Tuesday, January 29, 2013
ကချင်တိုက်ပွဲတွင်း တိုက်လေယာဉ်အသုံးပြုခြင်းနှင့် ပတ်သက်၍အမေရိကန်၏ပြောဆိုမှုက အဓိပ္ပာယ်မရှိကြောင်းဦးအောင်သိန်းလင်းပြော
မြန်မာအစိုးရတပ်မတော်နှင့် KIA,KIO တို့ကြား ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများအတွင်း မြန်မာ့ တပ်မတော်ဘက်မှ တိုက်လေယာဉ် များအသုံးပြုထိုးစစ်ဆင်ခဲ့ခြင်းအား အမေရိကန်အစိုးရနှင့်ကုလသမဂ္ဂ တို့မှ အသုံးမပြုသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့ခြင်းမှာ အဓိပ္ပာယ် လုံးဝမရှိကြောင်းနှင့်ပြည်တွင်းရေး ကို ၀င်စွက်ဖက်ခြင်းသာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲ ရေးနှင့်ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်း လင်းက Hot News သတင်း ထောက်နှင့်တွေ့ဆုံစဉ်ပြောကြား သွားခဲ့သည်။
““ဒီ KIA,KIO ကြောင့် ကျွန်တော်တို့တပ်မတော်သားတွေ အများကြီးသေခဲ့ရပြီးပြီ ပြီးတော့ ဒေသခံပြည်သူတွေခများမှာလည်း အိုးမဲ့အိမ်မဲ့တွေဖြစ်နေပြီ ဒီလိုမျိုး အနေအထား မှာ မြန်မာ့တပ်မ တော်က တိုက်လေယာဉ်သုံးပြီး ထိုးစစ်ဆင်တယ်။ဒါကို အမေရိကန် တို့ ကုလသမဂ္ဂတို့က လူသားချင်း စာနာထောက်ထားတာတွေ ဘာ တွေနဲ့တိုက်ပွဲမှာ တိုက်လေယာဉ် မသုံးသင့်ဘူးလေး ဘာလေး ပြော ကြတယ်။
တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ် မှာပေါ့။စစ်တိုက်စရာမရှိရင် လူ တင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့ ပြောရရင် KIA, KIO ကိစ္စတပ်မတော်ဘက်က တိုက်လေယာဉ်သုံးတာနဲ့ပတ်သက် ပြီး အနောက်နိုင်ငံတွေနဲ့ကုလသမဂ္ဂရဲ့ဝေဖန်ချက်ကလုံးဝအဓိပ္ပာယ် မရှိဘူး””ဟု ဦးအောင်သိန်းလင်းမှ Hot News သတင်းထောက်နှင့် တွေ့ဆုံစဉ်ပြောကြားသွားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေး ဌာနမှ ကချင်အရေးနှင့်ပတ်သက် သော ထုတ်ပြန်ချက်၌လည်း တိုက် ပွဲများကြောင့် အမေရိကန်ပြည် ထောင်စုက အလွန်ပင်စိုးရိမ်မိ ကြောင်း၊မြန်မာ့တပ်မတော်မှ လိုင်ဇာအနီးဝန်းကျင်ကို စစ်ရေး အရ ဆက်လက်ထိုးစစ်ဆင်နေ ကြောင်း အမျိုးသားပြန်လည်သင့် မြတ်ရေးကိုထိခိုက်စေပြီး အရပ် သားများသေကြေမှုကိုဖြစ်စေကာ တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွာ နေခြင်းအား အမေရိကန်ပြည် ထောင်စုမှပြင်းထန်စွာကန့်ကွက် ပါကြောင်း ဇန်န၀ါရီ ၂၄ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး မြန်မာ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လည်း “အမေရိကန်၏ထုတ်ပြန် ချက်၌ KIA ဘက်မှကျူးလွန်သည် များအား ဖော်ပြခြင်းမရှိဘဲ အစိုး ရနှင့်တပ်မတော်ကသာ တိုက်ခိုက် နေသည့် သဖွယ်ဖော်ပြထားသည် အား ပြင်းထန်စွာကန့်ကွက်ပယ် ချပါကြောင်း ထုတ်ပြန်ခဲ့သည်။
http://www.hotnewsweekly.com/archives/16445
ဘိန်းခင်း ဧကခုနှစ်သောင်းကျော် ဖျက်ဆီးပြီးဖြစ်
၂၀၁၂-၂၀၁၃ ခုနှစ် ဘိန်းစိုက်ရာသီအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဘိန်းခင်း (၇၂၃၇၆.၇၅) ဧက ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
အဆိုပါ ဘိန်းခင်းများကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ် စက်တင်ဘာလဆန်းမှ ယခုနှစ် ဇန်နဝါရီ (၂၁) ရက်နေ့အတွင်း ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ဟက်တာအနေဖြင့် (၂၉၂၉၀.၄၇) ဟက်တာ ရှိကြောင်း သိရှိရသည်။
ဘိန်းခင်းများ ဖျက်ဆီးနိုင်ခဲ့မှုတွင် ၂၀၁၂ခုနှစ် စက်တင်ဘာ (၁) ရက်နေ့မှ ၂၀၁၃ခုနှစ် ဇန်နဝါရီ (၁၄) ရက်နေ့ အထိ ၇၁၅၀၉.၈၀ ဧက (၂၈၉၃၉.၆၂ ဟက်တာ) ရှိခဲ့ရာ ၂၀၁၃ခုနှစ် ဇန်နဝါရီလ (၁၅) ရက်မှ မှ (၂၁) ရက်နေ့ ငါးရက်အတွင်းထိ (၈၆၆.၉၅) ဧက ထပ်မံ ဖျက်ဆီးနိုင် ခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ ဘိန်းခင်းများအား ဖျက်စီးသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရွာလုံးကျွတ် ဘိန်းဖြူ ရောင်းသော ရွာများရှိကြောင်းကို ကျောက်မဲမြို့မှဒေသခံတစ်ဦးက ပြောသည်။
“ဒီမှာသုံးတဲ့လူတွေကလည်း ပေါမှပေါပဲ။ ၀ယ်ရတာတော့ သူ့လမ်းကြောင်းနဲ့သူပေါ့။ ဘိန်းခင်းတွေကတော့ အစိုးရမရှိတဲ့နေရာ။ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိတဲ့နေရာတွေမှာ ရှိတယ်။” ဟု ကျောက်မဲ မြို့ခံတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးစီမံကိန်းအား ၁၉၉၉ ခုနှစ်မှစ၍ ၂၀၁၄ ခုနှစ်ထိ ၁၅ နှစ်စီမံကိန်းချထားပြီး၊ ပါဝင်သောပြည်နယ်များမှာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် ကချင်ပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကာလအတွက် ခန့်မှန်းကုန်ကျငွေစာရင်းမှာ ကျပ်သန်း ၃၃၅၈၈.၁၄ ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဘိန်းထွက်ရှိရာ ပြည်နယ်နှင့် တိုင်းဒေသကြီး၌ စက်တင်ဘာ (၁)ရက်၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၆)ရက် နေ့အထိ ဘိန်းခင်း (၅၅၄၂၉)ဧက ကျော် ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင်း ဘိန်း တန်ချိန် (၆၁၀) ထုတ်လုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မူသည် အာဖဂန် နစ္စတန် နိုင်ငံပြီးလျှင် ကမ္ဘာ့အကြီးဆုံးနိုင်ငံတစ်ခု ဖြစ်ကြောင်း အင်တာနက် စာမျက်နှာများမှ လေ့လာသိရှိရသည်။
ဒီကပါ။

မြန်မာအမျိုးသမီးများသတိထားကြပါ
အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ် ရပ်ရပ်ဝတ်စား ထားတဲ့ ယောက်ျားတစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်း ကိုယ်စားလှယ် အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင် ဆက်သွယ်ဖို့ လိပ်စာကဒ် ကို ပေးခဲ့တယ်။
သူမကလဲ သဘောရိုးနဲ့လို့ ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ်ပြန်တက်လို့ မောင်းထွက် ခဲ့တယ်။ တချိန်တည်းမှာပဲ အဲဒီယောက်ျားဟာ တခြားလူရည်သန့်ယောက်ျား တစ်ဦးမောင်းတဲ့ ကားပေါ် တက်သွားပါတယ်။
ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက် ကနေ စောစောက ယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်း လိုက်လာတာကို နောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက်လာပြီး အသက်ရှူလို့ မရဖြစ်လာခဲ့တယ်။
သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာ သူမရဲ့ လက်ကလာတာ ဖြစ်ကြောင်း သတိထားမိ လိုက်တယ်။ စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကိုလက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့အနံ့ပါ။
ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ ယောက်ျားရဲ့ကားက သူမကားရဲ့နောက် တည့်တည့် ရောက်နေပါပြီ။
ဒါနဲ့ လူနဲ့ကား စည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံး ရွေးမောင်းရင်း ကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ ရတယ်။ သူမရဲ့ ကားကို လူတွေ သတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။
အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားက တခြားကိုမောင်းပြေး ပါတော့တယ်။ သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမ ကတော့ မိနစ် တော်တော်ကြာကြာ ခေါင်းမူးခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြူ တင်းပေါက်တွေက တိုးဝင်လာတဲ့ လေတွေကြောင့် အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။
လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…။ လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီက တစုံတခု အမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင် သို့မဟုတ် အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင်အောင် မသမာ သူတွေက 'BURUNDANGA' လို့ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။
အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေ ထွက်မပြေးနိုင်၊ မလှုပ်ရှားနိုင်အောင် ကျွေးလေ့ရှိတဲ့ ဆေးထက် လေးဆပို ပြင်းပါတယ်။
ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲ လိပ်စာကဒ်လို ရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုကနေ အနံ့အဖြစ်နဲ့ ကူးလွယ်၊ အသုံးချရ လွယ်ကူနေပါတယ်။ ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့် အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊လက်ကမ်း ကြော်ငြာစာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့ စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ချဉ်းကပ်လာနိုင်တာတွေ အများကြီး ရှိပါတယ်။
ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကို လက်ဆင့် ကမ်းပေးပါ။ မသမာသူတွေရဲ့ မာယာကျော့ကွင်းတွေကို အပြစ်မဲ့သူတွေ ရှောင်ရှားနိုင်ကြပါစေ။

ပေါင်းတည်မြို့နယ် NLD ပါတီ ဥက္ကဌ ပါတီတွင်း သူခိုးဓါးရိုးကမ်း လုပ်ရပ် အတွက် တကိုယ်တော် ဆန္ဒ ထုတ်ဖော် ဟောပြော မည်
ပုသိမ်က NLD ဆိုင်းဘုတ်ဖြုတ်ပွဲ
ပေါင်းတည်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ၊ ဦးအေးလွင်(အထက်တန်း ရှေ့နေ)၊ အုတ်ဖို(၂)ရပ်ကွက်၊ မှတ်တိုင်လမ်း နေသူက မြို့နယ်(NLD အဖွဲ့) ရွေးချယ်ရာ၌ ဗဟို ဦးစီးစနစ် ကျင့်သုံးမှုကို မကျေနပ်သဖြင့် ဆန္ဒပြခြင်းအား 3.2.2013 ရက်နေ့ နံနက် 9 နာရီမှ 10 နာရီအချိန်ထိ ပေါင်းတည်မြို့၊ ဈေး(၂)ရပ်ကွက်၊ ဘုရားကြီးလမ်းတွင် ဗဟိုဦးစီးစနစ် အကြောင်းနှင့် အဓမ္မ၀ါဒီ အကြောင်း တကိုယ်တော် ဟောပြော ဆန္ဒပြမယ်လို့ သိရပါတယ် .... ၄င်းအနေနဲ့
၁။ဗဟိုဦးစီးစနစ်အလိုမရှိ
၂။သူခိုးဓါးရိုးကမ်းလုပ်ရပ် ဒို့ရှုတ်ချ
၃။အဓမ္မ၀ါဒီတွေ မောင်းထုတ်ကြ
၎။ ပွင့်လင်းလွတ်လပ်သော ဒီမိုကရေစီ စနစ်ဖော်ဆောင်ကြ
၅။အခြေခံကျသော ညီညွတ်မှု တည်ဆောက်ကြ
--------------------------------------
အချက်(၅)ချက်အား တကိုယ်တော်ကြွေးကြော်သံနဲ့ ဆန္ဒဖော်ထုတ်မှာ ဖြစ်တဲ့အတွက် .... လေ့လာေ စာင့် ကြည့်လိုသူများ အနေနဲ့ စောင့်ကြည်နိုင်အောင် ဖော်ပြပေးတာပါ ....
ဒီကပါ။
ကမ္ဘာကြီး ငြိမ်းချမ်းဖို့ ခွေးကျင့်ခွေးကြံ ကြံကြစို့
ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် နိုဘယ်ဆုရှင်ကြီး ၏ သမိုင်းဝင် အိုင်ဒီယာ
************************************************
"ကမ္ဘာကြီး ငြိမ်းချမ်းဖို့ ခွေးကျင့်ခွေးကြံ ကြံကြစို့"
ကျမ ခွေးလေးလောက် လူတွေ ရိုးသားဖြောင့်မတ်ကြရင် ၊ ကျမတို့တတွေ (ကမ္ဘာကြီး) ငြိမ်းချမ်းရေးရတာ ကြာခဲ့ပါပြီ ။
"My dog is honest. If only people could be more clear about their intentions like my dog we could get to peace sooner."
Aung San Suu Kyi (Honolulu, East-West Center)
ခွေးလောက်မှ သောက်သုံးမကျတဲ့သူတွေ ဖတ်ဖို့
ခွေးထက်ပိုပြီး သောက်သုံးကျတဲ့ တစ်ဦးတည်းသော ခရိုနီပါတီခေါင်းဆောင်ကြီးရဲ့ သမိုင်းဝင်စကား
****************************
ကျမ ခွေးလေးလောက် လူတွေ ရိုးသားဖြောင့်မှတ်ကြရင် ၊ ကျမတို့တတွေ (ကမ္ဘာကြီး) ငြိမ်းချမ်းရေးရတာ ကြာခဲ့ပါပြီ ။
"My dog is honest. If only people could be more clear about their intentions like my dog we could get to peace sooner." Aung San Suu Kyi (Honolulu, East-West Center)
ဒေါ်အောင်ဆန်းစုကြည်
သေရောဘဲ
ကမ္ဘာကြီးတစ်ခုလုံးက ခေါင်းဆောင်တွေ၊ ကမ္ဘာ့ပုလိပ်ကြီးဆိုပြီး နာမည်တပ်ခံရတဲ့ အမေရိကန်၊ မာလီမှာ ၀င်ချနေတဲ့ ပြင်သစ်၊ ကမ္ဘာ့အရေးအရာတွေမှာ ၀င်လုပ်ပေးနေတဲ့ UN ၊ စစ်မီးမငြိမ်းနိုင်သေးတဲ့ အရှေ့အလယ်ပိုင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းနေတဲ့ နေတိုးနဲ့ ကမ္ဘာ့နိုင်ငံတွေ အကုန်လုံး အကုန်လုံးကို အမေစုက လွဲရင် ကျန်တဲ့လူသားတွေ အကုန်လုံး သူမွေးထားတဲ့ ခွေးလောက်မှ သောက်သုံးမကျကြဘူး လို့ ဒဲ့ပြောလိုက်တာဘဲ
ဒါကတော့ လွန်ပြီ ထင်တယ်
ဒါ ကမ္ဘာ့ပြည်သူတွေကို စော်ကားတာ
ကြာတယ်ကွာ ချကွာ ဆန္ဒပြကွာ
ငိ ငိ ငိ
credit: ပလေတို ဒီမို
ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ခံ အဖွဲ့  များ တွင် လာဘ်စား မှု အများ ဆုံး ဖြစ်နေ
လာဘ် စား မှု သည် ပြည်ထဲရေး လက်အောက်ခံ ၀န်ကြီးဌာန များ နှင့်တရားရေး ဌာန များ တွင် ယခင် နှစ် က တင်ရှိ ခဲ့သည့် စံချိန် များ ထက်ပို ဆိုလာ ပြီး ၊ မြန်မာ နိုင်ငံ ရဲတပ် ဖွဲ့  သည် ၂၀၁၂ ခုနှစ် အတွင်း ရာထူးအလိုက် လာဘ်စားမှု များ မှာ မြန်မာ ငွေ ကျပ် သန်း ၄၀၀ ကျော် ထိ ရှိ နိုင်သည် ဟု မြန်မာ နိုင်ငံ တွင်း ရှိ လာဘ်ပေး လာဘ် ယူမှု ဆိုင်ရာ တစ်သီး ပုဂ္ဂလ လေ့လာမှု အဖွဲ့  ဖြစ်သည့် Myanmar Corruption Report ၏၂၀၁၂ အတွက် အစီရင်ခံစာ တစ်ခု တွင် ဖော်ပြထား သည်။
ထိုအစီရင်ခံ စာ ထဲ တွင် ရန်ကုန် မြို့  ပေါ် မှ ဒုရဲအုပ် တာဝန် ရှိ သူ တစ်ဦးမှာ တစ်နှစ် လျှင် ပျမ်း မျှ ၁၈ သိန်း ကျော် လာဘ်စား ၍ အရေး ပါသည့်နယ် မြို့  များ နှင့် နယ်စပ် မြို့  များ မှ ဒုရဲအုပ် တစ်ဦး မှာ သိန်း ၂၀ ကျော်လာဘ် စား သည် ဟု ဆိုသည်။
မြန်မာ နိုင်ငံ ရဲ တပ် ဖွဲ့  ၏ လာဘ်စား မှု တွင် ပုံစံ အမျိုး ဖြစ် ရှိ နေရာ ဆက်ကြေး ပုံစံ လိုင်းကြေး ယူမှု ၊ တရားခံ ၏ ဆက်နွယ် ပတ် သက် မှု များ မှ ငွေတောင်းခံ ပြီး လာဘ် ယူ မှု နှင့် အမှု ဆင် (သို့  မဟုတ် ) အမှု မှ ကွင်းလုံး ကျွတ်စေရန် စသည် ဖြင့် များ ပြားသော ငွေကြေး ပမာဏ တောင်းခံ မှု စသည် ဖြင့်နည်း မျိုး စုံ အသုံး ပြု သည် ဟု သိရသည်။
အထူးစုံစမ်း ထောက်လှမ်းရေး နှင့် အကျဉ်းဦးစီးဌာန တို့  သည် လည်း ပြည်ထဲရေး ၀န်ကြီးဌာန လက် အောက်ခံ များ အဖွဲ့  များ ဖြစ် ပြီး စ သုံးလုံး ခေါ် အထူးစုံစမ်းထောက်လှမ်းရေးဌာန ၏ လာဘ် ငွေ ယူ မှု များ သည် စီးပွားရေး လုပ်ငန်းရှင် များ ၊ ပြည်ပ သို့  အလုပ်သမား စေလွှတ် မှု နှင့် တရား မ၀င် ငွေကြေး လွှဲပြောင်း လုပ်ကိုင် မှု လုပ်ငန်း များ နှင့် ဆက်စပ် နေသည်။
ရန်ကုန် မြို့  မဟာဗန္ဓု လ ပန်းခြံ လမ်း နှင့် မဟာဗန္ဓု လ လမ်း တစ်ဝိုက် ဧမာနွေလ ဘုရား ကျောင်း တစ်ဝိုက် ရှိ နိုင်ငံ ခြား ငွေ လဲလှယ် သူများ နှင့် လမ်လည်သူများ မှာ စ သုံးလုံး အဖွဲ့  ၏ ကျောထောက် နောက်ခံ ဖြင့် ရပ် တည် နေ ခြင်း ဖြစ်သည် ဟု ရန်ကုန် မြို့  တွင် တာဝန်ကျ သည့် ရဲ အရာ ရှိ တစ်ဦး က FNG ကို ပြောသည်။
လောင်းကစား ဒိုင် များ ၊ ကုန်စည် ဒိုင်များ နှင့် ပတ် သက် ပြီး လည်း အထူး စုံစမ်းစစ်ဆေးရေး ဌာန သည် လာဘ်ငွေ ရရှိသည်။
ပြည်ထဲရေး လက်အောက်ခံ အဖွဲ့  အစည်း တစ်ခု ပင် ဖြစ်သည့် အကျဉ်းဦးစီးဌာနတွင် လာဘ်စား မှု မှာ ရဲဘက်စခန်း များ တွင် အများဆုံး ဖြစ် ပြီး ၊ အကျဉ်းထောင်များ တွင် မူ ငွေကြေးကြွယ်ဝ သည့် အကျဉ်းသား များ က လာဘ် ထိုး မှု နှင့် အကျဉ်း ထောင် နှင့် ဆက်စပ်သည့် စီးပွားရေး လုပ်ငန်း များ မှ တစ် ဆင့် ငွေကြေး ရယူမှုများ ဖြစ်ပေါ်သည်။
နိုင်ငံ တ၀ှမ်းရှိ အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန ရုံး တိုင်း တွင် လာဘ်စား မှု များရှိ ပြီး ကန်ထရိုက် လုပ်ငန်း ၊ ဆောက်လုပ် ရေး လုပ်ငန်း ၊ ပါမစ် နှင့် ခွင့်ပြု ထောက်ခံမှု လုပ်ငန်းများ အတွက် သိန်းရာ ချီ ရယူ ကာ ဆောင်ရွက် ကြသည်။
မြန်မာ အစိုးရ သည် လာဘ်ပေး လာဘ်ယူ မှု အတွက် ဒုတိယ သမ္မတ ဦးဆောင်သည့်ကော်မရှင် ကို ဖွဲ့  စည်းထား သော် လည်း ထိထိရောက် ရောက် လုပ်ဆောင် နိုင်မှု မရှိသေး ဟု Myanmar Corruption Report အစီရင် ခံစာ တွင် ဖော်ပြထား သည်။
ဒီကပါ။
ပြည်ထောင်စု ဝန်ကြီးများ ဦးဆောင်ကာ မကြောက်တရား လိုက်လံ ဟောပြောမည်
စစ်မက်ဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ် ဒေသများတွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ ဝန်ကြီးများ ဦးဆောင်ကာ မကြောက်တရားများ လိုက်လံ ဟောပြောသွားမည်ဟု မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စင်တာ
(MPC)တွင် ပြုလုပ်ခဲ့သော အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက
ပြောကြားသည်။
“ကျနော်တို့  မကြာခင်မှာ ကရင်ပြည်နယ်ကို သွားမှာပါ။ အဲဒီက ဒေသခံတွေကို မကြောက်ဖို့  တရားသွားဟောပါမယ်” ဟု ဇန်နဝါရီလ ၂၇ ရက်နေ့က ပြောသည်။
ထိုသို့ ဟောပြောရခြင်းမှာ ကရင်ပြည်နယ်ရှိ ဒေသခံများမှာ နှစ် ၆၀ ကျော် စစ်ပွဲဒဏ်များ ခံစားခဲ့ရကာ တပ်မတော် အား ကြောက်ရွံ့ခြင်းနှင့် အခြား လက်နက်ကိုင် အဖွဲ့အစည်းများအား ကြောက်ရွံ့ခြင်းများ ယခုအချိန်အထိ ခံစားနေရ သောကြောင့် ဖြစ်ကြောင်း ဦးစိုးသိန်း က ရှင်းပြသည်။
မကြောက်တရား ဟောပြောမည့် အစီအစဉ်တွင် အစိုးရအဖွဲ့ အပြင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပါဝင်သင့်ပြီး ပါဝင်မည်ဆိုပါက ၎င်းတို့နှင့်လာရောက်ဆက်သွယ် ရမည်ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောဆိုသွား သည်။
“စစ်ပွဲတွေ ပြီးဆုံးသွားတဲ့အခါ ဒေသခံတွေဟာ စိတ်ဒဏ်ရာတွေ ရလာပါတယ်။ အဲဒီစိတ်ဒဏ်ရာ ပြင်ဖို့ဟာက ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးအကြီးဆုံးလုပ်ငန်းပါပဲ။ အဲဒါတွေကို ကုပေးနိုင်ဖို့ အန်ဂျီအိုတွေက အရေးကြီးဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မယုံတဲ့လူတွေ သွားကုလို့လည်း အဆင်မပြေနိုင်ဘူးလေ” ဟု သမ္မတရုံးဝန်ကြီးတဦး ဖြစ်သည့် ဦးအောင်မင်း က ဆိုသည်။
အဆိုပါ မကြောက်တရား ဟောပြောခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ နောက်ဆက်တွဲ လုပ်ငန်းများဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးစင်တာမှ တာဝန်ရှိသူတဦးက ပြောသည်။
ယခုအစီအစဉ်နှင့် ပတ်သက်၍ KNU အဖွဲ့မှ ပြည်သူ့ ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှုးကြီးဖောဒိုက “ဒီအစီအစဉ်ဟာ ကောင်းပါတယ်။ တပ်မတော်က ကြောက်စရာ မလိုဘူး ဆိုတာကို အစိုးရဘက်က ပြောတာကို ပြည်သူ့နားနဲ့ ဆက်ဆက်ကြားရတော့ ဒေသခံတွေရဲ့  စိတ်ခံစားချက်တွေ ပေါ့သွားတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။
အဆိုပါ ဒေသများတွင် ငြိမ်းချမ်းရေးရရှိပြီဟု ဆိုသော်လည်း ဒေသခံများအား တပ်မတော် ဝန်ထမ်းများမှ မတရားပြု ကျင့်မှုများ ရှိနေသေးပြီး တရားမဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုများ ရှိသည်ဟု ဆိုကာ ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးမှုများ ရှိနေသေးကြောင်း ကရင်လူမှု အဖွဲ့အစည်း တခုမှ တာဝန်ရှိသူတဦးက ပြောသည်။
“ကျမတို့ နယ်မှာ ငြိမ်းချမ်းရေးရရှိပြီ ဆိုပေမယ့်လည်း တပ်မတော်ရဲ့ အတင်းအဓမ္မ ပြုကျင့်မှုတွေ ခံနေရတုန်းပါပဲ။ ဥပဒေအရ ခြိမ်းခြောက်မှုတွေလည်း ခံနေရပါသေးတယ်” ဟု ဆိုသည်။
ကရင်ပြည်နယ်သည် ပြည်တွင်း စစ်ပွဲများ အနှစ် ၆၀ ကျော် ရင်ဆိုင်ခဲ့ရသော ပြည်နယ်တခု ဖြစ်ကာ စစ်ကြောင့် တိမ်းရှောင်နေရသည့် သိန်းနှင့်ချီသည့် ဒုက္ခသည်များ ထိုင်းနိုင်ငံတွင် အများဆုံး နေထိုင်ကြရသေးသည်။ ၎င်းတို့အထဲ မှ အများစုမှာ ငြိမ်းချမ်းမှု ရရှိပြီဖြစ်၍ ဒေသတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်နေကြောင်း ဦးအောင်မင်း က ပြောကြားသွားသည်။

ကချင်စစ်ပွဲအရေး ကာကွယ်ရေး ၀န်ကြီးဌာန ဘာပြောသလဲ
ကချင်ပြည်နယ် စစ်ပွဲ မြင်ကွင်း၊ ဓာတ်ပုံ- ဧရာဝတီ
ကချင်ပြည်နယ် စစ်ပွဲများနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့ စွဲဖြင့် သတင်းထုတ်ပြန်ချက် တစောင်ကိုထုန်ပြန်လိုက်ပါတယ်။
ကချင်ပြည်နယ် စစ်ပွဲတွေနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေမှာဖော်ပြနေတာဟာ ကွဲလွဲမှုတွေ ရှိတဲ့ အကြောင်းနဲ့ ကချင်ပြည်နယ် စစ်ပွဲအတွင်း အစိုးရ စစ်တပ်မှ ကျဆုံး၊ ထိခိုက်၊ ဒဏ်ရာရမှုတွေ များကြောင်း နဲ့ ဒေသခံ ပြည်သူလူထုတွေရဲ့ အသက် အိုအိမ်စည်းစိမ် လုံခြုံရေးအတွက် မလွှဲသာ မရှောင်သာ ခုခံစစ် ကိုသာ ဆင်နွှဲခဲ့ရခြင်းဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီအပြင် တပ်မတော်အနေနဲ့လည်း ငြိမ်းချမ်းရေးကို အမှန်လိုလားကြောင်း ဖော်ပြထားပါတယ်။ အပြည့်အစုံကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်
၁။ ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းအချို့၊ သံဃာအချို့နှင့် စာနယ်ဇင်းအချို့တို့မှ မမှန်မကန်သတင်း များနှင့် အစိုးရနှင့်တပ်မတော် အပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေမည့် သတင်းနှင့် ကြေညာချက်များ ထုတ်ပြန်ခဲ့ပါသည်။
၂။ အဆိုပါသတင်းနှင့် ကြေညာချက်တို့တွင် မြန်မာ့တပ်မတော်သည် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာ အနီးဝန်းကျင်ကို ဆက်လက်၍ စစ်ရေးအရ ထိုးစစ်ဆင်နေကြောင်း သတင်းများကိုသာ တစ်ဖက် သတ် ဇောင်းပေး၍ ဖော်ပြနေပါသည်။
တရားဝင်မီဒီယာများတွင် KIA ဘက်မှ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် အပြစ်မဲ့ပြည်သူများ၏ အသက် အိုးအိမ် ဖျက်ဆီးမှုများ၊ ဖမ်းဆီး ခေါ်ဆောင်မှုများ၊ စစ်ရေးနှင့် မဆိုင်သော အရပ်ဘက် လမ်း၊ တံတားများ စွာကို ဖျက်ဆီးခဲ့မှု သတင်းများ ထုတ်ပြန်ထားပါလျက် ယင်းအဖြစ်မှန် သတင်းများကို မျက်ကွယ်ပြုပြီး မမှန်မကန် သတင်းများကိုသာ ဖော်ပြနေကြောင်း တွေ့ရှိရပါသည်။
ယင်းသို့ တစ်ဖက်စောင်းနင်း ဖော်ပြချက်များသည် အများပြည်သူနှင့် နိုင်ငံတကာ၏ အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေနိုင် ပါသည်။
၃။ နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဦးထိပ်ထားလျက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး သဘောတူ ညီမှုများ ရရှိနိုင်ရေးအတွက် စေတနာမှန်ဖြင့် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ KIO/KIA အဖွဲ့မှလွဲ၍ ကျန်အဖွဲ့များနှင့် ငြိမ်းချမ်းရေး သဘောတူညီမှုများ အဆင့်ဆင့် ရရှိထားပြီး ဖြစ်ပါသည်။
ယင်းသို့ သဘောတူညီမှုများ ရနိုင်ရန် တပ်မတော်သည် အစိုးရနှင့်ထပ်တူ ငြိမ်းချမ်းရေးကို လိုလားစွာဖြင့် လိုက်ပါကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
၎။ KIA လက်နက်ကိုင်အဖွဲ့သည် တာပိန်ရေအားလျှပ်စစ် စီမံကိန်း၊ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်မတော်အရာရှိ ၂ ဦးနှင့် စစ်သည် ၁ ဦးတို့အား အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ရာ ၄င်းကိစ္စအား ဖြေရှင်းရန် သွားရောက်ခဲ့သည့် တပ်မတော်မှ အခြေချ စစ်ဗျူဟာမှူး ဦးစီးအဖွဲ့အား စောင့်ကြိုတိုက် ခိုက်ခြင်း ဖြင့် ပြဿနာများကို စတင် ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။
၅။ ကချင်ပြည်နယ်အတွင်း ခုခံကာကွယ်ရုံမှအပ ထိုးစစ်ဆင်ခြင်းများ မပြုလုပ်ရန် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားခဲ့သည့် အချိန်မှစ၍ တပ်မတော်အနေဖြင့် တိကျစွာ လိုက်နာခဲ့ပါသည်။ KIA တို့သည် တပ်မတော်၏ ခုခံကာကွယ်ရုံသာ ဆောင်ရွက်နေမှုအပေါ် အခွင့်အရေးယူ၍ မိမိ တပ်စခန်းများအား လာရောက် နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ပုံမှန်ဆောင်ရွက်သည့် တပ်မတော် စစ်ကြောင်း လှုပ်ရှားမှုများကို မိုင်းအသုံးပြု တိုက်ခိုက်ခြင်း၊ အင်အားစုစည်း၍ စောင့်ကြိုတိုက်ခိုက်ခြင်း တို့ကို ဆောင်ရွက်ခဲ့သဖြင့် တပ်မတော်မှ အရာရှိ/ စစ်သည်အများအပြား ကျဆုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
၆။ KIAတို့သည် ယင်းသို့ တပ်မတော်အား တိုက်ခိုက်ခဲ့သည့်အပြင် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်ဘက် လမ်း၊ တံတား၊ လျှပ်စစ်တာဝါတိုင်နှင့် အစိုးရ အဆောက်အအုံ များစွာတို့ကို တိုက်ခိုက် ဖျက်ဆီးခြင်း၊ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသော အစိုးရဌာနများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ များကို တိုက်ခိုက်ခြင်း၊ ဒေသခံ အရပ်သားများစွာကိုလည်း အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ် ခြင်း များ ဆောင်ရွက်ခဲ့ပါသည်။
၇။ KIA တို့သည် ကချင်ပြည်နယ်အတွင်း အများပြည်သူတို့ အဓိက အားထားသွားလာ နေရသည့် ဆက်သွယ်ရေး လမ်းကြောင်းကြီးများကို ဖျက်ဆီး ထိန်းချုပ်ထားခဲ့ပါသည်။
လမ်းကြောင်းများ ပြတ်တောက်ပိတ်ဆို့နေမှုကြောင့် ကုန်စည် စီးဆင်းမှုမပြုနိုင်တော့ဘဲ ပြည်သူတို့မှာ စားနပ်ရိက္ခာ ရှားပါးခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ ဆေးဝါးမလုံလောက်၍ ရောဂါဘယ ထူပြောခြင်း စသည့် ဒုက္ခမျိုးစုံ တွေ့ကြုံခံစားနေရပါသည်။
၈။ KIA တို့သည် အများပြည်သူ အသုံးပြုသည့် ဆက်သွယ်ရေး လမ်းမကြီး တစ်ခုဖြစ်သော မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီးအား ပိတ်ဆို့ထားသည့်အပြင် ယင်းလမ်းမကြီးအနီး လဂျားယန်ဒေသရှိ မိမိတပ်မတော် စခန်းအားလည်း ၂၀၁၂ ခုနှစ် မတ်လမှ စတင်ကာ ဝိုင်းရံ ပိတ်ဆို့ထားခြင်း၊ စခန်းသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို ချုံခိုတိုက်ခိုက် ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
၉။ ဖော်ပြပါ KIA တို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်၍ ပွိုင့်-၇၇၁ တောင်ကုန်းအပါအဝင် လဂျားယန်ဒေသရှိ KIA ခြေကုပ်စခန်းများအား တပ်မတော်က ရှင်းလင်း တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရပါသည်။
ယင်းသို့ ဆောင်ရွက်ခဲ့ရသော စစ်ဆင်ရေးသည် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် ပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ်အား နှောင့်ယှက်ဖျက်ဆီးလျက်ရှိသော KIA လက်နက်ကိုင် အဖွဲ့ကို တပ်မတော်၏ မူလတာဝန်အတိုင်း ဆောင်ရွက်ရခြင်းနှင့် လဂျားယန် တပ်စခန်းရှိ တပ်မတော်သား များ ကြုံတွေ့နေရသော ရိက္ခာ ပြတ်လပ်မှု၊ KIA လက်နက်ကိုင် အဖွဲ့များ ဝိုင်းရံထားမှုတို့မှ ကယ်တင်ခဲ့ ရသည့် အကန့်အသတ်ဖြင့် ဆောင်ရွက်ခဲ့သော စစ်ဆင်ရေး တစ်ရပ်သာ ဖြစ်ပါသည်။
၁၀။ တပ်မတော်အနေဖြင့် လဂျားယန်စခန်းရှိ စစ်သည်များ လုံခြုံရေးနှင့် မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီး လုံခြုံရေးအတွက် လိုအပ်သည့် ကန့်သတ် ရည်မှန်းချက်များကို ရရှိပြီး ဖြစ်သောကြောင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ၆ နာရီမှ စတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းထားပြီး ဖြစ်သော်လည်း KIA တို့ဘက်မှ တပ်မတော် စစ်ကြောင်း အခြေပြုရာ နေရာများသို့ လာရောက်နှောင့်ယှက် ပစ်ခတ်မှုများ ရှိနေသည့် အတွက် လိုအပ်သလို ခုခံ ပစ်ခတ်ခဲ့ရခြင်းသာ ဖြစ်ပါသည်။
၁၁။ ကချင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခအရှိန် လျော့ကျပြီး အပစ်အခတ် ရပ်စဲ၍ ထာဝရ ငြိမ်းချမ်းရေး ဆက်လက်တည်ဆောက်သွားနိုင်ရန် တပ်မတော်မှ အထူးလိုလားပါသည်။ နိုင်ငံတော် အစိုးရနှင့် တပ်မတော်၏ သဘောထားကိုလည်းကြိမ်ဖန်များစွာ ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါသည်။
KIA အနေဖြင့်လည်း နိုင်ငံတော်နှင့် တပ်မတော် ကဲ့သို့ပင် ထာဝရ ငြိမ်းချမ်းရေး အတွက် စိတ်ရင်းမှန်ဖြင့် လိုလားမှုရှိရန် အထူးလိုအပ်ပါသည်။
၁၂။ မြန်မာ့တပ်မတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ ပူးပေါင်းပါဝင် ဖွဲ့စည်းထားသော ပြည်ထောင်စု တပ်မတော်ဖြစ်ခြင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဦးစားပေးသည့် တပ်မတော် ဖြစ်ခြင်း တို့ကြောင့် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအားလုံး၏ ဘေးကင်း လုံခြုံရေးကိုပို၍ လိုလားပါသည်။
၁၃။ တပ်မတော်သည် ပြည်သူများ၏ အသက်အိုးအိမ် လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ စေရေး၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးအတွက် မိမိကိုယ်ကို ခုခံကာကွယ်မှုနှင့် စစ်ရေး အရ ပြန်လည် တုံ့ပြန်မှုများကို မလွှဲမရှောင်သာ ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက် ဖြစ်သည့် မိမိကိုယ်ကို ခုခံကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန် ဆိုသည့် အချက်ကို တိကျစွာ လိုက်နာသွားမည် ဖြစ်သလို KIO/ KIA ဘက်မှလည်း နိုင်ငံတော်သမ္မ၏ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ကမ်းလှမ်းချက် အပေါ် လေးစား လိုက်နာသွားရန် လိုအပ်ပါသည်။
၁၄။ တပ်မတော်အနေဖြင့် နယ်မြေလုံခြုံရေးအရ ယာယီ စောင့်ရှောက်ရေး နေရာများသို့ ပြောင်းရွှေ့ နေ ထိုင်ရသူများ အတွက် လိုအပ်သည့် စောင့်ရှောက်မှုများ ပေးနေသကဲ့သို့ အထူးသဖြင့် ပူတာအို ဒေသ ရှိ ပြည်သူများ အနေဖြင့် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ရင်ဆိုင်နေရသဖြင့် တပ်မတော် လေယာဉ်များနှင့်ပါ ကူညီပို့ဆောင်ပေးလျက် ရှိပါသည်။
၁၅။ ကချင်ပြည်နယ်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန် အလို့ငှာ တွေ့ဆုံဆွေးနွေးရေး အတွက် တပ်မတော်မှ ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ KIO/ KIA အဖွဲ့ထံသို့ အကြိမ်ကြိမ် ကမ်းလှမ်းလျက် ရှိပါသည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ကချင်ပြည်နယ် အတွင်းသာမက နိုင်ငံအဝန်း ထာဝရ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်နိုင်ရန် KIO/ KIA အဖွဲ့ အပါအဝင် တိုင်းရင်းသား ပြည်သူအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည့် အပေါ် တပ်မတော် အနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်
http://blog.irrawaddy.org/2013/01/blog-post_6038.html
န၀တရဲ့ ၂/ ၈၈ အမိန့်ကို ဖျက်သိမ်းလိုက်ပြီ
ရှစ်လေးလုံး အရေးတော်ပုံ ကာလ ရန်ကုန်မြို့ မြင်ကွင်း
တချိန်က စစ်အစိုးရရဲ့ လက်စွဲ အမိန့်အမှတ် ၂/၈၈ ကို သမ္မတ ဦးသိန်းစိန်က လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပါ ဥပဒေ ပုဒ်မ ၄၄၇ နဲ့ ဆန့်ကျင်နေတဲ့အတွက် ဇန်န၀ါရီလ ၂၈ ရက်နေ့ နေ့စွဲနဲ့ သမ္မတရဲ့ အမိန့်အမှတ် ၃/ ၂၀၁၃ နဲ့ ဖျက်သိမ်းလိုက်ပါပြီ။
ဒီအမိန့်ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၄ နှစ်ကျော်ကြာပြီးနောက် အခုလို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။
မြန်မာ့အလင်းသတင်းစာ
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဆိုတဲ့ စစ်ကောင်စီ အစိုးရက အမိန့်တွေ ဆက်တိုက်ထုတ်ခဲ့ပါတယ်။
အဲဒီအထဲမှာ ဒုတိယမြောက် အမိန့်ဖြစ်တဲ့ ၂ / ၈၈ ဆိုတဲ့ လူ ၅ ဦးထက် ပို မစုရ၊ ဆန္ဒမပြရဆိုတဲ့ အမိန့်ဟာ ထိုစဉ် က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေသာမက၊ အခြားသော နိုင်ငံသားတွေအတွက်ပါ ထိရောက်စွာ အရေးယူခဲ့တဲ့ အမိန့်ပုဒ်မလည်းဖြစ်ပါတယ်။
ဒီအမိန့်နဲ့ လူစုခွဲ၊ ပစ်မိန့်ပေးနိုင်တဲ့ အတွက် ၂/၈၈ အမိန့်ဟာ ယခင် စစ်အစိုးရများ တလျှောက်လုံး ကျင့်သုံး ခဲ့တာလည်းဖြစ်ပါတယ်။
ဒီကပါ။
ယခုနှစ်တွင် စမ်းသပ် ဖွင့်လှစ်ခွင့် ရထားသည့် ကိုယ်ပိုင် ကျောင်းများ လျှောက်လွှာသစ် တင်ရန် လိုအပ်
အခု ၂၀၁၂ - ၂၀၁၃ ပညာ သင်နှစ်မှာ တစ်နှစ် စမ်းသပ် လုပ်ကိုင်ခွင့် ရရှိထားတဲ့ ကိုယ်ပိုင် ကျောင်း တွေဟာ လာမယ့် နှစ်မှာ ဆက်လက် သင်ကြားခွင့် ရဖို့ အတွက် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် လျှောက်လွှာ များကို အသစ် ထပ်မံ တင်သွင်း ရမယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ၀က်ဘ်ဆိုဒ်မှာ ထုတ်ပြန်ချက်များ အရ သိရပါတယ်။ ဒီလို အသစ် ထပ်မံ တင်သွင်း ရာမှာတော့ လျှောက်လွှာတွေကို ဇန်န၀ါရီလ ၂၈ ရက်နေ့ မှစတင် ကာတိုင်း ဒေသကြီးနဲ့ ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံး တွေမှာ လျှောက်ထား ရမှာ ဖြစ်ပါတယ်။
အဲ့ဒီလို လျှောက်လွှာ ရယူ လျှောက်ထား ရမှာလည်း ဖေဖေါ်ဝါရီလ ၈ ရက်နေ့ထက် နောက်မကျစေဘဲ သက်ဆိုင်ရာ ပညာရေး ညွှန်ကြားရေးမှူးရုံး တွေကို တိုက်ရိုက် ပေးပို့ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုလို တစ်နှစ် စမ်းသပ် ဖွင့်လှစ်ခွင့် ရရှိသူတွေ အတွက် လျှောက်လွှာများ လက်ခံမှု သာမက ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် အတွက် ကိုယ်ပိုင်ကျောင်း တည်ထောင် လိုသူတွေနဲ့ ကိုယ်ပိုင်ကျောင်း ဆရာအဖြစ် ဆောင်ရွက် လိုသူတွေလည်း လျှောက်ထားမှု ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။
အဆိုပါ လျှောက်ထား လိုသူတွေကတော့ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေ၊ နည်းဥပဒေနဲ့ အညီ ဖွင့်လှစ်နိုင်သူတွေ ဖြစ်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုအခါ နိုင်ငံတော် အစိုးရမှ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း များကို တရားဝင် ဖွင့်လှစ်ခွင့် ပြုထားပြီ ဖြစ်တဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ ကိုယ်ပိုင်ကျောင်း အဖြစ်တည်ထောင် လိုသူများပြားလာပြီး ကြိုတင် ပြင်ဆင်မှု များလည်း စတင် ဆောင်ရွက် နေကြပြီ ဖြစ်တယ်လို့ သိရ ပါတယ်။
MRTV4
ရှေ့တန်းရောက် တပ်မတော်သားများအား ဦးတေဇ ကုမ္ပဏီတွေရဲ့ အလှူ
မြန်မာအစိုးရ စစ်တပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ ရှေ့တန်းရောက် တပ်မတော်သားတွေ အတွက် ဂုဏ်ပြုအလှူငွေ ကျပ်သိန်းပေါင်း ၇၀၀ အား သူဌေးကြီး ဦးတေဇရဲ့ AGD Bank နှင့် Air Bagan တို့ကပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အလှူငွေ ပေးလှူပွဲကိုတော့ ယမန်နေ့ ဇန်န၀ါရီလ ၂၇ ရက်က နေပြည်တော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ဘုရင့်နောင်ရိပ်သာတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း AGB ဘဏ် ဖေ့စ်ဘုတ်စာမျက်နှာ တွင် ဖော်ပြထားပါတယ်။
ဒီအပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့လည်း AGD Bank နှင့် Air Bagan မှ အလှူငွေ ကျပ်သိန်း ၁၀၀ ကိုပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးမှု ဘဏ် လိမိတက် -AGB ဘဏ်
ဧရာဝတီ
အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်
အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောသည်။ ယင်းသို့ အွန်လိုင်းတွင် သင်ယူပြီး ဘွဲ့ကိုလည်း အွန်လိုင်းမှပင် ရရှိနိုင်မည်ဖြစ်ကာ လက်ရှိတွင် ဥပဒေဘာသာရပ် (Diploma in Law) ကို စမ်းသပ် သင်ကြား ပေးလျက်ရှိကာ ဘွဲ့ရပြီးသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။ ဒေါက်တာ လှတင့် က “ဒီလို အွန်လိုင်းစနစ်နဲ့ သင်ယူနိုင်တဲ့အတွက် မြန်မာနိုင်ငံထဲမှာ မဟုတ်ဘဲ တခြားဘယ်နိုင်ငံ ကိုဘဲ ရောက်နေနေ အဝေးသင် ဘာသာရပ်ကို အွန်လိုင်းကနေ သင်ကြားလို့ရမှာ ဖြစ်ပါတယ်” ဟု ပြောကြား သည်။
အဆိုပါ အွန်လိုင်းမှ စမ်းသပ်သင်ကြား ပေးလျက်ရှိသည့် ဥပဒေဘာသာရပ်ကို စိတ်ဝင်တစား တက်ရောက် သည့်သူ များပြားလျက်ရှိပြီး ယင်းစနစ်မှာ အောင်မြင်သည်ဟု ဆိုနိုင်သည့် အတွက် နောက်ပိုင်းတွင် အဝေးသင် ဘာသာရပ် အားလုံးကို အွန်လိုင်းမှပင် သင်ယူနိုင်စေရန် စီစဉ်သွားမည်ဖြစ်ကြောင်း ယင်းကဆိုသည်။ ယင်းက ဆက်လက်၍ “ကျောင်းသားတွေအနေနဲ့ အွန်လိုင်းကနေ စာရင်းသွင်းလို့ရ တယ်။ အခု ဆိုရင် စင်ကာပူက ကျောင်းသားတစ်ယောက် အွန်လိုင်းကနေ စာရင်းသွင်းထားတယ်။ သူ့ကိုသင် တန်းသား ခုံအမှတ်တစ်ခု ထုတ်ပေးထားတယ်။ သင်ခန်းစာတွေကို နားလည်လွယ်အောင် အင်္ဂလိပ် လိုရော မြန်မာလိုပါ ရှင်းပေးထားတယ်။ သူနားမလည်ရင် ဆရာတို့ဆီကို အီးမေးလ်နဲ့ လှမ်းမေး တယ်။ ဒီကပြန်ဖြေပေးတယ်။ သူက စင်ကာပူမှာ ဆိုပေမယ့် တော်တော် အဆင်ပြေတယ်” ဟု ပြောသည်။
ယင်းစနစ်ဖြင့် တက်ရောက်နိုင်မည့် ပုံစံမှာလည်း ပုံမှန်အဝေးသင်တက္ကသိုလ် ပုံစံများအတိုင်းပင် ဖြစ်ကာ ယခုအခါ အွန်လိုင်းအဝေးသင် သင်ကြားရေး စနစ်ဖြင့် သင်ကြားရာတွင် သင်ကြားလိုသူ၏ လက်ဗွေပုံစံနှင့် ဓာတ်ပုံများကို Scan ဖတ်၍ Security System ပြုလုပ်ပေးထားကြောင်း၊ စာမေးပွဲကိုလည်း အွန်လိုင်းပေါ် မှသာ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။ “စာမေးပွဲက နှစ်ခုဖြေရတယ်။ ပထမနှစ်ဝက်နဲ့ ဒုတိယနှစ် ဝက်ပါ။ အွန်လိုင်းကနေ ဖြေဆိုချိန် သတ်မှတ်ပေးထားတယ်။ တစ်ယောက်နဲ့ တစ်ယောက် မေးခွန်းခြင်းလဲ မတူဘူး။ အချိန်ပြည့်သွားရင် ဘယ်သူမှ ဖြေလို့မရတော့ဘူး။
ပြီးတာနဲ့ အောင်ရှုံးအမှတ်တွေကို တန်းထွက်ပေးတယ်။ ဒုတိယအပတ်မှာကြတော့ စာတမ်းငယ် တစ်စောင် တင်ခိုင်းတယ်။ တော်တော်အောင်မြင်ပါတယ်” ဟု ဒေါက်တာလှတင့်က ပြောသည်။ ယင်းအွန်လိုင်း အဝေး သင် ပညာရေးစနစ်နှင့် ပတ်သက်၍ ပညာရေးကျွမ်းကျင်သူ ဒေါက်တာသိန်းလွင်က “ပညာရပ်တွေ ကို အွန်လိုင်း၊ အင်တာနက်တွေက သင်နိုင်ဖို့ လိုတာပေါ့။ တချို့နိုင်ငံတွေဆို အွန်လိုင်းကနေ တိုက်ရိုက်စနစ်နဲ့ သင်တယ်။ အင်္ဂလန်နဲ့ သြစတြေးလျမှာဆိုရင် အွန်လိုင်းကနေ ပါမောက္ခတွေက ပို့ချပေးတယ်။ သူတို့ဆီမှာ အွန်လိုင်းအတွက် သီးသန့် ပါမောက္ခတစ်ယောက် ထားပေးတယ်။
ကျောင်းသားကလဲ ပါမောက္ခနဲ့ အွန်လိုင်းကနေ တိုင်ပင်ဆွေးနွေးလို့ ရတယ်” ဟု ပြောသည်။ ဥပဒေပညာ ရပ် ကို အွန်လိုင်းမှ သင်ကြားပေးသည့် စနစ်ကို ပြီးခဲ့သည့် ၂၀၁၂ နိုဝင်ဘာတွင် စတင်ဖွင့်လှစ် ခဲ့ပြီး တက်ရောက် ရမည့် ကာလမှာ တစ်နှစ်ဖြစ်ကာ ဆယ်လ တက်ရောက်ရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ယင်းသင်တန်း တက်ရောက်လို၍ လျှောက်ထားသူ ရာကျော် ရှိသော်လည်း ၅၀ ကျော်သာ လက် ခံနိုင်သေးကြောင်း သိရှိရပါသည်။
ခေတ်လူငယ်
ဆက်သွယ်ရေး ၀န်ကြီးဟောင်းနဲ့ ဆက်နွယ်မှုမရှိဘူးလို့ ဦးတိုးနိုင်မန်း တုံ့ပြန်ပြောဆို
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ရဲ့ သားဖြစ်သူ ဦးတိုးနိုင်မန်း ပိုင်ဆိုင်တဲ့ RedLink အင်တာနက် ဆက်သွယ်ရေးကုမ္ပဏီဟာ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဟောင်း ဦးသိန်းထွန်းနဲ့ စီးပွားရေးအရ ပတ်သက်မှု မရှိကြောင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
လက်ရှိနေပြည်တော်မှာ အကျင့်ပျက်ခြစားမှုနဲ့ အကျယ်ချုပ်ထားပြီး စစ်ဆေးခံနေရတဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်းနဲ့ RedLink ကုမ္ပဏီတို့အကြား စီးပွားရေးအရ ပက်သက်မှုရှိတယ် ဆိုပြီး ပြည်ပအခြေစိုက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေရဲ့ စွပ်စွဲပြောဆိုချက်ကို ဦးတိုးနိုင်မန်း က အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။
လောလောဆယ် အကျင့်ပျက် လာဘ်စားမှုတွေမှာ ပါဝင်ပက်သက်နေတယ်လို့ သံသယရှိတဲ့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက အရာရှိ ၅၀ ကျော်ကိုလည်း နေပြည်တော်အခြေစိုက် ရဲတပ်ရင်းတွေ မှာ ခေတ္တခေါ်ယူ စစ်ဆေးနေဆဲဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်ဆက်သွယ်ရေး ကုမ္မဏီတွေ ဖြစ်တဲ့ Huawei နဲ့ ZTE ကုမ္မဏီနဲ့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအကြား လုပ်ကိုင်နေတဲ့ ကိစ္စရပ်တွေမှာ ပါဝင် ပက်သက်နေတဲ့ ရန်ကုန် အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီအချို့က တာဝန်ရှိသူတွေကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ RFA က စုံစမ်းသိရပါတယ်။
RedLink ကုမ္ပဏီ အကြီးအကဲ ဦးတိုးနိုင်မန်းကတော့ ဒီအကျင့်ပျက်လာဘ်စားမှု ကိစ္စရပ်တွေမှာ သူတို့ကုမ္ပဏီအနေနဲ့ ပါဝင်ပက်သက်မှုမရှိဘူးလို့ တုံ့ပြန်ပြောဆိုပါတယ်။
RFA Burmese
လိုင်ဇာကို သိမ်းရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်လို့ ဒေါ်ဒွဲဘူ တုန့်ပြန်ပြောဆို
KIO ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် ကချင်ပြည်သူ တစ်ယောက်အနေနဲ့ရော လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ပါ ကန့်ကွက်တယ်လို့ ကချင်တိုင်းရင်းသူ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဒီကနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော် ကျင်းပပြီးချိန်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIA လိုင်ဇာဌာချုပ်ကို အရင်သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖြစ်နိုင်မယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေရဲ့ပြောဆိုချက်ကို ကချင်ပြည်နယ်၊အင်ဂျန်းယန် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး တုံ့ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ လွှတ်တော်ရဲ့ တိုက်တွန်းချက်တွေကို နှစ်ဖက်တပ်တွေက လိုက်နာဖို့ လိုအပ်ကြောင်း၊ လွှတ်တော်ရဲ့ တိုက်တွန်းချက်ဟာ လိုင်ဇာတစ်ခုထဲမဟုတ်ဘဲ ကချင်ပြည်နယ်တစ်ခုလုံးနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ထိုးစစ်တွေကိုလည်း ရပ်တန့်ဖို့လည်း ပါဝင်ကြောင်း ဒေါ်ဒွဲဘူက ပြောပါတယ်။
အခုလ ဇန်န၀ါရီလ ၁၉ ရက်နေ့ကလည်း သမ္မတဦးသိန်းစိန်အနေနဲ့ တမ်မတော်ကို ခုခံကာကွယ်သည်မှအပ ထိုးစစ်ဆင်တာတွေရပ်ဖို့ ညွှန်ကြားထားပြီးဖြစ်သလို၊ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးတွေမှာလည်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ့် အရေးကြီးအဆိုတွေ တင်သွင်းဆွေးနွေးခဲ့ကြပါတယ်။
RFA Burmese
နိုင်ငံတော်ပိုင်ငွေများကို ထုတ်ယူအလွဲသုံးစား ပြုလုပ်မှုဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၀န်ထမ်းရှစ်ဦးအား အမှုဖွင့် အရေးယူ
နိုင်ငံတော်ပိုင် ငွေများကို ထုတ်ယူအလွဲသုံးစား ပြုလုပ်မှုဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၀န်ထမ်းရှစ်ဦးအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ အမှုဖွင့် အရေးယူခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မြန်မာနိုင်ငံအတွင်း မိုးဘိုင်းဆက်သွယ်ရေး စီမံကိန်း လုပ်ငန်းအတွက် လိုအပ်သော စက်ပစ္စည်းနှင့် အဆောက်အဦ စရိတ်အတွက် ဘဏ္ဍာငွေ တင်ပြတောင်းခံရာတွင် ပိုမိုတွက်ချက်တင်ပြ၍ ထုတ်ယူခြင်း၊ စက်ကိရိယာ ပစ္စည်းများ ၀ယ်ယူရာတွင်လည်း ဈေးလျော့ဝယ်ယူခြင်းဖြင့် နိုင်ငံပိုင်ငွေများကို ကိုယ်ကျိုးအလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ နိုင်ငံပိုင်ငွေများကို ထုတ်ယူအလွဲသုံးစား ပြုလုပ်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဝန်ထမ်းများအား ပအမှတ် ၆/၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ ဖြင့် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းရဲစခန်းမှ အမှုဖွင့်အရေးယူ တိုင်ကြားထားကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ မိုဘိုင်းဆက်သွယ်ရေး စီမံကိန်းလုပ်ငန်း စက်ပစ္စည်းနှင့် အဆောက်အဦစရိတ် ဘဏ္ဍာငွေ ပိုမိုတွက်ချက် တင်ပြထုတ်ယူခြင်း၊ စက်ကိရိယာပစ္စည်းများ ဈေးလျော့ဝယ်ယူခြင်းဖြင့် နိုင်ငံပိုင်ငွေများကို ကိုယ်ကျိုးအလွဲသုံးစား ပြုလုပ်ခြင်းဖြင့် အမှုဖွင့် အရေးယူထားသော ရှစ်ဦးထဲမှ တစ်ဦးသည် မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုမှာ မဟုတ်မမှန်ကြောင်း ၎င်းရဲစခန်းမှ စုံစမ်းသိရှိရသည်။
EMG

ရန်ကုန် – နေပြည်တော် လမ်းမပေါ်တွင် ဆိုင်ကယ်လမ်းနှင့် လူသွားလမ်း ဖောက်ရန်စီစဉ်
ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီးတွင် ဆိုင်ကယ်သွားလမ်းနှင့် လူသွားလမ်းများကို ဖောက်လုပ် သွားရန် စီစဉ် နေကြောင်း ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးစိုးတင့်က ဧရာဝတီသို့ပြောသည်။
အမြန်လမ်းမကြီး စတင်ဖွင့်လှစ်ခဲ့ချိန်မှစ၍ အနီးအနား ကျေးရွာများမှ ကျွဲ၊ နွား တိရစ္ဆာန်များနှင့် နွားလှည်း များ၊ ဆိုင်ကယ် များသည် လမ်းပေါ်သို့ တက်ရောက်မောင်းနှင် သွားလာနေကြသဖြင့် ယာဉ်မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားနေသောကြောင့် ဆိုင်ကယ်လမ်းနှင့် လူသွားလမ်းများကို ဖောက်လုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။
“အမြန်လမ်းပေါ်မှာ ဆိုင်ကယ်တွေ လူတွေမသွားဖို့ တားမြစ်ထားပေမယ့် သွားလာနေကြတော့ သူတို့ အတွက် လမ်းတွေ စီစဉ်ပေးရမယ်၊ ကားတွေက အရှိန်ပြင်း မောင်းနေတာနဲ့ကြုံရင် အန္တရာယ် အများကြီး ရှိနိုင်တယ်” ဟု ဝန်ကြီးက ဆိုသည်။
ယင်း လမ်းမကြီးပေါ်တွင် ဖြတ်သန်းသည့် ကားများကို ကီလို ၁၀၀ အတွင်းသာ မောင်းနှင်ရန် သက်ဆိုင်ရာ က ညွှန်ကြားထား သ်ာလည်း ကီလို ၁၄၀ မှ ၁၆၀ အကြားအထိ အရှိန်လွန် မောင်းနှင်မှုများရှိနေ၍ အနီးအနား ကျေးရွာများမှ ဆိုင်ကယ်နှင့် လူများ၊ တိရစ္ဆာန်များ လမ်းပေါ် တက်လာသည်နှင့်ကြုံကာ ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်နေကြောင်း သိရသည်။
ယခုအခါ ဆိုင်ကယ်နှင့် လူသွားလမ်းများ ဖောက်လုပ်ရန် ကုန်ကျစရိတ်ကို တွက်ချက်နေပြီး ၂၀၁၃ ခု နှစ်လည်ပိုင်းတွင် အကောင်အထည် ဖော်နိုင်ရန် စီစဉ်နေပြီ ဖြစ်သည်။
အမြန်လမ်းမကြီး တလျှောက်ပါဝင်သည့် ရန်ကုန်၊ ပဲခူး၊ နေပြည်တော်နှင့် မန္တလေးမြို့များ အတွင်းရှိ ကျေးရွာများမှ ဆိုင်ကယ်များ လမ်းပေါ်တက်၍ စီးနင်းသည်ကို တွေ့ရှိပါက ဒဏ်ငွေ ၁၀၀၀၀ မှ ၄၀၀၀၀ အထိလည်းကောင်း၊ ထောင်ဒဏ် တလအထိ လည်းကောင်း အရေးယူလျှက် ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေဝင်းက ဧရာဝတီသို့ ပြောသည်။
“ဆိုင်ကယ်ကြောင့် အမြန်လမ်းပေါ်မှာ ဖြစ်တဲ့ ထိခိုက်မှုတွေက အရမ်းကိုများနေတယ်။ လမ်း စဖွင့်ကတည်းက မစီးခိုင်းပေမယ့် မလိုက်နာတာကြောင့် အရေးယူနေရတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် တိုင်းဒေသကြီး လေးတိုင်းလုံးရှိ အမြန်လမ်းပေါ် စီးနင်းသော ဆိုင်ကယ်များ အရေးယူခြင်းကို တပြေးညီဖြစ်စေရန် သက်ဆိုင်ရာ တရားရေး ဌာနများနှင့် အမြန်လမ်း ရဲတပ်ဖွဲ့တို့ တိုင်ပင် ဆောင်ရွက်ရန် ရှိကြောင်း သိရသည်။
တချို့ ဆိုင်ကယ်များသည် အမြန်လမ်းပေါ်တွင် လမ်းပြောင်းပြန် စီးနင်းခြင်း၊ အရှိန်လွန် မောင်းနှင်ခြင်းနှင့် ကျွမ်းကျင်မှု မရှိဘဲ စီးခြင်းတို့ကြောင့် မောင်းနှင်လာသောကားနှင့် တိုက်မိကာ ယာဉ်တိုက်မှုများ၊ လူသေမှုများဖြစ်နေရ သည်ဟု ရဲမှူးကြီးက ရှင်းပြသည်။
လက်ရှိတွင် စည်းကမ်းမလိုက်နာဘဲ မောင်းနှင်သော ဆိုင်ကယ်များကြောင့် ယာဉ်တိုက်မှုဖြစ်စဉ် တလလျှင် ၁၀ မှု ခန့် ဖြစ်နေကြောင်း သိရသည်။
အမြန်လမ်းမကြီးပေါ်တွင် ကွပ်ကဲမှုရုံး ၁ရုံး၊ ရဲစခန်း ၁၄ ခုနှင့် ရဲကင်း ၄၀ တို့ဖြင့် လုံခြုံရေး ထားရှိသည်။
ဒီကပါ။
အစိုးရနဲ့ ကေအိုင်အို ငြိမ်းချမ်းရေး ပန်ဆန်းမှာ ဆွေးနွေးဖို့ UWSA ကမ်းလှမ်း
အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ၀ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ UWSA က ကြားဝင်ဆောင်ရွက်ပေးမယ် လို့ ဖိတ်ခေါ်ထားကြောင်း ၀ပြည်သွေးစည်း ညီညွှတ်ရေးအဖွဲ့ UWSA က ဒီကနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။
နှစ်ဖက် စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ပြီး အပစ်ခတ်ရပ်စဲနိုင်ဖို့အတွက် UWSA ဌာနချုပ် ပန်ဆန်းမှာ ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။
UWSA အဖွဲ့က ပေးပို့တဲ့အဆိုပြုလွှာကို ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ နဲ့ KIO အဖွဲ့တွေထံ ဇန်န၀ါရီလ ၂၄ရက်နေ့က ပေးပို့လိုက်တာဖြစ်တယ်လို့ UWSA အဖွဲ့က ပြောခွင့်ရ ဦးအောင်မြင့် ကပြောပါတယ်။
KIO အဖွဲ့ကတော့ အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုကို တဖွဲ့ချင်းမဆွေးနွေးပဲ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC နဲ့ ဆွေးနွေးဖို့ အစိုးရဖက်ကို အကြောင်းပြန်ထားပါတယ်။ အဲဒီအချက်အပေါ် UWSA အနေနဲ့မူအားဖြင့် သဘောတူပေမဲ့ UNFC ဟာ ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့အစည်းတခု ဖြစ်နေတာကြောင့် နိုင်ငံခြားမှာ ဆွေးနွေးမဲ့ကိစ္စကို မလိုလားကြောင်း မိမိပြည်တွင်းရေးကိစ္စကို ပြည်တွင်းမှာသာ ဆွေးနွေးဖို့ UWSA က အကြံပြုထားတယ်လို့ ဆိုပါတယ်။
RFA
မြန်မာနိုင်ငံပေးရမယ့် ကန်ဒေါ်လာ သန်း ၆ ထောင်ကို မြီရှင်နိုင်ငံတွေ လျှော်ပစ်
မြန်မာနိုင်ငံက တခြားနိုင်ငံတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို ပေးဖို့ရှိနေတဲ့ ကြွေးမြီအားလုံးရဲ့ ၆ဝ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ သန်း ၆ ထောင်နီးပါးကို အထူးအစီအစဉ်တရပ် အဖြစ် ကြွေးမြီရှင်နိုင်ငံတွေက လျှော်ပေးတော့မယ့်အကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ကျန်တဲ့အကြွေးတွေကိုလည်း ဆိုင်းငံ့ကာလ ၇ နှစ် အပါအဝင် ၁၅ နှစ်အတွင်း ပြန်ဆပ်ဖို့ ကြွေးရှင် “ပါရီကလပ်အဖွဲ့” နဲ့ သဘောတူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။
ပါရီကလပ် အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဇန်နဝါရီလ ၂၅ ရက် နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီမှုရခဲ့တာလို့ ဘဏ္ဍာအခွန်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ နော်ဝေးနိုင်ငံက အကြွေး ဒေါ်လာသန်း ၅ ရာကျော် လျှော်ပေးဖို့ သဘောတူခဲ့ပြီး၊ ဂျပန်နိုင်ငံကလည်း အကြွေးဒေါ်လာ သန်း ၃ ထောင်ကျော် လျှော်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ အာရှဖွံ့ဖြိုးရေးဘဏ်ကနေ ၁၉၇၃ ခုနှစ်ကတည်းက ချေးယူထားပြီး ပြန်မဆပ်နိုင်သေးတဲ့ ဒေါ်လာ ၅၁၂ သန်းကို ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဘဏ်ရဲ့ အကူအညီနဲ့ ပြန်ပြီးဆပ်လိုက်နိုင်ပြီလို့ ဘဏ္ဍာအခွန် ၀န်ကြီးဌာနရဲ့ နောက်ထပ် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
အလားတူ ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံကို အကြွေးသစ် ဒေါ်လာသန်း ၄၄၀ ချေးငှားဖို့ အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင် ကေအိုင်အေနှင့် တိုက်ပွဲဆင်နွှဲနေ သည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် များအား အပင်ပန်း အဆင်းရဲ ခံပြီး တာဝန်ကျေပွန်မှုများကြောင့် စစ်မြေပြင် အဆင့်တိုး( Jump Promotion) ပေးအပ် ချီးမြှင့်သွား မည်
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင် ကေအိုင်အေနှင့်
တိုက်ပွဲဆင်နွှဲနေ သည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်
များအား အပင်ပန်း အဆင်းရဲ ခံပြီး တာဝန်ကျေပွန်မှုများကြောင့်
စစ်မြေပြင် အဆင့်တိုး ( Jump Promotion) ပေးအပ် ချီးမြှင့်သွား မည် ဖြစ်ကြောင်း သိရသည်။
တိုင်းပြည် ငြိမ်းချမ်းရေးအတွက် ပေးအပ်သည့် တာဝန်ကို အသက်စွန့်ထမ်းဆောင်သည့် အတွက် အဆိုပါ တိုက်ပွဲ ၀င် တပ်မတော်သားများအား လေးစား ဂုဏ်ယူစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။
တိုက်ပွဲတိုင်း အောင်ပန်းဆွတ်ခူးနိုင်ပါစေ။
စစ်ရေးစွမ်းရည်ထူးချွန်မှုကြောင့် ၂၈-၁-၂၀၁၃ ရက်နေ့တွင် အောက်ပါအရာရှိများအား ယာယီတပ်ခွဲမှူး (ဗိုလ်မှူး)အဖြစ် အဆင့်တိုးမြင့်ပေးလိုက်သည်-
ကြည်း ၄၀၈၀၇ ဗက မင်းသန့် (ခမရ-၃၁၇ မှ ခလရ-၉၁)၊
ကြည်း ၄၂၂၃၅ ဗက ၀င်းထွေးအောင် (ခမရ-၆၀၂ မှ ခမရ-၅၃၂)၊
ကြည်း ၄၁၁၈၂ ဗက ဇင်မင်းကို ( ခမရ-၃၁၇ မှ ခလရ-၁၈)၊
ကြည်း ၄၀၄၁၀ ဗက နေအောင် (ခမရ-၄၁၅ မှ ခလရ-၃၆)၊
ကြည်း ၄၁၀၂၄ ဗက ထက်ခိုင်အောင် (ခမရ-၆၀၂ မှ ခလရ-၃၈)၊
ကြည်း ၄၁၅၄၅ ဗက စိုးဝေအောင် (ခမရ-၆၀၂ မှ ခလရ-၉၈) ။
ယနေ့ စစ်မြေပြင် အဆင့်တိုးရာထူးများ ချီးမြှင့်မှုတွင် အရာရှိနာမည်အချို့သာ ဖော်ပြသည့်အတွက် အခြား အဆင့် စစ်သည်များ မပါဟု ထင်မှတ်မှားနိုင်ပါသည်။
တိုင်းပြည်တာဝန် ထမ်းဆောင်ရာတွင် တာဝန်ကျေ ပွန် မှုနှင့် အနစ်နာခံ ပေးဆပ်မှု တို့အပေါ်တွင် အထက်လူကြီးများမှ နားလည်ဂုဏ်ယူစွာဖြင့် တစ်ဆင့်မြင့် ရာထူး များ ပေးအပ်ခြင့်း့ဖြစ်ပါသည်။ တပ်မတော် အက်ဥပဒေအရ ပြန်တမ်းဝင် အရာရှိများ ရာထူး တိုးမြှင့် မှု ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)မှ ဆုံးဖြတ်ပြီး အခြား အဆင့် အရာခံများကို စစ်ရေးချုပ် မှ ပေးအပ် ပိုင်ခွင့် ရှိသည်ဟု သိရပါသည်။
အကြပ်အဆင့် သို့ တိုးမြှင့်ခြင်းကို တပ်ရင်းမှူးမှ တိုင်းမှူး အဆင့်ထိ စစ်မြေပြင် တွင် တိုက်ရိုက် တိုးပေးနိုင်ပါသည်။ ယနေ့ စစ်မြေပြင်မှ အခြားအဆင့် စစ်သည်များအားလည်း တစ်ဆင့်မြင့် ရာထူးများ၊ အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုများ ချီးမြှင့်ခဲ့သည်ဟု သိရပါသည်။