Wednesday, October 31, 2012

သတင်းစာပေါ်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဘယ်သူလဲ


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ်နဲ့ပတ်သက် တဲ့ စာအုပ် ကြော်ငြာကို ယနေ့ ထုတ် ကြေးမုံ သတင်းစာမှာ ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

အမေရိကန် တခွင် မြန်မာ့ ပုံရိပ်ကို ထင်စေခဲ့သူ လို့ ကင်ပွန်းတပ်ပြီး ပြီးခဲ့တဲ့ အမေရိကန် ပြည်ထောင်စု ကို ဒေါ်အောင်ဆန်းစုကြည်သွားခဲ့စဉ်က သတင်းဌာနတွေနဲ့ အင်တာဗျူးတွေ၊ မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံ စဉ် တိုက်တွန်းချက်တွေ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမားအပါအ၀င် အမေရိကန် ထိပ်တန်း နိုင်ငံရေးလောကက ပုဂ္ဂိုလ်တွေ နဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပေးခဲ့တဲ့မှတ်ချက်တွေ၊ ခရီးစဉ်အတွင်း လက်ခံခဲ့တဲ့ ဆုတွေ အကြောင်း အစုံအလင်ပါမယ်ဆိုတဲ့ စာအုပ်ကို မနက်ဖြန် နိုဝင်ဘာလ ၁ ရက်နေ့မှာ ထွက်ပြီလို့ ကြော်ငြာ ထားပါတယ်။

http://blog.irrawaddy.org/2012/10/blog-post_9442.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။