Friday, December 21, 2012
SIM ကတ် အဟောင်း နှင့် အသစ်များ အရည်အသွေး ကွာခြားမည် မဟုတ်ဟုဆို
မြန်မာ နိုင်ငံတွင် လာမည့်နှစ် ဇန်နဝါရီလ တွင် ချထား ပေးမည့် တန်ဖိုးနည်း GSM လိုင်းကတ်များ နှင့် ယခင် ချထား ပေးခဲ့သော လိုင်းကတ်များ အရည် အသွေးပိုင်း ကွာခြားမှု မရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး မှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က The Voice Weekly သို့ ပြောကြားသည်။
လက်ရှိ အသစ် ချထားပေးမည့် မိုဘိုင်းဖုန်း SIM ကတ်များနှင့် ယခင် ချထား ပေးခဲ့သော မိုဘိုင်းဖုန်း SIM ကတ်များ အရည်အသွေး ပိုင်းနှင့် စနစ်ပိုင်း ဆိုင်ရာ ကွာခြားမှု ရှိမည်ကို မိုဘိုင်းဖုန်း အသုံးပြုသူ အများက စိုးရိမ် နေကြသည်။
“ကျွန်တော်တို့ အခု သုံးနေတဲ့ ကတ်တွေက အသစ် ချထား ပေးမယ့် ကတ်တွေနဲ့ ဘာတွေ ကွာလဲ သိချင်တယ်၊ 2G 3G မတူတဲ့ အတွက်ရော အခက်အခဲ ဘာတွေ ရှိနိုင်လဲ ဆိုတာ သိချင်တယ်” ဟု လက်ရှိ GSM မိုဘိုင်းဖုန်း အသုံးပြု နေသူ ဦးရန်ပိုင်စိုးက ပြောကြားသည်။
လက်ရှိ အချိန်တွင် မြန်မာ့ ဆက်သွယ်ရေး မှ ရောင်းချမည့် မိုဘိုင်းဖုန်း SIM ကတ်များ ထုတ်လုပ်ရန် စင်ကာပူ ကုမ္ပဏီ တစ်ခုနှင့် နှင့် ပြင်သစ် ကုမ္ပဏီ တစ်ခုတို့ တင်ဒါ အောင်မြင် ထားပြီး ယခု လိုင်းကတ် အသစ်များကို အဆိုပါ ကုမ္ပဏီ များမှ ထုတ်လုပ်မည် ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။