/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, December 5, 2012

.

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ သူရဦးအေးမြင့် ၀က်လက်မြို့နယ်အတွင်းမှ ငလျင်ဒဏ် ခံကျေးရွာများသို့ သွားရောက် ကြည့်ရှု စစ်ဆေး ပြီး ထောက်ပံ့လှူဒါန်းငွေများပေးအပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် သည် နိုဝင်ဘာလ (၁၈) ရက်နေ့ နံနက် (၇း၀၀)တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ၀က်လက်မြို့နယ် ငလျင်ဒဏ်ခံ သစ်ဆိမ့်ကြီးကျေးရွာ၊ ငါးဘတ်ချောင်းကျေးရွာ၊ ရေလယ်မှော်ကျေးရွာ၊ ကမ်းဖြူကျေးရွာ၊ ရှိမ္မကားကျေးရွာ၊ အင်ဒေါင်းကျေးရွာ၊ ဖိုးဝင်းတပ်ကျေးရွာနှင့် ရုန်းပင် ကုန်းကျေးရွာများသို့ရောက်ရှိ၍ ကျေးလက်လူထုများအား တွေ့ဆုံ အားပေး စကားပြောကြားပြီး ပြိုကျပျက်စီးနေသော စေတီတော်များ၊ သာသနိက အဆောက်အဦများ၊ အခြေခံပညာကျောင်းများ၊ ကျေးလက် ကျန်းမာရေး ဆေးပေးခန်းများနှင့် လူနေအဆောက်အဦများကို ကြည့်ရှု စစ်ဆေးပြီး ဘိလပ်မြေ (၈၂၀) အိတ်နှင့် လှူဒါန်းငွေကျပ် (၆၁.၁) သိန်း တိတိကိုလှူဒါန်းကာ ဟန်လင်းစံပြကျေးရွာ အလယ်ရှိ ပြိုကျပျက် စီးနေသော ရွှေတင့်ဒင်စေတီတော်မြတ်ကြီးအား ငှက်ပျောဖူးတော်နှင့် ရွှေ ထီးတော် တင်လှူရန် အလှူဒါယကာအဖြစ် ခံယူဆောင်ရွက်သည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့်မှ
သစ်ဆိမ့်ကျေးရွာ ငလျင်ဒဏ်ခံကျောင်း ပြုပြင်ရန်အတွက် ထောက်ပံ့ငွေ(၁၀)သိန်း ပေးအပ်စဉ်

အဆိုပါ ကျေးလက်လူထုတွေ့ဆုံပွဲနှင့်လှူဒါန်းပွဲများသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး /ရွှေဘိုခရိုင်/၀က်လက်မြို့နယ်တို့မှ ပါတီကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဌာန ဆိုင်ရာများ၊ ကျေးလက်ပြည်သူများ တက်ရောက်သည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့်မှ
ငါးဘတ်ချောင်းကျေးရွာ ငလျင်ဒဏ်ခံ ဒေါ်သောင်း၏နာရေးကိစ္စထောက်ပံ့ငွေ(၁)သိန်းပေးအပ်စဉ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ၀က်လက်မြို့နယ်နှင့် စစ်ကိုင်းခရိုင် စစ်ကိုင်း မြို့နယ်အတွင်းရှိ ငလျင်ဒဏ်ခံကျေးရွာများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို ခရိုင်နှင့် သက်ဆိုင်ရာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များမှ ဦးဆောင်ပါဝင်လှုပ်ရှား နေကြကြောင်း သတင်း ရရှိပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ(စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ)
သူရဦးအေးမြင့်မှ ရေလယ်မော်ကျေးရွာ ကျေးလက်ဆေးပေးခန်းပြုပြင်ရန် ကြည့်ရှုစစ်ဆေးစဉ်

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။