Wednesday, March 13, 2013

BBC သွေးထိုးနေသည်၊ ခွန်ဒီးယမ်း မီးရှို့နေသည်


ယခုလပိုင်း အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်များ ပြောင်းလဲပြီးနောက် BBC အနေဖြင့် အန် အယ်လ်ဒီကို လူထုထောက်ခံသေးရဲ့လား ခေါင်းစဉ် အပါအ၀င် အန်အယ်လ်ဒီကို တိုက်ခိုက်သည့် သတင်း များ ဖော်ပြခဲ့သည်။ ထို့ပြင် မအူပင် ကိစ္စတွင် ရဲတပ်ဖွဲ့ဝင်များ သေဆုံး ဒဏ်ရာ ရရှိမှုကို လုံးဝ ဖော်ပြခြင်း မရှိဘဲ ပြည်သူများအကြား မကျေနပ် ဆူပူမှုများ ဖြစ်စေရန် အကွက်ချ လုပ်ဆောင်လျှက် ရှိသည်။

ယခုတစ်ဖန် ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားကို လိုသလို အသုံးချ၍ လက်ပံတောင်း ပြည်သူ များနှင့် ဒေါ်ေ အာင်ဆန်းစုကြည်အကြား နားလည်မှုလွဲမှားစေရန် ရန်တိုက်ပေးခဲ့သည်။ ဘီဘီစီနှင့် အတူ ယခင် အချိန်က အမေဟု တစ်ဖွဖွ အော်ခဲ့သည့် The Ladies ဂျာနယ်မှ ဒေါ်မေဇင်အေး (ခေါ်) ခွန်ဒီးယမ်း သည် လည်း ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအား ဘောပင်ဖြင့်ဆွဲ၊ မြေကြီးပေါ် ချနင်းသည့် ပုံများတင်ကာ အပုပ် ချ စာသား များ ဖော်ပြလျှက် ရှိသည်။

တစ်နိုင်ငံလုံးတွင် ဆူပူမှုများ ဖြစ်ပေါ်စေရန် အတွက် ယခုအချိန်တွင် BBC သွေးထိုးနေသည်၊ ခွန်ဒီးယမ်း မီးရှို့နေ သည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။