/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, August 23, 2012

.

တိုင်းဒေသကြီး ၅ ခု ၄ ရက်မီးပြတ်မည်


ပဲခူးတိုင်းဒေသကြီးအတွက် ဓာတ်အားတိုးချဲ့ဖြန့်ဖြူးနိုင်ရန် မဟာ ဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံချိတ်ဆက်ခြင်း လုပ်ငန်း များဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ခုရှိ မြို့နယ် အချို့တွင် ဓာတ်အား ဖြတ်တောက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်းအမှတ် (၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သြဂုတ် ၂၅ ရက် နံနက် ၆ နာရီမှ ၂၈ ရက် ညနေ ၆ နာရီအထိ ဓာတ်အားပိတ် ဆောင်ရွက်မည်ဖြစ်ရာ ထိုနေ့များတွင် မနက် ၆ နာရီမှ ည ၉ နာရီအတွင်း ဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပြီးကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၏ နေရာအချို့တွင် လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီးအား ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင် ရန်နှင့် သုံးစွဲဓာတ်အားပြည့်မီစေရန်အတွက် အမှတ် (၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနသည် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ တည်ဆောက်လျက်ရှိသည့် ၂၃၀ ကေဗွီ မင်းလှပင်မဓာတ်အားခွဲရုံ အား ဓာတ်အားပို့လွှတ်ကာ ၂၃၀ ကေဗွီရွှေတောင်-မြောင်းတကာ မဟာဓာတ်အားလိုင်းနှင့် ချိတ် ဆက်ရာတွင် ဘေးအန္တရာယ်ကင်း ရှင်းစွာ ဆောင်ရွက်ရန်အတွက် လျှပ်စစ်မီးဖြတ်တောက်ရခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူကဆိုသည်။

မြန်မာ့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး မှ ဓါတ်အားပို့လွှတ်လျက် ရှိသည့် ရွှေတောင်-မြောင်း တကာ ၂၃၀ ကေဗွီ ဓါတ်အားလိုင်းကို မင်းလှပင် ဓါတ်အားပေးစက်ရုံနှင့် ချိတ်ဆက်မည်ဖြစ်သော ကြောင့် ရန်ကုန် တိုင်း ဒေသကြီး အပါအဝင် တိုင်းဒေသ ကြီး ငါးခုတွင် လျှပ်စစ်မီး များ ပြတ်တောက် မည်ဖြစ် ကြောင်း အမှတ်၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန သ တင်းထုတ်ပြန်ချက် အရသိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ငါးခုကို ယခုလ၂၅ ရက်မှ ၂၈ ရက်ထိ လျှပ်စစ်မီးဖြတ်တောက်မည့်အစီအစဉ်တွင်ရန်ကုန်တိုင်းဒေသကြီးရှိ လူနေရပ်ကွက်များ မပါဝင်ဘဲ စက်မှုဇုန်များကိုသာအုပ်စုနှစ်စုခွဲ၍ဖြတ်တောက် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်အားခွဲဝေရာတွင် စက်မှုဇုန်များကို နံနက် ၅ နာရီမှ နေ့လယ် ၁၂ နာရီထိ တစ်အုပ်စုနှင့် နေ့လယ်၁၂ နာရီမှညနေ ၅ နာရီထိ တစ်အုပ်စုဖြင့် နေ့ခင်းပိုင်းတွင် တစ်လှည့်စီ ပေးမည်ဖြစ်ပြီး ညပိုင်းတွင် အုပ်စုနှစ်ခုလုံးကို မီးအချိန်ပြည့် ပေးသွားမည်ဖြစ်သည်။ ခန့်မှန်းထားသော ဓာတ်အားထက်ပိုထုတ်လုပ်နိုင်ပါက နေ့ခင်းများကိုလည်း ပြန်လည်တိုးပေးရန် စီစဉ်ထားကြောင်း သိရသည်။

ဓာတ်အားဖြတ်တောက်မညပြည်နယ်၊တိုင်းများမှာကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်သည်။

လျှပ်စစ်ဓာတ်အားဖြတ်တောက်ရခြင်းမှာ ပဲခူးတိုင်းဒေသကြီးကို ဓာတ်အားတိုးချဲ့ပေးနိုင်ရန် မဟာဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံ ချိတ်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ဖြစ်ကြောင်းသတင်းရရှိသည်။

အဆိုပါ ၂၃၀ ကေဗွီ ဓါတ်အားသွယ် တန်းမည့် ဩဂုတ် ၂၅ ရက်မှ ၂၈ ရက်အထိ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီ တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နံနက် ၆ နာရီမှ ည ၉ နာရီအတွင်း ဓါတ်အား ပြတ် တောက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။