/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, April 5, 2013

.

ဘားအံတွင်စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

၂-၄-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ဘားအံမြို့နယ်၊ ကော့ဂွန်း ကျေးရွာ၊ အမှတ်(၃)ရပ်ကွက်နေ တင်ဌေးဦး (၃၃)နှစ်၏နေ အိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းဝတ်ဆင် ထားသော ဂျင်း ဘောင်းဘီအဖြူရောင်အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၄ ပြား၊ အစိမ်းရောင် ၁ ပြား၊ပေါင်း ၅၅ ပြား၊ အလေးချိန် ၅.၅ ဂရမ်၊ တန်ဘိုးငွေကျပ်(၁၆၅၀၀၀ိ/-)နှင့် မူးယစ်ဆေးဝါး ရောင်းချရငွေဟုယူဆရသည့် ငွေကျပ်(၂၆၅၀၀၀ိ/-)တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ သဖြင့် တင်ဌေးဦးအား ဇာသပြင်ရဲစခန်း မယ(ပ)၁/၂၀၁၃၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။