Saturday, August 11, 2012

ရန်ကုန်စက်မှု(၁) အဆောက်အအုံ (၁၈) လုံး လေလံတင် ရောင်းချမည်

ဟိုတယ်လုပ်ငန်း တည်ဆောက်ရင်းနှီးမြှုပ်နှံရန် သတင်းထွက်နေသော ရန်ကုန်ဆီဒိုးနားဟိုတယ်အနီး ယခင် ရန်ကုန်စက်မှု(၁) အဆောက်အအုံ (၁၈) လုံးကို လေလံတင်ရောင်းချမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ သြဂုတ် ၆ ရက်တွင် စုံစမ်းသိရှိရသည်။

မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံခြားပိတ်ဆို့ အရေးယူမှုများမှ အချို့ကင်းလွတ်ခွင့် ရရှိပြီးနောက် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပြီး ၂၀၁၁-၂၀၁၂ ခရီးသွားနှစ်အတွင်း နိုင်ငံတကာခရီးသွား ဧည့်သည် ၈ သိန်းကျော် ဝင်ရောက်ခဲ့သည်။ တည်းခိုရန် အခန်းမရရှိမှုများနှင့် ဈေးနှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ယခုအချိန်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ကိုရီးယား၊ မလေးရှား၊ တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ လာမည့် ၂၀၁၃ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေထွက်ပေါ်လာပါက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံလာနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအကြံပေးများက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။