/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, July 16, 2012

.

မြန်မာသံရုံးရှေ့ မွတ်ဆလင် များ ဆန္ဒပြ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က မြန်မာသံရုံးရှေ့မှာ သဘောထားတင်းမာသူ မွတ်စလင် အဖွဲ့ဝင် တွေက ဘင်္ဂါလီ ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

အစ္စလမ် ကာကွယ်ရေးတပ်ဦး ( FPT ) နဲ့ ( JAT ) စတဲ့ အဖွဲ့တွေက လူ (၃၀၀) လောက်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်နေတဲ့ ကိစ္စ ရပ်ဆိုင်းရေး ဆိုပြီးဆန္ဒပြကြတာဖြစ်ပါတယ်။

ဆန္ဒပြခေါင်းဆောင်တစ်ယောက်က မြန်မာသံရုံးအရာရှိတွေ နဲ့တွေ့ဆုံလိုကြောင်း အသံချဲ့စက်ကတဆင့် ခြိမ်းခြောက် တောင်းဆိုခဲ့ကြောင်း အေအက်ပီ သတင်း က ဖေါ်ပြပါတယ်။

ဒါပေမဲ့ ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်ဖွဲ့ (၅၀)လောက် စောင့်ကြပ်ပေးနေတဲ့ မြန်မာသံရုံးထဲကို ၀င်ရောက် ဖို့မကြိုးစားဘဲ၊ ကုလသမဂ္ဂရုံးတစ်ရုံးဆီကို ဆန္ဒုပြဖို့ထွက်ခွာသွားခဲ့ကြတယ် လို့ သိရပါတယ်။ ဒီအတွင်း အာရပ်စောဘွားများနိုင်ငံ ( UAE ) နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ အစ္စလမ်ဘာသာဝင်တွေ ဖိနှိပ် ခံနေတဲ့ကိစ္စ ရပ်ဆိုင်းရေး အတွက် အရေးပေါ်အစည်းအဝေးခေါ်ယူပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ကို မနေ့ကတိုက်တွန်းလိုက်ကြောင်း KUNA ကူဝိတ် သတင်းဌာန က ဖေါ်ပြပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။