Sunday, May 19, 2013

မြန်မာသမ္မတကြီး ဦးသိန်းစိန်အား လူ ၃၀၀ ခန့် လာရောက် တွေ့ဆုံ ခဲ့ပြီး လူ ၇ ယောက်တိတိ လာရောက် ဆန္ဒပြ ၊ အမေရိကန်သမိုင်းတွင် အသေးဆုံး ဆန္ဒပြပွဲ ဖြစ်ခဲ့



မြန်မာသမ္မတကြီး ဦးသိန်းစိန်အား အမေရိကန် နိုင်ငံရောက် မြန်မာလူမျိုးပေါင်း ၃၀၀ ခန့်မှ လာ ရောက် တွေ့ဆုံ ခဲ့ပြီး နှုတ်ဆက် ကာ သမ္မတကြီး၏ မိန့်ခွန်းကို လာရောက် နာခံခဲ့ကြပြီး လူ ၇ ယောက် တိတိ လာရောက် ဆန္ဒပြ ၊ အမေရိကန်သမိုင်းတွင် အသေးဆုံး ဆန္ဒပြပွဲ ဖြစ်ခဲ့ကြောင်း သတင်းရရှိ ပါတယ်။


အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ ၀ါရှင်တန်ဒီစီမှာ ရှိတဲ့ မြန်မာ သံရုံး မှာ အမေရိကားရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။


အဲဒီမှာတော့ သမ္မတ ဦးသိန်းစိန်က လက်ရှိ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေကို ရှင်းပြခဲ့ပြီး တိုင်းပြည်ပြန် လည် ထူထောင်ရေးမှာ ပြည်ပကို ရောက်နေတဲ့ မြန်မာတွေ အားလုံးကပါ ပူးပေါင်းပါဝင်ကူညီဖို့၊ နောက် မြန်မာအပေါ် အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှု ဥပဒေတွေက အသက်ရှိနေသေးပြီး လုံးဝ ရုပ်သိမ်းသွားသေးတဲ့ အခြေအနေမဟုတ်လို့ ဒါတွေကို လုံးဝ ရုတ်သိမ်းသွား စေဖို့ သူကိုယ်တိုင်လာ တာ ဖြစ်ကြောင်းတွေ ပြောသွားပါ တယ်။


အခုလို လူပေါင်း ၃၀၀ လောက်တက်ရောက် တဲ့ မြန်မာမိသားစုတွေနဲ့ သမ္မတ ဦးသိန်းစိန်တွေ့ဆုံပွဲမှာ ရင်းရင်းနှီး နှီးနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်မှာ အခုလို ရေးသား ထားပါတယ်။

"အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတကြီးဟာ မလ ၁၈ ရက်နေ့ ညနေမှာ အမေရိကန် လင်ကွန်း အထိမ်းအမှတ်အဆောက်အဦကို သွားရောက် လေ့လာခဲ့ပါတယ်။ အဲဒီကနေ မြန်မာသံရုံးကို သွားရောက်ပြီး အမေရိကန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများနဲ့ ချစ်ချစ် ခင်ခင် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါ တယ်" လို့ ဦးရဲထွဋ်က ဆိုပါတယ်။

လူပေါင်း ၃၀၀ ခန့်မှ လာရောက် တွေ့ဆုံနေချိန်မှာလည်း အပြင်ဖက်မှာ လူ ၁၀ ယောက်မပြည့်တဲ့ လူများ က ခွတ်ဒေါင်းအလံကို ကိုင်ဆောင်ပြီး ဆန္ဒပြနေပါတယ်။ လူမရှိသလို ဆန္ဒပြချိန်ကလည်း ခဏတာပဲဖြစ် တာကြောင့် အမေရိကန်သမိုင်းမှာ လူအနည်းဆုံး၊ အချိန်အတိုဆုံး နဲ့ အသေးဆုံး ဆန္ဒပြပွဲတစ်ခု ဖြစ်ခဲ့ပါ တယ်။ ဆန္ဒပြသူများဟာ ကိုယ်တိုင်လည်း ဘာမှ မလုပ်နိုင်ပဲ အမြဲ ကန့်လန့်တိုက်နေတဲ့ ၈၈ မျိုးဆက် တွေ ဖြစ်ပြီး မနက်ဖြန်မှာလည်း VOA ရှေ့မှာ ဆန္ဒပြကြအုံးမယ်လို့ သိရပါတယ်။

အမေရိကန်ရောက် ဆန္ဒပြသူများသည် လက်ပံတောင်း နှင့် ၂၀၀၇ တွင် သံဃာတော်များအတွက် ဆန္ဒပြခဲ့ ကြသော်လည်း မိတ္ထီလာတွင် ဆရာတော်ဦးသောဘိတ ရက်ရက်စက်စက် နှိပ်စက်ခံ သေဆုံးမှုအတွက် ဆန္ဒပြခဲ့ခြင်း လုံးဝ မရှိခဲ့ခြေ။


.. www.MyanmarExpress.net

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ထွက်ခွာ



ရန်ကုန် မေ ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပမည့် ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ရေထိပ်သီး အစည်းအဝေးနှင့် ဗန်ကောက်မြို့၌ ကျင်းပမည့် (၁၀)ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနား သို့တက်ရောက်ရန် ယနေ့ ညနေ(၃)နာရီတွင် မြန်မာ့လေကြောင်းအထူးလေယာဉ်ဖြင့် ရန်ကုန်မြို့မှ ချင်းမိုင်မြို့သို့ ထွက်ခွာသွားသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တိုင်းဒေ သကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးနှင့် ဌာနဆိုင်ရာတို့မှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဦးခင်ဇော်၊ ဒေါက်တာဒေါ်သက်သက်ဇင်နှင့် ဌာနဆိုင်ရာ အကြီး အကဲများ လိုက်ပါသွားကြသည်။

.. www.MyanmarExpress.net

AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာကောင်းသော ရောဂါပိုးသစ်တစ်မျိုး ထပ်မံတွေ့ရှိ



လွန်ခဲ့သော နှစ်နှစ်ခန့်က ဂျပန်နိုင်ငံရှိ ပြည့်တန်ဆာ အမျိုးသမီး တစ်ဦးထံမှ ပထမဆုံး ရှာဖွေ တွေ့ရှိခဲ့ သည့် ရောဂါပိုး တစ်မျိုးသည် ခုခံအားကျဆင်းမှုကို ပို၍ ဖြစ်ပွားနိုင်ခြေရှိကြောင်း US National Coalition of STD Directors အဖွဲ့မှ William Smith က သတိပေး ပြောကြားလိုက်သည်။

လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ် တစ်မျိုးသည် ဆေးမတိုးတော့သော ရောဂါပိုးသစ် တစ်မျိုးအဖြစ် AIDS ရောဂါပိုးထက်ပို၍ ဆိုးရွားစေနိုင်သည့် အလားအလာရှိကြောင်း ယခုအခါ အဆိုပါ ဗိုင်းရပ်စ်ပိုးအား ဟာဝိုင်အီ ၊ ကယ်လီဖိုးနီးယားနှင့် နော်ဝေး နိုင်ငံများတွင် စတင် ပျံ့နှံ့ နေသည်ကို တွေ့ရှိရကြောင်းလည်း အမေရိကန် ပြည်ထောင်စုမှ ဆရာဝန်များက သတိပေး ပြောကြား ထားသည်။ ၎င်းရောဂါ ပိုးသစ်ကို ပျောက်ကင်းအောင် ကုသနိုင်မည့် ဆေးဝါးကို ယခုထိတိုင်အောင် ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း စမ်းသပ် စစ်ဆေးမှုများကို တိုးမြှင့် လုပ်ဆောင်သွားရန်နှင့် ကုသရန် အမေရိကန်ဒေါ်လာ သန်း ၇၈ဝ ကုန်ကျနိုင်ဖွယ် ရှိကြောင်း လိုအပ်ကြောင်း ပြောကြားထားသည်။

http://www.scienceworldreport.com/articles/6672/20130506/gonorrhea-ho41-superbug-worse-aids.htm

ဝ တပ် ဖွဲ့  မြန်မာ ပြည်ထဲ မှ ခွဲ ထွက် ဖို့  ကြံစည် နေ ပြီ လော


uwsa

တရုတ်အစိုးရ၏ ကျောထောက်နောက်ခံဖြင့် စစ် လက်နက်မျိုးစုံနှင့် သံချပ်ကာကား ၊ အမြောက် လက် နက် မျိုး စုံ တို့  ကို တရုတ် ပြည်မှ မှာယူ တင် သွင်း နေသည့် UWSA ခေါ် ၀တပ် ဖွဲ့  သည် မြန်မာ နိုင်ငံ တွင်း မှ ခွဲ ထွက် ပြီး ကိုယ်ပိုင် နိုင်ငံ ထူ ထောင် ရန် စီစဉ် နေသည် ဟု ရန်ကုန် နှင့် ထိုင်း အခြေ စိုက် အနောက် တိုင်း သံတမန် များ က ခန့် မှန်း ကြသည်။


ပေါက်ယူချမ်း ၏ သား ဖြစ်သူ ပေါက် အိုက် ပန်း က အရေး ပါသည့် အမှတ် ၄၈၁ တပ် ၏ တပ်မှုး ဖြစ် လာ ပြီး နောက် ၎င်း ၏ စစ်ရေး နယ် မြေ အတွင်း မြန်မာ တပ် ဖွဲ့  များ လာရောက် ခွင့် ကို မပြု တော့ ဘဲ စစ်အင်အား ကို လည်း တိုး ချဲ့  တည်ဆောက် လာခဲ့ သည်။

UWSA ဌာနချုပ် ပန်ဆိုင်း ကိုယ် တိုင်း လည်း ၂၀၁၁ ခုနှစ် အတွင်း စစ်ရေး အသုံး စရိတ် များ ကို ဒေါ်လာ ခြောက် သန်း ကျော် တိုး မြှင့် သုံး စွဲ ခဲ့ ပြီး လက် နက် များကို တရုတ် နှင့် လာ အို ၊ ထိုင်း လက်နက် ပွဲ စား တို့  ထံ မှ ၀ယ်ယူ မှု ပြု ခဲ့သည်။

လက်ရှိ မြန်မာ အစိုးရ သမ္မတ ဦး သိန်း စိန် သည် ရှမ်း ပြည် နယ် တြိဂံ ဒေသ တိုင်း စစ်ဌာန ချုပ် ၏ တိုင်း မှုး အဖြစ် တာဝန် ထမ်း ဆောင် ခဲ့ စဉ် က ၀ တပ် ဖွဲ့  ၏ ခေါင်း ဆောင် ပိုင်း နှင့် ရင်း နှီး ခဲ့ ပြီး ၀ တပ် ဖွဲ့  ကို အထူး အခွင့် အရေး များ ပေး ခဲ့ သည် ဟု ကြိဂံ ဒေ သ တိုင်း အရာ ရှိ များ က FNG ကို ပြောသည်။

မေလ ပထမမ ပတ် ထုတ် ဂျိန်း အပတ်စဉ် ကာ ကွယ် ရေး စာစောင် ဉ် လည်း ၀ တပ် ဖွဲ့  သည် တရုတ် နိုင်ငံ မှ ဒုံး လက် နက် များ ပါသည့် ရဟတ်ယာဉ် များ ကို ၀ယ်ယူ ခဲ့ သည် ဟု ဖော် ပြထာ သည်။ ၀ တပ် ဖွဲ့  က တော့ ထို သတင်း ကို ငြင်း ဆို ခဲ့ သည်။

မည် သို့  ပင် ဖြစ် စေ ၀ နယ် မြေ နှင့် ပန်းဆန်း ကို ဆက် သွယ် ဖောက် လုပ် ထား သည့် လမ်းများ မှာ မူ စစ်ရေး ထောက် ပံ့ ပို့  ဆောင် မှု အတွက် ရည်ရွယ် ချက် ရှိ ရှိ ဖောက် လုပ် ထား ခြင်း ဖြစ် ပြီး အဆို ပါ လမ်းများ တွင် တင့် ကား စသည့် ယာဉ် များ ပါ အနည်း ဆုံး တော့ နှစ်စီး ယှဉ် ပြီး မောင်း နှင် နိုင် သည် ဟု ပန်ဆန်း သို့  ရောက် ခဲ့ သည် နိုင်ငံ ခြား သား သတင်း ထောက် တစ်ဦး က FNG ကို ပြောသည်။

စစ်ရေး အရ မဟာ ဗျူ ဟာ ကျ သည့် ထို လမ်း များ ဖောက် လုပ် ရာ တွင် ၀တပ် ဖွဲ့  က ယွမ် ငွေ သန်း ထောင် ချီ သုံး ခဲ့ ပြီး တရုတ် အင် ဂျင် နီယာ များ အသုံး ပြု ခဲ့ သည်။

ဒီလမ်း ဖောက် ပြီး တော့ မှ တရုတ် က နေ စစ်လက် နက် တွေ ကွန် တိန်နာ တွေ နဲ့  ပို့ ခဲ့ တာ လေ ဟု ပန်ဆန်း ရောက် သတင်း ထောက် က ပြောသည်။

မြန်မာ့ နိုင်ငံရေး သမိုင်း တွင် ၀ ဆို သည့် နာ မည် ကို ကြား ဖူး သည် မှာ ဆယ် စုနှစ် ပင် လက် ငါး ချောင်း မပြည့် တတ် သေး သော် လည်း ဘိန်း စိုက် ပျိုး မှု နှင့် တရုတ် ၏ ဖေးမ မှု ကြောင့် အင်အား တောင့် တင်း လာ ခဲ့ သည်။

ဝ ပြည် သည် မြန်မာ နိုင်ငံ တွင်း ဉ် ရှိ သည် ဟု ပြော လျှင် ပင် ဘုရားစူး မိုး ကြိုး ပစ် မယုံ ချင် လောက် အောင် တရုတ် ပြည် နှင့် တူ နှင့် နေသည်။ တရုတ် ၏ ပြည်နယ် တစ်ခု ပမာ ပင် တရုတ် ဘုံကျောင်း များ ၊ ယွမ် ငွေ သုံး စွဲ နိုင်မှု ၊ တရုတ် လုပ် ပစ္စည်းများ နှင့် တရုတ် ယဉ် ကျေး မှု အငွေ့ အသက် များ က လွှမ်း မိုး ထား သည်။

တရုတ် က ၀ ပြည် ကို အကာ အကွယ် ပေး ရင် မြန်မာ ကို စစ်ရေး နိုင်ငံ ရေး လွှမ်း မိုး ထား နိုင် ရန် ကြားခံ ဇုန် အဖြစ် ပြု လုပ် ထား လို ပုံ မှာ ပေါ် လွင် သည် ဟု နိုင်ငံ တကာ သတင်း စာ များ က ရေး သားသည်။

ဝ တပ် ဖွဲ တွင် အရေး ပါ အရာ ရောက် ဆုံး ဖြစ်သည့် ဝေရှောက်ခန် သည် တရုတ် ပြည် ယူနန် ပြည်နယ် သား ဖြစ် ပြီး ဘိန်းဘုရင် ခွန်ဆာ ၏ ဘဏ္ဍာစိုး လက်ရင်း တပည့် အဖြစ် တာဝန် ထမ်းဆောင် ကာ ၁၉၈၀ ပြည့် လွန် နှစ် များ တွင် ကိုယ် ပိုင်း ဘိန်း အင် ပါ ယာ ကို ထူ ထောင်ခဲ့သည်။ နောက် ပိုင်း တွင် ဗမာပြည် ကွန် မြူနစ် ပါတီ လက် အောက် မှ ခွဲ ထွက် လာ သည့် UWSA ပေါက် ယူ ချန်း တို့ နှင့် ပေါင်း မိကာ ၀ လက်နက် ကိုင် တပ် နှင့် ၀ နယ် မြေ များ ကို ထူ ထောင် ခဲ့ ပြီး ဘိန်း အင်ပါ ယာ ကို ချဲ့  ထွင်ခဲ့သည်။

အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA မှ ၀ တပ် ဖွဲ့  ခေါင်း ဆောင် ဝေရှောက်ခန်ဆု ငွေ ဒေါ်လာ ၂ သန်း ထုတ် ထား သည့် ပြင် ပေါက်ယူ ချန်း တို့  ညီ အကို ၅ ဦး ပေါင်ယု ဆိုင် တို့  ညီ အကို ၃ ဦး အား လည်း ဘိန်းရာ ဇာများ အဖြစ် ထည့် သွင်း ကြေငြာ ထား သည်။

၂၀၀၈ ခုနှစ် က ဥပေဒေ အဖြစ် အတည် ပြု ထား သည့် အမေရိကန် အစိုးရ ၏ ကင်း ပင် အက် ဥပဒေ အရ ဝေရှောက်ခန် ကို ဖမ်း မိရေး အတွက် အမေရိကန် နှင့် ထိုင်း အစိုး ရ က အရှိန် မြှင့် လုပ် ဆောင် ခဲ့ သည်။

ဝ တပ် ဖွဲ့  စစ်သေနာ ပတိ ချုပ် ပေါက်ယူ ချန် ၊ ဝေ ရှောက် ကန် ၏ ညီ အကို များ ပိုင် ဆိုင် သို့  မဟုတ် အကျိုး တူ လုပ် ဆောင် သည့် ထိုင်း ၊ မြန်မာ ၊ စင်္ကာပူ၊ တရုတ် မှ ကုမ္ပဏီ များ ကို အမေရိကန် အစိုးရ က ထိမ်းချုပ် တား မြစ် အရေး ယူ မှု များ ပြု လုပ် ခဲ့သည်။ ရန်ကုန် မြို့  တွင် အခြေ စိုက် သည့် ဟုန်ပန်း ကုမ္ပဏီလုပ်ငန်းစု လက်အောက်မှ ဟုန်ပန်းအမည်နှင့် လျှပ်စစ်ပစ္စည်း၊ ကျောက်မျက်တူးဖော်ရေး၊ အထည်အလိပ်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်း၊ မွေးမြူရေး ထုတ်ကုန်လုပ်ငန်းများ၊ စင်ကာပူနှင့် မြန်မာရှိ တက်ခမ်း ဆောက်လုပ်ရေး ကုမ္ပဏီ ၊ တက်ခမ်း ကျောက်မျက် ကုမ္ပဏီ၊ ရန်ကုန်အဲဝေး လေကြောင်းလိုင်း၊ Vest Spectrum (S) pte., Ltd. တရုတ်နိုင်ငံမှ Dehong Thailong Hotel Co., Ltd၊ ထိုင်းနိုင်ငံမှ Sangsiri Kankaset Company Limited နှင့် Khum Thaw Company Limited တို့ သည် လည်း အမေရိကန် အစိုး ရ က တား မြစ် သော စာ ရင်း တွင် ပါ ၀င် သည်။

တရုတ် ပြည်မှ ရဟတ်ယာဉ် ၀ယ်ယူ သည့် သတင်း နှင့် ပတ်သက် ပြီး ၀တပ် ဖွဲ့  က ပြ တိုက် မှ ထား ဖို့  အခွံ သာ ၀ယ်ယူ သည် ဟု ဆို သော် လည်း ၀ ပြည် ရောက် နိုင်ငံခြား သတင်း ထောက် က ၀ တပ် ဖွဲ့  က တရုတ် က ၀ယ် ထား တဲ့ အမြောက် တွေ သံ ချပ် ကား ကား တွေ ဆို ရင် ထား ဖို့  နေရာ မရှိ တာ တော့ တာ လား မသိ ပါဘူး။ ပန်ဆန်း မှာ ဆို ဒီ အတိုင်း တွေ့ ရ တယ် ။ ဒီ လောက် များ တဲ့ လက် နက် တွေ ဟာ ကာကွယ် ဖို့  ထက် ပို နေ ပြီ ဟု FNG ကို ပြောသည်။ 

Credit : http://freedomnewsgroup.com/2013/05/19/was-uwsa-seperation-from-burma/

လူသတ်၊ မီးရှို့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီ ၁၀၀၀ ကျော်ကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်



ရခိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်း လူသတ်၊ မီးရှို့ ဖျက်ဆီးမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်သူ ဘင်္ဂါလီ လူမျိုး ၁၀၀၀ ကျော်မှာ ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားသည့် အတွက် ပြည်တွင်းတွင် နေ ထိုင်နေ သည့် ၎င်းတို့၏ အိမ်ထောင်စု စာရင်းများမှ ပယ်ဖျက်ပြီး အရေးယူ ထားကြောင်း နယ်စပ်ဒေသ လူ ၀င် မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက မေ ၁၈ ရက်က ပြောကြားသည်။


၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သူ ၁၀၀၀ ကျော်ကို အရေး ယူမှုနှင့် ပတ်သက်၍ "ပြီးခဲ့တဲ့နှစ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ ဘင်္ဂါလီ ၁၀၀၀ ကျော်ဟာ တစ် ဖက်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို တိမ်းရှောင်ထွက်ပြေးသွားတယ်။

သူတို့တွေဟာ အခုထိ ပြန်မ လာသေး ဘူး။ သူတို့ ပြန်ဝင်လာ မလာကိုလည်း အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေရဲ့ ဓာတ်ပုံ မှတ် တမ်းတွေ လည်း ရှိပါတယ်။ အခု ထွက်သွားတဲ့သူတွေကို အိမ်ထောင်စု စာရင်းကနေ ထုတ်ပယ်လိုက်တယ်။ သူတို့ပြန် လာရင် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူမှာ ဖြစ်သလို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ အရေး ယူသွားမယ်" ဟု နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ ကွပ်ကဲရေးမှူး ဗိုလ်မှူး ကြီးအောင်နိုင်ဦးက ပြောကြားသည်။ 

မြန်မာနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့အတွင်းသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ နှစ်စဉ် တရားမ၀င် ခိုးဝင် လာသူဦးရေ ၅၀ ၀န်းကျင်ခန့်ရှိပြီး ယင်းသို့ ခိုးဝင်လာသူများကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ အရေး ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီး အောင်နိုင်ဦးက "နယ်မြေစခန်းတွေမှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့တွေ၊ ကျေး ရွာတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ မကဖလို့ခေါ်တဲ့ မှုခင်းကြိုတင် တားဆီးကာကွယ်ရေး အဖွဲ့တွေ ရှိ တယ်။ နောက် အရန်မီးသတ်တွေကလည်း သူစိမ်းတစ်ယောက် နယ်မြေထဲ ရွာထဲ ၀င်လာရင် သူတို့ သိ တယ်။ ဘင်္ဂလားဒေ့ရှ်က တစ်ယောက်ဝင်လာရင်လည်း လာသတင်းပို့ပြီး ဖမ်းခိုင်းတယ်။

ဒီက လူတွေလည်း ဟိုဘက်ကလူတွေ ဒီဘက်ကို အစုလိုက် အပြုံလိုက် ၀င်လာမှာကို မလိုလားဘူး။ သူ တို့တွေ ၀င်လာရင် စားကျက်လုမှာကို စိုးရိမ်တယ်။ လူဝင်မှုကို စစ်ဆေးတဲ့အခါမှာ ကောက်ထားတဲ့ အိမ်ေ ထာင် စုအလိုက် စာရင်းဇယားတွေ ရှိတယ်။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ထုတ်ပေးထားတဲ့ ၀ှိုက် ကတ်ေ တွ ရှိတယ်။ အဲဒါတွေနဲ့ စစ်တယ်။ နစကအနေနဲ့ တရားမ၀င် ၀င်ရောက်လာမှာကို အမြဲစောင့်ကြည့် အရေး ယူမှုတွေ လုပ်နေပါတယ်" ဟု ပြောကြားသည်။

ထို့ပြင် ယခုနှစ်အတွင်း ငါးဖမ်းရင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ကျော်လွန်ဝင်လာသည့် ဘင်္ဂလားဒေ့ရှ် ရှစ် ဦးနှင့် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေ အတွင်းရှိ ကမ်းခြေတွင် သံသယဖြစ်စရာ အမူအရာဖြင့် တွေ့ရှိ ရ သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သုံးဦး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးအရေးယူခဲ့သည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးပြီးနောက် ပြန်ဝင်လာသူများကိုလည်း ဖမ်းဆီးကာ လ၀က ဥ ပဒေနှင့် အရေးယူခဲ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နေထိုင်သူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရား ၀င် ခြောက်ညအိပ် ခုနစ်ရက် သွားလာခွင့် ပြုထားကြောင်း သိရသည်။

credit: EMG

ZinYawNews

(ဓာတ်ပုံ - ၂၀၁၂ ဇွန်လနောက်ပိုင်းတွင် စစ်တွေမြို့ ပဋိပက္ခ ဖြစ်ပွားအပြီး ဘင်္ဂါလီ ဒုက္ခသည်များကို တွေ့ရစဉ်)

မြစ်ဆုံစီမံကိန်း ပြန်စဖို့ တရုတ် လိုလားကြောင်း တရုတ်ရောက် NLD ကိုယ်စားလှယ်အဖွဲ့ကို ပြောခဲ့



တရုတ်နိုင်ငံအနေနဲ့ ဧရာဝတီမြစ်ဆုံ ရေအား လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး စီမံကိန်းကို ပြန်လည် အေ ကာင် အထည်ဖော်ဖို့ ဆန္ဒရှိနေ ကြောင်း တရုတ်အာဏာပိုင်တွေဘက်က ထုတ်ဖော် ပြောဆိုတယ်လို့ ဒီ ကနေ့ တရုတ်နိုင်ငံက ပြန်လည် ရောက်ရှိလာတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က RFA ကို ပြော ပါတယ်။


တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို ၁၀ ရက်ကြာ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း တရုတ် ကွန်မြူနစ် ပါတီခေါင်းဆောင်တွေက ခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ NLD ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးညီပုက ပြောပါတယ်။

"ကျနော်တို့ ကူမင်းကို ရောက်တဲ့အခါမှာ ကူမင်းအုပ်ချုပ်ရေးမှူး နောက်ပေကျင်းရောက်ခဲ့အရာမှာလည်း နိုင်ငံခြားရေး ရာ ညွှန်ချုပ်တို့ ဘာတို့အပါအဝင်ပေါ့ နောက်ဆုံး ဒုဝန်ကြီးတွေနဲ့ တွေ့ခဲ့ရတယ်၊ သူတို့ က တော့ မြစ်ဆုံကိစ္စပြောပါတယ်၊ မြစ်ဆုံကိစ္စကိုပြန်ပြီးတော့ အကောင်အထည်ဖော် ချင်တဲ့ ကိစ္စတွေပြော တယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်တဲ့အကြောင်းတွေပြောပါတယ်"

NLD ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်အတွင်း တရုတ်အာဏာပိုင်တွေ အနေနဲ့ မြစ်ဆုံစီမံကိန်းအပြင် မြန်မာနို င် ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံ ထားတဲ့ တရုတ်ပြည်က စီးပွားရေးလုပ်ငန်းတွေအကြောင်း အဓိက ထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်လိုကြောင်း၊ လက် ပံေ တာင်းတောင် အရေးမှာ ဒေါ်အောင်ဆန်း စုကြည် ရဲ့ ၀င်ရောက်ကူညီဆောင်ရွက်ပေးမှုကိုလည်း အင်မ တန်ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

RFA Burmese

မောက်စံရှိ NLD ပါတီရုံးအား ဒုတိယအကြိမ် PNA ဝိုင်းထားပြီးနောက် NLD ပါတီဝင်များ နှုတ်ထွက်ကြမည်

မေလ ၁၈ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ပအို့ဝ်အမျိုးသားတပ်မတော်(PNA)မှ လက်နက်ကိုင်ဦးရေ ၃၀ ခန့် သည် ဒုတိယ အကြိမ် အဖြစ် တောင်ကြီးမြို့နယ် မောက်စံကျေးရွာရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးအား ဝိုင်းထား ၍ ပအို့ဝ် လူမျိုးတောင်သူ ၁ဦးအား ထပ်မံဖမ်းဆီးသွားကြောင်း တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင် တိုး၏ ပြောကြားချက်အရ သိရသည်။


“PNO အဖွဲ့အနေနဲ့ လက်နက်ကိုင် အနိုင်ကျင့်တာထက် ဂုဏ်သိက္ခာရှိရှိ နိုင်ငံရေးလုပ်တာကိုပဲ လိုချင် တာ ပါ။ ပြီးတော့ မောက်စံ၊ ထီဗွာနဲ့ ဆတ်သေကျေးရွာက NLD ပါတီဝင် ၅၀ခန့်က အသက် အန္တရာယ် စိုးရိမ် ရတဲ့အ တွက် ဒီကနေ့ ညနေပိုင်းမှာဘဲ နှုတ်ထွက်ခွင့်စာတင်မှာ ဖြစ်ပါ တယ်”ဟု ၎င်းက ပြောကြားသည်။

ယင်း သို့ NLD ပါတီဝင်များနှုတ်ထွက်ရခြင်းသည် ပအို့ဝ်အမျိုးသားတပ်မတော် (PNA)မှ ပါတီဝင်များအား ဖိ အား ပေးခြင်းများရှိကြောင်း သိရပြီး မေလ ၁၅ရက်နေ့ ပထမအကြိမ်တွင် PNAမှ ဝိုင်းထားသော် လည်း မေလ ၁၆ရက်နေ့ တွင် ဖမ်းဆီးထားသည့် ရွာသား ၅ဦး အား ပြန်လွှတ်ပေးခဲ့ပြီး ယခုတွင် ဒုတိယ အကြိမ်ဖြစ် ဝိုင်းထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ယခုလက်ရှိအခြေအနေတွင် အဆိုပါမောက်စံကျေးရွာသည် ပအို့ဝ် အပိုင်ဖြစ်ပြီး ချောင်း တ ဖက်ကြား တွင် ရှမ်းပြည်နယ် တပ်မတော် (SSA)ဘက်အခြမ်းနှင့် နီးစပ်လျက်ရှိရာ ယခုကဲ့ သို့ ပြဿ နာ များ ဖြစ်ပွားနေသည့်အတွက် SSA ဘက်အခြမ်းမှ တပ်အင်အား ၁၅၀နီးပါး ခန့်သည် နယ်စည်း မကျော် ရန်အတွက် စောင့်ကြပ် လျက်ရှိ ကြောင်း သတင်းရရှိသည်။

The Myanma Age

ကေအိုင်အိုနဲ့ အစိုးရ မေလ ၂၈ ရက်နေ့ မြစ်ကြီးနား မှာ ဆွေးနွေးမယ်

ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ နဲ့ ကေအိုင်အို ကချင်လက်နက်ကိုင်အဖွဲ့တို့ လာမယ့် မေလ ၂၈ ရက်နေ့ ကျရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက် သဘောတူညီ လိုက်ပြီလို့ သိရပါတယ်။


ဒီတစ်ကြိမ်တွေ့ဆုံဆွေးနွေးမှုဟာ ၈ ကြိမ်မြောက် တွေ့ဆုံ မှုဖြစ်ပြီး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ အတွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးလှ မောင်ရွှေက RFA ကို အခုလို ပြောပါတယ်။

“အခု ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ကချင်အပစ်အခတ် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မေလ ၂၈ ရက်နေ့မှာတွေ့ဆုံဖို့ သဘောတူညီခဲ့ပါတယ်၊ ကျနော်သိတာကတော့ နေရာနဲ့ နေ့ရက်ကို နှစ်ဖက် သဘောတူညီပြီးသားဖြစ် တယ်ပေါ့၊ ကျန်တဲ့အသေးစိတ်တို့ ကျနော်တို့ ညှိနှိုင်းနေတာတွေရှိပါတယ်၊ ကျနော် တို့ညှိနှိုင်းတာတွေ အဆင်ပြေမယ်လို့ကျနော်တို့ရှင်းပြပါတယ်”

ဒီဆွေးနွေးပွဲမှာ အစိုးရအနေနဲ့ ပြင်ပစောင့်ကြည့်လေ့လားရေးအတွက် ဘယ်အဖွဲ့အစည်းကိုမှ ခေါ်ယူဖို့ အစီအစဉ်မရှိဘူးလို့လည်း ဦးလှမောင်ရွှေက ပြောကြားခဲ့ပါတယ်။

“ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအနေနဲ့တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ သီးခြားနိုင်ငံတကာ လေ့လာသူတွေကို မဖိတ်ခဲ့ပါဘူး၊ ဒီပွဲမှာ လည်း ဖိတ်ဖို့အနေအထားမရှိပါဘူး၊ ဒါပေမယ့် ကေအိုင်အို အဖွဲ့အစည်းအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ဖိတ်ကြားမှုတွေရှိခဲ့ရင်လည်း ဝန်ကြီးဦးအောင်မင်းအနေနဲ့တော့ နှစ်ဖက်ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ ဒီအပေါ်မှာ အမြဲတမ်းလိုက်လျောခဲ့တာရှိပါတယ်၊ အခု တစ်ခေါက်မှာလည်း ကေအိုင်အိုအဖွဲ့အစည်းဘက်က တခြားဖိတ်ကြားတဲ့လူတွေလည်း ရှိကောင်း ရှိပါလိမ့်မယ်၊ ဒါပေမယ့် အစိုးရဘက်ကတော့ ဖိတ်ကြားဖို့မရှိပါဘူး”

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ကေအိုင်အိုတို့ဟာ ထိုင်းနိုင်ငံမှာ ၂ ကြိမ်၊ ကေအိုင်အို နယ်မြေဖြစ်တဲ့ မိုင်ဂျားယန်မှာ ၂ ကြိမ်နဲ့ တရုတ်နိုင်ငံ ရွှေလီမှာ ၃ ကြိမ်၊ စုစုပေါင်း ၇ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နောက်ဆုံးအကြိမ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ကြတာပါ။

Credit : Here

မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ရဲမြင့်၏ အကြံပက်စက်မှုကို အများသိပါစေ

မိတ္ထီလာမြို့ရှိ အကြမ်းဖက်မီးရှို့ခံရသော အစ္စလာမ် ဘာသာဝင်များ ပိုင်ဆိုင်သော မြေကွက်များအား မန္တ လေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ရဲမြင့်မှ အကွက်ချပြီး ရောင်းစားရန် ကြံစည်နေကြောင်း သတင်းရရှိသည်။


အကြမ်းဖက် တိုက်ခိုက် မီးရှို့ခံရသောကြောင့် မီးလောင်ကျွမ်းသွားခဲ့သော မိတ္ထီလာမြို့လည် ခေါင်ရှိ အစ္စလာမ် ဘာသာဝင်များ ပိုင်ဆိုင် သော မြေကွက်များအား မူလပိုင်ရှင်များသို့ ပြန်လည် ပေးအပ်ခြင်း မပြုဘဲ ထိုနေရာများတွင် တိုက်ခန်းများ ဆောက်လုပ်ပြီး ပိုလျှံသော နေရာများအား မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်မှ ရောင်းချရန် စီစဉ်နေပြီး ယခုအခါ မြို့လည်ခေါင်ရှိ မြေကွက်အချို့အား သိန်း ၈၀၀၀ အထိ ဈေးခေါ်နေကြောင်း မြေကွက် ၀ယ်ယူရန် စုံစမ်းနေသော သူတစ်ဦးမှ ပြောကြား ပါတယ်။

“ကျနော်တို့ သတင်းကြားတာက မိတ္ထီလာမြို့လည်က မြေကွက်တွေ ရောင်းမယ်ပေါ့နော်၊ အဲဒါ ၀န်ကြီးချုပ် ဦးရဲမြင့်ထံမှာ ၀ယ်လို့ရတယ်လို့ ပြောပါတယ်။ အဲဒါ ကျနော်လည်း စုံစမ်းနေတော့ မန္တလေးဘက်က တရုပ် အချို့က ဈေးကြီးပေးဝယ်ဖို့ ၀န်ကြီးချုပ် ရဲမြင့်နဲ့ ညှိနှိုင်းနေတယ်လို့ သိရတယ်။ ဒီကနေ့ မီးလောင်သွားတဲ့ မြေပိုင်ရှင်တွေနဲ့ အစည်းအဝေး ခေါ်တယ်လို့ သိရတယ်ဗျ။

အစည်းအဝေးမှာ ၀န်ကြီးက ပြောတာက ဒီနေရာတွေမှာ Shopping Mall ကြီးတွေ ဆောက်မယ်၊ အပန်းဖြေ ဥယျာဉ်ကြီးတွေ ဆောက်မယ်၊ ခင်ဗျားတို့ကို တိုက်ခန်းတွေနဲ့ ထားမယ် ဆိုပြီး မက်လုံးတွေ ပေးပြီး ပြောတယ်၊ ကျနော်တို့က မလိုချင်ပါဘူး၊ ကိုယ်ပိုင်တဲ့ နေရာလေးပဲ ပြန်လိုချင်တယ်။ သူတို့ ယုတ်မာလို့ ပြန်ရောင်းရင်တောင် ကိုယ့်မိဘ ခေါင်းချ ကွယ်လွန်ခဲ့တဲ့ နေရာလေးကို ပြန်လိုချင်လို့ လိုက်မေးတာ သိန်း ၈၀၀၀ ဆိုနေတယ်ဗျာ။ တော်တော် ၀မ်းနည်းဖို့ကောင်းတယ်။ ကျနော်တို့က သူများ ဖျက်ဆီးတာလည်း ခံရသေးတယ်၊ အခု ကိုယ့်မြေနေရာကို သူများကို ရောင်းခံရရင် ကျနော်တို့ သေဖို့ပဲ ရှိတော့တယ်ဗျာ။ အဲဒီလို မဖြစ်အောင် အားလုံး သိအောင် ပြောပေးပါဦး” ဟု နစ်နာခဲ့သူတစ်ဦ ငိုယိုပြီး မေးမြန်းမှုအား ပြောကြားပါတယ်။ 

Credit : Here

အမေရိကရောက် မြန်မာတွေ ပြန်လာကြဖို့ သမ္မတ ဦးသိန်းစိန် ဖိတ်ခေါ်



အမေရိကန် ပြည်ထောင်စုကို မေလ ၁၈ ရက်နေ့ သောကြာနေ့မှာ ရောက်ရှိခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခရီးရောက်မဆိုက်မှာပဲ မြန်မာလူမျိုး တွေ အမိမြေကို ပြန်လာပြီး တိုင်းပြည်တည်ထောင် ရေးမှာ တတပ်တအားပါဝင်ကြဖို့ တိုက်တွန်းလိုက် ပါတယ်။


ဝါရှင်တန်ဒီစီမြို့တော် အနောက်မြောက် ရပ်ကွက် မှာရှိတဲ့ မြန်မာသံရုံးမှာ သောကြာနေ့ ညနေ ၆ နာရီက မြန်မာနိုင်ငံက လာရောက်နေထိုင် သူတွေကို ဖိတ်ကြားပြီး သမ္မတ ဦသိန်းစိန်က မိန့်ခွန်းပြော ခဲ့ရာမှာ အာရှတိုက်ရဲ့ ထိပ်တန်းနိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုနောက်ကျကျန်နေပြီဖြစ်တဲ့အတွက် မြန်မာလူမျိုးအားလုံး ဝိုင်းဝန်းကြိုးပမ်းကြဖို့လို ကြောင်းပြောကြားခဲ့ပါတယ်။

သမ္မတကြီးက အမြဲတန်းနေထိုင်ခွင့် ဥပဒေ အတည်မပြုရသေးပေမယ့် လတ်တလော ပြန်လာလိုသူများကို နေထိုင်ခွင့်စီစဉ်ပေးမှာဖြစ်ကြောင်းလည်းပြောခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသအရေးအပါအဝင် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို သမ္မတဦးသိန်းစိန်က နာရီဝက်ခန့် ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အခု ခရီးစဉ်မှာ နိုင်ငံတော်သမ္မတနဲ့အတူ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် စတဲ့ ၀န်ကြီး ၅ ဦးနဲ့ ဒုဝန်ကြီး ၅ ဦးတို့အပြင် တပ်မတော်ထိပ်တန်းအရာရှိတွေလည်း လိုက်ပါလာပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွတ်က ဒီခရီးစဉ် ဟာ မိမိတို့မြန်မာနိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းမယ့် ခရီးစဉ်ဖြစ်ပါတယ်လို့ RFA ကိုပြောပါတယ်။

“နှစ်ပေါင်းများစွာ အေးစက်နေခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ သမ္မတကြီး အိုဘားမား ကျနော်တို့ နိုင်ငံကိုလာခဲ့တယ်၊ အခုကျနော်တို့ သမ္မတကြီးက ပြန်လာနိုင်တယ်ဆိုတာ အင်မတန်မှကြီးမားတဲ့ တိုးတက် မှုတစ်ခု၊ အဲဒီတော့ ဒီခရီးစဉ်မှာ ဘာကိုမျှော်လင့်သလဲလို့ပြောရင် ပထမအချက်ကတော့ သမ္မတ အိုဘားမားအစိုးရအဖွဲ့နဲ့ ကျနော်တို့ကြားမှာ ရရှိပြီးသားဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နားလည် မှုတွေကို ဒီခရီးစဉ်မှာ ပိုပြီးတော့ခိုင်မာအောင် မြှင့်တင်အောင် ကျနော်တို့လုပ်ရမယ်၊ ဒုတိယတစ်ခုက ကွန်ဂရက်လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပိုပြီးတော့ခိုင်ခိုင်မာမာ ယုံကြည် လာပြီးတော့မှ လက်ရှိရှိနေသေးတဲ့ ပိတ်ပင်တားဆီးတဲ့ ဥပဒေတွေကို အဆင့်အဆင့်ဖြေလျော့ နောက်ဆုံး မှာ ဖျက်သိမ်းပေးတဲ့အဆင့်အထိရောက်အောင် ကျနော်တို့လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်”

မနေ့ညနေကကျင်းပတဲ့ အခမ်းအနားကို အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ မြန်မာလူမျိုး ၂ဝဝ ကျော်ခန့်တက်ရောက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုလို မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲကျင်းပနေချိန်မှာ လူ ၁ဝ ဦးခန့် မြန်မာသံရုံးရှေ့မှာ လာရောက်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ကိုကျော်မြတ်ထူးက မြန်မာ အစိုးရဟာ ပြည်သူလူထုအကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုကြောင်းပြောဆိုခဲ့ပါတယ်။

“မြန်မာပြည်သူရဲ့ဆန္ဒကို အကောင်အထည်ဖော်မယ့် အစိုးရမျိုး ဒီကနေ့ကျနော်တို့ တောင်းဆိုနေတာ ဖြစ်ပါတယ်၊ လာမယ့် ၂ဝ၁၅ မှာလည်း ရိုးသားဖြောင့်မတ်တဲ့ ပြည်သူလူထုကို အလုပ်အကျွေးပြုတဲ့ အစိုးရမျိုးကို ကျနော်တို့တောင်းဆိုနေတာဖြစ်တယ်၊ အလုပ်သမား၊ လယ်သမားတွေအပေါ်မှာ ခေါင်းပုံ ဖြတ်တဲ့စနစ်မျိုးကို ကျနော်တို့မလိုလားပါဘူး”

မနေ့က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပွဲကို ၀ါရှင်တန်ဒီစီ၊ မေရီလန်၊ ဗာဂျီးနီးယား၊ နယူးယောက်၊ နယူးဂျာစီ စတဲ့ အမေရိကန်ပြည်ထောင်စု အရှေ့ဖက်အခြမ်းမှာနေထိုင်တဲ့ မြန်မာတွေလာရောက်ခဲ့ပြီး ပရိသတ်ကို ဝါရှင်တန်ဒီစီ မြန်မာသံရုံးက ညနေစာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

Credit : Here

ကျောင်းအပ်ချိန် အလှူငွေကောက်ခံပါက ရာထူးမှ ထုတ်ပယ်မည်



အစိုးရသစ်လက်ထက် လာဘ်ပေးလာဘ်ယူ တိုက် ဖျက်ရေးစီမံချက်များ ကြောင့် ယခုပညာသင်နှစ် ကျောင်း အပ် ချိန်တွင် သက်ဆိုင်ရာကျောင်းအုပ်က ကျောင်းသားမိဘများ ထံမှ အကြောင်းအမျိုးမျိုးဖြင့် အလှူငွေ ကောက် ခံသည်ကို စစ်ဆေးတွေ့ရှိလျှင် ရာထူးမှ ထုတ်ပယ်သည် အထိ အရေးယူ အပြစ် ပေးသွားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး တစ် ဦးက The Voice သို့ပြောကြားသည်။


"ဒီ ၂ နှစ်အတွင်းကို ပိုတင်းကျပ်လာတာ။ ဘာ ကြောင့်ပဲယူယူ စစ်ဆေးလို့ ကောက်ခံထားတာ တွေ့တာနဲ့ ရာ ထူး က တစ်ခါတည်း အနားပေးလိုက်တယ်" ဟု ၄င်းက ထပ်လောင်းပြောကြားသည်။

ယခင်အစိုးရလက်ထက်က ကျောင်းအပ်ချိန် အလှူငွေကောက်ခံကြောင်း တိုင်ကြားစာရရှိလျှင် ပညာရေး ဝန်ကြီးဌာနမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ အဖွဲ့က စစ်ဆေးပြီးတွေ့ရှိပါက အပြစ်အနည်းအများ အ လိုက် ပြောင်းရွှေ့ပြစ်ဒဏ် သာချမှတ်ခဲ့ဖူးကြောင်း အဆိုပါ ပညာရေးမှူးက ပြောဆိုသည်။

"အခုက တအား ဖိအားပေးခံနေရတယ်။ ကျောင်းဆောင်တွေကတော့ ပေးတဲ့ အသုံးစရိတ်လောက်နဲ့ ရ သေ လာက် ပဲ ပြုပြင်သွားမှာပဲ" ဟု ရန်ကုန်မြို့တော်ရှိ ကျောင်းအုပ်ဆရာ တစ်ဦးက The Voice သို့ ပြော ဆိုသည်။

နှစ်စဉ် ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်ချိန် အလှူငွေကောက်ခံခြင်း၊ ကျောင်းပိုင်ပစ္စည်းများ ရောင်း ချခြင်း တို့ကို တားမြစ် ထားသော်လည်း အချို့အခြေခံ ပညာကျောင်းများတွင် အလှူငွေ ကောက်ခံမှုများ ရှိနေသေးကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။

လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရေးနေ့ များကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ပြီး ဇွန်လ ၃ ရက် နေ့တွင် တစ်နိုင်ငံလုံး အခြေခံပညာ ကျောင်းများ ပြန် လည်ဖွင့်လှစ်မည် ဖြစ်သည်။

The Voice Weekly

တရုတ်နှင့် အပြိုင် သြစတြေးလျက ရေအားလျှပ်စစ် လာထုတ်မည်

မိုးရာသီလွန်ကာလများတွင် လျှပ်စစ်မီး အပြည့်အဝ မပေးနိုင်သေးသော မြန်မာနိုင်ငံတွင် သြစတြေးလျ ရေ အား လျှပ်စစ် ကုမ္ပဏီ Andritz Hydro GmbH က လာရောက်ရင်းနှီးမြှုပ်နှံပြီး ရေအားလျှပ်စစ် ထုတ် လုပ် မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) ထံမှ သိရှိရသည်။


"အခြေအနေကို လာပြီးလေ့လာတာဖြစ်နိုင်တယ်။ သူတို့စီမံကိန်းတွေက ပတ်ဝန်းကျင်ထိခိုက်မှု မရှိဘူး" ဟု လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောဆိုသည်။

ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်း ၃၀ ကျော် စီမံခန့်ခွဲ လုပ်ကိုင်နေသော ယင်း ကုမ္ပဏီသည် DICA ထံမှ တရားဝင်ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ်ခွင့်ကို မေလ ၁၆ ရက်နေ့ကရရှိခဲ့ပြီး ဝန်ဆောင်မှု လုပ်ငန်း အဖြစ် မှတ်ပုံတင် ထားသည်။

၁၈၅၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အကြီးစားစက်မှု လုပ်ငန်းများ လုပ်ကိုင်သော အဆိုပါ ကုမ္ပဏီ သည် သြစတြေလျနိုင်ငံ Graz မြို့တွင် အခြေစိုက်ပြီး အဆိုပါမြို့ရှိ Andritz ဒေသကိုအစွဲပြု၍ အမည်ပေး ထားခြင်း ဖြစ်သည်။

Andritz လုပ်ငန်းအုပ်စုသည် စက္ကူနှင့် ပျော့ဖတ်လုပ်ငန်း၊ ရေအားလျှပ်စစ် လုပ်ငန်း၊ သတ္တုလုပ်ငန်း၊ ဇီ ဝလောင်စာ ထုတ်လုပ်သည့် လုပ်ငန်းများ လုပ်ကိုင်နေသည်။

"ပြည်တွင်းရေအားလျှပ်စစ် စီမံကိန်းတွေက ပွင့်လင်းမြင်သာမှု သိပ်မရှိဘူး။ ဥရောပကုမ္ပဏီ တွေကျတော့ စနစ် တကျနဲ့ ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ဆောင်ရွက်တာ။ သမ္မတကြီး ဥရောပခရီးစဉ် တုန်းက ဝင်လေ့ လာ ခဲ့သေးတယ်" ဟု စီးပွားရေး ပညာရှင်တစ်ဦးက ပြောဆိုသည်။

စင်ကာပူနိုင်ငံ၏ လျှပ်စစ်ဓာတ်အား အသုံးပြုမှု ၂၅ ရာခိုင်နှုန်း ထောက်ပံ့ပေးနေသော တရုတ် လျှပ်စစ် ဓာတ် အား ထုတ်လုပ်ရေး ကုမ္ပဏီ Tuas Power Generation ကလည်း မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်း များ အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း စင်ကာပူ မီဒီယာများတွင် ဖော်ပြထားသည်။

Credit : http://www.oppositeyes.info/2013/05/blog-post_6741.html

မန္တလေးမြို့ ဆိုင်ကယ်ဈေးကွက်သို့ အိန္ဒိယနိုင်ငံမှ TVS ဆိုင်ကယ်များ ထိုးဖောက်ဝင်ရောက်



မန္တလေး ၊ ၁၇-၅-၂၀၁၃

မြန်မာပြည် အထက်ပိုင်း တွင် မှတ်ပုံတင် ထားသည့် ဆိုင်ကယ် အစီးရေ သန်းချီ ရှိပြီး မန္တလေး မြို့နယ် ၇ မြို့နယ် တွင် ဆိုင်ကယ် အစီး ၅ သန်း ၀န်းကျင်ခန့် ရှိသည်။ မန္တလေး မြို့သည် ဆိုင်ကယ် မြို့တော် ဖြစ် သည်နှင့်အညီ မော်တော် ဆိုင်ကယ် ထုတ်လုပ်ရေး ကုမ္ပဏီ များ၏ အဓိက ပစ်မှတ်ထားရာ ဈေးကွက် အဖြစ် ရှုမြင်ထားကြသည်။ မန္တလေးမြို့ တွင် မော် တော် ဆိုင်ကယ် ရောင်းချရေး စင်တာများ အပြိုင် အဆိုင် ဖွင့်လှစ်လျက် ရှိပြီး ကမ္ဘာ့ မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေး ကုမ္ပဏီ အများစုသည် ကမ္ဘာ့ အရှေ့ခြမ်းရှိ ဂျပန် ၊ တရုတ် နိုင်ငံ များမှ ကုမ္ပဏီများ အများဆုံး ဖွင့်လှစ် ရောင်းချ နေကြသည်။ အဆိုပါ ကုမ္ပဏီ များ၏ ဆိုင်ကယ်များ ဈေးနှုန်း ချိုသာမှု ၊ ကြည်ရှည် ကြံ့ခိုင်မှု ၊ ဆီစား သက်သာမှု ၊ ၀န်ဆောင်မှု များ အခမဲ့ ပေး၍ ၀ယ်ယူသူများ အကြိုက် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။


မန္တလေးမြို့ ရှိ ဆိုင်ကယ် ဈေးကွက်သည် အထက် မြန်မာပြည် အတွက် အဓိက အချက်အခြာ ဖြစ်၍ မြို့ နယ်များ၏ အားထားရာ ဈေးကွက် ဖြစ်လာသော ကြောင့်လည်း မန္တလေးမြို့ ကို အမှီပြု၍ အရောင်းစင်တာ များ ဖွင့်လှစ်လျက် ရှိကြသည်။

ယခုဆိုလျှင် မော်တော် ဆိုင်ကယ် ထုတ်လုပ် ရောင်းချသည့် အာရှမှ ဂျပန် ၊ တရုတ် ကုမ္ပဏီ များနှင့်အပြိုင် အရှေ့အာရှ အိန္ဒိယ နိုင်ငံမှ TVS မော်တော် ဆိုင်ကယ် ကုမ္ပဏီ လည်း မန္တလေး ဈေးကွက်သို့ ထိုးထောက် ၀င်ရောက် လာသည်။ TVS မော်တော် ဆိုင်ကယ် ကုမ္ပဏီသည် အာဆီယံ ဈေးကွက် နှင့် သင့်တော်သော ဆိုင်ကယ် အမျိုးအစား ၃ မျိုး ထုတ်လုပ် တင်သွင်း ဖြန့်ချိလျက် ရှိသည်။ အမျိုးသမီးစီး Scooter အမျိုးအစား ၊ Phoneix - 125 အမျိုးအစား နှင့် Performance ကြိုက် သူများ အတွက် Apache အမျိုးအစား တို့ကို ထုတ်လုပ် ထားသည်။ ဆိုင်ကယ်အား အသုံးပြု၍ အသက်မွေး ၀မ်းကျောင်း ပြုသူများကို ရည်ရွယ်ပြီး TVS Neo အမျိုးအစား ကို ထုတ်လုပ် ထားသည်။ နည်းပညာ ဖွံ့ဖြိုးမှု နှင့်အတူ ဆိုင်ကယ်၌ MP 3 နှင့် Phone Charger တို့ကိုလည်း ထည့်သွင်း တပ်ဆင် ထားသည်။ TVS မော်တော် ဆိုင်ကယ် သည် တရုတ် ၊ ဂျပန် ဆိုင်ကယ် များနှင့် ယှဉ်၍ မန္တလေး မြို့တော်သူ မြို့တော်သား များအပေါ် မည်မျှထိ ညှို့ယူ နိုင်မည်ကို စောင့်ကြည့် ရဦးမည် ဖြစ်သည်။


Credit : http://pyichit-thar.blogspot.com/2013/05/tvs.html

KIO လ၀က ကျောင်း လိုင်ဇာမြို့တွင် ပြန်ဖွင့်



ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လိုအပ်သော လုပ်ငန်းဌာနများအတွင်း ခန့်အပ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တစ်လကျော် လူဝင်မှုကြီးကြပ် ရေးကျောင်း (Masha Pru-Shang Gawn Hkang Jawng) ကို လိုင်ဇာမြို့ အလဲန့်ဘွမ် (Alen Bum) တွင် ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။


“သူတို့ထဲက စာမေးပွဲအောင်တဲ့ ကျောင်းသား တွေကို ဌာနတွေမှာအလုပ်ခန့်သွားမှာဖြစ်တယ်။ အားလုံးအောင်ရင် အားလုံးကိုအလုပ်ခန့်သွားမယ်။ မအောင်တဲ့ ကျောင်းသားတွေအတွက် အခွင့်အရေးပေး ထားတယ်။ နောက်ထပ်ခြောက်လ ကျောင်းပြန်တက်ပြီး စာမေးပွဲကိုတစ်ကျော့ပြန် ဖြေဆိုရမယ်” ဟု သင်ကြားပေးနေသော ဆရာ၊ KIA အရာရှိတစ်ဦးက ပြောသည်။

ကျောင်းသားများမှာ မြစ်ကြီးနား (Myitkyina)၊ ဗန်းမော် (Manmaw)၊ မန်ဂျေ (Man Je)နှင့် မိုင်ဂျာယန် (Mai Ja Yang) စသည့်မြို့အသီးသီးတို့မှ စုစုပေါင်း ၄၅ ဦး ဖြစ်ကာ ကျောင်းကို ဧပြီလ ၂၂ ရက်နေ့မှ စတင်သင်ကြားနေပြီး ယခု မေလကုန် ထိ သင်ကြားသွားမည်ဟု ဆိုပါသည်။

၎င်းတွင် KIO ဗဟို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (Ginjaw Masha Pru-Shang Gawn Hkang Dap) မှ ကြီးမှူး ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်ပြီး သင်ကြားမည့် ဘာသာရပ်အဖြစ် major နှင့် minor နှစ်ဘာသာ ခွဲထားကာ ဘာသာပေါင်း ၈ ခုပါကြောင်း အထက်ပါ KIA အရာရှိကပြောသည်။

KIO လူဝင်မှုကြီးကြပ်ရေးကျောင်း (Masha Pru-Shang Gawn Hkang Jawng) ကို ၂၀၀၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခု ဖွင့်လှစ်သင်ကြားခြင်းသည် ၈ ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

FROM-KNG

ဆီးဂိမ်းပြိုင်ပွဲတွင် အသုံးပြုရန် ၄၅ ယောက်စီး ကားအစီးတစ်ရာ ကာကွယ်ရေးဝန်ကြီးဌာနမှ လှူဒါန်းမည်



ဒီဇင်ဘာ ၂၇ ရက်နေ့၌ မြန်မာ နိုင်ငံ၊ နေပြည် တော်တွင် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ(ဆီးဂိမ်း)တွင် အသုံးပြုရန် အတွက် ၄၅ ယောက်စီး City Bus အစီးတစ်ရာကို ကာကွယ်ရေးဝန်ကြီးဌာနမှ လှူဒါန်း သွားမည်ဖြစ် ကြောင်း (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဘဏ္ဍာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


အာဆီယံဒေသတွင်း နိုင်ငံများအတွင်း အကြီးကျယ်အခမ်းနားဆုံးဖြစ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစား သမားများ၊ အသင်းနည်းပြများ၊ အုပ်ချုပ်သူများ၊ ပွဲကြည့်ပရိသတ်များ အဆင်ပြေစွာ သယ်ပို့နိုင်ရန်အတွက် မော်တော်ယာဉ်များ လိုအပ်ရာတွင် ဈေးပြိုင်ခေါ်ယူခဲ့ကြောင်း၊ မော်တော်ယာဉ် လိုအပ်ချက်များ ရှိ၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်ကြောင်း ၎င်းင်းက ဆက်လက် ပြောကြား သည်။

လှူဒါန်းမည့် ကားအမျိုးအစားများကို ထုတ်ဖော်ပြောဆိုသွားခြင်း မရှိပေ။

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် လိုအပ်သော ၂၀၀၈ ခုနှစ် မိုဒယ်အထက် ဘယ်မောင်းကားများဖြစ်သည့် ၄၅ ယောက်စီး City Bus ၂၂၅ စီး၊ ၂၉ ယောက်စီး Mini Bus ၈၅ စီး၊ ကိုးယောက်စီး ၆၇ စီးနှင့် ခုနစ်ယောက်စီး အစီး ငါးဆယ်ကို ဈေးပြိုင်စနစ်ဖြင့် ဖေ ဖော်ဝါရီ ၂၀ ရက်က နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ခေါ်ယူခဲ့ ကြောင်း၊ ကုမ္ပဏီ ၂၄ ခုမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ကုမ္ပဏီ သုံးခု တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။

၄၅ ယောက်စီး City Bus ၂၂၅ စီးကို General Arr Mahn Thit Co.,Ltd မှရရှိခဲ့ကြောင်း အဆိုပါကုမ္ပဏီမှ အတည်ပြုပြော ကြားသည်။

“Hyundai Super Aero City Bus 2013 မိုဒယ် ကားတွေ တင်သွင်းမှာပါ၊ ၂၂၅ စီး ဆိုပေမဲ့ အစီးတစ်ရာက လှူမယ့်သူရှိတော့ ၁၂၅ စီးပဲ သွင်းရမှာပါ”General Arr Mahn Thit Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

၂၉ ယောက်စီး Mini Bus ၈၅ စီးကို Aung Kanbo Co.,Ltd မှ ရရှိသွားကြောင်း၊ ခုနစ်ယောက်စီးနှင့် ကိုးယောက်စီး ၁၁၇ စီးကို Toyota Tsusho Asia Pacific PTW.,Ltd က ရရှိသွားကြောင်း သိရသည်။

Automobile Journal

ယနေ့ ကမ္ဘာပေါ်တွင် ထင်ရှားနေသော ဘာသာရေးတရားများ အကြောင်းတစ်စေ့တစ်စောင်း



၁။ “ဟိန္ဒူ ဘာသာ ”
===========

တည်ထောင်သူ == ? ။
စတင်ပေါ်ပေါက်ချိန် == ခရစ်မပေါ်မီ နှစ် ၁၅၀၀ ခန့် ။
စတင်ပေါ်ပေါက်ရာ ဌာန == အိန္ဒိယပြည် ။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == ဗြဟ္မာ၊ ဗိဿနိုး၊ သီဝ ။
ပဓာန ကျမ်းဂန် == ဝေဒကျမ်းများ၊ ဥပနိသျှဒ် ကျမ်းများ၊ ရာမာယန၊ မဟာဘာရတ၊
ဘဂ၀ဒ်ဂီတ ။
-------------------------------------------------------------------------------------------------


၂။ “ ဇိုရိုအက်စတား ဘာသာ ”
=================

တည်ထောင်သူ == ပါရှင်းလူမျိုး၊ ဇိုရိုအက်စတား( ဇရတုတ္တရ) ။
စတင်ပေါ်ပေါက်ချိန် == ခရစ်တော်မပေါ်မီ ၆၁၈ ခုနှစ် (ဘီစီ ၆၁၈) ။
တည်ထောင်သည့်နှစ် == ခရစ်တော်မပေါ်မီ ၅၈၈ ခုနှစ် (ဘီစီ ၅၈၈) ။
ကွယ်လွန်သည့်နှစ် == ခရစ်တော်မပေါ်မီ ၅၄၁ ခုနှစ် (ဘီစီ ၅၄၁) ။
စတင်ပေါ်ပေါက်ရာ ဌာန == ပါရှားနိုင်ငံ (အီရန်နိုင်ငံ) ။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == အဟုရ မဇဒါဘုရား။
ပဓာန ကျမ်းဂန် == အဗက်စတာကျမ်း (အဝေတ္ထကျမ်း)။
---------------------------------------------------------------------------------------------------

၃။ “ ဂျူး ဘာသာ ”
============

တည်ထောင်သူ == ဂျူးလူမျိုး၊ မိုးဇက်(မောရှေ)။
စတင်ပေါ်ပေါက်ချိန် == ခရစ်တော်မပေါ်မီ ၁၂၃၀ (ဘီစီ ၁၂၃၀)။
စတင်ပေါ်ပေါက်ရာ ဌာန == ပါလက်စတိုင်း (အစ္စရေး) ပြည်။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == ဂျေဟိုဗ ဘုရားသခင်။
ပဓာန ကျမ်းဂန် == သမ္မာကျမ်းစာ (ဓမ္မဟောင်းကျမ်း)။
---------------------------------------------------------------------------------------------

၎။ “ဗုဒ္ဓ ဘာသာ ”
============

တည်ထောင်သူ == ဗုဒ္ဓမြတ်စွာဘုရား(သိဒ္ဓတ္ထ မင်းသား)။
ဖွားတော်မူသောနှစ် == ခရစ်တော်မပေါ်မီ ၆၂၄ (ဘီစီ ၅၆၃ တစ်ဝါဒ)။
တည်ထောင်သောနှစ် == ခရစ်တော်မပေါ်မီ ၅၈၉ (ဘီစီ ၅၂၈ တစ်ဝါဒ) ။
ပရိနိဗ္ဗာန်စံသည့်နှစ် == ခရစ်တော်မပေါ်မီ ၅၄၄ (ဘီစီ ၄၈၃ တစ်ဝါဒ)။
စတင်ပေါ်ပေါက်ရာ ဌာန == အိန္ဒိယပြည်။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == ဗုဒ္ဓမြတ်စွာဘုရား(ဂေါတမမြတ်စွာဘုရား)။
ပဓာန ကျမ်းဂန် == နိကာယ်ငါးရပ်၊ ပိဋကသုံးပုံ။
-----------------------------------------------------------------------------------------------

၅။ “ခရစ်ယာန် ဘာသာ ”
===============

တည်ထောင်သူ == ဂျူးလူမျိုး၊ ယေရှုခရစ်တော်။
မွေးဖွားသည့်နှစ် == ဘီစီ ၄ ခန့်။
တည်ထောင်သောနှစ် == သက်တော် ၃၀ (အေဒီ ၂၇ ခန့်) ။
ကွယ်လွန် သည့်နှစ် == သက်တော် ၃၃ (အေဒီ ၃၀ ခန့်) ။
စတင်ပေါ်ပေါက်ရာ ဌာန == ပါလက်စတိုင်းပြည်။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == ထာဝရဘုရားသခင်။
ပဓာန ကျမ်းဂန် == သမ္မာကျမ်းစာ(ဓမ္မဟောင်းနှင့် ဓမ္မသစ်)။
------------------------------------------------------------------------------------------

၆။ “ အစ္စလာမ် ဘာသာ ”
===============

တည်ထောင်သူ == အာရပ်လူမျိုး၊ မိုဟာမက်။
မွေးဖွားသည့်နှစ် == ခရစ်နှစ် ၅၇၀ (အေဒီ ၅၇၀) ။
တည်ထောင်သောနှစ် == ခရစ်နှစ် ၆၁၀ (အေဒီ ၆၁၀) ။
မဒီနာသို့ ထွက်ခွာသည့်နှစ် == ခရစ်နှစ် ၆၂၂ (အေဒီ ၆၂၂) ။
ကွယ်လွန် သည့်နှစ် == ခရစ်နှစ် ၆၃၂ (အေဒီ ၆၃၂) ။
စတင်ပေါ်ပေါက်ရာ ဌာန == အာရေဗျနိုင်ငံ၊ မက္ကာမြို့။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == အလ္လာဟ်ဘုရားသခင်။
ပဓာန ကျမ်းဂန် == ကိုရန်ကျမ်းမြတ်။
{ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ၏ အခြေပျိုး ဗုဒ္ဓဘာသာမှ ကူးယူဖေါ်ပြပါသည်။}

MYANMAR NEWS UPDATE

EU နိုင်ငံများအား ရင်းနှီးမြှုပ်နှံခွင့်ပေးပါက မြန်မာနိုင်ငံအရေးသည် စိုးရိမ်ဖွယ်ရှိကြောင်း မလေးရှာလွှတ်တော်အမတ်တစ်ဦးပြော



မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ မှုများ ဖြေလျော့ လာတာ နှင့် အမျှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များလည်း ၀င်ရောက် လာခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် EU နိုင်ငံ များ အား ရင်းနှီးမြှုပ်နှံခွင့်ပေးပါ က မြန်မာနိုင်ငံ အရေးသည် စိုးရိမ်ဖွယ်ရှိကြောင်း မလေးရှား အောက်လွှတ်တော်အမတ် Charles Santiago က ပြောကြား သည်။


““မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်က EU နိုင် ငံတွေ ကို သွား တဲ့အခါမှာ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့အတွက် EU ကို ကမ်းလာ တယ်။ အဲဒါ မြန်မာနိုင်ငံအတွက် မကောင်းဘူး။ ဘာလို့လည်းဆို တော့ EU နိုင်ငံတွေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အပြည့်အ၀ကာကွယ်ပေးထား တယ်။ နောက်ပြီး စီးပွားရေးလုပ် ငန်းရှင်တွေက သူတို့ရဲ့ လုပ်ငန်း ထိခိုက်တယ်ဆိုရင် အစိုးရတောင် ပြန်ပြီးတော့ တရားစွဲဆိုပိုင်ခွင့် သူတို့မှာရှိတယ်။ နောက်ပြီး သူတို့လုပ်ငန်းရှင်တွေက အစိုးရ ထက်တောင် ပိုပြီးတော့ အား ကောင်းတယ်။ အစိုးရက သူတို့ နဲ့ဆိုရင် အားနည်းတယ်။ သူတို့ က အစိုးရကို တရားစွဲတယ်ဆို။ သူတို့က နိုင်ခဲ့တာကြီးပဲ။ ဥပမာ ဆိုရင် မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းစတဲ့ အစိုးရတွေ ကို EU က လုပ်ငန်းရှင်တွေကနေပြီး တရားစွဲတယ်။ စွဲတဲ့အခါတိုင်းမှာလည်း အစိုးရတွေက ရှုံးတာကြီးပဲ အခု မြန်မာ နိုင်ငံမှာ ဖြစ်နေတဲ့ပုံစံမျိုးနဲ့ သူတို့ကို ရင်းနှီး မြှုပ်နှံခွင့်ပေးလို့မရဘူး””ဟု ပြော ကြားခဲ့သည်။

““EU ကို ရင်းနှီးမြှုပ်နှံခွင့် ပေးမယ်ဆိုရင် မြန်မာအစိုးရဟာ တရားစွဲခံရဖို့ရှိတယ်။ တခြား ဟာတွေကိုမပြော မြန်မာနိုင်ငံ က စီးကရက်ဘူးတွေမှာရေးထား တယ်””ဆေးလိပ်သောက်ခြင်း သည် ကျန်းမာရေးကို ဆိုးဝါး စွာ ထိခိုက်စေနိုင်သည်။ အဲဒါ မြန်မာနိုင်ငံကလူတွေအတွက် ကောင်းသောဟာကိုထုတ်ထားတာ ဆေးလိပ် ဘူး တွေကို ကြည့်တိုင်း ဒီစာသားတွေကို တွေ့ရမယ်။

အဲတော့ ဆေးလိပ်သောက်နှုန်း ဟာ တဖြည်းဖြည်း လျော့ကျ သွားမယ်။ အဲတော့ အစိုးရဘက် ကကြည့် မယ်ဆိုရင်ကောင်းတယ်။ လုပ်ငန်းရှင်တွေဘက်ကြည့်ရင် မကောင်းဘူး။ သူတို့ရဲ့ စီးပွားရေး ကို ထိ ခိုက်တယ်။ အဲဒီတော့ သူတို့က တရားစွဲမှာ။ အဲဒါ ဥပမာပြောပြတာ သူတို့က တရားစွဲတယ်ဆိုရင် မြန်မာ နိုင်ငံ က တရားရုံးမှာ တရားစွဲမှာ မဟုတ်ဘူး။ နိုင်ငံတကာ တရားရုံး မှာ တရားစွဲမှာမဟုတ်ဘူး။ နိုင်ငံ တကာတရားရုံးမှာ တရားစွဲမှာ နောက်တစ်ခုက အဲဒီမှာ ရှေ့နေ တစ်ယောက်ငှားတယ်ဆိုရင် ဒေါ်လာသန်း ၅၀ လောက် ကုန် တယ်။ EU ကလုပ်ငန်းရှင်တွေက သူတို့အကျိုးစီးပွားထိခိုက်တယ် ဆိုရင် အစိုးရတောင် တရားစွဲတဲ့ သူမျိုးတွေ မစွဲဘဲနဲ့နေတဲ့လူမရှိ ဘူး။ ဒါကြောင့် EU က နိုင်ငံ တွေကို ရင်းနှီးမြှုပ်နှံခွင့်ပေးမယ် ဆိုရင် သေချာစဉ်းစားသင့်တယ်။

သူတို့က မြန်မာနိုင်ငံကို ရင်းနှီး မြှုပ်နှံလာပေမဲ့ သူတို့က အစိုးရ နဲ့သဘောတူညီချက်စာချုပ်တွေ ချုပ်မှာပဲ။ သူတို့က မြန်မာနိုင်ငံ က သယံဇာတတွေကိုကြိုက် တယ်။ နောက်ပြီး လုပ်ခလစာ အရမ်းပေါတဲ့လူတွေကို အရမ်း ကြိုက်တယ်။ သူတို့ကို ရင်းနှီးမြှုပ် နှံခွင့်ပေးတာနဲ့ လက်ပံတောင်း လိုကိစ္စတွေထပ်ပေါ်လာမှာပဲဟု ပြောကြားခဲ့သည်။

Hot News Weekly

၁၅၀၀ ဖုန်းက GSM ထက်အင်တာနက်မြန်သည်ဟုဆို



CDMA 800 MHZ ဖုန်းဖြင့် အင်တာ နက်သုံး စွဲရာတွင်GSM ဖုန်းဖြင့် အင်တာနက် သုံးစွဲ မှုထက် (၂)မိနစ် ပို၍မြန်ဆန်မှု ရှိကြောင်း ပြည်တွင်းအိုင်တီပညာရှင်တစ်ဦး က ပြောသည်။ “GSMစ နစ်မှာ3G သုံးဖို့ ဆိုရင် လက်တွေ့မှာ အမြင့်ဆုံးGalaxy Note II ကို သုံးရတယ်။


(၁၅၀၀)တန်ဖုန်းက မြန်မာအတွက် သီးသန့်ရောင်းတဲ့ အမြင့်ဆုံး Galaxy Ama-Eing ကိုသုံးရတယ်။ နှစ်ခုကိုယှဉ်ပြီးသုံးတဲ့အခါYou Tube ကိုခေါ်ကြည့်တယ်။ နှစ်မိ နစ်ကွာတယ် Gmail ကိုခေါ်တာ လည်း ကွာတယ်။You Tubeက ဖိုင်အလိုက်ခေါ်ရတဲ့အတွက် ကြာတယ်။ အဲဒီမှာ (၁၅၀၀)တန် ဖုန်းက နှစ်မိနစ်ပိုမြန်နေတာကို တွေ့ရတယ်။ ဟန်းဆက်ဈေးနှုန်း ကိုကြည့်ရင်လည်း (၁၅၀၀)တန် ဖုန်းကအများဆုံး တစ်သိန်းခွဲလောက်ပဲ သုံးရတယ်။ GSMက (၆)သိန်း လောက်သုံးရတယ်။

(၁၅၀၀)တန်ဖုန်းသုံးတဲ့သူအတွက် သက်သက်သာသာနဲ့ ၀န်ဆောင် မှုရတယ်””ဟု ၎င်းကပြောသည်။

အဆိုပါ (၁၅၀၀)တန်ဖုန်း များအတွက် ငွေဖြည့်ကတ်မှာ (၅၀၀၀)ကျပ်၊ (၁၀၀၀၀)ကျပ်၊ (၃၀၀၀၀)ကျပ်ရှိပြီး (၅၀၀၀)တန် ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၆၀)၊ (၁၀၀၀၀) တန်ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၁၂၀)၊ (၃၀၀၀၀)တန်ကတ်၏ သက်တမ်း မှာ ရက်ပေါင်း (၃၆၀)ဖြစ်ပြီး ပြည်ပခေါ်ဆိုမှုအတွက် ဒေါ်လာ (၁၀)၊ (၂၀)၊ (၅၀)တန်ကတ်များရှိ ပြီး ဒေါ်လာ (၁၀)တန်ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၁၀၀)၊ (၂၀)တန်ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၂၀၀)၊ (၅၀)တန် ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၅၀၀)ရှိကြောင်း သိရသည်။

၎င်းအပြင် နောက်ပိုင်းတွင် အာဖရိက၊ ဖိလစ်ပိုင်နိုင်ငံများ ကဲ့သို့ ဖုန်းဖြင့်ဘဏ်စနစ် ငွေလွှဲ သည့်စနစ်မှာ နောက်နှစ်လခန့်တွင် ပေါ်လာဖွယ်ရှိကြောင်း ၎င်းက ထပ်မံပြောသည်။

Hot News Weekly

၁၅၀၀ ဖုန်းပျောက်လျှင်တိုင်းဒေသကြီး၊ပြည်နယ်ဆက်သွယ်ရေးမန်နေဂျာရုံးများတွင်ပြန်လျှောက်နိုင်



၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက် မှာစတင်ရောင်းချ ခဲ့သော MECTEL အမှတ်တံဆိပ်ပါ CDMA-800 MAz (1500) တန် ဆင်းကတ်ပျောက်ဆုံးပါက မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတိုင်းဒေသ ကြီး၊ ပြည်နယ်မန်နေဂျာရုံးခန်းများ မှာ ပြန်လည် လျောက်ထားနိုင်ကြောင်း သိရသည်။


MECTEL CDMA- 800 MHz မိုဘိုင်းတယ်လီဖုန်း ကတ်ပျောက်ဆုံးပါက ကျပ် (၂၀၀၀၀) ပေးသွင်း ၍ ပြန် လည် လျှောက်ထား ရမှာဖြစ်ပြီးMECTEL မိုဘိုင်း တယ်လီဖုန်းကတ် ပျက်စီးပါကတိုင်းဒေသကြီး ပြည် နယ်မန်နေဂျာရုံးခန်းများမှ အခမဲ့ လျှောက်ထား ရယူနိုင်သည်။

အဆိုပါ တန်ဖိုးနည်းCDMA- 800 MHz မိုဘိုင်းတယ်လီဖုန်းစနစ် သည်လက်ရှိမိုဘိုင်းတယ်လီဖုန်း များကဲ့ သို့အတွက်ခေါ် ဆိုမှုအတွက် တစ်မိနစ် (၅၀) ကျပ်ဖြစ်ပြီးအ၀င် ခေါ်ဆိုမှုအတွက်ငွေပေးဆောင်ရန် မလိုပေ။ အဆိုပါတန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းတယ် လီဖုန်းများအားကြိုတင်ငွေဖြည့် ကတ် အသုံးပြုပြီး ပြည်တွင်း၊ ပြည်ပ သို့ဖုန်းခေါ်ဆိုနိုင်ပြီး ပြည်ပသို့ တယ်လီ ဖုန်းခေါ် ဆိုလိုပါက MECTELအမှတ်တံဆိပ်ပါ နိုင်ငံ ခြားငွေကြိုတင်ငွေဖြည့်ကတ်များကို အသုံးပြုခေါ်ဆိုနိုင်သည်။

အင်တာ နက် အသုံးပြုမှုအတွက် ငွေကောက်ခံသည့်နှုန်းထားမှာ ယခင် CDMA-800 MHz မိုဘိုင်း တယ်လီ ဖုန်းများ ကဲ့သို့တစ်မိနစ် အသုံးပြုခ (၄) ကျပ်ဖြစ်သည်။ အင်တာနက်အသုံးပြုလိုပါက သက်ဆိုင်ရာ တိုင်းဒေ သကြီး၊ ပြည်နယ်များရှိမြန်မာ့ဆက်သွယ် ရေးလုပ်ငန်းတိုင်းဒေသကြီးပြည်နယ် မန်နေဂျာရုံးမှာ အင်တာ နက် စနစ်ဆက်သွယ်မှုကနဦးတပ်ဆင် ခကျပ် (၁၀၀၀၀) ပေးသွင်းလျှောက် ထားနိုင်ကြောင်း သိရသည်။

Hot News Weekly

ပုဒ်မ ၃၇၇ကို ပယ်ဖျက်နိုင်ရန် လွှတ်တော်တွင် တင်ပြနိုင်ရေး လိင်တူချစ်သူများ အခွင့်အရေးဆောင်ရွက်သူများ ကြိုးပမ်းမည်



လိင်တူချစ်သူများအဖြစ် နေထိုင်သူများကို ဖမ်းဆီး အရေးယူနိုင်သော ပုဒ်မ ၃၇၇ ကို ပယ်ဖျက်ပေး နိုင်ရန်နှင့် လိင်တူ ချစ်သူများ၏ ဘ၀ကို အကာ အကွယ်ပေးနိုင်မည့် ဥပဒေများကိုတင်သွင်းနိုင်ရန် ဆောင်ရွက် မည်ဖြစ်ကြောင်း လိင် တူ ချစ်သူများ အခွင့်အရေး ဆောင်ရွက်နေသူ များ၏ ပြောကြား ချက်အရ သိရသည်။


“ပုဒ်မ ၃၇၇ ကိုပယ်ဖျက်ပေးနိုင်ဖို့နဲ့ လိင်တူချစ်သူ တွေကို အကာအကွယ်ပေးနိုင်ဖို့ လွှတ်တော်မှာတင်ပြနိုင်ဖို့ ကျွန်တော် တို့ ကြိုး စားမှာပါ။ ဒါပေမယ့် ဒီနိုင်ငံကလွှတ်တော်အမတ်တွေကိုယ်တိုင်ကိုကလိင်တူချစ်သူတွေရဲ့ အခွင့်အရေး နဲ့ ပတ်သတ်ပြီး မသိကြ တာတွေ နားမလည်ကြတာတွေ ရှိနေတော့ သူတို့နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေး မှုတွေ ပြုလုပ်ရဦးမှာပါ” ဟု လိင်တူချစ်သူများ အခွင့်အရေး တက်ကြွဆောင်ရွက်သူ ဦးအောင်မျိုးမင်း ၏ ပြောကြားချက်အရ သိရသည်။

အရှေ့ တောင်အာရှတွင် ပုဒ်မ ၃၇၇ကို ပြဋ္ဌာန်းထားသော နိုင်ငံများအဖြစ် မြန်မာ၊ စင်္ကာပူ၊မလေးရှား၊ ဘရူနိုင်း နိုင်ငံတို့ ရှိကြောင်း၊ အစ္စလာမ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင် ပြဋ္ဌာန်းထားခြင်း မရှိ သော်လည်း ဘာသာရေး အစွန်းရောက်သူများ၏ အကြမ်းဖက်ခံမှုများ ရှိကြောင်း၊ ထိုင်းနိုင်ငံတွင် လိင်တူ ချစ်သူများ အခွင့် အရေး ကို ရရှိသော နိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

“ထိုင်းမှာ ဆိုရင် လိင်တူချင်းချစ်တဲ့သူတွေ လက်ထက်လို့ရတဲ့ ဥပဒေပြဋ္ဌာန်းပေးထားတယ်။ ဒါပေ မယ့် ယောကျာ်းနဲ့ မိန်းမလက်ထပ်တဲ့ ဥပဒေလိုမျိုးတော့ မဟုတ်ဘူး။ သီးခြားသီးသန့် ဥပဒေ တစ်ခုနဲ့ ပြဋ္ဌာန်းပေးထားတယ်” ဟု ဦးအောင်မျိုးမင်း၏ ပြော ကြားချက်အရ သိရသည်။

ထိုင်းနိုင်ငံ တွင် ရှိသော လူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံတွင်ရှိသော လူ့အခွင့်အရေးကော်မရှင် တို့မှာ ကွာခြားမှုရှိကြောင်း ထိုင်းနိုင်ငံရှိ လူ့အခွင့်အရေးကော်မရှင်တွင် လိင်တူချစ်သူများ အခွင့်အရေး အတွက် လိုက်လံဆောင်ရွက်ပေးသူ အရာရှိတစ်ဦးကို သီးခြား ခန့်အပ်ပေးထားကြောင်း လိင်တူချစ်သူများ အဓမ္မပြုကျင့်ခံရခြင်း၊ အခွင့်အရေးချိုးဖောက်ခြင်း ခံရမှုများရှိပါက သွား ရောက် တိုင်ကြားနိုင်ရန် စီစဉ်ပေး ထားကြောင်းသိရသည်။

မြန်မာ့ခေတ်

အသက်နဲ့ ထပ်တူ မေခလာ သိန်း ၅၀ လှူ



ချစ်ငယ်လို့ ဂီတလောကမှာ ချစ်စနိုးခေါ်ကြတဲ့ တေး သံရှင် မေခလာက သူ့ရဲ့ အသက် ၅၀ ပြည့်မွေးနေ့ မှာ ဘာသာရေးနဲ့ ပညာရေးအတွက် ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။


“မေ ၂ ရက်နေ့က ချစ်ငယ်မွေးနေ့ အထိမ်းအမှတ် အနေနဲ့ စင်ထရယ်ဟိုတယ်မှာ အလှူလေး လုပ်ခဲ့ တာပါ။ ဆယ်မိုင်ကုန်း၊ အောင်စေတီ ညောင်ခါးရှည် မှာ ဘုရားတည်နေတဲ့ အထဲကို ဆယ်သိန်း၊ တွံတေး လူငယ်ပရ ဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အတွက် ၁၀သိန်း၊ အဲဒီကျောင်းက မိဘမဲ့ ကလေးလေးတွေကို ပညာ သင်ကြား ပေးနေတဲ့ ကျောင်းလေ။သင်္ဃန်းကျွန်း၊ ပုလဲမြို့သစ်မှာ ရှိတဲ့ အရှင်ဉာဏက ဦးစီးတဲ့ ပညာမြေ ကျောင်းမှာ ကတော့ မိဘမဲ့ရော၊ ဆင်းရဲနွမ်းပါး ကလေးရော သင်ပေးနေပါတယ်။ အဲဒီ ကျောင်း အတွက် သိန်း ၃၀ လှူခဲ့ပါတယ်” လို့ မေခလာက ရှင်းပြပါတယ်။

တေးသံရှင် မေခလာက သူ့ရဲ့ အသက်ကို ထုတ်ဖော် မပြောပေမယ့် အသက် ၄၅ နှစ် အချိန်ကစပြီး နှစ်စဉ် အသက် နဲ့ အညီ ၄၅ သိန်း၊ ၄၆ သိန်း စသည်ဖြင့် လှူခဲ့ပြီး အခု ၂၀၁၃ မှာ သိန်း ၅၀ လှူခဲ့တာမို့ အသက် ၅၀ ပြည့်ပြီ လို့ အားလုံးက အလိုလို နားလည် လိုက်ကြပါတယ်။ အခုနှစ် အလှူမှာလည်း ပရိသတ်ဆီက ရတဲ့ ပိုက်ဆံတွေ ကို စုပြီးလှူဒါန်းရတာမို့ ပရိသတ်လည်း သာဓုခေါ်နိုင်တယ်လို့ သူက ပြောပါတယ်။

“ချစ်ငယ်က ပွဲဆိုရတဲ့ ပိုက်ဆံတွေ၊ မင်္ဂလာဆောင် လေးတွေက အစပေါ့၊ ရတဲ့ ငွေကို ဆယ်ပုံ ၃ ပုံ လှူခဲ့တာပါ။ ပရိသတ် ဆီက ရတဲ့ ပိုက်ဆံဆိုတော့ ပရိသတ်နဲ့လည်း ဆိုင်တာပေါ့” လို့ ဆိုပါတယ်။

လက်ရှိလှုပ်ရှားမှု အနေနဲ့ မေခလာဟာ နေပြည်တော်မှာ သီဆိုဖျော်ဖြေပြီး ပြန်လာတယ်လို့ သိရပါတယ်။

ရာသီ အနေအထားအရ မင်္ဂလာဆောင်၊ ညစာစားပွဲတွေမှာ ဖျော်ဖြေပေးနေတာတွေ့ရပြီး ဇွန်လကုန် ပိုင်းမှာလည်း ဂျပန်နိုင်ငံ မှာ ကျင်းပမယ့် ဖက်ရှင်ရှိုး တခုကို သူငယ်ချင်း ဖက်ရှင်ဒီဇိုင်နာရဲ့ ဖိတ်ကြားချက် အရ ဧည့်သည်တော် အဖြစ် တက်ရောက် ပေးရမှာ ဖြစ်ပါတယ်။

“သူငယ်ချင်းက ဂျပန်မှာကြာပြီ၊ ဟိုမှာ ဒီဇိုင်နာ ဖြစ်နေတာလည်း ကြာပြီပေါ့။ သူတို့ပွဲအတွက် ဖိတ်လို့သွား တာပါ” လို့ မေခလာက ပြောပါတယ်။

မေခလာရဲ့ တကိုယ်တော် စီးရီးအသစ်ကိုတော့ ၂၀၁၃ အောက်တိုဘာ သီတင်းကျွတ်အမီ ထွက်ဖို့ မှန်းထားကြောင်းနဲ့ သီချင်း အသစ်ရော၊ အဟောင်းပါ ပါမှာဖြစ်ကြောင်း၊ Lazy Club၊ Plus Three စတဲ့ တေးဂီတ ၂ ခုနဲ့ တီးခတ်နေကြောင်းလည်း သိရ ပါတယ်။

တေးသံရှင် မေခလာက ကော်လာပေါ်က နှုတ်ခမ်းနီ၊ အဲဒီလောက်တောင် ချစ်ရသည်၊ ၁၆ နှစ်မ၊ ဂိုးသွင်းကောင်း တဲ့ ကိုကို၊ ဝါကာဝါကာ စတဲ့ သီချင်းတွေအပြင် ကိုယ်ပိုင်သီချင်း ၇၀ နီးပါး နဲ့ အောင်မြင် ခဲ့သူလည်း ဖြစ်ပါ တယ်။ လက်ရှိမှာ ခင်ပွန်းသည် သရုပ်ဆောင် ရန်ကျော်နဲ့ သမီးလေးတဦး ထွန်းကားပြီး အနုပ ညာ အလုပ်တွေကို အဆက်မပြတ် ဆက်လက် လုပ်ကိုင်နေ သူ ဖြစ်ပါတယ်။

ဧရာဝတီ

ရခိုင်ဒုက္ခသည်များကိုအားပေးနှစ်သိမ့်မှုလိုဟုနာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူပြော



ရခိုင်အိမ်မှာလာပြီးတည်းတယ်။ ရခိုင်အိမ်ကို လည်း အပိုင်စီးချင်တယ်။ ကျွန်တော့်အနေနဲ့ လုံးဝ လက်မခံပါဘူး။ လူဆိုတာ လူ့ကျင်ဝတ် စည်းကမ်းတွေကို လိုက်နာရတယ်ဟု ဦးကျော်သူ မှ မှတ် ချက်ပြုပြောကြား သည်။


ရခိုင်ပြည်မှာ တစ်ဖက်နိုင်ငံ ကနေ တရားမ၀င် လာရောက် ခိုးဝင်လာကြတဲ့ ဘင်္ဂါလီတွေက အိမ်ရှင် ရခိုင်အိမ်တွေကို မီးရှို့ရုံနှင့် မကျေ နပ်သေးဘဲ မိမိတို့နေအိမ် တွေကိုပါ မီးရှို့ ထွက်ပြေးကြ တယ်။ နိုင်ငံတကာက ဒုက္ခသည်အဖြစ် မြင်အောင် လှည့်ကွက်ဆင်တယ်။ လူသားချင်း စာနာမှု အကူအညီတွေကိုမျှော်ကိုးကာ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့အစည်း၊ ယူအန်နှင့် မူဆလင်နိုင်ငံများက ပိုပြီးကောင်းမွန်သော အကူအညီတွေ ကို ရမယ်ဆိုပြီးတော့ ရခိုင်အိမ် သာမက မိမိအိမ်တွေကို မီးရှို့မှု တွေ လုပ်နေကြတာ။

ဒါအရမ်းဆိုးဝါးတဲ့ လုပ်ရပ်ပဲ ဖြစ်တယ်။ ဘင်္ဂါလီမူဆလင်တွေ စိတ်ဓာတ်အောက် တန်းကျ တာကို ဖော်ပြ လိုက် တာပဲ။ သနားစရာ ဟန်ဆောင်ပြီး ကမ္ဘာမှာ နေစရာ မရှိနေရာပျောက်နေတဲ့ ဒုက္ခ သည်အဖြစ် ကမ္ဘာ ကို လိမ်ညာ တယ်။ ရိုဟင်ဂျာဆိုပြီး အမည် တပ်ကာ မြန်မာတိုင်းရင်းသား ဆိုပြီး လိမ်ညာတယ်။ အရမ်းစက် ဆုပ်ရွံ ရှာ ဖွယ်အ လိမ်အညာထုပ် တွေနှင့် သနားစရာဗန်းပြကာ အကြမ်းဖက်မှုတွေကို ဆက်တိုက် ခံနေရ တဲ့ ရခိုင်ပြည် သူတွေဘက် ကနေ ကိုယ်ချင်း စာနားလည်ပေး ရမယ်။ ရခိုင်ပြည်ကို ခေတ် အဆက်ဆက် လူမျိုးခြား၊ ဘာသာ ခြား ၀ါးမျိုခြင်းမခံရအောင် ရခိုင် ပြည်သူတွေ စောင့်ထိန်းကာ ကွယ်ခဲ့သော်လည်း ခေတ် အဆက် ဆက် အာဏာရှင် အစိုးရက ရခိုင်ပြည်သူတွေကို လျစ်လျူရှုကာ အမျိုးသားရေးကို မတွက် ဘဲ ငွေမျက်နှာတစ်ခု တည်းကြည့်ကာ ရခိုင်ပြည်တွင်း သို့ ဘင်္ဂါလီမူဆလင်တွေ တရား မ၀င် အမြောက် အများ ၀င်လာခဲ့ ကြတယ်။ ရခိုင်တွေမနာရင် ဘယ်သူတွေနာမှာလဲ။ ရခိုင်မြေ မှာ ရခိုင်လူမျိုးတွေ၊ ဘာသာခြား၊ လူမျိုး ခြားကျူးကျော်ရန်စမှု တွေကို ရခိုင်တွေ ဘယ်လိုသည်း ခံနိုင်မှာလဲ။

ဘင်္ဂါလီမူဆလင်တွေ လုပ် ရပ်ဟာ အမျိုးဘာသာ၊ သာသနာ ကို စောင့်ထိန်းကာကွယ်ကြတဲ့ ရခိုင်ပြည်သူ နှင့် လက်ရှိ အစိုး ရကို ပါ ကမ္ဘာက အ ထင်အမြင်တွေ သေးအောင် အကွက်ကျကျ စီမံ တိုက်ခိုက် အကြမ်း ဖက်မှု လုပ်ရပ် တွေလို့ သုံးသပ် မိတယ်။ ဒါကို ကျွန်တော့်အနေဖြင့် လုံးဝလက် သင့်ခံခွင့်လွှတ် ပေးလို့မရဘူး။ အစိုးရ အနေဖြင့် တရားဥပဒေ အရ မိမိပြည်သူရခိုင်လူမျိုးတွေကို ကာကွယ်ပေးပြီး တရားမ၀င်ခိုး ၀င်လာပြီး အကြမ်း ဖက်နေတဲ့ ဘင်္ဂါလီတွေကို တရားဥပဒေအရ စုံစမ်းစစ်ဆေးပြီး ပြင်းပြင်း ထန် ထန် အရေးယူ သင့်တယ် ဟု ပြည် တွင်း NGO တစ်ဦးမှလည်း ကောင်း မှတ်ချက်ပေးသည်။

ဦးကျော်သူနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ သြ ဂုတ် ၂၄ ရက်တွင် သွားရောက်ခဲ့ ပြီး စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင်ရှိ ဒုက္ခသည်စခန်း များကို ဆန်အိတ်များ၊ အ၀တ် အထည်များ လှူဒါန်း ခဲ့ကြောင်း စစ်တွေနာရေးကူညီမှုအသင်းမှ သိရှိရသည်။

Hot News Weekly 

တရားသူကြီးတစ်ဦး မတရားစွပ်စွဲမှုများဖြင့်ရာထူးမှခေတ္တရပ်ဆိုင်းခံရဟု ဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် စစ်ကိုင်းတိုင်း တရားသူကြီး၏ မတရား စွပ်စွဲမှု များ ခံရပြီး ရာထူးမှ ခေတ္တရပ်ဆိုင်းခံ ထားရသည်ဟု ရာထူးမှ ရပ်ဆိုင်းခံရသော ဒုတရားသူကြီး ကိုသော် မင်းထွေးက မြန်မာ့ခေတ်သို့ ပြောကြားသည်။


“အစ်ကိုက အရာတော်မှာ အမှုစစ်တဲ့အခါ မှန်ကန်တယ်။ လာဘ်မယူဘူး။ အဲ့ဒါကို တိုင်းတရားသူကြီးက ကြည့်မ ရတော့ အပြစ်ရှာတယ်။ နောက်တော့ကျွန်တော့ကို ပါတီနိုင်ငံရေး မကင်းဘူးဆိုပြီး ဘယ်ပါတီမှ မပါဘဲ နဲ့ အတိုင်ခံရတယ်။ သူ့မိန့်နဲ့ ခရိုင်က လာစစ်တယ်။ နေပြည်တော်က စာကျလာတော့ ခရိုင်ဒု ဦးစီးမှူးအဖြစ် ရာထူးအပြောင်းခံရတယ်။ ခုတော့ လာဘ်စားပါတယ်ဆိုပြီး တိုင်းတရားသူကြီးကပဲ တိုင်လို့ နေပြည်တော် က ခုံရုံးဖွဲ့ပြီး ၂၁ရက်နေ့မှာ အစစ်ခံရမယ် ”ဟု ပြောကြားသည်။

ထိုသို့ ဒုဦးစီးမှူး ရာထူးသို့ အပြောင်းအလဲခံရပြီး ဆက်လက်၍ ပြည်ထောင်စု တရားသူကြီးချုပ်မှ မေလ ၁၄ရက်နေ့ ရက်စွဲဖြင့် တိုက်ရိုက် အမိန့်ချကာ ဒုဦးစီးမှူး ဦးသော်မင်းထွေးအား ၂၀၁၃ခုနှစ် မေလ ၁၅ရက်နေ့ နံနက်ပိုင်းမှ စ၍တာဝန်မှ ယာယီ ရပ်ဆိုင်းလိုက်သည်။

ရပ်ဆိုင်းသည့် ကာလအတွင်း လစာတစ်ဝက်ဖြင့် ခွင့်ပြုလိုက်သည် ဟုမေလ ၁၄ရက်နေ့တွင် ဆက်လက် အကြောင်းကြားသည်ဟုလည်း သိရသည်။

ယင်းအကြောင်းကြားစာနှင့် ပတ်သက်၍ ကိုသော်မင်းထွေးက“စစ်ဆေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ရပ် ဆိုင်းလိုက်တာ ထင်ပါတယ်။ ကျွန်တော် က တစ်ခါမှလည်း လာတ်မစားဘူးပါဘူး။ တိုင်းတရားကြီး ခေါ် မေးတဲ့ သူတွေကိုလည်း ဆက်မေးလို့ ရပါတယ်ဗျာ။ ပြီးတော့ တိုင်း၊ ဒေသ ကျော်ပြီး သွားပါ တယ်ဆိုပြီး တော့လည်း အတိုင်ခံထားရတယ်။ အဲ့ဒါကလည်း တိုင်းအဆင့်ကနေ ပြာတာအဆုံး လူတိုင်းသွား/ ပြန်နေကြတာ ပါပဲ။ ကျွန်တော် မန္တလေး သွားတာကလည်း ညတောင် မအိပ်ပါဘူး”ဟု ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကိုသော်မင်းထွေး လာတ်စားသည် မစားသည်ကို တိုင်းတရားသူကြီးမှ ခေါ်မေး ခံရသော ကိုဆန်းမင်းအား ဆက် သွယ်မေးမြန်းရာ ၎င်းက “ကျုပ်ယောက်ဖ အမှုနဲ့ တရားသူကြီး ကိုသော် မင်းထွေး ကို လာဘ်ပေးရတာ ရှိလားဆိုပြီး မေးတာပါ။ ကျုပ်တို့လည်း မပေးရလို့ မပေးရဘူးလို့ဘဲ ဖြေလိုက် ပါတယ်ခင်ဗျာ။ တခြားသူတွေတော့ ဘာမေးလဲ မသိပါဘူး”ဟု ပြောကြားသည်။

တိုင်းတရားသူကြီးမှ ခေါ်သော်လည်း မသွားသော အရာတော်မြို့မှ ကိုခင်မောင်ဆွေက“ ကျွန်တော်တို့ သိတာကတော့ အမှုနိုင်တဲ့သူက ပိုက် ဆံသုံးသောင်း သွားကန်တော့တာတောင် လက်မခံဘူးလို့ပဲ ကြားပါ တယ်။ တစ်ခါမှ လာဘ်စားတယ်ဆိုတာမျိုး လုံးဝမကြားဘူးပါဘူး။

ခုလိုမျိုး တိုင်းတရားသူကြီးကိုယ်တိုင်က တိုင်တာဆိုတော့ ကြားရတာ စိတ်ထဲမကောင်းပါဘူး ”ဟု ပြောကြား သည်။

ထိုကဲ့သို့ ရာထူးမှ အပြောင်းခံရခြင်း၊ ယာယီရပ်ဆိုင်းခြင်းများ ခံရသော အရာတော် ဒုတရားသူကြီးသည် မေလ ၂၁ရက်နေ့တွင် စစ်ဆေးခံရ မည် ဖြစ်ပြီး မည်သို့ဖြစ်ပေါ်မည်မသိရသော်လည်း ၎င်းအနေဖြင့် လာတ် စားသူများကြားတွင် မတရား လုပ်ကြံစွပ်စွဲ ခံရခြင်းသာ ဖြစ်သည် ဟု ပြေကြားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုလည်း ပြုလုပ်ရန်ရှိသည်ဟု ဆက်လက်သိရသည်။

မြန်မာ့ခေတ်