Monday, March 11, 2013

ဗန်းမော် ဒေသခံတွေ ဘာပြောကြသလဲ


ဖုန်ထူထူ မညီညာတဲ့ မြေလမ်းဝါ၀ါပေါ်မှာ သစ်ခွဲသားတွေ တင်ထားတဲ့ ဆိုင်ကယ်၊ ထော်လာဂျီတွေ အသံ စုံပေးပြီး တ၀ုန်းဝုန်း မောင်းနှင်နေကြပါတယ်။ ဆိုင်ကယ်တစ်စီး ဖြတ်သွားတိုင်း ဂီယာချိန်းသံ၊ လီဗာ ဆွဲတင်သံတွေက လှိုက်ပြီး တုန်ခါနေတယ်။ ၃ ပေနဲ့ ၄ ပေအကြား အရှည်ရှိတဲ့ ငါးလက်မ ပတ်လည် သစ် ခွဲ သား တုံး ၂၀ လောက်ကို တင်ထားရတဲ့ ဒီတရုတ်နိုင်ငံလုပ် ဆိုင်ကယ်တွေဟာ ဒီလို မညီမညာ လမ်းေ တွေ ပ်ါမှာ ရုန်းဖို့ ဒီလောက်တော့ အသံပေးရမှာ ဖြစ်ပါတယ်။ ဆောင်းတွင်းပေမယ့် နေပူပူအောက် မှာ အိမ်ခြေ ၁ ထောင်ကျော်ရှိတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မန်စီ မြို့နယ်လေးကတော့ သစ်ဆိုင် ကယ်၊ သစ်တင် ထော် လာဂျီတွေရဲ့ အသံကလွဲလို့ တိတ်ဆိတ် ခြောက်ကပ်နေပါတယ်။

ဗန်းမော်ခရိုင်ဟာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ရဲ့ တပ်မဟာ (၁၂) ထိန်းချုပ် တဲ့ဒေသ ဖြစ်ပြီးတော့ ဗန်းမော်မြို့ဟာလည်း အစိုးရတပ် ဗျူဟာမှူး ရုံးစိုက်ရာမြို့ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လက စ တင်ပြီး KIA နဲ့ အစိုးရစစ်တပ် အကြား ပြန်လည် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်သူ ၁ သိန်း နီး ပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဗန်းမော်မြို့နယ်လို မြို့နယ်တွေ က ပြည်သူတွေကတော့ တိုက် ပွဲဒဏ် အကြီးအကျယ် မခံရပေမယ့် KIA နဲ့ အစိုးရတပ်မတော် တပ်မတော် ၂ ခု အကြားမှာ အတိဒု က္ခရောက်ကြပါတယ်။

“ပြောလို့က လွယ်တယ်။ ပြောပြီး နောက်ဆက်တွဲတွေကို ရင်ဆိုင်ဖို့က ခက်တာပါ။ ကျနော်တို့ဒေသဟာ အကာ အကွယ် မဲ့တယ်။ ကျနော်တို့ ခံစားချက်တွေကို ပြောပြလိုက်တာဟာ တဖက်အဖွဲ့အစည်းကို သိက္ခာ ချရာ ရောက်သွားနိုင်တယ်။ အဲဒီအခါမှာ လက်နက်ရှိတဲ့ အဖွဲ့အစည်းဖြစ်လို့ လက်နက်နဲ့ လာဖြေရှင်းခဲ့ရင် ကျနော် တို့ ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး” လို့ မန်စီဒေသခံ တဦးက ဧရာဝတီကို ပြောပါတယ်။

၂၀၁၂ ဒီဇင်ဘာနဲ့ ၂၀၁၃ ဇန်န၀ါရီလတွေမှာ KIA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေ ပြင်းထန် ခဲ့ပြီးေ နာက် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ အပစ် အခတ် ရပ်စဲထားဖို့ သဘောတူညီချက် ရရှိခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၄ ရက် တွေ့ဆုံမှုအရ နှစ်ဦးနှစ်ဖက် ဆက် သွယ်ရေး လမ်းကြောင်းများ ထားရှိရေး၊ စစ်ရေးတင်းမာမှု များ လျှော့ချနိုင်ရေးနှင့် နောက် တကြိမ် ဆွေးနွေး ပွဲမှာ လေ့လာသူများနှင့် သက်သေများအဖြစ် ပါဝင်နိုင်သည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေး စ တာေ တွကိုလည်း သဘောတူညီခဲ့ကြပါတယ်။ စားပွဲဝိုင်းပေါ်မှာ ဒီလို သဘောတူ ညီချက်တွေနဲ့ စကာြးေ ပာခဲ့ကြပေမဲ့ နှစ်ဖက် ထိန်းချုပ် နယ်မြေတွေမှာတော့ တရားမ၀င် ဆက်ကြေး ကောက်ယူတာ၊ တပ်သား သစ် စုဆောင်းတာ၊ ခရီးသွား ပြည်သူလူထုဆီကနေ ငွေတောင်းခံမှု လုပ်တာတွေကို KIA ရော အစိုးရ တပ် မေ တ်ာကပါ ဆက်လုပ်နေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်မြို့နယ် ကုန်းတိမ်ကျေးရွာ ဒေသခံတဦးက “အစက ကျနော်တို့ မူလတန်း ကျောင်းဆောင်သစ် ဖွင့် ပွဲ အတွက်ဆိုပြီး တအိမ်ကို ငွေ ၅ ထောင်နဲ့ ဆန် ၂ ဗူး ကောက်တယ်။ ငွေ ၅ ထောင်ဆိုတာ အိမ်ထောင် စုတစု အတွက် အတော်များတဲ့ ပမာဏမို့လို့ ရွာသူရွာသားတွေက ကျောင်းဖွင့်ပွဲအတွက် ဒီလောက် လို သလားလို့ ၀ိုင်းပြောတော့မှ ဒီငွေ ၅ ထောင်ဟာ ကျောင်းဖွင့်ပွဲအတွက်တင်မက ကချင်အစိုးရကို ဆက်ေ ကြးပေး ဖို့ဆိုတာ သိရတယ်။ KIA က အဲဒီလို ပြောင်ပြောင်တင်းတင်း တောင်းတယ်။ စစ်တပ်က လမ်းကို ဂိတ် ပိတ်ပြီး လာသမျှ ကား၊ဆိုင်ကယ်ကို တောင်းနေတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

စစ်ဖြစ်ပွားနေချိန် ၁ နှစ်ခွဲကျော် ကာလမှာလည်း KIA နဲ့ အစိုးရတပ်မတော်တို့ရဲ့ ပဋိပက္ခကြားမှာ အြေ ကာက် တရားများနဲ့သာ ရှင်သန်ခဲ့ကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ KIA ကို ဆက်ကြေးပေးေ န ရ တာ ကို အစိုးရတပ်မတော်က သိမှာလည်း ကြောက်၊ အစိုးရတပ်မတော်က လမ်းပြအဖြစ် ခေါ်ခိုင်းမှာ လည်း ကြောက် စသဖြင့် နှစ်ဖက်စလုံးကို ကြောက်နေရတယ်လို့ ဆိုပါတယ်။

ဗန်းမော်မြို့နယ် ရှမ်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ပြောရေးဆိုခွင့် ရှိသူတဦးက “ကြောက် တဲ့ သူ ကို ကိုယ်ချင်းမစာလို့ မရဘူး၊ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတာ။ သူတို့ဟာ အစိုးရ နှစ်ရပ်ကြားမှာ အနှောင့် အသွား လွတ်အောင် နေထိုင်ဖို့ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရတာ။ စကားတခွန်းကို ပြောလိုက် တာ ထက် ရေငုံ နှုတ်ပိတ်နေတာဟာ သူတို့အတွက် ပိုစိတ်ချရတယ်။ မတရားတာကို ဘယ်ကို တိုင်ရမလဲ၊ ဘယ် သူ့ကို ပြောရမလဲ။ ဘယ်ဌာန ဘယ်ကော်မရှင်ကမှ လာအရေးမလုပ်ပါဘူး။ ဒီတော့ အသက် ဉာဏ်စောင့်၊ ကိုယ့်အသက်ကိုယ် ကိုယ့်ရွာကိုယ် ဖြစ်တဲ့နည်းနဲ့ ကာကွယ်ကြရတာပါပဲ” လို့ ပြောပါတယ်။

မန်စီမြို့နယ် ဒေသခံ တဦးကလည်း “ဒီဇင်ဘာတုန်းက ကျနော်တို့ မန်စီနယ်က လူငယ် ၇၀ လောက် လူ သစ် စုဆောင်းခံရတယ်။ ဒါကို ကျနော်တို့ ပြည်နယ် ၀န်ကြီးချုပ်ဆီ တိုင်စာပို့တော့ သူတို့ဘက်က မေးမြန်း စစ်ဆေးတာ၊ အရေးတယူလုပ်တာ ဘာမှမရှိဘဲနဲ့ KIA ကပဲ ကျနော်တို့ကို ခေါ်ပြီး သတိပေးတာ ခံလိုက် ရ တယ်။ အဲဒီလိုဆိုတော့ ကျနော်တို့ အနေနဲ့က တိုင်လား တောလား လုပ်လည်း ဘာမှမထူးဘူးဆိုတဲ့ သေ ဘာ ပဲလေ” လို့ ဆိုပါတယ်။

KIA နဲ့ အစိုးရတပ်မတော်တို့ရဲ့ ဒီလို တရားမ၀င် ငွေတောင်းခံမှု၊ လူစုဆောင်းမှုတွေ အပြင် ရပ်ကွက် ကျေး ရွာ အုပ်ချုပ်ရေးမှူးများနဲ့ အာဏာပိုင် အဖွဲ့အစည်းများရဲ့ ဘာကြေး ညာကြေး ကောက်ခံမှုတွေ ကလည်း ဒေ သခံတွေကို ပိုပြီးတော့ စိတ်ဖိစီးစေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကျေးရွာ လုံခြုံရေးအတွက် ကင်းေ ကြး၊ ပညာရေး အမည်တပ်ပြီး တောင်းယူတဲ့ ဆရာကန်တော့ကြေး၊ ကျောင်းပရိဘောဂကြေး စ သဖြင့် တံဆိပ်အမျိုးမျိုးတပ် တောင်းယူမှုတွေက တနှစ်ပတ်လုံး လက်မလည်အောင် ရှိနေတယ်လို့ ဆိုပါ တယ်။

“နိုင်ငံတကာကနေ ဒေါ်လာ သန်းဘယ်လောက် လှူတယ်ဆိုတာလည်း ကြားရတယ်။ နောက် အစိုးရ ကလည်း ပညာရေးအတွက် ဘယ်အတိုင်းအတာအထိ တိုးမြင့်လိုက်မယ် ဆိုတာတွေလည်း ကြားရတယ်။ ဒါေ တွ ကြားရတော့ ကျနော်တို့ ပြည်သူလူထု အပေါ်မှာ ကောက်ခံငွေ လျှော့မလားလို့ မျှော်နေတာ။ တ ကယ် တမ်းက ဘာမှ ထူးခြားမလာဘူး။ မထူးဘူးဆိုတော့ ပြောဖို့ လိုတယ်၊ စွန့်စားပြီး ပြောရမှာပဲ” လို့ ကုန်း တိမ်ကျေးရွာ ဒေသခံတဦးက ဆိုပါတယ်။

အများပြည်သူ အသုံးပြုတဲ့ လမ်းတွေကို အဆင့်ဆင့် ပိတ်ပြီး အကြာင်းအမျိုး မျိုးပြ ငွေကြေး ကောက်ခံမှုတွေကြောင့် ဒေသခံ ပြည်သူလူထု ၀ယ်ယူသုံးစွဲရမယ့် ကုန်ပစ္စည်းတွေ သာ ဈေးနှုန်းထပ်ဆင့် မြင့်လာတယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေချိန် ၁ နှစ်ကျော် ကာလအတွင်းမှာလည်း လူနေထိုင်တဲ့ ကျေးရွာတွေအနီးမှာ မြေမြှုပ် မိုင်း ထောင်မှုတွေကြောင့် ကျွဲနွား သေဆုံးမှုနဲ့ ကလေးငယ်တွေ သေဆုံးဒဏ်ရာရမှုတွေ ဖြစ်ခဲ့ရပါ တယ်။ အစိုး ရ တပ်မတော် စစ်ကြောင်းက မြေမြှုပ်မိုင်း နင်းမိလို့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ရင် အနီးဆုံးရွာကို ၀င်ေ ရာက် ဖျက်စီးတတ်တဲ့အတွက် ကျေးရွာသားများဟာ အစိုးရ စစ်ကြောင်းထိုးလာရ င် ကျေးရွာတွေ ကနေ ခေတ္တ ပုန်းရှောင်ပေးရတယ်လို့ ဆိုပါတယ်။

“KIA က မြေမြှုပ်မိုင်းကို ရွာနားမှာ လာထောင်တယ်။ စစ်ကြောင်းက နင်းမိလို့ ပေါက်ကွဲရင် ရွာကို ၀င်ကြမ်း တယ်။ မီးရှို့တယ်။ နောက်တော့ ရွာသားတွေကို လမ်းပြဆိုပြီး ချောဆွဲတယ်။ မိုင်းနင်းမိလို့ သေတဲ့ ရဲဘော်ေ တွ ကို ရွာထဲမှာပဲ ဖြစ်သလို မြေမြှုပ်တာတွေ လုပ်တော့ ရွာကလူတွေက မနေရဲတော့ဘူး” လို့ ဗန်းမော်မြို့နယ် တိုင်းလိုင် အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ဧရာဝတီကို ပြောပါတယ်။

မတ်လ ၁၁ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော် မတီ တို့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ထပ်မံတွေ့ဆုံဆွေးနွေးကြပါတယ်။ အခုတကြိမ် တွေ့ဆုံမှုဟာ ပြည်ေ ထာင်စု အဆင့် ၃ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပြီးတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော် မတီ ဒုဥက္ကဌ ဦးအောင်မင်းနဲ့ အလွတ်သဘော ၁၀ ကြိမ်ခန့် တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ စားပွဲဝိုင်းေ ပ်ါမှာ ဒီလို ဆွေးနွေးကြတဲ့အခါ စစ်နဲ့ ငြိမ်းချမ်းရေးရဲ့ အကျိုးသက်ရောက်မှုကို အမှန်တကယ် ခံစားရမယ့် ဒေ သခံ ပြည်သူလူထုတွေကို သေချာ ထည့်သွင်း စဉ်းစားကြရဲ့လားလို့ ဒေသခံများက သံသယဖြစ်နေဆဲ ဖြစ်ပါတယ်။

“ကျနော် ပြောချင်တာက ပင်လုံစာချုပ်အတွက် သူတို့ စစ်တိုက်နေကြတာဆိုရင် အဲဒီ ပင်လုံစာချုပ်ကို ယြူ ပီး သူတို့ နေရာ၊ သူတို့ ဌာနချုပ်မှာပဲ သွားတိုက်ပါ။ ကျနော်တို့ ရွာအနီးအနားမှာ လာမတိုက်ကြပါနဲ့လို့ ပြော ချင်ပါတယ်” လို့ ကုန်းတိမ်ကျေးရွာ ဒေသခံတဦးက ဆိုပါတယ်။ ။

(ဓာတ်ပုံ - နန်းသီရီလွင် / ဧရာဝတီ)

Credit : Here

စစ်အစိုးရ ရာဇဝတ်မှုများနှင့် ပတ်သတ်၍ လက်ရှိအစိုးရနှင့် NLD အပေါ် ကုလ ဝေဖန်

ယခင် စစ်အစိုးရ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို သက်ဆိုင်သူများက တာဝန်ယူမှု ရှိလာစေရေး အတွက် မြန်မာနိုင်ငံ အနေဖြင့် ဆက်လက်ဆောင်ရွက်သင့်သော်လည်း၊ အရပ်သားအသွင် ကူးပြောင်းထား သည့် လက်ရှိမြန်မာ အစိုးရက သာမက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အတိုက်အခံများကပါ ထိုကဲ့သို့ ဆောင်ရွက်ကြရန် ဆန္ဒမရှိဘဲ ဖြစ်နေကြသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် က သောကြာနေ့က ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းဌာနတွင် ဖော်ပြထား သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလ သမ္မဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေးကင်တားနား က ပြောကြား ခဲ့ခြင်းဖြစ်ပြီး သူက ဆယ်နှစ် ပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံခဲ့ရသည့်ဒဏ်များကို ကုစား ရန်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များ ခိုင်မာရေးအတွက် တာဝန်ခံဖြေရှင်းမှု ရှိရေးမှာ အလွန် အရေး ကြီးလှသည်ဟု ဆိုသည်။

ယခင် စစ်အစိုးရသည် ၄င်းတို့ မတရားအုပ်ချုပ်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ အဓမ္မ ခိုင်းစေမှုစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အလွန်ဆိုးရွားစွာ ကျူးလွန်ခဲ့ကြသည်ဟု စွပ်စွဲခြင်းခံခဲ့ရကာ၊ အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

နောက်တပတ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ အစီရင်ခံစာ တစောင် တင်သွင်းမည်ဖြစ်သည့် ကင်တားနားက “လက်တွေ့ အခြေအနေကို ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဒီကိစ္စဟာ ဘယ်အုပ်စု ရဲ့ လုပ်ငန်းစဉ်ထဲမှာမှ မပါဘဲ ဖြစ်နေတယ်။ လက်ရှိ အစိုးရရဲ့ လုပ်ငန်းစဉ်ထဲမှာလည်း မပါသလို တခြား အတိုက်အခံ ပါတီတွေရဲ့ လုပ်ငန်းစဉ်ထဲမှာလည်း မပါပါဘူး။ တိုင်းရင်းသား လူနည်းစု အဖွဲ့တွေရဲ့ လုပ်ငန်းစဉ်တွေ ထဲမှာလည်း မပါပါဘူး” ဟု ဆိုခဲ့သည်။

Credit : Here

၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်မှာမို့ NLD နိုင်ငံလုံးဆိုင်ရာညီလာခံကိုတက်ခဲ့တာမဟုတ်ကြောင်း ဦးဌေးဦးဆို


ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဌေးဦးမှ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုညီလာခံ ဒုတိယမြောက်ရက်၌ ပါတီခေါင်းဆောင်များဖြစ် သော ဦးသိန်းဇော်၊ သူရဦးအောင်ကို တို့နှင့်အတူ ညီလာခံ တက်ရောက် ခဲ့ခြင်းနှင့်ပတ်သက်၍ အင်တာ နက်သတင်းအချို့၌ ဖော်ပြ ရာ၌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ တွင် သမ္မတဖြစ်ရန် အလားအလာ ရှိခြင်းကြောင့် ဦးဌေးဦးမှညီလာခံ သို့သွားရောက်ခဲ့ကြောင်း သတင်း အပေါ် ဦးဌေးဦးမှမဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။

““ဒါမျိုးလုံးဝမရှိပါဘူး အဲသလိုမျိုးလည်း လုံးဝမဟုတ်ပါဘူးဗျာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း မိန့်ခွန်းပြောတဲ့ထဲမှာ အဲသဘောတိုက်ရိုက်ပါတာ တော့မဟုတ်ပါဘူး။ သို့သော်လည်းပဲ သူ့ရဲ့ပါတီ ၀င်တွေကို သူပြောတာရှိတယ်။ ကုလားထိုင်နေရာ တောင် မရှိသေးဘူး နေရာလုချင် ကြပြီ နေရာ လုတာတွေပေါ်လာပြီ ခု ညီလာခံလုပ်တဲ့အခါ နေရာ လေးတွေပေါ်လာတယ်။ ပိုပြီး နေရာလုလာ သလိုဖြစ်လာတယ် လို့ပြောတာပါ သူကိုယ်တိုင်လည်း ၂၀၁၅ဟိုဟာဖြစ်မယ်။ဒီဟာဖြစ် မယ်ဆိုပြီး ပြောတာ မျိုး မိန့်ခွန်း ထဲလုံးဝမပါပါဘူး။ကျွန်တော်ကို ညီလာခံတက်တာနဲ့ပတ်သက်ပြီး အင်တာဗျူးလုပ်တဲ့ထဲမှာ လည်း အဲဒါလုံးဝမပါဘူး။နောက်ကြမှ အင်တာနက်ပေါ်မှာ ဒီလိုသတင်း ကြီးပါလာတာ ဒေါ်အောင်ဆန်း စုကြည် ၂၀၁၅သမ္မတဖြစ်ဖို့ အလားအလာရှိလို့ ညီလာခံ လာတာလို့ပြောခဲ့တာမျိုးလုံးဝမရှိ ပါဘူး””ဟု ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ဦးဌေးဦးမှပြောကြားသည်။

အင်တာနက်သတင်းအချို့၌ဖော်ပြရာ၌ ဦးဌေးဦးမှ NLD ညီလာခံတက်ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းထောက်အများ ၏မေးမြန်းချက်အားဖြေကြားရာ၌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ သမ္မတဖြစ်မှာ မို့လို့ လာတာပါဟု ပါရှိခဲ့ခြင်းများရှိနေပြီး ယင်း သတင်းအား ဦးဌေးဦးမှငြင်းဆိုကာ NLD ပါတီ ညီလာခံသို့တက် ရောက်ခဲ့ခြင်းမှာလည်း တစ်ဖက် မှတလေးတစားဖိတ်ကြားသည့်အတွက် မိမိတို့ အနေဖြင့်တလေး တစားသွားရခြင်းဖြစ်ကြောင်း၊ ပါတီတစ်ခု၏ ညီလာခံဆိုသည် မှာ အလွန်ဂုဏ်ယူဖွယ် ရာဖြစ် သည့်အတွက် အခြားပါတီမှတာ ၀န်ရှိသူတစ်ယောက်အနေဖြင့် ဂုဏ်ပြုသည့်အနေဖြင့်သွားရောက် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။

Credit : http://www.hotnewsweekly.com/archives/18267

အောင်ဘာလေ သိန်းထီဆု တိုးမြှင့်မည်

အောင်ဘာလေ သိန်းထီ ဆုများနှင့် ပတ်သက် ၍ ဈေးကွက် မှ တောင်းဆို လာပါက လက်ရှိအမြင့်ဆုံး သိန်း ၁၅၀၀ ထက်ပိုမို တိုးမြှင့် ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အ တွက်လည်း ၀င်ငွေရရှိသည့်အပြင်လက်ရှိတွင်လည်းဆုငွေ များကို တိုးပေး ထားကြောင်း ဈေးကွက် တောင်းဆိုမှုအပေါ် မူတည် ပြီး ပြောင်းလဲ သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန မှ သတင်းရရှိသည်။

၂၀၀ ကျပ်တန် ထီလက်မှတ်များအား ၁-၁၂ ၂၀၀၈ ရက်နေ့မှ စတင် ရောင်းချပေးခဲ့ပြီး ကျပ်သိန်း ၁၀၀၀ ဆုအား ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလမှ စတင် ဖွင့်လှစ် ပေးခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ မှ စတင်ကာ ကျပ်သိန်း ၁၅၀၀ သို့တိုးမြှင့် ပေးခဲ့သည်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ မှစ၍ ကျပ်သိန်း ၁၅၀၀ ဆုကြီး၏ အက္ခရာနှင့် ရှေ့ဂစန်း နှစ်လုံး အစဉ်လိုက်တူ ဆုများကို တစ်ဆုလျှင် ကျပ်ငါးသောင်း သတ် မှတ်ပေးခဲ့သည်။ ၂၀၁၃ မတ်လ၊ ထီဖွင့်ပွဲတွင် “က” အက္ခရာမှ “အ” အက္ခရာ အထိ ဗျည်း ၃၃ လုံးကို ဖွင့်လှစ်ပေး သွားမည် ဖြစ်ပြီး ဆုမဲပေါင်း ၂၅၁၂၅ ဆု ခွဲဝေပေးသွားမည်ဖြစ်သည်။

ရှေးယခင်က သိန်းထီ တစ်စောင်လျှင် ငွေ ၂ ကျပ်ဖြင့် ထိုးခဲ့ရသော်လည်း၊ ထီတစ်စောင် ၂၀၀ ကျပ် အထိ ဖြစ်လာသည်။ ထီတစ်စောင် ၂၀၀ ကျပ်အား အခွန်ရုံးများ တွင်သာ ၀ယ်ယူ ရရှိပြီး၊ ပြင်ပတွင် ထီ တစ်စောင်လျှင်အနည်ဆုံး၃၀၀ ကျပ်ပေးဝယ် နေရပြီး၊ အချို့သော နေရာများတွင် ငွေကျပ် ၄၀၀ အထိ ပေးဝယ် နေရကြောင်း၊ ၄င်းအပြင် အချို့သော ထီဆိုင်ကြီးများ၏ လက်ဝါးကြီးအုပ် ချုပ်ကိုင်မှုများလည်းရှိနေခြင်းကြောင့် ထီလက်မှတ်ဈေးနှုန်းများ မြင့်နေခြင်း ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်း ရှင်များမှ သုံးသပ် ကြသည်။

ထီလက်မှတ် ရောင်းချရငွေ၏ ၄၀ ရာခိုင်နှုန်းသည် နိုင်ငံတော် ဘဏ္ဍာငွေဖြစ်သည့်အတွက် ပညာရေး ကျန်းမာရေးများတွင် သုံစွဲမည် ဖြစ်သောကြောင့် လှူသည်ဟုလည်း သဘောထား၍ ရသည်။ လက်ရှိတွင် ထီဆုကြီးသည် ကျပ်သိန်း ၁၅၀၀ ဖြစ်သည့်အပြင် ထပ်မံတိုးဦးမည်ဟုလည်း ကြားသိရသည့် အတွက် သိန်းထီ ထိုးပြည်သူများမှမျှော်လင့်ချက်များ တိုးပွားလာကြောင်း သိရှိရသည်။

Channelnewsmyanmar

Credit : Here

အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ဆွေးနွေးမှု

အစိုးရနှင့်ကချင် လွတ်မြောက်ရေး အဖွဲ့တို့သည်တ ရုတ်နိုင်ငံရွှေလီမြို့ရှိ Jing Cheng ဟိုတယ်တွင် ယနေ့ နံနက် ၉နာရီ မိနစ်၂၀မှ စတင် ကာတွေ့ ဆုံဆွေးနွေးနေကြ ပြီဖြစ်သည်။ အစိုးရဘက် မှ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်ေ သာ အဖွဲ့တွင် ကချင်ပြည်နယ် စစ်ဆင်ရေးဆိုင် ရာစစ်ဆင်ရေးအထူးအဖွဲ့ ၁ မှူး ဒုတိယ ဗိုလ် ချုပ်ကြီးမြင့်စိုးအပါအ၀င် စစ်ဘက် ဆိုင်ရာအကြီး အကဲများ ပါဝင်လာပြီး ကေအိုင်အိုဘက်မှ တပ်ပိုင်း ဆိုင်ရာထိပ်တန်း တာဝန်ရှိသည့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် တပ်ပိုင်း ဆိုင်ရာ အကြီးအကဲများလည်းတက်ရောက်သဖြင့် ယခုဆွေးနွေးပွဲတွင် တပ်နှင့်ပတ် သက်သည့် ကိစ္စများ ဆွေးနွေးသွားနိုင်လိမ့်မည်ဟု နှစ်ဘက်လုံးက သုံးသပ်ပြောကြားသည်။

7Day News Journal

Credit : Here

လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ဦးနှောက်စွမ်းအား တိုးတက်နိုင်

လေ့ကျင့်ခန်းပြု လုပ်ခြင်းသည် နှလုံးနှင့်ကြွက် သား များကို သန်မာစေရုံ သာမက ဦးနှောက် စွမ်းအားကိုပါ မြှင့်တင်ပေးကြောင်း သုတေသီများ ကဆိုသည်။ သွေးပူလေ့ကျင့်ခန်းပြုလုပ်ခြင်း ဖြင့် ဦးနှောက်အစိတ်အပိုင်းများကို ကြီးထွားစေခြင်း၊ ကလေးငယ်နှင့် လူကြီးများတွင် သိမြင်မှုစွမ်းရည် တိုး တက်စေခြင်း စသည်တို့နှင့်သက် ဆိုင်သည့် သုတေသန ဒါဇင်ပေါင်း များစွာရှိကြောင်း အီ လီနွိုက် တက္ကသိုလ်မှ စိတ်ပညာပါမောက္ခ အတ်က ရာမာကဆိုသည်။ “လေ့ကျင့်ခန်းလုပ်တာဟာ သိမြင် နားလည်နိုင်စွမ်းနှင့် ဦးနှောက် ကျန်း မာရေး တို့အပေါ် တိုက်ရိုက် အလျှင်အမြန် အကျိုးဖြစ် ထွန်း စေပါတယ်”သုတေသနရလဒ်များသည် လွန်ခဲ့ သည့် ဆယ်စုနှစ်ကတည်းက တိရစ္ဆာန်များတွင် စမ်းသပ်ထား ပြီးဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ကရာမ၏စမ်းသပ်ခန်းတွင် လူသားများနှင့် စမ်းသပ်ခဲ့ရာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ခြင်းသည် ဦးနှောက်စွမ်းအား မြင့်တက်စေကြာင်း အတည်ပြုနိုင်ခဲ့သည်။

ကရာမာ၏တွေ့ရှိချက်အရ ကိုယ်လက်ကြံ့ခိုင် သင်တန်းများနှင့် လေ့ကျင့်ခန်း အစီအစဉ်ပုံမှန်လုပ်သူများ သည် ဦးနှောက်ဖွဲ့စည်းပုံနှင့် လုပ်ငန်းများတိုးတက်ကောင်းမွန်လာ သည်ကို တွေ့ရသည်။

ဖေဖော်ဝါရီ (၁၆) ရက်တွင် ဘော်စတွန်၌ ကျင်းပသည့် အမေရိ ကန် သိပ္ပံပညာတိုးတက်ရေးအစည်း အရုံး၏ ၂၀၁၃ ခုနှစ်အစည်းအဝေးတွင် ကရာမာ၏တွေ့ရှိချက်များကို အခန်ကဏ္ဍတစ်ခုခွဲ၍ တင်ပြ မည်ဖြစ်သည်။

ဇော်ကို
Health Updates Journal

Credit : Here

ထောပတ်သီးက လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်

ထောပတ်သီးစားသုံးခြင်းသည် ကိုယ်ခန္ဓာ အတွက် လိုအပ်သော အာဟာရများကိုဖြည့် တင်းပေးနိုင်ရုံ သာမက သဘာဝမှ ရသောသကြား ဓာတ် ကိုထောက် ပံ့ပေးခြင်း ၊ ကိုယ် အလေးချိန်ကျ ဆင်းစေခြင်း ၊အကျိုး ပြုကိုလက် စတီရောကို တက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရ ရှိစေနိုင်သည် ဟုသိရသည်။ယခု လေ့လာမှု တွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကို ပါ ထောပတ်သီးက ကာကွယ်ပေးနိုင်ကြောင်း ဖော် ထုတ် နိုင်ခဲ့သည်။

ယခုလေ့လာမှုသည် အမျိုးသား ကျန်းမာရေးနှင့် အာဟာရဆိုင်ရာစစ် တမ်း(National Health and Nutrition Examination Survey, NHANES) မှရရှိခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၈ခုနှစ် အတွင်း လေ့လာခဲ့သည်။အမေရိကန် နိုင်ငံသား အသက် ၁၉နှစ်အထက်ရှိသူ ၁၇၅၆၇ဦး ကို လေ့လာခဲ့သော ယခုလေ့လာမှုတွင် ၃၄၇ဦးသည် နေ့စဉ်ထောပတ်သီးကို စားသုံးပေး သူ များဖြစ်ကြောင်းေ ဖာ် ထုတ်နိုင်ခဲ့သည်။ အဆိုပါ ထောပတ်သီး နေ့စဉ် စားသုံးပေးသူများ၏ ကျန်းမာရေး အခြေအနေကို မေးခွန်းများ မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ ဖြင့်လေ့လာခဲ့သည်။

ထောပတ်သီးနေ့စဉ် စားသုံးသူ များသည် ကျန်းမာရေးနှင့်ညီညွတ်သောစားသုံးမှုပုံစံ အညွှန်းကိန်းဖြစ် သည့် healthy eating index,HEI နှင့်အနီးစပ်ဆုံးသူများဖြစ်လာ ကြောင်း၊ ထောပတ်သီးနေ့စဉ်စားသုံး သူများသည် မစားသုံးသူများထက်နေ့ စဉ်ထောပတ်သီး မှ အမျှင်ဓာတ်၃၆%၊ ဗီတာမင်အီး ၂၃%၊ မက်ဂနီစီယမ် သတ္ထုဓာတ်၁၃%၊ပိုတက်စီယမ် ၁၆%နှင့်ဗီတာမင်ကေ ၄၈%ပိုမိုရရှိ ကြောင်း သုတေသန တွင်ဖော်ပြထားသည်။

ထို့ပြင်ကျန်းမာရေးအတွက် သင့်တော်သောအဆီဓာတ်များကို ထောပတ်သီးနေ့စဉ်စားသုံးပေးပါက မစားသုံးသူများထက် ၁၈%ပိုမိုရရှိ ကြောင်းလည်းဖော်ပြထားသေးသည်။ ယခုလေ့လာမှုကပြဆိုသော ရလဒ်မှာကိုယ်ခန္ဓာဇီဝဖြစ်စဉ်ချို့ယွင်းမှု (metabolic syndrome)ကြောင့်ဖြစ် ရသောလေဖြတ်ခြင်းကို လည်း ၅၀% လျှော့ချပေးနိုင်ကြောင်းပင်ဖြစ်သည်။

ယခုလေ့လာမှုကို National Nutrition Journal တွင်ပုံနှိပ်ဖော် ပြထားခြင်းဖြစ်သည်။

သန့်စင်
Health Updates Journal

Credit : Here

ဂူဂဲလ် ဥက္ကဌ မြန်မာပြည် လာမည်

အင်တာနက် အခြေပြု ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ် သည့် ဂူဂဲလ်၏ ဥက္ကဌ မစ္စတာ အဲရစ်ရှမစ် မကြာမီ မြန် မာပြည် လာရောက်လည် ပတ်ရန် ရှိကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက ဧရာဝတီ သို့ ပြောကြားသည်။ ဂူဂဲလ် ၏ ဥက္ကဌသည် ဇန်န ဝါရီလအတွင်း က မြန်မာ့နိုင်ငံရေးနှင့် မစိမ်းသည့် ဒီမို ကရက်ပါတီ၏ ထင်ရှားသော နိုင် ငံရေးသမား မစ္စတာ ဘေလ်ရစ်ချတ် ဆန်နှင့်အတူ အင်တာနက် ကို ချုပ်ထိန်းထား သည့် မြောက်ကိုရီး ယားနိုင်ငံသို့ သွားရောက်လည် ပတ် ခဲ့ပြီးအစိုးရ အရာရှိများ ၊ ကျောင်းသားများ၊ သိပံ္ပပညာရှင် များ၊ ဆော့ဖ်ဝဲ အင်ဂျင်နီယာများနှင့် တွေ့ဆုံခဲ့သည်။

ယခုလအတွင်း ဖြစ်မြောက်ရန် ရည်မှန်းထားသော မြန်မာပြည် ခရီးစဉ်တွင်လည်း အစိုးရ ထိပ်တန်းအရာ ရှိများ၊အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးသမားများနှင့် တွေ့ဆုံမည်ဟု သိရသည်။

ဂူဂဲလ်ကုမ္ပဏီသည် ကမ္ဘာတလွှားရှိ ဒေတာစင်တာများတွင် ဆာဗာပေါင်း တစ်သန်းကျော် ပိုင်ဆိုင်ထားပြီး တနေ့လျှင် ရှာဖွေချက်ပေါင်း တစ်ဘီလီယံကို လက်ခံနေရသည်။ အမေရိကန်အခြေပြု www.google.com သည် အင်တာနက်တွင် လူအများဆုံး ဝင်ရောက်ကြသည့်ဆိုက်ဖြစ်ပြီး ဂူဂဲလ်ပိုင် ယူကျုနှင့် ဘလော့ဂါတို့သည်လည်း လူအများဆုံး ဝင်ရောက်သည့်ဆိုက်များဖြစ်သည်။

မြန်မာနိုင်ငံမှာမူ ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုမှု အနည်းဆုံးနိုင်ငံများတွင် တနိုင်ငံဖြစ်သည်။ လူတရာတွင် တယောက်သာ အင်တာနက်နှင့် လက်လှမ်းမီသည်။

ဂူဂဲလ် ဥက္ကဌ၏ မြန်မာပြည်ခရီးစဉ် ရည်ရွယ်ချက်မှာ မရှင်းလင်းသေးသော်လည်း သတင်းမီဒီယာ ကိုပြင်းထန်စွာ နှိပ်ကွပ်သည့် မြောက်ကိုရီးယားနှင့် မတူမည်မှာ သေချာသည်။ သမ္မတဦးသိန်းစိန် ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် သတင်းနည်းပညာကဏ္ဍသည်လည်း အရေးတကြီးနေရာက ပါ ဝင်နေရာ ဂူဂဲလ်အနေဖြင့် မြန်မာ့ဈေးကွက်ကို စိတ်ဝင်စားနိုင်မည်ဖြစ်သည်။

The Irrawaddy (Burmese Version)

Credit : Here

ပစ်ကပ်ထရပ်ကားများအခွန်သက်သာစွာတင်သွင်းနိုင်ပြီ

ပစ်ကပ်ထရပ်ကားများတင်သွင်းရာတွင် လူစီးယာဉ် အုပ်စုမှလုပ်ငန်းသုံး ယာဉ်အုပ်စုသို့ ပြောင်းလဲတင် သွင်း ခွင့်ပြုလိုက်သဖြင့် ပစ်ကပ်ထရပ်ကားများကို သက်သာသော အခွန်နှုန်း ထားဖြင့် တင် သွင်းနို င်ပြီဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသ န်းရော င်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မြန်မာ့အ လင်းသို့ပြောကြားသည်။ "ပစ်ကပ်ထရပ်ကား (Pick-up truck) ကားများကို ယခင်က လူစီးယာဉ် အုပ်စုထဲမှာပါတဲ့အတွက် အခွန်ကို ၈၀ ရာခိုင်နှုန်း သတ်မှတ်ကောက်ခံပါတယ်။ ဒါပေမယ့် အချို့ ပစ်ကပ်တွေက အိမ်သုံးဈေးနှုန်းမြင့် ကားတွေမ ဟုတ်ဘဲ လုပ်ငန်းသုံး ယာဉ်တွေဖြစ်နေတဲ့အတွက် ကညနနဲ့ ညှိနှိုင်းပြီး လုပ်ငန်းသုံးယာဉ်အုပ်စုထဲကို ထည့်ပေးလိုက်ပါတယ်။ ဒီလိုအုပ်စုပြောင်းထည့်ပေး လိုက်တဲ့ အတွက်ကြောင့် ပစ်ကပ်ထရပ်ကားတွေ တင်သွင်းရာမှာလည်းလုပ်ငန်းဆိုင်ရာ ယာဉ်တွေ တင်သွင်းတဲ့ အခွန်နှုန်းထားအတိုင်း ငါးရာခိုင်နှုန်း သာ ကောက်ခံမှာ ဖြစ်ပါတယ် " ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မင်းနိုင်က ပြောကြားသည်။

မတ် ၁ရက်မှစပြီး ပစ်ကပ်ထရပ်ကားများကို တင်သွင်းရာတွင် စီးပွားရေးလုပ်ငန်းသုံးယာဉ်များ တင်သွင်းသည့် အခွန်နှုန်းထားအတိုင်း ငါးရာခိုင်နှုန်း သာ ကောက်ခံပေးလျက်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ ပစ်ကပ်ထရပ်ကားများ အခွန်နှုန်းထားများ သက်သာစွာ တင်သွင်းနိုင် မည်ဖြစ်သော်လည်း တံခါးပေါက်နှစ်ပေါက်ပါ ပစ်ကပ်ကားများသာငါးရာခိုင်နှုန်း ဖြင့်တင်သွင်းခွင့် ပြုလိမ့်မည်ဖြစ်ကြောင်း ၊ တံခါးပေါက်လေးပေါက် ပါ ကားများမပါဝင်ကြောင်းသိရသည်။

လက်ရှိ ဂျပန်ထုတ်ပစ်ကပ်ထရပ်ကားအသစ်စက်စက်တစ်စီးလျှင်ဈေးကွက်တွင် အမေရီကန်ဒေါ်လာ ၁၅၀၀၀ မှ ၁၇၀၀၀ ကြားဈေးရှိကြောင်းကားတင်သွင်းရောင်းချသူ တစ်ဦးက ပြောကြားသည်။

ထိုသို့ ပစ်ကပ်ထရပ်ကားများအခွန်နှုန်းသက်သာစွာ တင်သွင်းလာနိုင်သဖြင့် ပစ်ကပ်ထရပ်ကား များဈေးနှုန်းကျဆင်း လာနိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက ခန့်မှန်းပြောကြားလျက်ရှိသည်။

တက္ကစီယာဉ်များ၊ ဘတ်စ်ကားများ၊ ကုန်ပစ္စည်းတင်ထရပ်ကားများကိုစီးပွားရေးလုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ပြီး အခွန်ငါးရာခိုင်နှုန်းဖြင့် တင်သွင်းခွင့်ပြုထားသည်။ သို့ရာတွင် အိမ်စီးမော်ဒယ်မြင့် ကားများ ကို တင်သွင်းရာတွင် အခွန် ၈၀ ရာခိုင်နှုန်း ၀န်းကျင်ကောက်ခံကြောင်းသိရသည်။

Credit: TechSpace Journal

Credit : Here

မြန်မာ့ ရေငန်ပုစွန်များကို အမေရိကန် စတင်ဝယ်ယူပြီ

အမေရိကန် အစိုးရက စီးပွားရေးပိတ်ဆို့ မှုများကို ဖြေလျှော့ပြီးသည့် နောက်ပိုင်း အမေရိကန်နိုင်ငံ ကမြန်မာ့ ရေထွက်ကုန်များထဲမှ ရေငန်ပုစွန်များကို စတင်ဝယ်ယူပြီဖြစ်သည်။

“မြန်မာ့ ရေငန်ပုစွန်ကို အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ စတင်ဝယ်ယူနေပါပြီ။ ဒါကြောင့် အိုရှင်း ဟားဗက် မြန်မာ ကုမ္ပဏီနဲ့ ရွှေယမုံ ကုမ္ပဏီတို့ကနေ တင်ပို့နေပါပြီ” ဟု ရေထွက်ပစ္စည်း ထုတ်လုပ် သူများနှင့် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးထွန်းအေး က ပြောသည်။

ရွှေယမုံကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ရှင်းပြရာတွင် “ကုမ္ပဏီအနေနဲ့ ရေငန်ပုစွန် တန် ၃၀၀ ဆက်တိုက်ပို့ဖို့ ရှိပါတယ်။ မတ်လ ၃ ရက်က ရေငန်ပုစွန် ၂၅ တန် တင်ပို့ပြီးပါပြီ။ ဂျပန်နိုင်ငံ အခြေစိုက် ဟီဂါရှီမာရူး အင်တာနေရှင်နယ် ကုမ္ပဏီကနေ ချိတ်ပြီး တင်ပို့တာပါ” ဟု ရွှေယမုံကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ဆိုသည်။

ဂျပန်ကုမ္ပဏီ ဟီဂါရှီမာရူးသို့ တင်ပို့ကာ ထိုမှတဆင့် ထိုင်းနိုင်ငံတွင် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ပြီး အမေရိကန်သို့ တင်ပို့မည် ဖြစ်သည်။

ရေငန်ပုစွန်များကို ဂျပန်၊ တရုတ်၊ ဟောင်ကောင် စသည့် နိုင်ငံများကလည်း ဝယ်ယူနေကြသည်။

မြန်မာနိုင်ငံတွင် ရေငန်ပုစွန်ကို ပင်လယ်ပြင်မှသာ ဖမ်းဆီးရောင်းချခဲ့ပြီး ၁၉၉၈ ခုနှစ်ရောက် မှ ရေငန် ပုစွန်မွေးမြူခြင်းကို စတင်လုပ်ကိုင်ခဲ့သည်။

“ရေငန်ပုစွန် ၁ တန် ပေါက်ဈေးက အကောင်သေးရင် အမေရိကန်ဒေါ်လာ ၁၀,၀၀၀-၁၅,၀၀၀ လောက် ရနေတယ်။ အကောင်ကြီးရင် ၁ တန်ကို အမေရိကန်ဒေါ်လာ ၃၀,၀၀၀ လောက် ရနေပါတယ်” ဟု ပုစွန်လုပ်ငန်းရှင်များအသင်း -ဥက္ကဋ္ဌ ဦးနှင်းဦး က ပြောသည်။

ရွှေယမုံကုမ္ပဏီမှာ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်တွင် ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ နှစ်ရုံ၊ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင် စက်ရုံ တရုံနှင့် ပုသိမ်မြို့တွင် ရေခဲစက်ရုံ တရုံဖြင့် ရေထွက်ကုန်များကို ထုတ်လုပ်လျက်ရှိသည်။

ထိုကုမ္ပဏီက ရေထွက်ကုန်များကို ပြည်ပသို့ တင်ပို့ရာတွင် ဂျပန်ဈေးကွက်သို့ အဓိက တင်ပို့နေပြီး ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်ဖိုး တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်း ၃၀ ဖိုးခန့် တင်ပို့ ရောင်းချနိုင်မည်ဟု ဆိုသည်။

Mizzima

Credit : Here

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များပါဝင်သည့် ပညာရေးပြပွဲ ရန်ကုန်နှင့်မန္တလေး၌ ကျင်းပမည်

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များပါဝင်မည့် Universities’ Fair2013 ပြပွဲအား မတ်လအတွင်းရန်ကု န်နှင့် မန္တလေးမြို့များ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

မတ်လ(၂၂) ရက်နေ့ ၌ရန်ကုန်မြို့Summit Parkview Hotel တွင်လည်းကောင်း၊မတ်လ(၂၄)ရက်နေ့တွင် မန္တလေးမြို့ မန္တလေးဟော်တယ်၌ စင်ကာပူ-ယူကေ-အမေရိကန်-မလေးရှား နိုင်ငံရှိ ကျောင်းများမှ တာဝန်ရှိသူများကိုယ်တိုင် ပညာရေးလမ်းကြောင်းများ၊ ကျောင်းဝင်ခွင့်များအကြောင်းကို ရှင်းလင်း အကြံညဏ်ပေး မည့်ပွဲဖြစ်၍မည်သူမဆို လာအခမဲ့လာရောက်လေ့လာနိုင်ပြီး ပညာသင်ဆုများလည်း လာရောက်လျှောက်ထားနိုင်ကြောင်းမြန်မာ့ပညာရေးဝန်ဆောင်မှုအသိုင်းအ၀ိုင်းကသိရှိရသည်။

“မြန်မာနိုင်ငံမှာ ကျောင်းသားတွေရော၊ ကျောင်းသားမိဘတွေရောတော်တော်များများ အထူးသဖြင့် အမေရိကန် ပညာရေးနဲ့ ပတ်သက်ပြီး အယူအဆလွဲနေတာလေးတွေ ရှိပါတယ်၊၊ ဥပမာ SAT ရမှတ်တွေ တင်ပြမှ၊ ၁၂ တန်း အထိပြီးမှအမေရိကန်တက္ကသိုလ်တွေ ၀င်ခွင့်ရမယ်လို့ ယူဆနေတာ လေးတွေ ရှိပါတယ်၊၊ အခုအမေရိကန် တက္ကသိုလ်က တာဝန်ရှိသူတွေကိုယ်တိုင် လာရောက် ရှင်းလင်းပြောကြား မှာဖြစ်လို့  ဗဟုသုတအဖြစ်ပဲ ဖြစ်ဖြစ် လာရောက်လေ့လာသင့်ပါတယ် ” Unviersities’ Fair 2013 စီစဉ်သည့် CROWN Education မှပညာရေး အတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားသည်၊၊

လူငယ်များအနေဖြင့်ပညာရေး ရည်မှန်းချက်အလိုက် ၊တက္ကသိုလ်များ၊ ဘာသာရပ်များကို စနစ်တ ကျ ရွေးချယ်နိုင်ရန် ရည်ရွယ်ကြောင်းနှင့် နိုင်ငံတကာ ပညာရေးစနစ်များကို လည်း လေ့လာနိုင် ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

အမေရိကန် တက္ကသိုလ်များသို့တက်ရောက် မည့်သူများSAT/GMAT/GREရမှတ်များတင်ပြရန် မလို ပဲ လျှောက်ထားနိုင်သော အမေရိကန် ကျောင်းများ၊ PSBAcademy မှ အင်ဂျင်နီယာ ဘာသာရပ်များ အတွက် အမြင့်ဆုံးပညာသင်ထောက်ပံ့ကြေးမြန်မာ ငွေကျပ်သိန်း(၁၀၀) ကျော် အား လျှောက်ထားနိုင် မည့်အခွင့်အရေးများ၊ အင်္ဂလန်တက္ကသိုလ်များမှပေးအပ်မည့်(၅၀%) ပညာသင်ထောက်ပံ့ကြေးများ အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။

စင်ကာပူကျောင်းများ လျှောက်ထားလိုပြီး IELTS ရမှတ် မဖြေ ဆိုရသေးသူများEnglish Placement Test အား အဆိုပါ ပညာရေး ပြပွဲ၌ နာမည်စာရင်းပေးသွင်းဖြေဆိုနိုင်ရန် စီစဉ်ထားကြောင်းနှင့်အင်ဂျင်နီယာနှင့် စီးပွားရေးဘာသာရပ် လျှောက်ထားသူများအတွက် EngineeringFoundation Program ၊Business English Course များအား CROWN Educationမှအခမဲ့ ပို့ချပေးမည် ဖြစ်သည့်အတွက် အဆိုပါပွဲနေ့၌ စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။

(၁၀)တန်း ဖြေဆိုထားသူများနှင့် အသက်(၁၆-၂၀) နှစ်အတွင်းရှိလူငယ်များ ကမ္ဘာကျော် အောက် စဖို့တက္ကသိုလ်နှင့် စင်ကာပူ အမျိုးသားတက္ကသိုလ်(NUS)သို့သွားရောက်လေ့လာသင်ယူရမည့် Summer Campအစီအစဉ်များအတွက် လည်းလျှောက်လွှာများထုတ်ယူနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ပညာရေးပြပွဲသို့လာရောက်သူတိုင်းအား နိုင်ငံတကာပညာ ရေးလမ်းညွှန်စာအုပ်၂၀၁၃-၂၀၁၄ စာအုပ်သစ် အား အခမဲ့ပေးဝေသွားမည်ဖြစ်ပြီး ပြပွဲ၌စင်ကာပူမှ(၆)ကျောင်း၊ ယူကေမှ(၁၂)ကျောင်း၊ အမေရိကန်မှ (၆)ကျောင်းနှင့် မလေးရှားမှ(၁)ကျောင်းမှ ပါဝင်ရှင်းလင်းပြမည်ဖြစ်သည်။

Myit Makha Mediagroup

Credit : Here

ဆန္ဒဖော်ထုတ်မှုအချို့ နောက်ကွယ်၌ ...


သံဃာတော်များနှင့် လူထောင်ပေါင်းများစွာ လမ်းမပေါ်ထွက်လာခဲ့သည့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပါအ၀င် ဆန္ဒပြပွဲများအား အင်အားသုံးဖြေရှင်းခဲ့သော တပ်မတော်အစိုးရကို ဆက်ခံခဲ့သည့် သမ္မတဦးသိန်းစိန်၏ အရပ်သားအစိုးရသစ်သည် ဆန္ဒပြပွဲများအား ၂၀၁၂ ဇူလိုင်လမှစတင်ပြီး တရားဝင်ပြသခွင့်ကို ပေးခဲ့သည်။

ယခင်က အာဏာရှင်အစိုးရအဆက်ဆက် လက်ထက်တွင် လူငါးဦးထက် ပိုမိုစုဝေးပါက အရေးယူနိုင်သည်အထိ ဖိနှိပ်ခံထားရသော ပြည်သူများသည် ခေတ်အဆက်ဆက် ခံစားခဲ့ရသော လူ့အခွင့် အရေးဆုံးရှုံးမှုနှင့် နိုင်လိုမင်းထက် ပြုကျင့်ခံခဲ့ရမှုများကို ဆန္ဒပြပွဲများ ပြုလုပ်ကာ ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပြသခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၂ အတွင်း တစ်နိုင်ငံလုံးတွင် ဆန္ဒဖော်ထုတ်မှုအရေအတွက်မှာ (၁၉၆)ကြိမ်အထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်များက ဆိုသည်။ ဒီမိုကရေစီစနစ်သို့ အကူး အပြောင်းကာလတွင် ရက်သတ္တပတ်တစ်ပတ်လျှင် သုံးကြိမ်မှ လေးကြိမ်နှုန်းခန့်အထိ ဖြစ်ပေါ်နေသော ဆန္ဒထုတ်ဖော်မှုများသည် တစ်ခါတစ်ရံတွင် ပဋိပက္ခအသွင်ဆောင်ကာ တောင်းဆိုသူများနှင့် အစိုးရဘက်မှ ကိုင်တွယ်ဖြေရှင်းမှုများအကြား ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ကာ လူအသေအပျောက်ဖြစ်သည်အထိ တင်းမာခဲ့ကြသည်။

ယင်းကဲ့သို့ ပြဿနာများဖြစ်ပွားတိုင်း အစိုးရဘက်မှ ကိုင်တွယ်ဖြေရှင်းမှုများကို ဝေဖန်မှုများရှိသလို နစ်နာ သူများအရေး ကူညီလုပ်ဆောင်ပေးနေသည့် တက်ကြွလှုပ်ရှားသူအချို့၏ ပြုမူလုပ်ဆောင်မှုအချို့ကြောင့် ၎င်းတို့၏ ပါဝင်မှုအခန်းကဏ္ဍသည်လည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

၎င်းတို့ကို အစိုးရဘက်မှ တစ်ခါတစ်ရံတွင် စည်းရုံးလှုံ့ဆော်သူ (သို့မ ဟုတ်) နောက်ကွယ်မှ သွေးထိုးသူဟုခေါ်ကာ နစ်နာသူများဘက်ကမူ ၎င်းတို့အရေး ကူညီ လုပ်ဆောင်ပေးနေသူများဟု သုံးနှုန်းကြသည်။ ထိုပုဂ္ဂိုလ်တို့က သူတို့သည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူများဟု ပြောဆိုလေ့ရှိသည်။ လက်ရှိကြုံတွေ့နေရသည့် အခွင့်အရေး ဆုံးရှုံး မှုများတွင် လူထု၏နစ်နာမှုများ ထုတ်ဖော်ရန်အတွက် အဓိက အကူအညီပေးလေ့ရှိသော ၎င်းတို့ကြောင့် နစ်နာသူများတွင် အတိုင်းအတာတစ်ခုအထိ ပြေလည်မှုရသွားမှုများရှိသလို မလိုလားအပ်သည့် ပြဿနာ များ ပိုမိုကြီးထွားခြင်းလည်း ဖြစ်ပွားလာခဲ့ရသည်။

လူထု၏ခံစားခဲ့ရမှုများကို ဖော်ထုတ်ခွင့်ရခဲ့သည့် အစိုးရသစ်လက်ထက်တွင် အခွင့် အရေး တောင်းဆိုခဲ့ကြသော စက်ရုံအလုပ်သမားများ၊ လျှပ်စစ်မီးရရှိရေး၊ ပြည်တွင်းစစ်ရပ်စဲရေးအတွက် တက်ကြွလှုပ်ရှားသူများ၊ မြေမဲ့ယာမဲ့ဖြစ်သွားသော လယ်သိမ်းခံ တောင်သူလယ်သမားများ လမ်းမပေါ် သို့ထွက်ကာ ၎င်းတို့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ ယင်းကဲ့သို့ ဆန္ဒပြပွဲများတွင် နစ်နာ ဆုံးရှုံးသူများဘက်မှ အမှန်တကယ် နည်းမှန်လမ်းမှန် ကူညီဆောင်ရွက်ပေးသူများ ရှိသလို ၎င်းတို့နှ င့်ရောနှောပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်မည့်သူများလည်း ရှိလာခဲ့ကြောင်း ဝေဖန်မှုများလည်း ရှိလာသည်။

အမှန်တကယ် နစ်နာသူများအား ကူညီပေးသယောင်ပြုကာ ပဋိပက္ခအသွင် ဖန်တီးသူများ သည် နိုင်ငံရေး အင်အားစုများအကြား အထင်မှားမှုများ ဖြစ်ပေါ်စေရန် အကွက်ချစီစဉ်မှုများလည်းရှိကြောင်း ကိုယ်တွေ့ ကြုံသူများက ပြောသည်။ အစိုးရတာဝန်ရှိသူများနှင့် နစ်နာသူများအကြား ထိပ်တိုက်တွေ့ဆုံမှုများ မဖြစ်ပေါ်မီ မည်သူမည်ဝါမှန်း မသိသူများက နာမည်အလွဲသုံးစားလုပ်ကာ တင်းမာမှုအရှိန်ကို ပိုမိုမြှင့်တင်ပေးမှုများရှိကြောင်း ၎င်းတို့ကဆိုသည်။

“နောက်ကွယ်မှာ လူတစ်စု (သို့မဟုတ်) တစ်စုထက်ပိုတဲ့ အင်အားစုတွေ လုပ်နေတာလို့ မြင်တယ်” ဟု မြန်မာနိုင်ငံအရေး လေ့လာသူ စာရေးဆရာနေသန်မောင်က ပြောသည်။ ပြဿနာအချို့တွင် လက်ရှိ အာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လူထု ၏ထောက်ခံမှု အပြတ်အသတ်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမည်များ အသုံး ချကာ အောက်ခြေတွင် ပဋိပက္ခအသွင် ဖြစ်ပေါ်ရန် ဖန်တီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမည်တပ်ကာ ဖြစ်ပေါ်ခဲ့သည့် ပြဿနာများသည် နာမည် အလွဲသုံးစားလုပ်မှုများသာဖြစ်ပြီး ၎င်းတို့ပါတီမှ အစီအစဉ်မဟုတ်ကြောင်း ယင်းပါတီမှ ထိပ်တန်း တာဝန်ရှိသူများကဆိုသည်။

“ကြံ့ခိုင်ရေးက သေချာပေါက်မပါဘူး”ဟု ယင်းပါတီမှ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

ပါတီ၏အမည်ကို အသုံးချကာ မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားခြင်းကို ကာကွယ်သည့်အနေဖြင့် ပါတီဝင်များကို စည်းကမ်းချက်များ ထုတ်ထားပြီး ယင်းစည်းကမ်းချက်များကို လိုက်နာရန်လည်း အသိပေးထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းကပြောသည်။

“အခြားအဖွဲ့အစည်းတွေ၊ အခြားပါတီက မြှောက်ပေးတယ်၊ မပေးတယ် မပြောနိုင်ဘူး။ အချို့ပွဲတွေမှာ အရပ်စကားနဲ့ပြောရရင် ဖွတာတွေရှိတယ်။ ရဲနဲ့ ဆန္ဒပြသူတွေကြားမှာ ပြဿနာဖြစ်အောင် ဖွတဲ့ သူတွေတော့ရှိတယ်။ ရည်ရွယ်ချက်တို့၊ နောက်ခံတို့တော့ မသိဘူး”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော ရဲတပ်သားတစ်ဦး သေဆုံးပြီး ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့များ အပါအ၀င် နှစ်ဖက်စလုံးမှ လူ ၅၀ ခန့် ထိခိုက်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာ လယ်ယာမြေပြဿနာတွင် ရန်ကုန်မြို့(အခမဲ့ ဗေဒါစာသင်ကျောင်း)မှ လင်းပိုင်စိုး ဆိုသူ၏ စည်းရုံးလှုံ့ဆော်မှုပါဝင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း အဆိုပါ စွပ်စွဲချက်ကို အခမဲ့ ဗေဒါစာသင်ကျောင်း ဒါရိုက်တာဦးမျိုးရန်နောင်သိမ်းက ပယ်ချလိုက်ပြီး ဖြစ်စဉ်တစ်ခု လုံးတွင် ပါဝင်ပတ်သက်မှု လုံးဝမရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။ စွပ်စွဲခံရသော လင်းပိုင်စိုးဆိုသူမှာ မည်သူမှန်းပင်မသိကြောင်း ၎င်းကပြောသည်။

“ဒီကိစ္စမည်သူမည်ဝါဆိုတာ ကျွန်တော်တို့မသိဘူး။ ဗေဒါသင်တန်းကျောင်းနဲ့တော့ လားလားမှမသက် ဆိုင်ဘူး။ အတိအလင်းပြောပါရစေ။ လိုအပ်တဲ့ ရှာဖွေဖော်ထုတ်မှုတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ခေတ်အဆက်ဆက် နစ်နာဆုံးရှုံးမှုများတွင် မကျေလည်မှုများ၊ နစ်နာဆုံးရှုံးမှုများ တွင် နိုင်ငံရေး၊ ငွေကြေးအရ အမြတ်ထုတ်သူအချို့ရှိသလို ဘာသာရေးအရ မကျေလည်မှုအချို့ကို အခွင့်ကောင်းယူပြီး ပဋိပက္ခအသွင်ဖြစ်အောင် လုပ်ဆောင်မှုအချို့လည်း တွေ့နေရကြောင်း မြန်မာနိုင်ငံ အရေး လေ့လာနေသူများက ပြောသည်။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် သာကေတမြို့နယ်အတွင်း ဘာသာရေးကျောင်း ဆောက်လုပ်မှုနှင့် ပတ်သက်သည့် ဖြစ်စဉ်တွင်လည်း ရပ်ကွက်အတွင်း မကျေ လည်မှုကို အကြောင်းပြုပြီး ပြဿနာပိုမိုကြီးထွားအောင် လာရောက်လုပ်ဆောင်သူများလည်း ရှိခဲ့သောကြောင့် အာဏာပိုင်တို့က ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ရသည်။

“ဒိုင်နာတွေနဲ့ ဘယ်ကမှန်းမသိတဲ့သူတွေ ရောက်လာတယ်။ မြန်မြန်ဖျက်၊ မြန်မြန်ပြေးစနစ်နဲ့ လုပ်သွား တယ်။ နောက်ရက်တွေမှာ ရပ်ကွက်ကလူတွေကိုယ်တိုင် လမ်းထိပ်တွေမှာ လုံခြုံရေးကင်းတွေစောင့်နေပြီး လူစိမ်းတွေမ၀င်အောင် လုပ်ခဲ့ရတယ်”ဟု သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းကပြောသည်။

သာကေတမြို့နယ်ကဲ့သို့ပင် ဘာသာရေးဆန်သည့် မတည်ငြိမ်မှုများ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း လှိုင်သာယာမြို့နယ်တွင် ကောလာဟလများ ပျံ့နှံ့ခဲ့သောကြောင့် ဒေသအာဏာပိုင်တို့က ပုဒ်မ ၁၈၈ ထုတ်ပြန်ကာ အခြေအနေများ ထိန်းသိမ်းခဲ့ရသည်။ မည်သည့်ရည်ရွယ်ချက်ကြောင့်ဟု မသိရသော် လည်း ပြဿနာများကို ဖြေရှင်းခြင်းမဟုတ်ဘဲ၊ ပြဿနာများကို ကြီးထွားအောင် လုပ်နေသူအချို့ ရှိနေခြင်း အပေါ် ပြည်သူအချို့က ပူပန်နေသည်။

နစ်နာဆုံးရှုံးသူများ ကြုံတွေ့နေရသော အခက်အခဲက အမှန်တကယ် ကူညီဆောင်ရွက်သူ မဟုတ်ဘဲ အခြေအနေ တင်းမာစေရန် ဖန်တီးသူများ၊ အကျိုးစီးပွားအတွက် လှုံ့ဆော်သူများအတွက် ပိုမိုနေရာရလာစေရန် အထောက်အကူပေးသကဲ့သို့ ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် အကျယ်လောင် ဆုံး တောင်း ဆိုမှုဖြစ်သည့် လယ်သမားများက ၎င်းတို့စွန့်လွှတ်ခဲ့ရသည့် လယ်ယာမြေ များ ပြန်လည်ရရှိရေးအတွက် တောင်းဆိုမှုများတွင် အစိုးရအာဏာပိုင်များအား ကြောက်ရွံ့ရခြင်း၊ ရုံးလုပ် နည်း လုပ်ဟန်မသိခြင်း စသည့် အခက်အခဲများသည် ၎င်းတို့အား ပိုမိုနေရာရလာစေသည်။

“လယ်သိမ်းခံရရင် ဟိုလူကောင်းနိုးနိုး၊ ဒီလူကောင်းနိုးနိုးနဲ့ လိုက်လုပ်ပေးတဲ့သူတွေနောက် လိုက်ရတယ်။ တချို့က ကူညီသယောင်နဲ့ အမြတ်ထုတ်တယ်။ တချို့ကတော့ လုံးဝမတောင်းဘူး။ တကယ်ကူညီတယ်။ လယ်သမားကတော့ လယ်ပြန်ရချင်တာပဲ သိတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ဖို့ မလိုလားဘူး။ ဒါပေမဲ့ တစ်ခါတလေမှာ လုပ်ရင်းနဲ့ ရွေးစရာမရှိတော့တာတွေရှိတယ်”ဟု ၎င်းတို့ စိုက်ပျိုးနေသည့်မြေများ အသိမ်းခံရသည်ဟုဆိုကာ ဆန္ဒပြခဲ့ကြသည့် လှိုင်သာယာမြို့နယ် အတွင်းပဒံနှင့် အပြင်ပဒံကျေးရွာမှ ကိုကြည်ရွှင်ကပြောသည်။

သေစာ၊ ရှင်စာ ဖတ်တတ်ရုံသာ စာသင်ကြားခွင့်ရခဲ့သော၊ ခေတ်အဆက်ဆက် အာဏာပိုင်များ၏ ဖိနှိပ်မှုကို အပြင်းအထန်ခံခဲ့ရသော လယ်သိမ်းခံလယ်သမားများအဖို့ တိုင်ကြားစာပို့ခြင်း အပါအ၀င် အခြေခံ အခွင့်အရေး တောင်းဆိုမှုများတွင် ကြားမှကူညီသူမရှိပါက မည်သို့မှ အဆင်ပြေမည်မဟုတ်ကြောင်း ၎င်းကပြောသည်။

“သူတို့မရှိရင် ကျွန်တော်တို့ လယ်သိမ်းခံရတာ ဘယ်သူမှသိမှာမဟုတ်ဘူး။ ဒါကို လူတွေသိအောင် လုပ်ပေးလို့ ကျေးဇူးတင်တယ်။ ဒါပေမဲ့ ဟိုတောင်း၊ ဒီတောင်းလုပ်တဲ့သူတွေကြောင့် တကယ်ကူညီတဲ့ သူတွေကိုလည်း သိပ်မယုံကြတော့ဘူး”ဟု ထန်းတပင်မြို့နယ်မှ လယ်သိမ်းခံရသူတစ်ဦးက ပြောသည်။

ဆန္ဒထုတ်ဖော်မှုအချို့တွင်ကြားမှ အားပေးဦးဆောင်သူအချို့က နာမည်လူသိများ လာသော နိုင်ငံရေး အကျိုးအမြတ်အပြင် ငွေကြေးအကျိုးအမြတ်အတွက် ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း ကိုယ်တွေ့ ကြုံသူများက ပြောသည်။ ဆန္ဒပြပွဲများအား စီစဉ်ပေးမည်ဟုဆိုကာ လယ်သမားများ ထံမှ ငွေကြေးတောင်း ခံ သူများလည်းရှိကြောင်း ဆန္ဒပြခဲ့ကြသည့် လယ်သမားများကပြောသည်။ ယင်းအပြင် ငွေကြေး တတ်နိုင်သူများက ၎င်းတို့အကျိုးအတွက် နေ့စားခပေးကာ ခေါ်ဆောင်လာမှုများလည်းရှိသည်။

“တကယ်နစ်နာလို့ ဆန္ဒပြတာအပြင် နာမည်ကြီးချင်လို့၊ ပိုက်ဆံလိုချင်လို့ ပြတဲ့သူတွေရှိတယ်။ ဒီတော့ တကယ်နစ်နာသူတွေက ခံရတာပေါ့။ သူတို့လုပ်လည်း သဲထဲရေသွန်ပေါ့”ဟု စမ်းချောင်းမြို့နယ်မှ ဆန္ဒပြပွဲများတွင် ဦးဆောင်ခဲ့သူ ကိုသန့်နိုင်ဆွေကပြောသည်။

ဆန္ဒပြပွဲများတွင် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်လာရခြင်းသည် လှုံ့ဆော်သူများကြောင့်သာမက အစိုးရ ဘက်မှ စေ့စပ်ညှိနှိုင်းသူများကြောင့်လည်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများကဆိုသည်။ နစ်နာသူများ ၏ တောင်းဆိုမှုများကို ပေါက်ကွဲမှုများ မဖြစ်ပေါ်မီအထိ ဂရုတစိုက်ပြုလုပ်လေ့ မရှိခြင်း၊ စေ့စပ် ညှိနှိုင်းမှုများတွင်လည်း မောက်မာစွာဆက်ဆံခြင်း စသည့် အစိုးရအောက်ခြေ၀န်ထမ်းများ၏ လုပ်ရပ်များက လည်း ပဋိပက္ခအရှိန်ကို မြင့်မားစေခဲ့သည်။

“ကျွန်တော်တို့ သ/မ အသင်းကိစ္စကို တင်ပြပြီး လေးလကြာတဲ့အထိ စုံစမ်းအရေးယူတာမျိုးမရှိဘူး။ ဒါကြောင့် ဆန္ဒဖော်ထုတ်ကြတာ”ဟု ကိုသန့်နိုင်ဆွေကပြောသည်။ အလားတူ ၎င်းတို့ စိုက်ပျိုးနေ သည့်မြေများ အသိမ်းခံရသည်ဟုဆိုကာ ဆန္ဒပြခဲ့ကြသည့် လှိုင်သာယာမြို့နယ် အတွင်းပဒံနှင့် အပြင် ပဒံကျေးရွာများမှ ဆန္ဒဖော်ထုတ်သူများအရေးကို စတင်ဆန္ဒပြသည့်နေ့မှစတင်ပြီး ရက်ပေါင်း ၁၀၀ နီးပါး ကြာ လူအများ သတိထားမိသည့်အချိန်မှသာ အစိုးရဘက်က အရေးတယူ လုပ်ဆောင်ခဲ့ကြောင်း ဆန္ဒပြရာ တွင် ပါဝင်သည့် ကိုကြည်ရွှင်ကပြောသည်။ ယင်းမတိုင်မီအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံးဖြိုခွင်းမှုနှင့် တရားစွဲဆိုမှုများကို အကြိမ်ကြိမ်ခံစားခဲ့ရကြောင်း ၎င်းကဆိုသည်။

ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာတွင် ဆန္ဒဖော်ထုတ်မှုများ၊ လူထုတောင်းဆိုမှု များ ဖြစ်ပေါ် လာသည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ယခင်အစိုးရတွင် ပါဝင်ခဲ့ သူများကပင် အသွင်ကူးပြောင်းရေးကို ပြန်လည်ဦးဆောင်သည့် ဖြစ်စဉ်မျိုးတွင် ယင်းဆန္ဒပြမှုများကို ကြို တင်မျှော်လင့်ထားပြီး အကောင်းဆုံးကိုင်တွယ် ဖြေရှင်းနိုင်ရန် စဉ်းစားထား ရမည်ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ အပစ်အခတ်ရပ်စဲရေး ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကပြောသည်။ အစိုးရအနေဖြင့် ဆန္ဒဖော်ထုတ်မှုများကို ပဋိပက္ခအ သွင်မရောက်မီ ကြိုတင်ဖြေရှင်းရန် ကြိုးစားသင့်ကြောင်း၊ အဓိကရုဏ်းဖြစ်ပေါ် လာပါက နှိမ်နင်းရာတွင်လည်း နိုင်ငံတကာနည်းလမ်းများအတိုင်း ဖြိုခွဲခံရသူအား ထိခိုက်မှုအနည်း ဆုံးဖြစ်အောင် ကြိုးစားသင့်ကြောင်း ၎င်းကပြောသည်။ “အပြောင်းအလဲတစ်ခုမှာ ပျက်တာက မတည်ငြိမ် မှုပဲ။ မတည်ငြိမ်မှုတွေကို အစိုးရက မကိုင်တွယ်နိုင်ရင် အသွင်ကူးပြောင်းရေး ထိခိုက်နိုင်တယ်။ ဒီအပြောင်း အလဲက လူထုအတွက် တကယ်အကျိုးရှိတဲ့ အပြောင်းအလဲဆိုတာ သိအောင်လုပ်သင့်တယ်” ဟု ဒေါက်တာမင်းဇော်ဦးကပြောသည်။

အစိုးရသစ်သည် ဆန္ဒထုတ်ဖော်တောင်းဆိုမှု အတော်များများကို ထိတွေ့ဆက်ဆံသောနည်း လမ်းဖြင့် ဖြေရှင်းခဲ့သည်။ ယုတ်စွအဆုံး အပစ်အခတ်ရပ်စဲထားသော ကရင်ဗုဒ္ဓဘာသာအဖွဲ့(DKBA)နှင့် ကရင်လက်နက်ကိုင်အချို့၏ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် လက်နက်ကိုင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည့် ဆန္ဒပြပွဲများကိုပင် အေးချမ်းစွာ ပြီးဆုံးသွားစေခဲ့သည်။

သို့သော်လည်း ၂၀၁၂ စက်တင်ဘာလအတွင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် ဖြစ်ပွားခဲ့သော ရှားခဲအင်းအရေးမှ စတင်ပြီး ဆန္ဒထုတ်ဖော်သူများနှင့် အာဏာပိုင်များအကြား ထိပ်တိုက်တွေ့ဆုံမှု အချို့ ဖြစ်ပေါ်ခဲ့ပြီး လူအသေအပျောက် ဖြစ်သည်အထိပင် နှစ်ဖက်အကြား တင်းမာမှုအရှိန် မှာ မြင့် တက်ခဲ့သည်။ ယင်းဖြစ်စဉ်အပြီး တစ်လခန့်အကြာ နိုဝင်ဘာ ၂၅ ရက်ကလည်း အာဏာပိုင်တို့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်ဖော်သူ အတော်များများ ထိခိုက်ဒဏ်ရာရရှိမှုများသည်လည်း ၂၀၁၂ အတွင်း လူစိတ်ဝင်စားသည့် ဖြစ်ရပ်တစ်ခုဖြစ်ခဲ့သည်။ ဆန္ဒ ထုတ်ဖော်သူများနှင့် အာဏာပိုင်များအကြား ထိပ်တိုက်တွေ့ဆုံမှုများသည် ယင်းနှင့်ပင် မရပ်သေး။ ၂၀၁၃ ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့သော ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲကျေးရွာ လျှပ်စစ် သွယ်တန်းမှုနှင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာ လယ်ယာမြေပြန် လည် ရရှိရေး တောင်းဆိုသည့် လယ်သမားများနှင့် အာဏာပိုင်တို့အကြား တင်းမာမှုအမြင့် မားဆုံး ဖြစ်ပွားခဲ့ပြီး သေဆုံး၊ ဒဏ်ရာရမှုများ ထပ်မံဖြစ်ပေါ်ခဲ့သည်။

အနာဂတ်တွင် ယင်းကဲ့သို့သော ၀မ်းနည်းဖွယ်ရာဖြစ်စဉ်မျိုး မဖြစ်ပေါ်စေရန်အတွက် ပြဿနာ များကို ဖြေရှင်းပေးရမည့် အစိုးရသာမက နစ်နာသူများအရေး တက်ကြွလှုပ်ရှားသူများ၏ အခန်း ကဏ္ဍသည်လည်း အရေးပါလာပြီဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်တွေ့ကျမှုကို အခြေခံပြီး အပြုသဘောဆောင်သည့် ရှုမြင်မှု မျိုးဖြင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဖြေထုတ်သည့် နိုင်ငံရေးဓလေ့မျိုးဖြင့် စိန်ခေါ်မှုပြဿနာများ ကို ဖြေရှင်းရန်နှင့် အစွန်းရောက်သည့်အမြင်မျိုး မဖြစ်စေရန်အတွက် သူ၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ပြည်သူ လူထု ကို တိုက်တွန်းခဲ့သည်။

“လွတ်လပ်ပွင့်လင်းမှုရှိလာတဲ့ အခြေအနေကို ရင့်ကျက်မှုရှိရှိနဲ့ တုံ့ပြန်နိုင်မှသာ ကျွန်တော်တို့ရဲ့ တူညီတဲ့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်”ဟု သမ္မတကပြောဆိုခဲ့သည်။

7Days

Credit : Here

မုန့်လုပ်နည်း...

လာရောက်လည်ပတ်ကြသော မိတ်ဆွေများ အပျင်းပြေပေါ့ဗျာ ရယ်စရာလေးတစ်ခု တင်ပေးလိုက်ပါတယ်။


အူတက်အောင်ရီရသောဟာသများနဲ့အခြား

မုန့်လုပ်တာဝါသနာပါတဲ့ဒေါ်ခင်ကြည်တစ်ယောက် ညနေ ငါးနာရီမှာ ရေဒီယိုက ကိတ်မုန့်ဖုတ်နည်း အသံလွှင့်မယ်ဆိုလို့ ခဲတံနဲ့စာအုပ်ဖွင့်ပြီးစောင့်နေပါတယ်...

ညနေငါးနာရီထိုးတော့ ရေဒီယိုကကိတ်မုန့်ဖုတ်နည်းအသံလွှင့်တာတော့လာပါတယ်

ဒါပေမယ့် ကပ်ရက်လိုင်းက ကျန်းမာရေးလေ့ကျင့်ခန်းကအသံတွေနဲ့ရောနေတော့ ဒေါ်ခင်ကြည်ရဲ့ မှတ်စု စာအုပ်ကို အသံလွှင့်အစီအစဉ်အပြီးမှာကြည့်လိုက်ရင်

• ဂျုံမှုန့်သန့်သန့်တပိဿာကိုယူပြီး ဒူးကိုကွေးလိုက်ပါ

• ကြက်ဥနှစ်လုံးကိုဖောက်၍ အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ပါ

• ဂျုံမှုန့်နှင့်ကြက်ဥနှစ်ကိုရောနယ်၍ ကြမ်းပြင်ပေါ်ပက်လက်လှဲလိုက်ပါ

• သကြားနှင့်ထောပတ်အနည်းငယ်ရော၍ ဒူးနှစ်ဖက်ကိုကွေး၍ထောင်ပါ

• ၁ နာရီခန့်အပူပေးပြီး ခြေနှစ်ချောင်းကိုကားပြီးချိန်တွင် အသင့်စားသုံးနိုင်ပါပြီ...

အဲဒီမှတ်စုကိုဖတ်ပြီးလက်တွေ့လုပ်ရင်သိပ်ကြည့်ကောင်းမှာပဲ…အဟိ...

(ဆရာဦးအောင်သင်း၏ဆောင်းပါးတစ်ပုဒ်မှ မှီငြမ်းပါသည်)

Credit : Here

နယ်စပ် ရွှေလီမြို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

တရုတ် မြန်မာ နယ်စပ် ရွှေလီမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဒီမနက် တွေ့ရတဲ့ မြင်ကွင်းတချို့ ဖြစ်ပါတယ်။


ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့၊ KIA/KIO ကိုယ်စားလှယ်အဖွဲ့၊ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ၊ အဖွဲ့အသီးသီးက လေ့လာသူများက ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ကြမှာပါ။ (ဓာတ်ပုံများ - မန်းသားလေး/ဧရာဝတီ)

ဒီမနက် စစ်ယူနီဖောင်းနဲ့ တွေ့ရတဲ့ KIA/KIO ကိုယ်စားလှယ်အဖွဲ့ဝင်များ






Credit : Here

ရန်ကုန်မန္တလေးကားလမ်းမှာ ကင်မရာတပ်တော့မယ်

ရန်ကုန် မန္တလေး အမြန်လမ်းမမှာ သတ်မှန်နှုန်းထက် ပိုမောင်းတာတွေကို အရှိန်ထိန်းတိုင်းကိရိယာသုံးပြီး စစ်ဆေးမယ် တဲ့။ ဒီကနေ့ သတင်းစာများမှာ ရေးထားတာပါ။


(ဓာတ်ပုံ - www.parkex.co.uk)

သတ်မှန်အမြန်နှုန်းထက် ပိုမောင်းတဲ့ ကားတွေကို ကင်မရာက အလိုအလျောက် ဓာတ်ပုံရိုက်တာ မျိုး ဖြစ်ပါလိမ့်မယ်။ ဓာတ်ပုံမှာ ပါမယ့် ကားနံပါတ်ကို စစ်ဆေးပြီး မိုင်ပိုမောင်းလို့ဒဏ်ရိုက်တယ်ဆိုတဲ့ အကြောင်းကြားစာကို စာတိုက်ကနေတဆင့် အိမ်ကို ပို့ဖွယ် ရှိပါတယ်။ (ဒါဆိုရင် - ကိုယ့်ကားကို တယောက်ယောက်က ငှားသွားပြီး မိုင်ပိုမောင်းတဲ့အခါ ကင်မရာကဖမ်းမိရင် ဒဏ်ရိုက်တဲ့စာရွက် အိမ်ကို ရောက်လာပါလိမ့်မယ်)

ကင်မရာ နဲ့ မှတ်တမ်းတင်ထားတော့ တိကျတယ်လို့ ဆိုနိုင်ပါတယ်။ အငြင်းပွားရတာမျိုး မဖြစ်တော့ပါဘူး။



mobile traffic radar system လို့ ဆိုထားတော့ ကင်မရာကို လမ်းဘေးမှာ ချိတ်မထား ဘဲ နေ ရာရွှေ့ပြီး စောင့်ကြည့်မှတ်တမ်းတင်တာမျိုး ဖြစ်နိုင်ပါတယ်။ ကင်မရာရှိတဲ့နေရာပဲ ကားအရှိန်လျှော့မောင်း တာမျိုးနဲ့လည်း ကြုံရနိုင်ပါတယ်။

ကင်မရာကိုကားထဲထည့်ထားတာမျိုး၊ သို့မဟုတ် လမ်းဘေး တနေရာမှာပဲ ကင်မရာမှန်း မသိအောင် လုပ်ထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒီလို စစ်ဆေးတာ ရှေ့လ ၁ ရက်နေ့ကနေ စတင်မယ်လို့ ဆိုပါတယ်။

ယာဉ်မတော်တဆမှုက မိုင်ပိုမောင်းသူတွေကြောင့် ပိုမို များပြားလာဟန် ရှိပါတယ်။

ကားတွေ ဘာကြောင့်ပဲ မတော်တဆဖြစ်ဖြစ် ခါးပတ်ပတ်ထားကြမယ် ဆိုရင် ကားပေါ်မှာ ပါတဲ့သူတွေ ထိခိုက်၊ သေဆုံးမှု နည်းပါး ပါလိမ့်မယ်။

မော်တော်ယာဉ်တိုင်း ထိုင်ခုံမှာ ခါးပတ် ထားရှိဖို့ ဥပဒေပြဋ္ဌာန်းတာမျိုး မြန်မာပြည်မှာ ရှိလာနိုင်ပါတယ်။


ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က တောင်ငူ၊ ညောင်ခြေထောက် ရန်ကုန်မန္တလေးကားလမ်းတနေရာ ယာဉ်မှောက်မှု တခုမှာ ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းပြင်း ရသွားပါတယ်။ ကားသမား အိပ်ငိုက်သွားတာကြောင့်လို့ ဆိုပါတယ်။

ပုံမှာတွေ့ရတာက ယာဉ်တိုက်မှုဖြစ်တဲ့ကားပါ။ ဂျွမ်းထိုးမှောက်ခုံဖြစ်မသွားဘူးလို့ ထင်ပါတယ်။

ထိုင်ခုံမှာ ခါးပတ် ပတ်ထားကြမယ် ဆိုရင် ဒီလောက် အခြေအနေ ဆိုးမယ်မဟုတ်ဘူးလို့ ယူဆရပါတယ်။

နိုင်ငံတချို့မှာတော့ ကလေးငယ်တွေ ကားစီးမယ် ဆိုရင် ထိုင်ခုံ အသေးလေးထဲ ထည့်ပြီး ခါးပတ် အဆင့်ဆင့် ပတ်ထားရပါတယ်။

အဲဒီခုံသေးလေးကိုလည်း ကားထဲက ခုံတခုခုမှာ ခါးပတ်နဲ့ ထပ်ပြီး ပတ်ထားရပါတယ်။

အဲဒီလို လုပ်မထားဘူးဆိုတာကို ယာဉ်ထိန်းရဲစစ်ဆေးလို့ မိသွားရင် အနည်းဆုံးတော့ ဒဏ်ရိုက်ခံရ ပါလိမ့်မယ်။

Credit : Here

ဥပဒေရေးရာစာအုပ်လင့်များ



မည်သူမဆိုမျှဝေယူနိုင်ပါသည်။

1.စီရင်ပိုင်ခွင့်အာဏာ
http://www.mediafire.com/view/?vahske2pis56d65

2.တရားမျှတသောတရားခွင်
http://www.mediafire.com/view/?dp5y9c3t2bx1x8n

3.ဖွဲ့စည်းပုံအခြေခံဥပဒေ (မြန်မာဘာသာ)
http://www.mediafire.com/view/?2oe9fyew5qvpqch

4.လွတ်လပ်သောတရားစီရင်ရေး
http://www.mediafire.com/view/?48j1ee4pbgu65w4

5.အဓ္ဓမလုပ်အားဆိုင်ရာ သဘောတူစာချုပ်
http://www.mediafire.com/view/?2rdag5dnd7s7fwa

6.အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ (၃၀-၁၁-၂၀၁၁)
http://www.mediafire.com/view/?5joon6f36r76rpp

7.မြန်မာ့ ဗုဒ္ဓဘာသာ ဥပဒေ(အိမ်ထောင်ခဏ်း)
http://www.mediafire.com/view/?xog07e2l0ncl6io

8.ဦးကျော်ဇေယျ - ရာဇသတ်ကြီးဥပဒေ အဘိဓာန်
http://www.mediafire.com/view/?5d1j9s7jxxgv11p

9.ဦးကျော်ဇေယျ - အစုစပ်လုပ်ငန်းရှင်များအက်ဥပဒေ
http://www.mediafire.com/view/?bn37kk2fknykr91

10.ဦးကျော်ဇေယျ - အတိုင်ပင်ခံရှေ့နေ
http://www.mediafire.com/view/?bm72arbk1csdt73

11.ဦးကျော်ဇေယျ - အမှုသည်များလက်စွဲ
http://www.mediafire.com/view/?6e2731d9yy7qoe7

12.ဦးကျော်ဇေယျ - ဥပဒေ(၁၀၀) ပုဒ်မ(၁၀၀၀)
http://www.mediafire.com/view/?2i8y643l34hyi3q

13.ဦးကျော်ဇေယျ - ဥပဒေသမားလက်စွဲစကား
http://www.mediafire.com/view/?zabz441vpmdyzra

14.ဦးကျော်ဇေယျ - ဥပဒေရေးရာဝေါဟာရအဘိဓါန်
http://www.mediafire.com/view/?7mcxose3z778usa

15.ဦးကျော်ဇေယျ - မြန်မာနိုင်ငံ မူပိုင်ခွင့် အက်ဥပဒေ
http://www.mediafire.com/view/?ngvkx1veq1638i6

16.မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ ဆွေးနွေးချက်
http://www.mediafire.com/view/?ct4ztr9pt8zkip4

17.ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆို
http://www.mediafire.com/view/?r1lzbyk23b83pkf

18. နိုင်ငံတကာဥပဒေများကို လေ့လာခြင်း
http://www.mediafire.com/view/?cs2q270kcvegxlg

ဥပဒေသည်သာအကြီးမြင့်ဆုံးတန်ခိုးအာဏာရှိရမည်။ တရားဥပဒေသည် တရားမျှတမှန်ကန်ကာ သင့်မြတ်လျော်ကန်မှုရှိရမည်။ ဥပဒေအထက်၌ မည်သူမျှမရှိစေရ။(ဆောင်ပုဒ်ပါဗျာ....)

ရွှေအိမ်စည်စာကြည့်တိုက်

Credit : Here

ဗိုလ်ချုပ်အောင်ဆန်း၏ လယ်ယာမြေ ပေါ်လစီ"


“လယ်ယာစိုက်ပျိုးရေးစီမံချက် ၊ သစ်စီမံချက် ၊ ၀ယ်ယူဖြန့်ဖြူးရေးစီမံချက် စသည်တို့နှင့် ပတ်သက်၍ ပြောလိုသည်မှာ အစိုးရက မက်လောက်သော အဖိုးများကိုပေး၍ အားလုံးသော ပိုလျှံမည့်ကောက်ပဲ သီးနှံတို့ကို ၀ယ်ယူမည်ဟု ဆိုထားပြန်၏။ မက်လောက်သော တန်ဘိုးများကိုတောင်သူ လယ်သမားများ အား ပေးမည်လော။

အစိုးရအတွက် အ၀ယ်တော်လုပ်မည့် နိုင်ငံခြားကုမ္ပဏီများအားပေးမည်လောဟု မေးရပေလိမ့်မည်။

အစိုးရက ဈေးနှုန်းကန့်သတ်မည်ဟု ဆိုပြန်၏။ ဈေးနှုန်းကန့်သတ်ခြင်းစနစ်ကို ကျွန်ုပ်တို့ ကြိုက်နှစ်သက်၏။ သို့ရာတွင် ဈေးနှုန်းမကန့်သတ်မီ ၊ အလွန်တန်ဘိုးယုတ်လျော့လျက်ရှိသော ငွေကြေးပြဿနာကို မဖြေရှင်းရမီ ဈေးနှုန်းကို ကန့်သတ်လျှင် ကျွန်ုပ်တို့ တောင်သူလယ်သမားများ၏ ဇိကိုညှစ်သည်နှင့် အတူတူပင်ဖြစ်၏။ ကျွန်ုပ်တို့ တောင်သူလယ်သမားများ ကြပ်တည်းကျဉ်းမြောင်းသောဘ၀ သို့ရောက်လျှင် နိုင်ငံတွင် ခိုးမှု တိုက်မှု ရာဇ၀တ်မှုများ များပြားလာပေလိမ့်မည်။ လက်ရှိအခြေအနေပင် မည်မျှလောက်ဆိုးဝါးနေသည်ကိုဖော်ပြရန်မလိုချေ။”

ဗိုလ်ချုပ်အောင်ဆန်း
- ဖဆပလ အဖွဲ့ချုပ် မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံသဘင် ဥက္ကဌမိန့်ခွန်းမှ
************************************************************

“တောင်သူလယ်သမားတွေက ဗမာပြည်မှာ လူများစုဖြစ်တယ်။ လွတ်လပ်ရေးရတဲ့အခါ ခင်ဗျားတို့ရဲ့လွတ်လပ်ရေး ပါလာမယ်။ တောင်သူလယ်သမား လူများစုရဲ့ အခွင့်အရေးမပါဘဲ လွတ်လပ်ရေးဟာ အဓိပ္ပာယ်မရှိဘူးလို့ ယူဆတယ်။”

- ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၇ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၊ တောင်သူလယ်သမားညီလာခံမိန့်ခွန်းမှ
************************************************************

“လယ်လုပ်တဲ့လူတွေရဲ့လက်ထဲ လယ်ရောက်အောင်စီစဉ်နိုင်ရမယ်။ လယ်အမြောက်အမြားကို တသီးပုဂ္ဂလ ပိုင်ဆိုင်တဲ့စနစ်ကို ပယ်ဖျက်နိုင်ရမယ်။”

“လယ်ယာမြေပိုင်ဆိုင်မှုကိစ္စမှာဆိုလဲ လယ်ယာမြေလုပ်တဲ့လူတွေ လယ်ယာမြေရအောင် အခြေခံတွေချရ လိမ့်မယ်။ လယ်မြေဧက အမြောက်အမြားပိုင်တဲ့ လယ်ရှင်ကြီးစနစ်ကိုတော့ ဥပဒေအရ ကန့်သတ်ချုပ်ချယ် ဖျက်ပယ်ပစ်ရလိမ့်မယ်။ နောက်ပြီး ဘယ်လိုကိုယ်ပိုင်လယ်ယာမြေမျိုးဖြစ်ဖြစ် ၊ ဘယ်နှစ်ဧကထက်မပိုစေရ အစရှိသည်အားဖြင့် ဥပဒေအရ ကန့်သတ်ရလိမ့်မယ်။ ဒီလိုမှ မလုပ်ရင် လယ်ပိုင်ရှင်စနစ်ကြီးဟာ ရှိနေတာကို မဖျက်နိုင်ရုံတင်မဟုတ်ဘူး ၊ ပြန်ဖြစ်အောင်လုပ်တာဖြစ်လိမ့်မယ်။ လယ်ယာမြေများကို အမှန် အားဖြင့်ဆိုရင် နောက်ဆုံး တိုင်းပြည်ပိုင်လုပ်နိုင်ရင် ကောင်းမှာဘဲ။ သို့သော်လဲ အဲဒီဟာ မလုပ်မီ လယ်ယာမြေလုပ်သူတိုင်း မြေလက်ရှိရအောင် လုပ်နိုင်ရမယ်။ ဒီအခါမျိုးမှာ အစိုးရက အလယ်အလတ် တန်းနှင့် အောက်တန်း ကျတဲ့ တောင်သူလယ်သမားတွေကို တတ်နိုင်သမျှ ကူညီရလိမ့်မယ်။ အဲဒီလို စီးပွားရေးအခြေခံတရားတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေမှာ ထည့်ဘို့လိုလိမ့်မယ်။”

“ကျုပ်တို့လုပ်ချင်တာကတော့ ( Greatest happiness of the Greatest number ) လူအများဆုံး အကောင်းဆုံးချမ်းသာသုခရအောင် အဲဒီလို လူအများဆုံးက ကြိုးကိုင်တဲ့ ဒီမိုကရေစီမျိုးကိုသာ လိုချင်တာဘဲ။ အကုန်လုံးအကျိုးရှိတဲ့ ဒီမိုကရေစီဆိုတာတော့ ခုလို အရင်းရှင် အလုပ်သမား ၊ လယ်ရှင် အစရှိတဲ့ လူတန်းစားကွဲပြားမှုတွေရှိနေသမျှ ကာလပတ်လုံး မဖြစ်နိုင်သေးဘူး။ လယ်ရှင်အကျိုးရှိတိုင်း လယ်သမားအကျိုးမရှိနီုင်ဘူး။ အလုပ်ရှင်အကျိုးရှိတိုင်း အလုပ်သမားအကျိုးမရှိနိုင်ဘူး။ သူတို့အချင်းချင်း အကျိုးတွေဟာ တခါတခါ စေ့စပ်လို့မရနိုင်ဘဲ ၊ တဦးအကျိုးရှိရင် တဦးထိမယ်ဆိုတဲ့ အခြေမျိုးဖြစ် လာတဲ့အခါ အစိုးရဟာ တဖက်ဖက်က ပင်းမှဖြစ်နိုင်မယ်။ အဲဒီတော့ ဒီမိုကရေစီသစ်ဆိုတာ အစိုးရက လူများစုဖြစ်တဲ့ လူဆင်းရဲတွေဘက်က ထုံးစံအတိုင်းပင်းတော့မယ်ဆိုတဲ့သဘောပဲ။”

ဗိုလ်ချုပ်အောင်ဆန်း
- ဖဆပလ ပဏာမ ပြင်ဆင်မှုညီလာခံမိန့်ခွန်းမှ
**********************************************************

အောင်သန်း၏ အောင်ဆန်း ( ၁၉၆၅ခုနှစ် ၊ ပထမအကြိမ် ) စာအုပ်မှ

Credit : Here

ရန်ကုန်မြို့တော်အတွင်းမှာရှိတဲ့…ပန်းခြံများကိုပြုပြင်မယ်တဲ့


ရန်ကုန်မြို့တော်အတွင်းမှာရှိတဲ့ အပန်းဖြေပန်းခြံတွေကို အဆင့်မြင့်ပြန် လည်ထိန်းသိမ်းပြုပြင်သွားမယ် ဆိုတဲ့ သတင်းကို ဖတ်လိုက်ရလို့ အလွန်ပဲ ၀မ်း သာမိပါတယ်။ အပန်းဖြေပန်းခြံငါးခုကို ပြုပြင်မယ်လို့ မြို့တော်စည်ပင် ပန်း ဥယျာဉ်နဲ့ အားကစားကွင်းဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောတယ်လို့ဆိုပါတယ်။

ဒါဟာဖြင့် အလွန်ဝမ်းသာစရာ ကောင်းတဲ့သတင်းတစ်ခုပါပဲ။ ဒီပန်းခြံ တွေမှာရှိတဲ့ သစ်ပင်ပန်းမန်တို့ကနေ မြို့ နေပြည်သူလူထုအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးများစွာ အထောက်အကူ ပြုမှာပါ။ အခုအခါမှာဆိုရင် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးကိုပြုလုပ်ဖို့ အလွန်ပဲ လိုအပ်နေပါပြီ။ အခုနှစ်ထဲမှာဆိုရင်ပဲ ရန်ကုန်မြို့မှာ ကားစီးရေက အလွန်များ လာပါပြီ။ သူတို့များလာတာနဲ့အမျှ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုဟာလည်း အလွန်များနေပါပြီ။ ကာဘွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့နဲ့ တခြား အဆိပ်ဓာတ်ငွေ့ တွေကို ခြေဖျက်ဖို့နဲ့ လေထုသန့်ရှင်း သွားဖို့ဆိုတာ သစ်ပင်ပန်းမန်တွေ စိုက် ထားတဲ့ ဥယျာဉ်တွေ မြို့ထဲမှာရှိဖို့လိုပါ တယ်။

ရန်ကုန်မြို့တော်မှာရှိတဲ့ ဥယျာဉ် ငါးခုကို အဆင့်မြှင့်သွားမယ်ဆိုတော့ ၀မ်းသာမိပါတယ်။ ရန်ကုန်မြို့ဆိုတာ အခုဆိုရင် အဆင့်မြင့်တိုက်တာတွေနဲ့ ကွန်ကရစ်တောကြီးမဟုတ်လား။ ဒီအထဲ မှာ ပန်းဥယျာဉ်ဆိုတဲ့ စိမ်းစိုတဲ့တော အုပ်ကလေးတွေရှိတယ်ဆိုတာ အလွန် ကောင်းပါတယ်။ ကျွန်မမြို့ထဲကိုရောက် တုန်းက မဟာဗန္ဓုလပန်းခြံမှာဆောက် ထားတဲ့ စားသောက်ဆိုင်ခန်းတွေကို ဖျက်နေတာတွေ့ခဲ့ရတယ်။ ပန်းခြံတွေမှာ စားသောက်ဆိုင်တွေရှိတာမကောင်းဘူး။ဘာကြောင့်လည်းဆိုတော့ သူတို့ဆီက စားကြွင်းစားကျန်တွေ အမှိုက်သရိုက်တွေ ဟာ စနစ်တကျမပစ်ကြဘူး။ အမှိုက်တွေ ဟာ ပြန့်ကျဲနေတယ်။ ပန်းခြံနဲ့စား သောက်ဆိုင်နဲ့လည်း မသင့်တော်ဘူး။ သူတို့ရှိတော့ ပန်းခြံကို အပန်း လာဖြေတဲ့ ပြည်သူ များဟာ ညှော်နံ့တွေနံမှာဖြစ်ပါ တယ်။

ပန်းခြံထဲက လေထုကိုသန့်ရှင်း အောင်လုပ်ဖို့ဆိုတာ ပန်းခြံထဲမှာ အပင် ကြီးတွေ၊ အပင်လတ်တွေ၊ ပန်းပင်ငယ် တွေ စိုက်ထားဖို့လိုပါတယ်။

ကန်တော်ကြီးဥယျာဉ်နဲ့ပတ်သက်လို့ တော့ ပြောစရာရှိနေပါတယ်။ ကန်တော် ကြီးထဲမှာလည်း စားသောက် ဆိုင်တွေ ဖွင့်ခွင့်ပေးထားတာ အလွန်ဆိုးပါတယ်။ ကန်တော်ကြီးရေဟာ အရင်လို မသန့် ရှင်းတော့ဘူး။ စားသောက်ဆိုင်တွေရဲ့ အနောက်ဘက်မှာ အညစ်အကြေးတွေ ပစ်ထားတာ အများကြီးပဲ။ အထူး သဖြင့် ပေါ်ပေါ်ထင်ထင်မြင်နေရတာကတော့ ပလတ်စတစ်တွေပဲ။ ကျွန်မတို့ရန်ကုန်မှာ ပလတ်စတစ် ကင်းစင်အောင်မလုပ်နိုင်သေး ဘူးဆိုတာ ထင်ရှားနေပါတယ်။ ကျွန်မ ပြည်သူလူထုဟာ အမှိုက်ကို စနစ် တကျ ပစ်တတ်ဖို့ အများကြီး ပညာပေးရဦး မယ်။

ကျွန်မ မကြာခဏ ကန်တော်ကြီး ကို ရောက်ပါတယ်။ ဘာကြောင့်ရောက် ရသလည်းဆိုတော့ ကန်တော်ကြီးမှာ သစ်ပင်ကြီးတွေ အများကြီးရှိနေလို့ဖြစ် ပါတယ်။ စာဖတ်သူနားလည်မလားမသိ ဘူး။ ကျွန်မက သစ်ပင်တွေကို အရမ်း ချစ်တာ။ ကျွန်မခြံထဲမှာလည်း သစ်ပင် တွေ ကျွန်မကိုယ်တိုင်စိုက်ထား တာ။ ခြံရဲ့ အနောက်ဘက်မှာဆိုရင် တောအုပ် ကလေးလိုဖြစ်အောင် ကျွန်မစိုက်ထား တယ်။ ကျွန်မခြံထဲ က သစ်ပင်တွေပေါ် မှာ ငှက်ကလေးတွေလာပြီး အသိုက် ဆောက်ပြီးနေကြတယ်။ သူတို့ဟာ မနက်ဆိုရင် ပြန်သွားကြပြီး၊ ညနေဆိုရင် ပြန်လာကြတယ်။ သူတို့ဘာသာဘာဝ အသံကလေးတွေ နဲ့ အော်မြည်ပြီး အိပ် တန်းတက်ကြတယ်။ လောကကြီးက ဘယ်လောက်သာယာသလဲ။ သစ်ပင်နဲ့ ကျေးငှက်သာတကာတို့ရဲ့ဆက်သွယ်မှု၊ ““သစ်တစ်ပင်ကောင်းရင် ငှက်တစ် သောင်းနားနိုင် တယ်။ ငှက်တစ်ကောင် ကောင်းရင် အပင်တစ်သောင်းပွားနိုင် တယ်””တဲ့။ သဘာဝအချင်းချင်း အကျိုး ပြုတာကလေးတွေမဟုတ်လား။

လူတွေဟာ သစ်ပင်ရဲ့ တန်ဖိုးကိုမသိလို့ သစ်တောတွေကိုခုတ် လှဲပြီး ရောင်းစားကြတာ။ မိမိရဲ့ အတ္တ လောဘကိုပဲသိတယ်။ လောကကြီး ပျက်စီးသွားမယ်ဆိုတာ မတွက်ကြဘူး။ သစ်ပင်ရဲ့တန်ဖိုးဟာ မြေဆီလွှာတိုက်စား မှု၊ မြေသြဇာကောင်းစေရန် ကာကွယ် ပေးမှု၊ အောက်ဆီဂျင် ထုတ်လွှတ်ပေးမှု၊ လေထုသန့်စင်ပေးမှု၊ ရေကြီးရေလျှံမှု မဖြစ်စေရန် ရေကိုစုပ်ယူထိန်းသိမ်း ထား နိုင်မှု၊ အေးမြသည့် အရိပ်ရရှိစေမှုတို့ ဖြစ်ပါတယ်။

သစ်ပင်ကို မချစ်တတ်ဘဲ သစ်ပင် တွေကို ခုတ်လှဲတဲ့အတွက် သစ်တော ပြုန်းတီးမှုတွေ ဖြစ်ပေါ်တယ်။ လူတို့ရဲ့ နေအိမ်တွေနဲ့ သီးနှံစိုက်ခင်းတွေ၊ ရေလွှမ်း ပြီးပျက်စီးတယ်။ ဂေဟစနစ်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် အရှည်တည်တံ့ ဖို့ဆိုတာ တော၊ တောင်၊ ရေ၊ မြေ သဘာဝများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ် စေရန် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုပါ တယ်။

အခုလို ရန်ကုန်မြို့မှာရှိတဲ့ ဥယျာဉ် ပန်းခြံတွေကို ပြုပြင်မယ်ဆိုတာဟာ သဘာဝပတ်ဝန်းကျင် ကို ပြင်တာပဲဖြစ် ပါတယ်။ ““အဓိကကတော့ ပြည်သူတွေ မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ပတ် သက်တဲ့ အမြင်တွေ၊ ဗဟုသုတ တွေ၊ အတွေးအခေါ်တွေရှိမယ်ဆိုရင် နစ်နာဆုံးရှုံးမှုတွေကို ဖယ်ထုတ်နိုင်မှာ ပါ””ပြည်သူတွေက ဒါတွေကို မလေ့လာ ထားဖူးဆိုရင် ထုတ်ပြန်လိုက်တဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေတွေ နားလည်နိုင်မှာမဟုတ်ဘူး။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေရဲ့အလုပ်ပဲလို့ သဘောထားနေရင် ကျွန်မတို့ဆက်ပြီး နစ်နာဖို့ အများကြီးရှိပါတယ်လို့ ဆရာမ ဒေါ်ဒေ၀ီသန့်စင်က ပြောသွားတာပါ။

ပန်းခြံတွေကို ပန်းခြံအင်္ဂါရပ်တွေနဲ့ အညီ ပြင်ပြီးပြီဆိုရင်တော့၊ ပန်းခြံတွေ ကိုပြုပြင်ထိန်းသိမ်း ဖို့အ တွက် ငွေလိုပါ တယ်။ ဒီတော့ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ တော့ ၀င်ကြေးယူသင့်ပါတယ်။ ခရိုနီတွေ ကို ရောင်း စားပြီး ပြုပြင်ခိုင်းရင်တော့ ၀င်ကြေးတွေမတန်တဆ ပြည်သူဆီက တောင်းပြီး သူတို့အမြတ် ထုတ်မှာပဲ။

ပြည်သူလူထုကလည်း တာဝန်သိ သိနဲ့ ပန်းခြံရဲ့ အလှအပတွေကို မဖျက် ဆီးဖို့လိုပါတယ်။ ကလေးများကစားဖို့ လုပ်ပေးထားတာတွေကိုလည်း တာဝန် သိသိကစားဖို့ မဖျက်ဆီးဖို့၊ ပြည်သူ အတွက် လုပ်ပေးထားတဲ့ ပြည်သူအများ ပိုင်တဲ့ဥစ္စာတွေကိုမဖျက်ဆီးမိဖို့ မိဘနဲ့ ဆရာ၊ ဆရာမတွေကလည်း တစေ့ တစောင်း သင်ကြားပေးဖို့လိုပါတယ်။

အခုလို ရန်ကုန်မြို့ရဲ့ အပန်းဖြေ ပန်းခြံတွေကို ပြုပြင်မယ်၊ အဆင့်မြင့် လုပ်မယ်ဆိုတော့ သစ်ပင်ကြီးတွေ၊ သစ် ပင်လတ်တွေ၊ ပန်းပင်ငယ်တွေ စိုက်ပျိုး မှာဆိုတော့ ဒါဟာ ရန်ကုန်မြို့ရဲ့ သဘာဝ ပတ်ဝန်းကျင်ကို စတင်ပြုပြင်လိုက်တာလို့ ပဲ ကျွန်မယူဆပါတယ်။ ဒီဆောင်ရွက်မှု ဟာဖြင့် လူသားတွေအတွက် တကယ့် ကို ကောင်းမြတ်တဲ့ လုပ်ဆောင်ချက်ပဲလို့ ကြည်နူးဝမ်းသာစွာ တင်ပြလိုက်ပါတယ်။

Credit : Here

ဘားအံမြို့အမှတ်၇ရပ်ကွက်မှာဧည့်စာရင်းတိုင်လျှင် သင်္ကြန်ကံစမ်းမဲ ၂၀၀၀တန်ဝယ်ရ


ကရင်ပြည်နယ်၊ဘားအံမြို့ အမှတ်(၇)ရပ်ကွက်၌ဧည့်စာရင်း စစ်ဆေးခြင်းများ တစ်လနှစ်ကြိမ် ခန့်ပြု လုပ်နေပြီ။ ဧည့်စာရင်း တစ်ကြိမ်တိုင်ကြားပါကလည်း မြန်မာ့ရိုးရာသင်္ကြန်ဖြစ်မြောက်ရေး ရန်ပုံငွေအတွက် ၂၀၀၀ကျပ်တန် ကံစမ်းမဲလက်မှတ်တစ်စောင်ကို ဆန္ဒမရှိဘဲဝယ်ယူနေကြရသဖြင့် ရပ်ကွက်နေပြည်သူများ ၀န်ထုပ် ၀န်ပိုးဖြစ်နေကြောင်းသတင်းရရှိ သည်။

အမှတ်(၇)ရပ်ကွက်သည် ၁၉၉၅ခုနှစ်ကမှ ဇွဲမာန်လွင် ရပ်ကွက် သစ်အဖြစ်တိုးချဲ့တည်ထားသော ရပ်ကွက်ဖြစ်ရာအခြေခံလူအများ စုတို့ အများဆုံးနေထိုင်လျက်ရှိကြ ပြီး အခြားရပ်ကွက်ကြီးများကဲ့သို့ စီးပွားရေးအခြေခံမခိုင်မာသေး သောရပ်ကွက်တစ်ခုဖြစ်ကြောင်း လည်းသိရှိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးတာဝန် ရှိသူများအနေဖြင့် ဥပဒေ၊နည်း ဥပဒေများ၊စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊အမိန့်ညွှန်ကြား ချက် Procedure များနှင့်အညီ လိုအပ်သလိုဧည့်စာရင်းစစ်ခြင်း သည် လုံခြုံရေးအရေ လူတိုင်း လက်ခံကြမည်ဖြစ်ကြောင်း၊အမှန် တကယ်လိုအပ်၍ဧည့်စာရင်းစစ် မည်ဆိုပါက လ.၀.က၊ရဲနှင့်မီး သတ်ဝန်ထမ်းများပါဝင်လျက် စစ် ဆေးသင့်ကြောင်း၊ဧည့်စာရင်းကို အကြောင်းပြုပြီး ရပ်ကွက်ပြည်သူ များဆန္ဒမပါသည့်ငွေကြေးကိစ္စများ ကင်းရှင်းရန်လိုကြောင်း၊ ရိုးရာသင်္ကြန် ဖြစ်မြောက်ရေး ကိစ္စကိုမြို့ပေါ် ရပ်ကွက်(၉)ခုလုံးဆောင်ရွက်ကြ မည်ဖြစ်သော်လည်း အမှတ်(၇) ရပ်ကွက်မှာသာ ယခုချိန်ထဲက အားထုတ်ပြုလုပ်နေသဖြင့် ရပ်ကွက် သူ/သားများဝန်ထုတ်ဝန်ပိုးဖြစ် နေသည်မှာ မသင့်တော်ကြောင်း ရပ်ကွက်နေပြည်သူတစ်ချို့က ဝေဖန်ပြောကြားနေသည်။

Credit : Here

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကို တောင်တွင်းစော်ဘွားကြီးကမေးပြန်ပြီ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့တွင် (၂-၃-၂၀၁၃)ရက်နေ့က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ရုံး ဖွင့်ပွဲအခမ်းအနားတွင် တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်နေ NLDပါတီဝင် ဦးစိုးမင်း(ခ) စော်ဘွားကြီးမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် အား မေးမြန်းပြော ကြားရာတွင် ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပပြုလုပ်နေ ချိန် တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးက အဆိုတစ်ခုကို တင်သွင်းရာတွင် ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ကြားနေမဲများဖြင့် ဆုံးဖြတ်ခဲ့ကြပါသည်။ ယင်းသို့ ပြုလုပ်ဆုံးဖြတ်ရာတွင် လုံးဝ မဲ မပေးဘဲ ထိုင်နေသော/ တာဝန်မကျေသော လွှတ်တော်ကိုယ်စားလှယ်များ ကို ဖော်ထုတ်ပေး ရန် တောင်းဆိုရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က လျှို့ဝှက်မဲစနစ်ဖြင့် မဲပေးခြင်းဖြစ်၍ စစ်ဆေး၍မရနိုင်ပါ။ အထူးကော်မတီအစည်းအဝေးများတက်နေခြင်း၊ နိုင်ငံခြားမှ အထူးဧည့်သည်တော် သံတမန်များဖြင့် သွားရောက်တွေ့ဆုံနေခြင်းများကြောင့် အစည်းအဝေးခန်းမထဲမှာ မရှိခြင်းများလည်း ဖြစ်တက်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၄၀၀)ကျော်ရှိ၍ စစ်ဆေးစောင့် ကြည့်ဘို့လည်းမလွယ်ကူကြောင်း၊ တာဝန်မကျေထိုင်နေသော လွှတ်တော်ကိုယ်စားလှယ်များ ကို ဖော်ထုတ်၍ မရနိုင်ပါကြောင်း ပြည်သူများ သိအောင် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိ သည်။

Credit : Here

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) လူထုနှင့်တွေ့ရန်ရှိသည်ဟူသော သတင်းမဖြစ်နိုင်ကြောင်းနီးစပ်သူတစ်ဦးဆို


ယခင်နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) မှ မြန်မာပြည်သူလူထု နှင့် တွေ့ဆုံစကားပြောမည်ဟု အင်တာနက်သတင်းအချို့၌ပျံ့နှံ့ လျက်ရှိနေပြီး ယင်းကိစ္စနှင့်ပတ် သက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့်နီးစပ်သူဟုယူဆရသူတစ်ဦး ဖြစ်သူ ယခင် အစိုးရ ၀န်ကြီးဟောင်း တစ်ဦးဖြစ်သူ ဦးဌေးဦးမှ ယင်း သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း မီဒီယာများသို့ အတိအလင်းပြော ကြားလိုက်သည်။

““ကျွန်တော့်အနေနဲ့ပြောရ ရင် ဒီလမ်းကြောင်းဖြစ်လာအောင် တင်ပေးခဲ့တာပါ တင်ပေးပြီးတော့ မှ ဒီလမ်းကြောင်းအောင်မြင် အောင် ဆောင်ရွက်နိုင်တယ်လို့ ယူဆတဲ့ အဖွဲ့အစည်းတွေ အကုန် လုံးလုပ်ဆောင်နေပြီး သူလည်းပဲ လုံး၀၀င်ရောက်စွက်ဖက်မှုမရှိတော့ ပါဘူး။ စွက်ဖက်မှုမရှိတော့တဲ့ အတွက် ခုနက အင်တာနက်ပေါ် မှာထွက်နေတဲ့သတင်းတွေဟာ ကျွန်တော် သဘောအနေနဲ့ပြော ရရင် မဖြစ်နိုင်ပါဘူး။လက်ရှိအနေ အထားအရရော ယခင်ဆောင် ရွက်ခဲ့မှု အနေအထားတွေအရ ရော ဗိုလ်ချုပ်မှူးကြီးအနေနဲ့ဝင် စွက်ဖက်မှာ ပါဝင်မှာမဟုတ်တော့ ပါဘူး။ဒီတော့ ဒီလိုထွက်နေတဲ့ သတင်းတွေ ဟာ ဖြစ်နိုင်မှာမဟုတ်ပါဘူး””ဟု ဦးဌေးဦးမှပြောကြား သွားခဲ့သည်။

ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေဖြင့် လက်ရှိအစိုးရအား ၂၀၁၀ခုနှစ် အထွေထွေရွေးကောက် ပွဲကြီးအပြီး နိုင်ငံတော် အာဏာ အရပ်ရပ်အားလွှဲပြောင်းပေးခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးမှလည်းအနားယူခဲ့ရာ ယနေ့ ထိ လူထုကြားသို့ထွက်ရှိခြင်းလုံးဝ မရှိခဲ့ပဲ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှ ပျောက်ကွယ်နေခဲ့ရာ ယခုကဲ့သို့ လူ ထုနှင့်တွေ့ဆုံ စကားပြောမည် ဟူသောသတင်းမှာမူ လက်ရှိ အနေအထားအရ လူထုမှစိတ်ဝင် စားစရာ သတင်းတစ်ခုဖြစ်နေ လျက်ရှိသည်။

ခန့်ခန့်(ဒဿနိက)

Credit : Here

မွတ်ဒေါင်းနှင့် နှိုင်းပြီး ဆုံးမပေးခဲ့သည့် ဆရာတော် ဦးဝိစိတ္တာဘိဝံသ(၀ီရသူ)၏ ရခိုင်ပြည်နယ်လေးမြို့နယ် တရားပွဲများ အထူးအောင်မြင်မှုရှိ


မိုးထိမြင့်မား အမျိုးစောင့်တရားဖြင့် ထင်ရှားသော ရခိုင်လူမျိုးတို့အပေါ် အထူးစိတ်ဝင်စားပြီး ထေရ၀ါဒ ဗုဒ္ဓ သာသနာတော် အရှည်သဖြင့် တည်တံ့ထွန်းကားရေးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်နေသော မန္တေ လး မြို့ မစိုးရိမ် တိုက်သစ် ဓမ္မသဟာယကျောင်း ဆရာတော် အသျှင်ဝိစိတ္တာဘိဝံသ(၀ီရသူ)သည် ဖေဖော် ၀ါ ရီ လ ၂၈ ရက် နေ့မှ မတ်လ၈ရက်နေ့ထိ ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ မြို့ နယ် များသို့ကြွရောက်ကာ အမျိုးဘာသာ၊သာသနာ စောင့်ထိန်းခြင်း၏ ဂုဏ်ကျေးဇူးဆိုင်ရာ တရားတော် များ ကို ဟောကြားခဲ့ရာ အထူးအောင်မြင်မှုရှိကြောင်း ဒေသခံ ဆရာတော်များက မိန့်ကြားကြသည်။

“ဆရာတော်ဝီရသူရဲ့တရားပွဲက အောင်မြင်ပါတယ်။ ရခိုင်သူရခိုင်သားတွေ အားလုံးသဘောကျကြတယ်။ ဒဲ့ဒိုး ဟောရင် နားမခံသာဖြစ်မဲ့နေရာမှာ ပညာရှင်ပီသစွာပဲ ဥပမာလေးတွေ ထည့်ပြီးဟောသွားတယ်။ အဲဒီ လို ဟောတာ ကိုလည်း တရားနာသူတွေက အလွယ်တကူနားလည် လွယ်ကြတယ်။ အဓိကဟော တာ ကတော့ အမျိုးဘာသာ၊ သာသနာကို ညီညီ ညွတ်ညွတ်စောင့်ထိန်းကြရေးပါပဲ။သံတွဲပရိတ်သတ်ကတော့ တရားပွဲတစ်ပွဲကို သောင်းနဲ့ ချီပြီးတောင် ရှိမယ်ထင်တယ်”ဟု သံတွဲမြို့မှ ရခိုင်သမိုင်းသုတေသီ ဆရာတော် အသျှင် ကောသလ္လ(ဂဝေသီ) က အမိန့်ရှိသည်။

ဆရာတော်ဝီရသူသည်ဖေဖော်ဝါရီလ၂၈ ရက်နေ့မှမတ်လ ၃ရက်နေ့ထိ သံတွဲမြို့တွင် လေး မျက်နှာကုန်း ဓမ္မာရုံ၊သရက်ပင်ကွင်းရွာ၊ကြာညိုရွာ၊ေ ရွှလှေရွာ၊ဂျိတ္တောရွာတို့၌လည်းကောင်း၊မတ်လ ၄ရက်နေ့တွင်ေ တာင် ကုတ်မြို့ ဖောင်တော်ဦးဘုရားကြီးသိမ်တော်၌လည်းကောင်း၊ မတ်လ၅ ရက်နေ့နှင့် ၆ရက်နေ့တို့တွင် ရမ်းဗြဲမြို့ တန့်သျှင်ပင် ဘုရားအနီး ကွင်းပြင်၌လည်းကောင်း၊ မတ်လ ၇ ရက်နေ့ညတွင် ကျောက်ဖြူမြို့ ဓမ္မာ ရုံ ၌လည်းကောင်း ဟောပြောခဲ့ကြောင်းသိရသည်။

ကြမ်းတမ်းလှသည့် ခရီးစဉ်တလျှောက် နေ့တရားပွဲ၊ညတရားပွဲများ မနေမနား ဟောပြောခဲ့သော်လည်း ရခိုင် အမျိုးသားတို့၏ အမျိုးဘာသာ၊ သာသနာအပေါ်ထားရှိသည့် မျိုးချစ်စိတ်ဓါတ်ကို အထူး အလေးထား လျက် တရားရေအေး အမြိုက်ဆေးကို မောပန်းနွမ်းနယ်ခြင်းမရှိ ပကတိရွှင်လန်းစွာ တိုက်ကျွေးခဲ့သည်ဟု တ ရား ပွဲဖြစ်မြောက်ရေး ကူညီဆောင်ရွက်သူများ အနက်မှ တစ်ဦးဖြစ်သူ သံတွဲမြို့ရခိုင် လူမှုကွန်ယ က် အဖွဲ့ ၀င် ဦးမြင့်မိုးက ဆိုသည်။

“သံတွဲမှာ နေ့၊ညတရားပွဲစုစုပေါင်း ခြောက်ပွဲဆက်တိုက် ဟောတယ်။ ဒီဒေသမှာက လမ်းကြမ်းပြီး ခရီးဝေး ပေမယ့် အပြုံးမပျက်ဟောခဲ့တယ်။ေ ဟာတဲ့တရားတွေကလည်း ရည်ရွယ်ချက်ချင်းတူပေမယ့် တနေရာနဲ့ တနေ ရာခေါင်း စဉ်နဲ့အကြောင်းအရာတွေမတူဘူး။ တရားနာသူတွေကလည်း ကျနော်တွေ့ဖူး သမျှ တရား ပွဲတွေထဲမှာ အများဆုံးပါပဲ”ဟု ဦးမြင့်မိုးက ပြောသည်။

ဆရာတော်သည် တရားဟောရုံသာမက မိမိထံ၌ လာရောက်လှူဒါန်း ထားသည့် ၀တ္ထုငွေများကို ရခိုင် ပဋိပ က္ခ အတွင်း ကျဆုံးခဲ့သူများ နှင့် ဒုက္ခသည်များအတွက်လည်း လှူဒါန်းခဲ့သည်။

မတ်လ ၆ ရက်နေ့က ရမ်းဗြဲမြို့နယ်ကျောက်နီမော်ဒေသသို့သွားရောက်ကာ သပြေချောင်းရွာသူ မသီ တာထွေး အပါအ၀င် ပဋိပက္ခဖြစ်စဉ်နှင့်ဆက်စပ် ကျဆုံးခဲ့ရသော ဦးဟန်ရွှေ နှင့် ဦးသန်းတင်တို့၏ မိသား စုများ အတွက် မိသားစုတစ်စုလျင် ငွေကျပ် သုံးသိန်းစီကို လှူဒါန်းခဲ့ပြီး၊ မတ်လ ၇ ရက်နေ့မှာ ကျောက်ြ ဖူမြို့ သံဖြူကျောင်းတွင် ကျောက်ဖြူ ဒုက္ခသည်များ အတွက် ၅၂သိန်း၊ မြေပုံ အတွက် ၂၂သိန်း ၉ သောင်း၊ မင်းပြား အတွက် ၂၈သိန်း ၉ သောင်း၊ မြောက်ဦး အတွက် ၆၀ သိန်း ၁ သောင်း၊ ရသေ့တောင် အတွက် ၄ သိန်း ၈ သောင်း၊ ကျောက်တော် အတွက် ၃၂သိန်း ၆ သောင်း တို့ကိုလှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

ဆရာတော်သည် အင်္ဂလန်နိုင်ငံ The NOX & Nan Amara Music Group မှ ယခုနှစ် ဖေဖော် ၀ါရီလ၂၄ရက် နေ့တွင် ဆက်ကပ်ချီးမြှင့်သော Freedom of Religion ဆုကို ခံယူခဲ့ပြီးနောက် ရခိုင်ဒေသ တရားေ ဟာ ခရီးစဉ်ကို စတင်ခဲ့ခြင်း ဖြစ်သည်။

ဇင်ကီး
Arakan Times

Credit : Here

နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါ


တပ်မတော် သားမှ မဟုတ် ဒီမြေမှာမွေး ဒီရေ ကိုသောက် ဒီမြေမှာကြီး ပြင်း လာကြသော မည်သူမဆို ဒီမြေ ဒီရေ ဒီနိုင်ငံ ကို သစ္စာစောင့် သိရမည် ဖြစ်သည်။ အရိပ်နေနေ အခက် ချိုးချိုး ၊ သားရေ ပေါ်အိပ် သားရေ နားစား ဟူသော ကျေးဇူး ကန်းမှု များသည် လွန်စွာမှ စပ်ဆုတ် ရွံ့ ရှာဖွယ်ရာ ကောင်းလှပေ သည်။ မြန်မာ တို့သည် သူထူး၏ ကျေးဇူး တရားကို တန်ဖိုးထား လေးစား လိုက်နာကြသူများဖြစ်သည် ဟု ကျွန်တော်ပြောလျှင် မှားအံ့ မထင်။ ငခင်ညို ၏ တလုတ်စားဖူးသူ့ကျေးဇူး ကိုသိရှိပြီးဖြစ်ရာ ငယ်စဉ်မှ ယနေ့ ယခု အချိန်ထိ တိုင်ရင်သားညီ အကိုမောင်နှမ အာလုံး တို့အား စားဝတ်နေရေး အတွက် ကောက်ပဲသိးီနှံ ဆန်စပါးတို့ ကို ထုတ်လုပ်ပေးနေသော အမိ နိုင်ငံတော် ၏ ကျေးဇူးကို မူ ပြောဖွယ်ရာပင် မရှိတော့ပေ။

ထို့အတူ မြန်မာတို့ သည် မျိုးချစ် စိတ်ဓါတ် ထက်သန်သူများ ၊ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းရင်းသားများ အပေါ် ချစ် မြတ်နိုး တန်ဘိုးထားသူများ ဖြစ်ကြ ပေသည်။မျိးချစ်စိတ် ပြင်းထန်ပြီ လွတ်လပ်မှု ကို အသက်တမျှ တန်ဖိုးထား သောမြန်မာတို့သည် သူ့ကျွန်ဘ၀ ကလွတ်မြောက်ရန် အသက်သွေးချွေး များစွာ ပေးဆပ် ရယူ ကြိုးပမ်း ခဲ့ကြသည်။ သို့ဖြင့် ၁၉၄၈ ခုနှစ်တွ် အသက်တမျှ မြတ်နိုး သော လွတ်လပ်ရေးကြီး အားပြန်လည် ရရှိခဲ့ခြင်း ဖြစ်သည်။ လွတ် လပ်ရေး ကြိုပမ်းမှု အခန်းကဏ္ဍ တွင် တပ်မတော် သည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အမိနိုင်ငံ အတွက် ၊လွတ်လပ်ရေး အတွက် အသက်သွေးချွေးတို့ဖြင့် ရင်း၍ တိုက်ပွဲဝင်ခဲ့သော ယနေ့ မြန့်မာ တပ်မတော်၏ ဖခင် ထိုစဉ်က ဗမာ့ လွတ်လပ်ရေး တပ်မတော် BIA ၏ ဗန်ကောက်မှ မြန်မာ သို့မထွက်ခွာ မီ ဗိုလ်ချုပ်အောင်ဆန်းမှ မိန့်ခွန်း ပြောကြားရာ တွင် တပ်မတော်၏ စွန့်လွှတ်အနစ်အနာခံမှု အဖြစ် " ရဲဘော်တို့ အိပ်ရန်မြေကြီး ၊ စားရန်ကျောက်ခဲ ၊ ဒါပဲ ငါတတ်နိုင်တယ် " ဟု ထည့်သွင်းပြောကြား ခဲ့ခြင်းဖြင့် အထင် အရှားတွေ့ ရမည် ဖြစ်သည်။

ထို့ အတူ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ရောင်စုံ သောင်းကျန်းသူမျာ အား လည်း တပ်မတော်မှ သာ အသက်သွေးချွေးများ ရင်နှီးပေးဆပ် ပြီး တိုင်းပြည် နှင့် လူမျိုး အတွက် ကာကွယ် ခဲ့ ကြောင်း တွေ ရှိရမည် သာဖြစ်ပါသည်။ သို့ဖြစ် ပါ၍ ယနေ့တပ်မတော် သည် ပန်းခင်းသော လမ်း ကိုငြိမ်းချမ်းစွာ လျှောက်လှမ်းခဲ့ ရသည် မဟုတ် ဘဲ ဆူးလွှမ်းသော ခရောင်းလမ်း ကိုကြမ်းတမ်းစွာ ဖြတ်သန်းကျော်လွှားခဲ့ ရသည် ဆိုခြင်း မှာ လယ်ပြင်မှာ ဆင်သွားသကဲ့ သို့ ထင်ရှားလျှက် ရှိပေသည်။မည်သို့ကြမ်းတမ်း ခက်ခဲပါစေ တပ်မတော် သားတို့ သည် ၀ါသနာ၊ စေတနာ ၊ အနစ်နာ ခံ၍ မိမိ နိုင်ငံ နောက်တဖန် တိုင်းတပါး လက်အောက် နည်းလမ်းမျိုးစုံ ဖြင့် မရောက်ရှိစေ ရေးအား ကြိုးပမ်းခဲ့ ပေသည်။ ထို့သို ပြောလျှင် တိုင်းတပါး လက်အောက်ရောက်ရှိ ခြင်း ဆိုသော နည်းလမ်းများ ထည့်သွင်း ပြောရမည် ဖြစ်သည်။ ခတ်သစ် နယ်ချဲ့ နည်း များစွာ ရှိပါသည်။ ထိုထဲ မှ အောက်ပါတို့မှာ လက်တွေ့ အများဆုံး လုပ်ဆောင်နေသာ လုပ်နည်း လုပ်ဟန်များ ဖြစ်ပါသည်-

( က ) လက်နက်ဖြင့် သိမ်းယူ နယ်ချဲ့နည်း
( ခ ) လူဦးရေဖြင့် ၀ါးမျိုနည်း
( ဂ ) ယဉ်ကျေးမှုဖြင့် ၀ါးမျိုနည်း
( ဃ ) စီးပွားရေးဖြင့် ၀ါးမျိုနည်း
( င ) နိုင်ငံရေးဖြင့် ကြားဝင်စွတ်ဖက် ၀ါးမျိုခြင်း
( စ ) ဘာသာရေး နည်းလမ်းဖြင့် ၀ါးမျိုခြင်း တို့ဖြစ်သည်။

ထိုထဲမှ တနည်းနည်းဖြင့် လက်အောက်သို့ရောက်ရှိ ခြင်းသည် လည်း တိုင်းတပါးအောက် ကျွန်ဖြစ်ခြင်း မည်ပေသည်။ ထိုသို့ မဖြစ်စေရေး တပ်မတော် တွင်သာ တာဝန်ရှိသည် မဟုတ်။ နိုင်ငံ အတွင်း မှီတင်း နေထိုင် ကြသော တိုင်းရင်းသား အားလုံး အပေါ်တွင် တာဝန် ရှိနေသည် ဟု ခံယူ ကြရမည်ဖြစ် သည်။ တပ်မတော်သားတို့ အနေဖြင့် ကား အထူးပြောရန်မရှိ ပြီ ။ နေ့စဉ် မာန်ပါပါဖြင့် ရွတ်ဆိုနေသော သစ္စာ အဓိဋ္ဌာန် ( ၄ ) ချက်တွင် နံပါတ် ( ၁ ) အချက်မှာ " ငါတို့ သည် နိုင်ငံတ်ာနှင့် နိုင်ငံ သားတို့ ၏ သစ္စာ ကိုစောင့် သိ ရိုသေပါမည် " ဟူ၍ ဖြစ်ပြီး နံပါတ် ( ၄ ) အချက်မှာ " ငါ့ နိုင်ငံတော် ငါ့ နိုင်ငံ သား ငါ့ တပ်မတော် အတွက် ငါ၏ အသက် ကို စွန့်လွှတ် ရန် အဓိဋ္ဌာန် ပြုပါ၏ " ဟု နေ့စဉ် သစ္စာ ဆို ထားပြီး ဖြစ်ပါသည်။

အမိ နိုင်ငံတော်၏ ကျေးဇူးသစ္စာ ကိုစောင့် သိရိုသေ တတ်ခြင်းသည် တိုင်းရင်းသားတိုင်း ၏ မွေးရာပါ အသိစိတ်ဓါတ်တွင် ကိန်းအောင်း ပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော သူ အပေါင်း အနေဖြင့် နိုင်ငံတော်၏ သစ္စာ ကိုစောင့်သိ ရိုသေရာ ရောက်စေရန် နိုင်ငံတော် ပြိုကွဲ စေ မည့် ပြောဆိုပြုမူ ကြံဆောင်လုပ်ကိုင် မှုများ ၊ နိုင်ငံတော်ကြီးအား အန္တ ရယ် ဖြစ်စေနိုင်သော ပြောဆိုပြုမူ ကြံ စည် လုပ်ကိုင်မှုများ အား မပြုလုပ်မိစေရန် အထူး လိုအပ်ပါသည်။ ဆူပူ သောင်းကျန်းလို သည့် မည်သူ့ ကိုမဆို တိုင်းရင်းသား ပြည်သူ တရပ်လုံးမှ ၀ိုင်းဝန်း ကန့်ကွက် ရှုံ့ချဖို့လိုအပ် ပါသည်။

အမိနိုင်ငံတော် အပေါ် သစ္စာ ဖောက်ဖျက် မှုများ ပြုလုပ်လာပါက လည်း ကမ္ဘာ ပေါ်တွင် မည်သည့် နိုင်ငံ တွင်မျှ လက်ခံ ခွင့်လွှတ်သည် ဟူ၍ မရှိပေ ။ အကြီးလေးဆုံးသော ပြစ်ဒါဏ်များနှင့် ပညတ် ထားပေသည်။ လူသားတစ်ဦးအတွက် ပြစ်ဒဏ် ထိုက်သင့် ရာတွင် မိမိနိုင်ငံ အပေါ် မှာ ပင်လျှင် သစ္စာမရှိသောကြောင့် ထိုက်သင့် သော ပြစ်ဒါဏ် သည့် ရှက်စရာ အကောင်းဆုံး ဂုဏ်သိက္ခာ အကင်းမဲ့ဆုံးေ သာ ပြစ် ဒါဏ် ဖြစ်ပေသည်။ ထိုသို့သော သူများ အား လည်း တပါးသောနိုင်ငံမျာမှ ထောက်ပံ့ပေးကမ်း ချီးမြှောက် နေခြင်းမှာ လဲ တိုင်းပြည်တပြည် ၏ အချုပ်အခြာ အာဏာ ကို ၀င်ရောက်လွှမ်းမိုး ချယ်လှယ် လိုသော စိတ် ဖြင့် သာထောက်ပံ့ ပေးကမ်း ချီးမြှောက် နေခြင်းဖြစ်ပေသည်။ အကျိုးမလိုဘဲ နှင့် မည်သူမျှ ညောင်ရေမလောင်းပေ။

သို့ဖြစ်၍ ကျွန်တော်တို့ နိုင်ငံ တွင်မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီ အကို မောင်နှမ အပေါင်း တို့ အနေဖြင့် အသက်သွေးချွေး များစွာပေးဆပ် ရယူခဲ့ရသော လွတ်လပ်ရေးအား မည်သည့် နည်းနှင့်မျှ တိုင်းတပါး လက်အောက်သို့ တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ မရောက်ရှိစေရေး ၊ တိုင်းတပါးသြဇာခံ ရုပ်သေး အစိုးရ မဖြစ်စေရေး ကို ကာကွယ် စောင့်လျှောက်ရင်း နိုင်ငံတော်နှင့် နိုင်ငံ သားတို့၏ သစ္စာ ၊ အမိနိုင်ငံတော် ၏ လွတ်လပ်ေ ရးအတွက်ကျိုးပမ်းရင်း ကျဆုံးခဲ့ကြကုန်သော တိုင်းရင်းသားညီ အကိုမောင်နှမများ၏ သစ္စာ ကို မဖြစ်မနေ စောင့်သိ ရိုသေ သွားကြရမည် မှာ သမိုင်းပေး တာဝန် တခု ပင် ဖြစ် ပါကြောင်း ရေးသား ဖော်ပြအပ်ပါသည်။

နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေ ကြပါစေကြောင်း ဆန္ဒပြုရင်း ...

Credit : Here

ကမ္ဘာ့နိုင်ငံရေး ဖြစ်စဉ်များနှင့် ကျွန်တော်တို့ နိင်ငံ


နိုင်ငံတနိုင်ငံ တွင် အရေးပါ သော ပထ၀ီ နိုင်ငံရေး အခြေအနေများကြောင့် ၄င်းနိုင်ငံ၏ အချုပ်အခြာ အာဏာ နဲ့ အမျိုးသားစရိုက် လက္ခဏာ များကို ထိပါးရိုက်ခတ်မှု များကြုံတွေ့ရနိုင်ပါသည်။သို့ ကြောင့် နိုင်ငံတနိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ် ထိန်းသိမ်းရန်နှင့်အမျိုးသား အကျီုးစီးပွား ကိုဖော်ဆောင်ရန်အတွက် ပထ၀ီဝင် ဆိုင်ရာ အချက်အလက်များ ၏ အရေးပါမှုကို လေ့လာသိရှိရန် လို အပ်ပါသည်။

ပထ၀ီအခြေခံ သဘောနဲ့ နိုင်ငံရေးကိုလေ့လာမယ်ဆိုပါက -

(၁) နိုင်ငံရေးပထ၀ီဝင် (Political Geography)
(၂) ပထ၀ီဝင်နိုင်ငံရေး (Geopolitics) ဟုနှစ်မျိုးလေ့လာတွေ့ရှိရပါသည်။

နိုင်ငံရေး ပထ၀ီဝင် ဆိုသည်မှာ နိုင်ငံတနိုင်ငံ ရဲ့ နိုင်ငံရေး ကိစ္စရပ်တွေမှာ အထောက်အကူ ဖြစ်စေတဲ့ ပကတိ အချက်အလက် မှန်များ ဖြစ်ပြီး ပထ၀ီဝင် နိုင်ငံရေး ကတော့ပထ၀ီဝင် အခြေပြု နိုင်ငံရေး မှန်းဆချက် များလို့ နားလည် မှတ်ယူနိုင်ပါတယ်။

လိုက်ပ်ဇစ် တက္ကသိုလ် (University of Leipzig) မှ ပထ၀ီဝင် ပါမောက္ခဖြစ်သူ ဖရက်ဒရစ်ရတ်ဇယ်လ် (Friedich Ratzel) သည် ၁၈၉၇ ခုနှစ်မှာ နိုင်ငံရေး ပထ၀ီဝင် ဟု အဓိပ္ပါယ်ရသည့် (Politisch Geographic) စာအုပ်ကို ရေးသားခဲ့ပါတယ်။ ၄င်းစာအုပ်မှာ စာရေးသူ သည် နိုင်ငံတနိုင်ငံ၏ နယ်နိမိတ် ဆိုတာ ယာယီ သာဖြစ်ကြောင်း အင်အားကြီး နိုင်ငံများက နည်းလမ်း အမျိုးမျိုးဖြင့် အင်အားနည်း နိုင်ငံများအား သိမ်းသွင်းရန် ကြီုးပမ်းလာမည် ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ပါတယ်။ ရတ်ဇယ်လ် ၏ အယူအဆမှာ ပင်လယ်ပြင် သည် ယဉ်ကျေးမှုများ အား ဆက်စပ်ပေးနိုင်သည့် အရေးပါသော အရာဖြစ်ကြောင်း တင်ပြခဲ့ သည်။

၁၉၃၀ ပြည့် နှစ်များတွင် ဂျာမန် နာဇီ များသည် ရတ်ဇယ်လ်၏ သဘောထား များအား လက်ခံခဲ့ ရုံသာမက လက်တွေ့ကျင့် သုံးခဲ့ကြသည်ကိုတွေ့ရှိရသည်။ထို့ အပြင် ၄င်း အယူအဆ အား ယခုလက်ရှိ အချိန်အထိ လက်ခံကျင့်သုံးနေကြောင်း အား အနောက် ဥရောပ နိုင်ငံများနှင့် အဓိက ဖွဲ့စည်းထားေ သာ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (NATO) ၏ လုပ်ဆောင်နေမှုများမှ သိမြင်နိုင်မည် ဖြစ်သည်။

ထို့ အပြင် ဗြိတိသျှ တွေးခေါ်ရှင် တဦးဖြစ်သော မက်ကင်ဒါ (Sir Halford Mackinder) (၁၈၆၁-၁၉၄၇) သည်ကမ္ဘာ့ ဗဟိုချက် အယူအဆအား ထုတ်ဖေါ် တင်ပြခဲ့သည်။ ၄င်း၏ အယူအဆမှာ ကမ္ဘာမြေပြင်၏ လေးပုံသုံးပုံမှာ ရေပြင် ဖြစ်ပြီး ကျန်တပုံသာ ကုန်းမြေ ဖြစ်ကြောင်း သို့ဖြစ်၍ မြေပြင် တခုလုံးအား ရေပြင် အလယ်မှ ကျွန်းများ အဖြစ် ရှုမြင်ရမည် ဖြစ်ကြောင်းနှင့် ၄င်းကျွန်းကြီးများတွင် ကမ္ဘာ့ ဗဟိုချက် ဒေသများ သည် အောက်ပါ အတိုင်းဖြစ်ကြောင်း တင်ပြခဲ့သည်-

(၁)ရုရှား
(၂)တရုတ်နိုင်ငံအနောက်ပိုင်း
(၃)မွန်ဂိုလီးယား
(၄)အာဖဂန်နစ္စတန်
(၅)ပါကစ္စတန်
(၆)အီရန်(ယခင် မက်ဆိုပိုတေးမီးယားဒေသ)
(၇)အီရတ် ဒေသများဖြစ်သည်။

၎င်းဗဟိုချက်ဒေသအားချုပ်ကိုင်နိုင်သူသည်ကမ္ဘာကြိးအားလွမ်းမိုးနိုင်မည့်သူသာဖြစ်ကြောင်းမက်ကင်ဒါကတင်ပြခဲ့သည်။

မက်ကင်ဒါ ၏အယူအဆအားဝေဖန်သူတို့က ၄င်းဒေသများသည် အေးခဲသောဒေသများနှင့် အလွန် လူနေကျဲပါး သော ဒေသများ သာဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။ ယနေ့ခောတ် တွင် တိုက်ချင်းပစ် ဒုံးပျံများ၊လေကြောင်းနှင့်အာကာသ ဆိုင်ရာ တိုးတက်မှုများကြောင့် လက်တွေ့တွင် အသုံးဝင်မှု နည်းပါးကြောင်း ထောက်ပြခဲ့ကြသည်။သို့ရာတွင် ဒုတိယကမ္ဘာစစ်အပီး အမေရိကန်ပြည်ေ ထာင် စု၏ Cotainment Policy ခေါ် ကွန်မြူနစ် နိုင်ငံများအား ၀န်းရံပိတ်ဆို့ သည့် စနစ်သည် ကမ္ဘာ့ဗဟိုချက် ဒေသအား ချုပ်ကိုင်ခြင်းပင်ဖြစ်ကြောင်း မက်ကင်ဒါက ပြန်လည် ထောက်ပြခဲ့သည်။

ထို့ အပြင် အမေရိကန်ပြည်ထောင်စု အနေဖြင့် ဒုတိယအကြိမ် ပထ၀ီဝင် နိုင်ငံရေးပညာအား လက်တွေ့အသုံးချခဲ့မှုမှာ ရုရှားနိုင်ငံပိုင် အလာစကားနယ် (Alaska) အားဝယ်ယူခဲ့ခြင်းပင်ဖြစ်သည်။ အလာစကားနယ် သည် ရုရှားနိုင်ငံ၏ အာရှအရှေ့ဖျား နယ်မြေများနှင့် ကျဉ်းမြောင်းသော ဘယ်ရင် ရေလက်ကြားသာ (Bering) ပိုင်းခြားထားပြီး ၁၈၆၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၇.၂) သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။အာရှတိုက်ရှိ အမေရိကန် ကစားပွဲများအား ကြည့် လျှင် ကိုရီးယားတွင်သရေပွဲ ဖြစ်ခဲ့ပီး ဗီယက်နမ်တွင် စစ်ရှုံးခဲ့သည်။ ဂျပန်၊တောင်ကိုရီးယား၊ ၾသစေတ်းလ် တို့တွင် စစ်အခြေစိုက် စခန်းများထားရှိခြင်း၊ ထိုင်ဝမ်၊ ပါကစ္စတန်၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံများနှင့် မဟာမိတ် ဖွဲ့ခြင်းတို့ဖြင့် နူကလီးယား ထီးရီပ်မိုး ကာကွယ် ပေးခဲ့ သည်များ ကိုလဲ တွေ့ရှိရမည် ဖြစ်ပါသည်။သို့ရာတွင် ဒီပလိုမေစီ စစ်မျက်နှာ ဘက်မှ ကြည့်လျှင် အမေရိကန် နိုင်ငံ သည် တရုတ်နှင့် ရုရှား ဂရိတ်ပါဝါ နိုင်ငံများအား ပိတ်ဆို့ ချုပ်ကိုင်ရန် ကြိုးပမ်းသော်လည်း ကမ္ဘာ့ဈေးကွက် ကြီးများအား ပိုင်ဆိုင်ထားသူချင်း အကျိုးမရှိဘဲ ပဋိပက္ခဖြစ်အောင်လုပ်ကြမည်မဟုတ်ပေ။

သို့ဖြစ်ပါ၍ ပထ၀ီဝင်နိုင်ငံရေး သည် မျက်မှောက်ကာလ တွင် အရေးပါသောနိုင်ငံရေး အခင်းအကျင်း တွင်ပါဝင်လာပေရာ ကမ္ဘာ့ဗဟိုချက် သည် အာရှတိုက် ဖြစ်လာနေကြောင်း အမေရိကန်၏ ယနေ့လက်ရှိ အာရှပစိဖိတ် မူဝါဒ ပြောင်းလဲလာနေမှုများ အားကြည့်ရှုခြင်းဖြင့် သိရှိနိုင်ပေမည် ဖြစ် သည်။သို့ဖြစ်၍ ယနေ့ အချိန်တွင် ၄င်းအင်အားကြီး နိုင်ငံများ၏ အားပြိုင်မှု နှင့် နိုင်ငံရေး ပထ၀ီဝင် ၏အရေးပါမှုအား ဆက်လက် စောင့်ကြည့်ရင်း မိမိ နိုင်ငံ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် ထိမ်းသိန်း ကာကွယ်စောင့်ရှောက် သွားရမည်သာ ဖြစ်ပါကြောင်း ရေးသား ဖော်ပြအပ်ပါသည်။။။။။။။။။

Credit : Here

အသုံးပြုသူ စိတ်ကြိုက် သတင်း အပြင်အဆင် ထားနိုင်မှုနှင့် ပိုမိုကြီးမားသော ဓာတ်ပုံများ ပါဝင်သည့် ပင်မ စာမျက်နှာ သစ် Facebook မိတ်ဆက်


Facebook စာမျက်နှာတွင် မိတ်ဆွေများ၏ သတင်းများနှင့် ကမ္ဘာ့သတင်းများကို စိတ်ကြိုက်ပြင်ဆင်ကာ personalized news paper အဖြစ်ပြောင်းလဲနိုင်သော ၀က်ဘ်ဆိုက်စာမျက်နှာသစ်ကို စတင်အသုံးပြု သွားမည်ဖြစ်ကြောင်း Facebook က မတ် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Facebook ၏ News Feed အသုံးဝင်မှုကို ပြင်ဆင်ခဲ့ပြီး အသုံးပြုသူက ကိုယ်နှစ်သက်ရာ သတင်းများကို စိတ်ကြိုက်ထားရှိခွင့် ပေးထားသော ၀န်ဆောင်မှုကို စတင်ပြီဖြစ်ကြောင်း Facebook ကို ပူးတွဲ တည်ထောင်သူ မာ့ခ်ဇက်ကာဘက်က ပြောကြားခဲ့သည်။ "ဒါဟာ ကိုယ့်စိတ်ကြိုက် သတင်းစာမျိုးတစ်ခုကို ထားရှိခွင့်ရတဲ့ အထူးနေရာတစ်ခုလို့ ကျွန်တော်ထင်ပါတယ်" ဟု သူကဆိုသည်။

Facebook သည် သူ၏၀က်ဘ်ဆိုက်ကို စားပွဲတင်ကွန်ပျူတာများ၊ လက်တော့ပ်များတွင် အသုံးပြုနေသည့်အတိုင်း မိုလ်ဘိုင်းဖုန်းများ သင်ပုန်းကွန်ပျူတာများတွင် အသုံးပြုနိုင်ရန် စီစဉ်နေပြီး အသွင်သစ်တွင် ဓာတ်ပုံများကို ပိုမိုကြီးမားစွာမြင် တွေ့နိုင်မည်ဖြစ်သည်။ Facebook အသုံးပြုသူသည် CNN နှင့် အခြားမီဒီယာ အဖွဲ့အစည်းများ၏ ၀က်ဘ်ဆိုက်များကို Like လုပ်ထားပါက မီဒီယာ ၀က်ဘ်ဆိုက်များ၏ ထိပ်တန်းသတင်းများ၊ ပြန်လည်မျှဝေမှု အများဆုံး သတင်းများကို ၎င်း၏စာမျက်နှာ တွင် ဖော်ပြနေမည်ဖြစ်သည်။ မိုဘိုင်းဝက်ဘ်ဆိုက်များတွင် News Feed အသုံးဝင်မှုကို ထည့်သွင်း ပြီး ကြော်ငြာများ ထည့်သွင်းနိုင်သောကြောင့် Facebook သည် ပြီးခဲ့သည့်နှစ်က အခြားကြော်ငြာ လုပ်ငန်းများထက် မိုဘိုင်းကြော်ငြာဝင်ငွေ ပိုမိုရရှိခဲ့ကြောင်း ကြော်ငြာလုပ်ငန်းကျွမ်းကျင်သူ eMarketer က ဆိုသည်။

Facebook သည် ၂၀၁၂ ခုနှစ်တွင် အမေရိကန်မိုဘိုင်းကြော်ငြာ ဈေးကွက်၏ ၁၈ ဒသမ ၄ ရာခိုင်နှုန်းကို ရရှိခဲ့ကြောင်း eMarketer က ခန့်မှန်းခဲ့သည်။ အမေရိကန် မိုဘိုင်းကြော်ငြာဈေးကွက်သည် ယမန်နှစ်က ဒေါ်လာ ၄ ဘီလျံရှိခဲ့ပြီး ယခုနှစ်တွင် ဒေါ်လာ ၇ ဒသမ ၁၉ ဘီလျံအထိ မြင့်တက်လာမည်ဟု eMarketer က ခန့်မှန်းထားသည်။

Credit : Here

HTC ထုတ်မည့် Facebook ဖုန်း


HTC နဲ့ Facebook တို့ သဘောတူညီချက် ရယူလို့ ထုတ်မယ့်ဖုန်း ဖြစ်ပါတယ်။

ကီးဘုတ်ဖုန်း ဖြစ်ပြီး ၄.၃ လက်မ touchscreen ပါဝင်မယ်လို့ ဆိုပါတယ်။ ဖုန်းရဲ့  Specification ကတော့ mid class ပဲရှိတယ်လို့ ဆိုပါတယ်။

5 megapixel နောက်ကင်မရာ၊ ရှေ့ ကင်မရာ 1.6 megapixel

RAM 1GB, storage 16GB (micro SD ကဒ်မရ),

Processor 1.5GHz Snapdragon dual-core processor

Android Jelly Bean

အစရှိတဲ့ Specification များနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Faecbook ကိုတိုက်ရိုက်ဝင်ရမယ့် Feature တွေပါဝင်ပါမယ်။ Instagram ပါမယ်။ အစရှိတဲ့ Social media plugin များကို ဖုန်းထဲမှာ Integrated လုပ်ထားပြီး အင်တာနက် အသုံးပြုလို့ ကောင်းမယ့်ဖုန်းလို့ ဆိုပါတယ်။

ဈေးနှုန်းဘယ်လောက်ရှိလည်း ဆိုတာကိုတော့ မကြေညာရသေးပါဘူး။ HTC Myst လို့ အမည်ပေးထားပြီး ယခု ၂၀၁၃ နှစ်လယ်နောင်းပိုင်းမှာ ထွက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

Credit : Here

ဘဏ်များ၏အလားအလာ

ဘဏ်တွင် ငွေစာရင်းဖွင့်ကြသူများ

ကမ္ဘာ့ဘဏ်၏ သုတေသန တစ်ခုအရချမ်းသာသောဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဝင်ငွေမြင့်သူရော၊ ဝင်ငွေနိမ့်သူရောဘဏ်စာရင်းဖွင့်ထား ကြသည်။ သို့သော်လည်းဖွံ့ဖြိုးဆဲ နိုင်ငံများ၌မူထိုသို့မဟုတ်ပေ။

ချမ်းသာသော နိုင်ငံများတွင် အရွယ်ရောက်သူများ၏ ၆၂% ခန့် က ဘဏ်စာရင်းဖွင့်ထားကြသော် လည်းဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၂၄% သာဖွင့်ကြသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် အရွယ်ရောက်သူသန်းပေါင်း ၂၅ဝဝ ခန့် ဘဏ်စာရင်းဖွင့်ထားကြသော်လည်းဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘဏ်စာရင်းဖွင့် ထားသူ နည်းပါးသည်။

အများအားဖြင့် အနီးအနားတွင် ဘဏ်မရှိ၊ ရှိပြန်လျှင်လည်းမသုံးနိုင် သဖြင့် အနာဂတ်အတွက် လုံခြုံစိတ် ချစွာစုဆောင်းနိုင်ရန် ပညာရေးအတွက်သော်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းလုပ်ရန်အတွက်သော် လည်းကောင်းအရေးပါသောရင်းနှီး မြှုပ်နှံမှုပြုလုပ်ရန် အခက်အခဲတွေ့ လျက်ရှိသည်။

နိုင်ငံတစ်နိုင်ငံ၏ ဘဏ္ဍာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးတိုးတက်မှုတို့သည် အပြန်အလှန် ဆက် စပ်လျက်ရှိပြီးဘဏ္ဍာရေးတိုးတက်ဖွံ့ဖြိုးမှုဟုဆိုရာတွင် အများ ပြည်သူကျယ်ကျယ်ပြန့်ပြန့် ပါဝ င်နိုင် ရေး လည်းပါဝင်သည်။

အများအားဖြင့် ဝင်ငွေမရှိခြင်း၊ အသုံးစရိတ်ကဝင်ငွေထက် နည်းနေ ခြင်းတို့ကြောင့် ဘဏ်စာရင်းဖွင့်လှစ် ထားခြင်းမရှိဟုအကြောင်းပြလေ့ရှိရာစီးပွားရေးတိုးတက်ပြီးဝင်ငွေမြင့် မားလာလျှင် ထိုအကြောင်းပြချက် များလျော့နည်းသွားနိုင်သည်။

ကြွယ်ဝချမ်းသာသောဖွံ့ဖြိုးပြီးနိုင်ငံများ၌ အခြားမိသားစုဝင်များတွင် ဘဏ်စာရင်းရှိသဖြင့် မိမိတို့ အတွက် သီးခြားဘဏ်စာရင်းဖွင့်စရာမလိုကြောင်းအကြောင်းပြတတ်ကြသည်။ ဝင်ငွေနိမ့်သူများကမူအနီးအနားတွင် ဘဏ်မရှိကြောင်းအကြောင်းပြကြသည်။ ဝင်ငွေနိမ့် မိသားစုများသည် ကျေးလက်ဒေသ များတွင် နေ ထိုင်လေ့ရှိကြပြီးကျေးလက်ဒေသများ၌ ဘဏ်အရောက် အပေါက်နည်းကြသည်။ ထို့ကြောင့် ဘဏ် စာရင်းဖွင့်ရန် ဝင်ငွေရှိသည့်တိုင် ဘဏ်သို့သွားပြီးငွေ အပ်ရန်၊ ငွေထုတ်ရန် ခက်ခဲနေတတ်ကြသည်။

တစ်ဖန် ဝင်ငွေကြောင့်မဟုတ်၊ လိုအပ်သောစာရွက်စာတမ်းအထောက်အထားမပြည့်စုံခြင်းကြောင့် ဘဏ် ကို အသုံးမပြုခြင်းဖြစ်သည်ဟုအကြောင်းပြသူများရှိသည်။ ဘဏ်များက အမြဲတမ်းနေရပ် အထောက် အထား၊ လစာထုတ် စာရွက်တို့ကိုတောင်းခံလေ့ ရှိသော်လည်း ပြင်ပတွင် စီးပွားရေး လုပ် ကိုင်နေသူ များ အနေဖြင့် ထိုအခြေခံကျသောစာရွက်စာတမ်းများ၊ အထောက် အထားများပင် လျှင် ပြ ည့်ပြည့်စုံစုံ မရှိသည် ကိုတွေ့ရ သည်။

ဘဏ်များနှင့် နီးစပ်ခြင်း၊ စာရင်းဖွင့်ရန် စရိတ်စကအကုန်အကျနည်း ခြင်းဟူသောအခြေအနေကောင်း များ နှင့် ကြုံကြိုက်သည့်နိုင်ငံများတွင် ဘဏ်စာရင်းဖွင့်သူပိုမိုများပြားလေ့ရှိသည်။ ထိုစာရင်းကိုအသုံးပြုမှု လည်း များပြားသည်။

စာရင်းဖွင့်ရန် စရိတ်သက်သာ ခြင်း၊ အချို့သောစာရင်းမျိုးအတွက် အထောက်အထားစာရွက်စာ တမ်းတောင်း ခံခြင်း မရှိသောမူဝါဒများရှိ လျှင် ကျေးလက်ဒေသ၌ နေထိုင်သူများနှင့် ဆင်းရဲသားများ၏ ဘဏ် စာရင်းပိုင်ဆိုင်မှု တိုးပွားလာသည်ကိုတွေ့ရသည်။

ကမ္ဘာပေါ်တွင် အရွယ်ရောက် သူတစ်ဝက်ခန့်သည် တစ်ဦးတည်းစာရင်းဖွင့်ခြင်း၊ သို့မဟုတ် ပူးတွဲ စာရင်းဖွင့်ခြင်းတို့ ပြုလုပ်ကြရာဖွံ့ဖြိုး ပြီးသော နိုင်ငံများ၏ တစ်ဝက်သောဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဘဏ် စာရင်းများထားရှိကြသည်။

ချေးငွေကတ်ပြားကိုင်ဆောင်မှု တွင် အချိုးအစားကွာဟချက် ပို၍ ကြီးမားသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အရွယ်ရောက်သူတစ်ဝက်ခန့်က အကြွေးဝယ်ကတ်ပြားကိုင်ဆောင်နိုင် ကြသော်လည်းဖွံ့ဖြိုးဆဲနိုင်ငံများ ရှိသူ ၇%ခန့်သာကိုင်ဆောင်နိုင်ကြသည်။

အဆိုပါနိုင်ငံများ၏ ဝင်ငွေနှင့် ပညာရေးအဆင့်အတန်းမြင့်မားလာသည်နှင့်အမျှ ဘဏ်၏အဆင့် အတန်းလည်းသိသိသာသာမြင့်မားသွားသည်။ အာဖရိကတွင် တက္က သိုလ်ဘွဲ့ရသူ ၅၅% ခန့်တွင် ဘဏ် စာရင်းရှိပြီးမူလတန်းပညာတတ် မြောက်သူ၊ သို့မဟုတ် စာမတတ်သူများ၏ ၁ဝ% ခန့်သာ ဘဏ်စာရင်း ရှိသည်။

ထို့အတူပင် ဘဏ်စာရင်းဖွင့်ရာတွင် အမျိုးသား၊ အမျိုးသမီးကွာဟချက်လည်းရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် အရွယ်ရောက်သူအမျိုးသားများ၏ ၄၆% ၌ ဘဏ်စာရင်းရှိကြသော်လည်းအမျိုးသမီးများ၏ ၃၇% သာဘဏ်စာရင်းရှိသည်။

အာရှတောင်ပိုင်း၊ အရှေ့ အလယ်ပိုင်းနှင့် အာဖရိကမြောက် ပိုင်းတို့တွင် အမျိုးသားအမျိုးသမီးများ၏ ဘဏ်စာရင်းဖွင့်မှုအချိုးအစားနိမ့်ကျရာအမျိုးသားများ၏ ၂၇% နှင့် အမျိုးသမီးများ၏ ၂၂% သာဘဏ်စာရင်းရှိကြသည်။

ဘဏ်များကိုအသုံးပြုပုံ

ဘဏ်တွေကိုစီးပွားရေးလုပ်ငန်းများကအဓိကအားဖြင့် အသုံးပြုကြ မည်ဟုထင်ရသော်လည်းလက်တွေ့ တွင် ထိုသို့မဟုတ်ပေ။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘဏ်စာရင်းရှိသူ ၈၈% က ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက်သာဘဏ်ကိုအသုံးပြုကြကြောင်းတွေ့ရ သည်။ ချေးငွေရယူရာတွင် မိသားစုဝင် တစ်ယောက်ယောက် မကျန်းမာ ခြင်း၊ ကျောင်းအပ်ရန် စရိတ်လိုခြင်း၊ အိမ်ဆောက်ရန်၊ မင်္ဂလာဆောင် ရန် နှင့် နာရေးကိစ္စများအတွက် ဘဏ်ကိုအသုံးပြုကြသည်။

အာဖရိကတွင် ဘဏ်စာရင်းရှိသူ ၃၈% က ပြည်ပရောက် အလုပ် သမားများ က ပြန်ပို့ သည့်ငွေကိုလက်ခံရန် ဘဏ်စာရင်းဖွင့်ထားကြောင်းသိရသည်။ ဥရောပဗဟိုကျ ဒေသနှင့် လက် တင် အမေရိကတို့၌ ဘဏ်စာရင်းဖွင့်ကြခြင်း၏ အဓိကအကြောင်းမှာလစာအနေဖြင့်ဖြစ်စေ၊ တခြားသောအကျိုး ခံစားခွင့်အနေ ဖြင့်ဖြစ်စေ၊ အစိုးရထံမှ ရငွေများကိုလက်ခံအပ်နှံရန်အ တွက်ဖြစ်ကြောင်းတွေ့ရသည်။

အများအားဖြင့် ဘဏ်များကိုငွေစုရန်အတွက် အသုံးပြုမည်ဟုယူဆကြသော်လည်းလက်တွေ့တွင် ထိုသို့မဟုတ်ပေ။ အရွယ်ရောက်သူများ၏ သုံးပုံတစ်ပုံခန့်ကသာယခင် နှစ်ကငွေစုခဲ့ကြသည်ဟုဖြေသည်။ သို့သော် ငွေစုရာတွင် ဘဏ်နှင့် အခြားငွေကြေးအဖွဲ့အစည်းတစ်ခုခုကိုအသုံးပြုသူမှာ ၂၂% သာရှိသည်။ ၂၉% ကစုသော်လည်းဘဏ်၌မထား။ အိမ်၌သိမ်းထားခြင်း၊ သို့မဟုတ် လက်ဝတ်ရတနာဝယ်ခြင်း တို့ ဖြစ်ပုံရသည်။ အာဖရိကတွင် ငွေစုအသင်းများ ဖွဲ့ကာထိုငွေစု အသင်းများ၌ ငွေစုသော အလေ့အထ ကျယ် ပြန့်သည်။ အချို့သော မြန်မာဈေးများ၊ လုပ်ငန်းများတွင် လုပ်လေ့ရှိသလိုအဖွဲ့ဝင်တိုင်းကလစဉ် မှန်မှန် စုငွေထည့်ကာ အလှည့်ကျအသင်းဝင် တစ်ယောက်က ရယူသည့်လုပ် ငန်းမျိုးဖြစ်သည်။

အမှန်တကယ်တွင် ငွေစုပုံစုနည်းသည် ဝင်ငွေတစ်ခုတည်းနှင့် သာသက်ဆိုင်ခြင်းမရှိပေ။ အစိုးရက ဘဏ်တွေ ကျယ်ကျယ်ပြန့်ပြန့် လွယ် လွယ်ကူကူဖွင့်လှစ်စေချင် သလားဆိုသော မူဝါဒအပေါ်တွင် လည်းမူတည်သည်။ ဘဏ်တွေမှာစာရင်းဖွင့် ဖို့ စာရွက်စာတမ်းတွေ၊ အထောက် အထားတွေ ဘယ်လောက်လိုသည်ဆိုသောအချက်ကလည်းအရေးပါ သည်။

မိုဘိုင်းဖုန်းတွေ

ကင်ညာနိုင်ငံတွင် လွန်ခဲ့သော ၁ နှစ်အတွင်းမိုဘိုင်းဖုန်းသုံးကာငွေ လက်ခံသူငွေပို့သူ ၆၈% ရှိသည်။ တကယ်တော့ သူတို့၏တစ်ဝက်သာဘဏ်စာရင်းရှိသူများဖြစ်ကြသည်။

အိန္ဒိယနိုင်ငံတွင် နယ်ပယ် ကျယ်ပြန့်ခြင်း၊ ဘဏ်ခွဲများဖွင့်ရန် စရိတ်ကြီးမားခြင်းတို့ကြောင့် ဘဏ်ကို အသုံးပြုနိုင်သူနည်းပါးသည်။ သို့ သော် မိုဘိုင်းဖုန်းသုံးစွဲသူသန်း ၈၄ဝ ကျော်ရှိသဖြင့် စရိတ်သက်သာလွယ် ကူမြန်ဆန်ပြီးလုံခြုံစိတ်ချစွာငွေ အပေးအယူပြုလုပ်နိုင်ကြသည်။ ဘဏ်တွေကလည်းတယ်လီဖုန်းမှ တစ်ဆင့် အပေးအယူလုပ်နိုင်ရန် စီစဉ်ရာ ၎င်းတို့အနေဖြင့် တစ်ရက် လျှင် ၂၄ နာရီ၊ တစ်ပတ်လျှင် ၇ ရက် လုံးလုံးဆက်သွယ်ဝန်ဆောင်မှုပေးရန်လိုအပ်သည်။

နိုင်ငံခြားဘဏ်များဝင်လာလျှင်

နိုင်ငံခြားဘဏ်တွေဝင်လာ လျှင် စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေတွေ ပိုရကြတော့မည်ဟုတွက် ဆမျှော်လင့်ကြသည်။ သို့သော် နိုင်ငံ ခြားဘဏ်များဝင်ပြီးနောက် အလွန် အမြတ်ရသော လုပ်ငန်း အချို့ ကိုသာငွေချေးငှားနိုင်သည်။ ပြည်တွင်းဘဏ် များကထုတ်ချေးနိုင်သောချေးေ ငွ တွေ လျော့ သွား လျှင် လုပ်ငန်းများအတွက် ချေးငွေရရန် ပိုခက်ခဲသွားမည်။

နိုင်ငံခြားဘဏ်သစ်များဝင် ရောက်မှုကြောင့် ရရှိနိုင်သောအကျိုးသက်ရောက်မှုသည် ယင်းတို့ ဝင် ရော က်ေ သာအချိန်နှင့် နေရာဒေသတို့ အပေါ် မူတည်သည်။

အာဖရိက၏ အတွေ့အကြုံအရ နိုင်ငံတကာဘဏ်များဝင်ရောက်လာ ခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ဘဏ်များ၏ ထိရောက်မှုနှင့် စွမ်းဆောင်ရည်တို့ ကျဆင်းသွားမည်ဟုမဆိုနိုင်ပေ။ စွမ်းရည်နိမ့်သော ဘဏ်တွေကိုဆက်လက်လည်ပတ်ခွင့်ပြုထားလျှင် နိုင်ငံခြားဘဏ်တွေ ဝင်ရောက်လာ ခြင်းကြောင့် ပြိုင် ဆိုင်မှုမြင့်မားလာမည်။ ဝန်ဆောင်မှုတွေ ပိုကောင်းလာမည်ဟုမဆိုနိုင်ပေ။

မြန်မာနိုင်ငံ၏ အားသာချက်များနှင့် အားနည်းချက်များ


အာရှဖွံ့ဖြိုးရေးဘဏ်ကထုတ်ဝေသောစာတမ်းတစ်စောင်၌ မြန်မာ နိုင်ငံ၏အားသာချက်၊ အကန့်အသတ်၊ အခွင့်အလမ်းများနှင့် အန္တရာယ်များကိုဖော်ပြထားသည်။

အားသာချက်များအပိုင်းတွင်

(၁)ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် သန္နိဋ္ဌာန်ချမှတ်ထားခြင်း၊
(၂) လူဦးရေ၏ အများစုမှာလူငယ်များဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုဆွဲဆောင် နိုင်ရန်အတွက် စရိတ်သက်သာသောလုပ်အားဖြစ်စေနိုင်ကြောင်း၊
(၃) မြေယာ၊ ရေ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုဟူသောသဘာဝသယံဇာတများအလျှံပယ်ပေါများခြင်း၊
(၄) ထုတ်လုပ်မှုစွမ်းအားမြှင့်တင်နိုင်မည့် စိုက်ပျိုးရေးစွမ်းအားစုများ ကြွယ်ဝခြင်း၊
(၅) ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းများရှိနေခြင်းတို့ကိုထောက်ပြသည်။

တစ်ဖက်တွင် အားနည်းချက် များ၊ အကန့်အသတ်များရှိရာ

(၁) ဈေးကွက်ယန္တရားနှင့်ပတ်သက်၍ အတွေ့အကြုံမရှိခြင်း၊ နိုင်ငံအဆင့် စီးပွားရေးစီမံခန့်ခွဲမှု အား နည်းခြင်း၊
(၂) ငွေကြေးအရင်းအမြစ်များစုစည်းအသုံးချနိုင်မှု အားနည်းခြင်း၊
(၃) ဘဏ်လုပ်ငန်းများမဖွံ့ဖြိုးမတိုးတက် ခြင်း၊
(၄) အထူးသဖြင့် သယ်ယူပို့ ဆောင်ရေး၊ လျှပ်စစ်စွမ်းအား၊ ဆက် သွယ်ရေးအသုံးအဆောင်များအပါ အဝင် အခြေခံ အဆောက်အအုံများမလုံလောက်ခြင်း၊
(၅) ပညာရေးနှင့် ကျန်းမာရေးအဆင့်အတန်းနိမ့်ကျခြင်းတို့ဖြစ်သည် အလားအလာကောင်းများ၊

အခွင့်အလမ်းများနှ င့်ပတ် သက် ၍

(၁) မဟာဗျူဟာမြောက်သောအချက်အချာကျသည့်နေရာတွင် တည်ရှိခြင်း၊
(၂) ပြန်လည်ဖြည့်တင်း နိုင်သည့်စွမ်းအင်တွေ အများအပြားထုတ်ဖော်နိုင်ခြင်း၊ (၃) နယ်ပယ် အသီးသီး၊ ကဏ္ဍအသီးသီးတွင် ရင်း နှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများရှိနေခြင်းတို့ဖြစ်သည်။

တွေ့ကြုံရနိုင် သည့် စွန့် စား ရ မှု များနှင့်ပတ်သက်၍

(၁) စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ဖြေလျော့ မှုများအပေါ် မူတည်၍လည်းကောင်း၊
(၂) ရာသီဥတုပြောင်းလဲမှုအပေါ် မူတည်၍လည်းကောင်း စွန့်စားရမှုများ၊ အန္တရာယ်များပေါ်ပေါက်နိုင်ပြီး စီးပွားရေး လုပ်ငန်းများမှ ညစ်ညမ်းမှု များ၊ တိုင်းရင်းသားပဋိပက္ခများ ကြုံ တွေ့နိုင်ကြောင်းေ ထာက်ပြ ထားသည်။

ရှေ့ဆက်ရမည့်ခရီး

မြန်မာနိုင်ငံတွင် မကြာမီက ပြုလုပ်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများသည် လူအတော်များများအတွက် အံ့ အား သင့်စရာဖြစ်ခဲ့သလိုကျေနပ်စရာလည်း ဖြစ်ခဲ့ကြောင်း၊ ထိုပြုပြင် ပြောင်းလဲမှုများသည် မပြီး ဆုံးသေးကြောင်း၊ မြန်မာအစိုးရကလည်း ပြု ပြင်ပြောင်းလဲမှုများကိုဆက်လက် လုပ်ဆောင် မည်ဖြစ်ေ ကြာင်းကြေညာ ထားပြီးနည်းပညာ အကူအညီများလည်း ရရှိထားပြီးဖြစ်ေ ကြာင်း၊ ထို ပြုပြ င်ပြောင်း လဲရေး လုပ်ငန်းစဉ်များကျယ်ကျယ်ပြန့်ပြန့်၊ ပြည့်ပြည့်စုံစုံဆက်လက်လုပ်ဆောင်ရန် လို အပ် ကြောင်း သြစတြေးလျနိုင်ငံမှ ပါမောက္ခ ရှောင်တာနဲလ်ကမကြာမီ က ရေးသားသုံးသပ် ထားပါသည်။

ခင်မောင်ညို (ဘောဂဗေဒ)

Credit : Here