Monday, April 8, 2013

Mozilla တစ်ခုထဲကနေ Gmail နဲ့ Facebook အကောင့်များစွာ တစ်ပြိုင်နက်ဖွင့်သုံးနည်း(ဒီနည်းက ကြာတော့ကြာပါပြီ အသုံးတည့်မယ်ထင်လို့)


ဒီနည်းကတော့ လတ်တလော အသုံးလိုနေတဲ့ ကိုယ့်အတွက် ကွက်တိပါပဲ ဘာလို့ လဲ ဆိုရင် အကောင့်တွေ အများကြီး ဖွင့်ထားဖို့  လိုအပ်နေတဲ့ အချိန်မလို့ ပါ ။ တစ်ခုကို Browser တစ်ခု လုပ်ရရင် သေရချည်ရဲ့ ။ ရှိတာမှ Mozila & Chrome& Ie& သုံးခုပဲ ထည့်ထားတာပါ ဖေ့ဘွတ်အကောင့်က 20လောက် နာမည်အမျိုးမျိုးနဲ့ ဖွင့်ချင်နေလို့  ဒီနည်းလေးကို ပြောပြတာ..လောလောဆယ် အသုံး အလွန်တည့်ပါတယ် ။သုံးချင်ရင် အောက်မှာ ပေးထားတဲ့ လင့်ကိုယူလိုက် ။ လမ်းညွှန်အတိုင်း အင်စတောလုပ်လိုက်ပါ


အဲ့ဆိုရင် Gtalk တွေ အများကြီး ပွားဖွင့်သလို မော်ဇီလာကိုလည်း အလုံးများစွာပွား၍ အကောင့်များစွား တစ်ပြိုင်နက် သုံးလို့ ရပါပြီ အသုံးလို တဲ့သူများ သုံးနိုင်ကြပါပြီ.....။

ပထမအဆင့် link ကို နှိပ်လိုက်ပါ - http://br.mozdev.org/multifox/

1 - ညာဘက် အပေါ်နားက အစိမ်းရောင်အကွက် install mulitifox ကိုနှိပ်ပါ

2 - Firefox က စာပေါ်လာလျှင် Allow ကိုနှိပ်ပါ

3 - Download ဆိုပြီး ပြည့်သွားလျှင် Install Now ကို ဆက်နှိပ်ပါ

4 - အင်စတောလုပ်ပီးလျှင် Firefox ကို Restart လုပ်ပါ ( ပိတ်ပီး ပြန်ဖွင့်)

အဲ့ဆိုရင် Firefox တစ်ခုထဲမှာ အကောင့်တွေ အများကြီး ဖွင့်လို့ ရပါပြီ

File ကိုနှိပ်လိုက်ရင် New Identity Profile ကို နှိပ်ပါ .အများကြီးနှိပ် များကြီးရ

အကောင့်ဆယ်ခုရှိ ဆယ်ခုလုံး တစ်ခါထဲ ဖွင့်ထား လို့ ရနိုင်ပါတယ်.............။

မောင်(စွယ်စုံကျမ်း)

Credit : Here

ထူးခြားရင် ၁၉၉ ခေါ်ပါ၊ နစ်နာချက်တွေကိုလည်း တိုင်ကြားလို့ရပါပြီ

ထူးခြားဖြစ်စဉ်တွေ ပေါ်ပေါက်တယ်ဆိုရင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေကြီးများအလိုက် ၁၉၉ သို့ ဆက်သွယ်နိုင်ပါတယ်။ ပြီးတော့ ပြည်သူလူထုအနေနဲ့ မိမိတို့ရဲ့ နစ်နာချက်တွေကို တိုင်ကြားလိုရင်တော့ ဖုန်းနံပါတ်တွေကို ပြည်ထဲရေး ၀န်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာလိုက်တာကို ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေက ဖော်ပြလာပါတယ်။

ဆက်သွယ်တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေကတော့ .....


မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်                    ဝ၆၇-၄၁၂၂၂၂ ၊ ဝ၆၇-၄၁၂၄၄၄ 


နေပြည်တော် ရဲတပ်ဖွဲ့                           ဝ၆၇-၅၅ဝ၃၃၃၊ 

ကချင်ပြည်နယ် ရဲတပ်ဖွဲ့                         ဝ၇၄- ၂၁၄၄၄၊ 

ကရင်ပြည်နယ် ရဲတပ်ဖွဲ့                         ဝ၅၈-၂၃၃၅၅၊ 

စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့               ဝ၇၁-၂၄၉၉၆၊ 

တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့             ဝ၅၉-၂၃၉၉၈၊ 

ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့                    ဝ၅၂-၂၃၉၉၉၊ 

မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့                ဝ၆၃-၂၈ဝ၉၉၊ 

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့              ဝ၂-၆၁၄၄၄၊ 

မွန်ပြည်နယ် ရဲတပ်ဖွဲ့                           ဝ၅၇-၂၄၉၈၇၊ 

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့                          ဝ၄၃-၂၂၈၃၃၊ 

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့                ၀၁ -၂၃ဝ၂၁၉၉၊ 

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့                           ဝ၈၁ -၂၁၂၅၄၅၅၊ 

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့              ဝ၄၂-၂၃၈၄၄ တို့ပါဘဲ။ 

ပြည်သူတွေအနေနဲ့ ဆက်သွယ်တိုင်ကြားလို့ရမယ့် ဖုန်းနံပါတ်တွေကို အထက်ပါအတိုင်း တိုင်းနဲ့၊ ပြည်နယ် အလိုက် အခုလို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Credit : Here

လိုချင်တာသာ ယူပါ တိရိစ္ဆာန်များကိုတော့ ချမ်းသာပေးပါ။


သားသမီးမြေးမြစ်တွေကို နိုင်ငံခြားမှာထားပြီး မြန်မာနိုင်ငံတွင် သူ၏ဘ၀ကို မြုပ်နှံကာ အနစ်နာခံ၍ ပြည်သူ များအတွက် အလုပ်လုပ်ပေးနေသည့် ကျေးဇူးကြီးမားလှပါသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဦးစိုးသိန်းဟာ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက်သာမက ရန်ကုန် မြို့လယ်ခေါင်ရှိ တိရိစ္ဆာန်ဥယျာဉ်အတွင်း မှီတင်းနေထိုင်သော တိရိစ္ဆာန်များသည် လူနေထူထပ်သော ရန်ကုန်မြို့လယ်ခေါင်၌ နေရပါသောကြောင့် လေထုညစ်ညမ်းပြီး တိရိစ္ဆာန်များရဲ့ ကျန်းမာရေး ထိခိုက်စေနိုင်ပါသဖြင့် ရန်ကုန်မြို့ပြင် လှော်ကားဥယျာဉ်အတွင်းသို့ တိရိစ္ဆာန်များအား ပြောင်းရွေ့ရန် စေတနာများစွာဖြင့် စဉ်းစားစီစဉ်နေကြောင်း သိရှိရပါတယ်။


ကျေးဇူးကြီးလှပါသော ၀န်ကြီးရယ်. .. ၀န်ကြီးဟာ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌဖြစ်လာပြီးမှ မြန်မာနိုင်ငံ ထဲမှာရှိတဲ့ အချက်အခြာနေရာအတော်များများကို ရင်းနှီးမြှုပ်နှံမှုအပေါ် ခုတုံးလုပ်လို့ လက်ညှိုးထိုး ရောင်းစားခဲ့တာလည်း တော်တော်များနေပါပြီ။ မိသားစုတွေလည်း ဆယ်သက်စားမကုန်လောက်တော့ ပါဘူး။ ဒါတောင်မှ တိရိစ္ဆာန်တွေရဲ့နေရာကိုလည်း ချမ်းသာမပေးဘဲ သိမ်းပိုက်ရယူဖို့ ဆင်ကြံကြံ နေပါသေးတယ်။ သြော် ... တိရိစ္ဆာန်တွေအပေါ်မှာ ဘ၀ဟောင်းက အညှိုးတွေများရှိခဲ့လေသလား ၀န်ကြီးရယ်။


လှော်ကားဥယျာဉ်အတွင်း တိရိစ္ဆာန်များထားဖို့ စီမံကိန်းအသစ် အကောင်အထည်ဖော်ရာမှာ ရင်းနှီးသောလုပ်ငန်းရှင်များကို လက်ဆောင်ပဏ္ဍာဈေးပြိုင်စနစ်နဲ့ စီမံကိန်းလုပ်ငန်းချထားပေးနိုင်သလို လစ်လပ်သွားတဲ့ တိရိစ္ဆာဥယျာဉ်နေရာဟောင်းကိုလည်း ရင်းနှီးမြှုပ်နှံမှုဆိုတဲ့ ခေါင်းစဉ်ပြကာ နိုင်ငံခြားရှိ သားသမီးများရဲ့ အဆက်အသွယ်နဲ့ မိတ်ဆွေနိုင်ငံခြားသားကုမ္ပဏီလုပ်ငန်းရှင်များကို မျက်နှာမလိုက်ဘဲ ရင်းနှီးမြှုပ်နှံခွင့်ပြုသွားနိုင်တဲ့ ၀န်ကြီးရဲ့ နှစ်သီးစားအကြံတွေကို လေးစားနေမိပါတယ်။

ငယ်စဉ်ကကျောင်းပိတ်ရက်တွင် မိဘများနဲ့ မောင်နှမတတွေ ပျော်ပွဲစားခရီးသွားကြတဲ့အခါ ရွှေတိဂုံဘုရား ကြီးကို အရင်ဆုံး ဖူးမြော်ရပါတယ်။ ပြီးရင် တိရိစ္ဆာန်ဥယျာဉ်အတွင်း တိရိစ္ဆာန်များအကြောင်းကို ဖေဖေက လိုက်ရှင်းပြတဲ့အခါ ကျွန်တော်တို့မှာ တအံ့တသြနဲ့ပေါ့ဗျာ။ ပြီးတော့မှ အိမ်ကပါလာတဲ့ အစားအသောက် များနဲ့ ပျော်ပျော်ပါးပါး စားသောက်ကြရင်း ပန်းခြံထဲမှာ ဆော့ကစားခဲ့ကြတာဟာ ညနေစောင်းတဲ့ အထိပါဘဲ။ ယခုအချိန်အထိလည်း ပြည်သူများဟာ မိသားစုဆွေမျိုးများအလိုက် ပျော်ရွှင်စွာသွားလာ နေတာကို မြင်ရပြီး ငယ်စဉ်ကာလကို ပြန်လည်သတိရမိပါတယ်။ ပြည်သူများရဲ့ ပျော်ရွှင်ကြည်နူး ချမ်းမြေ့မှုတွေကို ဘယ်လို ပိုမိုပျော်ရွှင်အောင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရမလဲဆိုတာ မစဉ်းစားဘဲ ပြည်သူတွေရဲ့ သာယာပျော်ရွှင်မှုကို မနာလို မရှုစိမ့်တဲ့စိတ်နဲ့ သူတော်ကောင်းစကားတွေပြောပြီး မလှိမ့် တပတ်နဲ့ ကြံစည်နေတာဟာ အစိုးရအဖွဲ့ဝင် လူကြီးလူကောင်းအဆင့်နဲ့တောင် မတန်မရာ လုပ်နေသူ လို့သာ ထင်မြင်မိပါတယ်။

နိုင်ငံတကာမှာလည်း တိရိစ္ဆာန်ဥယျာဉ်တွေ မြို့လယ်ခေါင်မှာ တည်ရှိနေတာကို နိုင်ငံတကာသို့ လှည့်လည် သွားလာခဲ့ဖူးသော ၀န်ကြီးအနေနှင့် မလေ့လာခဲ့တာဘဲလား။ ပြည်သူတွေ အပန်းပြေမှု၊ အသိပညာရရှိမှု၊ သုတေသနလုပ်ငန်းတွေမှာ အထောက်အကူဖြစ်စေမှု၊ သဘာဝကို အခြေခံသော ခရီးသွားနေရာဖြစ်စေမှု၊ မြို့တွင်းမှာ သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းမှုတွေကို အကျိုးရှိနေစေတယ်ဆိုတာရော လေ့လာမိပါသလား။ ကမ္ဘာလှည့်နိုင်ငံခြားသားများအတွက် ခရီးသွားနေရာတစ်ခုဖြစ်အောင် အဆင့်အတန်းမြှင့်တင်ပေး ရမယ် ဆိုတာရော စဉ်းစားမိပါသလား။

ဒါတွေကို သိလျက်သားနဲ့ လျစ်လျူရှုပြီး လောဘဇောတက်ကာ ဘယ်သူသေသေ၊ ငတေမာရင် ပြီးရောဆိုတဲ့စိတ်နဲ့ လုပ်နေတာလားလို့ မေးချင်ပါတယ်။ ၀န်ကြီးရဲ့ မြေးမြစ်တွေက ဒီနိုင်ငံမှာ မရှိတော့ လည်း ခင်ဗျားအနေနဲ့က ဘာမှထောက်ထားညှာတာစရာ မရှိတော့ဘူးပေါ့ဗျာ။

ပြည်သူအများရဲ့ ဝေဖန်ထောက်ပြမှုကြောင့် ရှက်ရမ်းရမ်းပြီး ၀န်ကြီးဦးစိုးသိန်းအနေနှင့် သမ္မတကို ပိုင်တယ် ဆိုပြီး အပြောကောင်းကောင်းနဲ့ တိရစ္ဆာဥယျာဉ်ကို လေလံပစ်လိုက်ရင် နိုင်ငံတော်နှင့် ပြည်သူများဘဲ ဆုံးရှုံးနစ်နာရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့ တာဝန်ရှိသူများခင်ဗျာ … ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို အဆင့်မမြှင့်တင်မပေးရင်နေပါ၊ မြန်မာလူမျိုးများရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သားငှက်တိရိစ္ဆာန်များ အပေါ်တွင် ချစ်ခင်မြတ်နိုးစွာ ထိန်းသိမ်းထားသော ပြယုဂ်ကို မဖျက်ဆီးပါနဲ့လို့ ဆန္ဒပြုတင်ပြလိုက် ရပါတယ်။

ဦးစိုးသိန်းသည် စက်မှု(၁/၂)၀န်ကြီးလုပ်စဉ်ကာလတုန်းက ဂိုဒေါင်မှကားထုတ်လုပ်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ခဲ့သူဖြစ်ပြီး ရေချုပ်လုပ်စဉ်ကာလတုန်းက သုံးစားမရသော ဖရီးဂိတ်နှစ်စင်းကို ၀ယ်ယူခဲ့ကြောင်းသိရှိရပါသည်။ နိုင်ငံခြားမှ အစိတ်အပိုင်းအလိုက်ဝယ်ယူပြီး မြန်မာပြည်တွင်တပ်ဆင်သော မော်တော်ကားများကို စက်မှု(၂)ထုတ်ဟု လိမ်လည်ရောင်းစားခဲ့သည်များကို ယင်းကာလက နိုင်ငံတော် တာဝန်ရှိသူများမသိရှိဘဲ နှပ်ချခြင်းကိုခံခဲ့ရကြောင်းသိရှိရပါသည်။

စင်းကဒ် ၁၅၀၀ ဆို ဒီကောင်တွေ ဘာပြောမလဲ သိချင်တယ်ဆိုလို့ 

(1) ပြည်တွင်းနိုင်ငံရေးကျော်ကြီးများ - "ဒါ အစိုးရ သက်သက် အာရုံလွဲတာပါ""စင်းကဒ်တွေ များများထုတ်ပေးပြီးဖုန်းတွေ များများပြောတော့ အဓိဂရုဏ်းတွေများများဖြစ်အောင် ဖန်တီးလို့ ရတာပေါ့၊၊"

(2) လက်ပံတောင်း သူရဲကောင်းကြီး - "ဗီနိုင်းတွေပြင်ထား၊ငါ့တို့ တောင်းဆိုတာ ၅၀၀၀ ခု ၁၅၀၀ ဆိုတော့ ၃၅၀၀ ကွာနေတယ်၊၊ ဒါအခွင့်ကောင်းပဲ၊၊ တောင်ပေါ်က နှစ်ယောက်ဆင်းလာခဲ့တော့"(တိုက်တစ်လုံးထဲမှ ညွန်ကြားနေ)

(3) ဟိုအဖွဲ့ ဒီအဖွဲ့ - "၁၀၀၀ ဆိုလဲ တစ်ထောင်ပေါ့ဗျာ၊ ၂၀၀၀ ထောင်ဆိုလဲ ၂၀၀၀ ပေါ့ဗျာ၊၊ ၁၅၀၀ ဆိုတော့ ၅၀၀ ပြန်အမ်းနေရအုံးမယ်၊ အလုပ်ရှုပ်ရတဲ့ ကြားထဲ၊၊ ဈေးသတ်မှတ်တာကအစ ကပ်သီး ကပ်သပ်တွေ သိပ်လုပ်တာပဲ ဒီအစိုးရ"


(၃) တစ်သက်လုံး အသက်မကြီးသေးသည့် ကျောင်းသားအဖွဲ့  - "ကျွုန်ပ်တို့ ကြေငြာချက် တစ်စောင်ထုတ်ပြန်လိုက်သည်၊၊ စင်းကဒ် တစ်ခုအား ပြည်သူမှ ၅၀၀၀ တောင်းဆိုထားခြင်းကို ၁၅၀၀ ဟု သတ်မှတ်ခြင်းမှာ တိုင်းပြည်နောက်ပြန်သွားလို သည့်အရိပ်အရောင်များ မြင်တွေနေရသည့်အတွက် ကန့် ကွက်ကြောင်းထုတ်ပြန်လိုက်သည်၊၊"

(၄) ဂွေးသီးဇွန် - "ဒါစစ်အစိုးရရဲ့ ကလိန်ကကျစ်ဥာဏ်ဆင်မူဖြစ်တယ်၊၊ ဒီစင်းကဒ် ၁၅၀၀ ရဲ့ နောက်မှာ စစ်အစိုးရရဲ့ မသာမူ့ တွေ ပါနေတဲ့အတွက် အားလုံးစည်းစည်းလုံးလုံးနဲ့  တော်လှန်ကြရမယ်၊၊"

(5) ဂျိုးတူးဇော် - " ဒါ စစ်အစိုးရရဲ့ မရိုးသားမူ့ ပဲ၊၊ စင်းကဒ်တွေကို ၁၅၀၀ နဲ့ ထုတ်ပေးမယ် ဆိုတဲ့ ကိစ္စနောက်ကွယ်မှာ ဦးသန်းရွှေ စနစ်တွေ မကင်းတာကိုတွေ့ ရတယ်၊၊" "ပြည်သူတွေကို စစ်အုပ်ချုပ်ရေးထဲ ၁၅၀၀ နဲ့ ဆွဲသွင်းနေတာဖြစ်တဲ့ အတွက် ပြည်သူအား လုံးသတိရှိကြပါ၊၊"

(6) သွဲ့ သွဲ့ ဝင်းလေး - " စင်းကဒ် ၁၅၀၀ ပေးမယ်ဆိုတဲ့ ကော်မရှင်ကို ကျွန်မ ဆက်လက် တိုက်ပွဲဝင် သပိတ်မှောက်သွားမှာပါ၊၊ ဘာလို့ လဲဆိုတော့ စင်းကဒ်တွေ ပေါပေါရလာမယ်ဆိုရင် ဖုန်းပြောနေကြတာနဲ့ ပဲ ကျွန်မတို့ သိပ်ချစ်တဲ့ လက်ပံတောင်းတောင်ကြီးကို ကောင်းကောင်း ထိုင်ကြည့်နေခွင့်ရမှာ မဟုတ် တော့ဘူး။" "စင်းကဒ်ထုတ်ပေးမယ်ဆိုတဲ့  နောက်ကွယ်က လက်သည်တရားခံကို ရအောင် ဖေါ်ထုတ်သွားမယ်၊၊" နောက် ဒီစင်းကဒ်တွေထဲမှာ မီးလောက်ဗုံးထည့်မထားဘူးလို့ ဘယ်သူပြောနိုင်မလဲ"

(7) ပတ်ဝင်းကျင်ထိမ်းသိမ်းရေး သူရဲကောင်းကြီးများ- "ဖုန်တွေကို ဖွင့်ထားပြီဆိုထဲ က ဖုန်းတစ်ခုခြင်းဆီက ထွက်တဲ့အပူလှိုင်းအားဟာ၊ ပတ်ဝင်းကျင်ကို စဒုက္ခပေးတော့တာပဲဗျ၊၊" နောက်လူတွေ ဖုန်းပြောရင်းနဲ့ အမှိုက်တွေ စည်းကမ်းမ၇ှိပစ်ရင် ပတ်ဝန်ကျင်ညစ်ညမ်းမယ်၊၊ ဒါကြောင့် ကန့် ကွက်သွားပါ့မယ်။၊ သက်ဆိုင်ရာကို ဆန္ဒထုတ်ဖေါ်ဖို့ စာတင်ထားပြီးပါပြီ၊၊"

(8) ဒေါ်နော်အုန်းလှ-"အန်တီ ဗီနိုင်းလေးတွေနဲ့  ဆူးလေနားမှာ စောင့်နေတာကြာပြီကွဲ့ ၊၊ ရွှေတံဂုံဘုရား ပေါ်တက်ပြီး ဆုတောင်းပွဲလေး လုပ်မယ်စိတ်ကူးထားတယ်၊၊" ဘာ ခေါင်းစဉ်ဟုတ်လား.? . မစဉ်းစားရ သေးဘူးကွဲ့ .. ဆန္ဒထုတ်ဖေါ်ပွဲလေး လုပ်ပြီးမှ ခေါင်းစဉ်ပေးမယ် စဉ်းစားတယ်၊၊ ဘယ်နှဲ့ ကွယ် ၁၅၀၀ နဲ့ ထုတ်ပေးပြီး ပြည်သူ့ ဆီက ပိုက်ဆံချူစားမယ့် အစိုးရရဲ့ ပက်စက်တဲ့အကြံ ဘယ်နီးနဲ့ မှ လက်မခံနိုင် ပါဘူးကွယ်"

(9) ဒီမိုဖက်တီး (ခ) ခွန်ဒီယမ်း(ခ) မေဇင်အေး - " ဒါဦးသိန်းစိန်အစိုးရ ယုတ်မာတာပါ၊၊ ပြည်သူတွေ နားမယောင်ပါနဲ့ ၊၊ ဒီယမ်းတို့ အမေလက်ထက်မှ ၁၅၀၀ နဲ့ ပေးဖို့ စီစဉ်ထားတာ ဒီစစ်အစိုးရ သက်သက်ယုတ်မာတာပါ၊၊"

Credit : Here

မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ တရုတ်ပြည်ရဲ့ကဏ္ဍ တရုတ်သံရုံး ရှင်းလင်း


မြန်မာနိုင်ငံအစိုးရနဲ့ KIO/KIA ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တရုတ်ပြည်ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ရှင်းလင်းထားတဲ့ ကြေညာချက်တစ်စောင်ကို ရန်ကုန်မြို့ တရုတ်သံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။


အဲဒီသတင်းတွေဟာ အဖြစ်မှန်နဲ့ လွဲချော်နေတဲ့အတွက် တရုတ်သံရုံးအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။


ဆက်လက်ပြီး မြန်မာ့ အိမ်နီးချင်း မိတ်ဆွေစစ်ဖြစ်တဲ့ တရုတ်ပြည်ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ အချုပ် အခြာ အာဏာနဲ့ ဂုဏ်သိက္ခကို လေးစားသမှု ရှိတဲ့အပြင်၊ မြန်မာအစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားချင်း သဟဇာတဖြစ်ရေး ဆောင်ရွက်ချက်တွေကို ထောက်ခံအားပေးနေပါတယ်၊ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း က ရွှေလီမြို့မှာ နှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တရုတ်အစိုးရက နှစ်ကြိမ် ကမကထပြု စီစဉ်ပေးခဲ့ပါတယ်၊ အဲဒီဆွေးနွေးပွဲတွေကြောင့် မြန်မာအစိုးရနဲ့ KIO/KIA တို့ကြား ယုံကြည်မှု တည်ဆောက် နိုင်ခဲ့သလို၊ တင်းမာမှု ပဋိပက္ခတွေကိုလည်း လျှော့ချနိုင်ခဲ့ပြီး၊ အခြေအနေတွေ တဖြည်းဖြည်း တည်ငြိမ်မှု ရလာ တာနဲ့အတူ၊ လူသားချင်း စာနာရေး အကူအညီတွေလည်း ရောက်ရှိနိုင်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်၊ ရှေ့အနာဂတ်မှာလည်း တရုတ်ပြည်အနေနဲ့ မြန်မာအစိုးရက တောင်းဆိုလာရင် ဆက်လက်ကူညီသွားမှာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ဆွေးနွေးပွဲ သဘောတူညီချက်အရ နောက်တစ်ကြိမ် ဆွေးနွေးပွဲ မကျင်းပဖြစ်တဲ့ အဓိကအကြောင်းက ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ်မှာ ပြဿနာရှိနေလို့ ပဲဖြစ်ပါတယ်၊ မြန်မာ ငြိမ်းချမ်းရေး စင်တာနဲ့ တခြား သတင်းရင်းမြစ်တွေအရ သင်္ကြန်ပြီးရင် ဆွေးနွေးပွဲတွေ ပြန်စနိုင်တယ်လို့ သိရပါတယ်လို့ ရန်ကုန်မြို့ တရုတ်သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Credit : Here

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း မှ မွန်/ ကရင်ငြိမ်းချမ်းရေး အဖွဲ့များအား ဆန်အိတ် ၃၈၀၀ ထောက်ပံ့ ပေးအပ်

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ဖက်တန်း ရပ်ကွက် ၊ ပြည်နယ် ခန်းမရှေ့၌ ဧပြီလ ၆ ရက်နေ့ နံနက် ၈ နာရီ အချိန်က ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်း မှ မွန် / ကရင် ငြိမ်းချမ်းရေး အဖွဲ့များအား ဆန်အိတ် ၃၈၀၀ အိတ် ထောက် ပံ့ ပေးအပ်ပွဲ ပြုလုပ်ရာ မွန်ပြည်နယ် အစိုးရ၀င် လုံခြုံရေး နှင့် နယ်စပ် ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် ၊ နီပွန် ဖောင်ဒေးရှင်းမှ တာဝန်ရှိ ပုဂ္ဂိုလ် များ ၊ မွန်ပြည်သစ် ပါတီမှ နိုင်မင်းသီဟ ( ရာမည ငြိမ်းချမ်းရေး ဖောင်ဒေးရှင်း ) ၊ ကရင် ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် စောကျော်ကျော်ထက် နှင့် အဖွဲ့ဝင်များ ၊ မွန်ဌာနေ ပြည်သူ့စစ် အဖွဲ့ ခေါင်းဆောင် နိုင်အိုင်ချင်း နှင့် အဖွဲ့ဝင်များ ၊ မွန် ငြိမ်းချမ်း ကာကွယ်ရေး အဖွဲ့ ခေါင်းဆောင် နိုင်ရှောင် နှင့် အဖွဲ့ဝင်များ ၊ ကရင် လက်နက်နှင့် ငြိမ်းချမ်းရေး အထူးဒေသ အဖွဲ့ ခေါင်းဆောင် စောအယ်စေး နှင့် အဖွဲ့ဝင်များ ၊ စောလှသန်း နှင့် အဖွဲ့ဝင်များ စုစုပေါင်း ၃၀ ကျော် တက်ရောက် ကြကြောင်း သိရှိရသည်။

သင်္ကြန်မဏ္ဍပ်များ လုံခြုံရေး နှစ်ဆတိုးမြှင့် ငှားရမ်းမည်


ယခုနှစ်ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပနိုင်ရန် လုံခြုံရေး အင်အားကို နှစ်ဆနီး ပါး တိုးချဲ့ ငှားရမ်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မဏ္ဍပ်ဆောက် လုပ်သူ များထံမှ သတင်း ရရှိသည်။

ယခုနှစ်တွင် ရန်ကုန်သင်္ကြန် ပိုမိုစည်ကားစွာ ကျင်းပနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်နေကြောင်း ကြေညာပြီးနောက်ပိုင်းတွင် ဆက်တိုက် .ဖြစ်ပေါ်ခဲ့သော နိုင်ငံတစ်ဝန်း ဆူပူအကြမ်းဖက်မှု များကြောင့် သင်္ကြန်ကာ လ ရေကစားမည့်သူအချို့နှင့် အုပ်ထိန်းသူ လူကြီးမိဘများက လုံခြုံရေး အခြေ အနေ ကို စိုးရိမ်နေကြသည်။ ယင်းကဲ့သို့ စိုးရိမ်မှုများထွက်ပေါ်နေခြင်းအပေါ် တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် မဏ္ဍပ်ဆောက်လုပ်သူများက ပြောကြားလိုက်ခြင်းဖြစ်သည်။


ရန်ကုန်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၆၀၀၀ ကျော်ရှိသည့်အနက် ပုံမှန်အခြေ အနေ တွင် တပ်ဖွဲ့အင်အား ၂၀၀၀ ဖြင့် အဆင်ပြေသော်လည်း လက်ရှိ အနေ အထားအရ အင်အား ၄၀၀၀ နီးပါး တိုးချဲ့ချထားပြီး နေ့ ည၊ ကင်းလှည့် စစ်ဆေးတာဝန်ယူ နေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေး က ပြောသည်။

“သင်္ကြန်တွင်းမှာလက်ရှိ ရဲတပ်ဖွဲ့ အင်အားရဲ့ထက်ဝက်ကျော် ၄၀၀၀ လောက်နဲ့ သင်္ကြန်ပွဲတော်ကို လုံခြုံရေးယူသွားမှာ ဖြစ်ပါတယ်။ သင်္ကြန်ကာလလည်း နီးတယ်။ လက်ရှိလည်း အရေးပေါ်ကာလ သတ်မှတ် တဲ့အတွက် လုံခြုံရေးကို အခုတည်းက နေ့ညဖိဖိ စီးစီးနဲ့ ဆောင်ရွက်နေ ပါတယ်” ဟု ၎င်းက ပြောသည်။ ထို့ပြင် ယခုနှစ်သင်္ကြန် မဏ္ဍပ်ကြီးဆောက် လုပ် သူများမှာ မိမိတို့ မဏ္ဍပ်တွင် လာရောက်ရေကစားသူများ လုံခြုံစိတ်ချ ရစေရန် ကိုယ်ပိုင်အစီအစဉ်ဖြင့် လုံခြုံရေးဝန်ထမ်းအယောက် ငါးဆယ်ကျော် ငှားရမ်းအသုံးပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့မဏ္ဍပ်မှာ လုံခြုံရေးအင်အားကို အမျိုးသမီး အမျိုးသား အင်အား ၅၀ ကျော် ငှားရမ်း ထားပါတယ်။ မဏ္ဍပ် စဆောက်ပြီဆိုတာနဲ့ နယ်မြေခံ ရဲတပ်ဖွဲ့တွေကိုလည်း အကူအညီတောင်းမှာပါ။ နယ်မြေခံ ရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားမှုအတိုင်း လုံခြုံရေးကို အထူးဂရုစိုက်မှာပါ” ဟု The Captain မဏ္ဍပ်မှ တာဝန်ခံတစ်ဦးက ပြောသည်။

ကမ္ဘာအေးဘုရားလမ်း၊ ဆီဒိုးနားဟိုတယ်အနီးတွင် တည် ဆောက်မည့် မဏ္ဍပ်မှ တာဝန်ခံတစ်ဦးကလည်း လုံခြုံရေးအင်အားကို ၅၅ ဦး ငှား ရမ်း အသုံးပြုမည်ဖြစ်ပြီး စီစီတီဗီ ကင်မရာများလည်း တပ်ဆင်ထား မည်ဖြစ်ရာ လုံခြုံရေးအတွက် စိုး ရိမ်စရာမရှိကြောင်း ပြောသည်။ “နှစ်တိုင်း သင်္ကြန် မဏ္ဍပ်တွေမှာ လုံခြုံရေးအင်အား ဒီလောက်များ များငှားတာတော့ မကြား မိသေးဘူး။ ဒီနှစ်မှ တိုးငှားတာ”ဟု အဆိုပါမဏ္ဍပ်တွင်ဖျော်ဖြေရေး တာ ၀န်ယူထားသူ ရန်ရန်ချန်းက ပြောသည်။

“ကျွန်တော်တို့ တာဝန်က ပရိသတ်ကိုဖျော်ဖြေဖို့။ ဘာတွေပဲ ဖြစ်လာဖြစ်လာ ပရိသတ်နဲ့အတူ ရင်ဆိုင်ရ မှာပေါ့။ ဒီနှစ်ရန်ကုန်ကို စည်အောင် လုပ်မယ် ဆိုတော့ ကျွန်တော်တို့လည်း ၀ိုင်းဝန်းရမှာ ပဲ” ဟု Snare အဖွဲ့မှ ဖြိုးလေး က ပြောသည်။ လုံခြုံရေး အခြေအနေကို အထူးဂရုစိုက် လုပ်ဆောင်သော် လည်း ပြည် တွင်းလုံခြုံရေး ၀န်ဆောင်မှုကုမ္ပဏီများမှာ ၀န်ထမ်း အင်အား မလုံလောက် .ခြင်းကြောင့် မဏ္ဍပ်များတွင် တပ်ဆင်ထားမည့် စီစီတီဗီကင်မရာ ၀န်ဆောင်မှု ကို ပိုမိုပြုလုပ်ပေးနေရကြောင်း လုံခြုံ ရေးဝန်ဆောင်မှု ကုမ္ပဏီများက ပြောသည်။

“ဒီနှစ်မှာ လုံခြုံရေး အင်အားကို လူအင်အားထက် စီစီတီဗီကို ပိုလုပ်ပေးဖြစ် ပါတယ်။ လူအင်အားတိုး ငှားတာကို ငှားသလောက် လူမပေးနိုင်တာ မျိုး ဖြစ် နေတယ်” ဟု Winning လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာဒေါ်စုစုလှိုင်က ပြောသည်။ နှစ်စဉ်နှစ်တိုင်း ရေကစား မဏ္ဍပ်များ၏ လုံခြုံရေးနှင့် မှုခင်းများ မဖြစ်ပွားရန် ကြိုတင်ကာ ကွယ်နိုင်ရန် အကူတပ်ခွဲများ၊ အထူးတပ်ဖွဲ့များဖြင့် လုပ်ကိုင်နေပြီးရုန်းရင်းဆန်ခတ်မှုများ၊ အဓိကရုဏ်းများဖြစ်ပွားလာ ပါက ရဲမှူးများဦးစီးသည့် အကူတပ်ခွဲ များ အသင့်ပြင်ဆင်ထားကြောင်း ရဲမှူးမြင့်ထွေး က ပြောသည်။

“အင်အား ငါးဆယ်ပါ တပ်ခွဲတွေကို တိုင်းအလိုက်၊ ခရိုင်အလိုက်ဖွဲ့ထား ပါတယ်။ အဓိကရုဏ်းအပါအ၀င် တစ်ခုခုဆိုတာနဲ့ အချိန်မရွေး ချက်ချင်းရောက်လာ မှာပါ”ဟု ၎င်းကပြောသည်။

Credit : Here

နိုင်ငံခြားကိုမှအထင်ကြီးပြီး အလုပ်သွားလုပ်လိုသူများသိစေရန်

စင်္ကာပူမှာ မြန်မာအိမ်ဖေါ်တွေ ထွက်ပြေးနှုန်း မြင့်တက်လာ

ဧပြီလ ၈ ရက် ၂၀၁၃


စင်္ကာပူနိုင်ငံမှာ အိမ်ဖော်အဖြစ် လုပ်ကိုင်နေကြတဲ့ မြန်မာ မိန်းကလေးတွေ ဟာ ကာလကြာရှည် လုပ်ခလစာ မရတာကြောင့် အလုပ်က ထွက်ပြေး သူတွေ များပြားလာနေတယ်လို့ စင်္ကာပူ The Straits Times သတင်းက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်ဝါရီလ ကတည်း က အိမ်ရှင်တွေဆီ ကနေ ထွက်ပြေးခဲ့သူ မြန်မာအိမ်ဖော်အမျိုးသမီး (၃၂) ဦး ရှိနေ ကြောင်း၊ ၂၀၁၂ ခုနှစ် တစ်နှစ်လုံးမှာ ထွက်ပြေးသူ (၆၄) ယောက်ရှိခဲ့တာကြောင့် ဒီနှစ်မှာ ထွက်ပြေးသူ အရေ အတွက် ပိုများလာဖွယ်ရှိကြောင်း သတင်းက ဆိုပါတယ်။


မြန်မာအိမ်ဖော်အမျိုးသမီးတွေရဲ့ တစ်လလုပ်ခ လစာဟာ စင်္ကာပူ ဒေါ်လာ (၄၀၀ - ၄၂၀) အထိ သာ ရကြပြီး အလုပ် ရှာဖွေပေးတဲ့ ကုမ္ပဏီကို ပြန်ဆပ် ဖို့က စင်္ကာပူ ဒေါ်လာ (၃၂၀၀) ကနေ (၃၃၆၀) အထိ ရှိတာကြောင့် တစ်လ စင်္ကာပူ ဒေါ်လာ (၁၀-၂၀) လောက်သာရကြကြောင်း၊ တချို့ဆိုရင် (၈) လလောက် အထိ လစာမရဘဲ၊ အကြွေးအကျေ ဆပ်ပြီးမှသာ လစာရကြ တယ် လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရက အမျိုးသမီးတွေ ပြည်ပနိုင်ငံတွေမှာ အိမ်ဖော်အဖြစ် လုပ်ကိုင်တာတွေ၊ ဖျော်ဖြေရေး လုပ်ငန်းတွေမှာ လုပ်ကိုင်တာတွေကို တားမြစ်ထားပေမဲ့၊ စင်္ကာပူနိုင်ငံကို အိမ်ဖော်အဖြစ် သွားရောက် လုပ်ကိုင် သူတွေ တနှစ်ထက်တစ်နှစ်ပိုပြီး များလာတယ်လို့ သိရပါတယ်။

အိမ်ဖော်အလုပ်ရှာဖွေပေးသူတစ်ဦးရဲ့ ပြောဆိုချက်အရ စင်္ကာပူမှာ အိမ်ဖော်အဖြစ် လာရောက် လုပ်ကိုင် တဲ့ မြန်မာ အမျိုးသမီး အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်က နှစ်သောင်းလောက်သာ ရှိပေမဲ့၊ ဒီနှစ် ပထမ လေးလ အတွင်း ၂၇,၀၀၀ နီးပါးအထိ ရှိနေပြီလို့ သတင်းမှာ ဖော်ပြထားပါတယ်။

RFA Burmese

Credit : Here

သမိုင်းတကွေ့မှ နိုင်ငံခြားသားများ

သန်းဝင်းလှိုင်
ဧပြီ ၇၊ ၂၀၁၃


● ဂျပန်ဘုန်းတော်ကြီး နာဂါအီစံ

ရဲဘော်သုံးကျိပ်ဟူသည် နယ်ချဲ့ဗြိတိသျှတို့၏ သူ့ကျွန်ဘ၀အောက်တွင် ပြားပြားမှောက်ဝပ်စင်းနေသော မြန်မာတမျိုးသားလုံး လွတ်လပ်ရေးအတွက် အသက်သွေးဖြင့် ရင်း၍ ဆောင်ရွက်ခဲ့ကြသော မျိုးချစ်မြန်မာလူငယ်တစ်စုဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်ဝင်များ ဂျပန်တို့ထံတွင် စစ်ပညာသင်ကြားရေးနှင့် လက်နက်အင်အား ရယူနိုင်ရန် အဓိကနေရာမှ စီမံခဲံ့သူမှာ ဂျပန်ဘုန်းတော်ကြီး နာဂါအီစံဖြစ်သည်။ နာဂါအီစံသည် ဂျပန်ဗုဒ္ဓဘာသာ ဒိုချိရင်းဂိုဏ်းဝင်ဖြစ်သည်။ နာဂါအီစံသည် အင်္ဂလိပ်လက်ထက်ကပင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသူဖြစ်သည်။ ထိုစဉ်က ရွှေတိဂုံစေတီတော်ပေါ်တွင်ကြေးစည်ကလေးတီးတီးပြီး ၀တ်ပြုနေသူဖြစ်ကြောင်း ဆရာပါရဂူက ပြောပြဖူးသည်။ သူနှင့်အတော် ပင် ရင်းနှီးသည်ဟု ဆိုသည်။ အင်္ဂလိပ်လက်ထက်တွင် ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် ဓာတ်ပုံဆရာအဖြစ်ဖြင့် လည်းကောင်း၊ ကုန်သည်အဖြစ်ဖြင့်လည်းကောင်း၊ သတင်းထောက်အဖြစ်ဖြင့်လည်းကောင်း၊ ကမ္ဘာလှည့်ခရီးသည်တစ်ဦး အဖြစ်ဖြင့် လည်းကောင်း၊ ဘုန်းကြီးအဖြစ်ဖြင့်လည်းကောင်း စပိုင်များစေလွှတ်ခဲ့သည်။ ယင်းစပိုင်များထဲတွင် နာဂါအီစံသည် ဘုန်းကြီး စပိုင်ဖြစ်သည်။


နာဂါအီစံကို ၁၉၀၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် ကြာသပတေးနေ့တွင် ဂျပန်နိုင်ငံ ကျိုရိုခရိုင်အာယားဘဲ့ မြို့၏ မြောက်ဘက် ၈ ကီလိုမီတာခန့် ဝေးကွာသော မိုနိုဘဲ့ရွာကလေးတွင် အဖ တောစုတားရော နှင့် အမိ ရှောတောတို တို့မှ ဖွားမြင်သည့် ဒုတိယမြောက် သားဖြစ်သည်။ နာဂါအီစံ၏ ဖခင်မှာ ဆရာဝန်တစ်ဦးဖြစ်ပြီး အသက် ၄၀ အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။

နာဂါအီစံသည် ၁၉၃၁ ခုနှစ်၌ ကျိုတိုမြို့ မြောရှင်းဂျီကျောင်းထိုင်ဘုန်းကြီးသင်ကျောင်းတွင် သင်တန်း တက်ရောက် ခွင့် ရသော်လည်း တစ်ဝက်တစ်ပျက်ဖြင့် ကျောင်းမှထွက်ခဲ့ရလေသည်။

၁၉၃၂ ခုနှစ်တွင် နာဂါအီစံသည် ကျိုတိုမြို့တွင် ၀ါအရင့်ဆုံးဖြစ်သော ဒိုင်းဟွန်းမြောကင်းဂျီ ဘုန်းတော်ကြီးကျောင်း၏ ဂိုဏ်းအုပ် ကာဝအီနိရှင်းဂေးဆရာတော်၏ ထံပါးတွင် ချဉ်းကပ်၍ တရားဒေသနာ များကို ထပ်လောင်းလေ့လာခဲ့ပြန်သည်။

နာဂါအီစံသည် ဆရာတော် ဖူဂျီအီစံ၏ အလယ်အလတ်ကျသော ကျင့်ကြံမှုကို အားကျသည့်အတွက် ဆရာတော်နှင့်အတူ ရှန်ဟိုင်း၊ စင်္ကာပူဒေသများသို့ လှည့်လည်ကာ ၁၉၃၃ ခုနှစ်၌ ပီနံ၊ သီဟိုဠ် (သီရိ လင်္ကာ) စသည့် တိုင်းပြည်များအထိ ခြေဆန့်ခဲ့လေသည်။

၁၉၃၄ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ဆရာတော် ဖူဂျီအိစံထံမှ ‘ကောဂျီအင်နိကျိအောဂျောဂျင်”ဟူသော ဘွဲ့တံဆိပ် ကို ခံယူပြီးနောက် နာဂါအိစံသည် နိချိရင်းဗုဒ္ဓရုပ်ပွားတော်ကို ပင့်ဆောင်လျက် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့လေသည်။

နာဂါအီစံသည် ရန်ကုန်မြို့ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်တွင် ကျောင်သင်္ခမ်းတစ်ခု ဆောက်၍ သီတင်းသုံးသည်။ နာဂါအီစံ၏ ကျောင်းသင်္ခမ်းမှာ ရန်ကုန်တက္ကသိုလ်နှင့် မလှမ်းမကမ်းတွင် ရှိလေသည်။

၁၉၄၁ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ ရောက်သောအခါ နာဂါအီစံသည် ရုတ်တရက် မြန်မာနိုင်ငံ ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၂၆ အရ အဖမ်းခံရပြီး အင်းစိန်ထောင်တွင်း၌ အကျဉ်းကျခံခဲ့ရလေသည်။

နာဂါအီစံလည်း ချက်ချင်းပင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်ထံသို့ မတရားဖမ်းဆီးချုပ်နှောင်မှုကို ကန့်ကွက်စာပေးပို့ခဲ့ပြီး ရက်ပေါင်း ၇၂ ရက်တိုင်တိုင် အစာအငတ်ခံဆန္ဒပြခဲ့သည်။ သို့သော်လည်း နာဂါအီစံ၏ နှာခေါင်းမှ တဆင့် ပိုက်ဖြင့် အစာသွတ်သွင်းခဲ့မှုကြောင့် အသက်မသေဘဲ ရှိခဲ့ရလေသည်။ သို့ဖြင့် နိုဝင်ဘာလ ၉ ရက်နေ့တွင် အင်္ဂလိပ်အစိုးရက နာဂါအီစံအား ပြည်နှင်ဒဏ်ခတ်ခဲ့သောကြောင့် နိကျိအဲဒမာရု သင်္ဘောဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့ရာ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကိုဘိဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ရသည်။

မကြာမီမှာပင် ဒီဇင်ဘာလ ၈ ရက်နေ့၌ ဂျပန်ဗဟိုစစ်ဦးစီးဌာနချုပ်က အာရှတောင်ပိုင်းစစ်မျက်နှာ တပ်မတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီးနေရာဥချိ (Field Marshall Hisaichi Terauchi) အား မြန်မာနိုင်ငံတောင်ပိုင်းရှိ ရန်သူစစ် လေယာဉ်ကွင်းများကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်မိန့်ပေးခဲ့သော ကြောင့် မြန်မာနိုင်ငံအား စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လေ သည်။

ထိုအချိန်အတွင်း စစ်သင်တန်းအမျိုးမျိုးကို ခက်ခဲပင်ပန်းစွာသင်ယူပြီးနောက် မြန်မာနိုင်ငံ ရဲဘော် သုံးကျိပ်ဝင် များသည် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် စောင့်ဆိုင်းကာ မိမိတို့၏ နိုင်ငံသို့ ၀င်ရောက် နိုင်ရေးအတွက် ဂျပန်အစိုးရမှ ချမှတ်လာမည့် အမိန့်ကို ရင်တမမနှင့် စောင့်မျှော်နေခဲ့ကြရပေသည်။ သို့သော်လည်း ထိုအမိန့် ကျမလာမီ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပစိဖိတ်သမုဒ္ဒရာစစ်ပွဲကြီး စတင်ပေါ်ပေါက်လာသောကြောင့် အခြေအနေမှာ တမျိုးတဖုံပြောင်းလဲရ တော့သည်။

မီနာမီကီကန်အဖွဲ့ကြီး၏ မူဝါဒများသည်လည်း အကြီးအကျယ်ပြောင်လဲလာခဲ့တော့သည်။ ထို့နောက် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မီနာမီကီကန် အဖွဲ့ကို တောင်ပိုင်းတပ်မတော်လက်အောက်မှ ဂျပန်အမှတ် ၁၅ တပ်မတော်၏ လက်အောက်သို့ လွှဲပြောင်းယူခဲ့သည်။

ယင်းနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသော မြန်မာမျိုးချစ်လူငယ် ၂၀၀ ကျော်နှင့် ရဲဘော် သုံးကျိပ်ဝင်များကို ဗဟိုပြု၍ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A) ကို ဖွဲ့စည်းခဲ့ ပြီးနောက် ၁၉၄၂ ခုနှစ် ဇန်န၀ါရီလ မြန်မာနိုင်ငံတွင်းသို့ ရေကြောင်း၊ ကြည်းကြောင်းဖြင့် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဘုန်းတော်ကြီးနာဂါအီစံသည် ၁၉၄၂ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ဂျပန်တပ်များနှင့်အတူ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိလာခဲ့ ပြန်သည်။

၁၉၄၂ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်တွင် အမှတ် ၅၅ ဂျပန်တပ်မသည် ယိုးဒယား မြန်မာနယ်စပ်ကို ဖြတ်ကျော်၍ ကော့ကရိတ်မြို့ကို သိမ်းပိုက်ခဲ့သည်။ ယင်းနောက် ၁၉၄၂ မတ်လ ၈ ရက်နေ့တွင် အမှတ် ၂၁၅ ဂျပန်ခြေလျင်တပ်မကြီးနှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်တို့ နံနက် ၁၀း၀၀ နာရီတွင် ရန်ကုန်မြို့သို့ ၀င်ရောက်သိမ်းခဲ့ကြသည်။ ရန်ကုန်မြို့ကို ၀င်ရောက်သိမ်းပိုက်ပြီးနောက် တစ်နေ့၌ပင် အမှတ် ၁၅ ဂျပန်တပ်မတော်၏ စစ်သေနာပတိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရှိုဂျီရိုအီးဒါး (Lieut-Gen. Shajiro Iida) သည် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။

နာဂါအီစံသည် ၁၉၄၁ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံမှ ဗြိတိသျှအစိုးရ၏ ပြည်နှင်ဒဏ်ခံခဲ့ရပြီးနောက် “မြန်မာ့ ငရဲခန်း မှတ်တမ်း” အမည်ပေးထားသော စာအုပ်တစ်အုပ်ကို ရေးသားခဲ့လေသည်။ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ဝေခဲ့သောကြောင့် နာဂါအီစံ ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ ပြန်သွားသည့် ၁၉၄၂ ခုနှစ် ဇန်န၀ါရီလ အလယ်ပိုင်းအကြား တိုတောင်းလှသော ၂လတာကာလ အချိန်အတွင်း ရေးသားခဲ့ခြင်းဖြစ်သည်။ ဤစာအုပ်မှာ နာမည်ပေး ထားသည့်အတိုင်း အင်းစိန်ထောင် တွင်း၌ ၇၂ ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့သည့် ငရဲတမျှ အတွေ့အကြုံများကို အခြေခံ၍ မှတ်တမ်းတင် ထားခြင်းဖြစ်သည်။

ဤစာအုပ်ကို ဖတ်ကြည့်ခြင်းအားဖြင့် နာဂါအီစံသည် ရန်ကုန်မြို့မှ လားရှိုးမြို့အထိ မိုင်ပေါင်း ၆၇၀ ခန့်ကို ကုန်းကြောင်းလမ်းလျှောက်ရင်း မှတ်တမ်းတင်ခဲ့ရရှာပေသည်။

ဘုန်းတော်ကြီး နာဂါအီစံနှင့် ပတ်သက်၍ “အောတခုဆိုးအိကျိ” ရေးသားသော ‘စီးဆင်းနေသော မီးတောက်များ’ စာအုပ်ထဲတွင် -

“မြန်မာနိုင်ငံ၌ စစ်ကြီးမဖြစ်ပွားမီ နှစ်အတော်များများကပင် ဂျပန်နိုင်ငံ ဆန်းမြောဟောဂျီဘုရားကျောင်းမှ နာဂါအီစံ သည် ယပ်တောင်နှင့် စည်ကလေးတစ်လုံးကို တီးခတ်ကာ တစ်အိမ်တက်တစ်အိမ်ဆင်း ၀င်ထွက်သွားလာနေခဲ့ပေသည်။ တစ်ဖက်မှလည်း ကုန်သည်ယောင်၊ သတင်းထောက်ယောင် ဆောင်ထားကြသော ဂျပန်သူလျှိုများကို သတင်းစုဆောင်း၍ အကူအညီများစွာ ပေးခဲ့ပေသည်။ ယခုအခါ မြန်မာအမျိုးသားခေါင်းဆောင်ဖြစ်လာသော ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ရဲဘော်သုံးကျိပ်ဝင်များအား ဂျပန်နိုင်ငံသို့ တိတ်တဆိတ်ပို့ဆောင်၍ စစ်ပညာသင်ကြားနိုင်ရန် စီမံပေးခဲ့သူမှာလည်း နာဂါအီစံပင် ဖြစ်ပေသည်” ဟူ၍ ရေးသားထားမှုကြောင့် သူသည် စပိုင်တစ်ဦးဖြစ်ကြောင်း အတိအကျ ပြောနိုင်ပေသည။်

ထို့အပြင် စစ်အတွင်း ဂျပန်ရုပ်သေးအစိုးရတွင် အဓိပတိတာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာဘမော် ရေးသားခဲ့ သည့် ‘ရုန်းထွက်ခဲ့ရသော မြန်မာနိုင်ငံ’ (Breakthrough in Burma) စာအုပ်ထဲတွင် နာဂါအီစံနှင့်ပတ်သက်၍-

“နာဂါအီစံသည် ဘုန်းတော်ကြီးဟန်ဆောင်လျက် ဂျပန်ထောက်လှမ်းရေးအဖွဲ့ကြီးနှင့် အတွင်းကျကျ ဆက်သွယ် နေသည်။ ရန်ကုန်တွင် သူ့ကို ခပ်ကြောင်ကြောင်ပုဂ္ဂိုလ်တစ်ဦးအဖြစ် နားလည်ထားကြသည်။ သို့သော်လည်း သူသည် လူသိများသည်။ ရန်ကုန်မြို့ရှိ ဘုရားပေါင်းစုံသို့ လှည့်လည်သွားလာနေပြီး သူ့ထံ ၀ိုင်းအုံလာသော လူအများကို ရွတ်ဖတ်သရဇ္ဈာယ်ရင်း ထူးထူးဆန်းဆန်း ခေါင်းလောင်းကလေးတစ်ခုကို တီးပြတတ်သည်။

သို့တိုင် ထိုသူကား ဂျပန်ထောက်လှမ်းရေးတစ်ဦးဖြစ်ပြီး ဒေါက်တာသိမ်းမောင်နှင့် ရင်းနှီးသူလည်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ဇာတ်လမ်းတွင် နာဂါအီစံပါဝင်သည့်အခန်းမှာ သေးငယ်၍ လျှပ်တပြက်သာ ပါဝင်ခဲ့သော် လည်း နောက်ပိုင်း ဇာတ်အချိတ်အဆက်များအတွက် သူသည် အဓိကနေရာမှ ပါဝင်ခဲ့သည်။ သူ့အနေနှင့် ရဟန်တပါးဖြစ်သည့်အလျောက် မြန်မာအိမ်များတွင် ဆွမ်းခံနိုင်သည့်အတွက် မည်သူမျှ သူ့ကို သံသယမရှိကြပေ။ ထိုနည်းဖြင့် ဒေါက်တာသိန်းမောင်နှင့် ကာနယ် စူဆူကီးတို့အကြားတွင် ဆက်သွယ် ပေးခဲ့သည်။” ဟူ၍ ရေးသားဖော်ပြထားလေသည်။

အင်္ဂလန်ပြည်ရှိ အိန္ဒိယပိုင်းဆိုင်ရာ စာကြည့်တိုက်မှတ်တမ်းထဲ၌လည်း မြန်မာနိုင်ငံရှိ ‘ဂျပန်လှုပ်ရှားမှု မှတ်တမ်း’

(၁၉၃၇-၁၉၄၀) ဟူသော အပိုင်းတွင် နာဂါအီစံသည် စပိုင်လုပ်ငန်းများကို တက်ကြွစွာ လှုပ်ရှားနေခဲ့သည်ဟု ဖော်ပြထားသည်။

ထို့နောက် ဘုန်းတော်ကြီး နာဂါအီစံသည် ၁၉၄၅ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် နေထိုင်၍ ဂျပန်စစ်တပ် မြန်မာနိုင်ငံမှ ဆုတ်ခွာသည့်နောက်ဆုံးစစ်ကြောင်းနှင့်အတူ မြန်မာ-ထိုင်းနယ်စပ်ကို ဖြတ်ကျော်ကာ ဂျပန်နိုင်ငံသို့ ဘန်ကောက်မြို့မှတဆင့် ပြန်လည်ထွက်သွားသည်။

သို့ကလို နောင်တွင် ရဲဘော်သုံးကျိပ်ဝင်များဖြစ်လာမည့် မြန်မာ့မျိုးချစ်လူငယ်များအား ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ကြားရန် အဓိကနေရာမှ ပါဝင်စီမံပေးခဲ့သော နာဂါအီစံသည် အသက် ၆၇ နှစ် အရွယ် ၁၉၇၄ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ကျိုတိုမြို့၌ ကွယ်လွန်အနိစ္စရောက်သွားခဲ့လေသည်။

Credit : Here

လျော်ကြေးငွေပေးသော်လည်း လောဘကြီးသည့် မ၀င်းဝင်းဌေးမှ လက်ပံတောင်းအရေး ဆက်လက်ဆန္ဒ ထုတ်ဖော်မည်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စကို ခွင့်ပြုချက် ယူပြီးဆန္ဒပြသော်လည်း မည်သို့မျှ ဆောင် ရွက်မပေးသေး သဖြင့် ဆက်လက်ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ဆည်တည်းကျေး ရွာနေ မ၀င်းဝင်းဌေး က မဇ္ဈိမကိုပြောသည်။

မ၀င်းဝင်းဌေးက “ ကျွန်မတို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ခွင့်ပြုချက် ယူပြီးဆန္ဒပြခဲ့တာ အခုနဲ့ ဆိုရင် (၆)ကြိမ်ရှိပါပြီ။ ဆန္ဒပြတာကို ဘာမှဆောင်ရွက် မပေးတဲ့အတွက် ခုချိန်အထိ ဆန္ဒဖော်ထုတ် ရခြင်း ဖြစ်ပါတယ် ” ဟုဆိုသည်။


သက်ဆိုင်ရာ အာဏာပိုင်တွေ ဘက်မှ ယခုချိန်ထိ လာရောက်ဖြေရှင်းပေးခြင်း မရှိသေးသည့်အတွက် ဥပဒေဘောင်အတွင်း၌ နေ၍ ဆန္ဒပြခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။

ဧပြီလ ၅ရက်နေ့ နေ့လည် (၁)နာရီမှ စ၍ ညနေ(၄)နာရီအထိ လက်ပံတောင်းဒေသ၊ တုံရွာအရှေ့မှ စ၍ ညောင်ပင်ကြီး ဆိပ်ကမ်းအထိ ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး အတွက် ဒေသခံ အင်အား (၅၀၀) ခန့်မှ “ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ ပုဒ်မ (၁၄၄) ရုတ်သိမ်းပေးရေး၊ မီးလောင်ဗုံး တရားခံများကို အရေးယူပေးရေး၊ တိုင်းပြည်ကို လက်ညှိုးထိုး ရောင်းစားနေသော ဦးပိုင်ကုမ္ပဏီ အလိုမရှိ၊ မြန်မာလူမျိုးတွေကို ကျွန်ဇာတ်သွင်းနေတဲ့ မြန်မာ ၀မ်ပေါင် ကုမ္ပဏီ အလိုမရှိ ” စသည့် တောင်းဆိုချက် များ၊ ကြွေးကြော်သံများဖြင့် ဆန္ဒ ဖော်ထုတ် ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆန္ဒထုတ်ဖော်ခွင့်၊ ခွင့်ပြုချက်ကို စစ်ကိုင်းတိုင်း ဒေသကြီး ၊ ဆားလင်းကြီးမြို့နယ် ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပေးခဲ့ကြောင်း တုံရွာဒေသခံ ကိုအောင်သန်းမျိုးက မဇ္ဈိမကို ပြောသည်။

တုံရွာဒေသခံ ကိုအောင်သန်းမျိုးက “ဆည်တည်း ကျေးရွာ၊ တုံရွာသစ်၊ အလယ်ရွာ၊ တောကျောင်း ၊မိုးကြိုးပြင်(တောင်၊မြောက်၊အလယ်)ရွာ တို့ပါဝင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။တုံရွာသစ်မှ ညောင်ပင်ကြီး ဆိပ်ကမ်း ကုန်းထိပ် အထိ လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။တရားဝင် ဆန္ဒပြတာဆိုတော့ လူ(၅၀၀) ထက် မပိုရဘူးလို့ပြောပါတယ်။”ဟု မဇ္ဈိမကို ပြောသည်။

ဆန္ဒထုတ်ဖော်ခြင်းကို ဆည်တည်းကျေးရွာမှ ဦးဆောင် ခဲ့ခြင်း ဖြစ်ပြီး ရွာခုနှစ်ရွာ စုပေါင်း ဆန္ဒပြခဲ့ကြ ကြောင်းနှင့် လျော်ကြေးငွေ ကိစ္စမှာ လူကြားကောင်းရုံသာ ဖော်ပြနေကြကြောင်း ဆည်တည်းကျေးရွာ ဒေသခံမအေးက ဆိုသည်။

၎င်းက “အမေစုကလည်း ကျမတို့ကို တရားဝင် စာတင်ပြီးမှ ဆန္ဒပြတာလုပ်ဖို့ပြောထားတဲ့အတွက် ကော်မရှင် စည်းကမ်းချက် အတိုင်း ခွင့်ပြုချက် ယူပြီး ဆန္ဒပြတာပါ။” ဟုပြောသည်။

ဧပြီလ(၅)ရက် သောကြာနေ့မှစ၍ ၊ ဧပြီ(၆)ရက်စနေနေ့ထိ (၂)ရက်ဆက်တိုက် ဆန္ဒပြမည် ဖြစ်ကြောင်း တုံရွာသစ် ဒေသခံ ကိုအောင်သန်းမျိုး ပြောဆိုချက်အရ သိရသည်။

ဧပြီလ(၅)ရက် မနက်(၁၀)နာရီ ခန့်က မိုးကြိုးပြင် အလယ်ရွာသို့ ဝမ်ပေါင် ကုမ္ပဏီမှ ကား(၂)စီး ရောက်လာပြီး မိုးကြိုးပြင် (တောင်၊မြောက်၊အလယ်)ရွာမှ ရွာသူရွာသားများ အား မြေယာ ဟောပြောပွဲ လုပ်မည်ဟု ဆိုကာ ကျေးရွာ ကျန်းမာရေးရုံး၌ လူစုခိုင်းကြောင်း သို့သော် ဝမ်ပေါင် ကုမ္ပဏီမှ ဝန်ထမ်းများက မြေယာ လျော်ကြေးငွေ လက်ခံရန်သာ ပြောဆိုခဲ့ပြီး သဘာဝပတ်ဝန်းကျင် ပြန်လည် ထိန်းသိမ်းရေး ဆောင်ရွက်မည်ဟု မပြောသဖြင့် ဒေသခံများက ကန့်ကွက်ခဲ့သည်ဟု ဒေသခံတဦး ဖြစ်သူ ကိုတင်မျိုးက ရှင်းပြသည်။

၎င်းက “သူတို့က လူစုခိုင်းပြီး ဟောပြောမယ် ဆိုပေမယ့် တကယ်တမ်း ဒီလိုမဟုတ်ဘူး။ တရုတ်ဘက်က လူတွေက သူတို့ဘက်ပဲ ဆွဲပြောနေတော့ လူတွေက စိတ်မရှည် တော့ဘူး ဝိုင်းပြီး ကန့်ကွက်ကြတယ်။ ကျနော်တို့က ဘယ်နည်းနဲ့မှ တောင်ကြီး ပျက်စီးမှာကို မလိုချင်ပါဘူး ငွေက ရှာလို့ ရပေမယ့် ပျက်စီးသွားတဲ့ သဘာဝ သယံဇာတတွေက လိုက်ဝယ်လို့ မရဘူး”ဟု ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို ၂၀၁၃ခုနှစ်၊ မတ်လ(၁၁) ရက်တွင် နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့ပြီး ယင်းနေ့တွင်ပင် အစီရင်ခံစာကို အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကော်မတီကို အဖွဲ့ဝင် (၁၅) ဦးဖြင့် နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မတီသည် မတ်လ(၁၅) ရက်တွင်စတင် ကွင်းဆင်း စစ်ဆေးခဲ့ပြီး နောက်တစ်ရက်တွင် လျော်ကြေးငွေများကို စတင် ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများ၏ ကြေညာချက်အရ သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသနှင့် မလွတ်သော ကျေးရွာပေါင်း(၂၀) ကျော်ရှိ စိုက်ပျိုးမြေ ဧက (၁၄၀၀)ကျော်မှ တောင်သူ( ၅၃၆) ဦးအားမြေလျော်ကြေး ငွေကျပ်သိန်းပေါင်း (၁၅၇၀၀) ခန့်ကို မတ်လ (၁၆) ရက်မှ မတ်လ( ၃၁) ရက်အတွင်း ပေးအပ်ခဲ့ပြီး၊ လျော်ကြေးငွေများကို တစ်ဧကလျှင် ကျပ်(၁၀) သိန်းမှ(၁၅) သိန်းအထိ အမျိုးအစား သုံးမျိုးခွဲ ၍ ပေးအပ် ခဲ့ကြောင်းနိုင်ငံ ပိုင်မီဒီယာများ၏ ကြေညာချက်အရ သိရသည်။

From: မဇ္ဈိမ Credit : Here

ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီ China Mobile နှင့် Vodafone ကုမ္ပဏီတို့ ပူးပေါင်းပြီး မြန်မာ့ဆက်သွယ်ရေးမှ တင်ဒါခေါ်ယူထားမှုကို အခြားနိုင်ငံတကာ ထိပ်တန်းကုမ္ပဏီများနှင့်အတူ ၀င်ရောက်ယှဉ်ပြိုင်

နယူးဇီလန်နိုင်ငံရှိ Vodafone အဆောက်အအုံကို တွေ့ရစဉ်
(photo: www.commons.wikimedia.org)

မန်ယူအသင်းအား စပွန်ဆာပေးခဲ့ဖူးသည့် Vodafone ကုမ္ပဏီ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍသို့ ၀င်ရောက်ယှဉ်ပြိုင် လုပ်ကိုင်ရန် စီစဉ်ထားကြောင်း နိုင်ငံတကာ သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြချက် အရ သိရသည်။


ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် တရုတ်နိုင်ငံမှ China Mobile လီမိတက်နှင့် ပူးပေါင်းကာ Vodafone Group မှ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍသို့ ၀င်ရောက်ယှဉ်ပြိုင် လုပ်ကိုင်မည်ဖြစ်ပြီး ထိုသို့လုပ် ကိုင် ရန် အတွက်လည်း လျှောက်ထားပြီး ဖြစ်သည်ဟု သိရသည်။

မြန်မာ့ဆက်သွယ်ရေး အနေဖြင့် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ သူများကို ဖိတ်ခေါ်ထားပြီး Vodafone အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် Operators လုပ်ငန်းအတွက် လည်းကောင်း၊ ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်သည့်လုပ်ငန်း အပါအ၀င် ဆက်သွယ်ရေး လုပ်ငန်းစုံတွင် မြှုပ်နှံလုပ်ကိုင်ရန် လျှောက် ထား ခြင်း ဖြစ်သည်။

Vodafone သည် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍသို့ ၀င်ရောက်ရန် အတွက် အမေရိကန် ရင်းနှီးမြှုပ်နှံသူ ဂျော့ရှ်ဆိုးရော့ ပိုင်ဆိုင်သည့် Quantan Strategic Partners၊ ဂျမေကာနိုင်ငံမှ Digicel ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ FMI ကုမ္ပဏီတို့ ဖက်စပ်တည်ထောင်ထားသည့် ကုမ္ပဏီဖြင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံ၏ ထိပ်တန်းဆက်သွယ်ရေး ကုမ္ပဏီ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နော်ဝေနိုင်ငံများမှ ဆက်သွယ်ရေး ကုမ္ပဏီများစွာဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း သုံးစွဲနိုင်မှုမှာ နိုင်ငံ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းပင် မရှိကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် နိုင်ငံ့လူဦးရေ၏ ၇၅ မှ ၈၀ ရာခိုင်နှုန်းအထိ သုံးစွဲမှုနှုန်း မြင့်လာရန် လုပ်ဆောင်မည့် ဈေးကွက်အပေါ် သုံး သပ်ကာ နိုင်ငံတကာမှ ကုမ္ပဏီကြီးများ ၀င်ရောက်ယှဉ်ပြိုင် ကြခြင်းလည်း ဖြစ်သည်

Credit : Here

လား . . . ပေါင်းများစွာနှင့် ကျပ် ၁၅၀၀ တန်ဖုန်း


ကမ္ဘာ့ပေါ်တွင် ပထမဆုံး မိုဘိုင်းလ်ဖုန်း စတင်တီထွင်ခဲ့သည့် ၁၉၇၃ခုနှစ်ဧပြီလ ၃ရက်နေ့မှ နှစ်ပေါင်း၄၀ တိတိ ပြည့်ချိန်တွင် မြန်မာနိုင်ငံတွင် ကျပ်၁၅၀၀ နှုန်းဖြင့် မိုဘိုင်းလ်ဖုန်းများကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်ကြေညာ လိုက်ပြီး နောက်ပိုင်း ၁၅၀၀တန်ဖုန်းနှင့် ပတ်သက်သည့် မေးခွန်းပေါင်းများစွာ ပြည်သူလူထု အကြား ထွက်ပေါ်လာသည်။

G လား . . . C လား . . .
........................

မူလက GSM ဖုန်းများသာ ရောင်းချထား ပေးမည် ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းကြောင့် လူအများစုက GSM သာ ချထားပေးမည်ဟု ထင်ကြသည်။


သို့သော် မြန်မာ့ဆက်သွယ်ရေးက ရောင်းချထားပေးမည့် မိုဘိုင်းလ်ဖုန်းများတွင် GSM 3G အမျိုးအစားဖြစ်သော WCDMA 3G ရော၊ CDMA 800 MHz ရော ပါဝင်မည်ဖြစ် သော်လည်း CDMA 800 MHz ကိုသာ ဦးစားပေးရောင်းချထား မည်ဖြစ်ပြီး WCDMA 3G များကို CDMA 800 ကွန်ရက် မရှိသည့် နေရာများတွင်သာ ရောင်းချထားပေးမည် ဖြစ်သည်။

WCDMA 3G ကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ် ဒေသ အချို့ကို ဦးစားပေးကာ အလုံအလောက် ရောင်းချသွားရန် စီစဉ်ထားပြီး အဆိုပါ လိုင်းကတ်များကို တစ်နိုင်ငံလုံးကို သယ်ယူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။

အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တစ်လလျှင် CDMA 800 MHz လိုင်းကတ် သုံးသိန်းငါးသောင်း ရောင်းချသွား မည်ဖြစ်ပြီး ယင်းလိုင်းကတ်များမှာ CDMA 450 MHz ကွန်ရက်တွင် ဝင်ရောက်အသုံးပြု နိုင်မည်မဟုတ်ကြောင်း ၄င်းက ရှင်းပြသည်။

"GSM တွေကလည်း နောက်နှစ်လ လောက်ဆို လိုသလောက် ရောင်းနိုင်ဖို့ ပြင်ထားပါတယ်။ သိပ် မကြာပါဘူး လာပါလိမ့်မယ်"ဟု ၄င်းကဖြည့်စွက် ပြောကြားသည်။

ကန့်သတ်ချက်အနေနှင့် ဖုန်းကတ် ဝယ်ယူပြီး ၁၅ရက်အတွင်း ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ် ထည့်သွင်း အသုံးပြုရမည် ဖြစ်ပြီး တစ်လလျှင် ၂၅၀၀ ကျပ်ဖိုး အသုံးပြုရမည် ဖြစ်ကြောင်း၊ နှစ်လ ပြည့်ချိန်တွင် စတင်ဖြည့်ထားသည့် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်မှ အသုံးမပြုဖြစ်ဘဲ ကျန်ငွေများ ရှိနေသေးပါက ဖြတ်တောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး ၏ ကြေညာချက်တွင် ပါရှိသည်။

လိုင်းကျပ်မှာလား
...................

"ဖုန်းစရောင်းချိန်မှာ မြို့ကြီးတွေမှာ လိုင်းကျပ်မှု ပြဿနာတွေ ကြုံတွေ့မယ် ထင်တယ်။ နောက်ပိုင်းမှာ အဆင်ပြေသွားနိုင် တယ်"ဟု အိုင်တီပညာရှင် ဦးရဲမြတ်သူက ပြောကြားသည်။ ဖုန်းခေါ်ဆိုရာတွင် ကြည်လင်ပြတ်သားမှု မရှိခြင်း၊ ဖုန်းလိုင်းမကြာခဏကျခြင်း၊ အခန်းအတွင်းမှ အလွယ်တကူပြော၍ မရဘဲ အများအားဖြင့် အိမ်ပြင်ထွက် ပြောရခြင်း၊ မြို့တွင်းတွင် ရှိနေသော်လည်း ဆက်သွယ်မှု ဧရိယာ ရောက်နေသဖြင့် ခေါ်ဆိုမရကြောင်းသာ ဖြေကြားနေခြင်း စသည့် ဝန်ဆောင်မှုပိုင်း အားနည်းချက် များကြောင့် ဖုန်းလိုင်းအသစ် ထပ်တိုးတိုင်း ပြည်သူလူထုမှာ လိုင်းကျပ်ပြီး ခေါ်ဆိုမရ ဖြစ်မည်ကို စိုးရိမ် သောက ဖြစ်လေ့ရှိသည်။

ယခုလည်း GSM ထက် CDMA က လိုင်းပိုမိသည်ဆိုသဖြင့် CDMA ဝယ်ထား ကြသူများမှာ CDMA လိုင်းများထပ်မံချ ထားပေးမည်ဆို၍ လိုင်းကျပ်ပြီး အလုပ် မဖြစ်မည်ကို စိုးရိမ်နေကြသည်။ "လိုင်းကတော့ CDMA နဲ့ GSM နဲ့က မတူဘူးလေ။ CDMA တာဝါတိုင် တစ်ခုဆိုရင် သူ့ရဲ့ ကွန်ရက်လွှမ်းခြုံနိုင်မှုက GSM ထက်ပိုကျယ်တယ်။ အဲ့ဒီတော့ လူနေ ပြန့်တဲ့ ဒေသတွေမှာ CDMA နဲ့ မြို့ကြီး တွေမှာ GSM ကို ဦးစားပေးချထားရင် အဆင်ပြေမယ်ထင်တယ်။ လိုင်းကျပ်တာက အစပိုင်းလောက်တော့ ရှိနိုင်တယ်။ ဒါပေမဲ့ သူတို့ဖြေရှင်းလိုက်ရင် ခဏပါ" ဟု ဦးရဲမြတ်သူ က သုံးသပ်ပြသည်။

လက်ရှိမြန်မာနိုင်ငံ
....................

အနေအထားအရ CDMA 800 MHz မှာ အသုံးပြုမှု နည်းပါးနေသေးပြီး လိုင်းအင်အားတိုးချဲ့မှု အလုံအလောက် ပြုလုပ်ထား၍ လိုင်းမကျပ်နိုင်ကြောင်း၊ ယင်းအပြင် လိုင်းအရည်အသွေးတွင် GSM/3G လိုင်းများထက် ပိုမိုကောင်းမွန်နိုင်ပြီး ဆက်လက်၍လည်း ကွန်ရက်များ တိုးချဲ့ သွားရန်ရှိသဖြင့် လိုင်း ကျပ်စရာ မရှိကြောင်း အိုင်တီပညာရှင်များက ပြောကြားသည်။

"800 MHz ကွန်ရက်တွေက တော်တော်များများ ပြင်ဆင်ပြီး ဖြစ်လို့ လိုင်းကျပ်စရာတော့ မရှိပါဘူး။ နောက်ပြီး MEC က လိုင်းတွေ ထပ်ချဲ့ဖို့ မြန်မာ့ဆက်သွယ်ရေးနဲ့ သဘောတူထားတယ်။ တာဝါတိုင်တွေ အဆောက်အအုံတွေ အသုံးပြုခွင့်ပေါ့။ အဲ့တော့ ရောင်းနေရင်းနဲ့ ကွန်ရက်ကို ထပ်ချဲ့သွားမှာ ဆိုတော့ လိုင်းကျပ်စရာ မရှိပါဘူး" ဟု မကွေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ က ရှင်းပြသည်။

Sim Card များ ရရှိပြီးနောက် ဖုန်းလိုင်းများ ကျပ်တည်းမှု မရှိစေရေးအတွက် လည်း ကြိုတင်စီမံ ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတကြီး ကလည်း မတ်လ ၂၉ရက်နေ့က ပြောကြား ထားသည်။

အဝင်ခေါ်ဆိုခ ပေးရမှာလား
...............................

ဧပြီလ ၂၄ရက်နေ့တွင် စတင်ရောင်းချမည့် မိုဘိုင်းဖုန်းများမှာ ပြည်သူလူထု မျှော်လင့်ထားသည့် နှုန်းထား ထက် များစွာ ဈေးနှုန်းချိုသာနေသဖြင့် ဖုန်းခေါ်ဆိုခများ သီးခြားတိုးမြှင့် ကောက်ခံမည်၊ အဝင်ခေါ်ဆိုခ ပေးရမည် စသဖြင့် ပြည်သူများအကြား ထင်ကြေးသတင်းများ ပျံ့နှံ့လျက်ရှိသည်။

ယင်းနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကို ဆက်သွယ်မေးမြန်းရာ ဖုန်းခေါ်ဆိုခ နှုန်းထား များကို မူလအတိုင်း တစ်မိနစ် ကျပ် ၅၀နှုန်းဖြင့်သာ ကောက်ခံမည်ဖြစ်ပြီး အဝင်ခေါ်ဆိုခကို ကောက်ခံမည် မဟုတ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။

သို့သော် ကန့်သတ်ချက်အနေနှင့် ဖုန်းလက်လွှဲလက်ပြောင်း ရောင်းချမှု မရှိစေရန် ဖုန်းကတ်ဝယ်ပြီး ၁၅ရက်အတွင်း အနည်းဆုံး ငါးထောင်ကျပ်တန် ကြိုတင် ငွေဖြည့်ကတ်ထည့်၍ အသုံးပြုရမည်ဖြစ်ပြီး ၁၅ရက်အတွင်း အသုံးမပြုပါက အလိုအလျောက် လိုင်းပိတ်သိမ်းမည် ဖြစ်ကြောင်း၊ တစ်လလျှင် ၂၅၀၀ ကျပ်ဖိုး အသုံးပြုရမည်ဖြစ်ပြီး နှစ်လပြည့်ချိန်တွင် စတင်ဖြည့်ထားသည် ကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်မှ အသုံးမပြုဖြစ်ဘဲ ကျန်ငွေများ ရှိနေသေးပါက ဖြတ်တောက် သွားမည် ဖြစ်ကြောင်း သာ မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ထားသည်။

အင်တာနက်ပါမှာလား
........................

မိုဘိုင်းဖုန်း ကိုင်ဆောင်သူ အများစုမှာ အင်တာနက်လျှောက်ထား အသုံးပြုလေ့ ရှိသဖြင့် ဖုန်းဝယ်ယူချိန် တွင် အင်တာနက်ပါ တစ်ပါတည်း ပါလာစေလိုကြရာ ယခု အသစ်ချထားပေးမည့် ၁၅၀၀ တန် မိုဘိုင်းလ် ဖုန်းများတွင် အင်တာနက်ပါလာမည်လား ဆိုသည့် မျှော်လင့်ချက်များ ရှိကြသည်။

"CDMA 800 MHz က အဓိက ဖုန်းပြောဖို့အတွက်ပဲ ရည်ရွယ်တယ်။ နယ်တွေမှာ လူတိုင်း အင်တာနက် သုံးမှာ မဟုတ်ဘူးလေ။ အင်တာနက် သုံးချင်လည်း သုံးလို့ရပါတယ်။ အဲတော့ သုံးချင်တဲ့သူ အတွက် သီးသန့် လျှောက်ဖို့တော့ လိုမယ်" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ရှင်းပြသည်။

လိုင်းဖွင့်ခနှုန်းထားကိုမူ ညွှန်ကြားချက် မလာသေးသဖြင့် ယခင်ကကဲ့သို့ ကျပ် တစ်သောင်း သတ်မှတ်မည်၊ မသတ်မှတ်မည် ကိုမူ မပြောနိုင်သေးကြောင်း ၄င်းက ဆိုသည်။

၁၀လုံးလား.. ၁၁လုံးလား
............................

မြန်မာနိုင်ငံတွင် ချထားပေးသည့် ဖုန်းအမျိုးအစား များသကဲ့သို့ ဖုန်းအမျိုး အစားပေါ်မူတည်ပြီး ဂဏန်း အရေအတွက် မှာလည်း ၀၉ အပါအဝင် ၉လုံး၊ ၁၀လုံး၊ ၁၁လုံးဟူ၍ရှိရာ ယခုချထားပေးမည့် ဖုန်း များမှာ ဂဏန်းအရေအတွက် မည်မျှဖြစ်မည် ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ် ဖြစ်လာသည်။

မကွေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ၏ ပြောကြားချက်အရမူ ယခုချထားပေးမည့် CDMA 800 MHz ဖုန်းများမှာ ယခင် ကျပ်ငါးသိန်း ဖုန်းများကဲ့သို့ ၀၉၇၃ နှင့်စပြီး ၁၀ လုံး ဖြစ်မည်ဖြစ်ပြီး 3g WCDMA မှာလည်း ယခင် ကျပ်နှစ်သိန်းငါးသောင်း ဖုန်းများကဲ့သို့ ၀၉ အပါအဝင် ၁၁လုံးဖြစ်မည် ဖြစ်ကြောင်း ပြောဆိုသည်။ "ဂဏန်းထပ်တိုးဖို့ မရှိပါဘူး။ တိုးစရာလည်း မလိုပါဘူး" ဟု ၄င်းကပြောဆိုသည်။

သိန်းလား.. သန်းလား
........................

ဖုန်းလိုင်းချထားပေးမှုနှင့် ပတ်သက်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် လိုင်းရှစ်သန်း၊ ၂၀၁၄-၂၀၁၅တွင် လိုင်း ၁၈ သန်း စုစုပေါင်း ၂၆ သန်း တိုးချဲ့တပ်ဆင် ပေးသွားမည် ဖြစ်ပါကြောင်း၊ သိပ်သည်းဆအားဖြင့် ၂၀၁၂- ၂၀၁၃ တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ တွင် ၂၇ ရာခိုင်နှုန်းနှင့် ၂၀၁၄-၂၀၁၅ တွင် ၅၀ ရာခိုင်နှုန်း ဖြစ်လာအောင် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က မတ် ၂၉ ရက်နေ့ ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်း အဝေးတွင် ပြောကြားခဲ့သည်။

ယင်းလျာထားချက်မှာ အနိမ့်ဆုံး ရည်မှန်းချက်ဖြစ်ပြီး ယင်းရည်မှန်းချက် ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတကြီးက ဆိုသည်။ တစ်လလျှင် Sim Card ၃၅၀,၀၀၀ နှုန်းဖြင့် စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ပြီး ရောင်းချပေးရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်းချ ပေးမည် ဖြစ်ကြောင်း သမ္မတကြီးက ယင်း အစည်းအဝေးတွင် ပြောကြားထားသည်။

ယခုချထားပေးမည့် အစီအစဉ်မှာ CDMA ကို တစ်လလိုင်းကတ် ၃၅၀,၀၀၀ ချပေးမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်း ဒေသကြီးများကို အချိုးကျဖြန့်ချိမည် မဟုတ်ဘဲ လူဦးရေ အချိုးစားလိုက် လူနေ ထူထပ်သော ဒေသများကို အရေအတွက် ပိုမိုချထားပေးမည် ဖြစ်ကြောင်း ဦးဌေးဝင်း က ရှင်းပြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် Sim Card များကို သတ်မှတ်ပေးထားသည့် ဈေးနှုန်း အတိုင်း ပြည်သူများထံ မှန်မှန်ကန်ကန်နှင့် မျှမျှတတ ဖြန့်ဝေပေးသွားရန် ဖြစ်ပါကြောင်း၊ Sim Card များ ကို လစဉ်ဈေးနှုန်း မပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလ မရရှိပါ က နောက်လတွင် ရရှိ မည်ဖြစ်ကြောင်း သမ္မတကြီးက ပြောကြားထားသည်။

Handset တွေ ဈေးတက်မှာလား
.....................................

မူလက GSM သာချပေးမည် ဆိုသည့် သတင်းကြောင့် မိုဘိုင်းလ်ဖုန်းဆိုင် အချို့ မှာ GSM များသာ ဝယ်ယူ ထားသဖြင့် မူလကတည်းက ဈေးကွက်အတွင်း များများ စားစား မတွေ့ရသည့် CDMA 800 MHz Handset များမှာ ဈေးနှုန်းမြင့်တက်ဖွယ် ရှိကြောင်း အများစုက ထင်ကြေးပေး ပြော ကြားကြသည်။

"ကတ်အရေအတွက် ဘယ်လောက် ပေးမယ်ဆိုတာ အဓိကကျပါတယ်။ CDMA 800 MHz က Handset မှာ GSM လောက် တော့ မော်ဒယ်မများဘူး။ ဒါပေမဲ့ ပစ္စည်းပြတ်မယ်တော့ မထင်ပါဘူး။ အလုံအလောက် Supply လုပ်နိုင်မှာပါ။ ဆင်းကတ် အလုံ အလောက် မရမှာဘဲ စိုးရိမ်ပါတယ်။ Handset ဈေးတွေကတော့ အနည်းဆုံး Huawei ကျပ်လေးသောင်းဝန်းကျင် ကနေ အများဆုံး HTC ကျပ်နှစ်သိန်းကျော် အထိ ရှိပါတယ်" ဟု လူကြီးမင်းဖုန်း ဆိုင်မှ အထွေထွေမန်နေဂျာ ဒေါ်ဇာခြည် က ဆိုသည်။

ယင်းသို့ပင် မန္တလေး မိုဘိုင်းလ်မားသား ဖုန်းဆိုင်မှ ဦးအောင်မြတ်ကိုကို ကလည်း မထင်ထားသည့် CDMA 800 MHz ကို အရင်ချပေးသဖြင့် Handset ဈေးကွက် နည်းနည်း ပြောင်းသွားနိုင်ကြောင်း၊ သို့သော် ဈေး တက်မည် မထင်ကြောင်း ရှင်းပြသည်။

"ခုကတော့ Handset ဈေးကွက်ကြီး ဖြစ်သွားပြီပေါ့။ အဲဒီမှာ ဒီလုပ်ငန်းကို တစ်ကယ် လုပ်တဲ့သူနဲ့ ငါးပွက်ရာ ငါးစာချတဲ့ စီးပွားရေးသမားတွေ ထိပ်တိုက်တွေ့မယ် ထင်ပါတယ်။ သုံးတဲ့သူ များလာတဲ့အတွက် Complaint တော့ များလာမှာပေါ့" ဟု ၄င်းက သုံးသပ်သည်။

ကနဦး အခြေအနေတွင် GSM ဖုန်းများ ထွက်ပေါ်မည်ဟု သတင်းများ ထွက်ပေါ်နေ၍ Handset အရောင်းဆိုင်များတွင် GSM Handset များကိုသာ ဝယ်ယူထားကြ ပြီး CDMA Handset က ဈေးကွက်အတွင်း အနည်းငယ်သာ ရှိသဖြင့် ရက်ပိုင်းအတွင်း CDMA Handset ဈေးကွက် လှုပ်ခတ်သွားနိုင်ကြောင်း စမ်းချောင်းမြို့နယ်ရှိ Win Mobile ဖုန်းဆိုင်မှ ဦးစိုးနောင်ဝင်းက ပြောကြားသည်။ "တစ်ရက်နှစ်ရက်တော့ အရမ်းလှုပ်သွားမယ်။ အချိန်ရသေးတဲ့ အတွက် ဈေးပြန်ကျမှာပါ" ဟု ၄င်းက ဆိုသည်။

ဖုန်းကတ်များ ရောင်းမည့်အချိန်နှင့် ရက်ပေါင်း ၂၀ ခန့်ကြိုတင် အသိပေးထားခြင်း ဖြစ်သဖြင့် Handset တင်သွင်းချိန် အလုံအလောက် ရရှိထားသဖြင့် ဈေးနှုန်း မြင့်တက်နိုင်ဖွယ် နည်းပါးကြောင်း လူကြီးမင်း ဖုန်းအရောင်းဆိုင်မှ အထွေထွေမန်နေဂျာ ဒေါ်ဇာခြည်မှ သုံးသပ်သည်။

CDMA Handset ဈေးနှုန်းများမှာ လက်ရှိပေါက်ဈေးအရ အနိမ့်ဆုံး ကျပ် လေးသောင်းမှ အမြင့်ဆုံးနှစ်သိန်း ဝန်းကျင်တွင် ရှိနေပြီး Handset များကို တရုတ် ပြည်သူ့သမ္မတနိုင်ငံက အများဆုံး တင်သွင်း ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

GSM အမျိုးအစား WCDMA 3G လိုင်းကတ်များရောင်းချသော နယ်ဒေသ များတွင် GSM Handset များ ဈေးကွက်ရနိုင်မည် ဖြစ်ကြောင်း ဦးစိုးနောင်ဝင်းက ဆိုသည်။ "GSM မကြာမီမှာ ရောင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အတွက် GSM Handset လှောင်ထားတဲ့ သူတွေက ကိုင်ထားလက်စနဲ့ ဆက်ကိုင်ထားလိမ့်မယ်" ဟု ၄င်းက ထပ်မံပြောကြားသည်။

သို့သော် CDMA အတွက် Handset အမြင့်များ ပြည်တွင်းဈေးကွက်တွင် နည်းပါးသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တင်သွင်းထားသည့် Handset များသာ ဝယ်ယူအသုံးပြုရမည် ဖြစ်ပြီး အင်တာနက် လိုင်းတွင် GSM/3G တို့ထက် နှေးကွေးမည် ဖြစ်ကြောင်း အိုင်တီပညာရှင်များက ဆိုသည်။

Credit : Here

ပုဂ္ဂလိက သတင်းစာတွေ ရောင်း အားကောင်း

လူထုတွင်းနေ့စဉ် ဖြစ်ပျက်နေတဲ့ လက်ရှိအခြေအနေတွေကို ဦးစားပေးဖော်ပြတဲ့အတွက် ပုဂ္ဂလိက သတင်းစာတွေအပေါ် ပြည်သူလူထုက ပိုစိတ်ဝင်စားမှုရှိပြီး ဈေးကွက်ထဲမှာ ဝယ်လိုအားကောင်းတဲ့အတွက် ပုဂ္ဂလိက သတင်းစာတွေရဲ့ ရောင်းအား ကလည်း မြင့်တက်လာနေပါတယ်။ အခုလို ပုဂ္ဂလိက သတင်းစာတွေ ထွက်ပေါ်လာတဲ့အတွက် အပတ်စဉ်ထုတ် ဂျာနယ်တွေရဲ့ရောင်းအားဟာ မှေးမှိန် သွားနိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန်က တင်ပြထားပါတယ်။

ပုဂ္ဂလိကသတင်းစာတွေ စတင်ထုတ်ဝေခဲ့တာ အခုဆိုရင် သီတင်းတပတ်နီးပါးရှိပြီ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကာလ နောက်ပိုင်း ဆယ်စုနှစ်များစွာအတွင်းမှာ မြန်မာနိုင်ငံမှာ ပထမဆုံး ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာတွေကို ပြီးခဲ့တဲ့ ဧပြီလဆန်းက စတင်ထုတ်ဝေခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိ ထုတ်ဝေနေကြတဲ့ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ ကတော့ The Voice Daily၊ စံတော်ချိန်၊ ရွှေနိုင်ငံသစ်နဲ့ ပြည်ထောင်စု စတဲ့ သတင်းစာ ၄ စောင် ဖြစ်ပါတယ်။


ဝယ်ယူဖတ်ရှုသူများတဲ့အတွက် ပုဂ္ဂလိကသတင်းစာ ဈေးကွက်ထဲမှာ ရက်ပိုင်းအတွင်းမှာပဲ စောင်ရေတွေ တိုးလာပြီး ရောင်းအားကောင်းနေတဲ့ အတွက် ပြည်သူလူထုက ပုဂ္ဂလိကသတင်းစာရဲ့ လွတ်လပ်တဲ့ သတင်းတင်ပြမှုအပေါ် စိတ်ဝင်စားမှုတွေကို ပြသလိုက်တာပဲဖြစ်တယ်လို့ သတင်းစာဆရာ ဦးစည်သူ အောင်မြင့်က ပြောပါတယ်။

“သတင်းကိုရွေးဖတ်တဲ့သူတွေကတော့ ဖတ်တယ်လေ။ ဖတ်တယ်ဆိုတာ က လေး-ငါးရက်အတွင်းကို သူက စောင်ရေက နှစ်ဆလောက် တက်လာတယ်။ ဥပမာ The Voice ဆိုရင်လည်း နှစ်သောင်းကနေပြီးတော့ လေးသောင်းကျော်၊ ငါးသောင်း ဖြစ်လာတာပေါ့နော်။ ရွှေနိုင်ငံဆိုရင်လည်း တစ်သိန်းကျော်လောက်တော့ သူလည်း ထုတ်နေရတာပဲ။ ထုတ်နေရတော့ အခုကြည့်တော့ ဆိုင်တွေက သူတို့ကတော့ ဖြန့်ချိရေးက သေသေ ချာချာ ချောင်ကြိုချောင်ကြားရောက်အောင်တော့ သူတို့မဖြန့်နိုင်သေးဘူး။ ဒါပေမဲ့ ရောင်းလို့တော့ ကုန်သွားတာပေါ့နော်။ ကုန်သွားတော့ အကြမ်းဖျင်း ပြောရရင်တော့ စပြီးတော့ လူတွေကြားထဲကို စရောက်ပြီပေါ့။ ဒါပေမဲ့ ဂျာနယ်တွေကို ဖယ်ထုတ်တဲ့အဆင့်ထိတော့ မဖြစ်သေးဘူး။ ဒါပေမဲ့ သိပ်မကြာပါဘူး အဲဒါကတော့။ အဲဒီသတင်းစာတွေ အကုန်လုံး အပြိုင်အဆိုင်ထွက်လာရင်တော့ ဂျာနယ်ကို လုံးဝဖယ်သွားလိမ့်မယ်လေ။”

သတင်းစာ ထုတ်ဝေခွင့် လျှောက်ထားခဲ့ကြတဲ့အထဲမှာ လောလောဆယ် သတင်းစာ ၁၆ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာန ကနေ ထုတ်ဝေခွင့် ပေးထားပြီး သတင်းစာ ၄ စောင် စပြီးထုတ်ဝေနေကြ တာဖြစ်ပါတယ်။ အခုလက်ရှိထုတ်ဝေနေတဲ့ ပုဂ္ဂလိကသတင်းစာတွေအနေနဲ့ ရန်ကုန်နဲ့ နယ်တွေမှာ ဝယ်လို အားကောင်းနေပြီးတော့ စောင်ရေက လည်း နှစ်ဆတိုးလာနေတယ်လို့ The Voice Daily သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။

“စထုတ်တဲ့နေ့က နှစ်သောင်းခွဲ၊ ဒုတိယရက်မှာ သုံးသောင်း၊ နောက်တတိယ ရက်မှာ သုံးသောင်းခွဲ၊ အခုနောက်ဆုံးမှာ လေးသောင်း။ အဲဒါက သတင်းကတော့ အပတ်စဉ်မှာဖော်ပြတဲ့ဟာတွေကို နေ့စဉ်မှာ ဖော်ပြတာပါပဲ။ အပတ်စဉ်မှာ အရင်ကဖော်ပြတယ်။ အခုနေ့စဉ်မှာဖော်ပြတယ်။ ဒါပါပဲ။”

အခုထုတ်ဝေနေကြတဲ့ ပုဂ္ဂလိကသတင်းစာတွေ အများစုကတော့ လက်ရှိ ပြည်သူလူထုကြားဖြစ်ပွားနေတဲ့ သတင်းထူးတွေကို ဦးစားပေး ဖော်ပြနေကြပြီး အစိုးရထုတ် နေ့စဉ်သတင်းစာတွေနဲ့ယှဉ်ရင်တော့ အစိုးရ သတင်းကို အချိန်နဲ့တပြေးညီဖော်ပြနိုင်ခွင့် နည်းနေသေးတယ်လို့လည်း သတင်းစာဆရာ ဦးစည်သူ အောင်မြင့်က ဆက်ပြောပါတယ်။ ဒါပေမဲ့ အစိုးရနဲ့နီးစပ်တဲ့ အာဏာရပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ ဖြိုးရေးပါတီက ထုတ်ဝေတဲ့ သတင်းစာမှာတော့ အစိုးရသတင်းစာမှာပါတဲ့ သတင်းတွေအတိုင်း အချိန်ကိုက် ဖော်ပြနိုင်ခွင့်ရှိတာကို တွေ့ရတယ်လို့လည်း သူကပြောပါတယ်။

“လူထုကတော့ အခုဟာက ဈေးသက်သာတာရော၊ နောက်ပြီးတော့ သူက အစိုးရနဲ့ပတ်သက်တဲ့ဟာတွေ ကလည်း သူ့မှာ အစုံဆုံးဖြစ်တာကိုး။ ဆိုတော့ သူ့ကိုတော့ ဘယ်လိုမှ သွားပြိုင်ဆိုင်လို့မရသေးဘူး။ အဲဒါလည်း သတင်းစာထုတ်တဲ့သူတွေလည်း ကြိုးစားနေကြ တာပေါ့လေ။ ပြည်ထောင်စုနေ့စဉ် ဆိုရင် ဒါ ကြံ့ခိုင်ရေးက ထုတ်တာကိုး။ သူကတော့ အဲဒီသတင်းစာနဲ့ တပုံစံတည်းပဲ။ ဒါကြောင့်လဲ ဟိုဟာကိစ္စတွေ အငြင်းပွားတာ ပေါ်လာတာပေါ့။ အစိုးရသတင်းတွေနဲ့ ပတ်သက်ရင် ပြန်ကြားရေးက သူတို့သတင်းတွေ ရောင်းမယ်တို့ ဘာတို့ ဦးရဲထွဋ်တို့ ပြောလာကြတဲ့အခါ ကျတော့ သူတို့မှာ အငြင်းပွားမှုတွေ ဘာတွေ ပေါ်လာတယ်။ အဲဒါတွေကတော့ မရသေးဘူးပေါ့နော်။ နောက် တဖြည်းဖြည်းနဲ့တော့ ဒါက ရသွားမှာပေါ့။”

နေ့စဉ်သတင်းစာထုတ်ဝေဖို့ ပြင်ဆင်နေကြတဲ့အထဲမှာ လက်ရှိ အပတ်စဉ်ဂျာနယ် ထုတ်ဝေနေတဲ့ ဂျာနယ်တိုက်တချို့ ပါဝင်နေပြီးတော့ နေ့စဉ်သတင်းဦးတဲ့အတွက် နောက်ပိုင်းမှာ အပတ်စဉ် ဂျာနယ် တွေရဲ့အခန်းကဏ္ဍဟာ မှေးမှိန်သွားဖွယ် ရှိတယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။ အခုလက်ရှိ ထုတ်ဝေနေတဲ့ ပုဂ္ဂလိသတင်းစာတွေ အပါအဝင် နောက်ပိုင်းမှာ နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ ထုတ်တာတွေ အရေအတွက် ပိုများလာမယ်ဆိုရင်တော့ အပတ်စဉ်ဂျာနယ်တွေ ရဲ့ ရောင်းအားက သိသိ သာသာ ကျသွားနိုင်တယ်လို့လည်း ဦးစည်သူအောင်မြင့်က ဆိုပါတယ်။

“အားလုံးက အခု ထွက်လာကြမှာပဲလေ။ ထွက်လာကြတဲ့အခါကျရင် အစိုးရသတင်းစာနဲ့ပြိုင်ဆိုင်မှုက ဒါကတော့ တပိုင်း ဖြစ်လိမ့်မှာပေါ့။ ဒီဘက်မှာ အရေးကြီးတာက အရင်တုန်းက သတင်းစာမရှိခင်မှာ အပတ်စဉ်သတင်းစာ ဆိုပြီးတော့မှ အဲဒါတွေက တကယ်တော့ ဂျာနယ်တွေပေါ့။ အဲဒါတွေ ကတော့ မှေးမိန်သွားမှာတော့ လုံးဝသေချာတယ်။ ဒါကတော့ ပြောဖို့ကိုမလိုဘူး။ လုံးဝသေချာတယ်။ သူက တပတ်မှတကြိမ် ထုတ်ရတဲ့သတင်းတွေ ဆိုတော့ သတင်းတွေပါတယ်၊ ဆောင်းပါးတွေပါတယ်။ အများစုကတော့ အဲဒါတွေ မှေးမိန်သွားမှာသေချာတယ်။”

အခုလက်ရှိအနေအထားမှာတော့ သတင်းစာထုတ်ဝေသူတွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက် အခဲကြောင့် နယ်ဈေးကွက်တွေအထိ ဖြန့်ဖို့တော့ အခက်အခဲ ရှိနေသေးပြီး အချိန်အကန့်အသတ်နဲ့ ပေးနေတဲ့ လျှပ်စစ်ဓာတ်အားကြောင့်လည်း အချိန်မီ ပုံနှိပ်ထုတ်ဝေမှုတွေမှာ အခက်အခဲရှိတယ်လို့ သိရ ပါတယ်။ လာမယ့် ၂၀၁၃ သင်္ကြန်ကာလ အပြီးမှာတော့ လက်ရှိထုတ်ဝေနေတဲ့ သတင်းစာလေးစောင် အပြင် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခွင့်ပြုထားတဲ့ ပုဂ္ဂလိကသတင်းစာ ၁၆ စောင်ထဲက တချို့သတင်းစာတွေကိုလည်း ထုတ်ဝေဖို့ ပြင်ဆင်နေကြပြီး သင်္ကြန်အလွန်ကာလမှာတော့ စတင်ထုတ်ဝေ နိုင်ခြေရှိပါတယ်။

http://burmese.voanews.com/content/private-daily-newspaper-04-06-13/1636125.html

Credit : Here

ထိုင်းနယ်စပ်တွင် ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦး ပြန်လည်တွေ့ရှိ

ထိုင်း-မြန်မာနယ်စပ် ရနောင်းပြည်နယ် အနီးတွင် ဧပြီလ ၆ ရက်နေ့က အမည်မသိ လက်နက်ကိုင်တပ်နှင့် တိုက်ခိုက်မှုကြောင့် မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်ဟု မှားယွင်းစွာ သတင်းပို့မိခဲ့ကြောင်း မြန်မာစစ်တပ်က ထိုင်းစစ်တပ်သို့ ပြန်လည်အကြောင်းကြား လိုက်ကြောင်း သိရသည်။

ဖြစ်ရပ်မှန်မှာ မြန်မာစစ်သားများ ကင်းလှည့်နေချိန်တွင် တောမီးလောင်မှု ဖြစ်ပွားခဲ့ပြီး သစ်ပင်များ မီးလောင်ရာမှ ထွက်ပေါ်လာသည့် အသံများကို ကျန်ရစ်သည့် အဖွဲ့၏ ရေဒီယိုစက်တွင် သေနတ်သံများ အဖြစ် ထင်မှတ်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၃ ဦးမှာလည်း လမ်းပျောက်သွားခဲ့သောကြောင့် တပ်ရင်းသို့ ပြန်လည်သတင်းပို့ခဲ့ရာ ထိုင်းအာဏာပိုင်များထံမှ အကူအညီပေးရန် မြန်မာစစ်တပ်က ဆက်သွယ်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။


“နားလည်မှုလွဲမှားပြီး သတင်းပို့ခဲ့တာပါလို့ မြန်မာအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ နယ်စပ်မှာ ဘာတိုက်ပွဲမှ မဖြစ်ခဲ့သလို သေဆုံးမှုလည်း မရှိခဲ့ပါဘူးလို့ ပြောပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ပျောက်ဆုံးနေခဲ့သော မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦးကို ၎င်းတို့၏ တပ်ဖွဲ့က မြန်မာပိုင် တောနက်အတွင်း ပြန်လည်ရှာတွေ့သွားပြီ ဖြစ်ကြောင်း ထိုင်းနယ်စပ်လုံခြုံရေး တာဝန်ယူထားသည့် အမှတ် ၂၅ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးကြီး Uthit Anantananont က ပြောကြားခဲ့သည်။

ကင်းလှည့်တပ်ဖွဲ့ဝင် ၁၅ ဦး အနက် နှစ်ဦးမှာ ပျောက်ဆုံးနေသူ ၁၃ ဦးကို ပြန်လည်မတွေ့ခင် တပ်ရင်းသို့ ရောက်ရှိလာခဲ့ကြောင်း၊ အခြေအနေအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီဟု ယူဆကြောင်း Uthit က ပြောကြားခဲ့သည်။

မြန်မာတပ်ဖွဲ့ဝင်များ သေဆုံးသည်ဆိုသော သတင်းကြောင့် အဆိုပါ ဒေသသို့ သွားရောက်စုံစမ်းရန် စီစဉ်ထားသည့် အမှတ် (၄) တပ်နယ်မှ တပ်ရင်းမှူး၏ ခရီးစဉ်ကိုလည်း ယခုအခါ ပြန်လည်ဖျက်သိမ်းလိုက်ပြီး ဖြစ်ကြောင်း Uthit က ပြောကြားခဲ့သည်။

သစ်ပင်များ မီးလောင်ရာမှ ထွက်ပေါ်လာသည့် အသံကို ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု မြန်မာကင်းလှည့် တပ်ဖွဲ့ဝင်အချို့က နားလည်မှု လွဲခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong Towichukchaikul က မတ်လ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

ယခုဖြစ်စဉ် ဖြစ်ပွားသည့် နေရာသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက ထိုင်းနိုင်ငံသား ၉၂ ဦးကို နယ်မြေခိုးဝင်မှုဖြင့် ဖမ်းဆီးခဲ့သည့် ရနောင်းပြည်နယ် ကရာဘူရီခရိုင်နှင့် မြန်မာနိုင်ငံ ကော့သောင်း နယ်စပ်တွင် ဖြစ်သည်။

ဖမ်းဆီးထားခဲ့သူများ အနက်မှ ၈၈ ဦးကို လွှတ်ပေးခဲ့ပြီး ကျန်လူများကို လက်နက်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတို့ဖြင့် ဖမ်းဆီးထားဆဲ ဖြစ်သည်။

Ref:The Nation
http://www.news-eleven.com

Credit : Here

ဝန်ကြီးဌာန အားလုံး၏ ၁၀ ရာခိုင်နှုန်း ၀န်းကျင်သာ ထိရောက်အောင် ပြုပြင်ပြောင်းလဲပေးနိုင်

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ဇုန်ဖြစ်သော မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အား တွေ့ရစဉ်

အစိုးရသစ် နှစ်နှစ်သက်တမ်းအတွင်း ၀န်ကြီးဌာနအားလုံး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သော်လည်း ၀န်ကြီးဌာန အချို့သာ အများပြည်သူအတွက် ထိရောက်အောင် ပြောင်းလဲနိုင်သေးသည်ဟု ၀န်ကြီးဌာနများနှင့် ဆက်စပ်လုပ်ကိုင် နေသူများ၊ ကော်မတီအချို့မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အများပြည်သူအတွက် ထိရောက်အောင် ပြောင်းလဲသည်ဟု ဆိုရာတွင် ပြောင်းလဲလိုက်သည်နှင့် အချိန်တိုအတွင်း ပြောင်းလဲပေးသည့် အကျိုးဆက်ကို အများပြည်သူမှ ခံစားရခြင်း စံနှုန်း၊ နိုင်ငံတော်အပေါ် ပြန်လည် အကျိုးပြုနိုင်သည့် စံနှုန်းဖြင့် တိုင်းတာ၍ သုံးသပ်ခြင်းဟု ဆိုသည်။


ဝန်ကြီးဌာန ၃၆ ခုတွင် စီးပွားရေး/ကူးသန်း၊ ဘဏ္ဍာ/အခွန်၊ စီးပွား/စီမံ၊ ပြည်ထဲရေးအောက်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၊ လ၀က၊ ဆက်သွယ်ရေး ၀န်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာနအချို့၏ ပြုပြင်ပြောင်းလဲမှုများမှာ အချိန်တိုအတွင်း အများပြည်သူနှင့် နိုင်ငံတော်အား ပြန်လည်အကျိုးသက်ရောက် စေခဲ့သည်ဟု သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနအနေဖြင့် လူတစ်ဦးတည်းမှ ချုပ်ကိုင်တင်သွင်းနေသည့် စားအုန်းဆီအား မည်သူမဆို တင်သွင်းခွင့် ပြုလိုက်ခြင်း၊ စက်သုံးဆီ တင်သွင်းခွင့်အား မည်သူမဆို တင်သွင်းခွင့် ပေးခဲ့ခြင်း၊ ပို့ကုန်သွင်းကုန် လိုင်စင်မလိုဘဲ ကုန်သွယ်နိုင်ခြင်း၊ ကုမ္ပဏီ မထောင်နိုင် သူများအား တစ်ဦးချင်း ကုန်သွယ်မှုကတ်များ ထုတ်ပေးကာ ကုန်သွယ်စေခြင်း၊ နယ်စပ် ကုန်သွယ်မှု ကဏ္ဍတွင်လည်း မလိုအပ်သည့် ဂိတ်များကို ဖယ်ရှားခြင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းသစ်များ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နိုင်ခဲ့ခြင်းများ ပြုလုပ်ပေးခဲ့သည်။

အချိန်များစွာပေး၍ လိုင်စင်ယူရသည့် ပြဿနာများ ကင်းရှင်းသွားပြီး အများပြည်သူ အနေဖြင့် လျှင်မြန်စွာ ကုန်သွယ်နိုင်သည့်အပြင် လက်ဝါးကြီးအုပ် ချုပ်ကိုင်တင်သွင်းခွင့်ရသည့် ကုန်စည်များကိုလည်း ယခုအခါ တင်သွင်းခွင့် ရရှိခဲ့သည်။

ကျောက်စိမ်းတင်ပို့မှုမှရငွေ ထက်ဝက်ခန့် ထပ်မံကျဆင်းခဲ့၍ ကုန်သွယ်မှုပမာဏ လျော့ကျမည့် အနေအထား ကြုံခဲ့သော်လည်း လျှင်မြန်စွာ ကုန်သွယ်နိုင်သည့်အတွက် ယခင်နှစ် ကုန်သွယ်မှု ပမာဏ ထက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်နှင့် အထက် မြင့်တက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေဖြင့် နိုင်ငံခြားငွေအား နှုန်းရှင်စနစ်သို့ ပြောင်းလဲနိုင်ပြီး နိုင်ငံတကာ ဘဏ်များဖြင့် ချိတ်ဆက်နိုင်သည်အထိ ပြုပြင်ပြောင်းလဲနိုင်သည့် အတွက် ကုန်သွယ်မှုတွင် ငွေလွှဲသည့်အခါ စင်ကာပူကဲ့သို့ နိုင်ငံမျိုးအား ကြားခံရန် မလိုသည့် အကျိုးဆက်အား အများပြည်သူမှ ရရှိခဲ့သည်။

ယင်းအပြင် ပြည်တွင်းအခွန် ဦးစီးဌာန အနေဖြင့်လည်း အခွန်ဥပဒေများအား ပြင်ဆင်လုပ်ကိုင်ခြင်း၊ ထိပ်တန်းအခွန်ထမ်း စာရင်းများ ထုတ်ပြန်ကာ အခွန်မပေးဆောင်ပဲ ရှောင်တိမ်းသူများလည်း တွန့်ဆုတ် စေရန်နှင့် အခွန်ဆောင်နေ သူများကိုလည်း သိရှိနိုင်ရန် လုပ်ဆောင်ခြင်း၊ အခွန်နှုန်း လျှော့ချပြီး အခွန်ထမ်း ပိုများပြားလာစေမည့် နည်းလမ်းအား အသုံးပြု ခြင်းတို့ကြောင့် အများပြည်သူမှ ပိုမို အခွန်ထမ်းဆောင် လာနိုင်ခဲ့သည်။

ထို့အတွက် ယခုနှစ်တွင် ထိပ်တန်းကုမ္ပဏီကြီးအချို့ အခွန်တိမ်းရှောင် နေသည့်ကြားမှ အခွန်ငွေကျပ် ဘီလျံ ၂၅၀၀ နီးပါးအထိ ရရှိပြီး ယခင်အစိုးရ လက်ထက်က ရရှိသည့် နှစ်ဆအထိ ပိုရသည့်အတွက် နိုင်ငံတော်၌ အကျိုးပိုရှိခဲ့သည်။

ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ မလိုအပ်သည့် အဆင့်များ လျှော့ချပေးသည့် အတွက် ထောက်ခံချက်ပေါင်း များစွာကို ဒုက္ခခံရယူ လုပ်ကိုင်ရခြင်း၊ စာအုပ် ရရေး အချိန်ကုန်လူပန်း ငွေကုန်ကြေးကျ များစွာဖြင့် လုပ်ကိုင်နေရခြင်း ဒုက္ခများမှ သက်သာခွင့် ရရှိခဲ့ပြီ ဖြစ်သည်။

လ၀က၏ D-Form လျှော့ချပေးမှု၊ ပြည်ဝင်ခွင့်ဗီဇာ လျှော့ချပေးမှု၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်မှု လွယ်ကူစေရန် လျှော့ချပေးမှုများသည်လည်း အများပြည်သူအပေါ် အကျိုးရှိစေခဲ့သည်။

စီမံ/စီးပွား ၀န်ကြီးဌာန အနေဖြင့်လည်း ဥပဒေများ၊ နည်းဥပဒေများ ရေးဆွဲနိုင်ခြင်း ရှိခဲ့ပြီး အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ကုမ္ပဏီ မှတ်ပုံတင် သက်တမ်းအား တိုးမြှင့်ပေးခြင်း၊ One Stop Service ဖြင့် ကုမ္ပဏီ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း များအား ဆောင်ရွက်ပေးခြင်းများ ကြောင့်လည်း လုပ်ကိုင်ရသူများအတွက် အဆင့်များစွာ လျော့ကျခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဝေဖန်ထောက်ပြစရာ အချက်များစွာရှိသည့် အနေအထား ရှိနေသည်ဟု ဆိုသော်လည်း အနည်းငယ် လျှော့ချပေးလိုက်သည့် အချက်အရပင် ယခင်အစိုးရ လက်ထက်ဖြင့် နှိုင်းစာလျှင် မိုဘိုင်းဖုန်း သုံးစွဲနိုင်မှု ပိုမို တိုးလာခဲ့ရသည်။

ထိရောက်စွာ ပြောင်းလဲနိုင်မှု မရှိသည့် အချက်များအပေါ် အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ဥက္ကဋ္ဌဦးဇော်မြင့်ဖေက “လုပ်တတ်ဖို့ လိုပါတယ်။ ပြည်သူကို အကျိုးပြုမယ်ဆိုရင် လက်တွေ့ကျကျ ပြောင်းလဲဖို့လိုတာ။ အဓိကအချက်က Bottoms Up နည်းလမ်းနဲ့ သွားတဲ့အထိ ပြောင်းလဲနိုင်ရမယ်။ အောက်က ကျွမ်းကျင်ဝန်ထမ်းတွေကလည်း အထက်ကို တင်ပြနိုင်ရမယ်၊ အထက်က ၀န်ကြီးကလည်း လိုက်လုပ်နိုင်ရမယ်။ ၀န်ကြီးတွေရဲ့ Capacity ကလည်း အရေးကြီးတယ်။ အရင်လို အပေါ်ကနေလာတဲ့ စနစ်အတိုင်း ခေါက်ရိုးကျိုးနေရင် လည်နေမှာပဲ။ တစ်ကယ် အကျိုးရှိစေချင်တယ်ဆိုရင် ပြုပြင်ပြောင်းလဲတဲ့ နေရာမှာ State Organization တစ်ခုတည်းက ပြောင်းတာမျိုး မရဘူး။ အများပြည်သူအသံ နားထောင်ရတယ်၊ Public Participate ယူမှရတယ်။ အခုလက်တွေ့ကျကျ ပြောင်းလဲပေးနိုင်ခဲ့တဲ့ ဌာနတွေဆိုတာ အများပြည်သူအသံ နားထောင်ပြီး ပြောင်းလဲလို့ အကျိုးရှိလာတာလို့ ပြောလို့ရတယ်။ အခုထိလည်း ဥပဒေ အနည်းအကျဉ်းပဲ ပြင်ဆင်နိုင်သေးတယ် ပြောင်းစရာ အများကြီး ကျန်သေးတယ်” ဟု ပြောပြခဲ့သည်။

အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတရေးရာ ကော်မတီ၏ အတွင်းရေးမှူး ဦးလှဆွေက “ဥပမာ-သတ္တုတွင်း ၀န်ကြီးဌာန ဆိုပါတော့ မပြောင်းလဲတာ မဟုတ်ဘူး ပြောင်းလဲတယ်။ မြေငှားရမ်းခကို အဆထောင်ကျော်လောက် မြှင့်လိုက်တယ်။ အများပြည်သူ အကျိုးရှိမယ့်အစား အခက်တွေ့ကုန်တယ်။ ဒီလိုပဲ သစ်တော၊ သမ၀ါယမ ၀န်ကြီးဌာနတွေ အပါအ၀င် ၀န်ကြီးဌာန အများစုက ပြောင်းလဲမှု လုပ်နေပေမယ့် အများပြည်သူ အကျိုးရှိအောင် မပြောင်းလဲ နိုင်သေးဘူး။ ပြန်ကြားရေး ၀န်ကြီးဌာန ဆိုရင်လည်း မီဒီယာဥပဒေကို ရေးဆွဲတဲ့အခါမှာ အများပြည်သူအသံကို နားထောင်၊ ဆွေးနွေးပြီးမှ လွှတ်တော်တင်သင့်တာ။ ဘာကြောင့်လဲဆိုတော့ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်သည်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတယ်။ ဒီတော့ နိုင်ငံသားတွေရဲ့ ဆန္ဒ၊ နိုင်ငံသားတွေရဲ့ အသံကို နားထောင်ပြီး ပြုပြင်ပြောင်းလဲမှ အများပြည်သူကို အကျိုးပြုတဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်မှာပါ” ဟု သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပြန်ကြားရေး ၀န်ကြီးဌာနကဲ့သို့ ပြည်သူ့ဘဏ္ဍာငွေအား အရှုံးခံသုံးစွဲကာ အများပြည်သူ သိရှိသင့်သည့် သတင်းများကိုပင် ရောင်းချရန်အထိ အများပြည်သူအား အကျိုးရှိသည်အထိ ပြောင်းလဲနိုင်စွမ်း မရှိသော ၀န်ကြီးဌာနများ ရှိနေသေးကြောင်း၊ နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်း မှီခိုနေသော တောင်သူများအတွက် လယ်/ဆည် ၀န်ကြီးဌာန၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများမှာလည်း တောင်သူများအပေါ် ထိရောက်သည့် အကျိုးဖြစ်ထွန်းမှုကို ပေးစွမ်းနိုင်မှု မရှိသေးကြောင်းလည်း သိရသည်။

http://www.news-eleven.com

Credit : Here

၂၀၁၅ ခုနှစ်အလွန် အန်အယ်လ်ဒီနှင့် သမ္မတဇာတ်လမ်း

Written by ဒေါက်တာရန်မျိုးသိမ်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင် ရရှိလိမ့်မည်ဟုလည်းကောင်း အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး ယန္တရားများကို အများစု ထိန်းချုပ်လာနိုင် လိမ့်မည်ဟုလည်းကောင်း၊ သုံးသပ်ပြောဆိုမှုများကို တွေ့နေရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတ ဖြစ်လိုကြောင်း နှုတ်ထွက်စကား အလွန်ကာလတွင် သူမအနေဖြင့် သမ္မတဖြစ်နိုင် မဖြစ်နိုင် မသေချာ သော်လည်း အန်အယ်လ်ဒီပါတီမှ ခေါင်းဆောင် တစ်ဦးဦးသည် ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် သမ္မတ သို့မဟုတ် ဒုတိယသမ္မတဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲနိုင်သည့် အနေအထားတွင် ရှိနေသည်။ အကယ်စင်စစ် အန်အယ်လ်ဒီပါတီ၏ သမ္မတဇာတ်တော်ကြီးသည် ၂၀၁၅ ခုနှစ်အလွန် နိုင်ငံရေး ပြကွက်တွင် ချော်လဲရောထိုင် မရောင်ရာဆီလူး အဆင့်လောက်သာ ခရီးပေါက်ခဲ့မည်ဆိုလျင် မြန်မာ့နိုင်ငံ ရေး၌ ရင်ကွဲနာကျရဖွယ် ရှိနေသည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။


၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့သည် အဓိက ထိပ်တိုက်တွေ့မည့် ပါတီကြီးနှစ်ခု ဖြစ်သည်။ ပါတီကြီးနှစ်ခုသည် လွှတ်တော်အသီးသီး၌ ကိုယ်စားလှယ်အများစု အနိုင်ရရှိရေးကို ကျားကုတ် ကျားခဲ ကြိုးစားနေသည့် တစ်ချိန်တည်းတွင် ရွေးကောက်ပွဲ မဲဆွယ်ကာလ၊ မဲပေးသည့်ကာလနှင့် မဲရေတွက်သည့်ကာလ ထိုကာလ သုံးပါးလုံးတွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ဘက်မလိုက်မှုတို့ကို ထိန်းသိမ်းနိုင်ရန် အထူးလိုအပ်သည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် မရိုးမအီရှိနေသော မဲလိမ်၊ မဲခိုး ဇာတ်လမ်းဆိုးများကလည်း ရိုးရာမပျက် ပြန် အသက်ဝင်လာနိုင်သည်ကို မမေ့မလျော့အပ်ဟု ဆော်သြလိုပါသည်။ နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ အဖွဲ့အစည်းများကို ကာလသုံးပါးစလုံး၌ ထိထိရောက်ရောက် လာရောက် လေ့လာခွင့်ပြုမည်ဆိုလျင် အတိုင်းထက်အလွန် ကျေနပ်ဖွယ်ဟု မှတ်ယူရမည်ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော် နှစ်ရပ်၌ ကိုယ်စားလှယ် ၁၃၀ ထက် လျော့နည်း အနိုင်ရရှိခဲ့ပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၆ ရာခိုင်နှုန်း ရရှိရေး မျော်မှန်းချက်နှင့် တက်တက်စင် လွဲခဲ့ပြီဟု သုံးသပ်ရ မည်ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်နှစ်ရပ်၌ ပြည်နယ်များမှ လွှတ်တော် ကိုယ်စားလှယ် ၂၀၇ ဦးနှင့် တိုင်းဒေသကြီးများမှ လွှတ်တော်ကိုယ်စားလှယ် ၂၉၁ ဦးတို့ကို ရွေးကောက်မည်ဖြစ်သည်။ ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် တိုင်းဒေသကြီး ကိုယ်စားလှယ် ၂၉၁ ဦးကို ပိုမိုအလေးထားမည်ဖြစ်ပြီး တိုင်းဒေသကြီး မဲဆန္ဒနယ်များတွင် လွှတ်တော်ကိုယ်စားလှယ် ၁၃၀ ဦး အနိုင်ရရှိရန် ပြင်ဆင်ဆောင်ရွက်လာနိုင်ဖွယ် ရှိနေ သည်။ အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ၁၃၀ ဦးသည် ပြည်ခိုင်ဖြိုးပါတီအတွက် လွှတ်တော်အတွင်း အကောင်းဆုံး ခံစစ်ကြောင်းကို ပုံပေါ်စေမည်ဖြစ်သည်။ လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၁၃၀ ဦး မပြည့်ပါက လွှတ်တော်နှစ်ရပ်အတွင်း ပြည်ခိုင်ဖြိုးပါတီ၏ သြဇာရှိမှုကို များစွာလျော့ပါးသွားစေလိမ့်မည်ဟု အကဲခတ်များက သုံးသပ်ကြသည်။

အကယ်၍ ပြည်ခိုင်ဖြိုးပါတီသည် ပြည်ထောင်စုလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ၁၃၀ နေရာ အပြည့်အနိုင်ရရှိမှု မရှိပါက တိုင်းရင်းသားလူမျိုးစုနိုင်ငံရေးပါတီများ၏ လွှတ်တော်တွင်း နိုင်ငံရေးအခန်း ကဏ္ဍသည် ပိုမိုအရေးပါလာမည်မှာ မုချဖြစ်သည်။ ထို့အတူ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်နှစ်ရပ်၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးတို့၏ သြဇာအရှိန်အ၀ါသည်လည်း တစ်ရှိန်ထိုး တိုးတက်လာဖွယ် ရှိနေသည်။ တစ်ချိန်တည်းတွင် လွှတ်တော်နှစ်ရပ်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ် များက အများစုနေရာကို အနိုင်ရရှိထားခဲ့မည်ဆိုလျင် ပြည်ခိုင်ဖြိုးပါတီအတွက် ပိုမိုခက်ခဲ ကျပ်တည်း စေမည် ဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။ ပြည်ခိုင်ဖြိုးပါတီသည် လွှတ်တော်ကိုယ်စားလှယ် ၁၃၀ ဦး မပြည့်သဖြင့် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၆ ရာခိုင်နှုန်း ရည်မှန်းချက်ကို အကောင်အထည် မဖော်နိုင်လျင် လိုအပ်သော ကိုယ်စားလှယ်အရေအတွက်ကို မည်သို့ ဖြည့်တင်းနိုင်မည်ကို စဉ်းစားလာမည်ဖြစ်သည်။

ထိုအခြေအနေကို ပြည်ခိုင်ဖြိုးပါတီအနေဖြင့်လည်း ကြိုတင်တွက်ဆပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထား လိမ့်မည်ဟု ထင်မြင်မိသည်။ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်းရင်းသားလူမျိုးစု ပါတီများနှင့် ပူးပေါင်းလျက် ပြည်ထောင်စုလွှတ်တော်တွင် အန်အယ်လ်ဒီပါတီကို ရင်ဆိုင်ရန် လိုအပ်နေသော ကိုယ်စားလှယ်အရေ အတွက်ကို ဖြည့်တင်းရေးသည် အကောင်းဆုံးနည်းလမ်း ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု အကဲခတ်များက သုံးသပ်ကြသည်။ ထို့ကြောင့် ယခုအချိန်ကတည်းကစ၍ ပြည်ခိုင်ဖြိုးပါတီသည် တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများနှင့် ဆက်ဆံရေးကောင်းမွန်လာရေးကို မဟာဗျူဟာမြောက် တည်ဆောက်လာနိုင်သည်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဆက်ဆံရေး အဖုအထစ်များ ရှိနေသည့် ရခိုင်နှင့် ရှမ်းတိုင်းရင်းသား ပါတီများကို ဦးစားပေး ချဉ်းကပ်စည်းရုံးပြီးမဟာမိတ်အသွင် ဆက်ဆံရေး ထူထောင်လာ နိုင်သည်ဟုလည်း ကောက်ချက်ပြုနိုင်သည်။ မည်သို့ပင်ဖြစ်စေ ၂၀၁၅ ခုနှစ် နောက်ပိုင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တပ်မတော် နှင့် တိုင်းရင်းသားပါတီများအကြား ပိုမိုရင့်ကျက်သော၊ နားလည်မှုရှိသော၊ သူနိုင်ကိုယ်နိုင် အခင်းအကျင်း ဆန်သော နိုင်ငံရေးအခင်းအကျင်းသစ်တစ်ရပ်ကို ဦးတည်လာနိုင်မည်ဟု...

ထို့အပြင် ပြည်ခိုင်ဖြိုးပါတီသည် အန်အယ်လ်ဒီပါတီနှင့် ကင်းကွာနေသော အခြားပါတီများ မဟာမိတ် အဖွဲ့များနှင့် မဟာဗျူဟာမြောက် မဟာမိတ်အသွင် ဆက်ဆံရေးကိုလည်း ၂၀၁၃ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်း တွင် အရှိန်အဟုန်မြှင့် တည်ဆောက်လာနိုင်ဖွယ်ရှိသည်ဟု မှတ်ချက်ပြုနိုင်သည်။ တစ်နည်းအားဖြင့် ပြည်ခိုင်ဖြိုးပါတီသည် အန်အယ်လ်ဒီပါတီနှင့် မဟာမိတ်မဟုတ်သော နိုင်ငံရေးပါတီများနှင့် မဟာမိတ် အသွင် ဆက်ဆံရေးပုံဖော်မှုကို ခြေလှမ်းသွက်သွက် ဆောင်ရွက်လာနိုင်ဖွယ် ရှိနေသည်မှာလည်း အသေ အချာဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၂၀၁၅ ခုနှစ် အလွန် လွှတ်တော်အခင်းအကျင်းအတွက် ထိရောက်၊ စနစ်ကျသော မဟာမိတ်မူဝါဒကို ရေးဆွဲချမှတ် အကောင်အထည် ဖော်လာနိုင်ဖွယ် ရှိသည်ဟုလည်း အကဲခတ်များက သုံးသပ်ကြသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်းရင်းသားပါတီများ အန်အယ်လ်ဒီ မဟုတ်သော အခြားနိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များကို လိုက်လံ ကောက်သင်းကောက်သော်ငြားလည်း လွှတ်တော်ကိုယ်စားလှယ် ၁၃၀ ဦး မပြည့်ပါက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်း တင်သွင်းသူသည်လည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်များသည်လည်းကောင်း၊ နောက်တက်မည့် သမ္မတသစ်ဖြစ်ရန် အလွန်ခဲယဉ်း မည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အုပ်ချုပ်ရေး အာဏာအားလုံးနီးနီးကို နိုင်ငံတော်သမ္မတ ထံတွင် အပ်နှင်းထားသည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်း သမ္မတမှ ဦးဆောင်ဖွဲ့စည်းသည့် အလျောက် အန်အယ်လ်ဒီပါတီမှ ကိုယ်စားလှယ်တစ်ဦးဦး သမ္မတဖြစ်လာမည်ကို ပြည်ခိုင်ဖြိုးပါတီအနေဖြင့် စိုးရိမ်မည်မှာ အသေအချာဖြစ်သည်။

အကယ်၍ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲ အလွန်ကာလတွင် အန်အယ်လ်ဒီပါတီသည် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီဆိုလျင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ အခန်းကဏ္ဍသည် ယခုထက် ပေါ်ပေါ်ထင်ထင် မြင့်တက် အရေးပါလာဖွယ် ရှိနိုင်သည်ဟု ကောက်ချက်ပြုနိုင်သည်။ ၂၀၁၅ ခုနှစ်အလွန် နိုင်ငံတော်သမ္မတသည် အန်အယ်လ်ဒီပါတီမှ ရွေးချယ်သူ တစ်ဦးဦးဖြစ်လာပါက နိုင်ငံတော်သမ္မတ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ၊ ပြန်လည်ထိန်းညှိ လာနိုင်ဖွယ် ရှိနေသည်ဟု အကဲခတ်များက သုံးသပ်ကြသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် (၁၁) ဦးပါ ၀င်သော်လည်း အဖွဲ့ဝင်ခြောက်ဦးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်း တင်သွင်းသူများဖြစ်သဖြင့် တပ်မတော်ကိုယ်စားလှယ်များက ကောင်စီတွင် အမြဲတမ်း အသာစီးရနေမည်မှာ ငြင်းမရသော အချက် ဖြစ်နေသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို တပ်မတော် အကြီးအကဲများက အများစုနေရာရရှိထားသဖြင့် ထိန်းချုပ်ထား နိုင်သည့် အသွင်ဆောင်နေသည်ဟုလည်း မှတ်ချက်ပြုကြသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပြည်ခိုင်ဖြိုးပါတီနှင့် အန်အယ်လ်ဒီပါတီ၏ ဆက်ဆံရေးနှင့် အန်အယ်လ်ဒီပါတီနှင့် တပ်မတော်ဆက်ဆံရေးတို့ကို မျက်စိဒေါက်ထောက် ခရေစေ့တွင်းကျ လေ့လာ စောင့်ကြည့်ရန် လိုအပ်သည်။ ပြည်ခိုင်ဖြိုးပါတီသည် အန်အယ်လ်ဒီပါတီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့နှင့် ဆက်ဆံရေးကို အရှိန်အဟုန်မြှင့်နေခြင်းကို ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းခေါင်းဆောင်သုံးဦး၏ အန်အယ်လ်ဒီပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တက်ရောက်ခဲ့ခြင်းက အတည်ပြုခဲ့သည်။ လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် အန်အယ်လ်ဒီပါတီတို့အကြား ဆက်ဆံရေးကို မှန်းဆရန်ခဲယဉ်းသည် ဟုလည်း သုံးသပ်မှုအချို့ ရှိနေသည်။

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား လူကြီးလူကောင်း သဘောတူညီချက်တစ်ရပ်ရပ် ရှိနိုင်သည်ဟု အချို့က မှန်းဆကြသည်။ ကြားဖြတ်ရွေးကောက်ပွဲအလွန် ကာလများအတွင်း အန်အယ်လ်ဒီ ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြည်ခိုင်ဖြိုးပါတီ အစိုးရနှင့် ဆက်ဆံရာတွင် ပလူးပလဲနိုင်လွန်း သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ထို့အတူ လာမည့် ရွေးကောက်ပွဲမတိုင်မီ ပြည်ခိုင်ဖြိုးပါတီနှင့် အန်အယ်လ်ဒီပါတီတို့အကြား အလုပ်သဘော မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုများ ရုပ်လုံးပေါ်လာ နိုင်သည်ဟု မှတ်ချက်ပြုကြသည်။ တစ်နည်းအားဖြင့် အန်အယ်လ်ဒီပါတီသည် ပြည်ခိုင်ဖြိုးပါတီနှင့် မဟာမိတ် တည်ဆောက်ဗျူဟာမြောက်သော လမ်းကို လျောက်လာနိုင်သည့် အလားအလာကလည်း အားကောင်းနေသည်။

လာမည့် နှစ်များအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအကြား မဟာဗျူဟာမြောက် မဟာမိတ်အသွင် ဆက်ဆံရေးများ ဖြစ်ပေါ်လာရန် အလားအလာ ကောင်းနေသည်ဟု အကဲခတ်အချို့က သုံးသပ်ကြသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီကာလ ကတည်းက အန်အယ်လ်ဒီပါတီနှင့် ပြည်ခိုင်ဖြိုးပါတီ တို့သည် ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်း အကျင်းအတွက် အသေးစိတ်ညှိနှိုင်းမှုများ ဆွေးနွေးမှုများပြုလုပ်ပြီး အပြန်အလှန်သဘော သူနိုင် ကိုယ်နိုင် သဘော ဆောင်သော နားလည်မှုတစ်ခုကို အနိမ့်ဆုံး ပြင်ဆင်ထားနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေ သည်။ နှစ်ပါတီအကြား နဖူးတွေ့ ဒူးတွေ့ဆွေးနွေးပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ် သတ်မှတ်ရာတွင် ပါတီကြီးနှစ်ခုအကြား အပြုသဘော ညှိနှိုင်းသတ်မှတ် ရွေးချယ်သည်အထိ ခြေလှမ်းကျယ် လာနိုင်ကိုလည်း ငြင်းဆန်နိုင်ရန် ခဲယဉ်းသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရေးပါတီများ၏ စည်းရုံးလှုပ်ရှားမှု များသည် ပွင့်လင်းမြင်သာနိုင်ရန်နှင့် ပြည်သူ လူထုကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ချပြနိုင်ရန်လည်း အထူးလိုအပ် ကြောင်း ထောက်ပြလိုပါသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်တွင် အန်အယ်လ်ဒီပါတီမှ သမ္မတဖြစ်လာမည်ဆိုလျင် ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခြင်းကို နှိုင်းယှဉ်သုံးသပ်ချက်အရ ပိုမိုသဘောတွေ့မည် ဖြစ်သည့်အလျောက်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုသည် သမ္မတ၏ အရည်အချင်းများကို ဖော်ပြသည့် ပုဒ်မဖြစ်လိမ့်မည်ဟုလည်း ထင်ကြေးပေး သုံးသပ်မှုများ ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလျင် နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ပိုမိုသဘောကျ လက်ခံ လာမည်ဖြစ်သည့်အပြင် သူမ၏ တပ်မတော်နှင့် ဆက်ဆံရေးကောင်းမွန်လိုမှုကို အကြောင်းပြုလျက် တပ်မတော်ထိပ်တန်း အရာရှိကြီးများကို ကာကွယ်ရေးဦးစီးချုပ်၏ ခွင့်ပြုချက်ဖြင့် သူမဦးဆောင်ဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် ထည့်သွင်းလာနိုင်သည်ဟုလည်း ခန့်မှန်းတွက်ချက်ကြသည်။ အကယ်၍ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့သစ် ဖွဲ့စည်းသည့် လမ်းကြောင်းပေါ် ရောက်ရှိခဲ့လျင် အဆိုပါအစိုးရ အဖွဲ့သည် ပြည်ခိုင်ဖြိုးပါတီသာမက အခြားတိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များပါ ပါဝင်သည့် ညွှန့်ပေါင်းအစိုးရ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟုလည်း အကဲခတ်များက မှတ်ချက်ပြုကြသည်။

အချုပ်အားဖြင့်ဆိုသော် လာမည့်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် ၁၃၀ ဦး အနိုင်ရရှိရေးကို ရည်မှန်းချက်ထား ဆောင်ရွက်ပြီး နိုင်ငံရေးခံစစ်ကွင်းကို ပြင်မည်ဖြစ်ပြီး ကိုယ်စားလှယ် ၁၃၀ ထက် လျော့ကျနိုင်မည့် အနေအထားအတွက် တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီ များနှင့် မဟာဗျူဟာဆက်ဆံရေးကို ရွေးကောက်ပွဲ အကြိုကာလအတွင်း ပိုမိုခိုင်မာအောင် တည်ဆောက် နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်ဖို့ ခဲယဉ်းနေသည့် ကာလတွင် အန်အယ်လ်ဒီ ပါတီသည် သမ္မတနှင့် ဒုတိယသမ္မတနေရာများ၌ အနိုင်ရရှိခဲ့ပါက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသည် ၂၀၁၅ ခုနှစ် အလွန် အာဏာသုံးရပ် စီမံခန့်ခွဲမှုတွင် ပိုမိုအရေးပါလာမည်ဖြစ်သည်။ မည်သို့ ပင်ဖြစ်စေ ၂၀၁၅ ခုနှစ် နောက်ပိုင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တပ်မတော်နှင့် တိုင်းရင်းသားပါတီများအကြား ပိုမို ရင့်ကျက်သော၊ နားလည်မှုရှိသော၊ သူနိုင်ကိုယ်နိုင် အခင်းအကျင်းဆန်သော နိုင်ငံရေးအခင်းအကျင်း သစ်တစ်ရပ်ကို ဦးတည်လာနိုင်မည်ဟု မျှော်လင့်မိပါသည်။

Credit : Here