Saturday, August 11, 2012
အစ္စလာမ်နိုင်ငံအချို့၏ ခြိမ်းခြောက်မှုများကို မြန်မာအစိုးရဘက်မှ သံတမန်ရေးအရ၊ လုံခြုံရေးအရ လုပ်ဆောင်လျက်ရှိကြောင်း သမ္မတရုံး ညွှန်မှူးပြောကြား
မကြာခင် ရက်သတ္တပတ်အတွင်းက အစ္စလာမ်ကြီးစိုးတဲ့ နိုင်ငံတချို့မှာ မြန်မာအစိုးရကို ဆန္ဒပြ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တဲ့အပေါ် မြန်မာအစိုးရဘက်ကလည်း သိရှိထားပြီး သံတမန်ရေးအရ၊ လုံခြုံရေးအရ လုပ်ဆောင်သင့်တဲ့အရာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ နိုင်ငံတော် သမ္မတရုံးဘက်က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ထောင်ချခံထားရတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အဘူဘာကာဘာရှားက မွတ်ဆလင်တွေဆက်ပြီး ဖိနှိပ်သတ်ဖြတ်ခံရမယ်ဆိုရင် မြန်မာအစိုးရကို ဘာသာရေးအရ ဂျီဟတ်စစ်ပွဲ ဆင်နွှဲမယ်လို့ သောကြာနေ့က ခြိမ်းခြောက်ခဲ့ပါတယ်။ ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ သိရှိထားကြောင်း၊ ရခိုင်ကိစ္စမှာ မြန်မာအစိုးရ အနေနဲ့ ဘင်္ဂါလီရယ်၊ ရခိုင်ရယ်လို့ ဘက်မလိုက်ဘဲ ဖွဲ့စည်းပုံအခြခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဘယ်ဘာသာကိုမှ ဖိနှိပ်ချုပ်ချယ်တာ မရှိကြောင်း မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။
အစိုးရရဲ့ ဆောင်ရွက်မှုတွေအပေါ် မကြာခင်ရက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးတချို့က နိုင်ငံတကာ သံတမန်တွေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်တို့ကို ရှင်းပြခဲ့တဲ့အပြင် အဖြစ်မှန်တွေကို လေ့လာနိုင်အောင် ရခိုင်ပြည်နယ်ကို ပို့ဆောင်ပြသခဲ့ကြောင်းလည်း သူကပြောပါတယ်။
“သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာ ဒါတွေကိုလည်း ခေတ်နဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်” လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
လက်ရှိ ခြိမ်းခြောက်မှုတွေဟာ အစစ်အမှန်ဖြစ်နိုင်သလို တချို့ကတော့ အမှန်တကယ် မဟုတ်ဘဲ ကြောက်လန့်ရုံသက်သက် ခြိမ်းခြောက်တာတွေ ဖြစ်နိုင်ကြောင်း၊ သေသေချာချာ ဆန်းစစ်ပြီးရင်တော့ လုပ်သင့်လုပ်ထိုက်တာကို နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express
Chip ကတ်များ စတင်သုံးစွဲ နိုင်တော့မည်
Myanmar Payment Union စနစ်မှာ အသုံးပြုမယ့် Chip ကတ်တွေကို စက်တင်ဘာ လပိုင်း လောက်မှာ အများပြည်သူတွေ စတင် အသုံးပြုနိုင် တော့မှာ ဖြစ်တယ်လို့ သမ၀ါယမ ဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလက်ရှိ မှာတော့ အဆိုပါ MPU စနစ်နဲ့အသုံးပြု နိုင်မယ့် Chip ကတ်တွေကို သက်ဆိုင်ရာ ဘဏ်တွေ အချင်းချင်း ၁ လကြာ စမ်းသပ် အသုံးပြုနေတာ ဖြစ်ပါတယ်။
အဆိုပါ စမ်းသပ် ကာလတွေ ကတော့ လာမယ့် သြဂုတ်လ ၁၆ ရက်နေ့မှာ ပြီးစီးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို စမ်းသပ် ထားတဲ့ MPU စနစ်မှာ အသုံးပြုရမယ့် Chip ကတ်တွေဟာ လက်ရှိမှာ လူထု အကြား အသုံးပြုနေတဲ့ ATM ကတ်တွေထက် ပိုမိုပြီး လုံခြုံစိတ်ချ ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြောင်းလဲ အသုံးပြုမယ့် MPU စနစ်နဲ့ Chip ကတ်တွေဟာ ဘဏ်အသီးသီးက ချပေးထားတဲ့ ATM စက်တွေ တိုင်းမှာ ငွေသား ထုတ်ယူနိုင်မှာ ဖြစ်တဲ့အတွက် ဘဏ်အလိုက် ကတ်တွေ ခွဲခြား အသုံးပြုဖို့မလိုအပ်ဘူးလို့ သိရပါတယ်။ အဲ့ဒီလို MPU စနစ်မှာ အသုံးပြု ရမယ့် Chip ကတ်တွေ ကိုတော့ လက်ရှိမှာ ပြည်ပနိုင်ငံ တွေက မှာယူ ထားတာ ဖြစ်ပါတယ်။ ဒီလို မှာယူထား ရာမှာတော့ Chip ကတ် တစ်ခုကို အမေရိကန် ဒေါ်လာ ၄ ဒေါ်လာနှုန်းနဲ့ ၀ယ်ယူရ တယ်လို့ သတင်း ရရှိပါတယ်။
Myanmar Express
ကော့သောင်းကျောက်မီးသွေးစက်ရုံအား Technology နှင့် ပတ်သက်တဲ့ ကျွန်တော့်အမြင်
ကျွန်တော် အခုအချိန်အထိ နည်းပညာနဲ့ ပတ်သက်ပြီးတော့ပဲ ရေးခဲ့တာ ချည်းပါပဲ။ လူမှု့ရေးခံစားချက်နဲ့ ပတ်သက်ပြီးတော့ မရေးခဲ့ဖူးပါဘူး။ ဒါပေမယ့် အခု နည်းပညာနှင့် ဆက်စပ်ပြီး လူမှု့ရေးနှင့်ပတ်သက်နေတဲ့ အမြင်ကို ပြောပြချင်လို့ပါ။ ကျောက်မီးသွေးစက်ရုံတစ်ခုရဲ့ လည်ပတ်ပုံ နည်းစနစ်၊ ကောင်းကျိုးနှင့်ဆိုးကျိုး ဒါတွေကို ကွဲကွဲပြားပြားမသိဘဲနဲ့ သူများပြောတိုင်း လိုက်ခေါင်းညိတ်နေရင်တော့ ပုတ်သင်ညိုပဲ ဖြစ်သွားမှာပါ။
အကောင်းဆုံးဆိုတဲ့ အရာတစ်ခုရဲ့အောက်မှာ စွန့်လွှတ်အနစ်နာခံခဲ့ ရင်းခဲ့ရ ဒုက္ခခံခဲ့ရတာတော့ ရှိကြစမြဲပါ။ ဥပမာ အခုကော့သောင်းမှာ ကျောက်မီးသွေးနှင့်ပတ်သက်ပြီးတော့ သဘာဝဘေးပတ်ဝန်းကျင် ထိခိုက်နိုင်တာတွေနှင့် ပတ်သက်ပြီးတော့ ပြောဆိုနေကြ တာတွေ၊ ဝေဖန်နေကြတာတွေကို ကြားသိနေရပါတယ်။
ဒီမိုကရက်တစ်ပါတီ ကနေ စပြီးလုပ်ခဲ့တာပါ။ ကျွန်တော်ဟာ နိုင်ငံရေးနဲ့ ပတ်သက်မှု့မရှိသလို နိုင်ငံရေးနှင့် ပတ်သက်ပြီးလည်းပဲ ကင်းရှင်းအောင်နေခဲ့ ပါတယ်။ လုပ်နေတဲ့သူတွေကိုလည်း မချီးကျူးသလို မကဲ့ရဲ့ ပါဘူး။ ကိုလုပ်နိုင်လို့လုပ်ကြတာပါ။
ကျွန်တော် ခုချိန်အထိ ဘယ်သူ့ရဲ့ ထောက်ပံ့ကြေးမှ မပါဝင်တဲ့ ကိုယ့်လမ်းကိုယ်ဖောက် ကိုယ့်တံတားကိုဆောက်ပြီး ရလာတဲ့ ပိုက်ဆံနဲ့ ထမင်းစားခဲ့တာပါ။ အင်းပြောရင်းနဲ့ ကို့အကြောင်းပါသွားခဲ့တဲ့အတွက် ဆောရီးပါ။
ပြောချင်တာက အခု ဆန္ဒပြမယ်ဆိုလို့ ဘာဖြစ်လို့ပါလိမ့်ပေါ့။
ကျွန်တော့်ကို လူတစ်ယောက် ဖုန်းဆက်ပါတယ်။ oversea call နဲ့ ဆက်တာပါ။ ၀ဘ်ဆိုက်မှာ ကျောက်မီးသွေးစက်ရုံနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရက်တစ်ပါတီ ကနေ စည်းရုံးနေတာကို တွေ့ရပါတယ်။ ကျွန်တော့်ကိုလည်း အဲ့ကျောက်မီးသွေးစက်ရုံကို ကန့်ကွက်ဖို့အတွက် ပို့စ်တင်ပေးဖို့ တောင်းဆိုပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်တယ်ဆိုတာတွေပါ ပြောတာပေါ့။
အဲ့တော့ ကျွန်တော်ပြောတာဟာ ဘယ်သူ့ဖက်မှ မလိုက်သလိုဘဲ အလယ်တည့်တည့်ကနေ အမြင်ကိုပြောပြပါ့မယ်။ အခု လျှပ်စစ်ဓါတ်အား ထုတ်လွှင့်ဖို့ စက်ရုံတည်ဆောက်လိုက်တဲ့ နည်းပညာသည် အခုမှလား။ မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ နည်းပညာပါ။ တိုးတက်နေတဲ့ အနောက်နိုင်ငံတွေ တော်တော်များများ ဥပမာ- အမေရိကန်၊ တရုတ်စတဲ့နိုင်ငံတွေမှာ ဟိုးအရင်အရင် စတင်ဖွံ့ဖြိုးတဲ့အချိန်အခါတုန်းက လျှပ်စစ်ဓါတ်အား အလုံအလောက် ရရှိစေဖို့ ကျောက်မီးသွေးတွေနဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခဲ့ရသလို၊ သင်္ဘောတွေမှာလည်း ကျောက်မီးသွေးနှင့် လည်ပတ်တဲ့ စက်တွေဖြင့် ခုတ်မောင်းခဲ့ရပါတယ်။
အခုမြန်မာပြည်ဟာ တိုးတက်ဖို့ တာစူနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အဲ့လိုအချိန်မှာ ကော့သောင်းမှာ မီတာခ တစ်ယူနစ်ကို မြန်မာကျပ်ငွေ (425 ကျပ်မှ 450 အထိ) ရှိတတ်ပါတယ်။ အဲ့တော့ မီးချောင်းတစ်ချောင်းတည်း ထွန်းတဲ့ လူတွေအတွက် ဒီမီတာခဟာ မသိသာပေမယ့်။ စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူအတွက်တော့ အရမ်းကို သိသာပါတယ်။ ယူနစ် 100 ကို မြန်မာကျပ်ငွေ 45000 ကျပ်ပေးရပါတယ်။ ကျွန်တော် လစဉ်ပေးနေရတာသည် တစ်လကို တစ်သိန်းခွဲကျော် ပေးနေရပါတယ်။ ဒါစီးပွားရေးလုပ်ငန်းမဟုတ်သေးပါဘူး။ ကွန်ပျူတာ သင်တန်းတစ်ခုတည်း အတွက်ပါ။
အဲ့တော့ တကယ့် လျှပ်စစ်ကို အဓိကထား သုံးနေရတဲ့ စီးပွားရေးလုပ်ငန်းတွေ မှာဆိုရင် ဘယ်လိုလုပ်မလဲ။ ရတဲ့ငွေထက် မီတာခ ပေးရတာက ပိုများနေသလိုပါပဲ။ အဲ့ဒါကို ဒီမိုကရက်တစ်ပါတီ က ကန့်ကွက်တယ်ဆိုတာနဲ့ တစ်ချို့က ဘုမသိဘမသိနဲ့ လိုက်ပြီး လက်မှတ်ထိုးကြတာတွေ တွေ့နေရပါတယ်။ အဲ့ဒီ့ လက်မှတ်ထိုးတဲ့သူတွေကို မေးကြည့်ပါ။ စက်ရုံလည်ပတ်ပုံကနေ ဘေးထွက်ပစ္စည်းထွက်လာတဲ့အထိ အသေးစိတ်ကိုပေါ့။ ဘာမှ သိကြမှာ မဟုတ်ပါဘူး။
အဲ့တော့ ခေတ်မီတဲ့ အနောက်နိုင်ငံတွေမှာတောင် တိုးတက်ခါစတုန်းက ဒီနည်းပညာကို သုံးခဲ့ကြသေးတာပဲ။ အခု တစ်ယူနစ်ကို 200 ကျပ် နှင့်အောက် လောက်ပဲ ယူမယ်ဗျာ။ 200 ကျပ်ငွေပဲထား။ စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေအတွက် တစ်ဝက်ကျော်သက်သာသွားပြီ။ အဲ့လိုသက်သာမှလဲ။ တိုးတက်တဲ့ခေတ်မီစက်တွေနဲ့ လုပ်ငန်းတွေကို လုပ်နိုင်လာကြမှာပါ။ စက်မှု့လက်မှု့တိုးတက်ဖို့ လျှပ်စစ်မီးဟာ အဓိကပါပဲ။ အခုလို ကော့သောင်းမှာ ကျောက်မီးသွေးနှင့် လျှပ်စစ်မီးထုတ်လုပ်ဖို့ စက်ရုံကို သိန်းပေါင်းများစွာ အကုန်အကျခံပြီး မီးရရှိရေးအတွက် ကြိုးပမ်းမှု့ကို ကျွန်တော့်အနေနဲ့တော့ ကြိုဆိုပါတယ်။ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ပဲ ဆက်ကြိုးစားစေချင်ပါတယ်။
ဒါမှသာ ကော့သောင်းမြို့ဟာ စီးပွားရေးနှင့် လူနေမှု့အဆင့်အတန်း မြင့်မားလာစေမှာပါ။ လူတိုင်းနီးပါး ရေခဲသေတ္တာသုံးနိုင်လာမယ်၊ အဲယားကွန်းတတ်နိုင်လာမယ်။ လျှပ်စစ်စက်ပစ္စည်းတွေကို သုံးနိုင်လာမယ်ဗျာ။ အဲ့တော့ ဒါဟာ ဖြစ်သင့်တယ်။ ဖြစ်ထိုက်တယ်လို့ ကျွန်တော့်အနေနဲ့ကတော့ ယူဆပါတယ်။ ကျွန်တော့်ကို ကန့်ကွက်စာရေးပေးဖို့ ဖုန်းဆက်တဲ့ အစ်ကို့ကိုတော့ အားနာပါတယ်။ ကန့်ကွက်စာရေးခိုင်းလိုက်တာဟာ ကျွန်တော်ကို ဖြစ်သင့်တဲ့ အကြောင်းအရာတစ်ခုကို ရေးပေးဖို့အတွက် တွန်းအားပေးလိုက်သလိုပါပဲ။
အခုမီးအားပေးမည့် နည်းစနစ်သည် အခုမှ ကော့သောင်းမှာ စတင်လုပ်ဆောင်မှာ အကောင်အထည်ဖော်မည့် နည်းစနစ်အသစ်မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေ သုံးခဲ့ဖူးပြီးသား နည်းပညာပါ။ ဟုတ်မဟုတ် အင်တာနက်မှာ လိုက်ရှာလိုက်ပါ။ အခုဆိုရင် အဲယားကွန်းမပြောနဲ့ ပန်ကာတောင် အပတ်ရေမြန်မြန်လည်လာရင် ပြန်လျှော့လိုက်ရပါတယ်။ အအေးပတ်သွားမှာကြောက်လို့ မဟုတ်ပါဘူး။ မီတာခ သက်သာစေဖို့ပါ။ အဲ့လိုဖြစ်လာလေ လျှပ်စစ်နဲ့ပတ်သက်တဲ့ ပစ္စည်း အ၀တ်လျှော်စက်အပါအ၀င် ၀ယ်နိုင်ရဲ့သားနဲ့ မသုံးနိုင်ကြပါဘူး။ ဘာလို့လဲလို့ အဖြေရှာရင် ဘယ်လိုပဲ ပုံသေနည်းတွေနဲ့တွက်တွက် အဖြေဟာ မီတာခ ဈေးနှုန်းမြင့်မားလို့ပါ။
ကျွန်တော့်ကို ဖုန်းဆက်တဲ့ အစ်ကိုကိုလည်း ကျွန်တော်ပြန်ပြောဖြစ်ပါတယ်။ ဟုတ်ပြီ ကျွန်တော့်အနေနဲ့ ၀ဘ်ဆိုက်ကနေ ကန့်ကွက်လိုက်ပြီဆိုပါစို့။ အားလုံးက ကန့်ကွက်လို့ စက်ရုံပိတ်ခံရပြီ ဆိုပါစို့ဗျာ။ ခင်ဗျားအနေနဲ့ အခု အဲ့စက်ရုံကနေ ကောက်ခံမည့် တစ်ယူနစ်ကို 200 ဈေးနှုန်းနှင့်တူညီတဲ့ လျှပ်စစ်မီး အလုံအလောက်ကို ပေးနိုင်မလားလို့ ကျွန်တော်မေးပါတယ်။ သူကပြန်ဖြေပါတယ်။ အခုတော့ အကောင်အထည်မဖော်နိုင်သေးပေမယ့် နောက်တော့ အကောင်အထည်ဖော်ပေး မှာပါတဲ့။ နောက်ဆိုတာ တကယ်တော့ ကျောပဲရှိပါတယ်။
လက်ရှိ လျှပ်စစ်မီးပြဿနာနဲ့ ပတ်သက်ပြီးတော့ ရင်ဆိုင်နေရ တာတွေက ကော့သောင်းတစ်မြို့လုံးတင်မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးပါ။ ရန်ကုန်မှာတောင် အ၀တ်လျှော်စက်သုံးနိုင်ပါသေးတယ်။ ကော့သောင်းမှာတော့ ၀ယ်နိုင်ရဲ့သားနဲ့ မသုံးနိုင်ကြဘူး။ အတော်စိတ်မကောင်းစရာပါ။ အခုလို လုပ်ပေးမယ့်သူပေါ်လာလို့ ၀မ်းသာမယ် ကြံသေးတယ်။ ကန့်ကွက်ဖို့အတွက် လိုက်ပြီး စည်းရုံးနေတဲ့ အဖွဲ့ကိုတော့ ကျွန်တော် တော်တော်လေး အံ့သြမိပါတယ်။
ကျွန်တော့်အမြင်ကတော့ ဒီလောက်ပါပဲ။ နည်းပညာတိုးတက်လာဖို့ အဓိကဟာ လျှပ်စစ်မီး ဖြစ်သလို။ နည်းပညာ တိုးတက် လာတာနှင့်အမျှ ဘေးထွက်ဆိုးကြိုးတွေကို နည်းပါးအောင် နည်းပညာအကူအညီနဲ့ ပြန်ပြီး လုပ်ဆောင်သွားနိုင်ပါတယ်လို့လဲ အကြံဥာဏ်ပေး လိုက်ပါတယ်။
ကော့သောင်းမှာ ရှိတဲ့သူများ အားလုံး ဖြစ်သင့်တာနှင့် ဖြစ်ထိုက်တာကို ဝေဖန်နိုင်ပါစေ၊ ပိုင်းခြားနိုင်ပါစေလို့ ကျွန်တော့်အနေနဲ့ ဆန္ဒပြုလိုက် ပါတယ်။ အားလုံးပဲ သူများနိုင်ငံမှာ သုံးနေသလို လျှပ်စစ်မီးကို ပေါပေါသီသီ သုံးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
(ကျောက်မီးသွေးစက်ရုံရှိ မည်သူနှင့်မျှ မပတ်သက်သလို၊ သက်ဆိုင်မှု့လည်းမရှိပါ။ ဖြစ်သင့်တာကို ထောက်ပြခြင်းသက်သက်သာ ဖြစ်ပါတယ်)
(နောက်တစ်ခုကတော့ ၀န်ထမ်းခန့်အပ်တာမှာ ဘယ်သူနဲ့အမျိုးတော်လည်း၊ ဘယ်လိုပတ်သက်တာလည်း စသည်ဖြင့် လူမှု့ရေးနှင့်ပတ်သက်သည့် မေးခွန်းများကိုသာ အဓိကထားမေးတယ်လို့ သိရပါတယ်။ တကယ်ဖြစ်သင့်တာသည်။ ယခုလို လုပ်ငန်းမျိုးမှာ တကယ်တတ်ကျွမ်းသော လူငယ်များနှင့် စာရင်းဇယား ကျွမ်းကျင်စွာ ကွန်ပျူတာဖြင့် တွက်ချက်လုပ်ဆောင်နိုင်သည့် လူမျိုးကိုပဲ ဦးစားပေးခန့်အပ်ရမည့်အစား၊ လူမှု့ရေးနှင့် ပတ်သက်သူများ ကိုသာ ခန့်အပ်နေတာတွေဟာ အဲ့လို လျှပ်စစ်ထုတ်လုပ်ပေးမည့် စက်ရုံအတွက် အလွန်ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုပါ။ တကယ်တတ်ကျွမ်းတဲ့သူများ ကတော့ ဘေးရောက်ပြီး အမျိုးတွေက နေရာယူနေတာဟာ မဖြစ်သင့်ပါဘူး။ ရည်ရှည်မှာ လုပ်ငန်းပိုင်းဆိုင်ရာ ထိုခိုက်မှု့တွေ၊ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့လို ၀န်ထမ်းခန့်အပ်တဲ့အခါမှာ နည်းပညာမေးခွန်းများအစား အမျိုးစပ်သည့် မေးခွန်းတွေမေးနေတာဟာ အတော်ဆိုးရွားတဲ့ အဖြစ်အပျက် တစ်ခုပါပဲလို့လဲ ပြောချင်ပါတယ်။)
အားလုံးကို ခင်မင်လေးစားလျှက်
ညီနေမင်း ( http://www.nyinaymin.org/2012/08/technology_9.html )
Myanmar Express
နိုင်ငံခြားမှ အသစ်တင်သွင်းမည့် ကားများအားလုံး ပိုင်ရှင်ဆန္ဒရှိပါက အင်္ဂလိပ်အက္ခရာဖြင့် နံပါတ်ထုတ်ပေးမည်
နိုင်ငံခြားမှ ကားမှာယူ တင်သွင်းသူများ အားလုံးကို ပိုင်ရှင်ဆန္ဒရှိပါက အင်္ဂလိပ်အက္ခရာ နံပါတ်များဖြင့် ထုတ်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၁-၈-၂၀၁၂ ရက်တွင် ပြောသည်။
ယခင်က ရန်ကုန်မြို့ရှိ ကားနံပါတ်များကို မြန်မာအက္ခရာ နံပါတ်များဖြင့် ထုတ်ပေးခဲ့ရာမှ ၂၀၁၂ ခုနှစ် ဇူလိုင်လမှ စတင်၍ နိုင်ငံခြားမှ တင်သွင်းလာသော taxi များကို အင်္ဂလိပ်အက္ခရာ (AA) နံပါတ် (1,2,3,4) ဖြင့် ထုတ်ပေးခဲ့ရာ ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ တင်သွင်းသည့် ကားအစီး ၃၀ မှာ ပထမဆုံး အင်္ဂလိပ်အက္ခရာ နံပါတ်တပ် တက္ကစီများ ဖြစ်လာခဲ့ပြီး AA-1001 မှ နံပါတ်များ စတင်၍ ယခုအချိန်တွင် အင်္ဂလိပ်အက္ခရာ နံပါတ် 1400 ကျော် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
“အခုတော့ နံပါတ် 1400 ကျော်ပြီ။ အစီးရေ အတိအကျတော့ မသိသေးဘူး။ ကြားထဲမှာ ဘူဂဏန်းတွေ ပယ်တယ်ဆိုတော့။ ဒါပေမဲ့ နံပါတ်က ထုတ်ပြီးရင် တစ်သက်လုံး ပြောင်းလို့မရဘူး။ နိုင်ငံခြားက သွင်းတဲ့ကားတိုင်း အင်္ဂလိပ်နံပါတ် မထုတ်မနေရ မဟုတ်ပါဘူး။ ပိုင်ရှင်ဆန္ဒရှိမှသာ အိမ်စီးဖြစ်ဖြစ်၊ တက္ကစီဖြစ်ဖြစ် အင်္ဂလိပ်အက္ခရာ နံပါတ်နဲ့ ထုတ်ပေးမှာ” ဟု ယင်းက ပြောကြားသည်။
ယခုလက်ရှိ ရန်ကုန်မြို့တွင်း မြန်မာနံပါတ်ဖြင့် အိမ်စီးကားများ၊ တက္ကစီများကို အင်္ဂလိပ်နံပါတ်ဖြင့် အစားထိုး လဲလှယ်ခွင့်ပြုမည် မဟုတ်ဘဲ နိုင်ငံခြားမှ အသစ်တင်သွင်းသော ကားများကိုသာ အင်္ဂလိပ်အက္ခရာ နံပါတ်ထုတ်ပေးမည် ဖြစ်ကြောင်း၊ မြန်မာနံပါတ် ယာဉ်ပိုင်ရှင်များအနေဖြင့် အင်္ဂလိပ်အက္ခရာနံပါတ် ပြောင်းလိုပါက မိမိကားကို သံရည်ကျိုရန် အပ်နှံပြီးမှ၊ ကားအသစ်သွင်းမှသာ ပြောင်းနိုင်မည် ဖြစ်ကြောင်း၊ အင်္ဂလိပ်နံပါတ်ဖြင့် ထုတ်ပေးပြီးပါကလည်း တစ်သက်လုံး မြန်မာနံပါတ် ပြောင်းခွင့်မရှိကြောင်း သိရသည်။
Myanmar Express
ဤကမ္ဘာတွင်လည်း ကြားစေသတည်း ၊ နောင်တွေ့ မည့် ဂြိုလ်များတွင်လည်း ဤအတိုင်းသာ ရှိစေသတည်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမ္မတဦးသိန်းစိန်မှ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးမှာ တိုင်းရင်းသားလူမျိုးမဟုတ်လို့  အစိုးရကိုယ်စား ထုတ်ဖေါ်ပြောဆိုထားသည် ။ ရန်ကုန်မြို့  နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်းတွင် ကျင်းပရာ၌ လူဝင်မှုကြီးကြပ်ရေးဋ္ဌါနနှင့် ပြည်သူ့ အင်အားဦးစီးဋ္ဌါန-၀န်ကြီးဦးခင်ရီက ကုလသမ္မဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား၏ ရှေ့ ၌ မျက်နှာချင်းဆိုင်ရပ်ပြီး နိုင်ငံတကာသံအမတ်များနှင့် သတင်းစာဆရာများကို ဖိတ်ကြားကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ သည် ။ ၄င်းရှင်းလင်းပွဲ၌ ၀န်ကြီးဦးခင်ရီကလည်း သမ္မတဦးသိန်းစိန်၏ လမ်းညွှန်မိန့် ကြားမှူအတိုင်းပင် ရိုဟင်ဂျာလူမျိုးဟုခေါ်သော လူမျိုး မရှိကြောင်း တိကျစွာ ရှင်းလင်းထုတ်ဖေါ်ခဲ့ သည် ။
ယခုအချိန်၌ မြန်မာနိုင်ငံအရေးကို ရေးသားပြောဆိုနေကြရာ ခုတော့ဖြင့် အဖြစ်မှန်တို့ မှာ ဘူးပေါ်သလို ပေါ်လာခဲ့ ပြီဖြစ်သည် ။ အဖြစ်မှန်ဆိုသည်မှာ ရိုဟင်ဂျာဟုခေါ်သော လူမျိုး မရှိကြောင်းဆိုသော အဖြစ်မှန်ဖြစ်သည် ။ ထို့ ကြောင့် ဤမရှိဟု ပြောဆိုသောလူမျိုးကို ကုလသမ္မဂ၏ ဋ္ဌါနတိုင်းတွင် ဤနာမည်နှင့် မှတ်တန်းမှတ်ရာ ထားပေးနေမှုများကို ရုပ်သိမ်းပေးရမည်ဖြစ်သည် ။ အမေရိကန်အစိုးရ၏ ၀ပ်ဆိုက်မှာ ဖေါ်ပြထားသော မြန်မာနိုင်ငံ၏ လူများများစာရင်းမှာ ထည့်သွင်းဖေါ်ပြထားသည်ကို ချက်ချင်းပယ်ဖျက်ပေးရမည်ဖြစ်သည် ။ တချိန်တည်းမှာပင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ မည်သည့်သတင်းဋ္ဌါနမဆို ( အသံဖြင့်လွှင့်ထုတ်သော- စာဖြင့်ရေးသားသော ) သတင်းဋ္ဌါနအပါအ၀င် မြန်မာဘာသာဖြင့်ရေးသားနေသော -အသံဖြင့် ထုတ်လွှင့်နေသော မီဒီယာများသည်လည်း ယခုအချိန်မှာစ၍ သတင်းထုတ်ပြန်ခြင်းများကို ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ထုတ်ပြန်ထားသော ပေါ်လီစီအရသာ ရေးသားထုတ်လွှင့်ရမည်ဖြစ်သည် ။
အကယ်၍ မျက်နှာလို မျက်နှာရ ငွေကြေးရလိုမှုကြောင့် ထုတ်လွှင့်ရေးသားလိုသူများက ၄င်းလူမျိုးများသတင်းကို လက်ယားပြီး ဖေါ်ပြလိုလျှင် ( ရိုဟင်ဂျာဟုခေါ်သော- So call Rohingyas ) ဟု ရေးသား ဖေါ်ပြရမည်ဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံအစိုးရသည် ၄င်းလူမျိုးအား တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ် မပြုထား၍ မည်သူမဆို နာမည်များကို ထားချင်တိုင်းထားပြီး ခေါ်စေချင်တိုင်း ခေါ်စေရမည်ဟု လက်ခံခြင်းမရှိသောကြောင့်ဖြစ်သည်။ ဤအချက်ကို လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ချက် ယူကြရန်လိုသည် ။
ကုလသမ္မဂ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး မဟာမင်းကြီးဋ္ဌါနမှလည်း ( So call Rogingyas ) ဟု အသိအမှတ်ပြု၍ ရေးသားအသုံးပြုရန်လိုသည် ။ လက်ခံချင်၍ လူ့ အခွင့်အရေးကို စာနာထောက်ထား၍ လူသားချင်းကူညီပေးလိုသည့်တိုင်အောင် ပေးနိုင်သော်လည်း ယင်းလူမျိုးများကို မြန်မာနိုင်ငံအစိုးရ၏ ပေါ်လီစီအတိုင်း အသိအမှတ်ပြုပေးရမည်ဖြစ်သည် ။ ဤပြသနာမှာ နောင်အရှည်ကြာကြာ၌ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ထိခိုက်စေကာ ဖြစ်ပွါးစေမည့် မီးစမီးပွါးလေးများဖြစ်သည် ။
ဝန်ကြီးဦးခင်ရီက သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တယောက်၏ မေးသံကို ကြားလိုက်ရသည် ။ မင်္ဂလာတောင်ညွန့် ၌ ပုံနှိပ်ထုတ်ဝေခွင့် -စာပေစီစစ်ရေးမှ ထုတ်ဝေခွင့်များ ရရှိသည်လား မပြောတတ် ။ ရိုဟင်ဂျာဟု ခေါ်သောသူတို့ က ၀ါဒဖြန့်  စာအုပ်များ စာစောင်များ ဖြန့် ဝေနေသည်ကို မည်သို့  အရေးယူမည်လဲ ဆိုသည်ကို မေးသံကြားလိုက်ရခြင်းဖြစ်သည် ။ ဤအတိုင်းသာ ( So call Rogingyas ) များက ရန်ကုန်မြို့ လယ်မှာပင် လူပေါင်း( ၂၀၀ ) လောက် စာများဖြန့် နေသည့်အတွက် ချက်ချင်း နိုင်ငံတော်လုံခြုံရေးကို ထိခိုက်ပျက်ပြားစေမည့်အရေးမှ ကာကွယ်စောင့်ရှောက်ရန် ဖမ်းဆီးရမည်ဖြစ်သည်။ လွန်ခဲ့ သောအပါတ်ကလည်း ကျင်းပနေသော ပြည်သူ့ လွှတ်တော်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့  နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က လွှတ်တော်ထဲမှာ တင်ပြရာ၌ ရိုဟင်ဂျာ လူမျိုး မရှိပါဘူး၊ ခိုးဝင်လာတာပါဟု ပြောသော သမ္မတဦးသိန်းစိန်၏ စကားမှာ ယုတ္တိမတန်ပါဘူးလို့  ပြောဆိုသွားသည် ။ ပြီးတော့ သန်ကောင်စာရင်း ကောက်ယူစရာလဲ မလိုသလို နိုင်ငံသားစီစစ်ရေး လုပ်ဖို့ လဲ မလိုအပ်ဟု ပြောဆိုသွားသည် ။ ပြည်သူ့ လွှတ်တော်တွင် သမ္မတဦးသိန်းစိန်ကို သိက္ခာကျစေအောင် ပြောဆိုသွားသော ၄င်းလွှတ်တော်ကိုယ်စားလှယ်မှာ ခရိုင်ကော်မရှင်မှ၎င်း ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ၎င်း နိုင်ငံသားမဟုတ်၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း မပြုနိုင်ဆိုပြီး ပယ်ချခံခဲ့ ရသူဖြစ်သည် ။
သို့ သော် ထုံးစံအတိုင်း ဗဟိုရွေးကောက်ပွဲကော်မရှင်က နိုင်ငံသားမဟုတ်သူကို ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခွင့်ပေးတော့ သူတို့ မွေးသောမျောက်က သူတို့  အဖေ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မျက်နှာကို ခြေနဲ့ ကန်ကျောက်ပြလိုက်ပြီဖြစ်သည်။သမ္မတဦးသိန်းစိန်က လက်နဲ့ ရေးသည်ကို ခြေနဲ့ ဖျက်လိုက်ခြင်းဖြစ်သည် ။ သူ၏နောက်မှာ မင်္ဂလာတောင်ညွန့် မှ စာအုပ်တွေ လိုက်ဖြန့် နေသော လူငယ် ( ၂၀၀ ) က အသင့်ရှိနေသည်ကို စဉ်းစားရန်လိုသည် ။ ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို နိုင်ငံသားမဟုတ်ဘဲ လွှတ်တော်တက်နေမှုနှင့် အာဏာဖီဆန်မှုတို့ ကြောင့် လွှတ်တော်ထဲမှ လည်၈ုတ်ဆွဲ ပြီး အင်းစိန်ထောင် ပို့ လိုက်ရမည်ဖြစ်သည် ။ ယခုအချိန်တွင် -UNHCR-မှ ငါးဦး- WFP-မှတဦး- AFG -မှ တဦးတို့ မှာ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်ပျက်ပြားစေမှုဖြင့် ဖမ်းဆီးထားသည်ဟု သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားသည် ။ စင်စစ်အားဖြင့် ၄င်းသူတို့ မှာ သူလှို ( Spy ) လုပ်ငန်းကို လုပ်ကိုင်ကြသူများဖြစ်သည် ။
ရခိုင်ပြည်၏ တပ်ရင်းတပ်စခမ်းများ ၊ ရဲကင်းများ ၊ လမ်းတံထားများ၊ ဆက်သွယ်ရေးလမ်းကြောင်းများ ၊ မြို့  သိမ်းတိုက်ပွဲများကို မည်သို့  ဆင်နွှဲနိုင်ကြောင်းနှင့် သူတို့ ၏ လူဦးရေ မည်မျှအထိ လွှမ်းခြုံနေပြီလဲ ဆိုသည်ကအစ သတင်းများကို ကွန်ပြူတာများမှ အကြမ်းဖက်အဖွဲ့ အစည်းများကို ပေးနေသည်မှာ ကြာမြင့်နေပြီဖြစ်သည် ။ သို့ ဖြစ်၍ ကုလသမ္မဂမှာ တာဝန်ရှိသူများ ၊ INGOs မှ တာဝန်ရှိသူများသည် သူတို့ ၏ ၀န်ထမ်းများအား လွပ်မြောက်ရေးအတွက် မည်သို့ မျှ မဆောင်ရွက်နိုင်သောအခါ မြန်မာနိုင်ငံအစိုးရအား လူ့ အခွင့်အရေးကို အကြောင်းပြကာ မွတ်ဆလင်ဘာသာဝင်များကို ဗုဒ္ဒဘာသာဝင်များက တပါတ်မှာ တသောင်းအထိ သတ်ဖြတ်နေပါသည်ဟု လန်ဒန်မြို့  ကျင်းပနေသော ကမ္ဘာ့အိုလံပစ်ပွဲတော်မှာ ပိုစတာဆိုင်းဘုတ်တွေ ထောင်ပြီး ဆန္ဒပြနေကြသည်အထိ ဖန်တီးနေကြသည် ။ ဤသို့  သတင်းအမှားများကြောင့် ယခုလို မြန်မာနိုင်ငံတွင် ကုလသမ္မဂမှလာရောက် စစ်ဆေးရန် အခြေအနေထိ ဖြစ်ပေါ်လာခြင်းဖြစ်သည် ။ ခုတော့ အဖြစ်မှန်တို့  ဘူးပေါ်သလို ပေါ်လာပြီဖြစ်သည် ။ ထို့ ကြောင့် ယခုအချိန်မှစ၍ မစ္စတာကင်တားနားမှာ ကမ္ဘာကို အဖြစ်မှန်အတိုင်း သတင်းများ ထုတ်ပြန်စေရန်လိုသည်။ မြန်မာနိုင်ငံအစိုးရ၏ ထုတ်ပြန်ကြေညာချက်များကို စောဒကတက်ပြီး မည်သို့ မျှ ဖြေရှင်းစရာ မလို ။ အကယ်၍ ဘက်လိုက်ပြီး စောဒကတက်ကာ ဖြေရှင်းနေလျှင် မြန်မာနိုင်ငံအစိုးရမှသူ့ အား မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေးကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းလိုက်ရမည်သာဖြစ်သည် ။ ယင်းမှာ မြန်မာနိုင်ငံအစိုးရ၏ အခွင့်အရေးဖြစ်သည် ။ တချိန်တည်းမှာပင် ဤသို့  သမ္မတကော ၀န်ကြီးပါ အစိုးရ၏ ပေါ်လီစီကို ကြေညာထားသည်နှင့် မြန်မာနိုင်ငံသူများကော တကမ္ဘာလုံးမှကြားသိပြီးဖြစ်သည် ။ ကျွန်တော် အားရပါးရ ပြောလိုက်ချင်ပါသည် ။ ဤသမ္မတဦးသိန်းစိန်နှင့် ၀န်ကြီးဦးခင်ရီ၏ ပြောသောစကားမှာ ကမ္ဘာတွင်လည်း တည်စေသတည်း ၊ နောင်တွေ့ လာကြမည့် ဂြိုလ်များတွင်လည်း တည်စေမည်တည်းဟု ပြောရလျှင် လွန်အံ့မထင် ။။။။။။။။။။
Myanmar Express
ရန်ကုန်စက်မှု(၁) အဆောက်အအုံ (၁၈) လုံး လေလံတင် ရောင်းချမည်
ဟိုတယ်လုပ်ငန်း တည်ဆောက်ရင်းနှီးမြှုပ်နှံရန် သတင်းထွက်နေသော ရန်ကုန်ဆီဒိုးနားဟိုတယ်အနီး ယခင် ရန်ကုန်စက်မှု(၁) အဆောက်အအုံ (၁၈) လုံးကို လေလံတင်ရောင်းချမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ သြဂုတ် ၆ ရက်တွင် စုံစမ်းသိရှိရသည်။
မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံခြားပိတ်ဆို့ အရေးယူမှုများမှ အချို့ကင်းလွတ်ခွင့် ရရှိပြီးနောက် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပြီး ၂၀၁၁-၂၀၁၂ ခရီးသွားနှစ်အတွင်း နိုင်ငံတကာခရီးသွား ဧည့်သည် ၈ သိန်းကျော် ဝင်ရောက်ခဲ့သည်။ တည်းခိုရန် အခန်းမရရှိမှုများနှင့် ဈေးနှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ယခုအချိန်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ကိုရီးယား၊ မလေးရှား၊ တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ လာမည့် ၂၀၁၃ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေထွက်ပေါ်လာပါက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံလာနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအကြံပေးများက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express
မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံခြားပိတ်ဆို့ အရေးယူမှုများမှ အချို့ကင်းလွတ်ခွင့် ရရှိပြီးနောက် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပြီး ၂၀၁၁-၂၀၁၂ ခရီးသွားနှစ်အတွင်း နိုင်ငံတကာခရီးသွား ဧည့်သည် ၈ သိန်းကျော် ဝင်ရောက်ခဲ့သည်။ တည်းခိုရန် အခန်းမရရှိမှုများနှင့် ဈေးနှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ယခုအချိန်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ကိုရီးယား၊ မလေးရှား၊ တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ လာမည့် ၂၀၁၃ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေထွက်ပေါ်လာပါက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံလာနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအကြံပေးများက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express
အလုပ်အကိုင်မရှိသူများအတွက် မြန်မာနိုင်ငံ အလုပ်အကိုင် အခွင့်အလမ်းပြပွဲ ဒုတိယအကြိမ် ကျင်းပမည်
မြန်မာနိုင်ငံရှိ အလုပ်ရှင်နှင့် အလုပ်သမားများအတွက် ပထမအကြိမ် ကျင်းပစဉ်က ထင်မှတ်ထားသည်ထက် အောင်မြင်မှု ရရှိခဲ့သောကြောင့် ဒုတိယအကြိမ်အဖြစ် ထပ်မံကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူ ကိုအေးစန်းက သြဂုတ် ၃ ရက်တွင် ပြောပြခဲ့သည်။
ယင်းပြပွဲအတွက် အဓိကရည်ရွယ်ချက် သုံးချက်ရှိကြောင်းအား “နိုင်ငံအတွက် အလုပ်အကိုင်နေရာများ ဖန်တီးပေးနိုင်တဲ့ လုပ်ငန်းရှင်နဲ့ အလုပ်အကိုင် ရှာဖွေနေတဲ့ လူငယ်များ တစ်နေရာတည်းမှာ တိုက်ရိုက်တွေ့နိုင်ရန်၊ လူငယ်တွေ မိမိနဲ့ သင့်လျော်မယ့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရန်၊ အလုပ်ရှာနေတဲ့ လူငယ်များအတွက် အချိန်၊ ငွေကြေး အကုန်အကျ သက်သက်သာသာနဲ့ ဝန်ဆောင်ခမကုန်ဘဲ ကုမ္ပဏီတွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး အလုပ်အကိုင် ရရှိစေရန် ဖြစ်ပါတယ်” ဟု ပြောပြခဲ့သည်။
ပထမအကြိမ် အလုပ်အကိုင်ပြပွဲ၌ လုပ်ငန်းရှင် တစ်ဦးလျှင် အလုပ်လျှောက်ထားသူများ၏ အလုပ်လျှောက်လွှာပေါင်း ရာနှင့်ချီ၍ ရရှိခဲ့ပြီး အလုပ်လုပ်လိုသော သူများအတွက်ပါ အဆင်ပြေသောကြောင့် ယခုပွဲအား ထပ်မံစီစဉ်ခြင်း ဖြစ်သည်ဟု ပြောပြခဲ့သည်။ ယခုပြသမည့် အလုပ်အကိုင်ပြပွဲအား တပ်မတော်ခန်းမတွင် သြဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ပြခန်းပေါင်း ၁၃၀ ခန့်ပါဝင်မည်ဟု ပြောပြခဲ့သည်။
ယင်းပြပွဲတွင် လုပ်ငန်းရှင်ကြီးများ အများအပြား ပါဝင်မည်ဖြစ်၍ မိမိအရည်အချင်းနှင့် ကိုက်ညီသော အမျိုးအစားအား စိတ်ကြိုက်ရွေးချယ် လျှောက်ထားနိုင်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express






