Wednesday, January 16, 2013
မြတ်ဗုဒ္ဓ ဟု အမည်နာမရေးထိုးထားသောဓါးလက်နက်များ ဈေးကွက်အတွင်းရောက်ရှိ
ခလုတ်ဓါးတစ်ချောင်း၏ BRAND တံဆိပ်ကို မြတ်ဗုဒ္ဓ၏ အမည်နာမှဖြင့် မဖွယ်မရာရေးထိုးပြီး မြန်မာနိုင်ငံရှိ စတိုးဆိုင်များ လမ်းဘေးဈေး ဆိုင် များတွင်ရောင်းချနေသည်ကို တွေ့ရှိနေရ၍ တွေ့မြင်သူ ဗုဒ္ဓဘာသာဝင် များ စိတ်မချမ်းမြေ့ ဖြစ်နေရကြောင်းသိရှိရသည်။ အဆိုပါအလွယ်တကူဝယ်ယူရရှိနိုင်သော ဓါးလက်နက် ကို ထိုင်းနိုင်ငံလုပ် လိုလို တရုတ်နိုင်ငံလုပ်လိုလို ပြောဆိုရောင်းချနေကြသည်။
ဆင်ခြင်တိုင်းထွာ နိုင်သူအချို့ ကမူ တရုတ်ကဗုဒ္ဓဘာသာဆိုတော့ ဒီလိုသာသနာ ညှိုးနွမ်းစေမည့်အလုပ်ကို လုပ်မလုပ်နှင့် ထိုင်းနိုင်ငံသည်လည်း.. ဗုဒ္ဓယာဉ်ကျေးမှု ထွန်းကားရိုသေသောနိုင်ငံ တစ်ခုဖြစ်နေ သောကြောင့် မဖြစ်နိုင်ဟု သုံးသပ်သူများလည်းရှိနေသည်။
BRAND ဟူသောအင်္ဂလိပ်ဘာသာဖြင့် ဓားအသွားအနက်ရောင်ပေါ်တွင် အလွယ်တကူ မဖျက်နိုင်ရန် ထင်ထင်ရှားရှား ရေးထိုးထားသည်ကိုတွေ့မြင်ရပြီးလက်ကိုင်ရိုးပေါ်တွင် ပုတီးနှင့် ဘုန်းကြီးပုံကိုပါ ရိုက်နှိပ် ပါရှိသည်။
ဓားအသွား၅ လက်မခန့်နှင့် လက်ကိုင်ရိုးမှာလည်း ၅ လက်မခန့် ရှိသည်။ ဓားအသွား အနက်ရောင်နှင့် လက်ကိုင်ရိုးမှာအနီရောင်ဖြစ်သည်။ရောင်းဈေးမှာ ဓားတစ်ချောင်းလျှင် ၃၀၀၀ ကျပ်ခန့်ရှိကြောင်း ၀ယ်ယူ ခဲ့သူတစ်ဦးကပြောသည်။
The Hot News
လူငါးသောင်းခန့် အလုပ်အကိုင် ပေးနိုင်မည့် ကိုရီးယားဆမ်ဆောင်းစက်ရုံ မှော်ဘီတွင် တည်တော့မည်
မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်ကွင်း၌ ဆမ်ဆောင်းကုမ္ပဏီ စက်ရုံလာရောက် တည်ထောင်တော့မည် ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။ အမျိုးသားညီလာခံ ကျင်းပရာ အဆိုပါနေရာရှိ မူလအဆောက်အအုံ နေရာ များ၌ စက်ရုံတည်ဆောက်မည် မဟုတ်ဘဲ သီးခြားနေရာတွင် ဆောက်လုပ် မည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။
”ရင်းနှီးမြှုပ်နှံမှု ပမာဏလည်း ကြီးတယ်။ ဒါ့ကြောင့်လူ ၅ သောင်း အလုပ် ရသွားမယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။ စက်ရုံ တည်ဆောက်ခြင်းကို ယခုနှစ်လအတွင်း စတင်အကောင် အထည်ဖော် မည်ဖြစ်ပြီး ပြည်တွင်း၌ အဓိကရောင်းချရန်မဟုတ်ဘဲ တောင်ကိုရီးယားမှ တစ်ဆင့် ပြန်လည်ဖြန့်ဖြူး ရန် စက်ရုံလာတည်ခြင်း ဖြစ်သည်ဟု ကော်မရှင်မှ သိရသည်။
ယခုကဲ့သို့သော ဆမ်ဆောင်း စက်ရုံကို ဗီယက်နမ်နိုင်ငံတွင် တည်ထောင် ထားခဲ့ပြီးဖြစ်သည်ဟု သိရ သည်။အစိုးရသစ် တက်ပြီးနောက် ကမ္ဘာကျော် အမှတ်တံဆိပ်များ ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန် ပက်(ပ်)စီကုမ္ပဏီပြီးလျှင် ယခု တောင်ကိုရီးယားဆမ်ဆောင်းမှာ ဒုတိယ မြောက် ဖြစ်သည်။
ဒီကပါ။
သုံးနိုင်ငံမှအပ တစ်ကမ္ဘာလုံးမှ မြန်မာသို့ ငွေလွှဲနိုင်ပြီ
နိုင်ငံသုံးနိုင်ငံမှအပတစ်ကမ္ဘာလုံးမှ မြန်မာသို့ ငွေ လွှဲပြောင်းပေးပို့ နိုင်ပြီဖြစ်ကြောင်း ကမ္ဘာ့ငွေကြေး ဝန်ဆောင်မှုကုမ္ပဏီ Western Union နှင့် ချိတ်ဆက်ထားသော CB ဘဏ်မှ သိရသည်။
''ဆိုမာလီ၊ အီရန်နဲ့မြောက် ကိုရီးယားနိုင်ငံကလွဲရင် ကျန်တဲ့ နိုင်ငံကလူတွေ အားလုံး မြန်မာ နိုင်ငံကို ငွေလွှဲပေးပို့လို့ရပြီ''ဟု CB ဘဏ်မှ အုပ်ချုပ်မှု ဒါရိုက် တာ ဦးဖေမြင့်က ပြောသည်။
Western Union ကုမ္ပဏီ သည် ပြည်တွင်း ပုဂ္ဂလိကဘဏ် ခြောက်ခုနှင့် ချိတ်ဆက်လုပ်ကိုင် လျက်ရှိပြီး အဆိုပါဘဏ်ခြောက် ခု၏ ဘဏ်ခွဲများ အသီးသီးတွင် လွှဲငွေများကို ထုတ်ယူနိုင်ပြီဖြစ် ကြောင်းသိရသည်။ အကျိုးအ မြတ်ခွဲဝေမှုအနေဖြင့် ပြည်တွင်း ဘဏ်များသည် လွှဲခ၏ ၂၅ ရာ ခိုင်နှုန်းကိုရရှိမည်ဖြစ်ကြောင်း သိရ သည်။
Western Union မှ လွှဲခကို နိုင်ငံအသီးသီးအလိုက်ကောက်ခံပြီး နိုင်ငံ အလိုက်ငွေကြေးများကို ဒေါ် လာအဖြစ်သာ ပြည်တွင်းသို့ လွှဲ ပြောင်းပေးမည်ဖြစ်ကြောင်း သိရ သည်။
''ဒီကို ဒေါ်လာနဲ့လွှဲပေးတာကို ဘဏ်တွေက နေ့စဉ်ပေါက်ဈေးအ တိုင်း ကျပ်ငွေနဲ့ ပြန်ထုတ်ပေးမှာပါ'' ဟု ဦးဖေမြင့်က ပြောသည်။ လက်ရှိတွင်ပြည်ပမှ ပြည်တွင်း သို့ငွေလွှဲပေးပို့မှုကို စင်ကာပူ၊ ထိုင်း နှင့် မလေးရှားနိုင်ငံတို့နှင့် ချိတ် ဆက်ဆောင်ရွက်နေပြီး နောက်ပိုင်း တွင် ဗဟိုဘဏ်၏ခွင့်ပြုချက်အလိုက် တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း လုပ်ကိုင်ခွင့်ရဘဏ်များမှ သိရသည်။
အမေရိကန်အခြေစိုက် Western Union ကုမ္ပဏီသည် ကမ္ဘာ့ နိုင်ငံပေါင်း ၂ဝဝ ကျော်တွင် အေ ဂျင်စီပေါင်း ၅၂ဝဝဝဝ ကျော်ရှိပြီဖြစ် ကြောင်း၊ လက်ရှိတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှလွှဲငွေများကိုသာ ပြည် တွင်း၌ လက်ခံနိုင်ပြီး နောက်ပိုင်း တွင် အဆိုပါနိုင်ငံများသို့ မြန်မာ နိုင်ငံမှ လွှဲပြောင်းပေးပို့နိုင်ပြီဆိုပါကWestern Union မှတစ်ဆင့် လွှဲပို့ နိုင်မည်ဖြစ်ကြောင်းသိရသည်။
လွှဲပြောင်းပေးပို့မှုကို မြန် မာနိုင်ငံနှင့်ပေးပို့သောနိုင်ငံ အ ချိန်ကွာခြားမှုအလိုက် တစ်ရက် အတွင်းထုတ်ယူနိုင်ရန် ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ပြည် တွင်းဘဏ် ၆ ခု ဖြစ်သော ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ ယူ နိုက်တက်အမရဘဏ်၊ မြန်မာအ ရှေ့တိုင်း ဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ မြန် မာ့ရှေ့ဆောင်ဘဏ်၊ ပထမပုဂ္ဂ လိကဘဏ်တို့တွင် လွှဲပြောင်း ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရ သည်။

ဖေဖော်ဝါရီလတွင် အအေးလှိုင်းဖြတ်ဦးမည်
လာမည့် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ ယခု ကဲ့သို့ အအေးလွန်ကဲမှု ထပ်မံကြုံတွေ့ရမည်ဖြစ်ပြီး မပြင်းထန်နိုင်၍ များစွာ စိုးရိမ်ရန် မလိုကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်ကပြော သည်။
ဇန်န၀ါရီ လကုန်ပိုင်းနှင့် ဖေဖော်ဝါရီလတွင် အအေး လွန်ကဲမှုဖြစ်စဉ် နောက်တစ်ကြိမ်ကြုံတွေ့ရနိုင်ကြောင်း မိုး/ဇလ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော် ကလည်းပြောသည်။ အိမ်နီးချင်းနိုင်ငံများတွင် စံချိန်တင် အေးနေခြင်းကြောင့် မြန်မာနိုင်ငံတွင်လည်း ဇန်န၀ါရီ ၉ ရက်မှစကာ အအေးလွန်ကဲခဲ့ပြီး ဒေသအချို့တွင် ထူးထူးကဲကဲ အေးခဲ့သည်။ ဇန်န၀ါ ရီ ၁၁ ရက်မှာ တစ်နိုင်ငံလုံးတွင် အအေးဆုံးရက်ဖြစ်ခဲ့ပြီး ဇန်န၀ါရီ ၁၈၊ ၁၉ ရက်အထိ အေးနိုင်သေးကြောင်း ၎င်းတို့က ခန့်မှန်းသည်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal

ဆီးဂိမ်းတွင် ပြည်တွင်းကုမ္ပဏီနှစ်ခုမှ တာဝန်ယူ၍ Wi-Fi လွှင့်ပေးမည်
၀၁၃ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲအတွက် Wi-Fi အင်တာနက်လွှင့်ပေးနိုင်ရန် ပြည်တွင်း ကုမ္ပဏီနှစ်ခု မှ အဓိကတာဝန်ယူလုပ်ဆောင်သွားဖွယ် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
လက်ရှိတွင် Wi-Fi အင်တာနက်လိုင်း အသုံးပြုနိုင် ရေးဆောင်ရွက်ပေးနေ သည့် ကုမ္ပဏီကြီးများမှာ Red link၊ ရတနာပုံတယ်လီပို့ကုမ္ပဏီ ၊ အေးရှား မက်ဂါလင့်အစရှိသည့် ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။
“ဆီးဂိမ်းကျင်းပတဲ့အခါ ပြိုင်ပွဲဝင်နိုင်ငံတွေက လာရောက်ယှဉ်ပြိုင်ကြတဲ့ ကစားသမားတွေ၊ လာရောက် ကြည့်ရှုအားပေး ကြမယ့် ပရိသတ်တွေ အတွက် အဓိကဦးစားပေးပြီး Wi-Fi အခမဲ့သုံးစွဲနိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်တယ်၊ ဒီလိုဆောင်ရွက်ပေးတာ အခြားနိုင်ငံတွေမှာ ကျင်းပတဲ့ အားကစားပြိုင် ပွဲတွေလို ဆက်သွယ်ရေးဝန်ဆောင်မှု ကောင်းအောင်ပြုလုပ်ခြင်း ဖြစ်တယ်” ဟု ဆက်သွယ်ရေးနှင့်သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆို Wi-Fi အင်တာနက်ဝန်ဆောင်မှုပေးလို၍ ဆီးဂိမ်းတွင် တင်ဒါလျှောက် ထားသည့် ကုမ္ပဏီ(၂၇)ခု ရှိသည့် အနက်မှ လက်ရှိအချိန်၌ ပြည်တွင်း ကုမ္ပဏီနှစ်ခုသာ ရွေးချယ်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။
WIFI ထုတ်လွှင့်ပေးမည့်နေရာများမှာအားကစားကွင်းတည်ရှိရာနေရာ များနှင့် ကစားသမား တည်းခိုမည့် နေရာနှင့် မီဒီယာစင်တာများတွင် Wi-Fi စနစ်ရရှိနိုင်အောင် ပြုလုပ်ပေးသွားမည်ဖြစ်သည်။
“အခုလို Wi-Fi အသုံးပြုနိုင်အောင်ပြုလုပ်ရမှာလည်း ဆီးဂိမ်းကျင်းပမယ့် နေပြည်တော်၊ ရန်ကုန်၊မန္တလေးနဲ့ ငွေဆောင် အစရှိတဲ့ နေရာတွေမှာ အဓိကထားပြုလုပ်သွားမှာ ဖြစ်ပါတယ်။” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အင်တာနက်လိုင်းဆွဲအားပိုမိုမြန်ဆန် စေရေးအတွက် 512 Mbအထိ မြန်နှုန်းအပြည့်အ၀ရရှိစေရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
ဆီးဂိမ်းပြိုင်ပွဲကျင်းပစဉ်ကာလအတွင်း ပြိုင်ပွဲဝင်နိုင်ငံများမှ အသင်းအုပ်ချုပ် သူ နည်းပြနှင့် အားကစာသမားများအပြင် မီဒီယာသမားများ အနေဖြင့် မိမိတို့သက်ဆိုင်ရာနိုင်ငံများနှင့် အချိန်နှင့်တပြေးညီ ချိတ်ဆက်ပြောဆို ဆက်သွယ်နိုင်ရေး ဆောင်ရွက်ထားရှိ မည်ဖြစ်ကြောင်းကိုလည်း သိရသည်။
ဆီးဂိမ်းပြိုင်ပွဲကို အခြားအရှေ့တောင်အာရှိနိုင်ငံများတွင် ကျင်းပခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲထက် ယခု(၂၇)ကြိမ် မြောက်ပွဲတော်အား ပိုမိုကောင်းမွန်ပြည်စုံ သည့်အားကစားပြိုင်ပွဲကြီးအဖြစ် အဆင့်အတန်းမြင့်စွာ ကျင်းပ နိုင်ရေး အတွက် ယခုကဲ့သို့ Wi-Fi ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ဖြစ်ကြောင်းကိုလည်းသိရသည်။
၂၇ကြိမ်မြောက် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲနှင့်ပိတ်ပွဲအခင်းအနား ဖျော်ဖြေရေး စီအစဉ် များတွင် လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံယဉ်ကျေးမူဝန်ကြီးဌာနနှင့် China Arts and Entertainment Group မှတာဝန်ရှိသူများနှင့် ကြိုတင်ပြင်ဆင်လေ့ကျင့်ရေး ကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှု ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ မှ ဇန်န၀ါရီလ ဒုတိယအပတ်အတွင်းက တွေ့ဆုံခဲ့ကြောင်း သိရသည်။
Myit Makha Mediagroup

KIA ထောက်လှမ်းရေးတစ်ဦး မြစ်ကြီးနားတွင် ဖမ်းမိ
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ နည်းပညာ တက္ကသိုလ် ကျောင်းအနီးရှိ လက်ဖက်ရည်ဆိုင် တွင် နည်းပညာ တက္ကသိုလ် ကျောင်းသား အယောင်ဆောင် KIA သတင်းပေး ဇေလဇောင်း(ခ) L ဇောင်း အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၄င်းအား စစ်ဆေး မေးမြန်းချက်များ အရ ၄င်းသည် ကချင်ပြည်နယ် အတွင်းရှိ မန်ဂျယ် ကျေးရွာတွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ် မေလ အတွင်း KIA ၏ လူသစ် စုဆောင်းခြင်း ခံရကာ KIA တပ်မဟာ(၃) နယ်မြေ၊ မိုက်ဂျာယန် တွင် စစ်ပညာ၊ ထောက်လှမ်းရေး ပညာနှင့် ဖောက်ခွဲရေး သင်တန်းများ တက်ရောက် ခဲ့ပြီး အမာခံ ပြည်သူ့စစ် အဖြစ် အရပ်သား အသွင်နှင့် မြစ်ကြီးနားမြို့သို့ ပြန်လည် စေလွှတ်ခဲ့ပြီး တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှားမှုများအား သတင်းရယူ စုံစမ်းရေး ကိစ္စရပ်များ ကို ဦးတည် လုပ်ဆောင် နေရကြောင်း နယ်မြေခံ လုံခြုံရေး အဖွဲ့၏ အကြမ်းဖျင်း ပြောကြားချက် အရ သိရှိရသည်။
၎င်းနှင့်အတူ ကျောပိုးအိတ် အတွင်းမှ တရုတ် လက်ပစ်ဗုံး ၃ လုံးနှင့် သတင်းရယူ ထားသော စာရွက် စာတမ်း များ သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။
(စင်္ကာပူဖီး)
၎င်းနှင့်အတူ ကျောပိုးအိတ် အတွင်းမှ တရုတ် လက်ပစ်ဗုံး ၃ လုံးနှင့် သတင်းရယူ ထားသော စာရွက် စာတမ်း များ သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။
(စင်္ကာပူဖီး)
အိမ်ပိုင်မရှိသူများကို ယခုထက် သက်သာသည့်နှုန်းဖြင့် ငှားရမ်းပေးရန်ရှိ
အိမ်ရာအပိုင်မဝယ်နိုင်သူများကို လက်ရှိထက်ပိုမိုသက်သာသောနှုန်းထားဖြင့် ငှားရမ်းနေထိုင်နိုင်ရေး အတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
''ပုဂ္ဂလိကက အငှားချအိမ်ရာ ကဏ္ဍ တိုးတက်ဖို့ လေ့လာနေပါ တယ်။ အိမ်ရာဝယ်နိုင်စွမ်း တက် လာအောင် မတက်လာရင်လည်း အစိုးရက ဖြစ်ဖြစ်၊ ပုဂ္ဂလိကက ဖြစ်ဖြစ် အငှားချထားပေးမှုက လူ ထုအတွက် ပိုပြီးသက်သာတဲ့ ငွေ ကြေးစနစ်နဲ့ဖြစ်အောင် ဆောင် ရွက်မှာ ဖြစ်ပါတယ်''ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စီမံ)ဦးမြင့်နိုင်က ပြောသည်။
လက်ရှိ ရန်ကုန်မြို့၌ ရွှေ့ ပြောင်းနေထိုင်သူဦးရေ များပြား လာမှုကြောင့် ပုဂ္ဂလိကပိုင်းမှ အိမ် အငှားချထားမှုမှာ မြို့သစ်မြို့နယ် များတွင် ရေ၊ မီး၊ အစုံအလင်ဖြင့် တစ်လလျှင် အနည်းဆုံး ကျပ်လေး သောင်းဝန်းကျင်ခန့်ရှိပြီး မြို့တွင်း နှင့် စပ်ဆက်မြို့နယ်များ၌ တစ် လလျှင် အနိမ့်ဆုံး ကျပ်တစ်သိန်း ဝန်းကျင်ခန့် ရှိသည်။
နိုင်ငံသားများ ဝယ်ယူနိုင်စွမ်း ရှိသည့် သင့်တင့်သော အိမ်ရာနှင့် နိုင်ငံတစ်ဝန်းအငှားချအိမ်ရာများ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေး အတွက် အိမ်ရာအမြောက်အမြား ထုတ်လုပ်သည့် နည်းပညာများရရှိ ရန် ယခုလအတွင်း အလုပ်ရုံဆွေး နွေးပွဲကျင်းပမည်ဖြစ်ပြီး ယင်းဆွေး နွေးပွဲသို့ ကိုရီးယားနှင့် မလေးရှား နိုင်ငံမှ အိမ်ရာ ထုတ်လုပ်ရေးတွင် ကျွမ်းကျင်သည့် လုပ်ငန်းရှင်များ တက်ရောက်ရန် ဖိတ်ခေါ်ထား ကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ သိရသည်။
လက်ရှိ၌ ရန်ကုန်မြို့တွင် အစိုးရမှ အငှားချထားပေးသော အိမ်ရာပေါင်း တစ်သောင်းနှစ် ထောင်ခန့်ရှိပြီး ယင်းအိမ်ရာများ မှာ အစိုးရဝန်ထမ်းအပြင် အများ ပြည်သူသို့လည်း ချထားပေးထား ခြင်းဖြစ်ကြောင်း အထက်ပါ အရာ ရှိထံမှ သိရသည်။
အခြားမြို့ကြီးများတွင် အစိုး ရဝန်ထမ်းနယ်ပြောင်း၊ ရွှေ့ပြောင်း ဝန်ထမ်းဦးရေ လေးသောင်းကျော် ရှိသော်လည်း လက်ရှိအချိန်အထိ အိုးအိမ်မှ အငှားချထားပေးနိုင် သော အိမ်ရာငါးထောင်ကျော်သာ ရှိသေးသည်ဟု၎င်းကပြောသည်။
''လောလောဆယ်မှာ ရွှေ့ ပြောင်းဝန်ထမ်းအကုန်လုံးကို မပေး နိုင်သေးပါဘူး။ နယ်တွေကအစိုးရ ဝန်ထမ်းတွေကို အငှားချအိမ်ရာ တွေပေးနိုင်ဖို့အတွက်လည်း Plan ဆွဲနေပါတယ်''ဟု ၄င်းက ဆက် လက် ပြောသည်။
အစိုးရက အငှားချထားပေး သည့် အိမ်ရာများအတွက် ငှားရမ်း ခကိုမူ ဆောက်လုပ်သည့် ခုနှစ်၏ ကုန်ကျစရိတ်ပေါ်မူတည်၍ အရင်း ကျေစေရန် တွက်ချက်ကောက်ခံ ခြင်းဖြစ်ပြီး အများပြည်သူအား ငှားရမ်းဖြစ်ပါကအိမ်ငှား ဦးစီးသက် ရှိထင်ရှားရှိသည်အထိ အငှားချ ထားပေးကြောင်း၊ အစိုးရဝန်ထမ်း ဖြစ်ပါက ယင်းမြို့နယ်တွင် တာဝန် ထမ်းဆောင်စဉ်ကာလအထိအငှား ချထားပေးကြောင်း မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရ သည်။
''အစိုးရဝန်ထမ်းဆိုရင်တော့ အိမ်ငှားခကို လစာရဲ့ ၁ဝ ရာခိုင် နှုန်းကောက်ခံပါတယ်''ဟု ၄င်းက လက်ရှိ ငှားရမ်းခ ကောက်ခံနေမှု စနစ်ကို ပြောသည်။
အစိုးရ ဝန်ထမ်းများအနေ ဖြင့် နိုင်ငံတော်မှ ငှားယူထားသည့် အိမ်ရာကို နယ်ပြောင်း၍ တာဝန် ထမ်းဆောင်ခြင်းနှင့် အလုပ်မှ ထုတ်ပယ်ခံရခြင်းဖြစ်ပါက နှစ်လ အတွင်း ပြန်လည်အပ်နှံရမည်ဖြစ် ပြီး သေဆုံးခြင်းနှင့် အငြိမ်းစားယူ ခြင်းဖြစ်ပါက လေးလအတွင်း ပြန် လည်အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။
KIA တပ်မဟာ(၁)မှ အမျိုးသမီး ၇ ဦး တပ်မတော်နှင့် လာရောက် ပူးပေါင်း
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် KIA တပ်မဟာ(၁)မှ အမျိုးသမီး ၇ ဦးသည် နီးစပ်ရာ တပ်စခန်းသို့ လာရောက် ပူးပေါင်းကာ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ ကြောင်း သိရသည်။
၎င်းတို့၏ ပြောပြချက်အရ KIA အတွင်း အမျိုးသမီးများသည် တန်းတူ ညီမျှသော အခွင့်အရေး များ မရရှိခြင်း၊ အနိုင်ကျင့် ခံရခြင်းများ ကြောင့် ဖြစ်ကြောင်း၊ ထို့ပြင် KIA ခေါင်းဆောင်များ အနေဖြင့် အမျိုးသမီးငယ် များအား ၄င်းတို့ စိတ်ကြိုက် ရွေးချယ်ပြီး ၄င်းတို့၏ အနားတွင် အဖျော်ဖြေခံ ကာမ ကျေးကျွန်း များအဖြစ် ထားရှိကာ ကျန် ကလေးမိခင်များ၊ တစ်ခုလပ် မုဆိုးမ များအား တိုက်ပွဲ ဖြစ်ပွားရာ ရှေ့တန်းစစ်မျက်နှာ များသို့ စေလွှတ်ကာ အသေခံ တိုက်ခိုက်စေခြင်း များကြောင့် ဖြစ်ကြောင်း၊ ၄င်းတို့ အနေဖြင့် အဆိုပါ လုပ်ရပ်များကို မခံမရပ်နိုင်၍ ယခုလို လာရောက်ရခြင်း ဖြစ်ကြောင်း၊ မိမိတို့ အမျိုးသမီး ၇ ဦးတွင် လည်း အပျိုစင် တစ်ဦးမှ မပါရှိဘဲ ကလေးအမေ၊ တစ်ခုလပ် မုဆိုးမများသာ ဖြစ်ပါကြောင်း ရင်ဖွင့် ပြောကြား ကြသည်။
၎င်းတို့နှင့် အတူ အမ်(၂၂) ၂ လက်၊ ၄င်းကျည် ၁၂၀ တောင့်၊ ကျည်အိမ် ၆ ခု။ အမ်(၂၁) ၁ လက်၊ ၄င်းကျည် ၄၀ တောင့်၊ ကျည်အိမ် ၃ ခု၊ တရုတ် လက်ပစ်ဗုံး ၃ လုံး၊ လမ်းလျှောက် စကားပြောစက် ၁ လုံး တို့ ပါရှိကြောင်း သိရှိရသည်။
(စင်္ကာပူဖီး)
ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်
ကျောက်ကပ်ဝေဒနာ ခံစားနေရသူများမှာ လူလည်းပင်ပန်း၊ ငွေကြေး ကုန်ကျ မှု များပြားသော ရောဂါ တစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍ ချမ်းသာသော သူပင် ဒေ၀ါလီ ခံရသော ရောဂါပါ ။ ကျောက်ကပ် ဆေးနေရ သူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။ အချိန်အခိုက် အတန့် တခုသာ ထိန်းထား နိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။ လဲလှယ်နိုင်မှ သာ အသက် ဆက်နိုင်ပါသည်။ လဲဖို့ စားရိတ် ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။ ထို့ကြောင့် ကျောက်ကပ် ဝေဒနာ သည်များ အောက်ပါ အတိုင်း ဆောင်ရွက် ကြည့်ပါ။ ဖြစ်ခါစတွင် ပျောက်ကင်း၍ နာတာရှည် ခံစား နေရသူများ သက်သာပြီး ကျောက်ကပ် ဆေးနေရသူများ အကြိမ်ရေ လျော့ပါး လာစေရ ပါမည်ဟု လုံးဝအာမခံပါသည်။
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။ စရိတ် သက်သာ အကုန် အကျနည်း၍ လုံးဝ အထင် မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီး နေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။ အနောက် နိုင်ငံများတွင် ပင် ဘေးထွက်ဆိုးကျိုး များပြားလာသည့် အနောက်တိုင်း ဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ ထုတ်ယူ သောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။
မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှ ဆေးများ ကမ္ဘာတွင် နာမည်ရနေပါပြီ။
ယခုတင်ပြသော ဆေးနည်းမှာ ကျွန်တော်တို့ မိသားစု ဘိုးစဉ် ဘောင်ဆက် သုံးစွဲခဲ့သော နည်းပါ။
၁။ ကျောက်ဖရုံသီး ဟင်းချိုကို နေ့စဉ် သောက်ပေးပါ။ ( အသား၊ ငါး မရော ပါနှင့်၊ ရောဂါမရှိသေး သူများ သောက်ပါက ဆီးကောင်းစေပြီး၊ ယောက်ျား များ အတွက် ယောက်ျား ပီသစေပါသည်)
၂။ တရုတ် နံနံပင် ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။ လဖက်ခြောက် ခပ်၍ ရေနွေး သောက်သလို သောက်ပါ။ အဖတ်ဝါးစားပါ။ ညနေစာစားပြီး နာရီဝက်ခန့် ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့် ဝေးပါစေ။ သွေးတိုးပါ ကျစေသဖြင့် မျက်လုံး ကြောင်တတ်ပါသည်။ ည ခုနစ်နာရီဆိုလျင် သင့်ပါ သည်။
၃။ ကျောက်ကပ်ကြောင့် အသည်းအသန် အောင့်နေသူများ ကျောက်ဖရုံ သီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့် ကပ်၍ စည်းထားပါ။ ဖြေးဖြေးသက်သာ လာပါမည်။
၎။ ရေပူစမ်းနှင့် နီးပါက တပါတ်တစ်ကြိမ် ချိုးပါ၊ မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။
သုံးလ အနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ ကျောက်ကပ် ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကို တွေ့ရပါမည်။
ပျောက်ကင်း သက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ ယနေ့ အချိန်အထိတော့ လာရောက် ကျေးဇူး တင်သူသာ ရှိပါသေးသည်။ သက်သာကြသူသာ တွေ့ရသဖြင့် အများ အသုံးချနိုင်စေရန် အင်တာနက် စာမျက်နှာပေါ် တင်လိုက်ရပါသည်။
Sandar Laynyuntmg ဒီကယူပါတယ်။
သမီးလေး စစ်လွန်းဝတီထက်ရဲ့ ၂နှစ်ပြည့်မွေးနေ့မှာ ဘဝရဲ့ တန်ဖိုးရှိတဲ့အရာတွေ ရရှိသွားသူ ထက်ထက်မိုးဦး
ဇန်နဝါရီလ ၁၁မနက် ၁ဝနာရီမှာ ဓမ္မဝိဟာရကျောင်းတိုက်မှာ အလှူတစ်ခုရှိတာကြောင့် ပေါ်ပြူလာဂျာ နယ်မှ သွားရောက် သတင်းယူခဲ့ပါ တယ်။ အဲဒီအလှူကတော့ ထူး ထူးခြားခြား ပရိသတ်တွေရဲ့အချစ်တော် သမီးလေးစစ်လွန်းဝတီထက် ရဲ့ မွေး နေ့အလှူပဲဖြစ်ပါတယ်။ စစ်လွန်းလေး ၂နှစ်ပြည့်မွေးနေ့ပါ။ သူတအား ပျော်တယ်။ ဓမ္မ ဝိဟာရ ကျောင်းတိုက်က သာသနာ့ ဂုဏ်ရည်သိမ်တော် အဆောင်ထဲဝင်လာကတည်းက လက်ကလေးပြပြီး ဝှေ့ယမ်းနှုတ်ဆက်တာတွေ့တော့ အရွယ်နဲ့ မလိုက်အောင် သိ တတ်လိုက်တာ။ မိဘတွေ ဘုရားဝတ်ပြုဖို့ ရှေ့ မှာ နေရာယူသလိုပဲ သူလည်းရှေ့ဆုံးမှာထိုင်ပြီး လက်အုပ်ချီတာ ကလည်း အံ့မခန်းပါပဲ။ ဘုရားကို လက်အုပ်ချီ ကန်တော့ ပြီး လှူဖွယ်ပစ္စည်းဝတ္ထုများကို ကိုယ်တိုင်ကပ်လှူခဲ့သလို၊ ရေစက်ချ အမျှဝေတဲ့အခါမှာလည်း ၂နှစ်သမီးလေးက အဖေ၊ အမေတွေနဲ့ အတူရေစက်ချ အလှူပြုခဲ့ပုံကလည်း မြင်သူတိုင်း စိတ်အေးချမ်းစရာပါပဲ။ သံဃာ များကို လှူဖွယ်ပစ္စည်း၊ ဝတ္ထုကပ်၊ ရေ စက်ချအမျှဝေ၊ ဆွမ်းကပ်ပြီးချိန်မှာ တော့ စစ်လွန်းလေးက မေမေ ထက်ထက်မိုးဦးနဲ့ ဖေဖေ ဇူးမြတ်ထက်တို့နဲ့ အတူ ဘုန်းကြီးအပါး ၁ဝ၆ပါးကို ဆွမ်းကပ်လှူဒါန်းခဲ့သလို ကျောင်းမှ ကလေး ၂၇ဝဦး တို့ကိုလည်း ထမင်းနဲ့ မုန့်ငါးမျိုးကို လှူဒါန်းခဲ့ပါတယ်။
လှူဖွယ်ပစ္စည်းများကို သမီးလေး စစ်လွန်းဝတီထက်က ကိုယ်တိုင်ပါ ဝင်ခဲ့ပုံကတော့ မိဘနှစ်ပါး သာမက သံဃာတော်များရော၊ ဧည့်သည် တော်များပါ အံ့သြစရာဖြစ်ခဲ့ရပါ တယ်။ အလှူပြီးတဲ့အခါ မှာတော့ ကျောင်းဆောင်ဝင်းကြီးထဲမှာ သမီးလေးစစ်လွန်းဝတီထက်က အိုက်တင်ပေးဓာတ်ပုံ အရိုက်ခံတာလည်း ထက်ထက်မိုးဦး အရှုံးပေးရ လောက်ပါတယ်။ မွေးနေ့ရှင်ထက် ရွှင်မြူးပြုံး ပျော်နေတဲ့ မိဘနှစ်ပါးကတော့ ပြည်သူချစ် အကယ်ဒမီထက်ထက်မိုးဦး နှင့်အဆိုတော်သရုပ်ဆောင် ဇူးမြတ်ထက် တို့ပါပဲ။
နက်ရှိုင်းလှသည့် မိဘမေတ္တာနှင့် သမီးလေးမွေးနေ့အပျော်
“ဒီ၂နှစ်အတွင်းမှာ ထက်ထက် သမီးကို ကိုယ်တိုင်ထိန်းတယ်။ ဘာလိုလိုနဲ့ ၂နှစ်တောင်ရှိလာပြီလေ။ အခုဆို ဖေ့ဘုတ်စ်စာမျက်နှာပေါ်မှာလည်း ထက်ထက်မိုးဦးက ဒုတိယနေရာ ရောက်နေတယ်။ စစ်လွန်းကပဲ ပထမဖြစ်နေတယ်။ အခုစစ်လွန်းလေး စကားတအားတတ်လာပြီ။ တစ်နေကုန်ပြောလိုက်တဲ့ စကားတွေကလည်း ပါးစပ် မညောင်းနိုင်အောင်ပဲ။ အရင်က အိမ်မှာ သူမရှိခင်ကတော့ မွဲခြောက်ခြောက်နဲ့ အခုတော့ ဆူညံနေတော့တာပဲ။ ခဏနေပြောရ ပြီ။ ခဏနေအော်ရပြီ။ လှေကားဆိုလည်း တက်လိုက် ဆင်းလိုက်။ သြော် အမေကတော့ သူပြုတ်ကျမှာစိုးလို့ ပြောလိုက်အော်လိုက် သူကတော့ လုပ်နေတာပဲ။ ထက်ထက်က ကိုယ့်သားသမီးကို လိမ္မာစေချင်တယ်။ အဲဒါကြောင့် အခုကတည်းကိုက သင်ပေးတာ။ ထက်ထက်မျက်နှာကို သူ တအားအကဲခတ်တာ တော်တာ။ အမေမကြိုက်ရင် ချက်ချင်းကိုပြောင်းတာ။ လေသံမာမာလေး မပြောဘူး။ ပြောရင် တစ်ခုခု ကြည့်လိုက်တာနဲ့ အဲသူ့လေသံက “ဟုတ်ကဲ့ပါ” ဆိုပြီး ပျော့ပျော့လေး ဖြစ်သွားတာ။ အမေကို တအား အကဲခတ်တာ တော်တယ်။ အရွယ် နဲ့ မလိုက်အောင် လိမ္မာတာ။ မိဘမေတ္တာဆိုတဲ့ စကားလေးနဲ့ပဲ ကိုယ့်ဘဝတစ်ခုလုံး ဘယ်အတိုင်းအတာအထိ နက်ရှိုင်းတယ်ဆိုတာကို ပြောမပြတတ်ဘူး။ ဒါပေမဲ့ ကိုယ်တိုင် ကိုယ်ကျ ရင်ဆိုင်လာရတဲ့ အခါမှ ဘယ်လောက်ထိ နက်ရှိုင်းပြီး လေးနက်လဲဆိုတာကို ပိုသိလာတယ်။ သမီးလေးကိုလည်း ဘယ်လောက်ထိ ချစ်လဲ၊ ပြောမပြ တတ်နိုင်အောင်ကို ချစ်ပါတယ်။ အခြားသား၊သမီးတွေ ကိုလည်း ကိုယ့်မိဘတွေရဲ့ မေတ္တာကို နားလည်စေချင်တယ်။ တချို့က အလိုလိုက်တော့ မိဘရဲ့မေတ္တာကို ချစ်လို့ပဲ ဆိုးဆိုး၊နွဲ့ဆိုးပဲဆိုးဆိုးမိဘရဲ့ မေတ္တာ ကိုတော့ သိစေချင်တယ်”။
တစ်ငါးလုံးဆုံတဲ့နေ့မှာမွေးတဲ့ သမီးလေးအတွက် မိခင်ရဲ့ အနာ ဂတ်မျှော်လင့်ချက် “မိဘတွေက သားသမီးအပေါ်မှာ အချိန်တိုင်း စိတ်မောနေရတယ် ဆိုတာကိုလည်းသိစေချင်တယ်။ အခု ထက်ထက်ဆိုလည်း အချိန်ပြည့်သူ့ အတွက်ပဲ စဉ်းစားနေရတယ်။ ဇာတ် ကား ရိုက်ကူးမှုတောင် ထက်ထက် မလုပ်နိုင်သေးဘူး။ ဒါတွေက နောက် မှပဲ တွေးတာ။ တစ်ချိန်က ထက်ထက် မိုးဦးဟာ အလုပ်ကို ရင်နစ်နေအောင် လုပ်ပြီးပြီ။ ငွေကိုလည်း ရှာခဲ့ပြီးပြီ။ ပင်လည်းပင်ပန်းခဲ့ပြီးပြီ။ အောင်မြင်ကျော်ကြားမှုလည်း ပိုင်ဆိုင်ဖူးခဲ့ပြီ။ အခုတော့ သမီးလေးအတွက်ပဲ အချိန်ကို သုံးတော့မယ်။ ထူးခြားတာ တစ်ခုက ထက်ထက်သူ့ကို ကိုယ်ဝန်ဆောင်တုန်းက ကုန်းအမြင့်ပေါ်မှာ ဆင်ကို အိပ်မက်မက်တယ်။ အဲဒီအိပ်မက်မက်ပြီး မကြာဘူး။ ထက်ထက်သူ့ကို ကိုယ် ဝန်ဆောင် ထားမှန်း သိတယ်။ ဗိုက်ကြီးတဲ့ကာလ တစ်လျှောက်လုံးမှာလည်း စားလို့ကောင်းအိပ်လို့ ကောင်းနေတာ။ သူ့ကိုမွေးပြီး မကြာဘူး။ ကမ္ဘာအေးလမ်းပေါ်မှာ ကားအကြီး အကျယ် တိုက်တာ။ ဒါပေမဲ့ ဘာမှ မဖြစ်ဘူး။ ထူးခြားတယ်။ တစ်ငါးလုံးဆုံတဲ့နေ့မှာ မွေးခဲ့တဲ့ သမီးလေး ရဲ့ ၂နှစ်ပြည့်မှာ ထူးထူးခြားခြား လုပ်ပေးတာ မလုပ်ပေးတာက အဓိကမဟုတ်ပါဘူး။ ထက်ထက်စိတ်ထဲမှာတော့ သိလာရတာက ဘာလဲဆိုရင် သြော်..စစ်လွန်းလေး၊ ငါ့ သမီးလေး မနက်ဖြန်ဆို ၂နှစ်ပြည့်တော့မယ်။ မွေးခါနီးတစ် ရက်အလိုတုန်းက ငါဘယ်လိုခံစားနေတာ။ နေမထိထိုင်မသာဖြစ်ပြီး အိပ်လို့လည်း မပျော်၊ ရေလည်း မသောက်ရတော့ဘူး။ မနက်ဖြန်ဆို ခွဲစိတ်ခန်း ဝင်ရတော့မယ်။ မမွေးခင်ကြိုတင် ပြင်ဆင်တာတွေတော့ ပရိသတ်ကြီးတွေရေ ပြောမနေပါနဲ့တော့။ ကိုယ်ဝန်ဆောင်တုန်းကဆိုလည်း သွားသတိ၊လာသတိ၊ အခုမွေးခါနီးလည်း ဂရုစိုက် နေရပြီး၊ မွေးပြီးတော့လည်း ပိုဂရုစိုက်လေရောပဲ။ဘာပဲပြောပြော အခုကျတော့လည်း ၂နှစ်ပြည့်ပြီး ချစ်စရာအမူအရာတွေကလည်း တစ်အိမ် လုံးကို လွှမ်းမိုးထားတာပဲ။ သူ့အသံတွေကြောင့် အိမ်ကစိုပြည်ပြီး ပျော်စရာကောင်းလာတာလေ။ အသက်ကလေး တစ်နှစ်ရလာတိုင်း၊ ရလာတိုင်း ထက်ထက်က ဆုတောင်းပေးပါတယ်။ လိမ္မာယဉ်ကျေးပြီး စိတ်ရွှင်လန်းတက် ကြွစွာနဲ့ ပညာတွေအများကြီးသင်နိုင် ပြီး မိဘ၊ဆရာသမား၊ ဘုရား၊တရား၊ သံဃာတွေကို ဦးထိပ်ထားပြီး လူ တော်လူကောင်းလေး ဖြစ်ပါစေလို့ ပေါ့။ လိမ္မာအောင်လို့လည်း အခုကတည်းက ထက်ထက်လမ်းညွှန်ပေးတယ်။ သွန်သင်ဆုံးမပေးတယ်။ အရွယ်နဲ့ မလိုက်အောင်လည်း နားလည်တတ်တယ် ရှင့်။ အမေဘာလုပ်လုပ် အတုလိုက်ခိုးနေတာ။ ဘုရားရှိခိုးတာက အစပေါ့။ ညအိပ်ရာဝင်ခါနီးတိုင်း ဘယ်သူမှ မသင်ပေးဘူး။ အဖေနဲ့ အမေကို ကန်တော့တယ်။ တအား လိမ္မာတယ်။ မေမေ့ကို ချစ်လားလို့ မေးရင် ချစ်တယ်တဲ့။ ပါပါးရောချစ်လားလို့မေးရင် အတူတူပဲမသင်ပေး တတ်တာလေ။ တအားချစ်ဖို့ကောင်းတယ်”
မိခင်ကောင်း၊အိမ်ရှင်မကောင်း ဖြစ်ချင် စိတ်နှင့် တန်ဖိုးအရှိဆုံးအရာသမီး လေး “အခုသူတတ်တဲ့စကားက ပေးဘူး၊သွားဘူး၊ချစ်ဘူး၊ ကျွေးဘူး၊ ဒီ စကားတွေ။သူတတ်သမျှ စကားတွေ တစ်နေကုန်ပြောတာမမောဘူး။ အခု အမေ၊ အဖေအတုခိုးတဲ့ အရွယ်လေးဆိုတော့ ကိုယ်ကလည်း ကျန်းမာအောင်နေရမယ်။ သူ့ကိုလည်း ပိုဂရုစိုက်ရတယ်။ ကိုယ်ကလည်းနေတတ်ရမယ်။ ဒါမှ သူ့ကို ဆိုဆုံးမလို့ ရမယ်။ လူကြီးတွေ က တစ်ဆင့် ကိုယ့်ကိုပြောပြတယ်။ ကိုယ်ကလည်း အနန္တဂိုဏ်းဝင်ဖြစ်လာပြီဆိုတော့ အစစအရာရာကို ဂရုစိုက်ရတာပေါ့။ ထက်ထက်မိုးဦး၊ အိမ်ရှင်မကြီး ကလေးထိန်း တာ ခုဆို ၂နှစ်ပြည့်ပြီ။ ခုဆိုပိုပြီး စကားပြော နေရပြီ။ အော် နေရပြီ။ နောက်နှစ်ဆို ပိုပြီးတော့များ အော်ရမလား မသိဘူး။ ပရိသတ်ကြီးတွေ အားပေး စကားကြောင့်လည်း အခု တော်တော်လေးဝိတ်ချနိုင်ပါ ပြီ။
ထက်ထက်မိုးဦး တစ်ယောက် စစ်လွန်းဝတီထက် အလုပ်တွေနဲ့ပဲ အလုပ်ရှုတ်နေလို့ ကိုယ့်အလုပ်တောင် ပြန်မလုပ်နိုင်သေးဘူး။ လိမ္မာပြီးစကား တတ်လွန်းတယ်။ သမီးလေးကို ပိုင်ဆိုင်ရတာ ထက်ထက်နဲ့ကိုဇူးတို့ အတွက် ဘာနဲ့မှတန်ဖိုးဖြတ်လို့မရပါဘူး။ ထက်ထက် အလှူမှာသမီးလေးက သူ့လက်နဲ့ မထိတဲ့အလှူပစ္စည်း၊ ဝတ္ထု တစ်ခုမှ မလွတ်တဲ့အတွက် သူ့ဘဝ အေးချမ်းပြီး ကျန်းမာပါစေ။ လှူရတဲ့ အကျိုးကြောင့် မိဘပြည်သူ ပရိသတ်တွေပေါ်မှာလည်း ထပ်တူကျပါစေလို့ ဆုတောင်းပေးပါ တယ်။ ထက်ထက်တို့ မိသားစုအလှူ အပြီး အိမ်အပြန် မှာတော့သမီးလေး စစ်လွန်းဝတီထက်က ဘုန်းဘုန်းတွေ၊ ကိုရင်လေးတွေ၊ ကျောင်းသူ ကျောင်းသားလေးတွေကို လက်ပြနှုတ်ဆက်ခဲ့တယ်။ ထက်ထက် ရင်ထဲမှာ တအား ပျော်ပြီး ပီတိ ဖြစ်တယ်။ ထက်ထက်မိုးဦးနဲ့ ဇူးမြတ်ထက်တို့ဘဝမှာ စစ်လွန်းဝတီထက်က တန်ဖိုးအရှိဆုံးပါ။ ဒီနေ့ ထက်ထက်တို့ မိသားစု အလှူကမကြီးပေမယ့် လှူခွင့်ရတာပျော်တယ်။ ထက်ထက် နောင်လည်း ထပ်လှူမှာပါ။ မိခင်ကောင်း အိမ်ရှင်မကောင်း တစ်ယောက်အနေနဲ့ ထက်ထက် သမီးနဲ့ ထက်ထက်ခင်ပွန်းပေါ်မှာ ဘဝကုန်ဆုံးတဲ့အထိ သူတို့နဲ့အတူ နေသွားပါ့မယ်။ ထက်ထက်တို့ မိသားစုလှူလို့ ရတဲ့အကျိုးတွေ ထပ်တူ ပရိသတ်တွေ လည်းရပါစေ”လို့ မိခင်ဖြစ်သူ ထက်ထက်မိုးဦးက ပေါ်ပြူလာဂျာနယ်ကို သူ့ ရင်တွင်းခံစားချက်များ ပြောကြားပေးခဲ့ပါတယ်။
ပေါ်ပြူလာ

ဒီချုပ် နှင့် ဒေါ်အောင်ဆန်းစုကြည် သို့ ပန်ကြားချက်
ကချင်ပြည်နယ်ထဲက စစ်ပွဲကိစ္စတွေနဲ့ပတ်သက်ပြီး “ဝင်ရောက်ဖြေရှင်းနိုင်တဲ့အခြေအနေရှိပါသလား” ဆိုသည့် မေးခွန်းကို (RFA) သတင်းဌာနက ပုံမှန်အစီအစဉ်တစ်ခုမှာမေးတော့ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “အစိုးရဘက်က လုံးဝ ဖိတ်ခေါ်ခြင်း မရှိပါဘူး” လို့ဖြေသွားတာ နားထောင်လိုက်ရပါသည်။ ယင်းအမေးအဖြေကို ဒီလှိုင်းစာစောင် အတွဲ၂၊ အမှတ် (၁) ၊ စာမျက်နှာ ၂၃ တွင် အပြည့်အစုံ ဖေါ်ပြထားပါသည်။
(ဗိုလ်)ဦးသိန်းစိန်အစိုးရကမဖိတ်ခေါ်သည်ကို ဒီအတိုင်းလက်ပိုက်ကြည့်နေတော့မှာလား။
မဖိတ်ခေါ်သေးသမျှ ယခုလို ရေငုံနှုတ်ပိတ်နေတော့မှာလား။
ခွင့်မပြုသဖြင့်/ခွင့်မပြုသေးသဖြင့် ဝင်ရောက်နိုင်ခြင်းမရှိဘူး၊ ပြောဆိုနိုင်ခြင်းမရှိပါဟု ပြောဆိုနေသည်မှာ လုံးဝသဘာဝမကျပါ။ နိုင်ငံရေးပါတီတစ်ခုသည် ၊ နိုင်ငံရေးခေါင်းဆောင်တစ်ဦးသည်၊ ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ဖိတ်ခေါ်ချက်ရှိမှသာ/ ခွင့်ပြုချက်ရရှိမှသာ ပြည်သူ့အရေး/နိုင်ငံ့အရေးကိစ္စများတွင် ပြောဆိုခွင့်/ပါဝင်ဖြေရှင်းလုပ်ဆောင်နိုင်ခွင့်ရမည်လော။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တာဝန်သိမှုဖြင့် ဝင်ရောက်ပြောဆိုခဲ့ဖူးသော သာဓကတွေရှိခဲ့ဖူးပါသည်။
တရားဝင်ပါတီအဖြစ် မှတ်ပုံမတင်မီကတစ်ကြိမ်နဲ့ပါတီမှတ်ပုံတင်၊ ကြားဖြတ်ရွေးကောက်ပွဲ ပြီးနောက် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီဥက္ကဋ္ဌတစ်ဦးအနေဖြင့် တစ်ကြိမ် သဘောထားအမြင်ထုတ်ပြန်ခဲ့ဖူးပါသည်။
၁။ ဒုတိယအကြိမ်ပါတီမှတ်ပုံတင်ခြင်းမပြုမီ ၂၀၁၁ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လက်မှတ် ရေးထိုးပြီး “သမ္မတဦးသိန်းစိန်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တပ်မတော် (SSA)” တို့ထံလိပ်မူပြီး “အိတ်ဖွင့်ပေးစာ” တစ်စောင်ပေးပို့ခဲ့ပါသည်။
ဒီချုပ်ပါတီသည် ၂၀၁၂ ဇန်နဝါရီလ ၅ ရက်နေ့ တွင် မှတ်ပုံတင်အမှတ် ၄၇ ဖြင့် တရားဝင်နိုင်ငံရေးပါတီဖြစ်လာပါသည်။
၂။ ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်စွဲဖြင့် “ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်အချို့နှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့၏သဘောထားထုတ် ပြန်ကြေညာချက် ” ထုတ်ပြန်ခဲ့ဖူးပါသည်။
“အိတ်ဖွင့်ပေးစာ”နှင့်“ထုတ်ပြန်ကြေညာချက်” သည် ဒီချုပ်ပါတီ အနေဖြင့်ထုတ်ပြန်ခဲ့ခြင်းမဟုတ်ပါ
“အိတ်ဖွင့်ပေးစာ”သည်ပုဂ္ဂိုလ်ရေးတစ်ဦးချင်းဆန်ဆန်ထုတ်ပြန်ခဲ့တာဖြစ်ပြီး။“ထုတ်ပြန်ကြေညာချက်”မှာလွှတ်တော် ကော်မတီ တစ်ရပ်၏ဥက္ကဋ္ဌတစ်ဦးအနေဖြင့် ထုတ်ပြန်ခဲ့ခြင်းသာဖြစ်သည်။
ကချင်တိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသားပြည်သူများမှာ “ဒီချုပ် ”နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ထံမှ သဘောထား အမြင်နှင့် ပြောစကားကို လိုလား၊အားထား၊အလေးထား နားစွင့်နေကြပါသည်။
သို့သော်လည်း မည်သည့်အသံကိုမျှမကြားရ၊ ဒီချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည် ရက်စက်သော တိတ်ဆိတ်ခြင်း ကို ဆောင်မြဲတိုင်းဆောင်နေပါသည်။
ယခုအခါ ကချင်ပြည်နယ်တွင်းဖြစ်ပွားနေသော စစ်ပွဲသည် ပို၍ပို၍ ရက်စက်ပြင်းထန်လာနေပါသည်။ အပြစ်မဲ့အရပ်သားများ ထိခိုက် သေကြေဒဏ်ရာရမှုမြင့်မားလာနေပါသည်။ နှစ်ဖက်အကျအဆုံးနှင့်သုံ့ပန်းများလည်းရာဂဏန်း၊ ဆယ်ဂဏန်းပမာဏမျှရှိလာနေပါ သည်။ စစ်တပ်အနေဖြင့် မြေပြင်၊ ဝေဟင်မှနေ၍ မီးကုန်ယမ်းကုန်စစ်ဆင်နေသည်ကို ကြားသိနေရပါသည်။ ရဟတ်ယာဉ်တစ်စင်း ပျက် ကျပြီး၊ ရဟတ်ယာဉ်ပေါ်ပါသော အရာရှိ၂ ဦးနှင့် တပ်ကြပ်တစ်ဦး သေကျခဲ့ရပါသည်။ (KIA)မှတံတားနှင့် မီးရထားလမ်းဖောက်ခွဲဖျက်ဆီး မှုသတင်းများသတင်းစာများတွင်ဖတ်နေရပါသည်။
သမ္မတ (ဗိုလ်) ဦးသိန်းစိန်၏ စစ်တပ်သို့ ပေးပို့သော ညွန်ကြားချက်သည် မည်သည့်အကျိုးသက်ရောက်မှုမျှမရှိချေ။ အကျိုး သက်ရောက် မှုမရှိကြောင်း စစ်တပ်၏ မြေပြင်ဝေဟင်ထိုးစစ်ဆင်နေသည့်ဖြစ်ရပ်များက သက်သေပင်။
သို့အတွက် “ဒီချုပ်” အနေဖြင့်သော်လည်းကောင်း၊ ဒီမိုကရေစီခေါင်းဆောင်တစ်ဦးအနေဖြင့်သော်လည်းကောင်း ကချင်ပြည် နယ်မှ တိုင်းရင်းသားပြည်သူများအတိဒုက္ခ လက်ငင်းကြုံတွေ့နေရမှုမှယာယီအားဖြင့်ဖြစ်စေ၊ စိတ်သက်သာရာ ရစိမ့်သောငှာ ကြေညာချက် တစ်ရပ် သို့မဟုတ် သဘောထားအမြင်တစ်ခု ထုတ်ဖေါ်၍ပြောဆိုစေချင်သောဆန္ဒ တိုင်းရင်းသားပြည်သူများတွင် အပြည့်အဝ ကိုယ်စီကိုယ်ငှ ရှိနေကြပါတယ်။ နွေးထွေးသော ဖေးမကူညီမှုကို စောင့်စားမျှော်လင့်နေကြပါသည်။
၂၀၀၈အခြေခံဥပဒေဘောင်ထဲက နိုင်ငံရေးပါတီတစ်ခု၏ အခြေအနေ၊ အထင်ကရနိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦး၏ နိုင်ငံ ရေး မှာပါဝင်ဆောင်ရွက်နိုင်မှု၊ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ၏ပြောရေးဆိုခွင့်သည်ကြပ်တည်းကျဉ်းမြောင်းလွန်းလှပါသည်။
ဖိတ်ခေါ်ချက်ရှိမှ နိုင်ငံရေးတွင်ပါဝင်လုပ်ရမည့်ဘဝ၊ ပြောဆိုနိုင်မည့်ဘဝ ဖြစ်နေပါသည်။
(ဗိုလ်)ဦးသိန်းစိန်အစိုးရက ဖိတ်ခေါ်မှ ဝင်ရောက်လုပ်ပိုင်ခွင့်ရှိသောနိုင်ငံရေးကို ကျနော်တို့ ပြတ်ပြတ်သားသား ဆန့်ကျင် ကန့် ကွက်ပါသည်။ (ဗိုလ်)ဦးသိန်းစိန်အစိုးရက ဖိတ်ခေါ်မှ ပြောရေးဆိုခွင့်ရှိသော ဒီမိုကရေစီအခွင့်အရေးကို ကျနော်တို့ ဝေဖန်ပြစ်တင်ရှုံ့ချ ပါသည်။
တရားဝင်နိုင်ငံရေးပါတီတစ်ခုသည် တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့မည်သည့်အရေးကိစ္စမှာမဆို မိမိပါတီရပ်တည်ချက်နဲ့ သဘော ထားအမြင်ကို လွတ်လပ်စွာ၊ ပွင့်လင်းစွာ၊ ပြောရေးဆိုပိုင်ခွင့်၊ လုပ်ကိုင်ဆောင်ရွက်နိုင်ခွင့် အပြည့်အဝရှိရပါမည်။ တိုင်းရင်းသား ပြည်သူ များ၏မျက်နှာမှလွဲ၍ မည်သူ့မျက်နှာကိုထောက်ထားနေကြရမည်နည်း။ မည်သူ့ခွင့်ပြုချက်၊ ဖိတ်ခေါ်ချက် ကိုစောင့်စားနေကြရမည်နည်း။
နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံရေးလုပ်ငန်းများတွင် လွတ်လပ်စွာ၊ အမှီခိုကင်းစွာ ပြောဆိုနိုင်ရမည်၊ လုပ်ဆောင်နိုင်ရမည်။ ပြောဆိုရဲရမည်၊ ပြောဆိုဝံ့ရပါမည်။ နိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦးသည် သူ၏ အမြင်နဲ့သဘောထားကို လွတ်လပ်အမှီခိုကင်းစွာပြောဆိုနိုင်ရမည်။ လုပ်ဆောင် နိုင်ရမည်။ ပြောဆိုရဲရမည်၊ ပြောဆိုဝံ့ရပါမည်။
ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် သူ၏ အမြင်နဲ့သဘောထားကို လွတ်လပ်စွာအမှီခိုကင်းစွာပြောဆိုနိုင်ရမည်၊ လုပ်ဆောင်နိုင်ရမည်။ ပြောဆိုရဲရမည်၊ ပြောဆိုဝံ့ရပါမည်။
http://moemaka.com/?p=31167
မန္တလေးတွင် HTC တရားဝင်အရောင်းဆိုင် စတင်ဖွင့်လှစ်
မန္တလေးမြို့(၂၆×၈၂လမ်းထောင့်)တွင် HTC တရားဝင်အရောင်းဆိုင်ကို ယနေ့(၁၅.၁.၂၀၁၃) စတင်ဖွင့်လှစ် ခဲ့ကြောင်းသိရသည်။
ပထမဆုံး HTC တရားဝင်အရောင်းဆိုင် စတင်ဖွင့်လှစ်သည့် အခမ်းအနားကို ရန်ကုန်မြို့တွင် ၁၄.၁.၂၀၁၃က ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ HTC တရားဝင်အရောင်းဆိုင်များတွင် ၀ယ်ယူရရှိနိုင်သော smartphoneများမှာ HTC Butterfly ၅၉၀၀၀၀ ကျပ် HTC One X+ ၅၂၉၀၀၀ ကျပ် HTC One X ၄၀၅၀၀၀ ကျပ် HTC Desire X ၂၄၆၀၀၀ ကျပ် HTC Desire VC ၂၄၉၀၀၀ ကျပ် HTC Desire C ၁၄၉၀၀၀ ကျပ် တို့ဖြစ်ကြောင်းလဲသိရသည်။
ဒီကပါ။
ဆရာလစာအတွက် တောင်ကြီးဒေသခံတို့ အိတ်စိုက်နေရ
တောင်ကြီးမြို့၊ အောင်သပြေရပ်က အမှတ်(၃) အလယ်တန်းကျောင်းမှာ ကိုးတန်း၊ ဆယ်တန်း စာသင်ခန်းတွေ ဖွင့်လှစ် သင်ကြားပေးနေတာ ဆယ်နှစ် ရှိပါပြီ။ သို့သော်လည်း တွဲဘက် အထက်တန်းကျောင်းအဆင့်ကို အစိုးရက တရားဝင် ပီပီပြင်ပြင် မသတ်မှတ်သေးပါဘူး။ ရလဒ်ကတော့ ကိုးတန်း၊ ဆယ်တန်းပြ ဆရာ ဆရာမများကို ပြင်ပက ငှားရမ်းနေရပြီး လစာကိုလည်း ကျောင်းသားမိဘများက ပေးနေရခြင်းပါပဲ။
ပြင်ပနေ ငှားပြီး ခန့်ထားတဲ့ ဆရာ၊ ဆရာမ အရေအတွက်က ( ၇) ဦးအထိ ရှိတယ်လို့ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်က ပြောပါတယ်။
ဆရာ/ဆရာမ လစာ - ကျပ် ၈၀,၀၀၀ ၀န်းကျင်
ကိုးတန်း၊ ဆယ်တန်း ကျောင်းသားတဦးထံမှ လစဉ် ကောက်ယူမှု - ကျပ် ၄,၀၀၀
လစဉ် ကျပ် ၄,၀၀၀ မပေးနိုင်သူ ကျောင်းသားမိဘ အများအပြားရှိကြောင်း၊ ယင်းအခက်အခဲများကို သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ တင်ပြထားသော်လည်း အကြောင်းပြန်ကြားစာ မရရှိသေးကြောင်း၊ အထက်တန်းကျောင်း အဆင့် တိုးပေးလျှင် ပြင်ပမှ ဆရာ၊ ဆရာမ ငှားရမ်းသည့်အတွက် ကုန်ကျငွေ တလ ကျပ် ၇ သိန်းခန့် သက်သာသွားမည်ဖြစ်ကြောင်း ဦးဇော်မြင့်က ရှင်းပြပါတယ်။
ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်
ဆရာ၊ ဆရာမ ငှားရမ်းခအတွက် ကိုးတန်း၊ ဆယ်တန်း ကလေးများထံမှ ငွေကောက်ခံဖို့ ကျောင်းကော်မတီဝင် မိဘများက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တယ် လို့ ဦးဇော်မြင့်က ဆက်ပြောပါတယ်။
တောင်ကြီးဒေသခံတို့ရဲ့ ၀န်ထုပ်ဝန်ပိုး ဘယ်ကာလများမှ သက်သာမယ် ဆိုတာကတော့ နေပြည်တော်က တာဝန်ရှိသူတု့ရဲ့ တုန့်ပြန်ချက်အပေါ် မူတည်နေပါတယ်။
ဒီကပါ။
KIA ဗဟိုဌာနချုပ်အနီး အစိုးရတပ် တိုက်လေယာဉ်များဖြင့် ထိုးစစ်ဆင်
ဗုံးခိုကျင်းအနီးတွင် ကချင် မိသားစုတစုကို ၂၀၁၂ ဒီဇင်ဘာ ၂၉ ရက်နေ့က တွေ့ရစဉ်
(ဓာတ်ပုံ – လဖိုင် / ဧရာဝတီ)
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဗဟိုဌာနချုပ် အခြေစိုက်ရာ လင်းဘွန်တောင်နှင့် အနီးရှိ ခါရာတောင်ကုန်းတို့ကို အစိုးရ တပ်များက တိုက်လေယာဉ်များ၊ ခြေလျင်တပ်ရင်းများ အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိကြောင်း စစ်မြေပြင် သတင်းများ အရသိရသည်။
ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၏ အနောက်မြောက်ဘက်တွင်ရှိသော ခါရာတောင်ကုန်းကို အစိုးရ တပ်ဘက်က ယနေ့ မနက်ပိုင်းတွင် ခြေလျင်တပ်ရင်းများဖြင့် စတင်တိုက်ခိုက်ပြီးနောက် မွန်းလွဲပိုင်းတွင် တိုက်လေယာဉ်များဖြင့်ပါ အရှိန်မြှင့် တိုက်ခိုက်ကြောင်း သိရသည်။
ယင်းသို့ တိုက်ခိုက်ရာတွင် လိုင်ဇာမြို့အထက် KIA ဗဟိုဌာနချုပ် အခြေစိုက်ရာ လင်းဘွန်တောင်ခြေကိုပါ ရောက်ရှိလာကြောင်း KIA နှင့် ပူးတွဲ တိုက်ပွဲဝင်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းမှ ဗိုလ်မှူး မင်းဌေးက ပြောသည်။
“မနက်ပိုင်းမှာ ခါရာတောင်ကို မြေပြင်ကနေ နှစ်ကြိမ်၊ သုံးကြိမ် စစ်တပ်က တက်ထိုးတယ်။ ကျနော်တို့ ဘက်က ပြန်ပြီးတော့ ခုခံတယ်။ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်မှာ တိုက်လေယာဉ် ၂ စီးနဲ့ ၃ ကြိမ်လာပြီး ဗုံးကြဲသွားတယ်။ အခုလိုင်ဇာမြို့ထဲကို လက်နက်ကြီးနဲ့ ပစ်တယ်။ ပစ်တဲ့ လက်နက်ကြီး ကျည်တွေက တရုတ်ဘက်ကမ်းကိုလည်း ကျနေတယ်၊ အခုလည်း ပစ်နေတုန်းပဲ” ဟု ဗိုလ်မှူး မင်းဌေးက ယနေ့ ညနေက ဧရာဝတီသို့ ပြောသည်။
KIA ဗဟိုဌာနချုပ်အနီးရှိ တောင်ကုန်းများကို သိမ်းပိုက်နိုင်ရေး အင်အားသုံး ထိုးစစ်ဆင်နေသည်ကို လိုင်ဇာ မြို့ခံများကလည်း မြင်တွေ့နေရသဖြင့် စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။
“ခါရာတောင်ကို သူတို့လုယူဖို့ ကြိုးစားနေတာလေ။ အဲဒါကြောင့် လက်နက်ကြီးနဲ့လည်း ပစ်တယ်၊ လေယာဉ်နဲ့လည်း ဗုံးကြဲတယ်၊ လေယာဉ်ပေါ်ကနေပြီးတော့လည်း စက်သေနတ်နဲ့လည်း ပစ်တယ်။ အဲဒီဘက်မှာနေတဲ့ လူတွေကတော့ ဒုက္ခသည်စခန်းကို ပြေးကုန်ပြီ။ ဒီနေ့တော့ ကျမတို့ လိုင်ဇာမြို့ထဲကို ပစ်တာမရှိသေးဘူး” ဟု လိုင်ဇာမြို့သူ တဦးက ဧရာဝတီသို့ ပြောသည်။
အစိုးရတပ်များသည် ယမန်နေ့က လိုင်ဇာမြို့ လူနေ ရပ်ကွက်များထဲသို့ လက်နက်ကြီးဖြင့် မနက်ပိုင်းနှင့် ညပိုင်း နှစ်ကြိမ် ပစ်ခတ်ခဲ့သဖြင့် အရပ်သား ၃ ဦး သေဆုံးပြီး စုစုပေါင်း ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း လိုင်ဇာမြို့ခံများနှင့် ယင်းနေရာကို ရောက်ရှိနေသည် ဧရာဝတီ သတင်းထောက်တို့က ပြောသည်။
အစိုးရတပ်များက KIA ကို ထိုးစစ်ဆင်ရာတွင် လက်နက်ကြီးများကိုပါ အသုံးပြုသဖြင့် ဒေသခံများမှာ ၎င်းတို့ လုံခြုံရေးအတွက် ဗုံးခိုကျင်းများကိုပါ အသုံးပြုနေကြပြီး အစိုးရတပ်များ ခါရာတောင်ကုန်းကို သိမ်းပိုက်ရန် လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်နေစဉ် မိုင်ဂျာယန် ဒုက္ခသည်စခန်းထဲတွင် တူးလက်စ ဗုံးခိုကျင်းထဲ ဝင်ကစားနေသည့် အသက် ၁၃ နှစ်အောက် အရွယ် ကလေး ၃ ဦး ကျင်းပြိုကျပြီး သေဆုံးသွားကြောင်း သိရသည်။
“တူးတဲ့လူကြီးတွေက ထမင်းစား နားနေတဲ့အချိန်မှာ ကျောင်းဆင်းချိန်လည်းဖြစ်တော့ အဲဒီ တူးလက်စ တွင်းထဲကို ဝင်ပြီးတော့ ဆော့နေချိန်မှာပဲ မမျှော်လင့်ဘဲ ပြိုကျပြီး ဆုံးသွားတာ။ ပြိုကျကျခြင်း သွားပြီးဖော်ထုတ်ကြတယ်၊ ဒါပေမယ့် ကလေးတွေ ကံဆိုးပါတယ်၊ ၄ တန်းကျောင်းသားက ၁ ယောက်၊ ၃ တန်းက ၂ ယောက်” ဟု ဒုက္ခသည်များကို အကူအညီပေးနေသည့် “လူထုအလင်း” အဖွဲ့ တာဝန်ရှိသူ မမေရီအောင်က ပြောသည်။
အရပ်သားများပါ ထိခိုက်သေဆုံးနေသော ကချင်ပြည်နယ်ထဲမှ စစ်ပွဲများကို အမြန်ဆုံး ရပ်ဆိုင်းပေးရန် ဗြိတိသျှ ပါလီမန်က တိုက်တွန်းလိုက်ပြီး မြန်မာနိုင်ငံအပေါ် ယာယီ ပိတ်ဆို့ထားမှုများကို ပြန်သုံးသပ်ရာ၌ သက်ရောက်မှု ရှိနေကြောင်း သတိပေး ပြောကြားလိုက်သည်။
ယမန်နေ့က ကျင်းပသော ဗြိတိသျှပါလီမန်တွင် ဗြိတိသျှ ဒု နိုင်ငံခြားရေးဝန်ကြီး Alistair Burt က အောက်လွှတ်တော်တွင် ယင်းသို့ ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု ဖယ်ရှားခြင်းသည် ယာယီသာ ဖြစ်ပြီး ရုတ်သိမ်းခြင်း မဟုတ်သေးကြောင်း၊ အစိုးရတပ်က ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်မှုကို ဗြိတိသျှ အစိုးရက စိုးရိမ်ကြောင်း ဗြိတိသျှ ဒု နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
မကြာသေးခင်က မြန်မာအစိုးရနှင့် ဆွေးနွေးမှုပြုလုပ်ရာတွင် တိုက်ပွဲများရပ်ပေးရန်၊ ဒုက္ခသည်များထံ လွပ်လပ်စွာ သွားရောက် ကူညီခွင့်ပေးရန်နှင့် ရေရှည်ငြိမ်းချမ်းရေးအတွက် KIA အပါအဝင် သက်ဆိုင်သူ အားလုံး ဆွေးနွေးပွဲ စကားဝိုင်းကို လာကြရန် ဗြိတိသျှအစိုးရအနေဖြင့် တိုက်တွန်းခဲ့ကြောင်း သိရသည်။
တချိန်တည်းတွင်ပင် အမေရိကန်အစိုးရကလည်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများ အဆုံးသတ်ရေး မြန်မာအစိုးရ တပ်များနှင့် ကချင်တပ်များ နှစ်ဖက်လုံး ဆောင်ရွက်ကြရန်နှင့် သိန်းချီသော စစ်ဘေးဒုက္ခသည်များကိုလည်း အကူအညီများ ပေးကြရန် တိုက်တွန်းပြောဆိုကြောင်း VOA သတင်းဌာနက ဖော်ပြထားသည်။
အလားတူ မြန်မာနိုင်ငံ အထူးဒေသ (၂) (‘ဝ’ ပြည်နယ်)၊ ရှမ်းပြည်နယ် အထူးဒေသ (၃) (SSPP/SSA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) (မိုင်းလား) တို့မှ ကချင်ပြည်နယ် စစ်ပွဲတဆင့် တိုးမြင့်တက်လာခြင်းနှင့် ပတ်သက်၍ ချက်ချင်းရပ်စဲပြီး စေတနာသန့်သန့် သဘောရိုးရိုးဖြင့် ဗဟိုအစိုးရနှင့် တိုင်းရင်းသား တိုင်းရင်းသား လူမျိုးစုများအကြား စစ်မှန်သော ယုံကြည်မှု တည်ဆောက်သွားကြရန် တိုက်တွန်းကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်သည်။
“ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရမှ KIA အပေါ် ဆင်နွှဲနေသည့် ထိုးစစ်ကို ချက်ချင်းရပ်စဲပြီး ငြိမ်းချမ်းသည့် နည်းဖြင့် ပြည်တွင်း ရှိသမျှ တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်းများနှင့် ဖြစ်ပေါ်နေသည့် အရှုပ်အရှင်း အငြင်းပွားမှုများကို ဖြေရှင်းပြီး အဓိကရုဏ်းဖြစ်ပွားနေသည့် နှစ်ဦးနှစ်ဖက်တို့သည် ဆင်ခြင်တုံတရားရှိစွာဖြင့် ကြုံတွေ့နေ သည့် ပြဿနာ များနှင့် ငြင်းပွားခိုက်ရန် ဖြစ်ပွားမှုများကို ဖြေရှင်းသွားနိုင်ကြရန် ပန်ကြားအပ်ပါသည်” ဟု ယခုလ ၁၀ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်အတွင်းက စစ်ပွဲများကြောင့် ဒေသခံလူထုမှာ နေ့စဉ်နှင့်အမျှ ခံစားနေရကြောင်းနှင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် KIO/KIA တို့ကို တွေ့ဆုံဆွေးနွေးကြရန် ပြည်သူ့ လွှတ်တော်က ယခုလ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်တောင်းဆိုထားသော်လည်း ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများနှင့် ပတ်သက်၍ အစိုးရ စစ်တပ်ကိုမူ ထောက်ပြပြောဆိုခြင်း မရှိပေ။
ဒီကပါ။
မော်လမြိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ
၂၀၁၂ ခု၊ ဒီဇင်ဘာလတွင် မွန်ပြည်သစ်ပါတီကဖမ်းဆီးရမိသော ရာဘစိတ်ကြွမူးယစ်ဆေးပြားများ(NMSP)
မွန်ပြည်နယ်၊ မော်လမြိုင်၊ တက္ကသိုလ် ကျောင်းသူတစ်ဦးထံမှ ရာဘမူးယစ်စိတ်ကြွဆေးပြား ၅၀ ပြားတိတိကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး မော်လမြိုင်မြို့၊ မုပွန်ရဲစခန်း၌ ထိန်းသိမ်းထားလျှက်ရှိကြောင်း သိရသည်။
ဖမ်းဆီးခံရသူ အသက် ၁၉ နှစ်ရှိ ရုက္ခဗေဒပထမနှစ် တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသူသည် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်၊ လမ်း ၂၀ တွင်နေထိုင်သူဖြစ်ပြီး ဖမ်းဆီးရမိစဉ် ယောကျာ်းလေး အဖော်လူငယ်တစ်ဦးလည်း အတူရှိနေသည်ဟု မော်လမြိုင် မူးယစ်အထူးရဲအရာရှိတစ်ဦးက ပြောသည်။
မုပွန်ရဲစခန်းတာဝန်မှူး ဒု-ရဲအုပ် ဇော်ဝင်းအောင်က “အခုဖမ်းဆီမိတာဟာ မူးယစ်ဆေးဝါးနဲ့အတူ လူကိုလည်းဖမ်းဆီးမိတာဖြစ်တယ်၊ ရှေ့ဆက်ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုတော့ ပြောလို့ မရသေးဘူး ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးချက်တွေ ဆက်လက်လုပ်ဆောင်နေတယ်”ဟု ပြောသည်။
ထို့နောက် ထပ်မံစစ်ဆေးချက်အရ ၄င်းတို့၏ အဆက်အသွယ်ရှိရာ မုဒုံမြို့တွင် ရာဘမူးယစ်ဆေး ၇၂ ပြား ထပ်မံ ဖမ်းဆီးရရှိခဲ့သည်ဟုလည်း သိရသည်။
အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ သထုံခရိုင်ဒေသတွင်လည်း ရာဘမူးယစ်စိတ်ကြွဆေးပြားရောင်းသူ ၃ ဦးကို လွန်ခဲ့သည့်တနင်္ဂနွေနေ့က မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးစောင့်ကြည့်ရေး အထူးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပတ်သက်ဆက်နွယ်သူများကို ဆက်လက်ဖေါ်ထုတ်လျှက်ရှိသည်။
မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက “မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဟာ လက်နက်ချအလင်းဝင် တဲ့အုပ်စုတွေနဲ့ ဆက်နွယ်မှုရှိနေတဲ့သက်သေတွေ ကျနော်တို့လက်ခံရရှိထားတယ်၊ အစိုးရကလည်း လက်နက်ချအဖွဲ့ဝင်တွေကို မြို့ပေါ်မှာလက်နက်ငယ်တွေကိုင်ဆောင်ခွင့်ပြုထားတာ တွေ့နေရတယ်” ဟုပြောသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းတွင်လည်း မုဒုံမြို့နယ် တောစပ်တစ်နေရာ၌ လူငယ် (၁၅) ဦးရာဘမူး ယစ်စိတ်ကြွဆေးဝါးသုံးစွဲနေကြစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ရာတွင် လက်နက်ငယ်များကိုသိမ်းဆည်း ရမိခဲ့သည်။
၂၀၁၂ ခုနှစ်တွင် မွန်ပြည်နယ်ရှိ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာနေသည်ဟုလည်း မွန်တိုင်းရင်းသားလွှတ်တော်အမတ်တစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောဆိုသည်။
ဒီကပါ။
သေမင်းတမန်ပြတိုက်အတွက် ဂျပန်ခေတ်ပစ္စည်းများ အလှူခံမည်
ပြန်လည်တည်ဆောက်မည့် သေမင်းတမန် မီးရထား လမ်း ပြတိုက်အတွင်း အသုံးပြုရန်အတွက် ဂျပန်ခေတ် က အသုံးအဆောင်ပစ္စည်းများနှင့် မှတ်တမ်းများကို အလှူခံလျက် ရှိကြောင်း ပြတိုက် တည်ဆောက်မည့် တလမွန်ကုမ္ပဏီမှ ဒါရိုက်တာ နိုင်မောင်တိုးက ပြော သည်။
သံဖြူဇရပ်မြို့နယ်၌ တည်ဆောက်မည့် အဆိုပါပြတိုက် အတွင်းထားရှိရန် ဂျပန်ခေတ် အသုံးအဆောင် ပစ္စည်း များ၊ ဂျပန်စစ်သားများ၏ ဦးထုပ်များ၊ ဓားများနှင့် သမိုင်းဝင်ဓာတ်ပုံမှတ်တမ်းများ အလှူခံနေပြီး ရောင်းချ လိုသူများရှိခဲ့လျှင်လည်း ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်မောင်တိုးက “ရောင်းရင်တော့ ကျွန်တော်တို့က ဈေးကောင်းတော့ ပေးနိုင်မှာမဟုတ်ဘူးပေါ့၊ အဲဒီခေတ်က အသုံးအဆောင်တွေက လည်းရဖို့က ရှားသွားပြီး၊ တချို့ဆိုလည်း ထိန်းသိမ်းရမှန်းမသိတော့ အဟောင်းပစ္စည်း ဝယ်တဲ့သူတွေဆီ ရောင်းလိုက်တာ တွေလည်းရှိ တယ်” ဟု ပြောသည်။
ဂျပန်ခေတ်ကငွေကြေးများ၊ သေနတ်ထိပ်တွင် တပ်ဆင်သော ဓားမြောင် စသည့် ပစ္စည်းတို့ကို လှူဒါန်းရန်ရှိပြီး သိန်းနှစ်ဆယ်ဖြင့် ဝယ်ယူထားသော ဂျပန်ခေတ်ဓါးတစ်ချောင်းကိုလည်း ပြတိုက်အတွက် ဈေးရင်းအတိုင်း ပြန်လည် ရောင်းချသွားမည်ဟု မုဒုံမြို့မှ ရှေးဟောင်းပစ္စည်းစု ဆောင်းရန် စိတ်ဝင်စားသူ ဒေါက်တာ ညီညီက ပြောသည်။
“ဒီလိုလုပ်တာ ကောင်းတဲ့အစီအစဉ်ပဲ ဂျပန်ပစ္စည်းတွေတင်မကဘူး၊ မွန်ပစ္စည်းတွေလည်း ပြသင့်တယ်” ဟု ၄င်းက ပြောသည်။
လက်ရှိပြသထားသည့် မီးရထားခေါင်းကိုလည်း ဂျပန်မီးရထားစက်ခေါင်းအစစ်ဖြင့် အစားထိုးလိုကြောင်း စီစဉ်သူများက ဆိုသည်။
“အခုရထားခေါင်းက ‘မမ’ ဆိုပြီး တပ်ထားတယ်လေ၊ ဂျပန်ရထားခေါင်းအစစ် ဟုတ်မဟုတ် တော့မသိဘူး၊ မြန်မာ့မီးရထားမှာ ဂျပန် ရထားခေါင်းအစစ်ရှိရင် ကျွန်တော်တို့ကလဲထည့်ချင်တယ်” ဟု နိုင်မောင်တိုးက ဆက်ပြောသည်။
ပြတိုက်ပြန်လည်တည်ဆောက်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိထားပြီး ဇန်နဝါရီလ ၁၄ ရက်နေ့တွင် စည်ပင်သာယာရေး ကော်မတီသို့ ခွင့်ပြုချက် တင်လိုက်ပြီးဖြစ်သည်။
တလမွန်ကုမ္ပဏီသည် မွန်တိုင်းရင်းသားများနှင့် ဖွဲ့စည်းတည်ထောင်ထားသည့် အများပိုင် ကုမ္ပဏီဖြစ်ပြီး ခရီးသွားလုပ်ငန်း၊ ထမင်းဆိုင်နှင့် အဝေးပြေးခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။
မီးရထားစက်ခေါင်းနှင့် ခြုံနွယ်ပိတ်ပေါင်းများထူထပ်နေသော ပန်းခြံသာရှိသည့် သံဖြူဇရပ်မြို့နယ် အတွင်းရှိ နေရာကို ပန်းခြံ၊ ဆိုင်ခန်း၊ တည်းခိုဆောင်များနှင့် ပေ ၄၀×၆၀ ပတ်လည်ရှိ နှစ်ထပ် ဆောင်ပြတိုက်ကို လာမည့် နွေရာသီတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီထံမှ သိရသည်။
သေမင်းတမန် မီးရထားလမ်းပြသထားသည့်နေရာ သမိုင်းကြောင်းအရ ထင်ရှားသည့်ပြယုဂ်တစ်ခု ဖြစ်သော်လည်းပြုပြင်ထိန်းသိမ်းမှု နည်းခဲ့သည့်အတွက် ဟောင်းနွမ်း မှေးမှိန်လျက်ရှိသည်။
ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့ ကွေးမြစ်ရှိ သေမင်းတမန် ရထားလမ်းပိုင်းနေရာသည် နိုင်ငံခြားခရီးသွား ဧည်သည် များကို ဆွဲဆောင်နိုင်သည့် ထိုင်းနိုင်ငံ၏ အဓိကနေရာများအနက် တစ်ခုဖြစ်သည်။
သံဖြူဇရပ်မြို့နယ် အတွင်းရှိ ဗြိတိသျှ စစ်သချိုင်း၊ စက်စဲကမ်းခြေနှင့် ကျိုက္ခမီရေလယ်ဘုရားတို့ကိုခရီးသွား များ လာရောက်လေ့ရှိပြီး သေမင်းတမန်ရထားလမ်းပြတိုက် ပြန်လည်တည်ဆောက်ပြီးပါက ခရီးသွားများ အတွက် နောက်ထပ် လည်ပတ်ရာ နေရာတစ်ခုတိုးလာမည်ဖြစ်သည်။
ဒုတိယ ကမ္ဘာစစ် အတွင်း မြန်မာနိုင်ငံအတွင်းရှိ ဂျပန်တပ်များကို ထောက်ပံ့နိုင်ရန် ဖောက်လုပ်ခဲ့သော ရထားလမ်းကြောင့် မဟာမိတ် စစ်သုံးပန်းများနှင့် အာရှနိုင်ငံများမှ ချွေးတပ်သား တစ်သိန်း ကျော်သေဆုံးခဲ့ရ သော ကြောင့် သေမင်းတမန်ရထားလမ်းဟု အမည်တွင်ခဲ့သည်။
သံဖြူဇရပ်မှ ထိုင်း-မြန်မာနယ်စပ်ဘုရားသုံးဆူမြို့အထိ မိုင် ၇၀ ဝန်းကျင်ရှိ အဆိုပါရထားလမ်းပိုင်းကို ပြန်လည်ဖောက်လုပ်ရန် အစိုးရက တိုင်းတာမှုများ ပြုလုပ်နေပြီးဖြစ်သည်။

Eleven Media Group မှ အသိပေးကြေညာခြင်း
Eleven Media Group ၀က်ဘ်ဆိုက်အား Red-Army Team အမည်ဖြင့် (Hacker အဖွဲ့ခြောက်ခုအမည်ဖော်ပြကာ) ဇန်န၀ါရီလ ၁၅ ရက် မွန်းလွဲပိုင်းက တိုက်ခိုက်ခဲ့ပါသည်။
Eleven Media Group အား ဂုဏ်သိက္ခာ ထိခိုက်စေသည့် ပုဂ္ဂိုလ်ရေး ပုတ်ခတ်စွပ်စွဲကာ DDos ဖြင့် တိုက်မည်ဟု Myanmar Express ၀က်ဘ်ဆိုက်မှ သတင်းတင်ထားပြီးနောက် ယခုကဲ့သို့ Eleven Media Group ၀က်ဘ်ဆိုက်ကို hack လုပ်ခံခဲ့ရခြင်း ဖြစ်ပါသည်။
Myanmar Express ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်းသည် လိုင်ဇာမြို့တွင် တပ်မတော်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ခြင်းနှင့် ပတ်သက်၍ ရေးသားခဲ့သော သတင်းအပေါ် မူတည်၍ Eleven Media Group ၏ ဂုဏ်သိက္ခာ ထိခိုက်အောင် ပုတ်ခတ်စွပ်စွဲမှုများစွာဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ထို့အပြင် EMG အား အောက်တန်းစားမီဒီယာဟု လေ့လာစောင့်ကြည့်သူအဖြစ် မှတ်ချက်ပေးထားသော ဒေါက်တာဆိတ်ဖွားက အစိုးရ၏ ၀ါဒဖြန့်ချိရေး အမည်ခံ Voice Of Myanmar ဘလော့ဂ်တွင် ရေးသားထားသည်ကို myanmarexpress.net တွင် ဖော်ပြထားခြင်း ဖြစ်ပါသည်။
Voice Of Myanmar တွင် အဆိုပါသတင်းကို ဇန်န၀ါရီလ ၁၄ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် တင်ထားခြင်းဖြစ်ပြီး Myanmar Express က နောက်ထပ် တစ်နာရီအကြာတွင် တင်ထားခြင်းဖြစ်သည်။
ယင်းကဲ့သို့ တိုက်ခိုက်ခဲ့မှုကြောင့် Eleven Media Group ၀က်ဘ်ဆိုက်အား ခေတ္တမျှ ၀င်ရောက်ကြည့်ရှုနိုင်ခဲ့ခြင်း မရှိဘဲ EMG Technical Team မှ ပြန်လည် ပြင်ဆင်ခဲ့ရပါသည်။ အချိန်လေးနာရီမျှအကြာတွင် Eleven Media Group ၀က်ဘ်ဆိုက်ကို ပုံမှန်အတိုင်း ပြန်လည် ကြည့်ရှုနိုင်ခဲ့ပါသည်။
Eleven Media Group ၀က်ဘ်ဆိုက်ကို hack လုပ်ခြင်းသည် Cyber Crime ဖြစ်ပြီး တည်ဆဲဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်သည့်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တစ်ဆင့် တရားဝင် တိုင်ကြားသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အစိုးရနှင့် ဆက်နွှယ်သူများဟု သံသယရှိဖွယ်ရာ အနေအထားများ၊ အစိုးရကိုပါ သိက္ခာကျဆင်းစေရန် ခုတုံးလုပ်နေသူများက ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆစရာများ ရှိနေသည့်အတွက် အများပြည်သူအား အသိပေး၍ သက်ဆိုင်ရာမှ တည်ဆဲဥပဒေများအရ စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန် တိုင်ကြားခြင်းဖြစ်ပါသည်။
သက်ဆိုင်ရာ ၀န်ထမ်းအဖွဲ့အစည်း အကြီးအကဲများ၊ အရာရှိကြီးများအနေဖြင့်လည်း မိမိဌာန၊ အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာ မကျဆင်းစေရန် မိမိလက်အောက်ရှိ အရာရှိငယ်များ၊ ၀န်ထမ်းများက တရားဝင်ရပ်တည်နေသော မီဒီယာများအပေါ် ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ဆောင်ခြင်းများ မရှိစေရေး သတိပေး ထိန်းသိမ်းတားဆီးရန် လိုအပ်မည်ဖြစ်ကြောင်း Eleven Media Group က တိုက်တွန်းအပ်ပါသည်။
Eleven Media Group
ဘယ်လိုဒီဇိုင်းတွေပဲဝတ်ဝတ် အမြင်မရိုင်းဖို့ လိုပါတယ်ဆိုတဲ့ မေသန်းနု
အရင်တုန်း ကထက်စာရင် တင်းကျပ်နေတဲ့ ကားတွေ ရိုက်ဖြစ်လာတာက ကောင်းပါ တယ်။ အရင်က ထက်စာရင် အခုလို လွတ်လပ်ခွင့်တွေ ရလာတာ အနုပညာရှင်တွေ အတွက်ကတော့ အခွင့်အရေး တွေပါပဲလိုဆိုတဲ့ မဆင့်နဲ့ မေးဖြစ်သမျှ-
မဆင့်အနေနဲ့ ဂီတအပေါ် ခံယူထားတာက အနုပညာရှင် တိုင်းကတော့ ခံယူချက်တွေ ကိုယ်စီ ရှိကြပါတယ်။ ခံယူချက်ချင်းလည်း မတူညီ ကြပါဘူး။ မဆင့်အနေ နဲ့ကတော့ ကိုယ်တွေကို ကမ်းလှမ်းတဲ့ ဇာတ်အနေနဲ့ ကတော့ ကိုယ်တွေကို ကမ်းလှမ်းတဲ့ ဇာတ်ရုပ်မျိုးမဆို ကိုယ်နဲ့သင့်တော်မယ် ဆိုရင်လက်ခံ ပါတယ်။
ကိုယ်တွေအနေ နဲ့ကတော့ လုပ်ပိုင်ခွင့် လေးတွေ နည်းနည်းစီ လောက်ပဲရပေမယ့် ကိုယ့်ကို ပေးတဲ့ အခွင့်အရေးပေါ်မှာရော၊ ဘယ်နေရာမှာ ဘာပဲ လုပ်လုပ် ကိုယ့်ဘက်ကနေ တတ်နိုင်သလောက် ကြိုးစားပါတယ်။
အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီး ဝါရင့် သရုပ်ဆောင် တစ်ယောက်အနေနဲ့ သုံးသပ်ပေးပါဦး ဆိုတော့ အဝတ်အစား ဆိုတာက ဝတ်တတ်ရင်လှပါတယ်။ လူတိုင်းကိုတော့ အလွန် အကျွံမဖြစ်စေချင်ပါဘူး။ ကိုယ်တွေက ဗုဒ္ဓဘာသာ တွေဆိုတော့ မြန်မာ့ယဉ်ကျေးမှု ကိုတော့ ထိန်းသိမ်း စေချင်ပါတယ်။ အခုခေတ် လူငယ်တွေကတော့ အဝတ်အစားနဲ့ ပတ်သက်ရင် ဒီဇိုင်းထွင်ပြီး ဝတ်ကြတယ်။ ဘယ်လိုဒီဇိုင်းတွေပဲ ဝတ်ဝတ် အမြင်မရိုင်းဖို့ လိုပါတယ်လို့ ပြောသွားပါတယ်။
FIRST MUSIC NEWS
နှစ်သစ်မှာအလှူတွေလုပ်တဲ့ မိုးဟေကို
မိုးဟေကိုကဇန်နဝါရီ ၁ဝ ရက် နေ့မှာ သရုပ်ဆောင်စည်ဖြိုးနဲ့အတူ ကိုလူချောများအဖွဲ့ကိုဆန်အိတ် ၁ဝဝလှူဒါန်းခဲ့ပါတယ်။ ကိုယ်ပါဝင် နိုင် သလောက် တစ်တပ်တစ်အား ပါဝင် လှူဒါန်းခြင်းဖြစ်ကြောင်းကို မိုးဟေကိုက “ဒီနှစ်က တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြောရမလားမသိဘူး။ ပုဂံညောင်ဦး၊ ပုပ္ပား ဘက်ရောက်တော့လည်း ကိုယ် နိုင်သလောက် လေး လှူဒါန်းခဲ့ပါတယ်။ အခုလည်း ရန်ကုန်ရောက်ရောက်ချင်းမှာပဲ ဒီအလှူကိုကမ်းလှမ်း တော့လည်း လှူဖြစ်ခဲ့တယ်။
လှူဒါန်းရတဲ့ အတွက်လည်း ဝမ်းသာပါတယ်။ ပီတိဖြစ် ပါတယ်။ ဘယ်လောကသားမဆို ကိုယ်နိုင်ရင်နိုင်သလောက် ဘယ်လောက် ပဲဖြစ်ဖြစ် လှူဒါန်းသင့်တဲ့ နေရာဒေသမရွေး လှူဒါန်းချင်တဲ့ စိတ်က အပြည့်အဝ ရှိပါတယ်”လို့ ပြောပါတယ်။ ပုပ္ပားဘက်ကို ဇာတ်ကားရိုက်ဖို့ သွားရင်းနဲ့ ဇန်နဝါရီ ၁ရက်နေ့မှာ ပုပ္ပားတောင် ကို ဘုရားသွားဖူးရင်း ဘုရားမှာ လိုအပ်တာတွေကို လှူဒါန်း ဖြစ်ခဲ့ကြောင်းပြောပါတယ်။
“ပုပ္ပားကို ပထမဆုံးဇာတ်ကား ရိုက်ရင်းနဲ့ ရောက်တာပါ။ ပုဂံ၊ညောင်ဦး၊ ပုပ္ပားကတော့ ဘုရားဖူးရောက်ပါတယ်။ ဇာတ်ကား ရိုက်ရင်းနဲ့တော့ တစ်ခါမှ မရောက်ဘူး။ ဇာတ်ကား ရိုက်ရောက်တော့လည်း ဇန်နဝါရီ(၁)ရက်နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ရောက်တဲ့ နေရာ ဘုရားနယ်မြေမှာ လိုအပ် တာ လေးတွေ လှူဒါန်းဖြစ်ခဲ့တာပါ” လို့နှစ်သစ်မှာ လှူဒါန်းဖြစ် ခဲ့ကြောင်း ပြောပါတယ်။
နှစ်သစ်မှာ မိုးဟေကို ရဲ့ ခံစားချက်ကိုမေးတော့ ”ပျော်ပါတယ်။ နှစ်သစ်မှာတော၊တောင်၊ ရေမြေသဘာဝလေးတွေ ကြည့်တယ်။ စိမ်းလန်းစိုပြည်တယ်။ ဇာတ်ကားရိုက်ရင်းနဲ့လည်း ကိုယ့်ရဲ့ အနုပညာသက်တမ်း တစ်လျှောက်မှာ ပထမဦးဆုံးရောက်တာ ဆိုတော့ ပျော်ပါတယ်။ အဲဒီမှာ ဇာတ်ကား သွားရိုက်ရတာတော့ အမှတ်တရပါပဲ။ ကိုယ်ကိုယ်တိုင် မသွားနိုင်တဲ့နေရာတွေ မျောက်တောတို့၊ မန်ကျည်းတော တို့ဆိုတဲ့ နေရာမျိုးတွေက ဘုရားဖူး သွားမယ် ဆိုရင်တောင် ကိုယ်မရောက်တဲ့ နေရာဒေသ ဆိုတော့ ဇာတ်ကားရိုက်နဲ့ ရောက်တော့ အမှတ်တရပါပဲ။
ဘယ်မနေရာမဆို ကြည့်လိုက်ရင် စိမ်းလန်းစိုပြည်ပြီး လှတဲ့ ပုပ္ပားတောင်ကြီးကို မြင်ရတယ်။ ကြည်နူးစရာ တစ်ခုပါပဲ။ သူငယ်ချင်းဖူးဖူး ကလည်း ဘုရားဖူးထွက်တဲ့ သဘော အနေနဲ့ အတူ လိုက်လာတယ်” လို့ပြောပါတယ်။
ဒီကပါ။
မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍတွင် ဝင်ရောက် လုပ်ကိုင်ရန် ကုမ္ပဏီ နှစ်နေရာ တင်ဒါ ခေါ်ယူ
ပြည်တွင်း ဆက်သွယ်ရေး ကဏ္ဍ တွင် ဝင်ရောက် လုပ်ကိုင်မည့် ပြည်တွင်း ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီ များကို ဇန်နဝါရီလ ၁၅ ရက် နေ့မှ စတင်၍ တင်ဒါ ခေါ်ယူ လိုက်ပြီး ယခုလ ၂၅ ရက်နေ့ နောက်ဆုံး ထားပြီး လုပ်ငန်း လိုင်စင် လျှောက်ထား နိုင်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက် နှင့် နည်းပညာ ဝန်ကြီး ဌာနမှ ကြေညာ သည်။
ပြည်တွင်း ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီများ အနေဖြင့် ပြည်တွင်း ဆက်သွယ်ရေး ဈေးကွက် အတွင်း လုပ်ငန်း ယှဉ်ပြိုင် လုပ်ကိုင်ခွင့် ရရှိရန် အတွက် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ဆက်သွယ်ရေး၊ သတင်း အချက်အလက် နှင့် နည်းပညာ ဝန်ကြီး ဌာန ထံတွင် တင်ဒါ လျှောက်ထား ရမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီး ဌာနမှ တာဝန် ရှိသူ တစ်ဦးက ပြောကြား သည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို အသွင် ပြောင်းလဲ လုပ်ကိုင် စေမည့် မြန်မာ တယ်လီကွန် နှင့် ရတနာပုံ တယ်လီကွန် တို့က အလို အလျောက် လုပ်ကိုင်ခွင့် ရှိမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီး ဌာနက ပြီးခဲ့သော နှစ်မှ စတင်၍ ကြိုတင် ကြေညာ ထားပြီး ကျန် နှစ်နေရာ ကို ယခု လိုင်စင် လျှောက်ထားမည့် ကုမ္ပဏီ များထဲမှ ရွေးချယ်မည် ဖြစ်သည်။
ပြည်တွင်း တယ်လီဖုန်း သိပ်သည်းဆ ကို ၂၀၁၅ - ၁၆ တွင် ၇၅ မှ ၈၀ ရာခိုင်နှုန်း အထိ တိုးမြှင့် နိုင်ရန်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု များကို အများ ပြည်သူ လက်ခံ နိုင်သော သက်သာ သော ဈေးနှုန်း ဖြင့် ရရှိ နိုင်စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အဆိုပါ ကြေညာချက် တွင် ပါရှိ သည်။
လက်ရှိ အချိန်တွင် ပြည်တွင်း တွင် မိုဘိုင်းဖုန်း အသုံးပြု သူ အရေအတွက် ငါးသန်းကျော် ရှိနေပြီး တယ်လီဖုန်း သိပ်သည်းဆ မှာ ၁၀ ရာခိုင်နှုန်း ခန့်သာ ရှိသေးပြီး အိမ်နီးချင်း နိုင်ငံ များနှင့် နှိုင်းယှဉ် ပါက အလွန် နည်းပါး နေသေးကြောင်း ကွန်ပျူတာ ပညာရှင် တစ်ဦး ဖြစ်သူ ကိုဇော်ဇော်က ပြောကြား သည်။
The Voice Weekly
လျှပ်စစ်ဓာတ်အား စည်းကမ်းမဲ့ပျက်ယွင်းနေမှုအပေါ် မုံရွာဒေသခံများစုပေါင်း ဆန္ဒပြမည်
ဇန်န၀ါရီ ၁၄ ရက်နေ့ မနက် ၇ နာရီ ၁၅
သက်ဆိုင်ရာ၏ ထုတ်ဖော်ပြောဆိုမှု ပွင့်လင်းမြင်သာမှု လုံးဝမရှိသော လျှပ်စစ်ဓာတ်အား ပျက်ယွင်းနေမှုအပေါ် မုံရွာဒေသခံ ရဟန်းရှင်လူ ပြည်သူအများပါဝင်သော လျှပ်စစ်ဓာတ်အား တရားမျှတစွာ အသုံးပြုနိုင်ရေး လူထုလှုပ် ရှားမှုကြီးတစ်ရပ် ယခုရက်အနည်းငယ်အတွင်း ထုတ်ဖော်ဆန္ဒပြသသွားမည်ဖြစ်ကြောင်း ဦးဆောင်သံဃာတော် တစ်ပါးက မိန့်တော်မူပါတယ်..။
“စည်းကမ်းမဲ့စွာ မီးပျက်နေတဲ့အတွက် ပြည်သူတွေဒုက္ခခက်ခဲဖြစ်နေရပါတယ်..။ ဆွမ်းချက်ရင်းမီးပျက်တာကြောင့် ဆွမ်းတွေဟာပျော့တူးမနပ်ဖြစ်ရပါတယ်။ ဒါကလည်း ခဏခဏဖြစ်ပါတယ်။ ပြည်သူလူထု၏ အခက်အခဲကို ပြေလည်အောင်ဖြေရှင်ပေးနိုင်ဖို့ အခုလို ဦးဆောင်းပေးရတာပါ”ဟု မြို့ပေါ်ရှိ စာသင်တိုက်ကြီး တစ်တိုက်မှ ဦးဆောင်သံဃာတော်က ဆက်လက်၍ မိန့်တော်မူပါတယ်။
အဆိုပါ လျှပ်စစ်ဓာတ်အား တရားမျှတစွာ အသုံးပြုနိုင်ရေးအတွက် ထုတ်ဖော်တောင်းဆိုရန် နှင့် လျှပ်စစ်ဝန်ကြီး အသစ် ပေါ်ထွက်လာသည်အထိ ဆောင်ရွက်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ စွမ်းအင်ပြည့်စုံမှု ပြည်တွင်း`၌ လုံ လောက်မှုမရှိပါက မဟာဓာတ်အားလိုင်းကိစ္စရပ်များနှင့် ဓာတ်ငွေ့ပိုက်လိုင်းကိစ္စရပ်များကိုပါ တားမြစ်ကန့်ကွက် သွားမည်ဖြစ်ကြောင်း၊ ယင်းကဲသို့လုပ်ဆောင်ရာတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၎င်း တို့ထံမှ သိရှိရသည်
“ ဦးပဇင်းတို့ဘက်က သက်ဆိုင်ရာကို အွန်လိုင်းမီဒီယာတွေထံကနေ ပန်ကြားတာ အသိပေးတာ သတင်းထုတ်ပြန် တာတွေလုပ်ပြီးပါပြီ။ လက်ခံတာလက်မခံတာက သူတို့အပိုင်းဖြစ်ပါတယ်။ ပြဿနာပေါ်ပေါက်မှ စုံစမ်းရေး ကော် မရှင်တစ်ရပ်ဖွဲ့စည်းပြီး အဖြေရှာတာထက်..။ ပြဿနာမဖြစ်ခင် စုံစမ်ပြီး အမဖြေရှာတာက နှစ်ဘက်စလုံးအတွက် အကောင်းဆုံး ဖြေရှင်းနည်းဖြစ်ပါတယ်” ဟု ယနေ့မနက် ၅ နာရီခွဲအချိန်ခန့် မီးစတင်ပျက်ရာတွင် ၎င်းက မိန့်တော်မူခဲ့သည်။
Monywa Time
မင်္ဂလာတောင်ညွန့်တွင် စိတ်ကြွရူးသွပ်ဆေးပြား(၅)သိန်းခန့် ၊ တန်ဖိုးကျပ်သိန်းပေါင်း ၂ သောင်းဖိုးခန့်ဖမ်းဆီးရမိ
၁၁.၁.၂၀၁၃ နေ့ ည (၂၀း၀၀) နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ သပြေကုန်း ရပ်ကွက်အတွင်းရှိအမှတ် ၄၈၊ ပထမထပ်၊ ၁၂၆ လမ်းတွင် ဂိုဒေါင်အဖြစ်အသုံးပြုထားသော အခန်းမှ မောင်မောင်စိုး၊ အဖအမည် ဦးခင်မောင်မြင့် (ခ) ကော်ရီမူလာ၊ မှတ်ပုံတင်အမှတ် ၁၂/ သဃက (နိုင်) ၁၄၁၄၁၃၊ အသက် (၃၅) နှစ်၊ ဘင်္ဂါလီ-အစ္စ လာမ်အားသတင်းအရ စောင့်ဆိုင်း ရှာဖွေမှုပြုလုပ် ခဲ့သည်။
ထိုသို့ရှာဖွေရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် အတူရာအိမ်မှူးများဖြစ်ကြသော ဦးမောင်မောင်တင်၊ ဦးထိန်ဝင်း အောင်နှင့် ဦးသန့်ဇင်ဦးတို့မှ ကြိုတင်စောင့်ဆိုင်း၍ ရန်ကုန် အနောက်မူးယစ်အထူးအဖွဲ့မှ ကြီးကြပ်သူအရာရှိအနီးကပ်ကြီး ကြပ်ပြီး၊ ရဲအုပ်ဝင်းနိုင်ဦးဆောင် ကာ ၁၂၆ လမ်းရှိဂိုဒေါင်အခန်းတွင် မောင်မောင်စိုးဝင်ရောက်ရှိ နေစဉ် ရှာဖွေခွင့်ဝရမ်းအမှတ် (၄/၂၀၁၃) အားပြ၍ ၀င်ရောက် ရှာဖွေရာ အဆိုပါအခန်းတွင် စက္ကူဂျပ်ဖာများဖြင့် ထည့်သွင်း ထားပြီး မှိုင်းခံ စက္ကူ ဖြင့် ပတ်၍ ပလတ်စတစ် အကြည်ဖြင့် ထုပ်ပိုးထားသော WY စာတမ်းပါနီညိုရောင်စိတ်ကြွ ရူးသွပ်ဆေးပြားပေါင်း (၄၉၇၈၀၀) ပြား၊ အလေးချိန် (၄၉၇.၈) Kg ကာလတန်ဖိုးအားဖြင့် သိန်းပေါင်း (၂) သောင်းကျော်အား ရှာဖွေ တွေ့ရှိသဖြင့် ရှာဖွေပုံစံ ပေါ်တွင် မောင်မောင်စိုးက ပေးအပ် ၍သက်သေများကလက်မှတ်ရေး ထိုးသိမ်းဆည်းခဲ့ပါသည်။
မောင်မောင်စိုးအား မင်္ဂလာတောင် ညွန့်မြို့နယ်ရဲစခန်း၌ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေ အရ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။
The Hot News
ဆပ်ပြာမြှုပ်နှင့် ပဲအနံ့များသုံးကာ ပဲဆီအတုများ ရောင်းချနေခြင်းများရှိနေ
မြန်မာပြည်တွင်းရှိ စားသုံး သူ ဈေးကွက်ထဲတွင် စားအုန်းဆီ များအား မခဲအောင် ဆပ်ပြာမြှုပ် များထည့်၍ ရောင်းချခြင်းများ၊ စားအုန်းဆီများအား မခဲအောင် ပြုလုပ်၍ ပဲဆီအနံ့ထည့်ကာ ပဲဆီအတုများ ပြုလုပ်၍ ရောင်း ချခြင်းများ ရှိလာကြောင်း သိရှိ ရသည်။
စားသုံးသူ ကာကွယ်ရေး အသင်းမှ ဦးဗအုပ်ခိုင်က ပြော ကြားရာတွင် ““အဲလိုလုပ်တာဟာ ဘယ်သူ သေသေ ငတေမာပြီး ရော စိတ်နဲ့ ၀ိသမလောဘစိတ်နဲ့ လုပ်နေကြတယ်။ စိတ်ဓာတ်က လူမျိုးကြီး စိတ်ဓာတ်မဟုတ်ဘဲနဲ့ ဆင်းရဲနွမ်းပါးမှုကြောင့် တရားတဲ့ နည်းနဲ့ စီးပွားမရှာချင်ဘဲနဲ့ မတရားတဲ့နည်းနဲ့ စီးပွားရှာချင် တယ်။ အခု စားအုန်းဆီက တော် သေးတယ်။ စားအုန်းဆီကို ဆပ်ပြာမှုန့်ထည့်ပြီးတော့ မခဲအောင်လုပ်ပြီးတော့ အဲဒီ့ထဲကို ပဲဆီနံ့ နှမ်းဆီအနံ့တွေ ထည့်ပြီးတော့ ပဲဆီ၊ နှမ်းဆီလုပ်ပြီး အခု လုပ်ရောင်းလာတာတွေရှိ တယ်။ စားအုန်းဆီမှာ လူစား လို့ရတာနဲ့ လူစားလို့မရတာ ဆိုပြီးတော့ရှိတယ်။ တကယ် တော့ စားအုန်းဆီဟာ လူစား ဖို့ ထုတ်တာ မဟုတ် ဘူး။ စက်တွေ ထဲမှာထည့်ဖို့သာ ထုတ်ကြတာ အဲဒါကိုမှ ဆင်းရဲတဲ့ နိုင်ငံတွေက စားကြတာ””ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ စားအုန်းဆီများ ကို ဓာတုဆေးဝါးများထည့်၍ ရောင်းချခြင်း ပဲဆီအတုနှင့် နှမ်းဆီ အတုများကို ထည့်သွင်း ရောင်းချခြင်းများကို စားသုံးသူ ကာကွယ်ရေးအသင်းမှ ကိုယ်ပိုင် ဓာတ်ခွဲခန်းများ ရရှိပါက စစ်ဆေး ပြီး ယင်းကဲ့သို့ ရောင်းချသူများ ဥပဒေအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
The Hot News
The strongest National League in the World 2012 စာရင်းတွင် မြန်မာနေရှင်နယ်လိဂ်သည် အဆင့်(၁၂၀)တွင် ရပ်တည်
International Federation of Football History & Statistics (IFFHS) မှထုတ်ပြန်သော The strongest National League in the World 2012 စာရင်းတွင် မြန်မာနေရှင်နယ်လိဂ်သည် အဆင့်(၁၂၀)တွင် ရပ်တည် လျက်ရှိကြောင်းသိရသည်။
အရှေ့တောင်အာရှ လိဂ်များတွင် ထိုင်းပရီးမီးယားလိဂ် သည် ရမှတ် ၃၅၄၀ ဖြင့် အဆင့် ၄၉ တွင် ရပ်တည်လျှက်ရှိပြီး ယင်းနောက် မလေးရှားက ရမှတ် ၂၆၉၅ ဖြင့် အဆင့် ၇၄တွင်လည်းကောင်း ၊ ဗီယက်နမ် (V-League) က ရမှတ် ၂၃၃၀ ဖြင့် အဆင့် ၈၇ တွင်လည်းကောင်း ၊ စင်ကာပူလိဂ်(S-League) က ရမှတ် ၂၂၅၀ ဖြင့် အဆင့် ၈၉တွင်လည်းကောင်း၊ အင်ဒိုနီးရှားလိဂ် က ရမှတ် ၁၉၂၅ ဖြင့် အဆင့် ၉၉ တွင်လည်းကောင်း၊ မြန်မာနေရှင်နယ်လိဂ် (MNL) ကရမှတ် ၁၁၈၀ ဖြင့် အဆင့် ၁၂၀ လည်းကောင်း အသီးသီးရပ်တည်နေခြင်းဖြစ်ကြောင်းသိရသည်။
Ref; MNL
ဗမာတွေကိုKIAကရက်ရက်စက်စက်သတ်နေပြီ
ဇန်န၀ါရီလ (၁၅) ရက်နေ့ နံနက် (၅း၀၀) နာရီခန့်တွင် KIA တပ်မဟာ (၂)တပ်ရင်း(၄ )သောင်း ကျန်းသူများက ကထန်ကျောက်စိမ်းမှော်ရှိ ဗမာနေအိမ်များအား လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး ရွာအတွင်းသို့ ၀င်ရောက်ကာ လက်နက်ငယ်များဖြင့် အရပ်သားများအား ပရမ်းပတာ ပစ်ခတ်ခဲ့ပါသည်။ ထိုသို့ပစ်ခတ်မှုကြောင့် ကိုမင်းကိုအောင်ဆိုသူ သေ ဆုံးပြီး၊ နှစ်ဦးဒဏ်ရာရရှိခဲ့ပါသည်။
KIAသောင်းကျန်းသူများကထန်ကျောက်စိမ်းမှော်အနီးရှိ မြန်မာ့မျိုးချစ်တပ်မတော်တပ်စခန်းအား တိုက် ခိုက်ရမည့်အစား အပြစ်မဲ့ကျောက်စိမ်းတူးဗမာ ပြည်သူများနေထိုင်ရာကထန်ရွာအား ပစ်မှတ်ထား တိုက် ခိုက်ခဲ့ခြင်းမှာ မေးခွန်းထုတ်စရာဖြစ်နေပါသည်။
“မနက် ၅ နာရီမှာ လက်နက်ကြီးသံ နှစ်ချက် ကြား တာနဲ့ အိမ်အောက်ဝင်ပုန်းဖို့ကြိုးစားတာဘဲ၊ ဒီသူတောင်းစားတွေက ရွာထဲမှာ ဘယ်အချိန်ကတည်း က ရောက်နေ မှန်းတောင်မသိဘူး၊ ကြောက်ပြီး ပြေးတဲ့သူကပြေး၊ ကတုတ်ကျင်းထဲဝင်သူက၀င်တာဘဲ၊ KIAက ပြေးတဲ့ သူအကုန်ဗမာပဲဆိုပြီး လိုက်ပစ်တာဘဲ။
အိမ်ထဲလည်းဝင်ပြီး ကျော်စိမ်းတုံးတွေ၊ ပိုက်ဆံတွေ ၊ ရွှေငွေလက် ၀တ်ရတနာတွေ၊ ဖုန်းတွေ လိုချင်တာတွေအားလုံး ရိုက်ဖွင့်ပြီး၊ ယူသွားတာဘဲ။ ဘာမှမတတ်နိုင် ဘူး။
ဒါနဲ့ ရွာရှေ့ က ဒေါ်ကြီးပု သမီး၅တန်းကျောင်းသူကလေးကိုလည်းဒီကောင်တွေထဲက၃ယောက်မုဒိန်း ကျင့် သွား သေးတယ် ၊ကလေးမလေးလဲအင်္ဂါပြဲပြီးသွေးတွေအရမ်းဆင်းနေတော့ချက်ချင်းပဲဆေးရုံပို့ လိုက်ကြ တယ်” ဟု ရွာသူကြီးဦးကိုကိုဂျီးက ပြောသည်။
(စင်္ကာပူဖီး)