Monday, June 18, 2012

ဒေါက်တာချက်ကြီး ဘလော့ရောက် ဒေါ်အောင်ဆန်းစုကြည်



စင်္ကာပူရောက် မြန်မာ ယောင်္ကျားလေး နဲ့ မိန်းကလေး များ ပထမ အများဆုံး ၊ မလေးရှား ရောက် မြန်မာ ယောင်္ကျားလေးနဲ့ မိန်းကလေး များ ဒုတိယ အများဆုံးနဲ့ ၊ အမေရိကန်ရောက် မြန်မာ ယောင်္ကျားလေးနဲ့ မိန်းကလေး များ တတိယ အများဆုံး အားပေးကြသော နာမည်ကြီး ကမ္ဘာကျော် ဒေါက်တာချက်ကြီး ဘလော့မှာ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ဂျွန်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြခဲ့ပါတယ်။ စာရေးသူ မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ကြံဖန်ပြီး ဂုဏ်ယူနေကြ သူများကို ရောဂါ သည်များအဖြစ် ပြင်းပြင်း ထန်ထန် ဝေဖန် ထားတာကို တွေ့ရပါတယ်။

ကို ချက်ကြီး ရဲ့ အာဘော်ကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်...

ခုရက်ပိုင်းမှာ အတိုက် အခံ မြန်မာ သတင်း ဆိုဒ်တွေ မှာ ဒေါ်အောင် ဆန်း စုကြည် နဲ့ သူမရဲ့ ဥရောပ ခရီးစဉ် အကြောင်းတွေ ကို မြင်ပြင်း ကပ်လောက်အောင် ကို တွေ့ ရပါတယ်။ အခုဖော်ပြထားတဲ့ ရုပ်တု အကြောင်းတော့မတွေ့ ရပါဘူး။ တကယ်ပဲ အဲလိုရုပ်တုလုပ်ပြီးရော ဂုဏ်ပြုကြသတဲ့လား။ ဒါဆိုရင်တော့ မြန်မာ အမျိုးသား တရပ်လုံးရဲ့ ယဉ်ကျေးမှုကို သရော်လိုက်ရာ ရောက်မနေဘူးလား။ ကြံဖန်ဂုဏ်ယူချင်သူများလဲ ယူကြပေါ့။ ဒီအကြောင်းနဲ့ ပုံကို အတိုက်အခံ သတင်းဌာနတွေမှာ ဘာလို့ မဖော်ပြတာလဲ၊ မရေးသားကြတာလဲ။ အော်နေကြ တာကတော့ လူ့ အခွင့်အရေး တန်းတူ အခွင့် အရေးတဲ့။ သူတို့ ဘုရားတစ်ဆူလို ကိုးကွယ်နေသူ အကြောင်းကြတော့ ဒီလို လိုတမျိုး မလိုတမျိုး ကလိမ်ကကျစ် ကျဖော်ပြတက်သလား။ မြန်မာ အစိုးရသတင်းစာကို အရင်က ဆို န၊အ၊ဖ အလိုကျ၊ အခုဆို ကြံဖွံ့  အလိုကျလို့ ပြောပြောနေတာ။ အတိုက် အခံ သတင်း ဌာနတွေက ပိုလို့ တောင်ဆိုးနေသေးတယ် ထင်ပါတယ်။ ဘီဘီစီ ကိုဆန္ဒပြတဲ့သတင်းဆိုလဲ မဖော်ပြကြပါလား။ မရိုးမသား ကလိမ်ကကျစ် သဘောတွေပေါ့။ လူတစ်ယောက်ကို အရမ်း အထင်ကြီးအားကိုးလွန်းတာလဲ ရောဂါတမျိုးပါပဲ။ ချက်ကြီးကတော့ ဒေါ်စု ဆိုတာလဲ မြန်မာနိုင်ငံ တိုးတက်ရေး အတွက် အုဋ်တချပ် သဲတပွင့်လောက်ပဲ အရေးပါသူတစ်ယောက်ပါ၊ ဒီထက်လဲ သူပို မလုပ်နိုင်ပါဘူး။ အပြာဆိုဒ်နဲ့  ဒီလိုသုံး သပ်ချက်တွေနဲ့ တော့မဆိုင်ပါဘူး။ ဒါပေမယ့် ဂလို ၀စ်လစ်စလစ် ရုပ်တု ပုံမျိုးဆိုရင်တော့ ဆိုင်လာပြီထင်ပါတယ်..အဟတ်...။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

"ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ အလှူငွေများ ပေးအပ် လှူဒါန်းပွဲ ကျင်းပ"

ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဇွန်(၁၆)နံနက် ၉ နာရီ ၄၅ မိနစ်တွင် စစ်တွေမြို့ပြည်နယ် လွှတ်တော်ခန်းမ၌ ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်၊ ပြည်သူ့လွှတ်တော် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဌ ဦးမောင်ဦး၊ ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးထိန်လင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေ၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အလှူရှင်များ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

"ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းအကြမ်းဖက်သမားများက လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်းအား နယ်မြေခံတပ်မတော်သားများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့"

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ၌ ဇွန် ၁၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် လူနေထိုင်ခြင်းမရှိသည့် တဲအိမ် ၁၂ လုံး မီးရှို့ခံရ မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်အားစိစစ်ရာတွင် အကြမ်းဖက်သမားအချို့သည် ကျေးရွာ အစွန်ပိုင်း လူနေခြင်းမရှိသည့် သက်ငယ်မိုးတဲအိမ်များအား မီးကွင်းပစ်၍ ထွက်ပြေးသွားကြောင်း သတင်းရလျှင်ရချင်း အနီးဝန်းကျင်ရှိ လုံခြုံရေးတပ်ဖွဲ့များ အချိန်မီရောက်ရှိ မီးငြှိမ်းသတ်သဖြင့် လူနေအိမ် ၂ဝဝ အနက် ၁၂ လုံးသာ မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အလစ်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက် သမားများ အား ဒေသအာဏာပိုင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆူပူအကြမ်းဖက်မှုကို မလိုလားသောပြည်သူများပူးပေါင်း၍ အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Myanmar Express

ဟံသာဝတီလေဆိပ်အား ပထမအဆင့်အနေဖြင့် ခရီးသည် ၁၀ သန်း အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံအား အကောင်အထည်ဖော်သွားမည်



ဟံသာဝတီလေဆိပ် ပုံစံငယ်အား တွေ့ရစဉ်

ဟံသာဝတီလေဆိပ်အား ပထမအဆင့်အနေဖြင့် ခရီးသည် ၁၀သန်း အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံအား အကောင်အထည် ဖော်သွားမည်ဟု သိရသည်။ ထို့ပြင် ခရီးသည် ၀င်ရောက်မှုပေါ် မူတည်၍ ပြေးလမ်းနှင့် လေဆိပ်အဆောက်အုံများ ထပ်မံတိုးချဲ့ တည်ဆောက်သွားမည်ဟု သတင်းရရှိပါသည်။

လက်ရှိအချိန်၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသည် ၀င်ရောက်မှုနှုန်း ပုံမှန်တိုးတက်လျက်ရှိရာ လက်ရှိနှုန်းအတိုင်း ဆက်လက်တိုးတက်မည်ဆိုပါက ၂၀၁၂ ခုနှစ် အကုန်တွင် ခရီးသည် လက်ခံနိုင်သည့် ပမာဏအား ကျော် လွန်သွားမည်ဖြစ်သည်ဟု သိရ သည်။ ရန်ကုန်လေဆိပ်သည် လာ မည့်သုံးနှစ်အကြာတွင် ခရီး သည် ၀င်ထွက်မှုမှာ ၈သန်းအထိတိုး တက်လာချိန်တွင် ဟံသာဝတီလေ ဆိပ်အား စတင်အသုံးပြုနိုင်ရန် တည်ဆောက်သွားမည်ဖြစ်သည်။

ထို့ကြောင့် ဟံသာဝတီ လေဆိပ်အား ဒီဇိုင်းရေးဆွဲရာတွင် ပထမအဆင့် ခရီးသည် ၁၀သန်းအတွက် ပြေးလမ်းတစ်ခုနှင့် လေဆိပ်အဆောက်အအုံကို ပထမတစ်ခြမ်းတွင် ဆောက်လုပ်ရန် ရေးဆွဲခဲ့သည်။ ခရီးသည် ၀င်ထွက်သွားလာမှု ၁၅သန်းအထိ တိုးတက်များပြားလာခဲ့လျှင် ဒုတိယအဆင့်အနေဖြင့် ပြေးလမ်းတစ်ခုနှင့် လေဆိပ်အဆောက်အအုံကို နောက်ထပ်တစ်ခြမ်းတွင် ထပ်မံ ဆောက်လုပ်သွားမည် ဖြစ်သည်။ ထို့အပြင် နောက်ထပ် ၁၀နှစ် ကြာမြင့်ချိန်တွင် ခရီးသည်အနေအထားမှာ ၂၅သန်းအထိ တိုးတက်များပြား လာခဲ့ပါက ပြေးလမ်းနှင့် လေဆိပ်အဆောက်အအုံများ ထပ်မံတိုးချဲ့ ဆောက်လုပ်သွားရန် ဒီဇိုင်းများ ရေးဆွဲထားသည်ဟု သိရသည်။

"ဟံသာဝတီ လေဆိပ်စီမံကိန်းဟာ ရန်ကုန်-မန္တလေးလမ်းနဲ့ လည်းကောင်း၊ မြို့ရှောင် အမြန်လမ်းမကြီးနဲ့ လည်းကောင်း ဆက်စပ်နေတဲ့အတွက် ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို လေကြောင်း ပို့ဆောင်ရေး လုပ်ငန်းမှ ထိရောက်သော အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်" ဟု ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦး ဥာဏ်ထွန်းအောင်က ဇွန်လ ၉ ရက်နေ့က ဟံသာဝတီ လေဆိပ်စီမံကိန်း အကောင်အထည် ဖော်မည့်နေရာသို့ ရောက်ရှိချိန်တွင် ပြောကြားခဲ့သည်။

ဟံသာဝတီ လေယာဉ်ကွင်းသည် ရန်ကုန်မြို့မှ မိုင် ၅၀ ကွာဝေးပြီး၊ ပဲခူးမြို့၏ အနောက်ဘက် ၂မိုင် အကွာတွင် တည်ရှိသည်။ အဆိုပါ ဟံသာဝတီ လေဆိပ် တည်ဆောက်မည့် နေရာသည် ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်စစ်လေယာဉ်များ ပျံသန်းဆင်းသက် အသုံးပြုရန် တည်ဆောက်ခဲ့သည့် လေယာဉ်ကွင်းဟောင်း နေရာတစ်ခုဖြစ်ပြီး မလေးရှားနိုင်ငံ အခြေစိုက်ကုမ္ပဏီ တစ်ခုမှ မြေမျက်နှာပြင်အား လုပ်ငန်းလုပ်ကိုင်နိုင်မှု အခြေအနေရှိမရှိ လေ့လာဆန်းစစ်မှု ပြုလုပ်ပြီး ရွေးချယ်အတည်ပြု ပေးခဲ့သည့် နေရာ တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

ယင်းနေရာတွင် ကိုရီးယားနိုင်ငံ Archon & Interregional Investment Limited မှ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းနှင့် လေဆိပ်တည်ဆောက်ရေး အတွက် ၁၉၉၄ ခုနှစ် မတ်လ ၂၁ရက်နေ့က လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပန္နက်တင် အခမ်းအနား ပြုလုပ်ခဲ့ပြီး၊ အကြောင်းအမျိုးမျိုးကြောင့် တည်ဆောက်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရကြောင်း သိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

စင်္ကာပူ သတင်းစာတွင် ဖော်ပြသော စုကြည် နှင့် ရိုဟင်ဂျာ အကြောင်း





ကိုရီးယား သတင်းစာမှာတော့ စာတွေ အများကြီး မရေးပဲ ကာတွန်းလေးပဲ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ အရှက်နည်းစွာနဲ့ပဲ ငြိမ်းချမ်းရေးနိုဘယ် ဆု ပိုင်ရှင် ဆိုပြီး ဖြီးပြနေ တုန်းဖြစ်ပါတယ်။



မူရင်းသတင်းက ဒီမှာပါ။

ရခိုင်တိုင်းရင်းသား အဖွဲ့အစည်းများ၏ စုပေါင်း သဘောထား ထုတ်ပြန်ကြေငြာချက်



ရခိုင်ပြည်နယ်တွင် လက်ရှိ ဖြစ်ပွားနေသော အခြေအနေများနှင့် ပက်သက်၍ ရခိုင် နိုင်ငံရေး အဖွဲ့ အစည်းများနှင့် လူမှုရေးအဖွဲ့ အစည်းများ၏ ညီညွတ်သော သဘောထားအမြင်ကို ထုတ်ပြန်ကြေငြာအပ်ပါသည်။

၁။ ရခိုင်ပြည်နယ်တွင် လက်တလောဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ နှင့် ပဋိပက္ခများ ကြောင့် အသက်အိုးအိမ် ဆုံးရှုံး ခဲ့ရသော ဌာနေ ရခိုင်လူမျိုးများနှင့် အခြားဘာသာလူမျိုးကွဲ အသီးသီးတို့ အတွက် အထူး ၀မ်းနည်းကြေကွဲရပြီး ယခု ဖြစ်ရပ်များကို သွေးထိုးလှုံ့ ဆော် ဖန်တီး ခဲ့သူ များကို ရှုတ်ချပြီး တာဝန် ရှိသူများကို အမြန်ဆုံး ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုအပ်သည်။

၂။ ပဋိပက္ခများအတွင်း ထိခိုက်ဆုံးရှုံးနစ်နာခဲ့ရသော ဌာနေ ရခိုင်လူမျိုးများနှင့် တိုင်းရင်းသား ဘာသာလူမျိုး အသီးအသီးတို့ ၏ အသက် အိုးအိမ် စည်းစိမ် နှင့်ဘ၀ ပြန်လည်ထူထောင်ရန် လက်ရှိပဋိပက္ခများ အားလုံး အမြန်ဆုံး လုံးဝရပ်တန့် သွားဖို့  လိုအပ်ပြီး ဒေသခံများ၏ ဘ၀နှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက် နိုင်ငံတော်အဆင့်မှ ဦးဆောင်ပြီး အခြား ပူးပေါင်း ပါဝင်သင့်သည့် လူမှုရေး၊နိုင်ငံရေး အဖွဲ့ အစည်းအားလုံး က အထူးအလေးအနက်ထားပြီး ပူးပေါင်းဖြေရှင်းရန် လိုအပ်သည်။

၃။ နယ်စပ်ဒေသများမှ တဆင့် မြန်မာပြည်တွင်း တရားမ၀င် လာရောက် အခြေချ နေထိုင်သူ ဘင်္ဂါလီလူမျိုး အစွန်းရောက်များက လုပ်ကြံ ထားသောသမိုင်းကြောင်းများကို ပြည်တွင်း ပြည်ပတွင် နှစ်ပေါင်းများစွာ လှုံ့ ဆော်ဖန်တီး နေမှုများကြောင့် ယခုလက်ရှိ ပဋိပက္ခများ ဖြစ်ပွားနေရခြင်းဖြစ်ပြီး ထိုလုပ်ရပ်များကို အမြန်ဆုံးရပ်တန့် ရန် တောင်းဆိုသည်။

၎။ ပြဿနာများပိုမို ကြီးထွားလာစေရန် ရည်ရွယ်ပြီး ဘာသာရေး ပဋိပက္ခ အသွင် ဖြစ်လာစေရန် နောက်ကွယ်မှ သွေးထိုးလှုံ့ ဆော်နေသော ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများနှင့် နိုင်ငံတကာ မီဒီယာအချို့ ၏ သတင်းများကို တကယ့်အခြေအနေနှင့် လွဲမှားစွာ ပုံဖျက်ဖော်ပြ နေမှုများကို ပြင်းထန်စွာ ရှုတ်ချသည်။

၅။ နိုင်ငံပိုင် မီဒီယာများနှင့် တာဝန်ရှိသူများက သတင်းများကို ထိန်းချုပ်ဖော်ပြရန် မကြိုးစားပဲ လက်ရှိ ဖြစ်ပျက်နေမှုများကို အချိန်နှင့် တပြေးညီ ဘက်လိုက်မှုမရှိဘဲ မှန်ကန် တိကျစွာ ဖော်ပြပေးခြင်းအားဖြင့် ပြည်သူလူထုအတွင်း လက်ရှိပြန့်ပွား နေသည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ သို့ဦးတည်သော ယုံမှားသံသယ ကောလဟာလ များကို လျှော့ချဖြေရှင်း သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ အခက်အခဲများ ကြားမှ သတင်း များကို မှန်ကန်တိကျစွာ ဖြင့် အရှိအတိုင်း အချိန်နှင့် တပြေးညီ ဖော်ပြပေးနေသော ပြည်တွင်း ပုဂ္ဂလိက မီဒီယာများ၏ အခန်းကဏ္ဍ ကိုလည်း အသိအမှတ်ပြုပါသည်။

၆။ မူလဒေသခံ ရခိုင်လူမျိုးများ၏ လူဦးရေ အချိုးအစားထက်ပင် တိုးပွားလာခဲ့သော တရားမ၀င် ၀င်ရောက် အခြေချ နေထိုင်သူ ဘင်္ဂါလီ လူမျိုးများကြောင့် ယခုကဲ့သို့ အဖြစ်ဆိုးများ ဖြစ်ပွားခဲ့ရခြင်း အတွက် လက်ရှိ တည်ဆဲ နိုင်ငံသား ဥပဒေနှင့် လူဝင်မှု ကြီးကြပ်ရေးဥပဒေ တို့ ကို အနာဂတ်တွင် ယခုကဲ့သို့ ဖြစ်ရပ်များ လုံးဝ ထပ်မံ မဖြစ်ပွားနိုင်စေရန် အလျှင်အမြန် ပြန်လည် ဆန်းစစ် ကြပ်မတ်ရန် လိုအပ်သည်။

၇။ ယခင် အစိုးရ အဆက်ဆက် လက်ထက်တွင် ယခုအကြပ်အတည်း အား အကြောင်း အမျိုးမျိုး ကြောင့် မှန်ကန် ထိရောက်စွာ ဖြေရှင်းနိုင်မှု မရှိခဲ့ခြင်းကြောင့် နောက်ဆုံးတွင် ယခုပြဿနာမှာ ဌာနေ ရခိုင်လူမျိုးများအတွက် ကြီး လေးသော ၀န်ထုပ်ဝန်ပိုး ဖြစ်လာခဲ့ပြီး ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်လာခဲ့ရခြင်း ဖြစ်သည်။အနာဂတ်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုများ ရခိုင်ပြည်နယ်မှ ကျော်လွန်ပြီး တနိုင်ငံလုံးနှင့် ဒေသတွင်းအထိ မရောက်ရှိသွားစေရန် အမျိုးသားရေး အသွင်သဏ္ဍန်တခု အနေဖြင့် သက်ဆိုင်သူအားလုံးမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် အထူး လိုအပ်ပါသည်။

၈။ ယခုဖြစ်စဉ်အတွင်း ကုလသမဂ္ဂ အဖွဲ့ အစည်းများနှင့် ပြည်တွင်းပြည်ပ မှ အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ ၏ နှစ်ကာလ ကြာရှည်စွာ ဘက်လိုက် ဆောင်ရွက်နေမှု၊ပယောဂ မကင်းသော အားပေးကူညီ လုပ်ဆောင်နေမှုများနှင့် ပက်သက်သော သတင်းများနှင့် အထောက် အထားများကိုလည်း တွေ့ရှိနေရပါသဖြင့် ထိုကိစ္စများကို သက်ဆိုင်သူများမှ အမြန်ဆုံး ဖြေရှင်းရန် လိုအပ်ပါသည်။

၉။ ရေရှည် တည်တံ့ပြီး စစ်မှန်သော ငြိမ်းချမ်းရေးကို အမှန်တကယ် ဖော်ဆောင်မည် ဆိုပါက ယာယီအခိုက်အတန့် ကယ်ဆယ်ကူညီရေး လုပ်ငန်းများနှင့် မလုံလောက်ဘဲ ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ပြီး လက်ခံအတည်ပြုကာ ပူးပေါင်း ဖြေရှင်းသွားရန် လိုအပ်သည်။

၁၀။ ယခု ဖြစ်ရပ်များကို သင်ခန်းစာယူပြီး ပြည်တွင်းပြည်ပရှိ ရခိုင်လူမျိုး အားလုံးအနေဖြင့် စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်ဖြင့် နောင်ဆက်လက် ကြုံတွေ့မည့် အခက်အခဲ အကြပ်အတည်းများကို အခြားတိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် အတူတကွ ပူးပေါင်း ဖြေရှင်းသွားရန် လိုအပ်သည်။

အထက်ပါ ထုတ်ပြန်ချက်များအား ၁၄-၆-၂၀၁၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသော အရေးပေါ် အစည်းအဝေး အပြီးတွင် အောက်ပါ ရခိုင်တိုင်းရင်းသား အဖွဲ့အစည်းများမှ ထုတ်ပြန် ကြေငြာ အပ်ပါသည်။

- ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)
- ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)
- ရခိုင်သဟာယအသင်း
- ရခိုင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ
- ရခိုင်အမျိုးသမီးအသင်း
- ရွှေတိဂုံ ရခိုင်မောင်မယ်အသင်း
- ရမ်းဗြဲမြို့နယ်အသင်း
- ကျောက်ဖြူမြို့နယ်အသင်း
- ပုဏ္ဏားကျွန်းမြို့ နယ်အသင်း
- မြောက်ဦးမြို့ နယ်အသင်း
- ကျောက်တော်မြို့ နယ်အသင်း
- တောင်ကုတ်မြို့နယ်အသင်း
- လှိုင်သာယာ ရခိုင်မောင်မယ် အသင်း
- စစ်တွေကောလိပ် ကျောင်းသား/သူ ဟောင်းများအသင်း
- ရခိုင်သင်္ဘောသားများအသင်း
- ရောင်ခြည်သစ် လူမှုရေးအသင်း
- ကိုးရီးယားပြန် ရခိုင်လူငယ်များအသင်း
- ဂျပန်ပြန် ရခိုင်လူမှုရေးအသင်း (ရန်ကုန်)
- Youth Development Initiative Network (YDIN)
- American Center Arakan Club (ACAC)

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ပင်စင်စားများအတွက် e-Pension စနစ်ဆောင်ရွက်



အစိုးရ အငြိမ်းစားဝန်ထမ်းများ ပင်စင် လစာငွေများကို e-Pension စနစ်ဖြင့် ထုတ်ယူနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း မြန်မာ့စီးပွား ရေးဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"အခုလောလောဆယ် Data ကောက်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ စမ်းသပ်ကာလကို မရောက်သေးပါဘူး" ဟု အဆိုပါ တာဝန်ရှိသူက ပင်စင်လစာ ထုတ်ပေးခြင်းလုပ်ငန်းကို e-Pension စနစ်ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်သွားရန်နှင့် ပတ်သက်၍ ပြော ကြားသည်။

ဘဏ်ခွဲများတွင်လာရောက်ထုတ်ယူသည့် ပင်စင်စားများအား စာဖြင့်ဆက် သွယ်ပြီးအကြောင်းကြားခြင်းဖြင့်သော်လည်းကောင်း၊ စာထုတ်ပြန်ခြင်းဖြင့် သော်လည်းကောင်း အချက်အလက် ကောက်ယူရန် လုပ်ဆောင်နေကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

"ဘဏ်ကို လာထုတ်တဲ့ ပင်စင်စားတွေကို စာနဲ့ လှမ်းအကြောင်းကြားပါတယ်။ ဘဏ်ကို လာမထုတ်နိုင်တဲ့ ပင်စင်စားတွေကို အရင် ကတည်းက အရာရှိ တွေက အိမ်တိုင်ရာရောက် ပင်စင် သွားရောက်ပို့ပေးရင်းနဲ့ အကြောင်းကြားပါတယ်" ဟု မြန်မာ့စီးပွားရေးဘဏ်ခွဲ တစ်ခုမှ တာဝန်ရှိသူက မြန်မာတိုင်း(မ်)ကို ပြောသည်။

e-Pension စနစ်အကောင်အထည် ဖော်ရန်အတွက် ပင်စင်စားများအနေ ဖြင့် ပင်စင်စားများကိုယ်တိုင် လွန်ခဲ့သည့် ခြောက်လအတွင်း ရိုက်ကူးထားသည့် လိုင်စင်ဓာတ်ပုံတစ်ပုံ၊ မှတ်ပုံတင်မူရင်း နှင့် ပင်စင်စာအုပ်တို့နှင့်အတူ ပင်စင်စား ကိုယ်တိုင် လက်ဗွေနှိပ်ရမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ပင်စင်စားဦးရေ ရှစ်သိန်းခန့်ရှိကြောင်း၊ ကာကွယ်ရေး ပင်စင်စား သုံးသိန်းခန့်ရှိပြီး ဦးစီးဌာန ပင်စင်စား သုံးသိန်း ၀န်းကျင်နှင့် လုပ်ငန်း အဖွဲ့အစည်းပင်စင်စား နှစ်သိန်းခန့် ရှိကြောင်း ပင်စင်ဦးစီးဌာန၏ ထုတ်ပြန် ချက်များအရ သိရသည်။

၂၀၁၁ ခုနှစ်၊ မတ်လတွင် အစိုးရသစ်မှ တိုင်းပြည်တာဝန်ကို လွှဲပြောင်း ရယူပြီးနောက် အငြိမ်းစားများ၏ ပင်စင်လစာများကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လက တိုးမြှင့်ပေးခဲ့သည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

လူထုစိန်ဝင်း၊ အသက် (၇၂) နှစ်



ယနေ့ည ၁၇ ရက်နေ့ ည ၁၂ နာရီ ခန့်တွင် ရန်ကုန်မြို့ SSC ဆေးရုံတွင် ရင်ကြပ်ရောဂါဖြင့် သတင်းစာ ဆရာကြီး လူထုဦးစိန်ဝင်း ကွယ်လွန်သွားပြီဖြစ်ကြောင်းသတင်းရရှိသည်။

လူထုစိန်ဝင်းသည် ၁၉၄၀ သြဂုတ်လ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ယခု ဆိုလျှင် အသက် ၇၂ နှစ် ပြည့်ခါနီးပြီ ဖြစ်သည်။ လူထု ဦးလှ သည် ၁၉၄၆-ခုနှစ် ဧပြီ ၁၉ ရက်နေ့တွင် လူထု သတင်းစာကို မန္တလေး၌ စတင်ထုတ်ဝေခဲ့ပြီး လူထုဦးစိန်ဝင်း မှာ ရန်ကုန်မြို့ လူထု သတင်းစာတိုက်၏ အယ်ဒီတာ အဖွဲ့ဝင် တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

လူထုဦးစိန်ဝင်းသည် ၁၉၈ဝ ပြည့်နှစ်တွင် လေဖြတ် ဝေဒနာကြောင့် ခန္ဓာကိုယ် ညာဘက် တခြမ်း သေသွားခဲ့ရာ၊ ဘဝကို အရှုံးမပေး လက်မလျှော့ဘဲ ဘယ်လက်ဖြင့် စာရေး လေ့ကျင့်ကာ စာပေများ ရေးသားနေဆဲ ဖြစ်သည်။

လူထု စိန်ဝင်း၏ သတိပေးစကား တစ်ခု မှာ

နိုင်ငံ့အညွန့်အဖူးတွေ၊ တိုင်းပြည်ရဲ့ ဦးနှောက်တွေက နိုင်ငံရပ်ခြားတိုင်းပြည်တွေအတွက်သွားပြီး အလုပ်လုပ် ပေးနေကြတယ်လေ။ မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ ပညာတွေနဲ့ သူများနိုင်ငံတွေ သွားအလုပ် လုပ်ပေးနေကြတာ အခြေအနေ အရ အခိုက်အတန့်အဖြစ် ကိုယ့်အကြောင်းနဲ့ကိုယ် သွားရောက် လုပ်ကိုင်နေကြရတာကို နားလည်နိုင်ပါတယ်။ အပြစ်မတင်ပါဘူး။ ဒါပေမယ့် ဘယ်မှမသွားဘဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး တက်စွမ်းသလောက် ကိုယ့်အား ကိုယ့်အင်နဲ့ ကိုယ့်တိုင်းပြည်အတွက် ကြိုးစား ရုန်းကန်နေတဲ့သူတွေကိုတော့ ပျင်းတယ်၊ ဖျင်းတယ်၊ စည်းကမ်းမဲ့တယ်၊ ရေသာခိုတယ် စတဲ့ စွပ်စွဲမှုတွေနဲ့ ပုတ်ခတ်စော်ကားမလုပ်ကြဖို့တော့ သတိပေးလိုက်ချင်ပါတယ်။ ဟူ၍ဖြစ်သည်။



လူထုစိန်ဝင်း၏ ဆောင်းပါးများကို လူထုစိန်ဝင်း (48) တွင် ဖတ်ရှုနိုင်သည်။ ယခု လူထု စိန်ဝင်း ဆုံးသွားပြီ ဖြစ်သောကြောင့် နာမည်ရှေ့တွင် "လူထု" ဟူသော နာမည် တပ်ထား သူ မျိုးဆက် မရှိတော့ပေ။ သို့သော် လူထု ဒေါ် အမာ တွင် ဘိုဘိုလွင် နှင့် မီးငယ် ဟူသော စာရေးသူ ကလောင်ရှင် များ ရှိသည်။ စင်္ကာပူမှ ဘိုဘိုလွင် ၏ စာမျက်နှာမှာ http://bobolansin.wordpress.com/ ဖြစ်ပြီး မီးငယ် ၏ စာမျက်နှာ မှာ http://june3pooh.blogspot.com/ ဖြစ်သည်။

လူထုစိန်ဝင်း ထုတ်ဝေခဲ့သော စာအုပ်များမှာ

စကား မာရသွန် - ၁၊ ပင်ဝါးရုံ စာပေ၊ ပ - အကြိမ်၊ ၂ဝဝ၇ ခုနှစ်၊ သြဂုတ်လ။
စကား မာရသွန် - ၂၊ ပင်ဝါးရုံ စာပေ၊ ပ - အကြိမ်၊ ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလ။
စာနယ်ဇင်း အရေးအသား ပုံစံသစ်
စီးပွားရေး လုပ်ငန်းများနှင့် ကြော်ငြာ အတတ်ပညာ
စောမိုးခမ်း
ဆာယိုနာရာ
တောင်ဗီယက်နမ်မှ ငရဲခန်းများ
နန်းစကား၊ မန်းစကား၊ မြန်မာတို့ရဲ့ မြန်မာစကား
ပထမ အမျိုးသမီး လမ်းထွင်သူများ
ဖတ်စရာ၊ ပင်ဝါးရုံ စာပေ၊ မေလ၊ ၂ဝဝ၇။။
မသန်ပေမဲ့ စွမ်းသူများ၊ ပင်ဝါးရုံ စာပေ။
မူပိုင်ခွင့်၊ ပင်ဝါးရုံ စာပေ၊ ၂ဝဝ၅။
မော်ဒန် လက်ဖက်ရည် ပန်းကန်ထဲက မုန်တိုင်းငယ်
လူငယ်နဲ့ တာဝန် ယူစိတ် (လူငယ် လမ်းညွှန် စာစုများ)၊ Future Publishing House၊ ၂ဝဝ၄ ခုနှစ်။
လူငယ်နှင့် အချစ်၊ ၁၉၉၈။
လူငယ်များသို့ ကဗျာလက်ဆောင်
ရှက်စိတ်၊ ယနေ့ မန္ဈလေး စာအုပ်တိုက်။
သတင်းစာပညာ သောင်းပြောင်းထွေလာ
အဖြူနဲ့ အမည်း
အဖြူနဲ့ အဝါ
အလံ မလှဲစတမ်း၊ လင်းဦးတာရာ စာပေ၊ ပ - အကြိမ်၊ စက်တင်ဘာ၊ ၂ဝဝ၆။
အရှက်နှင့်တန်ဖိုး
တို့ ဖြစ်သည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

မန္တလေး၌ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးခွဲ ဖွင့်လှစ်မည်

မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ လာမယ့် ဇူလိုင်လ ပထမပတ်မှ စတင်ကာ မန္တလေးတိုင်း ဒေသကြီးမှာ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးခွဲကို ဖွင့်လှစ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လက်မှတ် ထုတ်ပေးရေး ရုံးခွဲဟာ မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွား ရပ်ကွက်၊ ၇ လမ်း၊ ၆၄ လမ်းနဲ့ ၆၅ လမ်း ကြားရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ မန္တလေးတိုင်း ဒေသကြီး သတင်း တပ်ဖွဲ့ခွဲမှူးရုံးမှာ ဖွင့်လှစ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးခွဲကို ဖွင့်လှစ် ရခြင်းဟာ မန္တလေးတိုင်း ဒေသကြီး အပါအ၀င် အဆိုပါ တိုင်းဒေသကြီး အနီး တ၀ိုက်နဲ့ ရန်ကုန်သို့ လာရောက်ဖို့ အခက်အခဲရှိတဲ့ ပတ်(စ်)ပို့ လျှောက်ထား သူများ အဆင်ပြေ စေရေး အတွက် ဖွင့်လှစ်တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ရုံးခွဲကို ဖွင့်လှစ်ပါက ရန်ကုန်တိုင်း ဒေသကြီး မှာရှိနေတဲ့ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးအတိုင်း ပတ်စပို့(စ်) များကို ၂၁ ရက် အတွင်း ရရှိအောင် ဆောင်ရွက် ပေးမှာ ဖြစ်သလို ကုန်ကျစရိတ် များဟာလည်း ပုံမှန် အတိုင်း ၃ သောင်းခွဲ ၀န်းကျင်သာ ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါ ပတ်စ်ပို့ ရုံးခွဲမှာ မြန်မာ့ စီးပွားရေး ဘဏ်အတွက် ကျသင့်ငွေ သွင်းခြင်းဟာ ရန်ကုန် ပတ်စ်ပို့ရုံး မှာလို တစ်ရုံးထဲမှာ သွင်းရမှာ မဟုတ်ပဲ ရုံးပြင်ပ မှာရှိတဲ့ မြန်မာ့ စီးပွားရေး ဘဏ်မှာ ငွေပေးသွင်း ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တိုင်းဒေသကြီးမှာ ပတ်စ်ပို့ လျှောက်ထား လိုသူတွေဟာ မူလ အတိုင်း မှတ်ပုံတင် မူရင်း၊ အိမ်ထောင်စု စာရင်း မူရင်းနဲ့ တက္ကသိုလ် ဘွဲ့ရဖြစ်ပါက ပညာရေး ကင်းရှင်းကြောင်း ထောက်ခံချက်၊ အသက် ၁၀ နှစ်အောက် ကလေးများ ဖြစ်ပါက မွေးစာရင်း ပါရှိရမှာဖြစ်ပြီး အငြိမ်းစား ၀န်ထမ်းများ ဖြစ်ပါက အလုပ်မှ နုတ်ထွက်စာ ဒါမှမဟုတ် ပင်စင်စာတို့ ယူဆောင်ကာ ပတ်စပို့ လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

မော်တော်ယာဉ် ဥပဒေဖောက်ဖျက်သော ပြိုင်ကားများအား မန္တလေးတွင် စတင်ဖမ်းဆီး

မန္တလေးမြို့အတွင်း မော်တော် ယာဉ်ဥပဒေကို ဖောက်ဖျက်၍ စ တစ်ကာအမည်းရောင်နှင့် ရောင်စုံ ကပ်ကာ မောင်းနှင်လျက်ရှိသော ပြိုင်ကားများကို ဇွန်လ ၇ ရက်မှ စတင်၍ အရေးယူလျက်ရှိရာ စုစု ပေါင်း ၁၂ စီး ဖမ်းဆီးရမိကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ လူငယ်တချို့မှာ စတိုင်တစ်ခု အဖြစ်ကားများကို ပြိုင်ကားအသွင် ပြောင်း၍ အပြိုင်မောင်းခြင်း၊ ညဥ့် နက်သန်းခေါင်အချိန်များ၌ စုရပ်ချိန်း ကာ အပြိုင်မောင်းခြင်း၊ မူလအိတ် ဇောများကို ပြုပြင်၍ အိတ်ဇောများ ဖွင့်ကာ စက်သံဆူညံစွာမောင်းနှင် ခြင်း၊ အများပြည်သူအတွက် ယာဉ် အန္တရာယ်ကြုံတွေ့စေနိုင်ခြင်းတို့ ကြောင့် စီမံချက်ဖြင့် အရေးယူရခြင်း ဖြစ်ကြောင်း အထက်ပါရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ ဖမ်းဆီးရမိသော ပြိုင်ကား ၁၂ စီးကို မန္တလေးတိုင်းဒေသကြီး၊ ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သို့ ပို့အပ်စိစစ်ရာ လိုင်စင်မဲ့ ၃ စီး တွေ့ရှိ၍ အမှတ် ၃ ရဲစခန်းနှင့် အ မှတ် ၉ ရဲစခန်းတို့တွင် ဥပဒေနှင့် အညီ သိမ်းဆည်းအရေးယူထား သည်။ တရားဝင်မှတ်ပုံတင်ရှိထား သော ပြိုင်ကား ၅ စီးကိုလည်း စ တစ်ကာများခွာခြင်း၊ အိတ်ဇောများ လဲလှယ်တပ်ဆင်စေခြင်း၊ တရားစွဲ တင်ပို့ခြင်းအပြင် နောက်ထပ်ကျူးလွန်ပါက မော်တော် ယာဉ်လိုင်စင် ဖျက်သိမ်းခံရမည်ကို သိရှိကြောင်း ဝန်ခံကတိလက်မှတ်များရေးထိုးစေခဲ့သည်။ ကျန်ရှိသော ပြိုင်ကား ၄ စီးနှင့် ပတ်သက်၍လည်း ကညနရုံးမှ ပြန် ကြားချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး အလားတူပြိုင်ကားများ အား ဆက်လက်စိစစ်အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ပထမဦးဆုံး အကြိမ်အွန်လိုင်း ကားပြပွဲ ပြုလုပ်မည်

ပြည်တွင်းမှာ ပထမဆုံး အကြိမ် အဖြစ် ပြသမယ့် 2012 Monsoon Oline Car Expo ပြပွဲကို သြဂုတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ပြုလုပ် သွားမယ်လို့ သိရပါတယ်။ အဆိုပါ အွန်လိုင်း ကားပြပွဲကို iBiz Service Provider Co.,Ltd မှ ကြီးမှူးကျင်းပမှာ ဖြစ်တယ်လို့ ဇွန်လ ၁၅ ရက်နေ့က City Star ဟိုတယ်မှာ ပြုလုပ်တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲက သိရပါတယ်။ အဆိုပါ ပြပွဲမှာ ကားအရောင်းပြခန်းများ၊ အကြီးစားနဲ့ အလတ်စား လုပ်ငန်းသုံး ယာဉ်များ၊ ကားဘက်ထရီနဲ့ ကားတာယာများ၊ ကားအပို ပစ္စည်း များနဲ့ ကားပြုပြင်ရေး လုပ်ငန်းများ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မော်တော်ယာဉ် ထုတ်လုပ် ရောင်းချ သူများနဲ့ ကိုယ်စားလှယ်တွေ အပါအ၀င် ကားနဲ့ ပတ်သက်တဲ့ လုပ်ငန်း လုပ်ကိုင်သူ တွေလည်း ပါဝင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြပွဲကို ပြုလုပ် ရတာဟာ ကားဝယ်သူနဲ့ ရောင်းသူ အကြား ဈေးနှုန်း ချိုသာစွာနဲ့ အလွယ်တကူ ရောင်းဝယ်မှု ပြုလုပ် နိုင်အောင် ရည်ရွယ် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဘက်မှုများကြောင့် ဒုက္ခရောက်နေကြရသော ပြည်သူများအတွက် ပြန်လည်ထူထောင်ပေးမည့် အစီအစဉ်



ပထမအဆင့် ။ ယာယီနေရာချထားရေး၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှာက်မှု ဖြည့်ဆည်းပေးရေး။

ဒုတိယအဆင့် ။ အမြဲတမ်း နေထိုင်နိုင်ရေးအတွက် နေအိမ်များ ပြန်လည်ထူထောင်ပေးရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင် ပေးရေး။

တတိယအဆင့် ။ ရေရှည် တည်ငြိမ်အေးချမ်းရေးနှင့် Rule of law အတိုင်း နေထိုင်ရပ်တည်နိုင်ရေး ။

Myanmar Express

မူရင်သတင်းက ဒီမှာပါ။