Thursday, February 7, 2013

ကချင် ငြိမ်းချမ်းရေးမှာ ပါဝင်ဖို့ အသင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည် ထပ်ပြော

ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ ပါဝင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်လောက် ကတည်းကကမ်းလှမ်းထားတာလဲရှိသလိုအစိုးရဖက်ကလက်ခံမယ်ဆိုရင်သူ့အနေနဲ့ပါဝင်ဖို့အဆင်သင့်ပဲလို့ ဖေဖေါ်ဝါရီလ၆ရက်နေ့ဒီကနေ့ ပြည်သူလွှတ်တော် ခေတ္တနားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားလိုက်ပါ တယ်။

အစိုးရဖက်က လက်ခံမယ်ဆိုရင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ သူ့အနေနဲ့ ပါဝင်မယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ဖေဖေါ်ဝါရီလ၆ရက်နေ့ ပြည်သူ့ လွှတ်တော် ခေတ္တနားချိန်မှာ မီဒီယာတွေကို ပြောကြားနေ စဉ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တစ်ယောက်အနေနဲ့ တရားဝင်ကမ်းလှမ်းမှ မဟုတ်ပဲ ငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ဖို့ ရှိ၊ မရှိ သတင်းမီဒီယာတွေက မေးမြန်းချက် ကို ဒေါ်အောင်ဆန်း စုကြည်က ဖြေကြားခဲ့တာပါ။

အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာအလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန်ဆုံး ရပ်နိုင်ရေး၊ နှစ်ဖက် အခြေအနေကို လေ့လာ စောင့်ကြည့်အဖွဲ့တွေ ထားရှိရေး၊ ဆွေးနွေးပွဲတွေ ဆက်ပြီး ကျင်းပသွားနိုင်ရေး စတဲ့အချက် ၅ ချက်ပါ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။

"မဏ္ဍိုင်ဥပဒေအဖွဲ့က ၈၈မျိုးဆက်နဲ့ ပူးပေါင်းပြီး ဥပဒေရေးရာကိစ္စတွေ ကူညီမည်"

၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းကို လာရောက်တိုင်ကြား အကူအညီတောင်းခံလာ တဲ့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဥပဒေကြောင်းအရ အကူအညီပေးနိုင်ဖို့ “မဏ္ဍိုင်ဥပဒေအကယ်ဒမီ” က အခမဲ့ အကူအညီပေးသွားမယ်လို့ သိရပါတယ်။

အဲဒီလို ကူညီနိုင်ဖို့အတွက် မဏ္ဍိုင်ဥပဒေအဖွဲ့က ရှေ့နေ ၂၅ ဦးဟာ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ အလှည့်ကျ ရုံးထိုင်သွားမယ်လို့ သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဦးဆောင်တဲ့အဖွဲ့နဲ့ မဏ္ဍိုင်ဥပဒေ အကယ်ဒမီရဲ့ ရှေ့နေတွေဟာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းအသစ်မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးပြီး သဘောတူခဲ့ကြတာပါ။

ဒီစေတနာ့ဝန်ထမ်း ဥပဒေအကျိုးဆောင်ရှေ့နေတွေဟာ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့တွေမှာ အလှည့်ကျရုံးထိုင်မှာဖြစ်ပြီး၊ တိုင်ကြားမှု အများဆုံးကိစ္စတွေဖြစ်တဲ့လယ်ယာသိမ်းယူခံထားရတဲ့ ပြဿနာ၊ ပြည်သူလူထုတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကအစ နစ်နာမှုတွေကို အကူအညီပေးသွားမှာ ဖြစ်ပါတယ်။

http://www.yeyintnge.com/2013/02/blog-post_6.html#.URMm7vKTLPo

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။