Monday, June 17, 2013

ငြိမ်းချမ်းရေးအတွက် အချိန်သတ်မှတ်ဖို့ လိုအပ်


dkba-discuss-myawaddy305

2013-06-16

၂၀၁၅ မတိုင်ခင် ငြိမ်းချမ်းရေးရရှိအောင် အချိန်တစ်ခု သတ်မှတ်ဖို့လိုကြောင်း DKBA ကလိုထူးဘောတပ်ဖွဲ့ က ဦးဆောင် ကျင်းပနေတဲ့ ပြည်ထောင်စု တိုင်းရင်း သားပေါင်းစုံ သဘောထား အမြင် နှီးနှောဖလှယ်ပွဲမှာ ဒီကနေ့ဆွေးနွေးခဲ့ကြပါတယ်။


ကရင်ပြည်နယ် မြ၀တီမြို့နယ် ဆုံဆည်းမြိုင် ကျေးရွာ မှာ ကျင်းပနေတဲ့ နှီးနှောဖလှယ်ပွဲ ဒုတိယမြောက် နေ့မှာ မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ ပညာ ရေး အခြေအနေ တွေကို ခေါင်းစဉ် အလိုက် ဆွေးနွေးခဲ့ကြ တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဒီကေဘီအေ အတွင်း ရေးမှူး(၁) ဗိုလ်မှူးစောလုံလုံ က အခုလိုပြောပါတယ်။

"စစ်ရေးရယ်၊ဖွံ့ဖြိုးတိုးတက်ရေးရယ်၊လူမှုရေးနဲ့နိုင်ငံရေးတွေကို လေးပိုင်းပိုင်းပြီးတော့ ဆွေးနွေးကြတယ်။ နိုင်ငံရေးနဲ့ ပက်သက်ပြီးတော့ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲ၊ဒီလိုလုပ်မယ့်ဟာတွေ ပေါ်လာရင် Working Group ဖွဲ့မယ်၊ပြီးရင် Action Plan လုပ်ဖို့ တာဝန်ပေးအပ်မယ်။ပြီးရင် လိုအပ်တာတွေ ဆက်လုပ်ဖို့ ကျွန်တော်တို့ ကလိုထူးဘောတပ်ဖွဲ့က အကူအညီပေးအပ်သွားမယ်"

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်ရှိအပစ်အခတ်ရပ်စဲရေးအခြေအနေကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအဆင့်အထိ အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ ဆန္ဒရှိပေမယ့် အစိုးရ ဘက်က အချိန်သတ် မှတ်ပြီးဆောင်ရွက်ဖို့ အားနည်းချက်ရှိနေတယ်လို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် ကိုညီညီထွန်း က အခုလိုပြောပါတယ်။

"စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် အချိန်တစ်ခုကို အမြန်သတ်မှတ်လိုက်ရင် ဒီပြဿနာ တွေအားလုံး ပြီးသွားမယ် ထင်ပါတယ်။၂၀၁၅ မတိုင်ခင်မှာအချိန်တစ်ခု သတ်မှတ်ပြီး၊လုပ်လိုက်ရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး လမ်းစလေး ပေါ်သွားမယ်လို့ ထင်ပါတယ်"

ကလိုထူးဘော စစ်အခြေချဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကလည်း အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေချနယ်မြေတွေအတွင်း အစိုးရစစ်တပ်ဖက်က စစ်ရေး တိုးချဲ့ပြင်ဆင် နေတာ တွေကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ခြေလှမ်းလို့ ယုံကြည်လို့မရဘဲဖြစ်နေပြီး၊ အခုလို တဖက်သက် စစ်ရေး ပြင်ဆင်မှုတွေဟာ ငြိမ်းချမ်းရေးအတွက် တကယ့် အားနည်းချက်ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက် အချိန်သတ်မှတ်ဖို့ လိုအပ်

၂၀၁၅ မတိုင်ခင် ငြိမ်းချမ်းရေးရရှိအောင် အချိန်တစ်ခု သတ်မှတ်ဖို့လိုကြောင်း DKBA ကလိုထူးဘော တပ်ဖွဲ့ က ဦးဆောင် ကျင်းပနေတဲ့ ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထား အမြင် နှီးနှော ဖလှယ်ပွဲမှာ ဒီကနေ့ဆွေးနွေးခဲ့ကြပါတယ်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဆုံဆည်းမြိုင် ကျေးရွာမှာ ကျင်းပနေတဲ့ နှီးနှောဖလှယ်ပွဲ ဒုတိယမြောက် နေ့မှာ မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ ပညာရေး အခြေအနေ တွေကို ခေါင်းစဉ် အလိုက် ဆွေးနွေးခဲ့ကြ တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဒီကေဘီအေ အတွင်း ရေးမှူး(၁) ဗိုလ်မှူးစောလုံလုံ က အခုလိုပြောပါတယ်။

"စစ်ရေရယ်၊ဖွံ့ဖြိုးတိုးတက်ရေးရယ်၊ လူမှုရေးနဲ့နိုင်ငံရေးတွေကို လေးပိုင်းပိုင်းပြီးတော့ ဆွေးနွေးကြတယ်။ နိုင်ငံရေးနဲ့ ပက်သက်ပြီးတော့ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲ၊ဒီလိုလုပ်မယ့်ဟာတွေ ပေါ်လာရင် Working Group ဖွဲ့မယ်၊ပြီးရင် Action Plan လုပ်ဖို့ တာဝန်ပေးအပ်မယ်။ပြီးရင် လိုအပ်တာတွေ ဆက်လုပ်ဖို့ ကျွန်တော်တို့ ကလိုထူးဘောတပ်ဖွဲ့က အကူအညီပေးအပ်သွားမယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်ရှိအပစ်အခတ်ရပ်စဲရေးအခြေအနေကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအဆင့်အထိ အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ ဆန္ဒရှိပေမယ့် အစိုးရဘက်က အချိန်သတ် မှတ်ပြီးဆောင်ရွက်ဖို့ အားနည်းချက်ရှိနေတယ်လို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် ကိုညီညီထွန်း က အခုလိုပြောပါတယ်။

"စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် အချိန်တစ်ခုကို အမြန်သတ်မှတ်လိုက်ရင် ဒီပြဿနာတွေ အားလုံး ပြီးသွားမယ် ထင်ပါတယ်။၂၀၁၅ မတိုင်ခင်မှာအချိန်တစ်ခု သတ်မှတ်ပြီး၊လုပ်လိုက်ရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး လမ်းစလေး ပေါ်သွားမယ်လို့ ထင်ပါတယ်"

ကလိုထူးဘော စစ်အခြေချဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကလည်း အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေချနယ်မြေတွေအတွင်း အစိုးရစစ်တပ်ဖက်က စစ်ရေး တိုးချဲ့ပြင်ဆင် နေတာ တွေကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ခြေလှမ်းလို့ ယုံကြည်လို့မရဘဲဖြစ်နေပြီး၊ အခုလို တဖက်သက် စစ်ရေး ပြင်ဆင်မှုတွေဟာ ငြိမ်းချမ်းရေးအတွက် တကယ့် အားနည်းချက်ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

Credit : http://www.rfa.org/burmese/news/dkba-discuss-peace-06162013123340.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။