Friday, August 17, 2012
သမ္မတဦးသိန်းစိန်ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ လက်ခံ
ဘယ်လ်ဂျီယံနိုင်ငံထိပ်တန်း တက္ကသိုလ်တစ်ခုမှ ပေးအပ်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို သမ္မတဦးသိန်းစိန်က သြဂုတ်လ (၁၃)ရက်နေ့တွင် လက်ခံလိုက် ကြောင်း သိရသည်။
ဘယ်လ်ဂျီယံနိုင်ငံDe Liegeတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် အဖွဲ့နှင့်သမ္မတဦးသိန်းစိန်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး နောက် ဂုဏ်ထူးဆောင် ဒေါက် တာဘွဲ့ကိုလက်ခံမည်ဟု သမ္မတ မှ ပြောကြားခြင်းကို ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းထံမှသိရသည်။
““ဘယ်လ်ဂျီယံကDe Liege တက္ကသိုလ်က ဒုတိယပါမောက္ခချုပ် နဲ့အဖွဲ့က သမ္မတနဲ့သွားတွေ့ပြီး ဒေါက်တာဘွဲ့ပေးချင်တယ်လို့ ပြောတာ သမ္မတကလည်း လက်ခံ လိုက်တော့ သူတို့ဆီမှာ ပြန်ပြီး တော့ တရားဝင် သတင်းတွေ ဘာတွေ ထုတ်မှာပေါ့။”” မင်္ဂလာ မြန်မာအဖွဲ့သည် ဥရောပနိုင်ငံ တွေမှ တက္ကသိုလ်များနှင့်မြန်မာ ပြည်မှ တက္ကသိုလ်များ ပူးပေါင်း ဆောင်ရွက်နိုင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသော အဖွဲ့ဖြစ် သည်။
ဘယ်လ်ဂျီယံတက္ကသိုလ်မှ ပေးအပ်မည့် ဂုဏ်ထူးဆောင်ဘွဲ့ နှင့်ပတ်သက်၍ ဒေါက်တာဖုန်းဝင်း က ““ငြိမ်းချမ်းရေးလုပ်တဲ့သူတွေ၊ နိုင်ငံအတွင်း သင့်မြတ်အောင်လုပ် တဲ့သူတွေ၊တစ်ယောက်နဲ့တစ်ယောက် ညှိညှိနှိုင်းနှိုင်း ဒိုင်ယာလော့ခ်လုပ် တဲ့သူတွေကို ပေးဖူးတယ်။နယ် ဆင်မင်ဒဲလားလို လူမျိုးကို ပေး ဖူးတယ်။ကမ္ဘာမှာ ခေါင်းဆောင် တွေထဲက အပြောင်းအလဲ လုပ် တဲ့သူတွေ၊နိုင်ငံကို ကောင်းအောင် လုပ်တဲ့သူတွေကို ဒေါက်တာဘွဲ့ ပေးတာပါ””ဟု ပြောပြသည်။
ပြီးခဲ့သော ၂၀၁၁ခုနှစ်တုန်း ကလည်း ဆိုဗီယက်ခေါင်းဆောင် ဟောင်း မီခေးလ်ဂေါဘာချော့ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေး အပ်ခဲ့ကြောင်းနှင့် ဘယ်ဂျီယံDe Liege တက္ကသိုလ်သည် ဥရောပ အဆင့် ၈၁ရပ်တည်နေသော တက္ကသိုလ် တစ်ခုဖြစ်ပါကြောင်း၊ တက္ကသိုလ်ဒုပါမောက္ခချုပ်နှင့်အဖွဲ့ သည် သြဂုတ်လ(၁၃)ရက်က မြန်မာပြည်ကို ရောက်ရှိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ရခိုင်ပြည်နယ် ဖြစ်ရပ်များအတွက် သီးခြားလွတ်လပ်သော "စုံစမ်းစစ်ဆေးရေး ကော်မရှင်" ကို နိုင်ငံတော်သမ္မတ ဖွဲ့စည်း
၂၀၁၂ မေလနှင့် ဇွန်လများတွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၊ ပဋိပက္ခများနှင့်စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေးအတွက် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာ အမှတ် (၅၈/၂၀၁၂) ကို နိုင်ငံတော်သမ္မတရုံး မှ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။
ယင်း "စုံစမ်းစစ်ဆေးရေးကော်မရှင်" တွင် သမိုင်းပညာရှင်၊ ညွှန်ချုပ်(အငြိမ်းစား) ဒေါက်တာမျိုးမြင့် ဥက္ကဌ ဖြစ်ပြီး ဂျပ်ဆင်ဘုရားကျောင်းမှ သိက္ခာတော်ရ ဆရာတော် ဦးကျော်ညွန့်၊ မြန်မာဘက်(ပ်)တစ်(စ်)ကွန်ဗင်းရှင်းမှ သိက္ခာတော်ရ ဆရာတော် ဦးစောမာဂေကြီး၊ စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းထွန်း၊ စာနယ်ဇင်းဆရာ မောင်ဝံသ၊ အနုပညာရှင် ဇာဂနာ၊ SNLD ဥက္ကဌ ဦးခွန်ထွန်းဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်သန်းသန်းနု၊ NDF ဥက္ကဌ ဦးခင်မောင်ဆွေ၊ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မှ ဒေါက်တာ အေးမောင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်၊ (၈၈)မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးကိုကိုကြီး၊ UMFCCI မှ ဒေါက်တာ ရင်ရင်နွယ်၊ နိုင်ငံတာဥပဒေကျွမ်းကျင်သူ ဒေါကတာဆလိုင်းမူးကျုံးလျန်၊ သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးတင်အောင်မိုး၊ ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်နိုင်ဦး၊ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်းမှ ဒေါ်ဝါ၀ါထွန်း၊ ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်ဂျာနန်၊ မြန်မာနို င်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ဦးထွန်းအောင်ချိန်၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်မှ ဟာဂျီ ဦးညွန့်မောင်သျှိန်၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်မှ ဟာဂျီ ဦးတင်မောင်သန်း၊ မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် မှ ဟာဂျီ ဦးလှဝင်း၊ မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် မှ ဦးကျော်ခင်၊ မြန်မာမွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်မှ ဟာဂျီ ဦးမြင့်ထွန်း၊ မြန်မာမွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်မှ ဦးလှဝင်း၊ သနန္တရဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်မှ ဒေါက်တာလှထွန်း တို့မှာ အဖွဲ့ဝင်များအဖြစ် ပါရှိကာ Myanmar Egress မှ ဒေါက်တာကျော်ရင်လှိုင်မှာ အတွင်းရေးမှူး ဖြစ်သည်။
နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရတို့အနေဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လုံခြုံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ဆောင်ရွက်ပေးမည် ဖြစ်သည်။
စုံစမ်းစစ်ဆေးမှုများကို ကော်မရှင်အနေဖြင့် လွတ်လွတ်လပ်လပ် ဆောင်ရွက်သွားမည် ဖြစ်သည်။
အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ အရောက် တိုက်ရိုက်အစီရင်ခံတင်ပြရမည် ဖြစ်သည်။
Myanmar Express
Air Asia လေကြောင်းလိုင်း ဘန်ကောက်-မန္တလေး တိုက်ရိုက်ပျံသန်းမည်
Air Asia လေကြောင်းလိုင်းသည် လာမည့် အောက်တိုဘာမှ စတင်၍ မန္တလေးနှင့် ဘန်ကောက်မြို့သို့ တိုက်ရိုက် ပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်နှင့်ဘန်ကောက် ခရီးစဉ်ကိုလည်း တိုးချဲ့ ပြေးဆွဲသွားမည် ဖြစ်ကြောင်း Air Asia လေကြောင်းလိုင်း၏ အမှုဆောင် အရာရှိချုပ် Mr.Tassapon Bijleveld ကပြောသည်။
အာက်တိုဘာ ၄ ရက်မှ စတင်၍ ဘန်ကောက်နှင့် မန္တလေးမြို့သို့ တစ်ပတ်လျှင် လေးကြိမ်၊ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တို့တွင် ခရီးသည် ၁၈၀ စီးနင်းနိုင်မည့် အဲဘတ်စ် အေ ၃၂၀ ဖြင့် တိုက်ရိုက် ပျံသန်းပြေး ဆွဲသွားမည် ဖြစ်သည်။
ထို့အပြင် ရန်ကုန်နှင့် ဘန်ကောက်မြို့သို့ အသွားအပြန် လေယာဉ်ခရီးစဉ် တစ်ကြိမ် တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်သည်။ “မြန်မာနိုင်ငံက Air Asia အလေးထားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆွဲဆောင်မှုတွေ အများကြီးရှိနေပြီး ကမ္ဘာကြီးနဲ့ စတင်နီးကပ် ပွင့်လင်းလာနေလို့ပါ။
ခရီးစဉ်တွေ တိုးချဲ့ပြေးဆွဲလိုက်တဲ့ အတွက် ခရီးသည်တွေ အနေနဲ့ အဆင်ပြေမယ့် အချိန်ကို ပိုမို ရွေးချယ်နိုင်တော့မှာ ဖြစ်ပါတယ်” ဟု Mr.Tassapon Bijleveld က ဘန်ကောက်မြို့တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
Air Asia လေကြောင်းလိုင်းသည် အရောင်းမြှင့်တင်မှု အစီအစဉ်အဖြစ် အောက်တိုဘာ ၄ ရက်မှ ဒီဇင်ဘာ ၃၁ ရက်တွင် ဘန်ကောက်နှင့် ရန်ကုန်မြို့သို့ စီးနင်းမည့် ခရီးသည်များအတွက် ခရီးစဉ်တစ်ကြောင်းလျှင် အမေရိကန် ဒေါ်လာ ၄၂ နှင့် ဘန်ကောက်နှင့် မန္တလေးမြို့သို့ စီးနင်းမည့် ခရီးသည်များအတွက် ခရီးစဉ် တစ်ကြောင်းလျှင် အမေရိကန်ဒေါ်လာ ၄၉ ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
၎င်းလေကြောင်းလိုင်းသည် အောက်တိုဘာ လဆန်းမှစ၍ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ လေဆိပ်သို့ လေယာဉ်ဆင်းသက်နေရာမှ ဒွန်မောင်းလေဆိပ်သို့ ပြောင်းလဲဆင်းသက်သွားမည် ဖြစ်ကြောင်း သိရသည်။
Myanmar Express
တိုက်တန်းနစ် 3D ဇာတ်ကား ဒဂုံ စင်တာ၂ တွင်ယခုလ ၁၇ ရက်နေ့တွင် ပြသမည်
ကမ္ဘာကျော် ဒါရိုက်တာ ဂျိမ်းစ်ကမရွန် ရိုက်ကူးပြီး ကမ္ဘာတစ်ဝန်း တင်ဆက် ပြသခဲ့သော DRAMA AND ROMANCE ဆန်သော တိုက်တန်းနစ် ရုပ်ရှင်ဇာတ်ကားကို3D ဇာတ်ကားအဖြစ် ရန်ကုန်မြို့ ဒဂုံ စင်တာ ၂ တွင် ယခုလ ၁၇ရက်နေ့တွင် စတင် ပြသတော့မည် ဖြစ်ကြောင်း မင်္ဂလာ ရုပ်ရှင် ကုမ္ပဏီ မန်နေဂျာတစ်ဦးက ပြောကြားသည်။
အချိန် သုံးနာရီကျော် ရှိသော ယင်းဇာတ်ကားအတွက် ပုံမှန်ပြသ နေသော အချိန်ထက် လျော့နည်းသွားမည် ဖြစ်သောကြောင့် အချိန် အပြောင်းအလဲ ရှိကြောင်း ၎င်းက ပြောကြားသည်။
"ကမ္ဘာမှာတော့ ဒီဇာတ်ကား သရီးဒီအဖြစ်ပထမဆုံးပြတယ်ဆိုတာတော့မသိဘူးဗျ၊ပုံမှန် ငါးချိန်ကနေ လေးချိန်တော့ပြောင်းသွားတယ်" ဟု၎င်းကဆိုသည်။
ရုပ်ရှင်မင်းသား လီယိုနာဒိုဒီကပ်ပရီ နှင့် မင်းသမီး ကိတ်ဝင်းစလက် ပါဝင် သရုပ်ဆောင်ထားသော အဆိုပါ ဇာတ်ကားသည် နှစ်ဆယ်ရာစု အစောပိုင်း ကာလ ၁၉၁၂ ခုနှစ်က ဗြိတိသျှနိုင်ငံ ဆောက်သန်တန်မှ အမေရိကန်နိုင်ငံနယူးယောက်စီးတီးသို့ ခရီးသည်များ တင်ဆောင်လာသော RMS TITANIC ခရီးသည် တင်သဘောင်္ကြီးမှာ ယင်းနှစ်ဧပြီလ ၁၅ ရက်နေ့တွင် မြောက် အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းနေစဉ် သမုဒ္ဒရာအတွင်း မျောပါနေသောရေခဲတုံး နှင့် တိုက်မိကာ သဘောင်္ဝမ်းကွဲ၍ နစ်မြှုပ်မှုဖြစ်စဉ်နှင့်အတူ အခြေခံ မတူသော ဘ၀နှစ်ခုတို့ ကြား ဆက်စပ် ပတ်သက်ခဲ့ပုံကို လွမ်းဆွတ် ကြည်နူးဖွယ် ရိုက်ကူးထားသည်။
Myanmar Express
ပုံပြင်လား တကယ်လား သတိတော့ထား ပေါ့ဆမိရင် နောက်ထပ်မှားမယ်
ပေါ်ပေါက်ခဲ့တာ ၁၉၆၈ လောက်ဝန်းကျင်ကတဲ့၊ ဆရာတော် ဦးဇာဂရ က သူ့ရဲ့ ကပ္ပိယကို သူသီတင်းသုံးတဲ့ ကျောင်းတိုက်မှာပဲ၊ တနေ့တော့ သူတကာနဲ့ စကားစပ်မိရင်းက သက်ကြီးစကားသက်ငယ်ကြား ဆုံးတော်မူတယ်၊ တကာလာစမ်း ``ဘိုးကြီးအိုခါကုန်းကုန်း ဆိုတာကိုဆိုစမ်း´´ လို့မိန့်တော့ တကာကလည်း ``ဘိုးကြီးအို ခါးကုန်းကုန်မသေးပါနဲ့အုန်း ရှေ့နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါအုန်း´´ လို့ ဆိုလိုက်ပါတယ်။ ပြီးသွားတာနဲ့ ဘုန်းဘုန်းက ``အဲဒီ ရှေ့နှစ်ခါတန်ဆောင်မုန်းဆိုတဲ့နေရာမှာ ရှစ်နှစ်ခါ တန်ဆောင်မုန်း လို့ ပြောင်းဆိုကြည့်စမ်း´´ဆိုတော့၊ တကာလည်း ``ရှစ်နှစ်ခါ တန်ဆောင်မုန်းပွဲကြည့်ပါအုန်း´´လို့ ပြောင်းဆိုပြန်တယ်။ ဒီတော့မှ ဘုန်းဘုန်းကရှင်းပြတယ်၊ ``တကာ ရှစ်နှစ်ခါဆိုတာ ၈၈ ကိုဆိုတာကွဲ့ တို့နိုင်ငံဟာ ၁၉၈၈မှာ ဆူကြပူကြ ဖြစ် လိမ့်မယ် မင်းမဲ့စရိုက်တွေ ဖြစ်လာပြီးတော့ ကျီးလန့်စာစားဘ၀ရောက်မယ်ကွဲ့ ဒါကြောင့် ရှစ်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါအုန်းလို့ ပြောရတော့မယ် တကာရေ´´လို့မိန့်ခဲ့ပါတယ်။ တကာလဲ မယုံတ၀က် ယုံတ၀က်နဲ့ နာယူခဲ့ရပေမယ့် တကယ်ပင် ဖြစ်ပေါ်ခဲ့ကြတယ် မဟုတ်ပါလား။
နောက်ရက်အနည်းငယ်ကြာတော့ ဘုန်းဘုန်း အမိန့်ရှိပြန်တာက``ဆည်မြောင်းချောင်းကန် တာတမံ၊ နဂါးဖန် လိမ့်မယ်၊ ဖန်လေသည့် နဂါး ရေသို့လားမယ်ဟဲ့´´ လို့ဆိုတယ်။ ၈၈ ဆူပူအုံကြွမှုတွေကို တပ်မတော်က အာဏာသိမ်းပြီး ထိန်းသိမ်းပြီးတဲ့နောက် တက်လာတဲ့ စနေ(နဂါး)နံ န၀တ နယက အစိုးရလက်ထက်မှာ ဆောက်လိုက်တဲ့ တာတမံတွေဗျာ ပြီးတော့ အတွင်းရေးမှူး(၂)နဲ့ အဖွဲ့ဟာ သံလွင်မြစ်ထဲမှာ ကျဆုံးခဲ့ကြတယ်။ တိုက်ဆိုင်လိုက်တာလို့ ပြောရမှာလား တကယ်ကို မှန်နေတာလားဗျာ။
တစ်လလောက်အကြာမှာထပ်မိန့်ပြန်တယ် ``လမ်းသွယ် လမ်းငယ်လည်း ကျယ်လိမ့်မယ်၊ မင်းဗိမ္မာန်လဲ ကျယ်လိမ့်မယ်၊ တက်တဲ့မင်းလဲငယ်လိမ့်မယ်ဟဲ့ တကာရဲ့´´တဲ့ဗျာ။ ၂၀၀၆ လောက်မှာ နေပြည်တော်ရုံးတွေ စတင်ဖွင့် တော့ ရောက်ဖူးပါတယ်။ ကျယ်လိုက်တဲ့လမ်းတွေ ကွန်ကရစ်တွေ ပြောင်ချောနေအောင်ခင်းကျင်းလို့၊ သမ္မတရုံး အပါအ၀င် ၀န်ကြီးရုံးကြီးတွေ၊ လွှတ်တော်ရုံးကြီးတွေကလည်း ထည်ဝါလိုက်တာမပြောပါနဲ့တော့၊ အဲ တက်တဲ့မင်း ငယ်မယ် ဆိုတာတော့ လွဲနေတာတွေရပြန်တယ်ဗျ။ ဒီအဆိုအမိန့်လဲ မှန်နေပြန်တယ်ပဲ ဆိုရမှာပေါ့ဗျာ။
နောက်တစ်ခုရှိသေးတယ် `` တစ်ပင်တိုင်ခ၀ါချပြီမို့ နားသမျှအသီးတွေကြွေ တွန့်လို့သာကျေ၊ အသီးတွေ ရာသီပြောင်း၊ အောင်စည်အောင်မောင်းရှေ့ကဆော် ဒေါင်းတွေကအော်၊ ဒေါင်းအော်ရင် အပေါင်းအဖော် တသင်းရယ်က၊ ပြည်တွင်းကို ၀င်ပေါက်ရှာ၊ မနေသာသူလာပါလိမ့်၊ မြစိမ်းရောင်ထီးဖြူဆောင်းပါမှ၊ ဒေါင်းမဖြစ် ကြက်မတွန်မျိုးဖျက်မဲ့ ကျွန်၊ နောင်အခါ ဘယာဝေးစေဘို့၊ ခြင်္သေ့မင်း တန်ခိုးကြွယ်၊ အမျိုးနွယ် ကြွယ်စေဘို့လေး´´တဲ့ ၂၀၁၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲပြီး တစ်ပါတီစနစ်ရော၊ တပ်မတော်အစိုးရရော ဇာတ်သိမ်း သွားတဲ့အချိန်၊ နိုင်ငံရေးပါတီပေါင်းစုံ ပေါ်ပေါက်လာပြီးတော့ ဒီမိုကရေစီစနစ်ထွန်းကားရေးပြုပြင်ပြောင်းလဲရေးတွေလုပ်နေတဲ့အချိန်မှာ ၀င်လာလိုက်တဲ့ အနောက်နိုင်ငံများက ဒီမိုကရေစီဘက်တော်သားနိုင်ငံတွေ၊ ထူးခြားတာတစ်ခုက နိုင်ငံရေးပါတီတွေထဲမှာ ဒေါင်းနဲ့ ခြင်္သေ့ အမှတ်သင်္ကေတ အသုံးပြုတဲ့ပါတီတွေ ပေါ်ပေါက်လာတယ်၊ အနှစ်နှစ်အလလက အဖိအနှိပ်ခံထားရတဲ့။ ဒေါင်း အမှတ်တံဆိပ်နဲ့ NLD ပါတီဟာ တရားဝင်ပြောရေးဆိုခွင့်ရလာပြီး မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ နေရာပေးခံလာရတဲ့ အနေအထားများလဲ တွေ့မြင်လာရတယ်၊ ပြီးတော့ ၀င်လာသမျှ အနောက်နိုင်ငံများဟာလည်း သူ့ရဲ့ အပေါင်းအဖော် တွေပဲ ဆိုတာအထင်အရှားပါပဲ။ ဒါဟာ ကောင်းတဲ့သဘောလား မကောင်းတာလားတော့ ပြောမထားပါဘူး။ ပြောရရင်တော့ ဒီအချက်ဟာလည်းမှန်နေပြန်တယ်ပေါ့ဗျာ။
အစဉ်လိုက်မှန်လာတာကိုကြည့်ပြီးတော့ နောက်ဆုံးတစ်ခုပါ မှန်လာမှာကို အတော်လေး စိုးရိမ်မိခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ဒီနေ့ ကျွန်တော်တို့နိုင်ငံဟာ ရင်ဆိုင်လိုက်ရပါပြီ။ အဲဒီအဆိုကတော့ `` နာမည်လေးခု စုရုံးပေါင်းစု၊ ကိုးခုရအံ့၊ ထိုသည်မိန်းမ တိုင်းပြည်ရကား၊ ကုလားဖ၀ါးအောက် ပြားပြားမှောက်မယ်အံ့´´တဲ့ဗျာ။ အခု ထိုအမျိုးသမီးဟာ တိုင်းပြည်မရသော်လည်း ပြောရေးဆိုခွင့် နိုင်ငံရေး အပြောင်းအလဲမှာ တရားဝင်ပါဝင်ခွင့်တွေ ရရှိ သွားတဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ပြဿနာတွေ ဖြစ်ပေါ်ခဲ့တယ်။ ဒါတွေဟာ သာမန်တိုက်ဆိုင်မှုတွေမဟုတ်ပါဘူး။ သတိထားဘို့ကောင်းသလို ကြိုတင်ကာကွယ်နိုင်ကြဘို့လဲ ပြင်ဆင်ရမှာဖြစ်ပါတယ်။ တိုင်းပြည်ဖျက်တဲ့ မိန်းမတွေရဲ့ ရာဇ၀င်တွေရှိခဲ့ဘူး နောက်ထပ် မဖျက်ဆီးနိုင်အောင်တားဆီးကျဘို့ လိုပါမယ်ဆိုတာ သတိထားကြဘို့ လိုပါတယ်။

West Nile ဗိုင်းရပ်စ်ကြောင့် အမေရိကန်တွင် ၁၅ ဦးသေဆုံး
အမေရိကန်နိုင်ငံတွင် အပူလွန်ကဲခြင်းနှင့် မကြာသေးမီက မိုးရွာသွန်းမှုများကြောင့် ခြင်မှတစ်ဆင့် ကူးစက်ခံရ သည့် West Nile ဗိုင်းရပ်စ်ကူးစက်ခံရ သူများ တိုးပွားလျက်ရှိကြောင်းသိရသည်။
တက္ကဆက်ပြည်နယ်တွင် အဆိုပါ ဗိုင်းရပ်စ်ရောဂါကူးစက်မှုကြောင့် ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ချီကာဂိုမြို့ရှိ ရေကန်များ၏ ၁၉ ရာခိုင်နှုန်းတွင် West Nile ဗိုင်းရပ်စ်တွေ့ရှိရပြီး ဒါးလက်စ်မြို့ရှိ နေရာအချို့တွင် အဆိုပါ ဗိုင်းရပ်စ် သယ်ဆောင်နိုင်သည့်ခြင်များ နှိမ်နင်းရန်အတွက် ကောင်းကင်မှဆေး ဖျန်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဗိုင်းရပ်စ်ကို အပူအအေးမျှတသည့် ဒေသနှင့် အပူပိုင်းဒေသများ တွင်တွေ့ရှိရပြီး ၎င်းဗိုင်းရပ်စ်သည် ငှက်များတွင် အများဆုံးဖြစ်ကြောင်း သိရသည်။ ၎င်းဗိုင်းရပ်စ်သည် လူကို ခြင်မှတစ်ဆင့် ကူးစက်ပြီး ရောဂါလက္ခဏာ ရပ်များမှာ ခေါင်းကိုက်ခြင်း၊ ချွေးထွက်များခြင်း၊ ချမ်းခြင်းနှင့် အားနည်းခြင်းတို့ ဖြစ်ကြောင်း သိရသည်။

ငွေကြေးအလွဲသုံးစားမှု၊ အဂတိ လိုက်စားမှု၊ သတင်းသမားဖိနိပ်မှု နာမည်ကြီးနေသော DVB သတင်းဌာနတွင်း အထက် နှင့်အောက် မပြေလည်မှု အမြင့်ဆုံးအခြေအနေထိ ရောက်ရှိလာ
နော်ဝေနိုင်ငံ ရဲ့ ပေးစာ ကမ်းစာ စားသောက်ပြီး ရပ်တည်လျှက်ရှိသော အော်စလို အခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ (DVB) ရုပ်မြင်သံကြား တွင် ရုံးချုပ်မှ မသမာမှုများ၊ အဂတိ လိုက်စားမှုများ ကို မကြေနပ်ကြသဖြင့် မြန်မာနိုင်ငံအတွင်းရှိ DVB သတင်းထောက်များအား လုံးက သတင်းမတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အဆိုပါဆုံးဖြတ်ချက်ကို ရန်ကုန်အခြေစိုက် DVB သတင်းထောက် အယောက် ၃၀ အပါအ၀င် မြန်မာ တစ်နိုင်လုံးရှိ DVB Citizen journalist (CJ) များပါ ထောက်ခံခဲ့ကြကြောင်း သိရပြီး လွှတ်တော်သတင်း ဗွီဒီယိုကလစ်များကို လုံးဝ မပို့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ သားတင်းသမား များသည် အစိုးရထံသို့ သတင်းသမား အခွင့်အရေးများကို ဆက်တိုက်တောင်းဆိုနေသော်လည်း ၎င်း တို့ကိုယ်တိုင်ကတော့ အခွင့်အရေးအပြည့်မဝ မရကြသေးပေ။ ထို့ကြောင့် ရန်ကုန်အခြေစိုက်DVB သတင်းထောက်များက ဒီကနေ့ အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ပြသာနာ ဖြစ်ရသည့် အကြောင်းအရင်း နှင့် ရသင့်ရထိုက်သည့်အခွင့်အရေးများကို နော်ဝေ နိုင်ငံ အော်စလိုမြို့ရှိ DVB ရုံးချုပ်သို့ အီးမေလ်ပို့ထားပြီး ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ နှစ်ကလည်း DVB သတင်းဌာနအတွင်း ပြည်တွင်းသတင်း လုပ်ငန်းမှာ ငွေကြေး အလွဲသုံးစားမှု ရှိကောင်းရှိနိုင်တယ် ဆိုပြီး ဒီဗွီဘီက ကြေညာချက် ထုတ်ပြန်ခဲ့ရပါတယ်။
၂ဝ၁ဝ ခုနှစ်အတွင်း ဒီဗွီဘီ ပြည်တွင်း အသုံးစရိတ်တွေမှာ အမေရိကန်ဒေါ်လာ ၃ သိန်း၊ မြန်မာကျပ်ငွေနဲ့ ဆိုရင် သိန်း ၃ ထောင်ခန့် အလွဲသုံးစားမှု ရှိနိုင်တဲ့အချက်ကို အုပ်ချုပ်ရေးဘုတ်အဖွဲ့က သိရှိပြီး စစ်ဆေးမှုတွေလုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာတဲ့ စစ်ဆေးမှု မဟုတ်ခဲ့သလို တရားခံကိုလည်း ထုတ်ဖော်ကြေညာခြင်း မရှိခဲ့ပါဘူး။
ပြဿနာတွေ ဆက်တိုက် ဖြစ်လာပြီးနောက် အမှုဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင် နဲ့ ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့ နှစ်ဦး အလုပ်ထုတ်ခံခဲ့ရပါတယ်။ နောက်ဆုံးမှာေ ငွကြေး အလွဲသုံးစားမှုများကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့က ဒီဗွီဘီရုံးကိုတောင် ပိတ်ခဲ့ရဖူးပါတယ်။
ဒါ့အပြင် DVB သတင်းဌာနဟာ ၂၀၀၇ ခုနှစ်ကလည်း သတင်းလိမ်ညာ ထုတ်လွှင့်မှုတွေ လုပ်ခဲ့သလို Burma VJ ဆိုပြီး လုပ်ကြံ ဇတ်ကားတွေလည်း အချိန်ကုန်ခံ ရိုက်ကူးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။
နော်ဝေ အခြေစိုက် DVB သတင်းဌာနဟာ ၎င်း တို့ကိုယ်တိုင် သတင်းဌာန လေး တစ်ခုအတွင်းမှာတင် လဘ်စားမှု၊ ငွေကြေး အလွဲသုံးစားလုပ်မှု၊ သတင်းသမား အခွင့်အရေး အပြည့်အဝ မရရှိမှု၊ အဂတိ လိုက်စား မှုတွေ ပြည့်နှပ် နေပေမယ့် အစိုးရကိုတော့ သန့်ရှင်းစေဖို့၊ အဂတိလိုက်စားမှု ကင်းစေဖို့၊ အခွင့်အရေး အပြည့်အဝ ပေးစေဖို့ အကြောင်းတွေကို အသားပေး ထုတ်လွှင့်လျှက် ရှိပါတယ်။
Myanmar Express
ပင်စင်နီး ပညာရေးဝန်ထမ်းများ လစာ တိုးမြှင့်ပေးမည်
ပင်စင်နားနီးနေပြီ ဖြစ်သော ပညာရေးဝန်ထမ်းတို့၏ လစာကို တိုးမြှင့် ပြင်ဆင်ပေးသွားရန် စီစဉ်နေပြီဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။ “တန်းစီဇယားထဲ သူတို့ကို မထည့်တော့ဘူး၊ ပင်စင်နားနီးနေလို့ ဂုဏ်ပြုလိုက်တဲ့ သဘောနဲ့ လစာ တိုးမြှင့်ပေးသွားမယ်” ဟု ပညာရေးဝန်ကြီးဌာန၊ ပညာရေးလေ့ကျင့်ရေးနှင့် စီမံကိန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အခြေခံပညာရေး ဝန်ထမ်းများ စွမ်းဆောင်ရည်နှင့် လူမှုစီးပွားရေး မြင့်မားရေး စီမံချက်အနေဖြင့် အလယ်တန်း၊ မူလတန်း ကျောင်းအုပ်များနှင့် မူလတန်းပြများ၏ လစာနှုန်းထားကို ပြင်ဆင် သတ်မှတ်ပေးသွားရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေရာ ယခုဘဏ္ဍာနှစ်အတွင်း ဆရာ၊ ဆရာမ ၂၀၀၀၀ နီးပါးခန့် တိုးမြှင့်ပေးသွားနိုင်ခြေ ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။
“ပင်စင်နား မနီးတဲ့သူတွေကို တစ်ဆင့်ချင်းအလိုက် စိစစ်ပြီး တိုးပေးသွားဖို့က စီစဉ်ထားပြီးသားပါ။ တန်းစီဇယားနဲ့ လုပ်သွားမှာပါ။ သို့သော်လည်း အကုန်လုံးတော့ ဒီနှစ်ထဲမှာ မတိုးပေးနိုင်ပါဘူး။ လာမယ့်နှစ်မှာတော့ အကုန်လုံး ဖြစ်သွားနိုင်မှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ လက်ရှိတွင် အလယ်တန်း ကျောင်းအုပ်ရာထူးကို ကျပ် ၈၉၀၀၀၊ မူလတန်းကျောင်းအုပ်အတွက် ကျပ် ၈၃၀၀၀ နှင့် မူလတန်းပြ ဆရာ၊ ဆရာမအတွက် ကျပ် ၇၇၀၀၀ တို့ကို ပညာရေးဝန်ကြီးဌာနမှ အခြေခံလစာနှင့် အစိုးရချီးမြှင့်ငွေတို့ ပေါင်းကာ ဝန်ထမ်း ၉၈၃၉၉ ဦးအား လစာငွေပေးအပ်လျက် ရှိသည်။ တိုးမြှင့်ပေးမည့် အစီအစဉ်အရ မူလတန်းပြလစာကို ကျပ် ၈၃၀၀၀၊ မူလတန်း ကျောင်းအုပ်ကို ကျပ် ၈၉၀၀၀ နှင့် အလယ်တန်းကျောင်းအုပ်ကို ကျပ် ၁၃၀၀၀၀ သို့ ပေးအပ်သွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ရိုဟင်ဂျာတပ်ပေါင်းစု (R.S.O) နှင့် နိုင်ငံတကာအကြမ်းဖက်အဖွဲ့ ချိတ်ဆက်မှုများ
မူဆလင်လက်နက်ကိုင်အဖွဲ့များ၏ မြန်မာနိုင်ငံနှင့်အစိုးရအပေါ်တွင် လက်နက်ကိုင်တော်လှန်မှုနှင့် နိုင်ငံခြား ဘာသာရေးအဖွဲ့များ၏ အကူအညီထောက်ပံ့မှုကို ရယူမှုမှာ အရေအတွက်အားဖြင့်နည်းပါးသည်။ သို့ရာတွင် မြန်မာနိုင်ငံရှိ အခြားသောလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မတူညီသည့်အချက်မှာ မူဆလင်လက်နက်ကိုင်အဖွဲ့ အချို့သည် ကမ္ဘာလုံးဆိုင်ရာအစ္စလာမ္မစ်အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်လှုပ်ရှားမှုများ ရှိခဲ့ခြင်းဖြစ်သည်။
ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization)
ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) သည် ဘင်းဂလားဒေ့ရှ် ၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် အခြေစိုက်သော အစွန်းရောက်မူဆလင်အကြမ်းဖက်အဖွဲ့များနှင့် သိသာစွာဆက်သွယ်မှုများရှိနေသည်ကို ဆယ်စုနှစ်အနည်းငယ်ကပင် နိုင်ငံတကာမှ သိရှိပြီးဖြစ်သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) သည် တည်ထောင်စဉ်အချိန်မှ ရည်ရွယ်ချက်မှာ ကောက်ဘဇား (Cox’s Bazar) နှင့် စစ်တကောင်း (Chittagong) နယ်များအတွင်းရှိ ဒုက္ခသည် ရိုဟင်ဂျာ အမည်ခံ ဘင်ဂါလီများ၏ အကျိုးအတွက်ဟုဆိုသော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ဘင်းဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ရိုဟင်ဂျာအမည်ခံဘင်ဂါလီများ နေထိုင်ရာဒေသများကို စုပေါင်းကာ မူဆလင်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ထူထောင်ရေးအဖြစ် ပြောင်းလဲလာသည်။
မူးယစ်ဆေးဝါးများမှ ၀င်ငွေအများဆုံး ရရှိ
ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) ၏ အသေးစိတ်အချက်အလက်များကို ရှာဖွေရာတွင် လက်နက်ကိုင်အင်အား ရာဂဏန်းရှိသည်ဟုသာ သိရှိရသည်။ သို့ရာတွင် ယင်းတို့အနက်မှ မည်သည့်တပ်ဖွဲ့ခွဲသည် မြန်မာနိုင်ငံတစ်ဖက်ခြမ်းတွင် အခြေစိုက်၍ နိုင်ငံတကာမူဆလင်အကြမ်းဖက်များနှင့် မည်သို့ဆက်သွယ်သည် ဆိုသည်ကိုမူ အသေးစိတ်သိရှိရန် ကြိုးပမ်းဆဲဖြစ်သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) ၏တပ်သားအများစုသည် တရုတ်နိုင်ငံလုပ် အေကေ-၄၇ အော်တိုမက်တစ်ရိုင်ဖယ်များ ၊ အပေါ့စားစက်သေနတ်များ၊ အာရ်ပီဂျီ(တူး) ဗုံးဆံလောင်ချာများ၊ မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ကို လက်နက်အဖြစ်ကိုင်ဆောင်ကြသည်။ ယင်းအဖွဲ့အစည်းသည် ၁၉၉၀ခုနှစ်နောက်ပိုင်းမှစ၍ တိုက်ခိုက်ရေးပြုလုပ်ခြင်းများ အားနည်းလာခဲ့သော်လည်း မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံဒေသအတွင်းတွင် အကြမ်းဖက်မှုနှင့် ဆက်စပ်သောလုပ်ငန်းများဖြစ်သည့် လက်နက်နှင့် မူးယစ်ဆေးဝါးများရောင်းဝယ်ခြင်းမှ ၀င်ငွေအများဆုံး ရရှိသောအဖွဲ့ဖြစ်သည်ကိုတွေ့ရှိရသည်။
ပါကစ္စတန်နိုင်ငံနှင့်ဆော်ဒီအာရေဗျနိုင်ငံမှ ရာဘိတယ်အလမ်အိုင်အစ္စလာမီ (Rabitaal-Alam-I-Islami) အဖွဲ့ ၏ ထောက်ပံ့ငွေများကို ရယူခဲ့ကြောင်းလည်းသိရှိရသည်။ ၁၉၈၀ခုနှစ် ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) ဘင်းဂလားဒေ့ရှ်နိုင်ငံရှိ ဂျမတ်-အီ-အစ္စလာမီ (Jamaat-e-Islami) အဖွဲ့နှင့် အကြမ်းဖက်ကျောင်းသားများ အဖွဲ့အစည်းဖြစ်သည့် အစ္စလာမီချတ္တရရှီဘာ (Islami Chhatra Shibir) အဖွဲ့တို့မှ အကူအညီများကို စတင်လက်ခံခဲ့ကြောင်း သိရှိရသည်။
သင်တန်း နှင့် ကွန်ယက်များ
ဘင်းဂလားဒေ့ရှ်နိုင်ငံတွင်အဖွဲ့အစည်းထူထောင်ခဲ့ချိန်မှစ၍ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့သည် အင်အားကြီး ဆွန်နီမူဆလင်အဖွဲ့အစည်းဖြစ်သည့် ဟာရာကတ်-အာလ်-ဂျီဟတ်-အာလ်-အစ္စလာမီ (Harakat-ul-Jihad-ul-Islami) ၏လွှမ်းမိုးမှုအောက်တွင်ရှိနေခဲ့သည်။ (HuJI) ကို ၁၉၉၂ ခုနှစ်တွင် အာဖဂန်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသော ဘင်းဂလားဒေ့ရှ်လူမျိုးစစ်သားများကို ထောက်ခံရန်ထူထောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့သည် အယ်ကေဒါနှင့်တာလီဘန်တပ်ဖွဲ့များ၏ ၀ါဟာဘီ နှင့် ဒျူရိုဘန်ဒီ (Wahabist and Deobandist) သင်တန်းနည်းလမ်းများကို မျှဝေသင်ကြားခြင်းများလည်းပြုလုပ်ရာမှ အင်အားကြီးမားကာ ကွန်ယက်များစွာလည်းဖြန့်ကျက်နိုင်ခဲ့သည်။
(HuJI) သည် ဘင်းဂလားဒေ့ရှ်နိုင်ငံအခြေစိုက် ရိုဟင်ဂျာအဖွဲ့ဝင်များကို တပ်သားအဖြစ်ခေါ်ယူခဲ့မှုပြီး ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) နှင့်အဆက်အသွယ်မပြတ် ရှိခဲ့သည်ကိုလည်း တွေ့ရှိရသည်။ အူခီယာ (Ukhia of Cox’s Bazar) ရှိ ဘင်ဂါလီရိုဟင်ဂျာအဖွဲ့၏ စခန်းတစ်ခုကို (HuJI) အဖွဲ့မှ လက်လွှဲရယူခြင်းကြောင့်လည်း ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ပိုင်ဆိုင်မှုများကို ခြယ်လှယ်နိုင်စွမ်းရှိကြောင်း သက်သေပြနိုင်ခဲ့သည်။
လစ်ဗျားနိုင်ငံ အကြမ်းဖက်သင်တန်းများ
မြန်မာအစိုးရဘက်မှ ရိုဟင်ဂျာအမည်ခံဘင်ဂါလီအဖွဲ့သည် လစ်ဗျားသမ္မတ (ဟောင်း) မွမ်မာကဒါဖီ၏ ထောက်ပံ့မှုများ ရယူနေကြာင်း ပြောဆိုမှုများရှိခဲ့သည်။ ၁၉၉၄ခုနှစ်တွင် ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ဝင် ၈ယောက်သည် လစ်ဗျားနိုင်ငံတွင် အကြမ်းဖက်သင်တန်းများ သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။ အထောက်အထားများအရ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) သည် ပါကစ္စတန် ကက်ရှ်မီးယားဒေသရှိ (HuJI) ယခုအခေါ် ဟာရကတ်-အူလ်-မူဂျာဟစ်ဒင် (Harakat-ul-Mujahideen) အဖွဲ့အစည်း၏ထောက်ပံ့မှုများလည်း ရယူခဲ့သည်။
အာဖဂန် စစ်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သော ဂါဘူဒင်ဟက်မတ်ယာ (Gulbuddin Hekmatyar) ၏ ဟဇ်-အီ-အစ္စလာမီ (Hizb-e-Islami) လှုပ်ရှားမှုများတွင် ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ဝင်အချို့ကို ပါဝင်စေခဲ့ရာမှ ရိုဟင်ဂျာတို့၏ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့တွင် ချိတ်ဆက်မှုအား ပိုမိုကောင်းမွန်လာခဲ့သည်။
ရိုဟင်ဂျာအမည်ခံဘင်ဂါလီ ၊ တာလီဘန် အရာရှိများ
ပါကစ္စတန်နိုင်ငံတွင် ရိုဟင်ဂျာအမည်ခံဘင်ဂါလီ ၃၅၀၀၀၀ (သုံးသိန်းခွဲ) ခန့် နေထိုင်ကြပြီး အများစုသည် အစ္စလာမ်ဘာသာရေး သင်တန်းကျောင်းများကို တက်ရောက်ကြသည်။ ၁၉၉၀ ခုနှစ်များတွင် ယင်းတို့အနက်မှ အချို့သည် တာလီဘန် အရာရှိများ ဖြစ်လာခဲ့ကြသည်။ အခြားတာလီဘန်အဖွဲ့ဝင်ရိုဟင်ဂျာများသည် ဘင်းဂလားဒေ့ရှ်မှ တိုက်ရိုက်ခေါ်ယူခန့်အပ်ပြီး ပါကစ္စတန်နိုင်ငံတွင် သင်တန်းတက်ရောက်ကြကာ ဟာရကတ်-အူလ်-မူဂျာဟစ်ဒင် (Harakat-ul-Mujahideen) အဖွဲ့၏ ချိတ်ဆက်ဆောင်ရွက်ပေးမှုများ ဖြစ်နိုင်ကြောင်းကောက်ချက်ချခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံအတွင်းတွင် ဂျမားအယ်အစ္စလားမီးယား (Jamiya-I-Islami) အဖွဲ့ဥက္ကဌ ဘာဟာနူဒင် ဟာဘာနီ (Burhanuddin Rabbani) နှင့် အစ်တီဟတ်-အယ်-အစ္စလာမီးယား (Ittehad-I-Islami) အဖွဲ့ မှ အက်ဘဒါရက်ရဇူလ်ဆာယက်ဖ် (Abdur Rab Rasool Sayyaf) တို့၏ ထောက်ပံ့မှုများကို ပေါ်ပေါ်တင်တင်ရယူနေမှုများကို နိုင်ငံတကာအကြမ်းဖက်ထောက်လှမ်းရေးမှတ်တမ်းများတွင် တွေ့ရှိရသည်။
ရိုဟင်ဂျာ နှင့် အာဖဂန်နစ္စတန်
ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ဝင် ၁၀၀ (တစ်ရာ) ခန့်သည် အာဖဂန်နစ္စတန်နိုင်ငတွင်းရှိ ခိုစ့် (Khost) မြို့ရှိ ဟဇ်ဘ်-အီ-အစ္စလာမီ (Hizb-e-Islami) အဖွဲ့ပိုင်သင်တန်းများတွင် လေ့ကျင့်ရေးသင်တန်းများ တက်ရောက်ခဲ့ပြီး အခြား ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အင်အား ၅၀၀၀ ခန့်သည်လည်း အလားတူသင်တန်းများကို ၁၉၉၀ပြည့်နှစ်များက တက်ရာက်ခွင့်ရခဲ့ကြောင်းသိရှိရသည်။
မြန်မာ့အရေးနှင့်ဒီမိုကရေစီအရေးလေ့လာသူ ဘာတီးလ်လစ်တစ်တနာ (Bertil Lintner) ၏မှတ်တမ်းများအရ အဆိုပါ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) လေ့ကျင့်ရေးအဖွဲ့ဝင်များသည် ဘာသာရေးဆိုင်ရာ တစ်ဖက်သတ်လမ်းညွှန်ချက်များ ကို ခံယူကြရပြီး ခြေလျင်တပ်သား ၊ မိုင်းရှင်းလင်းရေးတပ်သားများ ဖြစ်လာကြသည်။ ၎င်းတို့သည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တော်လှန်ရေးတပ်ဖွဲ့များ၏ အသုံးချခံ စစ်ဖက်ပစ္စည်း အဆင့်မျှသာ သတ်မှတ်ခံကြရကြောင်း နှင့် ထိုအခြေအနေကို မနှစ်သက်ကြောင်းကိုလည်း သိရှိရသည်။
မူဆလင်အုပ်ချုပ်မှုစနစ် (Sharia Law) ကို မြန်မာနိုင်ငံအတွင်း သွတ်သွင်းရန်
မြန်မာမူဂျာဟစ်ဒင်များသည် တာလီဘန်အဖွဲ့တို့နှင့် ပူးပေါင်းတိုက်ခိုက်မှုများမှာ ၂၀၀၁ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်စစ်တပ်မှ အာဖဂန်အခြေစိုက်စစ်စခန်း ဖွင့်လှစ်ချိန်အထိ ရှိနေခဲ့သည်။ ယင်းတို့အနက်မှ အချို့ကို အမေရိကန်တပ်မှ လက်ရဖမ်းဆီးမိခဲ့ပြီးနောက်ပိုင်း စစ်ဆေးတွေ့ရှိချက်များအရ “မြန်မာအစိုးရကိုတိုက်ခိုက်ရန် စစ်ရေးတိုက်ခိုက်မှု အတွေ့အကြုံများ ရယူနိုင်ရန်နှင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်တိုက်ခိုက်ပြီး ကိုရမ်ကျမ်းစာကို လိုက်နာသောမူဆလင်အုပ်ချုပ်မှုစနစ် (Sharia Law) ကို မြန်မာနိုင်ငံအတွင်း သွတ်သွင်းနိုင်ရန်အတွက်” ဆိုသောထွက်ချက်များကို တွေ့ရှိခဲ့ရသည်။
အဆိုပါလက်ရဖမ်းဆီးမိခဲ့သောအဖွဲ့တွင် ပါကစ္စတန်နိုင်ငံသား အချို့သည် မြန်မာနိုင်ငံသို့မရောက်ဖူးသော စစ်သွေးကြွများဖြစ်ကြသည်။ တာလီဘန်စစ်ပွဲပြီးဆုံးသွားသော်လည်း အာဖဂန်နစ္စတန်နိုင်ငံအတွင်း တာလီဘန်တို့ဘက်မှ ကူညီတိုက်ခိုက်ပေးခဲ့သော မူဂျာဟစ်ဒင်များသည် ဘင်းဂလားဒေ့ရှ်နိုင်ငံနယ်စပ်တွင် အကြမ်းဖက်တိုက်ခိုက်ရေး လေ့ကျင့်ရေးသင်တန်းများကို ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အပါအ၀င် အခြားတိုက်ခိုက်ရေးအဖွဲ့များအား သင်တန်းပို့ချနေမှုများကို ကမ္ဘာ့သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။
ABMU အဖွဲ့က မြန်မာအစိုးရကို ဘာသာရေးစစ်ပွဲဆင်နွှဲမည်ဟု ကြေငြာ
၁၉၉၀ ခုနှစ်များက မြန်မာအစိုးရကို ဘာသာရေးစစ်ပွဲဆင်နွှဲမည်ဟု (ABMU) အဖွဲ့ကကြေငြာစဉ်က အာရပ်နှင့် ပါကစ္စတန်နိုင်ငံများမှ မူဂျာဟစ်ဒင်များ အပါအ၀င် အာဖဂန်နစ္စတန်ရှိ စစ်သွေးကြွများကလည်း ပါဝင်တိုက်ခိုက်ကြရန် ကတိပြုခဲ့ကြသည်။ ထို့အတူ ကတ်ရှ်မီးယားဒေသမှ ပါကစ္စတန်အဖွဲ့တစ်ခုဖြစ်သော ဟဇ်ဘူလ်မူဂျာဟစ်ဒင် (Hizb-ul Mujahideen) ကလည်း လေ့ကျင့်ရေးသမားများကို မြန်မာနိုင်ငံအတွင်းရှိ မူဆလင်သူပုန်များကို လေ့ကျင့်မှုများပေးရန် စေလွှတ်ခဲ့သည်။ စက်တင်ဘာ၂၀၀၁အဖြစ်အပျက်မတိုင်မီအထိ ထိုကဲ့သို့သောအခြေအနေများကို မြန်မာအစိုးရနည်းတူ အမေရိကန်အစိုးရသည်လည်း အန္တရာယ်ရှိသောအခြေအနေတစ်ရပ်အနေဖြင့် များစွာလေ့လာမှုများမရှိခဲ့ပေ။
အယ်ကေဒါအဖွဲ့၏ အစိတ်အပိုင်းများအဖြစ်သိမ်းသွင်း
လက်ရှိအချိန်ထိ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ဝင်မူဆလင်အကြမ်းဖက်တို့၏ နိုင်ငံတွင်းအင်အားသိသာစွာကြီးမားလာခြင်း သိသာထင်ရှားသောအကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်ပွားအောင် မြန်မာအစိုးရမှလည်း ထိန်းသိမ်းထားနိုင်သည်ကိုတွေ့ရှိရသည်။ သို့ရာတွင် စက်တင်ဘာ ၂၀၁၁ တိုက်ခိုက်မှုများ အပြီးတွင် နိုင်ငံတကာလေ့လာမှုများအရ အကြမ်းဖက်ကွန်ယက်သည် တဖြည်းဖြည်းကြီးထွားလာကြောင်း နှင့် မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲ့အစည်းများကိုလည်း အယ်ကေဒါအဖွဲ့၏ အစိတ်အပိုင်းများအဖြစ် သွယ်ဝိုက်သိမ်းသွင်းထားမှုများ ရှိကြောင်း သိရှိရသည်။
အမေရိကန်ရှိ တက္ကသိုလ်တစ်ခုတွင် “အယ်ကေဒါ၏ အရှေ့တောင်အာရှတွင် အကြီးမားဆုံးအဖွဲ့ခွဲသည် မြန်မာနိုင်ငံတွင် အခြေစိုက်သည်” ဟုပင် သတ်မှတ်သင်ကြားခြင်းခံရသည်။ သဘောတရားချင်းတူညီသော သတင်းထုတ်ပြန်ကြေငြာချက် တစ်ရပ်ကို စီအန်အန် သတင်းကွန်ယက်ဌာနမှလည်း ထုတ်လွှင့်သွားခဲ့ဖူးသည်။ ထိုကြေငြာချက်များကို အသေးစိတ် အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့၏ အနည်းဆုံး တစ်စိတ်တစ်ပိုင်းသည် အယ်ကေဒါအဖွဲ့သြဇာခံဖြစ်ကြောင်းကို အမေရိကန်တပ်ဖွဲ့မှ သက်သေပြနိုင်ခဲ့သည်။
အိုစမာဘင်လာဒင် နှင့် ရိုဟင်ဂျာ
၁၉၉၀ ခုနှစ်များက ဘင်းဂလားဒေ့ရှ်နိုင်ငံရှိ တိုက်ခိုက်ရေးစိတ်ပါဝင်စားသူ ရိုဟင်ဂျာစစ်သားများ စုဆောင်းရန်အတွက် ပါကစ္စတန်နိုင်ငံမှ လာရောက်သိမ်းသွင်းသူများသည် အယ်ကေဒါ အဖွဲ့မှ စေလွှတ်ခဲ့သူများဖြစ်ကြောင်း တိကျသောသတင်းများ ရရှိခဲ့သည်။ အမေရိကန်တို့၏ အာဖဂန်စစ်ပွဲမှတ်တမ်းများအရ အိုစမာဘင်လာဒင်၏ ဗီဒီယိုတိပ်ခွေတွင်လည်း အာရပ်ဘာသာဖြင့် “မြန်မာနိုင်ငံမှ မူဆလင်တရားတော်အလိုအရ တိုက်ခိုက်နေသူများ” ကို ထည့်သွင်းပြောကြားခဲ့သည်ကို သိရှိရသည်။
Myanmar Express
ဒီမိုကရေစီ ဘိုးအေ ဗြိတိန် မှ လွှတ်လပ်စွာ ရေးသားထုတ်ဖော်သူ အား ဖမ်းဆီးမည် ဟု ချိန်းခြောက်
ဒီမိုကရေစီ ဘိုးအေး ဗြိတိန် မှ လွှတ်လပ်စွာ ရေးသားထုတ်ဖော်သူ ဂျူလီယံ အာဆန်း အား အချိန်မရွေး ဖမ်းဆီးနိုင်ကြောင်း ချိန်းခြောက်ပြောဆိုလိုက်ပါတယ်။ အာဆန်း ခိုလှုံရာ လန်ဒန် အီကွေဒေါ သံရုံး လန်ဒန် အီကွေဒေါ သံရုံးမှာ ခိုလှုံနေတဲ့ ဝီကီလိ ထူထောင်သူ ဂျူလီယံ အာဆန်းကို ဝင်ဖမ်းခွင့် ရှိတယ်လို့ ဗြိတိန် အစိုးရက ဆိုပါတယ်။
အာဆန်းဟာ ဇွန်လ ထဲက သံရုံးထဲ ခိုလှုံ နေတာဖြစ်ပြီး လက်ရှိ ဥပဒေ အရ ဗြိတိန်က သံရုံး တရုံးရဲ့ အဆင့်အတန်းကို ရုပ်သိမ်း နိုင်တယ်လို့လည်း ဆိုပါတယ်။
အီကွေဒေါ နိုင်ငံခြားရေး ဝန်ကြီးက တော့ ဗြိတိန်နိုင်ငံဟာ နိုင်ငံတကာ ဥပဒေ ချိုးဖောက်တာဖြစ်တယ်လို့ တုံ့ပြန် ပြောဆိုထားပါတယ်။ အာဆန်းကို ခိုလှုံခွင့် ပေးဖို့ အီကွေဒေါက ဆုံးဖြတ်ပြီးသားမို့ ကြာသပတေး နေ့မှာ ကြေညာမယ်လို့ ဝန်ကြီးက သတင်းထောက် များကို ပြောကြား ပါတယ်။
ဝီကီလိ ဝဘ်ဆိုက်တည်ထောင်သူ ဂျူလီယံအာဆန်းဟာ အမေရိကန်သံရုံးက လျို့ဝှက်စာရွက်စာတမ်းတွေကို ဝဘ်ဆိုက်မှာ ဖော်ပြခဲ့တဲ့အတွက် အစိုးရတွေအချင်းချင်းကြားမှာ မျက်နှာပူစရာတွေ ဖြစ်ခဲရသလို အရေးကြီးတဲ့ အချက်အလက်တွေပါ ပေါက်ကြားသွားတဲ့အတွက် အစိုးရအတော်များများ မကျေမနပ်ဖြစ်နေကြပါတယ်။
နောက်ပိုင်းမှာ ဂျူလီယံအာဆန်းက ဆွီဒင်နိုင်ငံမှာ လိင်မူကိစ္စမဖွယ်မရာပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီး ဆွီဒင်နိုင်ငံကို ပို့ဖို့ စီစဉ်ခဲ့ကြပါတယ်။ ဂျူလီယံအာဆန်းကတော့ သူ့ကို အစိုးရတွေက မျက်မုန်းကြိုးနေတဲ့အတွက် လှည့်ကွက်တခုအနေနဲ့ လိင်ကိစ္စမဖွယ်မရာပြုတယ်ဆိုပြီး အကွက်ဆင် ထိန်းသိမ်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဂျူလီယံအာဆန်းဟာ အာမခံနဲ့ သွားလာခွင့်ရတဲ့အချိန်မှာပဲ ဗြိတိန်နိုင်ငံအခြေစိုက် အီကွေဒေါ သံရုံးထဲ ဝင်ရောက်ပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခဲ့ပါတယ်။
အာဆန်း ဖွင့်ချတဲ့ ဝီကီလိခ် စာမျက်နှာတွင် မြန်မာနိုင်ငံ အကြောင်းများလည်း ပါဝင်ပြီး အမေရိကန် သံတမန် မှ NLD ခေါင်းဆောင်များကို အသက်အရွယ်ကြီးပြီး ဘာမှ အသုံးမကျသော အန်ကယ်ကြီး များ ဟူ၍ ဖော်ပြထားမှု တွေလည်း ပါဝင်ပါတယ်။ ဒီမိုကရေစီ ဘိုးအေး နိုင်ငံကြီးများက လွတ်လပ်စွာ ရေးသားဖော်ထုတ်သူများကို ဖမ်းဆီးထောင်ချ ဖို့ ကြိုးစားနေချိန်မှာ ဒီမိုကရေစီလမ်းကြောင်းပေါ် စ လျှောက် နေကာစ မြန်မာနိုင်ငံမှာတော့ သတင်းသမားတွေကတော့ ပြည်သူ့အသံကို အကြောင်းပြပြီး အစိုးရကို ကြုံသလို တိုက်ခိုက်ရေးသားလျှက် ရှိတဲ့ အပြင် ပြည်သူများကို လမ်းပေါ်ထွက် ဆန္ဒပြစေရန် သွေးထိုးရုံမျှ မက ကိုယ်တိုင်ပါ လမ်းပေါ်ထွက် ဆန္ဒပြတတ်ကြောင်း တွေ့မြင်ရပါတယ်။
ဝါရင့် သတင်းစာ ဆရာများကတော့ ဒီမိုကရေစီကို ဦးတည်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ သတင်းသမားတွေကို ကိုင်တွယ်ရာမှာ အနောက်နိုင်ငံများက ဂျူလီယံ အာဆန်းကို ကိုင်တွယ်သလိုမျိုး ကိုင်တွယ်သင့်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။
Myanmar Express