ရန်ကုန်တိုင်း ဒေသကြီးအတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်ကာလအတွင်း၌ အသံ ချဲ့စက်များ မဖွင့်ရန်နှင့် ဆူညံခြင်းမပြုလုပ်ရန် ညွှန်ကြားချက်ကို ယခင်နှစ်ကအတိုင်း ထုတ်ပြန် ထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရမည့် အချိန်ကာလ အတွင်းစာမေးပွဲဖြေဆို မည့်ကျောင်း သားများကို အနှောင့် အယှက်ဖြစ်စေနိုင်သည့် အသံချဲ့စက်များ ဖွင့်ခြင်းနှင့် ဆူညံခြင်းများကို တားမြစ်ထားခြင်းဖြစ်သည်။
ယင်းညွှန်ကြားချက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများသို့ အကြောင်းကြားထားပြီးဖြစ်ပြီး မြို့နယ်မှတစ်ဆင့် သက်ဆိုင်ရာရပ်ကွက်များသို့ အကြောင်းကြား မည် ဖြစ်ကာ လိုက်နာမှုမရှိသူများကို အရေးယူမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်း စားမေးပွဲမှာ မတ်လ ၁၃ ရက်နေ့တွင် စတင်ဖြေဆိုရမည် ဖြစ်သည်။
Credit : Eleven Media Group
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။