/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, November 18, 2013

.

မှုလတန်းပြ ဆရာမ ကျောင်းပျက်ကွက်ပြီး စာသင်ကြားရန်ရောက်မလာ၍ ကျောင်းသားများ စာမသင်ရ(ပေးစာ)


ရခိုင်ပြည်နယ်| မြေပုံမြို့နယ်| စိတ္တရကျေးရွာ အလယ်တန်းကျောင်း(ခွဲ)မှ မှုလတန်းပြ ဆရာမ ဒေါ်ချစ်ချစ်ဆွေသည် ယနေ့ထိ ကျောင်းပျက် ကွက်ပြီး စာသင်ကြားရန် ရောက်မလာသည်မှာ တစ်ပတ်ကျော် ကြာနေပြီ ဖြစ်ပါသည်။


သီတင်းကျွတ် (ဝါကျွတ်) ကျောင်းပိတ်ရက် (10)ရက်ပိတ်ပြီး (28 .10. 2013)တနင်္လာနေ့မှ စပြီး ကျောင်းပြန်ဖွင့်ပါတယ်။ ယနေ့ထိ ကျောင်းပြန်ဖွင့်တာ တစ်ပတ်ကျော်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ ဆရာမ ဒေါ်ချစ်ချစ်သည် ယနေ့ထိ စာသင်ကြားရန် ရောက်လာခြင်း မရှိပါဘူး။ ပထမ အရင်တစ်ခါတုန်းကလဲ အရူး ဗိုက်ပူကို အကြောင်းပြပြီး ရက်ပေါင်း (၂၀) ကျော် ကျောင်းပျက်ကွက် ပြီးပါပြီ။ ယခုလဲ ကျောင်းပျက်ကွက်ပြီး စာမသင်ကြားတာ တစ်ပတ်ကျော် ရှိသွားပါပြီ။ အဲဒါကြောင့် ကျောင်းသားများလဲ စာမသင်ရဘဲ ဖြစ်နေပါတယ်။

အဲဒါကြောင့် အမြဲတန်း အကျင့်ပျက် ကျောင်းပျက်ကွက်နေတဲ့ ဆရာမ ဒေါ်ချစ်ချစ်ဆွေ အကြောင်းကို သက်ဆိုင်ရာ ပညာရေးဌာနမှ အထက်လူကြီးများ သိစေရန် အသိပေး တိုင်ကြားအပ်ပါသည်။

1 comment:

  1. ဆရာမ​တောင်​ မဖြစ်​ထိုက်​ပါဘူးကွာ .... အလကား ဆရာမ သူတစ်ေ​ယာက်​​ကြောင့်​ ဆရာ့ဂုဏ်​ ထိခိုက်​တယ်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။