Friday, February 1, 2013

နိုင်ငံတကာနှင့် ယှဉ်၍ မြန်မာမီဒီယာတို့ သိက္ခာရှိဖို့သာ လိုပါသည်

ပြည်တွင်း မီဒီယာများအနေဖြင့် ကေအိုင်အေနှင့် တိုက်ပွဲများ စတင်သည့်အခါ တပ်မတော်ထံမှ သတင်း မ ရရှိ ဟု အကြောင်းပြကာ ကေအိုင်အေတို့နှင့် ဆက်သွယ်၍ သတင်းများ ဝေေ၀ဆာဆာ ဖော်ပြခဲ့ကြသည်။ တိုက် ပွဲများ ဖြစ်ပွားစဉ်အတွင်း ကေအိုင်အေတို့၏ ခံစစ်စခန်းများ အပေါ်သို့ အထိ သွားရောက်ကာ သ တင်း ယူ ခဲ့ကြသည်။ ထိုသို့ သတင်းယူခဲ့စဉ်တစ်လျှောက် မြန်မာ့တပ်မတော်၏ အပင်ပန်းခံ စွန့်လွှတ်ပေး ဆပ်မှု များကိုမူ ဖော်ပြရန် ပျက်ကွက်ခဲ့ကြသည်။


လိုင်ဇာမှ နေ၍ ၀ါဒဖြန့်ဖို့ ကြိုးစားနေကြသော ကေအိုင်အေ အရာရှိများ

လက်ရှိ အစိုးရ တပ်မတော်နှင့် အပြိုင် လက်နက်တပ်ဆင်၍ အကြမ်းဖက်မှုများ ဆောင်ရွက်နေသည့် ကေ အိုင်အေအား သောင်းကျန်းသူအဖြစ် မဖော်ပြခဲ့။ သောင်းကျန်းသူတို့၏အကြမ်းဖက်မှုများ၊ လူသစ်စု ဆောင်း မှုများ၊ စိတ်ကြွဆေးများ အသုံးပြ၍ တိုက်ခိုက်ရန် စေခိုင်းမှုများကို မသိကျိုးကျွန် ပြုခဲ့ကြသည်။ အစိုး ရနှင့် တပ်မတော်ကို အထင်အမြင် လွဲမှားစေမည့် အသုံးအနှုံးများကို အသုံးပြုခဲ့ကြလေသည်။



စစ်ပွဲသတင်း ဖော်ပြချင်သည့် ဧရာဝတီကြောင့် အဆိုပါ လက်နက်နေရာအား တပ်မတော်မှ အတိအကျ သိခဲ့ရသည်

တိုက်ပွဲ အစ မတိုင်ခင်တင် ကိုးတန်းကျောင်းသူလေး မဂျာဆိုင်းအိန် တိုက်ပွဲအတွင်း သေဆုံးရမှုကို အ သားပေး ၍ လူမျိုးစု တိုက်ပွဲအသွင် ရေးသားမှုများကြောင့် မီဒီယာများကို တပ်မတော် အနေဖြင့် ယုံကြည်မှု မ ရှိ။ သိပ်မကြာခင် အိမ်ပေါ်တက်၍ သေနတ်ဖြင့် ပစ်သတ်သွားသည့် ကေအိုင်အေတို့၏ လုပ်ရပ်ကိုမူ သတင်း အစ အန တစ်ခုပင် ထည့်သွင်းရေးသားခဲ့ခြင်းလည်း မရှိခဲ့ပေ။ ထိုနောက်ပိုင်း အကြမ်းဖက် သောင်း ကျန်းသူတို့၏ ရဲစခန်း ၀င်စီးခြင်း၊ အရပ်ဘက် ပစ်မှတ်များကို ဖျက်ဆီးခြင်း တို့အား လုံးဝ ဖော်ပြခြင်း မရှိသည့်အခါတွင်တော့ မြန်မာ မီဒီယာတို့၏ စတုတ္တမဏ္ဍိုင် ပီသမှုသည်ကား မေးခွန်းထုတ်စရာ ဖြစ် လာ ခဲ့သည်။ အင်တာနက် သုံးသူများ အကြား Eleven၊ The Voice မီဒီယာတို့အပေါ် စိတ်ဆိုး ဒေါသ ထွက်မှုများ၊ မကျေနပ်မှုများ မြင့်တက် လာခဲ့သည်။ ရိုးရိုးသားသား ဝေဖန်ထောက်ပြသည့် မှတ်ချက် စကား များကို ဖျက်ပစ်ခြင်း၊ ထိုဝေဖန်သူများကို Block လုပ်ခြင်းများဖြင့် ပြည်တွင်း မီဒီယာတို့၏ အဝေဖန် မခံနိုင်မှု ကို ပေါ်လွင်စေခဲ့သည်။



တိုက်ပွဲအတွင်း ရှေ့တန်းမှ Skype သုံး၍ ၀ါဒဖြန့်ရန် ကြိုးစားခဲ့ကြသော ABSDF နှင့် ကေအိုင်အေများ

မြန်မာ့တပ်မတော် အနေဖြင့် တိုက်ပွဲ သတင်း အနေဖြင့် အောင်ပွဲ ရရှိမှုမှ လွဲ၍ သီးခြား သတင်း ထုတ်ပြန် ရန် မလိုအပ်ပေ။ စစ်ပွဲ တစ်ခု၏ သဘောသဘာဝ အရ တိုက်နည်းဗျူဟာ၊ မိမိတို့၏ အင်အား၊ ငယ်သား များ၏ စိတ်ဓာတ်၊ တိုက်ပွဲဝင်မှု အခြေအနေတို့ကို မီဒီယာများအား အသိပေးခြင်းဖြင့် ကောင်းကျိုးထက် ဆိုး ကျိုး ပိုများ သည်ကို ကေအိုင်အေတို့ ခံစစ်ကုန်းများ ကျဆုံးခြင်းက သက်သေပြခဲ့သည်။



အသုံးမကျသည့် လက်နက်ကြီး ပစ်ခတ်မှုကို ဖော်ပြပေးခဲ့သော မီဒီယာ

မီဒီယာများ၏ ဖော်ပြချက်များအရ ကေအိုင်အေတို့ အသုံးပြုသည့် လက်နက်များ၊ အခိုင်အမာ ဘန်ကာ နေရာ များ၊ စခန်းကုန်း တစ်ခုချင်းစီ၏ လက်နက် တည်နေရာများ ကို သိခွင့်ရခဲ့သည်။ သို့သော် မြန်မာ့ တပ်မတော်မှ အဆိုပါ စခန်းများကို သိမ်းပိုက်နိုင်ခြင်းမှာ အလွယ်တကူ သိမ်းပိုက်နိုင် ခဲ့ခြင်း တော့ မ ဟုတ်။ ကေအိုင်ေ အနှင့် ပြည်တွင်း မီဒီယာများ၏ သတင်းထုတ်ပြန်မှုများတွင် မပါဝင်သည့် ယာဘ မူးယစ်ဆေး၊ စိတ် ကြွဆေးများ ကျွေး ထားသဖြင့် နာမှန်း၊ သေမှန်း မသိသော စတေးခံ ကေအိုင်အေများကို တိုက်ခဲ့ ရ သည်။ မျက်နှာပြင် တစ်ဖက်တည်းမှ စခန်းကို သိမ်းနိုင်ရန်အတွက် အသက်ပေါင်း များစွာ ပေးဆပ်ခဲ့ ရ သည်။ ထိုသို့ ပေးဆပ်မှုများ အဆုံးတွင်မှ အောင်ပွဲများကို ရရှိခဲ့ခြင်း ဖြစ်သည်။



ကိုယ့်ပတ်ဝန်းကျင် ကိုယ်ပစ်၍ ဓာတ်ပုံရိုက် ၀ါဒဖြန့်ခဲ့ကြသော မီဒီယာ

ထို့ကြောင့် တိုက်ပွဲ အရှုံး အနိုင်နှင့် လက်တွေ့ အခြေအနေ များကို နိုင်ငံပိုင် သတင်းစာနှင့် ရုပ်သံ များမှ ဖော်ပြ ထုတ်လွှင့်ခြင်း သည် လုံလောက်နေပြီသာ ဖြစ်သည်။ အဓိက လိုအပ်သည်မှာကား မြန်မာ မီဒီယာ တို့ ၏ တိုင်းပြည်နှင့် တပ်မတော် အပေါ် သစ္စာ စောင့်သိမှုသာ ဖြစ်သည်။ အစိုးရမှ သည်းခံ လိုက်လျော၍ အခွင့်အရေးများ ရရှိလာသည်နှင့်အတူ နိုင်ငံတကာနှင့် ယှဉ်၍ မြန်မာ မီဒီယာတို့ ဂုဏ်သိက္ခာ ရှိစေချင် ပါသည်။


 OppositEyE

ဒေသခံများကို ကာကွယ်ရန် ဆောလော်တွင် ပြည်သူ့စစ်များအား လက်နက်များ ပေးအပ်


ပန်ဝါမြို့ ဆော့လော်ရွာတွင် ယမန်နေ့ ညနေ(၂)နာရီခွဲခန့်တွင် ကချင်လူမျိုးများကို ကာကွယ်နိုင်ရန် အတွက် ဒေသခံပြည်သူ့စစ်များအား လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။ KIA အဖွဲ့မှ ဒေသခံ များအား လူသစ်စုဆောင်းခြင်း၊ အခွန်ငွေများ မကြာခဏကောက်ခံခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းများကို ကာကွယ်ပေး နိုင်ရန် ပြည်သူ့စစ်အဖွဲ့များအား လေ့ကျင့်ပေးကာ လက်နက်များ တပ်ဆင်ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့စစ်များသို့ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ကျည်ကာအင်္ကျီ များ၊ ဦးထုတ်များကိုပါ ပေးအပ် ခဲ့ပါသည်။ ပန်ဝါဒေသတွင် ကချင်မျိုးနွယ်စုများဖြစ်သည့် လချိတ်နှင့် ရ၀မ်များ အများစုနေထိုင်ပြီး အခြား တိုင်းရင်းသားများလည်း နေထိုင်ကြသည်။ KIA မှ ဂျိမ်းဖောလူမျိုးဝါဒကို ကျင့်သုံးပြီး ကချင်တိုင်းရင်းသား အချင်းချင်း အခြားကချင်များကို နှိပ်စက်သူတွေကြောင့် ကာကွယ်ရန် လက်နက်များကို တပ်ဆင်ပေးရခြင်း ဖြစ်ကြောင်း ပန်ဝါဒေသခံများ ပြောဆိုချက်အရ သိရှိရသည်။

ကချင်သတင်း

Eleven ဂျာနယ်က တိုက်ခိုက်လိုက်ပြီ ဖြစ်တဲ့ မေဇင်အေး (ခေါ်) ဒီမိုဖက်တီး (ခေါ်) ခွန်ဒီးယမ်

Eleven ဂျာနယ်တွင်ရေးသားထားသည့်အကြောင်းကို ဖော်ပြရမည်ဆိုလျှင်-

ဒီမိုဖက်တီးရဲ့ အကောင့်ခွဲေ တွကိုလည်း သိရှိထားပါကြောင်း၊ မိမိတို့ ဂျာနယ်နှင့်လည်း ကြော်ငြာေ ငွပေး သွ င်းသည့် ကိစ္စနှင့်ပတ်သက်၍ ခွန်းကြီးခွန်းငယ် စကားများကာ တရားရုံးအထိ ရောက်ခဲ့ ဖူးကြောင်း၊ ထို့ေ ကြာင့် မေဇင်အေးသည် ဒီမိုဖက်တီး၊ ခွန်ဒီးယမ် နှင့်အခြား အကောင့်ခွဲများမှ မိမိတို့ မီဒီယာကို တိုက်ခိုက်မှု များ ပြု လုပ်ခဲ့ကြောင်း၊ ဤ သည်မှာ လက်ရှိအခြေအနေတွင် မလုပ်သင့်ကြောင်း၊

သမ္မတဦးသိန်းစိန်သည် လည်း လက်ရှိအပြောင်းအလဲများကို အဓိက ဆောင်ရွက်နေသူဖြစ်ကြောင်း၊ ဒီမို ဖက် တီးအနေဖြင့် သမ္မတဦးသိန်းစိန်နှင့် တည်ဆဲအစိုးရကို တိုက်ခိုက်စော်ကားမှုများ အပြင်း အ ထန် ပြု လုပ် လာခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုက်ခိုက်မှုများ ထွက်ပေါ်လာသည် ကို လေ့ လာေ တွ့ ရှိရကြောင်း၊

မိမိတို့ အနေဖြင့် တရားဝင် တာဝန်ခံ၊ တာဝန်ယူထားသော မီဒီယာ ဖြစ်ကြောင်း၊ မေဇင်အေး အနေဖြင့် လည်း လေဒီးဂျာနယ်မှ သတ္တိရှိရှိ ဖော်ပြခြင်းများ ပြုလုပ်ကာ သိက္ခာရှိသော မီဒီယာအဖြစ် နောင်တွင် ရပ် တည် သွားသင့်ကြောင်း၊



ခွန်ဒီးယမ်၊ ဒီမိုဖက်တီး စသည့် facebook account များက ဤသို့ တိုက်ခိုက် စော်ကားမှု များ ပြု လုပ်နေသည်မှာ မေဇင်အေး ဖြစ်သည်ကို ခေတ်မီ နည်းပညာများအရ အစိုးရအနေဖြင့် သိရှိထားနိုင်ဖွယ်ရာ ရှိကြောင်း၊ မေဇင်အေးကြောင့် facebook ပိတ်ပင်ခြင်းမှာလည်း လက်ရှိ ဒီမိုကရေစီစနစ်နှင့် လိုက်လျော ညီထွေ မရှိကြောင်း၊ လွတ်လပ်စွာ ပြောကြားခွင့်နှင့် ထိပ်တိုက်တွေ့ဆုံနိုင်သည့်အနေအထားတွင် အစိုးရ ဘက်က ဆင်ခြင်သုံးသပ်နေသည်ဟု ခန့်မှန်းရကြောင်း၊

ဤသို့သော အောက်တန်းကျသော လုပ်ရပ်များကို မည်သည့်ဘက်ကဖြစ်စေ ရပ်တန့်သင့်ပြီ ဖြစ်ကြောင်း၊ ဒီမိုဖက်တီးဘက်မှလည်း ဆက်လက်ဖော်ပြခြင်း မပြုရန်လိုအပ်မည် ဖြစ်ကြောင်း၊ မီဒီယာ သည် ပြည်သူလူထုဘက်မှ ရပ်တည်ရမည်သာ ဖြစ်၍ ပြည်သူ့အကျိုးကို ထိခိုက်လာနိုင်သည် facebook ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း စသည်တို့ ဖြစ်ပေါ်လာပါက မိမိတို့ ယနေ့ ပြော ကြားထား သည့် အတိုင်း ဖန်တီးလှုံ့ဆော်သူများကို ဖော်ထုတ်သွားမည် ဖြစ်ေ ကြာင်းပြော ကြားသည်။

(မောင်ကျောက်ခဲ အဖွဲ့)

ABSDF ဘာကြောင့် သောင်းကျန်းသူ ကေအိုင်အေ နဲ့ပေါင်းသလဲ

၁။ တစ်ချိန်က ABSDF လို့အမည်တပ်ထားတဲ့ နာမည်သေကျောင်းသားတပ်မတော်ရဲ့ အဖွဲ့ဝင်အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေကို ABSDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ABSDF မြောက်ပိုင်း လူသတ်မှုများ၊ မြောက်ပိုင်းမှ အရိုးသွန်သံများဆိုတဲ့ ဖွင့်ဖောက်ချမှု ကနေ ပြည်သူတွေသိခွင့်ရခဲ့ကြတယ်။

၂။ နိုင်အောင်၊ အောင်နိုင်၊ မိုးသီးဖွန် ဆိုတဲ့ ကောင်တွေရဲ့ မှားယွင်းတဲ့ အယူဝါဒ၊ ခေါင်းဆောင်မှုနဲ့ တယူသန်ဝါဒတွေရဲ့အောက်မှာ တပ်ဖွဲ့ဝင်အချင်းချင်း အစိုးရ ထောက်လှမ်းရေးသူလျှိုဆိုပြီးစွပ်စွဲ၊ရက် ရက်စက် စက်လည်ပင်းကို ၀ါးကြောနဲ့လှီး၊ပေါင်းကိုခွဲ ဆားသိပ်၊ အမျိုးသမီးဆိုရင် မိန်မအင်္ဂါကို တံစို့ကိုမီးရဲရဲ ကင်ပြိး ထိုးသတ် ဒီလိုလုပ်ရပ်တွေကို ပြည်သူတွေသိရှခဲ့လို့ ABSDF ကို အော့နှလုံးနာခဲ့ကြတယ်။

၃။ တပ်မတော်အစိုးရကနေ လက်ရှိ ဒီမိုကရေစီအစိုးရအဖြစ် နိုင်ငံရဲ့အုပ်ချုပ်ရေးကို အသွင်ပြောင်လဲ လိုက်တဲ့အ ချိန်မှာ နယ်ပယ်အသီးသီးကိုလဲ မူဝါဒနဲ့ အသွင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာ ချိန် မှာတော့ ပြည်ပကနေ ယခင်အစိုးရကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြသူတွေကို နဂိုကဘာတွေ ဘဲလုပ်ခဲ့ လုပ်ခဲ့ ဒါတွေကို ပြည်ဖုံးကားချပြီး ပြည်တွင်းကို ၀င်ရောက်လာနိုင်ဖို့အတွက် ဖိတ်ခေါ်မှုတွေပြုလု့ပ် ခဲ့တယ်။

၎။ ဒီလိုအခွင့်အရေးရမဲ့အချိန်ကို စောင့်နေတဲ့ ABSDF ကကောင်တွေ သူတို့ရဲ့ နာမည်သေ ABSDF ကို အသက်သွင်းဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ ABSDF ဆိုတဲ့ နာမည်နဲ့ အခြားတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေလို နေရာရဖို့ကြိုးစားခဲ့တယ်။

၅။ ပထမဆုံး နည်းလမ်းအဖြစ် မိုးသီးဖွန်မြန်မာပြည်ပြန်လာပြီး ပြည်သူ့မေတ္တာဘွဲ့များရမလားဆိုပြီး စမ်းကြည့်တယ်။ မီသီးဖွန်တို့ ချွေးနဲ့ပေးဆပ်နေပါပြီဆိုပြီ ဆန်အိတ်တွေဘာတွေတောင် ထမ်းပြလိုက်သေး တယ်။ ABSDF ရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ တဲ့ မြောက်ပိုင်းလူသတ်မှုတွေရယ်၊ မလေရှားမှာ ကုလားတွေနဲ့ပေါင်းပြိး Rohingya ဆိုတဲ့ ကုလားတွေကို မြန်မာတိုင်းရင်းသားဖြစ်အောင် နိုင်ငံခြားသတင်း ဌာနတွေနဲ့ လက်ဝါချင်းရိုက်လိမ်ခဲ့တာတွေရယ်ကြောင့် ABSDF ခေါင်းဆောင် တစ်ယောက် မြောက်ပိုင်း လူသတ်မှုတွေကြောင့်တရားစွဲခံရမှာလဲကြောက်၊သူ့ကိုယ်သူ ပြည်သူ့အော့နှလုံးနာကြီးဆိုတာလဲ သိတော့ ပြန်ပြေးရှာပါတော့တယ်။

၆။ ဒါနဲ့တင်ရပ်သလားဆိုတော့ မရပ်ပါဘူး၊ ABSDF နည်းလမ်းရှာ ပါပြီ၊ ပြောင်ပြောင်တင်းတင်းပါဘဲ၊ဘာမ ဆိုင် ညာမဆိုင် KIA ဆီကို ပြေးကပ်ပြိး ABSDF ကို အသက်သွင်းဖို့ကြိုးစားပြန်ပါတယ်။ KIA ကတပ်မတော် ကို ခြုံခိုတိုက်တဲ့အခါ၊KIA က အသာစီးရနိုင်တဲ့တိုက်ပွဲတွေ မှာ Movies ဖိုင်တွေ ဓာတ်ပုံတွေ ရိုက်၊ တရုတ် Internet လိုင်းကိုသုံးပြီး နိုင်ငံခြားသတင်းဌာန၊ အစိုးရကိုကန့်လန့်တိုက်နေတဲ့ သတင်းဌာ နတွေ၊ Social Network တွေပေါ်ကိုတင်ပြီး KIA ဘက်ကကူသယောင်နဲ့ ABSDF ကို နာမည် ရအောင် လုပ်တယ်။ တိုက်ပွဲ movies ဖိုင်တွေမှာ ABSDF ဆိုတဲ့နာမည်ကို ပါအောင်သုံးတယ်။

၇။ လက်ရှိအခြေအနေမှာ တိုက်ပွဲကာလကြာလာတာနဲ့အမျှ KIA ရဲ့ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွတ် လိုတဲ့ မူဝါဒ၊ ကချင်ပြည်နယ်က သံယံဇာတတွေကို ယခင်ကလိုဘဲ လက်ပါကြီးအုပ်၊ လိုင်ဇာကနေ တရုတ်ကိုခိုးထုတ်ပြီး အမြတ်ကြီးစားဘဲ ဆက်လုပ်ချင်နေတာပါ ဆိုတဲ့ ရုပ်လုံးကလည်းပေါ်လာ၊ KIA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကို ပြည်သူတွေ ကလည်း ပြင်းပြင်းထန်ထန်ရှုံချ၊ စစ်ရေးအရလဲ KIA ဌာနချုပ်ကလွဲလို့ စခန်းတွေအားလုံးကျပြိး ရှုံ့နိမ့်တော့မဲ့ အခြေအနေကို ရောက်နေပြီဆိုတော့ ABSDF အတွက် ကျင်းထဲကြပ်ထဲကိုရောက်နေပါပြီ။

၈။ ABSDF အတွက် ဒုတိယနည်းလည်းကလည်းအဆင်မပြေပြန်ပါဘူး။ ပြည်သူကလည်း ဘယ်လိုနည်းနဲ့မှ လက်ခံမှာမဟုတ်ဘူးဆိုတာ သိသွားပါတယ်။ဒီတော့ တစ်ဘက်လှည့်နဲ့ ၀င်ဖို့ ကြိုးစားပါလိမ့်မယ်။ ဥပမာ ( KIA ရဲ့တပ်စခန်းတွေ၊ လက်နက်၊အင်အား၊ တည်နေရာတွေ) ကို အစိုးရကို သတင်းပေးတဲ့ နည်းလမ်း သုံးပြီး အစိုးရကိုကပ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ABSDF အတွက် နောက်ဆုံး ထွက်ပေါက်ရှာ မဲ့နည်းလမ်းဖြစ်ပါတယ်။

၉။ KIO/KIA တွေသိဖို့က ABSDF ဆိုတာ KIA ကိုချစ်လွန်းလို့ လာပူပေါင်းတောမဟုတ်ဘူး။ ABSDF ဆိုတဲ့ နာမည်သေတစ်လုံးကို အသက်သွင်းချင်လို့ KIA ဆိုကိုရောက်နေတယ်ဆိုတာပါဘဲ။

From:JingHpaw Land

www.mmdailystar.com

အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးရန် ပြင်ဆင် နေသော်လည်း မိမိတို့ ရည်မှန်းချက် အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဟု KIA ပြော


အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့နဲ့ KIOအဖွဲ့တို့ တွေ့ဆုံဆွေးနွေးဖို့ KIA ဘက် က ပါဝင်မယ့် ကိုယ်စားလှယ်တွေရွေးချယ်နေပါတယ်။ ဒီဆွေးနွေးပွဲဟာ ကမ္ဘာကအာရုံစိုက်နေတဲ့ေ ဆွးနွေး ပွဲ တစ်ခု ဖြစ်နေလို့ KIA ဘက်က ဆွေးနွေးဖို့သဘောတူခဲ့တာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ် သ က် လို့ KIA ဒုတိယ စစ်ဦးစီးချုပ်အက်အစ်ဂွမ်မော်က KIA တပ်ဖွဲ့က တပ်မဟာမှူးတွေ၊ တပ်ရ င်း မှူးေ တွ ကို တွေ့ဆုံပြီး ပြီးခဲ့တဲ့လ ၂၇ ရက်နေ့က တပ်မဟာ(၅)ဌာနချုပ် မှာတွေ့ဆုံ ပြော ဆိုခဲ့ရာ မှာေ တာ့. .. KIO/KIA အနေနဲ့ အစိုးရနဲ့တွေ့ဆုံဆွေးနွေးပွဲ တွေ ဘယ်လိုပဲကျင်းပ ကျင်း ပ..လက် နက် ကိုင် လမ်းစ ဉ် ကိုစွန့်လွှတ်မှာမဟုတ်တဲ့အပြင် ဆွေးနွေးပွဲကာလအတွင်း မှာ တိုက်ပွဲတွေ ရပ်ဆိုင်းထား မှာမ ဟုတ် ဘူးလို့ပြောဆိုခဲ့ပါတယ်။

KIAတပ်မတော်အတွက် ခရာဘွမ်ကျဆုံးခြင်းဟာ ဗဟိုဌာနချုပ်ကျဆုံးခြင်းဖြစ်လို့ လိုင်ဇာဌာနချုပ် ထပ်မံ ကျဆုံးခြင်းမရှိအောင်ပြင်းပြင်းထန်ထန်ကာကွယ်ကြရမည်လို့လဲ အက်စ်ဂွမ်မော်ကပြောဆိုပါတယ်။ မိမိတို့ရဲ့ ကချင်တိုင်းရင်းသားတွေအနေနဲ့ ဗမာစစ်တပ်အပေါ် နာကျည်းမုန်းတီး စိတ်ဝင်နေအောင် နှိုးေ ဆ်ာကြဖို့အတွက်လဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးနေပေမယ့် မိမိရ ည် မှန်း ချက်အတိုင်း ဆက်လက်လုပ် သွားမှာမို့ အစိုးရတပ်တွေရဲ့ နောက်တန်း ဌာနချုပ်တွေ ကို ပြောက်ကျား အဖွဲ့တွေနဲ့ ၀င်ရောက်တိုက်ခိုက်ပြီး မိုင်းထောင်ဖျက်ဆီးမှုတွေပြုလုပ်ဖို့နဲ့ အစိုးရဘက်ေ တာ် သားဖြစ်နေ တဲ့ က ချင်ခေါင်းဆောင်တွေကို လုပ်ကြံ သတ်ဖြတ်ဖို့ အစီအစဉ်တွေရေးဆွဲခဲ့တယ်လို့ အ စည်း အဝေးတ က်ေ ရာက်ခဲ့တဲ့ KIA တပ်ရင်းမှူး တစ်ဦးက ပြောဆိုခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ပင်လုံစာချုပ်ကိုအကြောင်းပြထားမှာဖြစ်ပေမယ့် အဓိကအချက်ကတော့ ကချင်ပြည် သူ့ သမ္မတနိုင်ငံထူထောင်နိုင်ရေးနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ဆက်လက် ရပ်တည်ရေးကို အဓိ က ထား ဆွေးနွေးမှာဖြစ်တယ်လို့လဲ အက်စ်ဂွမ်မော်ကပြောဆိုပါတယ်။ စစ်တပ်ဘက်က အပစ်အခတ်ေ တွရပ်စဲနေချိန်မှာ လည်း မိမိတို့KIA တပ်တွေထဲက အင်အား အလွန်နည်း တဲ့တပ်တွေ ကို ပြန်လည်စုပေါင်းပြီး အင်အားတောင့်တင်း အောင် လုပ်ဆောင်ကြဖို့နဲ့ ပြောက် ကျားစ နစ်အသုံးပြုပြီး တိုက်ပွဲ ၀င်ရမှာဖြစ်လို့ လက်နက်ခဲယမ်းနဲ့လူသစ်တွေ စုဆောင်းရှာဖွေကြဖို့ မှာကြားခဲ့ပါတယ်။ မိမိတို့ KIA အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲဟာ အယောင်ပြဆွေးနွေးတာဖြစ်လို့ မိမိတို့ KIAတပ်မတော်ရဲ့ ရည်မှန်းချက်အတိုင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် အက်စ်ဂွမ်မော်က အသိပေးခဲ့တယ်လို့ လိုင်ဇာမှာလာတဲ့ သတင်းတွေအရ သိရှိရပါတယ်။

ကချင်သတင်း

white phosphorus ခေါ် မီးစုန်းအဖြူ ၂၅% ပါဝင်

လက်ပန်းတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှု ရှေ့နေများကွန်ရက် ထုတ်ပြန်ပြောဆို

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က သူတို့တွေ့ရှိချက်တွေကို ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ထံ ပေးပို့ထားတယ်လို့ ရှေ့နေများကွန်ရက်က RFA ကို ပြောပါတယ်။

သူတို့ တွေ့ရှိချက်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ရက်နေ့က လက်ပန်းတောင်းတောင် သပိတ်စခန်း ကိုဖြိုခွင်းရာမှာ ဂျီနီဗာပြဌာန်းချက် (Geneva Convention) အရ တားမြစ်ထားတဲ့ မီးစုန်းအဖြူ (White Phosphorus) တွေသုံးတာ တွေ့ရှိခဲ့ရတယ်လို့ပြောပါတယ်။

အမေရိကန်နိုင်ငံက လူ့အခွင့်အရေး ရှေ့နေတစ်ချို့နဲ့ မြန်မာနိုင်ငံက ရှေ့နေတွေ ပူးပေါင်းပြီး စုံစမ်းစစ်ဆေး မှုတွေ ပြုလုပ်ခဲ့ရာ ကြေးနီတောင်စီမံကိန်း ဒေသခံတွေနဲ့ တွေ့ဆုံပြီး သက်သေခံပစ္စည်းတွေ ရရှိခဲ့ တာဖြစ်ပါတယ်။

အဲဒီ သက်သေခံ ပစ္စည်းတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဓါတ်ခွဲခန်းမှာ စမ်းသပ်ချက်အရ သပိတ်စခန်း ဖြိုခွင်းချိန်မှာအသုံးပြုတဲ့ မျက်ရည်ယိုဗုံးမှာ white phosphorus ခေါ် မီးစုန်းအဖြူ ၂၅% ပါဝင်တာ တွေ့ရ တယ်လို့ပြောပါတယ်။

သပိတ်စခန်းကို ဖြိုခွင်းရာမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းရှိမရှိအပြင်၊ ပုဒ်မ ၁၈ အရ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသား အခွင့်အရေးကို ထိခိုက်မူရှိမရှိ စတဲ့ အချက်အလက်များကို စုစည်းပြီး စုံစမ်းရေး ကော်မရှင်ကို တင်ပြထားတယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘုတ်ကသတင်းတွေကို ဖတ်ပြီး စဉ်းစားမိတာလေးတစ်ခုပါ

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်တုန်း က ရော့စ်ဒန်ကလီဆိုတဲ့ နိုင်ငံခြားသားက တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၊ စစ်မဟာဗျူဟာလေ့လာရေးဌာနကြီးက အရာရှိကြီးတွေနဲ့ပေါင်းပြီး မြန်မာတိုင်းမ်ဂျာနယ်ကို ထုတ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ   ထောက်လှမ်းရေးတွေ တပ်ပျက်တော့ မြန်မာတိုင်းမ်မှာ အယ်ဒီတာချုပ် လုပ်နေတဲ့ ဆန်နီဆွေ အဖမ်းခံရပြီး ထောင် (၁၅) နှစ်ကျသွားတယ်။ ဆန်နီဆွေက လားရှိုးထောင်မှာပါ။ ဆန်နီဆွေရဲ့ အဖေ၊ တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံး၊ ပြည်ပထောက် လှမ်းရေးဌာနကြီးရဲ့ ဌာနကြီးမှူး ဗိုလ်မှူးချုပ်သိန်းဆွေ (လေ) လည်း အဖမ်းခံရပြီး (၅) ကျွန်းနဲ့ (၄၉) နှစ် အပြစ်ပေးခံခဲ့ရပါတယ်။ ခုတော့မြင်းခြံထောင်မှာပါ။ ဗိုလ်မှူးချုပ် သိန်းဆွေဟာ ဦးခင်ညွန့်ရဲ့ အထူးယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်တာမို့ သူ နိုင်ငံခြားခရီးစဉ်လိုမျိုး သွားတဲ့အချိန်ဆိုရင် ဗိုလ်မှူးချုပ်သိန်းဆွေကို သူ့ရဲ့ တပ်မတော်ထောက်လှမ်းရေးအရာရှိချုပ် တာဝန်မှာ ခေတ္တလွှဲအပ် ခဲ့တာမျိုးရှိခဲ့ပါတယ်။ ထောက်လမ်းရေးတွေတပ်ပျက်တော့ ထောက်လှမ်းရေးတွေနဲ့ စပ်ဆက် ပတ်သတ်နေတဲ့ လုပ်ငန်းတွေလည်း ဦးသန်းရွှေရဲ့ မျက်မာန်တော်နေ မလွတ်ခဲ့ရှာပါဘူး။

ဒီ့အရင်က ထောက်လှမ်းရေးက ဗိုလ်ချုပ်တွေနဲ့ လုပ်ငန်းပတ်သတ်သလိုလို၊ ရှယ်ယာပါသလိုလို လုပ်နေတဲ့ Eleven အုပ်စုက ဒေါက်တာသန်းထွဋ်အောင်ကတော့ ဦးခင်ညွန့်ကို ဖြုတ်ချတဲ့ ဗိုလ်ချုပ်တွေကို အဘပြောင်းခေါ်ပြီး ချဉ်းကပ်လို့ ထွက်ပေါက်ရှာလိုက်ပါတယ်။ အဲသလို ထောက်လှမ်းရေးနဲ့ပတ်သတ်သူတွေကို ကွပ်ညှပ်တဲ့ထဲမှာ ထောက်လှမ်းရေးနောက်ခံနဲ့ ထုတ်ဝေနေတဲ့ မြန်မာတိုင်းမ်ဂျာနယ်က ရော့စ်ဒန်ကလီတစ်ယောက်လည်း မလွတ်ခဲ့ပါဘူး။ သူလည်း မြန်မာနိုင်ငံသားဆိုရင်တော့ ခုလောက်ဆို ထောင်ထဲမှာ အနားယူနေရပြီပေါ့။ ဒါပေသိ နိုင်ငံခြားသားတစ်ယောက်ဖြစ်နေတာမို့ ဖမ်းလို့ဆီးလို့မရတာကြောင့် မြန်မာပြည်ကို သူ့ဘာသာစိတ်ပျက်ပြီး စွန့်ခွာသွားအောင် နည်းလမ်းပေါင်းစုံနဲ့ ကြံစည်ပါတော့တယ်။

ယခင် ထောက်လှမ်းရေးက ပိုင်ဆိုင်ခဲ့တဲ့ မြန်မာတိုင်းမ်ဂျာနယ်ရဲ့ ရှယ်ယာတွေကို ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းရဲ့ စီစဉ်မှုအရ ဒေါက်တာတင်ထွန်းဦး က ၀ယ်ယူခဲ့ပါတယ်။ ရော့စ်ဒန်ကလီ တစ်ယောက်လုပ်ချင်တိုင်းလုပ်မရအောင် ဗိုလ်မှူးချုပ်ကျော်ဆန်းက သူ့လူယုံတစ်ယောက်ကို ထည့်ပေးပြီး ရော့စ်ဒန်ကလီရဲ့လုပ်ပိုင်ခွင့်တွေကို ကန့်သတ်လိုက်တဲ့ သဘောပါပဲ။

စစ်တပ်ကအရာရှိကြီးတွေက ဒေါက်တာတင်ထွန်းဦးကိုနာမည်ခံခိုင်းပြီး ၀ယ်ယူခဲ့တဲ့ ရှယ်ယာတွေလည်း ရှိတယ်လို့ အဲဒီ့တုန်းက သတင်းထွက်ခဲ့ဖူးပါတယ်။ အရင်တုန်းကတော့ ဒေါက်တာတင်ထွန်းဦးက သူ့သမီးကြီး စုမြတ်စန္ဒီဦးကို မြန်မာတိုင်းမ်ဂျာနယ်မှာ ရုံးထိုင်ခိုင်းခဲ့ပါတယ်။ ဒေါက်တာတင်ထွန်းဦးနဲ့ စုမြတ်စန္ဒီဦးတို့ရဲ့ စီစဉ်မှုနဲ့ မြန်မာတိုင်းမ် ဂျာနယ်အပြင် Crime မှုခင်းသတင်း ဂျာနယ်၊ Now ဖက်ရှင်ဂျာနယ်နဲ့ Chic မဂ္ဂဇင်းတွေ ထုတ်ခဲ့ပါတယ်။ ခုတလော ဖတ်ရတဲ့ သတင်းတွေအရတော့ ရော့စ်ဒန်ကလီတစ်ယောက် မြန်မာပြည်ကနေ စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားအောင်လုပ်ဖို့ စီစဉ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ စီမံကိန်းက ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်ရဲ့ အရပ်သား အစိုးရခေတ်အထိ ပါလာပုံရပါတယ်။ ဒေါက်တာတင်ထွန်းဦး၊ မြန်မာတိုင်းမ်နဲ့ရော့စ်ဒန်ကလီတို့ရဲ့ ဇာတ်လမ်းဘယ်လို ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပေါ့။

ပေါက်တော ပိန္နဲချောင်းကျွန်းသားများက ဘင်္ဂါလီများကို ရွှေ့ပြောင်းပေးစေလိုကြောင်း အသနားခံစာတင်

မိမိတို့နေရင်းအရပ်တွင် ဘင်္ဂါလီလူဦးရေအဆမတန် တိုးပွားလာမှုကြောင့် ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်း (ခေါ်) အလယ်ဖရုံကာကျွန်းသူကျွန်သားများမှာ လုံခြုံရေး၊ နေထိုင်ရေး၊ ပညာရေး၊ ၀မ်းစာရှာဖွေရေး အစရှိသည်များ ခက်ခဲလာသဖြင့် အဆိုပါ ဘင်္ဂါလီလူဦးရေထုအား မိမိတို့ဒေသမှ ပြောင်းရွှေ့နေရာချထားပေးပါရန် အသနားခံစာကို ယနေ့ ဇွန်န၀ါရီလ (၃၁) နေ့ နေ့စွဲဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ပေးပို့လိုက်ပြီဖြစ်ကြောင်း အသနားခံစာတင်ကြသူများက Coral Arakan အားပြောကြားသည်။

ဒေသခံရခိုင်တိုင်းရင်းသားပေါင်း (၆၅၅၀) လက်မှတ်ထိုးထားသော အဆိုပါ အသနားခံစာကို တင်ရခြင်းမှာ တောသူတောင်သား ရခိုင် နှင့် ခမီ တိုင်းရင်းသားများမှာ ဘင်္ဂါလီများက တိုက်ခိုက်ရန်ရှာတတ်သဖြင့် ငါးရှာ ကဏန်းနှိုက် မလုပ်ရဲတော့ ဒေသခံများမှာ စားဝတ်နေရဲခက်ခဲလာကြသည် ဟု ဦးဆောင်သူတစ်ဦးက Coral Arakan အား ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၂-ခုနှစ် နှစ်ကျော့နှစ်ကြိမ် ဘင်္ဂါလီဆူပူမှုအတွင်း ဘင်္ဂါလီမူဆလင်များသည် ၄င်းတို့အင်အားကောင်းရာနေရာများသို့ လူဦးရွှေ့ပြောင်းမှုပြုကြရာမှ ပေါက်တောမြို့နယ် တွင် ဘင်္ဂါလီလူဦးရေ အထူးများပြားလာခဲ့ပြီး ရခိုင် နှင့် ခမီး တိုင်းရင်းသား ရေလုပ်သားများကို အင်အားသာပါက အလစ်တိုက်ခိုက်ခြင်း တို့ကို ပြုတတ်ကြလေ့ရှိသည်။



( Coral Arakan News အတွက် ယုသန္တာခင် ရေးသားသည်။ )

ဓာတုပစ္စည်းရောစပ်သည့် ငံပြာရည်အတု ဈေးကွက်ရှိဟု ငါးပိငံပြာရည်လုပ်ငန်းရှင်များဆို

ဓာတုဗေဒ ပစ္စည်းများဖြင့် ထုတ်လုပ်ထားသော ငံပြာရည်အတုဈေးကွက်မှာ မြို့ကြီးများနှင့် ကျေးလက်ဒေသများပါမကျန် ပျံ့နှံ့ရောက်ရှိနေပြီး မိရိုးဖလာငါးပိငံပြာရည်လုပ်ငန်းများ ကြီးပွားချမ်းသာ ရန်မလွယ်ကူ တော့ကြောင်း ဟင်္သာတမြို့မှ ငါးပိငံပြာ ရည်လုပ်ငန်းရှင်များက ပြောသည်။

မိရိုးဖလာငံပြာရည်ကိုငါးပိမှတစ်ဆင့်လနှင့်ချီ၍ နှစ်ပေါက်အောင်ထုတ်လုပ်ရပြီးဓာတုဗေဒငံပြာရည်မှာမူဆားနှင့် ရေကိုဓာတုဗေဒငံပြာရည်အနံ့နှင့်အရောင်ရောစပ်ကာချက်ချင်းဗူးသွတ်၍ ဈေးကွက်အတွင်းသို့ ဖြန့်ချိနိုင်ပြီး ဈေးနှုန်း မှာလည်း ကျပ်၂၀၀ ခန့် သက်သာကြောင်း၊ ဖြန့်ချိပေးသောဆိုင်များကို လက်ဆောင်ပစ္စည်းများလည်း ပေးအပ်ကြောင်း ၎င်းတို့ကပြောသည်။

“အတုကိုဝယ်တဲ့လူက တုတာကို အတုလို့လုံးဝမသိလို့တော့မဟုတ်ဘူး။ ဒါ ပေမယ့် ငံပြာရည်အစစ်က တစ်ပုလင်းကို ကျပ် ၅၀၀၊ အတုက ကျပ် ၃၀၀၊ သူ့ကိုကျပ် ၅၀၀ ရောင်းရင် ကျပ် ၂၀၀ မြတ်မယ်။ ကျွန်တော်တို့ ကျပ် ၅၀၀ကိုကျပ် ၇၀၀ ရောင်းရင် စားသုံးသူက မတတ်နိုင်တော့ဘူး။ စားသုံးသူက ဟင်းအိုးထဲကို ငံပြာရည်လောင်းလိုက်တယ် ဆိုတဲ့စိတ်ကလေးပဲ။ အဲဒီတော့ အတုနဲ့အစစ်နဲ့ ယှဉ်လို့မရဘူး။ စားဝတ်နေရေးအတွက် သမ္မာအာဇီဝရှာလို့ရတယ်။ ကြီးပွားချမ်းသာဖို့ကမရဘူး”ဟုဟင်္သာတမြို့နေ ငါးပိ၊ ငံပြာရည်လုပ်ငန်းမှ ဦးနေ၀င်းက ပြောသည်။

ဓာတုဗေဒငံပြာရည်များကိုစားသုံး ခြင်းကြောင့် အသည်းရောဂါများ ဖြစ်ပွားတတ်သဖြင့် အထူးသတိပြုရန် လိုအပ်သည်ဟု သိရသည်။ “အရက်သမား တစ်ယောက်က အရက်သောက်ရင်သူတစ်ယောက်တည်းပဲ ခံရမယ်။ ငံပြာရည်အတုထွက်တဲ့ အတွက်ကြောင့် ငံပြာရည်အတုစားရင် အိမ်ကမိသားစုတစ်ခုလုံးခံရမှာ။ အဓိကပြောချင်တာက အတုစားမယ့်အစား ဆားနဲ့စား၊ ဘာမှမဖြစ်ဘူး။ ငံပြာရည်အတုတွေထွက် နေတဲ့အပေါ်မှာနိုင်ငံတော်ကဒါကိုအလေး မထားဘူး””ဟု ဦးနေ၀င်းက ဆက်ပြောသည်။

မိရိုးဖလာငါးပိလုပ်ငန်းမှာ စားသုံးမှုအတွက် ဖူလုံမှုရှိသော်လည်း ငံပြာရည်မှာဖူလုံမှုမရှိဟုသိရသည်။ ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့တွင် ငါးပိ၊ ငံပြာရည်အများဆုံးထွက်ရှိပြီး ဖျာပုံ၊ ပုသိမ်၊ ဟိုင်းကြီးကျွန်းဒေသတို့တွင်လည်း ထွက်ရှိသည်ဟုသိရသည်။

“ငံပြာရည်တု၊ မတုတော့မသိဘူး။တစ်ချို့ငံပြာရည်တွေက နည်းနည်း လောက်စားရုံနဲ့ သွေးတိုးလို့မစားဖြစ်တာကြာပြီ။ထိုင်းက ထုတ်တဲ့ငံပြာရည်ပဲ ဈေးကြီးပေးပြီး ၀ယ်စား တယ်”ဟု မရမ်းကုန်းမြို့နယ် မှ စားသုံး သူ တစ်ဦးကလည်း ပြောသည်။

- ရူပါအောင်ဝင်း

http://thefarmermedia.com/