Thursday, September 27, 2012

သမ္မတကြီး ဦးသိန်းစိန် အစိုးရအဖွဲ့ကြောင့် မြန်မာ့နိုင်ငံရေးတိုးတက်မှု အိုဘားမား ချီးကျူး

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ အင်္ဂါနေ့က စတင်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ အားတက်စကား ပြောဆို သွားပါတယ်။

မြန်မာသမ္မတက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ ပိတ်ထားတဲ့ လူမှုအသိုင်းအ၀ိုင်းကို လွတ်လပ်ခွင့်ပေးတာ၊ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင် တယောက်ကို လွှတ်တော်မှာ ပါဝင်ခွင့်ပြုခဲ့တာတွေ ရှိခဲ့ပါတယ်။ လူထုအနေနဲ့လည်း နောက်ထပ် အပြောင်းအလဲတွေ ထွက်ပေါ်လာစေဖို့ စောင့်စားနေကြပါတယ်လို့ သမ္မတ အိုဘားမား က ပြောသွားပါတယ်။

အမေရိကန်သမ္မတ အိုဘားမားသည် ကျင်းပလျက်ရှိသော ကုလသမဂ္ဂအထွေထွေညီလာခံသို့ ယမန်နေ့က တက်ရောက် မိန့်ခွန်းပြောကြားခဲ့ရာ လစ်ဗျားတွင် သံရုံးစီးနင်းခံရမှု၌ သေဆုံးခဲ့ရသော အမေရိကန်သံအမတ်ကြီး ခရစ်စတီဗင်အကြောင်း၊ ဒီမိုကရေစီသို့ ပြောင်းလဲခဲ့သော အာရပ်နွေဦးအကြောင်းနှင့် မြန်မာတွင်လည်း သမ္မတ၏ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့မှု၊ လူ့အဖွဲ့အစည်းကို ပွင့်လင်းအောင် ဖွင့်လှစ်ပေးခဲ့မှုတို့အကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ မိန့်ခွန်းတွင် အိုဘားမားက မာလာဝီ၊ ဆီနီဂေါနှင့် မြန်မာတို့တွင် ဖြစ်ပေါ်ခဲ့သော ငြိမ်းချမ်းသည့် အသွင်ကူးပြောင်းမှုများကို အသိအမှတ်ပြုပြောခဲ့တာဖြစ်ပါတယ်။

၎င်းက "မြန်မာပြည်မှာဆိုရင် သမ္မတဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ပြီး ပိတ်ဆို့ထားတဲ့ လူ့အဖွဲ့အစည်းကို ပွင့်လင်းအောင် ဖွင့်လှစ်ပေးခဲ့ပါတယ်။ သတ္တိရှိတဲ့ အတိုက်အခံခေါင်းဆောင်တစ်ဦးဟာလည်း လွှတ်တော်မှာ ရွေးကောက်တင်မြှောက်ခံခဲ့ရ ပါပြီ။ ပြည်သူတွေဟာလည်း နောက် ထပ် ပြုပြင်ပြောင်းလဲမှုတွေ အတွက် ရှေ့ဆက် မျှော်ကြည့်နေကြပါတယ်"လို့ ပြောခဲ့ပါတယ်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။