Tuesday, May 7, 2013

ဒေသခံ မဟုတ်သော သူများ၏ ဖိတ်ကြားခြင်းကြောင့် လာသော မွတ်ဒေါင်း ၈၈ ကို ဒေသခံများမှ လက်မခံပါကြောင်း ဆန္ဒထုတ်ဖော်



မင်းကိုနိုင်ခေါင်းဆောင်သော ၈၈ မျိုးဆက် ကျောင်းသားများ(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) သည် ပြည်သူများအသိပညာ နိုးကြားပွင့်လင်းစေရေးအကြောင်းပြချက်ဖြင့် ရှမ်းပြည်နယ် ဟိုပန်မြို့ ၊ ကောင်းဟုန်းရပ်ကွက်ထေရ၀ါရဗုဒ္ဓဘာသာသာသနာပြုကျောင်း၌လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပူးပေါင်းဖြေရှင်းနိုင်ရေးဟူသော ခေါင်းစဉ်ဖြင့် မေလ(၇/ဂ)နေ့တွင် လာရောက်မည့် ခရီးစဉ်အပေါ်ဟိုပန်မြို့ရှိ ရပ်မိရပ်ဖများနှင့် ပြည်သူ(၄၄၃)ဦးမှလက်မှတ်ရေးထိုး၍ ဟိုပန်မြို့ သို့ မလာရောက်စေရေးအတွက် ကန့်ကွက်ကြောင်းစာအားမြို့နယ်အုပ်ချု ပ်ရေးမှူးရုံး သို့တင်ပြ ထားကြောင်း သိရသည်။

ကန့်ကွက်ထားသည့်ကြားမှရောက်ရှိလာပါက ဖောင်ဆိပ်တံတားတွင်တားဆီးမှုများပြုလုပ် သွားမည် ဖြစ်ကြောင်းဒေသခံ တစ်ဦးမှ ပြောပါသည်။

Credit : Here

ရှမ်းပြည်နယ်တွင် တိုက်ပွဲများအဆုံးသတ်ရေး ကြိုးစားမည်ဟု သမ္မတကတိပြု

ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်၌ ပြန်လည် ဖြစ် ပွားနေသည့် တိုက်ပွဲများအဆုံးသတ်ရေး အတွက် ကြိုးစားသွားမည်ဟု နိုင်ငံတော်သမ္မတက ကတိပြု ပြောကြားလိုက်သည်။

နိုင်ငံတော်သမ္မတက နိုင်ငံရေးပါတီများနှင့် ယနေ့ တွေ့ဆုံစဉ် အထက်ပါအတိုင်း ကတိပြုပြောကြား ခဲ့ခြင်းဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကပြောသည်။


နိုင်ငံတော်သမ္မတက တိုက်ပွဲများ ဆက်လက်မဖြစ်စေရေးအတွက် ဆောင်ရွက်ရာတွင် ၎င်းတစ်ဦးတည်း လုပ်ရုံဖြင့် မပြီးကြောင်းပြောကြားခဲ့ ပြီး အားလုံးပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ဦးခွန်ထွန်းဦး က ပြောသည်။

နေပြည်တော်တွင် မေလ ၅ ရက်က ပြုလုပ်သည့်နိုင်ငံရေးပါတီ အချို့နှင့်တွေ့ဆုံပွဲအတွင်း သမ္မတက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်များကြား ငြိမ်းချမ်းရေးေ ဆွးနွေးမှု များ အောင်မြင်မှုအချို့ရခဲ့ပြီး နောက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သောကြောင့် ဒေသခံများက နယ်ြေ မငြိမ်းချမ်းမှုပျက်ပြားမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။

“လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့က ပြဿနာဖြစ်နေတာ။ ခံရတာကကြားကပြည်သူ။ တပ်တစ်ခုထဲ တင်မရဘူး။ အခြားလက်နက်ကိုင်တွေကလဲ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မှာ။ တစ်ချို့ နေရာတွေမှာ ကတပ်ကြောင့် မဟုတ်ဘဲ အခြားလက်နက်ကိုင်တွေကြောင့် ထွက်ပေးရတာလဲရှိတယ်”ဟု သီပေါ မြို့နယ်မှ အမည် မဖော် လိုသူဒေသခံ တစ်ဦးကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရတပ်နှင့် (SSPP\SSA) တို့ ဧပြီလ နောက်ဆုံးပတ်နှင့် မေလ ဆန်းများ အတွင်းက တိုက်ပွဲအချို့ပြန်လည်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

SSPP\SSA နှင့်အစိုးရတို့ကြား ၂၀၁၁ခုနှစ် ဇန်န၀ါရီလတွင် အပစ် အခတ်ရပ်စဲရေးသဘော တူလက် မှတ်ရေးထိုးခဲ့ကြသော်လည်း နှစ် ဘက်လက်နက်ကိုင်အဖွဲ့များကြား ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲ အချို့ ဖြစ်ပေါ်ခဲ့သည်။

ရှမ်းပြည်နယ်အတွင်း အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့်အစိုးရ တပ်ဖွဲ့ဝင်များ ကြား ဖြစ်ပွား ခဲ့သောတိုက်ပွဲများကြောင့် နေရပ်ကိုစွန့်ခွာထွက်ပြေးနေရသော ဒုက္ခသည်များရာချီရှိနေသည်။

FROM-7DAY NEWS JOURNAL

လူလိမ်တွေ သုံးနေကျ Rohypnol (Flunitrazepam) အိပ်ဆေး/သတိလွတ်ဆေး။

မန္တလေး နန်းတွင်းထောင်မှာ နေရစဉ် ၁၉၉၂ ခုနှစ် လောက်တုန်းက လိမ်လည်မှု လုယက်မှု စတဲ့ ရာဇဝတ် ပုဒ်မတွေနဲ့ ကျလာတဲ့ နာမည်ကျော် (မြန်မာမဟုတ်သူ) လူဆိုးတယောက်ကို ဘယ်နည်းနဲ့ ခရီးသွားတွေရဲ့ အဖိုးတန် ပစ္စည်းတွေကို အလစ်သုတ်သလဲ လို့ မေးကြည့်ဖူးတယ် ...


ပထမတော့ သူက မဖြေချင်ဘူး။ တိုးတိုးတိတ်တိတ် ၃-၄ ကြိမ်လောက် မေးကြည့်တော့မှ ခရီးသွားဖော်တွေကို ဒီ Rohypnol ဆေးပြား တိုက်ပြီး ခရီးသည် အိပ်ပျော်သွားတဲ့အခါ ပါလာတဲ့ အဖိုးတန်ပစ္စည်းတွေကို ဆွဲပြီးဆင်းသွားတာ ဖြစ်ကြောင်း ရှင်းပြတယ်။ ဆေးပြားဝင်အောင် အရည်တခုခုထဲ ထည့်တိုက်ပါတယ် ... တဲ့။ ဆေးက အနံ့ မရှိဘူးလို့ဆိုပါတယ်။ သောက်စရာ အအေးခွက်တို့ ကော်ဖီခွက်တို့ကို မသိမသာ လက်ဝဲလိုက်ရုံနဲ့ ဆေးခပ် ပြီးသားဖြစ်သွားလောက်အောင် လက်မြန်ရပါတယ် တဲ့။ အချိန်တိုတိုအတွင်း ခင်မင်သွား အောင် ပေါင်းတာကတော့ ပထမဆုံးအဆင့်ပေါ့။

တကယ့်သေချာပေါက် ငွေ/ပစ္စည်း သယ်ဆောင်သွားမယ့်လူမျိုးကို အချီကြီးကြံနိုင်အောင် ကြှိုတင်စုံစမ်းပြီး ခုံချင်းကပ် နေရာရအောင် စီစဉ်ယူရတယ်လို့လည်း ဆိုပါတယ်။

ဒီဆေးဝင်သွားရင်တော့ သားကောင်ဟာ အိပ်ပျော်သွားပြီး ဘာမှကို မသိလိုက်တော့ဘူး လို့ပြောတယ်။ နောင် ဘယ်လောက်ပဲကြာ သွားပါစေ သတိလွတ်သွားချိန်တုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ဘယ်လိုမှ ပြန်မမှတ်မိတော့ဘူး လို့ ဆိုပါတယ်။

ထူးခြားတာက မြန်မာပြည်တုန်းက ဒီဆေးကို ဈေးကွက်ထဲမှာ တခါမှ မမြင်ဖူးတာပါပဲ။ ဒီတော့ သူတို့တတွေ နိုင်ငံခြားက ကွင်းဆက်နဲ့ ဆေးကို လျှို့ဝှက်တင်သွင်းပြီး သုံးကြတယ် လို့ ယူဆရပါတယ်။

ငွေကြေးဥစ္စာတွေကို ခိုးယူဖို့ ကြံစည်ရာမှာသုံးကြသလို မိန်းကလေးတွေကို ယုတ်မာချင်သူတွေလည်း သုံးကောင်းသုံးနေကြမယ် ထင်ပါတယ်။

လမ်းကြှုံတုန်းရလိုက်တဲ့ ခရီးသွားဖော်အသစ်နဲ့ တွေ့တဲ့အခါမျိုးမှာ ကောင်းကောင်းသတိထားပါ။ လူတိုင်းကို မသင်္ကာစိတ်ထားဖို့ အကြံမပေးလိုပေမယ့် အစားအသောက်စားတဲ့အခါ ကိုယ့်အမြင် ရှင်းအောင် လုပ်ထား မှသာ စားသောက်ဖို့ အကြံပေးလိုက်ပါရစေ။ အကောင်းဆုံးကတော့ အစားအသောက်ကို တချက်ကလေးမှ မျက်နှာလွှဲမထားပါနဲ့ ... သူများလက်နဲ့ သယ်လာပေးတဲ့အစားအစာမျိုးကို တတ်နိုင်သမျှ ရှောင်ပါလို့ အကြံပေးလိုပါတယ်။

(ကိုဝင်းမောင်)။

- အန္တရာယ်ရှိစေနိုင်သော ဆေးဝါးများကို ခွင့်ပြုချက် မရှိဘဲ ရောင်းချခြင်း၊ ဆရာဝန်လက်မှတ်နှင့် သက် ဆိုင်ရာမှ ခွင့်ပြုချက် မရရှိဘဲ ၀ယ်ယူသုံးစွဲခြင်းများအား တရားဥပဒေဖြင့် ထိရောက်စွာ အရေးယူ ဆောင် ရွက်သင့်ပါတယ်။ 

Credit : Here

မြန်မာလယ်သမားများကို အမေရိကန်အစိုးရ ငွေချေးမည်

တောင်သူလယ်သမားများ လိုအပ်သော စိုက်ပျိုး စရိတ်ကို အစိုးရက လုံလောက်စွာ ချေး မပေး နိုင် သော မြန်မာနိုင်ငံ အတွင်းရှိ လယ်သမား များအတွက် ကာလရှည် အတိုးနည်း ချေးငွေကို အမေရိကန်အစိုးရက ထုတ်ချေးသွား မည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည် ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချယ် က ပြော ကြားသည်။


အတိုးနှုန်းကြီးသော ပုဂ္ဂလိကချေးငွေ များကို ရယူနေရသည့် မြန်မာလယ်သမား များကို Soft Loan (ကာလရှည်အတိုးနည်း ချေးငွေ)ကို အမေရိကန်အစိုးရက ထုတ်ချေး ပေးစေလိုကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တိုက်တွန်းပြီးနောက် ရန်ကုန်မြို့တော် ပြည်ထောင်စုလွှတ်တော် ရုံးခွဲတွင် ပြုလုပ်သည့် လယ်ယာစိုက်ပျိုးရေး ကနဦး အလုပ်ရုံ ဆွေးနွေးပွဲတွင် ၄င်းက အထက်ပါအတိုင်း ကတိပြုပြောကြားခြင်း ဖြစ်သည်။ သို့သော် ချေးငွေစတင်မည့် အချိန်နှင့် ပမာဏများ အပါအဝင် အခြား အသေးစိတ် အခြေအနေများကို မသိရ သေးပေ။

ယင်းချေးငွေ ပေးနိုင်ရေးအတွက် လွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးရန် လိုအပ်ပြီး အစိုးရအုပ်ချုပ်ရေး ယန္တ ရားအတွင်း အကျင့်ပျက်ခြစားမှုကို နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒဲရစ် မစ်ချယ်က ပြောကြားသည်။

နိုင်ငံတကာအဖွဲ့အစည်းများ ထံမှ အတိုးနှုန်းသက်သာသော ကာလတိုချေးငွေ ကို နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ အမေရိကန် ပြည်ထောင်စု အေဂျင်စီ (USAID) က မြန်မာလယ်သမား များအတွက် ရှာဖွေ ပေး နိုင်ပါက များစွာ အကျိုးရှိမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက အကြံပြုသည်။

"မြန်မာနိုင်ငံကို အတတ်နိုင်ဆုံး ကူညီပါ့မယ်"ဟု ဒဲရစ်မစ်ချယ်က ဆိုသည်။

လယ်သမားများကို လုံလောက်သောချေးငွေ ပေးရမည်ဖြစ်ပြီး လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်း ရာတွင် အစိုးရက အကူအညီပေးရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Soft Loan ကို နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရအေဂျင်စီ၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးတိုးတက်ရေး ဘဏ် တို့က ထုတ်ချေးလေ့ရှိပြီး သာမန်ဘဏ်များထက် အတိုးနှုန်း သက်သာသည့်အပြင် သတ်မှတ် ထား သော ကာလတစ်ခုအထိ အတိုးကင်း လွတ်ခွင့်ပေးထားသည်။

မြန်မာနိုင်ငံကို ကာလရှည် အတိုးနည်း ချေးငွေပေးရန် ကတိပြုထားသော USAID ၏မူဝါဒတွင် အမေရိ ကန်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားနှစ်ခုလုံး ကို ထည့်သွင်းစဉ်းစား ထားကြောင်း USAID က ထုတ်ပြန်ထားသည်။

၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း ကျင်းပ ပြုလုပ်ခဲ့သည့် ပြည်သူလွှတ်တော်အစည်း အဝေးတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များက အစိုးရအနေနှင့် စိုက်ပျိုးစရိတ်ချေးငွေကို ကျပ်ငါးသောင်းမှ တစ်သိန်းထိ ချေးငွေ တိုးမြှင့်ပေးရန် တိုက်တွန်းကြောင်း အဆို တင်သွင်းခဲ့သော်လည်း လယ်သမား အများစုထံမှ ချေးငွေပြန်မရသည်က များသောကြောင့် ချေးငွေထပ်တိုးနိုင်မည် မဟုတ်ကြောင်း လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။

မြန်မာလယ်သမား များသည် အတိုး နှုန်းနည်းပါးသော ချေးငွေအစိုးရထံမှ ရရှိသော်လည်း ကာလတိုသဖြင့် အခက်တွေ့ရပြီး သီးနှံပေါ်ချိန် တစ်ပြိုင်နက် ထုတ်ရောင်းရသဖြင့် ဈေးကောင်းရလေ့မရှိပေ။ ယင်းကိစ္စနှင့် ပတ်သက်၍ အကူအညီ ပေးရန် လယ်သမားအချို့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် တောင်းဆို ခဲ့ဖူးသည်။

အာဖရိကတိုက် တောင်ပိုင်းရှိ အန်ဂိုလာနိုင်ငံကို ၂၀၀၄ ခုနှစ်တွင် တရုတ် အစိုးရက ကာလရှည် အတိုး နည်းချေးငွေ နှစ်ဘီလီယံ ထုတ်ချေးခဲ့ပြီး အန်ဂိုလာ အစိုးရက တရုတ်အစိုးရကို ရေနံစိမ်းများ ထောက် ပံ့ပေးရန် ကတိပြုခဲ့ရသည်။

Credit : Here

သမ္မတဦးသိန်းစိန် အမေရိကခရီးစဉ် တွင်စီလီကွန် တောင်ကြားသို့ သွားရောက်က Google ဥက္ကဋ္ဌနှင့် တွေ့ဆုံမည်

အမေရိကန်အစိုးရ၏ ဖိတ်ကြားချက်အရသွားရောက်မည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမားနှင့် တွေ့ဆုံပြီးပါက ဆန်ဖရန်စစ္စကို ပြည်နယ်ရှိ စီလီကွန် တောင်ကြားသို့သွားရောက်ကာ Google ဥက္ကဋ္ဌနှင့် တွေ့ဆုံရန်ရှိကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။


ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းရာ ခရီးစဉ်အသေးစိတ် စီစဉ်ပြီးပါက နိုင်ငံတော်သမ္မတရုံးမှတရားဝင်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိ သူတစ်ဦး က ပြန်လည် ဖြေကြားသည်။

ယင်းနောက် အဆိုပါ ပြည်နယ်သို့ ရောက် ရှိနေသော မြန်မာနိုင်ငံ သားများနှင့်လည်း တွေ့ဆုံ သွားရန် ရှိကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။ “သမ္မတ အခုသွားမယ့် အမေရိက ခရီးစဉ်တစ်ခုလုံးက မြန်မာနိုင်ငံရဲ့ စီးပွားရေးတင်မကဘူး။ ဘက်စုံ တိုးတက်ရေးအတွက် အထောက်အကူ ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို သူတို့ရဲ့ မိတ်ဖက်နိုင်ငံ အနေနဲ့ သတ် မှတ်လိုက်တာပါ။

မြန်မာနိုင်ငံက အမေရိကရဲ့ မိတ်ဖက် အဆင့် ရောက် သွားတာပါ” ဟု စီးပွားရေးမူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြောကြားသည်။ အမေရိကအခြေစိုက် ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီများ စိတ်ဝင်စားခြင်း ခံနေရသည့် မြန်မာနိုင်ငံ အတွက် နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ် မှာ မြန်မာနိုင်ငံတွင် ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီများ လာရောက်လုပ်ကိုင်ရေးအတွက် များစွာ အထောက် အပံ့ကောင်း ဖြစ်မည်ထင်ကြောင်း အိုင်တီပညာရှင် တစ်ဦးက ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် မေလ ၇ ရက်နေ့ထုတ်The Voice Daily သတင်း စာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

ဦးရဲထွဋ်မှ ဒေါက်တာဆိတ်ဖွား မဟုတ်ကြောင်း ငြင်းဆို

ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့အစည်းအဝေး တစ်ခု အပြီးမှာ သတင်းသမားအချို့ က မေးခွန်း တွေ မေးပါတယ်။ အဲဒီထဲ က မေးခွန်း တစ်ခု က တော့ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဒေါက်တာ ဆိတ်ဖွားနဲ့ ပတ်သက်တဲ့ စုံစမ်းရေး ကော်မရှင်က ခေါ်ယူ မေးမြန်း တဲ့အထဲမှာ ကျွန် တော်ပါသလား၊ ပါတယ်ဆိုရင် ဘာတွေ ဖြေခဲ့ရ သလဲ ဆိုတဲ့မေးခွန်းဖြစ် ပါတယ်။


တကယ်တော့ ဒီမေးခွန်းဟာ အစည်းအဝေး အကြောင်းအရာနဲ့ မဆိုင်ပါဘူး။ သို့သော် မကြာခဏ မေးကြလွန်းလို့ ကျွန်တော်ဘယ်လို ဖြေခဲ့တယ် ဆိုတာ ဒီကနေ တင်ပြလိုက်ပါတယ်။

မတ်လ ၂၂ ရက်နေ့ မှာ ကျွန်တော်ကို ဒေါက်တာဆိတ်ဖွားကိစ္စနဲ့ပတ်သက်ပြီး အကြံဥာဏ်ရယူ ဆွေးနွေး ဖို့ အတွက်ဆိုပြီး ဖိတ်ကြားပါတယ်။ ဆွေးနွေးမှုများအပြီးမှာ ကျွန်တော်က ကော်မရှင်ဥက္ကဌ ဦးမြငြိမ်းကို သတင်းသမားများက မေးလာရင် ဘာတွေဖြေခွင့် ရှိသလဲလို့ တစ်ခါတည်းမေးမြန်းခွင့်တောင်းခဲ့ပါတယ်။ အဲဒီတုံးက ခွင့်ပြုထားတဲ့အပိုင်းကိုပဲ ဖြေပါ့မယ်။

တွေ့ဆုံမှုမှာ ကော်မရှင်ဘက်ကအခုလို စုံစမ်းစစ်ဆေးမှုပြုလုပ်ရတာဟာ လွတ်လပ်စွာ ထုတ်ဖော် ပြော ဆိုခွင့်ကို ထိန်းချုပ်ဖို့ ကြိုးစားခြင်းမဟုတ်ကြောင်း၊ ဆိတ်ဖွားရဲ့ ရေးသားချက်ကြောင့် ပြည်သူများက လွှတ်တော်ရဲ့ ဥပဒေပြုရေးလုပ်ငန်းများကို အထင်မှားစေတဲ့အတွက် အမှန်တရားကို သိစေရန်၊ ဆိတ်ဖွား အနေနဲ့ သူရေးတာမှားမှန်းသိစေရန် ဖော်ထုတ်ရခြင်းဖြစ်တယ်လို့ ရှင်းပြပါတယ်။ ပြီးတော့ သိလိုသော အချက်များကိုမေးပါတယ်။ ဒါတွေကိုတော့ ပြောလို့ မရပါဘူး။

ကျွန်တော်ကတော့ မေးခွန်းများမဖြေမီအောက်ပါအတိုင်းရှင်းပြခဲ့ပါတယ်။

ကော်မရှင်အနေနဲ့ မီဒီယာအချို့ရဲ့ ရေးသားချက်များအရ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကျွန်တော့် အပေါ် ဆိတ်ဖွားလို့ သံသယရှိနေတာကို သိကြောင်း၊ ဒါ့ကြောင့် အချက်သုံးချက်ပြောလိုကြောင်း

တစ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ သော်လည်းကောင်း၊ ကျွန်တော့်အနေနဲ့သော်လည်း ဘယ်သူ့ ကိုမှာ ဒေါက်တာဆိတ်ဖွားအနေနဲ့ ရေးဖို့ တာဝန်ပေးတာမရှိဘူး။

နှစ်။ ကျွန်တော်ဟာလည်း ဒေါက်တာဆိတ်ဖွားမဟုတ်ဘူး။

သုံး။ ကျွန်တော် ဒေါက်တာဆိတ်ဖွားဆိုရင်လည်း ကော်မရှင်အနေနဲ့ ဒီလောက်လူတွေ အများကြီး ခေါ်ပြီး မေးစရာမလိုပါဘူး။ ကော်မရှင်ဖွဲ့ပြီးနောက်တစ်နေ့မှာပဲ ကော်မရှင်ကို ကျွန်တော်ကိုယ်တိုင် လာပြီး ကျွန် တော်ဟာ ဒေါက်တာဆိတ်ဖွားပါ၊ ကျွန်တော်မြင်တဲ့အတိုင်း ရေးတယ်။ တရားဥပဒေနဲ့ ငြိစွန်းတယ်ထင်ရင် ဥပဒေအရအရေးယူပါ။ ရင်ဆိုင်ဖို့ အသင့်ပဲလို့ လာပြောမှာ ဖြစ်ပါတယ်။

ကျန်တာကတော့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက် တဲ့အချက်တွေဖြစ်တဲ့အတွက် ပြောလို့မရပါဘူး။

ဒါဆိုရင် မကြာခဏမေးခွန်းထုတ်နေသူများ ရှင်းမယ်လို့ ယုံကြည်ပါတယ်။

Credit : Here

ဥရောပ အခြေစိုက် အဖွဲ့အစည်း ၁၁ ခုမှ ဥရောပ ကော်မရှင်သို့ စာရေးသား

နယ်သာလန် နိုင်ငံ၊ အမ်စတာဒန်မြို့ အခြေစိုက် ရိုဟင်ဂျာ အဖွဲ့တစ်ခု ဖြစ်သည့် Burmese Rohingya Community Netherlands မှဦးဆောင်၍ ဥရောပနိုင်ငံ များတွင် အခြေစိုက် သည့်အဖွဲ့ အစည်း ၁၁ ခုမှ ဥရောပ ကော်မရှင် ဥက္ကဌ H.E. Jose Manuel Barroso ထံသို့ လိပ်မူ၍ ယမန်နေ့က စာတစ်စောင် ရေးသား ခဲ့သည်။


အဆိုပါစာ၏ ခေါင်းစဉ်ကို မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ များအား လူမျိုးတုန်း သတ်ဖြတ်မှုနှင့် အစ္စ လာမ် အကြောက် တရားများ အဆုံးသတ်ရန် ဟု ရေးသား ထားပြီး၊ နယ်သာလန်၊ အင်္ဂလန်၊ ဒိန်းမတ်၊ ဂျာမဏီ၊ နော်ဝေး၊ ပြင်သစ်၊ အိုင်ယာလန်၊ ဆွီဒင်နှင့် ဖင်လန် နိုင်ငံရှိ ရိုဟင်ဂျာ အဖွဲ့အစည်း ၁၀ ခုနှင့် ဂျာမဏီ နိုင်ငံမှ မြန်မာ မွတ်စလင် အဖွဲ့အစည်း တစ်ခုမှ ရေးသား၍ ပေးပို့ခြင်း ဖြစ်သည်။

ရခိုင် ပြည်နယ်တွင် လွန်ခဲ့သည့် နှစ် ဇွန်လနှင့် အောက်တိုဘာလ များတွင် ရိုဟင်ဂျာများနှင့် ကမန်များ အပေါ် အကြမ်းဖက် မှုများ ပြီးနောက် ယခု အချိန်ထိ နဂို မူလ အခြေအနေ သို့ပြန်လည် မရောက်ရှိ သေးကြောင်း၊ ဦးဝီရသူ ဦးဆောင်သည့် ၉၆၉ လှုပ်ရှားမှုသည် မွတ်စလင် ဆန့်ကျင်ရေး အတွက် အဓိက လောင်စာ သဖွယ် ဖြစ်နေကြောင်း၊ အဆိုပါ စာတွင် ရေးသား ထားသည်။

ထို့အပြင် ရခိုင် ပြည်နယ် အတွင်း ရိုဟင်ဂျာ ဒုက္ခသည်များ ကြုံတွေ့ နေရသည့် အခက် အခဲများ၊ ရခိုင် ပြည်နယ် အ၀န်းရှိ နစက များ၏ လူမဆန်သည့် လုပ်ရပ်များ၊ ရခိုင် အစွန်းရောက် များကြောင့် ရင်ဆိုင် နေရသည့် အခက် အခဲများကို သေချာ ရှင်းလင်းစွာ ရေးသား ထားသည်။

မြန်မာ နိုင်ငံ အလယ်ပိုင်း မိတ္တီလာမြို့၊ ပဲခူးတိုင်းနှင့် ဥက္ကံမြို့ များတွင် မတ်လ (၂၀) ရက်နေ့ မှစတင်၍ ဖြစ်ပွား ခဲ့သည့် မွတ်စလင် များအပေါ် အကြမ်းဖက် မှုများ အကြောင်းနှင့် ရခိုင် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ နှင့်ပတ်သက် သည်များကို လည်း ရေးသား ထားသည်ကို တွေ့ရသည်။ အဆိုပါ စာနှင့်အတူ မေလ (၄) ရက်နေ့က ရိုဟင်ဂျာ အဖွဲ့အစည်း (၁၀) ခုမှ ရခိုင် အစီရင်ခံစာ နှင့်ပတ်သက်၍ ထုတ်ပြန် ခဲ့သော ကြေညာချက်ကို လည်းပူးတွဲ၍ တင်ပြ ခဲ့ကြောင်း သိရသည်။

ဥရောပ ကော်မရှင်သို့ အဖွဲ့အစည်း ၁၁ ခုမှ ပေးပို့သည့် စာဖတ်ချင်လျှင် http://bit.ly/13eEk58

ရခိုင် အစီရင်ခံစာနှင့် ပတ်သက်၍ အဖွဲ့အစည်း ၁၀ ခု၏ ကြေညာချက် ဖတ်ချင်လျှင် http://bit.ly/122yHG5

Credit : Here

မေလအတွက် ၇ ရက်သားသမီး ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေ

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ် ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။ လုပ်ငန်း အသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာ လိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်း ရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ ရခြင်းများ လုပ်ရတတ်သည်။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။


မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။ သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြု ပါလေ။

ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်း များနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။ အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံ ပစ္စည်းများ ၀င်လာတတ်သည်။

အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေ အ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။

လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်း အကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။ ထီပေါက် သကဲ့သို့ ငွေများဝင်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက် စေရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ။
..............................................................................................

တနင်္လာ

အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှ လည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။ ဤကာလမျိုးး၌ သာမန်အခြေအနေ မျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။ မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါ သည်။

မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ် သွားမည်။ အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။ အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။ တခြားပို့ထားပါ။

လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။ ခရီးများမကြာခဏ ထွက်ရ တတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။ ၀န်ထမ်းဆိုလျှင် ရာထူးတက်ခြင်း အခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။

ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။

အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောက ရောက်ရ ခြင်းများ ကြုံ ရတတ်သည်။ ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။ စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။

ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့်မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မ၀င် စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။ အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။ ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာ ပြေပျောက် စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ ထီးဖြူအသေးသက်စေံနှင့် ထီးဖြူအကြီး တစ်လက် ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနံ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။
----------------------------------------------------------------------------------------------

အင်္ဂါ

ဘုရားဆင်တုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွက် သော ခရီးများသွားရတတ်သည်။ သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။ လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်တန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။

မနာလိုသူလည်း ပေါ်လိမ့်မည်။ မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ်သောအချိန် ဖြစ်ပါ သည်။ လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။ အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့်များနေလိမ့်မည်။ ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆို ဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။ အထူးသတိပြုရန် - အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။

ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။ ငွေနှင့် လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မငှားရမ်းပါနှင့် ဆုံးလိမ့်မည်။ ဤကာလအတွင်း မည်သည့် အခက် အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။ အောက်လက် ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။

ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။ ကျောဒုက္ခ ပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။

ဤကာလအတွင်းကောင်းကျိုးချမ်း သာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက် စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။ နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။
..............................................................................................
ဗုဒ္ဓဟူး

အလုပ်နေရာ အိမ်နေရာအသစ်ရခြင်း၊ နေရာထိုင်ခင်း မွမ်းမံပြင်ဆင်ရခြင်း ပြောင်းရွှေ့ရခြင်းများ ကြုံတတ် သည်။ ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေ ပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ် ပါသည်။ မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။

ဤလအတွင်း အစစအရာရာသတိကြီးစွာထား ရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်း ပြောခြင်းများ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နာ၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။

မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက် ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။ စက်ပစ္စည်း ဒုက္ခပေးတတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။ ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်း များ ကြုံရတတ်သည်။

မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုး အကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။ အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။ ခြေထောက် တွင် အန္တရာယ်ဖြစ်တတ်သည်။ လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။

ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။ လောကဓံ တရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေး အမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာ ပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာ လှူပါ။
..............................................................................................

ကြာသပတေး

ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည် ကောင်းများ အဆက် အသွယ်ကောင်းများ ပေါ်လာလိမ့်မည်။ သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။ ဤကာလအတွင်း ထီမထိုးသင်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင် လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ရွှေဝယ်မိပါက ၀ယ်သူ၏ ဇနီး-ခင်ပွန်းထွက်လိမ့်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။

စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ် ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။ ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။

သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန် ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက် စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။
..............................................................................................

သောကြာ

ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။ ယခုကာလ တွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ် သည်။

လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။ အလှူ အတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်း ရွှေ့ရတတ်သည်။

ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည် ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။ အမှုအခင်း ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။

အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ်တစ်ပတ်ရစ်ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။

ဆရာသမားကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။ ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ။ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။

ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။ မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင် သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာ ပြေပျောက်စေရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ။ ယပ်ဖြူ သက်စေ့လှူပါ။ ဘုရား ရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။
..............................................................................................

စနေ

ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။ သိကြား မ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။ လုပ်ငန်းများ သိသိ သာသာ အောင်မြင်မူရမည်။ လုပ်ငန်းသစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ် တတ်သည်။

ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။ ၀န်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန် စက်ပစ္စည်များဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။

ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။ အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံးပြင် ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။

အကြီးအကဲ ကောင်းရနိုင်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုး သားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။ လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေး ညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါ သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက် စေရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။ ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။

အွန်လိုင်းကို ရောက်လာတဲ့ ရှမ်းပြည်နယ်အစိုးရ


ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ အင်တာနက်စာမျက်နှာ ထွက်ပေါ်လာပါပြီ။

လိပ်စာက www.shanstate.gov.mm ဖြစ်ပါတယ်။

တည်ဆောက်ဆဲဖြစ်တဲ့ ဒီစာမျက်နှာအသစ်ရဲ့ ကဏ္ဍများထဲမှာ သတင်းကဏ္ဍက အစုံလင်ဆုံး ဖြစ်တာကို တွေ့ရမှာပါ။


သတင်းသမားတွေအတွက် သတင်းရင်းမြစ်တခု အသစ်ပေါ်လာတယ်လို့ ဆိုနိုင်ပါတယ်။

တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွေက အင်တာနက်မှာ ခြေချသေးဟန် မတူပါဘူး။ မကြာခင် သူတို့ကိုလည်း အွန်လိုင်းမှာ မြင်ရတော့မယ်လို့ ယူဆရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ဒေသဆိုင်ရာ အစိုးရအဖွဲ့ရုံးတွေ ပေါ်ပေါက်လာတာပါ။

ထုတ်ပြန်လိုတဲ့ အချက်အလက်တွေကို အများသိအောင် အွန်လိုင်းကို အသုံးပြုတဲ့အတွက် အစိုးရအဖွဲ့ အတွက် အဆင်ပြေတယ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ရယူလိုသူများ လည်း ဒီဝက်ဆိုက်မှာ ၂၄ နာရီ ဝင်ရောက် ရှာဖွေလို့ရနေပါပြီ။

Credit : Here

ဧရာဝတီမဂ္ဂဇင်း မြန်မာပြည်တွင် စရောင်းပြီ

ယခင် စစ်အစိုးရက တရားမ၀င် သတင်း မီဒီယာ အဖြစ် သတ်မှတ်ခဲ့ပြီး ကန့်သတ်ပိတ်ပင်မှုများ ခံခဲ့ ရသော ဧရာဝတီ သတင်း ဌာနက အင်္ဂလိပ် ဘာ သာဖြင့် ပုံနှိပ် ထုတ်ဝေသည့် ဧရာဝတီ မဂ္ဂဇင်းကို ရန်ကုန်နှင့် မန္တလေးမြို့ ဈေးကွက် များတွင် ယမန် နေ့က ပထမဆုံးအကြိမ် တရားဝင် စတင်ဖြန့်ချိ ရောင်းချလိုက်ပြီဖြစ် သည်။


၁၉၉၃ ခုနှစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အယ်ဒီတာ ဦးအောင်ဇော် စတင်တည်ထောင်ခဲ့သော ဧရာဝတီ သတင်းဌာနက အင်္ဂလိပ်ဘာသာဖြင့် ဧရာဝတီမဂ္ဂဇင်း ကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်ကပင် စတင် ထုတ်ဝေဖြန့်ချိခဲ့သော်လည်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို ပိတ်ပင်ပြီး သတင်းအမှောင်ချထားသော စစ်အစိုးရ၏ ပိတ်ပင်မှုများကြောင့် ပြည်တွင်း ဈေးကွက်တွင် မရောင်းချနိုင်ဘဲ ပြည်ပတွင်သာ ထုတ်ဝေဖြန့် ချီခဲ့ရသည်။ 

သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက် ဧရာဝတီသတင်းဌာန တည်ထောင်သူ ဦးအောင်ဇော် အပါ အ၀င် အယ်ဒီတာအဖွဲ့ကို မြန်မာပြည်တွင်းသို့ လာရောက် ခွင့်ပြုခဲ့ပြီး ဧရာဝတီသတင်းဌာန၏ ရန်ကုန်ရုံးခွဲ ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်ခဲ့သည်။ 

ယင်းနောက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလထုတ် ဧရာဝတီမဂ္ဂဇင်းနှင့် ၂၀၁၃ခုနှစ် မတ်လထုတ် ဧရာဝတီမဂ္ဂဇင်း များ ကို ပြည်တွင်းရှိ စာဖတ်ပရိသတ် များထံ အခမဲ့ ဖြန့်ဝေခဲ့ခြင်း ဖြင့် မိတ်ဆက်ခဲ့သည်။ 

ယခုမေလထုတ် ဧရာဝတီမဂ္ဂဇင်းကို အခကြေးငွေဖြင့် ပြည်တွင်း ဈေးကွက်တွင် စတင်ဖြန့်ချိ ရောင်း ချခြင်းဖြစ်သည်။ 

လတ်တလော မေလထုတ် ဧရာဝတီမဂ္ဂဇင်းကို ရန်ကုန်မြို့တော်ရှိ အထင်ကရ စာအုပ်ဆိုင်ကြီးများဖြစ် သည့် တော်ဝင် စင်တာTab Book စာအုပ်ဆိုင်၊ ပန်းဆိုးတန်းလမ်းရှိ အင်းဝ စာပေတိုက်၊ စာပေလောက ၅ တို့တွင်လည်းကောင်း၊ မန္တလေးမြို့တော်ရှိ ညိုစာပေ၊ ရာပြည့် စာပေ၊ အင်းဝ စာပေတိုက်တို့တွင် လည်းကောင်း ၀ယ်ယူနိုင်ပြီး ဧရာဝတီ မဂ္ဂဇင်း တအုပ်လျှင် ငွေ ၂၈၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ 

ရန်ကုန်နှင့် နေပြည်တော်ရှိ City Mart ဈေးဝယ်စင်တာများ တွင်လည်း ဧရာဝတီမဂ္ဂဇင်း ၀ယ်ယူနိုင်ရန် ဆက်လက် ဖြန့်ချိမည့် အစီအစဉ်များရှိကြောင်း ဧရာဝတီသတင်းဌာန၏ ရန်ကုန်ရုံးခွဲမှ မဂ္ဂဇင်းဖြန့်ချိရေး တာဝန်ခံ ကိုချမ်းမြေ့အောင်က ပြောသည်။ 

“ဈေးကွက်မှာ ဧရာဝတီ မဂ္ဂဇင်းကို တော်တော် စိတ်ဝင်စားတဲ့ သူတွေ ရှိနေပါတယ်၊ မနေ့က အင်းဝ စာပေကို ဧရာဝတီ မဂ္ဂဇင်း သွားတင်တော့ အဲဒီက မန်နေဂျာက ဧရာဝတီမဂ္ဂဇင်းကို တော်တော် သဘော ကျတယ် လို့ ပြောတယ်” ဟု ကိုချမ်းမြေ့အောင်က ဆိုသည်။ 

ဧရာဝတီ မဂ္ဂဇင်းကို ယခု မေလမှ စတင်ပြီး တလ တကြိမ် ပုံမှန်ထုတ်ဝေသွားမည်ဖြစ်ပြီး အိမ်တိုင် ရာ ရောက် ၀န်ဆောင်မှုစနစ်ဖြင့် ဖတ်ရှုလိုသူများအတွက် ၃ လစာ မဂ္ဂဇင်း ၃ စောင်အတွက် ငွေကျပ် ၇၀၀၀ ကျသင့်မည်ဖြစ်ပြီး နောက်ထပ် ၁ လ မဂ္ဂဇင်း အခမဲ့ ဖတ်ရှုနိုင်သော အခွင့်အရေးရရှိမည်ဖြစ်သည်။ 

၆ လစာ မဂ္ဂဇင်း ၆ စောင်အတွက် ၁၃၀၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး နောက်ထပ် ၂လ မဂ္ဂဇင်းအခမဲ့ဖတ်ရှု ခွင့် ရရှိမည်ဖြစ်သည်။ 

တနှစ်စာ မဂ္ဂဇင်း ၁၂ စောင်အတွက် ငွေကျပ် ၂၅၀၀၀ ကျသင့်မည်ဖြစ်ပြီး နောက်ထပ် ၃ လစာ မဂ္ဂဇင်း အခမဲ့ ဖတ်ရှုခွင့်များရရှိမည်ဖြစ်သည်။ 

မဂ္ဂဇင်း အယ်ဒီတာ ကိုကျော်စွာမိုးက လစဉ်ထုတ်ဝေမည့် ဧရာဝတီမဂ္ဂဇင်းတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးသုံးသပ်ချက်များ၊ အတွေးအမြင် ဆောင်းပါးများ၊ အထူးသတင်းဆောင်းပါးများ၊ ခရီးသွားဆောင်းပါး များ၊ အစားအစာနှင့်စားသောက်ဆိုင်အညွန်းများ၊ ယနေ့ ခေတ်အခြေအနေကို ရောင်ပြန်ဟပ်မည့် ကာတွန်း များကို ထည့်သွင်း ဖော်ပြသွားမည် ဖြစ်ပြီး ယခု မေလထုတ် ဧရာဝတီမဂ္ဂဇင်းတွင် ဗုဒ္ဓဘာသာနှင့် အစ္စလမ် ဘာသာဝင်များအကြား ဖြစ်ပွားခဲ့သော မိထ္တီလာပဋိပက္ခ အထူးသတင်းဆောင်းပါး၊ တရုတ် နိုင်ငံနှင့် မြန်မာ နိုင်ငံတို့၏ ဆက်ဆံရေးနှင့် အလားအလာဆောင်းပါးအပါအ၀င် စာဖတ်ပရိသတ် အကြိုက် တွေ့စေမည့် သတင်း၊ ဆောင်းပါး၊ သုံးသပ်ချက်နှင့် အတွေးအမြင်များပါဝင်ကြောင်း ရှင်းပြသည်။ 

“ဒီလ ထုတ်တဲ့ မဂ္ဂဇင်းမှာ ဆိုရင် မိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ မွတ်စလင် ပဋိပက္ခ ကိစ္စတွေ လည်း ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ ရေးသား တင်ပြထားတာ ရှိတယ်၊ မျက်နှာဖုံးဆောင်းပါးက တရုတ် နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံ ရေး အခြေအနေ၊ တနိုင်ငံနဲ့ တနိုင်ငံ ဘယ်လို ပေါ်လစီတွေကို သုံးလဲ၊ အလား အလာတွေ ဘယ်လိုရှိလဲဆိုတာတွေသုံးသပ် တင်ပြထားတယ်”ဟု ကိုကျော်စွာမိုးက ဆိုသည်။ 

ဧရာဝတီသတင်းဌာနက ထုတ်ဝေသော ဧရာဝတီမဂ္ဂဇင်းသည် အမေရိကန်၊ ဥရောပနိုင်ငံများ အပါ အ၀င် နိုင်ငံတကာ အစိုးရများ၊ ကုလသမဂ္ဂနှင့်အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သော အဖွဲ့အစည်းများ အကြား၊ နိုင်ငံတကာ သံတမန်အသိုင်း အ၀ိုင်း တွင် မြန်မာနိုင်ငံဆိုင်ရာ သတင်းအချက်အလက်နှင့် ပတ်သက်ပြီး သြဇာကြီးပြီး အလေးထား စောင့်ကြည့် ဖတ်ရှုရ သည့် မဂ္ဂဇင်းဖြစ်သည်။ 










Credit : Here

တရုတ်နယ်စပ် လွန်ဆွဲ မှုများကြား ``ဝ´´ ပါဝင် လာခြင်း

မြန်မာနိုင်ငံ အရှေ့ပိုင်းမှ ၀ တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့များသို့ တရုတ်နိုင်ငံက တိုက်ခိုက် ရေး ရဟတ် ယာဉ်များ ရောင်းချခဲ့သည်ဟု ၀ အဖွဲ့ နှင့် မြန်မာအစိုးရ သတင်းရင်းမြစ်များကို ကိုးကား၍ Jane’s Intelligence Review က ဆိုသော်လည်း ``၀´´ အဖွဲ့က ဧရာဝတီသို့ ယင်းသတင်း မဟုတ် မှန် ကြောင်း အခိုင်အမာ ပြောကြားသည်။ သို့သော် လည်း မြန်မာအစိုးရတပ်များက ရှမ်းပြည်နယ်တွင်းရှိ လက်နက်ကိုင်များကို ထိုးစစ်မြှင့်တင်နေခဲ့ခြင်း ကဲ့သို့ ရွှေတြိဂံ ဒေသမှ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် သဘာဝအရင်းအမြစ်များကို ထိန်းချုပ်နိုင်ရန် တိုက်ခိုက်လာသော တိုက်ပွဲများသည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကြားဆက်ဆံရေး အတွက် စမ်းသပ်ချက် တခု ဖြစ်လာဖွယ် ရှိသည်။


Jane’s Intelligence Review က TY 90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်လက်နက် တပ်ဆင်ထားသည့် Mi-17 အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်အမြောက်အများကို ဖေဖော်ဝါရီ လကုန်ပိုင်းနှင့် မတ်လဆန်းအတွင်းတွင် ၀ သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သို့ တရုတ်တို့ က ပေးအပ်ခဲ့ကြောင်း ရေးသားခဲ့သည်။ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ကို မြန်မာအစိုးရတပ်များနှင့် တားဆီးရာတွင် (UWSA)က အသုံးချရန်ဖြစ်သည်ဟုလည်း ဆိုသည်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထဲတွင် အင်အား အတောင့်တင်းဆုံးဖြစ်သော ၀ အဖွဲ့တွင် လက်နက်အပြည့်အစုံ တပ်ဆင်ထား သည့် တပ်သား ၂၀၀၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။

သို့သော်လည်း ၀ သတင်းရင်းမြစ်နှစ်ခုက တရုတ်ထံမှ ရဟတ်ယာဉ်များဝယ်ယူခဲ့သည့် သတင်းကို ငြင်းဆိုကြ သည်။ “ဒီသတင်းက မမှန်ဘူးလို့ ကျနော်တို့ယူဆပါတယ်၊ ဒါက လုပ်ကြံထားတာသက်သက်ပါ၊ ဒီ ရဟတ်ယာဉ်တွေကို ကျနော်တို့ထဲမှာ ဘယ်သူကမောင်းနိုင်မှာလဲ” ဟု (UWSA) မှပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က တရုတ်မြန်မာနယ်စပ် ၀ အမာခံ တပ်စခန်းမှနေ၍ ဧရာဝတီသို့ တယ်လီဖုန်းမှ တဆင့် ပြောပြသည်။ ရှမ်းပြည်နယ် အတွင်းမှ ၀ အဆင့်မြင့်အရာရှိများကလည်း ထိုသတင်းကို ငြင်းဆိုကြ သည်။

ထို့အတူပင် ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံသံရုံးကလည်း Jane’s Intelligence Review ၏ သတင်း ကို နောက်တရက်တွင် ချေပ ပြောဆိုခဲ့သည်။ သံရုံး၏ ထုတ်ပြန်ချက်တွင် “တာဝန်ရှိနိုင်ငံတနိုင်ငံ အနေနဲ့ရော လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ ၀င် အနေနဲ့ပါ ကုလသမဂ္ဂရဲ့ လက်နက်ရောင်းချမှုဆိုင်ရာ ဥပဒေ တွေကို တိတိကျကျ လိုက်နာပါတယ်။ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့လည်း အလွန်တင်းကြပ်တဲ့ စည်းမျဉ်း တွေ ချမှတ်ထားပါတယ်” ဟုဖေါ်ပြထားသည်။ “မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းကောင်း၊ စစ်မှန်တဲ့ မိတ်ဆွေ တယောက် အနေ နဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံတွင်းက ပါတီများ၊ အဖွဲ့အစည်းများနဲ့ ဘယ်လို တရား မ၀င် ဆက်သွယ်ခြင်းမျိုးကိုမှ လုပ်မှာမဟုတ်ပါဘူး” ဟု တရုတ်သံရုံးကဆိုသည်။

မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာရခြင်းသည် အစိုးရဖက်က နယ် မြေကို အပြည့်အ၀ ထိန်းချုပ်လိုပြီး အနာဂတ်ကာလတွင် ၀ တပ်ဖွဲ့များကို တိုက်ခိုက်နိုင်ရန်အတွက် ကြိုတင် ပြင် ဆင်နေခြင်းဟု ခန့်မှန်းပြော ဆိုမှုများလည်း ရှိနေသည်။

(UWSA) မှဦးအောင်မြင့်က ယခုလို တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြု လုပ်နေချိန်၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်နေစဉ်တွင် ရှမ်းပြည် နယ်တွင် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာခြင်းသည် ကောင်းသော အလားအလာ မဟုတ်ကြောင်း ပြောသည်။

“ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနေချိန်မှာ တိုက်တဲ့ခိုက်တဲ့ အသံတွေထွက်လာတော့ မကောင်းဘူးပေါ့ဗျာ” ဟု သူကဆိုသည်။

ဝ သွေးစည်းညီညွတ်ရေးတပ်မတော် သည် မြန်မာအစိုးရနှင့် ၁၉၈၉ခုနှစ်တွင် ငြိမ်းချမ်းရေး သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း ပြီးခဲ့သော လများအတွင်းတွင် ၎င်းတို့ အိမ်နီးချင်း ကချင်နှင့် ရှမ်းလက်နက် ကိုင်တပ်ဖွဲ့များနှင့် အစိုးရကြားတွင် ပဋိပက္ခများ သိသိသာသာဖြစ်ပေါ်လာနေခဲ့ သည်။

ငြင်းပယ်မှုများ ရှိနေသော်လည်း မြန်မာ့အရေး ကျွမ်းကျင်သူတဦးဖြစ်သည့် Bertil Lintner ကမူ ရဟတ်ယာဉ် အရောင်း အ၀ယ်ကိစ္စသည် အမှန်တကယ်ဖြစ်နိုင်ကြောင်း ပြောဆိုသည်။ အစိုးရတပ်ဖွဲ့များ က သံလွင်မြစ် အနောက်ဖက်ကမ်းရှိ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA –North) ၏ တောင်ကုန်း ထူထပ်သော နေရာမှ စစ်စခန်းများကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေခြင်းသည် နောက်ဆုံးတွင် ၀ တပ်ဖွဲ့များ ကို တိုက်ခိုက်ရန်ဖြစ်ကြောင်း သူကပြောသည်။

အခြားသော ကျွမ်းကျင်သူတယောက်ကလည်း (UWSA) ကိုတိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရတပ်ဖွဲ့ များ နေရာ ယူနေသည် ဆိုခြင်းကို ထောက်ခံပြောဆိုသည်။

“မြန်မာ အစိုးရက ရှမ်းအဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးကတည်းက သူ့တပ်တွေကို တခုမှ ဖယ်မသွားဘူး။ အင်အားဖြည့်တင်းတာတွေကိုတောင် ပိုလုပ်လာတယ်၊ ဒါကောင်းတဲ့ လက္ခဏာ မဟုတ် ပါဘူး။ ဒီတော့ ၀ ဖက်ကလည်း ဖြစ်လာနိုင်စရာရှိတဲ့ စစ်ပွဲအတွက် ပြင်ဆင်ရတော့တာပေါ့” ဟု တရုတ် မြန်မာ နယ်စပ်အခြေစိုက် စစ်ရေး လေ့လာသူ တဦးဖြစ်သော ဦးအောင်ကျော်ဇောက ဆိုသည်။

Yale Global အွန်လိုင်း မဂ္ဂဇင်းတွင် Bertil Lintner က“ တရုတ်က နောက်ထပ်စစ်ပွဲတခုကို မလိုလား ပါဘူး။ (UWSA) ဆီမှာ လက်နက်ကောင်းတွေ ပိုင်ဆိုင်နိုင်အောင် ကူညီပေးတာဟာ ငါတို့ကို မညစ်နဲ့ လို့ နေပြည်တော် အစိုးရ ကို ပြင်းပြင်းထန်ထန် သတိပေးနေခြင်းတမျိုးပါပဲ” ဟု မတ်လ အတွင်းက ရေးသား ခဲ့သည်။

ဧပြီလ တလလုံး မြန်မာအစိုးရတပ်များသည် ဗျူဟာမြောက် အရေးပါသည့် သံလွင်မြစ် အနောက်ဖက်ကမ်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ သည်။ သံလွင်မြစ်သည် တိဘက် ကုန်းမြေမြင့်တွင် မြစ်ဖျားခံကာ ကပ္ပလီပင်လယ် အတွင်းသို့စီးဝင်သည်။ ရှမ်းပြည်နယ်အတွင်းရှိ သံလွင်မြစ်၏ အရှေ့ဖက် ကမ်းတွင် ၀ တပ်ဖွဲ့များ ထိန်းချုပ်နေရာ ယူထားသည်။

ဧပြီလဆန်းပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား မိမိတို့တပ်စွဲထားသည့်နေရာများမှ ဖယ်ရှား ပေးရန်နှင့် မဖယ်ရှားပါက နောက်ဆက်တွဲအဖြစ်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု အစိုးရစစ်တပ်က ရာဇသံ တရပ် ပေးပို့ခဲ့သည်။ ရှမ်းတပ်ဖွဲ့များက ရာဇသံကို ပယ်ချလိုက်ကြသည့်အခါ တိုက်ပွဲများ ပြန် လည်ဖြစ်ပွား လာတော့သည်။

လွန်ခဲ့သောအပတ်က ရှမ်းပြည်နယ်အတွင်းမှ အစိုးရ စစ်စခန်းများသို့ စစ်ကူများပေးပို့ကာ အင်အား ဖြည့်တင်း ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၏ အကြီးဆုံး မြို့ဖြစ်သော လားရှိုးမြို့ အပါအ၀င်ဖြစ်သည်။ တင်းမာမှုများ မြင့်တက်လာနေကြောင်း သူ၏ အမည်ကို ဖော်ပြခြင်း မပြုရန် တောင်းဆိုခဲ့သော သတင်း ရင်းမြစ်တခုက ပြောသည်။ ရှေ့တန်းရှိ ခြေမြန်တပ်ရင်း များအတွက် အရံအဖြစ် ထောက်ပံ့ရေးပစ္စည်းများနှင့် လက်နက်ခဲယမ်းများ လည်း ရောက်ရှိနေကြောင်း သူကဆိုသည်။

ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့သော လေ့လာဆန်းစစ်သူ အမြောက်အများကလည်း အစိုးရတပ်များ သံလွင်မြစ် အနောက်ဖက်ကမ်းရှိ အချက်အချာကျသော စခန်း ၄ ခုကို သိမ်းပိုက်လို၍ဖြစ်ကြောင်း ပြောသည်။ ထိုစခန်းများ သည် UWSA ၏ ဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်ရန် အရေးပါသော နေရာ များ ဖြစ်ကြသည်။ အထိအခိုက်မခံနိုင်သော အခြေအနေဖြစ်နေသည့် အတွက် ၎င်းတို့၏ အမည် များကို ထုတ်ဖေါ်ရေးသားခြင်း မပြုရန်သူတို့ဆန္ဒ ရှိကြောင်းလည်း ပြောသည်။

ရှမ်းပြည်နယ်မှ သံလွင်မြစ်ကို ထိန်းချုပ်နိုင်ရန်အတွက် အစိုးရအနေဖြင့် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် စသည့် မဟာမိတ်အဖွဲ့ များနှင့် ရင်ဆိုင်တိုက်ခိုက်ရန် ရှိနေသည်။ ထိုအဖွဲ့အားလုံးသည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရေးရှင်း ကောင်စီ (UNFC) ၏ အဖွဲ့ဝင်များဖြစ်ကြသည်။

UNFC မဟာမိတ်များက သံလွင်မြစ် အနောက်ဖက်ခြမ်းကို ထိန်းချုပ်ထားသလို အရှေ့ဖက်ကမ်းကိုလည်း ၀ အဖွဲ့က ပိုင်ပိုင်နိုင်နိုင် စိုးမိုးထားနိုင်သည်။ သံလွင်မြစ်ကမ်းဘေးမှ SSA (North) ၏ တပ်စခန်းများကို သိမ်းပိုက်လိုက်နိုင်လျှင် ၀ နယ်မြေကို ၀င်ရောက်တိုက်ခိုက်ရန်အတွက် ခြေကုပ်စခန်းများ ရရှိနိုင်မည်ဖြစ် သည်။ ထို့ပြင် နည်းဗျူဟာအရ အလွန်အရေးပါသော ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ရေနံပိုက်လိုင်းနှင့် သံလွင်မြစ်ပေါ်တွင် တရုတ် ကျောထောက်နောက်ခံဖြင့် ဆောက် လုပ်မည့် ရေအား လျှပ်စစ်စီမံကိန်းကိုလည်း ကာကွယ်ပေးပြီးသား ဖြစ်သွားနိုင်သည်။ ယခု စစ်ပွဲသည် တရုတ်နိုင်ငံအတွက် လောင်းကြေးတခုဖြစ်သည်။

“UWSA က ရဟတ်ယာဉ်တွေ သုံးမယ်ဆိုတာ မဖြစ်နိုင်ပါဘူး၊ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာ လည်း နားလည်မှု လွဲမှားတာတွေကြောင့်ပါ၊ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ တိုင်းရင်းသားလူမျိုးစု အုပ်စုတွေ နဲ့ ပြောဆိုဆွေးနွေးဖို့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ အရမ်းစိတ်ဝင်စားကြပါတယ်” ဟု KIA ခေါင်းဆောင် ဟောင်းတဦးဖြစ်သူ ဒေါက်တာတူးဂျာက ပြောသည်။

ယမန်နှစ်ကလည်း UWSA သို့ တရုတ်နိုင်ငံက ဝေဟင်ပစ်ဒုံးကျည်များနှင့် တင့်ကား၁၂စီး အပါအ၀င် လက်နက်များ ရောင်းချပေးပို့ခဲ့ကြောင်း Jane’s Intelligence Review က စွပ်စွဲခြင်းများရှိခဲ့သည်။ တရုတ်နိုင်ငံက မဟုတ်မှန်ကြောင်း ဇန်န၀ါရီ လတွင်ငြင်းဆန်ခဲ့သည်။ Jane’s Intelligence Review ၏ အဆိုအရ တရုတ်နိုင်ငံသည် ၂၀၁၂ နှစ်လယ်ပိုင်းတွင် ၎င်းနိုင်ငံထုတ် PTL02 ဘီးတပ်တင့်ကားများ UWSA သို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။

ဧပရယ်လဆန်းပိုင်းက အစိုးရတပ်ဖွဲ့များနှင့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတို့ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ကိုချိုးဖောက်ကာ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည့် တန့်ယန်းမြို့နယ် တွင် နောက် ထပ်တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်သည်ဟု လေ့လာစောင့်ကြည့်သူများက ယုံကြည်နေကြသည်။

KIA တပ်မ (၄) နှင့် တပ်မ(၈) တို့နှင့် မြန်မာအစိုးရတပ်များကြား ဖြစ်ပွားနေသည့် တိုက်ပွဲများက အရှိန်မြင့် တက်လာနေ ကြောင်း သတင်းများက ဆိုသည်။ တိုက်ပွဲများကြောင့် မိမိတို့နေရပ်ကို စွန့်ခွာရှောင်တိမ်း နေကြ ရသည့် အရပ်သားများအတွက် စိုးရိမ်စရာ အခြေအနေများလည်း ရှိနေကြာင်း ဒေသခံ သတင်း ရင်းမြစ်များက ဧရာဝတီကို ပြောပြသည်။

ထွက်ပြေးတိမ်းရှောင်နေရသူ အရေအတွက်မှာ ဧပြီ လဆန်းအထိ တထောင်ကျော်ရှိပြီး အခုအခါ တွင် ယောက်ျား ဒါဇင် အနည်းငယ်ခန့် နေရပ်သို့ ပြန်သွားကြပြီဟု သိရသည်။ ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ရှမ်းစာနယ်ဇင်းများက ၎င်းတို့၏ ယာမြေနှင့် စိုက်ခင်းများ လုပ်ကိုင်နိုင်ရန်အတွက် စွန့်စားပြီး ပြန်သွား ကြခြင်းဖြစ် သည်ဟု ပြောပြသည်။

မြန်မာအစိုးရနှင့် ကချင်လက်နက်ကိုင် အဖွဲ့များကြား ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးခြင်းများလည်း ယခုလ အတွင်းတွင် ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ရသည်။ သို့သော်လည်း တရုတ်နိုင်ငံက ကမကထပြုပေးခဲ့ သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ နှင့် ကွာခြားချက်များ ရှိလာနိုင်သည်။ ဆွေးနွေးပွဲများ သို့ နိုင်ငံတကာ မှ လေ့လာသူများ တက်ရောက်ခွင့်နှင့် ပတ်သက်၍ အငြင်းပွားခဲ့ရခြင်းကြောင့် အစိုးရနှင့် KIA ကို တရုတ်နိုင်ငံနှင့် ကွဲလွဲမှုများဖြစ်ပေါ်စေခဲ့သည်။

မြန်မာအစိုးရဖက်မှ ဦးဆောင်ညှိနှိုင်းသူ ဦးအောင်မင်းနှင့် ၎င်းဖွဲ့စည်းထားသော နိုင်ငံတကာအဆင့် အကြံပေး များ ပါဝင်သော မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တို့သည် ကချင်နှင့် မြန်မာအစိုးရကြား အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့ရသည့် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ KIA နှင့် ဆွေးနွေးမှု အကြိမ် တဒါဇင်ကျော်ကျော်ပြု လုပ်ခဲ့ရာတွင် တိုးတက်မှု အနည်းငယ်တော့ရှိခဲ့သည်။

“ကချင်ဖက်ကတော့ နောက်တကြိမ်ဆွေးနွေးဖို့ အတွက် ဦးအောင်မင်းရဲ့ဆုံးဖြတ်ချက်ကို စောင့်နေပါတယ်၊ ဒါပေမယ့် အခု လကုန်အထိတော့ ဘာသံမှ မကြားရသေးဘူး။ အားလုံးက တရုတ်အပေါ်မှာပဲ မူတည်ပါတယ်။ ကချင်ဖက်က နောက်လာ မယ့်ဆွေးနွေးပွဲတွေမှာ နိုင်ငံခြားလေ့လာသူတွေ ရှိစေချင်တယ်။ ဒါမှလည်း မှန်မှန်ကန်ကန် ဆွေးနွေးလို့ ရမယ်လေ၊ ဒါပေမယ့် တရုတ်က အဲဒါကိုပိတ်ပင်တယ်” ဟု KIA ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာက ပြောသည်။

“ ဦးအောင်မင်းခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကော်မတီက နိုင်ငံတကာ လေ့လာသူတွေ လာဖို့ သဘောတူပါတယ် ပြောနေပေမယ့် အရင်က သူတို့လုပ်ခဲ့တာတွေကြောင့် မြန်မာအစိုးရကို ယုံကြည်နိုင်ဖို့ ခက်နေတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကျနော် အရမ်းမျှော်လင့်ထားပါတယ်။ ဒါကြောင့် အနာ ဂတ်မှာ ကချင်နဲ့ အစိုးရအကြား နိုင်ငံရေးနည်းနဲ့ ပြောဆိုညှိနှိုင်းနိုင်ဖို့ ကျနော်တို့ ရှေ့ကို ထပ်တိုးနိုင် ပါလိမ့်မယ်” ဟု သူက ဆိုသည်။

ဦးအောင်မင်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ကာလရှည်ကြာ ငြိမ်းချမ်းရေးကို ရရှိနိုင်ရန် အမှန်တကယ် လုပ်ကိုင်နေသည် ဆိုသော်လည်း အစိုးရတပ် များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြားတွင် လက်တွေ့ဖြစ်ပေါ်နေသော အခြေအနေက ခြား နားသော ဇာတ်လမ်းတပုဒ်ကို ပြောပြနေသည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။

သူရရှိခဲ့သော အပြင်ကို ပေါက်ကြားလာသည့် စစ်ဖက်ဆိုင်ရာ စာရွက်စာတမ်းများ အရ မြန်မာစစ်တပ်၏ ထိပ်တန်း ဦးစားပေးကိစ္စမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ရှင်းလင်းဖယ်ရှားရေးဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

နေပြည်တော်မှ စစ်ဖက်ဆိုင်ရာ သတင်းရပ်ကွက်၏ အဆိုအရလည်း ဗိုလ်ချုပ်မှူးကြီးရာထူးကို မကြာသေး ခင်ကမှ ရရှိခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အစီအစဉ်မှာ UWSA အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ချေမှုန်းရှင်းလင်းပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများကို ထိန်းချုပ်နိုင်ရေး ဖြစ်သည်ဟု သိရသည်။

တရုတ်-မြန်မာ နယ်စပ်အရေးကား အကိုင်အတွယ် မညက်လျှင် အချိန်မရွေး သေနတ်ပေါက်ကာ ပြည်တွင်း စစ်မီး ပြန်တောက်နိုင်သော လက်နက်အသင့် ငြိမ်းချမ်းရေးခေတ်ဟုပင် ဆိုရပေတော့မည်။

(Daniel Pye နှင့် Saw Yan Naing တို့ ရေးသားသော Wa Rebels Caught Up in Regional Chess Match ကို ဆီလျော်အောင် နိုင်မင်းသွင်က ဘာသာပြန်ဆိုသည်)

ဧရာဝတီ

အလွယ်ကူဆုံး အိမ်သုံး ခြင်ဖမ်းကိရိယာ


မိမိအိမ်ပတ်ဝန်းကျင်မှာ ခြင်တွေများနေလို့ စိတ်ညစ်နေပါသလား ခြင်ဆေးခွေတွေကြောင့် ကျန်းမာရေး ထိခိုက်မှာစိုးရိမ်နေပါသ လား… ခြင်အန္တရာယ် ကာကွယ်ပေးမယ့် ဓာတုဆေးဝါးတွေနဲ့ ဓာတ် မတည့်တာ မျိုးဖြစ်နေပါသလား။


လျှပ်စစ်ခြင်ဖမ်းစက်တွေအလွယ်တကူမဝယ်ယူနိုင်တဲ့နေရာမျိုးရောက်နေပါသလား… ဒီပြဿနာတွေကို အလွယ်ကူဆုံးဖြေရှင်းနိုင်ဖို့ တရုတ်တိုင်ပေ (ထိုင်ဝမ်) က ကျောင်းသားလေးတွေ တီထွင်ခဲ့တဲ့ အိမ်သုံးခြင် ဖမ်းကိရိယာလေးကို ကိုယ်တိုင်လုပ်ကြည့်လိုက်ကြရအောင်…

လိုအပ်မယ့်ပစ္စည်းတွေကတော့

ရေ
သကြားအညို >>> ၅၀ ဂရမ်
တဆေး (yeast) >>> ၁ ဂရမ် နဲ့
၂ လီတာဆံ့ ရေသန့်ဘူးခွံ့တစ်ဘူးတို့ဖြစ်ပါတယ်…

တခြားဟာတွေက ပြဿနာမရှိပေမဲ့ တဆေးကိုတော့ ရှင်းဖို့လိုမယ်ထင်ပါတယ်… တဆေးအမျိုးမျိုးရှိပြီး နယ်ပယ်အမျိုးမျိုးမှာသုံးကြပါတယ်… ဒီနေရာမှတော့ ပေါင်မုန့်ဖုတ်တဲ့နေရာမှာသုံးတဲ့ တဆေးရှိရင်ရပါပြီ … အလွယ်တကူဝယ်လို့မရဘူးဆိုရင်တော့ ကိုယ့်ဘာသာလုပ်နိုင်ပါတယ်… သစ်သီးအစိတ်တွေ.. ဒါမှ မဟုတ်သစ်သီးခြောက်တွေကို ပုလင်းအလွတ်ထဲရေမပြည့်တပြည့်ထည့်ပြီးစိမ်ထားပါ… အဖုံးကိုတော့ ခပ် ချောင်ချောင်လေးဖုံးထားရင်ရပါပြီ… ပိုမြန်ချင်ရင်တော့ ပုလင်းထဲ သကြားနည်းနည်းထည့်ထားပါ… ရက် နည်းနည်းကြာလာရင် အမြှုပ်ကလေးတွေထလာပြီး အနံ့ကလည်းဝိုင်နံ့လိုထွက်လာပါလိမ့်မယ်.. ဒါဆိုရင် သုံးလို့ရပါပြီ… အချဉ်ဖောက်လိုက်တဲ့သဘောပါပဲ…

ကဲ ခြင်ဖမ်းတဲ့ဖက်ကို ပြန်သွားလိုက်ကြရအောင်..ပထမဆုံး ရေသန့်ဘူးခွံကို အလယ်ကနေဖြတ် လိုက်ပါ … သကြားညိုနဲ့ ရေနွေး ၂၀၀ မီလီမီတာလောက်ကိုအရင်ဖျော်ပါ… အအေးခံပါ… ၄၀ံ C လောက် အေး သွားပြီဆိုရင်ဖြတ်ထားတဲ့ ရေသန့်ဘူးရဲ့ အောက်ပိုင်းထဲကိုလောင်းထည့်ပါ... ပြီးရင် တဆေး (yeast) ကိုထပ်ထည့်ပါ… မွှေစရာမလိုပါဘူး… အဲ့ဒီကနေ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ထွက်နေပါလိမ့်မယ်… ပြီးရင် ရေသန့်ဘူးအပေါ်ပိုင်းကို ဘူးအခြေပိုင်းမှာ ပြောင်းပြန်ပြန်စွပ်လိုက်ပါ… ပုံမှာပြထား သလို ပါပဲ. .. သေချာအောင်တိပ်နဲ့ကပ်ထားရင်ပိုကောင်းပါတယ် ရေသန့်ဘူးကို အနက်ရောင်တစ်ခုခုနဲ့ ပတ်ထား လိုက်ပါ… အပေါ်ပိုင်းကိုတော့ အလွတ်ထားပါ… ပြီးပြီဆိုရင် သင့်အိမ်ရဲ့ ထောင့် တစ်နေရာရာမှာချထား လိုက်ပါ… နှစ်ပတ်လောက်ကြာတဲ့အခါ ရေသန့်ဘူး ထဲမှာ ခြင်တွေအများကြီးရောက်နေ ပြီး သေနေတာ ကို တွေ့ရပါလိမ့်မယ်… အထဲမှာရောစပ်ထား တာတွေကိုတော့ နှစ်ပတ်တစ်ကြိမ် လဲပေးဖို့လို ပါမယ်…. ခြင် များတဲ့ဒေသ မှာရောက်နေလို့ပဲ ဖြစ်ဖြစ် သင့်အိမ်ထဲမှာခြင်တွေရှင်းအောင် လုပ်ချင်တာပဲဖြစ်ဖြစ် ဒီနည်းလမ်း လေးကိုစမ်းပြီး အသုံးပြုကြည့် လိုက်ပါ… တကယ်အသုံးဝင်ပါလိမ့်မယ်…

တဆေး (yeast) လုပ်နည်းလေးတွေကို ဒီမှာ ဆက်လေ့လာနိုင်ပါတယ်…


Ref: shambala.it
နှိုင်းရင့်နွေ

Credit : Here

ကားလမ်းကူးခုံးကျော်တံတားများ ရန်ကုန်တွင် ထပ်မံတည်ဆောက်မည်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရထားလမ်းနှင့် ကားလမ်း ဆုံရာ နေရာတိုင်းတွင် ကားလမ်းကူး ခုံးကျော် တံတားများ ထပ်မံ တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား၊ မြို့ပြ အင်ဂျင်နီယာ ဌာနမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးတင်ဝင်းက ပြောသည်။


၎င်းက “ရန်ကုန်မှာ ရှိသမျှကားနဲ့ ရထားဆုံတဲ့ နေရာတွေမှာ ကားလမ်းကူး ခုံးကျော်တံတားတွေ တည်ဆောက်ဖို့ ရှိပါတယ်။ လက်ရှိထပ်ဆောက်မဲ့ သုံးလုံးကတော့ အစိုးရအဖွဲ့က သုံးလုံး တပြိုင်ထဲ ဆောက်ခိုင်းမလား ဘယ်နေရာကို ဦးစားပေးပြီး ဆောက်မယ်ဆိုတာ အတိအကျ မသိရသေးဘူး” ဟု ဆိုသည်။

ထိုသို့ တည်ဆောက်ရာတွင် တနှစ်လျှင် ကားလမ်းကူး ခုံးကျော်တံတား ၃စင်း တည်ဆောက်သွား မည် ဖြစ်ပြီး လက်ရှိဆောက်လုပ်မည့် ခုံးကျော် တံတား ၃စင်းမှာ ပါရမီ ၂ ကားလမ်းကူး ခုံးကျော်တံတား (အုတ်ကျင်း- သမိုင်း)၊ ခရေပင်ကားလမ်းကူး တံတား(မင်္ဂလာဒုံဈေးဘူတာ)၊ သစ္စာ ကားလမ်းကူး ခုံးကျော် တံတား (ကန်ဘဲ့-ဘောက်ထော်) တို့ဖြစ်သည်။

ကားလမ်းကူး ခုံးကျော်တံတား သုံးစင်း တည်ဆောက်ရန် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့ ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း၊ ဆောက်လုပ် ဖြစ်ပါက ဆောက်လုပ်ရေး ၀န်ကြီး ဌာနမှ တစင်းနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ နှစ်စင်းတို့ တာဝန်ယူ ဆောက်လုပ်ရန် အစီ အစဉ်ရှိကြောင်း ဦးတင်ဝင်းက ရှင်းပြသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကားလမ်းကူး ခုံးကျော်တံတား ၂၄စင်းရှိပြီး နောက်ထပ်သုံးစင်း ထပ်မံ ဆောက်လုပ်ပါက ကားလမ်းကူး ခုံးကျော်တံတား ၂၇စင်းအထိ ရှိလာမည် ဖြစ်သည်။

ထို့ပြင် လူကူးခုံးကျော် တံတားများကိုလဲ အသစ်ထပ်မံ ဆောက်လုပ်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများကို ယခုနှစ်အတွင်း ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ထပ်မံသိရသည်။

mizzima burmese

အရက်နာ ကျခြင်းမှ ကာကွယ်ခြင်း များ

အရက်နာကျခြင်းကို ကာကွယ်ခြင်းက ကုသ ခြင်းထက် ပိုလို့ ထိရောက်ပါတယ်။ ဒါကြောင့် သင်မသောက်ခင် မှာ ကြိုတင် ပြင်ဆင်ထားခြင်း ဟာ သင့်အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါလိမ့်မယ်။


၁။ အရက်နာ ကျတာကို အကောင်းဆုံးကာကွယ်တဲ့ နည်းကတော့ ယမကာကို သောက်သုံးခြင်းမှ ရှောင်ကျဉ် တာပါပဲ ။


၂။ နှစ်သစ်ကူးမှာဘဲဖြစ်ဖြစ် အခြေအနေမှာဘဲ ဖြစ်ဖြစ်မသောက်ဘဲ မနေနိုင်သူတွေကတော့ ယမကာ တစ်ခွက်နဲ့ တစ်ခွက်ကြားမှာ ရေတခွက်စီသောက်ပေးခြင်းဖြင့် ယမကာကြောင့်ဖြစ်တဲ့ သင့်ကိုယ် မှ ရေဓါတ် ဆုံးရှုံးမှုကို ကာကွယ်သင့်သလောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၃။ ယမကာ မသောက်ခင်နဲ့ သောက်ပြီးချိန်မှာ ဗိုက်တာမင်ပါတဲ့အစားအသောက် ဆေးများစားပေးခြင်း (အထူးသဖြင့် ဗိုက်တာမင် B12 ပါတဲ့ အားဆေးကိုသောက်ပေးခြင်း) အားဖြင့် သင့်ခန္ဓာမှ ဗိုက်တာမင် ဆုံးရှုံးမှုကို ကာကွယ်ပေးပါလိမ့်မယ်။

၎။ သင်သောက်နိုင်သော ပမဏကို ချင့်ချိန်ပါ။ ရေချိန်ကိုက်ချိန်မရောက်ခင်မှာ ယမကာ သုံးဆောင်တာကို ရပ်ထားသင့်ပါတယ်။ မူးပြီးမှောက် သွားတာဟာ သင့်ကို ဘယ်လိုပျော်ရွှင်မှုကိုမှ ပေးနိုင်တာ မဟုတ်တဲ့ အပြင်နောက်နေ့မှာလည်း အရက်နာကျတာကို ခံရမှာမို့ သင့်သောက်နိုင်တဲ့ ပမာဏကို သင်သိထား နိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့ သင့်ရဲ့ ယမကာသောက်သုံးမှုပမာဏ ကို တစ်နာရီမှာ 1 drink သာ သောက်သုံးခြင်းဖြင့် သင့်ခန္ဓာကိုယ်က ယင်းတို့ကို အချိန်မှီချေဖျက်နိုင်မှာ ဖြစ်ပါပြီး အရက်နာကျမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

1 drink ဟု ဆိုရာတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။

1 drink = အရက်အပြင်းစား 44.36 ml (လက်ဘက်ရည်ကြမ်းတခွက်)

1 drink= ၀ိုင် 147.8676 ml (ဘက်ဘက်ရည်အချိုပုဂံတလုံး)

1 drink= alcohol ပမာဏ ၆ %မှ ၉ %ထိပါဝင်သည့် ဘီယာ 207.015ml (ပုံမှန်ဖန်ခွက် မပြည့်တပြည့် )

1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml

1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။

အဲဒီအပြင်ကို တစ်နေ့မှာ သင်ဘယ်လောက်သောက်မယ်ဆိုတာ ကို အမှတ်အသားတစ်ခု လုပ်ထားခြင်းဖြင့် သင့်ရဲ့ သောက်သုံးမှုကို ထိန်းနိုင်မှာဖြစ်ပါတယ်။

၅။ သင်အိပ်ပျော်စဉ်မှာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်များ နှေးကွေးသွားတာကြောင့် ယမကာသောက်ပြီးတဲ့ အချိန်မှာ ချက်ခြင်းမအိပ်သေးဘဲ နေခြင်းအားဖြင့် သင်အိပ်ပျော်ချိန်မှာ သွေးထဲမှာအရက်ပမာဏ သိပ်များ မနေနိုင်တော့ပါဘူး။ ဒါကြောင့် သင်အိပ်ရာမ၀င်ခင် ၁နာရီအလိုမှာ အရက်သောက်ခြင်းကို ရပ်ဆိုင်းခြင်း၊ မူးပြီး အိပ်ပျော်ခြင်းမရှိအောင် နေခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ယျေဘူယျအားဖြင့်တော့ သင်မူးပြီး အိပ်ပျော် သွားမယ်ဆိုရင် နောက်နေ့မနက်မှာ အရက်နာကျတဲ့ဒါဏ်ကို ပိုမိုခံစားရမှာ ဖြစ်ပါတယ်။

၆။ အိပ်ရာမ၀င်မှာ paracetamol တစ်လုံးကို ရေတစ်ခွက်နှင့် သောက်အိပ်ပေးပါ။ အကိုက်အခဲ ပျောက်ဆေး ကို ရေးများများနဲ့သောက်ခြင်းဖြင့် သင့်ရဲ့ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် နောက်နေ့မှာ အရက်နာကျခြင်းကြောင့် ခေါင်းကိုက်တာကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

၇။ ယမကာမသောက်ခင်နဲ့ သောက်ပြီးတဲ့ အခါမှာ အစားအစာ တခုခုစား ခြင်းအားဖြင့် သင့်အား အကျိုး ဆက်တစ်ချို့ကို ရစေမှာဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ယင်းအစားအစာများက alcohol ရဲ့ပြင်းအားကို လျော့ကျစေပြီး သွေးထဲသို့ အရက်ရောက်နိုင်တဲ့ ပမာဏကို နည်းစေပါတယ်။ ဒုတိယအချက် အနေနဲ့ ကတော့ အရက်ကြောင့် ဆုံးရှုံးသွားတဲ့ ဗိုက်တာမင်ကို ထိုအစာများမှ အစားထိုးပေးပါတယ်။ တတိယ အချက်အနေနဲ့ကတော့ စားထားတဲ့အစားအစာတွေက သင့်ရဲ့ ဇီဝဖြစ်စဉ်ကို မြန်စေတာကြောင့် alcohol ကို ပမာဏကိုလည်း ကျစေပါတယ်။ ဒါပေမယ့် အစာများကို အလွန်အကျွံစားခြင်းဟာလည်း သင့်ကို ပိုလို့ အနေရခက်တဲ့ အခြေအနေများ ဖြစ်စေတာကြောင့် အတန်အသင့်သာ စားသုံးသင့်ပြန်ပါတယ်။

၈။ အိပ်ရေး၀၀ အိပ်ပေးပါ။

၉။ နောက်နေ့မနက်အိပ်ရာထတဲ့အချိန်မှာတော့ caffeine နဲ့ သကြားဓါတ် များများပါတဲ့ အစားအစာ တွေဟာ သင့်ရဲ့ သွေးပေါင်ချိန်ကို တက်စေတာမို့ ထိုအစားအစာတွေကို ရှောင်သင့်ပါတယ်။ အဲဒီအစား အစာတွေကို စားမိတယ်ဆိုရင်တော့ သင့်ရဲ့ အရက်နာကျခြင်း ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အနည်းငယ် ခေါင်းကိုက်ခြင်း ကနေ အပြင်းအထန် ခေါင်းကိုက်ခြင်းကို ပြောင်းလဲသွားနိုင်ပါတယ်။

၁၀။ ထို့အပြင် အရက်နာကျတာကို ကာကွယ်ပေးနိုင်တဲ့ ဆေးတချို့ရှိပေမယ့် သိပ္ပံပညာရှင်များ ရဲ့ ငြင်းခုန် မှုက ခုထိရှိနေသေးတာမို့ အကျိုးသက်ရောက်မှုကိုအတိအကျ မပြောနိုင်သေးပေမယ့် အမှန် တကယ်သာ အကျိုးပြုနိုင်မယ်ဆို သင့်အတွက် သတင်းကောင်းဖြစ်ပါလိမ့်မယ်။

အရက်နာကျခြင်းဟာ များသောအားဖြင့် အရက်ရဲ့ ဆိုးကျိုးတခုသာဖြစ်ပြီး သင့်အနေနဲ့ တစ်ခါတစ်ရံ မှသာခံစားရမယ်ဆိုရင် အရေးမကြီးလှ ပေမယ့် မကြာခဏ ခံစားရမယ်ဆိုရင်တော့ သင့်အတွက် ပြသနာ တစ်ခု ဖြစ်လာပါလိမ့်မယ်။ အချို့သောလူများဟာ ယမကာမှာပါတဲ့ ပစ္စည်းတစ်ချို့နဲ့ ဓါတ်မတည့် တဲ့ ရောဂါရှိတာမို့ တကယ်လို့ သင်ဟာလည်းအဲလို ပြသာမျိုးရှိခဲ့မယ်ဆိုရင် မသောက်တာဟာ သင့်အတွက် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

မွန်းသက်ပန် (ဆေး-၁)

Credit : Here

မီးသတ်စခန်း ဖျက်ဆီး သူတွေ အရေး ယူပေးဖို့ တောင်းဆို ဆန္ဒပြ

မန္တလေးတိုင်း၊ မတ္တရာမြို့ရဲ့ မြောက်ဘက် ၆ မိုင်အကွာမှာရှိတဲ့ တံငါ(မြောက်)ကျေးရွာအုပ်စု မီးသတ်တပ်ဖွဲ့စခန်း မနေ့ညက ဖျက်ဆီးခံလိုက်ရတဲ့ အတွက် ဒေသခံ ရွာသူ၊ ရွာသား ၁၀၀ ကျော်က အဲဒီ စခန်းေ…ရှ့မှာ ဒီကနေ့ မနက်ပိုင်းက သွားရောက်စုဝေး ပြီး ဖျက်ဆီးသူတွေကို အရေးယူပေးဖို့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။


အဲဒီမီးသတ်စခန်းကို ကျေးရွာစိုက်ပျိုးရေးနဲ့ ကုန်ထုတ် သမ၀ါယမအသင်းလီမိတက် ဒါရိုက်တာ အပါအ၀င် ၇ ဦးက မနေ့ည ၁၂ နာရီလောက်က လာရောက်ဖျက်ဆီး ခဲ့တာဖြစ်ကြောင်း ရွာသားတွေက ပြောပါတယ်။

အခုလို ဆန္ဒပြခဲ့ရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်တဲ့ တံငါမြောက်ရွာသား ဦးနေ၀င်းက RFA ကို အခုလို ပြောပါတယ်။

“မနေ့ညက ညကြီးအချိန်မတော်မှာ သမအသင်းဒါရိုက်တာတွေက အများပိုင်မီးသတ်ရုံးကို လာရောက် ဖျက်ဆီးပါတယ်ခင်ဗျ၊ ကျေးရွာကို စော်ကားသလိုဖြစ်နေတဲ့အတွက် ကျနော်တို့က ဥပဒေအတိုင်း တရားစွဲ ပေးဖို့ ဒီမှာတောင်းဆိုတာပါ”

ဒီဆန္ဒပြတောင်းဆိုမှုကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းပေးခဲ့ပြီး၊ သဘောတူညီချက်အရ ကျေးရွာမီးသတ်တပ်ဖွဲ့က တရားလိုပြုလုပ်ကာ အများပြည်သူပိုင် မီးသတ် စခန်း ဖျက်ဆီးသူတွေကို အရေးယူပေးဖို့ မတ္တရာမြို့နယ် ရဲစခန်းမှာ ဒီကနေ့မှာ တပြိုင်တည်း အမှု ဖွင့်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီမီးသတ်အဆောက်အဦးနေရာဟာ ၁၉၈၆ ခုနှစ်မတိုင်ခင်က ကျေးရွာနွားစားကျက်မြေဖြစ်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ သမ၀ါယမ၀န်ကြီးဌာနက စုပေါင်းဘုံလယ်ယာမြေအဖြစ် တခြားမြေတွေနဲ့အတူ သိမ်းယူခဲ့တာပါ။ နောက်ပိုင်းအဲဒီမြေနေရာမှာ ကျေးရွာမီးသတ်စခန်းကို တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။ အဲဒီနေရာကို ပြန်လည်ရယူဖို့အတွက် သမ၀ါယမအသင်းက လာရောက်ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

RFA Burmese

NDF ပါတီလာမည့်လအတွင်း နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးညီလာခံခေါ်ယူရန်ရှိ

လာမည့် ဇွန်လ ၁၅ရက်နေ့တွင် အမျိုးသားဒီမို ကရေစီအင်အားစုပါတီ(NDF)မှ စတုတ္ထအကြိမ် မြောက် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီး အစည်း အဝေး ညီလာခံ တရပ်ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရပြီး ယင်းညီလာခံအစည်းအဝေး၌ ပါတီ၏ မူဝါဒများနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ် သွားရန် စီစဉ် လျက်ရှိကြောင်း ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မြန်မာ့ခေတ်သို့ ပြောကြားသည်။


“လာမယ့် ဇွန်လ ၁၅ရက်နေ့မှာ စတုတ္ထ အကြိမ် မြောက် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအစည်းအဝေး ညီလာခံခေါ်ဖို့ရှိပါတယ်။ အခုလည်း အဲဒီ အတွက် စာတမ်းတွေပြုစုပြီး စီစဉ်နေပါတယ်။ ပြီးတော့ ဒီ ညီလာခံမှာ ကျွန်တော်တို့ပါတီက လုပ်နေတဲ့ တောင်သူလယ်သမားအရေးနဲ့ ပတ်သက်ပြီး ထည့်သွင်း ဆွေးနွေးဖို့တွေ ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းညီလာခံ၌ ပါတီတွင်း သံတမန်အဖွဲ့နှင့် တွေ့ဆုံမှုများ အပါအဝင် နိုင်ငံခြားခရီးစဉ်များနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေး သုံးသပ်မှု များ ပြုလုပ်သွားရန်ရှိကြောင်း သိရပြီး လက်ရှိအချိန်တွင်လည်း တိုင်းနှင့် ပြည်နယ်တို့တွင်ရှိသည့် ပါတီရုံးများ၏ စည်းရုံးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း လေးလတကြိမ် ပါတီ ရုံးဌာနချုပ်သို့ သတင်းပို့တင်ပြမှုများ ရှိကြောင်းလည်း သိရသည်။ 

ထို့နောက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)သည် မေလ ၅ရက်နေ့တွင် မြဝတီမြို့တွင် ပါတီ စည်းရုံးရေးနှင့်စပ်လျဉ်း၍ လူထုတွေ့ဆုံမှု တစ်ခု ပြုလုပ်ရန်ရှိကြောင်း သိရသည်။

Credit : Here

အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် ပြဿနာများကို စုံစမ်းဖော်ထုတ်ပေးမည့် ကော်မတီတစ်ရပ်အား လာမည့် ပြည်ထောင်စု လွှတ်တော်တွင် စတင်ဖွဲ့စည်းမည်

အလုပ်သမားများ၏ ရပိုင်ခွင့် အခွင့်အရေးများနှင့် ပြဿနာများကို စုံစမ်းစစ်ဆေးမည့် ကော်မတီတစ်ရပ်ကို လာမည့် ပြည်ထောင်စုလွှတ်တော် တွင် စတင်ဖွဲ့စည်းမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် အမတ် တစ်ဦးဖြစ်သူ ဒေါ်ခင်ဝိုင်းကြည်၏ ပြောကြားချက်အရ သိရသည်။


ယင်းသို့ ဖွဲ့စည်းရေးအတွက်ကို ယခုအခါ လွှတ်တော်တွင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ ပညာရှင်များနှင့် ကော်မတီဖွဲ့စည်းရေးအတွက်ကို ညှိနှိုင်း တွေ့ဆုံမှုများ ပြုလုပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ 

“ဒီကော်မတီကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးမှာ ဖြစ်တယ်။ အဲဒီအဖွဲ့က တစ်နိုင်ငံလုံး အတိုင်း အတာအနေနဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်နဲ့ ပြဿနာတွေကို ကွင်းဆင်းစစ်ဆေးပြီး ပြည်ထောင်စု လွှတ်တော်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို စစ်ဆေးတွေ့ရှိချက်တွေကို တင်ပြသွားမှာဖြစ်ပါတယ်”ဟု ၎င်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။ 

လက်ရှိတွင် အလုပ်ရှင် အလုပ်သမားများကြား ဥပဒေအချက်လက်များနှင့် မူဝါဒများကို ပြဋ္ဌာန်းပြီး ဖြစ်သည့်တိုင် ယင်းအချက်လက်များကို သက်ဆိုင်ရာဌာနများက လက်တွေ့ကျင့်သုံးမှု ပြုလုပ်ရာတွင် ယနေ့ အချိန်ထိ့ အားနည်းချက်များရှိနေသေးသလို လိုအပ်ချက်များလည်း ရှိနေသေးကြောင်း အလုပ်သမားရေးရာ များကို လိုက်လံဆောင်ရွက်ပေးနေသည့် ဥပဒေပညာရှင်တစ်ဦးက ပြောကြားသည်။

“ အလုပ်သမားတွေရဲ့ အခက်အခဲက အခုပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေထဲက အခွင့်ရေးတွေကိုတောင် မရကြဘူး။ ဒါကလည်း အဲဒီဥပဒေ တွေ နည်းဥပဒေတွေကို အလုပ်ရှင်တွေဘက်က မလိုက်နာတဲ့ အတွက် ကြောင့်ဖြစ်သလို သက်ဆိုင်ရာဝန်ကြီးဌာနပိုင်းတွေရဲ့ အဂတိ လိုက် စားမှုတွေကြောင့်လည်း ဖြစ်တယ်”ဟု အထက်ပါပုဂ္ဂိုလ်က သုံးသပ်ပြောကြားသည်။ 

ယင်းသို့သော အခြေနေများကြောင့် အလုပ်သမားများ၏ ရပိုင်ခွင့်များနှင့် ပြဿနာများကို စုံစမ်း ဖော်ထုတ်ပေးရန် မကြာမီဖွဲ့စည်းမည့် ပြည် ထောင်စု ကော်မတီတစ်ရပ် ပေါ်ပေါက်လာပါက ယခင်ရှိနှင့်ပြီး အလုပ်သမားများ၏ အခက်ခဲများနှင့် အလုပ်ရှင်အလုပ်သမားကြား ပြဿနာ များကို ကိုင်တွယ်ဖြေရှင်း ရာတွင် နှောင့်နှေးကြန့်ကြာမှုများမရှိနိုင်တော့ပဲ ယခင်ထက် ပိုမိုအဆင်ပပြေ လာမည်ဖြစ်ကြောင်း အလုပ် သမား ရေးရာများကို လိုက်လံဆောင်ရွက်နေသူ ဦးဌေးက မြန်မာ့ခေတ်သို့ ပြောကြားသည်။ 

ယခုအချိန်တွင် အလုပ်ရှင် အလုပ်သမားကြား ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာတွင် စက်ရုံအဆင့် ဖြေရှင်းမှု၊ မြို့နယ်အဆင့် ဖြေရှင်းမှု၊ တိုင်းအဆင့် ဖြေရှင်းမှုနှင့် ပြည်ထောင်စုအဆင့် ဖြေရှင်းမှုဟူ၍ အဆင့် လေးဆင့် ခွဲခြားသတ်မှတ်ကာ သက်ဆိုင်ရာပိုင်းက ဖြေရှင်းဆောင်ရွက် မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

Credit : Here

အတူရှင်တွဲ နေထိုင်လိုသူများ မကွေးကျောင်းတိုက်၌ ဆွေးနွေး

ပြီးခဲ့သော ဗုဒ္ဓဘာသာဝင်များနှင့် အစ္စ လာမ် ဘာသာဝင်များအကြား ပဋိပက္ခ များတွင် ဘာသာရေး ကွဲပြားခြားနား မှုများ၏ အားနည်းချက်များ ပါဝင် နေပြီး ဘာသာနှစ်ခုကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် လိုအပ်လာ သောကြောင့် နှစ်ခုသော ဘာသာ ဝင်များ အားလုံးအတွက် ကိုယ်စား မပြုကြသော်လည်း ငြိမ်းချမ်းရေးသို့ ဦးတည်သော ဆွေးနွေးပွဲတစ်ခုအား ဆရာတော်ဦးဝီရသူနှင့် ဒိုင်းမွန်း ရွှေကြည်တို့က မကွေးကျောင်းတိုက်တွင် ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံ တစ်ဝှမ်းရှိ တိုင်းရင်သားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရန်အတွက် ရည်ရွယ်သည်ဟု မကွေး ကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။ 

ယင်းဆွေးနွေးပွဲတွင် ပြည်တွင်း နေမူဆလင်တွေသည် ရိုဟင်ဂျာ၊ ဘင်င်္ဂါလီနဲ့ မကွဲရခြင်းကိစ္စကို ရှင်းရှင်း လင်းလင်းသိချင်ကြာင်း ဆရာတော် ဦးဝီရသူမှ ဒိုင်းမွန်းရွှေကြည်အား မေးမြန်းသောအခါ ၎င်းတို့သည် ရိုဟင်ဂျာများအာ လုံးဝကန့်ကွက်ချုံ့ချကြောင်း ပြောကြားသည်။

“ဘာသာတူ တာနဲ့ အကုန်တူလို့ မရပါဘူး။ ဘာသာတူတာတစ်ခုတည်းနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ အစ္စလာမ် နိုင်ငံပေါင်း ၅၆နိုင်ငံကို တံခါးမရှိ ဓားမရှိ သွားလို့မရပါဘူး”ဟု ဒိုင်းမွန်းရွှေကြည်က ပြောကြားသည်။ 

ယင်းအပြင် အစ္စလာမ် ဘာသာဝင်များ၏ မြန်မာမဆန်သော ဝတ်စား ဆင်ယင်မှုများကိုလည်း ကန့်ကွက် ကြောင်း၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်ရန် အတွက်လည်း အသက်နှင့် လဲ၍ ကာကွယ် သွားမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။ 

ထိုသို့ ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ ယဉ်ကျေးမှုနှင့် မကိုက်ညီသော နေထိုင်မှုစရိုက်များ၊ အတင်း အဓမ္မလက်ထပ် ထိန်းများခြင်းကိစ္စများ၊ ဝတ်စားဆင်ယင်မှုများ နှင့် အစ္စလာမ်ဘာသာဝင်ဖြစ်ယုံမျှနှင့် ပြည်တွင်းနေ မြန်မာနိုင်ငံသား မူစလင်များသည် ရိုဟင်ဂျာ၊ဘင်္ဂါလီများနှင့် ကွဲပြားစွာတည်ရှိမနေခြင်း တို့ကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Credit : Here

NLDမှ အများပိုင်ခြံခတ် ရွာသားများနှင့်ပဋိပက္ခဖြစ်

ယမန်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ ကျေးရွာတွင် မြေပြန်လည်ရရှိရေး ပြုလုပ်သော အဖွဲ့သည် NLDမှ ဟုဆိုကာ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က အိုးအိမ်မှ သိမ်းထားသော မြေအပါအဝင် ကျေးရွာရှိ အများပြည်သူပိုင် ပန်းခြံမြေအား အကွက်ချ ခြံစည်းရိုး ခတ်လိုက်သောကြောင့် ရွာသားများနှင့် ပဋိပက္ခ ဖြစ်ပွားပြီး ရွှေပြည်သာ ရဲစခန်းတွင် ခေါင်းဆောင်သူ နှစ်ဦးအား ထိမ်းသိမ်းထားရကြောင်း သိရ သည်။


“သူတို့က NLDအလံတွေထောင်၊ ဗိုလ်ချုပ်ပုံတွေ၊ အမေစုပုံတွေကိုထောင်ပြီး ပေ ၂၀x၆၀ မြေကွက်တွေ ချနေတာ။ NLDပါတီဝင်က တစ်ယောက်တည်း ပါတာပါ။ အဲ့ဒီမြေတွေကို ရောင်းစားဖို့ လုပ်နေလို့ ရွာသား တွေနဲ့ ပြဿနာ တက်နေတယ်လို့ ရပ်ကျေးက အကြောင်းကြားတာနဲ့ လိုက်သွားပြီး မှတ်တန်းတွေတော့ ရိုက်ထားတယ်။ ရွှေပြည်သာ NLDက ရဲရဲတောက်သိန်းအောင်နဲ့  အမှန်တရားဖော်ထုတ်ရေး အဖွဲ့က ကိုကိုနိုင်တို့ကို ရွှေပြည်သာ ရဲစခန်းက ခေါ်သွားပါတယ် ” ဟု မြောက်ပိုင်းခရိုင် NLDတာဝန်ခံ ဦးရန်နိုင်ဦး က မြန်မာ့ခေတ်သို့ ပြောကြားသည်။ 

ရွှေပြည်သာမှ NLD အဖွဲ့ဝင် တစ်ဦးဖြစ်သော ဦးသိန်းအောင်သည် ရွှေပြည်သာ ၁၈ရပ်ကွက်မှ NLD အဖွဲ့ဝင်များအား ဝါးတစ်ရာ ကျေးရွာတွင် မကြောက်တရား ဟောပြောပွဲရှိသည်ဟုဆိုကာ ခေါ်သွားပြီး နောက် အမှန်တရားဖော်ထုတ်ရေးအဖွဲ့မှ ကိုကိုနိုင်နှင့် ပူးပေါင်း၍ ယခင် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်း ထားသော ဧကဝက်ခန့်ရှိသောမြေနှင့် ကျေးရွာရှိ အများပြည်သူပိုင် ပန်းခြံမြေအား ခြံစည်းရိုး ခတ်လိုက် သောကြောင့် ကျေးရွာသားများနှင့် ပြဿနာဖြစ်ပွားခဲ့သည်ဟု ရွှေပြည်သာ၁၈ရပ်ကွက်မှ NLDပါတီဝင် တစ်ဦးက ပြောကြားသည်။ 

ထိုသို့ ပြဿနာဖြစ်ပွားသောကြာင့် ယင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဥက္ကဋ္ဌအပါအဝင် ရပ်မိ ရပ်ဖများ၊ ထိုမြေများခြံစည်းရိုးခတ်သော ဦးကိုကိုနိုင်၊ ဦးသိန်းအောင်တို့နှင့် အဆိုပါမြေကိစ္စအား ဆွေးနွေး ကြရာ ပြေလည်မှု မရရှိဘဲ ၎င်းကျေးရွာသားများက မကျေမနပ်ဖြစ်ပွားကာ ဘုန်းတော်ကြီးကျောင်းသို့ တစ်ရွာလုံးဝိုင်းထားသောကြောင့် ရွှေပြည်သာ ရဲစခန်းမှ မြို့နယ်မှူးနှင့် မြို့နယ်NLDမှ တာဝန်ရှိသူများက သွားရောက်ဖြေရှင်းခဲ့ပြီး မြေကွက်များ အကွက်ချ၍ ခြံစည်းရိုးခတ်သော ဦးဆောင်သူနှစ်ဦးအား ခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု ရွှေပြည်သာ မြို့နယ်ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက ပြောကြားသည်။ 

ယင်းကိစ္စအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အဆင့်ဆင့်တင်ပြထားပြီး ဖြစ်သောကြာင့် NLDပါတီ နာမည်အသုံးချမှုအား အရေးယူရန်နှင့် ပတ်သက်၍ ဗဟိုမှချမှတ်သည့် အတိုင်းသာ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ယင်းကဆက်လက် ပြောကြားသည်။

Credit : Here

အင်တာနက်နှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်

“Dwelling online is a cowardly and utterly enjoyable alternative to real interaction.”

စစ်မှန်တဲ့ လူမှုဆက်ဆံရေးတွေကို ရှောင်လွှဲချင်ကြတဲ့ အတွက် လူတွေအွန်လိုင်းတွေပေါ်မှာ အချိန်သုံးနေကြ တယ်။ အဲလိုအချိန်တွေသုံးနေတာဟာ သူရဲဘောဆန် လွန်းစွာ နဲ့ အတိုင်းထက်လွန်စွာ ပျော်စရာကောင်းတယ် လို့ New York Times ရဲ့ Op-Ed writer ဖြစ်တဲ့ Alice Mathias ကဆိုပါတယ်။


အဲဒါက အရင်ကတော့ ဖြစ်ကောင်းဖြစ်မယ်။ အခုချိန်မှာ တော့ ဖြစ်နိုင်ချေက အလွန်နည်းလာပါပြီ။ လူတွေက facebook၊ my space၊ twitter၊ tagged တွေကို အသုံးပြုပြီး အချင်းချင်းဆက်သွယ်လာကြတဲ့ အခါမှာ ကိုယ့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်ဖြစ်၊ အကုန် လုံးကိုပဲ ဖြစ်ဖြစ် ချပြလာကြတယ်။ အဲသလိုချပြလာတဲ့အခါမှာ real interaction တွေဖြစ်လာတယ်၊ အကောင်းတွေကော အဆိုးတွေကော ဖြစ်စေတယ်၊ အဆိုးတွေဖြစ်လာတဲ့အခါမှာ တစ်ကယ်ပဲ ပျော်စရာ ကောင်းသေးလားဆိုတာလည်း စဉ်းစားစရာဖြစ်လာပါပြီ။


အွန်လိုင်းစာမျက်နှာတွေထဲက တစ်ခုဖြစ်တဲ့ facebook ဆိုတာပေါ်နေတာ ငါးနှစ်လောက်ရှိပါပြီ။ ဒါပေမယ့် မနှစ်က မြန်မာပြည်ပြန်တော့မှ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့အတွက် အကောင့်လေးတစ်ခုကို အဲဒီ တော့မှ ဖွင့်ဖြစ်ခဲ့တယ်။ အကောင့်ထဲမှာ ကျောင်းတုန်းက ရင်းနှီးတဲ့ သူငယ်ချင်း အယောက်သုံးဆယ်ထက် မပိုတဲ့ကျွန်မ၊ သိပ်အရေးကြီးတဲ့ သတင်းကို သူငယ်ချင်းတွေကို သိစေချင်တဲ့အခါကလွဲပြီး အခြား ဘာဓာတ်ပုံမှကိုမတင်တဲ့ ကျွန်မလို လူမျိုးတွေသာ များနေရင်တော့ facebook လဲ စီးပွားရေးကျမှာ အမှန် ပါပဲ။

ကျွန်မ အမြင်မှာတော့ လူသန်းသုံးရာလောက်သုံးနေတဲ့ facebook မှာ သုံးသူတော်တော်များများမသိတဲ့ အချက်ကတော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဈေးကွက်အမြတ်အတွက် အသုံးချ နေတာကိုပါပဲ။ facebook အနေနဲ့ နာမယ်ကြီးကွန်ပြူတာဂိမ်းတွေနဲ့ quizzes တွေကို ဒေါင်းလုပ်ချတဲ့ third-party developers တွေကို facebook သုံးတဲ့လူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကြိုက်သလိုယူခွင့်ပေးထားပါတယ်။ ဒီအချက်ကိုပြုပြင်ပေးရန် ကနေဒါနိုင်ငံသက်ဆိုင်ရာများက တောင်းဆို ထားပါတယ်။ နောင်နှစ်နွေရာသီအထိ ဒါကိုပြင်ဆင်ပေးရန် facebook ကို အချိန်ပေးထားတယ်လို့ သိရပါတယ်။ အချို့တွေအတွက် ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စီးပွားရေးမှာဖြစ်ဖြစ်၊ အခြားနေရာတွေမှာဖြစ်ဖြစ် third-party တွေက အသုံးချနေတာ အရေးမကြီးနိုင်ပေမယ့်၊ ကျွန်မ အတွက်တော့ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဒီလိုအသုံးပြုနေတာကို သိပ်မနှစ်သက် လှပါဘူး။ ဒါဟာလည်း လူတစ်ဦးချင်းစီရဲ့ ခံယူချက်ပေါ်မှာ မူတည်ပါလိမ့်မယ်။ အချို့က ပွင့်လင်းတယ်။ အချို့က ပရိုက်ဗိတ်ဖြစ်တတ်တယ်။ သိပ်ပွင့်လင်းရင်လည်း မကောင်းသလို၊ သိပ်ပြီးလျှို့ဝှက်လွန်းခြင်း ဟာလည်း မကောင်းပါဘူး။ သိပ်ပွင့်လင်းလွန်းတဲ့အခါမှာ အောက်ကအဖြစ်မျိုးလေးတွေလည်း ဖြစ်တတ် ပါတယ်။

ဟိုတစ်လောက မိန်းကလေးတစ်ယောက် ယဉ်တိုက်မှုဖြစ်ပြီး အာမခံငှာနမှ ဒေါ်လာငွေ ငါးသောင်း အလျော်တောင်းတယ်။ ယဉ်တိုက်မှုကြောင့် သူအလုပ်လုပ်နေတဲ့ cashier အဖြစ် အကြာကြီး မတ်တပ် မရပ် နိုင်ကြောင်း၊ အရင်တုန်းကလို တောင်တက်၊ စက်ဘီးစီး၊ ကခုန်တာမျိုးတွေ မလုပ်နိုင်တော့ကြောင်း၊ ဒေါက်ကလပ် ကောလိပ်ကျောင်းနဲ့ ဆိုင်မွန်ဖရေဇာတက္ကသိုလ်ကျောင်းတွေမှာ စာသင်နေရင်း ထိုင်နေ ရင်းမှာ ကိုယ်လက်တွေ နာလွန်းလို့ စာတောင် မသင်နိုင်တော့ကြောင်း စတဲ့ အချက်တွေနဲ့ အာမခံငှာနမှ ငွေတွေရအောင် ကြိုးစားပါတယ်။ အဲဒီမှာ အာမခံငှာနမှ ရှေ့နေတွေက အဲဒီမိန်းကလေးရဲ့ facebook ကို စစ်လိုက်တော့၊ တောင်တက်နေတဲ့ပုံတွေ၊ ကခုန်နေတဲ့ပုံတွေ၊ စက်ဘီးစီးနေတဲ့ ပုံတွေကို တွေ့ရတော့ တာပါပဲ။

နောက်တစ်ဦးကတော့ ယဉ်တိုက်မှုတစ်ခုမှာ တစ်ဘက်မှလူ သေဆုံးသွားတာကို၊ အလွန်အမင်းနောင်တရ ၀မ်းနည်းကြောင်း တရားရုံးမှာ ထွက်ဆိုပြီး ပြစ်မှုလျော့ပေါ့အောင် ကြိုးစားပေမယ့်၊ သူ့ရဲ့ဆိုက်မှာ ယဉ် တိုက်ပြီး နှစ်ရက်လောက်မှာ ပါတီတစ်ခုမှာ ပျော်ပါးမူးယစ်နေတဲ့ ပုံတွေကို ရဲတွေက တွေ့တော့တာပါပဲ။

အခုနောက်ပိုင်း ရဲတွေ ပုလိပ်တွေက လူတစ်ယောက်ကို လိုက်ပြီဆိုရင် facebook တို့ my space တို့လို နေရာတွေကိုပါ မွှေနှောက်ရှာဖွေတယ်လို့ သိရပါတယ်။ ကောလိပ်ကျောင်းဝင်းတွေရဲ့ ရဲတွေကလည်း အသက်မပြည့်ဘဲ အရက်သေစာသောက်စားနေလား၊ အခြားတရားမ၀င်တာတွေ လုပ်နေလားကို ထိုနေရာ မျိုးတွေမှာ သွားရှာပြီး ပြစ်မှုထင်ရှားရင် ကျောင်းသားတွေကိုလည်း အပြစ်ပေးတတ်ပါတယ်တဲ့။ တိုရန်တို ကောလိပ်တစ်ခုမှာ ကျောင်းအုပ်ကြီးကို facebook မှာ ဝေဖန်ထားလို့ ကျောင်းသားအချို့ အပြစ်ပေးခံရဖူး ပါတယ်။ facebook မှာ cyber bullying ကိုလဲ မြင်တွေ့ရတယ်လို့ဆိုပါတယ်။ အုပ်စုဖွဲ့ပြီး တစ်စုံ တစ်ယောက်ကို အနိုင်ကျင့်တဲ့ cyber bullying ကတော့ အွန်လိုင်းအဖွဲအစည်းတွေတိုင်းမှာ တွေ့ရ တတ်ပါတယ်။ ဘလောဂ်စဆောက်စဉ်မှာ စီနီယာဘလောဂါတွေရဲ့ ဂျူနီယာဘလောဂါတွေကို (အဲဒီ ဂျူနီယာဘလောဂါတွေဟာ သူတို့တွေထက် အသက်အရွယ်ကအစ၊ ပညာကအစ ကြီးနိုင်မြင့်နိုင် ပါသော်လည်း - ဂါရတောစ နိဝါတောစ - ငြင်းချက်တွေကိုလက်ကိုင်ထားပြီး) ပညာပြမှုလေးတွေမှ စတဲ့ အသေးအမွှားကိစ္စလေးတွေကအစ၊ အုပ်စုလိုက်အနိုင်ကျင့်လို့၊ စိတ်အနှောက်အယှက်ပေးလို့ ဘလောဂ်ပါ ပိတ်လိုက်ရတဲ့ ဘလောဂါတွေကိုလည်း မြင်ဖူးပါတယ်။ အမည်အတုတွေနဲ့ အနှောက်အယှက် ပေးမှုတွေဟာလည်း ကွယ်ဝှက်ထားလို့မရတော့ပါဘူး။ လွန်ခဲ့တဲ့ သြဂုတ်လတုန်းက Keeley Houghton ဆိုတဲ့ အသက် ၁၈နှစ်အရွယ် ဗြိတိန်နိုင်ငံက ကျောင်းသားလေးတစ်ယောက်ဟာ facebook ပေါ်မှာ အတန်းသားတစ်ယောက်ကို cyber bullying လုပ်မှုနဲ့ ထောင်သုံးလ ကျသွားပါတယ်။

အာမခံငှာနတွေက ရဲငှာနတွေက လိမ်လည်လှည့်ဖျားမှုတွေနဲ့ ပြစ်မှုကျူးလွန်မှုတွေကို facebook မှာ သွားပြီး အနံ့ခံတတ်ကြသလို၊ လူတစ်ဦးကို အလုပ်ခန့်တော့မယ်ဆိုရင်လည်း ကုမဏီတွေက facebook တို့ my space တို့မှ တဆင့် ခန့်မည့်သူကို လေ့လာတယ်လို့လဲ သိရပါတယ်။ ထိုနည်းတူပဲ အလုပ်ဖြုတ်ချင်လို့ အကြောင်းရှာတော့မယ်ဆိုရင်လည်း ထိုနေရာတွေမှာ သွားပြီးမွှေနှောက်တတ်ကြပါတယ်။

facebook-privacy.jpg“ဆယ်ကျော်သက်တွေဟာ မိမိရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အွန်လိုင်းစာမျက်နှာတွေမှာ ဝေမျှတဲ့အခါမှာ နှစ်ခါစဉ်းစားပြီးမှ ဝေမျှသင့်တယ်” လို့ Canada နိုင်ငံရဲ့ privacy commissioner ဖြစ်တဲ့ Jennifer Stoddart က privacy-sector privacy law နဲ့ပတ်သက်ပြီး ပါလီမန်မှာ annual report မှတဆင့် ကနေဒါနိုင်ငံမှာရှိတဲ့ ဆယ်ကျော်သက်များကို ကြပ်ကြပ်မတ်မတ် တိုက်တွန်းသွားပါတယ်။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို အများနဲ့ဝေမျှပုံတွေကို မိဘတွေအတွက် မယုံနိုင်လောက်အောင်ဖြစ်ရတယ်၊ အဘိုးအဘွားတွေအတွက်တော့ မတွေးဝံ့လောက်စရာ၊ စဉ်းကို မစဉ်းစားရဲစရာ ဖြစ်ရတယ်လို့ သူမ ကဆက်ပြောပါတယ်။ ငယ်ရွယ်စဉ်အခါမှာ အွန်လိုင်းစာမျက်နှာ တွေပေါ်မှာ စိတ်ထဲရှိသလို ပြုမှုကျင့်ကြံတာတွေဟာ အသက်ကြီးလာတဲ့အခါမှာ အရှက်ရစရာတွေ ဖြစ်ရ တယ်လို့လည်း သူမက ဆိုပါတယ်။

ကိုယ်က မမှန်တာလုပ်မထားရင် စိုးရိမ်စရာဘာမှ မရှိပေမယ့်လည်း၊ ကိုယ်ဘယ်လိုလူလဲဆိုတာကို ဓာတ်ပုံများများကြည့်စရာမလိုပါဘူး၊ တစ်ပုံနှစ်ပုံလောက်ကြည့်တာနဲ့ကို သိနိုင်ပါတယ်။ facebook မှာသွားလိုက်ရင် အချို့တွေက ရှုခင်းလေးတွေပဲတင်တယ်၊ အချို့တွေကတော့ မိသားစုပုံတွေတင်တယ်၊ အချို့တွေကတော့ စားကောင်းသောက်ဖွယ်တွေစားနေတာ၊ ပါတီပွဲတွေဆင်နွှဲနေတာတွေကိုတင်တယ်၊ အချို့တွေကျတော့လဲ မားစီးဒီးတွေ၊ ဘီအမ်ဒဗလျူတွေ၊ အိမ်ကြီးတွေ၊ ပိုင်ဆိုင်မှုမှန်သမျှဖြစ်တဲ့ ခွေး၊ကြောင်၊ ကြက်၊၀က်၊ နွား၊ တစ်တီတူးကအစ တင်တယ်။ အချို့ကျတော့လည်း ကိုယ်ချစ်တဲ့ သူနဲ့ တွဲရိုက်တာတွေ တင်တယ်။ အဲ…. အဆင်မပြေလို့ကွဲတော့ နောက်တစ်ယောက်.. နောက်တစ်ယောက်…. ဒီလိုနဲ့.. အလွန်ရည်းစားများသူ ဖြစ်ပါပကော။ အချို့တွေကျတော့လည်း သောက်စားမူးယစ်နေတာတွေ တင်တယ်။ တင်လိုက်တိုင်း အမြဲ ဆေးလိပ်မီးခိုးတလူလူနဲ့ သောက်စားမူးယစ်တဲ့ ပုံတွေတင်မိရင်၊ အပြင်မှာ ကိုယ်က အမြဲတမ်းမူးယစ်ပျော်ပါး မနေသော်လည်း ဓာတ်ပုံလေးတစ်ခုတည်းနဲ့ ကိုယ့်ကိုတံဆိပ်ကပ်သွားနိုင်တယ်။ “ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲ…တင်ချင်တာတင်မယ်၊ မကျေနပ်လည်းဘာအရေးလဲ” လို့ ဆိုနိုင်ပေမယ့်လည်း၊ ကြားဖူးတဲ့ သီချင်းတစ်ပုဒ်ထဲကလို “လောကကြီးကိုအရွဲတိုက်ရင် မင်းဘဲဒုက္ခရောက်လိမ့်မယ်” ဆိုသလို ဖြစ်မှာစိုးပါတယ်။

အထူးသဖြင့် လူငယ်တွေအနေနဲ့ အလုပ်ရှင်က ၀င်မွှေလို့ စိတ်အခန့်မသင့်တာတွေ့သွားရင် အလုပ်ကိုင် ကောင်းကောင်းတစ်ခုကို လက်လွတ်သွားစေနိုင်ပါတယ်။ အလုပ်ကောင်းကောင်းရှိပြီးသူတွေ အနေနဲ့လည်း မိမိအကြောင်းခရေစေ့တွင်းကျကို အွန်လိုင်းစာမျက်နှာတွေပေါ်မှာ အလုပ်ရှင်တွေက မြင်နေရလို့၊ သူတို့ စိတ်အခန့်မသင့်တာနဲ့ကြုံလို့ အလုပ်ဖြုတ်ခံရသူတွေလည်း အများကြီးရှိပါတယ်။ ပရိုဖက်ရှင်နယ် ကျောင်းတွေကို ၀င်ရရန် အခွင့်အလမ်းတွေ ဆုံးရှုံးရတာတွေလည်း ရှိပါတယ်။ မိမိအကြောင်းတွေ လိုအပ်တာထက် ပိုပြီးဝေမျှမိရင်လည်း မိမိရဲ့ identity ကို ခိုးယူအသုံးချမည့်သူတွေကလည်း အမြဲတမ်း စောင့်ကြည့်နေတာကို သတိပြုစေလိုပါတယ်။

.ကြေးမုံသတင်းစာထဲမှာပါထည့်သွင်းဖော်ပြခံရတဲ့ဆောင်းပါးကောင်း
လေးတပုဒ်ဖြစ်ပါတယ်..


Credit : Here