အဆိုပါ လှူဒါန်းမှု တွေရဲ့ အလှူပစ္စည်းတွေ၊ လှူဒါန်းငွေတွေ ကိုတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ကိုယ်စား မီးသတ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်မိုးက တက်ရောက် လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒီလို လှူဒါန်းကြရာမှာ ဇွန်လ ၁၂ ရက်နေ့က အလှူရှင်တွေရဲ့ လှူဒါန်းမှု ငွေကျပ် စုစုပေါင်း သိန်းပေါင်း တစ်ရာ့ သုံးဆယ် ကျော်နဲ့ ယမ်ယမ် ခေါက်ဆွဲထုပ် များကို လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။ ဇွန်လ ၁၁ ရက်နေ့ ကတော့ စုစုပေါင်း ငွေကျပ် သိန်းခြောက်ရာကို လှူဒါန်းခဲ့ ကြတယ်လို့ သိရပါတယ်။ အခုလို လှူဒါန်းကြ တာဟာ ကုမ္ပဏီ၊ အသင်းအဖွဲ့တွေ သာမက စေတနာရှင် မိသားစု တွေပါ လာရောက် လှူဒါန်းကြတာ ဖြစ်တယ်လို့ သိရပါတယ်။
မူရင်းသတင်းက ဒီမှာပါ။
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။