Wednesday, March 13, 2013

တက္ကစီမှတ်ပုံတင်ခြင်းကို မထသ(ဗဟို)မှ ဆောင်ရွက်သွားမည်


လာမည့် ဧပြီလ ၁ ရက်မှစ၍ တက္ကစီယာဉ် မှတ်ပုံတင်ခြင်း လုပ်ငန်းကို မထသ(ဗဟို) မှ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းအား ယခင်က ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး တက္ကစီယာဉ်များ စည်းကမ်း ထိန်းသိမ်း ရာတွင် ထိရောက်စွာ ဆောင်ရွက် နိုင်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ မထသ သို့ တာဝန် ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" လုပ်ငန်းပိုင်း ဆိုင်ရာ လွှဲပြောင်းဖို့ အတွက်ကို စည်ပင် ခရိုင် အုပ်ချုပ်ရေးမှူး တွေနဲ့ မထသ ခရိုင်က အုပ်ချုပ်ရေးမှူး တွေ ညှိနှိုင်း နေပါတယ် ၊ လကုန်ရင် ကိစ္စအားလုံး ပြီးမြောက် သွားအောင် ဆောင်ရွက် နေပါတယ် ... " ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် ကပြောသည်။ လွှဲပြောင်းမှု ဆိုင်ရာ ကိစ္စရပ် များအား လက်ရှိ အချိန်တွင် ခရိုင် ၄ ခုရှိ ဥက္ကဋ္ဌများ နှင့် သက်ဆိုင်ရာ ယာဉ်လိုင်း အုပ်ချုပ်ရေးမှူး များ ပူးပေါင်း၍ မတ်လ ၅ ရက်နေ့မှ စတင် လုပ်ဆောင် ခဲ့ပြီး ၂ ပတ်အတွင်း ပြန်လည် သုံးသပ် သွားမည် ဖြစ်ကြောင်း ၄င်းက ထပ်မံ ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ခရိုင် အုပ်ချုပ်ရေးမှူး ရုံးတွင် တက္ကစီယာဉ် မှတ်ပုံတင်ခြင်းအား မတ်လ ၁၅ ရက်နေ့မှ စ၍ မထသ(ဗဟို) ခရိုင် အုပ်ချုပ်ရေးမှူး ရုံးသို့ လွှဲပြောင်း ပေးမည် ဖြစ်ကြောင်း သိရသည်။

" တက္ကစီယာဉ် တွေရဲ့ စည်းကမ်းပျက် လုပ်ဆောင်မှု တွေကို ယာဉ်ထိန်းရဲ တွေနဲ့ ပူးပေါင်းပြီး ထိရောက်တဲ့ အရေးယူမှု တွေ လုပ်မယ် ... " ဟု ဦးလှအောင်က ဆက်ပြောသည်။ လက်ရှိ အချိန်တွင် တက္ကစီ ယာဉ်အချို့သည် စည်းကမ်းမဲ့ ရပ်နားခြင်း နှင့် ကားမှတ်တိုင် များတွင် ရပ်နား၍ ခရီးသည် တင်ခြင်းများ ရှိနေကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း တရားဝင် ပြေးဆွဲနေသော တက္ကစီယာဉ် စီးရေ စုစုပေါင်း ၄၉၆၁၀ ကျော် ရှိကြောင်း ထုတ်ပြန် ထားသော စာရင်းများ အရ သိရှိရသည်။

Credit : Here

ရောင်းစားခံရသည့် မြန်မာ မိန်းကလေး ၈ ဦးကို ကယ်တင်

လူကုန်ကူးမှုနှင့် ဆက်စပ်၍ ဖမ်းဆီးထားသော ထိုင်းနိုင်ငံသား (အလယ်မှ အရပ်ဝတ်နှင့်) ကို
သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ – posttoday.com)

ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့တွင် “စို့ကျိုင်း” အမည်နှင့် ဖွင့်လှစ်ထားသော အငှားတိုက်ခန်းတခု တွင် ရောင်း စားခံရပြီး လိင်ဖျော်ဖြေရေးအလုပ် လုပ်ခိုင်းခံနေရသည့် အသက် ၁၈ နှစ် မပြည့်သော မြန်မာမိန်းကလေး ၈ ဦးကို ထိုင်း အာဏာပိုင်များက ယမန်နေ့က ကယ်တင်လိုက်ကြောင်း သတင်းရရှိသည်။

ရောင်းစားခံရသည့် မြန်မာ မိန်းကလေးများကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ဌာန (Anti-Human Trafficking Division – AHTD) မှ ထောက်လှမ်းရေး အဖွဲ့ဝင်များက မိန်းကလေး တဦးလျှင် ဘတ်ငွေ ၁ ထောင်ပေးပြီး ပျော်ပါးလိုသူများ ဟန်ဆောင်လျက် ဝင်ရောက်ကယ်တင်ခြင်း ဖြစ်ကြောင်း AHTD အဖွဲ့မှ ဗိုလ်မှူးချုပ် ချဝလစ် (Chavalit) က ယမန်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက် များကို ပြောကြားသည်။

“တနိုင်ငံတည်းသား (မြန်မာ) ပွဲစားက မိန်းကလေးတွေရဲ့ မိဘတွေဆီကနေ ဘတ်ငွေ ၃ သောင်းပေး ခေါ် လာပြီးတော့ ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာ လုပ်ခိုင်းတာ ဖြစ်တယ်” ဟု ကယ်တင်ထားသည့် မိန်းကလေးများ ၏ ထွက်ဆိုချက်ကို ကိုးကား၍ ဗိုလ်မှူးချုပ် ချဝလစ်က ဆိုသည်။

မြန်မာမိန်းကလေး ၈ ဦးနှင့် စပ်ဆက်၍ လူကုန်ကူးမှုနှင့် ပတ်သက်သည်ဟု ယူဆရသော အသက် ၆၄ နှစ် အရွယ် ထိုင်းနိုင်ငံသားတဦးကို အာဏာပိုင်များက ဖမ်းဆီးထားကြောင်း သိရသည်။

ကယ်တင်ထားသည့် မိန်းကလေး ၈ ဦးကို မည်သည့်နေရာတွင် ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

မြန်မာနိုင်ငံသား လူပွဲစားကို ဖမ်းဆီးနိုင်ရန် ထိုင်းအာဏာပိုင်များက ဖမ်းဝရမ်း ထုတ်ထားပြီဖြစ်ကြောင်း၊ လူကုန်ကူးမှုနှင့် ဆက်စပ်၍ ဖမ်းဆီးထားရသည့် ထိုင်းနိုင်ငံသားကိုလည်း စစ်ဆေးမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ချဝလစ်က ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း ကန်ချနဘူရီမြို့တွင် လိင်ဖျော်ဖြေရေး လုပ်ခိုင်းခံနေရသည့် မြန်မာ မိန်းကလေး ၁၈ ဦးကို ထိုင်းအာဏာပိုင်များက ကယ်တင်ခဲ့သည်။ ကယ်တင်လိုက်သည့် မိန်းကလေး ၁၈ ဦးထဲတွင် အသက် ၂၀ အောက် အရွယ် ၃ ဦး ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာပြည်သား အချင်းချင်း ထိုင်းအလုပ်ရှင်များထံသို့ ရောင်းစားမှုများလည်း ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့်နှစ် မတ်လမှ စတင်၍ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံးများကို ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နှင့် ရှမ်းပြည်နယ်၊ တာချီလိတ် မြို့တို့တွင် ဖွင့်လှစ်ထားပြီး ကရင်ပြည်နယ်၊ မြ၀တီမြို့ နယ်စပ်တွင်လည်း ထပ်မံ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း၊ ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရ၏ ၂၀၁၁-၂၀၁၄ လုပ်ငန်းစီမံချက် သဘောတူညီချက်အရ ထိုရုံးများကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား ၂ သန်းခွဲမှ ၄ သန်း ၀န်းကျင် ရှိနိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်းများက ခန့်မှန်းထားသည်။

Credit : Here

ဘုန်းကြီးကျောင်းတွေ ဟိုတယ် ဖြစ်လာတော့မလား


ဘုန်းကြီးကျောင်းများသည် မြန်မာနိုင်ငံ၏ ဟိုတယ်ကြီးများ ဖြစ်တော့မည်လောဟု အမေရိကန်အခြေစိုက် အွန်လိုင်းသတင်းစာမျက်နှာ Huffington Post က ယမန်နေ့က မေးခွန်းထုတ်လိုက်သည်။

ရှမ်းပြည်နယ် ညောင်ရွှေမြို့ရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် နိုင်ငံခြားသားတိုးရစ်များ ညအိပ် တည်းခိုနိုင်ပြီဟု သတင်းတွင် ရေးထားသည်။

"အခုလတ်တလော အဆင်ပြေအောင် ညောင်ရွှေမှာ မြို့မရန်ကုန်ကျောင်းတိုက် ဘုန်းကြီးကျောင်းကို ဟိုတယ်ခရီးဝန်ကြီး ဌာနနဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံခြားသားတွေကို ယာယီ တည်းခိုနိုင်အောင် လုပ်ပေးထားရတယ်" ဟု ဟူသော မြန်မာတိုင်း(မ်) အပတ်စဉ်ထုတ်ဂျာနယ် တွင် ဖော်ပြ ခဲ့သည့် တောင်ကြီးဟိုတယ်ဇုန် ဒုဥက္ကဋ္ဌ ဦးဝင်းဦးတန်၏ ရှင်းပြချက်ကို Huffington Post က ကိုးကားဖော်ပြထားသည်။

ဤသို့ ခွင့်ပြုခြင်းသည် မည်သည့်ကာအထိ ဖြစ်မည်၊ တည်ဆောက်ဆဲဟိုတယ်များ ဧည့်သည်လက်ခံနိုင် ချိန်တွင် ဘုန်းကြီးကျောင်းများတွင် ပြည်ပဧည့်တည်းခွင့် ဆက်ပြုမည် မပြုမည် ဆိုသည်တို့ကိုမူ သတင်း တွင် ရေးထားခြင်း မရှိချေ။

ပြည်ပဧည့် အဆက်မပြတ် ၀င်နေသည့် မြန်မာပြည်တွင် ဟိုတယ် လုံလောက်ခြင်း မရှိ၊ ဟိုတယ် အခန်း ငှားခ အဆက်မပြတ် တက်နေသည် စသည့် သတင်းစကားများကို ကြားကြရမည်ဖြစ်သည်။

ဟိုတယ်၊ မိုတယ်များတွင်သာ နိုင်ငံခြားဧည့် လက်ခံနိုင်ပြီး တည်းခိုခန်းများတွင် လက်ခံခြင်း မပြုရန် အစိုးရက ကန့်သတ်ထားဆဲဖြစ်သည်။

ထိုကန့်သတ်ချက်ကို ဖျက်သိမ်းခြင်း၊ လူနေအိမ်များတွင် နိုင်ငံခြားဧည့် တည်းခိုခွင့်ပြုခြင်း စသည်တို့ကို အာဏာပိုင်တို့က ဆောင်ရွက်ပေးပါက ဘုန်းကြီးကျောင်းများ ဟိုတယ်အဖြစ် ဘ၀ပြောင်းသွားခြင်းရန်မှ ကာကွယ်နိုင်မည် ဖြစ်သည်။

ဟိုတယ်သည် ၀န်ဆောင်မှုလုပ်ငန်း ဖြစ်ပြီး ဘုန်းကြီးကျောင်းများသည် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ် ထားသည့် ဌာန၊ အဆောက်အအုံ ဖြစ်သည်။

ပြည်တွင်းဧည့်များ ဘုန်းကြီးကျောင်းတွင် တည်းခိုသည်မှာ မြန်မာပြည်အနှံ့ တွေ့ရ သည့် မြင်ကွင်း များ ဖြစ်သည်။

သို့သော်လည်း ယဉ်ကျေးမှုမတူသော ပြည်ပဧည့်များ ဘုန်းကြီးကျောင်းတွင် တည်းခိုပါက ယဉ်ကျေးမှု၊ ဝန်ဆောင်မှု၊ ငွေကြေးကိစ္စတို့နှင့် ပတ်သက်ပြီး ပြဿနာသစ်များ သေချာပေါက် ပေါ်ထွက်လာဖွယ်ရှိသည်။

ပြည်ပဧည့်များကို ညောင်ရွှေရှိ ဘုန်းကြီးကျောင်းသို့ ပို့မည့်အစား ထိုဒေသရှိ လူနေအိမ်များသို့ ပို့ခြင်း မပြုရသည့်အကြောင်းရင်းကို မသိရသေးချေ။

နိုင်ငံအများအပြားတွင် ခွင့်ပြုသကဲ့သို့ လူနေအိမ်တို့တွင် နိုင်ငံခြားဧည့် တည်းခိုခွင့်ပြုရေး အစီအစဉ်ကို လွှတ်တော်တွင် မကြာမီ ဆွေးနွေးလာကြဖွယ်ရှိသည်။

Credit : Here

ပြည်သူတွေ ပြင်ပြင်၊ ရှင်ဘုရင်တွေ ပြောင်းပြောင်း (ဟံသာဝတီ ဦးဝင်းတင်)


နိုင်ငံခြားသတင်းဌာန တစ်ခုလာတဲ့သတင်း ဖတ်လိုက်ရတယ်။ အလိုလေး သတင်းကောင်း ကြီးပါကလား။ သတင်းက ဒီလိုဗျ။ ဖင်လန်နိုင်ငံရောက် ကျုပ်တို့ သမ္မတကြီးဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့တဲ့ စကားဗျ။ ဘာတဲ့။ အဲ....အဲ။ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ လွှတ်တော်အတွင်း တပ်မတော်ပါဝင်မှု အခန်းကဏ္ဍ ကို လျော့ချသွားတော့မယ် ဆိုပါကလား။ သမ္မတနှယ်ဗျာ။ ပြောစရာနေရာရှားရော့လား။ ဖင်လန်နိုင်ငံမှ သွားပြောရတယ်လို့။ နေပြည်တော်မှာ မပြောချင်နေ။ ရန်ကုန်ရောက်တုန်း ပြောပါတော့ လား။ ချင်းတောင်ရောက်တုန်း ပြောပါတော့လား။ ဖင်လန်ဆိုတဲ့ နိုင်ငံမှာမှ သွားပြောရလား။ အနံ့၊ အရသာနဲ့ ပြည်စုံတဲ့ တပ်မတော်သတင်းကို အန်ချင်စရာ လုပ်တာ များလားဗျာ။ ` ဒါပေမယ့်… သမ္မတကြီးက ပြောတယ်ဗျ။ လာမယ်ကြာမယ်တဲ့။ ဒီနေ့လွှတ်တော်အတွင်းမှာ တပ်မတော် က အစိတ်သားကြီး (အဲလေယောင်လို့) ၂၅ ရာခိုင်နှုန်းကြီးများတောင် ပါနေပါတယ်။ ပါချင်လို့ပါနေတာ မဟုတ်ပါဘူး။

တိုင်းပြည်ရဲ့အနာဂတ်ကို ပုံပေါ်ဖို့အတွက် လွှတ်တော်ထဲ ရောက်နေတာပါတဲ့။ လက်တလောတော့ လျှော့ ချလို့ မဖြစ်နိုင်ပါဘူးတဲ့။ ၂၀၁၅ နောက်ပိုင်းမှာတော့ ဂုဏ်သိက္ခာရှိ စွာ လျော့ချနိုင်မှာပါတဲ့။ သမ္မတကြီးက အခြေခံ ဥပဒေကြီးပြောင်းဖို့တော့ အတော်ပြောတဲ့လူဗျာ။

ပြည်သူ့လွှတ်တော်ကြီးကို သဝဏ်လွှာတစ်စောင် ပေးပို့ဖူးတယ်။ လွှတ်တော်ဟာ လွတ်လပ်တဲ့ အဖွဲ့စည်း ပဲတဲ့။ အခြေခံဥပဒေကို ပြင်ပါလားတဲ့။

အဲဒီတုန်းက သူပြောတာက လွှတ်တော်ကြီး အခြေခံဥပဒေ ပြင်ပေါ့ဗျာတဲ့။ ဖင်လန်မှာပြောတဲ့ စကား မှာ တော့ အခြေခံ ဥပဒေပြင်ရေး မပါရေးချ မပါဗျ။

အခြေခံဥပဒေ မပြင်မပြောင်းဘဲနဲ့ ဘယ်လိုများ ‘အပ်ချလောင်း’ မလို့လဲဗျာတို့။ အခြေခံဥပဒေပုဒ်မ ၁၀၉ (ခ) မှာက ‘၁၁၀ ထက်မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ’ ရယ် လို့ ပြောင်း တတ်ပြီး ရေးသွင်းထားတာလေဗျာ။

ပုဒ်မ ၁၄၀ (ခ) မှာက ‘အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး’ လို့ ရှင်းထင်းကြီး ရေသွင်းထား တာလေဗျာ။ ဘာတွေပြောပြောဗျာ။ ကျုပ်ကတော့ သမ္မတကြီးပြောတာကို ယုံတယ်။

ရွှေလည်တိုင်ဖော့ရိုး ကျိုးခါမှ ကျိုးရော့။ ကျုပ်ကတော့ ၂၀၁၅ အလွန်ကို မျှော်တယ်။ ဘာရယ်မဟုတ်ပါဘူး။ ကျုပ်တစ်ယောက်တည်း အိုကြောင်ဖြစ်လာသလား မသိပါဘူးဗျာ။

ယုံတယ်....မျှော်တယ်ဆိုတဲ့စကားတွေကိုပဲ ဂါထာမန္တန်ရွတ်သလို တတွတ်တွတ် ရွတ်နေမိတယ်။ ကျုပ် အိမ်နီးချင်း သူငယ်ချင်းက နားငြီးလို့ လာငေါက်မှပဲ မန္တန်ရွတ်ရပ်တော့တယ်။

သူမေးတာနဲ့ ကျုပ်က ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။ သူက မင်းနှယ်ကွာ မကြီးမငယ် တောမျှော်-   တောင်မျှော် လုပ်နေရတယ်လို့။

မင်းတို့ ဒီချုပ်ညီလာခံကြီးက တေမိလုပ်နေမှာလားကွ။ ၂၀၀၈ က ဒီချုပ် ထုတ်ခဲ့တဲ့ အခြေခံဥပဒေပြင် ၁၂ ချက်လို ကိစ္စမျိုးက အသံထွက်လာမှာပေါ့ကွာ။

ဒီချုပ်ကြားဖြတ်ရွေးကောက်ပွဲဝင်တုန်းက ထုတ်ခဲ့တဲ့ကြေညာချက်ထဲက အခြေခံဥပဒေပြင်ဆင်ရေးလို ကိစ္စမျိုးကလည်း အသံဟိန်းလာမှာပေါ့ကွလို့ ပြောတယ်။

ဒီတော့မှ ကျုပ်လည်း မေ့ရာကလန့်နိုးသလို အမောတကြီးပြောမိတယ်။ အေး ဟုတ်တာပေါ့။ အခြေခံ ပြင် ဆင်ရေး လူထုလှုပ်ရှားမှုတွေက အခုအချိန်လောက် ကတည်းက စ ကြရမှာပေါ့။

၂၀၁၅ လွန်အထိ ဘယ်စောင့်နေနိုင် လိမ့်မတုံး။ အခြေခံ ဥပေဒေပြင်ရေး လူထုရှင်းပွဲတွေ၊ ဟော ပွဲတွေ၊ တောင်းပွဲတွေ ပေါင်းလန်အောင် လုပ်ကြရမှာပေါ့။

ဟုတ်တယ်ဗျ။ ဒီချုပ် ဗဟိုညီလာခံလိုမျိုးက အခြေခံဥပဒေပြင်ဆင်ရေး စီမံချက်တွေရေးဆွဲ၊ အောက်ခြေ ဒီချုပ်အဖွဲ့အစည်းတွေက လူထုကိုရှင်းလင်းနဲ့ပါတီ ပြည်သူ့ကြည်ဖြူ လက်တွဲကြမယ် ဆိုရင် ပြည်သူ့ လိုအင် ဆန္ဒကြီးအကောင်အထည်ပေါ်လာရမှာ မုချပေါ့ဗျာ။ ကျုပ်ကတော့ မေ့တေ့တေ့ပဲ။

ဟိုစကားပုံ ကြားဖူးရဲ့မဟုတ်လား။

ဘာတဲ့။ ပြည်သူပြင်ရင် အာဏာရှင်ပြောင်းဆိုတဲ့ စကားလေ။

ကိုင်း.....ကိုင်း.....သံပြိုင်ဟစ်လိုက်ကြစမ်း။

ပြည်သူတွေ ပြင်ပြင်

ရှင်ဘုရင်တွေ ပြောင်းပြောင်း

ကဲ....နောက်တစ်ကျော့.....။

ပြည်သူတွေ ပြင်ပြင်

ရှင်ဘုရင်တွေ ပြောင်းပြောင်း။ ။

ဟံသာဝတီ ဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ အတွဲ(၂)၊ အမှတ်(၁၀)။ ။

Credit : Here

ကျပ်သိန်း တထောင်အောက် မာစီဒီး


ဂျာမနီ Daimler AG က ထုတ်တဲ့ မာစီဒီးကားတွေကို မြန်မာပြည်မှာ တော်တော်များများ တွေ့မြင်နေရပါပြီ။ ၂၀၀၄ ကနေ ၂၀၁၁ ကြား မော်ဒယ်တွေဖြစ်တဲ့ အတွက် မြန်မာပြည်နဲ့လည်း သင့်တော်ပါတယ်။

ကားစလစ်နဲ့ ဝယ်သူတွေဆိုရင် ၂၀၀၇ အောက် ရွေးချယ်နိုင်ပြီး သာမန်သွားရိုးတိုင်း ဖြစ်တဲ့ အတွက် သိန်း ၈၀၀၊ ၉၀၀ ဝန်းကျင်ပဲ ဖြစ်ပါတယ်။ အရွေးကောင်းလို့ ခပ်မိုက်မိုက်မှကြိုက်တယ်ဆိုရင် သိန်း ၁,၀၀ဝ ဝန်းကျင် ကုန်ကျပါမယ်။

ဒီလိုမဟုတ်ပဲ ၂၀၀၇ အထက် ဝယ်ယူမယ် ဆိုရင်တော့ အခွန်ပိုဆောင်ရပါမယ်။

အင်ဂျင်ပါဝါကလည်း ၃,၅၀၀ စီစီ ဖြစ်တဲ့အတွက် မြန်မာပြည်အရောက် တွက်ကြည့်လိုက်ရင် သိန်း ၁,၀၀ဝ် ဝန်းကျင်လောက် ရောက်သွားမှာ ဖြစ်ပါတယ်။ သိန်း ၁၅၀၀ ရှိရင်တော့ Mercedes-Benz CLS Class ကောင်းကောင်းတစ်စီး ရနိုင်ပါတယ်။ ကားဈေးက အမြဲကျနေတဲ့အတွက် ပုံသေတော့ ပြောလို့ မရပါဘူး။

ဂျာမနီထုတ် ဆိုပေမယ့် ကားဒီဇိုင်းဆွဲသူကတော့ Maybach 57 , 67 တို့လို နာမည်ကြီး ဇိမ်ခံကားများ ဒီဇိုင်းဆွဲသူ ဖြစ်ပါတယ်။ ဒီတော့ ဇိမ်ခံကားလည်း ဖြစ်ရမယ့် ဈေးကလည်း Mayback လို အရမ်းကြီး မနေရဘူး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၃ မှာ စတင်မိတ်ဆက်ပြီး ၂၀၀၄ မော်ဒယ်ကနေ စတင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၂၀၁၁ အထက်ကိုတော့ ဒုတိယမျိုးဆက်အဖြစ် ဆက်လက် ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။

CLS နာမည်အောက်မှာကိုမှ ၉ မျိုး ကွဲနေပါတယ်။ CLS 350 စီးရီးကတော့ လူကြိုက်များတဲ့ အမျိုးအစား ဖြစ်ပါတယ်။ အားလုံး လုပ်ဆောင်ချက်က သိပ်တော့ မကွာပါဘူး။ Top speed က တစ်နာရီ ၁၅၅ မိုင် ဝန်းကျင်ချည်း ဖြစ်ပါတယ်။ ဒီဇယ်အင်ဂျင် ၃,၀၀၀ စီစီ အမျိုးအစား V6 လည်းထုတ်သလို၊ ဓာတ်ဆီ ဗားရှင်းများလည်း ရှိပါတယ်။ ၃,၅၀၀ စီစီ M272 V6 အမည်ရ မာစီဒီးဖြစ် အင်ဂျင်များကို CLS 350 မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ CLS ကို W219 လို့လည်း လူသိများပါတယ်။ ဒါက ၂၀၀၄ ကနေ ၂၀၁၁ ကြားအတွက် သီးသန့်ခေါ်တဲ့ နာမည် ဖြစ်ပါတယ်။ အော်တို ဂီယာ ၇ ချက်ထိုး၊ ၅ ချက်ထိုး နှစ်မျိုးလုံး ထုတ်လုပ်ထားပါတယ်။



ဇိမ်ခံကားဖြစ်တဲ့အတွက် သူအသားပေးတဲ့အပိုင်းက Safety ဖြစ်ပါတယ်။ လေအိတ်စနစ်ပါရှိပြီး Pre-Safe System လို့ခေါ်တဲ့ အော်တိုစနစ်လည်း ပါဝင်ပါတယ်။ သူက ကားအက်ဆီးဒင့် ဖြစ်ခါနီးကျရင် ပွင့်နေတဲ့ Sun Roof ကို ပိတ်ပေးမယ်၊ လေအိတ်စနစ်ကို အလုပ် လုပ်စေမယ်၊ ရှေ့ ခန်း၊ နောက်ခန်းခုံများကိုလည်း အက်ဆီးဒင့်ဖြစ်တဲ့အခါ ထိခိုက်မှု အနည်းနိုင်ဆုံး Position ကို ပြောင်းပေးမှာ ဖြစ်ပါတယ်။

ပိတ်ထားတဲ့ ကားခါးပတ်လည်း ပိုတင်းသွား ပါမယ်။Emergency ဘရိတ် စနစ်ကလည်း အလိုအလျောက် အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒီလို အဆင့်မြင့် Pre Safe system ကို ၂၀၀၂ ခုနှစ်က စတင် မိတ်ဆက်ပြီး မာစီဒီး ဇိမ်ခံဆလွန်း တော်တော်များများမှာ အသုံးပြုလျက်ရှိပါတယ်။

GPS, Navigation, COMAND control system, Surround အော်ဒီယို စနစ် စတဲ့ အီလက်ထရွန်နစ် ပစ္စည်းများလည်း ပါဝင်ပါတယ်။ ပါဝါဝင်းဒိုး၊ ပါဝါမှန်၊ မိုးရေအာရုံခံ မှန်သုတ်ဝိုက်ပါ အပြင် အပူချိန်တိုင်းကိရိယာ အစရှိသဖြင့် ခေတ်မီဇိမ်ခံကားများရဲ့  Features များ စုံစုံလင်လင် ပါရှိပါတယ်။



ပေါ့ပြီး သန်မာတဲ့ ၁၈ လက်မ၊ ၁၉ လက်မ အလွိုင်းဝီးများကို အသုံးပြုပါတယ်။

အတိုင်းအတာအားဖြင့် အရှည် ၁၉၃ လက်မ၊ အကျယ် ၇၃.၇ လက်မ၊ အမြင့် ၅၅.၇ လက်မ ကိုယ်စီ အတိုင်းရှိတဲ့ ကားဖြစ်ပါတယ်။ တံခါး လေးပေါက် ဇိမ်ခံကား ဖြစ်ပြီး ဟိုင်းဝေးသွားဖို့လည်း အဆင်ပြေတဲ့ ကားဖြစ်ပါတယ်။

Mercedes Benz CLS ကို တနှစ် အစီး ၃,၀၀၀ ပဲ ထုတ်လုပ်ပါတယ်။ မူရင်းရောင်းဈေး အမေရိကန် ဒေါ်လာ ခြောက်သောင်း ဝန်းကျင်ဖြစ်ပြီး ၂၀၁၂ မော်ဒယ်များကတော့ ဒေါ်လာ တသိန်း ဝန်းကျင်လောက်ထိ ဈေးမြောက်သွားပါတယ်။

မြန်မာပြည်အတွက်ကတော့ ဂျပန်လေလံကနေ အလွယ်တကူ ဝယ်နိုင်သလို၊ အေးဂျင့်ကဆင့်လည်း မှာယူနိုင်ကြောင်း သိရပါတယ်။

Credit : Here

နာမည်လူသိ များလာသော နိုင်ငံရေး အကျိုးအမြတ်အပြင် ငွေကြေး အကျိုးအမြတ်အတွက် ပါဝင်ပတ်သက်မှုများ ရှိနေ


ဆန္ဒထုတ်ဖော်မှု အချို့တွင် ကြားမှ အားပေး ဦးဆောင်သူ အချို့က နာမည် လူသိ များ လာသော နိုင်ငံရေး အကျိုးအမြတ်အပြင် ငွေကြေး အကျိုးအမြတ် အတွက် ပါဝင်ပတ်သက်မှု များ ရှိနေကြောင်း ကိုယ်တွေ့ ကြုံတွေ့သူများက ပြော သည်။ ဆန္ဒပြပွဲများအား စီစဉ်ပေးမည်ဟု ဆိုကာ လယ်သမားများထံ မှ ငွေကြေး တောင်းခံသူများ လည်း ရှိကြောင်း ဆန္ဒပြ ခဲ့ကြသည့် လယ်သမား များက ပြောသည်။ ယင်းအပြင် ငွေကြေး တတ်နိုင် သူ များက ၄င်းတို့အကျိုးအတွက် နေ့စားခပေး ကာ ခေါ်ဆောင်လာမှု များ လည်း ရှိသည်။

ဆန္ဒပြပွဲများတွင် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ် လာရခြင်းသည် လှုံ့ဆော်သူ များကြောင့် သာမက အစိုးရ ဘက်မှ စေ့စပ် ညှိနှိုင်းသူများ ကြောင့်လည်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ဆိုသည်။ နစ်နာသူ များ၏ တောင်းဆိုမှုများကို ပေါက်ကွဲမှုများ မဖြစ်ပေါ်မီ အထိ ဂရုတစိုက် ပြုလုပ်လေ့ မရှိခြင်း ၊ စေ့စပ်ညှိနှိုင်း မှု များတွင်လည်း မောက်မာစွာ ဆက်ဆံခြင်း စသည့် အစိုးရအောက်ခြေ ဝန်ထမ်းများ ၏ လုပ်ရပ်များ က လည်း ပဋိပက္ခအရှိန်ကို မြင့်မားစေခဲ့သည်။

မတ်လ ၇ ရက်နေ့ထုတ် 7 Day သတင်းဂျာနယ်ပါ ဆောင်းပါးရှင် အောင်ခိုင်၊ ရန်မျိုးနိုင်၊ ထွန်းခိုင်တို့ ပူးပေါင်းရေးသားသည့်“ဆန္ဒထုတ်ဖော်မှု အချို့ နောက်ကွယ်၌ ခေါင်းစဉ်ပေးထားသော” သတင်းဆောင်းပါး မှ ကောက်နုတ်ချက်

The Voice Weekly

Credit : Here

တသက်လုံး ဒေါ်စုကို ချီးမွမ်းရေးသားခဲ့သော ဗြိတိန်မှ သတင်းစာများ ဒေါ်စုကို ဝေဖန် အပြစ်တင်ရေးသားမှုများ စတင် လုပ်ဆောင်လာ


ကော်မရှင် အစီရင်ခံစာထွက် ပြီးသည်.နောက် တနိုင်ငံလုံးကပြည်သူတွေက သူမကို အလွန်ဒေါသ ထွက်စိတ် ဆိုးနေတဲ.အရှိန် ထိုးတက်လာခဲ.တာ မြန်မာ.ဒီမိုကရေစီခေါင်းဆောင် ဒေါ်စု ခု သိသွားပါပြီ။

သူမ ကြီးမှုးတဲ. ကော်မရှင်အဖွဲ.ဟာ ဆန္ဒပြသူအများအပြားကို ထိခိုက် ဒဏ်ရာရအောင်လုပ်ခဲ.သူတွေကို အရေးယူပေးဖို.ပျက်ကွက်တဲ.အပြင်၊ လူတွေအကြီးအကျယ် ကန်.ကွက်တဲ. တစ် ဘီလီယံတန်ဘိုး ရှိ မုံရွာ ကြေးနီတောင် စီမံကိန်းကို ဆက်ခွင်.ပြုရမယ်လို. တိုက်တွန်းခဲ.တာဖြစ်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ.၀င်တွေက မီးသတ် ကားရေပန်းတွေ မီးလောင်ဗုံးတွေ သုံးပြီး အကြမ်းဖက်ဖြိုခွဲခဲ.အပြီးမှာ ဒေါ်အောင်ဆန်းစုကြည် ကြီးမှုး တဲ. ကော်မရှင် တစ်ရပ်ကို ဖွဲ.ခဲ.တာဖြစ်ပါတယ်။

ဒီကြေးနီမိုင်းဟာ ရန်ကုန်နဲ. မိုင်ပေါင်း ၄၅၀ ကွာဝေးပြီး မြန်မာတနိုင်ငံလုံးမှာ အကြီးဆုံး သတ္တုမိုင်းဖြ စ်ပါတယ်။

အရေးယူဖို. တလုံးမှ မဆိုထားတဲ. ကော်မရှင်ကပဲ ဒီမိုင်းလုပ်ငန်းကို ဆက်လက်ခွင်.ပြုလုပ်ဆောင် ရမယ် လို. အကြုံ့ပြုခဲ.တာမို. ဒီအချက်က ထင်းထင်းကြီးဖြစ်နေပါတယ်။

အစီရင်ခံစာက မိုင်းလုပ်ငန်းကြောင်. သဘာဝဘေးအန္တရာယ် ခြိမ်းခြောက်မှု ရှိကောင်း ရှိနိုင် မယ်လို. ခန်.မှန်း ထားပေမဲ. တဖက်မှာလည်း ဒေသခံတွေ အတွက်အလုပ်အကိုင် အခွင်.အလန်း တွေ ရရှိ နိုင်ကြောင်း၊ ချွေးသိပ်ပြခဲ.ပါတယ်။

ဒီ.အပြင်၊ မဟာဗျူဟာမြောက်တရုပ် နိုင်ငံကြီးနဲ. သင်.မြတ်ဖို.လိုတယ်ဆိုတဲ.အချက်ကို အခြေခံပြီး လုပ်ငန်း ရပ်လိုက်ရင် တရုပ်နဲ.တင်းမာမှု ဖြစ်မှာ။ မရပ်သင်.၊ မဖြစ်သင်.လို.ဆိုတဲ. ဆင်ခြေပေးခဲ.တာမျိုးဖြစ်ပါတယ်။ အစီရင်ခံစာ က မြေယာ ဆုံးရှုံးတဲ. တောင်သူလယ်သမားတွေကို နစ်နာကြေးရော်ကြေးပေး သင်.ကြောင်း တင်ပြခဲ.ပါသေးတယ်။

ဆန္ဒပြခဲ.သူတွေကတော. ဒေါသတကြီးနှင်.ဒီအစီရင်ခံစာကို တုန်.ပြန်ကြပါတယ်။ အထက်မြန်မာပြည် ကရှေ.နေ ကိုသိန်းသန်းဦးက ဧရာဝတီသတင်းဌာနကို ဤသို.ဆိုပါတယ်။

--ကော်မရှင်ရဲ.အဖြေက လုံးလုံး မလုံလောက်ဘူးဗျ၊ ကော်မရှင်.၏တွေ.ရှိချက်တွေအပေါ်ကျန်ာတို. သွားအားကိုးနေလို.မရတော.ဘူး။ သူတို.က ဆန္ဒပြသူတေါက ဥပဒေကိုချိုးဖေါက်တယ်တဲ.။ ကဲ-ဒါဆို ရဲ ကရော ဥပဒေမချိုးဖေါက်လို.လား။ အစိုးရက နှစ်ဖက်စလုံးကို သေသေချာချာ စုံစမ်းစစ်ဆေးပြိး ထိုက်သင်. သလို ပြစ်ဒဏ်ပေးသင်.တယ်--

အကြမ်းဖက်နှိမ်နင်းတဲ.ညက ဆန္ဒပြသူတွေထဲက တဦးဖြစ်တဲ. သံဃာ ဦးဇာဝနက တော. ဒေါ်အောင်ဆန်း စုကြည် အနေဖြင်. အောက်ခြေကလူတန်းစားတွေ ဘယ်လို ဒုက္ခရောက်နေ တယ်ဆို တာ သိဖို. မျက်စေ. ဖွင်.ကြည်.သင်.ကြောင်း၊ ဒေသခံလယ်ယာတောင်သူများအနေနဲ.ကော်မရှင် ၏တွေ. ရှိချက်တွေဟာ လုံးလုံးလက်ခံနိုင်စရာမရှိကြောင်း ပြောခဲ.ပါတယ်။

-- ဦးဇင်း မနက်ဖန်ကျရင် ဒေသခံ တွေနဲ. ဘာဆက်လုပ်သင်.သလဲဆိုတာ သွားတွေ.ဆွေးနွေးကြည်. ပါဦးမယ်။ ဦးဇင်းတို.ဒေသခံတွေကတော. ဆက် ဆန္ဒပြရမှာပါပဲ--လို. မိန်.ဆိုခဲ.ပါတယ်

From:MEG

Credit : Here

ကြားဖြတ် လက်ပံတောင်း သတင်း


ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းသို့ ရောက်ရှိနေသည်။

လက်ပံတောင်းတွင် နောက်ကွယ်မှ သွေးထိုးသူများ အစုံအလင် ရောက်ရှိကာ ကလေးများ စတင်ပြီး ဆန္ဒပြ လျှက် ရှိကြောင်း သိရသည်။

မင်းကိုနိုင်၊ ကိုကိုကြီး၊ နေမျိုးဇင်တို့ ခေါင်းရှောင်နေပြီး ၈၈ အချို့နှင့် ဗကသများ ဦးဆောင်လှုပ်ရှားလျှက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများကို ဖျက်ဆီးခြင်း၊ သံပုံးများတီး၍ ကြွေးကြော်သံများ အော်ဟစ်ခြင်း တို့ကိုလည်း ပြုလုပ်လျှက် ရှိသည်။

ထို့ပြင် ဆယ်တန်းစာမေးပွဲကာလအတွင်း ရန်ကုန်တွင် ဆူပူအုံကြွမှုများ ပြုလုပ်ရန် စီစဉ်သူများက စီစဉ်နေ သကဲ့သို့ လှည်းတန်းတစ်ဝိုက်တွင် စုရုံး ဆူပူရန်လည်း သွေးထိုးလျှက် ရှိသည်။

Credit : Here

BBC သွေးထိုးနေသည်၊ ခွန်ဒီးယမ်း မီးရှို့နေသည်


ယခုလပိုင်း အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်များ ပြောင်းလဲပြီးနောက် BBC အနေဖြင့် အန် အယ်လ်ဒီကို လူထုထောက်ခံသေးရဲ့လား ခေါင်းစဉ် အပါအ၀င် အန်အယ်လ်ဒီကို တိုက်ခိုက်သည့် သတင်း များ ဖော်ပြခဲ့သည်။ ထို့ပြင် မအူပင် ကိစ္စတွင် ရဲတပ်ဖွဲ့ဝင်များ သေဆုံး ဒဏ်ရာ ရရှိမှုကို လုံးဝ ဖော်ပြခြင်း မရှိဘဲ ပြည်သူများအကြား မကျေနပ် ဆူပူမှုများ ဖြစ်စေရန် အကွက်ချ လုပ်ဆောင်လျှက် ရှိသည်။

ယခုတစ်ဖန် ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားကို လိုသလို အသုံးချ၍ လက်ပံတောင်း ပြည်သူ များနှင့် ဒေါ်ေ အာင်ဆန်းစုကြည်အကြား နားလည်မှုလွဲမှားစေရန် ရန်တိုက်ပေးခဲ့သည်။ ဘီဘီစီနှင့် အတူ ယခင် အချိန်က အမေဟု တစ်ဖွဖွ အော်ခဲ့သည့် The Ladies ဂျာနယ်မှ ဒေါ်မေဇင်အေး (ခေါ်) ခွန်ဒီးယမ်း သည် လည်း ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအား ဘောပင်ဖြင့်ဆွဲ၊ မြေကြီးပေါ် ချနင်းသည့် ပုံများတင်ကာ အပုပ် ချ စာသား များ ဖော်ပြလျှက် ရှိသည်။

တစ်နိုင်ငံလုံးတွင် ဆူပူမှုများ ဖြစ်ပေါ်စေရန် အတွက် ယခုအချိန်တွင် BBC သွေးထိုးနေသည်၊ ခွန်ဒီးယမ်း မီးရှို့နေ သည်။

Credit : Here

သပိတ်စခန်းဖြိုခွဲမှုမှာ ဖော့စ်ဖရပ်စ် ဗုံး အသုံးပြုခဲ့မှု အမေရိကန်အစိုးရ ဆန့်ကျင်

လက်ပန်းတောင်းတောင် သပိတ်စခန်းတွေဖြိုခွဲမှုမှာ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မီးစုန်းဓာတ် လို့ခေါ်တဲ့ ဖော့စ်ဖရပ်စ်ဓာတ်ပါတဲ့ဗုံးတွေ အသုံးပြုခဲ့တဲ့အပေါ် အမေရိကန် အစိုးရအနေနဲ့ ဆန့်ကျင် တယ်လို့ ပြောဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ မစ္စ ဗစ်တိုးရီးယားနူလန်က မနေ့ ကပြောလိုက်တာပါ။

မြန်မာအစိုးရအနေနဲ့ ဆန္ဒပြပွဲတွေ လူစုခွဲတဲ့အခါမှာလဲ အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံဖို့၊ ဖော့စ်ဖရပ်စ် ဓာတ်ဟာ လူကိုပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်တဲ့အတွက် ဒီလိုလက်နက်သုံးပြီး ဖြေရှင်းတာထက် အခြားပိုမိုသင့်တော်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့  မြန်မာအစိုးရကို တိုက်တွန်းတယ်လို့လည်း မစ္စ ဗစ်တိုးရီးယားနူလန်က ပြောဆိုလိုက်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့  မြန်မာနဲ ဆက်ဆံရေးမှာ တိုးတက်ပြောင်းလဲမှုတွေအပေါ်မူတည်ပြီး အဆင့်ချင်း မှာ တူညီတဲ့တုန့်ပြန်မှု ဆောင်ရွက်သွားမှာဖြစ်သလို၊ လွတ်လပ်စွာ စုဝေးစည်းရုံးခွင့်ကိစ္စတွေ၊ ရဲတပ်ဖွဲ့ တွေရဲ့ ဆောင်ရွက်ချက်မျှတဖို့ ကိစ္စတွေလို လူ့ အခွင့်အရေးကိစ္စတွေမှာ ဆွေးနွေးမှုတွေ ဆက်လက်ပြု လုပ်နေတယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။

Credit : Here

နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးမည်ဟု နိုင်ငံတော်သမ္မတပြောကြား

ယခုနှစ် ဧပြီလမှ စတင်သုံးစွဲမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင်ကာ နိုင်ငံ့ဝန်ထမ်းများအား လစာ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မတ်လ ၁၂ ရက်က ပြုလုပ်သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားသည်။

''ပြည်ထောင်စု အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများနဲ့ တပ်မတော်ဝန်ထမ်းများရဲ့ လစာ၊ စရိတ်ခံစားခွင့်တွေ ကိုခေတ်နဲ့ လျော်ညီမှုရှိစေရန် တိုးမြှင့်ပေးနိုင်ရေးနှင့် လက်ရှိခံစားခွင့်ပြုထားသော အပိုထောက် ပံ့ကြေးနှင့် ဝေးလံခေါင်သီဒေသရှိ ၀န်ထမ်းများအတွက် ဒေသစရိတ်တို့ကိုလည်း ဆက်လက်ခံစား ခွင့်ပြုနိုင်ရေး အတွက် ထည့်သွင်းလျာထားပါတယ်''ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထိုသို့ လစာငွေများ တိုးမြှင့်ပေးရာတွင် ၀န်ထမ်းအသုံးစရိတ်အား ယခင်နှစ်များ အသုံးစရိတ်များထက် ကျပ် ငွေ၈၃၅ ဘီလီယံ ပိုမိုကျခံသုံးစွဲသွားမည် ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ကြောင်း ပထမအကြိမ် ဆဋ္ဌမပုံမှန်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပေးပို့သော နိုင်ငံတော်သမ္မတ ၏ နှစ်သစ်ကူးသ၀ဏ်လွှာတွင် ဖော်ပြထားသည်။

7Day News Journal

Credit : Here

ဒေါ်အောင်ဆန်းစုကြည် ကို လက်ပန်တောင်းမြေက လက်မခံ


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊လက်ပန်တောင်းတောင်သပိတ် စခန်းနဲ့အခြား သပိတ်စခန်းတွေက ဒေသခံပြည် သူတွေဟာ ဒီနေ့မှာ လာရောက်တွေ့ဆုံမယ့်ေ ဒ်ါအောင်ဆန်းစုကြည်ကို လက်ခံကြိုဆိုမည် မဟုတ်ကြောင်း သတင်းရရှိပါတယ်။လတ်တလော ထုတ်ပြန်လိုက်တဲ့ လက်ပန်တောင်း အစီရင်ခံစာ ကို ဒေသခံတွေက မနှစ်သက်တဲ့အတွက် အခုလို ဆန့်ကျင်လိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးခေတ်

Credit : Here

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာကို ဒေသခံများ မကျေနပ်လျှင် ဥပဒေဘောင်အတွင်းက ဆက်လက်တောင်း ဆိုရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား


လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထုတ်ပြန် လိုက်သော အစီရင်ခံစာကိုမကျေနပ်လျှင် ဥပဒေဘောင်အတွင်းမှ ဆက်လက် တောင်းဆို သွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြည်သူ့ လွှတ်တော် နားချိန်တွင် လက်ပံတောင်းတောင်အရေး ဆောင်ရွက်ပေးနေသူ ကိုဟန်ဝင်းအောင်၏ ဆက် သွယ်မေးမြန်း ချက်ကို ပြန်လည်ဖြေကြားကြောင်း သိရသည်။

ယင်း အစီရင်ခံစာပါ ပုဒ်မ ၁၄၄ကို ဆက်လက်ထုတ်ထားသင့် သည် ဟူသောအချက်နှင့် လက် ပံတောင်းတောင် စီမံကိန်းကို ဆက်လက်လုပ် ဆောင် သင့်သည်ဆိုသော စုံစမ်း စစ်ဆေးရေး ကော်မရှင် ၏ ဆုံးဖြတ်ချက်ကို ဒေသခံပြည်သူလူထုက လက် မခံနိုင်ဖြစ်နေပြီး သပိတ်စခန်း များကို ရုပ်သိမ်းရ န်အစီအစဉ် မရှိဘဲ ရှေ့ဆက်လုပ်ဆောင်မည့်ကိစ္စရပ်များကို ရွာ ၁၄ရွာမှ ခေါင်းဆောင်များနှင့် တိုင်ပင် လျက် ရှိကြောင်း ကိုဟန်ဝင်းအောင် က မြန်မာ့ခေတ် သို့ပြောကြားသည်။ “ဒေါ်အောင်ဆန်းစုကြည် က ကျွန်မတို့က အချက်အလက်ရှာတာ တရားခံရှာဖို့မှ မဟုတ်တာလို့ သတင်းထောက်တွေ မေးတာ ကို ပြန်ဖြေထားတာ ကျွန်တော်အင်တာနက်မှာတွေ့ရတယ်။

သူ ပြောချင်တာက သူ့တာဝန်က ၂၀၁၂ ဒီဇင်ဘာ ၃ရက်နေ့ကနေ မနေ့က အစီရင်ခံစာတင်တဲ့ အထိပဲ လို့ ပြောချင်တာပါ။ ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုတွေအပေါ် ထားတဲ့ စိတ်စေတနာကို နားလည်ပါ တယ်။စုံစမ်းစစ်ဆေးရေး ဥက္ကဋ္ဌ တာဝန်ယူထားရပေမယ့် ကော်မရှင်မှာက တခြားလူတွေ ကလည်း ပါသေးတယ်လေ။ အစီရင်ခံစာ အဖြေကို ဒေသခံတွေဘက်ကတော့ လုံးဝလက်မခံနိုင်ပါဘူး” ဟု ကိုဟန်ဝင်းအောင်က ပြောကြားသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်လိုက်သော အဖြေမှာ စီမံကိန်းကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း ဆုံးဖြတ်လိုက် ခြင်းသည် ဒေသခံများ၏ စိတ်ဆန္ဒကို လျစ်လျူရှုပြီး ဦးပိုင်နှင့် ဝမ်ပေါင်ကို စိတ်ကြိုက်ကြေးနီများ ထုတ်လုပ်ခွင့်ပေးလိုက်ခြင်း ဖြစ်ပြီး ထိုကိစ္စကို မကျေနပ် သော ဒေသခံလူထုမှ ဦးပိုင်နှင့် ၀မ်ပေါင်ကို ဘာမှမလုပ်နိုင်ရန် ပုဒ်မ ၁၄၄ကိုထုတ်ပြန်ကာ ဦးပိုင်နှင့်ဝမ်ပေါင် ဘက်မှကာကွယ်ပေးလိုက်သော ဆုံးဖြတ်ချက် ဖြစ်သဖြင့် ဒေသခံလူထုဘက်မှ မကျေနပ် မှု မြင့်တက်လျက် ရှိကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် မှ ဆုံးဖြတ်ချက် ထုတ်ပြန်ပေးပြီး သည့်နောက် စုံစမ်းစစ်ဆေးရေး အစီရင်ခံ စာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီကို ဖွဲ့စည်းလိုက်ခြင်း တို့မှာ စုံစမ်း စစ်ဆေးရေးကော်မရှင် ကိုယ်တိုင်က ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရေးကိုသာ ချဉ်း ကပ်နေ ပြီး ဒေသခံလူထု ဆန္ဒကို လျစ်လျူရှုထားခြင်းဖြစ်ကြောင်း၊ ထို အစီရင်ခံစာအပေါ် အကောင် အ ထည်ဖော် ဆောင်ရွက်မည့် ကော်မတီတွင် ပါဝင်သူ များမှာလည်း အစိုးရအဖွဲ့ ဝင်များနှင့် ၀မ်ပေါင်၊ ဦးပိုင်တို့မှ ပုဂ္ဂိုလ် များ ပါဝင်နေပြီ။ ပြည်သူလူထုယုံကြည်ရသူ တစ်စုံတစ်ဦးမှ မပါဝင်ကြောင်း တုံရွာ သပိတ်စ ခန်းမှ ကိုသားကြီးကပြောကြားသည် မတ်လ ၁၃ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်း တောင်သို့ သွားမည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိရာ သူမ လာ ရောက်ပါက သွားရောက်တွေ့ ဆုံရန်ရှိမရှိနှင့် စပ်လျဉ်းပြီး မေးမြန်းရာ “ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတာက ၀မ်ပေါင်နဲ့ ဦးပိုင်က လူတွေ နဲ့သွားတွေ့မှာပါပါ။ ဒေသခံတွေနဲ့တွေ့ဖို့ မဟုတ် ပါဘူး။

သူလာရင်လည်းသူ့လုံခြုံရေးတွေနဲ့ သူ ပြီးတော့ ၀မ်ပေါင် ဘက်ကလုံခြုံရေးတွေလည်း ရှိတယ်။ ကျွန်တော် တို့ ဘက်ကတော့ သွားတွေ့ဖို့လည်း အစီအစဉ် မရှိသလို ကန့်ကွက်ဆန္ဒပြဖို့ မရှိပါဘူး ကိုယ်လုပ် စရာရှိ တာတွေကိုပဲ ဆက်လုပ်မှာပါ” ဟု ကိုဟန်ဝင်းအောင်ကပြောကြားသည်။ “စုံစမ်းစစ်ဆေးရေး လုပ်တဲ့နေ ရာမှာ တချို့ရွာတွေဆိုလုံးဝလာမစစ်ဘူး၊ စုံစမ်းစစ်ဆေးရေး လုပ်နေတဲ့အချိန် တုန်းက ဥက္ကဋ္ဌဖြစ် သူ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် လာရောက်ပြီး ဒေသခံတွေနဲ့တွေ့ပြီး စစ်ဆေး တာတွေ မရှိဘူး၊ ဒကာမကြီး အလုပ်ရှုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်လာမစစ်ခဲ့တာကတော့ ဒကာမကြီးရဲ့  အား နည်းချက်လို့ ပြောရမလားပဲ” ဟု တုံရွာ သပိတ်စခန်းမှ ဆရာတော် ဦဆန္ဒသီရိက မိန့်ကြားသည်။

From:Myanma Age

Credit : Here

အစိုးရလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံရေးပါတီအချို့ သမ္မတကို အဆိုပြု


လက်ရှိ အစိုးရရဲ့ ဒီမိုကရေစီအရေးနဲ့ ပြည်တွင်းငြိမ်ချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နိုင် ဖို့ နိုင်ငံရေးပါတီ ၁၂ ပါတီက နိုင်ငံတော်သမ္မတကို အဆိုပြုလွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင် ငံရဲ့ ဒီမိုကရေစီအရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအဝင် နိုင်ငံရေး၊ စီးပွားရေးနဲ့ ပညာရေး ကဏ္ဍဆိုင်ရာ လိုအပ်ချက်တွေမှာ အလျဉ်းသင့်သလို လက်တွဲပူးပေါင်းဖို့နဲ့ သမ္မတရဲ့ သင့်လျော်တဲ့ အစီအမံ နဲ့ လမ်းညွှန်မှုတွေ ကို ဆောင်ရွက်သွားမယ် လို့ သိရပါတယ်။ ‘နိုင်ငံရေးပါတီက တိုင်းပြည်ပြုပြင် ပြောင်း လဲရေးအတွက် အဓိကကျတဲ့ အင်အားစုဖြစ်တယ်၊ ဒီမိုကရေစီရေး အရွေ့အတွက် ဘယ်လိုဝိုင်းတွန်းမလဲ ကြံစည်သင့်တယ်။ စုပေါင်းပြီး ညှိနှိုင်း အဖြေရှာသင့်တယ်၊ အဲဒါမှ တိုင်းပြည် တိုးတက်လာမယ်လို့ ကျွန်တော် မြင်တယ်’ လို့ သမ္မတထံ အဆိုပြုလွှာပေးပို့ခဲ့တဲ့ မြန်မာအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်က ဆိုပါတယ်။

အဆိုပြုလွှာမှာ ပါဝင်လက်မှတ်ထိုးခဲ့ကြတဲ့ ပါတီတွေကတော့ မြန်မာအမျိုးသား ကွန်ဂရက်ပါတီ၊ မြန် မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင် ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ မြန် မာနို င်ငံ ရခိုင်ပြည်နယ် အင်အားစုပါတီ၊ ကရင်ပြည်သူ့ပါ တီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေး ပါတီ၊ ဒီမို ကရေစီနှင့် လူ့အခွင့်အရေးပါတီ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ကမန်အမျိုး သားပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီနဲ့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ တို့ ဖြစ်ကြပါ တယ်။ မြန်မာ အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်ကပဲ ‘ရခိုင်အရေး၊ ကချင်အရေးတွေ မှာ နိုင်ငံရေး သမားတွေက ဝင်ညှိတာ ပိုပြီးအဆင်ပြေတယ်၊ ပိုပြီးတော့ နည်းလမ်းတကျ ဖြစ်မယ်လို့ ခံယူတယ်၊ ဒါကြောင့်မို့ နိုင်ငံရေးသမားတွေ အနေနဲ့ တာဝန်ပေးပါ၊ တာဝန်ပေးမယ်၊ ခွင့်ပြုမယ်ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလဲ ပါချင်တယ်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာလဲ ပါချင်တယ်’ လို့ ဆိုပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ပူးပေါင်းဆောင်ရွက်မှုကို စိတ်ဝင်စားပြီး အတူတူ လက်တွဲလုပ်နိုင်ဖို့ နည်းလမ်းတွေ စီစဉ်ထားတယ်လို့ ပြည်ထောင်စုနေ့ နိုင်ငံရေးပါတီတွေနဲ့ ညစာစားပွဲမှာ ပြောကြား ခဲ့ပါတယ်။ မြန်မာ့လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇင်အောင်က ‘လက်လှမ်းမီသလောက် ပူးပေါင်းဆောင်ရွက် သွားနိုင်တဲ့ လမ်းကြောင်းကို လက်လှမ်းမီသလောက် ဦးဆောင်ပြီး လုပ်ကြတာပါ’ လို့ ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၂ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

From:Khit Lu Nge

Credit : Here

ကျေးဇူးပြု၍ အောက်ပါ မေးခွန်းများကို ဖြေဆိုပါ ......


၁ ။ အမယ်ဆုကို အမေလို့ ခေါ်သော သက်ကြီးရွယ်အို သားပျိုသမီးပျို ကျောင်းသားအို အပေါင်းတို့ ။ တကယ်လို့  အဲလ်ရစ်ကြီးသာ မသေသေးဘူးဆိုရင် ၊ ထို ကုလားဖြူအား အဖေ ဟုခေါ်မည်လား ။

၂ ။ မြန်မာ မိန်းကလေးများ ကုလား ( သို့ မဟုတ် ) တိုင်းတပါးသားများကိုယူလျှင် အမျိုးဖျက်မ ဘာမ ၊ ညာမ ဆိုပြီး ၀ိုင်းဝန်းပြစ်တင်နေသော်လည်း ၊ အမယ်ဆု ကုလားဖြူ ယူထားသည်ကို အဘယ့်ကြောင့် ကလော် မတုတ်ရပါသနည်း ။

၃ ။ မြန်မာနိုင်ငံတွင် မြန်မာ စကား မတက်သူကို နိုင်ငံသား အဖြစ် လက်မခံဟုတ် ဆိုသော်လည်း ၊ အမယ် ဆု၏သား ကမ်အဲလ်ရစ်အား ..... အဘယ်သို့ သတ်မှတ်မည်နည်း ။

၎ ။ ၄င်းကို နိုင်ငံသား မဟုတ်ဟု သတ်မှတ်လျှင် ၄င်းကို မွေးသော မိခင် အား ၊ မည်ကဲ့သို့ ခေါင်းဆောင် အဖြစ် သတ်မှတ် ရမည်နည်း ။

၅ ။ မြန်မာ ရုပ်ရှင် ကားများထဲတွင် ၊ လူဆိုးများ သေသွားတော့မှ ရောက်လာတက်တဲ့ ရဲ များကဲ့ သို့ ၊ ပြဿ နာတွေ ငြိမ်းအေးတော့ မှ နှမ်းဝင် ၀င်ဖြူးတက်သော အမယ်အို၏ အားကိုး အတုယူဖွယ်ရာ လုပ်ရပ် များကို ဖြေဆိုပါ ။

မေးခွန်းမေးသူ
Dခွေးယောင်ဝါး သူတောင်းစား တို့ ဖေဖေ
စစ်ကြီး

Credit : Here

အွန်လိုင်းမလိုဘဲ ဖုန်းပေါ်ကနေ အင်္ဂလိပ်စာကို ထုတ်လွှင့်ပေးပြီ

အင်တာနက်မလိုဘဲ မိုဘိုင်းလ်ဖုန်းပေါ်ကနေ အင်္ဂလိပ်စာသင်ကြားနိုင်ဖို့အတွက် Urban English နာမည်နဲ့ ဝန်ဆောင်မှုတစ်ခုကို စတင်ထုတ်လွှင့်ပေးနေတဲ့အကြောင်း ဝန်ဆောင်မှုကုမ္ပဏီ ၂ခုက မတ်လ ၁၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ Park Royal ဟိုတယ်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အင်္ဂလိပ်စာအတွက် သင်တန်းတက်စရာ မလိုဘဲ ကိုယ်ပိုင်အချိန်မှာ သင်ယူနိုင်ဖို့အတွက် ဖုန်းပေါ်ကနေ သင်ခန်းစာတွေ ထုတ်လွှင့်နေတာဖြစ် တယ်လို့ ဆိုပါတယ်။



Credit : Here

လက်ပံတောင်း ကော်မရှင် အစီရင်ခံစာကို ကန့်ကွက်ကြသူများ


သူတို့ တင်ပြထားတဲ့အစီရင်ခံစာကို လက်သင့်မခံဘူး”
============================

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ ပက်သက်တဲ့ အစီရင်ခံစာက လုပ်ငန်းတွေ ဆက်လက်ဆောင် ရွ က်ခွင့်ပြု သင့်တယ်လို့ ဖော်ပြလိုက်တဲ့အပေါ်ေ ဒသခံတွေကတော့ ဆန့် ကျင်လိုက်ကြပါတယ်။ တရု တ်နိုင် ငံ ပိုင် ကုမ္ပဏီနဲ့  ဖက်စပ်လုပ်ကိုင်နေတဲ့ ဒီစီမံကိန်းကို ပြန်လည်သုံးသပ်မှုတွေလုပ်ဆောင်ပြီး ဆက် လက်ေ ဆာင်ရွက်နိုင်တဲ့အကြောင်း ကော်မရှင်ရဲ့ ထောက်ခံချက်ကိုေ သခံတွေက အစီရင်ခံစာ ထုတ်ပြန် လိုက် တဲ့ ဒီ ကနေ့ မှာဘဲ လူထုအစည်းအဝေး တစ်ခုနဲ့ ကန့် ကွက်ခဲ့ကြတာပါ။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ လယ်မြေတွေ နစ်နာမှုတွေ၊ ကျန်းမာရေး နဲ့ သဘာ ၀ပတ်ဝန်းကျင် ပျက်ဆီးဆုံးရှုံးမှုတွေ ရှိနေတယ် ဆိုပြီး ဒေသခံတွေက စီမံကိန်း ရပ်တန့် ဖို့ အတွက် အကြိမ်ကြိမ် ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ ၈ ကြိမ်ထက်မနည်း ခွင့်ပြု မိန့် များတောင်းဆိုခဲ့ပေမယ့် ခွင့်ပြုမိန့်  မရဘဲ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ဒေသခံတွေကို ဖမ်းဆီးမှုတွေ ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်ဆိုပြီး ပြောဆိုခဲ့ တာပါ။ လက်ပံတောင်းတောင်မှာ အကြမ်းဖက်ဖြိုခွဲခံရ ပြီးတဲ့နောက်မှာတော့ စုံစမ်းစစ်ဆေးနိုင်ဖို့ အတွက် NLD ပါတီခေါင်းဆောင်ေ ဒ်ါအောင်ဆန်း စုကြည် ခေါင်းဆောင်တဲ့ကော်မရှင်ကို အစိုးရကဖွဲ့ စည်းပေးခဲ့ ပါ တယ်။ ဒီကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာတဲ့အချိန်မှာတော့ ဒေသခံတွေ ဘက်က ကျေနပ်မှု မရှိတဲ့ အတွက် မတ်လ ၁၂ ရက်နေ့ မှာ လူထုအစည်းအဝေးပွဲ လုပ်ပြီး ကန့် ကွက်မှုတွေလုပ်ခဲ့ပါတယ်။ လက်ပံေ တာင်းေ တာင် ပြည်သူ့  အကျိုး စီးပွားကာကွယ်ရေးကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မစန္ဒာကတော့ သူတို့ ရဲ့ သဘောထားကို အခုလိုပြော ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ ဖွဲ့ ထားတဲ့ ကော်မရှင်ဟာ ကျွန်မတို့ ဒေသခံတွေအတွက် လုံးဝ ကိုကောင်းကျိုးမပြုတဲ့ကော်မရှင်ဖြစ်တယ်။ ပြီးတော့ ဒီကြေးနီစီမံကိန်းဟာလည်း ကျွန်မတို့ ဒေ ခံတွေ အတွက် ဒုက္ခရောက်မယ့်စီမံကိန်းဘဲဖြစ်တဲ့အတွက် ကျွန်မတို့ ဟာ ဒီကော်မရှင်ကို လုံးဝကို လက်သင့် မခံပါဘူး၊ အခု ကျွန်မတို့ ဒေသခံတွေကို ပုဒ်မ ၁၄၄ ထုတ်တယ်၊ ကြေးနီစီမံကိန်း ဆက်လုပ် ခွင့်ပြုတယ် ဆိုတာ ကျွန်မတို့ ဒေသခံတွေ အတွက် အများကြိးထိခိုက်မှုရှိတယ်။ သူတို့ တင်ပြထားတဲ့ အစီရင်ခံစာ ကို လည်း လက်သင့်မခံဘူး။ နောက်ထပ်ဖွဲ့ တဲ့ ကော်မတီအဖွဲ့ ကိုလည်း ကျွန်မတို့ ဒေသခံတွေအနေနဲ့  လုံးဝ ကို အသိအမှတ်မပြုဘူး”

လက်ပံတောင်းတောင်မှာ ဒေသခံလယ်သမားတွေကို အကူအညီပေးနေတဲ့ကျောင်းသားခေါင်းဆောင် ကို ဟန်ဝင်းေ အာင်ကတော့ အစီရင်ခံစာအပေါ်မှာေ ဒသခံတွေအနေနဲ့ လက်မခံနိုင်ကြောင်းနဲ့ ဒေသခံလူထုရဲ့ ဆန္ဒကို အလေးထားကြဖို့ အတွက် ပြောဆိုလိုက်ပါတယ်။

“ဒေသခံပြည်သူလူထုတွေ ဒီမှာဝိုင်းဝန်းကူညီနေတဲ့သူတွေအနေနဲ့  စိမံကိန်း လုံဝဖျက်သိမ်းရေးကိုသာ အလို ရှိ တယ်။ အဲဒီတော့ ပြည်သူလူထုတရပ်လုံးနဲ့ သက်ဆိုင်တဲ့ စီမံကိန်းကြီးတရပ်ကို အကောင် အ ထည်ဖော် တဲ့နေရာမှာေ က်ာမရှင်ရဲ့ လုပ်ငန်းကော်မတီတစ်ရပ်က ဖော်ဆောင်တဲ့အဖွဲ့ လေးနဲ့ တင် မလုံေ လာက်သေးဘဲ ပြည်သူလူထုတရပ်လုံးရဲ့  ပူးပေါင်းပါဝင်မှုတွေ၊ ဒေသခံ ပြည်သူတရပ်လုံးရဲ့ ခံစား ချက်တွေ၊ ဆန္ဒတွေကိုပါ အသိအမှတ်ပြုပြီးတော့ ထည့်သွင်းစဉ်းစားဖို့ လိုတယ်”

၂၀၁၁ ခုနှစ်တုန်းက မြေယာလျော်ကြေးပေးတာကို လက်မခံခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံ လယ်သ မားကြီး ဦးသိန်းကတော့ သူတို့ လက်မခံနို င်တာဟာ လယ်ယာမြေလျော်ကြေးနည်းလို့ မဟုတ်ကြောင်း၊ စီမံကိန်း ဖျက်သိမ်းရေးကိုသာ လိုလားတယ်လို့ ဆိုပါတယ်။

“အခုဟာက ကျွန်တော်တို့  လျော်ကြေးနည်းနေလို့ ပြောနေတာမဟုတ်ဘူး။ ပြည်သူပြည်သားတွေ ထိခိုက်ေ န လို့ သာ ကျွန်တော်တို့ က လုံးဝလက်မခံနို င်တာပါ။ ကျွန်တော်တို့ က လက်ပံတောင်းတောင် စီမံ ကိန်း ကြီး ကို လုံးဝ ဖျက်သိမ်းတာဘဲ ကျွန်တော်တို့ လိုချင်တာ”

ကော်မရှင်ရဲ့ အစီရင်ခံစာကို အနှစ်ချုပ်ကြည့်လိုက်တဲ့အခါမှာတော့ လူမှုရေး၊ စိးပွားရေး၊ ပတ်ဝန်းကျင် ထိန်း သိမ်းေ ရး၊ နိုင်ငံတကာဆက်ဆံရေး ရှုထောင့်ကနေကြည့်ပြီး ဒီစီမံကိန်းကို ဆက်လုပ်စေသင့်တယ် ဆိုပြီး အ ကြံပြု ထားတာပါ။ လက်ပံတောင်းတောင်ဒေသခံတွေကတော့ ကော်မရှင်ရဲ့ အစီရင် ခံစာ ထုတ်ပြန်ချက် အပေါ် မှာ ကျေနပ်မှုမရှိတဲ့အတွက် စီမံကိန်း ဖျက်သိမ်းရေးကို ဆက်လက်တောင်းဆိုမှုတွေလုပ်သွားမယ်လို့ ဆို ပါ တယ်။

(၁၂. ၃. ၂၀၁၃ ရက်၊ ဗီအိုအေ မြန်မာပိုင်း ညနေခင်းထုတ်လွှင့်ချက် မှကောက်နုတ်ဖော်ပြပါတယ်)

လက်ပံတောင်း အစီရင်ခံစာကို သဘောမတွေ့ကြ
===========================



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခေတ္တရပ်ဆိုင်း ထားသည်ကို မတ်လ၂ရက်နေ့က တွေ့ရစဉ်
(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ယနေ့ မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပြီးသတ် အစီ ရင် ခံစာနှင့် ပတ်သက်ပြီး ဒေသခံများအပါအ၀င် လက်ပံတောင်းအရေး တက်ကြွ လှုပ်ရှားသူများက ကျေ နပ် မှု မရှိကြောင်း ပြောဆိုကြသည်။

လက်ပံတောင်းတောင် အပြီးသတ် အစီရင်ခံစာတွင် စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ဦး တည် ထားပြီး ဒေသခံများ၏ သဘောထားဆန္ဒကို လျစ်လျူရှုထားသည့် အစီရင်ခံစာသာဖြစ်ကြောင်း လက် ပံေ တာင်း အရေး ကူညီဆောင်ရွက်နေသည့် ကိုဟန်ဝင်းအောင်က ပြောသည်။

“ ဒီအစီရင်ခံစာကို လုံးဝ ကန့်ကွက်တယ်။ ဒီအစီရင်ခံစာက စီမံကိန်းကို ဆက်လုပ်ဖို့ လုပ်တဲ့ အစီရင်ခံ စာ တစ် ခုပဲ ဖြစ်တယ်” ဟု ပြောဆိုသည်။

အစိုးရပိုင် သတင်းစာများတွင် မြန်မာဘာသာဖြင့် ရေးသားပုံနှိပ်ထားသော အပြီးသတ် အစီရင်ခံစာတွင် လက်ပံေ တာင်းတောင် စုံစမ်းရေးကော်မရှင်အနေဖြင့် ယခု ကြေးနီစီမံကိန်းကို စီးပွားရေးရှုထောင့်မှ အကျိုး ရှိစွာ လုပ်ကိုင်နိုင်သည်ကို ပြတ်သားစွာ သုံးသပ်ထားသည်။ အနာဂတ် မျိုးဆက်များအတွက် အကျိုးရှိစေ ရန်လည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုများကို ကျင့်သုံးရန်လိုအပ် ကြောင်း၊ ကြေးနီစီမံကိန်းနှင့်ပက်သက်ပြီး ရွေး ချယ် ဆုံးဖြတ်ရာတွင် စီးပွားရေးအတွက် အကျိုးရှိမှု၊ နိုင်ငံတကာဆက်ဆံရေး၊ လူမှုရေးနှင့် ပတ်ဝန်း ကျင်ထိန်း သိမ်းရေးတို့ကို ခြုံငုံ စဉ်းစားရန်လိုအပ်ကြောင်း ရေးသားထားသည်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ဆန်းစစ်ချက်များ စနစ်တကျ ပြုလုပ် ထားခြင်း မရှိကြောင်း၊ ဒေသခံများအတွက် လူမှုစီးပွားရေးဘ၀ တိုးမြှင့်စေရန်နှင့် အလုပ်အကိုင် အခွင့် အလမ်း ထိရောက်စွာ ဖော်ဆောင်ထားနိုင် ခြင်းမရှိသောကြောင့် လက်ရှိအတိုင်း ကြေးနီစီမံကိန်းကို ဆက် လက် လုပ်ကိုင်ရန် မသင့်ကြောင်း အကြံပြုချက်တွင် ပါဝင်သည်။

သို့သော် စီးပွားရေးလုပ်ငန်းကို ဖျက်သိမ်းပါက မြန်မာနိုင်ငံအနေဖြင့် သဘောတူစာချုပ်ကို လေးစား လိုက် နာခြင်း မရှိသည့် ထင်မြင်မှုများ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအကြား ပေါ်လာနိုင်ပြီး လာရောက် ရင်းနှီးမြုပ်နှံ လိုသော နိုင်ငံ ခြား ကုမ္ပဏီများ၏ ရင်းနှီးလိုစိတ်ကို လျော့နည်းသွားနိုင်ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံနှင့် ဆက် ဆံရေးတွင် ပြေလည်မှု မရှိသည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ စီမံကိန်း ရပ်ဆိုင်း လိုက်ခြင်းကြောင့် ဒေသခံများ၏ အကျိုးစီးပွားဖြစ်ထွန်းမှု အလားအလာကို ရပ်တန့်ရုံမက ပတ်ဝန်း ကျင်ပြန် လည်ပြုပြင်ရေးတွင်လည်း အခက်အခဲများရှိလာနိုင်မည်ဖြစ်ကြောင်း ဆိုပြီး ယင်းနည်းလမ်းကိုလည်း ရွေးချယ် ရန် မသင့်ဟု အကြံပြုသည်။

ထို့ကြောင့် ကြေးနီစီမံကိန်းအပေါ် လေ့လာတွေ့ရှိချက်များအရ အားနည်းချက်များကို ပြုပြင်ကာ နိုင်ငံေ တာ်၊ ဒေသခံပြည်သူများ၏ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်အတွက် အကျိုးရှိစေမည့် အစီအမံများ ချမှတ်ပြီး စီမံကိန်းကို ဆက်လုပ်လုပ်ဆောင်ရန် နည်းလမ်းများကိုလည်း အကြံပြုထားသည်။ နိုင်ငံတော် အနေဖြင့် ယခုထက် ပိုမိုအကျိုးအမြတ်ရစေရန် မြန်မာ့စီပွားရေးဦးပိုင်လီမိတက်နှင့် ၀မ်ပေါင် ကုမ္ပဏီတို့ ချုပ်ဆို ထားသော စာချုပ်များကို ပြန်လည်ပြင်ဆင်ချုပ်ဆိုပြီး စီမံကိန်းကို ဆက်လက်အကောင် ထည်ေ ဖ်ာရန် အကြံပြုထားသည်။

ထို့အပြင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ဆန်းစစ်ခြင်း အစီရင်ခံစာ၊ ပတ်ဝန်း ကျင်ဆိုင်ရာ စီမံခန့်ခွဲမှု စီမံချက်၊ လုပ်ငန်းခွင် ကျန်းမာရေး နှင့်ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင် ရာ စီမံခန့်ခွဲမှု စနစ်တို့ကို စနစ်တကျရေးဆွဲပြီး ဆောင်ရွက်ရန်၊ မြေလျော်ကြေးများကို ကာလတန်ဖို့အတိုင်း ပြင်ဆင်တိုးမြှင့်လျော်ပေးရန်၊ လိုအပ်သည့် ပမာဏကိုသာ သိမ်းဆည်းပြီး ကျန်မြေများကို ကျေးရွာလူထုသို့ ပြန်လည် ခွဲဝေပေးရန်၊ ဒေသခံများအတွက် ကုမ္ပဏီတွင် အလုပ်ခန့်ထားသည့်အပြင် အသေးစား နှင့် အလတ် စား လုပ်ငန်းများထူထောင်ပေးရန်တို့ကိုလည်း အကြံပြုထားသည်။ လယ်တီဆရာတော် ဘုရားကြီး ၏ ကျမ်းပြုရာနေရာကိုလည်း ယခုနေရာတွင် ဆက်လက်တည်ရှိနေလျှင် မဖြစ်နိုင်သောကြောင့် မူလပုံစံအ တိုင်း လုံးဝထိခိုက်ပျက်စီးမှုမရှိစေဘဲ တခြား သင့်လျော်သောနေရာသို့ ပြောင်းရွှေပေးသင့်ကြောင်း အကြံပြု ထားသည်။

ဆန္ဒပြ သပိတ်စခန်းဖြိုခွဲခံရမှုနှင့် ပတ်သက်ပြီးလည်း အစီရင်ခံစာတွင် မီးခိုးဗုံးကိုသာ အသုံးပြုပြီး ပိုလီယက် စ တာ အ၀တ်စများ၊ တာပေါ်လင်ခေါ် ပလက်စတစ်မိုး ကာစများ နှင့် ထိတွေ့လျှင် မီးလောင်နိုင်ကြောင်း၊ မီးခိုး ဗုံး အများအပြားကို အသုံးပြုပါက ပတ်ဝန်းကျင်ရှိ လောင်စာအမျိုးအစားပေါ်မူတည်၍ ပြင်းထန် ကြာမြင့် စွာ လောင်ကျွမ်းနိုင်ကြောင်း ရေးသားထားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ယခုလို မီးခိုးဗုံးမျိုးကို ယာယီ အဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်း သပ် ခဲ့ခြင်း မရှိခဲ့သဖြင့် မီးခိုးဗုံး၏ အာနိသင်ကို ­­­­သိရှိခြင်း မရှိကြောင်း၊ မသိပဲ သုံးစွဲမှုကြောင့် မမျှော်မှန်း မလိုလား အပ်သော မီးလောင်ဒဏ်ရာများ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်အချို့ ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ရဲတပ်ဖွဲ့များ နိုင်ငံတကာအဆင့်မီစေရန် ပြုလုပ်သင့်သောအချက်များ ပါဝင်ခဲ့သော်လည်း လက်ရှိ တွေ့ ကြုံနေ ရသော အနေအထားများအရ နည်းပညာပိုင်းများ အဆင့်မီစေရန်သာမက စည်းကမ်းနှင့် စိတ် ဓါတ်ေ ရး ရာများပါ ပြုပြင်ရန်လိုအပ်ကြောင်း လက်ပံတောင်းတောင် ဆန္ဒပြမှုတွင် ဦးဆောင် သံဃာ တစ်ပါးဖြစ်သည့် ဥူးဇ၀နက မိန့်ကြားသည်။

“ ရဲတွေမှာ ညစ်ပတ်တဲ့ စိတ်တွေ ရှိနေတာကို ကြုံတွေ့ခဲ့ရတယ်။ ဒီ့အပြင် ဥပဒေဆိုတာကိုလည်း သူတို့က လုပ် ချင် သလို လုပ်လို့ရအောင်လုပ်ထားတာ။ ဒါတွေ အများကြီး ပြုပြင်ရဦးမယ်။ နောက်ပြီး သပိတ်စ ခန်းဖြိုခွဲ တာ ဘယ်သူအမိန့်ဆိုတာ အခုချိန်ထိ မဖော်သေးဘူး။ အောက်ခြေရဲတပ်ဖွဲ့ဝင်တွေက အမိန့်ပေး တဲ့သူ ရှိမှ လုပ်လို့ရမှာ ” ဟု ဥူးဇ၀နက မိန့်သည်။

ဆန္ဒပြ သပိတ်မှောက်မှုတွင် ဦးဆောင်သံဃာတစ်ပါးဖြစ်သည့် ဥူး ၀ိသိဓ္ထဓမ္မက “ သပိတ်စခန်းဖြိုခွဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လုံးဝ မကျေနပ်ဘူး။ ဒီအစီရင်ခံစာကို လုံးဝ မကျေနပ်ဘူး။ နောက်ပြီး ဒီအစီရင်ခံစာ အရ ဒေသခံတွေ ကျေနပ်မှုမရှိဘူးဆိုရင် နောက်ထပ် ပြသနာတွေ ဖြစ်လာနိုင်တယ်။ နောက်ဆုံး သွေးေ ချာင်း စီးတာတွေပါ ဖြစ်လာနိုင်တယ် ” ဟု မိန့်ကြားသည်။

ရှေ့နေများကွန်ယက်မှ ဦးသိန်းသန်းဦးကလည်း ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဆန္ဒပြခဲ့ကြသော သပိတ်စခန်းများကို ဖြိုခွဲသည့်ကိစ္စနှင့် ပတ်သက်ပြီး ကျူးလွန်သည့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကိုလည်း အရေးယူမှ တရားမျှတမည်ဖြစ်ကြောင်း ပြောဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ ဆက်လက် လုပ်ဆောင်ရေးနှင့် ပတ်သက်ပြီး ယခု စုံစမ်းရေးကောင်မရှင်နှင့်ပင် ဆုံးဖြတ်ရန် မသင့် ကြောင်း၊ ယခုကော်မရှင်ကို လွတ်လပ်သည့်ကော်မရှင်ဟု မယူဆကြောင်း၊ ယခုကော်မရှင်တွင် အစိုးရဘက်နှင့် ကင်းလွတ်သူများ နည်းပါးပြီး အစိုးရ၊ ဦးပိုင်ကုမ္ပဏီ၊ ၀မ်ပေါင် ကုမ္ပဏီ၊ လွတ်လပ်သော ထင်ရှားသည့် ဥပဒေပညာရှင်များ၊ သဘာဝပတ်ဝန်း ကျင် ကျွမ်းကျင် သူများ၊ နိုင်ငံရေးသမားများနှင့် ဒေသခံများအားလုံး စုပေါင်းပြီးမှ ဆုံးဖြတ်သင့်ကြောင်း၊ သွေးချောင်း စီးမည့် အရေးကိုတော့ သက်ဆိုင်ရာ အစိုးရအဖွဲ့များရော ဒေသခံများပါ ရှောင်ရှားသင့်ကြောင်း ဦးသိန်းသန်းဦးက ဆိုသည်။

စုံစမ်းရေးကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစီရင်ခံစာနှင့် ပတ်သတ်၍ ဒေသခံများ မကျေနပ် ပါက ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်ကြရန် ယနေ့ ပြည်ထောင်စုလွှတ်တော် ခေတ္တရပ်နားချိန်တွင် ပြော ကြားေ ကြာင်း သိရသည်။ အစီရင်ခံစာ နောက်ဆက်တွဲအနေဖြင့် လက်ပံတောင်းတောင် ဒေသခံ များနှင့်ေ တွ့ဆုံရန် မတ်လ ၁၃ ရက်တွင် နေပြည်တော်မှ မုံရွာမြို့သို့ သွားမည်ဖြစ်ကြောင်းလည်း သိရ သည်။

တက်ကြွလှုပ်ရှားသူ ဒေသခံများကမူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းသည်အထိ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

လက်ပံတောင်းကိစ္စနှင့် ပက်သက်ပြီး တောင်းဆိုမှုများအားလုံးသည် လုံးဝဖျက်သိမ်းရေးကို တညီ တညွတ်တောင်းဆိုခဲ့ပြီးဖြစ်ကြောင်း၊ တောင်းဆိုမှုများကို မရမချင်းဆက်လက် လုပ်ဆောင်သွားရန် တိုင် ပင်ေ နပြီဖြစ်ကြောင်း လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီမှ ဥက္ကဌဖြစ်သူ ဦးချစ်ခင်က ဆို သည်။

“ ဆက်လုပ်မယ်ဆိုရင် ကန့်ကွက်မှာပဲ။ အခြေအနေပေါ်မူတည်ပြီး တရားဥပဒေမဲ့တော့ မလုပ်ဘူး။ ဒေသ ကြီး တစ်ခုလုံး ပျက်ဆီးစေမယ့် ဒီစီမံကိန်းကို လုံးဝ လက်မခံဘူး။ အားလုံးနဲ့ တိုင်ပင်ပြီးတော့မှ ဘာတွေ ဆက် လုပ်မယ်ဆိုတာ ပြောနိုင်မယ် ” ဟု ဦးချစ်ခင်က ဆိုသည်။

အစီရင်ခံစာနှင့် ပက်သက်ပြီး လူအားလုံး ကျေနပ်သည့်အဖြေကို မည်သည့်ကိစ္စတွင်မှ ရှိနိုင်မည် မဟုတ်ေ ကြာင်း၊ ကော်မရှင်မှ စုံစမ်းမှုများအတွက် ချဉ်းကပ်ပုံများ၊ အသုံးပြုသွားသော ပညာရှင်များကို ကြည့် မည်ဆို လျှင် နိုင်ငံတကာအဆင့်မီသော ဆုံးဖြတ်ချက်တစ်ခုကို ရှာပေးခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း နိုင်ငံေ တာ် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။

“အမေရိကန်နိုင်ငံမှာတောင် ဒီလို ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေလုပ်ရင် ဒီလိုပြသနာမျိုးတွေ ရှိနိုင်ပါတယ်။ ကျနော်တို့ လုပ်ရမှာက အကျိုးကိုများများ ရအောင်နဲ့ အပြစ်ကို နည်းနည်းဖြစ်အောင် လုပ်ရမယ်။ ဘာမှ မလုပ်ေ တာ့ဘူးဆိုတာမျိုးတော့ ဘယ်နိုင်ငံမှာမှ ဒီလိုဖွံ့ဖြိုးတိုးတက်မှုလုပ်တဲ့ စီမံကိန်းတွေကို လုပ်မှာ မဟုတ်ဘူးလေ ” ဟု ဦးရဲထွဋ်က ပြောဆိုသည်။

ထို့အပြင် ၄င်းအစီရင်ခံစာကို ဒေသခံများအနေဖြင့် ကျေနပ်မှု မရှိသောကြောင့် ဆန္ဒထုတ်ေ ဖ်ာကြမည် ဆိုလျှင်လည်း ဆန္ဒထုတ်ဖော်ခြင်းနှင့်ဆိုင်သော လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ရန် လိုအပ်ကြောင်း၊ အစီရင် ခံစာတွင်လည်း ထောက်ပြထားပြီးဖြစ်ကြောင်း၊ ဥပဒေအတိုင်း လိုက်နာခြင်းမရှိပဲ အတင်းပြု လုပ်မည်ဆိုပါက လိုအပ်သော ကာကွယ်တားဆီးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

Credit : Here

သေမှာကြောက်၍ လမ်းမလျှောက်တော့သည့် ငြိမ်းချမ်းရေးအဖွဲ့၏ အခြေအနေ


တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့်အချိန်တွင် အချိန်မရွေး ပြီးဆုံးသွားနိုင်သည့် တိုက်ပွဲမြေသို့ တစ် လခွဲ နှစ်လကြာမှ ရောက်မည့်ခရီးလမ်းအား ရွေး၍ လမ်းလျှောက်ကြသည်။ ယခုရောက်နေသော အဖွဲ့များ သည် ရန်ကုန်မှ စထွက်သည့် အဖွဲ့များ အခြေအနေကောင်းကြောင်း သိမှ နောက်က ယောင်ဝါး လုပ်ကာ ရှေ့သို့ ဦးစွာ ရောက်နေသူများ ဖြစ်ကြသည်။

ရောက်ရာအရပ်တွင် ပြဿနာ ရှာခဲ့ကြသည်။ အနေချောင် အစားကောင်း၍ ပူးပေါင်းသူများ များပြား လာ ကြ သည်။

အထူးအမြန်နှုံးဖြင့် တစ်နေ့ ၁၄ မိုင်ကျော် ကမ္ဘာ့စံချိန်သစ် မနားတမ်းလမ်းလျှောက်မှုဖြင့် လိုင်ဇာ အပေါက်ဝ လဂျားယန်သို့ ရောက်သည်။

တားမြစ်ခြင်း မဟုတ်၊ မိုင်းများ ရှိသည့်အတွက်က တစ်ကြောင်း၊ တာဝန်ရှိသူများ ငြိမ်းချမ်းရေး အတွက် ဆွေး နွေးနေ သည်က တစ်ကြောင်းကြောင့် မသွားသင့်ကြောင်း စစ်တပ်က သောက်လုပ် အရှုပ် ခံပြီး တားသည်။

သေမှာပြတ်မှာ စိုးသည့်အတွက် တားပေးယုံမက ရိက္ခာများထဲက ထမင်းပါချက်ကျွေးရသည်။ ကတ္တီပါ ဖိနပ် ဖြင့် မိုင် ၇၀၀ အံ့မခန်းလမ်းလျှောက်သော သံဃာများကို ဆွမ်းကပ်သည်။ စစ်တပ်ထမင်း၊ စစ်တပ် ဆွမ်းများ ကျွေးတော့ မစားနိုင်သည့်အတွက် ခေါက်ဆွဲခြောက် ပြုတ်သောက်ပြီး အစာငတ်ခံမည် လုပ် သည်။

နောက်ဆုံးတွင်တော့.. စစ်တပ်က မိုင်းလိုက်ရှင်းပေးပါ။ ရှေ့ဆုံးက သွားပါဟု တောင်းဆိုပြီး လမ်းမပေါ်တွင် တဲထိုးနေကြသည်။ တစ်နပ်စာ စားသောက်ကြပြီး နောက်ရက်များတွင် ဆန်ကမာ၊ ဆီကမပါသည့် အတွက် မစားနိုင်တော့ဘဲ အစာငတ်ခံ ဆန္ဒပြမည်ဟု ကြွေးကြော်ကြသည်။

သို့သော်.. မိုးနဲချောင်းထိပ်တွင် စစ်တပ်မှကျွေးသည့် ထမင်းကို မစားနိုင်သဖြင့် အစာငတ်ခံ ဆန္ဒပြသည့် မိုင် ၇၀၀ ကျော် စံချိန်သစ်တင်သူများ ကေအိုင်အေ မှ မိုးနဲချောင်းတစ်လျှောက် မျှောချပေးသည့် စားကောင်းေ သာက် ဖွယ်များကို ဆယ်ယူကာ တစ်ဖြဲနှစ်ဖြဲ စားသောက်ကြကြောင်း သိရသည်။

မိုင်းများ ကို ရှင်းလင်းရန်အတွက် သတ္တိခဲ နေမျိုးဇင် မြစ်ကြီးနားသို့ တက်လာရန် စီစဉ်နေကြောင်း သိရ သည်။

Credit : Here