USB Stick မတပ်မီ ဗိုင်းရပ်စ် မ၀င်အောင် ကာကွယ်ကြမယ်


ဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ဖို့ အတွက် နည်းလမ်း များစွာ ရှိပါတယ်။ ဒါပေမယ့် အမှတ်တမဲ့နဲ့ မကွာကွယ် ကြတာများပါတယ်။ Kasper 2010 လို့ USB ကနေ တက်လာတဲ့ ဗိုင်းရပ်စ် မှန်သမျှကို အော်တို Scan ဖက်ပေးတဲ့ ကောင်မျိုး ဆိုရင်တော့ အကြောင်း မဟုတ်ပါဘူး။ အားပျော့တဲ့ anti-virus တွေကို ကိုယ်စက်မှာ တင်ထား မိရင်တော့ ဗိုင်းရပ်စ်တွေဟာ မိမိ ကွန်ပျူတာ ထဲကို အလွယ်တကူ ၀င်ရောက် လာနိုင် ပါတယ်။

အဲ့လို ၀င်ရောက် လာတာကို ကာကွယ်ဖို့ နည်းလမ်း များစွာထဲက အခုနည်းလမ်း တစ်ခုကို ရွေးပါမယ်။ ကွန်ပျူတာသို့ အများဆုံး ဗိုင်းရပ်စ် ဝင်ရောက် လာနိုင်တာ ကတော့ USB stick နဲ့ Extra HD တွေကပါ။ USB port မှာ USB stick ကို တပ်လိုက်တာနဲ့ Window စနစ်က autorun ကို လက်ခံပြီး ဖိုင်တွေကို ချိတ်ပါတယ်။ အဲဒီမှာ ဗိုင်းရပ်စ် ပါတဲ့ ဖိုင်လည်း အလွယ်တကူ ချိတ်မိ သွားပါတယ်။

ဒီတော့ autorun ကို ပိတ်ထားမှ အဆင်ပြေ ပါလိမ့်မယ်…။

ဒါဆိုရင်တော့ autorun ကို ပိတ်လိုက် ရအောင်…

- Start/Run (box) မှာ gpedit.msc လို့ ရိုက်ပါ။

- ပေါ်လာတဲ့ Group Policy (box) ရဲ့ User Comfiguration အုပ်စု အောက်က Administrative Templates ကို ရွေးချယ် ဖွင့်ပါ။

- System ကို ကလစ်လုပ်ပါ။ တစ်ဖက် မြင်ကွင်း အတွင်း Setting များတွင် Turn of Autoplay ကို ကလစ် နှစ်ချက် နှိပ်ပါ။

- Turn of Autoplay Properties (box) ပေါ်လာပါမည်။ Disable ကို ရွေးချယ်ပါ။

ဒါဆိုရင်တော့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ် ခင်ဗျာ………

http://www.myawady.com.mm/mwdtech/index.php/news/local-news/135-usb-virus-safety


မသိကြသေးသော သူငယ်ချင်းများအတွက် ဗဟုသုတအလို့ငှာ တင်ပြပေးခြင်းဖြစ်ပါသည်။

Admin 

Facebook ၏ ဆက်သွယ်ရေး အကြီးအကဲ ကုမ္ပဏီမှ ထွက်ခွာတော့မည်


ကမ္ဘာ့နံပါတ်တစ် လူမှုကွန်ရက် Facebook ၏ ဆက်သွယ်ရေး အကြီးအကဲ ဖြစ်သူ ဂျိုးလော့ဟတ်သည် ကုမ္ပဏီမှ တရားဝင် ထွက်ခွာ တော့မည် ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်တွင် ဖော်ပြ ခဲ့သည်။ ယခင် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် လက်ထက်တွင် သတင်းစာ ဌာန၏ အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည့် ဂျိုးလော့ဟတ် အနေဖြင့် Facebook ကုမ္ပဏီအား ပြီးခဲ့သည့် ၁၅ လခန့်က ဝင်ရောက် တာဝန် ထမ်းဆောင် ခဲ့ခြင်း ဖြစ်ပြီး ကုမ္ပဏီ၏ အရေးကြီး ပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်လာ ခဲ့သည်။

Facebook ကုမ္ပဏီမှ ထွက်ခွာရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း၏ အဓိက အကြောင်းရင်းမှာ ကယ်လီဖိုး နီးယား ပြည်နယ်သို့ သွားရောက်၍ တာဝန် မထမ်းဆောင် လိုခြင်း ကြောင့်ဟု သိရပြီး ယခင်က ၎င်းကိုယ်တိုင် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု တည်ထောင် ခဲ့ဖူးသည့် အတွက် ထိုလုပ်ငန်း များအား ပြန်လည် လုပ်ကိုင်ရန် စဉ်းစား လာကြောင်းလည်း ထုတ်ဖော် ပြောကြား ခဲ့သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ် အတွင်း သမ္မတ ဟောင်း ကလင်တန်၏ အထူး ပြောရေး ဆိုခွင့် ပုဂ္ဂိုလ်နှင့် အကြီးတန်း အကြံပေး တစ်ဦး ဖြစ်ခဲ့သည့် လော့ဟတ် အား ဆုံးရှုံး ရခြင်းမှာ ကုမ္ပဏီ အတွက် နစ်နာမှု တစ်ခု ဖြစ်ကြောင်း နည်းပညာ အသိုင်းအဝိုင်းက သုံးသပ် နေကြသည်။

လက်ရှိ အချိန်တွင် Facebook လူမှုကွန်ရက်သည် အသုံးပြုသူ ဦးရေ များပြား လာခဲ့ပြီး အရေအတွက် သန်း ၁၀၀၀ ကျော် ဖြစ်လာ ခဲ့ကြောင်း ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက သတင်း ထုတ်ပြန် ခဲ့သည်။ ရှယ်ယာ တန်ဖိုးများ ကျဆင်း ခဲ့သော်လည်း လူမှုကွန်ရက်၏ နာမည်ကြီးမှုကို မည်သည့် ဝန်ဆောင်မှုကမှ မကျော် လွှား နိုင်သေးကြောင်းလည်း စစ်တမ်းများ အရ သိရှိ ရသည်။

ရေအောက်မှာ ဓာတ်ပုံရိုက်နိုင်ရန် စွမ်းဆောင် ပေးမည့် iPhone case

ပုံမှန်ဆိုလျှင် ဖုန်းများက ရေအောက်မှာ သဘာဝအလှ ရှုခင်းများကို ဓာတ်ပုံရိုက်ကူးရန် မလွယ်ကူဟု ဆိုရ မည်ဖြစ်သည်။ ယင်းပြဿနာ များကို အဖြေရှာ နိုင်ရန် အတွက် နောက်ဆုံးပေါ် iPhone case များက ရေစိမ်ခံ ဖုန်းအိတ် များလို iPhone များကို ရေဒဏ်၊ မိုးဒဏ်စသည့် သဘာဝဒဏ် များကို ခံနိုင်ရည် ရှိစေရန် စွမ်းဆောင် ပေးလိုက် ကြပြီ ဖြစ်သည်။ ယင်း iPhone case များကိုသာ သုံးစွဲ သွားမည် ဆိုလျှင် ရေအောက်တွင် အနက် ၁၅ ပေအထိ ပုံများကို ကြည်လင် ပြတ် သားစွာ ရိုက်ကူး နိုင်သည်။

ယင်း iPhone case များ၏ စွမ်းပကားကြောင့် နောင်အနာဂတ်မှာ ဖုန်းများ၏ စွမ်းဆောင်ရည်မှာ မြေပြင်မှာ သာမက၊ ဝေ ဟင်နှင့် ရေပြင် မှာပါ အရေးပါ လာတော့မည် ဖြစ်သည်။

http://www.myawady.com.mm/mwdtech/index.php/news/international-news/133-under-water-photo-get-of-iphone-case

နှစ်မကုန်မီ UNFC နှင့် နှစ်ကြိမ် တွေ့နိုင်ရန် ဦးအောင်မင်း ကမ်းလှမ်းထား

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့အား ၂ဝ၁၂ ခုနှစ် အတွင်း နှစ်ကြိမ်တွေ့ဆုံနိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က ကမ်းလှမ်းထားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နောက်ပိုင်း၌ တကြိမ်နှင့် ဒီဇင်ဘာလ ခန့်တွင် တကြိမ် နိုင်ငံရေး ဆွေးနွေးပွဲအသွင် အလွတ်သဘော တွေ့ဆုံနိုင်ရန် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း က ကမ်းလှမ်းထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့် က ပြောသည်။

“ပထမ အောက်တိုဘာ ၂၁ တွေ့နိုင်ဖို့ ကျနော်တို့ အရင်ချိန်းကြတယ် အဆင်မပြေဘူး။ နောက်တော့ အောက်တိုဘာ ၂၈ နောက်ပိုင်းနဲ့ နိုဝင်ဘာ ၁ လောက်ကြား တွေ့နိုင်ဖို့ ထပ်စီစဉ်တယ်။ ဒါလည်း အဆင်မပြေသေးလို့ အခုနောက်ဆုံး ကျနော် သိရထားသလောက်ကတော့ ဦးအောင်မင်း က နိုဝင်ဘာလ ၁ ရက်ကနေ ၄ ရက်နေ့ အထိက နိုင်ငံခြား ဧည့်သည်တွေနဲ့ ရှိတယ်ဆိုတော့ အဲဒီနောက်ပိုင်းမှ တွေ့ဖြစ်နိုင်မယ်။ ဒီကိစ္စကိုလည်း UNFC အတွင်းရေးမှူး နိုင်ဟံသာ ထံ ကျနော် အကြောင်း ပြန်ထားပါတယ်” ဟု ဦးညိုအုန်းမြင့် က မဇ္ဈိမကို ပြောသည်။

၂ဝ၁၁ နှစ်ကုန်ပိုင်း၌ UNFC နှင့် ဦးအောင်မင်းတို့ အလွတ်သဘော တကြိမ် တွေ့ဆုံခဲ့ကြပြီး ဖြစ်၍ ယခုစီစဉ်ထားသည့် တွေ့ဆုံပွဲသည် ဒုတိယမြောက် အလွတ်သဘော ထပ်မံ တွေ့ဆုံကြခြင်း ဖြစ်မည်။

အဓိကအားဖြင့် နိုင်ငံတော် သမ္မတ၏ All Inclusive Discussing ဆိုသည့် အားလုံး ပါဝင်သည့် ငြိမ်းချမ်းရေး တွေ့ဆုံမှု ပြုလုပ်ရန် ညွှန်ကြားထားမှုပေါ် အခြေခံ၍ တွေ့ဆုံခြင်း ဖြစ်ကြောင်း ဦးညိုအုန်းမြင့် က ပြောသည်။

ထိုတွေ့ဆုံပွဲသို့ တက်ရောက်ကြမည့် ကိုယ်စားလှယ်များမှာလည်း UNFC အပေါ်၌သာ မူတည်ပြီး အပစ်အခတ် မရပ်စဲရသေးသော်ငြားလည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်များ တက်ရောက်လိုသည့် ဆန္ဒ ရှိပါက တက်ရောက်နိုင်သည်ဟု ဆိုသည်။

“UNFC ရဲ့ ဥက္ကဋ္ဌ လည်းဖြစ်၊ KIO ရဲ့ ဒု-ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဗိုလ်ချုပ် အင်ဘန်လ တို့လို ကိုယ်စားလှယ်တွေ တက်နိုင် ရင် ပိုကောင်းပါတယ်။ အခုလက်ရှိ ကချင်မှာ ဖြစ်နေတဲ့ ပြဿနာ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ ရှာကြဖို့နဲ့ နှစ်ဖက် ယုံကြည်မှု တည်ဆောက်ဖို့ အတွက်ကို အခြေအနေ တခုအထိကို ဆွေးနွေးနိုင်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်” ဟု ဦးညိုအုန်းမြင့် က ဆိုသည်။

သို့သော်လည်း တွေ့ဆုံပွဲတွင် မည်သည့် လုပ်ငန်းစဉ်များ၊ အကြောင်းအရာများကို ဆွေးနွေးကြနိုင်မည်နှင့် ပတ်သက် ၍ နှစ်ဖက်အကြား အသေးစိတ် အစီအစဉ်များကို ချမှတ်ထားခြင်း မရှိသေးကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ က ပြောသည်။

“တွေ့ဆုံမယ် ဆိုတဲ့နေရာမှာ ဘယ်လို အချက်တွေ၊ အကြောင်း အရာတွေ ဆွေးနွေး ကြမလဲ ဆိုတာတော့ ကျနော် မပြောနိုင်သေးဘူး။ သိလည်း မသိရ သေးဘူး။ ဒီတွေ့ဆုံပွဲက အလွတ်သဘောလို့တော့ ပြောလို့ရတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ ပထမတကြိမ် အလွတ်သဘော တွေ့ကြပြီးမှ ဒီဇင်ဘာလလောက် ဒုတိယ အကြိမ် ပြန်တွေ့ကြရာမှာ ဘာတွေ ဆွေးနွေးကြမယ်ဆိုတာ ပြောနိုင်ပါမယ်” ဟု မဇ္ဈိမကို ပြောသည်။

လတ်တလော ဖြစ်နေသည့် ကချင်ပြည်နယ်တွင်း ထိုးစစ်များမှာ အစိုးရအဖွဲ့မှ စစ်တပ်အပေါ် အာဏာသက်ရောက်မှု နည်းနေသည်ကို ပြသနေကြာင်း UNFC မှ သုံးသပ်ထားသည်။ နှစ်ဖက် တရားဝင် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်မြောက်နိုင် ရေးအတွက်မူ လတ်တလော အနေအထားအရ အလားအလာ မမြင်သေးကြောင်း နိုင်ဟံသာ က သုံးသပ်ပြောဆို သွားသည်။

ကချင်ပြည်နယ် အတွင်း ထိုးစစ်များကို ဇွန်လ ၁ဝ ရက်နေ့အထိ အစိုးရဘက်မှ မရပ်ဆိုင်း ပါက အဖွဲ့ဝင် အဖွဲ့အစည်း များဖြင့် ရရှိထားသော အပစ်အခတ် ရပ်စဲရေး သဘောတူညီ မှုများကို ပြန်လည် သုံးသပ်သွားရမည်ဟု UNFC မှ မေလ ၁ဝ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ဖူးသော်လည်း ထိထိရောက်ရောက် သုံးသပ်နိုင်ခြင်း မရှိခဲ့ပေ။

ထိုင်းနိုင်ငံတွင် နေထိုင်သည့် ဦးညိုအုန်းမြင့် အနေနှင့် UNFC နှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး အစီအစဉ် အပါအဝင် ထားဝယ် ရေနက်ဆိပ်ကမ်းကိစ္စ၊ တိုင်းရင်းသားဒေသ ပြန်လည်ထူထောင်ရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် အင်္ဂါနေ့၌ မြန်မာနိုင်ငံသို့ သွားရောက်ရန်ရှိသည်ဟု သိရှိရသည်။

http://www.mizzimaburmese.com/news/inside-burma/10300--unfc-.html

အာဏာရ ပါတီအတွင်း ကွဲလွဲမှု ကြီးထွားလာ

တစ်ချိန်က တန်ခိုးထွားခဲ့သော အာဏာရ ပြည်ခိုင်ဖြိုး ပါတီအတွင်း မငြိမ်သက်မှုများ ကြီးထွားလာခြင်းကြောင့် သမ္မတကို ထောက်ခံကြ သူများနှင့် သမ္မတ၏ ပြုပြင်ပြောင်းလဲမှုများ သည်ဒေါ်အောင်ဆန်းစုကြည်အား စင်ပေါ်ရောက် လာစေသည် ဟု အပြစ်တင်သူ ခေတ်နောက်ပြန်ဆွဲသမားများအကြား ပါ တီတွင်း အကွဲအပြဲ ဖြစ်နေပြီဟူသော ပြောဆိုမှုများ ထွက်ပေါ်လာသည်။

ယင်းကဲ့သို့ ပါတီတွင်း မကျေမနပ် ပြောဆိုကန့်ကွက်မှုများကို ပါတီဥက္ကဌအဖြစ် ဦးသိန်းစိန်ပြည်လည်အရွေးခံရသည့် ကိစ္စက အစပျိုး ပေးလိုက်ပုံ ရသည်။

ယခင်နှစ် မတ်လ အာဏာရယူချိန်တွင် ပါတီဥက္ကဌတာဝန်ကို စွန့်လွှတ်ခဲ့သော သမ္မတ ဦးသိန်းစိန်အားအင်္ဂါနေ့က ဥက္ကဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ ခြင်း အပေါ် ၎င်းပါတီ အတွင်းမှ လူများစုပင်အံအားသင့် သွားခဲ့ကြသည်။

ပါတီဥက္ကဌနေရာကို ၂၀၁၅ သမ္မတ ရွေးကောက်ပွဲအတွက် အလားအလာကောင်းသူ အောက်လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ရရှိလိမ့်မည်ဟု အများစုက မျှော်လင့်ထားကြသည်။

သို့ရာတွင်ရန်ကုန်မှ အကဲခတ် လေ့လာသူများကမူ “ယခုကဲ့သို့ ဦးသိန်းစိန်ကို ပြန် လည်ရွေးချယ်ခဲ့ခြင်းသည်အာဏာရှင် စစ်အုပ်ချုပ်ရေး စနစ် ဟောင်း၏ လက်ကျန်နိုင် ငံရေးယန္တရားကို နောက်ဆုံးထပ်မံပြင်ဆင်လိုက်သည့် ဆောင်ရွက်ချက်တစ်ခု ဖြစ် သည်”ဟု ရှုမြင်ကြသည်။

အာဏာရှင် အသိုင်းအဝိုင်းနှင့် တပ်မတော်ကို ကိုယ်စားပြုသူအဖြစ် သတ်မှတ်ခြင်း ခံထားရသောပြည်ခိုင်ဖြိုး ပါတီသည် တစ်ချိန်က ပါတီဝင် ၁၅ သန်းကျော်ရှိခဲ့ပြီး၊ လွှတ်တော်တွင်း၌လည်းတပ်မတော်သား အမတ်များမှအပ ကျန်နေရာ အများစုကို ထိန်းချုပ်ထားဆဲ ပင်ဖြစ်သည်။

သို့သော် သမ္မတဦးသိန်းစိန်လက်ထက် သိသာသော အပြောင်းအလဲများက ပါတီ ကိုယိမ်းယိုင်သွားစေခဲ့သည်။ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ တွင် နောက်ကောက်ကျ ရှုံးနိမ့်မှုအပေါ် ပါတီဝင်အများစု ယခုတိုင် တုန်လှုပ်နေဆဲဖြစ်သည်။

ထို့အပြင် ယခင်ခရိုနီ သူဌေးကြီးများက NLD ပါတီနှင့်အခြားအဖွဲ့အစည်းများထံ ပြောင်းလဲလှူဒါန်းနေကြသောကြောင့် ပြည်ခိုင်ဖြိုး ပါတီ၏ ရန် ပုံ ငွေ ရလမ်းများ ခမ်းခြောက်လာနေပြီ ဖြစ်သည်။

အကြီးတန်း ပါတီဝင်များသည်လည်း နိုင်ငံရေးရာထူး၊ အစိုးရ ကန်ထရိုက်နှင့် စီးပွားရေး ခွင်များကိုနောက် ထပ်မရနိုင် ကြတော့ပါ။

၃ရက်ကြာ ပါတီညီလာခံတွင် ရွေးကောက်ပွဲ မဟာဗျူဟာကို ဆွေးနွေးကြခြင်းသည် တစ်ချိန်ကတန်ခိုးထွား ပါတီအတွင်း တစ်ငွေ့ငွေ့ လောင်နေသော ပြဿနာ ဖွဲမီး ရှိကြောင်း ထင်ဟပ်နေသည်ဟု အတွင်းသတင်းများက ဆိုသည်။

ညီလာခံ ကျင်းပရာနေရာ အဝန်းအဝိုင်းတွင် တီးတိုးပြောဆိုကြသော အကြောင်းအရာ များထဲတွင်အချို့က ခွဲထွက်၍ ပါတီထောင်ချင်ကြသော ကိစ္စလည်း ပါဝင် သည်ဟု သိရှိရသည်။

“ကြားဖြတ်ရွေးကောက်ပွဲအပြီး ပထမဆုံး စုဝေးတဲ့ ညီလာခံဟာ များသောအားဖြင့် အခက်တွေ့ တတ်ပါတယ်။ အဆင်မပြေ တာမျိုးတောင် ရှိတတ် တယ်။ ဒါပေမယ့် ဒီလို အဖြေ ရလာဒ်မျိုးကို မျှော်လင့်ထားသူ အနည်းငယ်ပဲရှိပါတယ်” ဟု ရန်ကုန်အခြေစိုက် သံတမန် တစ်ဦးက ပြောကြားသည်။

လုပ်ငန်းများကို ကိုင်တွယ်ရန် ယာယီဥက္ကဌအဖြစ် တာဝန်ပေးထားသည့် အောက် လွှတ်တော် ဥက္ကဋ္ဌသည် ပါတီဒုတိယ ဥက္ကဋ္ဌ ၃ဦးထဲမှ တစ်ဦးအဖြစ် ပြန်လည် အရွေးခံရသည်။

အကဲခတ် လေ့လာသူများ၏ အဆိုအရ ပါတီ၏ ယိမ်းယိုင်မှု မှန်သမျှသည် ဦးသိန်းစိန် အပေါ် ဖိအားပိုမိုကျရောက်စေခြင်းဖြင့် ပြုပြင် ပြောင်း လဲ ရေး ဖြစ်စဉ်ကို ရှုတ်ထွေးစေနိုင် သည်ဟု သိရှိရသည်။

ရန်ကုန်မှ အကဲခတ် လေ့လာသူ တစ်ဦးက “ဦးသိန်းစိန်ဟာ ပြည်ခိုင်ဖြိုး ပါတီထဲမှာ အာဏာတည်ဆောက် နေတုန်းလို့ထုတ်ဖော်ပြသ နေပေမယ့် ပါတီသစ်ခွဲထောင်မယ့်လှုပ် ရှားမှုမှန်သမျှဟာလွှတ်တော်မှာကော ရွေးကောက်ပွဲမှာပါဆန္ဒမဲအင်အား ပြန့်ကျဲသွား စေ နိုင်ပါတယ်”ဟု ပြောကြားသည်။

အချို့ကမူ ပါတီနှစ်ခြမ်းကွဲစေမည့် ကိစ္စသည် ပုဂ္ဂိုလ်ရေး အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်လာသည်။ဟု ဆိုကြသည်။ ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ သူရဦးရွှေမန်းတွင်လဲ သစ္စာခံသူ နောက်လိုက်များရှိသည်။ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့နှစ်ဦးစလုံး အာဏာရှင် အကြီးအကဲ ဟောင်း၏ သစ္စာခံများဖြစ်ကြသည်။

ဖိနှိပ်သော အဏာရှင် တပ်မတော် အစိုးရ အဖွဲ့တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ကြပြီး အချိန်တွင်၎င်းတို့နှစ်ဦးသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း များကိုစတင် အကောင် အထည်ဖော်ရန်ဆန္ဒပြင်းပြ နေကြသည်။

ဝန်ထမ်းလစာ ကိစ္စအပါအဝင် မူဝါဒနှင့် ဥပဒေပြုရေး တွင်ဝိရောဓိများ ရှိနေသော်လည်း အပေါ်ယံဆက်ဆံရေး ချောမွေ့အောင် ထိန်းသိမ်းနေကြ ခြင်းက ပြိုင်ဆိုင်မှု ကြီး ထွားနေကြောင်း ထင်မြင်ယူဆမှုကို ဖြစ်ပေါ်စေသည်။

“ဦးသိန်းစိန်က ဦးရွှေမန်းအား ပါတီယာယီ ဥက္ကဋ္ဌ နေရာပေးခဲ့သော အကြောင်း အရင်းမှာ အိမ်ထဲမှထွက်မသွားအောင် ထိန်းသိမ်းရန် ဖြစ်သည်။ လောလောဆယ် တစ်ဦးကိုတစ်ဦး အပြန်အလှန်လိုအပ်နေကြသည်”ဟု သံတမန် တစ်ဦးက မှတ်ချက်ပေးသည်။

မည်သို့ပင်ဖြစ်စေ ပြည်ခိုင်ဖြိုး ပါတီအပေါ် အဓိက ခြိမ်းခြောက်မှုမှာ ဒေါ်အောင်ဆန်းစုကြည် သာလျှင် ဖြစ်သည်ဟု ဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုများ ၂၀၁၅မတိုင်ခင် မအောင်မြင်သည့်တိုင်အောင် သူမ၏ NLDပါတီမှာမူ အင် အားကြီးပါတီ ဖြစ်သွား ပါလိမ့်မည်။

လွှတ်တော်အမတ်တစ်ဦးက “ခင်ဗျား ဘာတွေတွေ့လာနိုင်သလဲဆိုတော့ ပြည်ခိုင်ဖြိုး ပါတီထဲက အခွင့်အလမ်းတွေလက် မလွှတ် ချင်သူတွေရဲ့ အံ့သြဖွယ် အယူအဆတွေ၊ အခွင့်အလမ်း မဆုံးရှုံးအောင် ကြိုးပမ်းမှုတွေပေါ့။

ဒါမှမဟုတ် ဦးရွှေမန်းက ကိုယ်ပိုင်ပါတီ ထောင်တာမျိုး ပေါ့။ ဘာမဆို ဖြစ်လာနိုင်ပါ တယ်”ဟုသုံးသပ်ပြောကြားသည်။

(The Financial Times မှ 17 Oct 2012 ရက်စွဲပါ “Unrest grows in Myanmar’s ruling party” သတင်းဆောင်းပါးကို အလင်းသစ် ဘာသာပြန်ဆိုသည်)

Freedom News Group

http://shwemyanmarmediagroup.blogspot.com/2012/10/blog-post_1262.html#more

ဇာဂနာနဲ့ Home အဖွဲ့ Motion Magazine ထုတ်မည်

ယမန်နေ့က ရန်ကုန်မြို့မှာ အထူးပွဲပြပြီး Home Entertainment အဖွဲ့ရဲ့ မြန်မာပြည်၏ ပထမဦးဆုံး မိုးရှင်းမဂ္ဂဇင်းဆိုတာကို ထုတ်လုပ်ခြင်း မိတ်ဆက်ပွဲ ကျင်းပခဲ့ပါတယ်။ အရုပ်တွေနဲ့ ဖော်ထားတဲ့ မဂ္ဂဇင်း (ဒီဗီဒီအခွေ) ဖြစ်ပြီး ဆင်ဆာပြုလုပ်ခြင်း မရှိဘဲ ရုပ်ရှင်မဟုတ်တဲ့ အနုပညာတွေကို ရုပ်ရှင်ရိုက်ထားတာလို့ စီစဉ်သူတဦးဖြစ်တဲ့ (ကို) ဇာဂနာက မိုးမခကို ပြောပါတယ်။

ကဗျာကို ရုပ်ရှင်ရိုက်တယ်၊ Animation လုပ်တယ်။ လက်ပံတောင်းတောင်အကြောင်း မှတ်တမ်း၊ ညီပုလေးရဲ့ ၀တ္ထုတို၊ ဖန်ငရောက် မြန်မာလုပ်သားများက Travelogue၊ လက်ရှိအကျဉ်းကျဆဲ နိုင်ငံရေးအကျဉ်းသား လကျာ်ထွန်းရဲ့ အမေနဲ့ အင်တာဗျူး၊ ပြီးတော့ မျိုးဆက်သစ်လူပြက် ဆူးဆူးရဲ့ တကိုယ်တော်ပြက်လုံးကွက်စိတ် (standup comedy) စတာတွေ ပါတယ် လို့ သူက ပြောပါတယ်။

မြန်မာပြည်တွင်းမှာ မြန်မာကျပ်ငွေ ၃ထောင်ခန့်နဲ့ အများပြည်သူ ခံစားနိုင်ဖို့ နိုဝင်ဘာလဆန်းမှာ ဖြန့်ချိမယ်လို့ သိရပါတယ်။ လက်ရှိ ရုပ်မြင်သံကြားအစီအစဉ်တွေ အမြောက်အများ ပေါ်ထွန်းနေချိန်မှာ သီးသန့် အခွေထိုးပြီး ကြည့်ရှုခံစားနိုင်ဖို့ motion magazine ဆိုတာကို ထုတ်လုပ်တာကလည်း ထူးခြားတဲ့ အတွေးလို့ ဆိုနိုင်ပါတယ်။

” မြန်မာပြည်မှာက broadcasting station တွေ၊ relaying station တွေ၊ ထုတ်လွှင့်သူတွေ၊ ထပ်ဆင့် ဖြန့်ချိသူတွေ ပေါတယ်။ production group တွေ၊ စတူဒီယိုတွေ များများလိုအပ်နေသေးတယ်။ Home Entertainment က ဘာတွေလုပ်မလဲဆိုတာ စောင့်ကြည့်ရတာပေါ့” လို့ ရုပ်ရှင်သမားတဦးက မှတ်ချက်ပေးပါတယ်။

အမေရိကန်ပြည်ထောင်စုက ရုပ်ရှင်ကြည့်ပရိသတ်အနက် နယူးယောက်မှာ လူရွှင်တော်စုတ်ဖွားကတဆင့် မှာယူနိုင်တယ်လို့ ပြောပါတယ်။ ဆန်ဖရန်စစ္စကိုဘေးဧရိယာအတွက်ကိုလည်း မြန်မာကွန်မြူနီတီမိသားစုတွေထဲက Organizers တွေကနေ ဖြန့်ချိနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်လို့ သူက ပြောကြားပါတယ်။



မိုးမခက လမ်းကြုံလို့ မေးမိတဲ့တာကတော့ စင်္ကာပူမြို့ပတ်ရထားမှာ ကိုဇာဂနာနဲ့ နယ်ခံ ကိုဘိုဘိုဝင်းတို့ စကားလက်ဆုံပြောဆိုနေတာကို အသံဖမ်းပြီး အင်တာနက်ပေါ်ထုတ်လွှင့်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မေးကြည့်ရာမှာ ဘာလို့ချောင်းပြီး ဖမ်းမှန်း မသိပါဘူးဗျာ။ လူငယ်တဦးပါ။ နံမယ်တော့ မပြောပါရစေနဲ့ လို့ ပြောသွားပါတယ်။

http://moemaka.com/?p=28398

ကျန်းမာတဲ့ ကိုယ်အလေးချိန်နဲ့ ကယ်လိုရီ


ကယ်လိုရီဆိုတာ ဘာလဲ

ကယ်လိုရီဆိုတာ အစားအသောက်ထဲက စွမ်းအင် ပမာဏကို တိုင်းတာခြင်း ပဲဖြစ်ပါတယ်။

နေ့စဉ် အသုံးပြုနေတဲ့ ခန္ဓာ ကိုယ်ထဲက စွမ်းအင်တွေမှာ ကယ်လိုရီ ပမဏ ဘယ်လို ထိန်းညှိကြမလဲဆိုတာ သိသင့်ပါတယ်။

ကျန်းမာတဲ့ ခန္ဓာကိုယ် အလေးချိန်ရှိဖို့ဆိုတာ ကယ်လိုရီ ပမာဏ ညီမျှခြင်းအပေါ် အတော်မူတည်ပါတယ်။ အမျိုးသား တဦးဟာ ပျမ်းမျှအားဖြင့် တနေ့မှာ ကယ်လိုရီ ၂၅၀၀ ပတ်ဝန်းကျင်လောက်လိုအပ်ပါတယ်။

အမျိုးသမီး တွေကတော့ နေ့စဉ်ပျမ်းမျှ ကယ်လိုရီ ၂၀၀၀ လောက် လိုပါတယ်။ ဒါကလည်း အသက်အရွယ်၊ လှုပ်ရှားမှု၊ စတဲ့ အခြား အချက်တွေအပေါ်လည်း မူတည်ပြီးလိုအပ်ချက်က မတူနိုင်ပါဘူး။

စွမ်းအင်ပမာဏကို တိုင်းတာတဲ့နေရာမှာ အစားအသောက် အမျိုးအစား တခုချင်းစီအပေါ် မူတည်ပြီး ဘယ်လောက် အလေးချိန်ရှိရင် ဘယ်လို အစားအသောက်မျိုးက ဘယ်လိုရှိတယ်ဆိုတာ တိုင်းတာ ကြပါတယ်။ ဒီနေရာမှာ ခန္ဓာကိုယ် အလေးချိန် လျော့ချင်လို့ အစားအသောက်လျှော့စားလိုက်တာဟာ ကိုယ်အလေးချိန် လျော့ကျ ခြင်းရဲ့ အဓိက အချက်ပဲလို့ အများက ယူဆကြပါတယ်။

ဒါက ယေဘူယျကျတဲ့ ကိစ္စလည်းဖြစ်ပါတယ်။

ဒါပေမယ့် ကိုယ့်ခန္ဓာကိုယ်ဟာ ကျန်းမာတဲ့ ကိုယ်အလေး ချိန်ရှိသလားဆိုတာ စစ်ဆေးကြည့်နိုင်ပါတယ်။

ဒါကတော့ ကယ်လိုရီနဲ့ စွမ်းအင် ဟန်ချက် ဖြစ်ပါတယ်။ အစား အသောက် စားလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲ ကို စွမ်းအင် လို့ ခေါ်တဲ့ ကယ်လိုရီတွေ ထည့်သွင်း လိုက်တာပါပဲ။ ကိုယ့်ခန္ဓာက ကယ်လိုရီ ပိုသုံးလေ လှုပ်ရှားမှု ပိုလုပ်လေ စွမ်းအင်ပိုလိုအပ်လေပါပဲ။

ဒါပေမယ့် တည်ငြိမ်တဲ့ ကိုယ်အလေးချိန်ရဖို့ဆိုတာ ကိုယ်လှုပ်ရှား သုံးစွဲလိုက်တဲ့ စွမ်းအင် ကုန်ခန်းမှု ပမာဏနဲ့အညီ ပြန်လည် ဖြည့်တင်းပေးနိုင်ဖို့ပါ။

လူဟာ တနေ့နဲ့ တနေ့ လှုပ်ရှားတာ၊ ကယ်လိုရီသုံးစွဲတာ မတူပါဘူး။ မတူတဲ့အတိုင်း လိုက်လုပ်နိုင်ရင်တော့ ကိုယ်အလေးချိန်လည်း ဟန်ချက်ညီနေမှာပါပဲ။ အဲဒီလို သတိရှိရှိ လုပ်ဆောင်သွားသူတွေကို အရပ်စကား နဲ့ ဘော်ဒီ ထိမ်း နိုင်တယ်၊ ကိုယ်အလေးချိန်ကို ထိမ်းထားနိုင်တယ်လို့ ဆိုကြတာပါ။

တကယ်တော့ မလွယ်ကူပါဘူး။ ကိုယ်အလေးချိန်တက်လာရင်တော့ ကယ်လိုရီများလာတဲ့ သဘောဖြစ် နေပြီး ဒါကို လှုပ်ရှားမှု တခုခု၊ စွမ်းအင် သုံးစွဲမှု တခုခုကို နဂိုကထက်ပိုလုပ်ဖို့ လိုအပ်နေပါပြီ။

အဲဒီလို မလုပ်နိုင်ရင်တော့ ခန္ဓာကိုယ်မှာ အဆီဆိုတာမျိုးတွေ တက်လာ ဖို့ရှိနေပါပြီ။

သုတေသန ပြုချက်တွေ အရ လူကြီးတွေဟာ လိုတာထက်ပိုစားတတ်တဲ့ အလေ့ရှိပါတယ်တဲ့။ သူတို့ဟာ ကလေးတွေထက် ပိုပြိး လှုပ်ရှားမှု ပိုလုပ်ရတယ်လို့ ထင်တတ်ကြလို့ပါလို့ ဆိုပါတယ်။

အစားအသောက်တွေထဲက ကယ်လိုရီကို စစ်ကြည့်ကြရအောင်

အစားအသောက်တွေထဲက ကယ်လိုရီ ဘယ်လောက်ပါလဲ ဆိုတာ သိရှိထားခြင်းဟာ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင် ချင်တာဖြစ်ဖြစ်၊ ထိမ်းသိမ်းထားချင်တာဖြစ်ဖြစ် အကျိုးရှိပါတယ်။

စားသောက်နေတဲ့ စွမ်းအင် ပမာဏကို ကိုယ်က ထိမ်းညှိထားခြင်းအားဖြင့် ကိုယ့်ကိုယ်ကို အများကြီး မစားဖြစ်အောင်၊ ကျန်းမာအောင် နေတတ်လာမှာလည်း ဖြစ်ပါတယ်။ အစားအသောက်ထဲက ကယ်လိုရီ ပါဝင်မှုဆိုတာကလည်း အာဟာရ ပါဝင်မှု အဆင့်အတိုင်းတည်ရှိတတ်တာပါ။

နိုင်ငံခြားမှာတော့ အစားအသောက် ထုပ်ပိုးထားတဲ့ စာရွက်နောက်ကျောတွေမှာ ရေးထားတာတွေ ရှိကြပါတယ်။ ဒီအစား အသောက်ဟာ ထုပ်ပိုးစဉ်က Energy လို့ ခေါ်တဲ့ ခေါင်းစဉ်အောက်မှာ ကယ်လိုရီ ပမာဏ ဘယ်လောက်ပါဝင်တယ် ဆိုတာကို kilocalories (ကီလို ကယ်လိုရီ- kJ) ဆိုတဲ့ ယူနစ်နဲ့ ဖော်ပြပါတယ်။

အတိုအားဖြင့်တော့ kilojoules လို့ လည်း ခေါ်ပါတယ်။ Kilojoules ဆိုတာ အဓိပ္ပါယ်ကတော့ ကယ်လိုရီ ၁၀၀၀ ရှိတယ်လို့ ဆိုလိုတဲ့ မက်ထရစ် စနစ် ယူနစ်ပါ။

အခု ဇယားမှာ ဖော်ပြထားတဲ့ အချက်တွေမှာ အစားအသောက် တခုချင်းစီရဲ့ ကယ်လိုရီ ပါဝင်မှုကို အခြေခံ အားဖြင့် ၁၀၀ ဂရမ်မှာ ဒါမှ မဟုတ် ၁၀၀ မီလီလီတာမှာ ကယ်လိုရီ ဘယ်လောက် များများ ပါတယ်ဆို တာ ဖော်ပြထားပါတယ်။



ကယ်လိုရီ ဘယ်လောက် သုံးစွဲသလဲ

ဒါကတော့ အသက်အရွယ်၊ လှုပ်ရှားမှုလုပ်တဲ့ ပမာဏတွေအပေါ် မူတည်ပြီး လူတွေရဲ့ ကယ်လိုရီ ပမာဏတွေကိုလည်း ဖော်ပြထားပါတယ်။

နောက်ထပ် ဇယားမှာလည်း ကိုယ့်ရဲ့ လှုပ်ရှားမှုတွေဟာ အချိန်ဘယ်လောက် ဆိုရင် ကယ်လိုရီ ဘယ် လောက် လိုအပ်တယ်၊ ကယ်လိုရီ ဘယ်လောက်ကုန်ခမ်းတယ်၊ ကယ်လိုရီ ဘယ်လောက် ရှိလာမယ် ဆိုတာတွေကို ပြသထားပါတယ်။


သေချာတာကတော့ လှုပ်ရှားမှုများများလုပ်လေ ကယ်လိုရီ များများလိုအပ်လေပါ။ ဥပမာအားဖြင့် လမ်း မြန်မြန်လျှောက်တာက နှေးနှေးလျှောက်တာထက် ပိုပြီး ကယ်လိုရီ လိုအပ်တာ လူတိုင်း ခန့်မှန်းနိုင်မှာပါ။

ကိုယ်အလေးချိန် လျော့ကျခြင်း

ကိုယ်ခန္ဓာ အလေးချိန်ဟာ လျော့ကျ လာနေတယ်ဆိုရင်တော့ နေ့စဉ် ပုံမှန် လှုပ်ရှား၊ သုံးစွဲနေတဲ့ စွမ်းအင် အသုံးပြုမှု ပမာဏတွေထက် ကိုယ်က ဖြည့်တည်းပေးတဲ့ စားတာ၊ သောက်တာမှာ နည်းလာ တာကြောင့် ကယ်လိုရီလျော့ကျလာတယ်လို့ ယေဘူယျ အဓိပ္ပါယ်ဆောင်ပါတယ်။

တခြား ရည်ရွယ်ချက်တခုခုနဲ့ကိုယ်က ခန္ဓာကိုယ် အလေးချိန်ကိုလျှော့ချချင်တယ်ဆိုရင်တော့ ကိုယ်စား သုံးနေတဲ့ စွမ်းအင် ပမာဏထက် ပိုသုံးစွဲမှု လုပ်ရပါတော့မယ်။ ဒါကလည်း ဟန်ချက်ညီဖြစ်သွားဖို့က အချိန် အတိုင်းအတာ တခုကို မဖြစ်မနေ ဖြတ်သန်းရမှာပါ။

ကိုယ်က ကယ်လိုရီတွေလျှော့စားမယ်၊ ကိုယ်လက်လှုပ်ရှားမှု ပုံစံတွေ ပြောင်းပစ်မယ်၊ ဆိုလိုတာက ပို လှုပ်ရှားရမယ်၊ အစားအသောက် အနေအထိုင် အစစ အရာရာ ဆင်ခြင်မယ်ဆိုရင် ကိုယ်အလေးချိန် လျော့ကျလာနိုင်ပါတယ်။

အကောင်းဆုံး ကိုယ်အလေးချိန် လျော့ချတဲ့နည်းကတော့ အစားအသောက် အလွန်အကျွံလျော့ချတာမျိုး မလုပ်ပဲ ကိုယ် လက်လှုပ်ရှားမှုကို ပိုလုပ်ဖို့ပါ။

ဒါကတော့ အကောင်းဆုံးနည်းလမ်းတခုပါပဲ။ ကျန်းမာတဲ့ ခန္ဓာကိုယ်ဘယ်လိုလုပ်ကြမလဲ ဆိုတာကို သေချာလေ့လာပြီး တဖက်က အစားအသောက်ကိုလည်း ထိမ်း မယ်၊ ကိုယ်လက် လေ့ကျင့်ခန်းလည်း စနစ်တကျ လုပ်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေမှာတော့ ကိုယ့်ကို နည်းလမ်းညွှန်ပြပေးတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေရဲ့ယူကြ တယ်လို့ ဆိုပါတယ်။

လူတိုင်း ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး လူ့အဖွဲ့အစည်းကို ကောင်းကျိုးပြုနိုင်ရန်အတွက် ကယ်လိုရီ နဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်အကြောင်း ဘာသာပြန် ရေးသား မျှဝေပေးလိုက်ပါတယ်။

~ အိမ့်သံစဉ် ~

http://blog.irrawaddy.org/2012/10/blog-post_2454.html

လူမျိုးခြားများ ခိုးဝင်လာခြင်းကို ကာကွယ်ရန် နယ်စပ်ဒေသများတွင် Satellite ဂြိုလ်တုများသုံးပြီး စောင့်ကြည့်မည်

အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ ခိုးဝင်လာခြင်းကို ကာကွယ်ရန်အတွက် နယ်စပ်ဒေသများတွင် Satellite ဂြိုလ်တုများ အသုံးပြုကာ စောင့်ကြည့်သွားရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

“ဒါ့အပြင် လူမျိုးခြားတွေ ခိုးဝင်လာတာတွေကို ကာကွယ်ဖို့ လှည့်ကင်း၊ ရဲကင်းနဲ့ စောင့်ကြည့်အဖွဲ့တွေ ဖွဲ့စည်းသွားဖို့ အစီအစဉ်တွေလဲ ရှိတယ်။ စောင့်ကြည့်စနစ်ဆိုတာ မျိုးစုံရှိပါတယ်။ ရဲကင်းတွေ ထပ်မံတိုးချဲ့ဖို့နဲ့ လိုအပ်တဲ့ အင်အားဖြည့်ဆည်းမှုတွေကိုလဲ လုပ်ဆောင်သွားမှာပါ” ဟု ယင်းကဆက်လက် ပြောသည်။

ရခိုင်အရေးကိစ္စကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်မျဉ်း တစ်လျှောက်လုံးတွင် ဘော်ဒါကွန်ထရိုးကို စနစ်တကျ တည်ဆောက်သွားရန် လိုအပ်နေပြီဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆိုသည်။

“ဒီမိုကရေစီ လမ်းကြောင်း ဖြစ်လာတဲ့အတွက် လွတ်လွတ်လပ်လပ် သွားလာခွင့်လဲ ပြုရမယ်။ ဒီအထဲမှာ မသမာတဲ့သူတွေ မပါလာဖို့လဲ အရေးကြီးတယ်။ မပါလာအောင်လဲ တားဆီးရမယ်။ နိုင်ငံတကာမှာလဲ အရေးကြီးတဲ့ လုံခြုံရေးကိစ္စတွေမှာ အစိုးရအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်နေကြပါပြီ။

မြန်မာနိုင်ငံ အနေနဲ့လဲ ဒီလိုအရေးကြီးတဲ့ လုံခြုံရေးကိစ္စတွေမှာ နိုင်ငံတကာလိုပဲ Private Sector နဲ့ Public Sector ပူးပေါင်းဆောင်ရွက်ဖို့ လိုနေပါပြီ။ အခုလက်ရှိဆိုရင် လုံခြုံရေးကိစ္စတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ကိုယ့်တပ်ဖွဲ့နဲ့ကိုယ် လုပ်နေရတာပါ” ဟု နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဓိက Satellite ဂြိုလ်တုနဲ့ စောင့်ကြည့်ရမယ့် နေရာကတော့ ရခိုင်ပြည်နယ် မြောက်ဘက်အခြမ်းပဲ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်ကနေ ဘင်္ဂါလီတွေ ခိုးဝင်လာတာ အများအပြားရှိတာကို သတိထားရမယ်။ အဲဒီဟာတွေကို အဓိကထားပြီး စောင့်ကြည့်ရမယ်။ တွေ့ရင် ထိထိရောက်ရောက် အပြစ်ပေးဖို့ လိုအပ်တယ်။ ဒီလိုမျိုး ခိုးဝင်လာတာတွေကိုလဲ ကမ္ဘာကသိအောင် ကြေညာရမယ်” ဟု ပြည်တွင်းဘူမိပညာရှင်တစ်ဦးက ပြောသည်။

အဆိုပါ Satellite ကို နယ်စပ်ဒေသများတွင် မကြာမီ တပ်ဆင်ရန် စီစဉ်နေကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://www.khitlunge.net.mm/news/news_detail.aspx?info_id=27506