/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 18, 2012

.

ခရီးသွားလာခွင့်အမိန့်ဖြင့် သွားလာကြသောဝန်ထမ်းများအားလတ်မှတ်နူန်းထားများ တိုးမြှင့်ကောက်ခံမည်

မြန်မာနိုင်ငံအနှံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာ ၀န်ထမ်းများအနေဖြင့် ခရီးသွားလာခွင့် အမိန့်ဖြင့် ၀ယ်ယူစီးနင်းခွင့်ပြုထား သည့် ခရီးစဉ်အလိုက် မီးရထားလက်မှတ်ခနှုန်းထား များကို တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်က ခရီးသွားလာရာတွင် အဆိုပါဝန်ထမ်းများ အနေဖြင့် ခရီးစဉ်အလိုက် သတ်မှတ်ထားသော ရထား လတ်မှတ်ခနှုန်းထားများကို ၅၀ % ခန့်သား ပေးဆောင်ခဲ့ရသောလည်း ယခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ ၇၅% ထိ ပေးဆောင်ရတော့မည် ဖြစ်ကြောင်းသိရသည်။

"၀န်ထမ်းတွေ ရဲ့လစာနှုန်းထားတွေကို အတိုင်းအတာ တစ်ခုအထိတိုးပေးထားပေမယ့် တစ်ဖက်မှာလည်း ကုန်ဈေးနှုန်းတွေမြင့် တက်လျက်ရှိနေပါတယ်။ လက်ရှိအနေအထား အရ ပြောရမယ်ဆိုရင် ၀န်ထမ်းတွေရဲ့ သက်သာချောင်ချိရေး ကို ပိုဦးစားပေးပြီး လုပ်စေချင်ပါတယ် အခုဆိုရင် ၀န်ထမ်းတွေ အနေနဲ့ ခရီးသွားလာခွင့် ရထားလတ်မှတ်ခနှုန်းထားတွေကို ယခင်ထက် ၂၅% တိုးမြှင့်ပေးရတော့မှာဆိုတော့ ၀န်ထမ်းတစ်ဦးရဲ့ အခွင့်အရေး ဟာ ပြည်သူတွေထက်စာရင် ၂၅% ဘဲ ရှိတော့တာမို့ ဖြစ်နိုင်မယ်ဆိုရင် ယခင်နှုန်းထားဘဲ ထားစေချင် ပါတယ်"ဟု နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့်အစိုးရ၀န်ထမ်းတစ်ဦးကပြောသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ၀န်ထမ်းများ ခရီးသွားခွင့်အမိန့် MO၊ ၀န်ထမ်းကဒ်နှင့်အတူ လတ်မှတ်ဝယ်ယူရာတွင် လက်မှတ်ခနှုန်းထားများကို ၀န်ထမ်းနှုန်း အဖြစ် ကျသင့်သည့် တန်ဖိုးအနက် ၅၀% ကို ပေးဆောင်ရန် ၁၉၉၇ မေလ မှစတင်ခဲ့ကြောင်းသိရသည်။

ကျသင့် လက်မှတ်ခနှုန်းထား၏ ထက်ဝက်ကို ၁၅ နှစ်ကြာလျော့ပေါ့ ဆောင်ရွက်ပေး ခဲ့သော မြန်မာ့မီးရထားအနေဖြင့် လည်း ၀င်ငွေပိုမိုတိုးတက် ရရှိစေရန် အတွက် ၀န်ထမ်းများ ၊တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များ ကို ခရီးစဉ်အလိုက်ယင်းကဲ့သို့ တိုးမြှင့်ကောက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။