Tuesday, May 7, 2013

NDF ပါတီလာမည့်လအတွင်း နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးညီလာခံခေါ်ယူရန်ရှိ

လာမည့် ဇွန်လ ၁၅ရက်နေ့တွင် အမျိုးသားဒီမို ကရေစီအင်အားစုပါတီ(NDF)မှ စတုတ္ထအကြိမ် မြောက် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီး အစည်း အဝေး ညီလာခံ တရပ်ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရပြီး ယင်းညီလာခံအစည်းအဝေး၌ ပါတီ၏ မူဝါဒများနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ် သွားရန် စီစဉ် လျက်ရှိကြောင်း ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မြန်မာ့ခေတ်သို့ ပြောကြားသည်။


“လာမယ့် ဇွန်လ ၁၅ရက်နေ့မှာ စတုတ္ထ အကြိမ် မြောက် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအစည်းအဝေး ညီလာခံခေါ်ဖို့ရှိပါတယ်။ အခုလည်း အဲဒီ အတွက် စာတမ်းတွေပြုစုပြီး စီစဉ်နေပါတယ်။ ပြီးတော့ ဒီ ညီလာခံမှာ ကျွန်တော်တို့ပါတီက လုပ်နေတဲ့ တောင်သူလယ်သမားအရေးနဲ့ ပတ်သက်ပြီး ထည့်သွင်း ဆွေးနွေးဖို့တွေ ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းညီလာခံ၌ ပါတီတွင်း သံတမန်အဖွဲ့နှင့် တွေ့ဆုံမှုများ အပါအဝင် နိုင်ငံခြားခရီးစဉ်များနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေး သုံးသပ်မှု များ ပြုလုပ်သွားရန်ရှိကြောင်း သိရပြီး လက်ရှိအချိန်တွင်လည်း တိုင်းနှင့် ပြည်နယ်တို့တွင်ရှိသည့် ပါတီရုံးများ၏ စည်းရုံးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း လေးလတကြိမ် ပါတီ ရုံးဌာနချုပ်သို့ သတင်းပို့တင်ပြမှုများ ရှိကြောင်းလည်း သိရသည်။ 

ထို့နောက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)သည် မေလ ၅ရက်နေ့တွင် မြဝတီမြို့တွင် ပါတီ စည်းရုံးရေးနှင့်စပ်လျဉ်း၍ လူထုတွေ့ဆုံမှု တစ်ခု ပြုလုပ်ရန်ရှိကြောင်း သိရသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။