Monday, February 18, 2013

အမှတ်၁ လယ်ယာသုံး စက်ကိရိယာ ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ ငှားရမ်းမှုအကြောင်း နောက်ဆက်တွဲ အသိပေး တိုင်ကြားစာ..



ကျွန်မတို့ ၉မိုင် စက်မှုလယ်ယာ စက်ရုံက ခုသိရသလောက် ဒီလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး Company လက်ထဲ လွှဲပေးရမယ်လို့ သိရပါတယ်။ (စည်းမျဉ်းအရ စာချုပ်ပြီး တစ်လအတွင်း Company ကလွှဲယူရမယ် ဆိုတာပါတော့ စာချုပ်က ပြီးခဲ့တဲ့ ၁လပိုင်း ၂၄ရက် မှာချုပ်တာပါတဲ့)

ဒါနဲ့ပတ်သတ်ပြီး ပြီးခဲ့တဲ့ ၃ရက်က ၀န်ထမ်းတွေကို Company ကလာတွေ့ပါတယ်။

(တကယ်ကတော့ Company ၀န်ထမ်းအဖြစ် ကြိုတင် နေရာယူထားတဲ့ စက်မှုလယ်ယာ ၀န်ထမ်းဟောင်းတွေပါပဲ၊ သာမာန်ရောက်ရှိနေမှုလား၊ အစီစဉ်တကျ သိမ်းသွင်းထားမှုလားကတော. ဘုရားမှပဲ သိနိုင်ပါမယ်) သေချာတာကတော. Company ရဲ.အကြီးအကဲ လုံးဝပါမလာတာပါပဲ။

သူတို့ ပြောသွားတာလေးတွေ သူတို့ပြောတဲ့ အတိုင်းလေးပဲ ပြန်ရေးပြပါမယ်။

စက်မှုလယ်ယာ အနေနဲ. Policy အရ စက်ရုံတွေ ဆက်မလုပ်တော့မှာကြောင့် ၀န်ထမ်းတွေအတွက်လည်း အလုပ်အကိုင် မရှိတော့ကြောင်း၊ Company မှာမနေခဲ့ပဲ ဌာန ကို လိုက်သွားမယ်ဆိုရင် အဲ့ဒီလိုနေရာ မရှိတော့မှာမို့ ရာထူးလည်း တက်စရာ မရှိကြောင်း၊ လစာလည်း တိုးမှာ မဟုတ်ကြောင်း၊ သူတို့အနေနဲ့ ဒီအလုပ်ကို အကျိုးအမြတ်မရှိလည်း အရှုံးခံပြီး လုပ်မှာဖြစ်ကြောင်း ၊၀န်ထမ်းတွေအလုပ်လက်မဲ့ မဖြစ်ရအောင် သူတို့ကြိုးစားပေးနေတာလို့ ပြောပါတယ်။

၊နောက်ဆုံး ဘာအလုပ်မှ မရှိလည်း လစာပေးထားမှာ ဖြစ်ကြောင်း ၊ရှုံးမယ်မှန်း သိပေမယ်. သူတို.ကို အတင်းထိုးပေးလို. အရှုံးခံပြီး ဒါကိုမတတ်ကျွမ်းပဲ လုပ်မှာဖြစ်ကြောင်း ၊သူတို.ရဲ. သူဌေးက မြန်မာပြည်မှာ အရမ်းချမ်းသာကြောင်း၊ ဘီလီယံ နဲ့ချီပြီး ချမ်းသာသူဖြစ်ကြောင်း၊ ဘဏ်ထဲငွေထည့်ထားပြီး ဘဏ်တိုးပဲ ထိုင်စားနေမယ် ဆိုရင်တောင် ဘာမှလုပ်စရာမလိုကြောင်း၊ အလုပ်က ထွက်မဲ့သူတွေနဲ့ ပတ်သက်လို့ ကတော့ နစ်နာကြေး ၊လျှော်ကြေး ပေးဖို. Company နဲ. မသက်ဆိုင်ကြောင်း ၊ ဒါတွေက ဌာန ကပဲ ရှင်းပေးရမှာဖြစ်ကြောင်း ၊ လုပ်သက်ပြည်.ဖို. ၃နှစ်လောက် လိုသူတွေက သူတို.က လစာ ဆက်သွင်းပေးထားပြီး သက်ပြည့်၊ လုပ်သက်ပြည့် ပင်စင်ရအောင် ကူညီမှာဖြစ်ကြောင်း၊ လက်ရှိ Company မှာမနေခဲ့မဲ့သူတွေကတော. ကလေးတွေ စာမေးပွဲပြီးရင် လိုင်းခန်းက ဖယ်ပေးရမှာဖြစ်ကြောင်း စသည်ဖြင်. ကြွားဝါတာတွေလား ၊ခြိမ်းခြောက်တာတွေလား၊ ဆွဲဆောင်တာတွေလား မသိတဲ့ စကားတွေပြောသွားခဲ့ပြီး ၀န်ထမ်းတွေအတွက် အနာဂတ် ခိုင်မာမဲ့အစီအစဉ်၊ ဌာနနဲ့ ဆက်စပ်တာဝန်ယူ ၊တာဝန်ခံရမယ်. ခိုင်ခိုင်မာမာကိစ္စ တွေတော. မပါပဲပြောသွားပါတယ်ရှင်၊

ပထမဆုံးအနေနဲ. လက်ရှိ လူ ၈၀ လောက် ရှိနေတဲ့ ၀န်ထမ်းလိုင်းခန်းတွေ ဖယ်ပေးရတော.မှာက ပထမပြဿနာပါ၊သူတို. ဆီမှာ ကျန်ခဲ့မယ်. လိုင်းခန်းနေ၀န်ထမ်း ၁၆ဦး လောက်ကလွဲပြီး ကျန်တာတွေက ဘယ်သွားလို. ဘယ်နေရမှန်းမသိတာက အဆိုးဆုံးပြဿနာပါ။ ကျန်ခဲ့တဲ့ သူတွေကလည်း လောလော ဆယ် နေစရာလေးတော့ ရှိနေနိုင်ဖို. ဒီအာမခံချက် ဘာမှမရှိတာကို ရွေးရတာပါ။

ဒုတိယ သူတို.ပြောတဲ့ ၀န်ထမ်းတွေ သူတို.ဆီမှာ ၃နှစ်လုပ် ၊ပင်စင်ရအောင်တာဝန်ယူမယ်ဆိုတာက နိုင်ငံ.၀န်ထမ်း စည်းမျဉ်းစည်းကမ်းနဲ. ညီ/မညီ ၊ဘယ်သူက ဒါကို တာဝန်ခံမယ်ဆိုတာက လည်း ခုထိမသိရပါဘူးဌာနဘက်ကတော. ၆လအထိ တာဝန်ယူမယ်ဆိုလား ပြောပါတယ် ၊ပြီးတော. သူတို.၀န်ခံထားပါတယ်၊ဒီအလုပ်ကို မလုပ်တတ်ပါဘူးတဲ့ ၊အတင်းထိုးပေးလို. ဒါကိုအရှုံးခံပြီး ယူထားရတာပါတဲ့ ၊ဒါကိုကျွန်မတို. သိချင်တာက ဘယ်သူက သူတို.ကိုထိုးပေးတာပါလဲ၊ဘာကြောင်. ထိုးပေးတာပါလဲ၊သူတို.ကရော ဘာကြောင်. ရှုံးမယ်မှန်းသိလျှက် ဘာရည်ရွယ်ချက်နဲ. ယူလိုက်ရတာပါလဲ ၊အတော်စိတ်ဝင်စားစရာပါပဲ ။

ဟိုတစ်လောက သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်၊မြေနီကုန်းက မြေ ၅ ဧကလောက်ရှိတဲ့ လွှတ်တော်ဘေး နေရာကို တစ်လ ၃၁၁ သိန်းနဲ. ကားပါကင်လုပ်ဖို.ငှားတဲ့သတင်းပါ၊ခုကျွန်မတို.စက်ရုံက ၁၀ ဧကကျော် ၊နေရာကလည်း ၇န်ကုန်လေဆိပ် ၊နောက်လုပ်မယ်. ရန်ကုန်ဒုတိယ မြို.လည်ခေါင် စီမံကိန်း နေရာတွေနဲ. ၁မိုင်မပြည့်တပြည့် ပတ်ချာလည် အတွင်း ပြည်လမ်းမပေါ်မှာ ရှိနေတာဖြစ်ပြီး အထဲမှာ တပ်ဆင်ထားတဲ့ စက်၊ အဆောက်အဦး ရုံးသုံးပရိဘောဂ ကအစ သိန်း၅၀၀ နဲ့ငှားတယ်ဆိုတာကရော တကယ်ဖြစ်သင့်တဲ့ ဈေး ဟုတ်/မဟုတ် ကျွမ်းကျင်သူတွေဆီက ကြားချင် ပါသေးတယ်ရှင်၊ ကျွန်မတို့ သိရသလောက် (ကြိုတင်ဝန်ခံပါရစေ ဒီအချက်နဲ. ပတ်သက်တဲ့ သက်သော အထောက်အထားတော့ မရှိပါဘူး) ဒီစက်ရုံက ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်တွေ တောက်လျှောက် အရှုံးမရှိခဲ့ပါဘူး (ဒါကတော. သက်ဆိုင်သူတွေဆီမှာ ရှိနေမှာပါ)။

ဒါကိုတဲ့ သမ္မတ ဆီလေလံပစ်ဖို. တင်တော. ဘာလို့မရှုံးပဲ လေလံပစ်တာလည်း မေးတော. နောက် တစ်ကြိမ် စာရင်းစစ်ရုံးကနေ စစ်ဆေးပြီး ပြန်တင်ပေးပါတယ်တဲ့ ၊အဲဒီတော.မှ ရှုံးသွားတာလို.သိရပါတယ်။ ကျွန်မတို.စက်ရုံအနေနဲ. လက်တွန်းထွန်စက် တစ်မျိုးတည်းတင် တစ်နှစ်ကို ၁၅၀၀ နဲ့ ၂၀၀၀ ကြား ထွက်နေပြီး အခြောက်ခံစက်၊ခြွေလှဲ့စက်အပါအ၀င် အခြားပစ္စည်း အများအပြားကို တစ်ခါတစ်လေ ပိတ်ရက်မရှိ တောက်လျှောက် ထုတ်ပေးနေခဲ့တာပါ။

တစ်ခုတော.ရှိပါတယ် ၂၀၁၂ ၈လပိုင်းနဲ. ၁၀လပိုင်းကြားမှာတော. ဒီအငှားကိစ္စ အကြောင်းပြပြီး ဘတ်ဂျက် လုံးဝချမပေးတော.လို. ခုထိ ၀န်ထမ်းတွေ ငုတ်တုတ်ထိုင်နေရပါတယ် ။ဒါဟာလည်း ကြိုတင်ကြံစည်မှုရဲ. တစ်စိတ်တစ်ပိုင်းလားလို.တော. ကျွန်မတို.စိုးရိမ်ခဲ့ကြရတာပါ။

နောက်တစ်ခုက လက်ရှိဝန်ထမ်း ၁၇၀ လောက်မှာ ကျန်ခဲ့မယ်. ၀န်ထမ်း ၄၀ ကျော်ရှိပါတယ်။ အတော်များများက ရုံးပိုင်းတွေဆိုတော. သူတို.ထုတ်လုပ်ရေးက ဘယ်သူကိုသုံးမယ်တော. မသိရပါဘူး၊ ကျွန်မတို. သိရသလောက် သူတို.Company ရဲ့အစီရင် ခံစာထဲမှာ လက်ရှိလုပ်ငန်းကိုပဲ ဆက်လုပ်မှာဖြစ်ပြီး ၆ လ ကနေ တစ်နှစ်အတွင်း ထုတ်လုပ်ရေး စမယ်လို.ပြောပါတယ်။ နောက်တော. ၃ လအတွင်းခန်.မှာ စနိုင်အောင်ကြိုးစားပါမယ်လို. အစီရင်ခံပါတယ်တဲ့၊လူလည်း အသင်.မရှိ ထုတ်လုပ်ရေးအတွေ.အကြုံ လည်း မရှိတဲ့ Company တစ်ခုက ဒီ အောက်မြန်မာပြည်က အစဉ်အလာရှိ စက်ရုံကြီး ကိုဆက်လက် လည်ပတ်မယ် တဲ့ရှင်၊ ကျွန်မတို.ထင်တာတော. သူတို. မှာ လူမရှိရင် ၃လပြည့်ချိန်မှာ လုပ်ငန်းမစနိုင်မှာ စိုးလို. ၀န်ထမ်းတွေကိုချော.ခေါ်နေသလားလို.ထင်ပါတယ်ရှင်၊

ဒါ.အပြင်ခုနောက်ပိုင်း စက်ရုံတွေ ယူထားပြီး ဘာမှမလုပ်ပဲ ဒီတိုင်းထားလို. ဌာနကနေ ၃လတစ်ကြိမ် စစ်ဆေးမယ်လို.တော.လည်းကြားပါတယ်၊ သူတို.ကလည်း ဒီလိုစည်းကမ်းချက်တွေ မညီရင်၊ ဒီလိုမလည်ပတ်နိုင်ရင် စက်ရုံပြန်သိမ်းခံရမှာ စိုးလို့ပဲ စည်းရုံးနေတာပဲဖြစ်ပါလိမ့် မယ်ရှင်၊ ကျွန်မတို့ကတော့ မဖြစ်မနေလွှဲကို ပေးရမယ်ဆိုရင်လည်း လွှဲပေးပြီးမှ ပြန်သိမ်းတာ ၊အပြစ်ပေးတာ၊ အရေးယူတာထက် မလွှဲခင် တကယ်အာမခံချက်ရှိ တဲ့သူ၊ တကယ်လုပ်မယ့် သူကိုသေချာရွေးလွဲ စေချင်ပါတယ်။ ဒါ့အပြင် လာဘ်ပေး လာဘ်ယူ မသမာမှုတွေ မရှိအောင်လည်း သေချာစစ်ဆေးပြီး ပေးသူရော၊ ယူသူပါ ထိထိရောက်ရောက် စုံစမ်း စစ်ဆေးစေချင်ပါတယ်ရှင်၊ (ဘာလိုလည်းဆိုတော. ခု ကားပေါ်က ပိုက်ဆံပစ်ချတာတွေ့ရင် ကောက်တဲ့ယာဉ်ထိမ်းရဲ ရော ချပေးတဲ့ ကားသမားပါ အရေးယူမယ်ဆို တာလေး ကြေငြာနေတော)့ ခုလို အရေးကြီး ကိစ္စကြီးတွေမှာလည်း ဒီတိုင်းပဲ ဖြစ်စေလိုတာပါရှင်။

'နစ်နာသူတွေအတွက်၊နိုင်ငံတော်အတွက် တကယ်လုံလောက်တဲ့ အရေးယူမှုမျိုးတော.ဖြစ်ဖို. လိုပါတယ်ရှင်) Company ရဲ.စီမံခန်.ခွဲမှုကလည်း သူယူထားပြီးပိတ်ထားရတဲ. စက်ရုံတွေကိုကြည်.ရင် အဖြေတွေ.နေရသလိုပါပဲရှင်၊ အဲဒီစက်ရုံတွေက ၀န်ထမ်းတွေကိုရော သူမယူခင်က ဘယ်လို ဂတိတွေပေးခဲ့တယ်ဆိုတာ သိချင်ပါတယ်ရှင်၊ ဒါ့အပြင် နိုင်ငံတော်နဲ့ရော ဘယ်လိုစာချုပ်စည်းမျဉ်တွေနဲ့ ချုပ်တယ်ဆိုတာ သိချင်ပါတယ်ရှင်၊ တကယ်တော့လည်း ကိုယ့်နိုင်ငံ အကျိုးအတွက် ကိုယ်ထမ်းဆောင်နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ကိုဘယ်လို သဘောတူညီချက်၊ ဘယ်လိုစည်းမျဉ်းတွေနဲ. လွှဲပေးတယ်ဆိုတာ သက်ဆိုင်ရာ ၀န်ထမ်းတွေရော၊ နိုင်ငံသားတွေပါ သိရှိသင့်တဲ့၊ သိရှိအောင် ထုတ်ပြန်သင်.တဲ့ အချက်တွေဟာ Clean Government အတွက် မရှိမဖြစ် အချက်တွေ ထဲမှာ ပါမယ်ထင်ပါတယ်ရှင်။

ဒါ့အပြင် ဒီနေ့ထုတ်The Myanmar Post ဂျာနယ် မှာသတင်းတစ်ပုဒ်တွေ.လိုက်ရပါတယ်၊ လယ်ဆည်ဝန်ကြီး ဌာနမှ နိုင်ငံပိုင် မြေယာ အဆောက်အအုံများအား အငှားချထားနေမှုကို သမ္မတ ထံတင်ပြထားဆိုတဲ့ ခေါင်းစဉ်နဲ့ ပုလိပ်တမာ ပိုးသတ်ဆေးစက်ရုံ (စစ်ကိုင်း) ၊ လှိုင်းတက် စည်သွပ် စက်ရုံ (သာစည်)၊ အမရပူရ ဓါတ်မြေသြဇာ စခန်း၊ နတ်ရေကန် စက်မှုသီးနှံဖွံ.ဖြိုးရေး (ယခင် အမရပူရ ၀ါလုပ်ငန်း) ၊ အမရပူရ စက်မှုလယ်ယာ ထွန်စက်စခန်း၊ ကန်တော်ကြီး ပိုးစာခြံ ၊ဒိုးကွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းပိုင် ကော်ဖီခြံ စတာတွေကို ၂၀၁၁-၂၀၁၂ အတွင်း ငှားရမ်း အသုံးပြုနေမှုများကို ဌာနရဲ့ အငြိမ်းစား ၀န်ထမ်းများက သမ္မတထံ တင်ပြ အသိပေးထားကြောင်း ၊ မန္တလေး တိုင်းဦးစီးဌာန မြေ ပိုင်းဖြတ်ငှားဖို. စီစဉ်နေတာတွေ အပါအ၀င် နိုင်ငံပိုင် အဆောက်အအုံမြေယာတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီ ခွဲစိတ် ငှားရမ်းနေမှု တွေ ဟန့်တားပေးဖို. သမ္မတ ထံ တင်ပြထားကြောင်းတွေ့ရတော့ ကျွန်မတို့လည်း အားတော့ ရှိသွားးသလိုပါပဲ၊ ကျွန်မတို့အနေနဲ့လည်း နိုင်ငံဝန်ထမ်း ရပိုင်ခွင့် ၊၀န်ထမ်းစည်းမျဉ်းစည်းကမ်း၊ ဥပဒေကြောင်းတွေနဲ့ ကျွန်မတို့ စက်ရုံအတွက် ပြန်ကြိုးစားသင်. တယ်လို.ထင်ပါတယ်ရှင်၊

ကျွန်မတို.တွေ အားလုံး တညီတည်းသဘောတူနေကြတာက လောလောဆယ် Company လွှဲမယ်. အစီအစဉ်တွေကို ခေတ္တဆိုင်းငံထားပြီး၊ နိုင်ငံတော်အတွက် ၊ စက်ရုံအတွက် ၊၀န်ထမ်းတွေအတွက် ၀န်င်္ကြီး ဌာန ရဲ. သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ. ဆက်လက်လုပ်ကိုင်မယ်.သူတွေက လုံလောက်တဲ့ အာမခံချက် ရှိသည်ထိ ညှိုနှိုင်း ပြီးမှသာ ဆက်လုပ်စေချင်ပါတယ်ရှင် ၊ဒါနဲ့ပတ်သက်လို့ တရားဝင်ဥပဒေကြောင်း အရ ဆောင်ရွက်နိုင်မှာတွေကို သေချာသိရှိသူများဆီကလည်း အကြံဥာဏ်တွေ လိုချင်ပါတယ်ရှင် Media တွေအနေနဲ.လည်း စောင့်ကြည့် ၊မေးမြန်း၊ စုံစမ်း၊ ဖော်ပြ ခြင်းဖြင့် ကျွန်မတို့ ဒုက္ခတွေကို ကူညီပေး ဖို့ မေတ္တာရပ်ခံပါတယ်ရှင် ၊

စက်ရုံဝန်ထမ်းများ

http://www.demowaiyan.org/2013/02/blog-post_15.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။