Tuesday, March 12, 2013

တယ်လီဖုန်း SIM card များကိုငွေကျပ်ထောင်ဂဏန်းဖြင့်သာရောင်းချ မည်ဟုဦးစိုးသိန်းဆိုလိုက်ပြန်


တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့် ရောင်း ချမည်ဟုမိမိပြောကြား ခဲ့သည်ဟု သတင်းဂျာနယ်အချို့တွင်ဖော်ပြနေခြင်းများမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုး သိမ်းကပြောသည်။

ရန်ကုန်မီဒီယာက ပြည်ထောင်စုဝန်ကြီးနှင့်ဆက်သွယ်မေးမြန်းရာတွင် ဦးစိုးသိမ်းက အထက်ပါ အတိုင်းငြင်း ဆိုလိုက်ခြင်းဖြစ်သည်။

`ကျွန်တော်အဲသလိုလုံးဝပြောကြားခြင်းမရှိပါဘူး။ ဧပြီ ၁ရက်မှာ စတင် ရောင်းချပေးမှာမှန်ပါတယ်။ ဒါပေ မယ့် ကျပ်နှစ်သောင်းနဲ့ရောင်းမယ်လို့ ကျွန်တော်မပြောခဲ့ပါဘူး။ ဘယ်လောက်နဲ့ရောင်းမယ်ဆိုတာ ကျွန်တော်သိပေမယ့် ပြောခွင့်မရှိပါဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနကသာ တရားဝင်ကြေညာ ထုတ်ပြန်ပေး မှာဖြစ်ပါတယ်`ဟု ဦးစိုးသိမ်းကပြောသည်။`တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်း ဆို တာ ထက် အများကြီးလျော့နည်းတဲ့ဈေးနဲ့ရောင်းမှာပါ။ထောင်ဂဏန်းမျှသာဖြစ်ပါ လိမ့်မယ်။အဲ သလောက် ပဲ ကျွန်တော်ပြောပြပါရစေ`ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက်ပြောဆိုသည်။

Credit : Here

လှိုင်သာယာ မြန်မာမန်း ကုမ္ပဏီဝင်းအတွင်း မီးလောင်


ယနေ့ နေ့လည် ၁၂ နာရီ ၇ မိနစ်ခန့်က လှိုင်သာယာမြို့နယ် ရန်ကုန်မြစ် အနီးရှိ မြန်မာမန်းကုမ္ပဏီပိုင် ဝင်းအတွင်း ဆီဘောက်ဆာများ ဆီဖြည့်စဉ် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားပြီး နေ့ လည် ၁၂ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ ကြောင်း သိရသည်။

မြန်မာမန်း ကုမ္ပဏီဝန်ထမ်း တဦးက ဆီဘောက်ဆာ အတွင်း ဆီဖြည့်ရာမှ အပူလွန်ကဲမှုဖြစ်ကာ မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊ ကုမ္ပဏီပိုင် ဆီဘောက်ဆာကား ၂ စီး၊ အဆောက်အဦး၂ လုံး၊ ဝန်ထမ်းနေအိမ် ၁ လုံးနှင့် စက်လှေ ၁ စီး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“ဆီဖြည့် ပြီးတော့ အပူလွန်ကဲရာက မီးလောင်တာပဲ၊ ဘယ်လောက်ဆုံးရှုံးတယ်၊ အရေးယူမှုတွေ လုပ်ဖို့ကတော့ စုံစမ်း နေတုန်းပဲ”ဟု မီးလောင်ပြင်တွင် ရောက်ရှိနေသည့် မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

မီးလောင်မှုဖြစ်ပွားသည့် နေရာ၏ အနီးဝန်းကျင် နေသူများက စက်ရုံဝင်း အတွင်းမှ ဆီဘောက်ဆာ ပေါက်ကွဲသည့် အသံကျယ် တချက် စတင်ကြားရမှသာ မီးလောင်ကျွမ်းမှန်း သိကြ ကြောင်း ဆိုသည်။

“အုန်း ခနဲ အသံကျယ်ကြီး ကြားကြားချင်း ကျမ ယောက်ျားက ကလေးတွေခေါ်ပြီး ပြေးတော့ ဆိုတာနဲ့ ပြေးရတာ၊ စက်ရုံဝန်ထမ်း အိမ်ရာမှာ နေတာဆိုတော့ ပစ္စည်းတွေ အကုန်လုံး မီး လောင်တဲ့ အထဲပါသွားတယ်၊ ဘာမှ ပြန်မရဘူး၊ အသက်လု ပြေးရတာ”ဟု စက်ရုံဝန်ထမ်း အိမ်ရာနေ မီးဘေး ဒုက္ခကြုံရသူ အမျိုးသမီးက ပြောသည်။

ယင်း ဝန်ထမ်း အိမ်ရာတွင် နေထိုင်သူမှာ ၎င်းတို့မိသားစု တစု သာရှိကြောင်း၊ ၎င်း၏ အမျိုးသားမှာ စက်ရုံဝန်ထမ်းဖြစ် ကြောင်း၊ ဆီဘောက်ဆာ ပေါက်ကွဲသံ ကြားပြီးမှသာ မီးလောင်ကျွမ်း ကြောင်း လာရောက် ပြောပြခြင်း ဖြစ်ကြောင်း၊ အခြား ဝန်ထမ်းများ ရှိသော်လည်း မည်သို့ဖြစ်သည်ကို မသိရှိကြကြောင်း အဆိုပါ အမျိုးသမီးက ရှင်းပြသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင်အနည်းငယ် ထိခိုက် ဒဏ်ရာရရှိသူ ၂ ဦးသာရှိကြောင်း၊ သေဆုံးသူ အပြင်းအထန်ဒဏ်ရာ ရသူ မရှိကြောင်း၊ မီးလောင်မှုအတွက် မီးသတ်ကား ၅၂ စီးခန့် အ သုံးပြု ခဲ့ရကြောင်း၊ ဆုံးရှုံးပျက်စီးမှု တန်ဖိုးကိုမှု စုံစမ်းဆဲ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ပုလဲလမ်းပေါ်ရှိ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (ဦးပိုင်) ပိုင် စက်ရုံ တွင် သံရည်ကျိုရာမှ မီးလောင်မှုတခု ဖြစ်ပွားခဲ့သည်။

Credit : Here

မြန်မာ့ ပြောင်းလဲမှု စံပြုသင့်ကြောင်း ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ပြော


ကမ္ဘောဒီးယား အဝေးရောက် အတိုက်အခံ ခေါင်းဆောင်က မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် ကမ္ဘောဒီးယား နိုင်ငံအတွက် နမူနာ ကောင်း ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ရန်ကုန်တွင် ကျင်းပသည့် အမျိုးသားဒီမိုရေစီ အဖွဲ့ချုပ် (NLD) ပါတီညီလာခံတက်ရောက်ခဲ့ ပြီးနောက် ပြောကြား လိုက်သည်။

Cambodian National Rescue Party ၏ အဝေးရောက် အတိုက်အခံ ခေါင်းဆောင် မစ္စတာ ဆမ်ရိမ်ဆီသည် ၎င်း၏ မြန်မာပြည် ၃ ရက်ကြာ ခရီးစဉ်အတွင်း NLD ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။

“ကျနော်တို့ဟာ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ဘယ်လိုလုပ်တယ်ဆိုတာ စံနမူနာပြု လေ့လာ ပါတယ်” ဟု ၎င်းက ဧရာဝတီ ရုံး သို့ လာရောက်လည်ပတ်စဉ် ပြုလုပ်ခဲ့သော အမေးအဖြေ တွင် ပြောခဲ့ သည်။

ပြင်သစ်နိုင်ငံတွင် လတ်တလော နေထိုင်ခိုလှုံနေရသော ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် သည် ဒေါ်အောင်ဆန်းစုကြည်၏ သီးခြား ဖိတ်ကြားချက်အရ လာရောက်ခဲ့ခြင်း ဖြစ်ပြီး (N LD) ပါတီညီလာခံနှင့် ပတ်သက်၍ “ဆုံးဖြတ်ချက် ခိုင်မာမှု၊ ရင့်ကျက်မှုနဲ့ သည်းခံမှုမှာတကယ့် ကို ဥပမာ နမူနာကောင်းပါ။ ဒီ ညီလာခံ မတိုင်ခင် လွန်ခဲ့ ၂၅ နှစ်တုန်းက သူတို့ဟာ တိုက် ပွဲဝင်ခဲ့ကြရတယ်” ဟု ဆိုသည်။

NLD ပါတီတွင်း ပဋိပက္ခများနှင့် ပတ်သက်ပြီး မစ္စတာ ဆမ်ရိမ်ဆီက နိုင်ငံရေးအာဏာဆီ ဦးတည်သော ပါတီတိုင်း ယင်းကဲ့သို့တွေ့ကြုံရ တတ် ကြောင်း၊ ၎င်းတို့ ပါတီသည်လည်း အလားတူ ပြဿနာရပ်များ ကြုံတွေ့ရကြောင်း ပြောသည်။

ပြီးခဲ့သော ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မပါဝင်နိုင်စေရန် အာဏာရပါတီ၏ မတရား နိုင်ငံရေး စွပ်စွဲမှုများကြောင့် တိမ်းရှောင်ရန် မစ္စတာ ဆမ်ရိမ်ဆီသည် ယခုအခါ နိုင်ငံရပ်ခြားတွင် ခိုလှုံနေထိုင်နေ ရသော်လည်း ၎င်း၏ ပါတီသည် ဇူလိုင်လတွင် ကျင်းပနိုင်မည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေသည်။

လက်ရှိ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်သည် ဆယ်စုနှစ် ၃ ခုကြာ အုပ်ချုပ်နေမှုကို နောက်ထပ် ၅ နှစ် ဆက်လက်အုပ်ချုပ်နိုင်ရန်ကြိုးစား နေမှုအပေါ် “ကမ္ဘောဒီးယားက တပါတီ စနစ် မဟုတ်တော့ဘူး၊ သို့ပေမယ့် တဦးတည်း ချုပ်ကိုင်ထားတဲ့ စနစ်ပါ။ မြန်မာပြည်မှာ အပြောင်းအ လဲ တွေ မြင်နေရပေမယ့် ကမ္ဘောဒီးယားက တော့ တဦးတည်းစနစ်နဲ့ သွားနေပါတယ်။ အဲဒီ တဦးတည်းဆိုတဲ့ လူကလည်းဗီယက် နမ်ရဲ့ ရုပ် သေးရုပ်ပါ” ဟု မစ္စတာ ဆမ်ရိမ်ဆီက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် တဦးတည်းအပေါ် NLD မှီခိုနေရသည်ဟု ဝေဖန်သူများက ပြောဆိုနေသလို Cambodian National Rescue Party ပါတီ အနေဖြင့် သူ့အပေါ် မှီခိုလွန်းနေကြောင်း ပြောဆိုဝေ ဖန်မှုများနှင့် ယှဉ်၍ “ကျနော် ပြည်ပမှာ ၃ နှစ်ကျော် ကြာခဲ့ပါပြီ။ ပါတီကတော့ ဆက်လက် ကြီးထွားနေ တယ်။ ဒါဟာ အဖွဲ့အစည်းတခုအတွက် စမ်းသပ်မှုပဲ။ ဒါဟာ တဦးတ ယောက်တည်း အပေါ် မှီခိုနေတာ မဟုတ်ဘူး ဆိုတာ ပြသတာပဲ။ ကျနော်က ပြယုဒ်ပါ” ဟု သူက ဆိုသည်။

အာရှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် လုပ်ရည်ကိုင်ရည်ပြည့်ဝသော ဒေါ်အောင်ဆန်းစုကြည် ကဲ့ သို့ ခေါင်းဆောင်များ လိုအပ်ကြောင်းလည်း ပြောသည်။

“တူနီးရှားတို့ အီဂျစ်တို့ ကြည့်။ တော်လှန်ရေးက ဘယ်မှ မရောက်ပဲ ဖြစ်နေတယ်။ အကြောင်းက ဒီလို စွမ်းဆောင်ရည်ရှိတဲ့ ခေါင်းဆောင် မရှိ လို့ပဲ” ဟု မစ္စတာ ဆမ်ရိမ်ဆီက သုံးသပ်သည်။

ယခုအချိန်အထိ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဖိအားပေးမှုများ ရှိနေသော်လည်း ကမ္ဘောဒီးယား အစိုးရအနေဖြင့် မစ္စတာဆမ်ရိမ်ဆီအား ပြန် လာခွင့် ပြု မပြုမှာ ကွဲကွဲပြားပြား မသိရသေး ပေ။

အကယ်၍ ၎င်းအား ပြန်လာခွင့် မပြုလျှင်လည်း ပါတီအနေဖြင့် ဇူလိုင်လ ရွေးကောက်ပွဲကို သပိတ်မှောက် မည် မဟုတ်ကြောင်း၊ သို့သော် နိုင် ငံတကာ အသိုင်းအ၀ိုင်းနှင့် အစိုးရများကို ရွေး ကောက်ပွဲ မှ ထွက်ပေါ်လာမည့် မည်သည့်အစိုးရကိုမျှ အသိအမှတ် မပြုရေး တိုက်တွန်း သွား မည်ဟု ဆိုသည်။

“ကျနော်တို့နိုင်ငံက ဆင်းရဲတဲ့ နိုင်ငံလေးပါ။ နိုင်ငံတကာက အကူအညီမပါဘဲ ရှေ့ဆက်ဖို့ ခက်ပါ တယ်။ နိုင်ငံ ဘတ်ဂျက်ရဲ့ ၃ ပုံ ၁ ပုံ ဟာ နိုင် ငံတကာ အကူအညီကို မှီခိုနေရပါတယ်။ ကျန်တဲ့ထဲက ၃ ပုံ ၁ ပုံ ကလည်း အကြွေးတွေပါ။ တည်ငြိမ်အေးချမ်းမှုလည်း မရှိပါဘူး။ ဖွံ့ဖြိုး မှု လည်း မရှိသေးပါဘူး။ အခြေ အနေက တကယ့်ကို မတည် မငြိမ်နဲ့ အန္တရာယ် အနေအထားပါ” ဟု မစ္စတာ ဆမ်ရိမ်ဆီက ပြောသည်။

သို့သော်လည်း ၎င်းအနေဖြင့် အနာဂတ်ကာလ၌ နှစ်နိုင်ငံစလုံးတွင် ပြောင်းလဲမှုများ အခိုင်အမာ ဖြစ်ပေါ် တိုးတက်လာ မည်ဖြစ်ကြောင်း ပြော သည်။

“ဒါက သဘာဝ ဒီလှိုင်းတွေပေါ့။ ရပ်တန့်ဖို့ ဘယ်သူမှ လုပ်လို့ မရဘူး” ဟု ဆိုသည်။

အကယ်၍ အိမ်ပြန်ခွင့်ရပြီဆိုသည်နှင့် ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘောဒီးယားနိုင်ငံသို့ ဖိတ်ကြားခွင့် ကို မျှော်လင့်ကြောင်း မစ္စတာဆမ် ရိမ် ဆီက ဧရာဝတီသို့ ပြောဆိုသွားခဲ့သည်။

Credit : Here

လူအခွင့်အရေး တိုးတက်လာပေမယ့် ကွာဟမှုတွေ ရှိနေသေးကြောင်း ကင်တားနားပြော

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမူတွေကြောင့် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာပေမယ့် ကြီးမားတဲ့ကွာဟမှုတစ်ရပ် ရှိနေသေးတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စား လှယ် Tomas Quintana က ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ (၂၂) ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

Mr Quintana ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာကို မတ်လ (၇) ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဲဒီအစီရင်ခံစာကို မနေ့ကညီလာခံမှာ တင်ပြခဲ့တာဖြစ်ပါတယ်။

မဖြေရှင်းနိုင်သေးတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မူတွေကို ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေ မှာ တွေ့မြင်နိုင်ကြောင်း၊ ဒီဖြစ်ရပ်တွေကြောင့် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ မတည်မ ငြိမ်ဖြစ်လာအောင် ဖန်တီးနိုင်တဲ့ သက်ရောက်မှုတွေ ပေါ်ပေါက်ဖို့ရှိကြောင်း အဲဒီသက်ရောက်မှုတွေ အမြစ်မတွယ်ခင် ရှင်းလင်းထားသင့်ကြောင်း၊ ၂၀၁၁ခုနှစ် မေလက နိုင်ငံရေးအကျဉ်းသား (၈၀၀)ကျော် လွတ်ပေးခဲ့တာကို ကြိုဆိုပါကြောင်း၊ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား (၂၅၀) ကျော် အကျဉ်းထောင်တွေ ထဲမှာ ကျန်နေသေးကြောင်း ပြောကြားခဲ့ပါတယ်.။

လူ့အခွင့်အရေးကိုယ်စားလှယ် Mr Quintana ရဲ့ တင်ပြချက်အပြီးမှာ မြန်မာသံအမတ်ကြီး ဦးမောင်ဝေက ရခိုင်ဒေသမှာ မနှစ်ကဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မူတွေကြောင့် နှစ်ဦးနှစ်ဘက် နစ်နာခဲ့ရကြောင်း၊ အစိုးရ အနေနဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးပြီးဖြစ်သလို၊ ပြဿနာကိုဖြေရှင်း နိုင်မယ့် ရေ တိုရေရှည် အစီအစဉ်အရပ်ရပ်ကိုလည်း ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပြီး၊ ကချင်ပြည်နယ်မှာ အစိုးရ စစ်တပ်က နိပ်စက်ညှင်းပန်းတာတွေ လုပ်နေတယ်ဆိုတာကို ငြင်းဆိုသွားခဲ့ပါတယ်။

Credit : Here

ဖုန်းဆင်းကဒ်ကို နှစ်သောင်းကျပ်ဖြင့် ရောင်းချပေးမည်မပြောကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ငြင်းဆို



သတင်းဂျာနယ်အချို့တွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဟု ပြောကြောင်း ရေးသား ထားမှု ကို မဟုတ် မှန်ကြောင်းး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ယနေ့နံန့က်တွင် တရားဝင်ငြင်းဆို လိုက်သည်။

"တခါမှ ဈေးနှုန်းကို ထည့်မပြောခဲ့ဘူး။. အလွန်နည်းပါး တဲ့ဈေးနဲ့ပဲရောင်းပေးမယ် လို့ပြောခဲ့ တာပါ"ဟု ၄င်း က ဆိုသည်။

ဝန်ကြီး ဦးစိုးသိန်းကဆင်းကဒ်များကို ဧပြီလ ၁ ရက်နေ့ တွင် ပိုမို သက်သာသောဈေးနှုန်းဖြင့် ရောင်း ချပေး မည် သာ ဖြစ်ကြောင်း ထပ်မံအသိပေးပြောသည်။

Popular Myanmar News Journal

Credit : Here

ဘဏ္ဍာအခွန်ငွေအား ရာခိုင်နှုန်းစား မသမာမှုများအား အရေးယူဖော်ထုတ်ပေးပါရန် (တိုင်ကြားစာ)

ယနေ့ကာလ ဖြစ်ပေါ်နေသော အဂတိလိုက်စားမှု့ များအနက် ပြည်တွင်းအခွန်ဌာနဧ။် အဂတိလိုက်စား မှု့သည် နိုင်ငံတော် ဘဏ္ဍငွေများအား ကိုယ်ကျိုး အတွက် သူဌေးဖြစ် ရယူနေကြချင်း ဖြစ်ပေသည်။

ပြည်တွင်းအခွန်ဧ။် ခြစားနေသော အခွန်ကောင်ခံမှု့ နည်းလမ်းများစွာအနက် နိုင်ငံတော်ဘဏ္ဍာ ငွေ များပြားစွာဆုံးမှု ဖြစ်ပေါ်နေရခြင်း မှာ အိမ်မြေရောင်း ၀ယ်မှု့များအပေါ် မသမာသော နည်းလမ်းဖြင့် အခွန်ကောက်ခံ နေခြင်းကြောင့်ဖြစ်ပေသည်။ အိမ်မြေ ၀ယ်ယူသူတဦးအနေဖြင့် ဥပဒေအရ ပေးဆောင်ရမည့် အခွန်နှုန်းထားမှာ ယခင် ၁၅% (အခွန် ၈%+ တံဆိပ်ခေါင်းခွန် ၇% ) ၊ ယခု ၃၇% (အခွန် ၃၀% + တံဆိပ်ခေါင်းခွန် ၇%) ဖြစ်သော်လဲ မသမာမှု့များပြု လုပ်ခါ တံဆိပ်ခေါင်းခွန် အပါအ၀င် ယခင်အခွန်အပြီးအစီး ၁၀% မှ၁၂% အတွင်း ၊ ယခု ၂၅% မှ ၂၇% အတွင်း ရာခိုင်နှုန်းထားများဖြင့် မသမာမှု့ပြုလုပ်ခါ ညို့နှိုင်း ကောက်ယူကြခြင်းဖြစ်ပေသည်။

- ဥပမာ- အိမ်မြေရောင်ဝယ်မှု့တခုသည် (သိန်းငါးထောင်ကျပ်) ဖြစ်သည်ဆိုပါစို့ ၊ ပထမအဆင့်အနေဖြင့် တန်ဖိုး လျော့နည်း သတ်မှတ်ပေးရေးအတွက် တန်ဖိုးဖြတ်အဖွဲ့နှင့် ညို့နှိုင်းခါ အပေးအယူ လုပ်ရ မည်ဖြစ်ပေသည်။ တန်ဖိုးဖြတ်အဖွဲ့မှ (သိန်းသုံးထောင်ကျပ်) သတ်မှတ်ပေးသည် ဆိုပါစို့ ၊ ဒုတိယ အဆင့်နေဖြင့် ငွေဖြူမရှိသူဝယ် ယူသူမှပေးဆောင်ရမည့်အခွန်မှာ-

(၁) မူလတန်ဖိုး (သိန်ငါးထောင်ကျပ်) အပေါ်ဥပဒေအရ ၃၇% ဖြင့် (သိန်းပေါင်း တစ်ထောင့်ရှစ်ရာ ငါးဆယ်ကျပ်)

(၂)တန်ဖိုးဖြတ်အဖွဲ့ သတ်မှတ်တန်ဖိုး (သိန်းသုံးထောင်ကျပ်)အပေါ်၃၇%ဖြင် (သိန်းတစ်ထောင့် တစ်ရာ တစ်ဆယ် ကျပ်)

(၃) လုပ်ငန်းလက်ခံဝန်ထမ်းဖြင့် ညို့နိုင်းပြီး (သိန်းသုံးထောင်ကျပ်) အပေါ်အခွန်အပြီးအစီး ၂၇% (အခွန် ၂၀% +တံဆိပ်ခေါင်းခွန် ၇% ) ဖြင့် (သိန်းပေါင်းရှစ်ရာတစ်ဆယ်ကျပ် ) ဖြစ်ခါ ဖော်ပြပါငွေအား လုပ်ငန်း လက်ခံ ၀န်ထမ်းထံ အရစ်ကျစနစ်ဖြင့် ပေးလိုက်ရုံပင်ဖြစ်ပေသည်။

- လုပ်ငန်းလက်ခံဝန်ထမ်းသည် ဥပဒေအရ ၃၇%အပေါ်စာရွက်စာတမ်း အတုများဖန်တီးပြီး နည်းမျိုးစုံဖြင့် တွက်ချက် ပါတော့သည်။ လက်ခံထားသော ၂၇% အပေါ် အကျိုးမြတ် လာဘ်ငွေများ များပေါ်အောင် ငွေဖြူစာရွက်အတုများ အားကြိမ်ဖန်များစွာ ပြန်လည်အသုံးပြုကြခြင်းဖြစ်ပါသည်။

တွက်ချက်မှု့အရအခွန်ငွေ ၁၇% ဖြစ်လျှင်လာဘ်ငွေ ၁၀% (သိန်သုံးရာကျပ်)၊ အခွန်ငွေ ၁၂% ဖြစ်လျှင် လာဘ်ငွေ ၁၅% (သိန်းလေးရာငါးဆယ်ကျပ်)၊ အခွန်ငွေ ၇% ဖြစ်ပါကလာဘ်ငွေ ၂၀% (သိန်းခြောက်ရာ ကျပ်) ဖြစ်ပါမည်။ အောက်ခြေမှတွက်ချက်တင်ပြမှု့များအား အထက်အဆင့်ဆင့်မှ ရာခိုင်နှုန်းအချိုးကျ ရယူပြီးဆောင်ရွက်နေကြချင်းဖြစ်ပါသည်။

ဖော်ပြပါဥပမာတွင် နိုင်ငံတော်အနေဖြင့် ရရှိမည့်အခွန်ငွေမှာ အနည်းဆုံး (သိန်းနှစ်ရာ့တစ်ဆယ်ကျပ်) မှအများဆုံး (သိန်းငါးရာ့ တစ်ဆယ်ကျပ်) ပမာနအတွင်းသာဖြစ်ပြီး နိုင်ငံတော်အခွန်ငွေ သိန်းပေါင်းမြောက် များစွာ ဆုံးရှူံးနေရသည်ကို အထင်အရှားတွေ့ မြင်ရမည်ဖြစ်ပါသည်။ -

ရန်ကုန်တိုင်းအတွင်းတွင် မရမ်းကုန်း၊ ဗဟန်း၊ ကမာရွတ်၊ လှိုင်၊ လသာ၊ တောင်ဥက္ကလာ၊ တာမွေ၊ စသည့် နံမည်ကြီးအခွန်ရုံးများ၊ တိုင်းနှင့်ပြည်နယ်ရှိ မြို့ကြီးများမှ အခွန်ရုံးများ၊ ကုမ္မဏီရုံးမှ အချို့ဝန်ထမ်းများသည် တန်ဖိုးကြီးအိမ်မြေကိစ္စရပ်များ၊ ပမာဏတန်ဖိုး အလွန်များပြားသော နိုင်ငံပိုင်မှ ပုဂ္ဂုလိကပိုင်ပြုလုပ်သော ကိစ္စရပ်များနှင့် အမှု့တွဲပေါင်းများစွာအား ရာခိုင်နှုန်းစားဖြင့် ညိုနှိုင်းလက်ခံပြီး နေပြည်တော်ဗဟို စီစစ်ရေး ညွှန်ကြားရေးမှူးနှင့် အပေးအယူလုပ်ခါ မသမာမှု့ပြုလုပ်နေကြခြင်းဖြစ်ပါသည်။

နိုင်ငံတော်ဘဏ္ဍာငွေများဖြင့် ဇနီး၊ မိဘ၊ ယောက်ခမ…….အမည်ခံကာ တန်ဖိုးကြီးကားဝယ်၊ မြေ၀ယ်၊ တိုက်ဆောက်၊ မယားငယ်ယူ တို့ဖြင့်ချမ်းသာပိုင် ဆိုင်မှု့များမှာ ရရှိလစာ၊ ရာထူးအဆင့်တို့အရပြောမယုံ ပုံပြင်အဖြင့်သာ မှတ်ရမည်ဖြစ်ပါသည်။ -

သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအစိုးရ ဖြစ်စေရန်နှင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် ရသင့် ရထိုက်သော ဘဏ္ဍာငွေအား ရာခိုင်နှုန်းစားနေသော အကျင့်ပျက် ၀န်ထမ်းများကို ဖော်ထုတ် အရေးယူခြင်း၊ ကိုယ့်ကျိုးအတွံက်သူဌေးဖြစ် ရယူထားသောအခွန်ဘဏ္ဍာငွေ များအားနိုင်ငံတော် သို့ ပြန်လည် ပေးသွင်းစေခြင်းတို့ဖြင့် စံနမူနာပြ အရေးယူရန် အချိန်တန်ပြီ ဖြစ်ပါကြောင်း နိုင်ငံတော်အကျိုး အတွက်ရေးသားတင်ပြလိုက်ရပါတော့သည်။

အနှိမ်ခံ၊ အပယ်ခံ ၀န်ထမ်းများ

Credit : Here

၂၀၁၅ မှ မဟုတ်ပါဘူး ရွေးကောက်ပွဲတိုင်းဟာ တရားမျှတအောင်လုပ်ခဲ့တာပဲဟု ဦးဌေးဦးကဆို


“ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တောင်မှ ဆွဲခဲ့တဲ့လူတွေပဲဗျာ ပြည်သူ့အတွက်လိုအပ်ရင် ဘာမဆို လုပ်ဆောင်ပေးချင်ပါ တယ်”ဆိုသည့် ပြည်ခိုင်ဖြိုးပါတီမှ ဒုဥက္ကဋ္ဌ ဦးဌေးဦး

မြန်မာနိုင်ငံတွင် ကျင်းပခဲ့ သည့် ၂၀၁၀၊ ၂၀၁၁ ရွေးကောက် ပွဲများနှင့် နောင်လာမည့် ၂၀၁၅ ရွေးကောက် ပွဲအတွက် မျှတမှုရှိ ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးကဆိုပါသည်။ ရွေးကောက်ပွဲများနှင့်ပတ် သက်၍မေးမြန်းရာတွင် ဦးဌေးဦး က ““ကျွန်တော်ပြောချင်တာက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ၂၀၁၅ မှ မဟုတ်ပါဘူး။ ၂၀၁၀ ရော၊ ၂၀၁၁ ရော ကျွန်တော်တို့ အနေနဲ့ တရားမျှတအောင်လုပ် ခဲ့တာ ပဲလေ။ ရွေးကောက်ပွဲလုပ် တိုင်းလုပ်တိုင်းဟာ တရားမျှတ အောင်လုပ်ခဲ့တာ ပဲ။ နောက်ထပ် ပြောချင်တာ က ရွေးကောက်ပွဲရှိမှ မဟုတ်ပါဘူး။ မရှိလည်းပဲ တရားမျှတအောင်လုပ်တယ်။ နေရာက အရေးကြီးလို့လား။ လုပ်ဆောင်မှုဟာ အရေးကြီးလားလို့ ကျွန်တော် အမြဲပြောခဲ့ပါတယ်။ ကျွန်တော်အရွေးမခံရ ဘူးဆိုပါတော့။ အရွေးမခံရတော့ ကော ကျွန်တော်မလုပ်နိုင်ဘူး လား။ အရွေးမခံရတော့လည်း လုပ်နိုင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်ပြီး USDP အနေနဲ့ ဘာမှတော့ လုပ်ဆောင် ချက်မရှိသေးပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ရန်က ဘာ အတွက်လဲ။ ဘယ်သူ့အတွက်လဲ။ တိုင်းပြည်ရဲ့ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်လို့ ကျွန်တော် တို့အနေနဲ့ အသစ်တောင်မှ ဆွဲခဲ့ သေးတာပဲ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ဆွဲခဲ့တဲ့လူတွေပဲဗျာ။ ပြည်သူ့အတွက် လိုအပ်ရင် ဘာမဆို လုပ်ဆောင်ချင်ပါတယ်”” ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ခြင်း၊ ရွေးကောက်ပွဲကျင်းပ ခြင်းနဲ့ပတ် သက်ပြီး ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌဦးဌေးဦးက ဆိုပါသည်။

Credit : Here

လူ့အခွင့်အရေး ပညာပေးနည်းပြ သင်တန်းဖွင့်လှစ်မည်

လူ့အခွင့်အရေး ပညာပေး နည်းပြသင်တန်းကို လာမည့် မတ်လ ၁၄ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ရန်ကုန်မြို့ Equality Myanmar ၌ ဖွင့်လှစ် ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ရန်ကုန် ၊ မန္တလေး ၊ စစ်ကိုင်း ၊ မကွေး ၊ ပဲခူး ၊ ဧရာဝတီ ၊ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တို့မှ လူ့အခွင့်အရေး အကြောင်း ဆိုင်ရာများကို နည်းပြ အဆင့်အထိ လေ့လာလို သူများအတွက် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် လူ့အခွင့်အရေး နှင့် သမိုင်းကြောင်း ၊ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ၊ အမျိုးသမီးများ အခွင့်အရေး ၊ ကလေး အခွင့်အရေး နှင့် မသန်စွမ်း သူများဆိုင်ရာ အခွင့်အရေး စသည့် နိုင်ငံတကာ လူ့အခွင့်အရေး စာချုပ်များ ၊ လူ့အခွင့်အရေး ကို နိုင်ငံတော် ရှုထောင့်မှ သုံးသပ်ခြင်း စသည့် သင်ခန်းစာ များဖြင့် သင်ကြား ပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၉- ၄၄၈၀ ၂၃၅၆၉ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

Credit : Here

ကင်ဆာရောဂါနှင့် အစွမ်းထက် သင်္ဘောရွက်

ကင်ဆာရောဂါနှင့် အစွမ်းထက် သင်္ဘောရွက် အချို့သည်လည်း သိပြီးသား၊ ဖတ်ပြီးသားများ ဖြစ်ကောင်း ဖြစ်ကြ ပါလိမ့်မည်။

ကိုယ်ကိုယ်တိုင် မခံစား ရသော်လည်း ခံစား နေ ရသော မိမိ ပတ်ဝန်းကျင်ကို မျှဝေ ပေးခြင်းဖြင့် ကုသိုလ် ယူကြပါစို့…

ဤဆောင်းပါး သည်လည်း ဟိုမှနည်းနည်း ဒီမှ နည်းနည်း စုစည်းထားခြင်းသာ ဖြစ်ပါ သည်။ ငွေကုန် ကြေးကျ အလွန်များပြီး ၀မ်းနည်း စရာ အတိပြီး နေသော ကင်ဆာ ရောဂါ ဝေဒနာ ရှင်များ အတွက် အတိုင်းအတာ တစ်ခုအထိ အကျိုးပြုနိုင် လိမ့်မည်ဟု ထင်မြင်ကာ ပြန်လည် ရေးသား ကုသိုလ်ပြု တင်ပြ အပ်ပါသည်။

သင်္ဘောသီးသည် မြန်မာ လူမျိုးများ အတွက် လွန်စွာ ရင်းနှီးသော အစားအစာ တစ်မျိုး ဖြစ်သည်။ သို့ရာတွင် သင်္ဘောရွက်၏ အစွမ်းကိုမူ လူသိ နည်းလှသည်။ အမှန် တကယ်တွင်တော့ သင်္ဘောရွက်သည် သဘာဝ ဆေးစွမ်း ထက်လှသော အရွက် တစ်မျိုးပင် ဖြစ်လေသည်။

အမေရိကန်၌ သုသေသန လုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား များစွာ ရရှိခဲ့သည်။ ယခုအခါ ဖလော်ရီဒါ တက္ကသိုလ်မှ သုတေသန ပညာရှင်နမ်ဒန်း (Dr. Nam Dang) နှင့် ဂျပန်မှ သူ၏ လုပ်ဖော် ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမ ကိုယ်ကင်ဆာ၊ ရင်သား ကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ် များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။

သူတို့အဖွဲ့သည် သင်္ဘောရွက် ခြောက်များကို အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ရာတွင် သင်္ဘော ရွက်ခြောက်ကို လက်ဖက်ရည် ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ် များကို သေစေ နိုင်ကြောင်း တွေ့ ရှိခဲ့ကြသည်။

သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအား စနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1-type cytokins များ ထုတ်လုပ်ခြင်းကို မြှင့် တင် ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။

ထို့ကြောင့် ကင်ဆာ ဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအား စနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက် များကို အသုံးပြု လာနိုင်တော့ မည်ဟု ဆို၏။

ကမ္ဘာ့နေရာ အနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခု အဖြစ် အသုံးပြု နေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံး များသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာ များသည် ပုံမှန်ဆဲလ်များ အပေါ် ဘေးဥပါဒ် ဖြစ်စေမှု လုံးဝ မရှိသောကြောင့် လက်ရှိ အသုံးပြုနေသော ကင်ဆာ ဆေးဝါးများစွာ တို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက် ဆိုးကျိုး များစွာတို့ကို ရှောင်ရှား နိုင်လိမ့်မည် ဟုဆို၏။

သုတေသန ပညာရှင် များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာ ထိတွေ့ စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀ မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန် နှေးကွေး သွားကြောင်း တွေ့ရှိ ခဲ့ရသည်။

ဒေါက်တာဒန်းနှင့် အဖွဲ့သည် သင်္ဘောရွက်မှ နေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်း လုပ်ငန်းစဉ် အတွက် တိုကျို တက္ကသိုလ် မှတစ်ဆင့် မူပိုင်ခွင့် လျှောက်ထားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

သင်္ဘောရိုး တံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကို မျှတ စေပါသည်။ ကင်ဆာဆဲလ် များဖြင့် သွေးကြော များရှင်သန်မှုကို Acetogenin က ဖျက်ဆီး ပြစ်ပါသည်။

သင်္ဘောရွက် သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်သည်။ ၎င်းတို့သည် ခန္ဓာကိုယ် ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုး ကူညီပါသည်။

၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း (ပါကျူး တက္ကသိုလ် ပါမောက္ခ) သည် အမျိုးသား ကင်ဆာသိပ္ပံမှ မေတ္တာ ရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာ ထိရောက်မှုကို စမ်းသပ် ခဲ့သည်။ အပင် ၃၅၀၀ စမ်းသပ်ခဲ့ပြီး အစွမ်းထက် ပစ္စည်း ၅၀-တွေ့ရှိ ခဲ့သည်။

၎င်းအနက် Acetogenin သည် အလွန် အစွမ်းထက်ပြီး သန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ် တို့ကို တိုက်ဖျက် ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခ မဖြစ် စေခဲ့ပါ။

တုပ်ကွေးရောဂါနှင့် ပတ်သက်၍ အမေရိကန် ကျောင်းသား တစ်ဦးမှ သိရှိရသည်မှာ ၎င်း၏ သွေးသွင်းမူ သည် ၁၅-လီတာရှိပြီး အင်အား ချည့်နဲ့ နေပါသည်။

ဖခင်ဖြစ်သူသည် စိတ်ပူပြီး ဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘောရွက် အရည်ကို သာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ် အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက် ဆေးကို မှီဝဲ ပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့   တောင်မှ အံ့အား သင့်ပြီး ကလေးကို ဆေးရုံမှ ဆင်းစေသည်။

ထိုသတင်းသည် တစ်မြို့လုံးပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘော ရွက် နှစ်ရွက် ကို ဆေးကြော ထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ် တတ်သည်။ အရွက်ဖွားဖွား ကို ရွေးပါ။ အလွန် ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

(ဆေးမြီးတို) သင်္ဘောရွက် အလတ်စား တို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက်တောက် စဉ်းကာ ဒယ်အိုးထဲတွင် ရေနှစ် လီတာဖြင့် ပြုတ်ပါ။

အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင် ထည့်ထားပါ။

ရေခဲ သေတ္တာထဲတွင် ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက်ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်း သုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ် တိုက်ပါ။

ဤသင်္ဘောရွက် ကုထုံး ဇာတ်လမ်းသည် အခြား ဆေးဖက်ဝင် ကုထုံးများထက် ပိုမို ဆန်းပြားသည်။ ၄င်းအရွက်ကို သီးဖျော်စက်ထဲ ထည့်မွေကာ သောက်ခြင်း သည်လည်း လွယ်ကူလျှင် မြန်သော ပြီးထိ ရောက်သော ဆေးမြီးတို တစ်ရပ် ဖြစ်ပါကြောင်း…… သတင်းကောင်း ပါးအပ်ပါသည်။

Credit : Here

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအားဆက်လက်ဆောင်ရွက်စေသင့် ကြောင်းရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြ


စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးချက်များ အရလက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အား နည်းချက်များ ရှိသော်လည်း ထိုအားနည်းချက် များ သည် ပြင်ဆင်နိုင်သည့် ကိစ္စများဖြစ်သောကြောင့် စီး ပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံ တကာဆက်ဆံရေး ရှုထောင့်မျိုးစုံကို ခြုံ ငုံစဉ်း စား ပြီး ပြုပြင်ရန်အကြံပြုချက်များ အားအကောင် အ ထည် ဖော်ဆောင် ရွက်စေလျက် လက်ပံတောင်းေ တာင် ကြေးနီစီမံကိန်းကို ဆက်လက် ဆောင်ရွက်စေ သင့်ကြောင်းမတ်လ၁၂ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြခဲ့သည့်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြု ခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်ခဲ့သည့်ကိစ္စ ရပ်များမှာ ဒေသခံလူထုသည် မြေယာ သိမ်းဆည်းမှုနှင့် ပတ်သက်၍ ထိုက်သင့်သည့် လျော်ကြေး မရရှိခြင်း ထိုက်သင့်သော အလုပ်အကိုင် အခွင့်အလမ်းများမရရှိခြင်းတို့ကြောင့်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း မြေယာသိမ်းဆည်းရာတွင် သက်ဆိုင်ရာ ၀န်ထမ်းများက ပွင့်လင်းမြင်သာမှု မရှိခဲ့ခြင်းနှင့် ၀န်ထမ်းအချို့က ပြေပြေလည် လည် ပြော ဆိုဆက်ဆံမှု မရှိခြင်းကြေင့် ပြဿနာများပိုမိုကြီးထွားလာခဲ့ကြောင်း၊ထိုအခြေအနေတွင် ဒေသပြင်ပ အဖွဲ့ အစည်းများ ရောက်ရှိလာကာ ဆန္ဒပြမှုများ အရှိန်မြင့်ခဲ့ကြောင်း ကော်မရှင်၏ အစီရင်ခံစာ တွင်ဖော်ပြ ထားသည်။

လက်ပံတောင်းတောင် စီမံကိန်းအား ဆန္ဒပြသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြိုခွဲသည့် ဖြစ်စဉ်တွင် ရဲတပ် ဖွဲ့သည် ဖော့စဖောရပ် ဓာတ်ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း၊ မြန်မာနိုင်င ရဲတပ်ဖွဲ့ အနေဖြင့် ယင်းမီးခိုးဗုံးမျိုးကို ယာယီ အဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်း မရှိသဖြင့် မီးခိုးဗုံး၏ အာနိသင်ကို သိရှိခြင်း မရှိကြောင်း၊ ထိုသို့ သိရှိခြင်း မရှိဘဲ သုံးစွဲမှုကြောင့် မမျှော်မှန်း မလိုလားအပ်သော မီးလောင်ဒဏ်ရာများရဟန်းသံဃာနှင့်လူပုဂ္ဂိုလ်အချို့တွင်ရရှိခဲ့ခြင်းဖြစ်ကြောင်း အပြီး သတ် အစီရင်ခံစာ တွင် ဖော်ပြထားသည်။

၂၀၁၂ခုနှစ် နိုဝင်ဘာလ၂၉ရက်နံနက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း များအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းခဲ့ရာ သံဃာတော်အပါး ၉၀ ကျော်နှင့် လူပုဂ္ဂိုလ်အချို့ မီးလောင်ဒဏ်ရာများ ရရှိခဲ့ရာ လက်ရှိအချိန်ထိ ထိုင်းနိုင်ငံ ထိုင်းအစိုးရ ဆေးရုံတွင် သံဃာတစ်ပါး၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိသီတဂူအာယုဒါန ဆေးရုံတွင်သံဃာတော် ခြောက်ပါးနှင့်မုံရွာ ဇောတိကရာမ ကျောင်းတိုက်တွင် ဆေးလိမ်း ဆေးသောက် ကုသမှု ခံယူလျက်ရှိသည့် သံဃာတော် ၈၇ ပါး ကျန်ရှိနေသေးကြောင်း ဒဏ်ရာရ သံဃာေ တာ် စောင့်ေ ရှာက်ရေးအဖွဲ့ ဦးဆောင်သံဃာ ဆရာတော် ဦးဝိမလက မတ်လ ၁၁ ရက်ညပိုင်းက မိန့်ကြားခဲ့သည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစားအား နိုင်ငံတော်သမ္မတထံ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက တင်သွင်းခဲ့ပြီးယင်းအစီရင်ခံစာအားအကောင်အထည်ဖော် ဆောင် ရွက်ရန် ကော်မတီတစ်ရပ်ကို နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၂၈/၂၀၁၃ ဖြင့် ဖွဲ့စည်းပေးခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို အကောင် အ ထည်ဖော် ဆောင်ရွက်မည့် ကော်မတီအား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် မြန် မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့မှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။

Eleven Media Group

Credit : Here

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်နေသည်ဆိုသောသတင်းများကိုတပ်မတော်ဘက်မှ ငြင်းဆို

ဖေဖော်ဝါရီလ နောက်ဆုံးပတ်နှင့် မတ်လ လဆန်း ပိုင်းများမှ စတင်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ်(မြောက်ပိုင်း) အတွင်း တပ်မတော်မှ စစ်ရေး လှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်နေသည် ဆိုသော သတင်းများကို ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ငြင်းဆို လိုက်ပါသည်။ မတ် လ၁၁ရက်နေ့တရုတ်နိုင်ငံ၊ ရွှေလီမြို့၌သတင်းထော က် များနှင့် တွေ့ဆုံစဉ်ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က ထိုကဲ့သို့ ငြင်းဆိုလိုက်ခြင်း ဖြစ်ပါသည်။ "အဲတာ ကတော့ မဟုတ်ပါဘူး။ မဟုတ်ပါဘူး ဆိုတာ အားလုံးလည်း သိတာပဲ။ ဒီဘက်က ကိုယ်တို့ ကတော့ တပ်တွေက ကိုယ့် အလုပ်ကို ပုံမှန် လုပ်နေတာပေါ့။

အထူးသဖြင့်ကတော့တပ်တွေ ပြန်နားတာတို့။ နောက်တစ်ခုက အသစ် တက်တာတို့။ ဒါလေးတွေက ရှိတာပေါ့။ အဲဒီ အပေါ်မှာတော့ တစ်ချို့က Fcaebook တွေပေါ်မှာလည်း ပြောတာလေးတွေ ရှိတာပေါ့။ ဒါပါပဲ။ ထူးပြီးတော့ အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့တော့ မရှိပါဘူး။ တပ်မတော် ဆိုတာကတော့ ပြောတဲ့ အတိုင်းပဲလုပ်ရတာပဲ”ဟုဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

ထို့အတူကချင်ပြည်နယ်အတွင်းစစ်ရေးတာဝန်များကိုရယူထားသည့်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က လည်း ကချင်ပြည်နယ် အတွင်း စစ်အင်အား တိုးချဲ့မှုများ မ ရှိကြောင်း ပြောပါသည်။

"အင်အားတိုးတဲ့ဟာတော့ မရှိပါဘူး။ ဒါလည်း ဘယ်အခြေမအမြစ်က လာတယ်လို့တော့ မသိဘူးပေါ့။ ကျွန်တော်တို့ အပိုင်းကတော့ အင်အားတိုးမြှင့်တဲ့ဟာ မရှိဘူး။ လောလောဆယ် တပ်လှုပ်ရှားမှုတွေ ရှိတယ်။ တပ် လှုပ်ရှား မှုတွေကလည်း ကျွန်တော်တို့ ပွင့်လင်းရာသီ ဖြစ်တဲ့ အတွက်ကြောင့် မလို့ ရိက္ခာ ပို့ရတာတွေ ရှိတယ်။ တပ်တွေ အချိန်း အပြောင်း ကိစ္စလေးတွေ ရှိတယ်။ တပ်တွေ အလှည့်ကျ အနားပေးတာလေးတွေ ရှိတယ်။ဒါတွေအတက်အဆင်းတွေရှိတဲ့အခါကျတော့ ဝေဖန်ချက်ပေါ့ဗျာ။ ဝေဖန် ချက်ပဲ ဖြစ် ပါလိမ့်မယ်။ တိတိကျကျ မပြောနိုင်တဲ့ဆီက လာတာပဲ ဖြစ်ပါလိမ့်မယ်"ဟု ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က Eleven Media Group သို့ ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပန်ဝါနှင့် ချီဗွေဒေသ များတွင် လေကြောင်း အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်၍လည်း ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ရှင်းလင်းခဲ့ပါသည်။

“အဓိက ကတော့ ချီဗွေ၊ ပန်ဝါဘက်မှာ သုံးတယ်ဆိုတာက ကိုယ်တို့က စာမေးပွဲ မေးခွန်းတွေ အတွက် အောက်က သွားလို့ မရတဲ့ အခါကျတော့ ရဟတ်ယာဉ်နဲ့ ပို့ပေးရတာ ရှိတယ်။ အဲဒီအပေါ်မှာ ပန်ဝါသွားတယ်။ ချီဗွေသွားတယ်။ ဒီဟာလေးတွေမှာတော့ တပ်အင်အားတွေ ဖြည့်ဖို့အတွက် သွားတယ် ဆိုပြီး စွပ်စွဲတာပေါ့။ အမှန်ကတော့ စာမေးပွဲ မေးခွန်းတွေ ပို့တာပါ”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က ပြောပါသည်။

KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကမူ တပ်လှုပ်ရှားမှုများအတွက် အတိအကျ ပြောရန် ခက်ခဲကြောင်းနှင့် ရိက္ခာဖြည့်တင်းရန် လှုပ်ရှားခြင်း တစ်ခုတည်းကို ကြည့်၍ ကောက်ချက်ချရန် ခက်ခဲကြောင်း ပြောပါသည်။

"တပ်တွေရဲ့ လှုပ်ရှားမှုကတော့ အတိအကျ ပြောဖို့ ခက်တယ်။ ဥပမာ တပ်တွေ သွားနေတယ်။ တပ်တွေ လှုပ်ရှားနေတယ်။ တစ်ချို့ကတော့ အင်အား ဖြည့်တာ ဖြစ်ကောင်း ဖြစ်မယ်။ တစ်ချို့ကတော့ အလဲအ လှယ် လုပ်တာလည်း ဖြစ်မယ်။ နောက် ရိက္ခာပို့တာတို့ ဘာတို့ ဖြစ်နိုင်တယ်။ ဒီဟာလေး တစ်ခုကိုပဲ သွားပြီး ပြောရင် ခက်တယ်။ ဒါကြောင့်မလို့ တပ်လှုပ်ရှားတဲ့ အပေါ်မှာတော့ ကောက် ချက်ချဖို့အတွက် ကျွန်တော်တို့က မှတ်ချက် ပေးဖို့ ခက်ပါတယ်"ဟု ဗိုလ်ချုပ် ဂွမ်မော်က ပြောပါသည်။

ကချင်ပြည်နယ်အတွင်း စစ်ရေး အရှိန်မြင့်တက်ခဲ့ပြီးနောက် ပြန်လည် စတင်ခဲ့သော ဖေဖော်ဝါရီလ ၄ ရက်နေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နောက်ပိုင်းနှစ်ဖက်တပ်များ အပြန်အလှန်ပစ်ခတ်မှုမရှိသလောက် လျော့ ပါးသွားခဲ့ကြောင်း သိရပါသည်။

Eleven Media Group

ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ် မှူးချုပ် ထွန်းထွန်းနောင်

Credit : Here

၁၉၈၂ ခုနှစ် ဥပဒေ အမြန်ဆုံး အကောင်အထည်ဖေါ်ရန် ရသေ့တောင်တွင် ဆန္ဒပြ တောင်းဆို

၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မူဆိုင်ရာ ဥပဒေကို အမြန် ဆုံး အေ ကာင် အထည်ဖေါ်ရန် ရသေ့တောင် မြို့တွင် မတ်လ၁၀ရက်ကဆန္ဒပြ တောင်းဆိုခဲ့ကြ သည်။ ဆန္ဒပြတောင်းဆိုသည့် အချက်များနှင့် ပတ်သက်ပြီး ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ တစ်ဦးက နိရဉ္စရာသို့ ယခုလို ပြောသည်။

“၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူ ဆိုင်ရာ ဥပဒေ ဆိုင်ရာတွေကို အမြန်ဆုံး အကောင်အထည်ဖေါ်ပေးဖို့ အဓိကထားပြီးတော့ တောင်းဆိုတယ်။ တခြား အချက်အလက်တွေ ကတော့ ဒေသခံ တိုင်းရင်းသားတွေရဲ့ ဆန္ဒ သဘောထား မပါဘဲနဲ့ ဒေသ အရေးကို မဆုံးဖြတ်ပါနဲ့။ နောက်ပြီး နိုင်ငံသား မဟုတ် သူတွေကို နိုင်ငံသား အခွင့်အရေး မပေးပါနဲ့၊ ၁၉၈၂ ခုနှစ်နို င် ငံသား ဖြစ်မှုဆိုင်ရာ ဥပဒေကို အမြန်ဆုံး အကောင် အထည်ဖေါ်ပေးပါ၊ တရားမ၀င် နေထိုင်သူတွေကို ဥပဒေကြောင်းအရ အမြန်ဆုံးအရေး ယူပေးပါနဲ့ ဘင်္ဂါလီ အရေး ပွင့်လင်း မြင်သာမှု ရှိပါစေ ဆိုတဲ့ အချက်အလက်တွေ ပါတယ်” ဟု ဆိုသည်။

ရသေ့တောင်မြို့ ဓည၀တီ ဆရာတော်ကြီးက ယခုလ ၇ ရက်နေ့က ဆန္ဒပြခွင့် လျှောက် တင်ရာတွင် မြို့နယ် တာဝန်ရှိသူများက ၁၀ ရက်နေ့ နေ့စွဲဖြင့် ခွင့်ပြုခဲ့သော်လည်း ၉ ရက်နေ့ ညနေပိုင်းတွင် ဆန္ဒပြပွဲကို ခွင့်မပြုဟု ဆိုကာ တဖန် တားမြစ်ခဲ့သည်ဟု ဆိုသည်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှုဆိုင်ရာ ဥပဒေကို အမြန်ဆုံး အကောင်အထည် ဖေါ်ပေးရန် တောင်းဆို ဆန္ဒပြ သည့် အပေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရသေ့တောင်မြို့နယ် အမတ် ဦးလှမောင် သိန်း က သူ၏ အမြင် ကို နိရဉ္စရာသို့ ပြောသည်။

“၁၉၈၂ ခု ဥပဒေကို သမ္မတက အခုလို အတိုင်းအတာတစ်ခုအရ ကိုင်တွယ်ရမယ် လို့ ကြေငြာခဲ့ ပြီးတဲ့ နောက်ပိုင်းမှာ ကိုင်တွယ် ဖြေရှင်းမှု မရှိတဲ့ အတွက် ရခိုင်သူ ရခိုင်သားတွေ က နောက်တကြိမ် လူမျိုးရေး ပဋိပက္ခကို ဖြစ်ပေါ် လာမှာကို စိုးရိမ် ပူပန်မှုတွေ ရှိနေကြတဲ့ အတွက် ခုလို အမြန်ဆုံး အကောင် အထည် ဖေါ်ပေးဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဆန္ဒပြ တောင်းဆိုပွဲတွင် ရဟန်းတော် ၂၀၀ နှင့် အမျိုးသား အမျိုးသမီး ၃၀၀ ခန့်၊ စုစုပေါင်း ၅၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့သည် ဟု သိရသည်။

နေ့လည် ၂ နာရီတွင် စေတီတောင်ကွင်းမှ စတင်ကာ မြို့ကို တပတ် ပတ်ပြီး ၃ နာရီတွင် စေ တီတောင် ကွင်းကို ပြန်လည်ရောက်ရှိလာကာ ဆန္ဒပြပွဲကို အောင်မြင်စွာ အဆုံးသတ်ခဲ့သည်ဟု သိရသည်။

Burma News International

Credit : Here

နာဂလူမျိုးများအား ချင်းမျိုးနွယ်စုထဲ သွတ်သွင်းမှုကို ကန့်ကွက်

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က မြန်မာနိုင်ငံရှိ နာဂ လူမျိုးများအား ချင်းမျိုးနွယ်စု ၅၃ စုတွင် ထည့်သွင်း သတ်မှတ်ခြင်း ကို နာဂတိုင်းရင်းသား များက သဘော မတူကြောင်း နာဂကျောင်းသားလူငယ်များ အဖွဲ့ချူပ် ရန်ကုန် ဥက္ကဌ ဦးေ နာ်ေ အာ င် ဆန်း က ပြောသည်။

နာဂတိုင်းရင်းသားများ သဘောမတူခြင်းမှာ ဘိုးဘွားအမျိုးအနွယ် တိဘက်-မြန်မာ အုပ်စုမှစ၍ အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံတွင် နေထိုင်ကြသည့် အပြင် ကိုယ်ပိုင် ဘာသာစကား ယဉ် ကျေး မှု ဓလေ့ထုံးတန်း အစဉ်အလာ ကြီးမား ခိုင်ခံ့သော သမိုင်းများ ရှိခဲ့သည့်အတွက် ဖြစ်ကြောင်း ယုဇနဂါးဒင်း ဟော်တယ်၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးနော်အောင်ဆန်းက ရှင်းပြခဲ့သည်။

၎င်းက “အခုလို ချင်းမျိုးနွယ်စု ၅၃ စုတွင် ပါဝင်သော မျိုးနွယ်စု တစ်ခု အဖြစ်တရားဝင် ထည့်သွင်းပြီး ပြန် လည်ဖြေကြားမှုက ၁၉၈၃ ခုနှစ်က အခြေခံတဲ့ သန်းခေါင် စာရင်းအရ ပြောတာက ပြည့်စုံမှု မရှိဘူး။ ဒီလိုပြောတာတွေက နာဂလူမျိုးအချင်းချင်းကိုစိတ်အနာတရဖြစ်စေပါတယ်။” ပာု ပြောသည်။

နာဂလူမျိုးများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အတည့်အလင်း သတ်မှတ်ပြဌာန်းထားကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံရှိ လူမျိုး ၁၃၅ မျိုး အနက် နာဂ လူမျိုးများသည် ၁၉၃၁ ခုနှစ် ခန့် မှစ၍ ပါဝင် ခဲ့ ခြင်းဖြစ်ပြီးယခုအချိန်မှချင်းလူမျိုးအတွင်းသို့ ထည့်သွင်းခြင်း ခံရကြောင်း နာဂနှစ်ချင်း ခရစ်ယာန် အဖွဲ့ ချုပ် အထွေထွေ အတွင်းရေးမှူး ဆရာတော် ဦးစိန်မောင်ကပြောသည်။

“ကျွန်တော်တို့က ချင်းလူမျိုးမဖြစ်ချင်လို့ မပာုတ်ပါဘူး။ တကယ်အမှန်ကို သိစေချင်လို့ပါ။ တိုင်းရင်းသား အားလုံးကို လေးစားပါတယ်။” ပာု ဆရာတော် ဦးစိန်မောင်က ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ချင်းအမျိုးသား ပါတီမှ ကိုငယ်ပီးက “နာဂလူမျိုးတွေကို ချင်းအမျိုးသားထဲ မလိုလားဘဲ သွတ်သွင်းခံရတာပာာ စိတ်မကောင်းစရာပါ။ ကျွန်တော်တို့က နယ်နမိတ်ချင်း ထိစပ်ပြီးတော့ သမိုင်းမှာ အဆက်အဆံ ရှိခဲ့ကြတယ်။ ကျွန်တော်တို့ က ညီရင်းအစ်ကိုတွေပါပဲ။” ပာု ပြောသည်။

ချင်းလူမျိုးများနှင့် နာဂလူမျိုးများ၏ ၀တ်စားဆင်ယင်ပုံ အနည်းငယ်သာ ကွဲပြားကြောင်းလည်း ကိုငယ်ပီး က ဆက်ပြောသည်။

နာဂလူမျိုးများသည့် အိန္ဒိယ၊ မြန်မာနှင့် တရုတ်ပြည်ကြား ပတ်ကွိုင်တောင်တန်းဒေသနှင့် ထိစပ်နေ သည့် ဒေသများတွင်နေထိုင်သည်။

မြန်မာနိုင်ငံတွင်နာဂလူမျိုးသုံးသိန်းကျော်ရှိပြီးစစ်ကိုင်းတိုင်းဒေသကြီးရှိ လေရှီး၊ လပာယ်နှင့် နန်းယွန်း စသည့်  မြို့ များတွင်လည်းကောင်း၊ ကချင်ပြည်နယ် ရှင်ဗွေယန် မြို့နယ်ခွဲ၊ တနိုင်းမြို့နယ်နှင့် မြစ်ကြီးနား စသည့် မြို့နယ်များတွင် လည်းကောင်း နေထိုင် ကြကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန် အစည်းအဝေး (၂၀) ရက်နေ့မြောက်တွင် ရှမ်းပြည်နယ်၊ ဓနု ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ ဒေသ ရွာငံမဲဆန္ဒနယ် မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်း၏ တိုင်းရင်းသား လူမျိုးနွယ်စု (၁၃၅) မျိုးနှင့် စပ်လျဉ်း ၍မေးခွန်းမေးမြန်း ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမြင့် ၏ ပြန်လည်ဖြေကြားမှု အပေါ် နာဂလူမျိုးက သဘောထား ထုတ်ပြန် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

Burma News International

Credit : Here

ဆက်ဆံရေးကောင်းနေတဲ့ နေပြည်တော် နဲ့ ဥရောပ


နေပြည်တော် နဲ့ ဥရောပတို့ လတ်တလော ဆက်ဆံ အခြေအနေ ဘယ်လို ရှိပါသလဲ။အင်မတန် ကောင်း ပါတယ် လို့ သမ္မတဦးသိန်းစိန်ရဲ့ ဥရောပ ၅ နိုင်ငံ ခရီးက အဖြေပေးပါတယ်။ မတ်လ ၅ ရက်နေ့ ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ပူး တွဲ ကြေ ညာ ချက် တစောင် ထုတ်ပြန်နိုင်ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်၊ဥရောပကောင်စီ ဥက္ကဋ္ဌ Herman Van Rompuyဥရောပကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barrosoတို့ရဲ့ပူးတွဲ ကြေညာချက်မှာ ဖော်ပြထား ချက်အရ ဆိုရင် ကဏ္ဍ အများအပြားမှာ အတူတ ကွပူးပေါင်း ဆောင်ရွက်သွားကြမယ်လို့ ဆိုထားပါတယ်။

မြန်မာပြည်ကို ခေတ်မီဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ဖို့၊ ခို င် မြဲ တဲ့ ငြိမ်း ချမ်းရေးရအောင်လုပ်ဆောင် ဖို့၊ မြန်မာပြည်မှာနေထိုင်သူအားလုံးအတွက် လူ့အခွင့်အရေး နဲ့ ဥပဒေစိုးမိုးရေးကို မြှင့်တင်ဖို့ဆိုတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဥရောပနဲ့မြန်မာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး ပူးေ ပါ င်းေ ဆာင် ရွက်ရေးလည်း ပါပါတယ်။

ဒီလို ဆောင်ရွက်ကြမယ် ဆိုတာတွေ အကောင်အထည်ပေါ်လာဖို့ လုပ်ငန်းကော်မတီတွေ နှစ်ဘက်စလုံးမှာ ရှိလာမယ်၊ တိုးတက်ဖြစ်ထွန်းမှုကို ဆန်းစစ်ဖို့အတွက်၊အနာဂတ်မှာ ဖြစ်လာမယ့် ပူးပေါင်းဆောင် ရွက်မှုတွေ အတွက် လာမယ့် နိုဝင်ဘာလ မြန်မာပြည်မှာ တွေ့ဆုံမယ်လို့ ဆိုပါတယ်။

အင်္ဂလိပ်လို ထုတ်ပြန်တဲ့ ပူးတွဲထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

Brussels, 5 March 2013

Building a Lasting EU-Myanmar Partnership

Joint statement by

President of the European Council Herman Van Rompuy,
President of the European Commission José Manuel Barroso and
President of the Republic of the Union of Myanmar U Thein Sein

On 5 March 2013, the President of the European Council, Herman Van Rompuy, the President of the European Commission, José Manuel Barroso, and the President of the Republic of the Union of Myanmar, U Thein Sein, agreed that, in light of the historic changes in Myanmar, they will work in partnership:

To make Myanmar into a modern democracy. To ensure that the best international standards are met, the EU will work closely with Myanmar’s three branches of the state, as well as with the Election Commission. The three Presidents welcomed the wish of the EU Parliament and the Myanmar Hluttaws to strengthen their cooperation.

To achieve a lasting peace. Without peace there can be neither democracy nor prosperity in Myanmar. The Government is committed to inclusive negotiations for a lasting political settlement. These should address long standing differences to achieve sustainable peace. The EU will continue to support the Government’s efforts for peace and the Myanmar Peace Centre.

To promote human rights and the rule of law for all people living in Myanmar. The Government has taken steps to secure freedom of expression, assembly and association. The release of prisoners has opened a new chapter in Myanmar political life. The review mechanism established by the government - which includes members of the opposition and former prisoners - will ensure that remaining cases are dealt with in a spirit of openness and reconciliation.

The EU and Myanmar will establish dialogue and cooperation in this field to help Myanmar fulfill its commitments. The EU will support the efforts of the Myanmar Government to build an independent, impartial and efficient judiciary.

To work with Myanmar as an active and respected member of the international community. In this respect Myanmar’s readiness to accede to international Human rights agreements and to the Additional Protocol to IAEA’s Comprehensive safeguards agreements is particularly important.

To create an EU-Myanmar partnership in trade and investment. The foundations of growth and prosperity for all Myanmar citizens will be laid through economic reforms implementing the Government's vision of people-centered economic and social development, a market economy and a level playing field for business. These reforms have already been initiated. In support of this comprehensive reform process, the EU has launched the process to reinstate as early as possible unhindered access to the EU market including preferential treatment under GSP/EBA. As a next step the EU and Myanmar will explore the feasibility of a bilateral Investment Agreement to increase investment flows.

Both sides will promote best practices in Corporate Social Responsibility and responsible investment. Both sides have also agreed to take concrete steps to promote and deepen business partnerships and economic cooperation.

To work together on preparedness, response and resilience to emergencies, by building up a professional and effective response system.

To build a development partnership. In line with the Nay Pyi Taw Accord and the Government's Action Plan and commitment to poverty reduction, the EU is for its part committed to maintaining its increased assistance for national development priorities. The EU will assist the Myanmar Government in its efforts to build a more prosperous future. The EU will continue supporting Myanmar's development through its cooperation programs. In parallel, both sides commit to establishing a comprehensive policy dialogue on sustainable development.

To bring our societies closer, through academic exchanges, media contacts, tourism and cultural cooperation. The Government of Myanmar is committed to protecting Myanmar’s cultural heritage and to that end will consider offering a suitable building in Yangon’s heritage conservation zone for establishment of a Europe House. Myanmar is committed to sustainable tourism for the benefit of the people of Myanmar, their traditions and culture. Myanmar also welcomes cooperation with the EU in the domain of national heritage preservation and reconstruction.

To maintain the momentum of the partnership and to turn these commitments into reality, both sides will establish a joint Task Force. It will meet in Myanmar in November to assess progress and develop further cooperation in the future.

ဧရာဝတီ

Credit : Here

ကင်တားနား အကြံပေးချက် မြန်မာ လက်မခံ


တနင်္လာနေ့ မတ်လ ၁၁ ရက်နေ့က လူ့ အခွင့် အရေးကောင် စီ မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္ဂ လူ့အခွင့်အရေး စုံ စမ်း စစ်ဆေးေ ရး မှူး သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ စိုးရိမ်စရာ အနေအထားမှာ ဆက်ပြီး ရှိနေသေး တယ် ဆို တာ ကိုထောက်ပြပြော ဆို ခဲ့တဲ့ အပေါ် မှာမြန် မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က လက် မခံ ကြောင်း ချေပပြောဆိုခဲ့ပါတယ်။

အနောက်နိုင်ငံ အများစုကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ ခုထက် ပိုပြီး ပိုကောင်း မွန်အောင် ဆောင်ရွက်ဖို့ လိုအပ်နေတယ်ဆိုတာကို အသိအမှတ်ပြုခဲ့သလို ဒီအပေါ် မှာ မြန်မာ အစိုးရ ကိုလည်း သတိပေး တိုက်တွန်းမှုတွေ လုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ကတော့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက် အများ စုတွေဟာ လက်ရှိ အခြေအနေနဲ့ ကိုက်ညီမှု မရှိတဲ့အတွက် လက်မခံနိုင်ကြောင်း တနင်္လာနေ့ က လူ့အ ခွင့်အရေးကောင်စီမှာ အခုလို တုံ့ပြန် ချေပသွားပါတယ်။

“အထူးကိုယ်စားလှယ်ရဲ့ အကြံပြုချက် အများစုဟာ လက်ရှိ အခြေအနေမှာ ကိုက်ညီမှု မရှိတော့ တဲ့အကြောင်းနဲ့ သူတင်ပြတဲ့ အချက်တွေ ထဲ မှာမြန် မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တစိတ် တပိုင်း အဖြစ်ဆောင် ရွက်ခဲ့ပြီးတဲ့ အကြောင်းအရာတွေ ပါဝင်နေပါတယ်။ တချို့ကတော့ ခုချိန် မှာ ဆောင်ရွက်နေဆဲ ကိစ္စတွေဖြစ်သလို ဆက်ပြီးတော့ ဆောင်ရွက်သွားမှာ လည်းဖြစ်ကြောင်းနဲ့ အစီရင်ခံစာထဲက တချို့ အချက်အလ က်တွေ ဟာမြန် မာနိုင်ငံရဲ့ အချုပ်အချာ အာဏာကို ထိပါးတဲ့ ရည်ရွယ်ချက် ရှိရှိနဲ့ ကြိုတင် စီမံရေးသားမှုတွေ ဖြစ်တဲ့ အကြောင်း” မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စား လှယ် က ပြောသွားတာပါ။

မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ဆက်လက် အကောင်အထည်ဖော် ဆောင် ရွက်နေသလို လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ တိုးတက်မှုတွေ အများကြီး ရှိတယ်လို့ဆိုပြီး လူ့အခွင့် အရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပြန်လည် သုံးသပ်မှုတွေ လုပ်သင့်တဲ့ အကြောင်း မြန် မာကိုယ်စားလှယ်က ပြောသွားပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ကတော့ မြန်မာ အစိုးရ ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ် ငန်းတွေကို အသိအမှတ်ပြုတဲ့ တချိန်တည်း မှာ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံပြီး ဒီပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်တွေကို ရှေ့ဆက် အကောင်းအထည် ဖော်သွားဖို့ တိုက် တွန်းပြောဆိုခဲ့ ပါတယ်။

“မြန်မာနိုင်ငံမှာ လက်တလော ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲမှုတွေကို ကျနော်တို့ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုင်တွယ် ဖြေရှင်းရမယ့် စိန်ခေါ် မှုတွေ အများကြီး ရှိနေသေး တယ်ဆိုတာ ကိုလည်း အာဆီယံ က နားလည်လက်ခံထား ပါတယ်။ ဒါကြောင့် မြန်မာ အစိုးရအနေနဲ့ ဒီပြုပြင် ပြောင်းလဲမှုလုပ်ငန်းတွေမှာ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံပြီး နိုင်ငံတကာရဲ့ အကူအညီနဲ့ ဆက်လက် အကောင်အထည်ဖော်သွားဖို့ အာဆီယံ က တိုက်တွန်းပါတယ်။”

အာဆီယံအနေနဲ့ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ အနီး ကပ် စောင့်ကြည့်နေတဲ့အကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက် လို့ မြန်မာအစိုးရအနေနဲ့ ခုထက် ပိုပြီး ကိုင် တွယ်ဆောင်ရွက်မှုတွေ လုပ်သွားဖို့လည်း အာဆီယံနိုင်ငံရဲ့ ကိုယ်စား ထိုင်းနိုင်ငံ ကိုယ်စား လှယ်က တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

ဥရောပသမဂ္ဂရဲ့ ကိုယ်စားလှယ်ကတော့ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် မစ္စတာ ကင်တားနား သူ့အစီရင်ခံစာထဲ မှာ ထောက်ပြထားတဲ့အ တိုင်း မြန်မာအစိုးရအနေနဲ့ အကျဉ်းထောင်တွေ ထဲမှာ ကျန်နေ တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေး ဖို့ တောင်းဆို သွားပါတယ်။

“ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ထပ်ပြီး လွှတ်ပေးခဲ့တဲ့အပေါ်မှာ ဥရောပ သမဂ္ဂ အနေနဲ့ ကြိုဆိုတဲ့ တချိန်တည်းမှာပဲ ဒီလိုလွှတ်ပေးမှုတွေဟာ ချွင်းချက် မရှိရ ဘူးဆိုတာကို ကျမတို့ အလေးအနက် ပြောကြားခဲ့ပါတယ်။ ဆက်လက် အကျဉ်းကျခံနေရ ဆဲဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ သူတို့ဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြီး သူတို့ကို ချက်ချင်း လွှတ်ပေး ဖို့ တောင်းဆိုပါတယ်။ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ် သက်ပြီး ပြန်လည် သုံးသပ်နိုင် ဖို့အတွက် ကော်မတီ ဖွဲ့ ဆောင်ရွက်ဖို့ မကြာသေးခင်က သမ္မတရုံးက ဦးဆောင် ကြိုးပမ်းနေတဲ့အပေါ် မှာလည်း ဥရောပသမဂ္ဂက ကြိုဆိုပါတယ်။ အခုလို ဆောင်ရွက်မှုတွေက ပိုပြီးတော့ ပွင့်လင်းမြင်သာမှုတွေနဲ့ အမျိုးသား ပြန် လည်သင့်မြတ်ရေးအတွက် အထောက်အကူ ဖြစ် လာဖို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံထဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ဖွင့်ဖို့ကိစ္စ မြန်မာအစိုးရ အနေနဲ့ အမြန်ဆုံး ဆောင် ရွက်ဖို့ လည်း ဥရောပသမဂ္ဂ က တိုက်တွန်း သွားပါတယ်။

အလားတူ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးဖွင့်ဖို့ကိစ္စကို အမေရိကန်ပြည်ထောင် စု ကလည်း တိုက်တွန်း ခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ရည်ရွယ်ပြီး တိုင်းရင်း သားအဖွဲ့တွေ နဲ့ နိုင်ငံရေးအ ရ ဆွေးနွေးမှုတွေ အခုထက် ပို ခိုင်မာအောင် ဆောင်ရွက်ဖို့ နဲ့ မြန်မာနိုင်ငံ တွင်း တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့ အထူးကိုယ်စား လှယ်ရဲ့ အကြံပေး ချက်တွေကို အမေရိကန် ကိုယ်စားလှယ်က ထောက်ခံ တင်ပြသွားခဲ့ပါတယ်။

“၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အပါအ၀င် မြန်မာနိုင်ငံရဲ့ ဥပဒေအားလုံး ကို နိုင်ငံတကာ လူ့အခွင့်အရေး စံညွှန်းတွေနဲ့အညီ ပြီးပြည့်စုံတဲ့ ဥပဒေတွေဖြစ်အာင် ပြုပြင် ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတဲ့ အထူးကိုယ်စား လှယ် ရဲ့ အကြံပေး တင်ပြမှုကို ကျမတို့ အခိုင်အမာ ထောက် ခံပါတယ်။ အသစ်ပြဌာန်းမယ့် ဥပဒေတွေအတွက် civil society လူထုအခြေပြု လူမှုအဖွဲ့အစည်း တွေ အပါအ၀င် သက်ဆိုင်ရာ လူမှုအဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေနဲ့အတူ လက်တွေ့ကျတဲ့ နှီးနှောတိုင်ပင်မှုတွေ ရယူနိုင်ဖို့အတွက် လူထုကြား အချက်အလက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေ တာ အသိပေးတာတွေ ရှိရပါမယ်။”

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ကြသူတွေအပေါ် အာဏာပိုင်တွေဘက်က အင်အားသုံး အကြမ်း ဖက် နှိမ်နင်းမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်က အထူးစိုးရိမ်တဲ့အကြောင်းနဲ့ လက်ရှိအခြေအနေထက် ပိုပြီးတော့ လွတ်လပ်တဲ့ ထုတ်ဖော် ပြောဆိုခွင့်တွေနဲ့ စုဝေးခွင့်တွေ ခွင့်ပြုဖို့လည်း မြန်မာအစိုးရကို တိုက်တွန်း သွားပါတယ်။

မနေ့က လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ လည်း တုံ့ပြန်ပြောသွားပါ တယ်။ မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုတွေကို တက် တက်ကြွကြွ ဆောင်ရွက်နေတဲ့အကြောင်းနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီး လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်အောင် ဆောင် ရွက်နိုင်ခဲ့တဲ့အကြောင်းနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေမှာလည်း တိုးတက်မှုတွေ ရှိတဲ့အကြောင်း တရုတ်နိုင်ငံဆိုင်ရာ ကိုယ်စား လှယ်က စကားပြန်ကနေတ ဆင့် ပြောသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ တရုတ်နိုင်ငံကလည်း ကူညီဆောင်ရွက်ပေးနေ တဲ့အကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေကြား ငြိမ်း ချမ်းရေးဆွေးနွေး မှုတွေ မကြာခင်ကပဲ တရုတ်နိုင်ငံမှာ လက်ခံ ကျင်းပပေးနေတဲ့အကြောင်းနဲ့ အခြေအနေတွေ ပိုပြီးတော့ ကောင်းမွန်လာေ နတယ်။”လို့တရုတ်နိုင်ငံကိုယ်စားလှယ် ကစကားပြန် ကနေဆင့် ပြောသွားခဲ့တာပါ။

နိုင်ငံတကာအနေနဲ့လည်း မြန်မာ့အရေးကို အကောင်းဘက်ကကြည့်ပြီး အပြုသဘောဆောင်တဲ့ အကူအ ညီတွေ ပေးသွားဖို့ လိုအပ်တဲ့အကြောင်းလည်း သူက ပြောသွားခဲ့ပါတယ်။

VOA

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်ဝေ

Credit : Here

တိုင်းပြည်တိုးတက်ရေးအတွက် ပါတီတိုင်းကို မိတ်ဖက်ပါတီအဖြစ် သဘောထားကြောင်း ဦးဌေးဦးပြော


NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တက်ရောက် ခဲ့ တာဟာ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးအတွက် ပါတီတိုင်းကို မိတ်ဖက်ပါတီအဖြစ် သဘောထားတဲ့ အတွက် သွားရောက်ခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဋ္ဌေးဦး က ပြောကြားပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ဒါ့အပြင် (၂၀၁၅) ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ကြောင်း ဦးဌေးဦး ပြောခဲ့ တယ် ဆိုတဲ့ အင်တာနက် မီဒီယာတွေပေါ်က သတင်းတွေဟာလည်း မဟုတ်မှန်ဘူးလို့ တုံ့ပြန် ပြောဆို ခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၁၉၉၃) ခုနှစ်ကတည်းက လူမူရေးအသင်းအဖွဲ့တစ်ခုအဖြစ် စတင်တည်ထောင်ခဲ့တဲ့ USDP ပါတီဟာ လက်ရှိမှာ ပါတီဝင်အင်အား (၂) သိန်းကျော် ရှိသွားပြီးဖြစ်ပါတယ်။

Credit : Here

ကယားပြည်နယ်တွင် ပါတီဝင် ၁၀၀၀၀ ကျော်စုပေါင်းနှုတ်ထွက်သွားမှုအား စုံစမ်းရန် ဦးဝင်းတင်မှ ဗဟိုလူငယ်အဖွဲ့အားတာဝန်ပေးအပ်။


NLD ပါတီ ဗဟိုနာယကဦးတင်ဦး၏ ဦးဆောင်မှုဖြင့် ဦးဝင်းတင်သည် NLD ပါတီလူငယ် ညီလာခံကို ဆက်လက်ပြုလုပ်သွားရန်အတွက် ဗဟိုလူငယ်ညီလာခံ ကျင်းပရေးကော်မတီ အဖွဲ့ဝင် လှဦး(မန္တလေး) အားတာဝန်ပေးအပ်ထားကြောင်း၊ ဦးဟံသာမြင့်အား ကယားပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက်သွားခြင်းအပေါ် မတ်လ(၁၃)ရက်နေ့မှစတင်၍​ စုံစမ်းဖေါ်ထုတ်သွားရန် တာဝန်ပေးအပ်ထားကြောင်း၊ ကယားပြည်နယ်မှ ပါတီဝင်များနှုတ်ထွက်သွားမှုဖြစ်စဉ်၏ နောက်ကွယ် တွင် မည်သူရှိနေသည်ဆိုသော အချက်ဖေါ်ထုတ်ရန်ဖြစ်ကြောင်း

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြို ပြင်ဆင်စည်းရုံးသွားရာတွင် မကွေးတိုင်းစည်းဟောင်း ဦးခင်ဇော်မှ ကြပ် မတ်ကွပ်ကဲသွားမည်ဖြစ်ကြောင်း၊ စည်းရုံးရာတွင် တိုင်း၊ခရိုင်၊မြို့နယ်၊ ရပ်ကျေး အဆင့်ထိကွင်းဆင်း၍ NLD မှ ဖွင့်လှစ်ထားသော အခမဲ့စာသင်ကျောင်းများတွင် စာသင်ကြားမှုများ တိုးမြှင့်စည်းရုံးရန်၊ ပြည်ခိုင်ဖြိုး ပါတီနှင့် NLD ပါတီတို့၏ အမှတ်တဆိပ်၊ အလံမတူညီပုံများအား ရပ်ကျေးနေပြည်သူများ သိရှိနားလည်စေ ရန် လိုက်လံရှင်းလင်းပြသသည့်လုပ်ငန်းများဆောင်ရွက်ရန် NLD ပါတီ စည်းအဖွဲ့ဝင်များထံသို့ ယခု ညီလာခံမှ ရွေးချယ်တင်မြှောက်လိုက်သော CC အဖွဲ့၊ ဗဟို ကော်မတီအဖွဲ့ဝင်များမှ ဦးဆောင်ကာ ရပ်ကျေး အဆင့်ထိလိုက်လံစည်းရုံးလှုံ့ဆော်သွားမှာဖြစ်ကြောင်း

ဒေါ်စုကြည်သမ္မတဖြစ်လာစေရန်အဓိကထား စည်းရုံးသွားရာတွင် ဦးဥာဏ်ဝင်းနှင့် ဦးဝင်းထိန် တို့မှ ဦးဆောင်၍​ပြည်တွင်းရှိမဟာမိတ်အဖွဲ့အစည်းများ၊ နိုင်ငံတကာမှ NGO အဖွဲ့များ၊ သံတမန်များ၊ ကုလသမဂ လက်အောက်ခံအဖွဲ့အစည်းများမှ တာဝန်ခံများနှင့် ဆက်သွယ်၍​ အပြုသဘောပူးပေါင်း ဆောင်ရွက် သွားရန်စီစဉ်ထားကြောင်း

NLD ပါတီ ဗဟိုသဘာပတိအဖွဲ့ဝင် ဦးဝင်းတင်သည် ကယားပြည်နယ်မှ NLD ပါတီဝင် အဖြစ်မှ နှုတ်ထွက်သွားသောပါတီဝင် တစ်သောင်းကျော်ကိစ္စနှင့်ပက်သက်၍ ဘေးပရောဂကြောင့်ဟု NLD ဗဟိုအဖွဲ့ဝင်များဘက်မှ ယူဆထားသောကြောင့် လူငယ်အဖွဲ့ဝင်များဖြစ်ကြသော လှဦး (မန္တလေး)၊ အေးထွန်း(ရန်ကင်း)၊ မျိုးညွန့်(အလုံ) တို့အား ယင်းကိစ္စ စုံစမ်းဖေါ်ထုတ် သွားရန်တာဝန်ပေးအပ်ထား ကြောင်း၊ အဆိုပါ ပါတီဝင်အဖြစ်မှ နှုတ်ထွက်သွားသူများသည် ယခု ကယားပြည်နယ်ကို ကိုယ်စားပြု တက်ရောက်လာသော ဦးခင်မောင်ချို၊ ဦးဝင်းလှိုင်၊ ဦးခွန်မိုး၊ ဦးသက်တင်၊ ဒေါ်နန်းညွန့်ရီလှိုင်၊ ဦးကိုကိုဦး၊ ဦးမြမောင်၊ ဦးထွန်းရီတို့ကို ဗဟိုညီလာခံကော်မရှင်ဥက္ကဌ ဦးတင်ဦး၏ တဖက်သက်တာဝန် ပေးအပ်ခဲ့ခြင်းအပေါ် ကယားပြည်နယ် NLD ပါတီဝင်များအကြား သဘောထားကွဲနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Credit : Here

အခမဲ့ ဖျော်ဖြေပွဲ ပြုလုပ်သွားမည့် စိုးသူ


မတ်လ(၃၀)တွင် ပြုလုပ်မည့် စိုးသူ၏ တစ်ကိုတော်ဖျော်ဖြေပွဲတွင် ပရိသတ်များ ပျော်ရွှင်စွာ လာရောက်ကြည့်ရှုနိုင်ရန် အတွက် အခမဲ့ အဖြစ်စီစဉ်လျက်ရှိကြောင်း စိုးသူက မြန်မာ့ခေတ် သို့ ပြောကြားသည်။

“ဝင်ကြေး၊ အခကြေးငွေ မယူပဲ ဖျော်ဖြေပွဲ လုပ်ပေးရင် လူကြီး၊ လူငယ်မရွေး အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်နိုင်မှာပဲဆိုပြီး စီစဉ်ဖြစ်တယ်။ အားလုံး အဆင်ပြေပြေနဲ့ ကြည့်နိုင်အောင် ဇုံတွေ ခွဲထားတယ်။ ကခုန်မယ့် သူတွေ၊ အနုပညာရှင်တွေ၊ မိသားစုတွေ၊ အတွက်ဇုံတွေ ခွဲထားတယ်။ စီစဉ်သူတွေကလည်း စေတနာထားပြီး စီစဉ်ပေးထားတယ်။ အဲဖျော်ဖြေပွဲကို အားလုံးနဲ့ တိုင်ပင်ပြီး အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက် သွားမှာပါ” ဟု စိုးသူက ပြောသည်။

၎င်းသည် ပထမဦး ဆုံးအကြိမ် တစ်ကိုယ်တော် ဖျော်ဖြေမှု ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့်နောက်ဆုံး စီးရီးဖြစ်သော “ကိုယ့်ရဲ့ နေ့သစ်များ” စီးရီးထွက်ပြီး အချိန်၌ နိုင်ငံခြားသို့ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း သိရသည်။

တေးစီးရီး (၁၁)ခွေ ထွက်ရှိခဲ့ပြီး၊ ပရိသတ်နှင့်အဆင်ပြေလျင် စီးရီးထပ်မံထုတ်ရန် ရှိသေးကြောင်း ကို”နောက်ထပ်လည်း ပြောထားတာတွေ ရှိပါတယ်။ စီးရီးထုတ်ဖို့ အစီစဉ်တော့ ရှိပါတယ်”ဟု စိုးသူ က ပြောသည်။

ယခုလက်ရှိ အနုပညာနှင့် ပတ်သက်ပြီး ပဒုမ္မာဆပ်ပြာ ကြော်ငြာရိုက်နေကြောင်းနှင့်”ကျွန်မ၏ သစ်ပင်” ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းထားခြင်း လည်းရှိကြောင်းသိရသည်။

“တစ်ခြား ကြော်ငြာတွေ ရိုက်ဖို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ ရုပ်ရှင်နဲ့ကတော့သူတို့က လာပြီးတော့ ရိုက်ဖို့ကမ်းလှမ်းထား တာရှိတယ်။ အကြောင်း မပြန်ရသေးပါဘူး။အကြောင်းပြန်ဖို့ အတွက် စိတ်ရှည်၊ လက်ရှည် စဉ်းစားပါဆိုလို့ ကမ်းလှမ်းလာ ပါတယ်။သူ့ကိုလည်း အကြောင်းပြန်ရဦးမှာပါ။ လောလောဆယ် အတွက် တစ်ကိုယ်တော် ဖျော်ဖြေရေးအတွက် စီစဉ်လှုပ်ရှား နေရလို့” ဟု စိုးသူက ပြောကြားခဲ့သည်။

Credit : Here

သီလေးသီးနှင့် ထပ်ဆင့် အကယ်ဒမီ မေသန်းနုတို့ တပ်မတော်နေ့တွင် အငြိမ့်ကမည်


မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော တပ်မ aတ်ာနေ့၌ ကပြဖျော်ဖြေမည့် သီလေးသီး အငြိမ့်တွင် ဇာဂနာ အပါအဝင် မင်းသမီးအဖြစ် သရုပ်ဆောင် ထပ်ဆင့် အကယ်ဒမီ မေသန်းနုက ပူးပေါင်းကပြ ဖျော်ဖြေမည် ဖြစ် ကြောင်း မေသန်းနု ထံမှ သိရသည်။

အဆိုပါ အငြိမ့်ပွဲအား သီးလေးသီးနှင့် မြပုဏ္ဍမာဟု အမည်ပေး ထားကြောင်းသိရပြီး အငြိမ့်ကို ရွှေတိဂုံ ဘုရားအနောက်ဘက်မုဒ်ရှိ ပြည်သူ့ရင်ပြင်တွင် ကပြမည် ဖြစ်ကြောင်း သိရသည်။

“သူတို့နဲ့ အတူကဖို့ စဉ်းစားပြီးပါပြီ။ ပျော်စရာကောင်းတာပေါ့။ အနုပညာ မောင်နှမတွေ အပေါင်း အသင်းတွေနဲ့ ပြန်ကရတော့ လဲ အဓိကက ကိုဇာဂနာ ပေါ့။ အရင်တုန်းကလည်း ကဖူးတယ်လေ။ အခုပြန် ကရမယ် ဆိုတော့ ပိုပျော်တာပေါ့”ဟု မေသန်းနုက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သီးလေးသီးအငြိမ့်၏ ခေါင်းဆောင် မင်းသမီး မချောစုမျိုးက “အခုဟာက နှစ်ဖွဲ့ပေါင်းပြီးတော့ ကမှာ။ မဝတ်သိဂီင်္ရယ်၊ သစ်သစ်လွင် ပါမယ်၊ လက်ဆင့်ကမ်းလေး ဖြစ်တဲ့ ဦးရိုင်းသမီး ပါမယ်။ အခု ဒီပွဲက ခမ်းခမ်းနားနားကြီးကို လုပ်တာလေ။ တစ်ခါမှ ဒီလိုမျိုး မလုပ်ဖူးဘူး။ ပရိသတ် တွေ ကြိုက်နှစ်သက်လိမ့် မယ်လို့တော့ ထင်တယ်။ ဦးသူရ(ဇာဂနာ)ကိုယ်တိုင် အရမ်းတတ်တတ် ကြွကြွနဲ့ လုပ်ထားတယ်။ လူအင်အားလည်း သုံးထားတယ်။ ယိမ်းကတာလည်း လူများတယ်။ ဇာတ်စင်လည်း ကြီးတယ်” ဟု ဆိုသည်။

ဆက်လက်ပြီး မြန်မာ့ ဇာတ်သဘင်လောကနှင့် ပတ်သက်၍ “အခုဇာတ်သဘင်ဆိုရင် အကုန်လုံး တိုးတတ် လာပြီး။ ခေတ်နဲ့ အညီတိုးတတ်လာတယ်။ ကတာတွေကလည်း အရမ်းဆန်း သစ်တယ်။ အခုဆို ဖိုးချစ်တို့၊ ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်း မင်းဝင်းတို့ ကိုယ့်ညီကို မောင်နှမတွေဆိုတော့ ကိုယ်တွေက လည်း ဒီအနုပညာလော ကထဲကဆိုတော့ သူတို့တွေ ကပြတာ ခေတ်နဲ့ အညီ လိုက်ကပြတဲ့အတွက် အရမ်း ကို ကျေနပ်တယ်။ သူများနိုင်ငံနဲ့ ယှဉ်ရင် ကိုယ့်ဗမာဆိုတာ ဒါပါလားဆိုတာ ပြနိုင် လာပြီ” ဟု ဇာတ်သဘင် ၏ တိုးတတ်လာပုံကို ပြောသည်။

သီးလေးသီး၏ ခေါင်းဆောင်မင်းသမီး ချောစုမျိုးသည် ဇာတ်သဘင်လောကထဲသို့ ဝင်ရောက်လာခဲ့သည်မှာ (၂၄)နှစ်ရှိပြီး သီးလေးသီး အဖွဲ့နှင့် (၂၀၀၄)ခုနှစ်တွင် စတင် လက်တွဲလာခဲ့ခြင်း ဖြစ်ကြောင်းနှင့် ချင်းမိုင်တွင် ၄ နှစ်တာကာလအထိ နေထိုင်ခဲ့ရကြောင်း သိရသည်။

Credit : Here

ဆံပင်မှာရွှေသွင်းမယ်


နယူးဇီလန်က ပညာရှင်များ တီထွင်အောင်မြင်သွားတဲ့ အလှအပ သီအိုရီ တစ်ခု ဖြစ်ပါတယ်။ ဆံပင်မှာ တကယ်ရွှေသွင်းလို့ ရသွားပါပြီ။

ဟိုးအရင်အချိန်က ဂရိနဲ့ ရောမတို့မှာ ဆံပင်ငွေသွင်းတာတို့လုပ်ခဲ့ တယ်လို့ ဆိုပါတယ်။ ဆံပင်ရွှေသွင်းတာ ကတော့ ယခု ရက်ပိုင်းမှ နယူးဇီလန် ပညာရှင်တို့ တီထွင်လိုက်တာ ဖြစ်ပါတယ်။

ဆံပင်ထဲ ရွှေသွင်းတာ ၆ နာရီကြာပြီး တကယ်ရွှေရောင်လက်လက်ထွက်လာ ဖို့ကျတော့ ၁၆ ရက်ကြာမြင့် မှာ ဖြစ်ပါတယ်။ တကယ့်ရွှေရောင်အတိုင်းထွက် ပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိအောင် ကြိုးစားဖန်တီး ထားပေမယ့် အချို့ ကတော့ မယုံကြည်ကြသေးပါဘူး။

ဆံပင်ကို အပေါ်ယံရွှေဆိုးရုံမဟုတ်ပဲ ခေါင်းသားအတွင်းက အရင်းဆဲလ် အထိတောင် ရွှေထည့် တာ ဖြစ် ပါတယ်။ ဒါကြောင့် နောက်ထပ် ဆံပင်ပေါက်ရင်တောင်ရွှေရောင်ပဲ ပေါက်ပါတယ်။ ဒီအတွက် ရွှေသွင်းဖို့ ကုန်ကျတဲ့ တန်ဖိုးက ဒေါ်လာ ၃၀ ဝန်းကျင်ပဲ ရှိပါတယ်။ ရွှေပမာဏ နည်းနည်းလေးပါ။

ရွှေမှာ ပါတဲ့ သတ္တုဓာတ်တစ်မျိုးဟာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်စွမ်း ရှိတယ်ဆိုတာကို သိ ရှိပြီးနောက် သောက်ဆေးအပြင် အလှအပဆိုင်ရာ ပစ္စည်းများမှာအထိ ရွှေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။ ယခု နောက်ထပ် နည်းလမ်းတစ်မျိုးကတော့ ဆံပင်မှာ ရွှေသွင်းခြင်း ဖြစ် ပါတယ်။ မကြာမီရေပန်းစားလာဖို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

-- Ref: techblog

Credit : Here

ငြိမ်းချမ်းရေးဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်


(၁) ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင် ၍ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအ၀င် ကိုယ်စားလှယ်အဖွဲ့နှင့် KIO အမြဲတန်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်ေ သာ KIO ကိုယ်စားလှယ်အဖွဲ့တို့သည် ၂၀၁၃ခုနှစ် မတ်လ(၁၁၊၁၂)ရက်နေ့များတွင်တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ရွှေလီမြို့ ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

(၂) တွေ့ဆုံ ဆွေးနွေးပွဲသို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ကိုယ်စားလှယ် (၄) ဦး၊ SSPP မှ ကိုယ်စားလှယ်(၂) ဦး၊ RCSS မှ ကိုယ်စားလှယ် (၂) ဦး ၊ NDAA မှ ကိုယ်စားလှယ် (၂) ဦး၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG)မှ ကိုယ်စားလှယ် (၄) ဦးနှင့် လေ့လာသူများအဖြစ် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံမှူးကြီး Mr.Wang Zongying နှင့် (၂)ဦးတို့ တက်ရောက်ခဲ့ပါသည်။

(၃) နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့သည် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး အောက် ဖော်ပြပါ အချက် များကို သဘောတူညီ ကြပါ သည်။

(က) စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲများကိုစတင်နိုင်ရေးအတွက် အပြန်အလှန်နား လည်မှု၊ လေးစားမှု၊ယုံကြည်မှုများကို အခြေခံပြီး ခိုင် မာသော အပစ်အခတ် ရပ်ဆိုင်းရေး ရရှိသည် အထိ ဆောင်ရွက်ရန် သဘော တူညီသည်။

(ခ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ တွေ့ဆုံပွဲမှ ရလဒ်အဖြစ် တိုက်ပွဲများ ကို လျော့ချနိုင်ခဲ့သည် ဖြစ်ရာ ဆက်လက်၍ လည်း ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့ များ ဆိုင်ရာ ကိစ္စများကို ဆက်လက်၍ ညှိနှိုင်း ဆောင်ရွက်သွားမည်။ လိုအပ်သည့် ညွှန်ကြားချက် အမိန့် များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေ တပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြား သွားရန် သဘောတူသည်။

(ဂ) ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်း စစ်မြေပြင်များကို ကွင်းဆင်း လေ့လာ စောင့်ကြည့်နိုင်ရေး အတွက်နှင့် နှစ်ဖက် ပိုမို နီးကပ်စွာ ညှိနှိုင်း ဆောင်ရွက် နိုင်ရန်အတွက် ညှိနှိုင်း စောင့်ကြပ်ရေး ရုံးများကို နှစ်ဖက်ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန် သဘောတူ သည်။

(ဃ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ အစည်းအဝေးတွင် သဘောတူညီ ခဲ့ကြသည်များနှင့် ၂၀၁၃ ခုနှစ် မတ်လ (၁၁၊ ၁၂) ရက်နေ့ အစည်းအဝေးတွင် သဘော တူညီခဲ့ကြသည်များကို ဆက်လက်၍ အကောင်အထည် ဖော် ဆောင်ရွက်သွားရန် သဘော တူ သည်။

(င) နောက်တစ်ကြိမ် ဆွေးနွေးမှုကို ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ မတိုင်မီ ကျင်းပသွားရန် သဘောတူသည်။

၎။ စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုများ တစ်နိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် လိုအပ် သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက် သွားကြမည် ဖြစ်ပါသည်။

EMG

Credit : Here

Sim ကဒ်များကို ကျပ်နှစ်သောင်းဖြင့်ရောင်းချပေးမည်ဆိုသည့် သတင်း မဟုတ်မှန်


သတင်းဂျာနယ်အချို့တွင်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ဆင်းကဒ်များကို နှစ်သောင်းကျပ် နဲ့ ရောင်းချပေး မည် ဟု ပြောကြောင်း ကိုးကားရေးသားမှုများသည် မမှန်ကန်ကြောင်း၊ပြည်ထောင်စု ၀န်ကြီး ၀န်ကြီးဦးစိုးသိမ်းအနေနဲ့ ဆင်းကဒ်များ ကို နှစ်သောင်း ကျပ်နဲ့ ရောင်းချပေးမည်ဟု လုံးဝပြောကြားခဲ့ခြင်းမရှိဘဲ ဆင်းကဒ်များကိုဧပြီလ ၁ ရက်နေ့ နောက်ပိုင်း တွင်ပိုမို သက် သာသောဈေးနှုန်းနှင့် ရောင်းချပေးမယ်ဟု့ပြောကြားခဲ့ခြင်းသာဖြစ်ကြောင်းပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဠ်က၎င်း၏ဖေ့စ်ဘုတ် စာမျက်နှာတွင်အသိပေးရှင်းလင်းထားသည်။

ပြန်/ဆက် ဒု ညွှန်မှူးကို ဌာနတွင်း အမိန့်ချတော့မည်


ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေး မှူး ဦးမျိုးဝင်း အား ကားလမ်းပြောင်းပြန်မောင်းပြီး ပိုက်ကျော်ခြင်း လက်ရွေးစင် ကစားသမား ၃ ဦး စီးလာသည့် ဆိုင်ကယ်အား ဝင်တိုက်ခဲ့မှုဖြင့် ၎င်း၏ ဌာနက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ယခုလ ၁၃ ရက်နေ့တွင် အမိန့်ချမှတ်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဦးမျိုးဝင်းကို ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်/ဆက် ဦးစီးဌာနက ဌာနတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စစ်ဆေးနေခြင်း ဖြစ်ပြီး အဆိုပါ စစ်ဆေးချက်များမှ ရရှိလာသည့် အချက်အလက်များနှင့် အခင်းဖြစ်ပွား မှု ဖြစ်စဉ်အပေါ် မူတည်၍ ပြစ်ဒဏ် သက်ရောက်မည် ဖြစ်ကြောင်း ပြန်/ဆက် ဦးစီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက ပြောသည်။

“ကျနော်တို့ ရုံးတွင်း စစ်ဆေးရေး အဖွဲ့ကတော့ သူ့ (ဦးမျိုးဝင်း) ကို စစ်ဆေးနေစဲပါ၊ ဘယ်လို ပြစ်ဒဏ်မျိုးလဲ ဆိုတာကတော့ စစ်ဆေးဆဲ အချိန်မှာပဲ ရှိသေးတဲ့အတွက် ကျနော်တို့အနေနဲ့ ဘာမှ ပြောလို့မရသေးပါဘူး။ စစ်ဆေးချက်တွေအပြီး ဗုဒ္ဓဟူးနေ့ကျရင်တော့ အမိန့်ချမှာပါ။ ကျနော်တို့ ဌာနကလည်း ဝန်ထမ်း စည်းမျဉ်း အရ အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု ဦးမြင့်ထွေးက ဧရာဝတီသို့ ပြောသည်။

အမှုစစ်ဆေးစဉ် ကာလအတွင်း ဦးမျိုးဝင်း၏ ဌာနလုပ်ငန်းတာဝန်များကိုလည်း ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

ယခုလ ၂ ရက်နေ့က ဇဗ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညို လမ်းမကြီးပေါ်ရှိ မြဝတီ ဆီဆိုင်အနီးတွင် ပဏာမ မြန်မာ့ လက်ရွေးစင် ပိုက်ကျော်ခြင်း ကစားသမား ၃ ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ဦးမျိုးဝင်းက လမ်းပြောင်းပြန် မောင်းပြီး ဝင်တိုက်ခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့နှင့် နေပြည်တော် ယာဉ်ထိန်း ရဲတပ်ဖွဲ့က ပြောဆိုထားသည်။

ထိုအမှုဖြင့်ပင် နေပြည်တော် ယာဉ်ထိန်း ရဲတပ်ဖွဲ့က ဇဗ္ဗူသီရိမြို့နယ်ရှိ အမှတ် (၅) ရဲစခန်းတွင် ပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် တိုင်ကြားထားပြီး အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးမျိုးဝင်းကို တရားစွဲဆိုသွား မည် ဖြစ်ကြောင်း ယင်းအမှုကို ကိုယ်တိုင် စစ်ဆေးပြီး တရားလိုအဖြစ် အမှုဖွင့်ထားသူ ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဒုရဲအုပ် ကျော်ကျော်နိုင်က ပြောသည်။

“ဦးမျိုးဝင်းက တဖက်လူတွေရဲ့ ယာဉ်ကြောကို ဝင်ရောက်တိုက်တဲ့အတွက် နစ်နာသူတွေရဲ့ ကိုယ်စား ကျနော်က တရားလို လုပ်ပြီးတော့ အမှုဖွင့်ခဲ့တာပါ။ ဆေးစာတွေ အကုန်လုံး စုံပြီး ရဲလုပ်ငန်းပြီးတာနဲ့ ဥပဒေရုံးကို အကြံတောင်း တင်ပြီး ခွင့်ပြုချက် ရတာနဲ့ တရားစွဲမယ်။ သူတို့ဆီကိုလည်း ခွင့်ပြုချက် တောင်း ရဦးမှာလေ။ ညွှန်ကြားရေးမှူးဆိုတော့ အကြောင်းကြားစာကတော့ ဖြစ်ပြီး နောက်တနေ့မှာပဲ ပို့ထားပြီးပါပြီ” ဟု ဒုရဲအုပ် ကျော်ကျော်နိုင်က ဧရာဝတီသို့ ပြောသည်။

ဒဏ်ရာရရှိသွားသော ပိုက်ကျော်ခြင်း အားကစားသမား ၃ ဦးသည် မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် နေပြည်တော်တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (SEA Game) အတွက် ပဏာမ လက်ရွေးစင်အဖြစ် ရွေးချယ်ထားသူများ ဖြစ်ပြီး နေပြည်တော်တွင် စခန်း သွင်း လေ့ကျင့်ရေး ကာလတွင် ယခုကဲ့သို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရေးအဖွဲ့ ဦးစီးအရာရှိ ဦးထွဋ်ခိုင်လွင်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကစားသမား ၃ ဦးအား နေပြည်တော် ကုတင် ၁ ထောင်ဆံ့ ဆေးရုံကြီးတွင် ပွန်းပဲ့ ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူခဲ့ရာမှ ၂ ဦးမှာ သက်သာလာပြီ ဖြစ် သဖြင့် လေ့ ကျင့်ခန်း ပြန်ဆင်းနိုင်နေပြီဖြစ်ကြောင်း ကျန်တဦးမှာလည်း တလခန့် အနားယူပြီး လျှင် လေ့ကျင့် ခန်း ပြန်ဆင်းနိုင်ဖွယ်ရှိကြောင်း အဆိုပါကစားသမား ၃ ဦး၏ မိခင်အဖွဲ့အစည်းဖြစ်သော ရန်ကုန် ပိုက်ကျော်ခြင်း အဖွဲ့ချုပ်၏ အတွင်းရေးမှူး ဗိုလ်ကြီး ကျော်ဇင်မိုးက ပြောသည်။

“နှစ်ယောက်ကတော့ ပွန်းပဲ့ရုံပဲ ဆေးရုံကဆင်းလာပြီ၊ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တဲ့ အနေအ ထား ရောက်နေပါပြီ။ ကျန်တဲ့ တယောက်ကတော့ ပေါင်မှာ ထိထားတော့ တလလောက်တော့ အနားယူရဦးမှာပေါ့။ သူတို့ ဆီးဂိမ်းပြိုင်ပွဲကို ဝင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဗိုလ်ကြီး ကျော်ဇင်မိုးက ဧရာဝတီသို့ ပြောသည်။

အမှုကြေအေးရန် ဦးမျိုးဝင်းက ဒဏ်ရာရ အားကစားသမားများ၏ သက်ဆိုင်သူများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ရှိကြောင်း၊ သို့သော်လည်း ၎င်းတို့အနေဖြင့် တရားဥပဒေအတိုင်း ဆောင်ရွက် သွားမည်သာ ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ဘက်က ပြောသည်။

အမှုဖြစ်စဉ် နောက်ဆုံး အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းရန် ဦးမျိုးဝင်းကို ဧရာဝတီက ဆက်သွယ်သော်လည်း မရပေ။

Credit : Here

ဦးမျိုးဝင်းမှ ယာဉ်ကြောပြောင်းပြန်မောင်းပြီး ယာဉ်တိုက်မှုဖြစ်ခဲ့သောသတင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌကြီးအတွက်။


ကိုယ့်သားသမီးတွေကျတော့ နိုင်ငံခြားမှာ သွားထား၊ တိုင်းတစ်ပါးနိုင်ငံသား ခံယူခိုင်းထားပြီး သူများ သား သမီးတွေကျတော့ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ သဘောလား။

နိုင်ငံတစ်ခု တိုးတက်ကြီးပွားဖို့ရာ Human Resources လို့ခေါ်တဲ့ လူသားစွမ်းရည်ဖွံ့ဖြိုးရေးဟာ အင်မတန်မှ အရေးပါတယ်ဆိုတာ အားလုံးက လက်ခံထားတယ် မဟုတ်လား။ ခေတ်မီနိုင်ငံရေး၊ စီးပွားရေး အတွေးအခေါ်အယူအဆတွေရှိမှ တိုင်းပြည်ဖွံ့ဖြိုးအောင် ကြံဆောင်နိုင်မယ်။

ဒါလည်း မှန်တယ်။ ဒီတော့ ဦးနှောက်ရှင်သန်ဖွံ့ဖြိုးရေးဟာ အခြေခံ ကျတယ်။ လူတစ်ဦးမှာ ဦးဆောင်တာဟာ ဦးနှောက်။ တိုင်းပြည်မှာ ပညာတတ်တွေ ပေါများပြီး အဲဒီပညာတတ်တွေရဲ့ ဦးနှောက်က ကမ္ဘာ့အဆင့်မှီ စဉ်းစားတွေးခေါ်နိုင်ပါမှ ခင်ဗျားတို့ ပြောတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုဆိုတာကို ရမယ်။ ကိုယ့်အိတ်ကပ်ထဲ ငွေဘယ်လို ထည့်ရမလဲဆိုတဲ့ Personal Economy ကိုသာ Higher Level ထိ တစ်ဖက်ကမ်းခပ် တတ်မြောက်ပြီး နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်း တွေးခေါ်ကြံဆမှုမှာတော့ Zero Level က မတက်ရင် ဒီမိုကရေစီစနစ်ကြီးက ကောင်းပါလျက် လူတွေက ဖျက် ဖြစ်နေပါလိမ့်မယ်။

ကဲ … အဲဒီလို အရေးကြီးတဲ့ ဦးနှောက်တွေ ရှင်သန်ဖို့ ဘယ်လို လေ့ကျင့်ပြုစုကြမလဲ။ ယနေ့ခေတ်လူငယ် မျိုးဆက်သစ်တွေကို ဦးနှောက်ပိုင်းဆိုင်ရာရှင်သန်ဖွံ့ဖြိုးအောင် တွေးခေါ်မှုပညာတွေ အထူးလေ့ကျင့် ပြု စုပေးဖို့ လိုပါလိမ့်မယ်။ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး၊ ဖွံ့ဖြိုးတိုးတက်ဖို့ လေ့ကျင့်ပြုစုပေး တဲ့နေရာမှာ ဒီလူငယ်တွေရဲ့ ဦးနှောက်တွေ လန်းဆန်းတက်ကြွနေဖို့လဲ လိုပါတယ်။ အဲဒီမှာ အဓိ က ပြဿနာက အရက်၊ ဘီယာ၊ ဆေးလိပ် … ဒါတွေ သောက်သုံးခြင်းအားဖြင့် နောင်တစ်ချိန် ကျွန်တော်တို့ အားကိုးရမယ့် လူငယ်တွေရဲ့ ဦးနှောက်တွေဟာ လေးလံထိုင်းမှိုင်းပြီး အသုံးချလို့ မရတဲ့အခြေအနေမျိုးထိ ကြီးမားတဲ့ ဆိုးကျိုးတွေ ပေးပါလိမ့်မယ်။

နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ အရက်ပြဿနာ ရှိကြတယ်ဗျာ။ သူတို့ဆီမှာ အရက်စွဲရောဂါကို မူးယစ်ဆေး ဝါး၊ ဆေးလိပ်အန္တရာယ်တို့နဲ့ တန်းတူထားပြီး အစိုးရဌာနတွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေက တစ်နိုင်ငံချင်းရော နိုင်ငံအများ စုပေါင်းပြီးပါ အလေးအနက်ထား တိုက်ဖျက်နေကြပါတယ်။

ကဲ …ကျွန်တော်တို့ နိုင်ငံမှာရော…..?

ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမှ စီးပွားရေး တိုးတက်မယ်ဆိုပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (Myanmar Investment Commission-MIC) က အရက်၊ ဘီယာနဲ့ ဆေးလိပ်စက်ရုံတည်ဆောက်ခွင့်တွေ၊ တင်သွင်းခွင့်၊ ဖြန့်ဖြူးခွင့်၊ ရောင်းချခွင့်တွေကို လက်သိပ်ထိုး တိုးတိုးတိတ်တိတ်ခွင့်ပြုချက် (Permit) များ ပေးနေတော့ မခက်ပါလား။ ဒီမိုကရေစီခေတ်မှာတော့ (Permit) စနစ်များ စွန့်လွှတ်သင့်ပြီထင်ပါရဲ့ဗျာ။

ဒီမေးခွန်းလေးတွေဖြေပေးကြပါ။

- MIC က မြန်မာနိုင်ငံမှာ အရက်သမား၊ ဘီယာသမား၊ ဆေးလိပ်သမားဦးရေ တိုးပွားအောင် လုပ်နေ တာလား?

- Permit တွေ အပေါ်ကများ မြိုးမြိုးမြက်မြက်လေးတွေ၊ ဆီဦးထောပတ်လေးတွေ စားနေရလို့လား?

- နိုင်ငံရဲ့ အနာဂါတ် မျှော်လင့်ချက် ရောင်ခြည် လူငယ်လူရွယ်တွေကို မူးယစ်ဆေးဝါးနဲ့ ယဉ်ပါး ကြီးပြင်းလာသူတွေ ဖြစ်စေချင်တာလား?

- ကိုယ့်သားသမီးတွေကျတော့ နိုင်ငံခြားမှာ သွားထား၊ တိုင်းတစ်ပါး နိုင်ငံသား ခံယူခိုင်းထားပြီး သူများ သားသမီး တွေကျတော့ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ သဘောလား?

- ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကြီးအနေနဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်တွေပဲ ရင်းနှီးဖို့ လုပ်တတ်ပါသလား?

MIC ဥက္ကဋ္ဌ ဦးစိုးသိန်းဟာ ဂန္ဓ၀င်မြောက်လှတဲ့ နောက်ကြောင်းရာဇ၀င်များကို ပိုင်ဆိုင်သူ တစ်ယောက် ဖြစ်ပါတယ်။ ဟာသလည်း အတော်ပြောတတ်တယ်။ ပျော်တတ်တယ်ဆိုပါတော့ (ကော့သောင်းမိုတယ်မှ အဆိုတော်လေးများ၊ ထိုင်းလှေပိုင်ရှင်တွေ ပို့ပေးတဲ့ အချောအလှလေးများက သူ့အကြောင်း ပိုသိပါမည်)။

MIC ဥက္ကဋ္ဌဖြစ်တာနဲ့ သတင်းစာဆရာတွေ၊ မီဒီယာတွေကို ဖိတ်ခေါ်ပြီး ရန်ကုန်မှာရှိတဲ့ ဂုံးကျော်တံတားကြီး ၄ စင်းကို ၄ လနှင့် အပြီးဆောက်မယ်လို့ အပြောင်မြောက်ဆုံး ဟာသပျက်လုံးကိုလည်း မှတ်မှတ်ရရ ပြောခဲ့ပါသေးသည်။

“၁ နာရီနှင့်အပြီး လုပ်ပေးမယ်” ဆိုတဲ့ လက်သုံးစကားကတော့ အတော်လေး ဟတ်ထိတယ်လို့ ဆိုကြပါ၏ (ယုံမိတဲ့လူတွေအတွက် ဖြစ်ပါလိမ့်မည်)။ လူအထင်ကြီးမယ့် စကားလုံးအလှလေးတွေများ အချိန်ရှိတိုင်း စဉ်းစားနေပါသလား ဥက္ကဋ္ဌကြီးခင်ဗျား။

စကားပြောကောင်းတယ်လို့ အနားက လူတွေမြှောက်ပေးတိုင်း နားမယောင်စေချင်ပါဘူး။ တစ်ကယ်က ၀န်ကြီးဥက္ကဋ္ဌဟာ အင်မတန်ရှားပါးတဲ့ ကမ္ဘာ့အရှည်ဆုံး ဂင်းနစ်မှတ်တမ်းဝင် လျှာတစ်ချောင်းကို ပိုင်ဆိုင်ထားသူပါ။ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံလိုသူတွေက လျှာရှည်တဲ့ဥက္ကဋ္ဌကို စိတ်မချ လို့များ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် ကိစ္စတွေကို နောက်ဆုတ်သွား ကြလေရော့ သလား။ နိုင် ငံတော်တော်များများမှာ ခွင့်ပြုချက် မရတဲ့ အရက်၊ ဘီယာ၊ ဆေးလိပ်ကုမ္ပဏ်ီတွေကသာ မြန်မာနိုင်ငံမှာ MIC ရှိတယ်၊ ချောင်တယ်ဟေ့ဆိုပြီး ခြေဦးလှည့်လာကြတာလား မသိပေါင်ဗျာ။

ဒီတော့ကာ… MIC ဥက္ကဋ္ဌကြီးခင်ဗျာ … နိုင်ငံတိုးတက်ဖို့အတွက် မျှော်လင့်ချက်ရောင်ခြည် အနာဂါတ် လူငယ်တွေရဲ့ဘဝကို ပန်းကောင်းအညွန့်ချိုး လုပ်ရပ်တွေအတွက် မြန်မာနိုင်ငံရှိ သားသမီးရှင်များမှ ဥက္ကဋ္ဌကြီးရဲ့လျှာ ပေ ၁၀၀ ကျော် ရှည်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက်ဆိုတာ သိစေအပ် ပါသည်ခင်ဗျာ … ။

(ရေးသားသူ - LEP)။

Credit : Here

ဥပဒေမရှိပဲ နေနိုင်ပြီလား


မြန်မာနိုင်ငံမှာ ကိုးရီးယား ဇာတ်လမ်းတွဲတွေ နာမည်ကြီး လူကြိုက် များလာတာ နှစ်အတော်ကြာခဲ့ပြီမို့ ကျွန်ေ တာ် တို့လည်း ကိုရီးယား ပရိသတ် တစ်ယောက်ပါပဲ။ ကိုရီးယား ဇာတ် လမ်းတွေကောင်း တာ ထက် မြန် မာ ဘာသာပြန်တော်တာ ကိုလည်း ချီးကျူး မိပါတယ်။ ဇာတ်လမ်းတွဲ တစ်ခုထဲမှာ သုံးတဲ့အသုံး အနှု န်းေ လး တစ်ခု ဆို တော်တော် သဘောကျ စရာကောင်းပါတယ်။ '' ဥပဒေ မရှိပဲတောင် နေ လို့ရတဲ့သူပါ ''

ဆိုတာလေးပါ။ မှန်ပါ တယ် ဥပဒေမရှိပဲ နေလို့ ရတဲ့ သူတစ်ယောက်ရဲ့ စိတ်ဓါတ်၊ အကျင့် စာရိတ္တ ဆိုတာ တော် ရုံနဲ့ မဖြစ်နိုင်ပါဘူး။ လူတွေဆိုတာ အမှားမကင်းကြတဲ့ သူတွေပါ။ အဲဒီ့တော့ ကာယကံရှင် ကိုယ်တိုင် ကိုပဲ ဖြစ်စေ ၊ ပတ်ဝန်းကျင်က လူတွေကိုပဲဖြစ်စေ မိမိကြောင့် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ မခံစားရစေဖို့ သူ့ ကဏ္ဍနဲ့သူ လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြဋ္ဌာန်းပြီး ထိန်းကွပ်ပေးတာကို ဥပဒေလို့ ဆိုတယ်လို့ နား လည် မိပါတယ်။

အခုကျွန်တော်တို့ပတ်ဝန်းကျင်က ဂျာနယ်တွေ၊ လူမှုကွန်ယက်မီဒီယာဖြစ်တဲ့ facebook တွေမှာ သတင်း တစ် ခု ကို တော်တော်လေး ပြောဆိုနေတာကို တွေ့ရပါတယ်။ အဲဒါကတော့ ပြန်ကြားရေး ၀န်ကြီးဌာန ကနေ လွှတ်တော်ကိုတင်လိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းမှာ ပါဝင်တဲ့ စည်းမျဉ်း စည်း ကမ်းတွေကို လက်မခံကြဘူး ဆိုတဲ့ သတင်းပါပဲ။ ဘာလို့ ဒီလောက် လက်မခံ ဘူးပြောနေကြလဲ စိတ် ၀င် စားလို့ နည်းနည်းလောက် ထပ်လေ့ လာကြည့်လိုက်တော့ ခုဏက ကျွန်တော်ပြောသလို မီဒီယာ သမား တွေ က ဥပဒေ မရှိပဲ နေချင်ကြတယ်လို့ သုံးသပ် မိပါတယ်။

အဲဒါဆိုရင် မီဒီယာသမားတွေဘက်ကတော့ မီဒီယာနဲ့ပတ်သက်တဲ့ ကျင့်ဝတ်တွေ၊ စာနယ် ဇင်းနဲ့ပတ် သက်ပြီး လိုက်နာရမယ့် စည်းမျဉ်းတွေနဲ့ ဘယ်လောက် အသားတကျဖြစ်နေ ပြီလဲ ဆိုတာ တစ်နည်းပြော ရရင် မီဒီယာနဲ့ပတ်သက်ပြီး ကိုယ့် ဘက်က အကျင့်စာရိတ္တ ဘယ်လောက် ကောင်းမွန်ပြည့် စုံနေပြီ လဲဆို တာ ကို မဖြစ်မနေ ဆန်းစစ်ဖို့ လိုပါတယ်။ ဘာကြောင့် ဒီလိုပြောရလဲဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ ပြည် သူေ တွ နဲ့ ထိတွေ့မှု အများဆုံး၊ နီးစပ်မှု အရှိဆုံး မီဒီယာ စနစ်ကို ပြောပါဆိုရင် press media လို့ခေါ်တဲ့ ပုံနှိပ် မီဒီယာတွေပါပဲ။ ဂျာနယ် တစ်စောင်မှာ ဖော်ပြလိုက်တာဟာ လူဦးရေတော်တော် များများ ဆီကို ရောက် သွားဖို့ ရာခိုင်နှုန်းက အပြည့်ပါပဲ။

ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေဟာ အများနဲ့ မတူပဲ ထူးခြား တဲ့ လက္ခ ဏာေ တွ ရှိပါတယ်။ နိုင်ငံ တစ်ခု တည်တံ့ ခိုင်မြဲဖို့ အမျိုးသားရေး စိတ်ဓါတ်နဲ့အကျင့် စာရိတ္တတွေ ကောင်း မွန်ေ နဖို့က အရေး အကြီးဆုံးပါပဲ။ ပြည်သူတွေရဲ့ စိတ်ဓါတ်တွေ၊ အကျင့် စာရိတ္တတွေကို ပျက်ပြားေ စ မယ့် စာပေေ တွကြောင့် လူအ များကို အဆိပ်သင့်စေ မယ် ဆိုရင် ဒီမီဒီယာ ဒီ စာနယ် ဇင်းေ တွ ရဲ့ ပျက် ယွင်းမှုကို ဘယ်သူ က တာဝန်ယူမှာပါလဲ။

မြန်မာနိုင်ငံကလူတွေ ထင်ထင် ရှားရှား သတိထားမိမယ့် ကိစ္စတစ်ခုကို ပြောပြ ချင်ပါတယ်။ အဲဒါ ကတော့ မနှစ် က စာပေစိစစ်ကနေ ထုတ်ဝေမယ့် စာစောင်တွေ၊ ဂျာနယ်တွေ ၊ စာအုပ်တွေကို ကြိုတင် စိစစ်တဲ့ စနစ် ကို ရုပ်သိမ်းပြီး လွတ်လပ် ခွင့်ပေးပြီးတဲ့ နောက်ပိုင်း အပတ်စဉ် ထုတ် ဂျာနယ်တွေ စာစောင်တွေမှာ ပြည် သူတွေအတွက် အကျိုးဖြစ်စေတဲ့ စာတွေထက် ဘယ်လို စာပေနဲ့ ဘယ်လိုဖော်ပြ မှုတွေ ပိုများခဲ့သလဲ ဆိုတာ ကို ကျွန်တော် မပြောလဲ ပြည်သူတွေအားလုံးသိပြီး သားပါ။ မြန်မာ့ ယဉ်ကျေးမှုနဲ့ လုံးဝမဆီလျော်တဲ့ ဖော်ပြမှုတွေ၊ အမျိုးဘာသာ သာသနာကို ထိခိုက်စေမယ့် မိမိရဲ့ဖော်ပြ ချက် တစ်ခုကြောင့် ပဋိပက္ခတွေ ဖန် တီးေ စနိုင် တာကို သိသိကြီးနဲ့ စီးပွားဖြစ် ငွေကြေး အမြတ်အစွန်း တစ်ခုကိုသာ ကြည့်ပြီး လက်လွတ်စပယ် ရေး သားတာတွေ၊ သားနဲ့အမိ ၊ မောင်နဲ့နှမ မြင်လို့ မသင့်တော်တဲ့ပုံတွေ၊ စာတွေသာ ပလူပျံနေခဲ့ပါတယ်။ မီဒီ ယာ လွတ်လပ်ခွင့်ဆိုတာ ဟာ ပြည်သူလူထုရဲ့အကျိုးကို အပြည့်အ၀ဖော်ဆောင်ဖို့ ၊ မီဒီယာရဲ့ တာ ၀န်ဖြစ် တဲ့ စတုတ္တ မဏ္ဍိုင် ပီသဖို့ပါ။ ဒီလို ထင်ရာ စိုင်းဖော်ပြပြီး ငွေရှာဖို့ မဟုတ်ပါဘူး။

ဒီနေရာမှာ ဥပဒေမှာပါတဲ့ အချက်တွေနဲ့ မီဒီယာ သမားတွေ အပြင်းအထန် ကန့်ကွက်တဲ့ အချက်တွေကို နည်း နည်းပြောချင်ပါတယ်။ မီဒီယာ သမားတွေ ကန့်ကွက်တဲ့ အချက်တွေဟာ ဥပဒေမှာ မဖော်ပြထား ရင်ေ တာင် ကိုယ့်အသိစိတ်ဓါတ် ၊ တာဝန်ယူမှုနဲ့ လိုက်နာရမယ့်အချက်တွေပါ။ နိုင်ငံတကာက လက်ခံထား တဲ့ လူ့ အခွင့် အရေးကြေညာစာတမ်းရဲ့ ပုဒ်မ ၁၉ မှာပါတဲ့အချက်တွေနဲ့အညီ ရေးထားတဲ့ စည်းကမ်းတွေ ပါပဲ။ အဲဒီ့ ပုဒ်မ ၁၉ ရဲ့ အပိုဒ်ခွဲ (၃)မှာဆိုရင် အမျိုးသားလုံခြုံရေး၊ အများပြည်သူ စနစ်တကျရှိစေမှုနဲ့ ကိုယ် ကျင့် တ ရားေ တွကို ထိခိုက်စေမယ်ဆိုရင် လိုအပ်သလို ဥပဒေပြဋ္ဌာန်းနိုင်တယ်လို့ အတိအ လင်းဖော်ပြ ထား ပါ တယ်။

အဲဒီ့တော့ မြန်မာနိုင်ငံရဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပေဒကြမ်း အခန်း (၃) ပုဒ်မ ၇ မှာဖော်ပြ ထား တဲ့ အချက် ငါးချက် ထဲက ပုဒ်မခွဲ (က) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်း သား လူမျိုး အချင်းချင်းကို လည်းကောင်း၊ အခြား ဘာသာ၊ သာသနာကိုလည်းကောင်း ထိခိုက် နစ်နာစေ မည့် အကြောင်းအရာများ ဖော်ပြခြင်း။ နဲ့ ပုဒ်မခွဲ (င) ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားတည်ဆဲ ဥပဒေ များ အရ ပြဋ္ဌာန်းချက် များကို ဆန့်ကျင် ဖောက်ဖျက်ရာ ရောက်သည့် အရေးအသား၊ စာများထုတ်ဝေခြင်း ဆိုတဲ့ အ ချက်တွေဟာ နိုင်ငံတကာ စံနှုန်းဖြစ်တဲ့ လူ့အခွင့်အရေးကြေညာ စာတမ်းပါ အမျိုးသား လုံခြုံရေး (National Security )ဆိုတဲ့ အချက်နဲ့ညီပါတယ်။

အမျိုးသား လုံခြုံရေး ဆိုတာဟာ စစ်ရေးနဲ့ သက်ဆိုင်တာ ကိုသာ မဟုတ်ပဲ နိုင်ငံအတွင်းမှာ ရှိတဲ့ တိုင်းရင်း သားေ တွ ရဲ့ အရေးလည်း ပါဝင်ပါတယ်။ နောက်တစ်ခုကတော့ ပုဒ်မခွဲ (ခ) တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားေ စရန် သော်လည်းကောင်း၊ ဆူပူအကြမ်းဖက်မှု ဖြစ်ပွားစေရန် သော် လည်းကောင်း လှုံ့ေ ဆ်ာခြင်း ၊ ပုဒ်မခွဲ (ဂ) ညစ်ညမ်းစာများ ဖော်ပြခြင်း နဲ့ ပုဒ်မခွဲ (ဃ) ရာဇ၀တ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်း ဖက်မှု၊ လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ပြစ်မှု ကျူးလွန်ခြင်း တို့ကို အားပေးခြင်းနှင့် လှုံ့ဆော်ခြင်းဆိုတဲ့ အချက်တွေဟာ လူ့အခွင့် အရေးကြေညာ စာ တမ်း ရဲ့ အများပြည်သူ စနစ်တကျရှိစေမှုနဲ့ ကိုယ်ကျင့်တရားတွေကို ထိခိုက်စေမယ် ဆိုရင် လိုအပ်သ လို ဥ ပဒေပြဋ္ဌာန်းနိုင်တယ် ဆိုတဲ့အချက်နဲ့ ကိုက်ညီပါတယ်။ ပြည်သူတွေဟာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ် ပွားပြီး တရားဥပဒေ စိုးမိုးမှုတွေမရှိရင် စနစ်တကျ မရှိနိုင်ပါဘူး။

ဒါ့ကြောင့် ပြည်သူတွေရဲ့အကျိုးစီးပွား၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရ မယ့် စာပေ မီဒီယာတွေမှာ အဆိပ် အတောက်တွေ မပါဝင်စေဖို့ အတွက် နိုင်ငံတကာ စံနှုန်းနဲ့ အညီ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ကန့်ကွက်တဲ့ မီဒီယာသမား ကန့်ကွက်သူများအနေနဲ့ ဥပဒေမရှိပဲ နေနိုင်တဲ့ အရည် အချင်းရှိပြီ လို့ တွေး ထင်ပါသလား။ ဥပဒေမရှိပဲ တကယ့် မီဒီယာသမားကောင်းရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းေ ဆာင်နို င် ပါသလား။ မီဒီယာလွတ်လပ်ခွင့်ဆိုတာ ကိုယ်ကျိုးအတွက် ငွေကြေးအမြတ်အစွန်းအတွက် မ ဟုတ် ပဲ လုပ်ဆောင်နိုင်ပါပြီလား ဆိုတာကိုတော့ မေးလိုက်ချင်ပါတယ်။

Credit : Here

သမ္မတကြီး ဦးသိန်းစိန်အား တရားစွဲဆိုမှု ဆားလင်းကြီး တရားရုံးမှ ပယ်ချ


သမ္မတဦးသိန်းစိန်ကို လက်ပံတောင်း နယ်သားတွေ တရားစွဲတာကို ဆားလင်းကြီး တရားရုံးက တရား သူ ကြီးဒေါ်ခင်ခင်ဆွေက လက်မခံပဲ ပယ်ချလိုက်ကြောင်း သိရသည်။

အဆိုပါ တရားစွဲဆွဲမှုအား မတ်လ ၄ ရက်နေ့  နေ့လည် ၁ နာရီ ၂၀ ၀န်းကျင်တွင် လက်ပံတောင်းတောင် အနီးရှိ ကျေးရွာ များမှ ရွာသူ ရွာသား ၃၅ ဦးသည် လက်ရှိ သပိတ်စခန်းနှင့် ၇ မိုင်ခန့်ဝေးကွာသော ဆား လင်း ကြီးမြို့ နယ် တရားရုံးသို့ ရောက် လာကာ ဖောင်းကတာအုပ်စု ဆည်တည်းကျေးရွာနေ မ၀င်းဝင်းေ ဌးနှ င့် မရီဝင်း၊ မိုးကြိုးပြင် အလယ်ရွာနေ ကိုဇော်နိုင်တို့  ၃ ဦး မှ တရားလို ပြုလုပ်ကာ ပြုလုပ် ခဲ့ ကြခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဆားလင်းကြီး တရားရုံးမှ ပယ်ချလိုက်ခြင်းနှင့် ပတ်သက်၍ ပြည်တွင်း ပုံနှိပ် မီဒီယာမှ The Ladies အယ်ဒီတာ ဒေါ်မေဇင်အေးစာမျက်နှာတွင် လှုံ့ဆော်မှုများ ရေးသားခဲ့သော်လည်း အရေးယူခြင်း မရှိခဲ့ပေ။

ဥပဒေအထက်တွင် လွှတ်တော် ရှိသည် ဆိုသော စကားအတွက် စုံစမ်းရေးကော်မရှင် ဖွဲ့ခဲ့သည့် လက်ရှိ အစိုးရအဖွဲ့များသည် ဥပဒေအထက်တွင် သမ္မတကြီးသိန်းစိန် ရှိလား ဟု လှောင်ပြောင်ရေးသည့် ပုံနှိပ် မီဒီယာမှ အမည်သိသူ တစ်ဦးအား သတိပေး အရေးယူခြင်း မရှိသည်မှာလည်း အံ့သြသင့်ဖွယ် ဖြစ်သည်။

Credit : Here

အခွန်ထမ်းရတာကို ဂုဏ်ယူသူ တစ်ဦးအကြောင်း

လွတ်လပ်တဲ့ အချုပ်အချာ အာဏာပိုင် နိုင်ငံ တစ်နိုင်ငံရဲ့ နိုင်ငံသား တစ်ဦး အနိမ့်ဆုံး ထမ်းဆောင် ရမယ့် တာဝန် ဟာ ဥပဒေနဲ့ အညီ အခွန် ထမ်းဆောင်ခြင်းပါဘဲ။ အဲ့ဒီလို ထမ်းဆောင်ခြင်း အတွက် လည်း သီးခြား အ ကျိုး ခံစားခွင့် မရရှိပါဘူး။ နိုင်ငံတကာစံ ကဒီအတိုင်း ပါဘဲ။ ဘောဂဗေဒ သင်ဖူး လေ့လာဖူးသူ တိုင်း လည်း အသိပါ။

၂၀၀၈ ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၈၉ မှာ နိုင်ငံ သား တိုင်း သည် ဥပဒေ အရ ပေးဆောင်ရမည့် အခွန် အကောက် များကို ပေးဆောင်ရန် တာဝန် ရှိသည် လို့ လည်း အတိအလင်း ဖော်ပြထားပါတယ်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ နဲ့ နိုင်ငံတော် အေးချမ်းသာယာရေးကောင်စီ အစိုးရများ လက် ထက်မှာ လစာ ခေါင်းစဉ်ဖြင့် ၀င်ငွေရရှိသူ နိုင်ငံတော်တာဝန် ထမ်းဆောင်ဆဲ ၀န်ထမ်းများ လစာေ ခါင်း စဉ်မှ ရရှိသောဝင်ငွေကို အပြည့်အ၀ ခံစားခွင့်ရရှိစေရန် ၀င်ငွေခွန် ကင်းလွတ်ခွင့်ပြုခဲ့တဲ့ အတွက် ကျွန်ေ တာ် ပြန်တမ်းဝင် အရာရှိ ဖြစ်တဲ့အချိန် ကစလို့ ရတဲ့ လစာ အပေါ် ၀င်ငွေခွန် ဆောင်စရာ မလိုဘဲ နိုင်ငံ သား တစ်ဦးရဲ့ တာဝန် ကျေပွန် အောင် ထမ်းဆောင်ခွင့် မရခဲ့ပါဘူး။

ဒါပေမယ့် အစိုးရသစ်တက်ပြီးတဲ့နောက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန က ပြည်ထောင်စု အစိုးရ အဖွဲ့ ရဲ့ သဘော တူညီချက်နဲ့ ၁၅-၃-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁၀၆/၂၀၁၂ အပိုဒ် ၂ မှာ နိုင်ငံ့ဝန် ထမ်း များ အနေဖြင့် ပြန်တမ်းဝင် အရာရှိ ခန့်ထား ခံရပြီး ကနဦး လစာ စတင် ခံစား ချိန်မှ စလို့ ၀င်ငွေခွန် ပေးေ ဆာင်ဖို့ ပြဌာန်းချက်အရ ၁-၄-၂၀၁၂ ရက်နေ့က စလို့ လကုန်တိုင်း ရတဲ့ လစာအပေါ်က ၀င်ငွေခွန် ဖြတ်ေ တာက်ပေးဆောင်ခွင့် ရပြီဖြစ်တဲ့ အတွက် နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်ကို ကျေပွန် ခွင့် ရေ နပြီဖြစ် ပါတယ်။

ကျွန်တော်ပေးဆောင်ရတဲ့ ၀င်ငွေခွန် ဟာ တကယ်တော့ ဘယ်လောက်မှ မရှိပါဘူး။ တစ်လ မှ ကျပ် ၄၀၀၀ ကျော်ေ လးပါ။ ကျွန်တော်ရဲ့လစာက တစ်လ ကျပ် ၁၆၀၀၀၀ နဲ့ အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ ရပါ တယ်။ အဲ့ဒီ နှစ်ခု အပြင် နေပြည်တော်မှာ နေအိမ် အခမဲ့ နေခွင့် ရတဲ့ အတွက် ရတဲ့ လစာ+ထောက်ပံ့ေ ကြး ရဲ့ ၁၀% ကို အကျိုး ခံစားခွင့် အနေနဲ့ ထည့်တွက်ပါတယ်။

တကယ်ဆို တစ်နှစ်လုံး ကျွန်တော်ရမယ့် လစာ+ထောက်ပံ့ကြေး+အကျိုးခံစားခွင့် စုစုပေါင်းထဲက အဲ့ဒီစု စုပေါင်း ရဲ့ ၂၀%၊ ဇနီးအတွက် ကျပ် ၃၀၀၀၀၀ နဲ့ သမီးအတွက် ကျပ် ၂၀၀၀၀၀ နုတ် ကျန်ငွေ အပေါ်မှာ ၀င်ငွေ ခွန် တွက်ပြီး ၁၂ နဲ့စားလို့ လစဉ် ပျမ်းမျှ ပေးဆောင်ရမှာဖြစ်ပေမယ့် ကျွန်တော့် ဇနီး ကိုယ်တိုင် အ ရာ ထမ်းဖြစ်နေတာရယ် သမီးကို သူ့အတွက် နုတ်ပယ်ခွင့် ယူလိုက်တာကြောင့် ကျွန်တော့်မှာ အခြေခံ သက် သာခွင့် ၂၀% သာနုတ်ခွင့် ရှိလို့ သူများထက်စာရင် ကျွန်တော်ပေးရတဲ့ အခွန်က နည်းနည်း ပိုများပါ တယ်။ ဒါပေမယ့် ကျွန်တော် ကျေနပ်ပါတယ်။

ကျွန်တော်နဲ့အတူ အရပ်ဘက်မှာ ဦးစီးအရာရှိ/ လက်ထောက် မန်နေဂျာ မှသည် ညွှန်ကြားရေးမှူးချုပ်/ ဦးဆောင် ညွှန်ကြားရေးမှူး အထိ၊ တပ်ဘက်မှာ ဒုတိယ ဗိုလ်မှသည် ကာကွယ်ရေး ဦးစီးချုပ် အထိ ပြည်သူ့ ၀န် ထမ်းများ ဟာလည်း ပြည်သူတွေရဲ့ တာဝန်တွေကို ထမ်းဆောင်နေကြတာ အပြင် ၀င်ငွေ ခွန် ပေးဆောင်ခြင်းဖြင့် နိုင်ငံသား တစ်ဦးရဲ့ အနိမ့်ဆုံး တာဝန်များကို ထမ်းဆောင် နေကြတာ ဖြစ် ပါကြောင်း လေး စား ဂုဏ်ယူစွာ တင်ပြလိုက်ရပါတယ်။

အလားတူ နိုင်ငံသားတစ်ဦးရဲ့ အနိမ့်ဆုံးတာဝန်ဖြစ်တဲ့ အခွန်ကို ကျေပွန်စွာ ထမ်းဆောင် နေကြသူ အခွန်ထမ်း များ အားလုံးကိုလည်း လေးစားစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်။

Credit : Here

ဖွဲ့စည်းပုံပြင်ဆင်ရေး NLD စွန့်လွှတ်ပြီလား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ
(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က မတ် ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိကျင်းပခဲ့သော နိုင်ငံလုံး ဆိုင် ရာ ညီလာခံအပြီးတွင် နိုင်ငံရေးဝါဒ သဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များကို ထုတ်ပြန်လိုက်ရာ မူဝါဒ သေ ဘာ ထားများတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုံးဝမပါရှိပေ။

၂၀၁၂ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တ ရား ဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား တန်းတူညီမျှရေး အပါအ၀င် ရွေးကောက်ပွဲ ကြေညာစာတမ်းကို ထုတ်ပြန်ပြီး ရွေးကောက်ပွဲဝင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နှစ်ပေါင်း ၂၅ အတွင်း ပထမဆုံး အကြိမ် ကျင်းပသော ညီလာခံအပြီး ထုတ်ပြန်သော မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ် များတွင် ဖွဲ့စည်းပုံ အခြေခံ ဥပေ ဒ ပြင်ဆင်ရေး မပါ ၀င်တော့ဘဲ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အုတ်မြတ် ခိုင်မာရေး၊ တရားဥပဒေ စိုး မိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပေါ်တွင် အခြေခံသော ဖွံ့ဖြိုး တိုးတက်ရေးတို့ တည်ဆောက် မည် ဟူေ သာ မူဝါဒ များသာ ပါဝင်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို စွန့်လွှတ်ခြင်း မဟုတ်၊ သို့ရာတွင် အဖွဲ့ ချုပ်၏ နိုင်ငံရေးသဘောထားနှင့် ရှေ့လုပ်ငန်းစဉ်တွင် အဘယ်ကြောင့် မထည့်သွင်းထားသနည်း ဆိုသည် ကိုမူ မိမိ နားမလည်ဖြစ်ရကြောင်း ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

“ကျနော်တော့ နားမလည်ဘူး။ ဘာကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး မပါလာတာလည်း မသိဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လမ်းစဉ်ကို မပစ်ပယ်ဘူး။ ရိုးရိုး ချွတ်ချော်သွားတာပါ။ ဒေါ်အောင်ဆန်း စု ကြည် လည်း အကြိမ်ကြိမ် ပြောနေတာပဲ။ ဒီ သဘောထား ပြောင်းတာမျိုး မဟုတ်ဘူး။ ကျနော် လည်း ဆွေးနွေး တဲ့အထဲမှာ မပါဘူး။ ဗဟို အလုပ်မှုဆောင်တွေပဲ ဆွေးနွေးကြတာ” ဟု ဦးဝင်းတင်က ဆိုသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်ရမည်ဖြစ်ပြီး လူထုလူတန်းစား အသီးသီး ပါဝင်သော နိုင် ငံရေးဆွေးနွေးပွဲများ ကျင်းပပြီး လူထုသဘောထား ထုတ်ဖော်ကာ လွှတ်တော် ကိုယ်စား လှယ် များနှင့် လွှတ်တော် သို့ အသိပေးရမည်ဖြစ်ကြောင်း ဦးဝင်းတင်က ဆိုသည်။

“အခြေခံဥပဒေပြင်ရေးကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီလုပ်ရမယ်။ ဒုတိယအချက်က လမ်းပေါ် ထွက်ရ မယ်။ လမ်းပေါ်ထွက်ဆိုတာ ဆန္ဒပြဖို့မဟုတ်ဘူး။ လမ်းဘေးတွေမှာ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာ အခြေ ခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေး ရှင်းလင်းပွဲတွေ လုပ်ရမယ်။ နိုင်ငံရေး ပါတီတွေကလည်း လုပ် ရမယ်။ ဒါမှသာလျှင် လူထုအကြံပြုချက်တွေ ပေါ်လာမယ်။ ဆုံးဖြတ်ချက် ပေါ်လာမယ်။ လူထုထောက် ခံ တာေ တွ ပေါ်လာမယ်။ သူတို့ သဘောထားတွေ ပေါ်လာမယ်။ ဒါတွေ အကုန်လုံးက ပြည်သူ့အ သံေ တွပဲ။ ဒီ အ သံတွေကို လွှတ်တော်ထဲ ပို့ရမယ်။ တိုင်းပြည် ရဲ့ဆန္ဒ၊ တိုင်းပြည်ရဲ့ သဘောထားတွေ လွှတ်ေ တာ် ထဲ ရောက် သွားရင် လွှတ်တော်က သိပ်ငြင်းလို့မရတော့ဘူး” ဟု ဦးဝင်းတင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အရန်ဗဟိုအလုပ်မှုဆောင်လည်းဖြစ်၊ မင်္ဂလာတောင်ညွှန့် မြို့နယ် ပြည်သူ့ လွှတ်ေ တာ် ကိုယ်စားလှယ် လည်းဖြစ်သူ ဒေါ်ဖြူဖြူသင်းကလည်း အဖွဲ့ချုပ်နာယက ဦးတင်ဦး ကိုယ်တိုင် နိုင်ငံလုံး ဆိုင်ရာညီလာခံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အလေးပေးပြောဆို ခဲ့ကြောင်း၊ သို့ ရာ တွင် မည်သည့် အတွက်ကြောင့် မူဝါဒ တရပ်အဖြစ် မပါဝင်လာမှုကို မသိ ရှိကြောင်း ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေးတာဝန်ခံနှင့် ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်ကမူ ဖွဲ့စည်း ပုံပြင်ဆင်ရေးသည် ရွေးကောက်ပွဲ ကြေညာစာတမ်းသာဖြစ်ပြီး အဖွဲ့ချုပ်၏ နိုင်ငံရေးဝါဒ သဘော ထားနှင့် ရှေ့ဆက်လုပ်ငန်းစဉ်တွင် မပါဝင်သော်လည်း ထိုမူဝါဒကို စွန့်လွှတ်ခြင်း မဟုတ်ကြောင်း ပြောဆို သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးဝါဒသဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များတွင် နိုင်ငံရေးဝါဒ၊ နိုင်ငံခြားရေး၊ တိုင်းရင်းသားလူမျိုးများ၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပ ညာရေး၊ လယ်ယာလုပ်ငန်း၊ အလုပ်သမား၊ ကျောင်းသားလူငယ်၊ လူထုဘ၀သက်သာချောင်ချိရေး၊ သဘာ ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော၊ ရိုးရာဓလေ့ထုံးတမ်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတို့ပါဝင်သည်။

ကာကွယ်ရေးနှင့် လုံခြုံရေးအပိုင်းတွင် တပ်မတော်အပေါ် အဖွဲ့ချုပ်၏ သဘောထားများ ရှင်းလင်းေ ဖ်ာပြ ထားပြီး တပ်မတော်သည် နိုင်ငံအတွက် မရှိမဖြစ် လိုအပ်သောအဖွဲ့အစည်းဖြစ်သည်ဟု ယုံကြည်ေ ကြာ င်း၊ တပ်မတော်သည် ဒီမိုကရေစီကျင့်စဉ်ကို ကာကွယ်ဖြည့်ဆည်းသော အင်အားစုဖြစ်ရေး၊ ခေတ်မီ တပ်မေ တ်ာဖြစ်ေ ရး၊ ပြည်သူ့ချစ်ခင်သော တပ်မတော်ဖြစ်ရေး၊ တပ်မတော်နှင့်ကာကွယ်ရေး ယန္တရား တရပ် လုံး သည် အုပ်ချုပ်ရေးမဏ္ဍိုင်အောက်တွင် ရှိရေး တို့ကို အဖွဲ့ချုပ်၏ သဘောထားအဖြစ် ထုတ်ပြန်ဖော်ပြ ထား သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံက ဗဟိုကော်မတီဝင် ၁၂၀၊ ဗဟိုအလုပ် အမှုေ ဆာင် အဖွဲ့ဝင် ၁၅ ဦးတို့ကို ရွေးချယ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအဖြစ် ဦးဥာဏ် ၀င်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့်၊ ဦးဝင်းထိန်၊ဒေါက် တာေ ဇ်ာမြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးကျော်ခင်၊ ဦးညီပု၊ ဒေါက် တာ ဦးမျိုးအောင်တို့ဖြစ်သည်။

Credit : Here