Thursday, February 7, 2013
အောင်ဘန်းမြို့ ရိုးမဘဏ် ဖောက်ထွင်းခံရမှု ညတွင်းချင်းဖမ်းမိ..
ဖေဖော်ဝါရီ ၅ရက်နေ့ နံနက် ၂း၀၀နာရီအချိန်ခန့်က အောင်ဘန်းမြို့ရှိ ရိုးမဘဏ်ခွဲ ဖောက်ထွင်းခံခဲ့ ရကြောင်း မြို့ခံများ၏ ပြောပြချက်အရသိရှိရသည်။
ဖြစ်ပွားပုံမှာ ၅ရက်နေ့ နံနက် ၂း၀၀နာရီအချိန်တွင် အောင်ဘန်းမြို့နေ (ဘ) ဦးအောင်မင်းစိန် ၏သားဖြစ်သူ ၊မောင်အောင်ဇာနည်ဦး အသက်၁၉ နှစ်သည် ရိုးမဘဏ် အနောက်ဘက် ပေါက်မှ တဆင့် ကျော်ဝင်ပြီး အတွင်းရှိဆွဲတံခါးအား အသင့်ပါလာသော သံဖြတ်ကတ်ကြေး ၊ ဓါးတို့ဖြင့် ဖျက်ပြီး ၀င်ရောက်ခဲ့ကာ၊ မှန်တံခါးအား ထုခွဲပြီး ဘဏ်အတွင်း သို့ရောက်ရှိခဲ့ကြောင်း ၊ ငွေလွဲကောင်တာ ထည်းဝင်ပြီး ငွေကြေးရှာဖွေရာ ဘာမျှမတွေ့သဖြင့် အံဆွဲတွင်းရှိ ငွေ ၁၇၀၀၀ ကျပ်သာတွေ့သဖြင့် ယူဆောင်ပြီး ဘဏ်အပြင်သို့ပြန်ထွက်လာခဲ့ကြောင်း၊ အပြင်ဘက်ရှိ ဘဏ်ညစောင့်ဖြစ်သူ ဦးထွေးမြင့်အား အား ဓါးဖြင့်ထောက်ကာ ခြိမ်းခြောက် ပြီး မီးခံသေတ္တာ သော့ တောင်းယူကြောင်း ၊ ထိုသို့တောင်းယူနေ စဉ်အတွင်း ဦးထွေးမြင့်က အော်ဟစ်အကူညီတောင်းခံသဖြင့် အပြင်မှ ပတ္တာရောင်လည့်နေသည့် နယ်ထိန်း ဒုရဲအုပ်ညီညီထွန်း နှင့်အဖွဲ့ရောက်ရှိလာကြောင်း ၊ ဓားဖြင့်ထောက်သည့် ဘဏ်ဖောက်ဝင်လာ သူမှာ အော်ဟစ်စဉ်ကတည်းက ထွက်ပြေးသွား သဖြင့် အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးနိုင်ဝင်း နှင့်ရပ်ကွက်နေပြည်သူများ၊ ဆိုင်ကယ်ကယ်ရီသမားများ၊ ပူးပေါင်းလိုက်လံ ရှာဖွေ ကြရာ အောင်ဘန်းမြို့၊ ပြည်ထောင်စု လမ်းမကြီးဘေး ၊တံတားအောက်ရှိ ၊ ရေပြွန်ကြီးအောက်တွင် လက်ရဖမ်းဆီးရရှိခဲ့မိကြောင်း အောင်ဘန်းမြို့ မှ တာဝန်ရှိသူအဖွဲ့အစည်းများ၏ ပြောပြချက်အရ သိရှိ ရသည်။
ယင်းဖောက်ထွင်းမှု ဖြစ်စဉ်နှင့် ပတ်သတ်ပြီး အောင်ဘန်းမြို့ ရီုးမ ဘဏ်လက်ထောက်မန်နေဂျာ ဒေါ်စန္ဒာကို က အောင်ဘန်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာ အောင်ဘန်းမြို့ ရဲစခန်းမှ ပြစ်မှုပုဒ်မ ပ- ၂၆/၁၃ ၊ ပုဒ်မ၃၉၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ ပြစ်မှုကျူးလွန်သူသည် အသက် (၁၉) နှစ်သာရှိသေးပြီး တောင်ကြီးမြို့၊ အေးသာယာ မြို့သစ်တွင် ဖွင့်လှစ်ထားသည့် ဂျီတီစီ နည်းပညာ တက္ကသိုလ်တွင် စက်မှုဘာသာရပ် သင်ကြားတက်ရောက်နေသည့် ပထမနှစ် ကျောင်းသား တစ်ဦး ဖြစ်ကြောင်း အောင်ဘန်းမြို့ခံများကပြောသည်။
http://www.demowaiyan.org/2013/02/blog-post_6.html
ဗိုလ်မှူးကြီးတစ်ဦး အာဏာအလွဲသုံးစားပြုပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ ကိုယ်ကျိုးရှာနေခြင်း
မိတ္ထီလာ ခရိုင်အတွင်း မြို.နယ်နှင့် ကျေးရွာများအတွက် အဓိကရေအရင်းအမြစ်ရရှိရာ မိတ္ထီလာ ကန်ကြီးမှာ ပြန်လည်မတူးဖော်လျှင် မရတော့လောက်အောင် ရေထုညစ်ညမ်းနေပြီ ဖြစ်ပါသည်။
မိတ္ထီလာကန်၏ သဘာဝပတ်ဝန်းကျင်နှင့် ရေဝေရေလဲဒေသကို ထိန်းသိမ်းရန်အတွက် လွန်ခဲ့သော ဆယ်နှစ်ခန့်မှစပြီး ကန်ဘေးပတ်လည်တွင် ဈေးဆိုင်များ၊ လူနေအိမ်များ ဆောက်လုပ်ခွင့်ကို တားမြစ် ခဲ့သော်လည်း မိတ္ထီလာစစ်ဆေးရုံမှ ဗိုလ်မှူးကြီး ခင်ဇော်ထွန်းဆို သူ၏ထီလာဦး အထူးကုဆေးခန်းကြီးကိုမူ ခရစ်ယာန်သာသနာ့ နယ်မြေအတွင်း မိတ္ထီလာကန်ဘောင်တွင် ဆောက်လုပ်ခွင့်ပြုထားပါသည်။ ကန်အတွင်းသို့ ဆေးခန်းရှိအိမ်သာများမှ စွန့်ပစ် ရေဆိုးများ၊ ဆေးရုံဆေးခန်းထွက် စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်လျက်ရှိပါသည်။
မြို့သူမြို့သားများမှ သက်ဆိုင်ရာသို့ တင်ပြသော်လည်း ဗိုလ်မှူးကြီး ခင်ဇော်ထွန်းသည် ရာထူးအာဏာကို အလွဲသုံးစားပြု ခြိမ်းခြောက်ပြောဆိုသဖြင့် မြို့နယ်စည်ပင်မှ အရာရှိများမှာလည်း ၄င်းအားအရေးမယူ ရဲဘဲ ဖြစ်နေပါသည်။
ထို့အပြင် ဗိုလ်မှူးကြီး ခင်ဇော်ထွန်းသည် တပ်မတော်မှ ရာထူးကို ခုတုံးလုပ်ကာ ၄င်း၏ဆေးခန်းတွင် စစ်ဆေးရုံမှ တပ်မတော်သားလူနာများကို အခကြေးငွေဖြင့် ကုသခြင်း၊ တရားမ၀င် ခွဲစိတ်ကုသမှုများကို တပည့်တပန်းများဖြင့် ဆရာဝန်ဂုဏ်သိက္ခာနှင့်မညီ ပြုလုပ်နေခြင်း၊ စစ်ဆေးရုံ မှတာဝန်ထမ်းဆောင်ဆဲ ဆရာဝန်တစ်ဦးဖြစ်သော်လည်း တပ်မတော်သားလူနာများအား လုံးဝကြည့်ရှုမှုမရှိဘဲ မိမိဆေးခန်းတွင်သာ အချိန်ပြည့် စစ်ယူနီဖောင်းဖြင့် ကုသနေခြင်း၊ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများ မှ ငွေကြေးထောက် ပံ့မှုယူကာ လစဉ်မျက်စိခွဲစိတ်ကုသမှုများ ပြုလုပ်ပေးသယောင်နှင့် ငွေကြေးချို့တဲ့သော ပြည်သူများနှင့် ဘုန်းတော်ကြီးများအား သွေးခွဲသပ်လျှိုကာ အစ္စလာမ်ဘာသာအပေါ် သဘောထားပျော့ပြောင်းပေးပါရန် စည်းရုံးနေခြင်း၊ အစ္စလာမ်ဘာသာဝင်များ မှတ်ပုံတင်ရရှိစေရန် တဖက်လှည့်နှင့် ပွဲစား လုပ်နေခြင်း၊ နိုင်ငံတော်သို့ တရားဝင် ဆောင်ရမည့်အခွန်များကို ရာထူးအာဏာ အသုံးပြု အာဏာပြကာ အခွန်မဆောင်ဘဲ အခွင့်ထူးရရှိနေခြင်း၊ စသည်တို့ကြောင့် မိတ္ထီလာမြို့ နေပြည်သူများမှ တပ်မတော်အပေါ် အကြည်ညိုပျက်လျှက် ရှိပါသည်။
၎င်းဗိုလ်မှူးကြီးသည် ဆေးခန်းရှိသူနာပြု ၀န်ထမ်း မိန်းမပျို လေးများအား ခြေတော်တင်ရာတွင်လည်း နာမည်ကြီးသူတစ်ယောက် ဖြစ်ပါသည်။ တစ်ခါ သူ၏ဆေးခန်းမှ ၀န်းထမ်းအမျိုးသမီးအား ခြေတော် တင်မိရာမှ မဖုံးနိုင်မဖိနိုင်ဖြစ်ပြီး လျော်ကြေးပေးကာ ကလေးဖျက်ချခိုင်းသည့် အဖြစ်အပျက် ဖြစ်ခဲ့ဖူး ပါသည်။
သို့ ဖြစ်ပါ၍ မိမိကိုယ်ကျိုးစီးပွားအတွက် တပ်မတော်နှင့် သာသနာကို ခုတုံးလုပ်ကာ ကိုယ်ကျိုးရှာ အရာရှိတစ်ဦးအား နိုင်ငံတော် သမ္မတကြီးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဥပဒေနှင့်အညီ အရေးယူပေးပါရန် မိတ္ထီလာမြို့ အကျိုးရည်မျှော်၍ တင်ပြအပ်ပါသည်။
http://arrluelay.blogspot.com/
ကျေးဇူး ပြုပြီး ဖင်ပိတ်မငြင်းပါနဲ့  မေးတာပဲ ဖြေပေးပါ
၁ ။ ၈၈ မှာ သူဖွပြီး သူဘယ်ရောက်နေလဲ ။ ( ကျောင်းသားတွေတော့ သေတယ်ပြောပြီး သူ ဘယ်ရောက် သွားလဲ ။ )
၂ ။ ရခိုင် အရေးမှာရော သူဘယ်ရောက်နေလဲ ။ ဘယ်သူတွေကို အားပေးနေပြီး ရခိုင်တိုင်းရင်းသားတွေကို မျက်ကွယ်ပြုနေတာ ဘယ်သူလဲ ။
၃ ။ ပြည်တွင်းစစ်မှာ အစိုးရ မခိုင်းလို့ မလုပ်ပါဘူး ပြောပြီး ကရင်အမျိုးသားတွေနဲ့ ကျတော့ အစိုးရ က တွေဆုံဖို့ မပြောပဲ ဘာ့ကြောင့် သွားတွေ့ တာလဲ ။
၎ ။ ဂမ်ရှောင်တို့  ငြိမ်းချမ်းရေး ဆွေးနွေးမှ ငြိမ်းချမ်းရေး အတွက် နိုဘယ်ဆု ရှင် ၁ ယောက်အနေနဲ့ အစိုးရ မကမ်းလှမ်းလဲ သူဝင်လုပ်ရတော့မယ်ဆိုတာ ဘာသဘောလဲ ။
၅ ။ ရှေ့တန်းမှာ စွန့် လွှတ်ခဲ့ရတဲ့ စစ်သားတွေ အတွက်ဝမ်းနည်း ကြောင်း ၁ ခွန်းမပြောပဲ ။ ကျွန်မလည်း တပ်မတော်ကို ချစ်ပါတယ်လို့ ပြောခဲ့တာ ဘာ့ကြောင့်လဲ ။
၆ ။ အကျယ်ချုပ်က လွတ်ရင် မြန်မာနိုင်ငံတိုးတက်စေရမယ်လို့ ပြောခဲ့ပြီး ။ ခုချိန်ထိ အစိုးရက ပြုပြင်ပြောင်းလဲမူ့ နဲ့ သာ မြန်မာနိုင်ငံတော် ပြောင်းလဲ နေခဲ့တယ် ။ သူ့ အတွက်ပြောင်းလဲတာ သူပဲ ရှိနေခဲ့တာ ဘာ့ကြောင့်လဲ ။
နောက်ဆုံး မေးခွန်း
၇ ။ ဘာမှ မလုပ်နိုင်ပဲ အသံကောင်းသာဟစ်တက်သော အဖွားကြီးကို ပြောသောအခါ အိမ်က အမေတွေကို စော်ကားတာထက် ဒီဘွားတော်ကို ပြောဆိုလျှင် အသဲပေါက်မတတ်နာတက်နေကြတာ ဘာ့ကြောင့်များလဲ ။
http://myanmarheadline.blogspot.com/2013/02/blog-post_7.html
ကချင် ငြိမ်းချမ်းရေးမှာ ပါဝင်ဖို့ အသင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည် ထပ်ပြော
ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ ပါဝင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်လောက် ကတည်းကကမ်းလှမ်းထားတာလဲရှိသလိုအစိုးရဖက်ကလက်ခံမယ်ဆိုရင်သူ့အနေနဲ့ပါဝင်ဖို့အဆင်သင့်ပဲလို့ ဖေဖေါ်ဝါရီလ၆ရက်နေ့ဒီကနေ့
ပြည်သူလွှတ်တော် ခေတ္တနားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားလိုက်ပါ တယ်။
အစိုးရဖက်က လက်ခံမယ်ဆိုရင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ သူ့အနေနဲ့ ပါဝင်မယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ဖေဖေါ်ဝါရီလ၆ရက်နေ့ ပြည်သူ့ လွှတ်တော် ခေတ္တနားချိန်မှာ မီဒီယာတွေကို ပြောကြားနေ စဉ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တစ်ယောက်အနေနဲ့ တရားဝင်ကမ်းလှမ်းမှ မဟုတ်ပဲ ငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ဖို့ ရှိ၊ မရှိ သတင်းမီဒီယာတွေက မေးမြန်းချက် ကို ဒေါ်အောင်ဆန်း စုကြည်က ဖြေကြားခဲ့တာပါ။
အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာအလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန်ဆုံး ရပ်နိုင်ရေး၊ နှစ်ဖက် အခြေအနေကို လေ့လာ စောင့်ကြည့်အဖွဲ့တွေ ထားရှိရေး၊ ဆွေးနွေးပွဲတွေ ဆက်ပြီး ကျင်းပသွားနိုင်ရေး စတဲ့အချက် ၅ ချက်ပါ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။
"မဏ္ဍိုင်ဥပဒေအဖွဲ့က ၈၈မျိုးဆက်နဲ့ ပူးပေါင်းပြီး ဥပဒေရေးရာကိစ္စတွေ ကူညီမည်"
၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းကို လာရောက်တိုင်ကြား အကူအညီတောင်းခံလာ တဲ့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဥပဒေကြောင်းအရ အကူအညီပေးနိုင်ဖို့ “မဏ္ဍိုင်ဥပဒေအကယ်ဒမီ” က အခမဲ့ အကူအညီပေးသွားမယ်လို့ သိရပါတယ်။
အဲဒီလို ကူညီနိုင်ဖို့အတွက် မဏ္ဍိုင်ဥပဒေအဖွဲ့က ရှေ့နေ ၂၅ ဦးဟာ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ အလှည့်ကျ ရုံးထိုင်သွားမယ်လို့ သိရပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဦးဆောင်တဲ့အဖွဲ့နဲ့ မဏ္ဍိုင်ဥပဒေ အကယ်ဒမီရဲ့ ရှေ့နေတွေဟာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းအသစ်မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးပြီး သဘောတူခဲ့ကြတာပါ။
ဒီစေတနာ့ဝန်ထမ်း ဥပဒေအကျိုးဆောင်ရှေ့နေတွေဟာ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့တွေမှာ အလှည့်ကျရုံးထိုင်မှာဖြစ်ပြီး၊ တိုင်ကြားမှု အများဆုံးကိစ္စတွေဖြစ်တဲ့လယ်ယာသိမ်းယူခံထားရတဲ့ ပြဿနာ၊ ပြည်သူလူထုတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကအစ နစ်နာမှုတွေကို အကူအညီပေးသွားမှာ ဖြစ်ပါတယ်။
http://www.yeyintnge.com/2013/02/blog-post_6.html#.URMm7vKTLPo
အစိုးရဖက်က လက်ခံမယ်ဆိုရင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ သူ့အနေနဲ့ ပါဝင်မယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ဖေဖေါ်ဝါရီလ၆ရက်နေ့ ပြည်သူ့ လွှတ်တော် ခေတ္တနားချိန်မှာ မီဒီယာတွေကို ပြောကြားနေ စဉ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တစ်ယောက်အနေနဲ့ တရားဝင်ကမ်းလှမ်းမှ မဟုတ်ပဲ ငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ဖို့ ရှိ၊ မရှိ သတင်းမီဒီယာတွေက မေးမြန်းချက် ကို ဒေါ်အောင်ဆန်း စုကြည်က ဖြေကြားခဲ့တာပါ။
အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာအလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန်ဆုံး ရပ်နိုင်ရေး၊ နှစ်ဖက် အခြေအနေကို လေ့လာ စောင့်ကြည့်အဖွဲ့တွေ ထားရှိရေး၊ ဆွေးနွေးပွဲတွေ ဆက်ပြီး ကျင်းပသွားနိုင်ရေး စတဲ့အချက် ၅ ချက်ပါ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။
"မဏ္ဍိုင်ဥပဒေအဖွဲ့က ၈၈မျိုးဆက်နဲ့ ပူးပေါင်းပြီး ဥပဒေရေးရာကိစ္စတွေ ကူညီမည်"
၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းကို လာရောက်တိုင်ကြား အကူအညီတောင်းခံလာ တဲ့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဥပဒေကြောင်းအရ အကူအညီပေးနိုင်ဖို့ “မဏ္ဍိုင်ဥပဒေအကယ်ဒမီ” က အခမဲ့ အကူအညီပေးသွားမယ်လို့ သိရပါတယ်။
အဲဒီလို ကူညီနိုင်ဖို့အတွက် မဏ္ဍိုင်ဥပဒေအဖွဲ့က ရှေ့နေ ၂၅ ဦးဟာ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ အလှည့်ကျ ရုံးထိုင်သွားမယ်လို့ သိရပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဦးဆောင်တဲ့အဖွဲ့နဲ့ မဏ္ဍိုင်ဥပဒေ အကယ်ဒမီရဲ့ ရှေ့နေတွေဟာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းအသစ်မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးပြီး သဘောတူခဲ့ကြတာပါ။
ဒီစေတနာ့ဝန်ထမ်း ဥပဒေအကျိုးဆောင်ရှေ့နေတွေဟာ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့တွေမှာ အလှည့်ကျရုံးထိုင်မှာဖြစ်ပြီး၊ တိုင်ကြားမှု အများဆုံးကိစ္စတွေဖြစ်တဲ့လယ်ယာသိမ်းယူခံထားရတဲ့ ပြဿနာ၊ ပြည်သူလူထုတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကအစ နစ်နာမှုတွေကို အကူအညီပေးသွားမှာ ဖြစ်ပါတယ်။
http://www.yeyintnge.com/2013/02/blog-post_6.html#.URMm7vKTLPo
ဦးပိုင်လီမီတက် အခွန်ဆောင်ရတော့မည်
စီးပွားရေးဦးပိုင်လီမိတက်၏ မြို့တွင်းသယ်ယူပို့ဆောင်ရေးကဏ္ဍမှ ပါရမီ အဓိပတိယာဉ်နှစ်စီး
၂၃နှစ်နီးပါးဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိထားသောဦးပိုင်လီမိတက်သည်လည်း အခွန်ပေးဆောင် ရတော့မည်ဟု သိရသည်။ ၁၉၉ဝ ခုနှစ် ဧပြီလ ၄ ရက် နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ဦးပိုင် လီမိတက်မှာ ကုန်သွယ်လုပ်ငန်း ခွန်ကို ၂ဝ၁၂ ခုနှစ် ဧပြီ ၁ ရက် နေ့တွင်မှ စတင်ပေးဆောင်ခဲ့ရာ ကျန် ရှိနေသေးသော ဝင်ငွေခွန်ကိုပါ ပေးဆောင်ရတော့မည်ဟု ဘဏ္ဍာ ရေးနှင့်အခွန်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်၏ ပြော ကြားချက်အရ သိရသည်။
”ဘယ်သူမဆို နိုင်ငံသား တိုင်း ပေးဆောင်ရမယ့် အခွန်တွေ ကို ပေးဆောင်ရဖို့ တာဝန်ရှိပါတယ်။ ဒါ့ကြောင့် ဦးပိုင်ကိစ္စကလည်း ပါ သွားပါတယ်”ဟု ပြည်ထောင်စု ဝန်ကြီး က ပြောသည်။
ကုန်သည်/စက်မှုမှ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးက ”မည်သူ မဆို ရရှိတဲ့ အမြတ်ဝင်ငွေခွန်ထဲက ၂၅ ရာခိုင်နှုန်းကို ပေးဆောင်ရ တယ်။ ဒါက ဘယ်သူ့ အတွက်လည်း သန်း ၆ဝ ကျော်သော ပြည်သူ့အ တွက်သုံးတာလေ။ ဒါဆို ပေးသင့် လား၊မပေးသင့်ဘူးလား ဆိုတာ ရှင်းနေတာပဲ”ဟု ပြောသည်။
စီးပွားရေးဦးပိုင်လီမိတက် ကို လက်ရှိ တာဝန်ထမ်းဆောင်နေ သော တပ်မတော်သားများ၊ အငြိမ်း စား တပ်မတော်သားများနှင့် မိသား စုဝင်များ၏ ထည့်ဝင်ငွေများဖြင့် လုပ်ကိုင်နေကြောင်း လွှတ်ေ တာ် အစည်းအဝေးတစ်ခုတွင် တပ်မ တော်ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦး က ပြောကြားခဲ့သည်။
ဦးပိုင်လီမိ တက်သည် သွင်းကုန်ထုတ်ကုန် လုပ်ငန်းများ၊ သတ္တုတူးဖော်ေ ရးလုပ် ငန်းများ၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်း များ၊ အချိုရည်နှင့် ယမကာလုပ် ငန်းများ အပါအဝင် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်း အများစု ကို လုပ်ကိုင်လျက်ရှိပြီး တပ်မတော် အစိုးရလက်ထက်ကာလတွင် နိုင်ငံ ၏ အရပ်ရပ်စီးပွားရေးလုပ်ငန်းများ ကို ဦးဆောင်လုပ်ကိုင်ခဲ့သည်။
လက်ရှိတွင် ဦးပိုင်လီ မိတက် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ခင်ဇော်ဦး (စစ်ရေးချုပ်)က တာဝန်ယူထားပြီး ၄င်းသည် ၂ဝ၁ဝ ခုနှစ်က ဥက္ကဋ္ဌရာ ထူးကို လက်ခံခဲ့သည်။
popularmyanmar.com
ဥရောပတက္ကသိုလ်မှ ပါမောက္ခများအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကော်မတီနှင့်ဆွေးနွေး
ပညာရေးပြုပြင်ပြောင်းလဲရေး ဥရောပတက္ကသိုလ်မှ ပါမောက္ခများ ပညာရေးကော်မတီနှင့်ဆွေးနွေး
ဥရောပနိုင်ငံ တက္ကသိုလ်များမှ ပါမောက္ခများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကော်မတီမှ ဦးဟန်သာမြင့်၊ ဒေါက်တာ သိန်းလွင် နှင့် ဒေါက်တာတင်လှိုင် တို့သည် ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ပါမောက္ခ များက မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲမှု၌ ပညာရေးကော်မတီ၏ပါဝင်မှု၊ တက္ကသိုလ် ဥပဒေပြဌာန်းချက်များ နှင့် ပညာရေးကော်မတီ၏လက်ရှိဆောင်ရွက်ချက်များကို မေးမြန်းခဲ့သည်။
ဒေါက်တာသိန်းလွင်နှင့် ဦးဟန်သာမြင့်တို့မှ ရန်ကုန်တက္ကသိုလ် ပြန်လည်ပြုပြင်ရေးမူကြမ်းအဆိုကို ဒေါ်အောင်ဆန်းစုကြည်တင်သွင်းရာတွင်ထောက်ခံမဲ ၂၈၆မဲဖြင့် အောင်မြင်ခဲ့ကြောင်း ပညာရေးကော်မတီ ၏ အဓိက ရည်ရွယ်ချက်မှာ ဗဟိုထိန်းချုပ်မှုကင်းမဲ့သောပညာရေးစနစ် နှင့် တက္ကသိုလ် များကိုယ်တိုင် တက္ကသိုလ်ဥပဒေများ ပြဌာန်းနိုင်စေရန်ဖြစ်သည်ဟုရှင်းပြခဲ့သည်။
ထို့ကြောင့်ပညာရေးကော်မတီအနေဖြင့် လူထုအမြင်ကို စုဆောင်းထားသော အခြားပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆွေးနွေးပွဲများကို ၂၀၁၃နှစ်လယ်ပိုင်းတွင်ပြုလုပ်၍ ပညာရေးမူကြမ်းကို ၂၀၁၄အမှီ လွှတ်တော်တွင် အဆိုပြုနိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်းဆွေးနွေးခဲ့သည်။
ထို့အပြင် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပညာရေးကော်မတီတို့ ပူးပေါင်း၍ ကော့မှူးမြို့နယ် တွင် အသက်မွေးမှု ပညာသင်တန်းကျောင်းကိုစတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ထိုမှ တဆင့် ဒေသ တစ်ခုခြင်းစီဧ။် စီးပွားရေးနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းပညာသင်တန်းကျောင်းများကို မန္တလေးနှင့် အခြား တိုင်းရင်းသားဒေသများ တွင်ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
ဆက်လက်၍ ဒေါက်တာတင်လှိုင်မှလည်း လက်ရှိ ပညာရေးမူဝါဒကြောင့် နှစ်ပေါင်း ၂၀ကျော် အတွင်း မြန်မာနိုင်ငံရဲ့ပညာရေးကဏ္ဍသည် တဖြေးဖြေးမှေးမှိန်လာသည့်အတွက် အရည် အသွေးပြည့်ဝသောဆရာ/ဆရာမများကို ပျိုးထောင်ပေးရန်လိုအပ်ကြောင်းကိုလည်း ဆွေးနွေးခဲ့သည်။
http://www.yeyintnge.com/2013/02/blog-post_7252.html#.URMm3fKTLPo




