Sunday, May 19, 2013

တရုတ်နှင့် အပြိုင် သြစတြေးလျက ရေအားလျှပ်စစ် လာထုတ်မည်

မိုးရာသီလွန်ကာလများတွင် လျှပ်စစ်မီး အပြည့်အဝ မပေးနိုင်သေးသော မြန်မာနိုင်ငံတွင် သြစတြေးလျ ရေ အား လျှပ်စစ် ကုမ္ပဏီ Andritz Hydro GmbH က လာရောက်ရင်းနှီးမြှုပ်နှံပြီး ရေအားလျှပ်စစ် ထုတ် လုပ် မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) ထံမှ သိရှိရသည်။


"အခြေအနေကို လာပြီးလေ့လာတာဖြစ်နိုင်တယ်။ သူတို့စီမံကိန်းတွေက ပတ်ဝန်းကျင်ထိခိုက်မှု မရှိဘူး" ဟု လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောဆိုသည်။

ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်း ၃၀ ကျော် စီမံခန့်ခွဲ လုပ်ကိုင်နေသော ယင်း ကုမ္ပဏီသည် DICA ထံမှ တရားဝင်ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ်ခွင့်ကို မေလ ၁၆ ရက်နေ့ကရရှိခဲ့ပြီး ဝန်ဆောင်မှု လုပ်ငန်း အဖြစ် မှတ်ပုံတင် ထားသည်။

၁၈၅၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အကြီးစားစက်မှု လုပ်ငန်းများ လုပ်ကိုင်သော အဆိုပါ ကုမ္ပဏီ သည် သြစတြေလျနိုင်ငံ Graz မြို့တွင် အခြေစိုက်ပြီး အဆိုပါမြို့ရှိ Andritz ဒေသကိုအစွဲပြု၍ အမည်ပေး ထားခြင်း ဖြစ်သည်။

Andritz လုပ်ငန်းအုပ်စုသည် စက္ကူနှင့် ပျော့ဖတ်လုပ်ငန်း၊ ရေအားလျှပ်စစ် လုပ်ငန်း၊ သတ္တုလုပ်ငန်း၊ ဇီ ဝလောင်စာ ထုတ်လုပ်သည့် လုပ်ငန်းများ လုပ်ကိုင်နေသည်။

"ပြည်တွင်းရေအားလျှပ်စစ် စီမံကိန်းတွေက ပွင့်လင်းမြင်သာမှု သိပ်မရှိဘူး။ ဥရောပကုမ္ပဏီ တွေကျတော့ စနစ် တကျနဲ့ ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ဆောင်ရွက်တာ။ သမ္မတကြီး ဥရောပခရီးစဉ် တုန်းက ဝင်လေ့ လာ ခဲ့သေးတယ်" ဟု စီးပွားရေး ပညာရှင်တစ်ဦးက ပြောဆိုသည်။

စင်ကာပူနိုင်ငံ၏ လျှပ်စစ်ဓာတ်အား အသုံးပြုမှု ၂၅ ရာခိုင်နှုန်း ထောက်ပံ့ပေးနေသော တရုတ် လျှပ်စစ် ဓာတ် အား ထုတ်လုပ်ရေး ကုမ္ပဏီ Tuas Power Generation ကလည်း မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်း များ အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း စင်ကာပူ မီဒီယာများတွင် ဖော်ပြထားသည်။

Credit : http://www.oppositeyes.info/2013/05/blog-post_6741.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။