Thursday, June 14, 2012

ကုလားဖ၀ါးအောက်



နာမည်လေးလုံး ၊
ပေါင်းစုရုံးကာ ၊
ကိုးခုရသော် ၊
ထိုသည်မိန်းမ၊
တိုင်းပြည်ရလျှင်၊
ကုလားဖ၀ါးအောက်၊
ပြားပြားမှောက်အံ့၊

(အဘိုးကလေးဝဆရာတော်)



အောင် + ဆန်း + စု + ကြည်
၁ + ၃ + ၃ + ၂
= ၉

Myanmar Express

မူရင်းက ဒီမှာပါ။

၁၃-၀၆-၂၀၁၂ ရခိုင် သတင်းများ



ယမန်နေ့ ညနေ ၅ နာရီ ခန့်က စစ်တွေမြို့ အရှေ့ဘက်ရှိ ပေါက်တောမြို့ အကွက် အမှတ်၃ တွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ ထိပ်တိုက်တွေ့မှုဖြစ်ခဲ့ပြီး နှစ်ဖက်စလုံးတွင် အသေအပျောက်များ ရှိကြောင်းသိရသည်။ ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားသဖြင့် ရခိုင်တိုင်းရင်းသားများက ခုခံကာကွယ်ရာမှ ထိုသို့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိသည်။ အဆိုပါ ဖြစ်စဉ်တွင် အနည်းဆုံး လူ ၄ ဦးခန့် သေဆုံးကြောင်း သိရှိရသည်။

ယနေ့ ကြေးမုံသတင်းစာပါ သတင်းဖော်ပြချက်အရ ရခိုင်ပြည်နယ်အတွင်း လတ်တလော အကြမ်းဖက်ဖြစ်ပွားမှုများကြောင့် ဇွန်လ ၈ ရက်နေ့မှ ၁၁ရက် နေ့အတွင်း လူနေအိမ် ၁၆၆၂ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။ ထို့အပြင် လူ ၂၁ဦးသေဆုံးခဲ့ပြီး ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထား သည်။

လတ်တလော မတည်မငြိမ်ဖြစ်နေသည့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ရေပြင်နယ်နမိတ် ဖြတ်ကျော်ဝင်ရောက်လာသူများကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်မခံဘဲ ပြန်လည် မောင်းထုတ်နေကြောင်း သိရသည်။ ယမန်နေ့က ထိုသို့ဝင်ရောက်လာသူများ၏ စက်လှေသုံးစင်းကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြန်မောင်းထုတ်ခဲ့သည်။ ထို့အပြင် အခြား စက်လှေ ၁၁ စင်းကိုလည်း ကမ်းကပ်ခွင့်မပေးဘဲ ပြန်မောင်းထုတ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်လတ်တလောရုန်း ရင်းဆန်ခတ်ဖြစ်ပွားမှု့များကြောင့်ဇွန်လ၈ရက်မှ ၁၁ရက်အတွင်းလူ၂၁ဦးသေဆုံးခဲ့ေ ကြာင်းယနေ့(ဇွန်၁၃)ထုတ်နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည်။ အဆိုပါအကြမ်းဖက်မှု့များကြောင လူ၂၁ဦးလည်းဒဏ်ရာရရှိခဲ့ကြောင်းဖ်ာပြထားသည်။ အိမ်၁၆၆၂လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆိုင်ကယ် ၁၈စီး ဆိုင်ခန်းခြောက်ခန်း၊ထော်လာဂျီသုံးစီး၊စက်ဘီးကိုးစီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

နောက်ဆုံးရရှိသော သတင်းများအရ NGO အဖွဲ့အစည်းတချို့မှ ပုဂ္ဂိုလ်တချို့ ပါဝင်ပတ်သတ်မှုရှိနေပြီး စစ်တွေ AZG အဖွဲ့မှ ဘင်္ဂါလီလူမျိုး ဦးကျော်လှအောင်အား အယ်လ်ကိုင်ဒါများနှင့် ဆက်သွယ်ထားသော စာရွက်စာတမ်းများနှင့်အတူ ဇွန်လ ၁၂ ရက်နေ့ညနေပိုင်းက ဖမ်းဆီးရမိခဲ့ သဖြင့် စစ်ဆေးမှုများပြုလုပ်နေကြောင်း အမှတ်(၁) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက 7Day News သို့ပြောသည်။

စစ်တွေမြို့ပေါ်တွင် မီးရှို့မှုများပြုလုပ်နေသော ဘင်္ဂါလီလူမျိုးများ ရှိနေပြီး စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်ကို မီးရှို့ကာ ပင်လယ်အတွင်း ထွက်ပြေးရန် ကြိုးစားသော ဘင်္ဂါလီလူမျိုးတစ်ဦးကို လက်ရဖမ်းဆီးရမိကာ အမှတ်(၁) ရဲစခန်းမှ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မောင်တောမြို့တွင်ဖြစ်ပွားနေသော မတည်ငြိမ်မှု့များကြောင့် တက္ကသိုလ် ၀င်တန်းအောင်စာရင်းများကို ယနေ့အထိထုတ်ပြန်ကြေငြာခြင်းမ ရှိသေးကြောင်း မောင်တောမြို့မှ 7Day News သတင်းထောက်က သတင်းပေး ပို့သည် ။ မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ၉ ရက်က အောင်စာရင်းများထုတ်ပြန်ခဲ့သော်လည်း ထိုအချိန် တွင် မောင်တာ၌မတည်ငြိမ်မှု့များဖြစ်နေသဖြင့် အောင်စာရင်းထုတ်ပြန် ကြေငြာနိုင်ခြင်းမရှိဘဲ အောင်စာရင်းသိလိုသူများမှာ စစ်တွေနှင့်ရန်ကုန်မြို့ ရှိ ဆွေမျိုး၊မိတ်ဆွေများထံ ဆက်သွယ်စုံစမ်းနေကြရကြောင်းသိရသည်။

မောင်တောမြို့ ယနေ့ အခြေအနေသည် ညနေ ၄နာရီ ၅၀ မိနစ်အချိန်အထိ တည်ငြိမ်အေးဆေးလျက်ရှိပြီး မိုများလည်း ရွာသွန်းနေကြောင်းနှင့် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများတွင် လာရောက်ခိုလှုံသော ဒုက္ခသည်များအတွက် စားနပ်ရိက္ခာလုံလောက်မှု မရှိသည့် အခြေအနေကို ကြုံတွေ့နေရကြောင်း မောင်တောမြို့ခံတစ်ဦးက ပြောကြားခဲ့ပါသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဒုက္ခသည်တို့၏ပြောစကားတစ်ချို့



“ညောင်ချောင်းခွဆုံက ဆိုင်ခန်းတွေ မီးရှို့နေတာကိုမြင်တော့ ကျွန်တော်တို့လည်း ဘင်္ဂါလီတွေ ရွာကို လာတော့မယ်ဆိုတာ ပြောနေတုန်းပဲ ဘင်္ဂါလီတွေ ရွာကို အုပ်စုလိုက်ချီတက်လာကြတယ်။ ကျွန်တော်တို့ ရွာသားသုံးဆယ်လာက်စုပြီး ခုခံဖို့လုပ်ကြတယ်။ ဒါပေမယ့် တွေ့တဲ့လူကို ၀ိုင်းရိုက်ကြတော့ ကျွန်တော်တို့ ကလေးတွေ အမျိုးသမီးတွေကို ထွက်ပြေးကြဖို့ ပြောလိုက်တယ်။ လူတွေလဲ တစ်ယောက်တစ်ကွဲ တောင်တွေထဲ ပြေးသွားကြတယ်။ ရွာကဘုန်းတော်ကြီးကို ၀ိုင်းရိုက်တာတွေ့တယ်။ ကျွန်တော်တို့လဲ နောက်ဆုံးပြေးကြ တော့တာပဲ။ ရွာသားနှစ်ဦး အသတ်ခံလိုက်ရတယ်။”ဟု ရွှေရင်အေးကျေးရွာမှ ရခိုင်လူမျိုး ဦးသာစိန်ကပြောသည်။

ကျွန်မတို့က ညောင်ချောင်းလမ်းခွဆုံမှာ ဆိုင်ရောင်းတာပါ။ ပထမ ဘင်္ဂါလီတွေ ဗလီတွေက ဆင်းချိန်မှာ အုပ်စုလိုက် ညောင်ချောင်းရွာက တက်လာကြတယ်။ ကျွန်မတို့လဲ ဆိုင်ကထွက်ပြေးကြတော့ ဆိုင်တွေကို မီးရှို့လိုက်ကြတယ်။ ကျွန်မတို့က နစက စခန်းဆီပြေးဝင်ကြတယ်။ ဆိုင်ခန်းတွေမီးရှို့နေတာ ကြည့်နေရတယ်။ နစကတွေလည်း ဘာမှပြန်မလုပ်နိုင်ဘူး။ ဘင်္ဂါလီတွေက လုံခြုံရေးအဖွဲ့တွေ သေနတ်နဲ့ ချိန်နေတာတောင် မကြောက်ပဲ တက်လာကြတာ။” ဟု မသီတာက ပြောသည်။

“ကျွန်တော်တို့က ရွာကိုမီးရှို့ခံရတော့ အားလုံးထွက်ပြေးကြတယ်။ ကံသာယာ ရွာဘက်ကိုပြေးကြတယ်။ အဲဒီမှာပြည်သူ့စစ်တွေရှိတော့ လိုက်လာတဲ့ ဘင်္ဂါလီတွေ မတက်၇ဲတော့ဘူး။ နောက်မှ လေးမိုင်စခန်းကို ပြေးခဲ့ရတယ်။ မနေ့က ရွာကိုသွားကြည့်တယ် ။ အိမ်ခြေ ၈၀ မှာ ၆ လုံးပဲ ကျန်လိုက်တယ် ။ ကျန်တာတွေ မီးရှို့ခံလိုက်ရတယ်။ ရွာကိုတွေ့ရတာ မျက်ရည်ဝဲမိတယ်ဗျာ။” ဟု ရွှေရင်အေးရွာမှ ဗမာ အမျိုးသား ကို သန်းလွင်က ပြောသည်။

“ဗလီဆင်းချိန် ၂ နာရီခွဲလောက်မှာ ကျွန်တော်တို့ သရေကုန်းဘောင်ရွာကို ဘင်္ဂါလီတွေ အုပ်စုလိုက် တက်လာကြတယ်။ ရွာသားတွေက ဖုန်းနဲ့ နစက စခန်းကို အကြောင်းကြားပေမယ့် လုံခြုံရေးတွေ မရောက်မီ ရွာကိုမီးရှို့ခံရတယ်။ စပြီး ဘုန်းကြီးကျောင်းကနေ စရှို့တယ်။ နောက်ရွာကို ၀ိုင်းတယ်။ ကျွန်တော်တို့က ရွာမှာပိတ်မိနေတော့ ၀ိုင်းပြီး အရိုက်ခံရတယ်။ကျွန်တော်တို့မိသားစုကို ဒုတ်တွေ ဓါးတွေ အပြင် ကျွန်တော့ကို ဆိုင်ကယ်ချိန်းကြိုးနဲ့ ရိုက်တယ်။ ခေါင်း၊လက်မောင်း နဲ့ ပေါင်မှာ ဒဏ်ရာရတယ်။ ရွာက ထွက်ပြီး တောင်တွေဆီ အုပ်စုတွေကွဲပြီးပြေးကြရတယ်။ နောက်ဆုံးကျွန်တော်တို့ အဖွဲ့တောင်ပေါ်ရောက်မှ နစကတွေ ရောက်တယ်။ ပြန်လာဖို့ အကြောင်းကြားမှ ကျွန်တော်တို့ အုပ်နှစ်စုလောက် ပြန်လာကြတယ်။ တစ်ချို့အုပ်စုတွေက တောင်ကျော်ပြီး ထွက်ပြေးသွားကြတာ ဖြစ်ပါတယ်။ ရွာမှာက ဆရာမောင်ချမ်းသာ အသတ်ခံလိုက်ရတယ်။ နောက်ရွာခံ နှစ်ဦးအသတ်ခံရတယ်။ လုံခြုံရေးတွေက ကားနဲ့ မောင်တောကို ချက်ချင်းခေါ်လို့ ဒီကို ရောက်လာတာပါ။ ရွာမှာ အိမ်ခြေ ၁၇၀ ကျော်ရှိတာ မှာ ၅ လုံးလောက်ပဲ မီးမလောင်ပဲကျန်ပါတယ်။” ဟု အလိုတော်ပြည့် ကျောင်းစခန်းကိုေ၇ာက်နေသော သရေကုန်းဘောင် ကျေးရွာသား ဦးအောင်သန်းတင် (အသက် ၅၆) မှ ပြောသည်။

“ရွာဟောင်း ကိုမီးရှို့ခံရတော့ ငါတို့လဲထွက်ပြေးကြတယ်။ တောင်ပေါ်ကို ပြေးသွားကြတယ်။အားလုံး အုပ်စု တွေကွဲပြီး သွားကြတယ်အခု မိသားစုတွေ မစုံကြသေးဘူး။ ကျွန်တော်တို့က တောထဲမှာ မိုးရွာထဲမှာ တစ်ညလုံး နေခဲ့ရတယ်။ မိုးလင်းမှ လုံခြုံရေးတွေ ခေါ်မှ ရွာကို ဆင်းလာရတယ်။ ကျွန်တော်တို့ လာတုန်းကတော့ ရွာဘာမှ မဖြစ်သေးဘူး။ အခုတော့ ဘယ်လိုအခြေအနေ ရှိနေတယ်ဆိုတာ မသိဘူး။”ဟု ကိုင်းကြီးရွာမှ ဦးမြင့်ဦးမှ ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၁၂ ခု၊ ဇွန်လ(၁၁)ရက်နေ့ မွန်းလွဲပိုင်းတွင် ရခိုင်လူမျိုးအများးစုနှင့် သံတော်လီကျေးရွာရှိ ဘင်္ဂါလီရိုဟင်ဂျာတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ ငါးဦး သေဆုံးပြီး အိမ်ခြေ ၇၀ နီးပါး မီးလောင်မှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရှိသည်။ ရခိုင်လူမျိုးအများစုနှင့် သံတော်လီကျေးရွာရှိ ဘင်္ဂါလီရိုဟင်ဂျာတို့ ခိုက်ရန်ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ထွက်ပေါ်လာခဲ့သည့် သတင်းတစ်ခုကြောင့် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ထွက်ပေါ်ခဲ့သည့် သတင်းမှာ နံနက်ပိုင်းက ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာနေသည့် ရခိုင်အမျိုးသမီးတစ်ဦးကို သံထော်လီကျေးရွာရှိ ဘင်္ဂါလီရိုဟင်ဂျာများမှ ဖမ်းဆီးခေါ်ဆောင် သွားသည်ဆိုသော သတင်းဖြစ်သည်။

ယင်းထွက်ပေါ်ခဲ့သည့် သတင်းကြောင့် နံနက် (၁၁)နာရီအချိန်ဝန်းကျင်တွင် ကျေးရွာအများရှိ ရခိုင်လူမျိုးများ တစ်ဖြည်းဖြည်းများလာပြီး သံတော်လီကျေးရွာမှ ဘင်္ဂါလီရိုဟင်ဂျာများ နှင့် မွန်းလွဲ (၁း၄၅) အချိန်တွင် ခိုက်ရန်ဖြစ်ပွားခဲ့ကာ အဆိုပါကျေးရွာရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါကဲ့သို့ ခိုက်ရန်ဖြစ်ပွားမှုတွင် ရခိုင်လူမျိုးဦးရေ တစ်ထောင့်ငါးရာ ၀န်းကျင်နှင့် ဘင်္ဂါလီရိုဟင်ဂျာ ဦးရေ တစ်ထောင်ဝန်းကျင်တို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်းဖြစ်စဉ်ကြောင့် ဇွန်လ(၁၁)ရက်နေ့ ညနေ ၆ နာရီအချိန်ထိ တွေ့ရှိခဲ့သည့်အလောင်း (၅)ဦးရှိခဲ့ပြီး သေဆုံးသူများမှာ ရခိုင်လူမျိုး(၃)ဦးနှင့် ဘင်္ဂါလီရိုဟင်ဂျာနှစ်ဦးတို့ ဖြစ်သည်ဟု သိရှိရသည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲမှူးကြီးလှမိုးက “ဒီဖြစ်စဉ်က ရှင်းရှင်းလေးရယ်နဲ့ အခက်တွေ့နေတာပါ ပြည်နယ်အတွင်းမှာက ဟိုဘက်လုပ်လိုက်၊ ဒီဖက်ကလုပ်လိုက် သတင်းတွေ မကြာခဏကြားရတယ်၊ အချို့သတင်းတွေက မမှန်ကန်ဘူး၊ အခုဖြစ်စဉ်ဆိုရင်လည်း ရခိုင်အမျိုးသမီးတစ်ယောက်ကို အဲဒီသံတော်လီကျေးရွာက လူမျိုးခြားတွေ ဖမ်းခေါ်သွားတယ်ဆိုတဲ့ သတင်းကြောင့် မခံနိုင်တဲ့ ရခိုင်လူမျိုးတွေက တစ်ဖြည်းဖြည်းများလာပြီး အဲဒီဖမ်းခေါ်သွားတယ်ဆိုတဲ့ လူမျိုးခြားကျေးရွာတို့ကို ၀င်ပြီးတော့ နှစ်ဖက်ခိုက်ရန် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေက မွန်းလွဲ ၁၂း၃၀ လောက်မှာ အဲဒီကျေးရွာ ပတ်ဝန်းကျင်မှာ တဖြည့်းဖြည်း များလာတဲ့အချိန်မှာပဲ ရဲကင်းက တာဝန်ရှိသူတွေက လူစုခွဲဖို့အတွက် မိုးပေါ်ထောင်ပြိး သေနတ်ပစ်ခဲ့တယ်။ အဲဒါကို သံတော်လီကျေးရွာထဲက လူမျိုးခြားတွေက ပစ်တယ်လို့ထင်ပြီးတော့ ပိုပြီး စိတ်မထိန်းနိုင်တော့ပဲ အခုလိုဖြစ်ခဲ့တာပါ”ဟု ရှင်းလင်းပြောကြားခဲ့သည်။

ဖြစ်စဉ်တွင် ရဲတပ်ရင်းမှ ၀င်ရောက် ထိန်းပေးနေသည့်အချိန်တွင် သံတော်လီကျေးရွာအတွင်းမှ သေနတ်ဖြင့်ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ရင်းမှ ခြောက်လှန့်သည့်အနေထားဖြင့် အကြိမ်ရေ ၁၅ ကြိမ်ခန့် ပြန်လည်ပစ်ခတ်ရကြောင်း သိရှိရသည်။ အဆိုပါရဲတပ်ရင်းမှ တာဝန်ရှိသူများသည် မွန်းလွဲပိုင်း (၁း၄၅)အချိန်တွင် အဆိုပါကျေးရွာထဲသို့ ၀င်ရောက်ပြီး ဘင်္ဂါလီရိုဟင်ဂျာများကို ခေါ်ယူ၍ ခိုက်ရန်မဖြစ်ကြရန် ဆွေးနွေးခဲ့ပြီး သံတော်လီကျေးရွာနှင့် ရခိုင်လူမျိုးများ နေထိုင်သည့် ကျေးရွာများကြားတွင် တပ်မ(၂၁၀)မှ တပ်ခွဲတစ်ခွဲလုံခြုံရေးယူကာ ငြိမ်းချမ်းစွာဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ရဲမှူးကြီးလှမိုးက “ကောင်းမွန်စွာနေထိုင်၍ အေးအေးချမ်းချမ်းဖြစ်ဖို့အတွက် တာဝန်ယူပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာက နာကျည်းတဲ့စိတ်တွေကို ရှေ့မထွက်ပဲ နေဖို့လိုတယ်။ တာဝန်ရှိတဲ့ နိုင်ငံတော်အစိုးရက ဥပဒေအရ အရေးကြောင်းအရ အရေးယူပေးသွားမှာပါ”ဟု ပြောကြားခဲ့သည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အမေစု......ခရီးသွားနေသည်


ပြည်သူတွေကိုချစ်လို့ ကုလား-ရခိုင်အဓိကရုဏ်း ကိုမသိချင်ယောင်ဆောင်၊ကိုယ့်လူမျိုးတွေ အသတ်ခံနေရတာကိုမဆိုင်သလိုနေပြီး ခရီးထွက်ခွာသွားတဲ့ အမေစုကြည်၏ ခရီးပြမြေပုံ

လူထုခေါင်းရှောင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တော့ (၁၃.၆.၂၀၁၂) ရက်နေ့ မနက် ၉ နာရီက TG-301 လေယာဉ်ကြီးဖြင့် ဂျီနီဗာ မြို့တော်ကြီးဆီသို့ ခရီးထွက်ခွာသွားပြီဖြစ်ပါတယ်။

ကျွန်မက ပြည်သူတွေကို ချစ်ပါတယ် ၊ တရားဥပဒေသာ အရေးကြီးဆုံးပါဟု တဖွဖွပြောခဲ့သော ပြည်သူချစ် ခေါင်းရှောင် ဒေါ်စုကြည်ကတော့ ရိုဟင်ဂျာကုလား-ရခိုင် အဓိကရုဏ်း ကို မဆိုင်သလိုနေ၊မသိချင်ယောင်ဆောင်ကာ ခေါင်းရှောင်ကာ ထွက်ခွာသွားပြီဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ကုလား-ရခိုင်အဓိကရုဏ်း အခြေအနေ မငြိမ်မသက်မချင်း ပြန်လာနိုင်ဦးမှာ မဟုတ်သေးကြောင်း ဒေါ်စုကြည် ၏ လုံခြုံရေး ဖြစ်သူဦးခွန်သာမြင့်က ပြောကြားခဲ့သည်။

ဒေါ်စုကြည်သည် Geneva မြို့တွင် ၁ ရက်၊နော်ဝေးနိုင်ငံ Oslo မြို့တွင် ၂ ရက်၊ Bergen တွင် ၁ ရက်၊Dublin မြို့တွင် ၂ ရက်၊London မြို့တွင် ၅ ရက်၊ပြင်သစ်နိုင်ငံ Paris မြို့တွင် ၄ ရက်ကြာနေထိုင်မည်ဖြစ်ပြီး အဲ့ဒီအချိန်များထိ မြန်မာနိုင်ငံတွင် ကုလား-ရခိုင် အဓိကရုဏ်း မအေးချမ်းသေးပါက အနောက်ဥရောပ နိုင်ငံများသို့ ခရီးပြန်လည်ထွက်ရန် စီစဉ်ထားကြောင်းသိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဒေါ်အောင်ဆန်းစုကြည် သို့ အိတ်ဖွင့်ပေးစာ

သို့/-

ဒေါ်အောင်ဆန်းစုကြည်
အထွေထွေ အတွင်းရေးမှူးချုပ်၊
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊
ရန်ကုန်မြို့။

ရက်စွဲ့။ ။အောက်တိုဘာ (၁)၊ ၂၀၁၁ ခုနှစ်။

စာအမှတ်။ Ref : frc‐rec 04/03/2011

ဒီမိုကရေစီ သူရဲကောင်း၊ အမျိုးသား ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား… မင်္ဂလာအပေါင်းနဲ့ ခညောင်းနိုင်ပါစေဟု နုတ်ခွန်းဆက်သလိုက်ပါသည်။

ကျွန်တော်များ လွတ်လပ်သော ရိုဟင်ဂျာ လှုပ်ရှားမှုအဖွဲ့မှ အောက်ပါအတိုင်း စာရေးတောင်းဆိုလိုက်ပါသည်။

မြန်မာနိုင်ငံတွင် ပြည်သူများဖက်မှ မားမားမတ်မတ် ရပ်တည်ကာ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေးနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ကာလကြာရှည်စွာ အနစ်နာခံ တိုက်ပွဲဝင်လျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ခေါင်းဆောင်ကောင်း၊ သူရဲကောင်းတစ်ဦး ရှိနေသည့်အတွက် မိမိတို့ အလွန်ကံကောင်းသည်ဟု ခံယူပါသည်။ ထို့အပြင် ထိုကဲ့သို့ ထူးချွန်ပြောင်မြောက်သည့် ခေါင်းဆောင်ရှိသော မြန်မာ့မြေပေါ်တွင် ရိုဟင်ဂျာအမျိုးသားများ ဖြစ်ရသည်အတွက်လည်း ၀မ်းမြောက်၊ ဂုဏ်ယူမဆုံး ဖြစ်နေပါသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တိုက်ပွဲတလျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို ကျွန်တော်များ အဖွဲ့ အစည်းမှ လုံးဝထောက်ခံပြီး၊ ဤတိုက်ပွဲတွင် ရိုဟင်ဂျာတစ်မျိုးသားလုံးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တသွေး တသားတည်းဖြစ်ပါကြောင်း၊ ထို့အပြင်၊ မိမိတို့အနေဖြင့် ဤဒီမိုကရေစီတိုက်ပွဲတွင် ကျရာတာဝန်နှင့် ၀တ္တရားများကို ကျေပြွန်စွာထမ်းဆောင်ရင်း ကျွန်ုပ်တို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း အသိပေးလိုက်ပါသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက် တိုင်းရင်းသား လူမျိုးစုများအရေးကို ဖြေရှင်းရေးနှင့် ဒုတိယအ ကြိမ် ပင်လုံညီလာခံ ဖြစ်မြောက်ရေးကို ရိုဟင်ဂျာ အမျိုးသားထု တစ်ရပ်လုံးကိုယ်စား ထောက်ခံကြိုဆိုပါကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်သွားပါရန် ဆန္ဒပြုပါကြောင်း အသိပေးလိုပါသည်။

နိုင်ငံတ၀ှန်းလုံး ယခုကဲ့သို့ နိုင်ငံရေး၊ စီးပွါးရေး ကိစ္စရပ်များ၊ တရားဥပဒေရေးနှင့် လူ့အခွင့်အရေးကိစ္စရပ်များ စသည့် အကျပ်အတည်းများ ရင်ဆိုင်နေရသည့်အချိန်တွင်၊ ယခုကဲ့သို့ စာမျိုးရေးရသည်မှာ မလွှဲရှောင်နိုင်၍သာ ဖြစ်ပြီး၊ နိုင်ငံ့အရေးအရာကို လစ်လျူရှုခြင်း၊ အချိန်အခါမဟုတ်ဘဲ ကိုယ့်ကိစ္စရပ်များကို အတ္တဆန်ဆန် နိုင်ငံရေးစင်ပေါ် ဆွဲတင် ခြင်း… အစ ရှိသည့် ရည်ရွယ်ချက်များ ရှိသည်ဟု မယူဆပါရန် အထူး တောင်းပန်လိုပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး အား အောက်တိုဘာ (၂) ရက်နေ့ က RFA မြန်မာပိုင်း အသံလွှင့် ဌာနမှ အင်တာဗျူးလုပ်ရာ၊ ဦးတင်ဦးမှ ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော ရိုဟင်ဂျာများအား တဖက်နိုင်ငံမှ ခိုးဝင် နေထိုင်သူများဟု ပြောဆိုပြီး၊ ယင်းအာဏာရှိတုန်းက တဖက်နိုင်ငံမှ ခိုးဝင်လာသူ ဘင်္ဂါလီးများ၏ရန်မှ တိုင်းရင်းသား ညီအစ်ကို ရခိုင်အမျိုးသားများအား အကာအကွယ်ပေးသည်ဟု ပြောဆိုဖြေကြားသွားသည်ကို နား ထောင်လိုက်ရပါသည်။

အမှန်မှာ ရခိုင်ပြည်နယ်အတွင်းနေ ရိုဟင်ဂျာများသည် ထိုဒေသတွင် ပင်မ တိုင်းရင်းသားတစ်ရပ်အဖြစ် အခြေတကျ နေထိုင်လာခဲ့သည်မှာ နှစ်ရာစုချီနေပြီဖြစ်၍ ပါလီမန် ဒီမိုကရေစီခေတ်တွင် အစိုးရအသီးသီး၏ အသိအမှတ်ပြုမှုများ ရှိခဲ့သည့်အပြင်၊ န၀တ-နအဖ အစိုးရလက်ထက် ကျင်းပခဲ့သော ရွေးကောက်ပွဲ အသီးသီးများတွင်လည်း မဲပေးပိုင်ခွင့် နှင့် ၀င်ရောက်ရွေးချယ်ခံပိုင်ခွင့်များ အခြားတိုင်းရင်းသားများနည်းတူ ရရှိခဲ့သူများဖြစ်ပါသည်။ ဗြိတိသျှခေတ် ဒိုင်အာခီ အုပ်ချုပ်ရေးကာလ ရွေးကောက်ပွဲမှ သည် ၂၀၁၁ ရွေးကောက်ပွဲအထိ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်း များအရ ရိုဟင်ဂျာတို့၏ အခန်းကဏ္ဍကို လေ့လာသော်၊ နိုင်ငံခြားသားများနည်းတူမဟုတ်ဘဲ၊ တိုင်းရင်းသားနည်းတူ အခွင့်အရေးများ ပေးခြင်းခံရသည်ကို တွေ့ရှိနိုင်ပါသည်။

မြန်မာပြည် လွတ်လပ်ရေး ရခါနီးအချိန်အတွင်း ရိုဟင်ဂျာခေါင်းဆောင်အချို့က မိမိတို့၏ပိုင်နက်ကို ပါကိစ္စတန်နှင့် တွဲပေးရန် လှုပ်ရှားမှုများ အနည်းငယ်ရှိခဲ့သောအခါ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ”အောင်ဆန်း-အက်တလီ စာချုပ်” လက်မှတ်ရေးထိုးရန် လန်ဒန်သွားနေခိုက်၊ လမ်းခရီးတွင် ထိုရိုဟင်ဂျာခေါင်းဆောင် များအပါအ၀င် ပါကိစ္စတန် အမျိုးသားခေါင်းဆောင် မိုဟာမတ် အာလီ ဂျိန္နား နှင့် တွေ့ဆုံ၍ ထိုကိစ္စရပ်များအတွက် ပြေလည်မှုများ ရယူခဲ့သည့်အပြင်၊ ရိုဟင်ဂျာခေါင်းဆောင်များအား နောင်ကျင်းပမည့် ပင်လုံညီလာခံသို့ တက်ရောက် ရန် ဖိတ်စာတစ်စောင်ကိုလည်း သူကိုယ်တိုင် ရေးသား၍ လက်မှတ်ရေးထိုး ပေးခဲ့လေသည်။

ဦးတင်ဦး၏ ယင်းကဲ့ ထုတ်ဖော်ပြောဆိုချက်များသည် ရိုဟင်ဂျာတို့၏ သမိုင်းနောက်ခံနှင့် မျက်မှောက်အနေအထားကို လစ်လျူရှုခြင်း ဟု ခံယူရမည်ဖြစ်ပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေသူ လူတစ်ဦးချင်း (သို့) လူမျိုးစုတစ်ခု၏ ဒီမို ကရေစီ လူ့အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ငြင်းပယ်ရာ ရောက်ပါသည်။

ထို့အပြင် စစ်အစိုးရအသီးသီးတို့၏ ရခိုင်ပြည်နယ်အပေါ် ထားရှိသည့် သွေးခွဲပေါ်လစီနှင့် အစွန်းရောက် ရခိုင်အမျိုး သား တစ်ချို့၏ လုပ်ကြံဖန်တီး ပြောဆိုမှုများကြောင့်၊ မြန်မာတိုင်းရင်းသား ပြည်သူ အများအပြားက ရိုဟင်ဂျာတို့အ ပေါ် မိမိတို့နိုင်ငံသား ဟုတ်လေသလားဟု သံသယများ ရှိနေသည့် အချိန်အခါမျိုးတွင် အများကြည်ညိုခြင်း၊ ယုံကြည် ကိုးစားခြင်း၊ ထောက်ခံအားပေးခြင်း ခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်ပိုင်းမှ ဦးတင်ဦး ကဲ့သို့ အထင်ကရ ခေါင်းဆောင်တစ်ဦးအနေဖြင့် ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုမှုများသည် လူမျိုး၊ ဘာသာ ခွဲခြား ဆက်ဆံရေးကို အရှိန်၊ အဟုန် မြင့်မားရာ ရောက်သည့်အပြင် အများ၏ သံသယကိုလည်း ယုံကြည်မှုသို့ တိုးမြှင့်ရာ ရောက်နေပါသည်။

ဦးတင်ဦးမှ ပြောဆိုခဲ့သည့်အတိုင်း ယင်းအာဏာရှိစဉ်က ရိုဟင်ဂျာတို့၏ ဌာနေတွင် ကျူးလွန်ခဲ့သည့် ပြစ်မှုများမှတ် တမ်းကို လေ့လာသော်…

- ကျေးရွာပေါင်း (၂၆) ခုကို မီးရှို့ မောင်းထုတ်ခြင်း၊

- ရာနှင့်ချီ ရိုဟင်ဂျာ အမျိုးသားများအား သတ်ဖြတ်ခြင်း၊

- အမျိုးသမီးထုအား မတရားပြုကျင့်ခြင်း၊

- သိန်း၊ သန်းချီ ရိုဟင်ဂျာတို့၏ ဥစ္စာဓနများကို သိမ်းပိုက်ခဲ့ခြင်း …စသည့်တို့ကို တွေ့ရှိရပါသည်။

အထက်ပါ ပြစ်မှုများကို ဦးတင်ဦး ကိုယ်တိုင် ပါဝင်၍၄င်း၊ ယင်း၏ လက်ထောက် ဗိုလ်အောင်ဒင် အားဖြင့်၎င်း၊ လက် အောက်ခံ စစ်တပ်သားများ အားဖြင့်၎င်း ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တင်ပြလိုပါသည်။

ဦးတင်ဦးအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရခိုင်ပြည်နယ် စည်းရုံးရေး ခရီးစဉ်အတွင်း ယင်းကျူးလွန်ခဲ့သော ပြစ်မှုများနှင့် စပ်လျဉ်း၍ ရိုဟင်ဂျာအမျိုးသားများက မေးမြန်ခဲ့ရာ၊ ယင်းက ”ထိုအချိန်တွင် ကျွန်ုပ်အနေဖြင့် ဦးနေ၀င်း ခိုင်းရာ လုပ်ရသည် ရခိုင်တိုင်း တိုင်းမှု ဦးတင်ဦးသာ ဖြစ်ခဲ့ပါကြောင်း၊ သို့သော် ယခုမူကား ဒီမိုကရေစီဘက်တော်သား ဖြစ်ကြောင်း” အစရှိသည်အတိုင်း ဖြေကြားခဲ့သည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။

မည်သို့ပင်ဆိုစေကာမူ ရိုဟင်ဂျာလူထုသည် ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ စစ်တွေ ခရီးစဉ်တွင် မိန့်မှာ ခဲ့သည့် ”လူမျိုးနှစ်မျိုး သင့်တင့်အောင် ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး နေကြရန်” ဆိုဆုံးမမှုအပေါ် ယနေ့တိုင် အားရ ကျေနပ်လျက် ရှိနေပါသည်။ တနည်းအားဖြင့် ၁၉၆၂-ခုနှစ် နေ၀င်းအုပ်စိုးသည့် ကာလမှစ၍ လူသားမဆန်သော၊ လူလူ ချင်း စာနာမှုကင်းမဲ့သော နှိက်ကွပ်မှုဒဏ်များ အဆက်အပြတ် အလူးအလဲ ခံနေကြရသော ရိုဟင်ဂျာတို့မှာ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ယင်းတို့ခံစားနေရမှုများ နိဂုံးချုပ်မည်ဟု ကြီးမားသည့် မျှော်လင့်ချက်များ ရှိနေပါသည်။ AFK Jilani (NLD-မောင်းတော ရွေးကောက်ပွဲ ကိုယ်စားလှယ်-၂၀၀၁) ၏ ”Aung San Suu Kyi, The lady of Destiny” စာအုပ်ကို လေ့လာပါက ရိုဟင်ဂျာတို့ ဒေါ်အောင်ဆန်းစုကြည် အားမည်မျှ ထောက်ခံသည်ကို သုံးသပ်နိုင်ပါသည်။

စက်တင်ဘာ အစောပိုင်းက ဦးသန်းစိန် အစိုးရ ပါလီမန်အတွင်း၊ ရိုဟင်ဂျာနဲ့ပတ်သက်၍ တာဝန်မဲ့ လိမ်လည်ဖြေကြား မှုများ မရှေ့မနှောင်းမှာပင် ရခိုင် ရွေးကောက်ပွဲ အနိုင်ရပါတီ တစ်ခုမှ ဦးဆောင်ပြီး ရန်ကုန်တွင် ရိုဟင်ဂျာဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်လာသကဲ့သို့၊ ပြည်ပရောက် အစွန်းရောက် ရခိုင်အမျိုးသား အချို့ကလည်း အမျိုးမျိုး၊ နည်းပေါင်း စုံသုံး တိုက်ခိုက်လျက်ရှိနေပါသည်။ ဤကဲ့သို့ကာလမျိုးတွင် NLD ဒု-ဥက္ကဋ္ဌ ဖြစ်သူမှ ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်း သည် ရိုဟင်ဂျာလူမျိုးစုအား စိတ်အားငယ်စေခြင်း၊ ၀မ်းနဲစေခြင်း စသည့် ရသပါသည့် ခံစားမှုဝေဒနာများ များစွာဖွား ပေးလျက်ရှိနေပါသည်။

နကိုယ်ကပင် စစ်အစိုးရ၏ ပဟေဠိဆန်သော လူမျိုးဆိတ်သုဉ်းရေးဒဏ်ကြောင့် အိုးအိမ်းစွန့်ကာ ကမ္ဘာ့အနှံ့ မိတကွဲ၊ ဖတကွဲ လှည့်လည်နေရသည့် ရိုဟင်ဂျာတို့၏ လူသားတစ်ပိုင်းဘ၀အပေါ် ဘ၀တူနီးပါးခံစားခဲ့ရသူ ဒေါ်အောင်ဆန်း စုကြည်ကလွှဲ၍ မည်သူမျှ အကောင်းဆုံး နားလည်ပေးနိုင်မည်မဟုတ်ဟု ရိုဟင်ဂျာများ ယုံကြည်ပါသည်။ ထို့အတွက် ကြောင်း ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်များက ယင်းတို့အနေဖြင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက်ခေါ်ယူမှ နေရပ်သို့ ပြန်ပါ့မည်ဟု ပြောဆိုခဲ့ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းမိပါသည်။

သို့ရာတွင် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးမှ ယခုကဲ့သို့ ဒီမိုကရေစီနှင့် စံနှုန်းနှင့် ဆန့်ကျင်သည့် ထုတ်ဖော်ပြောဆိုမှုကြောင့် ထိုကဲ့ သို့ အကြောင်းအရာသည် NLD ၏ အတွင်းပေါ်လစီဟူ၍ ယူဆမှုများရှိနေပါသည်။

သို့ဖြစ်ပါ၍ ဦးတင်ဦး၏ တာဝန်မှုပြောဆိုမှုများအပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူး၊ ပြည်သူ့အချစ်တော် ဒေါ်အောင်ဆန်းစုကြည်မှ လိုအပ်သည့်အတိုင်းအတာဖြင့် ရိုဟင်ဂျာတို့အား ကျေနပ်စေလိမ့်မည် ဟု ကျွန်တော်များ လုံးဝဥဿုံ ယုံကြည်ပါကြောင်း တင်ပြလိုက်ပါသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဘီဘီစီ သို့  ဒေါက်တာအေးချမ်းပေးစာ



From : Aye Chan
Professor of History
Department of International Cultures
Kanda University of International Studies
1-4-1 Wakaba, Mihamaku, Chiba 261-0014

BBC ခင်ဗျား

၁၊ ၉၊ ၂၀၁၀ နေ့ကထုတ်လွှင့်သွားတဲ့ ဗြိတိန်ရိုဟင်ဂျာအသင်း ဥက္ကဌ ဦးထွန်းခင်နဲ့ တွေ့ဆုံမေးမြန်းခန်းကို နားတောင်လိုက်ရပါတယ်။ ဒိကိစ္စကို ကြည့်ရူရမဲ့ ရူဒေါင့် နှစ်ခုရှိပါတယ်။ ရခိုင်ပြည်မြောက်ပိုင်း မှာနေကြတဲ့ မူဆလင်နေတွဟာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မူကိုခံနေ ရတာကိုမငြင်းပါဘူး။ ဒါပေမဲ့ သူတို့ဟာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မူ အောက်မှာနေရတဲ့ တစ်ခုတည်းသော လူမျိုးစုမဟုတ်ပါဘူး။ နိုင်ငံတကာ မီဒီယာကြီးတစ်ခု အနေနဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကို တစ်ခြားတိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ အရေးထက် ပိုဇောင်းပေးပြီးဖေါ်ပြနေတာ ဘာကြောင့်လဲဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို ပြည်ထောင်စုတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုဖို့ဆိုတာက တခြားပြသနာတစ်ခုပါ။ ရိုဟင်ဂျာဆိုသူတွေဟာ ကိုလိုနီခောတ်က ၀င်ရောက်လာတဲ့ ဘင်္ဂလီလယ်ကူလီများက ဆင်းသက်လာသူတွေ ဖြစ်ပါတယ်။ ဒီအကြောင်းကို သမိုင်းဆိုင်ရာအချက်အလက်များနဲ့ တကွ ကျွှန်တော်ဖေါ်ထုတ်ရေးသားခဲ့ပြီး ဖြစ်ပါတယ်။ ကျွှန်တော့်ရဲ့စာတမ်းကို "SOAS Bulletin of Burma Research 3-2." မှာဖတ်နိုင်ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မည်သည့်ပညာရှင်များနဲ့ မဆို ဆွေးနွေးဖို့ ကျွှန်တော်အသင့်ရှိပါတယ်။ သူတို့ဟာ ကိုလိုနီခေတ်မှာ ရခိုင်ပြည်ကိုပြောင်းရွှေ့နေထိုင်ဖို့ ၀င်ရောက်လာခဲ့ကြပါတယ်။ ရခိုင်လူထုကလည်း သူတို့ကို လက်ခံပြီးနေထိုင်ခွင့်ပေးခဲ့ကြပါတယ်။ ဒုတိယကမ္ဘ္ဘာ စစ်အပြီး မှာတော့ သူတို့ဟာ အဲဒီဒေသမှာ လူများစုဖြစ်လာခဲ့ကြပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေး မရခင်အချိန်မှာ သူတို့ဟာမြန်မာနိုင်ငံကခွဲထွတ်ပြီး အခု ဘင်္ဂလားဒျေ့ နိုင်ငံဖြစ်တဲ့ အရှေ့ပါကိစ္စတန် ထဲကိုဝင်ရောက်ဖို့တောင်းဆိုခဲ့ကြပါတယ်။ သူတို့ရဲ့တောင်းဆိုချက် ကိုအရှေ့ပါကိစ္စတန်ခေါင်းဆောင် တွေကပယ်ချလိုက်တဲ့ အချိန်မှာတော့ သူတို့ဟာ မြန်မာနိုင်ငံကို ဂျီဟတ်လို့ခေါ်တဲ့ ဘာသာရေးစစ်ကြေငြာခဲ့ကြပါတယ်။ မြန်မာစစ်တပ်နဲ့ဖြစ်တဲ့ တောတွင်းစစ်ပွဲတွေမှာ သူတို့ရှူံးနှိမ့်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာတော့ သူတို့ဟာ ရိုဟင်ဂျာ ဆိုတဲ့စကားလုံးကို ဖန်တီးပြီး သူတို့အတွက်သီးခြား ရိုဟင်ဂျာနိုင်ငံ ထူထောင်ဖို့ တောင်းဆိုလာခဲ့ကြပါတယ်။ မြန်မာသမိုင်းမှာတော့ ရိုဟင်ဂျာဆိုတဲ့ လူမျိုးစု မည်သည့်အချိန်ကမှမရှိခဲ့ပါ။

လွှတ်တော်အမတ် စမစ် (Congressman Smith) ပြောတဲ့ ဗြိတိန်နိုင်ငံမှာ နေထိုင်ခဲ့ကြတဲ့ ပါကိစ္စတန်တွေ၊ အာရပ်တွေ၊ အန္ဒိယ လူမျိုးတွေရဲ့ မျိုးဆက်တွေဟာ ဗြိတိသျနိုင်ငံသားတွေဖြစ် လာခဲ့ကြပါတယ်ဆိုတာကိုမငြင်းလိုပါဘူး။ ဒါပေမဲ့ ဗြိတိန်နိုင်ငံမှာနေတဲ့ သူတို့တွေဟာ ကိုယ်ပိုင်နယ်မြေမတောင်း ဆိုကြပါဘူး။ သူတို့တွေဟာ သီးခြားလူမျိုးစုတစ်ခု အဖြစ်သတ်မှတ်ပေးဖို့ မတောင်းဆိုကြပါဘူး။ မြောက်ပင်လယ် (North Sea) မှာဖြစ်ဖြစ် သူတို့အတွက်သီးခြား ဒေသတစ်ခု ပေးပါလို့ မတောင်းဆိုကြဘူး။ သူတို့တွေဟာ ဗြိတိသျလူမျိုးအဖြစ်ပဲ ခံယူပါတယ်။

၁၉၄၇ ခုနှစ်မှာတော့ ဒီစစ်တကောင်းဒေသကလာတဲ့ ဘင်္ဂလီတွေဟာ ရခိုင်ပြည်ကိုနှစ်ပိုင်းခွဲဖို့တောင်းဆို လာခဲ့ကြပါတယ်။ ဒေသခံ ရခိုင်လူမျိုးတွေဟာ သူတို့ရဲ့ မိဘဘိုးဘွာပိုင်မြေကို နှစ်ပိုင်းခွဲပြီး တစ်ပိုင်းကို အပြင်ကလာတဲ့သူတွေ ကိုပေးလိုက် ရမယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ ဘီဘီစီ နဲ့ ဦးထွန်းခင်ကိုမေးချင်ပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

၁၄ ရက်နေ့ နံနက် ၁၀ နာရီ ရန်ကုန်မြို့ British Council ရှေ့တွင် ဆန္ဒပြမည်

ရန်ကုန် ရှိ British Council ရှေ့မှာ BBC ကိုဆန္ဒပြဖို့....လာရောက်ပူးပေါင်းချင်တဲ့ ရခိုင်တိုင်းရင်းသားလူငယ်များနှင့် မ်ြမာ့မျိုးချစ် ညီအစ်ကိုပေါင်းတို့ မဟုတ်အမှန်လိမ်ညာနေသော ပြည်ပ သတင်း ဌာနများအား ဆန္ဒထုတ်ဖော်သွား မည်ဖြစ်သောကြောင့် မနက်ဖြန်မနက် 10 နာရီ British Council ရှေ့သို့ အရောက်လာပေးကြပါရန် နှိုးဆော်လိုက်ရပါတယ်

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဘာသာရေး ၊ ဒီမိုကရေစီ နှင့် ဘင်္ဂါလီ ရိုဟင်ဂျာ ပြဿနာ



ဖန်ဆင်းသူ ထါဝရဘုရားသခင် ကိုယုံသည်ဖြစ်စေ ၊ ဗြဟ္မာကြီးကိုပဲကိုးကွယ်သူဖြစ်စေ ၊ ဗုဒ္ဓကိုပဲ ကိုးကွယ်သူပဲဖြစ်စေ ၊ ရုပ်ထု ကိုးကွယ်သူပဲဖြစ်စေ ၊ ရှေး အီဂျစ်ခေတ် က Sun God လို့ခေါ်တဲ့ နေမင်းကိုပဲ ဘုရားလိုကိုးကွယ်သူဖြစ် စေ ဘာသာရေးဆိုတာ လူတွေ ကိုးကွယ်မှုဖြစ်တဲ့ အတွက် ၊ ကြိုက်သည် ဖြစ်စေ ၊ မကြိုက်သည် ဖြစ်စေ ၊ ဘာသာရေးဆိုတာဟာ လည်း နောက်ဆုံးတော့ လူတွေရဲ့ တစစ တိုးတက်ပြာင်းလဲမှု Evolution နဲ့ ယှဉ်တွဲလျက် ပြောင်းလဲမှု ရှိတယ်ဆိုတာ ငြင်းလို့ မရပါဖူး။

ဘာကြောင့်လဲ ဆိုတော့ ဘယ်ဘာသာမဆို နောက်ဆုံးတော့ လူသားတွေ ရဲ့ နားလည်မှု Human Interpretation အပေါ် မူတည်နေလို့ပဲ။ ဒါစာရေးသူရဲ့ ဥါဏ်မှီသလောက် တွေးဆချက်ပါ။

လူသားတွေရဲ့ အသိဥါဏ်တိုးတက်မှု ကြီးထွားလာတာနဲ့ အမျှ ဘာသာရေး နားလည်မှု ၊ အတိအကျ ပြောရသော် Interpretation ပြောင်းသွားသည့် အတွက် ၊ နားလည်မှု လည်း လိုက်ပြောင်းကြရပါတယ်။

ဥပမာ ရှေး ခေတ်က မိုလေ၀သ ကောင်းဖို့ရာအတွက် ၊ ဘုရားတွေကို ရာဇ် ပူဇော်ရတယ်။ တခါတရံ Human Sacrifice ပင်ပြုခဲ့ကြရတယ်။ Maya Civilization မှာ လူအချင်းချင်း ရာဇ်ပူဇော်မှု ဟာ အထင်ကရပဲ။ ခလေးသူငယ်လေးတွေကို အရှင်လပ်လပ် မြေမြှုပ် ပူဇော်ခဲ့ကြတယ်။ တူးဖေါ်လို့ရတဲ့ အလောင်းတွေက ငြင်းမရတဲ့ သာဓက တွေပဲ။ သူ့ခေတ် ၊ သူ့အသိဥါဏ် နဲ့တော့ ဒီရာဇ် ပူဇော်မှုဟာ Absolute Truth ၊ အကြွင်းမဲ့ အမှန်တရား ၊ ထိုခေတ် ထိုအချိန်က ကိုးကွယ်မှုရဲ့ ယုံကြည်မှုကိုး။

အခုခေတ် ဂြိုလ်တု ခေတ်မှာ မိုးလေ၀သ ဖြစ်စဉ်ကို ကောင်းကင်ပေါ်က ခြုံကြည့် နိုင်တဲ့ တိုးတက်မှု အသိဥါဏ်နဲ့ ချိန်ထိုးကြည့်ရင် (ရီစရာ) ဖြစ်မနေဖူးလား။ အဓိပ္ပါယ် မဲ့မနေဖူးလား။ ဒါ ကို Evolution လို့မငြင်းနိုင်ဖူးလား။

ခရိယာန်ဘာသာ စိုးမိုးထားတဲ့ အချိန် ၊ Dark Ages လို့ခေါ်စမတ် ပြုတဲ့အချိန် က Christianity နဲ့ ယနေ့ ၂၁ ရာစု Christianity တို့ရဲ့ Practices တွေတူညီ ကြရဲ့လား။ Dark Ages အချိန်ကာလ က ခရိယာန်ဘုန်းကြီးတွေဟာ ငါတို့မှ အမှန်ဆိုပြီး ဓါးမိုးအုပ်ချုပ်ခဲ့တာပဲ မဟုတ်လား။ သိပ္ပံပညာကိုတောင် အဓမ္မနည်းတဲ့ ပြောင်းခဲ့သေးတာပဲ။ Earth ဟာ Center of Universe လို့သတ်မှတ်ထားတဲ့ ဘာသာရေးအယူအဆ နဲ့ ဆန့်ကျင်မှုကို တွေ့ ရှိတဲ့သိပ္ပံပညာရှင် Galileo ကိုတောင် တရားဆွဲပြီး နှိပ်ကွပ် နိုင်ခဲ့သေးတာပဲ။ Bible က Psalm 93:1, 96:10, and 1 Chronicles 16:30 အရ "the world is firmly established, it cannot be moved." ကိုရည်ညွှန်းပြီး ကမ္ဘာကြီး ဟာ (မရွေ့) နိုင်ဖူးဆိုပြီး ကက်သလစ် အာဏါပိုင်တွေက Interpret လုပ်ပြီး ဇွပ်သတ်မှတ်ခဲ့တာပဲ မဟုတ်ပါလား။

အခု ၂၁ ရာစု ခေတ်မှာ Big Bang ဟာ သီအိုရီ မဟုတ်တော့ဖူး။ Big Bang ရဲ့ အစနီးပါးကို တောင်ပြန်ကြည့်နိုင်တဲ့ telescope တွေပေါ်ပြီး သိပ္ပံပညာ တိုးတက်နေတဲ့ ခေတ်မှာ ကက်သလစ် Church နဲ့ Pope တို့ရဲ့ အရှိန်ဟာ ကျဆင်းလျက်ရှိတယ်။ ၂၁ ရာစုနှစ် မှာ Galileo လိုနံမည် ရှိတဲ့ Stephen Hawking က နောက်ဆုံး Universe အကြောင်းရှင်းပြရာမှာ God အတွက်နေရာ မလိုတော့ဖူးလို့ ဆိုခဲ့လေပြီ။ ကက်သလစ် Church က Stephen Hawking ကိုဖမ်းပြီး ဗိုလ်ကျ နိုင်တဲ့ အခြေအနေ မရှိတော့ဖူး မဟုတ်လား။ ဒါ (အချိန်) အရ ပြောင်းလဲသွားတဲ့ ပကထိ အခြေအနေပဲ၊ တနည်းအားဖြင့် Time အရပြောင်းလဲလာတဲ့ Evolution ပဲ မဟုတ်ပါလား။

ဒါကြောင့် ဘာသာရေး အကြောင်းပြောရင် (Time ) နဲ့ (Evolution) ကိုချန်လို့ မရ လို့ ရိုးသားစွာထင်မြင်မိတယ်။

စာရေးသူ ဟာ Relative Truth ကိုပဲ လက်ခံ ပါတယ်။ Absolute Truth ကို လက်မခံပါ။ (မှတ်ချက်။ စာရေးသူရဲ့ Notes ၊ ရောမသား (၁) နဲ့ (၂) ကိုကြည့်ပါ။)

ခရိယာန်ဘာသာကို ကြည့်ရင် ရောမခေတ် အစ မှာ ခရိယန် ဆိုရင် အသတ်ခံရတာပဲ။ ရေရှု (Jesus) ကိုတောင် ရောမသားတွေက သတ်ဖြတ်ခဲ့ကြသေးတာပဲ။ အချိန် အခါအရ ရောမဘုရင် ခရိယန် ဘာသာကို လက်ခံလိုက်တော့ ခရိယန်ဘာသာဟာ ကြီးထွားလာရတယ်။ ဒါလည်း (အချိန်) နဲ့ အညီ ပြောင်းလဲမှုပဲ။

ဘာသာရေးမှာ Exploitation ကိုရှောင်လို့မရ

ဘာသာရေးဆိုတာ လိုအပ်သလို ကြောက်ဖို့လည်း ကောင်းပါတယ်။ ဘာသာရေး အငြင်းပွားမှုဖြစ်ရင် (Self-Righteousness) ကကပ်ပါလာစမြဲပဲ။ ဒါကြောင့် ဒုတ်ဆွဲ - ဓါးဆွဲတွေ ဖြစ်တတ်ကြတယ်။ ဘာသာရေးကြောင့် Crusade စစ်ပွဲကြီးတွေတောင် ဖြစ်ခဲ့ကြတာပဲ မဟုတ်လား။

ထို့နည်းတူစွာ ၊ ဘာသာရေးကို အကြောင်းပြပြီး လုပ်စားသူတွေ ကလည်းမနည်း စကားပြောကောင်းရင် ၊ အဟောကောင်းရင် ၊ လူတွေက ချဉ်းကပ် တာဆိုတော့ အမေရိကားမှာ ဘာသာရေး ဂိုဏ်းတွေ ၊ Church တွေထောင်ပြီး ၊ ချမ်းသာနေတဲ့သူတွေ အများကြီး။ အထူးသဖြင့် TV Preacher တွေ ဟာ ဘာသာရေးအကြောင်ပြပြီး စီးပွားရေး အင်ပါရာကြီးတွေတောင် ထောင်နိုင်ကြပါတယ်။ Billy Grahm တို့လို လူရိုသေ ရှင်ရိုသေ Preacher တွေရှိသလို Jim and Tammy Faye Baker တို့လို လူလိမ်တွေက လည်းအများသား။

အရင်းစစ်လိုက်ရင် ဘာသာရေး ရဲ့ အားနဲချက်က ဘာသာရေးဆိုတာနဲ့ ယုံလွယ် ကြတယ်။ ကျမ်းစာအုပ်က ဒီလို ပြောတယ်ဆိုရင် ယုံလိုက်ကြတာပဲ။ အများက ကိုယ်ကိုယ်တိုင် လေ့လာထားကြတာမှ မဟုတ်တာ။ နောက်ဆုံးတော့ ဘာသာရေး ဆရာတွေက ငါတို့ ဘာသာရေးကျမ်းစာ တွေက ဒီလို ပြောတယ်ဟေ့ ဆိုပြီး ဟိန်းဟောက်လိုက်ရင် မိမိဘာသာကို စော်ကားရာရောက်မှာ စိုးတော့ လူအများက ယုံလိုက်ကြတာပဲ။

ဒါကြောင့် ဘာသာရေး မှာ Exploitation က လူလယ် ၊ လူလိမ် တွေအဖို့ သိပ် လွယ်တယ်လို့ ထင်မိတယ်။

ဘာသာတိုင်းမှာ နောက်ဆုံးတော့ Human Interpretation ပဲ။

နောက်ဆုံးတော့ တဖက်က ပြန်တွေးကြည့်ရင် ဘာသာတိုင်းမှာ Human Interpretation နဲ့ အဆုံးသတ်တာပဲ။ ဘယ်သူကမှ ဘုရာသခင် နဲ့တွေ့ဖူးကြတာမှ မဟုတ်။ အမှားအမှန် ကိုယ်လည်း ဘုရာသခင် ကိုမေး၍ ရသည်မဟုတ်။ ဘုရားသခင်က တမန်တော်တွေကိုပြော ၊ တမန်တော်တွေက တခါ ကျမ်းစာတွေဖြစ် ဒီကျမ်းစာတွေ ကို Interpret လုပ်ရာမှာ ကွဲလွယ်မှု တွေဖြစ်ကြပြီး ဂိုဏ်းတွေကွဲ ၊ ဒါဘာသာတူု အချင်းချင်းမှာ ပဲ သပွပ်အူရှုပ်ထွေးနေကြတာ။

Final Analysis မှာ Root Cause က Interpretation ပဲ။ ဒါကို တထစ် ထပ်စိပ် လိုက်ရင် ..ကိုယ်အသက်ရှင်နေတဲ့ … (Time) အချိန်ကာလမှာ အများလက်ခံတဲ့ ဘာသာရေး ပုဂ္ဂိုလ် တွေရဲ့ Interpretation ပဲ။

ဒါ Creation ကိုလက်ခံတဲ့ ဘာသာတွေပဲလား။

ဗုဒ္ဓဘာသာ မှာလည်း ရှင်ကြီး ဂေါတမ ဆိုတာ အသက်ထင်ရှားရှိတော့တာမှ မဟုတ်တာ။ ဒီတော့ နောက်ဆုံး Human Interpretation မှာပဲ လမ်းဆုံးကြရတာပဲ။ ဒါပေမဲ့ ဗုဒ္ဓဘာသာ ဟာ Absolute Truth မဟုတ်ဖူး။ Universal Truth။ ဗုဒ္ဓဘာသာ မှာ ဘုရားသာသနာ ၊ ပြီးရင် သိကြားသာသနာ ၊ ပြီးရင် သာသနာပျောက်သွားလိမ့်မယ်လို့ ပါတယ် မဟုတ်လား နောက်ဘုရားတစ်ဆူ ထပ်ပွင့်မှ တခါ သာသနာ ပြန်ထွန်းကား ပြန်မယ်။

ဒါ Time Factor ရဲ့ သက်ရောက်မှုပဲ။

ဒါကြောင့် ဘုရားပွင့်တဲ့ အချိန်မှာ (လူ) ဖြစ်ရတာ အလွန်ကံကောင်း သလို ၊ သာသနာထွန်းကားတဲ့ အချိန်မှာ လူဖြစ်ရတာလည်း ကံကောင်းတယ်မှတ်ပါတယ်။

သာသနာ ထွန်းကားတဲ့ အတွက် တရားရနိုင်ပြီး အကျွတ်တရားရနိုင်သည်ကိုး

Universal Truth

ဒါကြောင့် စာရေးသူရဲ့ နားလည်မှု Interpretation က ဗုဒ္ဓဘာသာ ဆိုတာ Universal Truth။ Absolute Truth က ဘုရးသခင်က ပြောလို့ (အမှန်) တရားဖြစ်တာ။ သွားငြင်း၍ မရ Universal Truth က Process။ (ရှိနေတာ)။ သာမန်လူတွေ သိပြီး လူတွေကျွပ်အောင် ဟောနိုင်ဖို့ မလွယ်။ သဗ္ဗင်ညုတဥါဏ်ကို ရရှိမှ ဘုရားဖြစ်မှ ဒီတရားကို သိရှိခွင့်ရတာ။ ဘုရားဖြစ်ပြီးမှ လူသားတွေကို ချွပ်ခွင့်ရတာ။

လူသားတွေကလည်း အုံဖွဆိုပြီး အကျွပ်တရား ရသည်မဟုတ်။ ဘုရားက ညွှန်ရုံညွှန်နိုင်တာ။ ဘုရားက ကျွပ်စေသတည်းဆိုပြီး လူသားတွေကို မချွပ်နိုင်။ Creator လို တန်ခိုးရှင် မဟုတ်။ ကျွပ်နိုင် မကျွပ်နိုင်ကိုသိနိုင် ပေမဲ့ လူတွေက ကိုယ်ကိုယ်တိုင် ကျင့်ကြံမှ ၊ သို့မဟုတ် ပါရမီ ပါလာမှ ၊ မဂ် (၄) ပါး ဗိုလ် (၄) ပါးစိုက် မှ Convincing Truth ကိုမြင်ပြီး လက္ခံမှ နိဗ္ဗန်ကိုရောက်ရမှာ။ ဘုရားက အကျွပ်တရားရအောင် လမ်းပြ တရားဟောနိုင်တယ်။ နိဗ္ဗန် ဆိုတာကလည်း For Eternity ပျော်ရွှင်ရမဲ့ နေရာမဟုတ်။ (၃၁) ဘုံမှာ ကျင်လည် ရမဲ့ ၀ဋ်က ကျွပ်သွားတဲ့ Continuity ရပ်သွားတဲ့ State တခုကိုရပြီး Peace ရသွားသည်ပဲ။

Process ပဲ

စာရေးသူ ဥါဏ်မှီသမျှ တွေးကြည့်တာက Buddhism ဟာ သံသရာလည်ရတဲ့ Process ဆိုတဲ့ Universal Truth ကို Discover ဖြစ်တာပဲ။ ဘုရားတိုင်း ဒီ Process ကိုမြင်ပြီး ဒီ Process ကလွပ်ရာကျွပ် ကြောင်းကို (တရား) အဖြစ်ဟောတာပဲ။ ကောဏဂုံဘုရား ၊ ကဿဖ ဘာရား တို့နဲ့ ဂေါတမရဲ့ (တရား) ကွာတာမှ မဟုတ်တာ။ ဒီ တရားပဲ။ ပွင့်တဲ့ Time အချိန် ပဲကွာတာ။ ပွင့်ပြီးတဲ့ ဘုရားတိုင်း ဒီတရားကိုဟောကြတာပဲ။ ဒါကြောင့် Buddhism မှာ (ဘုရား) ထက် (တရား) က ပို အရေးကြီးတယ်လို့ တွေးမိတယ်။ (ဘုရား) က (တရား) ပြတဲ့ အတွက် ၊ ကျေးဇူးတင်ပြီး ပူဇော်ကိုးကွယ်တာပဲ။ ဘုရားကြီး ရှိခိုးနေရင် ကုသိုလ်ပဲ ရမယ် သံသရာက လွပ်မှာ မဟုတ်ဖူး။ (တရား) ရပြီး Convinced ဖြစ်သွားရင် အသက်သော အသေခံမယ် ၊ တရားမပျက် တော့ဖူး။ (တရား) ရဖို့ အဓိက ပဲ။

Creator ကို လက်ခံတဲ့ ဘာသာတွေမှာ ဘုရား က အဓိကပဲ။ ဘုရား က အားလုံးကို ဖန်ဆင်းပြီး ၊ နောက်ဆုံး Judgment Day ရောက်ရင်လည်း ဒီဘုရားက ပဲ အဆုံးအဖြတ်ပေးမှာပဲ။

ဘုရားကြိုက် အောင်နေ ၊ ဘုရားကြိုက်တာလုပ် ၊ ဘုရားကြိုက်ရင် Heaven ရောက်မယ်၊ ဘုရားမကြိုက်ရင် Hell ရောက်မယ်။ Both Heaven & Hell ဟာ Eternity ။ ထို့ကြောင့် (မှား) ရင် Forever ဆိုတဲ့ FEAR ပါလာတယ်။

ဒါကြောင့် (အမှား) နဲ့ (အမှန်) က သိပ်အရေးကြီးလာပြီး ၊ အမှား အမှန် ကို အဆုံးအဖြတ်ပေးမှာက (ဘုရား) ဟောအတိုင်းကျင့်။ နောက်ဆုံး တော့ “(ဘုရား) ဟောအတိုင်းကျင့်” ဆိုတာ တွေကလည်း ဘာသာရေးဆရာတွေရဲ့ Interpretation လာဖြစ်တာပဲ။ ဒီအတိုင်း ကျင့်ကြံ နေထိုင်ကြမှ heaven ကိုရောက်မှာကိုး။

ဒါကြောင့် Creation ကိုလက်ခံတဲ့ ဘာသာတွေမှာ (ဘုရား) သည် အဓိက။ ထိုမှတဆင့် ၊ ဘုရားရဲ့ ကိုယ်စလှယ်တွေ လို့ပြောတဲ့ ဘာသာရေး ဆရာတွေ က By Proxy အရေးပါ အာဏါရှိလာကြတယ်။ သူတို့ပဲ စည်းမျဉ်းတွေကို Interpret လုပ်ပြီးထုတ် ၊ ကြီးကြပ် ၊ လာကြတာကိုး။ ဒါထက် တဆင့်တက်တော့ Organized Religion ဖြစ်လာရင် Organization ရဲ့ Self Interest က ပို အရေးပါလာပြန်တယ်။

Buddhism က Individualism ပဲ။ ကိုယ်လုပ်မှကိုယ်ရတာ။

ဘုရားသခင် ရဲ့ အလိုကျ မဟုတ်။

ဘာသာတိုင်းမှာ အတက်အကျရှိတယ်

လူတွေစီမှာ Evolution အရ အတက်အကျ ရှိသလို ဘာသာတွေမှာလည်း အတက်အကျ ရှိတယ်လို့ထင်မိတယ်။

ဥပမာ Jesus မပေါ်ခင်က ဂျေရူစလန် မှာ ဂျူး တွေကြီးစိုးတာပဲ။ Jesus ရေရှု ရောက်လာတော့ ဒီ ဂျူးဘာသာရေး ဆရာတွေကပဲ Roman Governor ကို တိုင်လို့ Jesus ကို Crucified လုပ်ပြီးသတ်ပစ် တာပဲမဟုတ်လား။ ဒီခေတ်မှာ ထောက်လျေက် ခရိယန် တွေကို ရိုမန်တွေက သတ်ဖြတ် နှိပ်ကွပ်ခဲ့တာပဲ။ ရိုမန်ဧကရာဇ် ကိုယ်တိုင် ခရိယန် ဖြစ်သွားမှ ခရိယန်တွေ ခေါင်းထောင်လာနိုင်တာပဲ။ နောက် Roman တွေခေတ်မှာ religious Sects တွေအများကြီးရှိရာမှာ Attila ခေတ်ရောက်တော့ မှ Rome ကိုချီတက်လာတဲ့ Attila ကို Rome ကိုမချီတက်ဖို့ Pope က အောင်မြင် အောင် လဘ် ထိုးနိုင်ပြီး Attila ပြန်ဆုတ်သွား။ ပြီး Attila သေသွားမှ ဒါ Divine Intervention ဆိုပြီး Catholicism ဟာတချိန်ထိုး ကြီးထွားသွားတာပဲ။ ဒါဟာလည်း အမှန်တော့ Human Manipulation ပဲမဟုတ်ဖူးလား။ ဟော Dark Ages ရောက်တော့ ခရိယန်ဘာသာ ဟာ Dominating Status ကိုရောက်သွားပြီ။

နောက်ပိုင်း ကိုလိုနီ ခေတ်ရောက်တဲ့ အခါ ဥရောပ ကိုလိုနီ သမားတွေဟာ သူတို့ရဲ့ ခရိယန် ဘာသာ ကို ပါဖြန့်ချီ လာတာပဲမဟုတ်လား။ ဒီလိုနည်း နဲ့ Maya တွေနဲ့ တောင်အမေရိက တိုက်တခုလုံး ဘရင်ဂျီ Cathoic ဘာသာဝင်တွေဖြစ်ကုန်ရသလို တရုတ်ပြည် က Boxer Rebellion ဟာလည်း တရုတ်မျိုးချစ်တွေ Imperialism နဲ့ Christianity ကိုဆန့်ကျင်ကြတဲ့ တော်လှန်ရေးပဲ မဟုတ်ပါလား။ ထိုခေတ် ထိုအချိန် က သာ မျိုးချစ်သာဖြစ် ခဲ့ရင် ခရိယန် သာသနာပြု တွေကို မုန်းလိုက်မဲ့ ဖြစ်ချင်း။

လစ်ဖရယ် ဒီမိုကရေစီ ဥရောပ မှာကြီးထွားလာတဲ့ အခါမှ .. Colonist တွေနဲ့ အတူ Organized Religion တွေဟာလည်း အရင် ကလို မကြီးထွား နိုင်တော့ဖူး။ လွပ်လပ်စွာတွေးခေါ်ခွင့်ရလာကြတဲ့ အခါမှာ လူတွေဟာ Organized Religion တွေကို နှာခေါင်းရှုံ့လာကြတယ်။ ဒါတောင် အကြမ်းပြင်း ကမ္ဘာပေါ်မှာ ကက်သလစ်ဘာသာဝင် က သန်း ၁၀၀၀ (1 Billion) ကျော်ကျန်ပြီး ကျန်တဲ့ ဂိုဏ်းကွဲတွေက နောက်ထပ် သန်း ၁၀၀၀ လောက် ကျန်သေးတယ်။

မွတ်စလင်ဘာသာ ဟာလည်း တချိန်က Caliphate လို့ခေါ်တဲ့ ဘာသာရေး အုပ်ချုပ်မှု အထိ ကြီးကျယ်ခဲ့ကြပြီးမှ ဥရောပက နယ်ချဲ့ကိုလိုနစ် တွေအောက်မှာ ရုန်းကန်ခဲ့ရတယ်။ လောလောဆယ် ဘာသာရေး အယူသန်သူတွေဟာ ဒီ ဘာသာရေးအုပ်ချုပ်မှုနယ်ပယ် Caliphate တွေကို ပြန်လည် ထူထောင်ချင်တဲ့ ရည်မှန်းချက် ရှိကြတယ်။

ဒုတိယ ကမၻာစစ္အျပီး အစၥလမ္ဘာသာ

ကိုလိုနီ ခေတ်မှာ အနောက်ဥရောပ က အဖြူတွေက တကမ္ဘာလုံးကို ကျွန်ဇာတ်သွင်းပြီး သွေးစုပ်နေတဲ့ အချိန်မှာ အာရပ်ကမ္ဘာတခုလုံး လိုလို ကျွန်ဘ၀ရောက်သွားတော့ ဘာသာရေး ဟာ လည်း နိုင်ငံ့ အရေးလိုပဲ ခေါင်းမထောင်နိုင်ခဲ့ဖူး။ ဒုတိယကမ္ဘာစစ် ကြီးအပြီးမှာ နိုင်ငံတွေဟာ ပြန်လည်ထူထောင်ကြရမှ တကယ် ရေနံ ခေတ်ကိုရောက်ခဲ့ကြရတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးခါနီးမှာ အမေရိကန်သမ္မတ Roosevelt နဲ့ ဆော်ဒီဘုရင် တို့စစ်သင်္ဘော အပေါ်မှာတွေ့ဆုံကြပြီး ဆော်ဒီတွေက ရေနံရောင်း ၊ အမေရိကန်က လုံခြုံရေးအတွက် တာဝန်ယူမယ်ဆိုပြီး သဘောတူခဲ့ကြတယ်။ ဒီသဘောတူညီမှု ဟာ ယနေ့အထိ ရှင်သန်လျက်ပဲ။

အာရပ်ကမ္ဘာမှာ သံရာဇာတ ဘာမှမဲမဲရရ ရှိတာမဟုတ်။ ရေနံကလွဲရင်ပေါ့။ ဒါပေမဲ့ တကမ္ဘာလုံး က ရေနံကိုအားကိုး လာရတော့ ရေနံ ဟာ ရွှေမဲ ဖြစ်လာဖြစ်လာပြီး အာရပ်တွေဟာ ဒီ Petro Dollar တွေ နဲ့ နေ့ချင်းညချင်း ချမ်းသာလာကြတယ်။

Wahhabism (Arabic: وهابية‎)

အစ္စလမ်ဘာသာ ထူထောင်ရာ ဆော်ဒီအရေးဘီရားနိုင်ငံ Najd ဆိုတဲ့မြို့မှာ ဘာသာရေးပညာရှင် Muhammad ibn Abd al-Wahhab (1703–1792) ပေါ် ခဲ့ဖူးတယ်။ ဒီဘာသာရေး ပညာရှင်ဟာ အလွန်တင်းကြပ်တဲ့ Interpretation ကို ခံယူတဲ့ သဘောထားကို လက်ခံတဲ့ တရားဟောဆရာက ထိုအချိန်က အုပ်ချုပ်သူဖြစ်တဲ့ Muhammad ibn Saud နဲ့ ၁၇၄၀ မှာပေါင်းမိပြီး တစ်ယောက်က ဓါးမိုး အုပ်ချုပ်ပြီး နောက်တစ်ယောက်က အုပ်ချုပ်ရေးကို ဘာသာရေးနဲ့ ထိန်းကွပ်ပေးတဲ့ သဘောတူညီမှုကို ရရှိကြပြီး နောက်ဆုံး Wahhabism ဟာ ဆော်ဒီမှာ ကိုးကွယ်စည်းကပ်ရာ တခုတည်းသော ဘာသာရေကိုးကွယ်မှုဖြစ်လာရတယ်။ Wahhabism ဟာ doctrine of Tawhid လို့ခေါ်တဲ့ ဘုရားတစ်ဦးတည်းသာလျှင်ရှိတယ် "uniqueness of God” ဆိုတဲ့ ဘာသာရေးအတွေးအခေါ်ပေါ်မှာ ရပ်တည်ပြီး ကျန်သော ကိုးကွယ်မှု တွေမရှိစေရဆိုတဲ့ ပညတ်ကို အားလုံးလက်ခံ ကျင့်သုံးစေခဲ့တယ်။ ဒါကြောင့် ၂၀၁၂ နှစ်ထဲမှာပဲ ဆေးလိုက်ကုတဲ့ မိန်းမတစ်ယောက်ကို စုန်းရူးနတ်ရူး ဆိုပြီး ခေါင်းဖြတ်သတ်ခဲ့တယ်။ လင်ငယ် နေတဲ့ မိန်းမ ၊ ယောက်ျားတွေကို တွင်းထဲမြှုပ် ၊ ခေါင်းပဲဖေါ်ထားပြီး ၊ ရွာသားတွေက ကျောက်တုံးတွေနဲ့ ပေါက်သတ်ရမယ်ဆိုတာလည်း ဒီဘာသာရေးဆရာ ရဲ့ညွှန်ကြားချက်တွေပဲ။

Wahhabism ကမ္ဘာပြန့်ပြီ။

Wahhabism ဟာ ဆော်ဒီမှာ ကိုးကွယ်တဲ့ ဘာသာအဖြစ်သာ ရပ်တည်ခဲ့ရာမှ ဒုတိယကမ္ဘာစစ် အပြီး ဆော်ဒီဘုရင်တွေ Petro Dollars တွေနဲ့ ချမ်းသာလာတဲ့အခါမှာ Wahhabism ကို တဖြေးဖြေးကမ္ဘာကို ဖြန့်လာခဲ့ကြတယ်။ အမေရိကား တပြည်လုံး နဲ့ ဥရောပတခွင် ဆောက်ထားတဲ့ ပလီ တွေဟာ ဆော်ဒီငွေတွေနဲ့ ဆောက်တာပဲ။ နောက် ဆော်ဒီတွေက ဘာသာရေးကျောင်းတွေ ဆောက် ၊ ဘာသာရေးကူညီမှု အသင်းတွေကို အားပေးရုံ မက အမေရိကန်-အစ္စလမ်ဘာသာရေး အသင်းတွေကို ဖွဲ့ပြီး တဖြည်းဖြည်း ဘာသာရေးကွန်ယက် ကိုတည်ဆောက်ပြီး ဘာသာရေးလွှမ်းမိုးမှု ကို စိတ်ရှည်ရှည်နဲ့ ပညာသားပါပါ ပါးပါးလေး လုပ်ဆောင်လာတာ ကြာခဲ့ပြီပဲ။

လစ်ဖရယ် စိတ်ကူးယဉ်သမားတွေက Human Rights ကိုအရေးပေးပြီး တကမ္ဘာလုံး လိုက်ကူ နေချိန်မှာ ဆော်ဒီဘုရင်မျိုးတွေက ဘာသာရေးမှာပဲ ငွေသုံးပြီး အစ္စလမ်ဘာသာဖြန့်ပွားရေးမှာပဲ ငွေသုံးကြတယ်။ အစ္စလမ်နိုင်ငံတွေမှာ သဘာဝဘေးကပ်ဆိုက်ရင်တောင် ဆော်ဒီတွေက ငွေပုံး သုံးလို့လား။

ဆော်ဒီဘုရင်မျိုးတွေက အုပ်ချုပ်လာတာလည်း ကြာလှပြီ ။ ပိုက်ဆံလည်းရှိတော့ အာဏါ ၊ ငွေ နဲ့ Manipulation အကြောင်းကိုကောင်းကောင်းနော်ကြေနေကြပြီ။ ဒါကြောင့် အနောက်နိုင်ငံတွေမှာ ကျင့်သုံးကြတဲ့ ဘာသာရေး လွပ်လပ်ခွင့် ကို အသာလေး အသားယူပြီး စပါးကြီးမြွေကြီးလို တဖြေးဖြေး စိမ်ပြေနပြေ မြိုနေလိုက်တာ အမြိုခံရတဲ့ အနောက်နိုင်ငံက လစ်ဖရယ် ဥါဏ်ကြီးရှင်တွေ သတိတောင် မထားမိကြဖူး။

အိုစာမာ လာပြီဗျို့

ဆော်ဒီဘုရင်တွေ လိမ္မာပါးနပ်စွာနဲ့ ဘာသာရေးတိုးချဲ့နေချိန်မှာ ဟီးရိုးဖြစ်ချင်တဲ့ အိုစာမာ ဘင်လာဒင် က ၀ုန်းဆို ဘီလူးဆိုင်းနဲ့ ဖုံးဖေါက်ပြီး ကမ္ဘာ့ နိုင်ငံရေးစင် ကို အကြမ်းနည်းနဲ့ တက်လာလေရဲ့။ အိုစာမာ အဖေဟာ ရီမင်ဇာတိ ဆော်ဒီမှာ ဆောက်လုပ်ရေးနဲ့ ချမ်းသာလာသူမို့ ဘင်ကြီးရဲ့ ယုံကြည်မှုဟာလည်း Wahhabism ပေပဲပေါ့။ ဆော်ဒီ ပိုက်ဆံနဲ့ Wahhabism ဟာ ကမ္ဘာပြန့်နေတာ လူတွေမသိလိုက်ကြဖူး။

ပါကစ္စတန် နိုင်ငံရဲ့ ထောက်လှန်းရေးအဖွဲ (ISI – Inter-Services Intelligence) ရဲ့ အကူအညီ နဲ့ စတင်ဖွဲ့စည်းပြီး အာဖဂန်မှာ အာဏါရလာတဲ့ တာလီဖန် တွေဟာလည်း Wahhabism ကိုလက်ခံ ကျင့်သုံး သူတွေ ဖြစ်နေကြပြီ။ အလွန်ပြင်းထန်တဲ့ Wahhabism ကိုဆော်ဒီမှာ ကျင်သုံးနေတာ ရာစုနှစ်တွေ မက ရှိခဲ့ပြီ။ ကြိပ်ပြီးသောင်းကျန်နေတာ ကမ္ဘာကလည်း မသိ ၊ ဂရုလည်းမပြုမိခဲ့ကြပေ။ အာဖဂန် မှာ ရက်ရက်စက်စက် သောင်းကျန်းလာမှ ကမ္ဘာက ရင်သပ်ရှုမော ဖြစ်ကြရတယ်။

အာဖဂန်ဟာ လွန်ခဲ့တဲ့ အနှစ်တရာကျော်က ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံ။ ငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို အဓမ္မဘာသာရေး ဖြန့်ချီမှုကို လက်ကိုင် ထားတဲ့ အစ္စလမ်ဘုန်းကြီး တွေက လိုက်သတ်ပြီး အာဖဂန်နိုင်ငံဟာ အစ္စလမ် နိုင်ငံဖြစ်လာရတယ်။ ဟော မျက်စိတဖက်နဲ့ ဆွေစောင်း မူလာအိုမား လို တဖက်စွန်း တာလီဖန် တွေခေတ်ရောက်တော့ Wahhabism ရဲ့ ဘုရားတဦး သာလျှင် ရှိရမယ် ဆိုတဲ့ အယူနဲ့ ကျောက်ကဖါး မှာ ထွင်းထုထားတဲ့ ကမ္ဘာမှာအကြီးဆုံး ဗုဒ္ဓဆင်းထုတော်တွေကို အမြှောက်နဲ့ ပစ် ၊ မိုင်းခွဲပြီး ဖျက်စီးခဲ့ကြတယ်။ အစ္စလမ်းဘုန်းကြီးတွေလက် ကထွက်ပြေးရင်း မြေမြှုပ်ခဲ့ရတဲ့ လဲလျှောင်း ဗုဒ္ဓဆင်းထုတော်ကြီးကို အာဖဂန်မှာ ဂျာမန်ပညာရှင်တွေ လိုက်ရှာနေကြတာ ခုထိ မတွေ့သေးဖူး။ မတွေ့သေးတာပဲကောင်းပါတယ် ၊ မိစ္စာကောင် တာလီဖန် တွေနဲ့ ဆိုမဖြစ်ပါဖူး။

ငရန်မန်ကန်း မူလာ အိုမာ ကအာဖဂန်မှသောင်းကျန်း ၊ ၎င်းရဲ့ ဖွားဖက်တော် ဘင်ကြီးက ကမ္ဘာမှာ အကြမ်းဖက် ဖျက်စီးသောင်းကျန်း ပြီး ဓါးသိုင်းနဲ့ ထွက်လာကြ မှ ကမ္ဘာကြီး က Wahhabism ကို လက်ကိုင်ထားတဲ့ အစ္စလမ်သောင်းကြမ်းသူ တွေကို နဖူးတွေ့ဒူးတွေ့ ၊ တွေ့ဖူးကြရတော့တယ်။ အမေရိကန် တွေက ဘုန်းပေါ်လအော ဖြုန်းကြ ၊ ဆော်ဒီတွေက petro dollars တွေရ ၊ ဒီငွေနဲ့ ဆော်ဒီတွေက Wahhabism ကိုကမ္ဘာကို ဖြန့် ၊ ဒီ petro dollars တွေကရတဲ့ ငွေတွေနဲ့ ချမ်းသာလာတဲ့ ဘင်ကြီး က အစ္စလမ်သောင်းကြမ်းမှု ကိုဦးဆောင် ၊ နောက်ဆုံး 9/11 မှာ နယူးရောက်မှာ စိန်အောင်မင်း အတီးလေးနဲ့ World Trade Center ကို ဆော်ပလော်တီးလိုက်ကြမှာ အမေရိကန်တွေက အိုမိုင်ဂေါ့ (OMG) ဆိုပြီး အိပ်ရာက လန့်နိုးလာကြရတော့တယ်။

ဆော်ဒီတွေက အနုနည်းနဲ့ Wahhabism ကိုဖြန့်တယ်။ ဘင်ကြီးက ဘီလူးဆိုင်းနဲ့ Wahhabism ကိုဖြန့်လိုက်ကြတာ။

ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြပြီ

ဘင်ကြီးတို့ ကံဆိုးတာက ဘင်ကြီးတို့ ဟို ဖုံးဖေါက် ၊ ဒီဖုံး လုပ်တုန်းက လစ်ဖရယ် သမ္မတ က Bill Clinton။ လစ်ဖရယ်တွေက ဘင်ကြီးတို့ကို ရာဇ၀တ်မှု လောက်သဘောထားတာ။ သိပ်စိတ်မ၀င်စားကြဖူး။ ဘင်ကြီးတို့ရဲ့ မဟာအောင်မြင်မှု ဖြစ်တဲ့ 9/11 ရောက်တော့ George Bush က သမ္မတဖြစ်ကာစ။ ဂျော့ဘုရ်က ဘာသာရေး အစွဲအလန်းကြီးတဲ့ နေရာမှာ ဘင်တို့နဲ့ သူမသာ ၊ ကိုယ်မသာ။ ဂျော့ဘုရ် က အသက် (၄၀) အထိ ပုလင်းဖက် နေတဲ့သူ။ မိန်းမ က ရှင် ကျမကို စွန့်မလား ၊ Jack Daniel ကိုစွန့်မလား ဆိုမှ ရုတ်တရက် လူဖြစ်လာရတဲ့ အပြင် ဘာသာရေး အမြင်ကြည်လာပြီး Born Again Christian ဖြစ်လာရ တဲ့သူ။ ဂျော့ဘုရ် က Intellect မဟုတ်ဖူး။ သိပ်နက်နက်တွေးတတ်သူမဟုတ်။ ဒါပေမဲ့ အမေရိကန်ကို ထိရင် ဓါးကြည့် ၊ အမေရိကန်တစ်ယောက်သေရင် မီးပွင့်သွားမယ်ဆိုတဲ့ လူစားမျိုး။

ဒါကြောင့် ဘင်တို့ကို ရာဇ၀တ်မှု အနေနဲ့ မကြည့်တော့ဖူး။ စစ်ပွဲ အနေနဲ့ ပဲမြင်တယ်။ ပြောမကောင်းလို့သာ ဘင်တို့ကို အမှန်အတိုင်း ဘာသာရေးစစ်ပွဲလို့ပဲ အမှန်အတိုင်း မြင်တယ်။ ဒါကြောင့် “Dead or Alive” တို့ “Crusade” ဆိုတဲ့ စကားလုံးမျိုးတွေ သုံးလာတဲ့အခါ မှာ ၀ိုင်းအော်ကြတာကြောင့် မိန်မဆူတာနဲ့ ငြိမ်သွားရတာ။ ဘင်ကြီးတို့ Clinton တို့ကိုကြည့်ပြီး အမေရိကန်တွေဟာ ငပေါတွေ။ Cruise Missiles (၁၀) လုံးလောက် ပစ်ပြီး ပြီးသွားမှာပါလို့ ထင်နေကြတာ။ ဘင်ကြီးတို့ ကံဆိုးရှာတာက ဘုရ်နားမှာ ၀ိုင်းရံထားတာက ၂၁ရာစု နှစ်ဟာ အမေရိကန် ရာစုနှစ်ပါဆိုပြီး ကြွေးကျော်ထားတဲ့ ကွန်ဆာဖေးတစ် မိုက်ခဲတွေ။ ဒုသမ္မတ ချိန်နီ ၊ ကာကွယ်ရေးဝန်ကြီး Donald Rumsfeld တို့လိုလူတွေ။ ဂျော့ဘုရ်က ဘုံးမိုးရွာပြီး စီအိုင်အေ ရဲ့ မလီရှာ တွေနဲ့ ၀င်နွှာလာတော့ ဘင်ကြီး နဲ့ ငရန်မန်ကန်း မိုလာအိုမာ တို့ ဖင်သနီလန် အောင်ထွက်ပြေးကြရတာ။ ကျောက်ခေတ်ပြန်ရောက်သွားအောင်ဖုံးကြဲပစ်မယ်ကြီမ်းခြောက်ခံရတော့ ပါကစ္စတန်က မွပ်စလင်ကုလားတွေလည်း အမေရိကန်ကျေနပ်အောင် 9/11 ကိုဖေါ်ဆောင်ခဲ့တဲ့ အငယ်ကောင်တွေကို ချကြွေးပြီး ဘင်နဲ့ အိုမာ တို့ကိုတော့ ISI ကပဲကျိပ် ဖွက်ပေးထားခဲ့တယ်။ ပြီးတဖက်လှည့် နဲ့ အမေရိကန် ကို ငွေလက်ဖြန့်တောင်းပေါ့။

အမေရိကန်သမ္မတ ရဲ့ အာဏါ

အမေရိကန်သမ္မတ ဆိုတာက “Institution” ။ ဒါကြောင့် သူ့အောက်မှာ “ စနစ် - system “ ။ ဒီအောက်မှာမှ “Rules & Regulation” ဆိုတာတွေရှိတယ်။ ဒါကြောင့် (စနစ်) ကိုသိရင် ကိုယ်လိုချင်တာကို ဖေါ်ဆောင်နိုင်တဲ့ နည်းတွေရှိတယ်။ အမေရိကန် Constitution အရ လု့အခွင့်အရေးတွေကို အာမခံချက်ပေးထားတယ် ဆိုတာက အမေရိကန် လူမျိုးတွေ အတွက်ပဲ။ ဒါကြောင့် ဒီအစ္စလမ်မစ်အကြမ်းဖက် သမားတွေကို အမေရိကန် မြေကို အနင်းမခံဖူး။ ဂွာတာနာမိုး မှာပဲ ထားပြီး ကိုင်တော့တာပဲ။

အမေရိကန် စနစ်မှာ စစ်ကြေငြာ တာက ကွန်ကရက် က ကြေငြာရတယ်။ ဒီလိုကြေငြာပြီးရင် စစ်ကို နိုင်အောင်တိုက်ဖို့ စစ်ဦးစီးချု့ပ်ဖြစ်တဲ့ သမ္မတရဲ့ တာဝန်ပဲ။ တရားရေးဌါနက အစိုးအတွက် ဥပဒေ အကျိုးဆောင် (သို့) ရှေ့နေပဲ။ စီအိုင်အေက ဒီအစ္စလမ်မစ်အကြမ်းဖက် သမားတွေကို မိလာရင် စစ်ဆေးရာမှာ torture လုပ်ခွင့် မရှိဖူး။ ဒါကြောင့် retention လို့ခေါ်တဲ့ မိတ်ဖက်အစိုးရ စစ်ကြောရေးဌါန တွေကို ခေါ်သွားပြီး အမေရိကန် ကိုယ်စား ခပ်ကြမ်းကြမ်းစစ် ခိုင်းတယ်။ နောက် ရေလောင်းစစ်တဲ့ water Boarding ဟာ torture မဟုတ်ကြောင်းကို တရားရေးဌါန က Constitution အရ ထင်မြင်ချက် ပေးရတယ်။ ဒီတရားရေးဝန်ကြီးဌါန ရဲ့ ထင်မြင်ချက်ကို မှီငြမ်း ပြီး သမ္မတဘုရ် က water boarding လုပ်စေ ဆိုတဲ့ Presidential Directive - သမ္မတအမိန့်ကို ထုတ်ပြန်ပေးတဲ့ အခါ အားလုံးဟာ တရားဝင် သွားတော့တယ်။

ဒီလို ခပ်ကြမ်းကြမ်း ကိုင်နိုင်လို့ ဘင်ကြီးတို့ လူတွေ တစ်ယောက်ပြီး တစ်ယောက်အဖမ်းခံရတာပေါ့

ခေတ်ပေါ် Drones

နောက် ဘုရ်လက်ထက်မှာ ပဲ Drone လို့ခေါ်တဲ့ မောင်းသူမဲ့ လေယဉ်နဲ့ လေပေါ်မှာ ပျံဝဲနေပြီး Value Target လို့ခေါ်တဲ့ အရေးကြီးပစ်မှတ် ကို တွေ့ရင် လေပေါ်က Missile နဲ့ ထုလိုက်တော့ ပြေးမလွပ်တော့ဖူး။ အရင်က ဘင်တို့ အမေရိကားကို ၀င်ပြီး အကျမ်းစီး ၊ ဖုံးဖေါက်နိုင်တာ။ အခု Drones တွေက ဘင်ကြီးတို့ နယ်မြေကို လေပေါ်က စိုးမိုးထားပြီး ရွှေ့ပြောင်းတာနဲ့ (၀ုန်း) ဆို အသက်ပျောက် သွားပြီမှတ်။ ကိုယ့်နယ်မြေမှာ ကိုယ့်ကားနဲ့ မရွှေ့ရဲ ၊ ဗြောင်ခရီး မသွားရဲတော့ဘူး။ သိပ္ပံပညာ တိုးတက်လာတာကလည်း အခု Liquid Hydrogen နဲ့ မောင်းတဲ့ Drone ဟာ ၃-၄ ရက် လေပေါ်မှာ မနားတန်း ပျံနိုင်တယ်။ အမြင့်ကြီးပျံနိုင်တဲ့ ဒရုံး ရှိသလို နိမ့်နိမ့်ပျံတဲ့ ဒရုံးတွေ ရှိတယ်။ ဒရုံးသံကြားရင် အစ္စလမ် အကြမ်းဖက်သမားတွေ နေမထိ ၊ ထိုင်မထိ ဖြစ်နေကြပြီ။ ဒါ စိတ်ဓါတ်စစ်ဆင်ရေးပဲ။ တကယ်ချတော့ အမြင့်ကြီးပြန်တဲ့ ဒရုံး က ရှိနေမှန်းတောင် မသိရဖူး။ မကြားရဖူး။ ထွက်လာမှ ဒရုံး က ၀ုန်းဆို… သွား ပြန်ပြီ နောက်တစ်ယေက်။ အမေရိကန်တွေ တည်ထွင် တည်ဆောက်နေတဲ့ Drones တွေဟာကြောက် ခမန်းလိလိ။ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖျက်စီးခဲ့ကြတဲ့ မျက်ကန်းမိုလာ နဲ့ အစ္စလမ်မစ်အကြမ်းဖက် သမားတွေ ငရဲမှာ မခံရခင် ကျီးလန့်စာစား ကိုယ်နယ်မြေမှာ ကိုယ်မလုံခြုံကြတော့ဖူး။ မကြာသေးခင်ကပဲ အဲလ်ကိုင်းဒါး နံပတ် (၂)တစ်ယောက်လည်း Drone ကောင်းမှုနဲ့ ငရဲကို ဇောက်ထိုး ဆင်းသွားလေရဲ့။ နောက် Drones တွေကောင်းတာက Drone Pilot လေယဉ်မောင်း သမားတွေဟာ အိမ်က သားမယားတွေနဲ့ မခွဲမခွာရပဲ ၊ hamburger ကိုက်ရင်း မိုင် ၇၀၀၀ ကျော်က မိစ္ဆာကောင် ကို တစ်ယောက်ပြီး တစ်ယောက် ရှင်းထုတ် နိုင်တဲ့ အတွက် ငြိမ်းချမ်းရေးနိုဘယ် ဆုရှင် အိုဘားမား ရဲ့ အကြိုက်ဆုံးလက်နက် လာဖြစ်ရတယ်။

အသေအခြာစဉ်းစားရင် အိုစာမာ ကိုကျေးဇူးတင်ရမယ်

ဆော်ဒီဘုရင် အမျိုးအနွယ်တွေဟာ တကယ်လူလည်ကြီး သားသမီးတွေ။ သူတို့အမျိုးအနွယ် တွေ ဟာ အမေရိကန် ကျောင်းကောင်းတွေက အောင်ကြတာ။ အမေရိကန် စနစ်နဲ့ လစ်ဖရယ်ဝါဒ ရဲ့ အားနဲချက် ၊ စိတ်ကူးယဉ်မှုတွေကို ကောင်းကောင်းသိတယ်။ ဒါကြောင့် Petro Dollars တွေကို Wahhabism ကမ္ဘာပေါ်မှာ ပြန့်ပွားရေးကို စိတ်ရှည်ရှည် နဲ့ အကောင်အထည်ဖေါ်နေကြတာ အနှစ် (၂၀) ကျော်လာပြီ။ လူမသိ ၊ သူမသိ သာသာလေး (မြို) နေတာ။ ကမ္ဘာက သိနေတာက အီရန်က အာလာတိုလာ တွေက (လူဆိုး) တွေ။ အီရန်တွေက (ရှီရာ) Shia တွေ။ Sunni နဲ့ Shia တွေက မတဲ့။ အိုစာမာ သာ မပေါ် ခဲ့ရင် ကမ္ဘာကြီး (သိ) လိုက်တဲ့ အချိန်မှာ အစ္စလမ် ရဲ့ ၀ါးမြိုခြင်းကို ခံလိုက်ရပြီး သိပ်နောက်ကျ သွားလိမ့်မယ်။

အိုစာမားကို တိမ်တိမ်လေးကြည့် ရင် အစ္စလမ်ဘာသာဝင်တွေ အဖို့ ဘာသာအတွက် အသေခံသွားတဲ့ ဘာသာရေးသူရဲကောင်း လို့မြင်တဲ့ သူတွေရှိ ပေမဲ့ နက်နက်တွေးရင် အိုစာမာ ကြောင့် ယနေ့ အစ္စလမ် ဘာသာ ဟာ အန္တရာယ် လို့ ကမ္ဘာက မြင်လာကြရပြီ။ ကွန်မြူနစ် တွေ မိုးကောင်းစဉ် ကာလ ၊ တကမ္ဘာလုံးရဲရဲနီ နေတဲ့ ကာလမှာ မက်စ်စစ်တွေက ဆင်းရဲသားတွေအတွက် ကွန်မြူနစ်စနစ်ပါ ဆိုပြီး ကြွေးကျော် နံမည်ကောင်း ယူနေကြပြီးမှ ၊ တူသဇင် အလံထောင်ပြီး Pol Pot တို့ မိမိလူဦးရေ ရဲ့ လေးပုံတစ်ပုံကို ရက်ရက်ဆက်ဆက် သတ်ပြ လိုက်တော့မှ အိုးမိုင်ဂေါ့ (OMG) ဆိုပြီး လူတွေ ကွန်မြူနစ် စနစ်ကို အော့ကြောလန် ကုန်ကြရတာ။

အစ္စလမ် ဘာသာဟာ လည်းထောက်လျှောက် ဘာသာရေးပညာရှင်တွေက ငြိမ်းချမ်းရေးဘာသာ ပါ ။ အလွန်သိမ်မွေ့တဲ့ ဘာသာပါဆိုပြီး ကြေငြာမောင်းခပ် နေကြရာမှ ၊ အိုစာမာ တို့က မြင်မြင်သမျှသတ် ၊ ရက်ရက်စက်စက် သတ်ကွ ၊ ဘာသာပြောင်းမလား ၊ မပြောင်းရင် Infidel တွေကို သတ်ဆိုပြီး ကြမ်းပြတော့မှ မြတ်စွာဘုရား ကယ်ကြပါဦး ဖြစ်ကုန်ရတယ်။ ဒါကြောင့် အစ္စလမ်ဘာသာဝင် အနေနဲ့ ကြည့်တတ်ရင် ရင်နာစရာပဲ။ ဒိထက် တဆင့်ပို ကြည့်တတ်ရင် အခု ကမ္ဘာကြီးမှာ အစ္စလမ်ဘာသာ ဆိုတာနဲ့ မယုံကြတော့ဖူး။ မုတ်ဆိတ်မွှေး ၊ ပုသိုင်းမွှေးနဲ့ အစ္စလမ် ပုံတွေ ၊ ခေါင်းပူးခြုံတွေ ပါလာရင် ၊ ခရီးသည်တွေကိုယ်နှိုက် က သံသယ နဲ့ ၀ိုင်းကြည့်နေကြပြီ ၊ ကျုပ်မမောင်းနိုင်ဖူး ဆိုတဲ့ လေယဉ်မှူးတွေတောင် ပေါ် လာကြပြီ။ ဒါ အိုစာမာ တို့ရဲ့ အစ္စလမ် အကြမ်းဖက်တွေကြောင့်ပဲ။

ဒါ အိုစာမာတို့ရဲ့ Extremism က ရလာတဲ့ Negative effect & Negative Image ပဲလေ။ တနည်းအားဖြင့် ရုပ်ပုံမှန် ကို ပုံဖေါ်သွားပေးတဲ့ ဥါဏ်ကြီးရှင်ကို ကျေးဇူးတင်ရမှာပါ။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ရခိုင်ဒေသခံ ပြည်သူများ အတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့

ရခိုင်ပြည်နယ် အတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေကြောင့် အဆိုပါ ဒေသခံ တွေအနေနဲ့ နေအိမ်၊ ပစ္စည်းဥစ္စာတွေ ပျက်စီး ဆုံးရှုံးခဲ့ ရတာကြောင့် အလှူရှင် တွေရဲ့ စုပေါင်း လှူဒါန်းမှု တွေကို ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို လှူဒါန်းမှု တွေကို ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ တို့က ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်း မြို့နယ်ရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဌာန၊ မီးသတ် ဦးစီးဌာန ရုံးချုပ်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။

အဆိုပါ လှူဒါန်းမှု တွေရဲ့ အလှူပစ္စည်းတွေ၊ လှူဒါန်းငွေတွေ ကိုတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ကိုယ်စား မီးသတ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်မိုးက တက်ရောက် လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒီလို လှူဒါန်းကြရာမှာ ဇွန်လ ၁၂ ရက်နေ့က အလှူရှင်တွေရဲ့ လှူဒါန်းမှု ငွေကျပ် စုစုပေါင်း သိန်းပေါင်း တစ်ရာ့ သုံးဆယ် ကျော်နဲ့ ယမ်ယမ် ခေါက်ဆွဲထုပ် များကို လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။ ဇွန်လ ၁၁ ရက်နေ့ ကတော့ စုစုပေါင်း ငွေကျပ် သိန်းခြောက်ရာကို လှူဒါန်းခဲ့ ကြတယ်လို့ သိရပါတယ်။ အခုလို လှူဒါန်းကြ တာဟာ ကုမ္ပဏီ၊ အသင်းအဖွဲ့တွေ သာမက စေတနာရှင် မိသားစု တွေပါ လာရောက် လှူဒါန်းကြတာ ဖြစ်တယ်လို့ သိရပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

မြန်မာသုတေသီများအတွက် အိန္ဒိယနိုင်ငံက နှစ်စဉ်ပညာသင်ဆု ၁၀ ဆုပေးမည်

မြန်မာနိုင်ငံရှိ သုတေသီများအတွက် အိန္ဒိယနိုင်ငံက နှစ်စဉ် ပညာသင်ဆု ၁၀ ဆု ပေးသွားမည်ဖြစ်ကြောင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်အရ သိရသည်။ မြန်မာသုတေသီများအနေဖြင့် အိန္ဒိယတက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများ၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် နှစ်စဉ်ပညာသင်ဆု ၁၀ ဆုပေးအပ်သွားမည်ဟု အိန္ဒိယဝန်ကြီးချုပ်မှ ကြေညာခဲ့ကြောင်း၊ အဆိုပါ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်၏ ပြည်ထောင်စု သမ္မတနိုင်ငံတော် ခရီးစဉ်အတွင်း ထုတ်ပြန်သည့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးတွဲကြေညာချက်များတွင် အဆိုပါ အချက်ကို ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ ၎င်းအပြင် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အိန္ဒိယမှ ကူညီပေးလိုသည့် ဆန္ဒနှင့်အညီ အိန္ဒိယ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် မြန်မာနိုင်ငံသို့ လက်ရှိ သင်တန်းသားဦးရေ ၂၅၀ ဦး ခွဲဝေပေးအပ်နေခြင်းအား နှစ်ဆတိုး၍ သင်တန်းသားဦးရေ ၅၀၀ ဦးသို့ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ အိန္ဒိယဝန်ကြီးချုပ်မှ ရန်ကုန်မြို့ရှိ သတင်းအချက်အလက်နှင့် နည်းပညာမြင့်မားရေးဆိုင်ရာ မြန်မာ-အိန္ဒိယ စင်တာအားလာမည့် ငါးနှစ်တာကာလအတွက် နည်းပညာနှင့် ငွေကြေး အထောက်အပံ့များ ဆက်လက်ပေးအပ်သွားမည့်အပြင် နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်ခြင်းကိုလည်း ဆောင်ရွက်ပေးသွားမည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဗျိုင်းဖြူရွာမှာ ရိုဟင်ဂျာ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်တာ ခံရတဲ့ ရခိုင်ရွာသားများ

ယခု တင်ပြမည့် post တွင် မနှစ်မြို့ဖွယ်ရာ ဓါတ်ပုံများပါဝင်နေပါသဖြင့် ကြောက်ရွံ့တတ်သူများ၊ ပုံဆိုးပန်းဆိုးမကြည့်ရဲသူများ မကြည့်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။


စစ်တွေမြို့ ဗျိုင်းဖြူရွာ အခြေအနေ စိုးရိမ်ရေမှတ် အမြင့်ဆုံးသို့ရောက်ရှိ လူမျိုးရေး အသွင်ဆောင်ကာ ဆူပူအကြမ်းဖက် မှုများဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့မှ ယမန်နေ့က ထွက်ပြေးလာသော ဘင်္ဂလီ ဆူပူအကြမ်းဖက်သူများနှင့် ဗျိုင်းဖြူရွာအနီး သံတော်လီ ကျေးရွာမှ ဘင်္ဂါလီများ စုပေါင်းကာ စစ်တွေမြို့ ဗျိုင်းဖြူရွာကို မီးရှို့ရန် စီစဉ်နေကြကြောင်း ဒေသခံများက ဇွန်လ ၁၁ နေ့ နံနက် ၉နာရီ ၃၀ မိနစ်တွင် ပြောကြားသည်။

အဆိုပါ ဗျိုင်းဖြူရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မရှိခြင်းကြောင့် ဒေသခံများမှာ စိုးရိမ်နေကြကြောင်း၊ ယခုအခါ အဆိုပါကျေးရွာတွင် ရခိုင်တိုင်းရင်းသား အမျိုးသားများသာ ကျန်ရှိပြီး အမျိုးသမီးနှင့် ကလေးငယ်များမှာ စစ်တွေမြို့သို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။









Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အမေနုတ်ဆိတ်နေမှတော့ ရခိုင်တွေ မျိုးပြုတ်ပီပေါ့



လေးစားအားကိုးပါတယ်အမေ။

ဒေါ်စုဆိုတာ အားကိုးလောက်တဲ့ ၊ တရားဥပဒေကိုမြတ်နိုးတဲ့၊ မျှတမှုကို တန်ဖိုးထားတဲ့ လူသားချင်း စာနာတတ်တဲ့ - စသော လူ့အရင်းမြစ်တွေကို အလေးနက် ထားတတ်တဲ့ သူတယောက်အဖြစ် မြန်မာတွေ လေးစားကြည်ညိုသလို ကမ္ဘာကတောင် ယုံကြည်ပြီး ဘွဲ့တွေ ချီးမြှင့်ထားတဲ့ ထက်မြက်တဲ့ အမေစုပါ။ တောင်ကုတ် အရေးကို ကုလားတွေ ကျေနပ်အောင် ကုလားတွေကို သားတို့ရေလို.ခေါ်ပြီး ကြင်နာစွာ ပြောပေးခဲ့တယ်.အမေ၊ လူနည်းစုတွေကို လူများစုတွေက အလျှော့ပေးညှာတာရမယ် တဲ့။ ကုလားတွေရဲ့ ရင်ဘတ်ကို ယုယစွာ ငြိမ်းချမ်းပါစေ ဆုတောင်းရင် လက်ကလေးနဲ့ ပုတ်ပြီးပြောခဲ့တာပါ အမေရေ။

ဟုတ်ပါတယ် ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ တရားမ၀င်တဲ့ လူနည်းစုပါ။ ဒါဗေမဲ့ အမေနုတ်ဖျားက တရားမ၀င်တဲ့ လူမျိုးစုလို.ပြောမထွက်ပဲ၊ လူနည်းစုကို သနားရမည်ဆိုတော့လဲ အမေစု စကားမို့ နာခံလျှက်ပါ အမေ။ အမေ့စကားကိုမြေ၀ယ်မကျနားခံခဲ.လို.၊သား တို.ညီပွားရခိုင်တွေလဲ အပြစ်မဲ့စွာ လူမျိုးဘာသာအတွက်အသက်ပေးခဲ့ရပြီအမေ။

အမေ၊ အမေ့အဖေ ဗိုလ်အောင်ဆန်းနဲ့ လက်တန်းပြီးတိုက်ပွဲဝင်ခဲ့တဲ့ထဲ ရခိုင်သားတွေ ပါပါတယ်နော်၊ ရိုဟင်ဂျာတွေမပါဘူးနော်အမေ။ လွတ်လပ်ရေးအတွက် အမေ့အဖေနဲ့ အတူဆွေးနွေးခဲ့တာ ရခိုင်သားဦးဥတ္တမလေ အမေ။ အမေ့ အဖေကို လွတ်လပ်ရေး စိတ်နှိုးဆွပေးခဲ့တာ ရခိုင်သားလေ အမေ။ အမေရေ ဒီမြေကိုရောက်၊ ဒီရေကိုသောက်ပြီး၊ ဒီက သွေးချင်းတွေကို စီမံကိန်းချ သတ်ဖြတ်ခဲ့တာ ရိုဟင်ဂျာတွေလေအမေ။

အမေသိမှာပါ ၁၉၄၂ ခုနှစ်က မောင်တောနယ်မှာ အမေ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာ သွေးချင်း ရခိုင်တွေကို သတ်ဖြတ်ပြီး ရွာပေါင်း ၂၀၀ ကျော်ကို ကုလားရွာလုပ်ခဲ့တာ ခု အမေငြိမ်းချမ်းမှုပြောနေတဲ့၊ လူနည်းစုကို သနားကြပါဆိုတဲ့ ရိုဟင်ဂျာ တွေပါအမေ။ လူနည်းစုကို ညာတာပါဆိုတဲ့ အမေ့စကားကြားပြီးတော့ အခွင့်ကောင်းယူပြီး၊ သား တို.ညီပွားရခိုင် သားရွာတွေက မီးရှို.ကုန်ပြီ အမေရဲ.။ အမေနုတ်ဆိတ်မနေဘဲတခုခုပြောပေးပါလား၊ ဒီအတိုင်းဆို သား တို.ညီပွားရခိုင် သားတွေမျိုးပြုတ်ကုန်လိမ်.မယ်။

ရခိုင်သားလေး

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။