Saturday, March 16, 2013

ပုဏ္ဍားကျွန်းမြို့ အထက်တန်းကျောင်း ဆယ်တန်းစာမေးပွဲ အတွင်း မီးလောင်


ပုဏ္ဍားကျွန်းမြို့ အထက်ကျောင်းတွင် ယနေ့ နံနက်က မီးလောင်မှု ဖြစ်ပွား ခဲ့သည်ဟု သတင်း ရရှိသည်။

မီးမှာ ယနေ့ နံနက် အစောပိုင်း ညဥ့် ၂ နာရီခွဲခန့်တွင် စတင် လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်မူကြောင့် စာသင်ခန်း ၃ ခန်း ပျက်စီး သွားခဲ့သည်ဟု ဆိုသည်။

မီးလောင်မှု ဖြစ်ပွားပုံနှင့် ပတ်သတ် ပြီး ပုဏ္ဍားကျွန်းမြို့ စံပြကွက်ရပ်တွင် နေထိုင်သူ တစ်ဦးက ယခု ကဲ့သို့ ပြောသည်။

“ မီးက ဘယ်လို စလောင်တယ်ဆိုတာ ဘယ်သူမှ ပြောနိုင်သေးဘူး။ အဲဒီအခန်းမှာ လူလည်းမရှိဘူး။ နံနက် အစောကြီး ညဥ့် ၂ နာရီခွဲခန့်စပြီး လောင်တယ်။ အခုလက်ရှိ စာမေးပွဲဖြေနေတဲ့ အခန်း ၂ ခန်းမီးထဲ ပါသွားတယ်။ ဘေးနားက နောက်တခန်းကိုတော့ မီးမကူးရအောင် ဖျက်ဆီးလိုက်ရပါတယ်” ဟု ဆိုသည်။

မီးလောင်နေချိန်တွင် ပုဏ္ဍားကျွန်းမီးသတ်ဌာနကို အကူအညီတောင်းသော်လည်း မီးသတ်ကားတွင် ရေ မရှိဟု ဆိုကာ ပြောဆိုပြီး မီးသတ်ကား ရောက်မလာခဲ့ကြောင်း သူက ဆက်ပြောသည်။

သို့အတွက် စစ်တွေမြို့မှ ပြည်နယ်မီးသတ်ကို အကူအညီ တောင်းသော်လည်း ဖုန်းအဆက် သွယ်မရခဲ့ဟု ဆိုသည်။

မီးကို မြို့ခံလူထုဖြင့် ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ရသည်ဟု သူကပြောသည်။

ဆယ်တန်း စာမေးပွဲ ဖြေဆိုနေသည့် အချိန်ဖြစ်သည့် အတွက် ကျောင်းလုံခြုံရေး အတွက် ရဲတပ်ဖွဲ့ ၀င်များနှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင်များ ကျောင်းတွင် ရှိနေကြသည်ဟု ဆိုသည်။

သို့သော်လည်း မီးလောင် ကျွမ်း ရသည့် အကြောင်းအရင်းကို မည်သူမှ တိတိကျကျ မပြောဆို နိုင်ကြောင်း သိရသည်။

“မြို့ထဲမှာတော့ ကျောင်းသားမိဘတွေက စာမေးပွဲအချိန်ဖြစ်တဲ့အတွက် ကျောင်းသားတွေရဲ့ စာမေးပွဲ အတွက် အားလုံးက စိုးရိမ် နေကြတယ်။ အဲဒီအ ခန်းက လူနေတာလည်းမဟုတ်ဘူး။ ပိတ်ထားတဲ့ အခန်းက စလောင်တယ်ဆိုတော့ မြို့လူထုက စိတ်ဝင်စားနေ ကြ တယ်။” ဟု အဆိုပါမြို့ခံမှ ပြောသည်။

ဆယ်တန်း စာမေးပွဲကို ဖြေဆိုနေသည့် အချိန်ဖြစ်ပြီး စနေ၊ တနင်္ဂနွေတွင် စာမေးပွဲ နားထားသည့်အတွက် တနင်္လာနေ့တွင် ကျောင်းသား၊ ကျောင်းသူများကို တခြား တနေရာတွင် ပြောင်းရွေ့ စာစစ်ရန် ပြည်နယ် ပညာရေးမှုကို တင်ပြထားကြောင်း သိရသည်။

အာဏာပိုင်များမှ မီးလောင်မှုဖြစ်ပွားပြီးနောက် ကျောင်းလုံခြုံရေးကို တိုးမြှင့်ထားပြီး စစ်ဆေးမှု များပြု လုပ် နေ ကြောင်း သိရသည်။

Credit : Here

ပြည်တွင်းပြည်ပ ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုအား မိုဘိုင်းအော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ပြုမည်

ယခုဘဏ္ဍဍာနှစ် အတွက် မိုဘိုင်းအော်ပရေတာ အဖြစ် ပြည်တွင်းပြည်ပပုဂ္ဂလိကကုမ္ပဏီနှစ်ခုအား လုပ် ကို င်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရ သည်။ ယင်းသို့ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ပြုနိုင်ရန်အတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီ များအား လုပ်ငန်းပိုင်းဆိုင်ရာကိစ္စ ရပ်များ ကိုစိစစ်ရွေးချယ် မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ဆက်သွယ်ရေး နှင့် သတင်း အချက် အလက် နည်း ပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ''ဆက်သွယ်ရေးအော်ပရေတာ အဖြစ် လုပ် ကိုင် ဖို့ ကုမ္ပဏီနှစ်ခုကို ချထား ပေးမှာပါ။ ပြည် တွင်း ပြည်ပ ကုမ္ပဏီ တွေ အများ ကြီးလာ လျှောက် တဲ့အထဲကနေ နှစ် ခု ရွေး ချယ် သွား မယ်။ ဒီနှစ် အတွက် လုပ်ကိုင် ခွင့်ကို ချထားပေး သွား မှာပါ''ဟု ပြောသည်။

လက်ရှိတွင် ဆက်သွယ်ရေးကဏ္ဍများဖြစ်သည့် မိုဘိုင်း၊ အင်တာနက်၊ ကြိုးဖုန်း၊ အိုင်တီ အစရှိသည့်လုပ် ငန်းများကို ပုဂ္ဂလိကသို့လုပ်ကိုင်စေရန် လွှဲပြောင်းပေး မည့်အစီအစဉ်များရှိပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် မူဝါဒပို င်းနှင့်စည်းမျဉ်းစည်းကမ်းပိုင်းကိုသာ အဓိကထား ၍လုပ်ကိုင်ဆောင် ရွက်သွား မည်ဖြစ်သည်။

ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်ခွင့် ရရှိရန်လျှောက်ထားသည့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ် သည့် E-lite Tech မှ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းခင် မောင်အေးက '' E-lite Tech အနေနဲ့ ဒီနှစ်အတွက် ဆက်သွယ် ရေးအော် ပရေတာ ရရှိ ဖို့ လျှောက်ထားပါတ ယ်။ လုပ်ကိုင် ခွင့်တွေလဲ မကြာမီချပေး တော့ မယ်လို့ ကြားတယ်။ လျှောက်တဲ့အခါမှာ ကိုယ့် ကုမ္ပဏီ က ဘယ်အပိုင်း လုပ်ကိုင်ချင်တာ လဲဆို တာ ပါတယ်။ ဆက်သွယ်ရေးကနေ ကုမ္ပဏီကို ခေါ်တွေ့မေးမြန်းဦးမလားတော့ မပြောတတ် ဘူး။ ယှဉ် ပြို င်လုပ်ကိုင် ခွင့်ရရင် တော့ အပြိုင် အဆိုင် တွေဖြစ်လာမှာ ကျိန်း သေပါပဲ''ဟု ပြောသည်။

ယင်းသို့ မိုဘိုင်းအော်ပရေတာအဖြစ် လုပ်ကိုင်ခွင့် ရရှိရန်အတွက် ပြည်တွင်းပြည်ပကုမ္ပဏီ၉၁ခုမှ လျှောက် ထားခြင်းဖြစ်ပြီး ယင်း တို့အ နက်မှ ရွေးချယ်ကာလုပ်ကိုင် ခွင့်ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Myanmar Telecom ကုမ္ပဏီအား ဆက် သွယ် ရေး ကော် ပိုရေးရှင်း မှ ရန်ပုံငွေ နှင့်အတူ နိုင်ငံတကာ အဖွဲ့ အစည်းများထံမှ ချေးငွေ နှင့် အထောက် အပံ့များ၊ နည်းပညာ များ ဆက်သွယ်ရယူလျက် လုပ်ငန်း လည်ပတ် ဆောင် ရွက်မည်ဖြစ်ပြီး Myanmar Telecom ၊ Yatanarpon Telecom တို့ နှင့် အပြိုင် Separate Operator Co., Ltd. နှစ်ခု အား ဥပဒေ၊ နည်းဥပ ဒေနှ င့် အညီ Telecom ဝန်ဆောင်မှု ကို ယှဉ်ပြိုင်လုပ်ကိုင် ခွင့်ပြုမည်ဖြစ်သည်။

Credit : Here

ရခိုင်ပါတီ ၂ ခုပေါင်းစည်းက ပြည်သူများအတွက် ပို၍အကျိုးရှိမည် ဟုဒေါက်တာအေးချမ်းပြော


ရခိုင်နိုင်ငံရေး ပါတီ(၂)ခုဖြစ်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါ တီ(RNDP)နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ် (ALD)ပါတီတို့ ပေါင်းစည်းမည် ဆိုပါက ရခိုင်ပြည်သူများအတွက် ပို၍အကျိုးရှိမည်ဖြစ်ကြောင်းကို ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ မိုင်းပါမောက္ခဒါက်တာအေး ချမ်းမှ ရခိုင်ပြည် နယ် စစ်တွေမြို့ ဝန်လက်ဖောင်ဒေးရှင်းရုံးတွင်ပြုလုပ်သည့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးဝန်ကြီး ဦးဇော်အေးမောင် တို့ သည် မတ်လ (၁၅) ရက်နေ့နံနက်(၉)နာရီ တွင် စစ်တွေသို့ ရောက်ရှိခဲ့ပြီး ညနေ (၃)နာရီအချိန်အတွင် စစ်တွေမြို့ ဝံလက်ဖောင်ဒေးရှင်းရုံးတွင်ပြုလုပ်သည့် တွေ့ဆုံးပွဲတွင် ပါတီနှစ်ခု ပေါင်းစည်းဖို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

" အခုအခါမှာ ပါတီနှစ်ရပ် စည်းရုံးဖို့လိုအပ်ပါတယ်။ အခုကပါတီနှစ်ခု ကွဲနေကြတယ်။ အားလုံးနေရာမှာ တ စု တစည်း တည်းဖြစ်ဖို့လိုအပ်တယ်။ ပါတီနှစ်ခု အမြန်ဆုံးပေါင်းစည်းပြီး အတူတကွလုပ်ဆောင်မယ်ဆိုရင် ရခိုင်ပြည် သူတွေအတွက် ပိုပြီးအကျိုးရှိမှာပါ။ " ဟု ဒေါက်တာအေးချမ်းကတွေ့ဆုံပွဲ၌ ထောက်ပြပြော ဆိုခဲ့ သည်။

ထိုတွေ့ဆုံရာတွင် သမိုင်းသုတေသီ ဆရာတော်အရှင် စက္ကိန္ဒ၊ မိုင်းသုတေသီ ဆရာအောင်လှသိန်း၊ ရက္ခိတ မျိုးေ စာင့် ဆုရှင် သမိုင်းဆရာ ဦးမောင်ဗသိန်းနှင့် စာရေးဆရာများ၊ ၀ံလက်မှ ဒါရိုက်တာ အဖွဲ့ဝင်များ၊ ကျောင်း သား လူငယ်များ၊ အဖွဲ့အစည်းတချို့မှ တာဝန်ရှိသူများနှင့် အကြိုတွေ့ဆုံကာဆွေးနွေး မှုများပြု လုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဒေါက်တာအေးချမ်းက နိုင်ငံခြား၌ ၏တွေ့ကြုံခဲ့ရသော အတွေ့အကြုံများကို ပြောကြား ခဲ့ပြီး ၀ံလက်မှ အဖွဲ့ဝင်များနှင့် ရုံးတွင်စာ သင်နေသော ကျောင်းသားလူငယ်များကို ပါရခိုင်ပြည် အတွက် အ နာ ဂတ်မျိုး ဆက်ကောင်းဖြစ်စေရန် ဆုံးမသြဒစကားကိုလည်း ပြောကြားခဲ့ကြောင်း ၀ံလက်မှ ဒါရိုက်တာ တစ် ဦးဖြစ် သူ ကိုဇော်ဇော်ထွန်းက ပြောသည်။

ဒေါက်တာအေးချမ်းမှာ (၃)နာရီကြ တွေ့ဆုံဆွေးနွေးခဲ့ပြီး ညနေ (၆)နာ ရီကျော် မှ ပြီးဆုံးသွားကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ရခိုင်ပြည်သူများက သမိုင်းသုတေသီဒေါက်တာအေးချမ်းအား "ရက္ခ၀ံသ ရက္ခိတ" ဆုကို ပေးအပ်ရန် တရားဝင်ပြောကြားလိုက်ပြီး ၄င်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လည် (၁)နာရီတွင် စစ်ေ တွ ဟိုတယ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Arakan Times

Credit : Here

မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ မင်းမဲ့ဆန်ဆန် အုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်ပွါးခဲ့


(၁၅-၃-၂၀၁၃) ရက်နေ့တွင် အများပြည်သူ အမြတ် တနိုး ကိုးကွယ်ရာ မန္တလေး မဟာမြတ်မုနိ ဘုရား ကြီး တွင် မနက်ခင်း ဆိုင်ဖွင့်ချိန်တွင် ကလေး အမေ၊ မအေးမြဝေမှ ကလေးချီပြီး ဆိုင်တံ ခါးဖွင့်ေ နစဉ် ဆိုင်နီး နား ချင်း အမျိုးသား (၂) ယောက် နှင့် အမျိုးသမီး(၃)ယောက်က တုတ် များဖြင့် ၀ိုင်း ၀န်း ရိုက် နှက်မှု့ ဖြစ် ပွား ခဲ့ ကြောင်း သတင်း ရရှိပါသည်။

ထိုသို့ မင်းမဲ့စရိုက် ဆန်ဆန် မြို့လယ်ခေါင်၊ အများပြည်သူ အမြတ်တနိုး ကိုးကွယ်ရာ မဟာမြတ်မုနိ ဘုရား ကြီး တွင် အုပ်စုဖွဲ့ ရာဖ၀တ်မှု ကျူးလွန်မှုအား ကာယကံရှင်ဖက်မှ အမှတ်(၁၀)ရဲစခန်းတွင် အမှုဖွင့်ရာ ဒုရဲ အုပ် ဇော်လင်းမှ(၁၀)တန်း စာမေးပွဲ ကိစ္စရှိနေသေး သောကြောင့်ဟု အကြောင်းပြချက်ဖြင့် လက်မခံ ခဲ့ဘူး လို့ ရိုက်နှက်ခံရသူ ဘက်က ပြောပါတယ်။

ထိုတရားခံ ဆိုင်ခန်းရှင် ၅ဦးမှာ တုတ်များ ကိုင်ကာ မိမိတို့ ဆိုင်ခန်းများတွင် နေမြဲ နေလျက် ရှိသောကြောင့် မ ဟာမြတ်မုနိ ဘုရားဖူးလာသူများအတွက် အထူးအဆန်းနှင့် စိတ်အနှောက်အယှက်ကို ဖြစ်စေတယ်လို့ ဆိုပါ တယ်။

ယခုအခါတွင် ၀ိုင်းဝန်း ရိုက်နှက်ခံရသူ ကလေးအမေ မအေးမြဝေသည် ခန္ဓာကိုယ်အနှံ့နှင့် ခေါင်းကိုလဲ အ ရိုက် ခံ ရသောကြောင့် အာရုံကြော ထိခိုက်မှုကြောင့် မျက်စိအမြင် ဆုံးရှုံးမှု တစ်ချက်တစ်ချက် ဖြစ်ပေါ်ေ သာေ ကြာင့် မန္တလေး ပြည်သူ့ ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြော ဖျားနာဆောင်(၆)တွင် အတွင်းလူနာ အနေဖြင့် ဆေးကုသမှု ခံယူလျက် ရှိတယ်လို့ သိရပါတယ်။

မင်းမဲ့ စရိုက်ဆန်ဆန် မြို့လယ်ခေါင်၊ အများပြည်သူ အမြတ်တနိုး ကိုးယွယ်ရာ မဟာမြတ်မုနိ ဘုရားကြီး တွင် အုပ်စုဖွဲ့ ရာဇ၀တ်မှု ကျူးလွန်မှုအား သက်ဆိုင်ရာ ရဲစခန်းနှင့် ရဲများက ဘာကြောင့် အမှုမဖွင့်ပေး လည်း ဆိုတာတော့ အတိအကျ မသိရသေးပါ။ ဘာကြောင့် ရိုက်နှိုက်မှု ဖြစ်ခဲ့တယ် ဆိုတာကိုလည်း ဆက် လက် စုံစမ်းဆဲ ဖြစ်ပါတယ်။

Aung Moe

Credit : Here

ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း တွင် မိုဘိုင်းဖုန်း ဆင်းကဒ်များကို ငွေကျပ်ထောင် ဂဏန်းဝန်ကျင်ဖြင့် ရောင်းချ မည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ အတည်ပြု


ဧပြီလ ၁ ရက်နေ့နောက်ပိုင်းတွင်မိုဘိုင်းဖုန်းဆင်းကတ်များကို ငွေကျပ်ထောင်ဂဏန်း ၀န်းကျင်ဖြင့် ရောင်းချ မည်ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မတ်လ ၁၆ ရက်နေ့တွင် Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က “ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောတဲ့ ‘မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို ဧပြီလ ၁ ရက်နေ့မှာ စတင်ရောင်းချပေးမှာ မှန်ပါတယ်။ မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီး လျော့နည်း တဲ့ဈေးနဲ့ ရောင်းမှာပါ။ ထောင်ဂဏန်းမျှသာ ဖြစ်ပါလိမ့်မယ်’ ဆိုတာကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ကို မေးတဲ့အခါ အတည်ပြုတဲ့အတွက် အခြား မီဒီယာတွေကိုလည်း အဲဒီအတိုင်း ကျွန်တော် ထပ်ဖော်ပြပေး လိုက်တာ ဖြစ်ပါတယ်” ဟု Eleven Media Group ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

နောက်ဆုံးရောင်းချခဲ့သော GSM Sim Card ဈေးနှုန်းများမှာ ငွေကျပ် ၂ သိန်းနှုန်းဖြစ်ပြီး ၎င်းဖုန်း များ ရောင်းချမှုကိုလက်ရှိအချိန်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရပ်ဆိုင်းထားသည်။

အဆိုပါ ငွေကျပ် ၂ သိန်းတန် မိုဘိုင်းဖုန်းများကို ငွေကျပ် ၂ သောင်းနှုန်းဖြင့်ရောင်းချပေးမည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။

၂၀၁၂ ခုနှစ်အထိ ပြည်တွင်း၌ မိုဘိုင်းဖုန်းလုံးရေ စုစုပေါင်း ၆ သန်းဝန်းကျင်ရောင်းချပေးပြီးဖြစ်ကြောင်း သိရှိရသည်။

“ဖုန်းကတ်တွေ ထောင်ဂဏန်းဝန်းကျင်နဲ့ ရောင်းမယ်ဆိုတာ အင်တာနက်ပေါ်မှာတော့ တက်နေ တယ်ပြောတယ်။ ကျွန်တော်လည်း သေချာမသိပါဘူး။ ကျွန်တော်တို့ကို ဘယ်လောက်နဲ့ ရောင်းဆိုပြီး အခု အချိန်အထိ ညွှန်ကြားထားတာမရှိသေးပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက မတ်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ငွေကျပ် ၂ ထောင်နှုန်းဖြင့် ရောင်းချမည့် ဆင်းကတ်များမှာ GSM Sim Card များဖြစ်ပြီး WCDMA Sim Card များကိုလည်း ငွေကျပ် ၅၀၀၀ နှုန်းဖြင့်ရောင်းချ မည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ထပ်မံချထားပေးမည့် မိုဘိုင်ဖုန်းများ၏ ဖုန်းနံပတ် ဂဏန်းအရေအတွက်မှာ ၁၁ လုံးပင်ဖြစ်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM မိုဘိုင်းဖုန်းများအား ၂၀၀၂ ခုနှစ်တွင် ကျပ် ၅ သိန်းဖြင့် စတင် ဌားရမ်းပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကျပ် ၁၀ သိန်း၊ ထိုမှတစ်ဖန် ကျပ် ၁၅ သိန်း သို့ ပေးသွင်းခဲ့ ရသည်။

၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ယင်းဖုန်းများအား ကျပ် ၅ သိန်းဖြင့် ထပ်မံချထားပေးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လတွင် ကျပ် ၂ သိန်းသို့ ထပ်မံလျော့ချပေးခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

Credit : Here

ဆိုက်ဝါးတွေကို ကာကွယ်နိုင်ဖို့ စာများများ ဖတ်ကြပါ။


မြန်မာနိုင်ငံမှာ အင်တာနက်တွေ စပီး ပွင့်ပွင့်လင်းလင်း သုံးလာရချိန်မှာ လူအများစု စိတ်ဝင်တစား အသုံးပြုလာတာ ဖေ့ဘွတ်ပါပဲ....... ဖေ့ဘွတ်ရဲ့ အပြန်အလှန် ဆက်သွယ်ရေး နည်းစနစ် ကောင်းမွန် တာကြောင့် လူတွေ အသုံးများလာကြရင်း သတင်းတွေ ပြန့်နှံ့စီးဆင်းလာကြရင်းကနေ တစ်ချိန်က နာမည်ကြီး မီဒီယာတွေ လူတွေအပေါ်မှာ မလှိမ့်တပါတ် လုပ်ခဲ့တာတွေ ပေါ်လာပြီး အရှက်တကွဲတွေ ဖြစ်လာပါတယ်......

ဒီအချိန်မှာ ဖေ့ဘွတ်ရဲ့ အသုံးဝင်မှု၊ သတင်းစီးဆင်းမှုကို ကိုယ်လိုသလို လမ်းကြောင်းယူဖို့ အရှိုရှို ဖေ့ဘွတ်ထဲကို ၀င်လာကြပါတယ်....... တစ်ချိန်က ကျွန်တော်ရေးခဲ့တဲ့ ရေငုတ် အကောင့်တွေ ဟာလည်း အရှိုရှို ၀င်လာခဲ့ပြီး နာမည်ကြီး လူအများစုကို လိုက်အက်ထားလေ့ ရှိပါတယ်..... အချိန်အတိုင်း အတာ တစ်ခုအထိ ယူပြီး လူတွေကြားမှာ သူတို့ပစ်သွင်းချင်တဲ့ သတင်းအချက် အလက် ပြန့်နှံ့ သွားနိုင်ပီလို့ ယူဆလာချိန်မှာ သူတို့အက်ထားတဲ့ နာမည်ကြီး အကောင့်တွေကို Tag လုပ်ပီး လိုချင်တဲ့ သတင်းအချက်အလက်တွေကို ပစ်သွင်းပါတော့တယ်......

အဲ့ဒိအကောင့်တွေရဲ့ အဓိက လှုပ်ရှားလေ့ရှိတာဟာ ဆူဆူပူပူ ဖြစ်နိုင်တဲ့အခြေအနေ၊ တစ်နေရာရာမှာ ဆန္ဒပြမှု ကြီးမားလာမယ့် ပုံသဏ္ဍန်ရှိတာနဲ့ စတင် တာထွက်လာတာပဲ ဖြစ်ပါတယ်....... ထုံးစံအတိုင်း လူများစု အကြိုက် အစိုးရကို ပုတ်ခတ်ရင်း၊ ဆန္ဒပြပွဲ အရှိန်မြင့်အောင် မီးလောင်ရာ လေပင့်ရင်း မီးစာကို တင်လေ့ရှိကြပါတယ်...... အခြေအနေ မကောင်းရင် ပြန်လည် ငုတ်ရှိုးသွားကြသလို၊ သူတို့လိုချင်သလို အခြေအနေ မဟုတ်ပဲ ထွက်လာတဲ့ အဖြေဟာ တစ်မျိုးဖြစ်သွားရင် အများအတိုင်း ဖော်လို လိုက်ရင်း ပြန်လည် ငုတ်ရှိုးသလို၊ ထွက်လာတဲ့ အဖြေကနေ နောက်ထပ် ဆန္ဒပြမှုတွေ ဖြစ်လာမယ့် အခြေအနေမျိုးကို ဦးတည်မယ်လို့ အရိပ်အယောင် မြင်လာရင် အများအတိုင်း ဖော်လိုလိုက်ရင်းကနေ လိုချင်တဲ့ လမ်းကြောင်းဘက်ကို Diversion လုပ်သွားလေ့ ရှိကြပါတယ်......

ဥပမာအားဖြင့် အခုလက်ရှိ ဒေါ်စုလုပ်ရပ် မှန်တယ်၊ ဒေါ်စု အစီရင်ခံစာဟာ ပြီးပြည့်စုံပါတယ် စသည်ဖြင့် အများအကြိုက်ဖော်လိုလိုက်ရင်း၊ ဒေါ်စုဘက်ကနာသလိုလိုနဲ့ မသိမသာ ကိုယ်လိုချင်တာ ကို ဇောင်းပေး မောင်းသွင်းနေတဲ့ လူတွေဟာ လက်ပံတောင်းမှာ ဆန္ဒပြမှု အရှိန်ပြင်းလာခဲ့စဉ်က ဘာတွေ ပြောခဲ့၊ ဆိုခဲ့တယ်ဆိုတာ သတိထားမိသူတွေ သိမှီကြပါလိမ့်မယ်...... တချိန်က ဟန်ဝင်းအောင် ဖယောင်းတိုင် ထွန်းတာမှသည် ဆန္ဒပြခဲ့တာမှန်သမျှ အားလုံးကို ထောက်ခံခဲ့တဲ့ ထိုလူတွေဟာ အခုတော့ ၁၈၀ ဒီဂရီကို လှည့်သွားပြန်ပါပီ.......

သူတို့နဲ့အတူ ဆန္ဒပြပွဲကို မထောက်ခံရင်၊ တရုတ်ကို မဆန့်ကျင်ရင်ပဲ အစိုးရဘက်တော်သား လို့ကို ဖော်ထုတ် စွတ်စွဲခဲ့ကြတဲ့ လူတွေပါပဲ.... ဆန္ဒပြပွဲတွေကို ထောက်ခံရေးခဲ့ သလို ဒေါ်စုစကားတွေ ကိုတောင် ထီမထင်သလိုလို ရေးလာတာတွေ သိမှီခဲ့ကြသူတွေ မှတ်မိကြမှာပါ....... အခုတော့လည်း တစ်ချိန်က ပြောခဲ့တာ သူတို့မဟုတ်သလို အရေးအသားကို အထင်အရှားတွေ့လာရပါတယ်....

ဝမ်းနည်းစရာ ကောင်းတာက ပြည်တွင်းက စတ္တုတ္ထမဏ္ဍိုင်ထဲမှာ သတင်းကို သတင်းပီပီသသ ရေးနိုင်မယ့် မီဒီယာတွေ မတွေ့ရတာပါပဲ..... တစ်ခါတစ်လေမှာ မီဒီယာတွေကိုယ်တိုင် ဆိုက်ဝါးအတွက် အဓိက ဖွင့်ထားတဲ့ အကောင့်တွေရဲ့ မောင်းနှင်မှုကို ခံနေရတာ မြင်ရတာလည်း သံဝေဂ ရမိတယ်...... တစ်ချို့ ဆိုက်ဝါးအကောင့်တွေဟာ လူသိနည်းတဲ့ အကြောင်းအရာတွေကို အချက်အလက်တွေ စုံစုံလင်လင်နဲ့ တင်ပြပီး (သို့မဟုတ်) သတင်းကြိုတင်နိုင်ပီး သိပ်မကြာခင် သူတို့ တင်ပြချက်တွေကို နာမည်ကြီး မီဒီယာတစ်ခုမှာ ပါလာနိုင်အောင် စွမ်းဆောင်နိုင်စွမ်း ရှိနေတာလည်း သတိထားမိပါတယ်......

အွန်လိုင်းက လူအများစုရဲ့ အဓိက အားနည်းချက်ဟာ ဖြစ်လာတဲ့ ဖြစ်ရပ်တွေပေါ်မှာ ခံစားချက်ကို ရှေ့ တန်းတင်လွန်းကြတဲ့အတွက် အဲ့ဒါကို နင်းပီး အသုံးချသွားတာ များပါတယ်..... အခုလက်ရှိ အကောင်းဆုံး ဥပမာကတော့ ဒေါ်စုရဲ့ အစီရင်ခံစာဟာ ဘယ်လောက်ပဲ ဒေါင့်စေ့ ကောင်းမွန်ပြီး ဒေသခံတွေအတွက် ဦးစားပေးထားပေမယ့်လည်း ခံစားချက်ကို ရှေ့တန်းပို့ဖို့ မှိုင်းတိုက်ခံထားရလို့ မှိုင်းရည်ဝနေ တဲ့ ဒေသခံတွေအဖို့ကတော့ ဖုတ်လေတဲ့ငပိ ရှိလေတယ်လို့တောင် မထင်တာကို ကြည့်ရင် တွေ့နိုင်ပါ တယ်...... အခုလက်ရှိ လက်ပံတောင်းကိစ္စမှာ ဒေါ်စုကို ဆန္ဒပြအောင် လုပ်နေကြခြင်းဟာ ကျား စကားနဲ့ ပြောရရင် ချောင်ပိတ်ထားရဲ့သားနဲ့ ဒေါ်စုရဲ့ ဒေါင့်စေ့တဲ့ အစီရင်ခံစာနဲ့ မထင်မှတ်ပဲ ကင်းဝင် သွား လို့ အတင်း ကို ပိတ်ဆို့ဖို့ လုပ်လာတဲ့ လုပ်ရပ်တွေလို့ပဲ မြင်မိပါတယ်...

ဒါကို ပိုပီးသိုက်ဝန်းစေဖို့က ဆိုက်ဝါးတွေက သူ့လူကိုယ့်ဘက်သားလိုလိုနဲ့ အွန်လိုင်းပေါ် ကနေ ကောင်းကောင်း ဘေးတီးပေးနေကြခြင်းပါ..... အရင်ခေတ်တွေနဲ့ မတူတဲ့ ဒီဘက်ခေတ်မှာ ဆိုက်ဝါးဟာ အတော့ကို အရေးပါလာပါတယ်...... လက်နက်တွေကိုင်တွယ် တိုက်ခိုက်နေဖို့ မလိုပဲ ကိုယ်လိုချင်သလို သတင်းအချက်အလက်တွေကို စီးမြောစေခြင်း၊ ဦးနှောက်တွေကို ၀ါဒမှိုင်း တိုက်ခြင်းဖြင့် ဖြစ်စေချင်တာတွေကို ပုံဖော်ယူသွားကြတာ များပါတယ်...... အွန်လိုင်းပေါ်က ဆိုက်ဝါး၊ မြေပြင်က ဆိုက်ဝါး ဘယ်လိုပဲ ကွဲပြားပေမယ့် သဘောသဘာဝကတော့ အတူတူပါပဲ......

အဲဒိ ဆိုက်ဝါးတွေဟာ ထစ်ခနဲရှိ ကိစ္စရပ်တွေကို အစိုးရကို လွှဲချလေ့ရှိကြသလို၊ ဒေါ်စုအပါအ၀င် အတိုက်အခံတွေဟာ အစိုးရရဲ့ လှည့်ကွက်၊ လုပ်ရပ်ကြောင့် ဒီလိုပြဿနာမျိုး ဖြစ်ပါတယ်ဆိုပီး အမြဲလိုလို ဆိုက်ဝါးလုပ်လေ့ ရှိပါတယ်...... အဓိက ရည်ရွယ်ချက်ဟာ ထစ်ခနဲရှိ အစိုးရကို လွှဲချနေခြင်းမှသည် ဒေါ်စုအပါအ၀င် အတိုက်အခံတွေဟာ အစိုးရရဲ့ လှည့်သမျှ၊ လုပ်သမျှ ခံရတယ်ဆိုတဲ့ စိတ်ကို မသိမသာ ရိုက်သွင်းသွားစေတာပဲ ဖြစ်ပါတယ်.... ရလာဘ်ကတော့ အချိန်ကြာလာတာနဲ့အမျှ အတိုက်အခံတွေအပေါ် မြင်နေတဲ့ လူတွေရဲ့အမြင် ပြောင်းလဲလာသလို၊ အားကိုးမှု၊ ယုံကြည်မှုတွေ ကိုလည်း နှဲ့ယူတိုက်စားနိုင်အောင် စွမ်းလှပါတယ်....

ဆိုက်ဝါးကို ပေါ့ပေါ့သေးသေး မှတ်ယူလို့ မရပါဘူး.... ဆိုက်ဝါးတွေရဲ့ ဦးဆောင်မှုတွေကြောင့် လက်ပံတောင်းမှာ ဒေါ်စုကို ဘယ်လောက် အန္တရယ်ပေးခဲ့သလဲ လက်ရှိ ဖြစ်ရပ်တွေက သက်သေတွေ ပါပဲ...... အခုလက်ရှိ အွန်လိုင်းက ဆိုက်ဝါး၊ မြေပြင်က ဆိုက်ဝါးတွေဟာ ဆူပူမှု မဖြစ်ဖြစ်အောင် တိုက်တွန်းလှုံ့ဆော်နေရခြင်းရဲ့ အနန္တိမ ပန်းတိုင်ဟာ အလုံးစုံ ဆူပူမှုပါပဲ.... အလုံးစုံ ဆူပူမှု ဖြစ် ရင်၊ နောက်ဆုံးရလာဘ်ဟာ တိုင်းပြည်ချောက်ထဲမကျခင် လက်နှစ်လုံးအလိုဆိုပီး အာဏာသိမ်းစေလိုခြင်း အပြင် အခြားရှိပါသလား.......

အဆိုပါ ဆိုက်ဝါးတွေကို ကာကွယ်နိုင်ဖို့က ခံစားချက်ကို ရှေ့တန်းမတင်ဖို့၊ ချင့်ချိန်ယုံကြည်ဖို့ အတွက် စာများများဖတ်ကြပါ၊ ဘယ်လိုလူတွေဟာ ဘယ်လိုတွေ ပြောလေ့ရှိပြီး ဘယ်အချိန်မှာ ဘယ်လိုပြောင်းလဲ တတ်ကြသလဲ ဆိုတာတွေကို လေ့လာပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်.......

Credit : Here

အားကစားသတင်း

ယနေ့ လက်ပတောင်းတောင်၌ ပြုလုပ်ကျင်းပသည့် ဆန္ဒပြပွဲ ရန်ပုံငွေအတွက် ဘောလုံးပွဲကျင်းပရာ တို့မီး ရှို့မီး အသင်းမှ တိုတ်စစ်မှုးများ ကိုတွေ့ရစဉ်.........


Credit : Here

Mobile Phone ငွေဖြည့်ကတ် လက်လီဈေးကွက်တွင်ကျယ် နိုင်ရေး ကံစမ်းမဲကူပွန်များ ပေးအပ်သွားမည်

ရန်ကုန်မြို့နေ ပြည်သူများ နှင့် အ နယ်နယ် အရပ်ရပ်မှ ပြည်သူ များအား မိုဘိုင်းဖုန်း ငွေဖြည့်ကတ် လက် လီ ဈေးကွက် တွင်ကျယ် လာစေရန် ရည်ရွယ်လျက် မင်္ဂလာဈေးဝင်း အတွင်းရှိ ရွှေပြည့်စုံ ဈေးသာ ယာရေး ကော်မတီနှင့် ဈေးအတွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များ ပူးပေါင်း၍ အရောင်းမြှင့် တင်ရေး စာနယ်ဇင်း ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် အဆိုပါ ဈေးအုပ်ချုပ်ရေးမှူး ရုံးခန်း၌ ကျင်းပရာ ဈေးသာယာရေး ကော်မတီ ဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ နှင့် စာနယ်ဇင်းမှ သတင်းမီဒီယာ များ တက်ရောက် ကြကြောင်း သိရသည်။

ရှင်းလင်းပွဲတွင် ရွှေပြည့်စုံဈေး ကော်မတီဝင် ဒေါက်တာ ညီညီအောင် က အဆိုပါ ဈေးကြီးမှ ငွေဖြည့်ကတ် များကို လက်လီ ၀ယ်ယူမှု ဈေးကွက် ပေါ်ထွက် လာစေရန် နှင့် တစ်ဆင့် ပြန်ရောင်းချမှု မှ ကာ ကွယ်နိုင် စေရန် ငွေဖြည့်ကတ် ၀ယ်ယူသူများ အနေဖြင့် ငွေဖြည့်ကတ် များကို တိုက်ရိုက်ဝယ်ပြီး တိုက်ရိုက် နံပတ်နှိပ်၍ ခဲခြစ်ပြီး ကတ်များကို ၀ယ်ယူခဲ့သည့် ဆိုင်များအား ပြန်ပေးလျှင် ကံစမ်းမဲ ကူပွန် တစ်စောင် ရယူနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ရွှေပြည့်စုံ ဈေးကြီးအတွင်းရှိ မိုဘိုင်းဖုန်း နှင့် ဆက်စပ် ပစ္စည်း အရောင်းဆိုင် များမှ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ် တစ်ကတ်ဝယ်လျှင် ကံစမ်းမဲ ကူပွန်တစ်စောင် ရယူနိုင်ပြီး ကံစမ်းမဲ ဆုရရှိ သူများကို နိုင်ငံပိုင် ကြေးမုံ နှင့် မြန်မာ့အလင်း သတင်းစာများတွင် ကြေညာပေးမည် ဖြစ်ရာ ဆုများအဖြစ် iPhone 5 တစ်လုံးနှင့် Samsung Galaxy Mini အလုံး ၁၀၀ ကို ကံစမ်းမဲ ဖောက်ပေးသွားမည် ဖြစ်သည်။ အဆိုပါ ကံစမ်းမဲ အစီအစဉ်ကို လာမည့် ဧပြီလ ၉ ရက်နေ့ အထိ ကူပွန်များ ပေးအပ် သွားမည်ဖြစ်ပြီး ကံစမ်းမဲ ဖွင့်ပွဲကို စာနယ်ဇင်းမှ ပုဂ္ဂိုလ်များ ၊ ကံစမ်းမဲ ဖြစ်မြောက်ရေး ကော်မတီဝင် များ၏ ရှေ့မှောက်တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Credit : Here

အသည်းရောင် အသားဝါ C ရောဂါကု ဆေးတစ်မျိုး မြန်မာနိုင်ငံသို့ ရောက်ရှိ

မြန်မာနိုင်ငံ၏ အသည်းရောဂါ အထူးကု ဆရာဝန် များနှင့် MSD ( Merck & Co., Inc ) ဆေးကုမ္ပဏီတို့ ပူးပေါင်း စီစဉ်မှုဖြင့် မြန်မာနိုင်ငံ ၏ အသည်းရောင် အသားဝါ C ရောဂါ ဝေဒနာရှင် များအား ထိရောက်စွာ ကုသနိုင်ရေး အတွက် C ပိုးကို ချေဖျက် နှိမ်နင်းနိုင်သည့် ဆေးတစ်မျိုး ဖြစ်သည့် Pegintron ကို ထုတ်လုပ်၍ ကုသမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း အဆိုပါ ဆေးကုမ္ပဏီ မှ တာဝန်ရှိသူ တစ်ဦထံမှ သိရသည်။

အဆိုပါ အသည်းရောင် အသားဝါ C ရောဂါပိုး နှိမ်နင်းသည့် Pegintron သည် သွေးမှ ကူးစက် စေတတ်သော သွားနှုတ်ခြင်း ၊ ဆေးမှင်ကြောင် ထိုးခြင်း ၊ အရေပြား ခွဲစိတ်ခြင်း ၊ မသန့်ရှင်းသော အစားအစာ နှင့် သောက်သုံးရေ တို့မှ ဖြစ်ပေါ် လာသည့် C ပိုးနှင့် သက်ဆိုင်သော ရောဂါများကို ထိရောက်စွာ ကုသပေးလျက် ရှိသည်။

ထို့အပြင် ရောဂါ ကာကွယ်မှု တိုက်ဖျက်ရေး ဆိုင်ရာ ကာကွယ်ဆေး အမျိုးမျိုး ၊ ပဋိဇီဝ ဆေးအမျိုးမျိုး တို့ဖြင့် ပြည်သူလူထု ၏ ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှု နှင့် တိရစ္ဆာန်ကု ဆေးဝါးများကို နိုင်ငံပေါငး ၁၄၀ တွင် အဝေးရောက် ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှု အစီအစဉ်ဖြင့် ပူးပေါင်း၍ ထိရောက်စွာ ကုသပေးလျက် ရှိကြောင်း သိရှိရသည်။

Credit : Here

အကာအကွယ်မဲ့ နေပူထဲ သွားလာခြင်းကို ရှောင်ကြဉ်ရန်လို

ရာသီဥတု ဖောက်ပြန်မှု များလာသည် နှင့်အမျှ မူထုတ်လွှတ်မှု များလည်း မြင့်မား လာရာ ရန်ကုန်မြို့ နှင့် အခြား မြို့ကြီးများတွင် လူနှင့် တိရစ္ဆာန် များကို ဒုက္ခ ပေးနိုင်သော ခရမ်းလွန် ရောင်ခြင် အဆင့် ၁၃ နီးပါး ကျရောက် နေကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေး ပြောဆို ထားကြောင်း သိရသည်။ ယခု ကျရောက်နေသည့် ခရမ်းလွန် ရောင်ခြည် အဆင့် ၁၃ ၊ ၁၄ သည် အိမ်ထောင်ရှင် အမျိုးသမီးများ သားသမီးပင် မရနိုင်သည့် ရောဂါကို ဖြစ်လာ စေနိုင်သည်ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ခရမ်းလွန် ရောင်ခြည်သည် အညွှန်းကိန်းကို ၂၀၁၂ ခုနှစ်မှ စတင် တိုးတက်ခဲ့ရာ ၂၀၁၂ ခုနှစ်တွင် အဆင့် ၁၀ ၊ ၁၁ တွင် ရှိခဲ့သည်။ ခရမ်းလွန် ရောင်ခြည်သည် နေမှ ထွက်လာပြီးနောက် လူနှင့် ထိတွေ့ပြီးလျှင် ယင်း၏ စွမ်းအင်များ ပိုမို မြင့်မား လာတတ်သည့် သဘော ရှိသည်ဟု သိရသည်။ ခရမ်းလွန် ရောင်ခြည် သက်ရောက်မှု အများဆုံး အချိန်သည် နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီ အချိန်အတွင်း ဖြစ်၍ နေပူထဲ အကာအကွယ်မဲ့ သွားလာခြင်း မျိုးကို ရှောင်ကြဉ် ကြရန် လိုအပ်ကြောင်း ဒေါက်တာ ထွန်းလွင် က အသိပေး နှိုးဆော် ထားကြောင်း သိရှိရသည်။

Credit : Here

၁၁ လကြာမည့် သဲကန္တရ စိုက်ပျိုးရေး သင်တန်းသို့ သင်တန်းသားစေလွှတ်မည်

The Ramat Negev International Center

အစ္စရေးနိုင်ငံ သဲကန္တာရ စိုက်ပျိုးရေး သုတေသနအဖွဲ့ Ramat Negev Desert Agro Research Center စိုက်ပျိုးရေး နည်းပညာကို စိတ်ဝင်စားသော မြန်မာနိုင်ငံသားများအား သင်တန်းသား ခေါ် ယူနေကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ သိရသည်။ သင်တန်း တက်နေစဉ် ကာလအတွင်း အစ္စရေး နိုင်ငံ ဥပဒေအရ လစာ ရရှိမည် ဖြစ်ပြီး သင်တန်းကြေး နှင့် အသွား - အပြန် လေယာဉ်ခ များကို ရရှိသည့် လစာအတွင်းမှ ပြန်လည် ပေးသွင်း သွားရမည် ဖြစ်ကြောင်း သိရသည်။

လျှောက်ထား သူသည် အသက် ၂၁ နှစ်မှ ၂၀ နှစ်အတွင်းရှိ သူဖြစ်ရမည် ဖြစ်ပြီး အမှန်တကယ် စိုက်ပျိုးရေး ပညာကို စိတ်ဝင်စား၍ တိုးတက်အောင် ဆောင်ရွက် လိုသူ ဖြစ်ရမည်။ စိုက်ပျိုးရေး နှင့် ပတ်သက်သည့် ဘွဲ့ရရှိထားသူ များသာမက အခြားဘွဲ့ တစ်ခုခု ရရှိပြီး စိုက်ပျိုးရေး အတွေ့အကြုံ ရှိသူ ၊ စိတ်ဝင်စားသူ များလည်း လျှောက်ထား နိုင်ကြောင်း နှင့် စိစစ် ရွေးချယ် စေလွှတ်မည် ဖြစ်ပြီး သင်တန်း ကာလမှာ ၁၁ လ ကြာမြင့်မည် ဖြစ်သည်။ သင်တန်း ကာလအတွင်း တစ်ပတ်လျှင် တစ်ရက် သီအိုရီ သင်ကြား ရမည် ဖြစ်ပြီး ကျန်ရက်များကို ဒေသတွင်း စိုက်ခင်း များ၌ သွားရောက် လက်တွေ့ လုပ်ကိုင် သင်ယူ ရမည်ဖြစ်ပြီး သင်တန်း ပြီးဆုံးပါက သုတေသန ဌာနမှ အသိအမှတ်ပြု အောင်လက်မှတ် ရရှိမည် ဖြစ်သည်။

စိတ်ပါဝင်စား သူများအနေဖြင့် လျှောက်လွှာ များကို ဧပြီလ ၂၄ ရက်နေ နောက်ဆုံး ထား ပေးပို့ ရမည်ဖြစ်ပြီး အသေးစိတ် အချက်အလက် များ သိရှိလိုပါက မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း ၊ လှိုင်တက္ကသိုလ်နယ်မြေ ၊ ရန်ကုန်မြို့ ၊ ဖုန်း ၀၁- ၅၁၉ ၆၇၃ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

Credit : Here

ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် (၉)ဆင့်တက်လာခဲ့သည့် မြန်မာအသင်း


မတ်လအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များကို ဖီဖာမှ ယနေ့ ထုတ်ပြန်လိုက်ရာ ပြီးခဲ့ သည့် ဖေဖော်ဝါရီလတွင် ရပ်တည်ခဲ့သည့် အဆင့်မှ (၉)ဆင့် တက်လာခဲ့ကြောင်း သိရသည်။ မြန်မာ့ လက်ရွေးစင် အသင်းသည် ဖေဖော်ဝါရီလတွင် ကမ္ဘာ့အဆင့် (၁၆၄)၌ ရပ်တည်ခဲ့ရာမှ မတ်လတွင် ကမ္ဘာ့ အဆင့် (၁၅၅)သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

မတ်လအတွင်းတွင် မြန်မာ့လက်ရွေးစင် အသင်းသည် ပွဲပေါင်း (၃)ပွဲ ကစားခဲ့ပြီး AFC Challenge Cup ခြေစစ်ပွဲများအဖြစ် ကစားခဲ့သည့် အဆိုပါ ပွဲများတွင် မြန်မာ အသင်းသည် (၂)ပွဲနိုင်၊ (၁)ပွဲသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။ မြန်မာအသင်းသည် အဆိုပါ ခြေစစ်ပွဲစဉ်များတွင် ဂူအမ်နှင့် အိန္ဒိယ အသင်းတို့ကို အနိုင်ရခဲ့ပြီး တိုင်ပေကို သရေကျခဲ့ပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့ရာ အဆိုပါ ရလဒ်ကောင်းများကြောင့် ယခုကဲ့သို့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် (၉)ဆင့် တက်လာခဲ့ခြင်း ဖြစ်သည်။ အာဆီယံ ဒေသတွင်း အသင်းများတွင် ထိပ်ဆုံးအသင်း အဖြစ် ဗီယက်နမ် အသင်းပင် ဆက်လက် ဦးဆောင်ခဲ့ပြီး ထိုင်းအသင်းက ဒုတိယ၊ ဖိလစ်ပိုင် အသင်းက တတိယနေရာတွင် ရှိနေကြကာ မြန်မာအသင်းက စတုတ္ထနေရာ သို့ ရောက် လာခဲ့သည်။

အာဆီယံ အသင်းများ၏ မတ်လအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်

၁။ ဗီယက်နမ် (၁၂၉)
၂။ ထိုင်း (၁၃၅)
၃။ ဖိလစ်ပိုင် (၁၄၅)
၎။ မြန်မာ (၁၅၅)
၅။ စင်ကာပူ (၁၆၂)
၆။ မလေးရှား (၁၆၄)
၇။ အင်ဒိုနီးရှား (၁၆၆)
၈။ လာအို (၁၆၈)
၉။ ကမ္ဘောဒီးယား (၁၈၅)
၁၀။ ဘရူနိုင်း (၁၈၆)
၁၁။ တီမော (၁၉၈)

FROM-SOCCER MYANMAR

Credit : Here

ရဲတပ်ဖွဲ့ဝင်များအား ပြန်ပေးဆွဲသွားသော KIA


မူးယစ်ဆေးဝါး တရာခံများကို လိုက်လံဖမ်းဆီးသော မိုးညှင်းမှ ရဲတပ်ဖွဲ့ဝင်များကို KIAမှ အင်းအားသုံး ပြီး မတ်လ၁၂ရက်နေ့ ညနေ၄နာရီတွင် နမ့်မချီမှော်အနီးတွင် ပြန်ပေးဆွဲခဲ့ကြောင်း သိရှိရပါသည်။ မိုးညှင်းမြို့ ရဲစခန်းမှရဲ(၇)ဦးနှင့် မော်ဟန်ရွာရဲကင်းမှ ရဲ(၂)ဦး စုစုပေါင်းရဲတပ်ဖွဲ့ (၉)ဦး ပါဝင်သည့် အဖွဲ့ဟာ မတ်လ၁၂ရက်နေ့က မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေတဲ့တရားခံတွေကို ဖမ်းဆီးဖို့ နမ့်မချီမှော်ကို သွားရောက် ခဲ့ ပြီးအပြန်တွင် တရားခံများဖမ်းဆီးပြီးနောက် အပြန်လမ်းမှာ KIA တပ်ဖွဲ့ဝင် (၆၀)ကျော်က လမ်းမှာဝန်းရံပိတ်ဆို့ပြီး ရဲတပ်ဖွဲ့ဝင်နဲ့မူးယစ်ဆေးဝါး တရားခံများကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါသည်။

KIA အဖွဲ့အနေနဲ့ နိုင်ငံတော်အစိုးရ၀န်ထမ်းများကို အခုလိုမျိုးဖမ်းဆီးခြင်းဟာ တရားဥပဒေကို မလေးမစား လုပ်ခြင်းပဲဖြစ်ပါသည်။ ရဲတပ်ဖွဲ့ဝင်များ အနေနဲ့ နိုင်ငံတော်မှာ တရားဥပဒေ စိုးမိုးရေးကို အဓိကထား လုပ်ဆောင်နေသူများ ဖြစ်သည့်အတွက် တရားဥပဒေစိုးမိုးရေး အကူအညီပေးသင့်ပါလျက် အခုလိုမျိုး လက်နက်ကိုင်အုပ်စုဖွဲ့ဖမ်းဆီးခြင်း ဟာ လွန်စွာအကျည်းတန်တဲ့လုပ်ရပ်လဲဖြစ်ပါကြောင်း၊ ဒီကနေ့ အချိန်အခါဟာ KIAများကို နိုင်ငံတော်မှ တူတူတန်တန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပပြီး ရွှေလက်ကမ်း နေချိန်ဖြစ်သည့်အတွက် ဒီလိုမျိုးအကျည်းတန်သည့် လုပ်ရပ်များမလုပ် သင့်ကြောင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွမ်ဂျာ က ပြောပြခဲ့ပါသည်။

မူးယစ်ဆေးဝါးနဲ့ ဆက်စပ် နေတဲ့ တရားခံများဟာ မိမိတို့ (KIA) ကဆိုရင်လဲ တရားဥပဒေ အရအရေးယူတာ ခံရမှာပါပဲ။ KIA တပ်ဖွဲ့ဝင်များ ပါဝင်နေလို့ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးအနိုင်ကျင့်ပြီး တရားခံတွေကို ခေါ်ထုတ်ထား မယ်ဆိုရင် ဒါဟာ မလုပ်သင့် ကိစ္စဟု မြင်တဲ့အကြောင်း ဦးလမိုင်ဂွမ်ဂျာ က ပြောပြခဲ့ပါသည်။

ကချင်ဒေသခံခေါင်းဆောင်ပိုင်းများ အနေနဲ့ကတော့ ကချင်ပြည်နယ်အတွင်းမှာ ပြဿနာတစ်ခု မဟုတ်တစ်ခု ထပ်မံဖြစ်ပွားလာမှာမျိုးကို မလိုလားကြပါဘူး။ KIA အနေနဲ့ ပါးကိုက်လို့ နားကိုက်ရမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရဲတပ်ဖွဲ့ ၀င်များကို ဖမ်းထားပြီးKIA တပ်ဖွဲ့က ဆက်ကြေးကောက်လို့ ရွာသားများ ၀ိုင်းဖမ်းပြီး ထောင်ဒဏ်(၄)နှစ်ကျခံနေရတဲ့ ဂွန်ထွယ်(ခေါ်)မာတွတ်နဲ့ အလဲအလှယ်လုပ်ဖို့ တောင်းဆိုနေ ပါသည်။

KIA၏ လုပ်ဆောင်ချက်က ဥပဒေမဲ့ဖြစ်နေပြီး သေနတ်ရှိရင် လုပ်ချင်တာလုပ်မည့် သဘောမျိုး ဖြစ်နေပြီး ရဲတပ်ဖွဲ့ဝင်များကို ဓါးစာခံသဘောမျိုး ပြန်ပေးဆွဲသည့် သဘောမျိုးဖြစ်နေပါသည်။ ကချင်ပြည်နယ် အတွင်း မှာ KIA တပ်ဖွဲ့ဝင်တွေ ထင်ရာစိုင်းလုပ်ချင်တာ လုပ်ချင်တာလုပ်မည် အစိုးရဖမ်းဆီး ပိုင်ခွင့်မရှိဘူးဆိုတဲ့ အနေအထားဖြစ်နေပါသည်။ KIA အဖွဲ့၏လုပ်ဆောင်ချက်ကို ဗဟိုမှမသိတာလား?? သိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေတာလားကို မသိရှိနိုင်သော်လည်း ၎င်းလုပ်ဆောင်ချက်ကြောင့် ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်ကြောင်း ဒေသခံများက ပြောဆိုကြပါသည်။

ရဲတပ်ဖွဲ့(၉)ဦးနဲ့ ယာဉ်မောင်းတစ်ဦး ပြန်လည်လွတ်မြောက်ဖို့အတွက် မတ်လ၁၄ရက်နေ့ က မော်ဟန်ရွာ မှ ဓမ္မဆရာဦးဇော်ဂျွန်းခေါင်းဆောင်တဲ့အဖွဲ့ဝင်(၃)ဦးနဲ့ ကျောက်မှော်မှ ဦးယိမ်းဘောင်၊ ဦးထွန်းရွှေ၊ နမ္မချီကျေးမှ ဦးဇော်ဘောက် ခေါင်းဆောင်တဲ့အဖွဲ့ဝင်(၄)ဦးတို့ ပါဝင်တဲ့အဖွဲ့ဟာ ရဲများကို ဖမ်းထားတဲ့KIA အဖွဲ့ကိုသွား ရောက်တွေ့ဆုံခဲ့ကြပါသည်။ KIAက ဗိုလ်မှူးလှဆန်းကတော့ သူတို့KIA ၁ယောက်ကိုပြန် လွှတ်ပေးမှ ရဲ ၉ ယောက်ကို ပြန်လွှတ်ပေးမယ်လို့ပြောပါသည်။ တကယ်လို့ အစိုးရဘက် က သူတို့ KIAတပ်ဖွဲ့ဝင်(တရားခံ)ကို ပြန်လွှတ် မပေးရင် ရဲ ၉ယောက်စလုံးကို သတ်ပစ်မယ်လို့ပြော ဆိုကြောင်း သိရှိရပါသည်။

Credit : Here

အရက်သောက်ခြင်းက စိတ်ဓာတ်ပိုမိုကျဆင်းစေ

အရက်သောက်ရင် စိတ်သောက ဝေဒနာ များ ပျောက်ကင်း သွားတယ်လို့ ယူဆချက်များက မှားယွင်းတယ်လို့ အမေရိကန်မှ ဆေး သိပ္ပံ ပညာ ရှင်များက သက်သေပြလိုက်ပြီ ဖြစ်ပါတယ်။

ယင်းတွေ့ရှိချက်က အရက်နှင့် ဆက်စပ် ယမကာ သောက်သုံးခြင်းက စိတ်ဓာတ် ကျဆင်း မှုကို မပြေလျော့စေတဲ့အပြင် စိတ်ကျရောဂါဖြစ်ဖို့ အကြီး မားဆုံး တွန်းအားတစ်ခု ဖြစ်လာနိုင်ကြောင်း သိရ ပါတယ်။ Depression ဖြေဖျောက်ဖို့ဆိုပြီး လူအများစု အရက်ကို ထွက်ပေါက် တစ်ခု အဖြစ် သတ်မှတ်ပြီး သောက်သုံးပါတယ်။ ယခုတော့ အရက်ဟာ အခြားကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိုပါ ထိခိုက်စေတယ်လို့ သက်သေပြသ ထားလိုက်ခြင်း ဖြစ် ပါတယ်။

ဒါကြောင့် အခြားသော မှန်ကန်တဲ့ စိတ်ထွက်ပေါက်ရှာရန် နည်းလမ်းများကို အသုံးပြုဖို့ တိုက်တွန်း ထားကြောင်း သိရပါတယ်။

-- Ref: medic-facts
ရိုးရာလေး ကျန်းမာရေး

Credit : Here

စီးပွားရှာတဲ့ စစ်တပ်နဲ့ မြေယာသိမ်းယူမှု ပြဿနာ


စစ်တပ်က သိမ်းယူထားတဲ့ မြေယာပမာဏဟာ ဧကနှစ်သိန်းခွဲနီးပါး ရှိတယ်လို့ လွှတ်တော်ရဲ့  လယ်ယာမြေ စုံစမ်းရေးကော်မရှင် အစိရင်ခံစာမှာ မကြာမီက ဖော်ပြထားကြောင်း သိရပါတယ်။ ဒီပြဿနာကို တိုင်းရင်းသားအဖွဲ့တွေက တင်ပြနေတာ ကြာလှပါပြီ။ ၁၉၈၈ စစ်အစိုးရတက်လာပြီးနောက် စစ်အင်အား တိုးချဲ့ တာနဲ့ မြေယာသိမ်းယူမှုဟာ ဆက်စပ်နေပါတယ်။ တိုးချဲ့ ဖွဲ့စည်းထားတဲ့ တပ်ကိုကျွေးမွေးနိုင်တဲ့ စီးပွားရေးအင်အားမရှိတဲ့အတွက် ကိုယ်ထူကိုယ်ထ ရပ်တည်ကြဖို့ စစ်အစိုးရက ညွှန်ကြားပါတယ်။ အဲဒီနောက် အစိုးရတပ်ရင်းတွေက ရိက္ခာလုယူတာနဲ့ မြေယာသိမ်းပိုက်တဲ့သတင်းတွေ မကြာခဏ ပေါ် ထွက်လာပါတယ်။

တိုးလာတဲ့တပ်ရင်းတွေရဲ့  စစ်စခန်း၊ စစ်တန်းလျားနဲ့ အခြားစစ်မှုရေးရာ အဆောက်အအုံတွေအတွက် လယ်ယာမြေကို သိမ်းပိုက်ပြီး လူနေအိမ်ခြေတွေကို ဖယ်ရှားလေ့ရှိပါတယ်။ လျော်ကြေးမပေးတဲ့ အပြင် ဒေသခံအရပ်သားတွေကို တပ်စခန်းသစ်မှာ အတင်းအဓမ္မခိုင်းစေပါတယ်။ လယ်ယာမြေကို စစ်တပ်ကသိမ်းယူပြီး လယ်သမားကို ပြန်ဌာစားတာမျိုးဟာ နေရာတိုင်းလိုလိုမှာ ရှိပါတယ်။ စစ်တပ်နဲ့ လယ်သမားပူးတွဲလုပ်ကိုင်ပြီး လယ်ယာထွက်ကုန်ပစ္စည်းကို တဝက်စီ ခွဲယူတာမျိုးလည်း ရှိပါတယ်။

ဥပမာ ရခိုင်ပြည်နယ်မှာ ၁၉၈၈ မတိုင်မီက အစိုးရတပ်ရင်း (၃) ခုသာ ရှိပါတယ်။ ၁၉၉၉ နောက်ပိုင်း စစ်အင်အားတိုးချဲ့ လိုက်တဲ့အခါ တပ်ရင်း (၄၀) ကျော် ရှိလာပါတယ်။ အနောက်တိုင်း စစ်ဌာနချုပ်ဟာ အမ်းမြို့ မှာ ရုံးဖွင့်ပြီး ဝင်ငွေကောင်းတဲ့ စီးပွားရေးလုပ်ငန်းတွေကို ချုပ်ကိုင်ပါတယ်။ လျှော်ကြေးမပေးဘဲ ခြံမြေနဲ့ လယ်ယာမြေ အများအပြားကို စစ်တပ်က သိမ်းယူပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လွှတ်တော်လယ်ယာမြေ စုံစမ်းရေးကော်မတီက လွန်ခဲ့တဲ့ ဒီဇင်ဘာလက စစ်ဆေးတဲ့အခါမှာ ကျောက်ဖြူ-သံတွဲ-ဂွ စတဲ့မြို့ နယ်တွေမှာ စစ်တပ်က သိမ်းတဲ့မြေယာကို မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် (သို့မဟုတ်) ဗိုလ်ချုပ်ဟောင်းတွေရဲ့  သားသမီးအမည်နဲ့ လွဲပြောင်းထားတာတွေ့ရတယ်လို့ ကြားသိရပါတယ်။ ရခိုင်ပြည်မှာ တာဝန်ကျတဲ့ တိုင်းမှူးတွေရဲ့  သားသမီးတွေဟာ မြေယာပိုင်ရှင် ဖြစ်ကုန်ကြပါတယ်။

ရခိုင်၊ မွန်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အစိုးရတပ်က မြေယာတွေ သိမ်းပိုက်ပြီး စိးပွားရေးလုပ်ပုံကို ရခိုင်၊ မွန် နဲ့ ပအို့လူငယ်အဖွဲ့တွေက စုံစမ်းလေ့လာပြီး ၂၀၀၉ မှာ အစီရင်ခံစာ ထုတ်ဝေဖူးပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားတဲ့နေရာမှာ ဒေသခံလူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဆက်အသွယ် မလုပ်နိုင်အောင် ကျေးရွာတွေကို အတင်းအဓမ္မ ရွှေ့ ပြောင်းပစ်တဲ့အတွက် လယ်သမားမရှိတဲ့ လယ်မြေတွေ များပြားလာပါတယ်။ လက်နက်ကိုင်ပဋိပက္ခ မရှိပေမယ့် မြေယာသိမ်းပိုက်မှု၊ အဓမ္မစေခိုင်းမှုနဲ့ ဆက်ကြေးကောက်ယူတဲ့ ဒဏ်ကိုမခံနိုင်လို့ နေရပ်ကိုစွန့်ခွါရတဲ့ လယ်သမားတွေအကြောင်း ကုလသမဂ္ဂနဲ့ အတိုက်အခံ အဖွဲ့အစည်းတွေက မှတ်တမ်းတင်ထားပါတယ်။ ပြည်တွင်းမှာ ဖိနှိပ်ညဉ်းပမ်းတဲ့ဒဏ်ကို မခံနိုင်တော့လို့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခိုလှုံကြောင်း အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။

အပစ်အခတ်ရပ်စဲတာကို အခွင့်ကောင်းယူပြီး အစိုးရစစ်တပ်က မြေယာသိမ်းပိုက်လေ့ ရှိပါတယ်။ ဥပမာ မွန်ပြည်နယ်မှာ အစိုးရတပ်ရင်း တိုးပွားလာတာနဲ့အတူ မြေယာသိမ်းပိုက်မှုလည်း များပြားလာပါ တယ်။ မြေယာသိမ်းပြီးတာနဲ့ စစ်တပ်ကို မှီခိုတဲ့ မိသားစုတွေ ရောက်လာပါတယ်။ လူဦးရေ (၂) သန်းကျော်သာရှိတဲ့ မွန်ပြည်နယ်မှာ ဗမာဦးရေများလာအောင် စစ်တပ်က စီစဉ်တာကို မယုံသင်္ကာ ဖြစ်နေ ကြပါတယ်။ ရေးမြို့ နယ်မှာ ၁၉၉၅ က စစ်ဆေးရေးဂိတ် (၂) ခုသာ ရှိပါတယ်။ နောက်တော့ တပ်ရင်းတွေ တိုးလာပြီး မြေယာသိမ်းယူမှုများလာတဲ့အခါ ဂိတ် (၄) ခုဖွင့်ပြီး ဆက်ကြေးကောက်ပါတယ်။ နယ်မြေ စီးပွားရေး တိုးတက်လာတာ မဟုတ်ဘဲ တရားမဝင်တဲ့ ဆက်ကြေးကောက်ခံမှု တိုးပွားလာတာဟာ ဒေသရဲ့  စီးပွားရေးကို ဆုတ်ယုတ်စေပါတယ်။ မြေယာသိမ်းပိုက်မှု၊ အဓမ္မခိုင်းစေမှုနဲ့ အဓမ္မရွှေ့ ပြောင်းခိုင်းမှုဟာ ဆက်စပ်နေပါတယ်။ ရွှေ့ ပြောင်းလို့ လစ်လပ်သွားတဲ့နေရာကို စစ်တပ်နဲ့ အပေါင်းပါတွေ ဝင်ရောက်လာပါတယ်။

ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း စတဲ့ နေရာတွေမှာ ကပစ (ခေါ်) ကာကွယ်ရေးပစ္စည်း စက်ရုံ တည်ဆောက်တဲ့အခါမှာလည်း မြေယာသိမ်းယူမှုတွေ ဖြစ်ပွားပါတယ်။ ဥပမာ မကွေးတိုင်း ဆင်ပေါင်ဝဲမှာ ကပစ တည်ဆောက်စဉ်က ကျေးရွာ (၁၃) ရွာက မြေယာဧက တစ်သောင်းကျော် သိမ်းယူပြီး သီးနှံကို ဆက်ကြေးအဖြစ်ပေးဖို့ ကပစ က တောင်းဆိုကြောင်း သိရပါတယ်။ ပျဉ်းမနားမှာ နေပြည်တော် တည်ဆောက်တုန်းကလည်း လယ်မြေဧကအများအပြား သိမ်းယူတဲ့အပြင် ကျေးရွာပေါင်းထောင်ချီပြီး ရွှေ့ ပြောင်းပေးရပါတယ်။ နေပြည်တော်အတွက် နေရာဖယ်ပေးရတာဟာ မန္တလေးတိုင်းမှာ အကြီးဆုံး အဓမ္မရွှေ့ ပြောင်းမှု ဖြစ်ပါတယ်။

ကားလမ်း၊ ရထားလမ်း၊ စက်မှုဇုံ၊ စက်ရုံ၊ အလုပ်ရုံ၊ ရေကာတာ၊ သယံဇာတ တူးဖော်ရေး စတာတွေအတွက် လယ်ယာမြေကို သိမ်းယူကြတာကြောင့် လယ်သမားတွေနေရပ်ကို စွန့်ခွာကြရတာ အနှစ် (၂၀) ရှိနေပါပြီ။ အခုအထိ ရွှေ့ ပြောင်းနေရဆဲပါ။ မြေယာသိမ်းပိုက်မှုကြောင့် ကရင်နဲ့ မွန်ပြည်နယ်၊ ပဲခူးနဲ့ တနင်္သာရီ တိုင်းမှာ ဒေသခံတွေ ရွှေ့ ပြောင်းပေးရပုံကို ကရင်လူ့အခွင့်အရေးအဖွဲ့က ၂၀၁၁ နဲ့ ၂၀၁၂ မှာ စစ်တမ်းကောက်ယူပြီး မကြာမီက ထုတ်ပြန်ထားပါတယ်။ အပစ်အခတ်ရပ်စဲတဲ့ဒေသ မှာ မြေယာသိမ်း ယူနေတဲ့အတွက် ဒေသခံတွေက ရောက်ရပုံကို မီးမောင်းထိုးပြထားပါတယ်။

Credit : Here

လက်ပံတောင်းတောင် ဒေသခံတွေကို လျော်ကြေးငွေပေးဖို့ ပြင်ဆင်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် နစ်နာခဲ့တဲ့ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက လယ်ယာမြေဆုံးရှုံးခဲ့တဲ့ ပြည်သူတွေအတွက် ငွေကျပ်သိန်းပေါင်း ၄၆၄၀၀ ကျော်ကို တရုတ်ဝမ်ပေါင် ကုမ္ပဏီကပေးလျော်သွားမယ်လို့ သိရပါတယ်။

အဲ့ဒီလျော်ကြေးတွေကို မတ်လ ၁၅ ရက် ဒီကနေ့စတင်ပြီး ပေးလျော်ဖို့ ရှိတယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာကို အကောင်အထည်ဖော်မယ့် လုပ်ငန်းကော်မတီရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးတင်မြင့်က RFA ကို ဒီမနက်ပိုင်းက အတည်ပြု ပြောကြားပါတယ်။

“ကျနော်တို့ အကြမ်းဖျင်းတွက်တာကတော့ ကျပ်သိန်းပေါင်း ၄၆၅၁၈ ပေါ့၊ အဓိကကတော့ ဝမ်ပေါင် ကုမ္ပဏီက ပေးရမှာပေါ့၊ ဝမ်ပေါင်ကုမ္ပဏီရဲ့ အကျိုးအမြတ်ထဲကနေပြီးတော့ လယ်သမားတွေ နစ်နာတဲ့ မြေယာလျော်ကြေး၊ အဲ့ဒီထဲကမှ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ ပြန် လုပ်ပေး ဖို့၊ မြေ ကြီးတွေ ပြန်ဖို့ပေးဖို့ကအစ နောက်သစ်ပင်တွေ ပြန်စိုက်ပေးဖို့၊ သောက်သုံးရေတွေ ရရှိရေးကိစ၊္စ နောက် လယ်သမား ယာသမားတွေရွှေ့ပြောင်းတဲ့အခါမှာ အဲ့ဒီသူတို့ပြောင်းရွှေ့တဲ့ အိမ်တွေကို အဆင့်မီပြန် လုပ်ပေးဖို့ သူတို့အတွက်လမ်းတွေဖောက်ပေးဖို့ သောက်သုံးရေ ရရှိဖို့ အဲဒါတွေ အကုန်ပြန်လုပ်ပေး ဖို့ကတော့ ဝမ်ပေါင်ကုမ္ပဏီက လုပ်ပေးမှာပါ”

ဒီလျော်ကြေးငွေတွေ ပြန်ပေးမယ့်ကိစ္စကို စီစဉ်ဆောင်ရွက်ဖို့ သမ္မတရုံး ဝန်ကြီး ဦးလှထွန်းနဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးတို့ ခေါင်းဆောင်တဲ့ လက်ပံတောင်းတောင် လုပ်ငန်းကော်မတီဟာ ဒီကနေ့နေ့လယ် ပိုင်းမှာ ဆားလင်းကြီးမြို့နယ်အတွင်းက လယ်သိမ်းခံပြည်သူတွေနဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။

သိမ်းယူထားတဲ့ လယ်မြေဧက ၆၇၈၄ဧက လက်ရှိ ကာလပေါက်ဈေး အတိုင်း ပေးလျော်သွားဖို့ စီစဉ် ထားပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို နားမလည်သေးတဲ့ လက်ပံတောင်းဒေသ ခံတွေအတွက် အစီရင်ခံစာ အနှစ်ချုပ်ကိုလည်း မကြာမီဖြန့်ဝေသွားဖို့ရှိတယ်လို့ သိရပါတယ်။

လက်ပံတောင်းဒေသခံတွေအတွက် စိုက်ပျိုးမြေဧက ၁၉၀၀ ကျော်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးဦးပိုင်နဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ညှိနှိုင်းပြီး ပြန်လည်ဖော်ထုတ်ပေးဖို့လည်း ရှိကြောင်း သိရပါ တယ်။

RFA Burmese

Credit : Here

တိုနီဘလဲရဲ့ နေပြည်တော် ခရီး

ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်း The Rt . Hon. Anthony Blair ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး ယမန်နေ့ မတ်လ ၁၅ ရက်နေ့ကတော့ ဒု သမ္မတ ဦးဥာဏ်ထွန်း နဲ့ သမ္မတ အိမ်တော်မှာတွေ့ဆုံခဲ့ကြပါတယ်။

တိုနီဘလဲနဲ့ ဒုသမ္မတ ဦးဥာဏ်ထွန်၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

ဗြိတိန်အနေနဲ့ ၂၀၁၂-၂၀၁၅ ခုနှစ်အတွင်း အဓိက ကျတဲ့ စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာပြုပြင်ပြောင်းလဲ မှုတွေ အတွက် အထောက်အကူပြုစေရေးနဲ့ အုပ်ချုပ်မှုနဲ့ ပြည်သူ့ စီမံခန့်ခွဲရေး ပိုမိုခိုင်မာလာဖို့ ရေရှည် အစီအစဉ်တရပ် အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်ရေးအတွက် တိုနီဘလဲနဲ့ ဦးဥာဏ်ထွန်းတို့ က ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံး ၀က်ဆိုက်က ဆိုပါတယ်။



ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာက ထင်ရှားသူတွေ အသီးသီး လာရောက် နေကြရာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ဖြေလျှော့၊ ပလပ်လာပြီးနောက် ပိုင်း ဈေးကွက် သဘောအရ အသစ်စက်စက်လိုဖြစ်နေတဲ့ မြန်မာ့ဈေးကွက်အတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်နိုင်ရေး အခင်းအကျင်းတွေ အဆင်သင့်ဖြစ်စေဖို့ အဓိက လိုလားနေကြတာလို့ သုံးသပ်သူတွေက ဆိုပါတယ်။


တိုနီဘလဲအနေနဲ့ သူ့ရဲ့ နေပြည်တော် ခရီးမှာ ဘာတွေ အောင်မြင်ခဲ့လဲ၊ ဗြိတိန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အတွက် အခြေအနေ အခင်းအကျင်းကောင်းတွေ ဘယ်လိုရှိတယ်ဆိုတာ သိခွင့်ရသွားမယ်ထင်ပါတယ်။

Credit : Here

NLD ညီလာခံ နဲ့ Dateline Irrawaddy

NLD ရဲ့ ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံနဲ့ ပတ်သက်ပြီး ဧရာဝတီ ၀ိုင်းတော်သားတွေက ဆွေးနွေး ထားပါတယ်။



Credit : Here

မိဘတွေပါ ရင်ခုန်ကြတဲ့ ဆယ်တန်းစာမေးပွဲ


မြန်မာပြည်တ၀န်း ဆယ်တန်းစာမေးပွဲ ဖြေဆိုနေကြတာ (၃) ရက်ရှိပါပြီ၊ စာမေးပွဲဖြေဆိုဖို့ သတ်မှတ် ထားတဲ့ ကျောင်းတွေရှေ့မှာ ကိုယ့်သားသမီး၊ ဆွေမျိုးတွေ၊ တပည့်တွေ ကို စောင့်ကြိုနေ ကြသူတွေနဲ့ ပြည့်နေပါတယ်။

ဖြေဆိုချိန်ပြီးတာနဲ့ ကျောင်းရှေ့မှာ လူတွေ စုရုံး ရောက်ရှိနေပါတယ်။ ကိုယ်ပိုင်ကားတွေနဲ့ လာရောက် စောင့်ဆိုင်းတာကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်နေတာမျိုးလည်း တွေ့ရမှာပါ။

မြန်မာပြည်ရဲ့ပညာရေးစနစ်မှာ ဆယ်တန်းစာမေးပွဲဟာ အင်မတန် အရေးကြီးပါတယ်။ လူငယ် တစ်ယောက်ရဲ့ အနာဂတ်ကို အရေးပါတဲ့ စာမေးပွဲ ဖြစ်တာကြောင့် မိဘအုပ်ထိန်းသူတွေကပါ ရင်ခုန်ကြရ ပါတယ်။

ဆယ်တန်းစာမေးပွဲမှာ အမှတ်ကောင်းမှ တက္ကသိုလ်တက်ချိန် ကိုယ်နှစ်သက်တဲ့ဘာသာရပ်ကို ဆက်လက် သင်ယူနိုင်မှာ ဖြစ်တဲ့အတွက် တချို့က ပူပန်နေကြတာပါ။

တချို့ကတော့ မဖြေနိုင်လို့ စာမေးပွဲကျပြီး ဆယ်တန်းမှာနောက်တနှစ် ပြန်ထိုင်ရမယ့်အဖြစ်ကို ပူပန်ကြ တာပါ။



စာမေးပွဲ ပြီးဆုံးမယ့်နေ့ကတော့ ရှေ့တပတ် သောကြာနေ့ ပါပဲ။

အခုပုံတွေကတော့ ဆယ်တန်း စာမေးပွဲဖြေဆိုချိန်မှာ တွေ့ရတဲ့ ရန်ကုန်မြို့နယ်အတွင်းက ကျောင်း တချို့ဖြစ်ပါတယ်။







Credit : Here

နိုင်ငံခြားမှာ လမ်းလျှောက်သွားလာနေတဲ့ သမ္မတကြီး ဦးသိန်းစိန်


သမ္မတကြီးဟာ Fonterra လုပ်ငန်းရုံးချုပ်မှာ တွေ့ ဆုံပြီးတော့ University of Auckland ကို သွားရောက်ေ လ့ လာပါတယ်။ တက္ကသိုလ်က Fonterra လုပ်ငန်းရုံးချုပ်ကနေ တစ်ဘလောက် ပဲ ဝေးတဲ့အတွက် သမ္မတ ကြီးက လမ်းလျှောက်ပဲ သွားလိုက်ပါတယ်။သူတို့ လုံခြုံရေးတွေတော့ အလုပ် များတာပေါ့ လမ်းဆုံရောက်ေ တာ့ မီးပွိုင့် စိမ်းနေတဲ့အတွက် အများနည်းတူပဲ ရပ်စောင့်ပြီးမှ ဖြတ်ကူးသွားခဲ့ပါတယ်။

University of Auckland နဲ့ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မော်လမြိုင် တက္ကသိုလ်တို့ ကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါတယ်။

Ye Htut(ပြန်ကြားရေးဒုဝန်ကြီး)

Credit : Here

တုံရွာသပိတ်စခန်း ဖယ်ရှားရန် အကြောင်းကြား

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့ လက် ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး တုံရွာသပိတ်စခန်း တည်ထားတဲ့နေရာဟာ လမ်းဧ ရိယာမှာ ပါနေတဲ့အတွက် ဖယ်ရှားပေးဖို့ ဆောက် လုပ်ရေးဝန်ကြီး ဌာနလက် အောက် လမ်းတံတားဌာန တာဝန်ရှိသူတွေ ဒီမနက် ၈ နာရီကျော် လောက်မှာ သပိတ်စခန်းက တာဝန်ရှိသူတွေကို အသိပေးပြော ဆို သွားပါတယ်။

နယ်မြေခံ ဒီဗွီဘီသတင်းထောက် မတင်မာဆွေက “ဒီနေ့တော့ ဒီသပိတ်စခန်း ကို စည်ပင်သာယာ လာပြီးဖျက်ခိုင်းနေတယ်။ သူတို့နာမည်ကို ချိတ်ဆွဲထား ခြင်းမရှိသလို သူတို့ကို အင်တာဗျူးတော့လည်း အဗျူး မခံဘူး။ အထက်က အမိန့်အရ ကျနော်တို့က လုပ်ရတာပါ အဲလိုချည်းပြောတာ။ သူ တို့ကို ဗွီဒီယို ရိုက်မယ်ဆိုတော့လည်း အရိုက်မခံဘူး” လို့ ပြောပါတယ်။

လာရောက်ဖယ်ခိုင်းချိန်က သပိတ်စခန်းမှာ လူ ၄၀ ကျော်ခန့်သာရှိပြီး လာရောက်တဲ့အဖွဲ့က ၅ ယောက် ပါဝင်ပြီး ပြန်သွားတယ်လို့ ဆိုပါတယ်။

တုံရွာဒေသခံ မခိုင်က “ကျမတို့ကတော့ ကြေးနီတောင် စီမံကိန်း လုံးဝဖျက်သိမ်းပေးဖို့ အတွက် ငြိမ်းငြိမ်း ချမ်းချမ်းဆန္ဒထုတ်ဖော်နေတာပါ။ အဲ့ဒီအတွက် သပိတ်စခန်းကို မဖယ်ရှားပေးနိုင်ပါဘူး” လို့ ပြောပါတယ်။

အဲဒီတုံရွာသပိတ်စခန်းဟာ မနှစ် နိုဝင်ဘာလကုန်ပိုင်းက သပိတ်စခန်းတွေကို ရဲက ဖြိုခွင်းပြီး ရက်ပိုင်း အတွင်း ပြန်လည်တည်ခဲ့တဲ့ သပိတ်စ ခန်း ဖြစ်ပါတယ်။

မနေ့က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် လာတဲ့ခရီးစဉ်နဲ့အပြိုင် သူတို့ သပိတ်စခန်းက ရာနဲ့ချီတဲ့ရွာသားတွေက ဒီစီမံကိန်း လုံးဝဖျက်သိမ်းဖို့ ၉ မိုင်လောက်အကွာက ၀မ်ပေါင်ရုံးထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်က တုံရွာကို လာရောက်ပြီး အစီရင်ခံစာပါ အချက်တွေကို ရှင်းပြခဲ့ပါတယ်။ ဒေသခံတွေအနေနဲ့ ဆန္ဒပြ မယ်ဆိုရင် ပြနိုင်ကြောင်းနဲ့ ဆန္ဒပြဖို့ ခွင့်တောင်းဖို့ ပြောဆိုခဲ့ သလို အာဏာပိုင်တွေကလည်း ဆန္ဒပြခွင့်တောင်းရင် ပေးမယ်လို့ သူ့ကို ကတိပြု ထားကြောင်း ရှင်းပြခဲ့ ပါတယ်။

Credit : Here

လက်ပံတောင်းရှင်းတမ်း (၁)


ဒေါ်စု မှားတယ်
**********

ဒေါ်စုမှားတယ်.....ဆင်ထားတဲ့ ထောင်ချောက်ထဲ တိုးဝင်သွားတာကိုက မှားတယ်...ရီပို့ထွက် မလာခင်က တည်း က လက်ပံတောင်း ညီလာခံတွေ လုပ်ပြီး အရှိန်တင်ထားတာ....ဘာလာလာ ချမှာပဲ..ဘာ လာလာ ပြမှာ ပဲ....... ထုနဲ့တည်ထားတဲ့ တပ်ကို ဒေါ်စုက သွားပြီး ထိပ်တိုက် တိုးတာ..

အခုနောက်ဆုံး ကြားရတာက နေပြည်တော်က ဒေါ်စုကို မသွားစေချင်ဘူး....ဒေါ်စုက ရှင်းပြဖို့ တာဝန် သူ့မှာ ရှိတယ်လို့ ခံယူတယ်.. ဒေါ်စုကို ဘယ်သူ တားလို့ ရမှာတဲ့လဲ...ဘယ်သူမှ တားမရဘူး....ဒီတော့ လုံခြုံရေးကို ယူနီဖောင်းဝတ်ရော...ယူနီဖောင်း မ၀တ်တာရော ......ရောပြီး ထည့်ပေးရတယ် လို့ ....ပြောတယ်....ထားတော့...

အမှန်ဆိုရင် ဒေါ်စုဟာ ရီပို့ထွက်ထွက်ချင်း သတင်းစာရှင်းလင်းပွဲလုပ်....မီဒီယာတွေက ပြန်ပြီး ရေးကြ သားကြ...ပညာရှင်တွေ ဝေဖန်ကြ....အဲဒါတွေ ဂျာနယ်တွေထဲရောက်.....ဒေါ်စုမှန်တယ် ဆိုတဲ့ ရေးသားဝေ ဖန် ချက်တွေ....ထွက်လာပြီးမှ...

အဲဒါတွေ ပါတဲ့ ဂျာနယ်တွေကို ဖတ်ပြီးလောက်တဲ့အချိန်မှ .....ပြည်သူတွေက ဒီအပေါ်မှာ ထောက်ခံတာ ကန့်ကွက်တာ အချင်းချင်း ပြောဆိုနေကြတာတွေ.....ထွက်လာပြီးမှ.....ကိုယ်တိုင်ကိုယ်ကျ သွားပြီး ရှင်းသင့်တယ်....။

အခုပဲ ကြည့် ...ဟန်ဝင်းအောင်လို အပျှော်တမ်း UG တစ်ကောင် လှုပ်ရှားထားတဲ့ ခွင်ထဲမှာ ထောင်ချောက် မိသွားရတယ်.... ဟန်ဝင်းအောင်ရဲ့ အသံဖိုင်တွေလဲ တက်လာနေပြီ ဆိုတော့...ကြွေးကြော် သံတွေ..ဆိုင်းဘုတ်တွေ...ဒေါ်စု လာရင် ဘာလုပ်ဆိုတဲ့ ညွှန်ကြားချက်တွေ သိပြီးကြပြီမို့....အကျယ် မပြောလို.....

သတင်းစာ မရောက်ဘူး ဘာ ညာ လျှောက်ပြောနေတာ...အဲဒီ လူတွေကို ဖတ်ခိုင်းကြည့် (နှိမ်တာတော့မဟုတ်) အကြိမ် ၁၀၀ ဖတ်ခိုင်းလဲ နားလည်မှာ မဟုတ်ဘူး...

ပြီးတော့ မှိုင်းသွင်းထားတဲ့ တောင်ကာကွယ်ရေး....တောင်ကြီး လိုချင်တယ် ဆိုတဲ့ဟာ....တောင်ရရင် ဘာလုပ်မှာလဲ ဆိုတော့....ဒီတောင်ကြီး ရှိမှ အသက်ရှင်မှာ ဆိုပဲ.....ဒါက ဘယ်သူတွေရဲ့ တိုက်မှိုင်းလဲ ဆိုရင် မုံရွာစာပေသမား အုပ်စု ဦးအံ့မောင် ခေါင်းဆောင်တဲ့ လက်ဝဲဆန်ဆန် စာပေ သမားတွေ...တောင်ကြည့်ပွဲတွေ လုပ်ခဲ့တဲ့ အကျိုးဆက်......

ဒီလူတွေ စိတ်ထဲမှာ တောင်ကြီး ရှိမှ ဖြစ်မယ် ဆိုတဲ့ အိုင်ဒီယာ ၀င်သွားခဲ့တာပါ ပဲ.......ဒီလို လူတွေ ကို နိုင်ငံတကာဆက်ဆံရေးတွေ၊ နိုင်ငံတကာကတိက၀တ်တွေ၊ ရင်းနှီးမြုပ်နှံမှုတွေ၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးတွေ သွားပြီး ပြောလဲ တွေ့တဲ့အတိုင်း အာသာ ပေါက် သွားတယ်.....တစ်ခွန်းမခံ တုံ့ပြန်တာပဲ ကြုံခဲ့ရတာ...

ပြီး၇င် ဒေါ်စုက မင်းတို့ဘက်မှာ မရှိတော့ဘူး..မင်းတို့ထက် အာဏာပိုင်တွေဘက် ပါသွားပြီ..သူက သမ္မတ ဖြစ်ချင်နေတာ...ဘာညာဆိုပြီး သွေးထိုးထားတာတွေနဲ့ ကွက်တိ ဖြစ်သွားတာ....

အစကို ပြန်ကြည့်
*************

လက်ပံတောင်းကိစ္စ စဖြစ်ခဲ့တဲ့အချိန်ကို ပြန်သွားကြည့်ကြရအောင်....အဲဒီတုန်းက မီဒီယာကို အသုံးချ၇ မယ် ဆိုတာ သိတယ်..... ပထမ တောင်း ဆိုထားတာတွေ ပြန်ကြည့်....သီးနှံလျော်ကြေးပဲ ရတယ်.. .မြေယာလျော်ကြေး ဘာမှ မရလို့ ဆိုတဲ့ သွဲ့သွဲ့ဝင်းနဲ့ အေးနက်......

အဲဒီတုန်းက အနောက်တံခါးအရေးတော်ပုံကြီးက ဟီးထနေတော့ လက်ပံတောင်းက တိုးလို့မရဘူး... ဒီကာလမှာ မီဒီယာတွေကလဲ သိပ်ပြီး ဟိုက်လိုက် မလုပ်ခဲ့ဘူး......ဒီတော့ တစ်မျိုး ထွင်လာတယ်.....

ပထမ....ကွန်ရက်ကကောင်တွေနဲ့ ပေါင်းပြီး ငိုပြတယ်..အဲဒါကို မီဒီယာတွေထဲ ထည့်တယ်......ပြီးတော့ ရီနေကြတယ်...ဒါကို စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝေလွင်ရဲ့ လွှတ်တော်တွင်း ရှင်းလင်းချက်မှာ တွေ့ခဲ့ ရတယ်....

ဒုတိယ....သေသူဝိဥာဉ်တွေ အသက်ဝင်လာတဲ့ ပြကွက်......လူသေအလောင်းပုံတွေ လုပ်....ဓါတ်ပုံတွေ ရိုက်....မီဒီယာတွေ ကို ပို့.....လက်ပံတောင်းကို လူတွေ အာရုံစိုက်လာအောင် လုပ်ခဲ့ကြ တာတွေ....ဒီ တုန်းက ဘင်္ဂါလိမ်နဲ့ အကျပ်တွေ့နေလေတော့ လက်ပံတောင်းဆိုတာ သေးသေးလေးပဲ.....

နောက် ဘယ်မှာ အရှိန်မြှင့်လာသလဲ ပြန်စဉ်းစားကြည့် ...အိုဘားမားရဲ့ မြန်မာ ခရီးစဉ်နဲ့ ရှေ့ဆင့်နောက် ဆင့်......ဒီမှာပဲ မီဒီယာတွေက တရုတ်ဆန့်ကျင်ရေး ရှေ့တန်း တင်ပြီး ရေး လိုက်ကြ သားလိုက်ကြနဲ့ လက်ပံတောင်း က ရှေ့ဆုံးရောက်လာတယ်....hot item ဖြစ်လာတယ်.....

ဒီမှာပဲ ပလက်ဖောင်းမင်းသားတွေ အကုန်ရောက်လာကြ တယ်.....၈ပူးတွေ ရောက် လာတယ်....ဗက သတွေ ရောက်လာတယ်.....ဟန်ဝင်းအောင်တို့ ကွန်ရက်တွေ ၀င်လာပြီ....နောက် အရှိန်မြှင့်လာတော့ ဘုန်းကြီးတွေ ပါလာတယ်.....မန္တလေးက ကိုယ်တော်တွေ အားဖြည့်လာကြတယ်..... ယုတ်စွ အဆုံး နေမျိုးဇင်လို ဆန္ဒပြ ရှာဖွေ ဖျာခင်းရေးကောင်တွေ ပါလာတယ်...အဲဒါတွေက ပုဒ်မ ၁၄၄ ထုတ်တဲ့ အထိ ဖြစ်လာစေခဲ့တယ်...

ပလက်ဖောင်း ရှာချင်တဲ့သူတွေက.....ဘယ်နေရာ စကားများနေပြီလဲ...ဘယ်နေရာမှာ ပြည်သူနဲ့ အစိုးရ မျက်လုံးချင်း ဆိုင်နေပြီလဲ ဆိုတာကိုပဲ အမြီးတနှံ့နှံ့နဲ့ ရှာနေကြတာ.....တရုတ်ပရောဂျက်---အမေရိကန်သြဇာ အများကြီး ပါဝင်ပတ်သက်နေတယ်......

ပေါ်လစီမိတ်ကာ
*************

နောက်တစ်ချက်က ... NLD ရဲ့ ပေါ်လစီမိတ်ကာက ဘယ်သူလဲ ဆိုတာပဲ.....အခု ဖြစ်နေတာက ..... NLD ရဲ့ ပေါ်လစီတွေကို ဘယ်သူက ချနေတာလဲ ဆိုတဲ့ အချက်ပဲ........... အခုနောက်ဆုံး လက်ပံတောင်း ကိစ္စမှာကြည့် ဦးဝင်းတင်က ဒေါ်စုနဲ့ ဆန့်ကျင်ဘက်တွေချည်း ပြောနေတယ်......

ဒီနေရာမှာ စဉ်းစားစရာ ရှိတာက ပါတီညီလာခံအကွဲအပြဲနဲ့ ဦးဝင်းတင်ရဲ့ ရပ်တည်ချက်....အဲဒီက ရိုက်ခတ်မှုက ဆန္ဒပြကြ ဆိုတဲ့ ဘက်ကို ဆွဲခေါ်သွားခဲ့တာလား..... ဒေါ်စုကို ထိပ်တိုက်တိုးတဲ့အချိန်မှာပဲ ဦးဝင်းတင် ပါးစပ်က ထွက်လာတဲ့ ဟာတွေက အကုန်လုံး ဒေါ်စုပြောတာတွေနဲ့ ဆန့်ကျင်ဘက်တွေ...

ပြီးတော့ အွန်လိုင်းမှာ NLD ကိုယ်စား ၀ါဒဖြန့်နေတဲ့ မေဇင်အေးတို့အုပ်စုရဲ့ ခွန်ဒီးယမ်-ဒီမိုဖက်တီး အကောင့်တွေက ဖော်ပြတာတွေ....အကုန်လုံးဟာ ဆက်စပ်နေတယ်.....ဘာဖြစ်လို့ မေဇင်အေးကို ဆွဲထည့်ရသလဲ.....ဟန်ဝင်းအောင် ဖွဘုတ်ကို လူမသိဘူး.....မေဇင်အေးဖွဘုတ်က ဖွတဲ့ဟာသည် ဒေါ်စုရဲ့ သဘောထားပဲ လို့ကို သတ်မှတ်ထားတာတွေ ရှိတယ်.....တချို့ကဆိုရင် ဒေါ်စုကပဲ တစ်ဖက်လှည့်နဲ့ ဆန္ဒပြခိုင်းသလိုလို ထင်နေကြတယ်....

နောက်ဆုံး တပ်နဲ့ ပတ်သက်လို့ ဘင်္ဂလားပင်လယ်အော်ထဲ ကန်ချချင်တဲ့ ဦးဝင်းတင် ရဲ့ ပြောကြားချက်တွေက ဒေါ်စု လျှောက်နေတဲ့ လမ်းကို ဖျက်နေတာပဲ...ဒါက ရှင်းရှင်းလေး.......ဒေါ်စုနဲ့ ဦးဝင်းတင် သဘောထားကွဲလွဲတာ ကြီးကြီးမားမား ရှိနေပြီ....ဒါပေမယ့် ဒေါ်စု လူယုံတွေကပါ ဦးဝင်းတင် ဒိုင်တွေကို ပြန်ဖြန့်ပေးနေလေတော့ ကွန်ရက်တွေေ၀၀ါးကုန်တယ်....သဘောပေါက်တွေ လွဲကုန်တယ်... ဒါကို ဟန်ဝင်းအောင် ဖွဘုတ်မှာ သွားကြည့်နိုင်တယ်...သူတို့ လုပ်တာကို ဦးဝင်းတင်က ထောက်ခံ တယ်..သူတို့မှန်တယ် ဆိုတာမျိုးကို ရေးပြီး တင်ထားတယ်.....

အရေးကြီးတာက ဟန်ဝင်းအောင်တို့ရဲ့ ပြည်သူ့ကွန်ရက် ဆိုတာပဲ...

ဒီကွန်ရက်တွေ .... ဘယ်သူ စခဲ့သလဲ ပြန်ကြည့်လိုက်..... ရှင်းရှင်းလေးပါ.....အဲဒါ ဦးဝင်းတင်ရဲ့ လက်ရာ မာစတာပိစ်တွေ....ဦးဝင်းတင်ရဲ့ မဟာဗျူဟာတွေ...ဒါတွေ ဘယ်က လာသလဲ .....ဒေါ်စု မလွတ်သေးဘူး...NLD မှတ်ပုံမတင်သေးဘူး.....အဲဒီအချိန်မှာ.....ထောင်က လွတ်လာတဲ့ ဦးဝင်းတင်က (လူငယ်တွေကို နေရာပေးရမယ်) (ထွက်ပေါက် မရှိရင် ဖောက်ထွက်ကြ) စတဲ့ ရဲရဲတောက်တွေနဲ့ သူ့အလံ သူတင်တယ်......

ပြီးတော့ NLD မှတ်ပုံ ပြန်မတင်ဘူး....လူမှုရေးကို အခြေပြုတဲ့ နိုင်ငံရေးလုပ်မယ်....အရင်တုန်းက ဒေါ်စု တစ်ယောက်တည်း ဒီ/လှုပ် လုပ်ခဲ့တာ...အခုဟာက NLD အကုန်လုံး ဒီ/လှုပ်တွေ ဖြစ်လာမယ်......ပြီးရင် ဒီလှုပ်တွေက ပြည်သူတွေကြား ဆင်းပြီး ကွန်ယက်တွေကို ချိတ်ဆက်ပေးမယ်.......NLD လူငယ် ဒီလှုပ်တွေ က Connector တွေ ဖြစ်လာမယ်.....ဒီလိုနဲ့ တက်ကြွလှုပ်ရှား ကွန်ရက်တွေ တစ်နိုင်ငံ လုံး ဖြစ် လာမယ် ဆိုတဲ့ မဟာဗျူဟာ....ဒါက ဦးဝင်းတင် လုပ်ခဲ့တာ.....အခု ဟန်ဝင်းအောင်တို့ ကွန်ရက် တွေက အဲဒီ မဟာဗျူဟာက ဖြစ်လာတဲ့ အစိတ်အပိုင်းတစ်ခု ပဲ...

ဒါပေမယ့် ဒီမဟာဗျူဟာက တရားဝင် နိုင်ငံရေးပါတီ မ၀င်ဘူး-ရွေးကောက်ပွဲ မ၀င်ဘူး ဆိုတဲ့ အချိန်တုန်းက ချထားခဲ့တဲ့ Broken Strategy ပဲ...အခုအချိန်မှာ ပါတီကေဒါကိုပဲ ခိုင်မာအောင် တည်ဆောက်ရမယ့် ကာလ....ကွန်ရက်တွေနဲ့ မချိတ်ထားဘူး....ဒီတော့ အကျိုးဆက်က ဦးဝင်းတင်ရဲ့ ကွန်ရက်တွေ ဟတ်ကော့နဲ့ တန်းလန်းကြီး ဖြစ်နေတာပဲ...အဲဒီ တန်းလန်းကြီးဖြစ်နေတဲ့ ကွန်ရက်တွေက ဦးဝင်းတင်ကိုပဲ နာခံတယ်...သူတို့အတွက် ဦးဝင်းတင်က ပေါ်လစီမိတ်ကာပဲ....

ဦးဝင်းတင်ရဲ့ အကြံက NLD တရားဝင်ပါတီအဖြစ် မရပ်တည်နိုင်တော့ဘူး ဆိုရင် တစ်နိုင်ငံလုံး UG Network ကြီး ဖြစ်လာအောင် ဖန်တီးလှုပ်ရှားမယ့် အကြံ....မြေပေါ်က OG တွေက NGO အလုပ်တွေ လုပ်...မြေအောက် က UG တွေ အခု ပြဿနာဖန်တီးနေတဲ့ ကွန်ရက်တွေက နိုင်ငံရေး အလုပ်တွေ လုပ်... .ပြီး ရင် အစိုးရကို လူထုအုံကြွမှုနဲ့ ဖြုတ်ချပစ် ဆိုတဲ့ ကွန်မြူနစ်အတွေးအခေါ် သက်သက် ပဲ....ဒီ လမ်းကြောင်းကို ဒေါ်စု ရှောင်ခဲ့တယ်..သူ့လမ်းကိုသူ လျှောက်ခဲ့တယ်...ဒါပေမယ့် ဦးဝင်းတင် အစ မသတ် နိုင်တော့တဲ့.....ကွန်ရက်တွေ--ဒီလှုပ်တွေ.....တိုးလိုးတန်းလန်း ကျန်နေခဲ့တယ်..

(NED-NDD, နိုင်အောင်-ခင်ဥမ္မာ-သွဲ့သွဲ့ဝင်း-Open Society-ပွင့်လင်းလူ့အဖွဲ့အစည်း အဆက်အစပ် ဆက်ပါမည်)

From:ပလေတို ဒီမို

Credit : Here

မြန်မာနိုင်ငံသို့ ဂျပန်အစိုးရအနေဖြင့် သန်းသုံးရာထောက်ပံ့ရန်စီစဉ်ထား


မြန်မာနိုင်ငံသို့ ဂျပန်အစိုးရအနေဖြင့် သန်းသုံးရာထောက်ပံ့ရန် စီစဉ်ထားပြီး လျှပ်စစ် လမ်းပမ်း ဆက် သွယ်ေ ရးနှင့် ဆေးခန်းများ တည်ဆောက်ရန် အတွက် အမေရိကန်ဒေါ်လာသန်း ၅၇၀ အား အတိုးနှုန်း ၀.၀၁ရာခိုင်နှုန်းဖြင့် နှစ်ပေါင်းသုံးဆယ်အတွင်းပြန်ဆပ်ရန် တကမ္ဘာလုံးတွင် မချေးဖူးသော အတိုးနှုန်းဖြင့် ဂျပန် အစိုး ရမှ ချေးပေးမည် ဖြစ်ကြောင်း နီပွန်ဖောင်ဒေးရှင်းဥက္ကဌ Mr Yohei Sasakawa ကပြောသည်။

Messenger News Journal

Credit : Here

အခွန်ကင်းရှင်းကြောင်း သက်သေခံ မယူဘဲ ပြည်ပသို့ သွားရောက်နိုင်

မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ခရီးထွက်ခွါရာတွင် မတ်လ ၁၅ ရက်နေ့မှ စတင်၍ အခွန်ကင်းရှင်းကြောင်း သက်သေခံ လက်မှတ် မလိုဘဲ ထွက်ခွါနိုင်ပြီဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သိရသည်။

“ပြည်သူလူထု၏ အခက်အခဲအတားအဆီးများကို ဖြေလျှော့ဆောင်ရွက်ပေးသည့်အနေဖြင့် ပြည်ပ ထွက်ခွါ မည့် သူများ အားလုံးဟာ (အခွန်ကြွေးကျန်ရှိသူတွေမှ အပ) သက်သေခံလက်မှတ် ဂ ပုံစံ ( ပတခ -၀င-၁၂) ထောက်ခံချက် မလိုဘဲ ပြည်ပကို ခရီးသွားလာနိုင်ပြီ ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ယခင်က ပြည်ပသို့ ခရီးသွားမည့် နိုင်ငံသားများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန် ကင်းရှင်းကြောင်း သက်သေခံ လက်မှတ် ဂ ပုံစံ ရယူရန် လိုအပ်ခဲ့သည်။

“အဟန့်အတားတခုကို ထပ်ပြီးဖြည်လျှော့ပေးတာပါပဲ။ ဒီပုံစံ တခုကို ရရှိဖို့ အချိန်တွေ၊ ငွေတွေ၊ လုပ်အားတွေ ပေးဆပ်ကြရတာပါ။ အထူးသဖြင့် အချိန်လု လုပ်ကိုင်နေရတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် အတော်အဆင် ပြေသွားမယ်။ အရေးတကြီးကိစ္စ ပေါ်လာရင် ချက်ချင်း သွားလို့ ရပြီ” ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦး က ဆိုသည်။

Credit : Here

လွန်စွာ စိတ်ထိခိုက်ရပါသည်

(၁)။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လုပ်သင့်ပါသည်ဟု ဒေသခံ ပြည်သူလူထု၏ ဆန္ဒကို မျက်ကွယ်ပြုပြီး ဦးပိုင်ကုမ္မဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္မဏီအကြိုက် အစီရင်ခံစာ ထုတ်ပြန်မှုတခု ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဆောင်ရွက်ပြခဲ့ပါသည်။

ထို့အတွက် — လွန်စွာ စိတ်ထိခိုက်ရပါသည်။

(၂)။ ထိုစုံစမ်းစစ်ဆေးရေး ကော်မရှင်က လပေါင်းများစွာ အချိန်ကြာကြာ စုံစမ်းစစ်ဆေးခဲ့သော်လည်း ထွက်ရှိမည့် အဖြေကို ဒေါ်အောင်ဆန်းစုကြည်က အများပြည်သူအကြိုက် ဖြစ်ချင်မှဖြစ်မည်ဟူ၍ ကြိုတင်ပြောဆိုခဲ့ပါသည်။ ယခုလည်း စစ်တပ်ဦးပိုင်အကြိုက်၊ တရုတ်ဝမ်ပေါင်အကြိုက် ဘက်လိုက်ခဲ့သည်ဟု အများပြည်သူက ဝေဖန်ပြောဆိုနေပါသည်၊ မျှတမှုမရှိဟု ဝေဖန်သုံးသပ်ခြင်း၊ ဆန္ဒပြခြင်း၊ ဆန္ဒဖော်ထုတ်ခြင်းများ၊ အားမလို အားမရ ဖြစ်ခြင်းများ ဖြစ်ပေါ်နေပါသည်။

ထို့အတွက် — လွန်စွာ စိတ်ထိခိုက်ရပါသည်။

(၃)။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စ ဆန္ဒပြ သံယာတော်များကို ၂၉. ၁၁. ၂၀၀၂ က ဖြိုခွင်းခဲ့စဉ်က မီးလောင်ဒဏ်ရာရ သံယာတော်များ ခုချိန်ထိ ဆေးရုံမှ မဆင်းရသေး၊ ဆင်းခဲ့သူများသည် စိတ်မချရသေး၊ ခန္ခာကိုယ်တွင် အဆိပ်များ ပျံနှံ့နေမှုများ ကုသနေရသေးသည့် အခြေအနေ များမှာ ငြင်းကွယ်၍ မရပေ။ လက်ရှိ ထင်ထင်ရှားရှား ကုသနေရဆဲ ဖြစ်ပါသည်၊ ထိုင်းနိုင်ငံ ဘန်ကောက် တွင် ဆေးကုသနေသော ဦးဇင်းကြီး ဦးတိက္ခဥာဏမှာလည်း ထိုင်းဘတ်ငွေများ သန်းချီ ကုန်နေသော်လည်း အရှင်းပျောက်ကင်းမှု မရှိကြောင်း သိရပါသည်။

ထို့အတွက် — လွန်စွာ စိတ်ထိခိုက်ရပါသည်။

(၄)။ ဒဏ်ရာရ သံဃာတော်များမှာ မီးလောင်ဒဏ်ရာများနှင့် သက်သေခံနိုင်သော်လည်း စုံစမ်းစစ်ဆေးကော်မရှင်က မီးခိုးဗုံးဟု တွင်တွင်သုံးနေသည်။ အကြမ်းဖြိုခွင်းမှုအတွက် တာဝန်ယူရန် တိုက်တွန်းထားခြင်း မရှိသည့်အပြင် ဒဏ်ရာရ သံဃာတော်များ လူဖြစ်ရှုံးရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုကို မျက်ကွယ်ပြုထားသည်ကို တွေ့ရသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဖွဲ့စည်းပေးသည့် အစိုးရအကြိုက်သာ ဆောင်ရွက်သည်ဟု ပြည်သူအများက ယူဆနေကြပါသည်။

ထို့အတွက် — လွန်စွာ စိတ်ထိခိုက်ရပါသည်။

(၅)။ မီးလောင်ဒဏ်ရာရ သံဃာတော်များ၏ ဒဏ်ရာများက မီးခိုးဗုံးမဟုတ် မီးလောင်ဗုံး ဖြစ်သည် ဆိုသည်မှာ ငြင်းလို့ရမည် မဟုတ်ပေ၊ စုံစမ်းရေးကော်မရှင်မှ ဥက္ကဌနှင့် တာဝန်ရှိသူများ ကိုယ်တိုင် မခံရသေး၍ ကိုယ်ချင်းစာစိတ်မရှိသူများဟု သတ်မှတ်ရပါတော့မည် (အကြံပြုလိုသည်မှာ ကိုယ်တိုင် အပစ်ခံကြည့်ပါ)။ ထိုအခါ မီးခိုးဗုံးပါဟု ပြောတော့မည်မဟုတ်ပါ၊ အမှန်တရား ပေါ်ပေါက်ရေးအတွက် လူထုခေါင်းဆောင်ဆိုသူများ အရှက်တရား ထားစေလိုပါသည်။

ထို့အတွက် — လွန်စွာ စိတ်ထိခိုက်ရပါသည်။

(၆)။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင် ဒီမိုကရေစီ မိခင်ကြီးဟု ထင်မှတ်ယုံကြည်ခဲ့သူများ ရှိပါသည်၊ လက်ပံတောင်းကိစ္စ ကိုင်တွယ်ပြလိုက်သောအခါ ယုံကြည်မှုများ၊ အားကိုးမှုများ အထင်ကြီးမှု များမှာ သဲထဲရေသွန်မိသလို ဖြစ်သွားပါသည်ဟု ပြောဆိုဝေဖန်နေကြပါသည်။ အလွန်နှမြောရသည်မှာ ဘမျိုးဘိုးတူ အဖေတူသမီးဟု တင်စားခွင့် ဆိတ်သုဉ်းသွားခြင်းဖြစ်ပါသည်။

ထို့အတွက် — လွန်စွာ စိတ်ထိခိုက်ရပါသည်။

(၇)။ ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်ကို လိုက်နာပါမည်ဟု အစီရင်ခံစာ မထွက်ခင် အတော်စောစောပိုင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ကြိုတင်ပြောကြားခဲ့ပါသည်၊ ယခုလို အဖြေ မျိုး ထွက်မည်ဟု ကြိုတင်သိ၍ ပြောခဲ့ခြင်းဟု ထိုစဉ်က သံသယဖြစ်ခဲ့မိပါသည်၊ ထင်ခဲ့သည့်အတိုင်း သံသယရှိခဲ့သည့်အတိုင်း ဖြစ်လာသောအခါ တိုက်ဆိုင်မှုပါဟု ပြော၍မရတော့ပါ။

တရုတ်သံအမတ်ကြီး တာဝန်မလွဲပြောင်းမီ မတ်လ ၅ ရက်နေ့က ဒေါ်စုကို နေပြည်တော်သို့ လာရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်၊ ယခင်က ယခုလို လူရာမသွင်းခဲ့သော တရုတ်အကြံအစည်နှင့် လုပ်ရပ်များက ထူးဆန်းနေပါသည်၊ ယခုမှ သဘောပေါက်ရပါတော့သည်၊ ၀န်ကြီးဦးအောင်မင်းကလည်း တရုတ်ကို ကြောက်ရပါသည်ဟု လက်ပံတောင်းတွင် ပြောကြားခဲ့သည်မှာ ယခုမှ မှန်ကန်ကြောင်း ဆင်ခြင် မိပါတော့သည်၊ အဆီကို စား အသားကို မျိုနေသော တရုတ်၏ လုပ်ရပ်များသည် ကြာလေလေ ခိုင်မြဲလေလေ သီချင်းကို ဆိုရပါတော့မည်၊ ဘာဘဲဖြစ်ဖြစ် တရုတ်၏ လက်ဝါးကြီးအုပ်မှုကို လက်ရှိအစိုးရ အဖွဲ့ သိသိသာသာရော မသိမသာရော လက်ခံနေကြောင်း ထင်ရှားပေါ်လွင်နေသည်ဟု ပြည်သူအများက ယုံကြည်နေကြပါသည်။

ထို့အတွက် — လွန်စွာ စိတ်ထိခိုက်ရပါသည်။

(၈)။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးသည် ဒေသခံပြည်သူများ၏ လိုလားချက် ဆန္ဒတခုဖြစ်သည်၊ ရေရှည်တွင် မြန်မာနိုင်ငံအတွက် အကျိုးထိခိုက်မှုများ ရှိနေသဖြင့် ဒေသခံများက ဆန့်ကျင်ကန့်ကွက်နေခြင်းဖြစ်သည်ကို ကမ္ဘာက သိနေကြသည်၊ မြန်မာက လူတစုက မသိ ချင်ယောင်ဆောင်၍ ဦးပိုင်နှင့် ၀မ်ပေါင်အကျိုးကို မလွန်ဆန်နိုင်သော ငြိမ်းချမ်းရေးဆုရှင်၏ ငြိမ်းချမ်းရေးဆန့်ကျင်မှု၊ ငြိမ်းချမ်းရေး မလေးစားမှု၊ ဆူပူမှုကို ပိုမိုကြီးထွားစေသော အစီရင်ခံစာကို တာဝန်ယူ ထုတ်ပြန်မှုကို မည်သို့ နားလည်ရမှန်းမသိအောင် အံ့သြမိပါသည်၊ ထို့ကြောင့် မကြာမီ လက်ပံတောင်းဒေသတွင် ရဲနှင့်ပြည်သူ ကြည်ဖြူရန် မရှိတော့ပါကြောင်း အကြမ်းဖက် ဖြိုခွင်းမှုများ ပိုမိုအတင့်ရဲလာတော့မည်ဖြစ်ကြောင်း ဗေဒင်ဆရာများထံ သွားရောက်မေးမြန်းရန် မလိုတော့ပါ။

ထို့အတွက် — လွန်စွာ စိတ်ထိခိုက်ရပါသည်။

(၉)။ ငြိမ်းချမ်းရေး နိုဗယ်ဆု အပါအ၀င် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော ဆုတံဆိပ်ပေါင်းများစွာ ရရှိနေ သူက မြန်မာပြည်တွင် ငြိမ်းချမ်းရေး ထိခိုက်ပျက်စီးစေမည့် လုပ်ရပ်များကို ဟန့်တားခြင်း၊ အမုန်းခံ ပြော ဆိုခြင်းမရှိဘဲ ငြိမ်းချမ်းရေး ရရှိရန် ပါဝင်ဆောင်ရွက်ခြင်း မရှိသည်ကို ထူးဆန်းစွာ မြင်တွေ့နေရပါသည်၊ ဥပမာ – ကချင်ကိစ္စ၊ ရခိုင်ကိစ္စ၊ ဘင်ဂါလီကိစ္စနှင့် လယ်သမားအရေး အလုပ်သမားအရေး မတရား အနိုင်ကျင့်ခံရမှုများတွင် ပါဝင်ရပ်တည် ပြောဆိုခြင်းမရှိသည်ကို ကြည့်ခြင်းအားဖြင့် လူထုခေါင်းဆောင် မဟုတ်တော့ကြောင်း လူထုအားကိုးထိုက်သူ မဟုတ်တော့ကြောင်း လူထုအများက ဆုံးဖြတ်လိုက်ပြီဖြစ် ပါသည်။

ထို့အတွက် — ထို့အတွက် — လွန်စွာ – လွန်စွာ – လွန်စွာ စိတ်ထိခိုက်ရပါသည်။

Credit : Here

ဆန္ဒပြရန် အချိန်မဟုတ်တော့ကြောင်း မသွဲ့သွဲ့ဝင်းပြောကြား

လူမှုကွန်ယက်၌ ပျံ့နှံ့နေသည့် စွပ်စွဲချက်များအား ဒေါက်တာ နိုင်အောင် ငြင်းဆို
ဟင်္သာနီ (မွန်မြေ) | သောကြာနေ့၊ မတ်လ ၁၅ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၁၃ မိနစ်
mizzimaburmese.com

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြခံရပြီးနောက် ၎င်းဆန္ဒပြ မှုကို ချိတ်ဆက်ကာ လုပ်ဆောင်နေကြသည်ဟု လူမှုကွန်ယက် (Social Media) များတွင် ပျံ့နှံ့လာသည့် အရေးအသားအပေါ် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု၏ အတွင်းရေးမှူး ချုပ် ဒေါက်တာ နိုင်အောင်က မိမိ၏ ပုံရိပ် (Image) အားဖျက်သည့် စွပ်စွဲချက်များ ဖြစ် သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့က အပြင်က လာတယ်ဆိုတော့ ခေါင်းစဉ်တပ်ရ လွယ်တဲ့ပစ်မှတ် အလွယ် (Easy Target) တွေလေ၊ အရင်တုန်းက သတင်းစာ ရှင်းလင်းပွဲတွေရှိတယ် မဟုတ်လား၊ တစ်ခုခု ကွဲပြီဆိုလို့ရှိရင် ကိုနိုင်အောင်တို့၊ ကိုမောင်မောင်တို့၊ ကိုမိုးသီးတို့ အဲလို မျိုးပဲပေါ့၊ ကျွန်တော်တို့ရဲ့ Image ကို လွယ်လွယ်ကူကူ ဖျက်တာပါ” ဟု ဒေါက်တာနိုင်အောင် မှ မဇ္ဈိမအား ပြောကြားခဲ့သည်။

“လက်ပံတောင်း ဆန္ဒ ပြမှုတွေကို ဦးဆောင် နေသည့် မသွဲ့သွဲ့ဝင်း နောက်၌ မိုးသီးဇွန်၊ နိုင်အောင်နှင့် ခင်ဥမ္မာတို့ ရှိနေ” ဟုသဘော သက်ရောက်သည့် အရေးအသားများ လူမှု ကွန်ယက်များတွင် သိသာစွာ ပျံ့နှံ့လာသည်ကို ကိုနိုင်အောင်မှ တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် မသွဲ့သွဲ့ဝင်းအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ကျင်းပသည့် (၁၂) ကြိမ်မြောက် အမျိုးသမီး နှီးနှော ဖလှယ်ပွဲကို တတ်ရောက်ရန် ဖိတ်ကြားခဲ့သည်ဟုလည်း စွပ်စွဲ ထားကာ အခမ်းအနား တစ်ခု၌ မတ်တပ်ရပ်ကာ စကားပြောနေသည့် ဓါတ်ပုံနှင့် ရေးသားချက်အပေါ်လည်း ဒေါက်တာနိုင်အောင်မှ ၎င်းမသိရကြောင်းပြောကြားခဲ့ပါသည်။

၎င်းက “မသွဲ့သွဲ့ဝင်းတို့ ဆိုတာနဲ့ သိလည်း မသိဘူး၊ မြင်လည်း မမြင်ဖူးဘူး၊ အဆက် အသွယ်လည်း မရှိပါဘူးခင်ဗျ၊ ဖေ့ဘွခ်မှာ ပြောပြီး ဓါတ်ပုံတွေ ပြပြီး စွပ်စွဲနေတာလေ အဲဒီလို လာသွားမှန်းတောင် ကျွန်တော်တို့ မသိလိုက်ရဘူး။ ဓါတ်ပုံထဲမှာ ကျွန်တ်ာတို့ ပါတာလည်း မဟုတ်ဘူး၊ ဓါတ်ပုံဟာ ဘယ်ခေါင်းစဉ်နဲ့ ဘာလုပ်တယ် ကျွန်တော်တို့ မသိဘူး” ဟု ပြောသည်။

အလားတူပင် လက်ပံတောင်း ဆန္ဒပြမှုများကို ဒေါက်တာ နိုင်အောင်တို့နှင့် ဆက်စပ်ကာ ချိတ်ဆက် လုပ်ဆောင် နေသည်ဟု စွပ်စွဲ ခံရသည့် လက်ပံတောင်း ဒေသခံ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်း မှလည်း ၎င်းကိစ္စကို လုံးဝငြင်းဆိုခဲ့ပါသည်။

“ဒေါက်တာ နိုင်အောင် ဆိုတာ အခုချိန်ထိ ဖြူသလား၊ မဲသလား ဆိုတာတောင် ကျွန်မ အခုချိန်ထိ တစ်ခါဆို တစ်ခါမှ မမြင်ဖူးပါဘူး၊ သိလည်းမသိဘူး၊ ဓါတ်ပုံက ပြီးခဲ့တဲ့ (၈) ရက်နေ့ (၃) လပိုင်းတုန်းက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့တုန်းက women exchange ကို သွားတက်ခဲ့တဲ့ ဓါတ်ပုံပါ၊ နိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို အဲဒီ တခါပဲ ခရီးစဉ် သွားဖူးပါတယ်။ အွန်လိုင်းဆိုတာက မလိုတဲ့ လူတွေတင်တားတဲ့ စကားတွေပါ အဲဒီ ကိစ္စနဲ့ပတ်သက်လို့က ဘာမှ မသိသေးပါဘူး။ ကျွန်မတို့က သပိတ်စခန်း နောက်ကွယ် ကနေ ကြိုးကိုင်ထားတာ ဆိုတာတွေ ဘာတစ်ခုမှ မရှိပါဘူး။ ကိုမိုးသီးဇွန်ကိုတော့ ကျွန်မတို့ ရွာကိုလာတုန်ကတော့ တစ်ခါ တွေ့ဖူးတယ်သာ ရှိပါတယ်” ဟု မသွဲ့သွဲ့ဝင်းမှ မဇ္ဈိမအား ရှင်းလင်းပြောကြားခဲ့သည်။



လက်ရှိ အနေအထားမှာ လက်ပံတောင်း အရေးကိစ္စသည် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ် သို့ ရောက်ရှိနေပြီဖြစ်၍ မိမိတို့ဘက်မှ စားပွဲဝိုင်းပေါ်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး ဆန္ဒပြရန် အချိန်မဟုတ်တော့ကြောင်း မသွဲ့သွဲ့ဝင်း က ဆက်လက်ပြောကြားသည်။

၎င်းစွပ်စွဲချက်သည် မိမိတို့အား ထင်ယောင်ထင်မှား ဖြစ်စေရန်ပုံဖော်ကာ စွပ်စွဲချက်သာဖြစ်သည်ဟု လည်းနှစ်ဖက်စလုံးမှ အသီးသီး ဆိုကြသည်။

လက်ပံတောင်းတောင် စုံစမ်းရေးကော်မီရှင်၏ အစီရင်ခံစာ ထွက်လာပြီး ဒေသခံရွာများသို့ သွားရောက်ညှိနှိုင်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ဒေသခံရွာသားများမှ မကျေမနပ်ဖြစ်ကာ ဆန္ဒပြခဲ့ပြီးနောက် ယခုလို စွပ်စွဲသည့်စာများ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့လာခြင်း ဖြစ်သည်။

Credit : Here

၂၀၀၈ ဖွဲ့စည်းပုံပြင်ရန် လွှတ်တော် ခြေလှမ်းစပြီ

သီပေါမြို့နယ်လွှတ်တော်အမတ် ဦးရဲထွန်း

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ နဲ့ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က သဘောတူ လိုက် ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးထဲမှာ ၀က်လက်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် သူရ ဦးအေးမြင့်က အရေးကြီးအဆို တင်သွင်းခဲ့တာဖြစ်ပြီး မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်က ထောက်ခံဆွေးနွေးခဲ့တာပါ။

သီပေါမြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်း

ပြည်သူ့လွှတ်တော်က ဆုံးဖြတ်သဘောတူလိုက်တဲ့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော် မတီနဲ့ ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ရေးတိုက်တွန်းကြောင်း အဆိုကို ပြည်ထောင်စုလွှတ်တော်ထံ သ၀ဏ် လွှာပေးပို့သွားမှာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် နာယကက ကော်မတီနဲ့ ကော်မရှင်တွေကို ကျယ် ကျယ်ပြန့်ပြန့် ဆက်လက်ဖွဲ့စည်း လုပ်ဆောင် သွားဖို့ရှိတယ်လို့ သီပေါမြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။

သွားတာပေါ့။ ကျနော့်အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် ကောင်းတယ်၊ သူတို့ရဲ့ ရိုးသားမှုကို ဖော်ပြတာလို့ ခံယူပြီး ကြိုဆိုပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အဆိုကို လွှတ်တော်က သဘောတူလိုက်ပြီး ပြည်ထောင်စုလွှတ်တော်ကို သ၀ဏ်လွှာပေးပို့ ဆောင်ရွက် သွားတယ်ဆိုတာ သူ့ရဲ့လုပ်ငန်းစဉ် ဘယ်လိုဆောင်ရွက်သွားမှာလဲ။

“ခန့်မှန်းကြည့်ရတာကတော့ ဒီကော်မတီ၊ ကော်မရှင်ကို ပြည်သူ့လွှတ်တော်အနေနဲ့ပဲ ဖွဲ့စည်းတာမျိုး မလုပ် ဘဲနဲ့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ ဖွဲ့စည်းတာမျိုး လုပ်စေချင်တဲ့သဘော ရှိပါတယ်။ အဲဒါဆိုရင်တော့ လွှတ်တော် ၂ ရပ်လုံးကို ခြုံငုံပြီး ပူးပေါင်းကော်မတီဖွဲ့တာမျိုးဖြစ်စေ၊ ကော်မရှင်ဖွဲ့တာမျိုးပဲ ဖြစ်စေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ့်သဘောပါ။ ကော်မတီသဘောမျိုး ဖွဲ့တယ်ဆိုရင်လည်း လွှတ်တော် ၂ ရပ်လုံးက ကိုယ်စားလှယ်တွေ ပါဝင်နိုင်မှာပေါ့။ ကော်မရှင်ဆိုရင်လည်း လွှတ်တော် ၂ ရပ်လုံးက လွှတ်တော်ကိုယ်စားလှယ်တွေအပြင် ပြင်ပပညာရှင်တွေ ပူးပေါင်းပြီးတော့ အပိုင်းလိုက်အပိုင်း လိုက် လေ့လာဖို့အတွက် ဆပ်ကော်မတီလေးတွေ၊ ဆပ်ကော်မရှင်လေးတွေ ဖွဲ့စည်းပြီး လုပ်ကြမယ်လို့ ယူဆပါတယ်။”

လွှတ်တော်ပိုင်းကနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ ပထမဆုံး စလှမ်းလိုက်တဲ့ ခြေလှမ်းလို့ ပြောလို့ ရမလား။

“လွှတ်တော်ပိုင်းကလို့ ပြောနိုင်သလို အနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ စပြီးလှမ်း လိုက်တဲ့ ခြေလှမ်းဖြစ်တယ်။ သို့သော် ကျနော်သိရသလောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တဲ့ နိုင်ငံရေးအုပ်စုအသီးသီးတွေရဲ့ စိတ်ဝင်စားမှုတွေက တအုပ်စုနဲ့ တအုပ်စု မတူကြဘူး။ ဥပမာ တိုင်းရင်းသားတွေက ပြည်နယ်ရဲ့ ဥပဒေပြုခွင့်အာဏာနဲ့ အုပ်ချုပ်ခွင့်အာဏာနည်းနေတဲ့ကိစ္စတွေကို တိုင်းရင်းသားတွေက စိတ်ဝင်စားသလို အန်အယ်လ်ဒီကကျတော့လည်း သမ္မတရွေးချယ်ရေး အရည်အချင်းသတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ ပြင်ဖို့ စိတ်ဝင်စားနေတယ်။ နိုင်ငံတော်သမ္မတနဲ့ အုပ် ချုပ်ရေးအဖွဲ့ကကျတော့လည်း သမ္မတက ဥပဒေပြုရေးဖြစ်စဉ်မှာ သူ့ရဲ့ ၀င်ရောက်ပါဝင်နိုင်မှုအခန်းကဏ္ဍက အရမ်းနည်းနေတယ်။ ဆိုလိုတာက အမေရိကန်သမ္မတ တယောက်လို သိပ်ပြီးတော့ သဘောမတူတဲ့ ဥပဒေကို ဗီတိုအာဏာ ကျင့်သုံးခွင့် ကျနော်တို့ လွှတ်တော်မှာမရှိဘူး။ ဒါကြောင့် အုပ်ချုပ်ရေးကို အခိုင်အမာဆောင်ရွက်ရတဲ့ သမ္မတက ကိုယ့်စိတ်တိုင်းကျ ဥပဒေမပြုနိုင်ဘဲနဲ့ လွှတ်တော်ရဲ့ ဥပဒေပြုမှုအောက်မှာ လိုက်လုပ်နေရသလိုဖြစ်တယ်။ အဲလိုဖြစ်တော့ သမ္မတကပြင်ချင်တဲ့အပိုင်းကလည်း ဥပဒေပြုရေးနဲ့ပတ်သက်တဲ့ အပိုင်းမှာပြင်ချင်တာတွေ ရှိလိမ့်မယ်။

“ထိုနည်းအတူပဲ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အခုရွေးကောက်ပွဲစနစ်အရဆိုရင် ပါတီကြီးတွေဖြစ်တဲ့ တစညတို့လို၊ ပြည်ခိုင်ဖြိုးလို ပါတီကြီးတွေက လွှတ်တော်ထဲမှာ အမတ်ဦးရေရမယ့် နေရာအချိုးအစား အရမ်းနည်းလိမ့်မယ်။ ရွေးကောက်ပွဲဥပဒေကို ပြင်ချင်တဲ့ ပါတီကြီးများ ထဲမှာလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပါတယ်။ အဲတော့ အဲအစိတ်အပိုင်းကိုလည်း ပြည်ခိုင်ဖြိုး ပါတီက ပြင်ချင်ပုံရတယ်။ ကျနော်သုံးသပ်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ချင်တဲ့ နိုင်ငံရေး အုပ်စုတွေဟာ သူတို့ရဲ့ အကျိုးစီးပွားအလိုက်၊ စိတ်ဝင်စားမှုအလိုက်၊ အပိုင်းလိုက် အပိုင်းလိုက် တအုပ်စုနဲ့တအုပ်စု မတူကြဘူး။ တဖွဲ့နဲ့တဖွဲ့မတူကြဘူး။ အသီးသီး ကွဲကွဲပြားပြားရှိပါတယ်။”

အဲတော့ အသီးသီးကွဲပြားနေတဲ့ဆန္ဒတွေအပေါ်မူတည်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံး သပ်ရေး ကော်မတီ၊ကော်မရှင်တွေဖွဲ့တဲ့အခါမှာ အင်အားစုတွေ၊ ပါတီတွေအားလုံးက ကိုယ်စားလှယ်တွေအားလုံးကို ထည့်သွင်းပြီး ဖွဲ့စည်းဆောင်ရွက်သွားမှာလား။

“ဒါတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပြည်ထောင်စုလွှတ်တော်ကဖွဲ့စည်းပေးမယ်ဆိုရင်တော့ လွှတ်တော်နာယကရဲ့သဘောထားက အဓိကကျပါလိမ့်မယ်။ အဲလို အကျယ်အပြန့်ပါနိုင်အောင်၊ ပညာရှင်တွေလည်းပါနိုင်အောင် ဖွဲ့မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။”

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လေ့လာသုံးသပ်တာ၊ ပြင်ဖို့တွေကို မြန်မြန်ဆန်ဆန်လုပ်မယ့် သဘောတွေ့ ရလား။

“မြန်မြန်ဆန်ဆန်လုပ်မယ့်သဘောတော့မတွေ့ရဘူး။ ခန့်မှန်းတာတော့ ဒီသက်တမ်း မတိုင်ခင် ၁ နှစ်၊ ၂ နှစ်အတွင်းမှာတော့ လုပ်ကောင်းလုပ်နိုင်ပါတယ်။ ၂၀၁၅ မတိုင်ခင်ပေါ့။ ၂၀၁၅ မတိုင်ခင် ပြင်သင့် တာတွေပြင်ပြီးတော့ အဓိကအားဖြင့် ပြင်သင့်တယ်လို့ အဲဒီကော်မရှင်၊ ကော်မတီအဖွဲ့ခွဲတွေက သုံးသပ်ပေ မယ့် အဓိကအားဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြင်လိုတဲ့ဆန္ဒရှိဖို့။ သူသဘောပေါက်ဖို့က အဓိက အချက်လိုဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ထဲမှာပါဝင်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက တယောက်မှ မထောက်ခံရင် အဲပြင်ဆင်ချက်ဟာ အောင်မြင်နိုင်မှာ မဟုတ်လို့ပါ။”

burmese.dvb.no

Credit : Here