Wednesday, January 16, 2013

မင်္ဂလာတောင်ညွန့်တွင် စိတ်ကြွရူးသွပ်ဆေးပြား(၅)သိန်းခန့် ၊ တန်ဖိုးကျပ်သိန်းပေါင်း ၂ သောင်းဖိုးခန့်ဖမ်းဆီးရမိ


၁၁.၁.၂၀၁၃ နေ့ ည (၂၀း၀၀) နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ သပြေကုန်း ရပ်ကွက်အတွင်းရှိအမှတ် ၄၈၊ ပထမထပ်၊ ၁၂၆ လမ်းတွင် ဂိုဒေါင်အဖြစ်အသုံးပြုထားသော အခန်းမှ မောင်မောင်စိုး၊ အဖအမည် ဦးခင်မောင်မြင့် (ခ) ကော်ရီမူလာ၊ မှတ်ပုံတင်အမှတ် ၁၂/ သဃက (နိုင်) ၁၄၁၄၁၃၊ အသက် (၃၅) နှစ်၊ ဘင်္ဂါလီ-အစ္စ လာမ်အားသတင်းအရ စောင့်ဆိုင်း ရှာဖွေမှုပြုလုပ် ခဲ့သည်။

ထိုသို့ရှာဖွေရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် အတူရာအိမ်မှူးများဖြစ်ကြသော ဦးမောင်မောင်တင်၊ ဦးထိန်ဝင်း အောင်နှင့် ဦးသန့်ဇင်ဦးတို့မှ ကြိုတင်စောင့်ဆိုင်း၍ ရန်ကုန် အနောက်မူးယစ်အထူးအဖွဲ့မှ ကြီးကြပ်သူအရာရှိအနီးကပ်ကြီး ကြပ်ပြီး၊ ရဲအုပ်ဝင်းနိုင်ဦးဆောင် ကာ ၁၂၆ လမ်းရှိဂိုဒေါင်အခန်းတွင် မောင်မောင်စိုးဝင်ရောက်ရှိ နေစဉ် ရှာဖွေခွင့်ဝရမ်းအမှတ် (၄/၂၀၁၃) အားပြ၍ ၀င်ရောက် ရှာဖွေရာ အဆိုပါအခန်းတွင် စက္ကူဂျပ်ဖာများဖြင့် ထည့်သွင်း ထားပြီး မှိုင်းခံ စက္ကူ ဖြင့် ပတ်၍ ပလတ်စတစ် အကြည်ဖြင့် ထုပ်ပိုးထားသော WY စာတမ်းပါနီညိုရောင်စိတ်ကြွ ရူးသွပ်ဆေးပြားပေါင်း (၄၉၇၈၀၀) ပြား၊ အလေးချိန် (၄၉၇.၈) Kg ကာလတန်ဖိုးအားဖြင့် သိန်းပေါင်း (၂) သောင်းကျော်အား ရှာဖွေ တွေ့ရှိသဖြင့် ရှာဖွေပုံစံ ပေါ်တွင် မောင်မောင်စိုးက ပေးအပ် ၍သက်သေများကလက်မှတ်ရေး ထိုးသိမ်းဆည်းခဲ့ပါသည်။

မောင်မောင်စိုးအား မင်္ဂလာတောင် ညွန့်မြို့နယ်ရဲစခန်း၌ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော   ဆေးဝါးများဆိုင်ရာဥပဒေ အရ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။

The Hot News

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။