Friday, August 17, 2012

West Nile ဗိုင်းရပ်စ်ကြောင့် အမေရိကန်တွင် ၁၅ ဦးသေဆုံး

အမေရိကန်နိုင်ငံတွင် အပူလွန်ကဲခြင်းနှင့် မကြာသေးမီက မိုးရွာသွန်းမှုများကြောင့် ခြင်မှတစ်ဆင့် ကူးစက်ခံရ သည့် West Nile ဗိုင်းရပ်စ်ကူးစက်ခံရ သူများ တိုးပွားလျက်ရှိကြောင်းသိရသည်။

တက္ကဆက်ပြည်နယ်တွင် အဆိုပါ ဗိုင်းရပ်စ်ရောဂါကူးစက်မှုကြောင့် ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ချီကာဂိုမြို့ရှိ ရေကန်များ၏ ၁၉ ရာခိုင်နှုန်းတွင် West Nile ဗိုင်းရပ်စ်တွေ့ရှိရပြီး ဒါးလက်စ်မြို့ရှိ နေရာအချို့တွင် အဆိုပါ ဗိုင်းရပ်စ် သယ်ဆောင်နိုင်သည့်ခြင်များ နှိမ်နင်းရန်အတွက် ကောင်းကင်မှဆေး ဖျန်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဗိုင်းရပ်စ်ကို အပူအအေးမျှတသည့် ဒေသနှင့် အပူပိုင်းဒေသများ တွင်တွေ့ရှိရပြီး ၎င်းဗိုင်းရပ်စ်သည် ငှက်များတွင် အများဆုံးဖြစ်ကြောင်း သိရသည်။ ၎င်းဗိုင်းရပ်စ်သည် လူကို ခြင်မှတစ်ဆင့် ကူးစက်ပြီး ရောဂါလက္ခဏာ ရပ်များမှာ ခေါင်းကိုက်ခြင်း၊ ချွေးထွက်များခြင်း၊ ချမ်းခြင်းနှင့် အားနည်းခြင်းတို့ ဖြစ်ကြောင်း သိရသည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။