Friday, March 29, 2013

ကချင်ပြည်နယ် ပဋိပက္ခနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ထုတ်ပြန်ချက်

နေပြည်တော် မတ် ၂၈


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကချင်ပြည်နယ် ပဋိပက္ခနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက် အမှတ် (၂/ ၂ဝ၁၃) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။­ အဆိုပါ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည် -


ကချင်ပြည်နယ် ပဋိပက္ခနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ထုတ်ပြန်ချက် ထုတ်ပြန်ချက် အမှတ် (၂/၂ဝ၁၃) ၁။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့ တို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရွှေလီမြို့၌ ၂ဝ၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်နှင့် ၁၂ ရက် တို့တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ပူးတွဲကြေညာချက် တစ်ရပ် ထုတ်ပြန်နိုင်ခဲ့ပြီး အပြုသဘော ဆောင်သော ဖြစ်ပေါ် တိုးတက်မှုများ ရရှိခဲ့သဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဝမ်းမြောက်ပါသည်။ အဆိုပါ ပူးတွဲကြေညာချက်အရ အပစ်အခတ် ရပ်ဆိုင်းရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နိုင်ပြီဖြစ်သဖြင့် နိုင်ငံတော်အစိုးရ အနေဖြင့် ကချင်ပြည်နယ် အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို အရှိန် အဟုန်မြှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် ပေးသွား မည်ဟု ဖော်ပြခြင်းကိုလည်း လှိုက်လှဲ စွာ ကြိုဆိုပါသည်။

၂။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကချင်ပြည်နယ်တွင် ဖြစ်ပွားသော ပဋိပက္ခ နှင့်စပ်လျဉ်းသည့် ဖြစ်ပေါ်တိုးတက်မှု များကို အစဉ်တစိုက် စောင့်ကြည့်လေ့လာ ခဲ့ပါသည်။ အဆိုပါ ပဋိပက္ခသည် ကာလရှည် ကြာလာသည်နှင့်အမျှ ရပ်ရွာစွန့်ခွာ တိမ်းရှောင် နေသူများ အနေဖြင့်လည်း ဒုက္ခ ပိုမိုခံစား နေကြရသည်ကို ဝမ်းနည်းစွာ တွေ့ရှိရပါသည်။ ကော်မရှင်သည် ကချင်ပြည်နယ်သို့ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ တွင်တစ်ကြိမ်၊ ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လတွင် တစ်ကြိမ်၊ နှစ်ကြိမ်တိုင် သွားရောက်ခဲ့ပြီး ရပ်ရွာ စွန့်ခွာ တိမ်းရှောင် သူများအား လူသားချင်း စာနာထောက် ထားမှု ဆိုင်ရာ အကူအညီ ရရှိရေးအတွက် သက်ဆိုင်ရာများနှင့် ညှိနှိုင်း၍ ကူညီ ပံ့ပိုး ဆောင်ရွက် ပေးခဲ့ပါသည်။

ထို့ပြင် အဆိုပါ ပဋိပက္ခနှင့် စပ်လျဉ်းသည့် ကော်မရှင်၏ သတင်း ထုတ်ပြန်ချက် များတွင်လည်း ရပ်ရွာစွန့်ခွာ တိမ်းရှောင်သူများ မိမိရပ်ရွာ ပြန်လည် နေထိုင်နိုင်ရေး အတွက် ပြန်လည်ထူထောင်ရေး မပြုလုပ်မီ မိုင်း ရှင်းလင်းရေး ပြုလုပ်ရန် လိုအပ်ကြောင်း၊ မိုင်းရှင်းလင်းရေး ပြုလုပ်ပါက လက်နက်ကိုင် အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် သင့်ကြောင်း၊ ရွာသားများကို မိုင်းအသိ ပညာ ပေးသင့်ကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ကျေးရွာလူထု အပေါ် မည်သို့ သော အကြောင်းနှင့်မျှ လူ့အခွင့်အရေး ဖောက်ဖျက်ခြင်း မပြုရန်နှင့် တပ်သားသစ်များ အတင်းအဓမ္မ ခေါ်ယူ စုဆောင်းခြင်း မပြုကြရန် လိုအပ်ကြောင်း၊ ပဋိပက္ခ ဒုက္ခသည်များ ထံသို့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ လုံခြုံ ချောမွေ့ စွာ ပို့ဆောင်ရေးနှင့် ရောက်ရှိရေးကို ကိုင်တွယ် ဖြေရှင်းရန် လိုအပ် ကြောင်း တို့ကို အလေးအနက် တိုက်တွန်း ခဲ့ပါသည်။

၃။ ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရေးကို ရည်မှန်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက် ကျင်းပ နေစဉ် ကာလအတွင်း ရပ်ရွာစွန့်ခွာ တိမ်းရှောင်နေသူများ ခံစားနေရသည့် ဒုက္ခများ လျော့ ပါး စေရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ပိုမို အထောက်အကူ ဖြစ်စေရေးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်က အကြံပြု တိုက်တွန်းထားသည့် အထက်ဖော်ပြပါ အချက်များကို လတ်တလော ဦးစားပေး အကောင် အထည် ဖော်ဆောင် သင့်ပါကြောင်း ထပ်လောင်း တိုက်တွန်း အပ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
ရက်စွဲ၊ ၂ဝ၁၃ ခုနှစ်၊ မတ်လ ၂၈ ရက်

Credit : Here

ဂတ်စ်ပိုက်လိုင်း လျှော်ကြေး ခြံပိုင်ရှင်များ မရ

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ဂတ်စ်ပိုက်လိုင်း သွယ်တန်းသည့်အတွက် သိမ်းဆည်းခံရသည့် ဥယာဉ်ခြံ မြေများအတွက် သီးနှံ လျှော်ကြေးငွေများ ထုတ်ပေးနေရာတွင် ပိုင်ရှင်အစစ်အမှန်များ လျှော်ကြေးငွေ မရဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။

၎င်းလျှော်ကြေးငွေများကို ပိုင်ရှင်မဟုတ်သူများက အာဏာပိုင်များနှင့်ပေါင်းပြီး လိမ်လည်ထုတ်ယူ နေ ကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ မသွယ်သွယ်စိုးက ပြောသည်။

“ပိုင်ရှင် အစစ်တွေက လျှော်ကြေးမရပါဘူး။ ပိုင်ရှင်မဟုတ်တဲ့ အာဏာပိုင်တွေနဲ့ နီးစပ် သူတွေက အရေးပေါ် ပြေစာ အတုတွေလုပ်ပြီး သီးနှံ လျှော်ကြေးပေးတဲ့အဖွဲ့က ငွေတွေကို အာဏာပိုင်တွေနဲ့ ပေါင်းပြီး ထုတ်နေကြပါတယ်” ဟု ဆိုသည်။


လျှော်ကြေးငွေများ လိမ်လည် ထုတ်ယူခံနေရသည့် ကျေးရွာသားများမှာ နွားရုံတောင်အုပ်စု၊ အောက်ရွာ အုပ်စုအပါအ၀င် ပိုက်လိုင်းတလျှောက် ကျေးရွာအများအပြားမှ ရွာသားများဖြစ်ကြောင်း သူမက ဆိုသည်။

လျှော်ကြေးငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် သီးနှံလျှော်ကြေးပေးရေးကော်မီတီမှ ထုတ်ပေး နေခြင်းဖြစ်သည်။

သိမ်းဆည်းခံနေရသည့် ဥယာဉ်ခြံမြေများ အတွက် လျှော်ကြေးပေးရာတွင် လယ်မြေ အပါအ၀င် တခြားမြေ လျှော်ကြေးနှင့် သီးနှံလျှော်ကြေးဟူ၍ နှစ်မျိုး ခွဲခြား ပေးနေခြင်းဖြစ်ပြီး တချို့မှာလည်း အစိုးရ မြေစာရင်း ဌာနတွင် စာရင်းပေါက်မရှိ သည့်အတွက် မြေလျှော်ကြေး မရသူများလည်းရှိကြောင်း သိရသည်။

မသွယ်သွယ်စိုး တစ်ဦးတည်းတွင် စိုက်ခင်း ၂ ခု စုစုပေါင်း ဧက ၂၀ ကျော်သိမ်းဆည်းခံရပြီး စိုက်ခင်း တစ်ခုအ တွက်သာ မြေနှင့်သီးနှံလျှော်ကြေးရရှိပြီး ကျန်စိုက်ခင်း တစ်ခု အတွက် တပြားတချပ်မှ မရရှိသေးကြောင်း ပြောသည်။

ယခုကဲ့သို့ စိုက်ခင်းပိုင်ရှင်မဟုတ်သူများ လျှော်ကြေးများကို လိမ်လည်ထုတ်ယူနေသည့်အတွက် မြို့နယ် အတွင်း နစ်နာရသူ တောင်သူများစုပေါင်းပြီး ရခိုင်ပြည်နယ် တိုးတက်ရေးပါတီ (ရတပ) ပါတီမှတစ် ဆင့် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုလွတ်တော်သို့ ဥပဒေကြောင်းအရ တင်ပြရန်စီစဉ်နေကြောင်း ပြော သည်။

“ကျမတို့အခု အုပ်စုအလိုက် စာရင်းကောက်ပြီး လက်မှတ်တွေစုနေပါတယ်။ တမှန်တကယ် နစ်နာတဲ့သူတွေ ကတော့ ကျောက်မြောင်းအုပ်စု တောင်ရင့်ကြီးရွာ၊ ပဒေါင်းချဉ်ရွာ၊ နောက်ပြီး ပဒက်မော်အုပ်စု အိုးပုံရွာ၊ ငါးလုပ်ကျရွာ၊ ဇာတီမော် ရွာ၊ နောက်ပြီးအောက်ရွာအုပ်စုက အောက်ရွာစသဖြင့် အုပ်စုလိုက် စာရင်းကောက်နေပါ တယ်။ တော်တော်များမယ်။ အတိကျတော့ စာရင်း မရတဲ့ အတွက် မသိရသေးဘူး” ဟု မသွယ်သွယ်စိုးက ပြောသည်။

ဒေသအတွင်း လယ်မြေ၊ ဥယာဉ်ခြံမြေများ သိမ်းဆည်းခံရသည့်အတွက် တောင်သူများ၏ စိုးရိမ်ပူပင်များကို မည်သူမှ လာရောက် ဖြေသိမ့် ပေးခြင်း မရှိသလို ဥယာဉ်ခြံမြေ ပိုင်ရှင်များနှင့် ညှိနှိုင်းခြင်း ၊ အသိပညာ ပေးခြင်းလည်း မရှိဟု ဆိုသည်။

တောင်သူများကို မြေတစ်ဧကို လျှော်ကြေး ဘယ်လောက်ပေးမည်။ ဖျက်ဆီးခံရသည့် ဥယျာဉ်များမှ အပင်ကြီး တစ်ပင်ကို မည်ရွေ့မည်မျှ လျှော်ကြေးပေးမည်။ သတ်မှတ်နုန်းထား မည်မျှ ရှိသည်ကို တောင်သူ များအား တစ်စုံတစ်ရာ ရှင်းပြခြင်း မရှိဘဲ အတင်းအဓမ္မ လက်မှတ် ရေးထိုးခိုင်းက လျှော်ကြေးငွေများကို ခွဲဝေ ပေးနေသည်ဟု သိရသည်။

Credit : Here

အမျိုးသားများ ဝနေရဆဲ အကြောင်းရင်း ငါးရပ်

အမျိုးသားတွေ ဝလာရင် ဗိုက်ပူ လာတတ်ပါတယ်။ အမျိုးသားတွေ အနေနဲ့ ကိုယ်တွင်း ကျားဟော်မုန်း တွေ ဟန်ချက်ညီပြီး ကြွက်သားတွေ သန်စွမ်းနေဖို့ဆိုရင် အဝလွန်တာကို လျှော့ချဖို့လည်း လိုပါတယ်။ လတ် တလော လေ့လာမှုတွေအရ အမျိုး သားတွေအနေနဲ့ ခန္ဓာကိုယ် အဆီကျ ပြီး ပိန်ဖို့ရာမှာ အတားအဆီး ဖြစ်စေ တဲ့ အချက်တွေကို အောက်ပါအတိုင်း သိရပါတယ်။

(၁) အစာကို အမြန်စားခြင်း

ကိုယ်အလေးချိန် ကျချင်ရင် အစာကို ရှောင်ဖို့မလိုပါဘူး။ အစာကို ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားပေးဖို့ပဲ လိုတာပါ။ လေ့လာမှုတစ်ခုအရ ကျန်းမာတဲ့ အမျိုးသား ၁၇ ဦးဟာ ရေခဲမုန့် တစ်ခွက်ကို ငါးမိနစ်အတွင်း ကုန်အောင် စားသူနဲ့ နာရီဝက်ကြာ စားသူ အုပ်စုနှစ်ခုကို ခွဲခြားလေ့လာခဲ့ပါတယ်။ မိနစ် ၃၀ ကြာစားတဲ့ အမျိုးသားတွေရဲ့ ဦးနှောက်မှာ ဗိုက်ပြည့်စေတဲ့ ဟော်မုန်းထွက်ရှိပြီး အစာစားဖို့ ရပ်တန့်အောင် သတိပေးခဲ့ပါတယ်။ ငါးမိနစ်အတွင်း ကုန်အောင်စားတဲ့ အမျိုးသားတွေမှာတော့ ဗိုက်မပြည့်ဘဲ ထပ်စားလိုကြောင်း တွေ့ရပါတယ်။ ဒါကြောင့် အစာကို မြန်မြန်စားတာက ကိုယ်အလေးချိန် မြင့်တက်စေတဲ့ အကြောင်းရင်း တစ်ချက်ပါ။


(၂) အစာရှောင်ခြင်း

အစာတစ်နပ်၊ နှစ်နပ်မစားဘဲ နေတာက အစာစားချင်စိတ် ထိန်းချုပ်နိုင်စွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။ အစာကို ပုံမှန်စားမှ ဦးနှောက်စွမ်းဆောင်ရည် ကောင်းကာ စွမ်းအင်ပြည့်ဝနေမှာပါ။ အစာကို ရှောင်တာ ကြောင့် အစာစားချင်စိတ်က ပိုတိုးလာပြီး စားတဲ့အချိန်မှာ အလွန်အကျွံ စားမိတတ်ပါတယ်။

(၃) အားလပ်ရက် ပွဲတော်ကြီးတွင် ဆင်နွှဲခြင်း

တစ်ပတ်လုံး အစာကို ထိန်းချုပ်စားခဲ့ပေမယ့် အားလပ်ရက် ပွဲတော်တွေနဲ့ ကြုံဆုံခိုက်မှာ အလွန်အမင်း စားရင် ပြည့်ဝဆီတွေက အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ လက်ပ်တင်ဟော်မုန်းရဲ့ စွမ်းရည်ကို ပိတ်ပင် တားဆီးပေးတာကြောင့် အစာကို ထိန်းချုပ်စားဖို့နဲ့ ကိုယ်အလေးချိန်ကို ထိန်းချုပ်ဖို့ ခက်သွားတတ်ပါတယ်။

(၄) ဆားကဲသော အစာများ စားခြင်း

ဆိုဒီယမ်က အစာတွေကို အရသာတိုးစေတာကြောင့် သတိလက်လွတ်ဖြစ်ပြီး အများအပြား စားဖြစ်သွား တတ်ပါတယ်။ ဒါကြောင့် အာလူးကြော်၊ ပြောင်းဖူးပေါက်ပေါက်၊ မြေပဲလှော်တွေ စားတဲ့အခါ အထိန်းအကွပ် မရှိဘဲ အများအပြား စားဖြစ်သွားရတာပါ။ ဆားကဲတဲ့ သရေစာတွေအစား သစ်သီး ဖျော်ရည်၊ သစ်သီးစိတ် စတာတွေကို အစားထိုး စားပေးပါ။

(၅) အရက်သောက်ခြင်း

အယ်လ်ကိုဟောပါတဲ့ ဘီယာ၊ အရက်၊ ဝီစကီတွေကို အများအပြား မသောက်မိဖို့ သတိထားပါ။ တစ်ညမှာ ဘီယာနှစ်ခွက် သောက်ရင် တစ်ပတ်မှာ ၈၄၀၀ ကီလိုဂျိုးကျော် ရရှိစေပါတယ်။ ဒီ ပမာဏကို လောင်ကျွမ်းဖို့အတွက် အချိန်နှစ်နာရီကျော် ပြေးဖို့လိုပါတယ်။ ဒါကြောင့် သင့်ကိုယ် အလေးချိန်နဲ့  ဘောင်းဘီခါး အရွယ်အစားတို့ကို ပြန်ငဲ့ကြည့်ပြီး အရက်ကိုရှောင်ပါ၊ မရှောင်နိုင် ပါက ထိန်းချုပ်သောက်ပါလို့ သတိပေးချင်ပါတယ်။

ကေအမ်
Ref:Good Health

Credit : Here

နိုင်ငံတော်သမ္မတ၏ ညွန်ကြားချက်အတိုင်း ဆူပူ အကြမ်းဖက် ဖျက်ဆီး မှုပြုလုပ်သူများကို ဥပဒေအတိုင်း ပြတ်ပြတ် သားသား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ပြောကြား

နိုင်ငံတော် သမ္မတ၏ ညွန်ကြားချက် အတိုင်း ဆူပူ အကြမ်းဖက် ဖျက်ဆီးမှု များ အတွက် မည်သူ့ကိုမဆို ဥပဒေအတိုင်း ပြတ်ပြတ်သားသား ပစ်ခတ် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပဲခူးတိုင်း ဒေသကြီး တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြဝင်းက မတ်လ ၂၉ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက် အုပ်ချုပ်ရေး မှူးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများ အား ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြဝင်းက “ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကို၊ ရဲချုပ်တို့ရဲ့ မိန့်မှာချက်တွေကို ကျွန်တော် လာပြောပြတာ ပါ။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေမှာ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခု ရှိပါတယ်။


မိုးညိုနဲ့ ကြို့ပင်ကောက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေပါ။ အဲဒီမြို့နယ်တွေမှာ သံ ဃာတော်တွေ ဦးဆောင်တဲ့ သံဃာတော်တွေရဲ့ ကာကွယ် ပေးမှုကြောင့် ကျွန်တော်တို့ ရဲတွေ လုပ်ရကိုင်ရ ခက်ပါတယ်။ ကြို့ပင်ကောက်မှာ ဘုန်း ကြီးအပါး ၄၀ လောက်က ကုလားအိမ်တွေကို ဖျက်နေတယ်ဆိုတဲ့ အချိန် မှာ ကျွန်တော်တို့ ချက်ချင်း ရောက်ပါတယ်။

သို့သော် သံဃာတော်တွေက မင်းတို့ ရဲတွေနဲ့ မီးသတ်တွေ အနား ကပ်လာ ရင် ငါတို့ မီးရှို့ရလိမ့်မယ်လို့ ပြောလို့ ကျွန်တော်တို့ လက်ခံပြီး နောက်ဆုတ် ပေးခဲ့ပါတယ်။ အဲဒီနောက် သံဃာတော် ၁၅၀ လောက် ဖြစ်လာပြီး လူက အယောက် ၂၀၀ လောက် ဖြစ်လာတယ်။ မိုးလင်းသည်အထိ ဖျက်ဆီးမှုတွေ ဖြစ်သွားခဲ့တယ်။ မိုးညိုမှာလည်း အလားတူပါပဲ။

ကျွန်တော်တို့ ဘာသာမှာ ဝိနည်း စည်းကမ်းနှင့်အညီ နေထိုင်နေတဲ့ ဆရာတော်၊ သံဃာတော်များသည် ယခုလို ဥပဒေမဲ့ လုပ်နေလားလို့ နိုင်ငံတကာက မေးလာရင် အဖြေ မရှိပါဘူး။ မလျှော်ညီပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ သံဃာ့နာယက ဆရာတော်ကြီးများလည်း ဆင်းလာပြီး မိန့်ပါမယ်။ ဖြစ်ရင် မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူဖို့ ဆောင်ရွက် ပါမယ်။

ဒါ့အတွက် ကျွန်တော် လက်ပံတန်းမြို့ကို စိုးရိမ်ပါတယ်။ အခုချိန်စပြီး အဖျက် လုပ်ငန်းလုပ်ရင် ကျွန်တော်တို့ ပြင်းပြင်ထန်ထန် အရေးယူ ဆောင်ရွက်သွား မယ်။ ကျွန်တော်တို့ ပဲခူးတိုင်း ရဲတပ်ဖွဲ့နေနဲ့ အတတ်နိုင်ဆုံး ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့နဲ့ ကျွန်တော်တို့ လုပ်ခဲ့ပြီးပါပြီ။ အခု အချိန်မှာ ကျွန်တော်တို့ သမ္မတကြီးရဲ့ ညွန်ကြားချက် အရ တရားဥပဒေ စိုးမိုးဖို့ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် အခု ချိန်ကစပြီး မည်သည့် အဖွဲ့ အစည်းကို မဆို ပြတ်ပြတ်သားသား လုပ်ပါမယ်။

လမ်းပေါ်မှာ ဖွဲ့ရင် သည်းခံမယ်။ ဗလီနဲ့ လူနေအိမ်တွေ ဖျက်ပြီဆိုရင်တော့ မည်သူ့ကိုမဆို ကျွန်တော်တို့ ပစ်ခတ်ရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် ပြစ်မှု ကျူးလွန်သူ ၁၀ ဦး၊ ပေါင်းတည်မြို့နယ်တွင် ၁၀ ဦး၊ သနပ်ပင် မြို့နယ်တွင် ၃ ဦး၊ နတ္တ လင်းမြို့နယ်တွင် ၂ ဦးကို ဖမ်းဆီးအရေးယူထားကြောင်းနှင့် လက်ပံ တန်း မြို့နယ်တွင် သံသယဖြစ်ဖွယ် လူ ၂ ဦးကို ဖမ်းဆီးခဲ့သော်လည်း မကြာမီ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

Eleven

Credit : Here

ဆင်းကဒ်ဈေး ထောင်ဂဏန်းဖြင့် ချထားပေးပါက ဟန်းဆက်ဆိုင်များက အခမဲ့ပေးမည်

နိုင်ငံတော်မှ တန်ဖိုးနည်း ဆင်းကဒ်များကို ကျပ် ထောင်ဂဏန်းမျှဖြင့် အမှန်တကယ် ဈေးလျှော့ချပေးမည် ဆိုပါက ဟန်းဆက် အရောင်းဆိုင်များက ဆင်းကဒ် အခမဲ့ ပေးကာ ဟန်းဆက်များကိုသာ ဦးစားပေး ရောင်းချသွား ရန် စီစဉ်နေကြကြောင်း စုံစမ်းသိရှိရသည်။ နောက်ဆုံး ထွက်ပေါ်နေသော သတင်းများအရ GSM ဆင်းကဒ် တစ်ကဒ်လျှင် ကျပ်နှစ်ထောင်နှင့် WCDMA ကို ကျပ်ငါးထောင်နှုန်းဖြင့် ချထားမည်ဟု ထွက်ပေါ်နေပြီး ဧပြီလတွင် တန်ဖိုးနည်းဖုန်းများ ချထားပေးရန် စီစဉ်နေကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။


“တကယ်သာ ထောင်ဂဏန်းလောက်နဲ့ဆိုရင် ကျွန်တော်တို့လည်း ဟန်းဆက်ဝယ်တဲ့သူကို ဆင်းကဒ် အလကားပေးတဲ့ ဈေးကွက် ဖော်ဆောင်သွားဖို့ ရှိတယ်။ ဟန်းဆက်ဆိုင် တော်တော်များများကလည်း ဒီလိုဈေးကွက် Promotion လုပ်ကြမှာဆိုတော့ ကျွန်တော်တို့လည်း လုပ်ဖြစ်မှာပါ” ဟု ဗိုလ်အောင်ကျော် လမ်းရှိ Mobile Bank ဟန်းဆက်အရောင်းဆိုင်မှ တာဝန်ခံကိုသော်ဇင်က ဆိုသည်။ 

ရန်ကုန်မြို့တွင်းရှိ ဟန်းဆက် အရောင်းဆိုင် အများစုမှာလည်း ကနဦး သတင်း ထွက်ပေါ်နေသည့်အတိုင်း ဆင်းကဒ်ဈေး ထောင်ဂဏန်းမျှသာ ရှိမည်ဆိုပါက ထိုသို့ အခမဲ့ပေးသွားရန် စီစဉ်ကြသော်လည်း အချို့သော ဆိုင်များမှာမူ ဈေးနှုန်းအတည်အကျ ထွက်ပေါ်မှသာ ဈေးကွက် အနေအထားအရ လုပ်ဆောင် သွားရန် စောင့်ကြည့်နေဆဲဟု သိရသည်။

“အချို့ဆိုင်တွေကတော့ ဆင်းကဒ် အခမဲ့ပေးဖို့ ပြင်ကြပေမယ့် ကျွန်တော်တို့ကတော့ လောလောဆယ် ဟန်းဆက်ဈေးနဲ့ ပစ္စည်းမှန်ဖြစ်ရေးကိုပဲ ဦးစားပေးနေတာပါ။ နောက်တော့ ဈေးကွက် အနေအထား အရတော့ ပိုင်ရှင်က အစီစဉ်သစ်တစ်ခုခု စီစဉ်သွားမယ် ထင်တယ်” ဟု New Moile ဟန်းဆက် အရောင်းဆိုင် တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

နိုင်ငံတော်မှ တန်ဖိုးနည်း ဖုန်းများကို ဧပြီ ၁ ရက်တွင် ရောင်းချပေးသွားမည်ဟု ဆိုသော်လည်း ပြင်ပဟန်းဆက် အရောင်းဆိုင်များမှ တိုက်ရိုက်ရယူ ရောင်းချခွင့်ရှိ မရှိကိုမူ မသိရှိရသေးကြောင်းလည်း Mobile အရောင်းဆိုင်များက ဆိုသည်။ 

ထိုသို့ အများပြည်သူ လက်လှမ်းမီနိုင်မည့် မမျှော်လင့်သော နှုန်းဖြင့် ဆင်းကဒ်များ ချထားပေးသွားမည်ဟု အတည်ပြု သတင်း ထွက်ပေါ်ခဲ့ပြီးနောက် ဟန်းဆက် ကြိုတင်စုဆောင်းမှုများကြောင့် ဟန်းဆက်ဈေးကွက် အနည်းငယ် လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။ 

သို့သော်လည်း ယခုထွက်ပေါ်မည့် ဖုန်းလိုင်းစနစ်မှာ တန်ဖိုးနည်းဆင်းကဒ်နှင့် သုံးစွဲ၍ မရမည်ကို စိုးရိမ်မှု များကြောင့် အခြေအနေ စောင့်ကြည့်နေခြင်းများလည်း ရှိသည်ဟု ဆင်းကဒ်ဝယ်ရန် စောင့်ဆိုင်းနေသူ တစ်ဦးက ပြောဆိုသည်။

“ဆင်းကတ်တွေ အလကားပေးမယ် ဆိုပေမယ့်လို့ ဟန်းဆက်ဈေးထဲမှာပဲ ဆင်းကဒ်တန်ဖိုး ထည့်ထားမယ် ဆိုရင်တော့ မဟုတ်သေးဘူး။ အရောင်းမြှင့်တင်ရေး သဘောနဲ့ သက်သက်ပေးတာ ဆိုရင်တော့ အဲဒီလို ပေးတဲ့ ဆိုင်မှာပဲ ဝယ်ဖြစ်မှာပါ” ဟု အဆိုပါပုဂ္ဂိုလ်က ၎င်း၏ ဆန္ဒအား ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Credit : Here

ဖုန်းတစ်ခုလုံး မြန်မာစာ စနစ်သုံး JAS6 ဖုန်းဟန်းဆက် ဈေးကွက် အတွင်း စတင်မိတ်ဆက်


ဖုန်းစနစ်တစ်ခုလုံး မြန်မာစာစနစ် သုံးစွဲထားသည့် JAS6 အမှတ်တံဆိပ် မိုဘိုင်းဖုန်းဟန်းဆက် ကို ဈေးကွက်အတွင်းတွင် စတင်ရောင်းချပြီ ဖြစ်ကြောင်း JAS6 ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

အဆိုပါ JAS6 ဟန်းဆက်အား အိန္ဒိယနိုင်ငံ အခြေစိုက် ဖုန်းကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း ဖုန်းတစ်ခုလုံးတွင် အသုံးပြုသော Funtion များအားလုံးကို မြန်မာစာ စနစ်ဖြင်ဖြင့် အသုံးပြုနိုင်ရန် စီစဉ် ထားရှိကြောင်း သိရသည်။


“ဒီဖုန်းမှာ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ ရှိပါတယ်။ တကယ်လို့ ဖုန်းအသုံးပြုသူက အရးပေါ် အခြေအနေ တစ်ခုခုနှင့် ရင်ဆိုင်နေရတဲ့ အချိန်မှာ ဖုန်းမှာပါတဲ့ အရေးပေါ်ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် ၁၉၉ကို အလိုလျောက်ဖုန်းခေါ်ဆိုပြီး “အကူအညီပေးပါ” ဆိုတဲ့ အသံဖိုင်က ပြောပေး မှာပါ။ ပြီးရင် ဖုန်းပိုင်ရှင်ရဲ့  ဖုန်းမှတ်တမ်းမှာ မှတ်ထားတဲ့ ဖုန်းနံပါတ်တွေထဲက လူ ၃ယောက် ဆီကို စာတို မတ်ဆေခ်ျ အလိုလျောက်ပေးပို့ပေး မှာပါ” ဟု JAS6 မှ တာဝန်ရှိသူ က ရှင်းပြသည်။

JAS6 ဖုန်းဟန်းဆက်တွင် ဖုန်းပျောက်သွားပါက ပြန်လည်ရှာဖွေနိုင်ရန် ဆော့ဝဲလ်ထည့်သွင်းထားကြောင်း GPS စနစ်ဖြင့် ရှာဖွေနိုင်မည်ဖြစ်ပြီး ဖုန်းတည်နေရာကို အနီးစပ်ဆုံးပြသပေးနိုင်ကြောင်း သိရသည်။

အင်တာနက် အသုံးပြုလိုသူများအတွက် ဝက်ဘ်ဆိုက်များ၊ လူမှုရေးကွန်ယက်များ ဖြစ်သည့် Facebook၊ Gmail ၊ Skype၊ Viber တို့တွင် လည်း မြန်မာလို အပြည့်အဝ ဖတ်ရှု အသုံးပြုနိုင်ရန်စီစဉ်ထားကြောင်း ၊ မြန်မာစာလက်ကွက်အတွက်လည်း အက္ခရာတစ်လုံးကို ရိုက်နှိပ်လိုက်သည်နှင့် ၎င်းစာလုံးနှင့် သက်ဆိုင် သော စာလုံးပေါင်းများကို ဖော်ပြပေးကြောင်း သိရသည်။

JAS6 ဖုန်းဟန်းဆက်ကို GSM ၊ CDMA 800Mhz ၊ WCDMA ဖုန်းလိုင်းကတ်များထည့်သွင်းအသုံးပြုနိုင်ပြီး ICS 4.0 Android ကိုထည့်သွင်း အသုံးပြုထားကာ မြန်မာခံစားမှုဆော့်ဝဲလ် 6.0 ပါဝင်ကြောင်း၊ ဖုန်းကင်မရာပါဝင်ပြီး ဖုန်းဟန်းဆက်အရောင်မှာ ရှေ့မျက်နှာပြင်မှာ အမည်း ရောင်ဖြစ်ပြီး နောက် ကိုယ်ထည်အရောင်မှာ အဖြူရောင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ JAS6ဖုန်းဟန်းဆက်တန်ဖိုးမှာ တစ်သိန်းလေးသောင်းကိုးထောင်ကျပ်ဖြင့် ဖြန့်ဖြူးရောင်ချ ပေးလျက်ရှိပြီ မတ်လ ၂၉ ၊ ၃၀ တွင် တပ်မတော်ခန်းမတွင် ကျင်းပနေသော ကုန်စည်ပြပွဲတွင် အထူး ဈေးနှုန်းအဖြစ် တစ်သိန်းနှစ်သောင်းကိုးထောင်ကျပ်ဖြင့် ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။

Credit : Here

မူကြိုတွေက---ကလေးတွေကို ပိုညံ့သွားစေသလား

ပြီးခဲ့တဲ့တပတ်က ကလေးဗဟိုပြု သင်ကြားရေး စနစ်အကြောင်းကို ကျမ အကြမ်းဖျဉ်း ဆွေးနွေး ခဲ့ ပါတယ်။ ဒီအပတ်တော့ ကျမ မူကြို ကျောင်းတွေ အကြောင်းကို ပြောချင်ပါတယ်။ မူကြို ကျောင်းများ ဟာ ကလေး တယောက်ရဲ့ ပညာရေး ခြေလှမ်းမှာ ပထမဆုံး စတင်ပြီးတော့ ချလိုက်ရတဲ့ ခြေလှမ်း တခုပါ။ ဒါကြောင့်မို့ မူကြိုကျောင်းများဟာ သိပ်ကိုမှ အရေးကြီးလှပါတယ်။

ကလေးတို့ သုံး၊ လေး နှစ် အရွယ်လောက် ရောက်လာပြီ ဆိုရင်ပဲ မိဘ တော်တော်များများက မူကြိုကို ပို့ကြပါပြီ။ မူကြိုကိုပို့တဲ့ ရည်ရွယ်ချက်ပေါင်း မြောက်များစွာထဲမှာမှ ကျမတို့ဆီက မိဘ တော်တော် များများရဲ့ ရည်ရွယ်ချက် ကတော့ သူတို့ကလေး သူငယ်တန်း တက်ရင် စာတွေ အဆင်သင့် ဖြစ်နေအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပို့ကြတာ များပါတယ်။ အဲဒီလိုပဲ ကျမတို့ နိုင်ငံက မူကြိုကျောင်း အများစုကြီး ဟာလည်း ကလေးတွေကို သူငယ်တန်းစာတအုပ်လုံးနီးနီးလောက် ရနေစေဖို့  အစွမ်းကုန် လေ့ကျင့်ပေး ကြပါတော့တယ်။ ဒါဟာ တကယ်တော့ အင်မတန်ကိုမှ မှားယွင်းတဲ့၊ အန္တရာယ် ကြီးမားလှတဲ့ အလုပ်ကြီး တခုပါပဲ။


ဘာဖြစ်လို့လဲ ဆိုတော့ မွေးစကနေ ငါးနှစ်အရွယ် ကာလဟာ ကလေးတွေရဲ့ ဆော့ကစားတဲ့ အရွယ်(Play Years) လို့ ခေါ်ပါတယ်။ ဘာဖြစ်လို့ ဆော့ကစားတဲ့ အရွယ်လို့ ခေါ်ရသလဲ ဆိုရင် ဒီအရွယ် ကလေးတွေရဲ့ ကစားမှုဟာ လူကြီးတွေ အလုပ်လုပ်သလိုပဲ သူတို့ရဲ့ ကစားနေခြင်းဟာ အလုပ်လုပ်ခြင်း ဖြစ်လို့ပါပဲ။ လူ့ဘ၀ထဲကို ၀င်ဖို့အတွက် (စိတ်ပိုင်း ရုပ်ပိုင်း ကြီးပြင်းဖို့ အတွက် ) သူတို့ ကစားဖို့ လိုပါတယ်။ ကစားတယ် ဆိုတဲ့ နေရာမှာ ကြွက်သားကြီးများ သန်မာလာအောင် (Gross Motor Skills) လို့ ပြေးလွှား လှုပ်ရှား ကစားဖို့ လိုသလို၊ ကြွက်သားငယ်လေးများ သန်စွမ်းလာအောင် (Fine Motor Skills) လို့ ပန်းချီဆွဲတာ၊ ဂျုံရုပ်လေးတွေ (Play Dough) နဲ့ နယ်ပြီး ကစားကြတာ၊ အရုပ်မလေးတွေကို အင်္ကျီဝတ်ပေးတာ၊ သစ်သားတုံးလေးတွေ တတုံး နဲ့ တတုံး ထပ်ထပ် ပြီး ကစားတာတွေ လုပ်ဖို့ လိုပါတယ်။ ပြေးရင်း လွှားရင်း ဆော့ကစားရင်းနဲ့ပဲ လူ့ဘ၀မှာ တကယ်အသုံးဝင်အရေးကြီးလှတဲ့ ကလေးအချင်းချင်း (လူအချင်းချင်း) ပေါင်းတတ် သင်းတတ် စေတဲ့ ပေါင်းသင်း ဆက်ဆံမှု စွမ်းရည် (Social Skills) ကို ရရှိစေနိုင်မှာပါ။

ပေါင်းသင်း ဆက်ဆံမှု စွမ်းရည် ဖွံ့ဖြိုးအောင်လုပ်ဖို့ နဲ့ ကလေးတို့ရဲ့ တီထွင်ဖန်တီးမှု စွမ်းရည်လေးတွေ တိုးတက်လာအောင် လုပ်ဖို့ဆိုတာ သိပ်ကို အရေးကြီးလှပါတယ်။ ကလေးတို့ ရောင်စုံ ခဲတံလေးတွေနဲ့ ခြယ်ချင်ရာကို ခြယ်ခွင့်ပေးတာ၊ ဂျုံရုပ်လေးတွေ နဲ့ လုပ်ချင်တဲ့ အရုပ်လေးတွေကို လုပ်ခွင့်ပေး တာဟာ ကလေးတို့ရဲ့ တီထွင်ဖန်တီးမှု စွမ်းရည်ကို တိုးတက်လာအောင်လို့ လုပ်ပေးခြင်းပါပဲ။ ဒါတွေဟာ မူကြိုကျောင်းများကနေ မဖြစ်မနေ လုပ်ကိုလုပ်ပေးရမယ့် အရာတွေပါ။

ကလေးတို့ကို ၀လုံးရေးခိုင်းဖို့ (စာရေးခိုင်းဖို့ အတွက်) ကလေးတို့ရဲ့ လက်မောင်း လက်ဖျံ ကြွက်သားတွေ သန်စွမ်းဖို့ လိုသလို၊ လက်ချောင်းလေးတွေ သန်စွမ်းဖို့လိုပါတယ်။ ဒီလို သန်စွမ်းဖို့ အတွက် မပြေးမလွှား မဆော့ မကစားဘဲနဲ့ လုံးဝ မရနိုင်ပါဘူး။ ကလေး တယောက်ကို ၀လုံး အရေး မခိုင်းခင်မှာ ခဲတံကိုင်ခိုင်းဖို့ အတွက် လေ့ကျင့်ပေး၊ လုပ်ပေး ရမယ့် အဆင့်တွေ ရှေ့မှာ အများကြီး ရှိပါသေးတယ်။ ကလေး တယောက်နဲ့ တယောက်ဟာ ဖွံ့ဖြိုးမှု မိုင်တိုင် (Mile Stone) တွေ တယောက်နဲ့ တယောက် မတူကြတာမို့ သုံးနှစ်ပြည့်ပြီ ၀လုံး စရေးတော့၊ လေးနှစ်ပြည့်ပြီ စာ စရေးတော့ ရယ်လို့ လုပ်လို့ မရပါဘူး။

ကျမရဲ့ သားကလေးကို မူကြို ကျောင်းထားမယ် ဆိုပြီးတော့ မူကြို တော်တော်များများကို ကျမ လိုက်ကြည့် လေ့လာ ဖူးပါတယ်။ စားပွဲဝိုင်းလေးတွေ ချပြီးတော့ စာအုပ်လေးတွေ ထုတ်ပြီး ကလေးတို့ ၀လုံး တွေကိုပဲ ထိုင်ရေးနေတဲ့ မြင်ကွင်းကို မူကြို တော်တော် များများမှာ ကျမတွေ့လာရပါတယ်။ သိပ်ကိုမှ စိတ်ဆင်းရဲစရာ ကောင်းတဲ့ မြင်ကွင်းပါ။ သူငယ်တန်း တက်ရင် အဆင်သင့်ဖြစ်အောင် ဆိုပြီးတော့ သူငယ်တန်း စာတွေကို မရပ်မနား သင်နေတဲ့ မူကြို ကျောင်းတွေမှာ ကလေးတွေက မျက်နှာငယ်လေးတွေနဲ့ စာတွေရေးလို့။ ကျောင်းဖွင့်ရင် အဆင်သင့်ဖြစ်အောင်လို့ သင်နေရတဲ့ သူငယ်တန်းစာ ဆိုတာကြီးရယ်၊ အချိန်ပြည့်နီးပါးလောက် ၀လုံးကို မ၀ိုင်းဝိုင်းအောင် ရေးခိုင်းနေတဲ့ လေးကြောင်းမျဉ်း စာအုပ်တွေရယ်ဟာ ကလေးတို့ရဲ့ တီထွင် ဖန်တီးမှုစွမ်းရည်တွေ၊ ပေါင်းသင်းဆက်ဆံမှု စွမ်းရည်တွေ၊ တွေးခေါ် စဉ်းစားမှု စွမ်းရည်တွေ၊ ကိုယ်လက် သန်စွမ်းမှုတွေ အားလုံးကို ခမ်းခြောက် သွားအောင်လို့ လုပ်ပစ်နေကြတာပါ။ နှမြောစရာ အကောင်းဆုံး ကတော့ ဒီအရွယ် ကလေးတို့ရဲ့ မွေးရာပါ စွမ်းရည်တခု ဖြစ်တဲ့ စိတ်ကူးကမ္ဘာထဲက စိတ်ကူးယဉ် ကစားနည်းတွေကို ကစားခွင့်၊ စိတ်ကူးခွင့် မရတော့တာပါပဲ။

မူကြိုကျောင်းတွေက မူကြိုနေရာမှာ မနေဘဲ သူငယ်တန်းစာတွေကို ကြိုကြိုသင်နေကြတဲ့ ကျမတို့ဆီက ပညာရေးကို ကျမ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ မူကြို ကလေးတယောက်ဟာ ကျောင်းမတက် ခင်မှာ သူငယ်တန်းစာကို အကုန် ရသွားတယ် ဆိုပါတော့။ ဒါဆို သူငယ်တန်းက ဆရာမတွေ ဘာတွေကို သင်နေကြသလဲ လို့ မေးစရာ ဖြစ်လာ ပါပြီ။ မူကြိုမှာ ၀လုံး မရေးတတ်ခဲ့တဲ့ ကလေးတယောက်ဟာ သူငယ်တန်း တတ်တဲ့ အချိန်မှာ ကျမတို့ ငယ်ငယ်ကလို ဆရာမက ၀လုံးရေး မသင်ပေးတော့ဘူး လို့လည်း ပြောကြပါတယ်။ တကယ်တော့ သူငယ်တန်း ဆရာမ တယောက်ရဲ့ အလုပ်ဟာ သူငယ်တန်းစာ သင်ဖို့ပဲ မဟုတ်လား။ သူငယ်တန်းစာကို မူကြိုတွေက သင်နေတာ၊ သူငယ်တန်းကို ကျူရှင်ယူနေ ရတာတွေကို ကျမ နားမလည်အောင် ဖြစ်ရပါတယ်။

ပညာရေး ဆိုတာဟာ တကယ်တော့ သူငယ်တန်း တခုတည်းနဲ့ ပြီးသွားတဲ့ ကိစ္စမဟုတ်ပါဘူး။ ဘ၀ တသက်တာလုံး သင်ယူသွားရမယ့် အရာပါ။ ကလေးတို့ မူကြိုမှာတင် စာသင်ရတာ ကြောက်စရာ၊ ကျောင်း ဆိုတာဟာ ကြောက်စရာ ရယ်လို့ ထင်သွားခဲ့မယ်ဆိုရင်ဖြင့် သူတို့ အနာဂါတ်ပညာရေး အတွက် စာ သင်ရတာ ပျော်စရာ မဖြစ်နိုင်တော့ ပါဘူး။ ကျမကတော့ ကလေးသံရယ်လို့ မကြားရဘဲ မူကြိုဆရာမရဲ့ “ဟဲ့.. ၀ိုင်းအောင်ရေး.. ငေးမနေနဲ့.. မြန်မြန်ရေး” ဆိုတဲ့ အသံတသံကိုပဲ ကြားနေရတဲ့ မူကြိုတွေ အစား ကလေးတွေ အော်ဟစ်ဆူညံစွာ ပြေးလွှားဆော့ ကစားနေတဲ့၊ ပျော်ရွှင် ရယ်မောနေတဲ့ မူကြို ကျောင်းတွေကို ကလေးတို့ အနာဂါတ်အတွက် မြန်မာပြည် ပညာရေး အနာဂတ်အတွက် များများ မြင်တွေ့ ချင်ပါတယ်။

(ခေတ်ဘုန်းသစ်သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲဖြစ်သည်။ ခေတ်ဘုန်းသစ် ကလောင် အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများရေးသား နေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ၀တ္ထုတို၊ ၀တ္ထုရှည်နျင့် ကဗျာများ ရေးသားလျက် ရှိသည်။)

မှတ်ချက်။ ဆရာမရေးထားတဲ့ရည်ရွယ်ချက်ကို မှန်မှန်ကန်ကန်သိဖို့လိုပါတယ်။ ကလေးတွေကို မူကြိုမပို့စေ ချင်တာမဟုတ်ပါဘူး။ သူ့အသက်အရွယ်နဲ့ သူ့သဘာဝအလျောက် ဖွံ့ဖြိုးစေချင်တဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ ခေတ်ကာလအရ မူကြိုမပို့ပဲ ကျောင်းကိုတန်းထားလိုက်ပြန်တော့လည်း တခြားကလေးတွေနဲ့ယှဉ်လာတဲ့ အခါ ကလေးမျက်နှာငယ်ရတာ ကိုယ်တွေ့ မြင်ဖူးပါတယ်။ ဆရာမရေးထားတာကို သင်ခန်းစာယူပြီး မိမိတို့ ကလေးများကို ကောင်းစွာ စီမံကွပ်ကဲနိုင်သော မိဘများဖြစ်အောင် ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ ဆန္ဒပြု အပ်ပါတယ်။

Credit : Here

အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာဘယ်လိုမှ မသင့်တော်ကြောင်း သီတဂူဆရာတော်ကြီးက ပြောကြား


တို့မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ရောက်တာနှစ်၂၀၀၀ရှိပြီ။ ခရစ်ယာန်တွေ ၊ အစ္စလာမ်တွေ ရောက်လာ တာက အင်္ဂလိပ်ဝင်မှ ရောက်လာတာ။ အဲဒီ နောက်မှ ရောက်လာတာ ဆိုတော့ နှစ်တစ်ထောင်မပြောနဲ့ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာက အိမ်ရှင်နိုင်ငံပါ။


အဲဒီလို Invade လုပ်ပြီးတော့ ဝင်ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေ၊ Migrate လုပ်ပြီးတော့ ဝင်ရောက် လာကြတဲ့ လူတွေက ဧည့်သည်တွေ။

အိမ်ရှင် ဗုဒ္ဓဘာသာတွေက ဧည့်သည် တခြားဘာသာခြား လူမျိုးတွေကိုနှစ်နှစ်ကာကာ Warmly Welcome လုပ်လို့၊ တိုင်းပြည်ထဲမှာ Churchတွေရော၊ ဗလီတွေရော နေရာတကာမှာ အေးအေးဆေးဆေး ရှိနေကြပြီ။

အဲဒီတော့ အိမ်ရှင်က ဧည့်သည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံရင် ဧည့်သည် တွေကလည်း ဒီအိမ်ရှင် ရဲ့ အိမ်ထဲမှာအေးအေးချမ်းချမ်းနဲ့ အိမ်ရှင်နဲ့ လက်တွဲပြီးတော့ နေဖို့ကောင်းတယ်။ အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာကတော့ ဘယ်လိုမှမလျော်တဲ့ ကိစ္စပဲ။အဲဒါကြောင့် ငြိမ်းချမ်း စွာနေကြပါလို့ တိုက်တွန်း ပါတယ်။

The Voice Weekly

Credit : Here

ပဋိပက္ခတွင် အကြမ်းဖက်သူ ၆၈ဦးကို ဖမ်းဆီးမိထားဟု ရဲတပ်ဖွဲ့ကြေညာ

မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှုများတွင် ပါဝင် ပတ်သက် ခဲ့သူ ၆၈ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ၁၅ဦးကို မသင်္ကာမှုဖြင့် စစ်ဆေးနေ ဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ အကြမ်းဖက် ပဋိ ပက္ခများကြောင့် ၄၂ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၂ဝဝကျော်၊ ဗလီ ၃၇လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ဈေးဆိုင် ၇၇ ခုလည်း ပျက်စီးခဲ့သည်ဟု မတ်လ ၂ဝရက်နေ့မှ ၂၈နေ့အထိ ရရှိသောစာရင်းများကို ထုတ်ပြန်ထားသည်။

ပြည်သူများ၏ အသက်အိုးအိမ်ကိုကာကွယ်ရန် ပြည်သူ့ရဲတပ်ဖွဲ့များအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၂၈ရက်နေ့ည မိန့်ခွန်းတွင် ပြောဆိုခဲ့ပြီး ပဋိပက္ခဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်သူတွေ၊ နိုင်ငံရေးစီးပွားရေး ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေ သူတွေကို အင်အားသုံး နှိမ်နင်းသွားဖို့လည်း ပြောဆိုခဲ့သည်။

သမ္မတဦးသိန်းစိန်၏မိန့်ခွန်းအား အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး နိုင်ငံသားတွေကို ကာကွယ် ရာမှာ အင်အားသုံးဖြေရှင်းသည့်နည်းလမ်းကို နောက်ဆုံးအခြေအနေကျမှ အသုံးပြု လိုကြောင်း ပြောဆိုခဲ့ မှုအပေါ် လုံခြုံရေးအရ ဆောင်ရွက်ရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ မဖြစ်စေဖို့၊ လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့လည်း အမေရိကန်ပြည်ထောင်စုက တိုက်တွန်းခဲ့သည်။

Credit : Here

နေပြည်တော် ဘောဂ သီရိ ယာဉ်ပြင် အလုပ် ရုံတွင် Star မော်တော် ဆိုင်ကယ်များ စက်ရုံ ပေါက် ဈေးဖြင့် ဝယ်ယူနိုင်


နေပြည်တော် ကောင်စီနယ်မြေ ဘောဂသီရိအဆင့်မြင့် ယာဉ်ပြင် အလုပ်ရုံတွင် မကွေးတိုင်း ဒေသကြီး ရေနံ ချောင်းမြို့မှ ထုတ်လုပ် သည့် Star မော်တော်ဆိုင်ကယ်များအား စက်ရုံပေါက်ဈေးဖြင့် တိုက် ရိုက် ဝယ်ယူ နိုင်ကြောင်းသိရသည်။


''ကျွန်တော်တို့ဆီကနေ ဆိုင်ကယ် တွေကို အမျိုးမျိုး ရောင်းချပေး ပါတယ်။ ဈေးနှုန်းလည်းစက်ရုံ ပေါက်ဈေးပါ။ ဆိုင်ကယ်အနေနှင့် (90cc)Star Ruby, (110 cc)Star Diamond, (125cc) Star Jade နှင့် ဆိုင်ကယ်အား နောက်တွဲကယ်ရီလုပ်ရန် အတွက်လည်း ပြုပြင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပြည်တွင်း ထုတ်ဆိုပေမယ့် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ထားပါတယ်''ဟု ဘောဂသီရိအဆင့်မြင့် ယာဉ်ပြင် အလုပ်ရုံ ရွှေနဂါးစက်မှုလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

နေပြည်တော် ဘောဂသီရိအဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံအတွင်းရှိ Star မော်တော်ဆိုင်ကယ် အရောင်းပြ ခန်း မှ မော်တော်ဆိုင်ကယ်အတွက် လိုအပ်သည့်အလင်းအား ကောင်းသောမီးသီးနှင့် နေစားမှုဒဏ် ခံနိုင် စွမ်းရှိသော မီးခွက်၊ ခေတ်မီ၍ ဒီဇိုင်းဆန်းသစ်သောမီတာခွက်အပြင် အင်ဂျင်အတွက် အေးလွယ်သော သတ္တုအမျိုးအစားကို အသုံးပြုထားသည့်အတွက် အပူချိန်များပိုမိုခံနိုင်ခြင်း၊ Speed ကျမသွားခြင်းနှင့် ဆိုင်ကယ်အမျိုးအစားအလိုက် ပါဝါ အပြည့်ထွက်ကြောင်း သိရသည်။

ထို့ အပြင် ဆိုင်ကယ်ဘီးအတွက် သေသပ်လှပခိုင်ခံ့၍ အကြမ်းခံသောအလူ မီနီယံအလွိုင်းခွေနှင့် လမ်းကြမ်းအတွက် အထူးသင့်လျော်သော တာယာကို အသုံးပြုထားကြောင်း သိရသည်။

From.. မြ၀တီ

Credit : Here

ရန်ကုန်တွင် တက္ကစီခနှုန်း မီတာဖြင့် တပြေးညီ သတ်မှတ်မည်

ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသော တက္ကစီ အငှားယာဉ်များကို ယာဉ်စီးခနှုန်းထားများ မီတာဖြင့် တပြေးညီသတ်မှတ်မည် ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ယင်းသို့ သတ်မှတ်ရာတွင် CNG, ဓာတ်ဆီ သုံးယာဉ်ဟူ၍ ခွဲခြား မသတ်မှတ်ဘဲ တမျိုးတည်း တပြေးညီသတ်မှတ်သွား မည် ဖြစ်ကြောင်း၊ ဧပြီလမှစ၍ မထသမှအကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရန်ကုန်မြို့တွင် တက္ကစီစီးရေ နှစ်သောင်းခန့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

Credit : Here

ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၂ တွင် ဂျပန်သွားမည်

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ဧပြီ ၁၂ ရက်တွင် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း ကပြောသည်။

ဧပြီ ၁၂ ရက်မှ စတင်မည့် ဂျပန်ခရီးစဉ်မှာ မည်မျှကြာမြင့်မည်ကိုမူ လောလောဆယ် မသိရှိကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ပြောသည်။ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံသို့လာရောက်ရန် ဖိတ်ခေါ်ထားပြီး ဧပြီလတွင် လာရောက် မည်ဖြစ်ကြောင်း 7Day News သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ ရောက်ရှိစဉ် မြို့တော်တိုကျိုအပြင် ၁၉၈၅-၈၆ တွင် သူမပညာ သင်ယူခဲ့ဖူးသော ကျိုတိုမြို့ရှိ ကျိုတိုတက္ကသိုလ်သို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်းလည်း သတင်းရ ရှိသည်။ သူမ၏ခရီးစဉ်ကို ဂျပန်နိုင်ငံရှိ ပြည်သူများက စိတ်လှုပ်ရှားပျော်ရွှင် စွာ စောင့်မျှော်နေကြောင်း တိုကျို၊ ကျိုတိုနှင့် နာရာမြို့များမှ ပြည်သူများက ပြောသည်။

ယခင်အစိုးရလက်ထက်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ကာလရှည်နေထိုင် ခဲ့သော ဒေါ်အောင်ဆန်း စုကြည်သည် ၂၀၁၀ နိုဝင်ဘာ၁၃ ရက်၌ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ၂၀၁၂ မေလတွင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။ ထို့နောက် ၂၀၁၂ ဇွန်လတွင် ဥရောပခရီးစဉ်၊ စက်တင်ဘာလတွင် အမေရိကန် ခရီးစဉ်နှင့် နိုဝင်ဘာလတွင် အိန္ဒိယ၊ ၂၀၁၃ ဇန်န၀ါရီတွင် ဟာဝိုင်အီနှင့် ကိုရီးယားနိုင်ငံတို့သို့ သွားရောက်ခဲ့သည်။

From...7Day News Journal

Credit : Here

ကောလာဟလ မုန်တိုင်းရန် ကာကွယ်ရေး

ဓာတ်ပုံ- getthelowdown.co.uk~

ကောလာဟလတွေကြောင့် ပြဿနာ မဖြစ်ပွားဖို့ ရခိုင်ပြည်နယ် သံတွဲ ခရိုင်တွင် ခရိုင် အုပ်ချုပ်ရေးမှူးရဲ့ အစီအစဉ်နဲ့ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေ၊ မြို့မိမြို့ဖများတွေနဲ့ ဖွဲ့စည်းကာ မတ်လ ၂၇ ရက်နေ့က လုပ်ငန်းတွေ စတင် ဆောင်ရွက်နေပါတယ်လို့ သိရပါတယ်။

အဲဒီ ကောလာဟလများ တိုက်ဖျက်ရေးနဲ့ သတင်းမှန် ဖြန့်ချီရေး အဖွဲ့ဝင်တွေဟာ မနက်၊ ည ၂ ဆိုင်း ခွဲပြီး ၂၄ နာရီ ကာလပတ်လုံး မြို့နယ်တွင်းက ကျေးရွာတွေအထိပါ အသီးသီး ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်ပြီး ကောလာဟာလ ပပျောက်ရေးအတွက် လုပ်ဆောင်နေတာလို့ ယနေ့ထုတ် ကြေးမုံသတင်းစာမှာ နိုင်ငံရေးသမားတဦးကို ကိုးကား ဖော်ပြထားပါတယ်။


ဒီကောလာဟလတွေကြောင့် ရန်ကုန်အပါအ၀င် မြို့တော်တော်များများမှာ ပြည်သူတွေ စိုးရိမ်နေကြရပြီး ကောလာဟလကို စနစ်တကျ ထုတ်လွှင့်နေသူ တဦးဦး သို့မဟုတ် အဖွဲ့အစည်း တခုခု ရှိမယ်လို့လည်း ခန့်မှန်း ပြောဆိုသံတွေ တော်တော်ပေါ်ထွက်လာနေပါတယ်။ 

မိတ္ထီလာက အစပြုပြီး ပဲခူးတိုင်း နယ်မြို့တချို့တွေမှာပါ ဆူပူအကြမ်းဖက်မှုတွေဖြစ်ပွားလို့ ရန်ကုန်နဲ့ မြို့ကြီး တချို့ လည်း ကောလာဟလတွေရဲ့ ဒဏ်ကို အလူးအလဲ ခံစားနေကြရပါတယ်။ 

မနှစ်က ရခိုင်ပြည်နယ်မှာလည်း မတည်မငြိမ်ဖြစ်ရပ်တွေ ဖြစ်ထားတာမို့ သံတွဲ ခရိုင်ကတော့ ဒီလို ကောလာဟလ မုန်တိုင်းအတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှု တခု တည်ဆောက်ထားလိုက်တာပါ။ 

ကောလာဟလ မုန်တိုင်း ဘယ်တော့စဲသွားမယ်ဆိုတာ လူအများ သိချင်နေကြပြီး အမြန်ဆုံး အေးချမ်း လုံခြုံစွာ နေချင်ကြတယ်လို့ သက်ဆိုင်ရာဒေသခံတွေက ပြောထားကြပါတယ်။ 

Credit : Here

မူလတန်းပြ ဆရာ၊ ဆရာမ တစ်သောင်း တိုးမြှင့်ခန့်မည်

သင်ကြားရေး ဆရာ၊ ဆရာမအင်အား လိုအပ်ချက်ရှိနေသည့် အခြေခံပညာ ရေးကဏ္ဍအတွက်လာမည့်ပညာ သင်နှစ်အမီ မူလတန်းပြ ဆရာ၊ ဆရာမ အင်အား တစ်သောင်း တိုးမြှင့် ခန့်ထားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက မတ်လ ၁၉ ရက်နေ့တွင် ပြောကြား သည်။

"နေရာဒေသအလိုက် လိုအပ်ချက်အရ အင်အားဖြည့်တင်းတဲ့ သဘောပါ။ ဒေသအားလုံးမှာ မူပြ ဆရာ၊ ဆရာမတွေ ခန့်ထားဖြည့်ဆည်းသွားမှာပါ။ ဦးစား ပေးအနေနဲ့ လိုအပ်ချက်ရှိနယ်တွေကို ဦးတည်ဖြည့်ဆည်းသွားမယ်။ မူလတန်းပြ တစ်သောင်းဝန်းကျင်လောက် ခန့်အပ် သွားပါမယ်" ဟု ပညာရေးဝန်ကြီးဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင်က ပြောကြားသည်။

သင်ကြားရေးဆရာ၊ ဆရာမအင်အား နှစ်သိန်းနီးပါးရှိသည့် မူလတန်းနှင့် မူလွန် အဆင့် အခြေခံ ပညာရေးကဏ္ဍ အင်အားဖြည့်တင်းရာ၌ နယ်ဒေသများတွင် လက်ရှိလုပ်ကိုင်နေသော ဆွဲခန့် ဆရာ၊ ဆရာမများအား ဦးစားပေးခန့် အပ်သွားမည်ဟု သိရသည်။


မူလတန်းပြ ဆရာ၊ ဆရာမ၀န်ထမ်း၊ အခြေခံပညာ ကျောင်းများအတွက် အထွေထွေလုပ်သား ၀န်ထမ်း၊ အငယ်တန်းစာရေးရာထူးနှင့် ရုံးအကူနေရာများအတွက် ၀န်ထမ်းလျှောက်လွှာများ ခေါ်ယူ ခြင်းကို နိုင်ငံပိုင်သတင်းစာများတွင် မတ်လ ၁၇ ရက်နေ့မှ စတင်ပြီး ပညာရေး ၀န်ကြီးဌာနမှ ကြေညာခဲ့သည်။


မူလတန်းပြဆရာ၊ ဆရာမ၀န်ထမ်း နေရာလျှောက်ထားလိုသူများအနေဖြင့် ဧပြီလ ၉ ရက်နေ့တွင် ရေးဖြေစာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး လာမည့်ပညာသင် နှစ်အမီ သင်ကြားရေးဆိုင်ရာ သင်တန်းများ ကိုလည်း မေလအတွင်း တက်ရောက်ရမည်ဖြစ်သည်ဟုလည်း ဦးကိုကိုတင်က ပြောကြားသည်။

အစိုးရအဖွဲ့အနေဖြင့် နှစ်စဉ် ပညာရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပြီး၊ ၂၀၁၂-၁၃ ပညာသင်နှစ်တွင် ငွေကျပ်ဘီလျံ ၆၀၀ ကျော် အသုံးပြုခဲ့သော်လည်း လာမည့်ပညာသင်နှစ် အတွက် ငွေကျပ် ဘီလျံ ၉၀၀ အထိ တိုးမြှင့်သုံးစွဲမည်ဟု ဖေဖော်ဝါရီလအတွင်း ကယားပြည်နယ် သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့ဖူး သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ မလိုအပ်သော ရုံးအသုံးအဆောင်ပစ္စည်းများ ၀ယ်ယူအသုံးပြုရန်လျာ ထားသည့် ငွေကျပ် ဘီလျံ ၃၀ ကျော်အား အခြေခံ ပညာရေးကဏ္ဍတွင် ဖြည့်ဆည်းပေးနိုင်ရန် ဖေဖော်ဝါရီလအတွင်းက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သဘောတူညီခဲ့ပြီးဖြစ်သည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍ ဘတ်ဂျက်တိုးမြှင့်ရရှိခဲ့ရာ ပညာ ရေးဝန်ကြီးဌာနအနေ ဖြင့် မူလတန်းပြ ဆရာ၊ ဆရာမအင်အား ဖြည့်တင်းခြင်း အပြင် အခြေခံပညာကျောင်းများ တည် ဆောက်ပြုပြင်ခြင်းနှင့် ပညာရေးမှူးရုံးများ တိုးချဲ့ခြင်း၊ ဆောက်လုပ်ခြင်းတို့ အတွက် ဘတ်ဂျက်ခွဲဝေ အသုံးပြုသွားမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင်က ပြောသည်။

"ဥပဓိရုပ်ကောင်းမွန်တဲ့ အခြေခံပညာကျောင်းတွေဖြစ်လာဖို့ ပြင်သင့်တာပြင်၊ အသစ်ဆောက်သင့် တာ ဆောက်သွားဖို့ရှိပါတယ်။ အသုံးပြုဖို့ အန္တရာယ်အဆင့်ရှိတဲ့ ကျောင်းတွေ လည်းရှိနေပါတယ်။ ပထမအနေနဲ့ အခြေခံပညာကျောင်း တစ်ထောင် လောက်ကို ဦးစားပေးပြုပြင်သွားဖို့ ရှိတယ်" ဟု ဦးကိုကိုတင်က ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပညာရေးမှူးရုံး ၁၈ ရုံးနှင့် မြို့နယ်ပညာရေးမှူးရုံး ပေါင်း ၃၀၀ ကျော် ရှိသည့်အနက် လာမည့်ပညာသင်နှစ်မှ စတင်ပြီး တစ်နိုင်ငံလုံးရှိ ခရိုင် ၅၂ ခရိုင် တွင် ခရိုင်ပညာရေးမှူးရုံးများ တိုးချဲ့ ဖွင့်လှစ်နိုင်ရန် အသစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ပညာရေးကဏ္ဍ အတွက် စုစုပေါင်းအသုံးစရိတ်၏ ၄ ဒသမ ၃ ရာခိုင်နှုန်းအသုံးပြု ခဲ့သော်လည်း ယခုနှစ်တွင် ၅ ဒသမ ၈၄ ရာခိုင်နှုန်းခန့် တိုးမြှင့် သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့သည့် ၂၀၁၃ - ၂၀၁၄ ပြည်ထောင်စု အစိုးရ၏ ရသုံးခန့်မှန်း ခြေငွေစာရင်းအရ သိရသည်။

မြန်မာတိုင်းမ် 

Credit : Here

မိတ္ထီလာ မြို့တွင် တည်ငြိမ် အေးချမ်းမှုရှိ ပြည်သူများ သွားလာ လှုပ်ရှားမှု ပုံမှန်အတိုင်း ရောက်ရှိ


မကြာမီ ရက်ပိုင်းအတွင်းက ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့တွင် ယခုအခါ အခြေအနေများ တည်ငြိမ် အေးချမ်းမှု ရှိလာသည် နှင့်အမျှ ပြည်သူများ သွားလာ လှုပ်ရှားမှု ပုံမှန် အတိုင်း ပြန် လည် ရောက် ရှိလာပြီ ဖြစ်သည်။


ယနေ့ နံနက်ပိုင်းတွင် မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ တာဝန်ကျ ဝန်ထမ်းများနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များပူးပေါင်း၍ မီးလောင်ပျက်စီးသွားသော နေအိမ် အဆောက်အအုံ များနှင့် လမ်းများပေါ်ရှိ အမှိုက်သရိုက် များကို ရှင်းလင်းလျက် ရှိသည်ကို တွေ့ရှိရသည်။

ယနေ့သည် ရုံးဖွင့်ရက် ဖြစ်သည်နှင့် အညီ မိတ္ထီလာ မြို့ပေါ်၌ ဖွင့်လှစ်ထားသည့် မြန်မာ့ စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်နှင့် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank) တို့တွင် ငွေသွင်း၊ ငွေ ထုတ် သူများဖြင့် လှုပ်ရှား သက်ဝင်လျက် ရှိကြောင်း သတင်း ရရှိသည်။

From:မြ၀တီ

Credit : Here

အကြမ်းဖက်မှုကြောင့် မင်းလှမြို့တွင် ပိတ်မိနေသော အစ္စလာမ် ဘာသာဝင်များကို သံဃာ(၄)ပါး နှင့် ဗုဒ္ဓဘာသာဝင်အချို့ မှ ကယ်ထုတ်ပေးခဲ့

28-3-2013

ယနေ့ ည(၁၁)နာရီ ၁၀မိနစ် အချိန်တွင် ပဲခူးတိုင်း ၊ မင်းလှမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင် ပိတ်မိ နေသော အစ္စလာမ်ဘာသာဝင်များကို ဒေသခံ သံဃာလေးပါးနှင့် ဗုဒ္ဓဘာသာဝင် တချို့တို့မှ ကယ်ထုတ် လာ၍ ရန်ကုန်မြို့ ရှိ ဗလီဝတ်ကျောင်းတော် တခုသို့ လာရောက် ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိ သည်။


အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရာ-“ အခုပဲ မင်းလှ ကနေ ကားနှစ်စီး ရှေ့ဆင့် နောက်ဆင့် ၀င်လာပါတယ်။ ပထမ ကားမီနီဘက်စ် ကားအကြီးပေါ်မှာ ကလေးတွေရယ်၊ အမျိုးသမီးတွေရယ် အများစု ပါလာတယ်။ ဦးဇင်းတစ်ပါးက ဦဆောင်ခေါ်လာပေးတယ်။ နောက်တစ်စီးမှာလည်း ကလေးတွေရယ်၊ မိန်းကလေးတွေရယ်က အများစုပဲ အဲဒီ့ ကားထဲမှာတော့ ဦးဇင်းသုံးပါးရယ်၊ ဗုဒ္ဒဘာသာဝင် အမျိုးသမီး တစ်ယောက်ရယ်က လိုက်ပို့ပေးကြတာပါ။ ကားမောင်းတဲ့ ဒရိုက်ဘာ ဦးလေးကြီးတွေကလည်း ဗုဒ္ဓဘာသာ ဝင်တွေပါ” ဟု ဒုက္ခသည်များကို လက်ခံရာ ဗလီဝတ်ကျောင်းတော် အနီး နေထိုင်သူ ပြည်သူ တစ်ဦးမှ M-Media သို့ပြောသည်။

“ဟော ခုပဲ ဟိုင်းလက် ကားတစ်စီး ထပ်ဝင်လာပါတယ်။အယောက် (၃၀) နီးပါး ပါလာတယ်။ ကားပေါ်မှာလည်း ထမင်းထုတ်လေးတွေ ချိတ်ထားတယ်”ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးမှ M-Media သို့ ပြောကြားသည်။

Credit : Here

၂၀၁၃ ကြာဖြတ်ရွေးကောက်ပွဲ ပြုလုပ်စေချင်

ကြားဖြတ်ရွေးကော်ပွဲ ထပ်မံ ပြုလုပ်ပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးလှစောမှ တိုက်တွန်းပြောဆို



Credit : Here

“မစိုးရိမ်တိုက်သစ်ဆရာတော်ဘုရားကြီး၏ ဈာပနာအခမ်းအနား”

မစိုးရိမ်တိုက်သစ်ဆရာတော်ဘုရားကြီး၏ ဈာပန အခမ်းအနားအနီး မီးလောင်မှုတစ်ခုဖြစ်ပွား ခဲ့ခြင်း ကြောင့် အနည်းငယ်ကြန့်ကြာမှုဖြစ်ခဲ့သော်လည်း အစီ အစဉ်တိုင်း ကျင်းပနေသည်။ ဈာပနာအခမ်းအနားအား နေ့လည် ၁နာရီတွင် ကျင်းပရန် လျာထား ထားသော် လည်း မစိုးရိမ်တိုက်သစ်အနီး ၈၉လမ်း၊ ၃၈-၃၉ကြား တွင် နေ့လည်ပိုင်းက မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ပြီး အစီစဉ်အား ၃နာရီကျော်ကြာမှ ကျင်းပနိုင်ခံပြီး ၃၅ လမ်းမှ ၇၈ လမ်း၊ ထိုမှတစ်ဆင့် ဦးပွားဂုံးကျော်မှ ကန်တော်ကြီးအနောက်ဘက် ရှမ်းလေးကျွန်းတွင် ဂူသွင်းသဂြိုလ်မည်ဖြစ်ကြောင်း အခမ်းနားစီစဉ်ရာတွင်ပါဝင်သူ ဦးဆောင်သံဃာတစ်ဦးက မိန့်ကြားသည်။ မီးလောင်ကျွမ်မှုကြောင့် အိမ်ခြေခြောက်လုံးခန့် လောင်ကျွမ်းခဲ့ပြီး မည်သည့်ကြောင့် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း စုံစမ်းစစ်ဆေးဆဲသာ ရှိသေးကြောင်း ခရိုင်မီးသက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Credit : Here

“ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်မှု ၁၅ ရာခိုင်နှုန်းခန့် ပြီးစီး”

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ၀င်းစိန်တောရ၌ တည်ဆောက်လျက်ရှိသည့် ကမ္ဘာ့အကြီးဆုံး လျောင်း တော်မူ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်နေမှုမှာ ယခု အခါ ၁၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီ ဖြစ်ကြောင်း ၀င်းစိန်တောရမှ သိရသည်။

လက်ရှိတည်ဆောက်လျက်ရှိသည့် လျောင်းတော်မူ ဗုဒ္ဓ ရုပ်ပွားတော်မှာ ဥာဏ်တော် ၉၀၀ အမြင့်နှင့် အတောင် ၆၀၀ ပေ ရှိပြီး ကမ္ဘာပေါ်၌ အကြီးဆုံး လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ဖြစ်ကြောင်း ယခင် ၁၉၉၂ ခုနှစ်ခန့်က စတင်တည်ဆောက်ခဲ့သည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မှာ ဥာဏ်တော် ၆၀၀ အမြင့်နှင့် အတောင် ၄၀၀ ပေရှိကာ လက်ရှိ၌ တည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်သည့်အတွက် အချောသတ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ၀င်းစိန်တောရကျောင်းတိုက်မှ ဦးဇင်းလေး က ပြောသည်။

Credit : Here

“ရန်ကုန်တိုင်း အစိုးရ၏ ပတမဆုံး သင်္ကြန် ရေကစားမဏ္ဍပ် ပြုလုပ်မည်”

ရန်ကုန်တိုင်း အစိုးရ၏ သင်္ကြန်ရေကစားမဏ္ဍပ်အား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့(ပြည်သူ့ ယဉ်ပြင်ရှေ့) ပြည်လမ်းတွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့မှ သတင်းရရှိသည်။အစိုးရ အဖွဲ့ အနေဖြင့် ယခုနှစ်မှစ၍ ရေကစားမဏ္ဍပ် ပြုလုပ်ခြင်းဖြစ်ပြီး မဏ္ဍပ် အရွယ်အစားမှာ အကြီးစားမဏ္ဍပ် ဖြစ်ကြောင်း ယင်းမဏ္ဍပ်တွင် မြို့တော်ဝန်မဏ္ဍပ်ကဲ့သို့  အဆိုအကများထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

Credit : Here

တာချီလိတ် စစ်ဗျူဟာမှူးအား တြိဂံတိုင်းခေါ်ယူစစ်ဆေး

ရှမ်းပြည်နယ် အရှေ့ခြမ်း တာချီလိတ်မြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၃၃၁ တပ်ရင်းမှူး နှင့် ဒုတပ်ရင်းမှူးတို့ ပဋိပက္ခဖြစ်ပွားရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အပေါ် တာချီလိတ်စစ်ဗျူဟာမှူးအား ကျိုင်းတုံ တြိဂံစစ်တိုင်းရုံးက ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း တပ်တွင်းမိသားစု သတင်းရပ်ကွက် က ဆိုသည်။


“တာချီလိတ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင်အခု ကျိုင်းတုံရောက်နေတယ်။ တြိဂံစစ်တိုင်းရုံးက သူ့ ကို တိုက်ရိုက်ကိုင်တာ။ တပ်မတော်စစ်ဆေးရေးမှူး ဗိုလ်ချုပ်သောင်းအေးလဲ တာချီလိတ်မှာရှိနေတုန်းဘဲ။ စစ်လို့ဆေးလို့ မပြီးသေးဘူး။ မြို့နယ်ရဲမှူး၊ စခန်းမှူးတွေလဲ ထိကုန်တယ်ပြောတယ်၊ ရဲအရာရှိ တယောက်ကတော့ သင်တန်းနဲ့ ညှိနေလို့ ကံကောင်းသွားတယ်” ဟု တပ်တွင်းမိသားစုနှင့် နီးစပ်သည့် ဒေသခံတဦးကပြောသည်။

သို့သော် ယင်းကိစ္စ သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက် မရသေးပါ။

ဖေဖော်ဝါရီလကုန်က တာချီလိတ်အခြေစိုက် ခမရ ၃၃၁ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီးဇေယျာဝင်းနှင့် ၎င်းလက်အောက်မှ တပ်မှူးတို့ မူးယစ်ဆေးကိစ္စ၊ လိုင်စင်မဲ့ကားများနှင့် အခြားသောလာဘ်ပေးလာဘ်ယူ မှုများကြောင့် အချေအတင် စကားများရာမှ ကျည်လွှတ်ထွက်ကာ တပ်ရင်းမှူး ထိမှန်သေဆုံးသွားကြောင်း၊ ထို ကိစ္စကြောင့် တာချီလိတ်စစ်ဗျူဟာမှူးအား တြိဂံစစ်တိုင်းရုံးက ထိန်းသိမ်းစစ်ဆေးနေ ကြောင်းဆိုသည်။

“တပ်တွင်းအရာရှိတွေအကုန်အစစ်ခံရတာ။ တပ်ကြပ်ကြီးအဆင့်အထိဘဲ။ အခုလဲ တပ်တွင်း မိသားစု တွေ အနေအထိုင် အဝတ်အစားကအစ ဆင်ခြင်နေရတယ်။ အဖမ်းခံရတဲ့လူတွေကို ဘယ်လို ထပ်ပြီး အရေးယူမလဲတော့မသိသေးဘူး” ဟု တပ်တွင်းမိသားစု အသိုင်းအဝိုင်းတဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလဆန်းပိုင်းက တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ဝမ့်ဆမ်ဖူးရွာ (ယခင်က စိုင်းနော်ခမ်းအခြေချ သည့်ရွာ) အတွင်း ယာဘ အစည်းပေါင်း ၇၀၀ ကို ခမရ ၃၃၁ နှင့် ပူးပေါင်းပါဝင်သည့် အဖွဲ့က ဖမ်းဆီး ခဲ့သည်။

သိမ်းဆည်းရမိသော ယာဘ အစည်း ၇၀၀ (တစည်းလျှင် ယာဘ ၁၀ ထုပ်၊ တစ်ထုပ်= အပြားပေါင်း ၂၀,၀၀၀) အနက် ဗျူဟာမှူး တဦးတည်း အစည်း ၂၀၀ ကျော် ခွဲယူသွားသည်ဟု တပ်ရေးဗိုလ်ကြီးနှင့် နီးစပ် သည့် ပုဂ္ဂိုလ်တဦးက ပြောဆိုသည်။

တာချီလိတ် အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင်သည် တာချီလိတ်မြို့သို့ ရောက်ရှိလာ သည်မှာ တနှစ်ပင်မရှိသေးဟု ဒေသခံများက ဆိုသည်။

Credit : Here

တောင်တွင်းကြီးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော်အတွေ့အကြုံရှင်းလင်းပြောကြား

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီး မြို့နယ်၊ တောင်ပြင် (၂) ရပ်ကွက်ရှိ သာသနာ ဗိမ္ပာန် ခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော် အတွေ့အကြုံရှင်းလင်း ပွဲကို (၂၆.၃.၂၀၁၃) ရက်နေ့ နံနက် (၉း ၃၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ တောင်တွင်း ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသန်းဝင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကြည်ညွှန့်တို့မှ လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။


၎င်းဟောပြောပွဲသို့ ပါတီ (၂) ခုမှ ပါတီဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လက်ထောက်ညွှန် ကြားရေးမှူး ဦးအောင်ထွဋ်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးသန်းဌေးဟန်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ရပ်ကွက်၊ ကျေးရွာများမှ ပါတီစည်း ရုံးရေးမှူးများ၊ ဖိတ်ကြားထား သောဧည့်သည်တော်များ၊ စုစုပေါင်း အင်းအား (၂၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းမှ မိမိတို့ပြည်သူလွှတ် တော်ကိုယ်စားလှယ်အနေဖြင့် အမျိုးသားစီမံကိန်းများ၊ အခွန် ကောက်ငွေကြေးကိစ္စရပ်များနှင့် မြို့နယ်/ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အမျိုးသားလွှတ်တော် သို့ဥပဒေအတည်ပြုဆောင်ရွက်ခဲ့ ကြောင်း မြို့နယ်/ ကျေးလက်ဖွံ့ ဖြိုးရေးအတွက် တင်ပြချက်များ အား ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်မှ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်း ပုံအခြေခံဥပဒေပါ အကြောင်း အရာများနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအတွက် မိမိတို့ပါတီနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် သင်္ကြန်သံချပ်ခွင့်ပြုချက်မရရှိခြင်း နှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ခြင်း၊ တပ်မတော်သားနှင့် အရပ် သားအမှုအခင်းဖြစ်ပါက စစ်တရား ရုံးများက ဆုံးဖြတ်ဆောင်ရွက် ကြောင်းစသည်ဖြင့် ရှင်းလင်းပြော ကြားကာ ထိုနေ့မွန်းတည့် (၁၂း၃၀) အချိန်တွင် အခမ်းအနား ပြီးဆုံးကြောင်း သတင်းရရှိသည်။

Credit : Here

၈၈ မျိုးဆက်သစ်ကျောင်းသားများက မတ္ထီလာဒုက္ခသည်များသည်များအတွက်အိမ်များပြန်ဆောက်ပေးရန်စီစဉ်

မိတ်္ထီလာမြို့တွင် အဓိကရုဏ်း ဖြစ်ပွားခဲ့မှုကြောင့် ပျက်စီးသွားသော အိုးအိမ်မဲ့ဒုက္ခသည်များအတွက် အိုးအိမ်အစားထိုးဆောက်လုပ်ပေး ရန် ၈၈ မျိုးဆက်ကျောင်းသားများ က စီစဉ်နေကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် တည်ငြိမ်လျက်ရှိသော်လည်း ခရိုင် အားကစားကွင်း၊ အ.ထ.က (၁)/အထက (၃)၊ အ.ထ.က (၅) နှင့် ပညာရေးကောလိပ်တို့ တွင် ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းတွင် လူဦးေ၇ ၉၆၄၄ ဦးရှိ ပြီး ဘုန်းကြီးကျောင်း ၁၆ ကျောင်း တွင် ဒုက္ခသည် ၃၀၀၀ ကျော်ရှိ နေသည်ဟု သိရသည်။

အစိုးရအနေဖြင့်လည်း ဒုက္ခ သည်များ၏အရေးပေါ်စားဝတ်နေ ရေး၊ လုံခြုံရေးကို အပြည့်အ၀အကူ အညီပေးသွားပြီး အခြေအနေတည် ငြိမ်လာသည်နှင့် အမျှပြန်လည်နေ ရာချထားရေးကို အမြန်ဆုံးဆောင် ရွက်ပေးမည်ဟုထုတ်ပြန်ကြေညာ ထားသည်။

ဒုက္ခသည်များအား ပြန်လည် နေရာချထားရေးအတွက် ၈၈ မျိုး ဆက်ကျောင်းသားများနှင့် ဆက်သွယ်ပြီး လှူဒါန်းနိုင်ရန် မင်းကိုနိုင် ဖုန်း- ၀၉၄၂၅၂၉၇၇၃ နှင့် မိတ်္ထီလာမြို့မှ ဒေါက်တာ စန်းလှိုင် ဖုန်း ၀၉- ၄၃၀၉၂၃၄၈ တို့ထံသို့ဆက်သွယ်လှူဒါန်းနိုင် ကြောင်းနှင့် အလှူရှင်များက လာရောက်လှူဒါန်းလျက် ရှိကြောင်း သိရသည်။

Credit : Here

လက်ကိုင်ဖုန်းတစ်လုံးရဲ့သက်ရောက်မှုအတိုင်းအတာ

ကလေးမျက်နှာပါမြင်ရမဲ့ အာရ်ထရာဆောင်း စက်သစ်တစ်မျိုး မြန်မာနိုင်ငံမှာ စတင်အသုံးပြုနေပြီလို့ သိရပါတယ်။ တိုးတက် ထွန်းကားလာနေတဲ့နည်းပညာ ခေတ်ကြီးထဲမှာ ဗိုက်ထဲက ကလေး ကို တောင်မွေးဖွားလာမည့်နေ့ရက်ကို အတိ အကျပြောလို့ရနေပြီ ဆိုရင်ယုံလိုက်ပါ။ ဒါပေမဲ့ရာစုနှစ်တစ်ခုရဲ့ဖြစ်တည်ပြောင်း လဲမှုစံနှုန်းကို အမြန်ဆုံးအမီလိုက်ရင်း၊ တိုးတက်ဖြစ်ထွန်းလာတာနဲ့ အမျှကျိုးပျက် နစ်မွန်းသွားတာတွေလည်း လူမှုအဖွဲ့အစည်း များ ကြားမှာ အများအပြားတွေ့မြင်လာ ရပါတယ်။

တစ်ချိန်ကမြို့နယ်တစ်ခုနဲ့ တစ်ခု တစ်ညအိပ်သွားရတဲ့ ခရီးကိုနေ့ချင်းပြန် သွားလို့ရအောင်ဖြတ်လမ်းကနေတံတား တွေဆောက်လမ်းတွေဖောက်နေကြတာ တွေဟာ အချိန်ကြန့်ကြာမှုတွေကို နည်း ပညာအရပ်ရပ်တွေသုံးပြီး အဆုံးသတ် ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ ဖွားသေစာရင်း နဲ့ တွက်ကြည့်ရင်လူဦးရေတိုးပွားလာမှုနှုန်း ထားကို ဘယ်လိုမှလိုက်မမီပဲ တစ်နေ့ တခြား လူဦးရေထူထပ်များပြားလာတဲ့ အတွက် လူနေတိုက်တာအဆောက်အအုံ နဲ့ လူတွေစားသုံးဖို့ ဆန်ရေစပါးကောက် ပဲသီးနှံတွေကို တစ်သီးစားမှနှစ်သီးစားရ အောင်တိုးချဲ့စိုက်ပျိုးဖန်တီးမှုပြုလုပ်ပေး နေကြရပြန်ပါတယ်။ ဒါတွေဟာ တိုးတက် များပြားလာတဲ့ လူဦးရေပြဿနာအတွက် အစာရေစာဖူလုံဖို့ အချိန်တိုကာလအတွင်းမှာ နည်းပညာတွေသုံးပြီးတစ်ဖက်တစ် လမ်းက ဖြေရှင်းပေးနေကြရခြင်းပဲဖြစ်ပါ တယ်။


(အခုတော့လယ်မြေတွေ အသိမ်း ခံနေရတဲ့အတွက် အနာဂတ်စားနပ်ရိက္ခာ ဖူလုံဖို့အတွက် စဉ်းစား စရာဖြစ်ပါတယ်။) ဘယ်လိုပဲဖြစ်ဖြစ်လူသားတွေရဲ့စားမှုဝတ် မှုနေမှုထိုင်မှုအတွက် အဖက်ဖက်က တိုးတက်လာတဲ့နည်းပညာတွေနဲ့ အမျိုး မျိုးအဖုံဖုံတည်ဆောက်ဖန်တီးပေးနေရခြင်း ဟာ လူသားအရင်း အမြစ်ကြီးတစ်ခုဖွံ့ဖြိုး တိုးတက်လာစေဖို့ပဲမဟုတ်ပါလား။

တစ်ချိန်က သိန်း (၃၀) ကျော်တန် လက်ကိုင်ဖုန်းတစ်လုံးရဲ့ကောက်ကြောင်း ကို ပြန်ကြည့်မည်ဆိုပါက (၅) သိန်းက နေ (၂) သိန်း၊ (၂) သိန်းကနေ အခု နောက်ဆုံး (၂) သောင်းလိုလို၊ (၁) သောင်း အောက်လိုလိုနဲ့ လိုလိုတွေနဲ့ပဲ ရှေ့မထိုး သာနောက်မဆုတ်သာအချိန်တွေဆွဲဆန့် နေလိုက်တာများ ဂျာနယ်စာမျက်နှာတွေ ပေါ်မှာ သက်ဆိုင်ရာကတရားဝင်ကြေညာ တယ်ပြောလိုက်၊ တော်ကြာအင်တာနက် နဲ့ ဖေ့စ်ဘွတ် စာမျက်နှာတွေကနေသက်ဆိုင် ရာက မပြောပါဘူးဆိုလိုက်နဲ့ ကိုင်တွယ် သုံးစွဲလိုသူပြည်သူလူထုမှာတော့ စကား ပုံခပ်ရိုင်းရိုင်းပြောရရင်ဟိုကောင့်အ၀ှါဟို ကောင်မျှော်ဆိုတာလိုဖြစ်မနေဘူးလား။ မြို့ထဲက (၂၆) လမ်းနဲ့ ကုန်ဈေးတန်းထိပ် မှာတော့ ဟမ်းဆက်တစ်လုံးကို တစ်သောင်းခွဲဆိုပြီး၊ လော်စပီကာကြီးနဲ့ အော်ပြီးရောင်းနေတာကိုကြားခဲ့ရပါတယ်။ ၀မ်းနည်းရမှာလား။ ၀မ်းသာရမှာလား မိသိန်းကြည်။

လက်ရှိအခြေအနေကိုကြည့်ရင်တော့ မြန်မာနိုင်ငံရဲ့လူဦးရေသန်း (၆၀) ရှိသည့်အနက် (၃) သိန်း လောက်သာ လက်ကိုင်ဖုန်းအသုံးပြုနိုင်ပြီး၊ နောင် (၃) နှစ်အတွင်းမှာတော့ လူဦးရေ (၇၀) ရာခိုင်နှုန်းအထိ ဖုန်းကိုင်နိုင်လိမ့်မည်ဟု သက်ဆိုင်ရာအစိုးရမှပြီးခဲ့သည့်နှစ်အတွင်း က ပြောကြားခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကမ္ဘာကြီးနဲ့ ချိတ်ဆက်ပေးနေတဲ့ အင်တာနက်တွေနဲ့ အပြိုင် လက်ရှိကိုင်တွယ် အသုံးပြုတဲ့ လက်ကိုင်ဖုန်းတစ်လုံးရဲ့သက်ရောက်မှု အတိုင်းအတာလေးတွေကို ကြည့်ရင်း ဆက်သွယ်မှု ဧရိယာအတွင်းကနေ တစ်ဦး နဲ့ တစ်ဦး၊ တစ်နေရာနဲ့ တစ်နေရာ အကြောင်းကိစ္စရှိလို့ပြောစရာဆိုစရာတိုင် ပင်စရာရှိရင် ခါးမှာချိတ်ထားတဲ့ (တချို့ ကတော့ လက်ထဲကကိုမချပဲဝတ္တရားကြီး စွာလက်ညောင်းခံ ကိုင်ထားရင်း၊ လိုင်းကား တွေပေါ်မှာ ကြွားလုံးထုတ်ပြထားတဲ့) ဖုန်းဂဏာန်းလေးနှိပ်လိုက်ရင်းအရမ်းကို အဆင်ပြေခရီးရောက်နေတာကတော့ အမှန်ပါပဲ။

စနေ၊ တနင်္ဂနွေညတွေမှာ ခြိမ့်ခြိမ့် သဲကန်နေကြတဲ့ ဥရောပဘောလုံးပွဲတွေ လောင်းချင်သပဆိုရင်လည်း သွားဖို့အချိန် မရတော့တဲ့အတွက် လူကိုယ်တိုင်မရောက် နိုင်ရင်ရောက်နေတဲ့လိုင်းကားပေါ်ကနေ (မန်ယူ ဘက်ကရိုက်လိုက်ကွာ၊ ချယ်ဆီး ဘက်ကထိုင်မယ်ကွာ)နဲ့ စက္ကန့်ပိုင်းအတွင်း မှာပဲ ဂဏန်းလေးကိုးလုံးကို နှိပ်ပြီးလှမ်း အကြောင်းကြားလိုက်တာနဲ့ ပွဲပြီးသွားပါ တယ်။

ရုံးသွားတဲ့ အိမ်ကအကောင်အိမ် ပြန်နောက်ကျနေလို့၊ အိမ်ကမိန်းမက အိမ်ကနေလှမ်းဆက်လိုက်တဲ့အခါ၊ လိုင်း ကားပေါ်ကနေ (ကိုယ်အခုပြန်လာနေပြီ၊ ကမ္ဘာအေးဘုရားလမ်းရောက်နေတယ်ပြော လိုပြော) တကယ်တမ်းသူစီးနေတဲ့ လိုင်းကားက ဘုရင့်နောင်မီးပွိုင့်မှာရပ်နေ တဲ့ အဓိပတိအပြာပေါ်ကပါ။ စပယ်ယာ က သွေးရိုးသားရိုးမှတ်လို့ (ဒါ ဘုရင့် နောင်လမ်းဆုံအစ်ကို) လို့ပြောလိုက်တော့ ဘသားချောက မျက်စေ့မှိတ်ပြပါတယ်။ 

ဒီလိုပါပဲ။ ကောင်းတာလုပ်လည်း အသုံး ချခံဒီဖုန်းလေးက ဇာတ်ဖို့ဇာတ်ရံအဖြစ် ၀င်ရောက် အသုံးတော်ခံကပြပေးလို့ရနေ ပါတယ်။ အခွန်အခတွေဘယ်လောက်ပဲ တက်တက်လေအခွန်အတွက်တော့ ဒုက္ခ ကပျားရည်လိုချိုနေကြတာ သဘာဝကျ ပါတယ်။ တကယ်တမ်းစဉ်းစားကြည့်တဲ့အခါ နောင်တစ်ချိန်တန်ဖိုးနည်းဖုန်းများ လူတန်း စားမရွေးလက်လှမ်းမီကိုယ်တွယ်အသုံးပြု နိုင်ကြပြီဆိုရင်ဖြင့် လူကောင်းလက်ထဲက ဖုန်း၊ ဒုစရိုက်သမားလက်ထဲကဖုန်းဆိုပြီး လူမှုဆက်သွယ်ရေး၊ ကိရိယာတစ်ခုရဲ့ အကောင်းအဆိုးနှစ်ခုရောပြွမ်းပါလာမယ့် လက်ကိုင်ဖုန်းတစ်လုံးရဲ့ သက်ရောက်မှု အတိုင်းအတာက အင်မတန်ကြီးထွားခရီး ပေါက်တော့မှာကတော့ အသေအချာ ပင်ဖြစ်ပါတယ်။

အသုံးချခံပစ္စည်းတစ်ခုရဲ့ ကောင်းမွေဆိုးမွေကို ကိုင်တွယ်သူအပေါ် သာအဓိက မူတည်နေတဲ့အတွက် သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးဖြစ် လာနိုင်ပါကြောင်း စာရေးသူတွေးမိသလို ရေးသား တင်ပြလိုက်ရပါသည်။

Credit : Here

ပညာမဲ့ တွေ၊ လူရမ်းကားတွေ၊ အစွန်းရောက်တွေ၊ ဒီမိုကရေစီနဲ့ မထိုက်တန်တဲ့ အရိုင်းအစိုင်းတွေ လို့ ပြစ်တင်နေယုံနဲ့ ဘာမှ အကျိုး ထူးမလာပါ


အထိကရုံး နောက်ကွယ်က ကြိုးကိုင်နေတဲ့ သူတွေ ရှိတယ် ဆိုတာကို မြန်မာပညာတတ် အသိုင်းအဝိုင်းက အတည်ပြု ပြောနေ ရေးနေကြပါပြီ။

အဲဒီတော့ ဒီလိုစဉ်းစာကြည့်ရအောင် ...

ဥပမာ ဒါတွေကို ကြံ့ခိုင်ရေးပါတီက ဦးဆောင်နေတယ်ပဲဆိုကြပါစို့။ သူတို့က မဲလိမ်နဲ့ တက်လာတဲ့သူတွေ မဟုတ်လား။ သူတို့နောက်မှာ လူထုကမှ မရှိတာပဲ။ ၂၀၁၅မှာ အသေအချာရှုံးမယ်လို့ လူအများ ယူဆထားတဲ့ ပါတီကြီး တစ်ခုက အခုလို ကြိုးကိုင်နိုင်တယ် ဆိုတော့ လူထုကိုယ်စားပြု ပါတီကြီး ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ရင်လေးစရာပါ။


ပြီးတော့ အခု အချိန်ဟာ ၂၀၁၀-၂၀၁၁ က လို မဟုတ်ပဲ ပွင့်လင်း လူ့အဖွဲ့အစည်းတွေ၊ ကွန်ယက်တွေ နယ်မြေခံ ကျေးရွာ ပါတီ အဖွဲ့အစည်းတွေ တစ်နိုင်ငံလုံးမှာ အခိုင်အမာရှိနေပါပြီ။ အဲဒီတော့ အခုဖြစ်ရပ် တွေထဲမှာ ပါဝင်နေကြတဲ့ သူတွေ ဦးဆောင် နေကြတဲ့ သူတွေဟာ အချိန်တန်ရင် ဘယ် အဖွဲ့အစည်းက ဆိုတာ ရှင်းရှင်းလင်းလင်းသိရမှာပါ။ 

အခုအချိန်မှာ အဓိက ပြဿနာက တိကျခိုင်လုံတဲ့ သတင်းမှန်ကို တင်ပြ ပေးနိုင်မယ့် အဖွဲ့အစည်းမျိုး မရှိတာ ကြောင့် ပြည်သူတွေမှာ ကောလဟာလ အပြင် တစ်ဦးနဲ့ တစ်ဦး စွတ်စွဲနေတာတွေ ကို ပါ ရင်လေးဖွယ် တွေ့နေရပါတယ်။ ဥပမာ ပေးရရင် မိတ္ထီလာ အထိကရုံးနဲ့ ပတ်သက်လို့ အထိန်းသိမ်း ခံထားရတဲ့ သူတွေ ရှိပါတယ်။ ဒီလူတွေကို ဖမ်းမိတာ အခုဆိုရင် တစ်ပါတ်နီးပါးရှိပါပြီ။ အခုအချိန်အထိ ပြဿနာ ဖြစ်ရတဲ့ အကြောင်းအရင်းကို သူတို့ဆီကနေ ဘာဆိုဘာမှ မကြားရသေးပါဘူး။ 

ဒီလိုအထိကရုံးမျိုးတွေဟာ လပိုင်းအတွင်း ပြီးခဲ့တဲ့ နှစ်အတွင်းကပဲ။ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ မှာ ဖြစ်ခဲ့တယ်။ ဖြစ်ပြီးလို့ တစ်ရက် နှစ်ရက်မှာပဲ သူတို့သတင်းစာတွေက နေ အဖြစ်မှန်ကို ဖော်ပြနိုင်ခဲ့တယ်။ အဲဒီအခါမှာ အထိကရုံးတွေ ပြန့်သွားတာမျိုးမရှိတော့ဘူး။ ကျန်တဲ့ မီကြွင်း မီးကျန်တွေကို အစိုးရက ရှင်းသွားတယ်။ အဲဒီတော့ တစ်ရက် နှစ်ရက် အတွင်း မှာ ဇာတ်လမ်းပြတ်သွားပါတယ်။ 

ဘင်္ဂလားဒေ့ရှ်မှာဆိုရင် သူတို့ဆီက လူမှုရေးနိုင်ငံရေး အဖွဲ့အစည်းတွေက ဒီအကြမ်းဖက်မှုတွေကို ဆန့်ကျင်ဆန္ဒပြကြတယ်။ အစိုးရနဲ့ အတိုက်အခံ အဖွဲ့အစည်းက ခေါင်းဆောင်တွေ ကလည်း အခင်းဖြစ်ရာဒေသကို ကိုယ်တိုင်သွားပြီး ဖြောင်းဖြမှုတွေ လုပ်ခဲ့ကြတယ်။ဒီလိုနဲ့ ပညာသုံးပြီး ထိန်းထိန်းသိမ်းသိမ်း ဖုံးဖုံးဖိဖိ လုပ်သွားတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘင်္ဂလားဒေ့ နိုင်ငံသားတွေကလည်း ဘယ်သူ့ကိုမှ လက်ညှိုးမထိုး နာဇီတွေ ဖက်စစ်တွေ တာလီဘန်တွေလို့ အချင်းချင်း မစွတ်စွဲပဲ အနေမှန် နေလိုက်ကြတဲ့ အတွက် နိုင်ငံတကာမှာလည်း အရှက်မကွဲခဲ့ပါဘူး။ အခုနိုင်ငံခြားမှာရှိတဲ့ မြန်မာ ပညာတတ် မတတ် တွေထက် စာရင် သူတို့တွေ က လူဦးရေ ပိုပြီးများပါတယ်။ ဒါပေမယ့်သူတို့လုပ်တာ ပညာသားပါတယ်။ ပုံကြီးမချဲ့ဘူး။ ကိုယ့်ပေါင်ကို လှန်မထောင်းဘူး။ အခုဆို ဘင်္ဂလားဒေ့ရှ် ပန်းဝါနဲ့ ရာမူးက အဖြစ်အပျက်တွေကို လူအတော်များများ အနေနဲ့ သတိတောင် ထားမိကြမှာမဟုတ်ပါဘူး။ 

အဲဒီတော့ မြန်မာ ပညာရှင်များလည်း စဉ်းစားကြပါ။ မြန်မာပြည်ဟာ မဖွံ့ဖြိုးမတိုးတက် သေးတဲ့ အတွက် လူအများစုဟာ ကျေးရွာတွေမှာ နေကြရတာပါ။ သူတို့ကို ပညာမဲ့ တွေ၊ လူရမ်းကားတွေ၊ အစွန်းရောက်တွေ၊ ဒီမိုကရေစီနဲ့ မထိုက်တန်တဲ့ အရိုင်းအစိုင်းတွေ လို့ ပြစ်တင်နေယုံနဲ့ ဘာမှ အကျိုး ထူးမလာပါ။ သူတို့ တွေရဲ့ လူနေမှုအဆင့်အတန်းမြင့်မားလာမှ အတွေးအမြင် ကျယ်လာမှ ဒီမိုကရေစီတို့ လူ့ အခွင့်အရေးတို့ ဆိုတာတွေကို သူတို့ နားလည် လက်ခံနိုင်ကြမှာပါ။ အဲဒီလိုမဟုတ်ပဲ လျှပ်စစ် မီးတောင် မှန်မှန်မရပဲ ဆင်းရဲတွင်း နက်နေသူတွေကို မျက်နှာလွှဲ ခဲပစ်၊ ပိဿလေး ဘေးပစ် ရှုံ့ချ ပြောဆို နေမယ်ဆိုရင် ဒီလို ပြည်သူတွေ အနေနဲ့ သူတို့ကို ချော့မော့ ပြောမယ့် မျက်နှာသာပေး အကာအကွယ် ပေးမယ့် မည်သည့် အဖွဲ့အစည်းကိုမဆို ရေနစ်သူတွေလို ချဉ်းကပ် ဖက်တွယ်ကြတော့မှာပါပဲ။ 

ဒါကို နိုင်ငံရေး လှည့်ကွက်ထဲက အခုအထိ မထွက်နိုင်ကြသေးတဲ့ နိုင်ငံရေး သမားကြီးများ သတိချပ်စေ လိုပါတယ်။

စေတနာနဲ့ပါ။

[Photo source: Buena Vista Images] 

Credit : Here

လက်ရှိအခြေအနေအရ စွမ်းအားရှင်တွေရှိသေးလား ဆိုတာ ကြံ့ဖွံ့ပါတီကို ပွင့်ပွင့် လင်းလင်းဘဲ မေးခွန်းထုတ် ကြရမဲ့ အချိန်ရောက်နေပါပြီ

အမှန်အတိုင်း ပြောရရင် ယနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် လုပ်ရပ်များကို အဖွဲ့ အစည်း တခုခုက ဦးဆောင်ပြီးပုံဖော်နေတယ်လို့ ယုံကြည်ပါတယ် ။ လုပ်ကိုင် ဆောင်ရွက်ပုံများကို ကြည့်ရင်လည်း ဘယ်သူတွေက ဦးဆောင်နေလည်း ဆိုတာ အတော်လေးကို သိသာထင်ရှားနေပါတယ် ။

ဒါကြောင့် စွမ်းအားရှင်တွေရှိသေးလား ဆိုတာ ကြံ့ဖွံ့ပါတီကို ပွင့်ပွင့် လင်းလင်းဘဲ မေးခွန်းထုတ် ကြရမဲ့ အချိန်ရောက်နေပါပြီ


၁။ စွမ်းအားရှင် အဖွဲ့အစည်းဟာ ယနေ့အထိ ရှိနေဆဲလား။ ဖျက်သိမ်းလိုက်ပြီလား ?

၂။ ရှိခဲ့တယ်တဆိုရင် တရားဝင် မှတ်ပုံတင်ထားရဲ့လား၊ ရည်ရွယ်ချက်ကဘာလဲ၊ ဘယ်လိုအလုပ်တွေကို အဓိကထား လုပ်ကိုင်နေကြသလဲ၊ အဖွဲ့ဝင် အင်အား နဲ့ အဖွဲ့အစည်းမှာ ဘယ်သူတွေ ဦးဆောင်ပါဝင် ကြသလဲ၊ ဆိုတာကို သိအောင် မေးမြန်းသင့်ပါပြီ ?

၃။ သီးခြားအဖွဲ့အစည်း တခုအဖြစ် ရပ်တည်နေဆဲ မဟုတ်ဘဲ၊ ယခင်ကလိုဘဲ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းလက်အောက်မှာဘဲ ထားရှိတယ်ဆိုရင်၊ ဘယ်သူတွေက အဲဒီ စွမ်းအားရှင် အဖွဲ့အစည်း ကို ချယ်လှယ် အုပ်ချုပ်နေတာလဲ ?

၎။ အကယ်၍ ဖျက်သိမ်းလိုက်ပြီ ဆိုရင်လဲ၊ ယခင်က အဲဒီအဖွဲ့ကို အသက်သွင်းဖွဲ့စည်းခဲ့တဲ့ ကြံ့ဖွံွှံပါတီ ကို မေး မြန်းချင်တာက-

(က) ဘယ်လိုရည်ရွယ်ချက်ကြေင့် စွမ်းအားရှင် အသင်းအဖွဲ့ကို ဖွဲ့စည်းခဲ့တာလဲ ?

(ခ) ထိုအသင်းအဖွဲ့ရဲ့ အဓိက ဆောင်ရွက်ခဲ့တဲ့ ထင်ရှားတဲ့ လုပ်ဆောင်ချက်ကိစ္စရပ်များ၊ အသင်းရဲ့ လှုတ်ရှားမှု့ ပုံစံ၊ အသင်းဝင် အင်အား၊ အဓိက ဦးဆောင်သူများ၊ ဦးဆောင်သူများကို ဘယ်လိုပုံစံ နဲ့ ရွှေးချယ်ခဲ့သလဲ၊ အသင်းဝင်များကို ဘယ်လိုပုံနဲ့ စုဆောင်းခဲ့သလဲ၊ ဘာတွေ လုပ်ဘို့ တာဝန်ပေး ခဲ့လဲ၊ တိုင်းနှင့်ပြည်နယ် နေရာအနှံ့ဘယ်လို ဖြန့်ကျက်ထားသလဲ ?

ဆိုတာတွေကို တိတိကျကျ ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူ့လွှတ်တော်တွင် ပြည်သူ့ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်ကြီး များ အနေဖြင့် ပြည်သူလူထုကိုယ်စား မေးမြန်းပေးကြပါရန် လေးစားစွာ တောင်းဆို အပ်ပါတယ်။

==============================

ဘာကြောင့် အခုလိုမေးရတာလဲ ဆိုတာ ကိုတော့ အောက်က သတင်းက သက်သေပြနေပါတယ်။

မိုးညိုမြို့နယ် ဇောတိက ရပ်ကွက်ရှိ ဗလီတစ်လုံးကို မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင် အချိန်မှ ညနေ ၄ နာရီ ၀န်းကျင်အထိ သံဃာဟု ယူဆရသူ (၄၀) ၀န်းကျင်ခန့်က ဖျက်ဆီးခဲ့ကြောင်း အခင်းဖြစ်ပွား ရာ နေရာသို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က သတင်းပေးပို့ခဲ့သည်။

ထိုသို့ ဖျက်ဆီးပြီးချိန်တွင် လူစုခွဲ၍ ပြန်လည် ထွက်ခွာ သွားကြကြောင်း သိရသည်။

ဖျက်ဆီးပြီးနောက် ပြန်လည်ထွက်ခွာသွားချိန်တွင် အဆိုပါနေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ယူ ခဲ့ကြောင်း သိရသည်။ 

ယင်းကဲ့သို့ ဖျက်ဆီးနေချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဓာတ်ပုံရိုက်ကူးခွင့် မပြုဘဲ တားဆီးခဲ့ကြပြီး ဖျက်ဆီးမှုတွင် ပါဝင်သူများမှာ ဒေသခံများ မဟုတ်ကြောင်း မိုးညိုမြို့ခံများက ပြောသည်။

Eleven Media Group

Credit : Here

နတ်မောက်မြို့  မှ အောင်ဆန်း ကွန်ပြူတာ ကျောင်းဆောင် ဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်


ဗိုလ်ချုပ်အောင်ဆန်း အထိမ်း အမှတ်၊ အ.ထ.က (၁) အခြေခံ ပညာအထက်တန်းကျောင်း၊ နတ် မောက်ရှိ ကျောင်းပိုင်ပစ္စည်းများအား မည်သည့်ကျောင်း၊ မည်သည့်အခမ်း အနားမဆို သုံးစွဲခြင်းအား လုံးဝ တားမြစ်ကြောင်း အဆိုပါကျောင်းဆောင်သစ်ဖွင့်ပွဲတွင် အလှူရှင်သီတဂူဆရာတော် ဦးဥာဏိဿရက မိန့်သည်။ “ကျောင်းနဲ့မဆိုင်တာ လာလုပ်တာ လက်မခံဘူး” ဟု ဆရာတော်က မိန့်သည်။ ဗိုလ်ချုပ် အောင်ဆန်းဂုဏ်ကျေးဇူးကို ဂုဏ်ပြု လို့ လှူဒါန်းခြင်းဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆန်း၏ သမီး ဒေါ်အောင် ဆန်းစုကြည် တက်ရောက်သည့် အတွက် ဝမ်းမြောက်ကြောင်း ဆရာတော်က မိန့်သည်။ ဆက်လက်၍ ဆရာတော်က အဆိုပါကျောင်းကြီးအတွက် သိန်းပေါင်း ၁၆၉ သိန်း ကုန်ကျခံလှူဒါန်းခြင်းဖြစ်ကာ ဘယ်ဂျီယံ ပညာရေးအထောက်အကူ ပြုအဖွဲ့က သိန်းတစ်ထောင့်တစ်ရာ လှူဒါန်းကြောင်း ဆရာတော် ဦးဥာဏိဿရ မိန့်သည်။


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါကျောင်းဆောင်သစ်ဖွင့်ပွဲ တွင် ပညာရေးနှင့်ပတ်သက်၍ မိန့် ခွန်းပြောကြားရာတွင်.. ''အခုခေတ်မှာဆိုရင် မိဘတွေက တော်တော်ကို သားသမီးတွေကို ပိုက်ဆံရှာစေချင်တယ်။ ဒါကို ကျွန်မ အပြစ်မတင်ပါဘူး။ ပိုက်ဆံမရှိဘူး၊ ဆင်းရဲ နွမ်းပါးတဲ့အခါမှာ မိသားစုများ ဒုက္ခရောက်ကြတယ်လို့ ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံ ဟာ ပိုက်ဆံအတွက်မဟုတ်ဘူး” ဟု ပြောသည်။ ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က ဒီထက်ပိုပြီး မြင့်သည်ဆိုသည့် အကျိုးတစ်ခုကို ဖြစ်စေချင်တယ်ဆိုသည့် စိတ်ကိုထား စေချင်ကြောင်း၊ ပိုက်ဆံရှိခြင်းသည် ကိုယ်ကျန်းမာရေး၊ ကလေးများ ပညာတတ်စေရေး၊ ပတ်ဝန်းကျင် အကျိုး ရှိစေရေးဆိုသည့် စိတ်ဓာတ် ဖြစ်စေချင်ကြောင်း၊ ကိုယ်ကောင်းစား ရန်၊ ကိုယ့်မိသားစုကောင်းစားရန် ကြွားဝါချင်သည့် စိတ်ဓာတ်သည် မကောင်းသလို နိုင်ငံအတွက် မကောင်းကြောင်း ပြောသည်။ နတ်မောက်မြို့သူ၊ မြို့သားများ နှင့် ပတ်သက်၍ နတ်မောက်မြို့သည် လူတော်လူကောင်းများအား အစဉ် အလာအရ မွေးထုတ်ပေးသော ဘူမိနက်သန်နယ်မြေဖြစ်သည်ဟု အများ ကပြောသည်ကို ကြားချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြား သွားခဲ့သည်။

တန်ဖိုးကြီးထိုက်တဲ့စကား သောင်းထိုက်ကကြားစေသား။

အောင်ဆန်းကို လုပ်ကြံခံရလို့ သေပြီဆိုတာ တကယ်မဟုတ်ဘူး။ အောင်ဆန်း ရှင်နေဆဲ။ အောင်ဆန်းအသက်ရှင်နေတာကို ကြည့်ချင်ရင် အောင်ဆန်းစုကြည်ကို ကြည့်လိုက်။ အဲဒီ အသက်ရှင်နေတဲ့ပုဂ္ဂိုလ်ကို ဆက်လက်ပြီး အသက်ရှည်အောင် ဒို့ ၀ိုင်းလုပ်ရမယ်´

- သီတဂူဆရာတော် အရှင်ဥာဏိဿရ






သီတဂူဆရာတော်ဘုရားနှင့်အတူနတ်မောက်မြို့ရောက် အမေစုအား အောင်ဆန်း ကွန်ပြူတာ ကျောင်း ဆောင် ဖွင့်ပွဲတွင်တွေ့ မြင်ရစဉ်။

Credit : Here