/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ
Wednesday, October 24, 2012
.
ဆွမ်ပရာဘွမ်မြို့တွင်း၌ မိုင်းခွဲသည့် ကေအိုင်အေ၏ အကြမ်းဖက်လုပ်ရပ်
ကချင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို အကြမ်းဖက်မှုများ ပြုလုပ်၍ ခြိမ်းခြောက်လျက်ရှိသည့် ကေအိုင်အေ၏ လုပ်ရပ်များကြောင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွား လွန်စွာထိခိုက်လျက်ရှိရာ ဆွမ်ပရာဘွမ်မြို့နေ ပြည်သူ များလည်း ကေအိုင်အေ၏ အကြမ်းဖက်ဒဏ်ကို ကြောက်ရွံ့ခံစား ရလျက် ရှိသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၂ ရက် နံနက် ၃ နာရီခွဲခန့်တွင် ဆွမ်ပရာဘွမ်မြို့ စာတိုက်ရုံးအား ကေအိုင်အေအဖွဲ့မှ မိုင်းခွဲတိုက်ခိုက်သဖြင့် စာတိုက် အဆောက်အအုံ မိုင်းကွဲပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ အလားတူ ဆွမ်ပရာဘွမ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးအား အောက်တိုဘာ ၁၅ ရက် နံနက် ၃ နာရီခန့်က ကေအိုင်အေသုံးဦး ဝင်ရောက်လာပြီး ပြတင်းတံခါးမှန် ရိုက်ခွဲခြင်း၊ ဒီဇယ်လောင်း၍ မီးရှို့ပြီး အဆောက်အအုံအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်သွင်းဖောက်ခွဲခဲ့ရာ ရုံးအဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။ ကေအိုင်အေတို့၏ ယခု အကြမ်းဖက်လုပ်ရပ် အပါအဝင် မြစ်ကြီးနား၊ ပူတာအို လမ်းကြောင်းတစ်လျှောက် (၁၆) ကြိမ် မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခဲ့ရပြီး မြို့ရွာနေ ပြည်သူများ၏ တည်ငြိမ်အေးချမ်းမှုနှင့် စားဝတ်နေရေး ခက်ခဲကျပ်တည်းကာ တပ်မတော်၏ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့မှုမှာလည်း နှောင့်နှေးကြန့်ကြာခဲ့ရ ကြောင်းသိရှိရသည်။
Myanmar Express
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။