Friday, May 3, 2013

ဥက္ကံပဋိပက္ခအတွင်း သံသယရှိသူ ၁၈ ဦးကို ဖမ်းဆီး

Ye Htut

ဥက္ကံမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး ဧပြီလ ၃၀ ရက်နေ့ ညနေ လေးနာရီခွဲကနေ ည ဆယ်နာရီကြားမှာ ဥက္ကံမြို့ ပတ်ဝန်းကျင်က ရတနာကုန်း ကျေးရွာ၊ ပနီပင်ကျေးရွာ၊ ခြောက်သဲကျေးရွာနဲ့ သဲကုန်းကျေးရွာများမှာ လူနေအိမ် ၇၇ လုံးကို လူအုပ်စုနဲ့ ဖျက်ဆီးခြင်း၊မီးရှိှု့ခြင်းများဖြစ်ပွားခဲ့ပါတယ်။

ဥက္ကံမြို့ပေါ်နဲ့ ပတ်ဝန်းကျင်မှာ လူအုပ်စုနဲ့ ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်များမှာပါဝင်ပတ်သက်တယ်လို့ မသင်္ကာ သူ ၁၈ ဦးကို ထိန်းသိမ်းစစ်ဆေးလျှက်ရှိ ပါတယ်။


ဥက္ကံနယ်မြေမှာ အမှတ်(၂)ရဲတပ်ရင်းများကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် သူရဘိုနီဦးစီးပြီး လုံခြုံရေး ဆောင်ရွက် နေသလို နယ်မြေခံတပ်မတော်တပ်ရင်းများကလည်း လုံခြုံရေး အတွက် ဆောင်ရွက်ပေးလျှက်ရှိပါတယ်။

နောက်ဆုံးရသတင်းများကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကထုတ်ပြန်ပေးသွားပါ့မယ်။


RFA Burmese's photo.

"ဥက္ကံပဋိပက္ခအတွင်း သံသယရှိသူ ၁၈ ဦးကို ဖမ်းဆီး"

============================

ဧပြီ ၃၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ဥက္ကံမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို လှုံဆော်သူလို့ သံသယရှိတဲ့ ဒေသခံ ၁၈ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း RFA က စုံစမ်းသိရပါတယ်။

သံသယရှိသူ ၁၈ ဦးကို မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့နဲ့ရန်ကုန်တိုင်းရဲတပ်ဖွဲ့ စစ်ကြောရေးစခန်းတွေမှာ နှစ်နေ ရာခွဲပြီး စစ်ဆေးမေးမြန်းမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဧပြီ ၃၀ ရက်ညနေပိုင်းမှာ ဥက္ကံမြို့ သကြားစက်ပတ်ဝန်းကျင်က အစ္စလာမ်ဘာသာဝင်တွေ အများဆုံး နေထိုင်တဲ့ ရတနာကုန်း၊ပနီပင်၊ ခြောက်သဲနဲ့ သဲကုန်းကျေးရွာတွေက အိမ်ခြေ ၁၀၀ ကျော်ကို လူအုပ်စု လိုက် ဝင်ရောက် ဖျက်စီး၊မီးရှို့တာတွေ ပြုလုပ်ခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ဝင်တွေက အဲဒီနေရာတွေမှာ လုံခြုံရေးတာဝန်ယူထားတယ်လို့ ဥက္ကံမြို့က ရဲအရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့တဲ့ ဥက္ကံမြို့မဈေးကို သုံးရက်ကြာ ပိတ်ထားလိုက်ပြီး၊ဥက္ကံမြို့နဲ့ ပတ်ဝန်းကျင်က ကျေးရွာတွေကို ပုဒ်မ ၁၈၈ အမိန့်ထုတ်ပြန် ကြေညထားပါတယ်။

ဧပြီ ၃၀ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် ရန်ကုန်ဆေးရံကြီးကို တင်ပို့ဆေးကုသမှုခံယူစေတဲ့ ကိုတင်ဝင်း၊ ကိုဇော်နိုင်နဲ့ကိုအီစမန်တို့ထဲက အစ္စလာမ်ဘာသာဝင် ကိုဇော်နိုင်ကရရှိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံး ခဲ့ပါတယ်။

ဥက္ကံမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရသူ ၁၀ ဦး ရှိတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။