Monday, June 18, 2012

"ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းအကြမ်းဖက်သမားများက လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်းအား နယ်မြေခံတပ်မတော်သားများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့"

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ၌ ဇွန် ၁၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် လူနေထိုင်ခြင်းမရှိသည့် တဲအိမ် ၁၂ လုံး မီးရှို့ခံရ မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်အားစိစစ်ရာတွင် အကြမ်းဖက်သမားအချို့သည် ကျေးရွာ အစွန်ပိုင်း လူနေခြင်းမရှိသည့် သက်ငယ်မိုးတဲအိမ်များအား မီးကွင်းပစ်၍ ထွက်ပြေးသွားကြောင်း သတင်းရလျှင်ရချင်း အနီးဝန်းကျင်ရှိ လုံခြုံရေးတပ်ဖွဲ့များ အချိန်မီရောက်ရှိ မီးငြှိမ်းသတ်သဖြင့် လူနေအိမ် ၂ဝဝ အနက် ၁၂ လုံးသာ မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အလစ်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက် သမားများ အား ဒေသအာဏာပိုင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆူပူအကြမ်းဖက်မှုကို မလိုလားသောပြည်သူများပူးပေါင်း၍ အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။