Monday, March 11, 2013

စစ်အစိုးရ ရာဇဝတ်မှုများနှင့် ပတ်သတ်၍ လက်ရှိအစိုးရနှင့် NLD အပေါ် ကုလ ဝေဖန်

ယခင် စစ်အစိုးရ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို သက်ဆိုင်သူများက တာဝန်ယူမှု ရှိလာစေရေး အတွက် မြန်မာနိုင်ငံ အနေဖြင့် ဆက်လက်ဆောင်ရွက်သင့်သော်လည်း၊ အရပ်သားအသွင် ကူးပြောင်းထား သည့် လက်ရှိမြန်မာ အစိုးရက သာမက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အတိုက်အခံများကပါ ထိုကဲ့သို့ ဆောင်ရွက်ကြရန် ဆန္ဒမရှိဘဲ ဖြစ်နေကြသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် က သောကြာနေ့က ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းဌာနတွင် ဖော်ပြထား သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလ သမ္မဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေးကင်တားနား က ပြောကြား ခဲ့ခြင်းဖြစ်ပြီး သူက ဆယ်နှစ် ပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံခဲ့ရသည့်ဒဏ်များကို ကုစား ရန်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များ ခိုင်မာရေးအတွက် တာဝန်ခံဖြေရှင်းမှု ရှိရေးမှာ အလွန် အရေး ကြီးလှသည်ဟု ဆိုသည်။

ယခင် စစ်အစိုးရသည် ၄င်းတို့ မတရားအုပ်ချုပ်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ အဓမ္မ ခိုင်းစေမှုစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အလွန်ဆိုးရွားစွာ ကျူးလွန်ခဲ့ကြသည်ဟု စွပ်စွဲခြင်းခံခဲ့ရကာ၊ အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

နောက်တပတ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ အစီရင်ခံစာ တစောင် တင်သွင်းမည်ဖြစ်သည့် ကင်တားနားက “လက်တွေ့ အခြေအနေကို ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဒီကိစ္စဟာ ဘယ်အုပ်စု ရဲ့ လုပ်ငန်းစဉ်ထဲမှာမှ မပါဘဲ ဖြစ်နေတယ်။ လက်ရှိ အစိုးရရဲ့ လုပ်ငန်းစဉ်ထဲမှာလည်း မပါသလို တခြား အတိုက်အခံ ပါတီတွေရဲ့ လုပ်ငန်းစဉ်ထဲမှာလည်း မပါပါဘူး။ တိုင်းရင်းသား လူနည်းစု အဖွဲ့တွေရဲ့ လုပ်ငန်းစဉ်တွေ ထဲမှာလည်း မပါပါဘူး” ဟု ဆိုခဲ့သည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။