင်နင်စလင် မတည့်သည့် လူကို အမောက်စီဆီလင် လို့ ခေါ်သည့် ဆေးကို စပ်ဆေးထည့်ပြီး ပေးလိုက်မိသည့်အတွက် anaphylactic shock ရကာ ဆေးခန်းရောက်လာသည်ကိုလည်း ကြုံဖူးပြီ။ မွေးရာပါ G6PD ချို့ တဲ့သည် ကလေး အတွက် စပ်ဆေးသွားဝယ်တာ ဆေးဆိုင်က Septrin လို့ ခေါ်တဲ့  ဆာလ်ဖာ အုပ်စုဆေးတွေ ထည့်ပေးလိုက်သည့်အတွက် ငါးပါးမက သံဃာစင်ပါ မှောက်ရသည့် အဖြစ် မျိုးကိုလည်း ဆုံဖူးပြီ။ ခြေထောက်မှာ အနာပေါက်သည့်ကလေး ဆေးဆိုင်က စပ်ဆေး သောက်ရင်း သောက်ရင်း အရိုးထိပါ ပိုးရောက် (osteomyelitis) ကာ ဆေးရုံတက်ခွဲရစိတ်ရတာတွေလည်းရှိဖူးပြီ။
ပြီးတော့ အရေးကြီး ဆုံး ပြဿနာကတော့ ပိုးသတ်ဆေးလို့ ခေါ်တဲ့ ပဋိဇီဝဆေး (Antibiotic) တွေကို ပစ်စလက်ခတ် လက်လွတ်စပယ် မစဉ်းစားပဲ သုံးနေခြင်းပင်။ သာမာန် ဖျားတယ်နာတယ် နှာစေးချောင်းဆိုးတယ်ဆိုလျှင်လည်း Amoxicillin လေးထည့်ပေးသည်။ ဒါကအရင်တုန်းက။ အခုနောက်ပိုင်း Cefalexin တွေပါ တွဲကာ စပ်ဆေး နေနှင့် ရောင်းချလာသည်။ အဲဒီလို ရောင်းတဲ့ ဆေးတွေ ကို ဝယ်သောက်သည့် လူတွေကလည်း ဆေးပတ်လည်အောင်သောက် ကြလားဆိုတော့ လည်း မသောက် တစ်ရက်လောက်သောက် အဖျားပျောက်ရင် ရပ်လိုက်။ ဒီတော့ ဆေးယဉ်ပါးမှု ဆေးမတိုးမှု ဆေးဒဏ်ခံနိုင်သည့် ရောဂါပိုးမျိုးဆက်သစ်များ ပေါ်ထွန်းလာသည်။ကိုယ်တွေ ဆေးခန်းကို လာပြရင်တောင်သာမန် ဖျားတာနာတာဆိုလျှင် ပိုးသတ်ဆေးထည့်မပေးဘူး။တကယ်ကို လိုအပ်ပြီဆိုမှ သုံးသည်။သုံးလျှင်လည်း သေချာမှာရသည် ဆေးပတ်လည်အောင်သောက်ဖို့ ရာ။လိုအပ်လျှင် ဆေးခန်းကို follow up ခေါ်သည်။
လူတိုင်းဟာ ဆေးသောက်ပျင်းကြတယ်။ဆရာဝန်တွေလည်း ဆေးသောက်ပျင်းတယ်။ ဒါအမှန်ပဲ။ရောဂါ တစ်ခုသက်သာတယ်ဆိုရင် အဲဒီဆေးကိုဆရာဝန်က ဆေးပတ်လည်အောင်သောက်နော် ရောဂါ သက်သာလည်း ငါးရက်ပြည့်အောင်သောက်လို့  ဘယ်လောက်ပဲ အာပေါက်အောင် ပြောပြ နှစ် ရက် လောက်နှင့် သက်သာလာလို့ ကတော့ အဲဒီဆေးကို လှည့်တောင်မကြည့်တော့။ ကိုယ်တွေလည်း အဲဒီလို ဆေးကြောက်သည့်ထဲပါသည်။
ဒါကြောင့် တော်ရုံတန်ရုံ ဖျားတယ်နာတယ်ဆိုလျှင် ကိုယ်တောင် ဆေးမသောက်။ မိမိမှာရှိသည့် ကိုယ်ခံအားနှင့်အရင်တိုက်ကြည့်သည် ။ မနေနိုင်ရင် အကိုက်အခဲပျောက်ဆေး သောက်သည်။ တအားကြီး ကို ဆိုးမှ ပိုးသတ်ဆေးသောက်ဖို့ စဉ်းစားရသည်။ ပိုးသတ်ဆေးဆိုတာလည်း သူ့ အချိန်အဆနှင့် သူ့  ရက်ပတ်ပြည့်အောင် သောက်ရသည်။ မဟုတ်လို့ ကတော့ ဆေးယဉ်ပါးမှုတွေ ဖြစ်လာနိုင်သည်။ အရင်တစ်ခေါက် က ဆေးပတ်လည်အောင်ဆေးပတ်ပြည့်အောင် မသောက်ထားပါက နောက်တစ်ခါ အဲဒီရောဂါပိုး ဝင်လျှင် ဆေးမတိုးမှုတွေ ဆေးယဉ်ပါးမှုတွေ ဖြစ်နိုင်သည်။ ဒီလို ဒီလို ပြဿနာတွေကြောင့် မြန်မာနိုင်ငံဟာ ဆေးယဉ်ပါးတီဘီ (MDR-TB) အဖြစ်များဆုံး နိုင်ငံတွေထဲ က တစ်နိုင်ငံအဖြစ် ရပ်တည်နေရသည်။
ဒီလို ပြောလို ဒီလိုရေးလို့  ဆေးဆိုင်တွေကို တိုက်ခိုက်လို စိတ် အလျဉ်းမရှိပါဘူး။ သူတို့ တွေရဲ့ လက်လွတ် စပယ် တာဝန်ယူမှုမဲ့ စွာ လုပ်နေတာကို နည်းနည်း မီးမောင်းထိုးပြချင်ရုံပါ ။ ပြင်သင့်တာပြင်ဖို့ ပါ။
Over the counter လို့ ခေါ်တဲ့  ဆရာဝန်ဆေးညွှန်းမလို တဲ့  ဆေးနဲ့  prescribed drug ဆရာဝန် ညွှန်ကြားချက်ပါမှ ရောင်းလို့ ရတဲ့ ဆေးတွေကို ကွဲကွဲပြားပြားသိပြီး လွယ်လင့်တကူမလုပ်မိဖို့  အသိပေးချင်ရုံ သက်သက်ပါပဲ။
ဈေးကွက်စီးပွားရေး စနစ်မှာ ဝယ်လို အားရှိနေသရွေ့ ကတော့ ရောင်းလို အားကလည်း အစဉ်မပြတ် ထပ်ချပ်မကွာ လိုက်နေအုံးမှာပဲ။ ဒီလိုပဲ ဆေးတွေကို ပေါ့ပေါ့တန်တန် အသုံးချပြီး စပ်ဆေးတွေ တွဲဆေးတွေလုပ်ကာရောင်းချနေသရွေ့ ကတော့ ဆေးယဉ်ပါးမှုတွေ ဆေးမတိုးမှုတွေ ဆေးဒဏ်ခံရမှုတွေ ရောဂါ ပိုဆိုးလာမှု တွေ အနာတစ်ခြားဆေးတစ်ခြားဖြစ်မှုတွေ ရှိနေအုံးမှာပဲ။ ဒီလို ရောင်းချနေ တာတွေကိုလည်း အများပြည်သူတွေက လွယ်လင့်တကူ ဝယ်ယူသုံးဆောင်ကြမည်ဆို လျှင် လည်း ကျွန်တော် အထက်မှာ ရေးခဲ့တဲ့ ပထမတန်းကျောင်းသားလေးလို မသိနားမလည်သူတွေပဲ ထိခိုက်မယ်။ နစ်နာမယ်လို့ ပဲ ပြောပါရစေဗျာ။
======================================================
ဟုတ်ပါတယ်ဗျာ။ ဆိုးတာက လူမမယ်လေးဖြစ်နေတာပါပဲ။ ဖြစ်စရာရှိလို့ဖြစ်သွားရတယ်ဆိုပေမယ့် အုပ်ထိန်းသူတွေရဲ့ပေါ့လျော့မှုနဲ့ ကျန်းမာရေးဗဟုသုတနည်းလွန်းတာကြောင့် ဖြစ်သွားရတယ်လို့ ယူဆ ပါတယ်။ ဒီအဖြစ်အပျက်မျိုး လူကြီး၊ ကလေး ဘယ်လောက်များများဖြစ်ခဲ့ပြီလဲ မသိတော့ပါဘူး။ လူတွေမှာ ကျန်းမာရေးဗဟုသုတရှိကြမယ်ဆိုရင် ဒီလိုအဖြစ်မျိုးတွေ လျော့ပါးသွားနိုင်ပါတယ်။ ဒါကြောင့် ဒီ Post လေးကို လက်ဆင့်ကမ်းပေးကြစေလိုပါတယ်။
Admin Credit : http://www.lubo601.com/2013/06/otc.html#more
ပြည်မှာဆန္ဒပြသူ အလုပ်ကြမ်းနဲ့ ထောင်သုံးလ ကျ
ပြည်မြို့မှာဆန္ဒပြခဲ့သူ ကိုဝင်းလှိုင် အင်္ဂါနေ့မှာ အလုပ် ကြမ်း နဲ့ ထောင်သုံးလ ကျသွားပါတယ်။
ကိုဝင်းလှိုင် ဆန္ဒပြခဲ့ခြင်း အကြောင်း
လျှပ်စစ်မီးရရှိရေး။
မီတာထိမ်းသိမ်းခ ကျပ် ၁,၀၀၀ ကောက်ခံခြင်းကို မ ကျေနပ်။
ပုဒ်မ(၁၈)ဖျက်သိမ်းပေးရန်။
အာဏာပိုင်တို့က ကိုဝင်းလှိုင်ကို ပြည်မြို့ အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
ကိုဝင်းလှိုင်က မနှစ်ကရော ဒီနှစ်ထဲမှာပါ ဆန္ဒပြခဲ့သူဖြစ်ပါတယ်။
ဗမိုး (ပြည်)
http://blog.irrawaddy.org/2013/06/blog-post_6305.html
သမ္မတဆီရောက်သွားမယ့် မင်းလှရေနံတွင်းလုပ်ပိုင်ခွင့်
မင်းလှမြို့နယ်၊ ထန်းကိုင်းရေနံမှော်တွင် လုပ်ကိုင် နေသူများကို ထိုနေရာမှ ထွက်ခွာပေးရန် အာဏာ ပိုင်တို့က လာရောက်တားဆီးခဲ့သော်လည်း ရေနံ တူးသူ အများအပြားက လုပ်ငန်းဆက်လုပ်ရန် ဆုံးဖြတ်ထားကြသည်။
“ရဲအင်အား ၇၀ လောက်ရှိမယ်။ တုတ်၊ ဒိုင်း၊ သေနတ်တွေနဲ့ လာတာ။ မှော်ထဲကိုလာပြီး အားလုံး အပြင်ထွက်ကြဖို့၊ မထွက် ­­­­­­ရင် ဥပဒေအရ ထောင် ၅ နှစ်အထိ ချမယ်လို့ အော်နေတယ်။ ကျနော်တို့ကတော့ ဆက်တူးနေမှာပဲ။ ဒီထဲ ရင်းနှီးထားတဲ့ အရင်းအနှီးက အများကြီး။ တချို့ဆို ရှိတဲ့လယ်တွေ၊ အိမ်တွေကိုရောင်းပြီး ဒီမှာ စီးပွားလာလုပ်တာ။ အားလုံး ဒါမလုပ်ရရင် ဘ၀ပျက်ပြီ” ဟု ထန်းကိုင်းရွာသား ကိုအေးချမ်းက ဧရာဝတီကို ယနေ့ ပြောပြသည်။
ယခုလို အုပ်ချုပ်ရေးဘက်မှ ပြုမူဆောင်ရွက်နေသည့် ပုံစံသည် ပြည်သူများကို ဆူပူမှု မဖြစ်ဖြစ်အောင် တွန်းပို့နေသလိုဖြစ်ကြောင်း၊ ဆူပူပြန်ရင်လည်း ဆူပူမှုကို အကြောင်းပြကာ ဒေသခံများကို ထပ်မံဖိနှိပ်မည့်အရေးကို စိုးရိမ်နေကြောင်း ၎င်းက ဆိုသည်။
ယခင်လ ၁၄ ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဒေသခံများ၏ ဘ၀ ရပ်တည်ရေး အတွက် ထန်းကိုင်းရေနံမှော်ကို တရားဝင်မဟုတ်သော်လည်း နားလည်မှုဖြင့် လုပ်ခွင့်ပြုခဲ့သောကြောင့် ရက်ပိုင်းအတွင်း လာရောက်တူးဖော် ကြသူ လူဦးရေ တသိန်းကျော်ခဲ့ပြီး တွင်းပေါင်း နှစ်သောင်းကျော်အထိ တိုးတက်သွားကြောင်း၊ တွင်းတတွင်းလျှင် တူးဖော်ခ၊ အလုပ်သမားစရိတ် အားလုံးပေါင်းလျှင် ကျပ်သိန်း ၂၀ နီးပါးမျှ ကုန်ကျခဲ့ကြောင်း သူက ဆက်ပြောသည်။
ထန်းကိုင်းရေနံမှော် တရားဝင် တူးဖော်ခွင့်ရရှိရေး ယာယီကော်မတီ တာဝန်ခံ ဦးသက်နိုင်ဝင်းက နေပြည်တော်သို့ စာပေးပို့ထားကြောင်း ဧရာဝတီသို့ပြောသည်။
မင်းလှမြို့နယ်၊ ထန်းကိုင်းရေနံမှော်တွင် လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုရန် အတွက် လူထုလက်မှတ် ၂,၃၀၀ ကျော်ကို စုစည်းပြီး သမ္မတ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ထံ တောင်းဆိုထားခြင်းဖြစ်ကြောင်း ဦးသက်နိုင်ဝင်းက ရှင်းပြသည်။
“ဒီတွင်းကို ပြန်ဖွင့်ပေးတာ တလ လောက်ပဲရှိနေသေးတယ်။ အရင်ကတည်းက မဖွင့်ချင်လည်း မဖွင့်နဲ့ပေါ့။ အခုက ဖွင့်ပြီးလို့မကြာခင်မှာပဲ ပြန်ပိတ်မယ်ဆိုတော့ ဒေသခံ တွေရဲ့ ရင်းနှီးထားတဲ့ အရင်းအနှီးက ကျပ်သိန်းပေါင်း နှစ်သောင်းခွဲလောက်ရှိနေတာ” ဟု ဦးသက်နိုင်ဝင်းက ဧရာဝတီကို ယနေ့ ပြောပြသည်။
ယနေ့ နံနက်တွင်လည်း ရေနံမှော်လုပ်သားများအားလုံး အစည်းအဝေးပြုလုပ်ကာ အာဏာပိုင်များဘက်မှ အကြမ်းဖက် ဖြိုခွင်းလာလျှင်လည်း လက်တုံ့မပြန်ရန်၊ ဒေသခံများဘက်မှ စတင်ပြီး အကြမ်းဖက်မှုများ၊ မီးရှို့မှုများ အပြုလုပ်ရန် သဘောတူညီခဲ့ ကြကြောင်း ၎င်းက ဆက်ပြောသည်။
ထန်းကိုင်းရေနံမှော်ကို ၂၀၀၆ ခုနှစ်က ဒေသခံ တောင်သူများထံမှ လယ်ယာမြေများကို မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်း MOGE က သိမ်းယူပြီး ပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင် ခဲ့ကြောင်း သိရသည်။
သို့ရာတွင် မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယ ဦးစီးမှူး ဦးအောင်ကိုကိုဝင်းက ဒေသခံ များကို ရေနံပြန်လည်တူးဖော်ခွင့် တရားဝင်ပေးမထားကြောင်း၊ ယခုနယ်မြေသည်လည်း ယခင် MOGE က လုပ်ကိုင်နေစဉ်ကတည်းက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသောနယ်မြေဖြစ်ကြောင်း၊ ယခုအချိန်အထိ ထုတ်ပြန်ထားဆဲဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
“ဧပြီလ ၂၉ ရက်နေ့က ထန်းကိုင်းတောင်သူတွေကို လယ်ယာမြေပြန်ပေးလိုက်တယ်ဆိုတာလည်း တကယ် တော့ MOGE က သူ့သဘောနဲ့သူလုပ်တာ။ ကျနော်တို့ မသိဘူး။ ကျနော်တို့က တကယ်ပြန်ပေးလားလို့ ပြန်မေးတော့ ပေးတာကို ဆိုင်းငံ့ ထားတယ်လို့ပြောတယ်။ MOGE လုပ်ခဲ့တဲ့နောက်ပိုင်းမှ ဒီလို တောင်သူ တွေက ပြန်မေးစရာတွေ ဖြစ်လာတာ။ အခုချိန်ထိ ကျွန်တော်တို့ကတော့ ဒီနယ်မြေကို လုပ်ခွင့်မပြုသေး ပါဘူး” ဟု ဦးအောင်ကိုကိုဝင်းက ရှင်းပြသည်။
ယခုဆိုလျှင် ထိုရေနံမြေအရေးနှင့် ပတ်သက်ပြီး မည်သို့ ဆက်လက်လုပ်ကိုင်သွားရမည် ဆိုသည်ကို အထက်အာဏာပိုင်တို့ထံမှ ညွှန်ကြားချက် ရောက်လာမှ သိရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထန်းကိုင်းရွာခံ လယ်ပိုင်ရှင် ဦးစံသောင်းက ... လွန်ခဲ့သော တလခန့်ကမှ လုပ်ပိုင်ခွင့်ရခဲ့သောကြောင့် အနယ်နယ်အရပ်ရပ်မှ ထန်းကိုင်းရေနံမှော်ထဲသို့ လာရောက်တူးဖော် ခဲ့ကြကြောင်း၊ ဒေသခံ ယာပိုင်ရှင်များက တွင်းတူးခအဖြစ် ၅ ဂါလံပုံး တစ်ပုံးထွက်လျှင် ကျပ် ၂,၀၀၀ ဖြင့်လည်းကောင်း၊ တွင်းတူးခ ကျပ် တသိန်းခွဲဖြင့်လည်းကောင်း၊ တွင်းတူးအပြီး ရေနံကို တူးသူ ၄ ရက်၊ ယာပိုင်ရှင် ၁ ရက်ဖြင့် အချိုး ကျစနစ်ဖြင့်လည်းကောင်း တွင်းတူသူနှင့် ယာပိုင်ရှင်အကြား ခွဲဝေလုပ်ခဲ့ကြောင်း ဧရာဝတီသို့ပြောသည်။
MOGE သိမ်းယူခဲ့စဉ်ကလည်း ထန်းကိုင်းဒေသခံ ယာပိုင်ရှင်များ တောင်ယာလုပ်စားလို့ မရတော့ကြောင်း၊ တွင်းတူးခွင့်ရခဲ့သောကြောင့် ယခုမှ စီးပွားရေးလုပ်ပိုင်ခွင့် အခွင့်အလမ်းစတင်ရသလိုဖြစ်နေရာမှ ပြန်ပိတ်သည့်အတွက် မိမိတို့ဘ၀ ရှေ့ရေးအတွက် ပူပန်ရကြောင်း ၎င်းက ဆိုသည်။
“မင်းလှနယ်မှာ ဒီလိုရေနံမှော်တွေ အများကြီးပါဗျာ။ ဒီထန်းကိုင်းဒေသကြမှ ဘာလို့ လုပ်ခွင့်မပေးတာလဲ။ ကျနော်တို့လည်း သူများတွေလို လုပ်ခွင့်လိုချင်တယ်။ တောင်ယာလဲ မလုပ်ရ၊ ရေနံလဲ တူးခွင့် မရဆိုရင် ကျွန်တော်တို့ ဘာလုပ်စားကြရ မလဲဗျာ” ဟု ၎င်းက ဆက်ပြောသည်။
Credit : http://blog.irrawaddy.org/2013/06/blog-post_2103.html
စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများကြောင့် မန္တလေးတွင် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဖြစ်ပေါ်
မန္တလေးမြို့တွင် စည်းကမ်းမဲ့ အချိန်ကြာမြင့်စွာ ယာဉ်ရပ်နားမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပိုမို လာကာ မြို့တွင်းစည်းကမ်းမဲ့ ရပ်နားသော ယာဉ် များကို ကျပ် ၅၀၀၀ ဖြင့် အရေးယူမှု များ ပြု လုပ် လျက် ရှိသော်လည်း ယာဉ်ကြော ပိတ်ဆို့မှု ကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်းဒေသ ခံများက ဝေဖန်သုံးသပ်ကြသည်။ မန္တလေး-စစ်ကိုင်း လမ်း မ တစ်လျှောက်၊ သိပ္ပံလမ်း တစ်လျှောက်၊ မန္တလေး ဈေးချိုတော် အနီးတစ်ဝိုက်နှင့် မြို့တွင်း အဓိက လမ်းမကြီးများ ဖြစ်သော ၂၆ လမ်း၊ ၃၅ လမ်း၊ ၆၂ လမ်း၊ ၇၃ လမ်း၊ ၇၈ လမ်း တစ်လျှောက် တို့တွင် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ် ပွားပြီး ဖြူနီကြား နေ ရာများတွင် ရပ်နားခြင်း၊ အချိန်ကြာမြင့်စွာ ကုန်တင်ကုန်ချ ပြုလုပ်ခြင်းတို့ကြောင့် ထိုသို့ယာဉ်ကြော ပိတ် ဆို့မှု ပိုမိုဖြစ်ပွားလာခြင်းဖြစ်သည်။
''လမ်း ၈၀ နဲ့ ၂၆ လမ်းထောင့်က ယာဉ်လုံးဝ မရပ်နားရ နေရာပါ။ အဲဒီနေရာမှာ ယာဉ်ထိန်းတပ်ဖွဲ့ဝင် အမြဲရှိနေပေမယ့် အရောင်းဆိုင်တွေကိုလာတဲ့ ဆိုင်ကယ်တွေ၊ ကားတွေက နှစ်ထပ်ရပ်တာတောင် ဖမ်းဆီး အရေးယူမှု မရှိဘူး။ အဲဒီနေရာမှာ အမြဲကားကြပ်တယ်။ ဈေးချိုနဲ့ ဒိုင်းမွန်းစင်တာ အနီးတစ်ဝိုက်က ယာဉ်မရပ်ရတဲ့ နေရာတွေမှာလည်း အချိန်ကြာမြင့်အောင် ရပ်နားထားတဲ့ ယာဉ်တွေကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်နေတယ်'' ဟု နေ့စဉ်ဆိုင်ကယ်ဖြင့် မြို့တွင်း သွားလာနေရသူ အရောင်းဝန်ထမ်း တစ်ဦးက ပြောသည်။
မြို့တွင်းယာဉ်ရပ်နား၍ မရသော နေရာများတွင် အရောင်းဆိုင်ခန်းများ ချထားပေးခြင်း၊ ကားပါကင်များ ထည့်သွင်းဆောက်လုပ်ခြင်း မပြုခြင်းတို့ကြောင့် ယင်းအရောင်းဆိုင်များသို့ လာသောကားများ၊ ဆိုင်ကယ် များ လမ်းဘေး၌ အချိန်ကြာမြင့်စွာ ရပ်နားခြင်းတို့ကြောင့်ဖြစ်သည်ဟုလည်း သုံးသပ်ပြောကြားသည်။
''စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီးရမှာကတော့ ကျွန်တော်တို့ တာဝန်ပါ။ ဒါပေမယ့် အထက်က တာဝန်ရှိသူတွေက ဆိုင်ခန်းဖွင့်ဖို့ တင်တဲ့အခါမှာနေရာကို ကြည့်ပြီး ခွင့်ပြုပေးရမှာ။ အခုတော့ ကျွန်တော် တို့ ဖမ်းတဲ့သူတွေကိုပဲ ပြည်သူက မုန်းကြတယ်'' ဟု စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။
ကျောင်းဖွင့်ရာသီ ဖြစ်သောကြောင့် ကျောင်းပို့ကျောင်းကြို ကားများဖြင့် လမ်းမများပေါ်တွင် ပိုမိုများပြား လာသည့်အတွက် ယာဉ်တိုက်မှု အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံများက သုံးသပ်ပါသည်။
မန္တလေးမြို့တွင် လူစီးယာဉ် ၄၂၂၅၅ စီး၊ ကုန်တင်ယာဉ်ဝန်ပေါ့ ၃၈၀၀ စီး၊ ကုန်တင်ယာဉ်ဝန်လေး ၆၉၃၀ စီး၊ အခြားယာဉ် ၅၉၉ စီး၊ ထော်လာဂျီ ၆၁၃၉ စီး၊ စက်ယန္တရား ၃၂ စီးရှိကြောင်း သိရသည်။
eleven media group
သင်္ဃန်းကျွန်းမြို့နယ်ရှိ တပ်ပိုင်မြေပေါ်မှ နေအိမ်အလုံး၂၀၀ ကျော် သတိပေးမှု မလိုက်နာ၍ ဖျက်ဆီးခံရ
နှစ် ၂၀ ကျော်ကြာ ငှားရမ်း ထားသော တပ် ပိုင်မြေပေါ်ရှိ လူနေအိမ်အလုံး ၂၀၀ ကျော်မှာ ပြော င်းရွှေ့ပေးရန် သတိပေးမှုကို လိုက်နာခြင်းမရှိ၍ သက် ဆိုင်ရာတပ်မှ အင်အားသုံး ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်း ကျွန်း မြို့နယ်ရှိ မိကျောင်းကန်အပိုင်း(၁)၊ (၂)တွင် ရှိသော နေအိမ် ၂၀၀ ကျော်အား ဇွန် ၁၃ ရက် နံ နက် ၆ နာရီခန့်မှစ၍ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တပ်မြို့တော် စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ် ရေးမှူး ဦးမိုးဝင်းက အင်အားသုံး၍ ဖျက်ဆီးခဲ့ကြောင်း ယင်းရပ်ကွက်အတွင်း ငှားရမ်းနေထိုင်သူများထံမှ သိရသည်။
အဆိုပါ မိကျောင်းကန်အပိုင်း(၁)၊(၂) နှင့်(၃)ရပ်ကွက်အတွင်းရှိ တပ်မတော်ပိုင်မြေတွင် ၁၉၉၂ ခုနှစ်က တပ်မတော်မှ မိသားစု သက်သာရေး လုပ်ငန်းအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို မြေငှား စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့သော မြေနေရာပေါ်တွင် လက်ရှိအချိန်အထိ အိမ်ထောင်စုပေါင်း ၂၁၂ စုရှိပြီး မိသားစုဝင်ပေါင်း ၇၄၀ ကျော်ရှိကြောင်း၊ ၂၀၁၂ ခု နှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး အ ထက်ပါ နေထိုင်သူများအား ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်ကြပ်ကြီး/စာရေး မောင်မောင်သွင်က သတိပေး အကြောင်းကြားခဲ့ကြောင်း နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ နေရာတွင် အငြင်းပွားမှု မရှိစေရန် ရဲတပ်ဖွဲ့မှ အင်အား ၂၀၀ ကျော်ခန့်ဖြင့်လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး မြင့်အေးထံမှ သိရသည်။
eleven media group
မောင်တောမြို့နယ်အတွင်း ကျောင်းများအားလုံး လုံခြုံရေးဖြင့် ဖွင့်လှစ်
မောင်တောမြို့နယ် အတွင်း စာသင်ကျောင်းများ အားလုံး လုံခြုံရေး အပြည့်အ၀ဖြင့် ဖွင့်လှစ်နေပြီး သက်ဆိုင်ရာ မှ မြေပြင် အခြေအနေ များအား စစ်ဆေး လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သတင်းရရှိသည်။ မောင်တောမြို့နယ် အတွင်းရှိ စာသင်ကျောင်းများ အားလုံး ယခုနှစ် စာသင်နှစ် တွင် အပြည့်အ၀ စာသင်ကြားနိုင်ရေး အတွက် မေ ၂၅ ရက်မှ စတင်ကာ ကျောင်းသားလက်ခံခဲ့ပြီး မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျောင်းများတွင် စာသင်ကြားနေကြပြီ ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် မြို့နှင့်အလှမ်း ဝေးကွာသော ကျောင်းများတွင်လည်း နယ်မြေလုံခြုံရေး အဖွဲ့များမှ လုံခြုံရေး ယူကာ ကျောင်းသား လက်ခံရေးနှင့် စာသင်ကြားရေး လုပ်ငန်းများအား ဆောင် ရွက်နေပြီ ဖြ စ်ကြော င်းလည်း သိရသည်။
''မြို့နယ်အတွင်း ကျောင်းတွေအားလုံး ဖွင့်နိုင်ပြီ ဖြစ်ပါတယ်။ တချို့ကျောင်းတွေ မှာ ကျောင်းသားလက် ခံဆဲနဲ့ တချို့ကျောင်းတွေမှာတော့ စာသင်ကြားတာ စတင်နေပါပြီ။ အခု ပြည်နယ်က စစ်ဆေးရေး အဖွဲ့တွေနဲ့ကျောင်းအားလုံး ဖွင့်လှစ်သင်ကြားရေး အတွက် အဆင်ပြေအောင် ဆောင်ရွက်နေပါတယ်။ ဆရာ၊ ဆရာမတွေလည်း တာဝန်ကျရာ ကျောင်းတွေကို သွားကြပါတယ်။ လုံခြုံရေး လိုအပ် တဲ့ ကျော င်းတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လုံခြုံရေး ယူထားပါတယ်'' ဟု မောင်တောမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးသန်းလှိုင်က ဇွန် ၁၃ ရက် နံနက်ပိုင်းက ပြောကြားသည်။
မောင်တောမြို့နယ်အတွင်း ၂၀၁၂ ခု နှစ် ဇွန် ၈ ရက်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်အ တွင်း သေဆုံးခဲ့သူများတွင် ကျောင်းဆရာတစ်ဦး ပါဝင်ခဲ့ပြီး တောင်ကျော် ထွက်ပြေးခဲ့ရသူများထဲတွင် ဆရာ၊ ဆရာမများ ပါရှိခဲ့သဖြင့် ဘင်္ဂါလီကျေးရွာများရှိ ကျောင်းများတွင် တာဝန်ကျဆရာ၊ ဆရာမများ အနေဖြင့် လုံခြုံရေး အနေအထားကြောင့် တာဝန်ကျရာ ကျောင်းများသို့ သွားရောက် တာဝန် ထမ်းဆောင်ခြင်းကို ငြင်းဆန် ခဲ့ကြောင်းလည်း သိရသည်။
သို့အတွက် ၂၀၁၃ ခုနှစ် ဧပြီမှစတင်ကာ မောင်တောမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် နိုင် ငံ့ဝန်ထမ်းများအား လစာနှစ်ဆ တိုးမြှင့်ပေးအပ် လိုက်ကြောင်းလည်း သိရသည်။
လက်ရှိအနေအထားတွင် စစ်ဆေးရေး အဖွဲ့များ၏ စစ်ဆေးတွေ့ရှိချက်များအရ ကျောင်းအားလုံးသို့ တာဝန်ကျဆရာ၊ ဆရာမများ ရောက်ရှိနေပြီဖြစ်ပြီး ကျောင်းဖွင့် စာသင်ကြားနိုင်ရေးကို စတင်နေ ပြီ ဖြစ်ကြောင်း၊ နောက်ပိုင်း အခက်အခဲ တစ်စုံတစ်ရာ ဖြစ်လာမည်ဆိုလျှင်လည်း ဆရာဆရာမများအတွက် အဆင်ပြေအောင် စီစဉ်ပေးသွားမည် ဖြစ်ကြောင်းလည်း ဒုတိယမြို့နယ် ပညာရေးမှူး ဦးသန်းလှိုင် က ပြောကြားခဲ့သည်။
eleven media group
ဒေါ်အောင်ဆန်းစုကြည် သမ္မတအိမ်တော်ရောက်ရေး ဖြစ်နိုင်ပါသည်… သို့သော်(ကျော်ဝင်း)
ယခုစာစုမှာ ၂၀၁၃ ခုနှစ် မေလ၂၅ ရက် ထုတ် The Economist မဂ္ဂဇင်း၏ Special Report မှ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ကမ္ဘာသိ မဂ္ဂဇင်းကြီး တစ်စောင်၏ မြန်မာ့နိုင်ငံရေး အနာဂတ်နှင့် ပတ်သက်သော သဘောထားအမြင်ဖြစ်၍ ဦးနှောက်မုန်တိုင်းဆင်နိုင်ရန် မူလအာဘော်မပျက်၊ ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။
လွှတ်တော်နိုင်ငံရေး နေပြည်တော်တွင် အသစ် ထွက်ပေါ်လာသော ပါလီမန်များမှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြုပြင်ပြောင်းလဲမှုများ အနေနှင့် ယခင်အစိုးရ အကန့်အသတ်နှင့်သာ ရှိသော ရည်မှန်းချက်ဖြစ်သည့် “စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ” ဆိုသည်ထက် အဆများစွာ ပိုခရီးရောက်နေပြီဖြစ်ကြောင်း အခိုင်အ မာ ဖော်ပြ နေသည်သို့ ရှိပါသည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ပထမဆုံး လွှတ်တော်အစည်းအဝေးများ စတင်စဉ်ကမူ အခြေအနေမှာ ယခုလို မဟုတ်သေး။ အငြင်းပွားဖွယ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှ အနိုင်ရလာကြသော အမတ်များ၊ ၂၅ ရာခိုင်နှုန်းသော တပ်မတော်အစုအဖွဲ့ဝင်များနှင့် ပွဲထွက်လာခဲ့သော လွှတ်တော်များမှာ မူလရည်မှန်းထားသည့်အတိုင်း ရာဘာတံဆိပ်တုံး အင်စတီကျူးရှင်းထက် ပိုလိမ့်မည်ဟု ထင်မထားခဲ့ကြပါ။ သို့နှင့်တိုင် တက်ကြွထက်သန်သော အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ) သူရဦးရွှေမန်း၏ ခေါင်းဆောင်မှုနှင့်အတူ လွှတ်တော်များမှာ အံ့သြဖွယ်ကောင်းလောက်အောင် အသက်ဝင်လာသည်။ သမ္မတကိုပင် မကြောက်မရွံ့ စိန်ခေါ်သည်များ ရှိလာသည်။ (အမှန်စင်စစ် ဦးရွှေမန်း ကိုယ်တိုင်သည်ပင် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်ပြီး ယခင်တပ်မတော်အစိုးရ လက်ထက်က နံပါတ်သုံး ခေါင်းဆောင်ဖြစ်ခဲ့သည်။)
အခြားအတိုက်အခံပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များလိုပင် လူနည်းစု လူမျိုးစု ပါတီများမှာလည်း မျှော်လင့်သည်ထက် ပိုလှုပ်ရှားခွင့်ရလာသော လွှတ်တော်နိုင်ငံရေးကို သိမှတ်လက်ခံ ကြိုဆိုကြသည်များ ရှိပါသည်။ “ရခိုင်အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ” (RNDP) မှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ယခုလိုပြောသည်။ “ပါလီမန်ရဲ့ ကနဦးရက်တွေတုန်းကတော့ ဖက်ဒရယ်စနစ်တို့၊ ဓနခွဲဝေ ဖြန့်ဖြူးမှုတို့လို ကိစ္စမျိုးတွေ ပြောလို့မရခဲ့ဘူးပေါ့ဗျာ။ အခုတော့ ဒီအကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရနေပါပြီ။ အပြုသဘောဆောင်တဲ့ တိုးတက်မှုမို့ ကျွန်တော်တို့ စိတ်ချမ်းသာပါတယ်”
၂၀၁၂ ခုနှစ် ဧပြီ ကြားဖြတ်ရွေးကောက်ပွဲဖြင့် တက်လာသော အင်န်အယ်လ်ဒီပါတီမှ ၀ါရင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကလည်း “အခုဆိုရင် ပါလီမန်ဟာ တကယ့်ကို အသက်ဝင်လာပြီဗျ” ဟု ဆိုသည်။ ပြောရလျှင် ပါတီဝင် လွှတ်တော်အမတ်များသည်ပင် ပုံမှန်ဥပဒေပြုရေး ဆွေးနွေးပွဲများတွင် တက်တက်ကြွကြွ ပါဝင်လျက်ရှိနေကြသည်။ တပ်မတော်၏ သဘောထားနှင့် သီးခြားကင်းလွတ်စွာ ၎င်းတို့၏ အရည်အသွေး၊ အတွေးအမြင်များအလိုက် ဥပဒေအဆိုပြုချက်များကို လွတ်လွတ်လပ်လပ် ဆွေးနွေးဆုံးဖြတ်နေကြသည်။ ပြည်သူလူထု၏ ရွေးချယ်မှုသည်ကား ဒေါ်အောင်ဆန်းစုကြည်မှ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်နေဆဲပင်။ ဤကိစ္စနှင့် ပတ်သက်လျှင်ကား သံသယဖြစ်စရာ မရှိပါချေ။
ယခုအခါ လာဘ်မြင်သော နိုင်ငံရေးပဲ့ကိုင်တစ်ဦးဟု ဆိုကြရမည့် ဦးရွှေမန်းအနေနှင့် ၂၀၁၅ တွင် သမ္မတဖြစ်လာဖို့ မျှော်လင့်ချက် ရှိကောင်းရှိနိုင်ပါသည်။ လာမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပဖို့ရှိသည်။ ဦးရွှေမန်းမှာ သူ့ကိုယ်ပိုင်လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် ပါလီမန်ကို “ယာဉ်” တစ်ခုအဖြစ် အသုံးပြုနေသည့် သဘောရှိသည်။ ကိစ္စတော်တော်များများမှာဆိုလျှင် သမ္မတအဖွဲ့မှ တင်သွင်းလာသော အဆိုပြုချက်များကိုပင် ဦးရွှေမန်းဦးဆောင်သော ပါလီမန်က ဖြတ်တောက် ပြင်ဆင်သည်များ ရှိသည်။ မြန်မာနိုင်ငံ၏ လက်ရှိစနစ်အရ သမ္မတကို ပါလီမန်အမတ်များက ရွေးချယ်ကြရ ပါသည်။
ယခုဆိုလျှင် ဦးရွှေမန်းမှာ လူသိများ အထင်ရှားဆုံး ပါလီမန်အမတ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ခိုင်ခိုင်မာမာ မဟာမိတ်ဖွဲ့ထားနိုင်သည်။ ထိုမျှမက သူ၏ စိတ်အားထက်သန်မှုနှင့် ဆန့်ကျင်ဘက် အမြင် များကို လက်ခံနားထောင်နိုင်စွမ်း၊ ညှိနှိုင်းဆွေးနွေးနိုင်စွမ်းများကြောင့် အတိုက်အခံပါလီမန် အမတ်များ၏ လေးစားမှုကိုပင် ရနေသည်။ တပ်မတော်နှင့် အတိုက်အခံပါတီများကြား သဘောကွဲလွဲမှုများကို ပေါင်းကူးတံတား ခင်းပေးနိုင်လောက်သူ ဖြစ်နေ၍လည်း အပေးအယူ စေ့စပ်ညှိနှိုင်းမှုများဖြင့် ဦးရွှေမန်းကို သမ္မတလောင်းအဖြစ် လျာထားလာနိုင်စရာရှိသည်။ အထူးသဖြင့် သမ္မတရွေးချယ်ရာတွင် လူထုဆန္ဒကို ထည့်သွင်းစဉ်းစားမှုမျိုး မလုပ်လျှင် ကျန်အလားအလာမှာ ပို၍ပင် ဖြစ်နိုင်ပါသည်။
လူထုခေါင်းဆောင်မှ နိုင်ငံတော်သမ္မတသို့
လူထု၏ ရွေးချယ်မှုသည်ကား အငြင်းပွားဖွယ်ရာ မရှိလောက်အောင်ပင် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်။ သူမနှင့် သူမ၏ပါတီ အင်န်အယ်လ်ဒီတို့မှာ မြန်မာ့ဒီမိုကရေစီအဖွင့်တွင် အကျိုးအများဆုံး ရနေသည်မှာ အထင်အရှားပင်ဖြစ်သည်။ သူမနှင့် သမ္မတဦးသိန်းစိန်တို့၏ ပုဂ္ဂိုလ်ရေး အဆင်ပြေမှု၊ မကြာသေးမီကမှ ပို၍ သိသာထင်ရှားလာသော သူမနှင့် ဦးရွှေမန်းတို့ကြား ပိုမိုနီးစပ်လာမှုများမှာ ဒီမိုကရေစီဖြစ်စဉ် မြန်မြန်ဆန်ဆန် ရွေ့နိုင်ရေးအတွက် ဆုံချက်အကျဆုံး ဖြစ်နေသည်။ ပြုပြင် ပြောင်းလဲရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီကို ရယူနိုင်ရန် ဦးသိန်းစိန်က အတုံ့အလှည့် အနေဖြင့် အင်န်အယ်လ်ဒီ တရားဝင်ပါတီ ဖြစ်စေရေးအတွက် အဟန့်အတား အမှောင့်ပယောဂများကို ဖယ်ရှားပေးခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတမှု ရှိစေရမည်ဟု အာမခံချက် ပေးခဲ့သည်။ အင်န်အယ်လ်ဒီမှာ အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာခဲ့သည်။ ဆိုခဲ့ပါ ကြားဖြတ်ရွေးကောက်ပွဲ အဖြေမှာ “မြန်မာ့ဒီမိုကရေစီအိုက်ကွန်” အနေနှင့် ဆယ်စုနှစ်အချို့ကြာ ၎င်းအပေါ် သိက္ခာချဖို့ ကြိုးစားမှုများနှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် လူထုအပေါ် စွဲဆောင်နိုင်စွမ်း အနည်းငယ်မျှ လျော့ပါးမသွားကြောင်း လှစ်ပြလိုက်သည့် သာဓကပင် ဖြစ်သည်။ အင်န်အယ်လ်ဒီက အမတ်နေရာ ၄၄ နေရာ ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာ အနိုင်ရခဲ့သည်။ နေရာအတော်များများတွင် အပြတ်အသတ် အနိုင်ရခဲ့သည်လည်း ဖြစ်ပါသည်။ ယူအက်စ်ဒီပီ အနေနှင့်ကား မရှုမလှပင် ရှုံးနိမ့်ခဲ့သည်ဟု ဆိုရပါလိမ့်မည်။ လွှမ်းမိုးထားသော အစိုးရ၀န်ထမ်း အများစုရှိရာ နေပြည်တော်မဲဆန္ဒနယ် လေးခုမှာပင် အနိုင်မရခဲ့ပါ။
အင်န်အယ်လ်ဒီကို ထောက်ခံခဲ့ကြသူများမှာ ယေဘုယျအားဖြင့် ဒီမိုကရေစီအတွက် မဲပေးခဲ့ကြခြင်း ဖြစ်ပါလိမ့်မည်။ အခိုင်အမာကျကျ ဆိုရလျှင်မူ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြခြင်းသာ ဖြစ်သည်။ ပြည်သူလူထု၏အမြင်တွင် သူမမှာ မိသားစုဘ၀နှင့် လွတ်လပ်မှုကို တိုင်းပြည်အတွက် စတေးခဲ့ရသူ ဖြစ်သည်။ ဤစွန့်လွှတ်မှုအတွက် လူထုက သူမကို အသည်းကြားမှ မဲပြားများဖြင့် ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။ ထို့ထက် သူမမှာ၊ ခေတ်သစ်မြန်မာနိုင်ငံကို အုတ်မြစ်ချပေးခဲ့သူ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလည်းဖြစ်လေရာ တပ်မတော်ထဲမှာပင် သူမကို လိုလားသူတွေ မနည်းမနော ရှိနေသည်။
ပြောရလျှင် အာရှနိုင်ငံရေးမှာ မင်းဆက်သဘောနှင့်လည်း ကင်းတတ်သေးသည်မဟုတ်ရာ သူမ၏ မိဘမျိုးရိုးကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ဘက်များထက် နှာတစ်ဖျားမက အဆများစွာ ကွာစေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဆိုလျှင် လူထုအချစ်တော် သူမဖခင်ကြီး၏ စစ်ဝတ်စုံအကျ ဖိုးရိုးဖားရားကြီး ၀တ်ထားသော ဓာတ်ပုံနှင့် ယှဉ်တွဲချိတ်ဆွဲလေ့ ရှိကြသည်။ ဤဓာတ်ပုံကို မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရနှင့် ဆွေးနွေးရန် လန်ဒန်သွားစဉ် ၁၉၄၇ ခုနှစ်က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်မျှသာ ရှိပါသေးသည်။ ထိုနှစ်မှာပင် ဗိုလ်ချုပ်အောင်ဆန်းမှာ နိုင်ငံရေးပြိုင်ဘက်များ၏ လုပ်ကြံသတ်ဖြတ်မှု ခံခဲ့ရသည်။
မည်သို့ပင်ရှိစေ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ လုံးဝဥဿုံ အောင်ပွဲဆင်နိုင် ခဲ့သည်မှာ ထူးခြားလှသော အလှည့်အပြောင်းဟု ဆိုရပါလိမ့်မည်။ အကြောင်းမူ ယခင်တပ်မတော်အစိုးရ လက်ထက်တစ်လျှောက်လုံးလောက်ပင် အင်န်အယ်လ်ဒီမှာ ဘာတစ်ခုမှ လှုပ်ရှားလို့မရအောင် အတားအဆီး ခံခဲ့ရသည်။ အင်န်အယ်လ်ဒီခေါင်းဆောင် အားလုံးလောက်မှာလည်း အကျဉ်းထောင်ထဲ ရောက်ခဲ့ရသည်။ အချို့ဆိုလျှင် ဆယ်စုနှစ်များနှင့်ချီပြီး အကျဉ်းစံ ဖြစ်ခဲ့ရသည်။ အကျဉ်းကျချိန် တစ်လျှောက်လုံး သီးခြားခွဲပြီး တိုက်ပိတ်ခံခဲ့ရသည်များပင် ရှိသည်။
သို့နှင့်တိုင် သူတို့ထဲမှ အများစုမှာ တစ်ခါက ရန်သူဟောင်းများအပေါ် ပြောစမှတ်ပြုလောက်အောင် ခွင့်လွှတ်နိုင်ခဲ့ကြပါသည်။ ယခုအခါ ပါလီမန်အမတ် တစ်ယောက်အဖြစ် ယခင်ရန်ဘက်ဟောင်းများနှင့် လက်တွဲအလုပ်လုပ်နေကြပြီဖြစ်သော ဦးဝင်းထိန်ဆိုလျှင် အနှစ် ၂၀ မျှ နံရံတံတိုင်းများကြားတွင် နေခဲ့ ရသူဖြစ်သည်။ “ဗုဒ္ဓဘာသာဝင် တစ်ယောက်ပီပီ၊ ဒေါသတွေ အာဃာတတွေကို ရင်ထဲမှာ မထားတော့ပါ။ လက်စားချေဖို့ အတွေးဆို၍လည်း စိတ်ထဲမှာမရှိပါ” ဟု သူက ဆိုပါသည်။ သူ့စကား “ဒေါသဆိုတာ မီးလိုပဲလေ။ လောင်မြိုက်တတ်တာပေါ့။ ပူလောင်တာပေါ့”
စည်းကမ်းတကျ ပါတီတစ်ရပ် အမြဲတမ်းဖြစ်စေရေးအတွက် ယခုအခါ အင်န်အယ်လ်ဒီမှာ ယခင် မြေအောက်အတိုက်အခံ လှုပ်ရှားမှုအဖြစ်မှ အစိုးရဖွဲ့နိုင်လောက်သည့် ပါတီတစ်ရပ် ဖြစ်လာစေရန် ပြောင်းလဲတည်ဆောက်လျက် ရှိနေသည်။ ပြီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရဆိုလျှင် လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော “မဲအများဆုံးရသူ အနိုင်ရ” ရွေးကောက်ပွဲစနစ် (First-post -the-post) အရ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ အေးအေးသက်သာ အနိုင်ရဖို့ များပါလိမ့်မည်။ လက်ရှိအာဏာရ ယူအက်စ်ဒီပီ ပါတီအနေနှင့်မူ အမတ်တစ်နေရာရဖို့ပင် ခက်ခဲကောင်း ခက်ခဲနိုင်သည်။
အင်န်အယ်လ်ဒီအနေနှင့် ပြီးခဲ့သော မတ်လက ပထမဆုံးအကြိမ် ပြည်လုံးကျွတ် ကွန်ဂရက်ကြီးကို ကျင်းပခဲ့ ပါသည်။ ပါတီ၏ အင်အားကို စနစ်တကျ စုစည်းနိုင်ရန်နှင့် ပါတီခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ထိရောက်ထက်မြက်သော လုပ်ငန်းစဉ် ဖြစ်လာစေရန် ရည်ရွယ်ကျင်းပခဲ့သော ကွန်ဂရက်ဖြစ်သည်။ သို့တစေ အင်န်အယ်လ်ဒီ ကွန်ဂရက်မှာ အပြည့်အ၀ အောင်မြင်သည်ဟူ၍ကား မဆိုနိုင်ပါ။ ယခင်က မရှိခဲ့ဖူးသော ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှု များပင် ရှိသလောက် ရှိလာသည်။ အထူးသဖြင့် သူမ၏ အော်တိုကရက်စတိုင် ခေါင်းဆောင်မှုနှင့် သွေးသစ် များ၊ အိုင်ဒီယာသစ်များကို လက်ခံဖို့ စိတ်အားထက်သန်မှုမရှိ စသဖြင့် ဝေဖန်ကြသည်။
ဤသို့ ဝေဖန်ခဲ့ကြသူများအနက် တစ်ယောက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးနီးကပ်ကပ် အလုပ် လုပ်ခဲ့ဖူးသော ဒေါ်ခင်လေး ဖြစ်သည်။ ၎င်းက ပါတီတွင်းအခြေအနေကို ယခုလို ညည်းညည်းညူညူ ပြောပြသည်။ “ဒေါ်စုက တစ်ခုခုပြောလိုက်ရင် အဲဒါ ပေါ်လစီပဲ။ အိုင်ဒီယာသစ်တွေနဲ့ ပတ်သက်ရင် တကယ့်အစစ်အမှန် ဒီဘိတ် လုပ်နိုင်ဖို့ အခွင့်အလမ်းက မရှိသလောက်ကို နည်းတယ်။ တစ်ခါတလေ ကျွန်မတို့က ဒေါ်စုကို ဝေဖန်မိရင် ပါတီအပေါ် သစ္စာမရှိဘူး အပြောခံရတယ်”
အင်န်အယ်လ်ဒီကို ကျယ်ပြန့်သော အခြေခံပေါ်မှာ စုစည်းညီညွတ်သော ပါတီတစ်ရပ်အဖြစ် ပြောင်းလဲနိုင်ဖို့ လိုပါသည်။ သဘောကွဲလွဲမှုများ မဖြစ်စေဘဲ စီးပွားရေး၊ နိုင်ငံခြားရေးနှင့် နယ်ပယ်တိုင်းတွင် ခိုင်မာသော ပေါ်လစီများ ချမှတ်ဆောင်ရွက်နိုင်ဖို့ လိုသည်။ ဤအရာများကို ဆောင်ရွက်နိုင်ရန် အချိန်အများကြီး ရှိတော့သည်လည်း မဟုတ်။ ၂ နှစ်မျှသာ ကျန်တော့သည်။ ဤလုပ်ငန်းတာဝန်များသည်ပင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုအတွက် စမ်းသပ်မှုတစ်ခု ဖြစ်ပါလိမ့်မည်။
အမြော်အမြင်နှင့် အပေးအယူ
အကယ်၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ အနိုင်ရလျှင်ပင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလိမ့်မည်ဟု ဆိုနိုင်ဦးမည် မဟုတ်ပါချေ။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူမကို သမ္မတဖြစ်မလာစေရန် တားဆီးထားသည့် ပြဋ္ဌာန်းချက်တစ်ခုရှိသည်။ အထူးသဖြင့် သူမကို ရည်ရွယ်ပြီး သတ်မှတ်ထားသော ပြဋ္ဌာန်းချက်ဟူ၍ပင် ဆိုနိုင်သည်။ (ပုဒ်မ ၅၉၊ ပုဒ်မခွဲ - စ- ဖြစ်ပါသည်) ဤပြဋ္ဌာန်းချက်အရ ဇနီးခင်ပွန်းဖြစ်စေ၊ သားသမီးဖြစ်စေ၊ နိုင်ငံခြားသားဖြစ်လျှင် အဆိုပါပုဂ္ဂိုလ်အနေနှင့် သမ္မတ (သို့မဟုတ်) ဒုတိယသမ္မတ ဖြစ်ခွင့်မရှိပါချေ။ ဒေါ်အောင်ဆန်းစုကြည်မှာ အင်္ဂလိပ်လူမျိုး မိုက်ကယ်အဲရစ် (၁၉၉၉ ခုနှစ်က ကွယ်လွန်) နှင့် လက်ထပ်ခဲ့ပြီး ဗြိတိသျှပတ်စ်ပို့ ကိုင်ထားသော သားနှစ်ယောက် ထွန်းကားခဲ့သည်။
အင်န်အယ်လ်ဒီ အနေနှင့်မူ အဆိုပါ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဘယ်တုန်းကမှ လက်မခံခဲ့သလို ဤဥပဒေ ပြင်ဆင်နိုင်ရေးအတွက်လည်း ရွေးကောက်ပွဲ မဲဆွယ်ကာလကတည်းက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။ သို့နှင့်တိုင် တပ်မတော်ဘက်ကမူ မည်သို့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုမဆို ပယ်ချမည့်သဘော ရှိနေသည်။ သို့တစေ ယခုနောက်ပိုင်း စိတ်ဝင်စားဖို့ ကောင်းလာသည်မှာ တပ်မတော်ကိုယ်တိုင်က စိတ်ပြောင်းချင် ပြောင်းလာနိုင်သည့် အနေအထား ဖြစ်ပါသည်။
တပ်မတော်ကိုယ်ပွားတစ်ခုဟု ဆိုနိုင်သော ဦးရွှေမန်း ဦးဆောင်သည့် ယူအက်စ်ဒီပီ အနေနှင့်မူ ၂၀၁၅ ခုနှစ်တွင် အရှိန်အဟုန်နှင့် မောင်းနှင်လာတော့မည့် အင်န်အယ်လ်ဒီ ယန္တရားကြီးကို တားဆီးနိုင် လောက်မည့် တစ်ခုတည်းသော နည်းလမ်းမှာ လက်ရှိရွေးကောက်ပွဲစနစ်ကိုပြောင်းပြီး “အချိုးကျ ကိုယ်စားပြု စနစ်” (PR စနစ်) နှင့် အစားထိုးဖို့သာ ဖြစ်လိမ့်မည်ဟု သဘောပေါက် နားလည်လာကြ ဟန်ရှိသည်။ ဤနည်းဖြင့်သာလျှင် ယူအက်စ်ဒီပီမှာ လုံးဝဖယ်ရှားခံရနိုင်သည့် အန္တရာယ်မှ (အနိမ့်ဆုံးအားဖြင့်) ရှောင်ရှားနိုင်စရာ ရှိပါလိမ့်မည်။ ထို့ထက် ပီအာရ်စနစ်၏အောက်တွင် လူနည်းစု ပါတီများအတွက်လည်း ပိုအခွင့်သာနိုင်စရာ ရှိသည်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေက မည်သို့သော ရွေးကောက်ပွဲစနစ် ကျင့်သုံးရမည်ဆိုသည်ကို တိတိပပ သတ်မှတ်ထားသည်တော့ မရှိပါ။ တစ်ခုပဲ ရှိသည်။ အောက်လွှတ်တော်ကို မဲဆန္ဒနယ်တစ်ခု၊ ကိုယ်စားလှယ် တစ်ယောက်ဖြင့် ဖွဲ့စည်းရမည်ဟု ဆိုထားရာ ပီအာရ်စနစ်ကို ကျင့်သုံးတော့မည်ဆိုလျှင် လက်ရှိ အခြေခံဥပဒေကို တစ်စုံတစ်ရာ ပြင်ဖို့လိုပါလိမ့်မည်။ ပြီးခဲ့သည့် မတ်လက ပါလီမန်တွင် ယူအက်စ်ဒီပီက အခြေခံဥပဒေကို ပြန်လည်စိစစ်ရန် လွှတ်တော်ကော်မရှင်တစ်ရပ် ဖွဲ့စည်းဖို့ အဆိုပြုခဲ့ပါသည်။ ဘာကြောင့် ဤသို့ စိစစ်ဖို့လိုသည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါ။ ယူအက်စ်ဒီပီ အနေနှင့် လက်ရှိအခြေခံဥပဒေကို ပြင်လိုလျှင် လွှတ်တော်တွင် နေရာအများစု ရထားသော လက်ရှိအချိန်သာ အကောင်းဆုံး ဖြစ်သည်ကိုမူ လူတိုင်းရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။
လူမျိုးစု ပါတီများဖြစ်သော ကရင်၊ ချင်းနှင့် ရှမ်းပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြား ပါတီငယ်များကလည်း ပီအာရ်စနစ်ကို ထောက်ခံမည့်ပုံရှိသည်။ လူမျိုးစုပါတီ တော်တော်များများအနေနှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ယူအက်စ်ဒီပီ အပြတ်နိုင်ခဲ့သလို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း အင်န်အယ်လ်ဒီ အပြတ်နိုင်သွားနိုင်မည်ကို စိုးရိမ်မကင်း ဖြစ်နေကြဟန်ရှိသည်။ သူတို့အမြင်တွင် အဆိုပါ ပါတီကြီး နှစ်ခုလုံးမှာ ဗမာလူမျိုးစု အကျိုးစီးပွားကိုသာ ကိုယ်စားပြုကြသည်ဖြစ်ရာ အပြည့်အ၀ မယုံကြည်နိုင်ကြပါချေ။ လူမျိုးစုပါတီများ စုပေါင်းပြီး ဖက်ဒရယ်ပါတီကို ပါတီသစ်တစ်ရပ် ဖွဲ့စည်းဖို့ ညှိနှိုင်းပြောဆို နေကြသည်များလည်း ရှိသည်။ ဤသို့သော တပ်ပေါင်းစုမျိုးဖြင့်သာ အင်န်အယ်လ်ဒီနှင့် ယူအက်စ်ဒီပီတို့ကို စိန်ခေါ်နိုင်မည်ဖြစ်သလို ပီအာရ်စနစ်အောက်တွင် ပို၍ အောင်မြင်မှုရလိမ့်မည်ဟု ယူဆထားကြဟန် ရှိပါသည်။
ပြောရလျှင် အခြေအနေမှာ ဘာတစ်ခုမျှ ကံသေကံမ မဆိုသာသည့် စွန့်စားမှုနှင့် အရင်းတည်ကြရမည့် အနေအထားဟု ဆိုကြရမည့် သဘောရှိသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် တားဆီးပိတ်ပင်ထားသော ပြဋ္ဌာန်းချက်ကိုသာ ဖယ်ရှားပေးလျှင် အင်န်အယ်လ်ဒီဘက်မှလည်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပီအာရ်စနစ်ကို လက်ခံကောင်း လက်ခံပါလိမ့်မည်။ နေပြည်တော်တွင် “လိမ္မာပါးနပ်သော နိုင်ငံရေးအပေးအယူ” တစ်ခု ရှိလာလေမည်လား မှန်းဆရပါသည်။
http://www.economist.com/news/special-report/21578166-possibly-though-many-twists-and-turns-still-lie-ahead-suu-kyi-president