Monday, March 18, 2013

တရုတ်ကုမ္ပဏီတွေ မြန်မာ ကို လေးစားဖို့လိုအပ်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြုံပြု ချက်တွေကို တရုတ် ဝမ်ဘောင် ကုမ္ပဏီ အနေနဲ့ အလေးထား လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ် လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်အစိုးရ အာရှပစိဖိတ်ဒေသဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဝမ်ရင်ဖန်း Mr. Wang Yin Fang က ပြောပါတယ်။

ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်မှာ မနေ့က နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့စည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးရာမှာ မစ္စတာ ဝမ်ရင်ဖန်း Mr. Wang Yin Fang က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဝမ်ဘောင်ကုမ္ပဏီ အပါဝင် တရုတ် ကုမ္ပဏီတွေဟာ ပြည်ပနိုင်ငံတွေကို ထွက်ပြီးရင်းနှီးမြှုပ်နှံမှု ပြုလုပ်တာ ကာလတိုတောင်း သေးတဲ့အတွက် အတွေ့အကြုံ အားနည်းချက်တွေကြောင့် လက် ပံတောင်းတောင် ပြသနာလို ကိစ္စရပ်တွေ ဖြစ်ပေါ်ခဲ့ရကြောင်းနဲ့ မိမိတို့ တရုတ်အစိုးရ အနေနဲ့ အလား တူ ပြဿနာတွေကို ရှောင်လွှဲနိုင်အောင် ပြည်ပမှာ သွားရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေတဲ့ တရုတ် ကုမ္ပဏီတွေနဲ့ ပိုမိုပြီး ထိတွေ့ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ တရုတ်အစိုးရ အရာရှိက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းလဲကာလမှာ လူ့အခွင့်ရေး ၊သဘာဝပတ်ဝန်းကျင်အရေး အပါဝင် လက်ရှိမြန်မာလူထုရဲ့ အခွင့်ရေးဆိုင်ရာ စံသတ်မှတ်ချက်တွေဟာ ပိုမိုမြင့်မားလာတဲ့အတွက် ယခင်စစ်အစိုးရ လက်ထက်ကတည်းက လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းအလဲနဲ့ အညီ လိုက်နာဆောင်ရွက်ဖို့ လိုတယ်လို့လည်း မစ္စတာ ဝမ် ရင်ဖန်းက ဆိုပါတယ်။

နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလအတွင်း တရုတ်နိုင်ငံမှ အထူးအဆင့်မြင့် အရာရှိတဦးနဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါဝင် တခြား ပါတီတွေ၊ အရပ်ဖက် လူမှုအဖွဲ့စည်းတွေ ပထမဆုံး တွေ့ဆုံခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ တက်ရောက်လာသူတွေကလည်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ နိုင်ငံရေး ၊စီးပွားရေး၊ လူမှုရေးစတဲ့ ကဏ္ဍပေါင်းစုံ ဆက်ဆံမှုတွေမှာ နိုင်ငံတကာ ကျင့်ဝတ်စံနှုန်းတွေနဲ့ အညီ လိုက်နာဆောင် ရွက်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။