Monday, February 18, 2013

သိမ်းထားသည့်လယ် ပြန်မပေးလို၍ စစ်တပ်က ဘောလုံးကွင်းလုပ်


ရခိုင်ပြည်နယ် အမ်းမြို့နယ် လုံကောက် ကျေးရွာအုပ်စု လုံကောက်ကျေးရွာမှ လယ်သမား ၁၁ ဦးပိုင် လယ်မြေများကို စစ်တပ်မှ မူလပိုင်ရှင်များထံသို့ ပြန်မပေးလိုသည့် အတွက် လယ်မြေများကို မြေတူးစက် များနှင့် တူးဖေါ်ကာ ဘော်လုံးကွင်း ပြုလုပ်နေသည်ဟု ရွာသားများက ပြောသည်။

လယ်မြေများကို ဘောလုံးကွင်းအဖြစ် ပြုလုပ်သည့်နေသည့် တပ်ရင်းမှာ အမှတ် ၉၂၂ ထောက်ပံ့ရေး တပ်ရင်း ဖြစ်ကြောင်း သိရသည်။

တပ်မတော် အစိုးရ လက်ထက်က အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်း ခံထားရသည့် လယ်မြေများကို ပြန်လည် လုပ်ပိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ စစ်တပ်က ဘော်လုံးကွင်း ပြုလုပ်လာခြင်း ဖြစ်သည်ဟု လယ်သမားများက ပြောသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံ စမ်းရေးကော်မရှင်နှင့် စစ်ထောက်ချုပ်ရုံးတို့ တွေ့ဆုံ ဆွေးနွေးစဉ် ကာကွယ်ရေး ဝန်ကြီးဌာန စက်ထောက်ချုပ် ရုံးမှ တွဲဖက် စစ် ထောက်ချုပ် ဗိုလ်ချုပ် မင်းနိုင်မှ တပ်မတော်မှ အကြောင်းအမျိုးမျိုးကြောင့် သိမ်းယူထားသော လယ်မြေများကို ပြန်လည် လုပ်ပိုင်ခွင့် ပေးမည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။

“ ခုလို သတင်းတွေ ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ အမှတ် ၉၂၂ ထောက်ပံ့ရေးတပ်က ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီက စတင်ပြီးတော့ မြေတူးစက်တွေနဲ့ လယ်တွေကို တူးပြီး ဘောလုံး ကွင်း ပြုလုပ်နေပါတယ် ခင်ဗျား” ဟု ဒေသခံ တောင်သူ တစ်ဦးက ပြောသည်။

လယ်သမားများက လယ်မြေများကို မြေထိုးစက်ကြီးများဖြင့် မတူးပစ်ရန်နှင့် သွားပြောသော်လည်း အထက်အမိန့်အရ လုပ်ခြင်း ဖြစ်ကြောင်း စစ်တပ်က ပြောဆိုသည်ဟု ဆိုသည်။

“ ရွာသားတွေ ဒီကိစ္စကို ကျွန်တော်ဆီကို လာအကြောင်းကြားပါတယ်။ ဒါကြောင့် ဒီကိစ္စ အထက်လူကြီးတွေကို ကျွန်တော် တိုင်ကြားထားပါတယ်” ဟု အမ်းမြို့မှ နိုင်ငံရေး ပါတီတစ်ခု မှ ခေါင်းဆောင် တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

စစ်တပ်မှ ဘောလုံးကွင်း ပြုလုပ်နေသည့် လယ်မြေဧကမှာ စုစုပေါင်း ၂၃ ဒဿမ ၃၀ ဧက ရှိပြီး အဆိုပါ လယ်မြေများကို လုံကောက်ကျေးရွာအုပ်စုမှ ဦးရွှေမောင်၊ ဦးမောင်ဖြူ၊ ဦးလေးငယ်၊ ဒေါ်မခွေး(၁)၊ ဒေါ်မခွေး (၂)၊ ဦးညီထွေး၊ ဦးအုန်းဖေ၊ ဒေါ်တင်ရီ၊ ဦးကိုကိုနှင့် ဦးကျောင်သိန်း(ငယ်) တို့က ပိုင်ဆိုင်ကြသည်။

အဆိုပါ လယ်မြေများကို အမှတ် ၉၂၂ တပ်ရင်းက ၁၉၉၀ ခုနှစ်ကတည်းက သိမ်းယူသွားခဲ့ပြီး လယ်ပိုင်ရှင်များကို တစ်ဧကကို ၁၀ တင်းနှုန်းဖြင့် ဗြိတိသျှခေတ် အိန္ဒိယ ချစ်တီး ကုလားများ ပုံစံကို အတုခိုးကာ သီးစား ပြန်ချထားခဲ့သည်ဟု ဆိုသည်။

အဆိုပါ လယ်မြေများကို ပြန်ရလိုကြောင်း လယ်သမားများက နေပြည်တော် အဆင့် တာဝန်ရှိသူများကို တိုင်ကြားထားပြီးနောက် လယ်မြေများကို ဘော်လုံကွင်း ပြုလုပ်လာခြင်း ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ

အဆိုတော် ကိုသာစိုးမှ ဒေါ်စုကြည်အားစော်ကားလိုက်ခြင်း ယမန်နေ့ တွင်ဖြစ်ပွားခဲ့



အဆိုတော်ကိုသားစိုးမှ ကျနော်တို့ ရဲ့ အဘွားအရွယ်ရှိ ပီဖြစ်သော ဒေါ်စုကြည်အား စော်ကားလိုက်ခြင်း သည်ပြည်သူများ အတွက်သာမက အနုပညာရှင်အ သိုင်းအ၀ိုင်းအတွက်ပါ အံ့သြတုန်လှုပ်သွားစေ ခဲ့ ပါသည်။ ထို့ အတူ လိုင်းပူတတ်သော အနုပညာရှင်များကိုပါ သာကူးဟုအမည်တပ်လိုက်သောကြောင့် သာကူးတို့  အကြီးအကျယ်အမျက်ထွက်နေကြသည်။ အဆိုတော်ကိုသားစိုးသည် တပ်မတော် အစိုးရအုပ်ချုပ်စဉ်အချိန်အခါကပင် နိုင်ငံတော်အတွက်ကောင်းနိုးရာရာ တို့ ကို ထောက်ပြပြောဆို တတ် သူဖြစ်ပါသည်။ ထို့ ကြောင့်ပြည်သူအများမှ ကိုသားစိုးအား အစိုးရအတိုက်အခံဟုပင် ထင်မှတ်ခဲ့ကြ ပါသည်။သို့ သော်ယခု ဒေါ်စုကြည်အား စော်ကားလိုက်သောအခါတွင်မှု အတိုက်အခံတို့ မှာ မိမိဘက် ပါလာမည်ဟုထင်သောကိုသားစိုးအား ပိုမို၍အပြစ်တင်ဝေဖန်ကြသည်။

ကိုသားစိုးပြောကြားလိုက်သည့် ”ကျွန်တော်က သာကူး မဟုတ်ပါဘူး။ အရင်တုန်းက အဘ အဘ နဲ့အခုမှ အစ်မ အစ်မ ဖြစ်သွားတဲ့ လူတွေထဲမှာလည်း ကျွန်တော်မပါဘူး။ ကျွန်တော် နဂိုကတည်းက BBC, VOA, RFA စသဖြင့် နိုင်ငံရေး အကျပ်အတည်းရှိတဲ့ အချိန်ကတည်းက ကမ္ဘာ့ သတင်းစာတွေ နဲ့က အစ မြန်မာ နိုင်ငံရေး အခြေအနေကို ပွင့်လင်း စွာပြောခဲ့တယ်။ ကျွန်တော်က ဖြစ်သင့်တာ၊ ကောင်းတာ ကို ပြောတဲ့အတွက် ဘယ်သူမှ အနှောင့် အယှက်မပေးဘူး။

အခုမှ ဒီလိုမျိုးသွားတဲ့ အထဲမှာ အရင်တုန်း ကတော့ အခွင့်အရေး ရတဲ့ဘက်မှာ နေပြီး၊ အခုမှ ပြောင်းလာကြတဲ့ လူတွေလည်းပါတယ်။ ဘယ်သူတွေ ဘာလဲဆိုတာ ပရိသတ် က သိပါတယ်။ ဒါကြောင့် ကျွန်တော့်လိပ်ပြာ ၊ကျွန်တော် လုံတဲ့ အတွက်ကြောင့် ဘာမှလုပ်စရာ မလိုပါဘူး။ ကျွန်တော် ဘာလုပ်သလဲ ဆိုတာ ပရိသတ်က သိပါလိမ့်မယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လည်း ကျွန်တော့် ရဲ့ရပ်တည်ချက် ကဒေါ်အောင်ဆန်းစုကြည်က ကော ကျွန်တော်တို့ကို ဘာတွေလုပ်ပေးမှာလဲ။ အခုလက်ရှိ အစိုးရ ကကော ဘာတွေ လုပ်ပေးမှာလဲ။ ကျွန်တော်တို့ တိုင်းပြည်ကို ဦးဆောင်မယ့်သူက ဘယ်သူပဲ ဖြစ်ပါစေ။ တိုင်းပြည် တိုးတက်အောင်၊ အခြေအနေ တိုးတက်အောင် ဦးဆောင်ပေးနိုင်တဲ့ သူတွေ ဘက်ကို ကျွန်တော် လိုက်မှာပါပဲ။

ကျွန်တော့်မှာ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်းစပ်ထားပါတယ်။ သာကူး နဲ့နှာဘူး၊ နှာဘူး နဲ့ဂန်ဒူး၊ ဂန်ဒူးနဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ်” ဟုအဆိုတော် သားစိုပြေားကြားချက်နဲ ပတ်သက်ပီး ဝေဖန်လာသံတွေ ကြားနေရ ပါတယ်။

တကယ်တော့ ကိုသာစိုး ပြေားတာတွေဟာယောက်ျားပီပီ နိုင်ငံရေးနဲ့ ပတ်သက်ပီးရဲရဲဝင့်ဝင့်ပြောသွား တာဖြစ်ပါ တယ် ။သူ ပြောသလိုပါပဲ အမှန်တကယ် နိုင်ငံတော်ကောင်းစားအောင်လုပ်ဆောင်နိုင်တဲ့ မည်သူ မဆိုထောက်ခံသင့်ပါတယ်။မရောင်ရာဆီလူး နေတတ်တဲ့ ဒေါ်စု ကြည် ထံသို့ အနုပညာရှင်များ သွားရောက်တွေ့ ဆုံကြခြင်းမှာတစ်ချို့ မှာ လူမှု့ ရေးအရ အားနာ၍သွားရောက်ခြင်းဖြစ်ပီးတစ်ချို့ မှာတော့ ကိုသားစိုးပြောသလို သာကူး သဘောမျိုးနဲ့ သွားရောက်တွေ့ ဆုံကြခြင်းဖြစ်နေပါသည်။

တပ်မတော်အစိုးရအုပ်ချုပ်နေချိန်မှာတော့ တပ်မတော်အစိုးရကိုဖားနေပြီး ယခုမှ သာရာသို့  ကူးတတ်ကြသောလူအမျိုးမျိုး အနုပညာရှင်အမျိုးမျိုးအားတွေ့ နေရပါသည်။မြန်မာပြည်မှ အနုပညာသည် များသည်များသောအားဖြင့်လိုင်းပူးတတ်ကြသည်မှာ ပရိတ်သတ်များလည်းအသိပင်ဖြစ်ပါသည်။ အဆိုတော်က ရုပ်ရှင်လိုင်းဘက်သို့ ကူးချင်သည်၊ ရုပ်ရှင်မင်းသားမင်းသမီးဘ၀မှ အဆိုတော် ဘက်သို့ လိုင်းကူးချင်သည် ဘက်အမျိုးမျိုး၊ သာရာသို့ ကူးတတ်သော မြန်မာပြည်က အနုပညာသည်များ အား ကိုသားစိုးခုလို ပြောဆိုသည်မှာ နည်းတောင်နည်းပါသေးသည်။

ယခုလည်းအနု ပညာသည်လိုင်းမှ နိုင်ငံရေးလိုင်းဘက်သို့ ပူးချင်နေကြသော မြန်မာ့အနုပညာရှင် များ ဒေါ်စုကြည်ကိုဖားနေကြပြန်ပီ။ "ကိုယ့်ငါးကြင်းကိုယ်ချဉ် " ဆိုသလို ကိုယ့် အထင်နဲ့ ကိုယ်ရိုက် ကိုယ့် အချင်းချင်းပြန်ဆုပေး ပြီးလျှင်ကိုယ့်အချင်းချင်းမြှောက်ပင့်နေကြသည်မှာရီစရာတော့ အတော်ကောင်းလှ ပါသည်။

လူဆိုသည့်ဗီဇမှာ ရ လေရလေ အိုတစ္ဆေ ဒီဟာရပြီးနောက်ဟာထပ်လိုချင်သည် နောက်ဟာရလည်း ထပ်လိုချင်ကြသေးသည်။အနုပညာလုပ်ငန်းမှာအောင်မြင်လာပြန်တော့ မိမိကိုယ် ကိုအဟုတ်ကြီးထင်ကာ မာန်တက်ချင်လာကြသည်။ စင်ပေါ်တက်ကာ ပြည်သူအားဖျော်ဖြေမှ ထမင်းဝတတ်ကြသော အနုပညာရှင် တစ်ချို့ အနုပညာအားရောင်းစားမှ အဆင်ပြေဘ၀လှကြသော ထိုသူများ သာရာကူးတတ်ကြသည်မှာတော့ မထူးဆန်းတော့ပါ။

(မှတ်ချက်။ ။သဘာဝ ပြောသောအနုပညာရှင်များမှာမည်သူတို့  ကိုပြောဆိုသည်မှာ ထိုအနုပညာရှင်များ ကိုယ်တိုင်သိနိုင်ပါသည်။ )

အမှန်တကယ်နိုင်ငံတော်ကိုကောင်းစားစေချင်လျှင်ပုဂ္ဂိုလ်စွဲမထားသင့်ပါ ထို သို့ ပုဂ္ဂိုလ်စွဲထား တတ်သော အတိုက်အခံပြည်သူများ သည်နိုင်ငံတော်ကိုအမှန်တကယ်ချစ်သည်မဟုတ်ပါ။ ယခု အနုပညာရှင်များ ကဲ့ သို့ သာကူးခြင်းသည်လည်းနိုင်ငံတော်ကိုချစ် မြတ်နိုး၍မဟုတ်ပါ မိမိအကျိုးစီးပွားအားမျှော်ကိုးကာ လိုင်းပူးသွားကြခြင်းသာဖြစ်ပါသည်။

Myanmar Daily News

တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ခွင့်ကတ် ဖေဖော်ဝါရီ ၂၁ တွင် ထုတ်ယူနိုင်



မတ်လတွင် ကျင်းပမည့် ၂၀၁၂-၁၃ ပညာသင် နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့် လျှောက် ထားသော ကျောင်းသား ကျောင်းသူများ အတွက် မိမိတို့ ဓာတ်ပုံ ကပ်ထားသည့် ခုံအမှတ် စဉ် ပါဝင်သော စာမေးပွဲ ဖြေဆိုခွင့် ကတ်များကို ဖေဖော်ဝါရီလ တတိယ ပတ်မှ စတင် ထုတ်ယူ နိုင်ပြီ ဖြစ်ကြောင်း မြန် မာနိုင်ငံ စာစစ် ဌာန ထုတ်ပြန်ချက် များအရ သိရသည်။

တစ်နိုင်ငံ လုံးရှိ နယ် စာစစ် ဌာန များတွင် ဖြေဆို ကြမည့် ကျောင်းသားများ အနေဖြင့် စာမေးပွဲ ဝင်ခွင့် ကတ်ပြား (Idenitity Card) များကို ဖေဖော်ဝါရီလ ၂၁ ရက်မှ စ၍ လည်းကောင်း၊ ရန်ကုန် မြို့တော် စည်ပင် သာယာ နယ်နိမိတ် အတွင်းရှိ ကျောင်းသား ကျောင်းသူများ အနေဖြင့် ဖေဖော် ဝါရီလ ၂၅ ရက်မှ စာမေးပွဲရက် မတိုင်မီ အထိ ထုတ်ယူရန် လိုအပ်ကြောင်း ယင်းဌာန က ထုတ်ပြန်သည်။

ယင်းသို့ ထုတ်ယူရာ တွင် အခြေခံပညာ အထက်တန်း ကျောင်း၊ ကျောင်းခွဲ နှင့် တွဲဖက် အခြေခံ ပညာ အထက်တန်း ကျောင်းမှ ကျောင်းသားများ အနေဖြင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီး များ ထံတွင် လည်းကောင်း၊ ပြင်ပ ဖြေဆို သူများ အနေဖြင့် မိမိတို့ ဖြေဆိုရမည့် စာစစ် ဌာန ကြီးကြပ် ရေးမှူး များထံမှ ထုတ်ယူ ရမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ထုတ်ယူ ရာတွင် အခက်အခဲ ရှိပါက သက်ဆိုင်ရာ ကြီးကြပ်ရေးမှူး များနှင့် မြို့နယ် ပညာရေးမှူး များထံ စုံစမ်း မေးမြန်း နိုင်ကြောင်း ယင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။

. www.MyanmarExpress.net

KIA နယ်မြေတွင်း အစိုးရတပ် လွှတ်ထားသော ထောက်လှမ်းရေး ၂ ဦးကိုဖမ်းဆီးရမိ

ရှမ်းပြည်မြောက်ပိုင်း မုံကိုးဒေသရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ MHH ခေါ် အရပ်သားတပ်ဖွဲ့ တပ်ခွဲ (၅)နယ်မြေတွင် မြန်မာအစိုးရတပ်မှ လွှတ်ထားသည့် ထောက်လှမ်းရေး ၂ ဦးကို KIA ဖမ်းဆီး လိုက်သည်။

အဆိုပါ အစိုးရတပ်မှလွှတ်ထားသော ထောက်လှမ်းရေး ၂ ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲချိန်တွင် ဖိုင်ကောင်း (Hpai Kawng) ကျေးရွာရှိ ဈေး (Gat Pa)တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မိထ္ထီလာတပ်မ (၈၈)မှ တပ်ကြပ် ထွန်းမျိုးလှိုင် နှင့် ခလရ တပ်ရင်း (၆၉) မှ ဒု-တပ်ကြပ် ကိုငယ် ဆိုသူဖြစ်ကြောင်း MHH တပ်ခွဲ (၅) မှ အရာရှိပြောသည်။

“အဲဒီနှစ်ယောက်ကို ကောင်းကောင်းမွန်မွန်စွာမေးတာ မဖြေဘူးလေ။ ဒါကြောင့် ကြိမ်တုတ်နဲ့ ၄၊ ၅ ကြိမ်ရိုက်တယ်။ ရိုက်တာလည်း ခေါင်း၊ မျက်နှာထဲ ရိုက်တာ မဟုတ်ဘူး၊ နည်းစနစ်တကျ စစ်ဆေးမေးမြန်း တယ်။ ခြောက်လန့်စစ်ဆေးလိုက်တာနဲ့ ၀န်ခံလာတယ်။”

၎င်းတို့သည် ဖိုင်ကောင်း (Hpai Kawng) မှ ၂၅ မိနစ်ခန့်သွားရသည့် ကောင်းဂွေ (Kawng Gwi) မြန်မာအစိုးရတပ်စခန်းမှ ဖြစ်ပြီး စခန်းမှူးက တိုက်ပွဲများခေတ္တငြိမ်နေစဉ်အတွင်း KIA နယ်မြေ အတွင်း ဈေးရောင်းစေကာ KIA တပ်လှုပ်ရှားမှုများကို အချိန်ပြည့်လေ့လာ၍ သတင်းပို့ခိုင်းနေခြင်းဖြစ် သည်ဟု ဝန်ခံခဲ့ကြောင်းသိရသည်။

KIA ၏လှုပ်ရှားမှုကို စုံစမ်းနေသော အစိုးရထောက်လှမ်းရေး ၃ ဦး ဖြစ်ပြီး KIA တပ်ဖွဲ့ဝင်များက ၄င်းတို့ကို မသင်္ကာသောကြောင့် အရပ်ဝတ်ဖြင့် ဈေးတွင် စိတ်မနှံ့သူယောင်ဆောင်၍ အကဲခတ်နေချိန် ၄င်းတို့သည် ဖုန်းဖြင့် ဓါတ်ပုံများရိုက်လာစဉ် ဖမ်းဆီးလိုက်ရာ ဗိုလ်ဖြစ်သူ ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွား ခဲ့ကြောင်းသိရသည်။

ဖမ်းဆီးထားသူ၂ ဦး၏ ဖုန်း ၂ လုံးကို သိမ်းဆည်း ထားလိုက်ပြီး MHH (Mungshawa Hpyen Hpung) တပ်ခွဲ (၅)မှ ဖိုင်းကောင်း (Hpai Kawng) ရွာတွင် နေရာချပြီး ၃၊ ၄ နေရာရွှေ့၍ စစ်ဆေးမေးမြန်းရာ အချက်အလက်ရရှိပြီးနောက် ည ၉ နာရီချိန်တွင် မျက်စိပိတ်ပေးပြီး ကားဖြင့်တင်ကာ ပန်ဆိုင်း (Pang Sai) ရွာအဝင်တွင် ချထား၍ လွှတ်ပေးလိုက်ကြောင်းသိရသည်။

အစိုးရ လွှတ်ထားသော ထောက်လှမ်းရေးများသည် မုံးဂိုးနယ်မြေတွင် တံမြက်စီးရောင်းသူအဖြစ်သော် လည်းကောင်း၊ ဆေးရောင်းသူအဖြစ်သော်လည်းကောင်း၊ ကြံခင်းများတွင် အလုပ်သမား အဖြစ်ယောင်ဆောင်၍သော်လည်းကောင်း၊ နောက်ဆုံးအဆင့် ဆိုင်ကယ်ပေါ်တွင် ပုဆိတ်များ တင်ရောင်းပြီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နယ်မြေတွင်းသို့ စုံစမ်းနေကြသည်ဟု ၀န်ခံခဲ့ကြောင်း တပ်ခွဲ (၅) အရာရှိ KNG ကချင်သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း မုံးဂုံးဒေသမှ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အရပ်သားတပ်ဖွဲ့ MHH တပ်ခွဲ့ (၅) နယ်မြေတွင် အစိုးရတပ်စစ်အင်အား ၂၀၀ ကျော်ရှိနေရာမှ ယနေ့တွင် ၃ နာရီခွဲချိန်တွင် ဂွတ်ခိုင် ခမရ (၂၄၂)၊ နန်ဂျက် ခလရ (၂၄၀)၊ ခလရ (၁၂၃) နန်ဖတ်ကာတပ်များမှ အယောက် ၅၀ ခန့် နောက်ဆုတ် သွားကြောင်းသိရသည်။

သို့သော် အစိုးရတပ်များ၏ လှုပ်ရှားမှုကို KIA ဘက်မှ ဥပဒေနှင့်အညီမရှိပဲ အပြောနှင့်အလုပ် မညီသောကြောင့် အဆိုပါလုပ်ရပ်အပေါ် အယုံကြည်မရှိနိုင်ကြောင်း MHH တပ်ခွဲ (၅)မှ အရာရှိ တစ်ဦး ဝေဖန်ပြောဆိုခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်သောခေါင်းဆောင်များထံ အတည်ပြုရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရန် နှစ်ဘက်တပ်ကို ညွှန်ကြားပြီးနောက်တွင် အစိုးရတပ်မှ ပုံစံအမျိုးမျိုးဖြင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) နယ်မြေသို့ အနီးကပ် စုံစမ်းလာမှုများပြုလုပ်နေကြောင်း ဖမ်းဆီးခံရသူ များကသာဝန်ခံသွားခဲ့သည်။

http://burmese.bnionline.net/index.php/news/kng/13128-kia------.html

ဖိလစ်ပိုင်နိုင်ငံအနီး နစ်မြုပ်ခဲ့သည့် သင်္ဘောမှာ မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသည့် သင်္ဘောမဟုတ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူ ပြောကြား



၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ အနောက်မြောက်ပိုင်းတွင် နစ်မြုပ်ခဲ့ သည့် M.V Arita Bauxite သင်္ဘောမှာ မြန်မာနိုင်ငံ တွင် မှတ်ပုံတင်ထားသည့် မြန်မာအလံ လွှင့်ထူထား သည့် သင်္ဘောတစ်စီး မဟုတ်ဘဲ မြန်မာသင်္ဘော သားများပါဝင် သည့်သင်္ဘောတစ်စီး သာဖြစ်နို င်ကြောင်း မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးကဖေဖော် ၀ါရီလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ "M.V Arita Bauxite သင်္ဘောအမည်နဲ့ မြန်မာနိုင်ငံမှာ မှတ်ပုံ တင်ထားတာ မရှိပါဘူး။ ပြီးတော့ ကျောက်မီးသွေး တင် သင်္ဘောလည်း မြန်မာနိုင်ငံမှာ မရှိပါဘူး။ လက်ရှိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ပြီး မြန်မာအလံလွှင့်ထူပြေးဆွဲနေတဲ့ သင်္ဘောဆိုလို့ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းက သင်္ဘောတွေပဲ ရှိပါတယ်" ဟု အဆိုပါ တာဝန်ရှိသူက ဆိုပါသည်။

အဆိုပါ M.V Arita Bauxite သင်္ဘောတွင် ပါဝင်သော မြန်မာသင်္ဘောသားများမှာ မြန်မာနိုင်ငံ သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာနခွဲတွင် မှတ်ပုံတင်ထားသည့် အေးဂျင့်ကုမ္ပဏီများမှ ထွက်ခွာသွားသူများ ဟုတ်၊ မဟုတ်အား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာနခွဲ (SECD) မှ ညွှန်ကြားရေးမှူး ဦးသောင်းကြိုင်က ပြောပါသည်။

"အခုမြုပ်သွားတဲ့ သင်္ဘောမှာပါတဲ့ မြန်မာသင်္ဘောသားတွေက SECD မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေက ဟုတ်မဟုတ်ဆိုတာ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနမှာ တရားဝင် မှတ်ပုံတင် ထားတဲ့ ကုမ္ပဏီတွေက သင်္ဘောတက်သွားတဲ့သူတွေ ဖြစ်တယ်ဆိုရင်တော့ ဘယ်ကုမ္ပဏီက ဖြစ်တယ်ဆို တာ သတင်းထုတ်ပြန်ပေးသွားမှာပါ" ဟုSECD မှ ညွှန်ကြားရေးမှူး ဦးသောင်းကြိုင်က ဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက် နံနက်က ကျောက်မီးသွေးများ တင်ဆောင်လာသော M.V Arita Bauxite သင်္ဘောသည် ဖိလစ်ပိုင်နိုင်ငံ အနောက်မြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ရာ ၁၄ ဦး ပျောက် ဆုံးပြီး အသက်ရှင်ကျန်ရစ်သူ သင်္ဘောသား ၉ ဦးအား တရုတ်နိုင်ငံမှ သင်္ဘောတစ်စီးက ကယ်တင်နိုင် ခဲ့သည်ဟု သိရသည်။

M.V Arita Bauxite သင်္ဘောတွင် သင်္ဘောသား ၂၄ ဦးပါဝင်ပြီး ယင်းသင်္ဘောသား အားလုံးမှာ မြန်မာနိုင်ငံ မှ ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနတွင် ဖော်ပြထားချက်အရ သိရသည်။

ဓာတ်ပုံ - M/V Arita Bauxite sank near Sual, leaving one person dead, two injured and 14 missing.

Eleven Media Group

ကချင် ဒုက္ခသည် များ အတွက် ဂီတ ပဒေသ ကပွဲ ကျင်းပမည်

မြန်မာ တပ်မတော်နှင့် ကေအိုင်အေ တို့ တိုက်ပွဲ များကြောင့် သွားလာမှု ခက်ခဲသော ဒုက္ခသည် စခန်း များတွင် ခိုလှုံ နေရသည့် ဒုက္ခသည် များ အတွက် ဂီတ ပဒေသာ ကပွဲ ပြုလုပ်ပြီး ရရှိ လာသော ရန်ပုံငွေ များကို သွားရောက် ကူညီမည် ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး ကွန်ရက် အဖွဲ့၏ ဒေါ်ခွန်ဂျာက ပြောကြား သည်။

ကချင်ပြည်နယ် မြောက်ပိုင်းရှိ ကေအိုင်အေ ထိန်းချုပ် နယ်မြေ ဖြစ်သော ပန်ဝါ ဒေသ အနီး နယ်ခြား မှတ်တိုင် ၆၊ နယ်ခြား မှတ်တိုင် ၈၊ နယ်ခြား မှတ်တိုင် ၁၀၊ နယ်ခြား မှတ်တိုင် ၁၃ စသည့် နေရာများရှိ ဒုက္ခသည် စခန်း များသို့ သွားရောက် လှူဒါန်းရန် စီစဉ် ထားကြောင်း ၄င်းက ရှင်းပြသည်။

“လှူဒါန်းမယ့် သူတွေ မရောက်နိုင်တဲ့ ဒုက္ခသည် စခန်းတွေပါ။ အစား အသောက်နဲ့ ဆေးဝါးတွေ သွားရောက် လှူဒါန်းမှာ ဖြစ်ပါတယ်" ဟု ၄င်းက ဆိုသည်။

ယင်းဒုက္ခသည် စခန်းသည် တပ်မတော်နှင့် ကေအိုင်တို့ တိုက်ပွဲ ဖြစ်ပွားသည့် ဧရိယာ အတွင်း ရှိနေ သောကြောင့် ဒုက္ခသည် စခန်းတွင် ခိုလှုံ နေသူ တို့၏ နေအိမ် အများစု မှာ ပျက်စီး သွားပြီ ဖြစ်ကြောင်း ယင်းဒုက္ခသည် စခန်းများ ထံမှ သိရသည်။

မြစ်ကြီးနားမြို့ ဆွတ်ငိုင် ဒုက္ခသည် စခန်းတွင် တာလောကြီး ကျေးရွာမှ လာရောက် ခိုလှုံနေသူ အသက် ၃၅ နှစ် အရွယ် အမျိုးသမီး တစ်ဦးကမူ “ကျွန်တော်တို့ အိမ်တွေ မရှိတော့ဘူး။ မီးလောင် သွားပြီ။ လောလောဆယ် မပြန် နိုင် သေးဘူး" ဟု ဖေဖော်ဝါရီ လဆန်းပိုင်း တွင် The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ဒေသ များသို့ လှူဒါန်း မည့် ရံပုံငွေ ဂီတ ပဒေသာ ကပွဲကို အလုံမြို့နယ် မင်းရဲကျော်စွာ လမ်းရှိ မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ အောက်မေ့ ဖွယ်ရာ ခန်းမ (MBC Hall) တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၇ နာရီမှ ၁၀နာရီ အထိ ကျင်းပ သွားမည် ဖြစ်သည်။

တပ်မတော်နှင့် ကေအိုင်အေ တို့၏ တိုက်ပွဲ များကြောင့် ဒုက္ခသည် စခန်းပေါင်း တစ်ရာကျော် ဖွင့်လှစ် ထားရပြီး ဒုက္ခသည် ပေါင်း တစ်သိန်း နီးပါး ရှိနေသည်။

The Voice Weekly

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေထံ ခြိမ်းခြောက်စာပေးပို့



ကချင်အရေးနှင့် ပတ်သက်၍ လွှတ်တော် အတွင်း ပြင်းပြင်း ထန်ထန်ဆွေးနွေးခဲ့သူ တစ်ဦးဖြစ်သည့် အမျိုး သား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ထံသို့ ခြိမ်းခြောက်စာ တစ်စောင် ရောက်ရှိလာခဲ့သဖြင့် ပြည်ေ ထာင် စု လွှတ်တော် နာယကထံသို့ တင်ပြထားကြောင်း သိရသည်။

အဆိုပါ ခြိမ်းခြောက်စာကို ဖေဖော်ဝါရီလ 11 ရက်နေ့စွဲဖြင့် မြစ်ကြီးနားစာ တိုက်မှ ပေးပို့ခဲံခြင်းဖြစ်ပြီး စာပေး ပို့သူ အမည်နာမည်ကို ကချင်ဘင်လာဒင် ဟု ရေးသားထားသည်။

အဆိုပါ ခြိမ်းခြောက်စာထဲတွင် “ခင်ဗျားနဲ့ ခင်ဗျားရဲ့ သားစဉ်မြေးဆက် မျိုး ဆက်အားလုံးကို ကျုပ်ကချင် အ မျိုး သား တစ်ဦး အနေနဲ့ ရာသက်ပန်ရန်သူ အဖြစ် သတ်မှတ်လိုက်ပြီ။ တွေ့ရာသင်္ချိင်းဓားမဆိုင်းဘဲ ကျုပ်ရဲ့ သားစဉ် မြေး ဆက်အတိုင်းဆက်လက်ပြီး ရန်သူအဖြစ် သတ်မှတ်ထား လိုက်တယ်။” ဟု ပါရှိကြောင်း လည်း သိရသည်။

Messenger

စားသောက်ဆိုင်နှင့် ဘီလ်ဂိတ်



စားသောက်ဆိုင်မှာ ဘီလ်ဂိတ်တစ်ယောက် အစားစားပြီး ဘေလ်ရှင်းတဲ့အခါ စားပွဲထိုးကို မုန့်ဖိုးအနေနဲ့ ၅ ဒေါ်လာပေးပါတယ်။

မုန့်ဖိုး ၅ ဒေါ်လာ ရရှိတဲ့ စားပွဲထိုးတစ်ယောက် အနေနဲ့ ထူးခြားတဲ့ ခံစားချက်တစ်ခုဖြစ်လာကြောင်း မျက်နှာက ဖော်ပြနေတော့ ဘီလ်ဂိတ်က " ဘာစိတ်အလိုမကျ ဖြစ်တာလဲ" လို့ ပွင့်ပွင့်လင်းလင်း ပဲ မေးလိုက်ပါတယ်။

စားပွဲထိုးက

" ဘာမှ မဖြစ်ပါဘူး ဆရာ။ ဆရာ့သား ဒီဆိုင်မှာလာစာရင် အမြဲတမ်း မုန့်ဖိုး ဒေါ်လာ ၅၀၀ ပေးပါတယ်။ သူ့အဖေ-ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဆရာကျတော့ ဘာလို့ ၅ ဒေါ်လာပဲ ပေးတယ် ဆိုတာကို စဉ်းစားနေမိတာပါ"

ဘီလ်ဂိတ်က ယခုလိုပဲ ခပ်ပြုံးပြုံးပဲ ဖြေလိုက်ပါတယ်။

"အင်း..။ သူက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ရဲ့  သားလေ။ ကျွန်တော် ကတော့ သစ်ခုတ်သမားရဲ့  သားမို့လို့ပါ"

--------------------
--------------------
--------------------

(သင်ခန်းစာ - ဘဝမမေ့ပါနှင့်။ အတိတ်ဖြစ်ရပ်နှင့် ကိစ္စများက မိမိ၏ အကောင်းဆုံး ဆရာ ဖြစ်သည်)

အနာဂတ်ထာဝရအလင်းရှင် ( သမ္မတကြီး ဦးသိန်းစိန် အတွက် စပ်ဆိုထားသော သီချင်းဖြစ်ပါသည်)


တေးရေး - ကိုလတ် (Oasis)
တေးဆို - ကျော်သီဟ
Producer - Andy
တည်းဖြတ် - နီလာထွေး
ထုတ်လုပ် - Sky Net (Up-to-Date)
သမ္မတရုံးဝဘ်ဆိုဒ်မှ ကူးယူဖေါ်ပြသည်။

ကင်တာနား၏ တပ်မတော်သား ၂၅ ရာခိုင်နှုန်းအားလွှတ်တော် တက်ရောက်ခွင့် ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်ကို ပြင်ဆင် သင့်ကြောင်း ပြောကြားခဲ့ မှု့ကို ပြည်သူများ နှင့် လွှတ်တော် ကိုယ်စားလှယ်များဝေဖန်



ကင်တားနားကို ဘင်္ဂလီ လူမျိုးအချို့နှင့် အတူတွေ့ရပုံ

တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော် တက်ရောက်ခွင့် ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်ကို ပြင်ဆင် သင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် သောမတ်စ် အိုဟေး ကင်တာနားက မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖော်ဝါရီ လ ၁၆ ရက် နေ့က ပြောကြားခဲ့မှု့နှင့် ပတ်သက်၍ ပြည်သူများနှင့် လွှတ်တော် ကိုယ်းစားလှယ်များ မှ ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်ကြောင်း သိရသည်။

“ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ဆိုတာက တိုင်းရင်းသား အချင်းချင်း ဖြေရှင်းရမယ့် ပြဿနာပါ။ သူ့ကို ပေးအပ်ထားတဲ့ တာဝန် အသေးစိတ် ဘောင်ကို မသိဘူး။ တာဝန် ထဲမှာ မပါရင်တော့ ဘောင်ကျော် ပြီးတော့ ခုလို မပြောသင့်ဘူး” ဟု သင်္ဃန်းကျွန်း မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က ဆိုသည်။

တောင်ဥက္ကလာပ မြို့နယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က “ကိုယ်နဲ့မ ဆိုင်တာ ဝင်မပါ သင့်ဘူး။ လူ့အခွင့်အရေး ကိုယ်စားလှယ်က လူ့အခွင့်အရေး ကိစ္စပဲ ပြောပေါ့။ ခုတော့ ဗမာတွေ သဘော ကောင်းတာကို အခွင့်ကောင်း ယူပြီး ခြေကျူး လက်ကျူးနဲ့” ဟု ပြောသည်။

ကင်တာနားသည် ပြုပြင်ပြောင်းလဲမှု့ကို မလိုလားသည့် ၊ အကောင်းမမြင်သည့် အဖွဲ့အစည်း အချို့နှင့် တွေ့ဆုံခဲ့ပြီး ယခင် အစိုးရ လက်ထက် ကကဲ့သို့ အစိုးရ ဝေဖန်ခဲ့လျှင် ချီးမွှမ်းခံရမည်၊ ထောက်ခံ ခံရမည်အထင် ရှိနေပုံရကြော့င်း၊ မြန်မာ ပြည်သူများ သည် များစွာပြောင်လဲခဲ့ပြီ ဖြစ်ကြောင်း၊ အစိုးရ လုပ်တိုင်း မကောင်းမြင်သည့် ခေတ်မဟုတ်တော့ကြောင်း၊ ကင်တားနားသည် အစိုးရ အတိုက်အခံ အဖွဲ့ အစည်း အချို့ လေသံ လိုက်ပြီး ၎င်း လိုလားသည့် ဘင်္ဂလီ များ ရသင့်တဲ့ အခွင့်အရေးထက် ပိုရအောင် ပြောသွားကြောင်း၊ ပြည်သူတစ်ဦးက ပြောသည်။

အဲလူက လူ့ အခွင့် အရေး အကြောင်းပြပြီး ဘင်္ဂလီ တွေ နိုင်ငံသား ဖြစ်လာအောင် လာလုပ်ပေးနေတာ ဟု ပြည်သူတစ်ဦးက ဝေဖန်သည်။

စစ်တပ် ကိုယ်စားလှယ်ကိစ္စသည် မြန်မာ ပြည်သူများ၊ တရားဝင် ဖွဲ့စည်းထားသော နိုင်ငံရေး ပါတီ များ၊ အဖွဲ့ အစည်းများ၏ အရေးကိစ္စ ဖြစ်ကြောင်း၊ မဆိုင်သည့် စကားတွေ လာပြောသည့် ကင်တားနား ကို နောက်တစ်ခေါက် မြန်မာပြည် ပေးမ၀င်သင့်တော့ကြောင်း ပြောကြားသွားပါသည်။

မြန်မာ နိုင်ငံသို့ ခုနစ်ကြိမ်မြောက် ခရီးစဉ် အဖြစ် ခြောက်ရက်ကြာ လာရောက်ခဲ့သည် ကင်တားနားက ရိုဟင်ဂျာ လူမျိုးများ အပါအဝင် မြန်မာ နိုင်ငံတွင် နေထိုင်သည့် လူသား အားလုံးကို လူမျိုးရေး နှင့် ဘာသာရေး ပေါ်တွင် အခြေခံသော ခွဲခြားမှု မရှိစေဘဲ နိုင်ငံသား ဖြစ်ခွင့်ပြုရန် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို ပြင်ဆင် သင့်ကြောင်း လွှတ်တော်သို့ သုံးကြိမ်ခန့် တိုက်တွန်း ထားသည်။

ကိုးကား- တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့် ပေးထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရန်လို ( The Voice Weekly)

မြန်မာ့သားကောင်း

ကွန်ပျူတာသုံးပြီးတိုင်း လက်ဆေးပါ . . . .



ကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက် ၅ ဆ ပိုညစ်ပတ်ပါသတဲ့ ။

မယုံမရှိကြပါနဲ့ ။ London National Laboratory တစ်ခုရဲ့ တိကျသေချာသော သုသေသန လုပ်ဆောင်ချက်တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊ Computer တခုရဲ့  Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွား ရှင်သန်နိုင်ကြောင်း လေ့လာတွေ့ ရှိရသည်။

ထို Bacteria များသည် လူတို့ အား အစာအဆိပ်သင့်ခြင်း (ဗိုက်ထဲ တွင်မအီမသာဖြစ် ပြီး ၀မ်းလျောခြင်း ) မှ အစ သေစေနိုင်လောက်သည့် ရောဂါ များ အထိ ဖြစ်ပွား ပျံ့ နှံ့ စေနိုင်သည်။

ပြီးခဲ့ သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိသူမသိ အဖြစ်အပျက်လေးတစ်ခုဖြစ် ပျက်ခဲ့ သည်။

တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစကလေးငယ် တစ်ဦးကို ဆုံးပါးသွားစေခဲ့ သည်။

အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို့ တွင် အသက် ၃၀ ကျော်မှ ရသော ကလေးလေး ဖြစ်သည်။

အသက်ကြီးမှ ရသောကလေးမို့ မိဘများက တအားတန်ဖိုးထားသည့် (Precious Baby ) လေး ဖြစ်သည်။

အဖေဖြစ်သူက Computer Programmer - တနေကုန် Computer ရှေ့ တွင် အလုပ်ရှုပ်နေသူ ရုံးကပြန်လာတိုင်း လုပ်လေ့လုပ်ထရှိသည့် အကျင့်လေးတစ်ခုက သားလေးကို ချီပြီး နမ်း တတ်သည်။

ကလေးက မွေးကင်းစ (Baby ) လေး ။ ၁၀ ရက်သားခန့် သာရှိသေးသည့် တအားနုနယ်သည့် ကလေးလေးပေါ့။

သိပ်မကြာ ကလေးက ဖျားပြီး ခန္ဒာကိုယ်တစ်ခုလုံးနီရဲ ရောင်ရမ်းလာကာ ဆေးရုံတက်ရက်သည်။ ဆရာဝန်များက မွေးကင်းစကလေးပိုးဝင်ရောဂါ( Neonatal Sepsis) ဟုဆိုသည်။ ၂ ရက်မြောက် ဆေးရုံပေါ်တွင် ကလေးမှာ သေသွားရှာသည်။

မိဘတွေက လည်း ဘယ်နေမလဲ။ သူတို့ ကလေး ဘယ်လို သေရသလဲ ? အကြောင်းအရင်းကိုရှာသည်။ မိခင်ဖြစ်သူမှာ ကလေးကို နို့ တိုက်သည် မှအပ တခြားအချိန်တွင်အထိအတွေ့ နည်း သည်။ နို့ တိုက်ကျွေးသည့်အချိန်တွင်လည်း တကယ့် သန့်သန့် ရှင်းရှင်း စနစ်တကျရှိလှသည်။ တခြားထိတွေ့ သူမှာ အဖေဖြစ်သူသာလျှင်ရှိတော့သည်။ တနေကုန်ရုံးမှာ အလုပ်လုပ် ပြန်ရောက်ရောက် ချင်း လက်တောင်မဆေးပဲ ကလေးကို ချီ ပြီးနမ်း ရှုတ်တတ်သည့်အဖေ ။ သူ့ ကိုသူ သံသယ၀င်ပြီး သူငယ်ချင်းဖြစ်သူ ဆရာဝန်၏ အကူ အညီဖြင့် ဓာတ်ခွဲ ခန်း တစ်ခု တွင် သူ့ လက်မှာ ရှိတဲ့ Bacteria တွေကို Culture လုပ်ကြည့်တော့ တွေ့ လိုက်ရသည်မှာ သူ လက်တွင် ကပ်ငြိနေသည့် Bacteria က အမျိုးပေါင်း များစွာပင်။ ထို Bacteria တွေ က နုနယ်သည့် (immature baby) လေး ကို သေသွားစေခဲ့ ရလေသည်။

ထို ဥပမာလေးကို သင်ခန်းစာယူ ပြီး Computer သုံးပြီးတိုင်း လက်ကို ဆပ်ပြာ ဖြင့် သေချာစွာဆေးကြော ကြပါ။

ဒီနေ့ ခေတ်တွင် အင်တာနက်ဆိုင်တွေများပြားလာပြီး ထိုဆိုင်များရှိ စက်များမှာ လူတန်းစားပေါင်းစုံ ကသုံးစွဲနေကြတော့ ညစ်ပတ်မှာက အသေအချာပင်။

ထို ကြောင့် မည်သူ မဆို Computer သုံးပြီးတိုင်းလက်ဆေးသည့်အကျင့် ကို ဂရုတစိုက် လုပ်ဆောင်သင့် သည်။ တစ်ချို့ အင်တာနက်ဆိုင်တွေ ရဲ့ သန့် စင်ခန်းတွေမှာ လက်ဆေးရန်စနစ်တကျလုပ်ထားပေးသည် များရှိသည်။ ဆိုင်တိုင်းမှာလည်း လုပ်ထားပေးသင့်သည်။

မြန်မာနိုင်ငံ မှာရှိနေသည့် Foreigner အများစုမှာ Hand Sanitizer ခေါ် Spray ဘူးလေးများဆောင်ထားကြသည်။ သူတို့ အင်တာနက်ဆိုင်မှာ သုံးပြီးတိုင်း လက်ကို Hand Spray ဖြင့် သန့် စင်ကြသည်ကိုတွေ့ ဖူးသည်။ ထိုနည်းကတော့ ပို ပြီးကောင်းသည်။ ရေကိုင်စရာမလို ဆပ်ပြာကိုင်စရာ မလို ပဲ သန့် စင်နိုင်သည်။ ထိုကဲ့သို့  ပစ္စည်းမျိုးကို မသုံးနိုင်ရင်တောင်မှ ဆပ်ပြာနှင့် သေချာစွာဆေးကြော သင့်သည်။

သင်တို့၏လက်ကိုသန့်ရှင်းစင်ကြယ်စွာထားခြင်းဖြင့် သင်တို့ ဘ၀တွေပိုပြီး လှပသာယာနိုင်ကြပါစေ။

http://www.lubo601.com/2013/02/blog-post_16.html

ဗိုလ်ချုပ်အောင်ဆန်းပုံကို ငွေစက္ကူတွင် ရိုက်နှိပ်ရန် လူငယ်အင်အားစုများ လိုလားနေ



ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားသည့် ငွေစက္ကူအဟောင်းများကို
ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေး ရှေ့တွင် ရောင်းချနေစဉ် (ဓာတ်ပုံ – (ဂျေပိုင် / ဧရာဝတီ)

အမျိုသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးကို အမှတ်တရရှိစေရန် နောက်နောင် ထုတ်ဝေသုံးစွဲမည့် ငွေစက္ကူများနှင့် တံဆိပ်ခေါင်းများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံ ရိုက်နှိပ်ဖော်ပြ ရန် နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်း အသီးသီးမှ လူငယ်အင်အားစုများက လိုလားလျက်ရှိကြောင်း သိရသည်။

“ကျနော်တို့ စံပြခေါင်းဆောင် က ဗိုလ်ချုပ်အောင်ဆန်းပဲ၊ သူ့ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပေးပါ။ သူက မစားဘဲ စွန့်ခဲ့တဲ့ ခေါင်းဆောင်ပါ။ အခုခေတ်မှာ မစွန့်ဘဲစားတဲ့သူတွေ အများကြီးပဲ” ဟု ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုး က ပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက် နေ့တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏ ၉၈ နှစ်မြောက် မွေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အင်းယားကန်ပေါင်တွင် ထိုနေ့ညနေ ၄ နာရီက ပြုလုပ်ခဲ့ပြီး ဗကသများ အဖွဲ့ချုပ်၊ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်၊ Generation Wave၊ Generation Youth နှင့် ရန်ကုန်မြို့အခြေစိုက် လူငယ်အင်အားစု ၁၀၀ ခန့် တက်ရောက်ခဲ့ရာ ယင်းအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၉၈ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အခမ်းအနား တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာ ကို ငွေစက္ကူနှင့် တံဆိပ်ခေါင်း များပေါ်တွင် ပြန်လည် သုံးစွဲနိုင်ရန် တောင်းဆိုသော လက်မှတ်များ ရေးထိုး ခဲ့ကြပြီး ရရှိသော လက်မှတ်များနှင့် တခြား နေရာများမှ စုဆောင်းရရှိထားသော လက်မှတ် ၅၀၀ ကျော် ကို ဒေါ်အောင်ဆန်းစုကြည်ထံ တဆင့် ပေးအပ်နိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး သို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သွားရောက် ပို့ဆောင်ခဲ့ကြောင်း Generation Youth မှ ကိုနေထွဋ်ပိုင် က ပြောသည်။

အစိုးရသို့ တိုက်ရိုက် မတင်ပြရခြင်းမှာ ယခုကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်သောကြောင့် ဖြစ်ပြီး သူ၏ တုန့်ပြန်ဆောင်ရွက်ပေးမှုအပေါ် မူတည်၍ ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပြဿနာ အခက်အခဲရှိရင် သူ့ဆီကို အရင်လာပြီး အကူအညီတောင်းပါ ဆိုပြီးတော့ ပြည်ထောင်စုနေ့ က ဒေါ်အောင်ဆန်းစုကြည်က ပြောထားတယ်။ အဲဒါကြောင့် သူ့ဆီကို အရင်သွားပြီး အသိပေးတာ” ဟု သူက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူများသည် ၁၉၈၈ ခုနှစ် နောက်ပိုင်း ခြင်္သေ့ရုပ် ငွေစက္ကူ များ ပေါ်ပေါက်လာပြီး နောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရကြောင်း ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က ရှင်းပြသည်။

“၁၉၅၂ ခုနှစ် မှာ ဗဟိုဘဏ်ဥပဒေ ပေါ်လာတော့ ဗိုလ်ချုပ်ပုံနဲ့ ငါးကျပ်တန်တွေ ထွက်လာတယ်။ ဆိုရှယ်လစ် တခေတ် လုံးလည်း ဗိုလ်တေဇပုံ သုံးခဲ့တာပဲ။ နိုင်ငံတကာမှာတော့ ကိုယ့်တိုင်းပြည် ထူထောင်တဲ့ သူရဲကောင်းပုံတွေကို သုံးကြတယ်။ တိုင်းပြည်အတွက် အမှတ်တရ ဖြစ်မယ့်သူတွေကို သုံးကြတယ်။ ကိုယ့်ခေါင်းဆောင် တွေကိုလည်း တန်ဖိုးထားတတ်ဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံတကာမှ ငွေစက္ကူများတွင် တိုင်းပြည် တည်ထောင်ခဲ့သော သူများကို အမှတ်တရရှိစေရန် ထည့်သွင်းဖော်ပြကြပြီး အိမ်နီးချင်း နိုင်ငံများတွင် ဂန္ဒီ၊ နေရူး၊ ဂျင်းနား၊ မော်စီတုန်း စသည့် ခေါင်းဆောင်ရုပ်ပုံများကို အသုံးပြုကြကြောင်း၊ အချို့နိုင်ငံများတွင် ခေတ်ကာလနှင့် လျော် ညီသောရုပ်ပုံများကို အသုံးပြုကြကြောင်း ဦးသန်းလွင်က ရှင်းပြသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျရောက်သော ချစ်သူများနေ့ကို လူငယ်များ အမှတ်တရရှိကြသော်လည်း ဗိုလ်ချုပ်အောင်ဆန်းကို မေ့လျော့လာကြောင်း၊ သမိုင်းအမှန်ကို လူငယ်များသိရှိရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းက ပြောသည်။

“ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့ အဖြစ် သတ်မှတ်ခဲ့ကြတယ်။ ကလေးများနေ့လို့ သတ်မှတ်ခဲ့ပေမယ့် မည်ကာမတ္တပဲ ရှိခဲ့တယ်။ ကလေး လူငယ်တွေဟာ အနာဂတ်ရဲ့ခေါင်းဆောင်တွေပဲ။ အခု လူငယ်တွေ သမိုင်းကို မသိတဲ့ အတွက် တိုင်းပြည်က မျိုးဆက်နဲ့ချီပြီး နစ်နာနေပြီ။ အဲဒါကို ဖော်ထုတ်ကြဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှုနှင့် တိုင်းပြည်အပေါ် အနစ်နာခံတတ်သော စိတ်ဓာတ်မှာ ယနေ့ခေတ် လူငယ်များအတွက် အတုယူ အားကျဖွယ် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး က ဆိုသည်။

“အနေအထိုင် ရိုးစင်းတာနဲ့ နိုင်ငံနဲ့ ပတ်သက်လို့ အသက်စွန့်လွှတ် အနစ်နာခံပြီးတော့ အဲဒီခေတ်ရဲ့ လိုအပ် ချက်ဖြစ်တဲ့ လွတ်လပ်ရေးကို ရူးသွပ်တာမျိုးပေါ့။ ကျနော်တို့ နိုင်ငံမှာလည်း အမျိုးသား ပြန်လည် သင့်မြတ်ရေးမှာ ဘယ်လောက် ရူးသွပ်လဲ ဆိုတာ နိုင်ငံနဲ့ချီပြီးတော့ ရူးသွပ်မှုတွေ မွေးမြူကြရမှာပါ” ဟု သူက ထပ်ပြောသည်။

၉၈ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရ အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်သော ပဲပြုတ်နှင့် နံပြားကို ဓမ္မစေတီ ဆရာတော် အရှင် ဥူးကောသလ္လက ကုသိုလ်ပြု ကျွေးမွေးခဲ့သည်။

“သူ အသက်ရှင် နေထိုင်စဉ် ကာလအတွင်းမှာ တိုင်းပြည်အကျိုးကို အများကြီး လုပ်ခဲ့တဲ့ အတွက် လေးစားမိပါတယ်” ဟု အင်းလျားကန်ပေါင် အခမ်းအနားသို့ တက်ရောက်လာသော စမ်းချောင်း မြို့နယ်မှ အသက် ၁၅ နှစ်အရွယ် မောင်အောင်မိုးသူ က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သီချင်း သီဆိုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြု၍ တမိနစ်ငြိမ်သက်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ သီချင်းများ သီဆိုခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

http://burma.irrawaddy.org/archives/34039

ဦးရဲထွဋ်၏ ဆိတ်ပုံပြင်



စစ်တက္ကသိုလ်မှာ Baptism of Fire ဆိုတဲ့ အီဒီယမ်အကြောင်း သိခဲ့ရသည်။ ထိုစကားလုံးက စစ်သားတွေ အတွက်ဆိုလျှင် ပထမဆုံးတိုက်ပွဲအတွေ့အကြုံ (A soldier's first experience of actual combat conditions ) ဖြစ်သည်။ ဆရာတွေက စစ်သားတစ်ယောက်ဖြစ်လာရင် တိုက်ပွဲတွေ ရာချီပြီးေ တွ့ရလိမ့် မယ်၊ ဒါပေမယ့် ပထမဆုံးတိုက်ပွဲကိုပဲ မင်းတို့ အမြဲသတိရနေလိမ့်မယ်ဟု သွန်သင်ခဲ့သည်။

၁၉၈၁ ခုနှစ်မှာ ကျွန်တော်တို့ကျောင်းဆင်းသည်။ တာဝန်ကျရာ တိုင်း၊ တပ်မလက်အောက်ခံ တပ်ရင်းေ တွမှာ တာဝန် ထမ်းဆောင်ကြသည်။ နောင်တစ်နှစ်၊ နှစ်နှစ်နေတော့ သင်တန်းတွေမှာ သူငယ်ချင်းတွေပြန် ဆုံမိကြ သည်။ အဲဒီလို ပြန်ဆုံ သည့်အခါတိုင်း ပထမဆုံးမေးတာကတော့ တာဝန်ကျရာ တပ်ရင်း ကိုေ ရာက်ြ ပီးေ နာက် ပထမဆုံးတိုက်ပွဲအတွေ့အကြုံ ဖြစ်သည်။ ထိုအချိန်က ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ တိုက် ပွဲတွေက ပြင်းထန်နေဆဲဖြစ်ရာ ထိုဒေသတွေမှာ တာဝန်ကျ သည် တိုင်းတပ်၊ တပ်မတပ်က သူငယ် ချင်းတွေမှာ တိုက်ပွဲအကြောင်းတွေပြောစရာအပြည့်ရှိသည်။ ကျွန်တော်ကလည်း နိုင်ငံ၏ အရှေ့တောင် ဘက် နယ်ြေ မတွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတစ်ခုတွင် တာဝန်ထမ်းဆောင်ရ သည်ဖြစ် ရာ တိုက်ပွဲအတော်များများနှင့် ကြုံခဲ့သည်။ သို့သော် ကျွန်တော့်သူငယ်ချင်းတွေလို ပထမဆုံး တိုက် ပွဲ မှာ ရန်သူ့ အလောင်း၊လက်နက် ဘယ်လောက်ရတယ်ဆိုတာကို မကြွားဝါနိုင်၊ ဘာ့ကြောင့် လည်းဆိုတော့ သူတို့ရဲ့ ပထမဆုံးရလဒ်က ရန်သူဖြစ်ပေမယ့် ကျွန်တော့်ပထမဆုံးရလဒ်က ဆိတ်တွေဖြစ်ေ နသောကြောင့်ဖြစ်၏။

ကျောင်းဆင်းပြီးတာဝန်ကျရာတပ်ရင်းရောက်တော့ တပ်ရင်းက ရှေ့တန်းမှာ၊ ဒီလိုနဲ့ ရှေ့တန်းကို လိုက် သွား၊ တပ်ရင်းမှူးကို သတင်းပို့ပြီးတော့ တပ်ရင်းမှူးက တာဝန် ထမ်းဆောင်ရမည့် တပ်ခွဲ ကိုသတ် မှတ်ေ ပး သည်။ တပ်ခွဲမှူးက ရဲဘော်ဘ၀ကနေ တာဝန်ထမ်းဆောင်ပြီးမှ အဆင့်ဆင့် ရာထူး တက်လာ သူဖြစ်ေ တာ့ တိုက်ပွဲအတွေ့အကြုံများသည်။ ကျွန်တော်လို့ ဗိုလ်ပေါက်စမနူးမနပ်တွေကို ဘယ် လို တာ ၀န်ပေးရမယ်ဆိုတာကောင်းကောင်းနားလည်သည်။ ဒီတော့ တပ်ခွဲမှာ အတွေ့ အကြုံအများဆုံးဖြစ်သည့် တပ်စု တပ်ကြပ်ကြီးနဲ့ တွဲပြီးတာဝန်ပေးသည်။

တကယ်တော့ စစ်မြေပြင်က လက်တွေ့တပ်စုမှူးဘ၀သည် ကျောင်းမှာ သင်ခဲ့ရသည့် တပ်စုမှူး ဘ၀နှင့် အတော်ကွာခြား သည်။ စစ်ကြောင်းချီတက်သည့်အခါ အလှည့်ကျ ရှေ့ပြေးတပ်စု ( Point ) တာဝန် ယူတဲ့ အချိန်မှာ ဒုက္ခတွေ့ပြီ။ ကျောင်း မှာတုံးက တပ်စိတ်တစ်ဘယ်၊ တပ်စိတ်နှစ်ညာ စသည်ဖြင့် သင်ခန်းစာ ပါအတိုင်းအမိန့်ပေးလျှင် ရပြီ။ လက်တွေ့မှာတော့ ဒီလို မဟုတ်။ တောင်ကုန်း၊ မြေပြန့်၊ လယ်ကွင်း၊ လမ်း သွယ်၊ လမ်းခွဲ စသည့် မြေပြင်အခြေအနေတွေကို ကြည့်ပြီး တပ်ဖြန့်ရသည်။ နောက်ပြီး ကျောင်းမှာ တုံးက လို အသံကုန်အော်လို့မရ၊ အချက်ပြသင်္ကေတနဲ့ပြောရသည်။ လမ်းခွဲတွေများ လျှင် နောက်က လိုက်လာ သည့် စစ်ကြောင်းလမ်းမမှားအောင် လမ်းပိတ်သည့် သင်္ကေတတွေထားရသည်။ မြေအခြေ အနေပေါ် မူ တည်ပြီး ပြေးတန်ပြေး၊ ၀ပ်တန်ဝပ်ရသည်။ ရှေ့တန်းရောက်ပြီး ပထမဆုံးနေ့ ခရီးစထွက်သည် နှင့် ရှေ့ြေ ပး တပ်စုတာဝန်ကျသည့် တပ်စု တပ်ဖြန့်သွားလာနေပုံကို ကြည့်ပြီး ဟင် ငါအလှည့်ကျရင် ဘယ်လို လုပ်ရ ပါ့ ဆိုပြီး သွေးပျက်ခဲ့သည်။ သို့သော် ကျွန်တော့်ဆရာကြီးက ဒီလိုဗိုလ်ပေါက်စတွေနဲ့ ကြုံဖူးတာ များပြီဖြစ် ရာ ကျွန်တော်ကို အားပေးသည်။ ရှေ့ပြေးတပ်စုအလှည့်ကျရင် ကျွန်တော့်အနားမှာနေပြီး တပ်ကိုဘယ် လိုဖြန့်ရ မယ်ဆိုတာ ကပ်ပြီးပြောပြ ပေးသည်။ ဒီလိုနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရလာသည်။ ဒါပေမယ့် ရှေ့ တန်း မှာ သုံးပတ်လောက်ကြာသည်အထိ တိုက်ပွဲ ကမဖြစ်။ ကျွန်တော်ကလည်း ဘယ်တော့များ လက် စွမ်းပြရမလဲဆိုပြီး ဟန်တပြင်ပြင်။

ဖြစ်မယ့်ဖြစ်တော့ ကျွန်တော်ရှေ့ပြေးတပ်စုအလှည့်ကျသည့်နေ့မဟုတ်။ နောက်ချန် တပ်စုနဲ့လိုက်ရ သည့်ေ န့။ ချီ တက်ရင်း လယ်ကွင်းစပ်တစ်ခုအရောက်မှာ တစ်ဖက်က ရန်သူအဖွဲ့ငယ်က လက်နက် ငယ် နဲ့ စပစ် သည်။နောက်တော့ လော(LAW, Light Anit Tank Weapon ) နဲ့ပစ်သည်။ အစတုံးက ငါေ ရှ့ြေ ပး တပ်စု တာဝန်ကျနေချိန် ရန်သူပစ်ပါက ဘယ်လို ဘယ်ပုံ လုပ်လိုက်မည်ဆိုတဲ့စိတ်ကူးတွေက ဘယ်ေ ရာက် ကုန်မှန်းမသိ။ တပ်စုကို ဘာအမိန့်ပေးရမှန်းမသိ။ ဗုံးသီးကွဲသံ တွေကြား မှာ မြေကြီးနဲ့ နှာခေါင်း ထယ် ထိုးအောင် ၀ပ်နေမိ သည်။ ဆရာကြီးကသာ အလိုက်သတိနဲ့ နောက်ပိုင်း လုံခြုံရေးအတွက် တပ်ဖြန့်ေ နရာယူ ခိုင်းရသည်။ ဒီအချိန်မှာ တပ်ခွဲမှူးက ကျွန်တော်တို့တပ်စုကို ညာဘက်က ပန်းတက် ရန် အမိန့်ပေးသည်။ ဒီတော့ဆရာကြီးက တပ်စုကို အမိန့်ပေးသည်။ ကျွန်တော်ကတော့ ဆရာကြီးေ နာက်ကလိုက်ပြီပေါ့။

တပ်စုတစ်စုလုံး ပြေးလိုက်ဝပ်လိုက်နဲ့ ကိုက်သုံးရာလောက်သွားမိတော့ လယ်ကွင်းဆုံးပြီး တောစပ် ကိုရောက်သည်။ ဒီတောစပ်အတိုင်း ရန်သူကိုနောက်ကြောကပတ်နိုင်အောင် အတင်းတက်ရသည်။ ဒီလို သွားနေတုံး ရှေ့ဆုံးက တပ်စိပ်က ၀ပ်ချလိုက်ပြီး ရှေ့မှာ လှုပ်ရှားမှုတွေ့တယ်ဆိုပြီး အချက်ပြ၏။ ကျွန်ေ တာ် နဲ့ ဆရာကြီးလှမ်းကြည့်လိုက်တော့ ကိုက်တစ်ရာ ကျော်မှာ သစ်ပင်တွေကြားက ရိပ်ရိပ် ရိပ်ရိပ် နဲ့ပြေးနေသည့် လှုပ်ရှားမှုတွေကို လှမ်းတွေ့ရသည်။ ချက်ခြင်းပဲ ဒါဟာ ရန်သူ တွေဆုတ်နေတာပဲ ဆိုပြီး ကျွန်တော်က ပစ်မိန့်ပေးလိုက်သည်။ ဆရာကြီးက ဗိုလ်ကြီးခဏနေဦးလို့ ပြောတာတောင် ဂရုမစိုက်မိ။

ရှေ့ပြေးတပ်စိတ်လည်း ကျွန်တော့်အမိန့်အတိုင်း ဝိုင်းပစ်သည်။ ဒါပေမယ့် ရန်သူတွေဘက်က ဘာမှပြန် မလု ပ်။ ဒါ့ကြောင့် ဆရာကြီးက အပစ်ရပ်ခိုင်းလိုက်သည်။ လှမ်းကြည့်တော့ သစ်ပင်ကြားတွေထဲမှာ လှုပ် ရှား မှုတွေ ကတွေ့နေရတုံး။ ခဏနေ တော့ တပ်ခွဲမှုးတို့ဘက်ကလည်း သေနတ်သံတွေ ရပ်သွားပြီးမို့ တပ်ဖြန့်ပြီး ရှင်းသည်။ စောစောက ကျွန်တော်တို့ ရန်သူ တွေလို့ထင်တဲ့နေရာကိုရှင်းလိုက်တော့ ရန် သူတွေ မဟုတ်။ အဲဒီမှာ လယ်တဲတစ်လုံးရှိသည်။ အိမ်ပိုင်ရှင်တွေကတော့ သေနတ်သံကြားထဲ့က ဗုံးခို ကျဉ်းထဲ ဆင်းပုန်းနေကြပြီ။ ကျွန်တော်တို့ ရန်သူတွေပြေးပြီလို့ထင်တဲ့လှုပ်ရှားမှုတွေက သူတို့ ပိုင်တဲ့ ဆိတ်ေ တွ သေနတ်သံကြောင့် ဆိတ်ခြံထဲမှာယောက်ယက်ခတ်နေတာဖြစ်သည်။ စာရင်းချုပ်လိုက်တော့ ကျွန်တော့် ရဲ့ပထမဆုံးတိုက်ပွဲတွင် ကျွန်တော့်လက်ချက်ဖြင့် ဆိတ်သုံးကောင်သေသွားသည်။

တပ်ခွဲမှူးကို အခြေအနေတင်ပြတော့ ငါနဲ့ကိုင်တုတ်ပြီးချီးမွမ်းထောပနာပြုသည်။ ရွာသားတွေကိုသာ မှား ပစ် လို့က တော့ မင်းထောင်ကျပြီဟု ကောင်းချီးပေးသည်။ နောက်တော့ ကျွန်တော့်လစာ ( ထိုအချိန်က ၄၅၀ ကျပ်) ထဲက တစ်ရာ့ ငါးဆယ်ဖြတ်ပြီး ပိုင်ရှင်ကိုလျော်လိုက်ရသည်။ ကျွန်တော်တို့ ညစာကတော့ ဆိတ် သားေ ပါ့။ ရဲဘော်တွေကတော့ တပြုံးပြုံး၊ တပ်ခွဲမှူးကတော့ စစ်ဆင်ရေးကာလတစ်လျှောက်လုံးကို ကျွန်တော့် ကို စစ်ဗိုလ်ကြီးလို့မခေါ် ဆိတ်ဗိုလ်ကြီး လို့သာခေါ်တော့သည်။

ပြီးခဲ့သည့်အပတ်က နိုင်ငံခြားသတင်းထောက်တစ်ဦးနှင့်တွေ့သည်။ သူက ကေအိုင်အိုနဲ့ ပဋိပက္ခမှာ နှစ် ဘက် လုံးက စမပစ်ပါဘူးလို့ပြောထားရက်နဲ့ ဘာလို့ တိုက်ခိုက်မှုလေးတွေဆက်ဖြစ်နေတာလဲလို့ မေး သည်။ ကျွန်တော်က ရှေ့တန်း စစ်မြေပြင်တွင် သေရေးရှင်ရေးအတွက် လှုပ်ရှားနေရသူများ ခံစားရသည့် စိတ်ဖိ စီးမှုများ၊ အချိန်တိုအတွင်း ဆုံးဖြတ် ရသည့်အခြေအနများ အကြောင်းရှင်းပြရင်း ထိုအဖြစ် အပျက်လေးကို ပြောပြခဲ့သည်။ ဒါကြောင့် တရားဝင် အပစ်အခတ် ရပ်စဲရေးဖြစ်ဖို့လိုသည်၊ ဒါမရှိဘဲနဲ့ နှစ်ဘက်လက်နက်ကိုင်တွေကြား ယုံယုံကြည်ကြည် သွားလာဆက်ဆံဖို့ခက်သည်ဆို တာကို ရှင်းပြခဲ့သည်။

နောက်ဆုံးတော့ သတင်းထောက်မိတ်ဆွေက ဒါဆိုရင် မင်းရဲ့ ပထမဆုံးစစ်သားဘ၀က ဆိတ်နဲ့ပတ် သက်ေ န တာ အမှတ် တရပေါ့လို့ဆိုသည်။ ကျွန်တော်က စစ်သားဘ၀မှာသာမဟုတ် သမ္မတ ရဲ့ပြောရေး ဆို ခွင့် ရှိသူဖြစ်တော့လည်း ဆိတ်နဲ့ ပတ် သက်နေပါသေးတယ်ဟု ဆိုပြီး ဒေါက်တာ ဆိတ်ဖွားအဖြစ် စွ တ်စွဲ ခံရပုံ၊ ပြည်ထောင်စုလွှတ်တော်က ဒေါက်တာ ဆိတ်ဖွားကို ဖော်ထုတ်ရေး အတွက်ေ က်ာမရှင်ဖွဲ့ စည်းေ ဆာင် ရွက်နေပုံများကို ရှင်းပြခဲ့သည်။

ကျွန်တော်ရှင်းပြတာကို ဘယ်လိုနားလည်သွားသည်မသိ၊ တွတ်ပီကာတွန်းထဲကလို ထူးဆန်းပါပေ့ ကို တွတ်ပီ ရယ် လို့ သဘောရသည့် သိုးဆောင်း စကားကို တစ်ဖွဖွရွတ်ရင်း၊ မျက်ရည် လည်အောင် ရယ်ကာ နှုတ် ဆက်ပြန်သွားတော့သည်။

အော် ဆိတ် × ဆိတ်× ဆိတ် ပါကွယ်

ရဲထွဋ်

လူတိုင်းအတွက် အချိုမှုန့် အန္တရာယ်


လူအများ အချိုမှုန့် ပါဝင်သော အစားအသောက် များစားပြီး အချိုမှုန့်၏ ဆိုးကျိုးများကို ခံစား ဖူးကြမည် ထင် ပါ သည်။ ၄င်းဆိုး ကျိုးများတွင် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ရင်ကျပ်ခြင်း (အထူးသဖြင့် ရင်ကျပ် အခံရှိသော လူများတွင်)၊ ရင်ဘတ် အောင့်ခြင်း၊ နုံးချည့်ခြင်း၊ မျက်နှာနှင့် ဦးခေါင်းပိုင်းတွင် ကုပ်ပိုး ၌ ပူလောင်ခြင်း၊ ထုံကျဉ်ခြင်း၊ သွေးတိုး ခြင်းနှင့် အချို့တွင် သွေးပေါင်ကျခြင်း (နှလုံးခုန် မမှန်၍)များ ပါဝင်ေ ကြာင်း သုတေသန ပြုချက် များအရ သိရှိပြီး ဖြစ်ပါသည်။ ၄င်းဆိုးကျိုးများသည် တစ်ခါတစ်ရံ အချို့လူများ တွင် အလွန် ဆိုးရွားနိုင်ပြီး အသက် သေဆုံးသည် အထိ ဖြစ်နိုင်ကြောင်း သိရှိပြီး ဖြစ်ပါသည်။

သို့အတွက် ကြောင့်လည်း အချို့သော စားသောက်ဆိုင် များနှင့် အစားအစာ ထုတ်လုပ်သူ များသည် အချို မှုန့် အစား သဘာဝ ဟင်းခတ် မှုန့်များကို ပြောင်းလဲ သုံးစွဲ ကြသော်လည်း စားသောက်ဆိုင် အများစုနှင့် အ စား အစာ ထုတ်လုပ်သူ အများစုတို့သည် အရသာ ပိုကောင်းပြီး စွဲမက် စေသော အန္တရာယ် များသည့် အချို မှုန့် သို့မဟုတ် အချိုမှုန့် ပါဝင်သော အခြား နာမည်နှင့် ဟင်းခတ် ပစ္စည်းများကို အသုံးပြု၍ လူအများ ကို လှည့် စားကာ အသုံးပြုနေ ကြဆဲ ဖြစ်ပါသည်။ အချိုမှုန့်၏ ဆိုးကျိုးများကို လူအများ ခံစားရမှု များလည်း တစ်ဦးနှင့် တစ်ဦး ကွာခြား လှပေသည်။ အချို့သည် စားပြီး မကြာမီပင် ခံစားရပြီး အချို့မှာ နာရီပေါင်း များ စွာကြာမှ ခံစားရ ပေသည်။ အချို့တွင် ပြင်းထန်ပြီး အချို့တွင် မဆိုသလောက်သာ ခံစားရ သဖြင့် အချို မှုန့်ကြောင့် ဖြစ်သော ဆိုးကျိုးများဟု သိရှိရန် ခက်ခဲမည် ဖြစ်သည်။

အများဆုံး သိရှိမှုမှာ တရုတ် စားသောက်ဆိုင်မှ အပြန်တွင် ရေငတ်ခြင်း၊ သွေးလန့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးေ ၀ အော့အန်ခြင်း တို့သာ ဖြစ်ပါသည်။ အမှန်မှာ အချိုမုန့်သည် တရုတ် စားသောက်ဆိုင်မှ အစား အေ သာ က် များတွင်သာ ပါဝင်ခြင်း မဟုတ်ဘဲ လူအများ စားသုံး နေသော အသင့် ပြင်ဆင်ပြီး အစာများ (Fast Food), (Prepared Foods) ၊ စည်သွတ်ဘူးများ (Canned Food) စသော စားသောက် ဖွယ်ရာ မျိုးစုံ တွင် အချို မှုန့် ဟူ၍ တစ်မျိုး၊ အခြားအမည် များသုံး၍ တစ်မျိုး လူအများအား လှည့်စား၍ ပါဝင်နေသည်ကို တွေ့ ရှိ ရပေသည်။ အချိုမှုန့်သည် အခြားဟင်းခတ်မှုန့် အသွင်ဖြင့် လူအများ မသိရှိအောင် ပါဝင်နေနိုင် သည်။

ဥပမာ အသားမှုန့်များ (ကြက်သား၊ ၀က်သား၊ အမဲဟင်းခတ်မှုန့်များ)၊ ပဲငံပြာရည်များ (Soy Sauce)၊ တေ ဆး (Yeast and Yeast extracts)၊ မုယောစပါး (Malt)၊ နို့ကြက် တက်ရည် (Whey) အစရှိသော ဟင်းခတ် မှုန့် ဟင်းခတ်အမည် မြောက်များစွာတွင် ပါဝင်နေပြီး ဆိုးကျိုး များကို သက်ရောက် စေနိုင်ပါသည်။ သို့ေ ကြာင့် လည်း အချိုမှုန့်ပါဝင်ပတ် သက်နေသော အစား အစာများသည် လွန်စွာ များပြားလှကာ စားေ သာ က် ဆိုင်အ များစုမှ အစားအစာ၊ လူအများ အသင့်စား သုံးရန်ပြင်ဆင်ပြီး အစားအစာ (Ready Made, Fast Food) Prepared Foodsများ၊ ကျောင်းနှင့် လမ်းဆုံ လမ်းမပေါ်တွင် ရောင်းသော အစားအစာနှင့် အဆိုး ရွား ဆုံးမှာ မွေးစ ကလေးငယ် များအား တိုက်ကျွေး ရန် ရောင်းချနေသော Infant Formula များ တွင် ပါဝင်ေ နခြင်းများပင်ဖြစ်ပါသည်။

ဤဟင်းခတ်မှုန့် များ၏ ဆိုးကျိုးများ Dr John Olney နှင့် Dr Russel Blaylock တို့နှစ်ဦးက စနစ်တကျ လေ့ လာ မှုများပြုလုပ်ခဲ့ပြီး Dr Blayloch က ဟင်းခတ်မှုန့်(အချိုမှုန့်)များကို Exitotoxins လှုံ့ဆော်နေေ သာ အဆိပ်များ၊ The Taste that Kills "အရသာဖြင့် သတ်နေ သော ပစ္စည်းများ" ဟူ၍ ကင်ပွန်းတပ်ပြီး စာ အုပ် တစ်အုပ်ပင် ထုတ်ဝေခဲ့ပါသည်။ အချိုမှုန့်၏ ဆိုးကျိုးများ အမေရိကန် အစာနှင့် ဆေးဝါးမှ အချို မှုန့်ကို ၁၉၅၀ ပြည့်နှစ်မှစ၍ ခွင့်ပြုခဲ့ပါ သည်။ ၄င်းနောက်ပိုင်းတွင် မြောက်မြားလှ စွာသော ကမ္ဘာအနှံ့မှ ပညာ ရှင် များ၏ သုတေသန ရလဒ်များက အချိုမှုန့်၏ အန္တရာယ်ကို ဖော်ပြခဲ့ပါသည်။ Dr Russel Blaylock က နှ လုံး ခုန် မမှန်၍ ရုတ်ခြည်း နှလုံး ရပ်ဆိုင်းခြင်းနှင့် အချိုမှုန့်များ ဆက်သွယ်မှု၊ အထူးသဖြင့် အား ကစား သမား များတွင် မဂ္ဂနီဆီယမ်ဓာတ် လိုအပ်နေသော အချိန်တွင် အချိုမှုန့်၏ လှုံ့ ဆော်မှုကြောင့် နှလုံး ခုန်မမှန်မှုများ ဖြစ်ပေါ်လာနိုင်ပြီး ချက်ချင်း သေဆုံးသွားနိုင် ကြောင်း ရေးသား တင်ပြခဲ့သည်။

Pat Robertson မှလည်း ၄င်းဟင်းခတ်မှုန့် (အချိုမှုန့်)များကို Silent Killer "အသံတိတ် သတ်နေသူများ" ဟူ ၍ အမည် တပ်ထားသည်ကို သတိချပ် စေလိုသည်။ အခြား အန္တရာယ် တစ်ခုမှာ အဝလွန် ခြင်းဖြစ် ပါ သည်။ အထူးသဖြင့် အန္တရာယ် များသော ဝမ်းဗိုက်တွင်းအဆီကို များစေ ပြီး ၄င်းအဆီများခြင်းနှင့် ပတ် သက်ေ သာ သွေးတိုး၊ ဆီးချို၊ သွေးလွှတ်ကြောများ ကျဉ်းမြောင်းခြင်း ရောဂါ၊ နှလုံးရောဂါများနှင့် ဆက်စပ် လျက် ရှိကြောင်း၊ ဦးခေါင်းရှိ အာရုံခံများ ပျက်စီးခြင်း၊ အထူးသဖြင့် မျက်စိမြင်လွှာမှ နာဗ့် Cell များကို ဆိုး ရွား စွာ ထိခိုက်ခြင်း၊ ဦးနှောက်၏ အရေးပါသော အစိတ်အပိုင်းမှာ ပျက်စီးစေ၍ ၄င်းမှ ထိန်းချုပ်သော ကြီး ထွားခြင်း၊ လူပျို၊ အပျိုဖော်ဝင်ခြင်း ဆိုင်ရာ ဟော်မုန်းများကို ထိန်းချုပ်ထားသော Endocrine glands များ၊ အစာ စားလိုစိတ်၊ အိပ်ချိန်နှင့် နှိုးထမှု ဇီဝနာရီနှင့် သတိရှိမှုအားလုံးကို ထိခိုက် စေပြီး အဝလွန်ခြင်း အပါ အဝင် ဦးနှောက် အာရုံကြော ရောဂါမျိုးစုံ၊ အယ်လ်ဇိုင်းမား ရောဂါ၊ လေဖြတ်ခြင်းနှင့် ပါကင်ဆန်ရော ဂါများ ဖြစ်လာ နိုင်ပေသည်။ ကလေး သူငယ် များတွင်လည်း autism, attention deficit disorder, hyperactivity ရောဂါများ ဖြစ်လာနိုင်ကြောင်း တိရစ္ဆာန် စမ်းသပ်မှု များတွင် တွေ့ ရှိခဲ့ပေသည်။

လူအများ စားသုံးသော အချို့မှုန့်သည် တိရစ္ဆာန်များတွင် အသုံးပြုသည်ထက် များစွာနည်း၍ ၄င်းဆိုးကျိုး များ မဖြစ်နိုင်ဟု စောဒက တက်မည်ဆိုက တက်နိုင်သော်လည်း လူများသည် စမ်းသပ်သည့် ကြွက်များ ထက် ငါးဆပို၍ Sensitive ဖြစ်ပြီး နေ့စဉ်စားသုံးမှုမှ ဖြစ်ပေါ်လာသော သွေးတွင်း ရလဒ်မှာ စမ်းသပ်တိ ရစ္ဆာန် များ တွင် တွေ့ရှိသော သွေးတွင်း အဆင့်များ ထက်ပင် ပိုနိုင်ကြောင်း၊ အထူးသဖြင့် မွေးခါစကလေး သူငယ် များသည် ဦးနှောက်ဖွံ့ ဖြိုးဆဲ ကာလဖြစ်၍ ၄င်းကလေး ငယ်များသည် လူကြီးထက် လေးဆ ခံနိုင်ရည် ပိုနည်းသဖြင့် ၄င်းကလေး သူငယ်များ၏ ဥာဏ်အရည် အသွေး၊ စာပေသင်ကြား တတ်မြောက်မှု အတွက် ရေရှည် ထိခိုက် နိုင်ကြောင်းနှင့် အသက်အရွယ် မရွေး အဝလွန်ခြင်းနှင့် နောက်ဆက်တွဲ ရောဂါ များ ခံစား ရနိုင်ကြောင်း ကမ္ဘာအရပ်ရပ်မှ သိပ္ပံ ပညာရှင်များက တင်ပြခဲ့ပေသည်။ အခြား အန္တရာယ် တစ်ခု မှာ ယင်းဟင်းခတ်မှုန့် (အချိုမှုန့်) ကို ကင်ဆာ ရောဂါ၏ မြေသြဇာ ဟူ၍လည်း ကင်ပွန်းတပ် နိုင်ကြောင်း များ စွာသော သိပ္ပံပညာရှင် များက သက်သေ ပြခဲ့ပါသည်။

ဆိုခဲ့ပြီးသော ဆိုးကျိုးများမှာ လူအားလုံးတွင် မဖြစ်ခြင်း၊ ဖြစ်သော ဆိုးကျိုး များ၏ ပမာဏနှင့် အချိန် ကွာခြား မှုသည် တစ်ဦးနှင့်တစ်ဦး ကွာခြား မှုရှိခြင်း၊ ဆေးလိပ်နှင့် လူသားတို့၏ ကျန်းမာရေး ထိခိုက် မှုကို ဆောင် ရွက်စဉ် ကကဲ့သို့ပင် နောက်မှ ကြိုးကိုင်သော လုပ်ငန်းရှင်များ၊ ဓနရှင် များ၏ ပေါက်ရောက်မှု၊ ကြိုး ကိုင်နိုင်မှုနှင့် ဖုံးကွယ်ထားနိုင်ခြင်းတို့၏ အရှိန်ကြောင့်ပင် ယနေ့ထိတိုင် လူသားများသည် အချိုမှုန့်နှင့် ၄င်း၏ အန္တရာယ် ဆိုးကျိုးများကို ဆက်လက်ရင်ဆိုင်နေရကြောင်း တင်ပြ လိုက်ရပါသည်။ အချုပ်ဆိုသော် အချို မှုန့်သည် နာမည်အသွင်အမျိုးမျိုးဖြင့် စားကောင်း သောက်ဖွယ်များ၊ ကလေးအာဟာရများတွင် ပါဝင်ေ နနိုင်ပြီး လူတို့၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း အထူးသဖြင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်း ဝေဒ နာ (Migraine) ၊ အ၀လွန်ခြင်းနှင့် နောက်ဆက်တွဲ ပြဿာနာ များ၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ လေဖြတ်ခြင်း များ၊ သွေးတို့းရောဂါ၊ နှလုံးရောဂါ၊ နှလုံး သွေးကြော ကျဉ်း ရော ဂါ၊ နှလုံးခုန် မမှန်ရောဂါ၊ ပါကင် ဆန် ရောဂါများ ဖြစ်ပွား စေနိုင်ကြောင်း သိရှိကြပြီး ရှောင်ရှား နိုင်ကြစေ ရန် စေတနာ ကောင်းဖြင့် အသိေ ပး လိုက်ရပါသည်။

ဒေါက်တာပိုင်စိုး
မြ၀တီ

အသီးအရွက်များစားပြီး အဆိပ်ဖြစ်သူ အချို့ရှိသဖြင့် သတိပြုစားသုံးရန် လိုအပ်နေပြီ



ယခင်က အသီးအရွက်များ စားလျှင် အဆိပ်ပြေသည် ကျန်းမာသည်ဟု အများသိခဲ့သော်လည်း ယခုခေတ်တွင် အသီး အရွက်များစားသည့်အတွက် အဆိပ်အတောက်များဖြစ်နေ ကြောင်း သိရသည်။

ယင်းကဲ့သို့ အသီးအရွက် များစားသုံးရာမှ အဆိပ်အတောက် ဖြစ်ရခြင်းအကြောင်းအား စားသုံး သူ ကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားရာတွင် ““သုဝဏ်္ဏဘက်မှာ လင် မယားနှစ် ယောက်က သူတို့အိမ်မှာ ကိုက်လံ ကိုကြော်စားတယ်။ စားပြီးတော့ ၀မ်းသွားတယ်။ အော့အန် တယ်။ အဲဒီလိုဖြစ်လို့ ဆေးခန်း တစ်ခုကိုသွားပြတော့ မသက်သာ ဘူး။ နောက်ဆေးခန်းတစ်ခုကို သွားပြလိုက်တော့မှ အသည်း လည်းရောင်သွားတယ်။ သည်း ခြေအိတ်လည်း ရောင်သွားတယ်။ ဆရာဝန်က ပိုးသတ်ဆေး အဆိပ် သင့်တာလို့ပြောတယ်။ နောက် တစ်ခုက သုဝဏ္ဏဈေးကလူပဲမြို့ထဲကို လာရင်းနဲ့ ထမင်းဆိုင်တစ်ဆိုင်က ကိုက်လံနဲ့ကြက်ဥကြော်ထားတာကို ၀ယ်လာမိတယ်၊ ပြီးတော့ သူ အိမ်ပြန်ဖို့ ကားပေါ်လည်းတက် ရော ဇောချွေးတွေပြန်လာတယ်။အဲလိုဖြစ်တာကို ရန်ကုန်ဆေးရုံ ကြီးကို သွားပြတယ်။ ဆေးတစ် လုံးထိုးပေးလိုက်တယ်။ မသက် သာဘူး။ မသက်သာလို့ အသည်း ဆရာဝန်တစ်ယောက်ဆီကို သွား ပြလိုက်တော့မှ ဆရာဝန်က ပိုး သတ်ဆေးအဆိပ်သင့်တာလို့ ပြောတယ်။ အဲလိုကိုက်လံတွေ၊ ဂေါ်ဖီပန်းပွင့်တွေ၊ ကန်စွန်းရွက် တွေစားပြီး အဆိပ်သင့် တာတွေ နောက် ထပ်တော်တော်များများ ရှိသေးတယ်။ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ဟုမ္မလင်းမှာဖြစ် တာကျ တော့ ဂေါ်ဖီစားရင်းနဲ့ဖြစ်တာ။ လူနှစ်ယောက်သေတယ်။ ၃၀ လောက်က ဆေးရုံတင်ထားရ တယ်””ဟု ပြောကြားခဲ့သည်။

အဆိုပါကဲ့သို့ ဖြစ်ရခြင်းကို လည်း ဦးဗအုပ်ခိုင်က သုံးသပ် ပြောဆိုရာတွင် “ပိုးသတ်ဆေးတွေ ကို သုံးမယ် ဆိုရင် ပိုးသက်ဆေး ဖြန်းတဲ့အသီးအရွက်တွေကို နှစ် ပတ်လောက်နေပြီးတော့မှ အခင်း ထဲကခူး ပြီးတော့ ရောင်းရတယ်။ အခုလူတွေက ဘာမှနားမလည် တော့ဘူး၊ ပိုးသတ်ဆေးဖြန်းထား တဲ့အသီး အရွက်တွေကို ၂ရက် နဲ့ခူးပြီးတော့ ရောင်းနေကြတယ်။ ပိုးသတ်ဆေးတွေကို သတ်မှတ် အချိုး အစားထက်ပိုသုံးတာ ဥပမာ ရေတစ်ဂါလံကို ပိုးသတ်ဆေးက ၁လီတာ ရေသန့်ဘူးအဖုံးနဲ့ ၁ဖုံး ပဲထည့်သုံး ရမယ်ဆိုပါဆို့ အဲဒါကို သူတို့က ရေတစ်ဂါလံကို နို့ ဆီဘူးတစ်ဘူးလောက်ထည့်တာ၊ ၁လီတာရေသန့်ဘူး ဖုံးနဲ့ လေးငါးဆယ်ဖုံးထည့်လိုက်တာ။ အဲလို ပိုး သတ်ဆေးတွေသတ်မှတ်ထားတာ ထက်ပိုသုံးမယ်ဆိုရင် အဲဒီအသီး အရွက်တွေကို စားတဲ့သူတွေက ပိုးသတ်ဆေးအဆိပ်သင့်နိုင်တယ်။ နောက်တစ်ခုကတော့ တားမြစ် ပိုးသတ်ဆေးတွေ၊ တရုတ်နိုင်ငံ ဘက်က တရားမ၀င် ၀င်ရောက် လာတဲ့ အရည်အသွေးမပြည့်မီ တဲ့ ပိုးသတ်ဆေးတွေကို သုံးမိရင် လည်း အဲလိုပိုးသတ်ဆေး အဆိပ် သင့်တာတွေဖြစ်နိုင် တယ်”ဟု ပြောကြားခဲ့သည်။

ပြည်တွင်း၌ စိုက်ပျိုးထုတ် လုပ်လျက်ရှိသော အသီးအရွက် များတွင် ပိုးမွှားအန္တရာယ် မကျ ရောက်စေရန်အတွက်သုံးစွဲသည့် အမျိုးအစားအုပ်စုသည် ထိသေ ပိုးသတ်ဆေး၊ တစ်ဖက်ဖောက်ပိုး သတ်ဆေး၊ ပင်လုံးဖောက်ပိုး သတ်ဆေးဆို၍ သုံးမျိုးသုံးစား ရှိပြီး ယင်းအနက်မှ ထိသေပိုး သတ်ဆေးသည် ပိုးသတ်ဆေး အဆိပ်မပြင်းသော်လည်း တစ် ဖက်ဖောက်ပိုးသတ်ဆေးနှင့် ပင် လုံးဖောက်ပိုးသတ်ဆေး သည် ပိုး သတ်ဆေးအဆိပ်ပြင်းကြောင်း ထို့ကြောင့်အသီးအရွက်များအား စားပါက ဆားရေနှင့် တစ်နာရီ ခန့်စိမ်ကာ ကြော်လှော်ချက်ပြုတ် စားသောက်သင့်ကြောင်းကို ဦးဗအုပ်ကခိုင်၏ ပြောကြား ချက်အရ သိရသည်။

http://www.hotnewsweekly.com/archives/17262

အီကြာကွေးစားသုံးမှု သတိပြု

လူအများစားသုံးလျက်ရှိ သော အီကြာကွေးထဲ၌ရောင်းပန်း လှရန်အတွက် မိုးနီးယား (MX3) ဟုခေါ်သော ဓာတုဆေးဝါးတစ် မျိုးအားသုံးစွဲကာ ကြော်လှော် ရောင်းချမှုများရှိကြောင်း စားသုံးသူကာကွယ်ရေး အသင်း မှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကပြောကြားသည်။

““ဒီလိုဖြစ်တဲ့နေရာကတော့ ရွှေပြည်သာက ထန်းခြောက်ပင် ဈေးမှာဖြစ်တာ။ဆရာတို့ကို လူ တွေက အဲဒီ ဆိုင်က အီကြာကွေး တွေက သေးစော်နံလို့ဆိုပြီး တိုင်တယ်။ ဆရာတို့ သွားစစ်တဲ့အခါ ကျတော့ သေးစော်နံမှာပေါ့ မိုး နီးယား (MX3) ကိုထည့်သုံးထား တာကို မိုးနီးယားဆိုတဲ့ဓာတုဆေးဝါး တစ်မျိုးကို အီကြာကွေးတို့အခြား ကြော်တဲ့နေရာတွေမှာထည့်သုံး မယ်ဆိုရင် အဲဒီဆေးက အခြား ပွ ဆေးတွေသုံးတာထက် ပိုပွတယ်။ အရင်တုန်းက အီကြာကွေးတွေ ထဲမှာ ဆော်ဒါထည့်သုံးကြတယ်။ အဲဒါကိုသုံးတာ ဆရာတို့ဘာမှ မပြောပါဘူး။အခုဟာက တရား လွန်လာတယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောစိတ်နှင့်အလုပ် လုပ်နေကြတယ်””ဟုပြောကြားခဲ့ သည်။

အဆိုပါကဲ့သို့ ၀ိဿမလော ဘသမားများ မတော်စီးပွားရှာ ကာပြုလုပ်ရောင်းချခြင်းကြောင့် စားဖို့ အသက်ရှင်နေသည်ဟု မဖြစ်ရစေပဲ အသက်ရှင်ဖို့စားရသည် ဖြစ်စေလိုသောကြောင့် ကျန်းမာ ရေးအတွက် ဂရုစိုက်ကာစား သောက်စေလိုကြောင်းဦးဗအုပ်ခိုင် ၏မှာကြားချက်အရသိရှိရသည်။

အဆိုပါ မိုးနီးယား (MX3) သည် ရေခဲစက်နှင့် အဲယားကွန်း များတွင်သုံးသည် မိုးနီးယား (MX3)အမျိုးအစားဖြစ်ပြီး ယင်းကဲ့သို့ အသုံးပြုထားသော အစားအစာ ရောဂါဝေဒနာရရှိနိုင်ပြီး ရေရှည် စားသုံးပါက ကင်ဆာရောဂါများ ရရှိနိုင်ကြောင်း အဆိုပါပုဂ်္ဂိုလ် ပြောကြားချက်အရ သိရသည်။

http://www.hotnewsweekly.com/archives/17267

ပြည်သူများကို ဒုက္ခပေးနေသော လမ်းဘေးလောင်းကစား အယောင်ပြလိမ်လည်သူများ



ရန်ကုန်မြို့ရှိ လူစည်ကား ရာနေရာများဖြစ်သောဈေးများ၊ ကားမှတ်တိုင်များအနီး လမ်းဘေး တွင် လောင်း ကစားဝိုင်းများရှိနေသည်မှာ လမ်းသွားလမ်းလာများ နှင့်အများပြည်သူကိုစိတ်အနှောင့် အယှက်ဖြစ်စေ မှုနှင့်ငွေကြေး ဆုံး ရှုံးမှုများကြုံတွေ့နေရကြောင်း သိ ရသည်။

ယင်းလောင်းကစားဝိုင်းများ သည် တောင်ဒဂုံ၊တောင်ဥက္ကလာ နှင့်သင်္ဃန်းကျွန်းမြို့နယ် သုံးခုဆုံရာ နေရာ များတွင် အများဆုံးဖြစ်ပေါ် နေကြောင်း အဆိုပါမြို့နယ်နေ သူများနှင့်ကြုံတွေ့ခဲ့ရသူအချို့၏ ပြောကြား ချက်များအရသိရသည်။

““ကျွန်တော့်အစ်မ ရန်ကုန်ခွင့်ပြန်လာပြီး နယ်ပြန်ဖို့အဝေးပြေးဂိတ် ကိုသွားဖို့ ဒဂုံတောင်တံတားဖြူ မှတ်တိုင်မှာဖေဖော်ဝါရီ ၆ရက် က ကားစောင့်နေတာကို မှတ် တိုင်နားမှာရှိတဲ့လောင်းကစားဝိုင်းက တစ်ယောက်က အဲဒီငွေ၅သောင်း က ဒီအစ်မထိုးတာ၊ဒီအစ်မကို လျော်ရမှာလို့ပြောတယ်။ တစ် ယောက်က ဟာဒီအစ်မမှာ ငွေ ၅သောင်းဘယ်ပါမလဲမဖြစ်နိုင်ဘူး ပြောတယ်။ ဒါနဲ့အစ်မက မခံချင် စိတ်နဲ့ပိုက်ဆံ ပါတယ်ဆိုပြီး ပိုက်ဆံ အိတ်ဖွင့်ပေးတယ်။တစ်ယောက်က အလျော်ရတဲ့ပိုက်ဆံကိုယူလိုက် ပြီး ထပ်ထိုး မယ်ဆိုပြီး အစ်မပိုက် ဆံအိတ်ကိုယူသွားတယ်။ အဲမှာ အစ်မက ဒီလိုအကြောင်းတွေသိ ထားတော့ ဘာလို့ထိုးရမှာလဲ ခုန ၅သောင်းကလဲ ငါထိုးတာမဟုတ် ဘူး။ငါလောင်းကစားလည်းမလုပ်ဘူး။ ပိုက်ဆံအိတ်ပြန်ပေးဆိုပြီး ပြန်ယူ လာခဲ့လို့ ငွေမဆုံးတာ။မဟုတ်ရင် အလိမ်ခံရမှာ””ဟု နည်းပညာတက္က သိုလ်တစ်ခုမှ ဌာနမှူးတစ်ဦး၏ မောင်ဖြစ်သူကပြောကြားသည်။

““ကျွန်တော်တို့ တောင်ဥက္ကလာ၊သံသုမာလမ်း၊ CNG ဆိုင် နားမှာလည်းအဲလိုလောင်းကစားဝိုင်း အုပ်စုတွေ ရှိတယ်။ လမ်းသွားလမ်း လာတွေကို နည်းအမျိုးမျိုးနဲ့လုပ် ပြီး ပိုက်ဆံယူနေကြတယ်။ ခဏ ခဏတွေ့နေ ရတယ်။တစ်ခါကဆို ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့မိန်းမကို ငွေလိမ်ယူလိုက်တယ်။အဲဒီအစ်မ က ပြဿနာ ရှာတော့ပြန်ပေးတယ် ပြီးခဲ့တဲ့တစ်ခေါက်ကဆို ကျွန်တော့် အသိမိန်းကလေးကျောင်းသွား ဖို့ ကညနရုံး ကားမှတ်တိုင်မှာ ရပ် နေတာကို ထိုးကြထိုးကြဆိုပြီး သူ ဆီက ပိုက်ဆံ ၄သောင်းလောက် ကို အတင်းနှိုက်ပြီး ထွက်ပြေးသွား ကြတယ်””ဟု တောင်ဥက္ကလာ CNG ဆိုင်အနီးနေထိုင်သူ အမျိုး သားတစ်ဦးကပြောသည်။

ယင်းသို့လောင်ကစားအယောင် ပြကာ လူအများထံမှနည်းအမျိုး မျိုးဖြင့် ငွေလိမ်ယူနေသူ အုပ်စု မှာ စံပြဈေး၊မီးရထားခုံးကျော် သံလမ်းအနီးတွင်လည်း ရှိတတ်ပြီး ယင်းမြို့နယ် ၃ခုဆုံရာနေရာများ တွင်အုပ်စုဖွဲ့လှည့်လည်ကျက်စား နေကာ ၎င်းတို့၏ဒလန်များကို အသုံးပြုပြီး ခရီးသွားပြည်သူများ ကို နည်းအမျိုးမျိုးအသုံးပြု၍ ငွေ ကြေးများရယူလျက်ရှိသဖြင့် သက်ဆိုင်ရာက ထိရောက်စွာဖယ်ရှား ရှင်းလင်းပေးရန် ဒေသခံများ က လိုလားလျက်ရှိကြကြောင်း သိရသည်။

http://www.hotnewsweekly.com/archives/17270

မတော်မလျော် အဆိုမတင်သွင်းကြစေလို

ကျွန်မသည် မြန်မာလူမျိုးဖြစ်သည်။ မြန်မာနိုင်ငံသားစစ်စစ်ဖြစ်သည်နှင့်အညီ ကိုယ့်နိုင်ငံ၏ အရေးကိစ္စ မှန်သမျှ မျက် ခြည်မပြတ် စေရန် အစဉ်အမြဲကြိုးစားသူ တစ်ယောက်ဖြစ်ပါသည်။ လွှတ်တော် အစည်း အဝေးများကိုလည်း စိတ်ဝင်စားသည်။ မည်သည့် အဆိုတင်သွင်းသည်၊ မည်သည့်ဥပဒေ ကြမ်း တင်သွင်းသည်။ မည်သည့်ဥပဒေ ပြင်ဆင်သည်။ ဥပဒေ ဟောင်းများ ထဲမှ ခေတ်နှင့်မလျော်ညီသော ဥပဒေများကို ပယ်ဖျက်မဖျက်၊ ဒါက ကျွန်မအတွက် အာရုံစိုက် ရမည့် ကိစ္စများသာ ဖြစ်နေပါ တော့သည်။

ဤသို့ အာရုံစူးစိုက်မှုများမှသည် မတော်မလျော် အဆိုတင်သွင်းမည့်ကိစ်္စ တစ်ခုကိုကျွန်မအတော်ပင် တုန်လှုပ်မိပါသည်။ “အမျိုးသမီး လိင်အလုပ်သမားများအတွက် ဥပဒေသစ်ပေါ် ထွက်စေရေး ထောက် ခံပေးမည်”ဟူသော သတင်းတစ် ပုဒ်ကို ထိတ်လန့်တကြား ဖတ်လိုက်ရ ပါသည်။ တစ်ဆက် တည်း ၎င်းသတင်းထဲ ၌ပင် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် တစ်ယောက်ဖြစ် သည့်ပြင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအဖွဲ့ဝင်တစ် ယောက် လည်းဖြစ်သော ဒေါ် လဲ့လဲ့ဝင်း ဆွေကထိုဥပဒေကို လွှတ်တော်တွင် အဆိုတင်သွင်းလာပါက ကန့်ကွက်သွား မည်ဟု သိရှိရပြန်တော့ အနည်းငယ် ရင်အေးရသလိုခံစားသွား ရပြန်ပါသည်။ ဒေါ်လဲ့လဲ့ဝင်းဆွေသာမက လွှတ်တော် ကိုယ်စားလှယ်များအားလုံး အမျိုးသား ရေးတစ် ရပ် အေ နဖြင့်ေ သာ် လည်းကောင်း မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက်္ခာနှင့် ကိုယ့်ကျင့်တရားကို ထိန်းသိမ်းသည့် အနေဖြင့်သော်လည်းကောင်း၊ ယင်း ဥပဒေသစ် လုံးဝပေါ်ပေါက် မလာစေရန် အထူးတလည် ကာကွယ် ကြရမည်သာ ဖြစ်ပါသည်။ မြန်မာ မိန်းကလေး တစ်ဦး၏ ခြေ တစ်လှမ်းသည် ကုဋေ တစ်သန်း ပင်တန် သည်ဟု တင်စားဖွဲ့ဆို ခဲ့ကြသည်မဟုတ်ပါလား။ ယခုတလော ရန်ကုန်မြို့ လူစည်ကားရာ အရပ် များနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပွဲတော်များမှာ ပင် မြန်မာအမျိုးသမီးငယ်များ၏ မလုံမခြုံ ၀တ်စားဆင်ယင် မှုများကို တွေ့မြင်နေရသဖြင့် ရင်မောရသည့် အထဲ Sex Worker ဆိုပြီး ကိုယ့်မြန်မာနိုင်ငံမှာ တရားဝင် ဟိုဟာလုပ်ကိုင်ခွင့်တောင်းဆိုကြဦးမည် ဆိုသည်ကတော့ လားလားမျှမ သင့်ေ တာ် ကျွန်မတို့ဗိုလ်ချုပ်ပြော သလို ဟိုနိုင်ငံဖြစ် ဖို့ကြိုးစားနေ ကြပြီ လားဟု မေးလိုက်ချင် ပါသည်။

အမျိုးသမီး Sex worker ဆိုတာ ဟိုဟာကဟိုဟာပဲမဟုတ်လား။ Worker ဆိုတာ ဘယ်လိုပဲ ဘာ သာပြန်ပြန်လုပ် သား(သို့)အလုပ်သမားပဲမဟုတ်လား။ ရုံးလုပ်သား၊ ပညာရေးလုပ်သား၊ အထည် ချုပ်လုပ် သား၊ ဆောက်လုပ်ရေးလုပ်သား၊ စက်ရုံလုပ်သား စသဖြင့် အလုပ်လုပ်နေ သူအားလုံးက ပဲ။ လိင်အလုပ် သမား များဖြင့်ရောထွေးမသွားစေချင်ပါ။ ကျွန်မတို့မြန်မာလူ့ဘောင်အသိုင်းအ၀န်း မှာ Sex Worker ဆိုတာ လုံးဝမရှိအပ်ဘူး၊ ဘယ်ခေတ်ဘယ်အခါကမျှ ဒါမျိုးလုပ်စား နေသူတွေ ကို ရှေ့တန်း မတင်ဘူး၊ ဘုရင် ခေတ်က လည်း အောက် ဆုံးအလွှာပဲ၊ ခေတ်အဆက်ဆက်အောက်ဆုံးအလွှာပဲ၊ လူတွေ ရဲ့ အထင်သေးရှုတ်ချခံခဲ့ရတဲ့သူ တွေပဲ။

အမျိုးသမီးလိင်အလုပ်သမားများ အတွက် ဥပဒေသစ်ပေါ်ထွက်စေရေး ထောက်ခံပေးမည့် လူ့အခွင့် အရေးများ လှုပ်ရှားမှုများဆောင်ရွက်နေသူ မဟာ ကရုဏာရှင် အမျိုးသမီးကို မေတ္တာရပ်ခံ ချင်ပါသည်။ သူတို့လေးတွေရဲ့ ဘ၀ကို ကူညီချင်တယ်ဆိုရင် သူတို့ကို ဒီဘ၀ တွေထဲက ဆွဲထုတ်ရမှာမဟုတ်ဘူးလား။ အခုဆိုရင် ပြောင်းလဲလာသည့်ခေတ် အခြေအနေအရ အလုပ်အကိုင် အခွင့် အလန်းသစ်တွေ အမျိုးကြီးပေါ်နေပြီ၊ သူတို့ကို နိမ့်ကျသည့်ဘ၀လေးတွေထဲက ဆွဲထုတ်ပြီး မှန်ကန်တဲ့ဘ၀ လမ်းကြောင်း ပေါ်ကို ဆွဲတင်နိုင်မှသာ သူတို့ရဲ့ဘ၀ကို ကယ်တင်ရာရောက်မှာဖြစ်ပါသည်။

အခုတော့ လူ့လောကအ၀န်းအ၀ိုင်း ထဲမှာ သိက္ခာမဲ့သထက်မဲ့ရပ်ကွက်ထဲ မျက်နှာငုံ့ပြီး လျှောက်လှမ်းနေ ရတဲ့ဘ၀ ချိုင့်ဝှမ်းထဲဆွဲသွင်းနေသလိုဖြစ်မနေဘူးလား။ မြန်မာ့လူ့ဘောင်မှာ Sex worker ဆိုတဲ့ မိန်းကလေးတွေကို လမ်းမှာတွေ့ ရင်တောင် လက်ဆွဲနှုတ်ဆက်ကြလိမ့်မည်ဟု ထင်ပါသလား၊ တွေ့ လျှင်ကွေ့ ရှောင်သွားမည့်သူများချည်း ဖြစ်ပါလိမ့် မည်။ သူတို့၏ မိသားစုဝင်များသည်ပင် လျှင် ရပ်ကွက် ထဲ ရဲရဲဝံ့ဝံ့ လျှောက်လှမ်း နိုင်မည်မဟုတ်၊ သူတို့လေးတွေကို သနား လျှင်ကယ်တင် လိုသည် ဆိုလျှင် လူ့အ သိုင်းအ၀န်းမှာ ခေါင်းမော့ပြီးလျှောက် လှမ်းနိုင်အောင် Factory Worker,Sewing Worker,Sale Worker စသဖြင့် လမ်း ကြောင်းမှန်ပေါ်ဆွဲတင်ပေးလိုက်စမ်းပါ၊ သွေးသား Worker တွေဖြစ်အောင်တော့ မလုပ်လိုက်ကြပါနဲ့၊ ရေနစ်သူကို ၀ါးကူ ထိုးသလိုမလုပ်ကြပါနဲ့။

မြန်မာအမျိုးသမီးများ ကမ္ဘာ့ အလယ်မှာ တင့်တယ်နိုင်ကြပြီး မြန်မာ့ ကျက်သရေဆောင်နိုင်သူ များဖြစ်ကြ ပါ စေဟု မြန်မာကိုချစ်သော မြန်မာအမျိုး သမီးတစ်ယောက်အနေဖြင့် လေးလေး နက်နက် ဆန္ဒပြုလိုက် ရပါတော့သည်။

Hot News

ဖက်ဒရယ် မရရင် တိုင်းရင်းသားများ လက်နက်စွန့်မည် မဟုတ်



၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၆ နှစ်မြှောက် ပြည်ထောင်စုနေ့ကို ဖေဖေါ် ၀ါရီ လ ၁၆ ရက်နေ့ကမှ ညီနောင် တိုင်းရင်းသားပါတီများ ဖယ်ဒရယ်ရှင်း အဖွဲ့ဝင် တိုင်းရင်းသား ပါတီတွေ က ရန်ကုန်မြို့ တော်ဝင်နှင်းဇီမှာ ကျင်းပခဲ့ကြပါတယ်။ တိုင်ရင်းသားတွေ ဘာကြောင့် ပြည်ထောင်စုနေ့ ကို ဖေဖေါ် ၀ါရီလ ၁၂ ရက်နေ့မှာ မကျင်းပဘဲ ၁၆ ရက်နေ့မှာ ကျင်းပရတာပါလဲလို့ အဖွဲ့ဝင် ပါတီ တစ်ခု ဖြစ် တဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကို နိရဉ္စရာ က ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါ သူက အခုလို စပြောပါတယ်။

ဦးလှစော- ဟုတ်ပါတယ်။ အဲဒီနေ့က ရန်ကုန်မှာ အခမ်းအနားတွေ များနေတဲ့အတွက် ကျွန်တော်တို့ အတွက် သင့်တော်တဲ့ နေရာ တစ်ခုကိုရဖို့ အခက်အခဲရှိပါတယ်။ နောက်တစ်ခုကလည်း ကျွန်ေ တာ် တို့ ခေါင်းေ ဆာင် တချို့က နေပြည်တော်မှာ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်နေ ကြ တယ် ဆိုတော့ အး လုံး ခေါင်းဆောင်တွေ ပါဝင် တက်ရောက်နိုင်အောင် ကျွန်တော်တို့ က နောက် ဆုတ် လိုက် တာပါ။ အဓိ က အကြောင်းတွေကတော့ ဒါတွေကြောင့်ပါဘဲ။ တခြားနိုင်ငံေ ရး ပြဿ နာ အေ ထွ အထူးမရှိပါ။

မေး- အဲဒီအခမ်းအနားကို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအပြင် တခြား ရခိုင် ကိုယ်စားလှယ်တွေ ဘယ်သူေ တွ တက်ရောက်ကြပါသလဲ။

ဦးလှစော- မနေ့က လုပ်တဲ့ပွဲမှာ ကျွန်တော်တို့ ညီနောင် တိုင်းရင်းသားများ ပါတီ ဖယ်ဒရယ်ရှင်းက ပြုလုပ် တာ ဖြစ်တဲ့ အတွက် အဖွဲ့ဝင်တိုင်းရင်း သားပါတီတွေက တက်ပါတယ်။ နောက်တခြား NLDနဲ့ NDF ဗမာပါ တီတွေ ကလည်း တက်ပါတယ်။ တိုင်းရင်းသား ရှမ်း၊ ကရင်၊ ရခိုင်စတွေ ရိုးရုာ ယဉ်ကျေးမူ အကအဖွဲ့ေ တွလည်း တက်ရောက်ပါတယ်။

မေး- အဲဒီအခမ်းအနားမှာ အတွင်းရေးမှူး ဦး ဦးလှစောအနေနဲ့လည်း မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါ တယ်။ ဆိုတော့ ပြည်ထောင်စုနေ့နဲ့ ပတ်သတ်ပြီး ဘယ်လိုအချက်တွေကို မီးမောင်းထိုးပြခဲ့ပါသလဲ။ ဦးလှစော- ကျွန်တော်ကတော့ မိန့်ခွန်း မပြောခဲ့ပါဘူး။ ကျွန်တော်က ညီနောင်တိုင်းရင်းသား ဖယ်ဒရယ် ရှင်း ရဲ့ သဘောထား ကြေငြာချက်ကို ဖတ်ပြခဲ့တာပါ။ ကြေငြာချက်လည်း တစ်ခု ထုတ်ခဲ့ပါတယ်။

မေး- အဲဒီကြေငြာချက်ရဲ့ အနှစ်ချုပ်က ဘာတွေပါလဲ။

ဦးလှစော- အဲဒီ သဘောထားကြေငြာချက်ကို မဖတ်မီ၊ ကျွန်တော်တို့က ဖယ်ဒရယ်ရှင်းသည် ပြည်ထောင် စုကြီး တည်တံ့ခိုင်မြဲ ရေး၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ နောက်ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးကို ဦးထိပ် ထားပြီး ဒီကြေငြာချက်ကို ထုတ်တယ်ဆိုတဲ့အကြောင်းကို ကျွန်တော်အဓိက ထား ပြောကြား ပါတယ်။ အဲဒီကြေငြာချက်က တိုတိုလေးပါ။ ကျွန်တော် ဖတ်ပြလို့ ရပါတယ်။ မြန်မာ့မော်ကွန်း သမိုင်းဝင်ဖြစ်သည့် ပင်လုံစာချုပ်သည် ၆၆ နှစ်တိုင်ခဲ့ပြီ။ ပင်လုံဂတိနှင့် အနှစ်သာရ များ သည် လက် တွေ့ကျကျ အကောင်အထည်မဖော်နိုင်ဘဲ ပြည်တွင်းစစ်မီးသာ တဟုန်းဟုန်း တောက်လောင် လျှက် ပြည်နယ်အ သီးသီးရှိ တိုင်းရင်းသားတို့သည် ကပ်ဘေးအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်ကို ၀မ်းနည်း ဖွယ်ရာတွေ့ရှိနေရသည်။ ကျွနှုပ်တို့အနေဖြင့် (၁) ဖယ်ဒရယ်စနစ်သည်သာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိုေ ဆာင် ကျဉ်းပေးနိုင်မည်ဟု ကျွန်ုပ်တို့အနေဖြင့် ယုံကြည်သည်။ (၂) တိုင်းရင်းသား လူမျိုးစုများအခွင့်အရေးကို ကာကွယ်သည့် ဥပဒေတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော် တွင် အမြန် ဆုံး ပြဌာန်းနှိုင်ရန်အတွက် ကျွန်ုပ်တို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားမည်။ ဖယ်ဒ ရယ် ပြည်ထောင်စု ပေါ်ထွန်းလာ နိုင်ပါစေသတည်း။ ညီနောင်တိုင်းရင်းသားများ ဖယ်ဒရယ်ရှင်း ဒါကို ကျွန်ေ တာ် ဖတ်ပြတာပါ။ တခြားသဘောထားတွေကို တော့ ထွေထွေထူးထူးမပြောပါ။

မေး- ဟုတ်ကဲ့- အခု လက်ရှိ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအရ ဗမာအစိုးရကပြောနေပါတယ်။ အခု ပြည်နယ်ေ တွ မှာ ထိုက်သင့်တဲ့ လုပ်ပိုင်ခွင့်တွေပေးထားတယ်ဆိုပြီး ပြောနေပါတယ်။ ဆိုတော့ အစိုးရက ကျင့်သုံးနေ တဲ့ ပြည်ထောင် စုနဲ့ အတွင်းရေးမှူးတို့ လိုလားနေတဲ့ ပြည်ထောင်စုနဲ့ ဘယ်လိုကွာခြားမှုတွေ ရှိပါလဲ။

ဦးလှစော- ကွာခြားပါတယ်။ ကျွန်တော်တို့ ဖယ်ဒရယ်ပြည်ထောင်စုလို့ပြောရင် ကိုယ်ပိုင်ပြဌာန်းခွင့် ပြဿ နာ ပါ။ ကိုယ် ပိုင်ပြဌာန်းခွင့်မှာ ကျွန်တော်တို့ ယေဘူယျအားဖြင့် ၃ ချက်ရှိပါတယ်။ (၁) နိုင်ငံရေးပြဿနာ၊ (၂) စီးပွားရေး ပြဿနာ။ (၃) သမိုင်းယဉ်ကျေးမှု ပြဿနာပါ။ နိုင်ငံရေး ပြဿနာမှာဆိုလို့ရှိရင် ကျွန်တော် တို့ အမြဲတမ်းပြောပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာဆိုရင် ကျွန်တော်တို့ RNDP သည် ပြည်သူေ ထာက် ခံမှုနဲ့ မဲအများစုနိုင်တယ်။ အမတ်နေရာ အများစုကို ရရှိတယ်။ ပြည်နယ်အစိုးရကို ကျတော့ ကျွန်ေ တာ် တို့မှာ ဖွဲ့ခွင့်မရှိ။ ဒါဟာ နိုင်ငံရေးအရ လွတ်လပ်မှုမရှိဆိုတာကို သက်သေပြနေပါ တယ်။ ဒီစနစ်ကို ဖျက်ရ မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် သမ္မတရဲ့ ဆွဲခန့်ဖြစ်နေတယ်။ ကျွန်တော်တို့ ဆီ က မဖြစ်ပါ။ ဒုတိယက ရခိုင်ပြည်နယ်က ထွက်တဲ့ သယံဇာတ တွေကို ခွဲဝေ စီမံပိုင်ခွင့်မှာ ရခိုင်ပြည်သူတွေ လုံးဝ မစားရ တဲ့အပြင် အရိုးအရင်းတောင် မကိုက်ရတဲ့အဆင့်ဖြစ်နေပြီး “မစားရ ညှော်ခံ” ဆိုသလိုဖြစ်နေ တယ်။ ဒါလုံးဝ တရားမျှ တမှု မရှိဘူး။ သယံဇာတ ခွဲဝေပိုင်ခွင့်နဲ့ပတ်သတ်ပြီး လုံးဝလွတ်လပ်ခွင့်မရှိ ကျွန်ေ တာ် တို့မကြိုက်ဘူး။ နောက်တချက် ကျွန်တော်တို့ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ စာပေဆိုင်ရာနဲ့ ပတ် သတ်ပြီး ကျွန်တော်တို့ဖော်ထုတ်ခွင့်နဲ့ ပတ်သတ်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံဟာ တိကျခိုင်မာတဲ့ အာမခံပြ ဌာန်း ချက် မရှိပါ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်၊ စီးပွားရေး ဆိုင်ရာ လွတ်လပ် ခွင့်၊ သမိုင်းဆိုင်ရာလွတ်လပ်ခွင့် ဒီသုံးချက်သည် ၂၀၀၈ ဖွဲ့စည်းပုံမှာ လုံးဝ ပြည့်ပြည့်စုံစုံ မရှိလို့ ကျွန် တော် တို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဒီအချက်တွေကို မပြင်ဘဲ ဖယ်ဒရယ် ပြည်ထောင်စုဟာ ဘာမှ အဓိပ္ပါယ် မရှိပါ။

မေး- ဖက်ဒရယ်ဟာ ခွဲထွက်ခွင့်ဆိုပြီး ဗမာအစိုးရက ပြောနေတော့ လက်ရှိမှာ တိုင်းရင်းသားတွေ တောင်း ဆိုနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ရရှိနိုင်တဲ့ အနေအထားရှိပါသလား။ ဘယ်လိုမြင်ပါလဲ။

ဖြေ- ဒါကတော့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့လည်း ဆက်စပ်နေပါတယ်။ ကျွန်တော်တို့ ညီတော် နောင်ေ တာ် လက်နက်ကိုင် အင်အားစုတွေကလည်း ဖယ်ဒရယ်ပြည်ထောင်စုအတွက် တိုက်ပွဲ ၀င်နေ ပါ တယ်။ အခု အပစ်အခတ်ရပ် စဲပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဒါ ကတော့ ညှိနှိုင်းေ ဆွးနွေြး ပီး အကောင်အထည် ဖော်သွားရ မှာဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်မြင် တာက ဖြစ်စဉ်တခုပါ။ ဖြစ်စဉ် တစ်ခုမှာ အဓိက နိုင်ငံရေးကို ခေတ်အဆက် ဆက်ကြီးစိုး လာတဲ့ ဗမာနိုင်ငံရေးခေါင်းဆောင်တွေ၊ တပ်မတော် အထဲမှာရှိတဲ့ ဗမာခေါင်းဆောင်တွေ သဘောထား ကြီးကြီးနဲ့ တိုင်းရင်းသား ပြည်သူတွေ လို လားတောင့်တနေတဲ့ အမျိုးသားရပိုင်ခွင့်တွေကို ညှိနှိုင်းပြီး ဖြေးဖြေးချင်း အကောင်အထည် ဖော်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ချက်ချင်းတော့ ဖြစ်နိုင်မှာမဟုတ်ပေမယ့် တိုင်းရင်းသား ပြည်သူတွေ လိုလားနေတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို ငြိမ်းချမ်းရေး၊ တိုင်းပြည် ဖွံ့ဖြိုး တိုး တက်ရေး အတွက် ရည်ရွယ် တည်ဆောက် သွားကြရမှာ ဖြစ်ပါတယ်။ ဒါတွေ မဖြစ်နိုင်ရင် ငြိမ်းချမ်းရေးကို အာမဘန္တေမခံနိုင်ပါ။ တကယ့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးကို အာမခံနိုင်မှာက ဒီဖယ်ဒရယ်စနစ်ဘဲ။ တိုင်းရင်းသားတွေရဲ့ အမျိုးသား ရပိုင် ခွင့်တွေ ကို အသိအမှတ်ပြုမှ မြန်မာနိုင်ငံမှာ စစ်မှန်သော ငြိမ်း ချမ်းသော ပြည်ထောင်စုကြီး ပေါ်ထွန်းလာနိုင်မှာ ဖြစ်တယ်။

မေး- နောက်တစ်ခုကျွန်တော် မေးချင်တာက အခုဗမာအစိုးရက နိုင်ငံသားတစ်ဦးချင်စီရဲ့ လွတ်လပ်ခွင့် ကိုပေး ထားတယ်။ တိုင်းရင်းသား အခွင့်အရေးကို ပေးစရာမလို သလိုလို လေသံတွေလည်း ထွက်လာ တာကို တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘယ်လို မြင်ပါလဲ။

ဦးလှစော- ဒါကတော့ ကျွန်တော်တို့ လက်ခံနိုင်စရာမရှိပါ။ တရားမ၀င်ပါ။ ဒါက ဒီမိုကရေစီဆိုသည့်တိုင် တခြားနိုင် ငံတွေနဲ့ မတူပါ။ ကျွန်တော်တို့က တိုင်းရင်းသားပေါင်းစုံ နေထိုင်နေကြတဲ့ အတွက်ကြောင့် တိုင်း ရင်း သားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ဖွဲ့စည်းပုံထဲမှာ ခိုင်ခိုင်မာမာ တိတိကျကျ အာမခံပြ ဌာန်း ထားဖို့လိုပါတယ်။ ကျွန်တော်တို့ ဗဟိုချုပ်ကိုင် မှုစနစ်ကို လျှော့ချဖို့၊ ပြည်နယ်တွေမှာ တိုင်းရင်း သားေ တွရဲ့ ရပိုင်ခွင့်တွေကို အာမခံနိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ တစ်ရပ်ကို ဖြစ်အောင် ကျွန်တော်တို့ တည်ေ ဆာက် သွားရမှာ ဖြစ်ပါတယ်။

မေး- အခု ဗမာပြည်မျာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အများအပြားရှိနေပါတယ်။ ဒီတိုင်း ရင်း သား လက် နက်ကိုင်အဖွဲ့အစည်းတွေက ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်မလာဘဲနဲ့ တိုင်းပြည် ငြိမ်း ချမ်းေ ရး အတွက် လက်နက်စွန့်မယ်လို့ မြင်ပါသလား။

ဦးလှစော- ကျွန်တော်မမြင်ပါ။ သူတို့ကိုင်စွဲထားတဲ့ လက်နက်တွေကို အလွယ်တကူချလိမ့်မယ်လို့ ကျွန်ေ တာ် မယုံပါ။ အဲဒီ တိုင်းရင်းသား လက်နက်ကိုင်တွေ ယုံကြည့်လောက်တဲ့ ဖယ်ဒရယ် ဖွဲ့စည်းပုံ တစ်ခုကို ပေါ် လာအောင် ကျွန်တော်တို့ တဖြေးဖြေး လုံးပမ်း ရပါမယ်။ အဲဒီလို ဖွဲ့စည်းပုံအရ ခိုင်ခိုင် မာမာရှိမှဘဲ တိုင်းရင်းသား အင်အားစုတွေအနေနဲ့ သူတို့ လက်နက်ကိုချပြီး ပြည်ထောင်စု တပ်မတော် ထဲမှာ ရခိုင် တပ်မတော်၊ ကရင်တပ်မတော်၊ မွန်တပ်မတော်ဆိုတဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ ပါဝင်ပြီး ဖြစ်သွားမယ်လို့ ကျွန်တော် အဲလိုဘဲ မျှော်လင့်ပါတယ်။ ဒီစစ်မှန်တဲ့ ဖယ်ဒရယ် စနစ်တခု မပေါ် ထွန်းဘဲ တိုင်းရင်းသားတွေအနေနဲ့ သူတို့လက်နက်တွေကို အလွယ်တကူ စွန့်လွှတ်လိမ့်မယ်လို့ ကျွန်တော် မယုံကြည်ပါ။

Narinjara

အဘယ့်ကြောင့် သူတို့ကို တရားစွဲသင့်ပါသလဲ



ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အပေါင်းပါ ၅၀ ကျော်ကို တရားစွဲသွားမည့် ကိုအောင်ထွန်း၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

အဘယ့်ကြောင့် သူတို့ကို တရားစွဲသင့်ပါသလဲ

(၁) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)
(၂) ဗိုလ်ချုပ်ကြီး ခင်ညွန့် (အငြိမ်းစား)

၎င်းတို့သည် ၁၉၉၂ခုနှစ် မှ ၂၀၁၀ခုနှစ် မတ်လ(၃၁)ရက် နိုင်ငံတော်တာဝန်ယူ၍ န၀တ၊နအဖ ဥက္ကဌ အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။၎င်းကာလတွင်းကျွန်ုပ်သည် ၁၉၉၀ စက်တင်ဘာလ (၁)ရက်နေ့မှ ၁၉၉၄ ခုနှစ်စက်တင်ဘာလ (၂၃)ရက်နေ့ထိ အင်းစိန်ထောင်၊ အင်းစိန်(သီးသန့်ထောင်)၊ သာယာဝတီ အကျဉ်းထောင်များတွင်နေထိုင် အကျဉ်းချခံခဲ့ရပါသည်။ ထိုကာစစ်ကြောရေး စခန်းထောင်များ၌နှိပ်စက်မှု ၊အောက်ခြေကျဉ်းခတ်၊ တိုက်ပိတ်မှုများစွာကို ခံခဲ့ရပါသည်။

ထိုအချိန်က ၄င်းသည် နိုင်ငံတော်အကြီးအကဲအဖြစ် ဆောင်ရွက်နေချိန်တွင် တာဝန်ရှိသူမှာ ၄င်းသာဖြစ် ပါသည်။ ထို့ကြောင့် ဦးသန်းရွှေကို သေကြောင်းကြံစည်ရန် ကြိုးပမ်းမှုဖြင့်၎င်း၊ နှိပ် စက်ညှင်းပန်းမှု များကြောင့်၎င်း၊ (တရားစွဲဆိုနိုင်ပါသည်) ဦးခင်ညွန့်နှင့်ပူးပေါင်း၍ (၇)နှစ်ကြာလျှင်သေစေသောဆေးကို ကျွနုပ်တို့အား ၁၉၉၈ ခုနှစ် စစ်ကြောရေးကာလတွင် ထိုးရန်အမိန့်ပေးသူဖြစ်ခဲ့သူဖြစ်ပါသည်။ ၄င်းဆေး ကို အသုံးပြုခဲ့ကြောင်း ကျွန်တော်နှင့်အတူ သာယာဝတီထောင်တွင် (၂၀၀၇ခုနှစ်၊ ၂၀၀၉ ခုနှစ်) အထိနေထိုင် ခဲ့သော ဗိုလ်မှူးချုပ်မြင့်ဇော်(ဒု ဗိုလ်မှူးကြီးမြင့်ဦး၊ ဗိုလ်ကြီးစိုးမင်းလတ်(အားလုံး NIB ) တို့က ပြောပြခဲ့ ပါသည်။ ထို့ ကြောင့်ကျွန်တော့်ကို ၂၀၀၂ ခုနှစ်ဆေးထိုးပြီး (၄) နှစ်ကြာ အင်းစိန်ထောင်သို့ သာယာ ၀တီထောင်မှပြန်လည် ပြောင်းရွှေ့ စာင့်ကြည့်ခဲ့ပါသည်။ ၄င်းကာလအတွင်း၌ ကျွန်တော်၏ဒူးခေါင်းတွင် (ဘယ်ဘက်တွင်) အလုံးကြီးဖြစ်လာပါသည်။ ၄င်းအားလုံးတွင် အဆိပ်များစုနေ၍ အချိန် မမီ ပါကခြေထောက် ဘယ်ဘက်မှဖြတ်ရခြင်း၊ (သို့) ၇ နှစ်ကြာလျှင်သေစေသော အဆိပ်မိ၍ သေဆုံး သွားနိုင်ပါသည်။ ထို့ကြောင့် (၂၀၀၇) ခုနှစ်စောင့်ကြည့်၍ မသေ သောအခါ ကျွန်တော့်ကိုသာယာဝတီ အကျဉ်းထောင်သို့ပြန်လည်ပို့၍ ၂၀၀၉ ခုနှစ်၊စက်တင်ဘာလ (၁၈) ရက် နေ့ပြန်လည်လွတ်ခဲ့ပါသည်။

အထက်ပါအမှုဖြစ်စဉ်အကျဉ်းကြည့်မည်ဆိုလျှင်သတ်ဖြတ်သေဆုံးရန်ကြံစည်မှုနှင့် တစ်မင် သက်သက် အညိုးကြီးစွာ ဆောင်ရွက်ခဲ့ကြောင်း ထင်ရှားစွာတွေ့ရှိရပါသည်။ ထို့ကြောင့် တာဝန်အရှိဆုံး ပုဂ္ဂိုလ် (၂) ဦးဖြစ်သည့် ဦးသန်းရွှေနှင့် ဦးခင်ညွန့်တို့အား လူသတ်ရန် ကြံစည်မှုဖြင့် တရားစွဲဆိုထိုက်ပါသည်။

ထိုသို့ဖြစ်ပေါ်လာရန်အတွက် ထိုအမှုဖြစ်စဉ်ကို ဖန်တီးခဲ့သော ဗိုလ်မှူးစန်းပွင့်၊ ထိုအမှုဖြစ်စဉ် ကို ဖြစ်ပေါ်စေရန်ပြုလုပ်၍ ဖမ်းဆီးခဲ့သော ဗိုလ်ချုပ်မှူးသန်းထွန်း၊ ဖမ်းဆီးရန်ဦးခင်ညွန်ထံမှ တိုက်ရိုက် အမိန့်ယူခဲ့သော ဗိုလ်ချုပ်ကျော်ဝင်းနှင့်ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့သည်လည်း ကြံရာပါများ အဖြစ် အမှုဖြစ်စဉ်တွင် အကျုံးဝင်ပါသည်။

(၁၉၉၀ ခုနှစ်) စက်တင်ဘာလ (၁) ရက်နေ့မှ (၇) ရက်နေ့ထိ အမှတ်(၇) ထောက်လှမ်းရေး မနော်ဟရီ လမ်းတွင် တာဝန်ယူခေါင်းဆောင်အဖြစ် စစ်ဆေးခဲ့သောဗိုလ်ကြီးစည်သူနှင့် အဖွဲ့သည်လည်း လူသားမဆန်စွာဖြင့် နှိပ်စက်ညှင်းပန်းခြင်း၊ အစားအသောက် မကျွေးခြင်း၊ လူသား၏ တန်ဖိုးကိုနှိမ်ချစွာ ဆက်ဆံခြင်း၊ လူသား၏ သိက္ခာကို အကြိမ်ပေါင်းများစွာစော်ကားဆဲဆိုခြင်း၊ ထိုဖြစ်ရပ်တို့သည် လူ့အသရေဖျက်မှု ပုဒ်မနှင့်၎င်း၊ အခြားသော သေကြောင်း ကြံစည်မှုများဖြင့်၎င်း၊ အဓိပ္ပါယ်ပြည့်ဝစွာဖြင့် တရားစွဲဆိုထိုက်ပါသည်။

ထို့အတူ (၁၉၉၈) ခုနှစ် ဇန်န၀ါရီလ (၂၇) ၇က်နေ့မှ (၁၉၉၈) ခုနှစ် မတ်လ (၁၃) နေ့ထိ စစ်ကြောရေး တာဝန်ခံခေါင်းဆောင် ဗိုလ်မှူးကျော်စိန်ဝင်း၊ ဗိုလ်ကြီးခင်မောင်၊ ဗိုလ်ခင်ကျော်၊ ဗိုလ်မှူးစိုးဝင်း၊ ဗိုလ်ကြီးကျော်ကျော် ရဲအုပ်ညွှန့်လှိုင် တို့သည်လည်းကောင်း၊အမှုဖြစ်စဉ်ကိုကာကွယ်ရေးဦးစီးချုပ်ရုံးမှ တိုက်ရိုက် အမိန့်ပေး၍လူ(၁၀၀) ကျော်အား ဖမ်းဆီးစစ်ဆေးခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးများဖြစ်သည့် ခင်မောင်သန်း၊ အောင်ထွေး၊ မောင်ဘို၊ တင် အောင်မြင့်ဦး အမှုစစ်ဆေးစဉ် ကာလအတွင်း လာရောက် ကြည့်ရှုပြီး ပြင်းထန်စွာစစ်ဆေးရန်၎င်း၊ နှစ်ရှည်ကြာ များပြားစွာကျခံစေရန် ဦးခင်ညွန့်နှင့်အတူ အစည်းဝေးထိုင် ဆုံးဖြတ်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနှင့် ဒုဗိုလ်ချုပ်ကြီး ၀င်းမြင့်တို့သည်လည်း ကြံရာပါ တရားခံများဖြစ်၍ တရားစွဲ ဆိုထိုက်ပါသည်။

အိတ်ပိတ်ထားသောအမိန့်ကို ဖတ်ပြခဲ့သော စစ်ခုံရုံးအမှတ် (၁) (၇-၁-၁၉၉၁) နေ့က သုံးဦးဖြစ်သည့် ဗိုလ်မှူးမောင်ညွန့်(ယန္တရားတပ်)၊ ဗိုလ်မှူးစိန်လှိုင် (က.ကရုံးချုပ်) ဗိုလ်မှူးစိုးတင့် (အကြီးစား စက်မှူလုပ်ငန်း)တို့ သည်လည်းကောင်း၊ (၁၉၉၈)ခုနှစ်ဧပြီလ (၁၀) ရက်နေ့အမှုတွဲအမှတ် (၂၈/၂၉/၃၀-၉၈)တို့ဖြင့် စီရင်ချက်ချခဲ့ သော မြောက်ပိုင်းခရိုင် အထူးတရာရုံး တရားသူကြီးအား၎င်း၊ မတရား မှုဖြစ်စဉ် ကြံစည်မှုတွင် ကြံရာပါများအဖြစ် တရားစွဲဆိုထိုက်ပါသည်။

ထို့အတူ (၁၉၉၀) ခုနှစ် နှင့် (၁၉၉၈) ခုနှစ် သတင်းစာရှင်းလင်းပွဲတွင် ဦးဆောင် ရှင်းလင်းတင်ပြသူ ဦး ခင်ညွန့်၊ ဗိုလ်မှူးချုပ်အောင်သိန်း၊ ဒေါက်တာသန်းညွန့်၊ ဗိုလ်မှူးချုပ်ကျော်ဝင်း၊ ရဲချုပ် ဗိုလ်မှူးကြီးစိုးဝင်း တို့အား၎င်း၊ အမှုတွဲများအဖြစ် သတ်မှတ်တရားစွဲဆိုနိုင်ပါသည်။။ ထို့အတူ အကျဉ်းဦးစီးဌာနကို တိုက်ရိုက် ကွတ်ကဲညွှန်ကြား အုပ်ချုပ်ခဲ့သော ထောက်လှမ်းရေးအရာရှိများဖြစ်သည့် ဦးခင်ညွန့်၊ ဗိုလ်ချုပ်မြင့်ဆွေ၊ ဗိုလ်ချုပ်ရဲမြင့်တို့သည်၎င်း၊ (၁၉၉၈)နှစ်မှ (၂၀၀၉) နှစ်ထိ အမှုဖြစ်စဉ်၏ တရားခံများဖြစ်သည်။

အထက်ပါပုဂ္ဂိုလ်အားလုံးသည် ကျွန်တော့်အားနှစ်ကြိမ်တိုင်တိုင်း (၂၂) နှစ်စီရင်ချက်ချစေခဲ့သော ၀ိုင်း ၀န်း ပူးပေါင်း လုပ်ဆောင်သူများဖြစ်သည်။

နိုင်ငံသားတစ်ဦးအား (၂၄) နာရီထက်ပို၍ ဖမ်းဆီးချုပ်နှောင်ခွင့် မရှိစေရဟု အပိုဒ်မှာ အခြေခံဥပဒေ (၁၉၄၇) ခုနှစ် (၁၉၇၄) ခုနှစ်(၂၀၀၈) ခုနှစ် ခုနှစ်တို့၌ ပါရှိပါသည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်၏ မိန့်ခွန်း ထဲတွင်..

”ကျွန်တော်တို့ (၁၉၄၇) ခုနှစ် (၁၉၇၄) ခုနှစ် အခြေခံဥပဒေကို လက်ခံသုံးစွဲနေပါတယ်”ဟု ပါရှိသည်။

ထို့အတူ ဗိုလ်ချုပ်မှူးကြီးစောမောင်အား ဆက်ခံခဲ့သော ဦးသန်းရွှေသည်မှာလည်း ထိုကိစ္စနှင့်ပတ် သတ်၍ တစ်စုံတစ်ရာ မိန့်ခွန်းပြောကြား ကြေညာချက်ထုတ်ခြင်း လုံးဝမပြုလုပ်ခဲ့သဖြင့် ထိုးအတိုင်းပင် အတည်ဖြစ်သည်ဟု မှတ်ယူရပါသည်။ ထို့ကြောင့် (၂၄) နာရီထက်ပိုမိုဖမ်းဆီးချုပ်နှောင် အမိန့်ချမှတ် ခဲ့သော ထိုပုဂ္ဂိုလ် အားလုံးကိုတရားမျှတခြင်းမှန်ကန်မှု ရှုထောင့်မှနေ၍၄င်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရှုထောင့်မှနေ၍၄င်း၊ တရားစွဲဆိုသည်မှာ သဘာဝကျလှပါသည်။ ဤသည်မှာလည်း လူသား၏တန်ဖိုး၊ လူသား၏ သိက္ခာတရား လူသား၏ အဓိပ္ပါယ် သတ်မှတ်ချက်များပင်ဖြစ်ပါသည်။

လူ့အခွင့်အရေးပြည့်ဝသော နိုင်ငံတော်သစ်ဆီသို့ သွားမည်ဆိုလျှင် အထက်ပါအမှုဖြစ်စဉ်သည် အရေး တကြီး မှန်ကန်ပြည့်ဝမှုပင်ဖြစ်ပါသည်။

စစ်အုပ်ချုပ်ရေး ကာလဟုပြောလျှင် ရသည်ဟု ဆင်ခြေပေးလျှင် အခြေခံဥပဒေကို လက်ကိုင်သုံးစွဲမှုက ၄င်းတို့၏ ဆင်ခြေကိုပယ်ဖျက်သလိုပင်ဖြစ်ပါသည်။ မည်သူ မှားသည်၊ မှန်သည်ကိုဆိုသည်ထက် တရား မျှတမှု ဖြင့် တရားမဲ့မှုတို့ကို ထိုအမှုဖြစ်စဉ်က သက်သေပြပါသည်။

အထက်ပါပုဂ္ဂိုလ် (၃၀) ဦးကို တရားစွဲဆိုသင့်သော အဖြစ်ပျက်များဖြစ်ပါသည်။

http://www.demowaiyan.org/2013/02/blog-post_8888.html

အမှတ်၁ လယ်ယာသုံး စက်ကိရိယာ ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ ငှားရမ်းမှုအကြောင်း နောက်ဆက်တွဲ အသိပေး တိုင်ကြားစာ..



ကျွန်မတို့ ၉မိုင် စက်မှုလယ်ယာ စက်ရုံက ခုသိရသလောက် ဒီလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး Company လက်ထဲ လွှဲပေးရမယ်လို့ သိရပါတယ်။ (စည်းမျဉ်းအရ စာချုပ်ပြီး တစ်လအတွင်း Company ကလွှဲယူရမယ် ဆိုတာပါတော့ စာချုပ်က ပြီးခဲ့တဲ့ ၁လပိုင်း ၂၄ရက် မှာချုပ်တာပါတဲ့)

ဒါနဲ့ပတ်သတ်ပြီး ပြီးခဲ့တဲ့ ၃ရက်က ၀န်ထမ်းတွေကို Company ကလာတွေ့ပါတယ်။

(တကယ်ကတော့ Company ၀န်ထမ်းအဖြစ် ကြိုတင် နေရာယူထားတဲ့ စက်မှုလယ်ယာ ၀န်ထမ်းဟောင်းတွေပါပဲ၊ သာမာန်ရောက်ရှိနေမှုလား၊ အစီစဉ်တကျ သိမ်းသွင်းထားမှုလားကတော. ဘုရားမှပဲ သိနိုင်ပါမယ်) သေချာတာကတော. Company ရဲ.အကြီးအကဲ လုံးဝပါမလာတာပါပဲ။

သူတို့ ပြောသွားတာလေးတွေ သူတို့ပြောတဲ့ အတိုင်းလေးပဲ ပြန်ရေးပြပါမယ်။

စက်မှုလယ်ယာ အနေနဲ. Policy အရ စက်ရုံတွေ ဆက်မလုပ်တော့မှာကြောင့် ၀န်ထမ်းတွေအတွက်လည်း အလုပ်အကိုင် မရှိတော့ကြောင်း၊ Company မှာမနေခဲ့ပဲ ဌာန ကို လိုက်သွားမယ်ဆိုရင် အဲ့ဒီလိုနေရာ မရှိတော့မှာမို့ ရာထူးလည်း တက်စရာ မရှိကြောင်း၊ လစာလည်း တိုးမှာ မဟုတ်ကြောင်း၊ သူတို့အနေနဲ့ ဒီအလုပ်ကို အကျိုးအမြတ်မရှိလည်း အရှုံးခံပြီး လုပ်မှာဖြစ်ကြောင်း ၊၀န်ထမ်းတွေအလုပ်လက်မဲ့ မဖြစ်ရအောင် သူတို့ကြိုးစားပေးနေတာလို့ ပြောပါတယ်။

၊နောက်ဆုံး ဘာအလုပ်မှ မရှိလည်း လစာပေးထားမှာ ဖြစ်ကြောင်း ၊ရှုံးမယ်မှန်း သိပေမယ်. သူတို.ကို အတင်းထိုးပေးလို. အရှုံးခံပြီး ဒါကိုမတတ်ကျွမ်းပဲ လုပ်မှာဖြစ်ကြောင်း ၊သူတို.ရဲ. သူဌေးက မြန်မာပြည်မှာ အရမ်းချမ်းသာကြောင်း၊ ဘီလီယံ နဲ့ချီပြီး ချမ်းသာသူဖြစ်ကြောင်း၊ ဘဏ်ထဲငွေထည့်ထားပြီး ဘဏ်တိုးပဲ ထိုင်စားနေမယ် ဆိုရင်တောင် ဘာမှလုပ်စရာမလိုကြောင်း၊ အလုပ်က ထွက်မဲ့သူတွေနဲ့ ပတ်သက်လို့ ကတော့ နစ်နာကြေး ၊လျှော်ကြေး ပေးဖို. Company နဲ. မသက်ဆိုင်ကြောင်း ၊ ဒါတွေက ဌာန ကပဲ ရှင်းပေးရမှာဖြစ်ကြောင်း ၊ လုပ်သက်ပြည်.ဖို. ၃နှစ်လောက် လိုသူတွေက သူတို.က လစာ ဆက်သွင်းပေးထားပြီး သက်ပြည့်၊ လုပ်သက်ပြည့် ပင်စင်ရအောင် ကူညီမှာဖြစ်ကြောင်း၊ လက်ရှိ Company မှာမနေခဲ့မဲ့သူတွေကတော. ကလေးတွေ စာမေးပွဲပြီးရင် လိုင်းခန်းက ဖယ်ပေးရမှာဖြစ်ကြောင်း စသည်ဖြင်. ကြွားဝါတာတွေလား ၊ခြိမ်းခြောက်တာတွေလား၊ ဆွဲဆောင်တာတွေလား မသိတဲ့ စကားတွေပြောသွားခဲ့ပြီး ၀န်ထမ်းတွေအတွက် အနာဂတ် ခိုင်မာမဲ့အစီအစဉ်၊ ဌာနနဲ့ ဆက်စပ်တာဝန်ယူ ၊တာဝန်ခံရမယ်. ခိုင်ခိုင်မာမာကိစ္စ တွေတော. မပါပဲပြောသွားပါတယ်ရှင်၊

ပထမဆုံးအနေနဲ. လက်ရှိ လူ ၈၀ လောက် ရှိနေတဲ့ ၀န်ထမ်းလိုင်းခန်းတွေ ဖယ်ပေးရတော.မှာက ပထမပြဿနာပါ၊သူတို. ဆီမှာ ကျန်ခဲ့မယ်. လိုင်းခန်းနေ၀န်ထမ်း ၁၆ဦး လောက်ကလွဲပြီး ကျန်တာတွေက ဘယ်သွားလို. ဘယ်နေရမှန်းမသိတာက အဆိုးဆုံးပြဿနာပါ။ ကျန်ခဲ့တဲ့ သူတွေကလည်း လောလော ဆယ် နေစရာလေးတော့ ရှိနေနိုင်ဖို. ဒီအာမခံချက် ဘာမှမရှိတာကို ရွေးရတာပါ။

ဒုတိယ သူတို.ပြောတဲ့ ၀န်ထမ်းတွေ သူတို.ဆီမှာ ၃နှစ်လုပ် ၊ပင်စင်ရအောင်တာဝန်ယူမယ်ဆိုတာက နိုင်ငံ.၀န်ထမ်း စည်းမျဉ်းစည်းကမ်းနဲ. ညီ/မညီ ၊ဘယ်သူက ဒါကို တာဝန်ခံမယ်ဆိုတာက လည်း ခုထိမသိရပါဘူးဌာနဘက်ကတော. ၆လအထိ တာဝန်ယူမယ်ဆိုလား ပြောပါတယ် ၊ပြီးတော. သူတို.၀န်ခံထားပါတယ်၊ဒီအလုပ်ကို မလုပ်တတ်ပါဘူးတဲ့ ၊အတင်းထိုးပေးလို. ဒါကိုအရှုံးခံပြီး ယူထားရတာပါတဲ့ ၊ဒါကိုကျွန်မတို. သိချင်တာက ဘယ်သူက သူတို.ကိုထိုးပေးတာပါလဲ၊ဘာကြောင်. ထိုးပေးတာပါလဲ၊သူတို.ကရော ဘာကြောင်. ရှုံးမယ်မှန်းသိလျှက် ဘာရည်ရွယ်ချက်နဲ. ယူလိုက်ရတာပါလဲ ၊အတော်စိတ်ဝင်စားစရာပါပဲ ။

ဟိုတစ်လောက သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်၊မြေနီကုန်းက မြေ ၅ ဧကလောက်ရှိတဲ့ လွှတ်တော်ဘေး နေရာကို တစ်လ ၃၁၁ သိန်းနဲ. ကားပါကင်လုပ်ဖို.ငှားတဲ့သတင်းပါ၊ခုကျွန်မတို.စက်ရုံက ၁၀ ဧကကျော် ၊နေရာကလည်း ၇န်ကုန်လေဆိပ် ၊နောက်လုပ်မယ်. ရန်ကုန်ဒုတိယ မြို.လည်ခေါင် စီမံကိန်း နေရာတွေနဲ. ၁မိုင်မပြည့်တပြည့် ပတ်ချာလည် အတွင်း ပြည်လမ်းမပေါ်မှာ ရှိနေတာဖြစ်ပြီး အထဲမှာ တပ်ဆင်ထားတဲ့ စက်၊ အဆောက်အဦး ရုံးသုံးပရိဘောဂ ကအစ သိန်း၅၀၀ နဲ့ငှားတယ်ဆိုတာကရော တကယ်ဖြစ်သင့်တဲ့ ဈေး ဟုတ်/မဟုတ် ကျွမ်းကျင်သူတွေဆီက ကြားချင် ပါသေးတယ်ရှင်၊ ကျွန်မတို့ သိရသလောက် (ကြိုတင်ဝန်ခံပါရစေ ဒီအချက်နဲ. ပတ်သက်တဲ့ သက်သော အထောက်အထားတော့ မရှိပါဘူး) ဒီစက်ရုံက ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်တွေ တောက်လျှောက် အရှုံးမရှိခဲ့ပါဘူး (ဒါကတော. သက်ဆိုင်သူတွေဆီမှာ ရှိနေမှာပါ)။

ဒါကိုတဲ့ သမ္မတ ဆီလေလံပစ်ဖို. တင်တော. ဘာလို့မရှုံးပဲ လေလံပစ်တာလည်း မေးတော. နောက် တစ်ကြိမ် စာရင်းစစ်ရုံးကနေ စစ်ဆေးပြီး ပြန်တင်ပေးပါတယ်တဲ့ ၊အဲဒီတော.မှ ရှုံးသွားတာလို.သိရပါတယ်။ ကျွန်မတို.စက်ရုံအနေနဲ. လက်တွန်းထွန်စက် တစ်မျိုးတည်းတင် တစ်နှစ်ကို ၁၅၀၀ နဲ့ ၂၀၀၀ ကြား ထွက်နေပြီး အခြောက်ခံစက်၊ခြွေလှဲ့စက်အပါအ၀င် အခြားပစ္စည်း အများအပြားကို တစ်ခါတစ်လေ ပိတ်ရက်မရှိ တောက်လျှောက် ထုတ်ပေးနေခဲ့တာပါ။

တစ်ခုတော.ရှိပါတယ် ၂၀၁၂ ၈လပိုင်းနဲ. ၁၀လပိုင်းကြားမှာတော. ဒီအငှားကိစ္စ အကြောင်းပြပြီး ဘတ်ဂျက် လုံးဝချမပေးတော.လို. ခုထိ ၀န်ထမ်းတွေ ငုတ်တုတ်ထိုင်နေရပါတယ် ။ဒါဟာလည်း ကြိုတင်ကြံစည်မှုရဲ. တစ်စိတ်တစ်ပိုင်းလားလို.တော. ကျွန်မတို.စိုးရိမ်ခဲ့ကြရတာပါ။

နောက်တစ်ခုက လက်ရှိဝန်ထမ်း ၁၇၀ လောက်မှာ ကျန်ခဲ့မယ်. ၀န်ထမ်း ၄၀ ကျော်ရှိပါတယ်။ အတော်များများက ရုံးပိုင်းတွေဆိုတော. သူတို.ထုတ်လုပ်ရေးက ဘယ်သူကိုသုံးမယ်တော. မသိရပါဘူး၊ ကျွန်မတို. သိရသလောက် သူတို.Company ရဲ့အစီရင် ခံစာထဲမှာ လက်ရှိလုပ်ငန်းကိုပဲ ဆက်လုပ်မှာဖြစ်ပြီး ၆ လ ကနေ တစ်နှစ်အတွင်း ထုတ်လုပ်ရေး စမယ်လို.ပြောပါတယ်။ နောက်တော. ၃ လအတွင်းခန်.မှာ စနိုင်အောင်ကြိုးစားပါမယ်လို. အစီရင်ခံပါတယ်တဲ့၊လူလည်း အသင်.မရှိ ထုတ်လုပ်ရေးအတွေ.အကြုံ လည်း မရှိတဲ့ Company တစ်ခုက ဒီ အောက်မြန်မာပြည်က အစဉ်အလာရှိ စက်ရုံကြီး ကိုဆက်လက် လည်ပတ်မယ် တဲ့ရှင်၊ ကျွန်မတို.ထင်တာတော. သူတို. မှာ လူမရှိရင် ၃လပြည့်ချိန်မှာ လုပ်ငန်းမစနိုင်မှာ စိုးလို. ၀န်ထမ်းတွေကိုချော.ခေါ်နေသလားလို.ထင်ပါတယ်ရှင်၊

ဒါ.အပြင်ခုနောက်ပိုင်း စက်ရုံတွေ ယူထားပြီး ဘာမှမလုပ်ပဲ ဒီတိုင်းထားလို. ဌာနကနေ ၃လတစ်ကြိမ် စစ်ဆေးမယ်လို.တော.လည်းကြားပါတယ်၊ သူတို.ကလည်း ဒီလိုစည်းကမ်းချက်တွေ မညီရင်၊ ဒီလိုမလည်ပတ်နိုင်ရင် စက်ရုံပြန်သိမ်းခံရမှာ စိုးလို့ပဲ စည်းရုံးနေတာပဲဖြစ်ပါလိမ့် မယ်ရှင်၊ ကျွန်မတို့ကတော့ မဖြစ်မနေလွှဲကို ပေးရမယ်ဆိုရင်လည်း လွှဲပေးပြီးမှ ပြန်သိမ်းတာ ၊အပြစ်ပေးတာ၊ အရေးယူတာထက် မလွှဲခင် တကယ်အာမခံချက်ရှိ တဲ့သူ၊ တကယ်လုပ်မယ့် သူကိုသေချာရွေးလွဲ စေချင်ပါတယ်။ ဒါ့အပြင် လာဘ်ပေး လာဘ်ယူ မသမာမှုတွေ မရှိအောင်လည်း သေချာစစ်ဆေးပြီး ပေးသူရော၊ ယူသူပါ ထိထိရောက်ရောက် စုံစမ်း စစ်ဆေးစေချင်ပါတယ်ရှင်၊ (ဘာလိုလည်းဆိုတော. ခု ကားပေါ်က ပိုက်ဆံပစ်ချတာတွေ့ရင် ကောက်တဲ့ယာဉ်ထိမ်းရဲ ရော ချပေးတဲ့ ကားသမားပါ အရေးယူမယ်ဆို တာလေး ကြေငြာနေတော)့ ခုလို အရေးကြီး ကိစ္စကြီးတွေမှာလည်း ဒီတိုင်းပဲ ဖြစ်စေလိုတာပါရှင်။

'နစ်နာသူတွေအတွက်၊နိုင်ငံတော်အတွက် တကယ်လုံလောက်တဲ့ အရေးယူမှုမျိုးတော.ဖြစ်ဖို. လိုပါတယ်ရှင်) Company ရဲ.စီမံခန်.ခွဲမှုကလည်း သူယူထားပြီးပိတ်ထားရတဲ. စက်ရုံတွေကိုကြည်.ရင် အဖြေတွေ.နေရသလိုပါပဲရှင်၊ အဲဒီစက်ရုံတွေက ၀န်ထမ်းတွေကိုရော သူမယူခင်က ဘယ်လို ဂတိတွေပေးခဲ့တယ်ဆိုတာ သိချင်ပါတယ်ရှင်၊ ဒါ့အပြင် နိုင်ငံတော်နဲ့ရော ဘယ်လိုစာချုပ်စည်းမျဉ်တွေနဲ့ ချုပ်တယ်ဆိုတာ သိချင်ပါတယ်ရှင်၊ တကယ်တော့လည်း ကိုယ့်နိုင်ငံ အကျိုးအတွက် ကိုယ်ထမ်းဆောင်နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ကိုဘယ်လို သဘောတူညီချက်၊ ဘယ်လိုစည်းမျဉ်းတွေနဲ. လွှဲပေးတယ်ဆိုတာ သက်ဆိုင်ရာ ၀န်ထမ်းတွေရော၊ နိုင်ငံသားတွေပါ သိရှိသင့်တဲ့၊ သိရှိအောင် ထုတ်ပြန်သင်.တဲ့ အချက်တွေဟာ Clean Government အတွက် မရှိမဖြစ် အချက်တွေ ထဲမှာ ပါမယ်ထင်ပါတယ်ရှင်။

ဒါ့အပြင် ဒီနေ့ထုတ်The Myanmar Post ဂျာနယ် မှာသတင်းတစ်ပုဒ်တွေ.လိုက်ရပါတယ်၊ လယ်ဆည်ဝန်ကြီး ဌာနမှ နိုင်ငံပိုင် မြေယာ အဆောက်အအုံများအား အငှားချထားနေမှုကို သမ္မတ ထံတင်ပြထားဆိုတဲ့ ခေါင်းစဉ်နဲ့ ပုလိပ်တမာ ပိုးသတ်ဆေးစက်ရုံ (စစ်ကိုင်း) ၊ လှိုင်းတက် စည်သွပ် စက်ရုံ (သာစည်)၊ အမရပူရ ဓါတ်မြေသြဇာ စခန်း၊ နတ်ရေကန် စက်မှုသီးနှံဖွံ.ဖြိုးရေး (ယခင် အမရပူရ ၀ါလုပ်ငန်း) ၊ အမရပူရ စက်မှုလယ်ယာ ထွန်စက်စခန်း၊ ကန်တော်ကြီး ပိုးစာခြံ ၊ဒိုးကွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းပိုင် ကော်ဖီခြံ စတာတွေကို ၂၀၁၁-၂၀၁၂ အတွင်း ငှားရမ်း အသုံးပြုနေမှုများကို ဌာနရဲ့ အငြိမ်းစား ၀န်ထမ်းများက သမ္မတထံ တင်ပြ အသိပေးထားကြောင်း ၊ မန္တလေး တိုင်းဦးစီးဌာန မြေ ပိုင်းဖြတ်ငှားဖို. စီစဉ်နေတာတွေ အပါအ၀င် နိုင်ငံပိုင် အဆောက်အအုံမြေယာတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီ ခွဲစိတ် ငှားရမ်းနေမှု တွေ ဟန့်တားပေးဖို. သမ္မတ ထံ တင်ပြထားကြောင်းတွေ့ရတော့ ကျွန်မတို့လည်း အားတော့ ရှိသွားးသလိုပါပဲ၊ ကျွန်မတို့အနေနဲ့လည်း နိုင်ငံဝန်ထမ်း ရပိုင်ခွင့် ၊၀န်ထမ်းစည်းမျဉ်းစည်းကမ်း၊ ဥပဒေကြောင်းတွေနဲ့ ကျွန်မတို့ စက်ရုံအတွက် ပြန်ကြိုးစားသင်. တယ်လို.ထင်ပါတယ်ရှင်၊

ကျွန်မတို.တွေ အားလုံး တညီတည်းသဘောတူနေကြတာက လောလောဆယ် Company လွှဲမယ်. အစီအစဉ်တွေကို ခေတ္တဆိုင်းငံထားပြီး၊ နိုင်ငံတော်အတွက် ၊ စက်ရုံအတွက် ၊၀န်ထမ်းတွေအတွက် ၀န်င်္ကြီး ဌာန ရဲ. သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ. ဆက်လက်လုပ်ကိုင်မယ်.သူတွေက လုံလောက်တဲ့ အာမခံချက် ရှိသည်ထိ ညှိုနှိုင်း ပြီးမှသာ ဆက်လုပ်စေချင်ပါတယ်ရှင် ၊ဒါနဲ့ပတ်သက်လို့ တရားဝင်ဥပဒေကြောင်း အရ ဆောင်ရွက်နိုင်မှာတွေကို သေချာသိရှိသူများဆီကလည်း အကြံဥာဏ်တွေ လိုချင်ပါတယ်ရှင် Media တွေအနေနဲ.လည်း စောင့်ကြည့် ၊မေးမြန်း၊ စုံစမ်း၊ ဖော်ပြ ခြင်းဖြင့် ကျွန်မတို့ ဒုက္ခတွေကို ကူညီပေး ဖို့ မေတ္တာရပ်ခံပါတယ်ရှင် ၊

စက်ရုံဝန်ထမ်းများ

http://www.demowaiyan.org/2013/02/blog-post_15.html

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ရိုးသားမှူ သင်တန်းအား သူ၏ ခွေးကလေး Tai Chi Toe ဦးစီး၍ဖွင့်လှစ်မည် ။



ဒေါ်အောင်ဆန်းစုကြည်မှ သူ၏ ခွေးလေး တိုင်ချီတိုး(Tai Chi Toe)လောက် လူတွေမရိုးသားကြဟု နိုင်ငံခြားခရီးစဉ်တွင်ပြောကြားခဲ့ပြီးနောက် ချစ်လှစွာသော ဒီမိုကရေစီခေါင်းဆောင်ကြီး အမေဆု သည် မြန်မာနိုင်ငံသူ နိုင်ငံသားများ ရိုးသားမှူရှိစေရေးအတွက် သူမ၏ နေအိမ်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ရိုးသားဖြောင့်မတ်မှူသင်တန်းဟူသော အမည်ဖြင့် နှစ်ပတ်ကြာ သင်တန်းဖွင့်လှစ်မည်ဖြစ် သည် ။

အဆိုပါသင်တန်းအား အမေဆု နှင့် ဇေယျာသော်မှ ဦးစီးဖွင့်လှစ်မည်ဖြစ်ပြီး သူ၏ အချစ်တော် တိုင်ချီတိုး ခွေးလေးမှ သင်တန်းနည်းပြဖြစ်ကာ ရိုးသားရေး သင်တန်းဖွင့်တော့မည်ဖြစ်ပါသဖြင့် သင်တန်း ဝင်လျှောက်လွှာများကို နီးစပ်ရာ NLD ရုံးခွဲ များ နှင့် ကျောင်းသားသမဂ္ဂ (ဗ.က.သ)များ ထံတွင် တောင်းယူလျှောက်ထားနိုင်ပါသည် ။

http://myanmarheadline.blogspot.com/

ဗုံးထဲမှာ မီးလောင်စေတဲ့ မီးစုံးဖြူ ပါဝင်တဲ့ကိစ္စ မြန်မာအစိုးရ လက်မခံ

လက်ပန်တောင်းတောင် သပိတ်ဖြိုခွဲ မှုမှာ ရဲတပ်ဖွဲ့က သုံးလိုက်တဲ့ဗုံးဟာ White Phosphorus ဆိုတဲ့ မီးလောင်စေတဲ့ မီးစုံးဖြူပါဝင်တယ် ဆိုတဲ့ကိစ္စကို မြန်မာအစိုးရက လက်မခံ ပယ်ချလိုက်တယ်လို့ AFP သတင်းတစ်ပုဒ် မှာ ဖေါ်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နဲ့ သူတို့နဲ့ပူးပေါင်းပါဝင်ထားတဲ့ အမေရိကန် ပြည်ထောင်စုအခြေစိုက် Justice Trust ဆိုတဲ့အဖွဲ့က မီးစုံးဖြူပါဝင်တယ်ဆိုတာကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ဖေါ် ခဲ့ပါတယ်။

ဒါကြောင့် မြန်မာသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွတ်ကို ဒီကိစ္စနဲ့ပတ်သက်လို့ မေးတဲ့အခါ မိမိတို့ အနေနဲ့ လူတစ်ဦးချင်း၊ တဖွဲ့ချင်းရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့  မှတ်ချက်တစုံ တရာ ပေးမှာ မဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ အစီရင်ခံစာကိုပဲ အသိအမှတ်ပြု မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံရွာသားတွေကို အရေးယူတဲ့ကိစ္စမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက လုပ်ပိုင်ခွင့်ကို နားလည်မှုလွဲပြီး အသုံးပြုခဲ့တာဖြစ်တယ်လို့ ဖြည့်စွက်ပြောဆိုတဲ့ အကြောင်းလဲ AFP သတင်း က ဖေါ်ပြထားပါတယ်။

ဦးအောင်မင်းဘေးမှ ပွဲစားများ အကြောင်းတစေ.တစောင်း----



လွှတ်တော်၏လားရာ၊ သေနတ်ကိုင်အစိမ်းတွေ နဲ. နိုင်ငံရေးပွဲစားတွေ ဝေစုမတဲ.ခြင်း။

ကျော်ရင်လှိုင်၊ လှမောင်ရွှေနဲ. မရှိတော.တဲ.နေ၀င်းမောင် အရပ်သားအကြီးစား စီးပွားရေးသမားတို.၏ ထရီယို ဥာဏ်ပညာ ခံတပ်က၊ ဒေါ်စု အခက်အခဲတွေရေရှည်မှာ ကယ်ထုတ်သွား ဖို. ရှိုးထားပြထားတဲ. သူတို. ရည်မှန်းချက်အချို. အောင်မြင်ချင်သလိုလို ဗျူဟာတွေ ရှိနေပုံ ရတယ်။ ဒေါ်စုကလည်းသူတို. လုပ်နေတာ ဦးဆောင်နေတာတွေကို အတွင်းအပြင် လက်ခံထားပုံရတယ်။ ၀ိုင်းတော်သားတွေ အားတောင်.စေဖို. လူသစ်တွေ ထပ်ငှားတိုးချဲ.နေတယ်ဆိုတဲ. သတင်းတွေလဲ ထွက်နေတယ်။


အချို.ဆို (ဓါတ်ပုံကိုကြည်.ပါ။) တန်ရာတန်ရာ သဘောမထားပဲ။ ဂွင်တွေ.တုန်းအမြတ်ထုတ်မဲ. ရည်ရွယ်ချက်တွေ နဲ. ဦးအောင်မင်း စီတောင်းတဲ. လခ များ တလအမေရိကန် ဒေါ်လာ ၁၀၀၀၀ ဆိုပဲ။ ကချင်တွေ ကို အပြုတ် ရှင်းဖို. အကြံပေးခဲ.တာလည်း ဒီလူတွေပါပဲ။ ဒါ တောင် သူတို. ခရီးသွားစဉ် တင်တောင်းတဲ. တီအေ ဒီအေ တွေ ပါ ဦးမယ်မထင်။ အင်း- ကောင်းလေစွ။ ဘယ်သူတွေ ပရိုပိုဆယ်တင်နေတယ်ဆိုတာ ဆက်တင်ပြပေးပါ.မယ်။ငြိမ်းချမ်းရေးစင်တာမှာတော. ခု လူတွေပြုံနေတယ်။

မြန်မာလွှတ်တော်ဇာခန်းစီးနောက်ကွယ်မှာတော. မကျေနပ်သံတွေ တိုးသထက်တိုးလို.လာနေပါတယ်။

တဖက်မှာလည်း ခုရေပန်းစားနေတဲ. ငြိမ်းချမ်းရေးဆိုတဲ. ဖြစ်စဉ်ကိုပြန် ဆန်းစစ်ဖို.လိုလိမ်.မယ်။ ငြိမ်းချမ်းရေးဆိုတဲ. အမည်သက်သက်ကအရေးပါနေတာလား၊ ဒါမှမဟုတ် အလားတူ တခြား ကျန်နေသေး၊ လူအများမသိသေးတဲ. အာဂျန်ဒါတွေ က အရေးပါနေတာလား။ တွဲစဉ်းစားရ မှာဖြစ်ပါတယ်။

ပုံထဲက သူဟာ သမ္မတဘေးက ဇော်ဦးတပည်. မင်းဇော်မင်းဖြစ်ပါတယ်။ စကင်ဒီနေးဗီးယန်းနိုင်ငံများ၊ နော် ဝေ အပါအ၀င် အခြား နိုင်ငံတွေက အပြုံလိုက်ရမဲ. ငွေတွေကို တက်ညီလက်ညီ ဝေစု မခွဲခင်၊သူ.အတွက် တလအမေရီကန် ဒေါ်လာ ၁၀၀၀၀၊ တနှစ် ၁၂၀၀၀၀၊ အောင်မင်းစီတောင်းထားပါတယ်။ ကချင်စစ် မရပ်ခင်အထိ မြန်မာ စစ်တပ်က တပ်ချုပ်ကြီးတွေကို ကချင်တွေကို အပြုတ်ဖြုတ်ဖို.ဘေးတီးနေခဲ.သူဖြစ်ပါတယ်။ သူ. အာ ဂျန်ဒါမှာ၊ စစ်တပ်အကြိုက် ကချင် ကို အသေပြုတ်အောင်တိုက်ဖို.၊သူ.ကိုယ်သူ ဈေး အမြင်.ဆုံးနဲ.ရောင်းဖို.၊ အကြံပေးခဲ.သူဖြစ်ပါတယ်။ ဒေါ်မိုရင်းအောင်သွင်ကို အလွန် မျက်နှာလုပ်ပြီး၊ ဘက်တိုင်းကျ တစ်ခု မှ မကျန် အမြတ်ထုတ်နိုင်သူဖြစ်ပါတယ်။

ခု- ပညာရေး ၊ ငြိမ်းချမ်းေ၇းခေါင်းစဉ်တွေနဲ. အလုပ်တွေ ပေါ်တော.မယ်။ နိုင်ငံတကာ က ဖိအားကြောင်. ကချင် ကို ထိုးစစ် ရပ်သွားတဲ. အခါဒီလူတွေပဲ ငြိမ်းချမ်းရေး စင် တာ မှာ အကောင်းဆုံးလခယူဖို. ပြင်ဆင်နေပြန်ပါတယ်။

အောင်မင်းတို. စပွန်ဆာထားသော အယုတ် အယုတ်ခြင်းပူးပေါင်းတဲ. ပွဲပါ။

မြန်မာ ပြည် က ဗိုလ်ချုပ်တွေက လူရာ မ၀င် ခပ်အအ၊ ခပ်တုံးတုံးတွေဆိုတော.၊ သူ. ကိုယ်သူ အာဖဂန်က စပါယ်ရှယ်လစ်တ် လုပ်၊ လိမ်ညာ ပြောဆိုခဲ.ပြီး၊ စစ်တပ် အာ ဂျန်ဒါ ကို သူ. ပါဆင်နယ် အခွင်.အရေးအတွက် လို တိုး ပို လျှော. လုပ်သွား ကစား သွားသူတစ်ဦးဖြစ်ပါတယ်။

ခု ငြိမ်းချမ်းရေး စင်တာ မှာ လူ လို တဲ. အခါ အောင်မင်းတို. က နိုင်ငံခြား က ၀င်လာ မဲ. အန် ဂျီ ငွေ ငွေ တွေ နဲ. ဒီ လို ကိုယ် ကျိုး ရှာ စစ်ဝါဒီများနဲ. ပူးပေါင်းပြီး မီးစတစ်ဖက် ရေ မှုတ် တဖက် လှုပ်ရှားနေကြတာသာ ဖြစ်တယ်။

အစိမ်းလိုင်းတွေ အတွက်တော. အသဲနာစရာပါ။ အမျိုးသားရေးအကြောင်းပြ၊ ဗိုမင်းအောင်လှိုင်ခမြာ နံမည်အပျက်ခံပြီး တိုက်လိုက် ရတဲ.စစ်၊ လေယဉ်ပျံတင်.ကား အမြှောက် အကုန်သုံး ပစ်လိုက်ရတဲ. အပြစ်မဲ.လူများ၊ ထိုးကျွေးလိုက်သော စစ်သားများ။ အများကြီး။ ဒိတော.- တပ်ထဲမှာ ၂၀၁၂ အတွင်းနောက်တန်းတပ်ဝင်းတွေထဲမှာ-- မုဆိုးမတွေ အများကြီး ကျန်ခဲ.တယ်။

ခေါင်ပိုင်း အပေါ်ပိုင်းအထိ သူ.ဖက်ကိုယ်.ဖက် ယှဉ်ပြိုင်မှု၊ နှစ်ဖွဲ.မက ၃ဖွဲ.အထိ အတွင်းမှာ အားပြိုင်မှု၊ ခွက်စောင်းခုတ်မှုတွေ ပို၍ပို၍အားကောင်းလျှက်ရှိနေတယ်လို.ကြားသိနေရပါ တယ်။

ဒီအခြေအနေဟာ-ဒီမိုကရေစီမနက်ခင်းရောက်ဖို. သိပ်အရေးပါတဲ. အချက်တစ်ချက်ဖြစ်တယ်။ ပြေချိန်တန်ပြေ၊ ကြွေချိန်တန်ကြွေဆိုတဲ. သဘောတရား ပါပဲ။ မည်သူမပြုမိမိမှုလို.ဆိုချင်လည်း ဖြစ်ပါတယ်။

အစိမ်းတွေဖက်ကတော. တော်တာ် မကျေနပ်ဖြစ်နေကြောင်းကြားသိရပါတယ်။

လွှတ်တော်၏လားရာ။ အစိမ်းလိုင်းလား၊ ပွဲစားလူလည် ကိုယ်ကျိုးရှာ အရပ်သားဒေါက်ခြာတွေလက်ထဲမှာလား။ ဆက်ကြည်.ရမှာဖြစ်ပါတယ်။

http://www.yeyintnge.com/2013/02/blog-post_8478.html#.USGbgvKTLPo

မင်းအောင်လှိုင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံနိုင်ရန်ကြိုးစား



လက်ရှိကာချုပ်မင်းအောင်လှိုင်ကို အရင်တပ်ချုပ်အသိုင်းအဝိုင်းမှ မလိုလားဟန်စကားများ ထွက်ပေါ်လာ ပြီးနောက်မှာ ဒီသတင်းဆက်ထွက်လာတာဖြစ်ပါတယ် ၊ လက်ရှိကာချုပ်မင်းအောင်လှိုင်ဟာ ဒေါ်အောင် ဆန်းစုကြည်နဲ့အလွတ်သဘောတွေ့ဖို့ ကြိုးစားနေပါတယ် ၊ လွှတ်တော်ဥက္ကဌဦးရွှေမန်းက ကြားဝင်စီစဉ်ပေး တာဖြစ်ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်လည်း အဲဒီတွေ့ဆုံမှုမှာ ပါဝင်နိုင်ဖွယ်ရှိပါတယ် ၊ လက်ရှိအချိန်မှာ ဒီသတင်းဟာ တီးတိုးအဆင့်ပဲရှိပါသေးတယ် ၊ ဒီသတင်းသာသေချာမယ်ဆိုရင် စစ်တပ်အတွင်းသာမက ကြံ့ခိုင်ရေးပါတီအတွင်းမှာပါ ရိုက်ခတ်မှုများရှိလာနိုင်ပါတယ် ၊ ပြည်သူပြည်သားအားလုံးအတွက် ဝမ်းသာ ရမယ့်သတင်းပါပဲ ၊ တွေ့ဆုံမည့်ရက် နဲ့ နေရာကိုတော့ မညှိနှိုင်းရသေးဘူးလို့ သိရပါတယ် ၊